← Chapters

လက်ရှိအမှတ် ၁၉.၇

Vol. 2 Ch. 18

လက်ရှိအမှတ် ၁၉.၇

Vol. 2 Ch. 18

‎ဆိုင်းလပ်စ်သည် အိုင်ဗီ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

‎"ကောင်းပြီလေ။ ဒါပေမဲ့ အရမ်းဝေးဝေးလံလံတော့ လျှောက်မသွားနဲ့ဦးနော်"

‎အိုင်ဗီက ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်းလပ်စ် ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ထို့နောက် သူမသည် ရေကန်ကြီးရှိရာသို့ လှည့်ထွက်လာခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ ရေထုတွေ အားလုံး ညစ်ညမ်းကုန်တော့မည်ဖြစ်ရာ သူမ တတ်နိုင်သမျှ ရေကို အများကြီး သိုလှောင်ထားနိုင်မှ ဖြစ်မည်။

‎ထိုအတွေးဖြင့် အိုင်ဗီသည် ရေကန်ကြီးရှေ့မှာ လက်ကို ဝေ့ယမ်းလိုက်ရာ အသိပေးချက်တစ်ခု ပေါ်လာသည်။

‎[ရေဂါလန် ၅၀ ထရီလီယံကို သိုလှောင်မလား?]

‎ရေဂါလန် ၅၀ ထရီလီယံတောင်လား...။ လူဦးရေ သန်းတစ်ထောင်က နောက်ထပ် နှစ်ပေါင်း ၁၀၀ တိုင်တိုင် သောက်သုံးရင်တောင် အိုင်ဗီ့မှာ ရေပြတ်လပ်သွားမှာ မဟုတ်တော့ချေ။

‎အိုင်ဗီ့မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပေါ်လွင်သွားပြီး သူမ ခေါင်းညိတ်လက်ခံလိုက်သည်။

‎[ရေဂါလန် ၅၀ ထရီလီယံကို ထိန်းသိမ်းစောင့်ရှောက်နေပြီ... ၀.၁ KB နုတ်ယူပါမည်။ လက်ရှိ လက်ကျန်မှာ ၁၉.၈ KB ဖြစ်ပါသည်]

‎အိုင်ဗီသည် ရေကန်ကြီး ပျောက်ကွယ်သွားမည့် အံ့ဖွယ်မြင်ကွင်းကို စောင့်ကြည့်နေသော်လည်း ထိုမြင်ကွင်းအစား သူမ၏ စိတ်ထဲတွင် အမိန့်ပေးချက်တစ်ခု ထပ်မံပေါ်လာသည်။

‎[မျှော်လင့်မထားသော ပြဿနာတစ်ခု တွေ့ရှိရသည်! ရေထဲတွင် သက်ရှိများ ရှိနေသည်! ၎င်းတို့ကိုပါ သိုလှောင်လိုပါသလား?]

‎[သတိပေးချက် - ၎င်းတို့ကို အသက်ရှင်လျက် ထိန်းသိမ်းရန် ခက်ခဲပါလိမ့်မည်။ သိုလှောင်စဉ်အတွင်း ၎င်းတို့ကို သတ်ပစ်ရန် ခွင့်ပြုချက်ပေးရန် အကြံပြုပါသည်]

‎ရုတ်တရက် ထွက်ပေါ်လာသော အမိန့်ကြောင့် အိုင်ဗီ့လက်များ တုန်ရီသွားသည်။

‎ဤသိုလှောင်ခန်းက ပြောနေသည်မှာ... ငါးတွေနဲ့ တခြားသော ရေနေသတ္တဝါတွေအကြောင်းလား အ့တာတွေကိုပါသိုလှောင်လို့ ရတာလား

‎အဲဒါဆိုရင်တော့ ကမ္ဘာပျက်ကပ်မှာ ငါးစားဖို့အတွက် သူမ ပူစရာမလိုတော့ချေ။ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဟင်းသီးဟင်းရွက်တွေ လိုအပ်နေဦးမှာ ဖြစ်ပေမဲ့ အနည်းဆုံးတော့ ငါးအသားကို ဝဝလင်လင် စားရတော့မည်။

‎တစ်ခုတည်းသော ပြဿနာမှာ ဤရေကန်သည် ရေချိုကန်ဖြစ်သောကြောင့် ပင်လယ်စာများဖြစ်သည့် ကမာ၊ ပုစွန်၊ ကျောက်ပုစွန်နှင့် ဂဏန်းများတော့ ပါဝင်မည်မဟုတ်ပေ။

‎"ဟုတ်ကဲ့... အ့‌တာတွေကိုပါ သိုလှောင်မယ်၊ ပြီးတော့ အဲဒီရေနေသတ္တဝါတွေကို သတ်ပစ်လိုက်ပါ" အိုင်ဗီက အမိန့်ပေးလိုက်သည်။ သူမသည် လက်ကို တင်းတင်းဆုပ်ကာ အံ့ဖွယ်မြင်ကွင်းကို စောင့်ကြည့်နေမိသည်။

‎သူမရှေ့ရှိ ရေကန်မှာ ရုတ်တရက် လှိုင်းထလာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရေများအားလုံး ပျောက်ကွယ်သွားကာ ဟာလာဟင်းလင်းဖြစ်နေသော မြေကွက်လပ်ကြီးသာ ကျန်ရစ်တော့သည်။

‎ထိုအချိန်မှာပင်...

‎[နေငါး ၁ သိန်းကျော်၊ ဘတ်စ်ငါး ၃ သောင်းကျော်၊ ထရောက်ငါး ၄ သောင်းကျော်၊ ဝေါလိုင်ငါး ၉ သောင်းကျော်၊ ငါးဝါ ၂ သိန်းကျော်နှင့် အခြားငါး ၂ သိန်းခန့်ကို တွေ့ရှိရသည်။ ၀.၁ KB ဖြင့် သိမ်းဆည်းလိုပါသလား?]

‎[ကျောက်ပုစွန်ငယ် ၂ သိန်းခွဲကျော်၊ လိပ် ၃၉၀၈ ကောင်၊ ဖျံ ၁၀၂ ကောင်နှင့် ဖား ၄၈ ကောင်ကို တွေ့ရှိရသည်။ ၀.၁ KB ဖြင့် သိမ်းဆည်းလိုပါသလား?]

‎အိုင်ဗီ့မျက်လုံးများ ပြူးသွားရသည်။ ဒါတွေက တကယ့်ကို အစားအစာပုံကြီးပဲ။ တိရစ္ဆာန်ရုံမှာတောင် ဒီလောက်များပြားတဲ့ တိရစ္ဆာန်တွေကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ရင်ထဲတွင်လည်း ဒိန်းခနဲ ခုန်သွားရသည်။ ဒါက တကယ်ဖြစ်ပျက်နေတာဆိုတာကို သူမ မယုံနိုင်အောင် ဖြစ်နေမိသည်။

‎"ဟုတ်ကဲ့... သိမ်းဆည်းပေးပါ" သူမ အမြန်ပြောလိုက်သည်။

‎[တိရစ္ဆာန်များကို သိမ်းဆည်းပြီးပါပြီ။ ၀.၁ KB နုတ်ယူပါသည်။ လက်ရှိလက်ကျန် - ၁၉.၇ KB]

‎အိုင်ဗီသည် သက်ပြင်းတစ်ချက်ကို အဝဝချလိုက်မိသည်။ စနစ်က အတည်ပြုလိုက်သည်နှင့် သူမ၏ တစ်ကိုယ်လုံး လျော့ကျသွားတော့သည်။ ထိုငါးများနှင့် သတ္တဝါများအားလုံးသည် သူမ၏ သိုလှောင်ခန်းထဲတွင် ဘေးကင်းစွာ ရောက်ရှိသွားပြီဖြစ်သည်။

‎အခုဆိုရင်... သူမ ဘယ်တော့မှ ငတ်တော့မှာ မဟုတ်ဘူး။ သူမသာ အစားမရွေးဘူးဆိုရင် သူမကိုယ်တိုင်တင်မကဘဲ သူမရဲ့ တကယ့်မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ဆိုင်းလပ်စ်ရဲ့ အဖွဲ့ကိုပါ ကျွေးမွေးနိုင်ပြီ။

‎အတိတ်ဘဝတုန်းက ကြင်နာတတ်တဲ့သူအချို့ သူမကို ကူညီခဲ့ဖူးသည်။ ဒီဘဝမှာတော့ သူတို့ ကူညီခဲ့သလိုမျိုး သူမကလည်း တိတ်တဆိတ် ပြန်လည်ကူညီနိုင်ပြီ။

‎ကမ္ဘာပျက်ကပ်ဆိုတာ တကယ်ကို ရက်စက်လှသည်။ လူ ၁၀ ယောက်မှာ ၉ ယောက်က လောဘကြီးပြီး လှည့်ဖြားတတ်ကြသည်။ သို့သော်လည်း အိုင်ဗီ့ကို ကူညီခဲ့ကြသူတွေ အများကြီးရှိခဲ့သည်။ ကမ္ဘာပျက်ကပ်ထဲမှာ အိုင်ဗီတစ်ယောက်တည်းကပဲ အပြစ်ကင်းစင်နေခဲ့တာ မဟုတ်ပါလား။

‎ဒီတစ်ခါတော့ သူမကို နာကျင်အောင်လုပ်ခဲ့သူတွေကို ပြန်ပြီးအပြစ်ပေးမည်၊ သူမအပေါ် ကောင်းခဲ့သူတွေကိုလည်း ပြန်ပြီးကူညီမည်ဟု အိုင်ဗီ ကျိန်ဆိုလိုက်သည်။

‎ထိုအတွေးဖြင့် အိုင်ဗီသည် တခြားတိရစ္ဆာန်များ ရှိဦးမလားဟု လိုက်လံရှာဖွေကြည့်သေးသည်။ လမ်းတစ်လျှောက်တွင် တွေ့သမျှ သစ်ပင်များနှင့် သစ်လုံးများကိုလည်း စုဆောင်းခဲ့သည်။ ပြင်းထန်သော အအေးဒဏ် ကျရောက်လာသည့်အခါ ဤသစ်လုံးများက အသုံးဝင်ပေလိမ့်မည်။

‎အရာအားလုံးကို အမြောက်အမြား သိုလှောင်ပြီးသွားချိန်တွင်တော့ သူမ၏ ကံတရားက ကုန်ဆုံးသွားပြီထင်ရသည်။ အသုံးဝင်မည့်အရာ ဘာမှထပ်မတွေ့တော့ချေ။ အချိန်ကုန်လာသည်နှင့်အမျှ ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ အုပ်ဆိုင်းလာခြင်းက အိုင်ဗီ့ကို သတိပြုမိစေသည်။

‎'သွားပြီ... စွမ်းအင်မိုး ရွာတော့မယ်... ငါ အမြန်ပြန်မှဖြစ်မယ်'

‎ထိုအတွေးဖြင့် အိုင်ဗီသည် မြေကြီး (ရွှံ့နွံ) များကိုပါ သိုလှောင်လိုက်သေးသည်။ ဟုတ်သည်... သူမသည် မြေကြီးတစ်စပင် ချန်မထားခဲ့လိုချေ။

‎သို့သော် ထိုအချိန်မှာပင် သူမ၏ စိတ်ထဲ၌ အမိန့်ပေးချက်တစ်ခု ထပ်မံရောက်ရှိလာသည်မှာ...

‎[ရွှံ့နွံ ပေါင် ၁၀ သန်း သိုလှောင်ပြီးပါပြီ။ သိုလှောင်မှုပမာဏ အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ။ သိုလှောင်ခန်းကို အဆင့်မြှင့်တင်လိုပါသလား?]

‎အိုင်ဗီသည် ထိုသတိပေးချက်ကြောင့် အံ့သြမသွားပေ။ သူမသည် ရေကန်ကြီးတစ်ခုလုံးကိုတောင် သိုလှောင်ပစ်ခဲ့တာ မဟုတ်ပါလား။ ဒီအချိန်အထိမှ သိုလှောင်မှုပမာဏ မပြည့်သေးဘူးဆိုလျှင်တော့ ထိုသိုလှောင်ခန်းထဲမှာ နေရာလွတ် ဘယ်လောက်တောင် ရှိနေသလဲဆိုတာကို သူမကိုယ်တိုင်ပင် သံသယဝင်မိပေလိမ့်မည်။

‎"အဆင့်မြှင့်မယ်"

‎[အဆင့်မြှင့်တင်နေသည်... KB မလုံလောက်ပါ! သိုလှောင်ခန်းကို အဆင့် (၁) သို့ မြှင့်တင်ရန် ၁၀,၀၀၀ KB လိုအပ်ပါသည်!]

‎အိုင်ဗီ့မှာ ဆွံ့အသွားရသည်။ သူမတွင် ရှိသည်မှာ ၂၀ KB သာ ရှိသော်လည်း အဆင့်မြှင့်ရန် လိုအပ်သည်မှာ ၁၀,၀၀၀ KB တောင် ဖြစ်နေသည်။ ဤမျှများပြားသော ပမာဏကို သူမ ဘယ်လိုနည်းဖြင့် ရှာဖွေရပါ့မလဲ။

‎

All Chapters