အခန်း (၇၅၁-၇၅၂)
Vol. 76 Ch. 751-752
အခန်း ၇၅၁ - ယွီချင်းကျိ
ဖန့်ချန်သည် တောရိုင်းကျောင်းတော် အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယခင်က ဝင်ပေါက်နေရာဟောင်းပင် ဖြစ်သော်လည်း ထိုတစ်ကြိမ်တွင်မူ သူသည် လမ်းပြမလိုဘဲ ဆေးဖော်စပ်ရေးဌာန သို့ ကျွမ်းကျင်စွာ သွားနိုင်ခဲ့ပြီဖြစ်သည်။
ကျောင်းတော်မှာ အလွန်ကျယ်ဝန်းသော်လည်း တပည့်အရေအတွက်မှာမူ အမှန်တကယ်တွင် များပြားလှသည်မဟုတ်။
စီနီယာအစ်ကိုလီကလည်း ထိုစဉ်က တိကျသောကိန်းဂဏန်းကို မပြောခဲ့ဘဲ ဆေးဖော်စပ်ရေးဌာနတွင် လူတစ်ရာပင်မပြည့်ကြောင်းသာ သိရသည်။
အခြားဌာနငါးခုတွင် လူမည်မျှရှိသည်ကိုမူ မသိရသော်လည်း၊ ကျောင်းဝင်းတစ်ခုလုံး ပေါင်းလိုက်လျှင်ပင် လူတစ်ထောင်ပင် ပြည့်မည်မဟုတ်ဟု ခန့်မှန်းရသည်။
ကျောင်းဆောင် ထဲသို့ ဖန့်ချန်ဝင်လိုက်သည်နှင့်စီနီယာရွှင် တစ်ယောက် လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ အေးအေးလူလူ အနားယူနေသည်ကို မြင်လိုက်ရသည်။
ကျောင်းဆောင်အတွင်း၌လည်း တပည့်အချို့သည် တိတ်ဆိတ်စွာ စာဖတ်နေကြသော်လည်း သူတို့သည် စီနီယာရွှင် ကို မြင်ပုံမရပေ။
"မကြည့်နဲ့တော့ သူတို့ ငါ့ကို မမြင်ရဘူး အခုဆို မင်းကိုလည်း သူတို့ မြင်ရမှာမဟုတ်ဘူး"
စီနီယာရွှင်က အသာအယာပြုံးရင်း ဆိုသည်။
ဖန့်ချန်က နှုတ်ဆက်ကာ
"မျိုးဆက်သစ်ဖန့်ချန်က ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်"
"ဘယ်လိုလဲ တာအိုသုံးထောင်ဂိုဏ်းရဲ့ ကိစ္စတွေ အဆင်ပြေသွားပြီလား"
စီနီယာရွှင်က ရယ်ရင်းမေးသည်။
ဖန့်ချန်က ပြုံး၍
"ကိစ္စတွေက တော်တော်လေး အဆင်ပြေသွားပါပြီအခုဆိုရင် အခမ်းအနားတစ်ခု လုပ်ပြီး လောကကြီးကို ကြေညာဖို့ပဲ ကျန်ပါတော့တယ်"
"ဆရာကျိ က မင်းရဲ့ တောရိုင်းတံဆိပ် ထဲကို ထည့်ပေးထားတဲ့ ဝိညာဉ်စွမ်းအားဟာ အသွားအပြန် သုံးကြိမ်စာပဲ ရှိတာ မင်းအရင်တစ်ခေါက် ထွက်သွားတာရယ် အခုပြန်ဝင်လာတာရယ်ဆိုရင် တစ်ကြိမ်စာ သုံးပြီးသွားပြီ ငါ့ကို သတင်းလာပို့ရုံသက်သက်ပဲတော့ မဟုတ်လောက်ဘူးမလား"
စီနီယာရွှင် က မေးသည်။
ဖန့်ချန်က ခပ်ရှက်ရှက်ရယ်မောရင်း
"ဒီတစ်ခေါက် အခမ်းအနားမှာ သေချာပေါက် ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ် အဲ့ဒါကြောင့် ကျောင်းအုပ်ကြီးကိုယ်တိုင် အခမ်းအနားကို လိုက်ပါကြည့်ရှုပေးဖို့ ဖိတ်ကြားချင်လို့ပါ ဖြစ်နိုင်မလားလို့..."
"ငါ့ကို လူလုံးထွက်ပြခိုင်းတာလား"
ရှင်လောင်က မျက်မှောင်အနည်းငယ်ကြုတ်ကာ
"မင်း သိလား ငါ့ရဲ့ အဆင့်အတန်းနဲ့သာ အမှန်တကယ် လူလုံးထွက်ပြပြီး အခမ်းအနားတက်ခဲ့ရင် ကျုံးကျိုး၊ တိထျန်း နဲ့ ပေတု နယ်မြေတွေက လူပေါင်းများစွာဟာ အိပ်လို့ပျော်မှာမဟုတ်ဘူး၊ စိတ်မအေးနိုင် ဖြစ်ကြလိမ့်မယ်"
"ကျွန်တော် တွေးဆဆင်ခြင်မှု အားနည်းသွားပါတယ်"
ဖန့်ချန်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
သူသည် ကံစမ်းကြည့်သည့် သဘောဖြင့်သာ ဖိတ်ခြင်းဖြစ်ပြီး၊ အမှန်တကယ် ပစ်မှတ်မှာ ကျိရှန်းဝမ် ကို ဖိတ်ရန်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် မိမိက ကျိရှန်းဝမ်ရဲ့ အမည်ခံတပည့်တစ်ယောက်ဖြစ်နေတော့ ဒီမျက်နှာကိုတော့ မပျက်စေလောက်ဘူးဟု တွေးထားခြင်းဖြစ်သည်။
"ဒါပေမဲ့လည်း သူတို့ကို အိပ်မပျော်အောင်ထမင်းစားမဝင်အောင်နဲ့ တစ်နေ့ကုန် အတွေးလွန်အောင် လုပ်ရတာလည်း တကယ်တော့ စိတ်ဝင်စားစရာကောင်းသားပဲ"
စီနီယာရွှင် က တစ်ယောက်တည်း ရေရွတ်ရင်း ဟဲဟဲဟု ရယ်မောလိုက်သည်။
ထို့နောက် ဖန့်ချန်ကို လက်ယမ်းပြကာ
"သွားတော့ အချိန်ကျရင် ငါ အကုန်လုံး အဆင်ပြေအောင် စီစဉ်ပေးထားမယ် မင်းကတော့ ရှေ့ကိုပဲ တိုးသွားရုံပဲ ဘာမှကြောက်စရာမလိုဘူး တာအိုသုံးထောင်ဂိုဏ်းကို ဒီလောကမှာ ရပ်တည်နိုင်ဖို့ ငါ ခွင့်ပြုထားပြီးသား ဘယ်သူလာလာ အတူတူပဲ"
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ဖန့်ချန် အလွန်အံ့အားသင့်သွားသည်။
အခြေအနေက ရုတ်တရက်ပြောင်းလဲသွားပြီး ကျောင်းအုပ်ကြီးက တကယ်ကြီး သဘောတူလိုက်လိမ့်မည်ဟု မထင်ထားမိပေ။
ဂိုဏ်းချုပ်ဘိုးဘေး အဆင့်ရှိသူက လူလုံးထွက်ပြမည်ဆိုလျှင် ဘာကို စိုးရိမ်နေစရာ လိုတော့သနည်း။
"ဒီကိစ္စတွေ ပြီးသွားရင်တော့ မင်း တာဝန်ထမ်းဆောင်ရတော့မယ်နော် မင်းမှာရှိတဲ့ ပညာတွေကိုတော့ ဝှက်မထားနဲ့ဦး"
စီနီယာရွှင်က ပြုံးစစဖြင့် ပြောသည်။
ဖန့်ချန်က ရယ်လျက်
"ကိုယ်ချင်းစာတရားအရပဲဖြစ်ဖြစ် ကျိုးကြောင်းဆင်ခြင်မှုအရပဲဖြစ်ဖြစ် ကျွန်တော် ပညာဝှက်ထားမှာ မဟုတ်ပါဘူး ကျောင်းအုပ်ကြီး စိတ်ချပါ"
"ကောင်းပြီ"
စီနီယာရွှင် က ခေါင်းညိတ်လိုက်သည်။
ဖန့်ချန်သည် ကျမ်းစာဆောင်မှ ထွက်လာပြီးနောက် ကျောင်းဝင်းထဲမှ ချက်ချင်း ထွက်မသွားသေးပေ။
အခမ်းအနားကျင်းပရန် ရက်အနည်းငယ် လိုသေးသဖြင့်၊ သူသည် ထိုအချိန်အတောအတွင်း အဆောင်ဌာန သို့ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်ခိုက်ရေးဌာန ကို သူ စိတ်မဝင်စား။
ကျင့်စဉ်ဌာန ကိုလည်း စိတ်မဝင်စား။
အတတ်ပညာဌာန ကိုလည်း လောလောဆယ် သွားစရာမလိုသေးပေ၊ သူပိုင်ဆိုင်ထားသော နည်းလမ်းများသည် လက်ရှိအဆင့်ထက် ကျော်လွန်နေပြီဖြစ်သဖြင့် လုံလောက်နေပြီဖြစ်သည်။
ဆေးဖော်စပ်ရေးဌာနကိုလည်း သွားနေကျမို့ မသွားတော့ပေ။
လက်နက်ဌာန မှာမူ လက်နက်ဖန်တီးခြင်းကို သူ စိတ်ဝင်စားမှု သိပ်မရှိသေးပေ။
ဤ အဆောင်ဌာန တစ်ခုတည်းကိုသာ သူ အလွန်စိတ်အားထက်သန်နေခြင်းဖြစ်သည်။
အရင်တစ်ခေါက်က အခွင့်အရေးမရခဲ့သဖြင့်၊ ယခုတစ်ခေါက်တွင် သွားရောက်ကြည့်ရှုရမည်ဖြစ်သည်။
"ရှေ့က ဖန့်ညီလေး မဟုတ်လား"
ဖန့်ချန် ကိုယ်ဟန်ကို ထိန်းလိုက်ပြီး လှည့်ကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင် လူသုံးယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
တစ်ယောက်ကိုမူ ဆေးဖော်စပ်ရေးဌာနတွင် မြင်ဖူးသလိုရှိသော်လည်း၊ ကျန်သည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကိုမူ သူ မမှတ်မိပေ။
"စီနီယာအစ်ကိုတို့က..."
ဖန့်ချန်က သူတို့ရှေ့သို့သွားကာ နှုတ်ဆက်လိုက်သည်။
သုံးယောက်သားသည် ဖန့်ချန်၏ မျက်ဝန်းအတွင်းမှ ရွှေရောင်အကြောများကို ကြည့်ကာ စဉ်းစားနေကြသည်။
ခဏအကြာမှ တစ်ယောက်က သတိပြန်ဝင်လာပြီး ရယ်မောရင်း ဆိုသည်
"ဖန့်ညီလေး... ငါ့နာမည်က ယွီချင်းကျိ ပါ ဆေးဖော်စပ်ရေးဌာနက တပည့်ပါပဲ အရင်က ဆေးဖော်စပ်ရေးဌာနမှာ ဖန့်ညီလေးနဲ့ ဆုံခဲ့ဖူးတယ်လေ"
ယွီချင်းကျိ။
ဖန့်ချန်က ပြုံးလျက်
"ဩော် စီနီယာအစ်ကို ယွီကိုး ကျွန်တော်က လမ်းလျှောက်တာပဲ အာရုံစိုက်နေလို့ အစ်ကို့ကို မမြင်လိုက်မိတာ ခွင့်လွှတ်ပါ"
ယွီချင်းကျိ၏ ရုပ်ရည်သည် ယွီချင်းမေ နှင့် လုံးဝမတူပေ။
လက်ရှိရုပ်ရည်မှာ အသက် (၃၀) ဝန်းကျင်ခန့်ရှိပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။
ကျင့်ကြံမှု အဆင့်မှာလည်း ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် ဖြစ်သည်။
အကယ်၍ မမှားဘူးဆိုလျှင် ထိုသူသည် သွေးဝိညာဉ်ဂိုဏ်း မှ ယောင်ယန်ဝိညာဉ်အရှင်ပင် ဖြစ်ရမည်။
"ဖန့်ညီလေး ငါ မိတ်ဆက်ပေးပါရစေ ဒီဘက်ကတော့ တိုက်ခိုက်ရေးဌာနက စီနီယာအစ်ကို ကျောက်ကျောင်လုံ ပါ အစ်ကိုကျောက်ရဲ့ မူလကိုယ်ထည်ဟာ နှစ်ပေါင်းသုံးထောင် ကျင့်ကြံထားတဲ့ မီးနဂါး တစ်ကောင်ဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်တော်ပါတယ်"
"ဒီဘက်ကတော့ အဆောင်ဌာနက စီနီယာညီမလေး ဟွာမြောက်ချင် ပါ အဆောင်အတတ်ပညာမှာ ကျွမ်းကျင်ပါတယ်"
"မင်းတို့နှစ်ယောက် ဒါက ငါ အရင်က ပြောပြဖူးတဲ့ ဖန့်ညီလေးပေါ့ ဖန့်ညီလေးရဲ့ နောက်ခံက မသေးဘူးနော် သူက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က ဝမ်ကျိလုံရဲ့ တပည့်ဖြစ်ရုံတင်မကဘဲ စီနီယာယွမ်ဟယ် ရဲ့ အလေးစားပေးမှုကိုလည်း ခံရတယ် အခုဆိုရင် ဓားဦးဆောင်သူ လည်း ဖြစ်နေပြီ ဆေးဖော်စပ်ခြင်းမှာလည်း ပါရမီပါလို့ ဆရာကျိရဲ့ အမည်ခံတပည့်လည်း ဖြစ်နေသေးတယ်"
"တွေ့ရတာ ဝမ်းသာပါတယ် ဖန့်ညီလေး"
နှစ်ယောက်သားက ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။
ဖန့်ချန်ကလည်း ပြန်လည်နှုတ်ဆက်သည်
"တွေ့ရတာ ဝမ်းသာပါတယ် စီနီယာအစ်ကိုကျောက်၊ စီနီယာအစ်မဟွာ"
နှစ်ပေါင်းသုံးထောင် ကျင့်ကြံထားတဲ့ မီးနဂါး ဟုတ်လား မသေမျိုး တွေရဲ့ သက်တမ်းအကန့်အသတ်ဟာ သုံးထောင်ဝန်းကျင်လောက်ပဲ ရှိတာမို့ မိစ္ဆာမျိုးနွယ်တွေရဲ့ သက်တမ်းဟာ လူသားတွေထက် အများကြီး ပိုရှည်တာ သေချာသည်။
တစ်ဖက်လူကို ကြည့်ရသည်မှာ အားအင်အပြည့်နှင့် နုပျိုနေဆဲဖြစ်ပြီး အိုမင်းရင့်ရော်နေသည့် ပုံစံမျိုး လုံးဝမရှိပေ။
"ဖန့်ညီလေးက အရင်တစ်ခေါက် တောရိုင်းကျောင်းကနေ ထွက်သွားတာ မဟုတ်လား ငါသိထားသလောက်တော့ ဖန့်ညီလေးရဲ့ တောရိုင်းတံဆပ်က တစ်နှစ်မှာ တစ်ခါပဲ သုံးလို့ရတာလေ..."
ယွီချင်းကျိက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဖန့်ချန်က ပြုံးလိုက်သည်။
ဒီကောင်တော့ အမြီးပေါ်နေပြီ။
ကျောင်းဝင်းကြီးက ဒီလောက်ကျယ်တာ၊ သူထွက်သွားတာ ဘယ်လောက်မှ မကြာသေးဘူး၊ ဒီလူက ဘယ်လိုလုပ် သိနေရတာလဲ ပြင်ပလောကနဲ့ အမြဲ အဆက်အသွယ် ရှိနေလို့သာ ဖြစ်ရမည်။
အကယ်၍ ယွီချင်းမေဆီမှာ ယွီချင်းကျိရဲ့ အသံကို မကြားခဲ့ရရင်တောင်မှ၊ ဒီနေ့ ဖန့်ချန်ဟာ ဒီလူ့အပေါ် သံသယဝင်မိမှာ သေချာသည်။
"အရင်တစ်ခေါက်က သိချင်စိတ်နဲ့ စမ်းကြည့်ရင်း မတော်တဆ တံဆိပ်ကို သုံးလိုက်မိတာပါကံကောင်းလို့ ဆရာကျိက နားလည်ပေးပြီး ကျွန်တော့်ကို ပြန်ခေါ်လာပေးလို့ပေါ့"
ဖန့်ချန်က ရယ်မောရင်း ပြန်ပြောသည်။
"ငါလည်း အရင်က တံဆိပ်ကို စရတုန်းက အဲ့ဒီလိုပဲ သိချင်စိတ် ဖြစ်ခဲ့ဖူးတယ်"
ဟွာမြောက်ချင်က ခေါင်းညိတ်သည်။
ယွီချင်းကျိက ရယ်လျက်
"ဆရာကျိက ဆရာခြောက်ယောက်ထဲမှာ စကားပြောရ အလွယ်ဆုံးပဲလေ အဲ့ဒါအပြင် ဖန့်ညီလေးက ပါရမီထူးချွန်တော့ ပိုပြီး အခွင့်ထူးခံရတာပေါ့ ဒါနဲ့... ဖန့်ညီလေး သွားနေတဲ့လမ်းက ဆေးဖော်စပ်ရေးဌာနဘက် မဟုတ်ဘူးနော်၊ ဘယ်သွားမလို့လဲ"
"ကျွန်တော် အဆောင် ပညာကို နည်းနည်း စိတ်ဝင်စားလို့ အဆောင်ဌာနဘက်ကို သွားကြည့်မလို့ပါ"
ဖန့်ချန်က ဆိုသည်။
"ဩော်"
ဟွာမြောက်ချင်၏ မျက်လုံးများ လင်းလက်သွားသည်
"နင်လည်း အဆောင် ဖန်တီးတာကို ဝါသနာပါတာလား"
"အခုမှ စပြီး လေ့လာကြည့်ချင်ရုံပါ"
"တာအိုဂိုဏ်းတွေကလည်း အဆောင် ပညာကို အလေးထားကြတာပဲလေ ဖန့်ညီလေးက စီနိယာယွမ်ဟယ်ရဲ့ အလေးပေးမှုကို ခံရတာဆိုတော့ အဆောင် အတတ်ပညာတွေကိုလည်း သင်ကြားပေးထားတာ ရှိမှာပေါ့ ညီမလေးဟွာက သူ့ကို လမ်းပြပေးလိုက်ပါလား"
ယွီချင်းကျိက ပြုံးလျက် ဟွာမြောက်ချင်ကို ကြည့်ကာ
"ညီမလေးဟွာ ဒီတစ်ခေါက် ဆေးဖော်စပ်တဲ့အခါ အစ်ကိုကျောက်ပဲ ကူညီပေးရင် ရပါပြီ ညီမလေးက ဖန့်ညီလေးကို အဆောင်ဌာနဆီ လိုက်ပြပေးလိုက်ဦး သူတစ်ယောက်တည်းဆိုရင် လမ်းပျောက်နေမှာစိုးလို့"
"ကောင်းပါပြီ"
ဟွာမြောက်ချင်က ခေါင်းညိတ်သည်။
"စီနီယာအစ်မဟွာကို ဒုက္ခပေးသလို မဖြစ်ဘူးမလား"
ဖန့်ချန်က ယဉ်ကျေးစွာ မေးသည်။
"ကိစ္စမရှိပါဘူး ဖန့်မောင်လေး ငါ့နောက်က လိုက်ခဲ့ပါ"
ဟွာမြောက်ချင်က ပြုံးလျက် ဆိုသည်။
နှစ်ယောက်သား ထွက်ခွာသွားပြီးနောက် ကျောက်ကျောင်လုံက ရုတ်တရက် သက်ပြင်းချရင်း
"သူသာ ပေါင်းစပ်ခြင်းအဆင့် ဖြစ်နေရင် ကောင်းမှာပဲ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားက ဘယ်လောက် စွမ်းသလဲဆိုတာ ငါ မြင်ဖူးချင်တယ်"
"အစ်ကိုကျောက် အစ်ကို့ရဲ့ မူလကိုယ်ထည်က ရှားပါးတဲ့ မီးနဂါးဖြစ်ပြီး တိုက်ခိုက်ရေးဌာနရဲ့ ထိပ်တန်းတပည့်တစ်ယောက်ပဲလေ ဓားကျင့်ကြံသူတွေထက် နိမ့်ကျမှာ မဟုတ်ပါဘူး တကယ်လို့ ဓားဂိုဏ်းက ဓားကျင့်ကြံသူတွေနဲ့ ယှဉ်ပြိုင်ချင်ရင်လည်း ကျွန်တော် မိတ်ဆက်ပေးလို့ ရပါတယ်"
ယွီချင်းကျိက ပြုံး၍ ဆိုသည်။
"မလိုပါဘူး ငါယှဉ်ပြိုင်ချင်ရင်လည်း ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ အထူးချွန်ဆုံးလူနဲ့ပဲ ယှဉ်ပြိုင်မှာ ကျန်တဲ့လူတွေကိုတော့ စိတ်မဝင်စားဘူး"
ကျောက်ကျောင်လုံက ခေါင်းခါလိုက်ပြီး
"သွားကြစို့ မင်းရဲ့ ဆေးဖော်စပ်နည်းအသစ် အလုပ်ဖြစ်မဖြစ် သွားစမ်းကြည့်ရအောင်"
"ကောင်းပါပြီ"
ယွီချင်းကျိက ခေါင်းညိတ်ကာ နှစ်ယောက်သား ထွက်သွားကြသည်။
အခြားတစ်ဖက်တွင်မူ ဖန့်ချန်သည် ဟွာမြောက်ချင်နောက်မှ လိုက်ရင်း စကားစမြည်ပြောလာခဲ့သည်။
ထို့နောက် သိချင်စိတ်ဖြင့် မေးလိုက်သည်
"စီနီယာအစ်မဟွာ အစ်မက အဆောင်ဌာနက တပည့် အစ်ကိုကျောက်က တိုက်ခိုက်ရေးဌာနက တပည့်ဆိုတော့ စီနီယာအစ်ကိုယွီက ဘာဖြစ်လို့ အစ်မတို့ နှစ်ယောက်လုံးကို ဆေးဖော်စပ်ရာမှာ ကူညီခိုင်းရတာလဲ"
အခန်း ၇၅၂ -ဓာတ်ငါးပါး စစ်သည်တော်အဆောင်
ဖန့်ချန်၏ သိချင်စိတ်ကို ကြားသောအခါ ဟွာမြောက်ချင်က ပြုံး၍ ဆိုသည်
"စီနီယာအစ်ကိုယွီက မကြာသေးခင်က ရှေးဟောင်းဆေးနည်းတစ်မျိုးကို စမ်းသပ်နေတာပါ အဲ့ဒီအတွက် လိုအပ်တဲ့ ဆေးမီး ကို သူကိုယ်တိုင် ထုတ်ဖော်နိုင်စွမ်း မရှိသေးတာကြောင့် စီနီယာအစ်ကိုကျောက်ရဲ့ အကူအညီကို ယူရတာပါ"
"စီနီယာအစ်ကိုကျောက်ရဲ့ မူလကိုယ်ထည်က မီးနဂါးဖြစ်ပြီး ကျင့်ကြံမှုသက်တမ်း သုံးထောင်ရှိပြီဆိုတော့ မီးဓာတ် ပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုဟာ မသေမျိုးဘုရင် အချို့တောင် သူ့ကို မမီနိုင်ကြဘူး"
"ဒါကြောင့် စီနီယာအစ်ကိုယွီရဲ့ ရှေးဟောင်းဆေးနည်း အလုပ်ဖြစ်မဖြစ်ကို သူက ကူညီစမ်းသပ်ပေးနိုင်တာပေါ့"
"ငါနဲ့ ပတ်သက်ရင်တော့ နင့်မှာ အဆောင်ဖန်တီးဖူးတဲ့ အတွေ့အကြုံရှိရင် သိမှာပါ အဆောင်ဖန်တီးတဲ့အခါ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်တာဟာ အလွန်တရာ သိမ်မွေ့နက်နဲဖို့ လိုအပ်ပါတယ်"
"သာမန်ကျင့်ကြံသူတွေက ငါတို့ အဆောင်ပညာရှင်တွေလောက် အဲ့ဒီလို မလုပ်နိုင်ကြဘူး ငါက ဘေးကနေ ကူညီပေးရင် စီနီယာအစ်ကိုကျောက်ရဲ့ မီးဓာတ်စွမ်းအားကို ပိုပြီး သိမ်မွေ့တည်ငြိမ်အောင် ထိန်းညှိပေးနိုင်လို့ပါ"
ရှေးဟောင်းဆေးနည်း ဟုတ်လား
ဒါဟာ ဟိုမသေမျိုးကို ကို မသေမျိုးဘုရင် အဖြစ် တက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေတာများလား။
ဖန့်ချန် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
ကြည့်ရသည်မှာ ယွီချင်းကျိ ယခုတစ်ခေါက် ဖော်စပ်ရန် ရည်ရွယ်ထားသော
သွေးဝိညာဉ်နတ်ဆေး မှာ ယခင်ကနှင့် မတူဘဲ ထူးခြားနေလိမ့်မည်။
ယွီချင်းကျိနှင့် ယွီချင်းမေတို့ ယခင်က ပြောခဲ့သော စကားများကို ပြန်တွေးကြည့်လျှင် သွေးဝိညာဉ်ဆေး၏ အရေးကြီးဆုံး ဆေးမယ်မှာ ကံကြမ္မာအကျိုးဆက် ပင် ဖြစ်နိုင်ပေသည်။
ကံကြမ္မာအကျိုးဆက် ၎င်းသည် ကျင့်ကြံသူများ အကြောက်ဆုံးအရာဖြစ်ပြီး ကံကြမ္မာအမှုများ မပတ်သက်မိစေရန် နည်းမျိုးစုံဖြင့် ရှောင်လွှဲကြသော်လည်း သာမန်လူသားများအတွက်မူ ထိုသို့မဟုတ်ပေ။
သာမန်လူသားတစ်ယောက်၏ ကိုယ်ပေါ်တွင် ရှိနေသော ကံကြမ္မာအကျိုးဆက်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် အဆပေါင်းများစွာ ပို၍ များပြားနိုင်ပေသည်။
ကံကြမ္မာအကျိုးဆက်ကို ဆေးမယ်အဖြစ် အသုံးပြုခြင်းမှာ မဟာကောင်းကင်ဘုရင် ၏ ဆေးပညာကျမ်းစာများတွင် တစ်ခါမှ မပါဝင်ခဲ့ဖူးပေ။
ဖန့်ချန်သည် နောင်တစ်ချိန် အခွင့်အရေးရလျှင် တောရိုင်းကျောင်းတော်၏ ဆေးဖော်စပ်ရေးဌာနက ထိုကဲ့သို့သော နည်းလမ်းများအပေါ် မည်သို့သော သဘောထားမျိုး ရှိသည်ကို စူးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
နာရီအနည်းငယ် ကြာပြီးနောက် ဖန့်ချန်နှင့် ဟွာမြောက်ချင်တို့သည် အဆောင်ဌာနနယ်မြေသို့ ရောက်ရှိလာကြသည်။
လှမ်းကြည့်လိုက်လျှင် လိုဏ်ဂူနန်းတော်များ အသီးသီး ဖွင့်လှစ်ထားသော ဝိညာဉ်တောင်တန်းများကို မြင်ရသည်။
တောင်များပေါ်တွင် ဝိညာဉ်စွမ်းအားများ ထူထပ်နေပြီး ဝိညာဉ်စမ်းချောင်းများ၊ ဝိညာဉ်စိုက်ခင်းများ ရှိကာ စိုက်ခင်းများထဲတွင် ဆေးဖက်ဝင်အပင် အမျိုးမျိုးကို စိုက်ပျိုးထားကြသည်။
လိုဏ်ဂူနန်းတော်တစ်ခုရှေ့မှ ဖြတ်သွားစဉ်၊ ဖန့်ချန်သည် နန်းတော်တံခါးဝတွင် အလျား (၁၀) လံကျော်ခန့်ရှိပြီး လျှပ်စီးပစ်ခံထားရသဖြင့် မည်းတူးနေသော ရှေးဟောင်းသစ်သားတုံးကြီး တစ်ခုကို မြင်လိုက်ရသည်။
"အဲ့ဒါက ကပ်ဘေးကိုးကြိမ်လျှပ်စီးသစ်သား လေ"
ဖန့်ချန်၏ အကြည့်ကို သတိပြုမိသွားသော ဟွာမြောက်ချင်က ပြုံး၍ ရှင်းပြသည်
"တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ သူတို့ရဲ့ ကိုးခုမြောက် ဘေးဒုက္ခကို ကျော်ဖြတ်တဲ့အခါအနီးအနားက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရှေးဟောင်းသစ်ပင်တွေဟာ လျှပ်စီးဒဏ်ကို ခံရပေမဲ့ ပြာအဖြစ် မပြောင်းလဲသွားဘဲ ကျန်ရစ်ခဲ့ရင် အဲ့ဒါကို ကပ်ဘေးကိုးကြိမ်လျှပ်စီးထိသစ်သား လို့ ခေါ်တာ"
"ဒါက အလွန်ရခဲတဲ့ အရာပဲ ဘာလို့လဲဆိုတော့ လျှပ်စီးထိတဲ့ သစ်ပင်အများစုဟာ နောက်ဆုံးမှာ ပြာဖြစ်သွားကြပြီး ကိုယ်ထည်အပြည့်အစုံ မကျန်ရစ်နိုင်ကြဘူးလေ ဒါက ကံတရားပေါ်မှာ အများကြီး မူတည်တယ်"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်သည်။
ဟွာမြောက်ချင်က ကပ်ဘေးကိုးကြိမ်လျှပ်စီးထိသစ်သားဟု ပြောလိုက်သည်နှင့် သူ သိလိုက်ပြီဖြစ်သည်။
ထိုအရာသည် ဆေးနည်းအချို့တွင် ဆေးမယ်တစ်ခုအဖြစ် ပါဝင်လေ့ရှိသည်။
ဟိုးအရင်က သူသည် ကပ်ဘေးကိုးကြိမ်လျှပ်စီးပြဒါးအမည်ရှိသော အဆောင်ရေးမင်ရည်ကို ဝယ်ဖူးသည်။
ယခုကြည့်ရလျှင် ထိုအရာသည်လည်း တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများ ဘေးဒုက္ခကျော်ဖြတ်စဉ်က ကျန်ရစ်ခဲ့သော အရာပင်ဖြစ်သည်။
သို့သော် သူဝယ်ခဲ့သော ငါးကျပ်သားခန့်ရှိသော မင်ရည်မှာ ပထမအဆင့် သာ ဖြစ်သဖြင့် ဈေးနှုန်းမှာ အတော်လေး သင့်တင့်ခဲ့ခြင်းဖြစ်သည်။
"စီနီယာအစ်မဟွာ ကပ်ဘေးကိုးကြိမ်လျှပ်စီးထိပြဒါးအကြောင်းကို သိလား ကျွန်တော် တစ်ခါက တစ်ပုလင်း ဝယ်ဖူးပေမဲ့ အကုန်သုံးပြီးသွားပြီမို့ ထပ်ဝယ်ချင်နေတာပါ"
ဖန့်ချန်က ပြုံး၍ မေးသည်။
"ကက်ဘေးကိုးကြိမ်လျှပ်စီးထိပြဒါးလား ဒါက တောရိုင်းကျောင်းတော်မှာတော့ ရှားပါးတဲ့အရာ မဟုတ်ပါဘူး အပြင်လောကမှာလည်း အများကြီး ရှာလို့ရပါတယ်"
ဟွာမြောက်ချင်က ဆိုသည်
"တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ ဘေးဒုက္ခရင်ဆိုင်တဲ့အခါ သူတို့ရပ်နေတဲ့နေရာဟာ ပင်လယ်ထဲမှာ မဟုတ်ဘူးဆိုရင် သူတို့ခြေဖဝါးအောက်က မြေကြီးတွေဟာ ပြဒါး အဖြစ် ပြောင်းလဲသွားတာပဲ"
"အဲ့ဒီလူ ကျော်ဖြတ်တဲ့ ဘေးဒုက္ခအကြိမ်အရေအတွက်ပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာပေါ့ ပထမအဆင့်နဲ့ ကိုးခုမြောက်အဆင့် ပြဒါးတွေရဲ့ ဈေးနှုန်းက အကွာကြီး ကွာခြားပေမဲ့လည်း အလွန်အမင်းကြီးတော့ မဈေးကြီးပါဘူး"
"ဘာလို့လဲဆိုတော့ တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ခါ ဘေးဒုက္ခကျော်ဖြတ်တိုင်းမှာ ပြဒါးပေါင်း ထောင်ချီပြီး ထွက်လာနိုင်လို့ပဲ"
ထောင်ချီပြီး ထွက်တာ
ဖန့်ချန်၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားသည်။
ထိုစဉ်က သူဝယ်ခဲ့သော ပထမအဆင့် ပြဒါးမှင် ငါးကျပ်သားမှာ တကယ်တော့ ပုလင်းလေး တစ်ပုလင်းစာမျှသာ ရှိသည်။
၎င်း၏ အလေးချိန်မှာ ရွှေနှင့် မခြားဘဲ သိပ်သည်းဆ အလွန်မြင့်မားလှသည်။
အကယ်၍ ရွှေ (၁) ကုဗမီတာသည် ၁၉ တန်ခန့် လေးသည်ဟု တွက်ချက်လျှင်၊ ထောင်ချီသော ကုဗမီတာဆိုပါက တန်ချိန်သောင်းချီ၍ ရှိနေမည် မဟုတ်ပါလား။
"ဒါကြောင့်လည်း အရင်က မဟာရှ အနီးအနားမှာ ဒီလို ပြဒါးမှင် မျိုးကို ဝယ်လို့ရခဲ့တာကိုး ကြည့်ရတာ ဒါတွေရဲ့ သိုလှောင်မှုပမာဏက အတော်လေး များပြားပုံရတယ်"
ဖန့်ချန် စိတ်ထဲမှ တွေးလိုက်မိသည်။
"ငါတို့ တောရိုင်းကျောင်းတော်မှာ အကောင်းဆုံး ပြဒါးကတော့ ဆရာကျောက်ရဲ့ လက်ထဲမှာရှိတဲ့ နတ်ဘုရားကျောက်စိမ်း ပဲ ဖြစ်ရမယ်"
"ကံမကောင်းတာက ဒီအရာကို နတ်ဘုရားတွေရဲ့ အကြွင်းအကျန်နေရာ တွေမှာပဲ အနည်းငယ် ရှာတွေ့နိုင်တာမို့ ငါတို့လိုလူတွေ သုံးဖို့ အခွင့်အရေး မရှိပါဘူး"
" ကြားဖူးတာကတော့ နတ်ဘုရားကျောက်စိမ်းကို သုံးပြီး အဆောင်လုပ်ရင် ဘယ်လောက်ပဲ သာမန်ကာလျှံကာ အဆောင်ဖြစ်ပါစေ အံ့မခန်းစွမ်းအင်တွေ ထွက်ပေါ်လာစေတယ်တဲ့"
ဟွာမြောက်ချင်၏ မျက်နှာတွင် အားကျစိတ်များ ပေါ်လာသည်။
"နတ်ဘုရားကျောက်စိမ်းလား"
"ဟုတ်တယ် အဲ့ဒါက အလွန်ရှားပါးတယ် ငါကြားဖူးတာကတော့ နတ်ဘုရားကျောက်စိမ်းဆိုတာ တကယ်တော့ နတ်ဘုရားတစ်ယောက် သေဆုံးသွားပြီးနောက် သူ့ရဲ့ ရုပ်ကြွင်းဟာ ဝိညာဉ်စွမ်းအား ပြည့်ဝတဲ့နေရာမှာ နှစ်ပေါင်းများစွာ ရှိနေပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် တိုက်စားခံရပြီးမှ သူ့ရဲ့ အရိုးတွေဟာ နတ်ဘုရားကျောက်စိမ်းအဖြစ် ပြောင်းလဲသွားတာတဲ့ နတ်ဘုရားကျောက်စိမ်း တစ်ကျပ်သားဟာ စီရင်စုနယ်မြေတစ်ခုနဲ့ လဲလို့ရတယ်"
ဟွာမြောက်ချင်က အေးဆေးစွာ ပြုံး၍ ဆိုသည်။
သူမ ပြောလိုက်သော စီရင်စုနယ်မြေ ဆိုသည်မှာ ကျုံးကျိုးပြည်မကြီး လက်အောက်ရှိ နယ်မြေတစ်ခုလုံးကို ဆိုလိုခြင်းဖြစ်သည်။
"ဒါတွေကတော့ ကြားရုံပဲ နားထောင်ထားလိုက်ပါ မင်းက ဆေးဖော်စပ်ရေးလမ်းစဉ်ကို လျှောက်နေတာပဲ ထားဦး တကယ်လို့ မင်းတစ်သက်လုံး အဆောင်ပညာမှာပဲ နှစ်မြှုပ်ပြီး ဆရာကျောက်လို ပုဂ္ဂိုလ်မျိုး ဖြစ်လာရင်တောင် နတ်ဘုရားကျောက်စိမ်းကို ရဖို့ဆိုတာ မသေချာဘူး"
"ဒါက ကံတရားပေါ်မှာပဲ မူတည်တာ ကိုယ့်ရဲ့ စွမ်းအားနဲ့တော့ သိပ်မဆိုင်တော့ဘူး ကပ်ဘေးကိုးကြိမ်လျှပ်စီးထိပြဒါးက မြေကမ္ဘာအဆင့်အလယ် ဒါမှမဟုတ် အနိမ့်စားဆိုရင် နတ်ဘုရားကျောက်စိမ်းကတော့ မြင့်မြတ်သောအဆင့် ပြဒါးပဲ"
ဟွာမြောက်ချင်က ရယ်မောရင်း ပြောသည်။
စကားပြောနေစဉ်အတွင်း၊ အမြင့်ပေ တစ်ရာခန့်ရှိသော ဝါးမျှော်စင်ကြီးတစ်ခု ရှေ့သို့ ရောက်လာသည်။
ဟွာမြောက်ချင်က
"ဒါက အဆောင်ဌာနရဲ့ ကျမ်းစာစောင်တွေ သိမ်းဆည်းထားတဲ့ စာကြည့်တိုက်ပဲ မင်း အဆောင်ပညာအကြောင်း ကောင်းကောင်း သိချင်ရင် ဒီထဲမှာ မင်းလိုချင်တာတွေ ရှိတယ်"
"ဒါပေမဲ့ မင်းက ဆေးဖော်စပ်ရေးဌာနက တပည့်ဆိုတော့ အောက်ထပ် ၁၀ ထပ်အထိပဲ ကြည့်ခွင့်ရှိမယ် အဲ့ဒီထက် မြင့်တဲ့ အထပ်တွေကို သွားချင်ရင်တော့ အထက်က နှုတ်ဆရာ ဒါမှမဟုတ် စိတ်ဆရာ တွေကို ခွင့်တောင်းရမှာမို့ အတော်လေး အလုပ်ရှုပ်ပါတယ်"
"မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အောက်ထပ် ၁၀ ထပ်ကတင် အဆောင်ပညာရဲ့ အခြေခံကို ကောင်းကောင်း နားလည်သွားဖို့ လုံလောက်ပါတယ်"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မဟွာ"
ဖန့်ချန်က နှုတ်ဆက်လိုက်ပြီး ထိုဝါးမျှော်စင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ကျင့်ကြံသူများစွာအတွက် လက်လှမ်းမမီနိုင်သော အဆောင်ပညာ အမွေအနှစ်များကို ထိုနေရာတွင်မူ လွယ်လွယ်ကူကူ လေ့လာနိုင်ပေသည်။
ဒါဟာ နောက်ခံအင်အား ရှိခြင်းနှင့် မရှိခြင်းကြားက ခြားနားချက်ပင် ဖြစ်သည်။
နှစ်ယောက်သား ဝါးမျှော်စင်ထဲသို့ ဝင်လိုက်ကြပြီး၊ ဟွာမြောက်ချင်က ဖန့်ချန်အတွက် ကျမ်းစာအုပ်နှစ်အုပ်ကို ရှာပေးသည်။
ထိုနေရာတွင်သာ ဖတ်ခွင့်ရှိပြီး အပြင်သို့ ယူသွားခွင့် မရှိပေ။
တစ်အုပ်မှာ အဆောင်ဖန်တီးရာတွင် အသုံးပြုသော ကိရိယာများ၏ အဆင့်အတန်းနှင့် မူလအစများအကြောင်း ဖြစ်ပြီး အခြားတစ်အုပ်မှာ ဝိညာဉ်စွမ်းအားကို မည်သို့ တည်ငြိမ်စွာ ထိန်းချုပ်ရမည်ကို ရှင်းပြထားခြင်းဖြစ်သည်။
ထိုအုပ်ထဲတွင် နည်းလမ်းငယ် (၄) မျိုး ပါဝင်ရာ၊ ဖန့်ချန်အတွက် မလိုအပ်သော်လည်း ထိုနည်းလမ်းငယ်များသည် အပြင်လောကသို့ ရောက်သွားပါက တစ်မျိုးချင်းစီသည် အလွန်တန်ဖိုးကြီးလှပေလိမ့်မည်။
"ဒီမှာပဲ ကြည့်နေနော် အပြင်ကို လုံးဝ မပေါက်ကြားစေနဲ့ ငါတို့ တောရိုင်းကျောင်းတော်ရဲ့ ပညာတွေ အပြင်ကို ပေါက်ကြားသွားရင် ကျောင်းအုပ်ကြီး သိသွားလိမ့်မယ် အပေါ့စား ပြစ်ဒဏ်ဆိုရင် ကြိမ်ဒဏ်ခံရမှာဖြစ်ပြီး အပြင်းစားဆိုရင်တော့ ကျောင်းထုတ်ခံရပြီး ဘယ်တော့မှ ပြန်မဝင်ရတော့မှာ"
ဟွာမြောက်ချင်က သတိပေးပြီးနောက် အပေါ်ထပ်သို့ တက်သွားသည်။
ဖန့်ချန်က ပထမတစ်အုပ်ကို လှန်ကြည့်လိုက်ရာ၊ အထဲတွင် ပြဒါး၊ အဆောင်စက္ကူ၊ အဆောင်စုတ်တံ အစရှိသော မရှိမဖြစ် ပစ္စည်းများ၏ ကုန်ကြမ်းများအကြောင်း ပါရှိသည်။
ကပ်ဘေးကိုးကြိမ်လျှပ်စီးထိပြဒါးကို ထိုကျမ်းထဲတွင် မြေကမ္ဘာအဆင့် အလယ် သို့မဟုတ် အနိမ့်စားအဖြစ် သတ်မှတ်ထားသည်။
မြေကမ္ဘာအဆင့်၏ အပေါ်တွင် ကောင်းကင်အဆင့် ရှိနေသေးသော်လည်း၊ တကယ်တမ်းတွင် မြေကမ္ဘာအဆင့်ဟု သတ်မှတ်ခံရသော အရာများသည်ပင် ထိုလောက၏ ထိပ်တန်းအရာများ ဖြစ်နေပြီဖြစ်သည်။
အပေါ်က ကောင်းကင်အဆင့် ဆိုသည်မှာ များသောအားဖြင့် မသေမျိုးဘုရင်များနှင့် ဂိုဏ်းချုပ်ဘိုးဘေးများသာ ပိုင်ဆိုင်နိုင်ကြသည့် အရာများဖြစ်သည်။
"နဂါးစစ်ကျောက်စိမ်း ... မြေကမ္ဘာအဆင့် အထက်တန်း (သို့မဟုတ်) အထွတ်အထိပ်"
ဖန့်ချန်က မိတ်ဆက်စာတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ နဂါးစစ်ကျောက်စိမ်း အမည်ရှိသော ပြဒါးဖြစ်ပြီး ကုန်ကြမ်းမှာ နဂါးစစ်အရိုးမှုန့် ဖြစ်သည်။
အသာမန်ဆုံး နဂါးစစ်ကျောက်စိမ်းသည်ပင် အကောင်းဆုံး ကပ်ဘေးကိုးကြိမ်လျှပ်စီးထိပြဒါးထက် အဆင့်မြင့်မားလှသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဖန့်ချန်၏ လက်ထဲတွင် ကျိမသေမျိုးဘုရင် ဖော်စပ်ထားသော ပျက်စီးနေတဲ့ဆေး တစ်လုံး ရှိနေသည်။
ထူးခြားသော နည်းလမ်းကို အသုံးပြုလိုက်လျှင် ၎င်း၏ အနှစ်သာရကို ထုတ်ယူနိုင်ပြီး နဂါးစစ်အရိုးမှုန့်အဖြစ် ပြောင်းလဲနိုင်သည်။
၎င်းသည် ဆေးဖော်ရုံတင်မက အဆောင်ရေးရန်အတွက်လည်း အသုံးပြုနိုင်သည်။
"ဈေးနှုန်းကလည်း နည်းမှာ မဟုတ်ဘူး"
ဖန့်ချန်၏ မျက်လုံးထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားသည်။
ကြည့်ရသည်မှာ နောင်တစ်ချိန် အခွင့်အရေးရလျှင် ပဉ္စမမင်းသမီးနှင့် နင်ထျဲနယူးတို့ လက်ထဲတွင်ရှိသော ဆေးပျက်များကိုလည်း နည်းလမ်းတစ်ခုဖြင့် သိမ်းယူရပေလိမ့်မည်။
ထိုအရာများကို သူတို့လက်ထဲတွင် ထားရှိခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှသည်။
ကျမ်းစာနှစ်အုပ်လုံးကို ဖတ်ပြီးနောက်၊ ဖန့်ချန်သည် အဆောင်ပညာ အမွေအနှစ် ကျမ်းစာစောင်များကို စတင်ရှာဖွေသည်။
အဝါရောင်အဆင့် အဆင့်နိမ့်မှသည် နက်နဲသောအဆင့် အထွတ်အထိပ်အထိ (၁၀) ထပ်အတွင်း၌ အစုံအလင် ရှိနေသည်။
အဝါရောင်အဆင့်တစ်ခုတည်းမှာပင် အမျိုးအစားပေါင်း နှစ်ရာကျော်ရှိပြီး၊ နက်နဲသောအဆင့်မှာမူ (၃၃) မျိုး ရှိသည်။
ထိုအဆောင်များသည် အလွန်ရှုပ်ထွေးလှသဖြင့်၊ တစ်ခုမှ မလွဲစေဘဲ အကုန်မှတ်မိရန်မှာ သာမန်ကျင့်ကြံသူတစ်ဦးအတွက် နှစ်ပေါင်းများစွာ အချိန်ပေးရပေလိမ့်မည်။
ကံကောင်းသည်မှာ ရှေးဦး နတ်ဘုရားမျက်လုံး သည် ဖန့်ချန်အတွက် အလွန်အထောက်အကူဖြစ်စေပြီး အဆောင်များ၏ အနှစ်သာရကို လွယ်လွယ်ကူကူ နားလည်သဘောပေါက်စေကာ တတ်မြောက်စေနိုင်ခြင်းပင် ဖြစ်သည်။
"ဓာတ်ငါးပါး စစ်သည်တော်အဆောင်..."
ဖန့်ချန်သည် ရုတ်တရက် အဆောင်အမျိုးအစားသစ်တစ်ခုကို တွေ့ရှိသွားပြီး စိတ်ဝင်တစား ဖြစ်သွားလေတော့သည်။