← Chapters

အခန်း (၇၅၃-၇၅၄)

Vol. 76 Ch. 753-754

အခန်း (၇၅၃-၇၅၄)

Vol. 76 Ch. 753-754

အခန်း ၇၅၃ - အဆောင်ပြိုင်ပွဲ

ဖန့်ချန်၏လက်ထဲတွင်ရှိသော ထိုရှေးဟောင်းကျမ်းစောင်ထဲ၌ အဆောင်အမျိုးအစား ရှစ်မျိုးကို ယှဉ်တွဲဖော်ပြထားပြီး အမျိုးအစားတစ်ခုချင်းစီမှာ အလွန်တရာ ရှုပ်ထွေးလှသည်။

သာမန်လူတစ်ယောက်သာ ကြည့်မိပါက ခေါင်းနားပန်းကြီးပြီး မူးဝေသွားပေလိမ့်မည်။

ထိုအဆောင်ရှစ်မျိုးလုံးမှာ ဓာတ်ငါးပါး စစ်သည်တော်အဆောင် များဖြစ်ကြပြီး၊ ပထမတစ်ခုမှာ အဝါရောင်အဆင့် အနိမ့်စားဖြစ်ကာ နောက်ဆုံးတစ်ခုမှာမူ နက်နဲသောအဆင့် အထွတ်အထိပ် ဖြစ်သည်။

အခြေခံအကျဆုံးဖြစ်သော အဝါရောင်အဆင့်နိမ့်ကို ဥပမာထားရလျှင် အဆောင်ဖန်တီးမှု အောင်မြင်သွားပါက ဝိညာဉ်စွမ်းအားဖြင့် လှုံ့ဆော်လိုက်ရုံဖြင့် ချီသန့်စင်ခြင်းအဆင့် အဆင့် ၁ မှ ၁၂ အတွင်းရှိသော ဓာတ်ငါးပါးစစ်သည်တစ်ဦးကို ရရှိမည်ဖြစ်သည်။

မည်သည့်ဓာတ်သဘာဝရှိသော ဝိညာဉ်စွမ်းအားဖြင့် လှုံ့ဆော်သနည်းပေါ်မူတည်၍ ထိုဓာတ်နှင့်သက်ဆိုင်သော စစ်သည်တော်ကို ရရှိပေလိမ့်မည်။

ထို ဓာတ်ငါးပါးစစ်သည်တော်များမှာ လောကထဲတွင် ကြာရှည်မခံဘဲ နာရီဝက်ခန့်သာ တည်မြဲသော်လည်း၊ ၎င်းတို့သည် သေခြင်းတရားကို မကြောက်ရွံ့ဘဲ သခင်တစ်ဦးတည်း၏ အမိန့်ကိုသာ နာခံကြကာ မည်သည့်လှည့်စားမှုမျိုးကိုမျှ မမှုကြသဖြင့် ရှေ့တန်းမှနေ၍ ထိုးဖောက်တိုက်ခိုက်ရာတွင် အသင့်တော်ဆုံးဖြစ်သည်။

အကယ်၍ အဆင့် ၈ ရှိသော အဆောင်ဆိုပါက ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ညီမျှသော စစ်သည်တော်ကို ရရှိနိုင်မည်ဖြစ်သည်။

စစ်မှန်သော ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူနှင့်တော့ လုံးဝတူညီမည်မဟုတ်သော်လည်း အသုံးပြုရန်အတွက်မူ လုံလောက်လှပေသည်။

အဓိကလိုအပ်သည်မှာ အဆောင်ဖန်တီးရန် ကုန်ကြမ်းများနှင့် ကျွမ်းကျင်မှုအတတ်ပညာသာ ဖြစ်သည်။

ထိုအဆောင်က ဖန့်ချန်၏ အာရုံကို ဆွဲဆောင်သွားရခြင်းမှာ တိုက်ပွဲဝင်ရာတွင် အလွန်အသုံးဝင်သောကြောင့်သာမက အခြားအကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။

"ဓာတ်ငါးပါးစစ်သည်လို့ ဆိုပေမဲ့ တကယ်လို့ ငါက အပြာရောင်လျှပ်စီးစွမ်းအား နဲ့ လှုံ့ဆော်လိုက်မယ်ဆိုရင် အပြာရောင်လျှပ်စီးစစ်သည်တစ်ယောက်ကို ရနိုင်မလား"

ဖန့်ချန် စဉ်းစားနေမိသည်။

သူသည် ထိုအဆောင်အမွေအနှစ်ကို မှတ်သားထားပြီး အခွင့်အရေးရလျှင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဒီညီလေးက မျက်နှာသစ်ပဲ၊ အဆောင်ဌာနက တပည့်မဟုတ်ဘူး ထင်တယ်"

ဖန့်ချန် တစ်ယောက် ကျမ်းစာကို အာရုံစိုက်ကြည့်နေစဉ်၊ အသံတစ်ခုက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။

မလှမ်းမကမ်းတွင် ခရမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေပြီး သူ့ကို ပြုံးစိစိဖြင့် ကြည့်နေသည်။

လူငယ်၏အနားတွင်လည်း ကျင့်ကြံသူအချို့ ရှိနေကြပြီး ကျင့်ကြံမှုအဆင့်မှာ မမြင့်မားလှဘဲ ထိုလူငယ်နှင့်အဆင့်တူ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ဝန်းကျင်တွင်သာ ရှိကြသည်။

"ကျွန်တော်က ဖန့်ချန်ပါ ဆေးဖော်စပ်ရေးဌာနက လာတာပါ"

ဖန့်ချန်က ပြုံး၍ ပြန်ပြောသည်။

ထိုလူငယ်က အံ့အားသင့်သွားဟန်ဖြင့်

"ဩော် ဒါက ဖန့်ဓားဦးဆောင်သူကိုး မသိနားမလည်မိတာ ခွင့်လွှတ်ပါ ကျွန်တော့်နာမည်က အိုရန်မော့ ပါ"

"စီနီယာအစ်ကို အိုရန် ဂါရဝပြုပါတယ် တခြားကိစ္စမရှိရင် ကျွန်တော် ဆက်ဖတ်ပါရစေဦးမလား"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြသည်။

"ဆက်ဖတ်ဦးမယ်"

အိုရန်မော့က ရယ်မောရင်း

"အဆောင်ဌာနရဲ့ ကျမ်းစာတွေကို ဆက်ဖတ်မလို့လား ဖန့်ညီလေးကို အထင်သေးတာတော့ မဟုတ်ပါဘူး မင်းက ဆရာကျိရဲ့ မျက်နှာသာပေးမှုကို ရပြီး ဆေးဖော်စပ်တဲ့ဘက်မှာ ပါရမီရှိလို့ တပည့်အဖြစ် လက်ခံခံထားရတာပဲ"

"ဆေးပညာကိုပဲ အပတ်တကုတ် လေ့လာသင့်တာပေါ့ အဆောင်ပညာဘက်မှာ အချိန်ဖြုန်းနေတာကို ဆရာကျိ သိသွားရင် သေချာပေါက် စိတ်ဆိုးလိမ့်မယ် ငါ့အထင်တော့ ညီလေး ဆေးဖော်စပ်ရေးဌာနကိုပဲ ပြန်သွားတာ ကောင်းမယ် ထင်တယ်"

"စီနီယာအစ်ကို အိုရန် ကျွန်တော် အစ်ကို့ကို ပြစ်မှားထားမိလို့လား"

ဖန့်ချန်က အေးဆေးစွာ ပြုံး၍ မေးလိုက်သည်။

အိုရန်မော့က ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း၊ သူ၏ မျက်လုံးအတွင်းပိုင်းမှ ခဏတာ ဖြတ်ပြေးသွားသော ရန်ငြိုးကို ဖန့်ချန် ဖမ်းမိလိုက်သည်။

ရန်ငြိုး၏ အရိပ်အယောင်မျဉ်းကြောင်းများမှာ အလွန်ထူးခြားပြီး ဖန့်ချန်အတွက်လည်း ရင်းနှီးနေသဖြင့် မမြင်ဘဲနေရန် ခက်ခဲလှသည်။

"ဘာတွေ ပြောတာလဲ ညီလေးရယ် ငါနဲ့ မင်းနဲ့က အခုမှ စတွေ့တာပဲ ဘယ်လိုလုပ် ပြစ်မှားထားတာ ရှိမှာလဲ စီနီယာတစ်ယောက်အနေနဲ့ စေတနာနဲ့ အကြံပေးတာပါ ညီလေး နားဝင်အောင် နားထောင်ပြီး ဒီမှာ ဆက်ပြီး အချိန်မဖြုန်းသင့်တော့ဘူးလို့ ပြောတာပါ"

အိုရန်မော့က အေးဆေးစွာ ပြောသည်။

"တကယ်လို့ ကျုပ် မပြန်ဘူးဆိုရင်ကော"

ဖန့်ချန်က အေးဆေးစွာပင်

"ကျုပ် ကြားထားတာကတော့ တောရိုင်းကျောင်းတော်မှာ တခြားဌာနက တပည့်တွေဟာ ဒီဌာနက ကျမ်းစာတွေကို မကြည့်ရဘူးလို့ သတ်မှတ်ထားတာမျိုး မရှိပါဘူး စီနီယာအစ်ကို အိုရန် အခုလို လုပ်နေတာက အတော်လေး ဗိုလ်ကျလွန်းရာ ရောက်နေပြီနော်"

"တောရိုင်းကျောင်းတော်ကတော့ အမြင်မတူတာတွေကို လက်ခံပေးထားပြီး စည်းကမ်းကြီးကြီးမားမား မရှိတာ အမှန်ပါပဲ ဒါပေမဲ့ ဌာနတိုင်းမှာတော့ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြတယ် ဥပမာအားဖြင့်..."

အိုရန်မော့က ဖန့်ချန်ရှေ့သို့ ပြုံးလျက် လျှောက်လာပြီး လက်ကမ်းကာ

"ဒီဌာနက တပည့်တွေ ကြည့်ချင်တဲ့ ကျမ်းစာကို တခြားဌာနက တပည့်တွေက နောက်ကနေပဲ တန်းစီစောင့်ရတယ် မင်းလက်ထဲက ဓာတ်ငါးပါး စစ်သည်တော်အဆောင် ကျမ်းစာကို ငါ စိတ်ဝင်စားနေလို့ ငါ့ကို အရင်ပေးဖတ်ပါ"

"ငါဖတ်ပြီးမှ မင်းကို ပြန်ပေးမယ် ဒါပေမဲ့ ငါ့နောက်မှာ တခြားညီလေးတွေလည်း ဖတ်ချင်ဦးမှာဆိုတော့ မင်းအနေနဲ့ သုံးနှစ် ငါးနှစ်လောက်တော့ စောင့်ရလိမ့်မယ် ထင်တယ် ဒါကလည်း ကိစ္စမရှိပါဘူး ကျင့်ကြံသူတွေအတွက် သက်တမ်းက ပိုလျှံနေတာပဲ"

"ဩော်... မေ့လို့ ဖန့်ညီလေးက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူလည်း ဖြစ်နေတာပဲ အဲ့ဒီဂိုဏ်းကလူတွေရဲ့ သက်တမ်းက သာမန်ကျင့်ကြံသူတွေထက် တစ်ဝက်လောက် လျော့နည်းနေတတ်တာဆိုတော့ နှမြောစရာပဲနော်"

ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။

ထိုစဉ် အပေါ်ထပ်မှ လူနှစ်ယောက် ဆင်းလာပြီး ထိုဘက်က အခြေအနေကို သတိပြုမိသဖြင့် လျှောက်လာကြသည်။

တစ်ယောက်မှာ ဟွာမြောက်ချင် ဖြစ်ပြီး၊ နောက်တစ်ယောက်မှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

"ကျွန်တော်မျိုးတို့ နှုတ်ဆရာဟွာ နဲ့ စီနီယာအစ်မဟွာကို ဂါရဝပြုပါတယ်"

အိုရန်မော့နှင့် အပေါင်းအပါများက ချက်ချင်း လက်အုပ်ချီ နှုတ်ဆက်ကြသည်။

နှုတ်ဆရာဟွာ က အသာအယာ ခေါင်းညိတ်ပြပြီး

"ဘာတွေ ဖြစ်နေကြတာလဲ"

အိုရန်မော့က ပြုံး၍

"ဘာမှမဟုတ်ပါဘူး ကျွန်တော်က ဒီ ဓာတ်ငါးပါး စစ်သည်တော်အဆောင် ကျမ်းကို ကြည့်ချင်လို့ပါ ဒါပေမဲ့ ဖန့်ညီလေးက ကျွန်တော့်ကို မပေးချင်ဘူး ဖြစ်နေလို့"

"ဖန့်ညီလေး မင်းက ဆေးဖော်စပ်ရေးဌာနက တပည့်ဖြစ်ပြီး ဒါက အဆောင်ဌာနလေ ဘယ်ကိစ္စမဆို ငါတို့ အဆောင်ဌာနက တပည့်တွေကိုပဲ ဦးစားပေးရမယ် မဟုတ်လား"

ဟွာနှုတ်ဆရာက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ပြောသည်။

အိုရန်မော့က ဖန့်ချန်ကို အောင်နိုင်သူအကြည့်ဖြင့် ကြည့်လိုက်သည်။

ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး ဓာတ်ငါးပါး စစ်သည်တော်အဆောင် ကျမ်းကို အိုရန်မော့ထံ ကမ်းပေးလိုက်သည်။

နှမြောစရာကောင်းသည်မှာ သူသည် ရှေ့က အဆောင် (၄) မျိုးကိုသာ မှတ်မိသေးပြီး နောက်ထပ် (၄) မျိုးကို အကုန်မှတ်မိရန် နာရီအနည်းငယ် ထပ်လိုသေးခြင်းပင်။

"ဒါဆိုရင် ကျေးဇူးတင်ပါတယ် ဖန့်ညီလေး"

အိုရန်မော့က ပြုံးရယ်လျက်

"ငါက ပါရမီ နည်းပါးတော့ ဒီကျမ်းစာကို အကုန်ဖတ်ဖို့ နှစ်အတော်ကြာနိုင်တယ် ညီလေး တခြားဟာတွေပဲ အရင်သွားကြည့်လိုက်ပါဦး"

ဖန့်ချန်က ရယ်မောလိုက်ပြီး

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ ရှေးဟောင်မြေရိုင်း မှာ မဟာချဲ့ထွင်းဂိုဏ်း က ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ဖူးတယ် သူ့နာမည်က အိုရန်ဟောက်ယွီ တဲ့ သူက မင်းနဲ့ ဘာတော်လဲ ဟင်း...မင်းတို့ နှစ်ယောက်လုံးက ဝိညာဥ်ခွဲခွာဖြာခြင်းအဆင့်တွေဆိုတော့ ညီအစ်ကိုတွေများလား"

အိုရန်မော့ကို ကြည့်ရသည်မှာ သူ ဓာတ်ငါးပါး စစ်သည်တော်အဆောင် ကို စိတ်ဝင်စားနေသည်ကို မြင်သောကြောင့် တမင်တကာ နှောင့်ယှက်နေခြင်းဖြစ်ကြောင်း ဖန့်ချန် သိလိုက်ပြီဖြစ်သည်။

ရန်ငြိုးမရှိဘဲနှင့် ထိုသို့ လုပ်စရာ အကြောင်းမရှိပေ။

အိုရန်မော့၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

နှုတ်ဆရာဟွာ နှင့် ဟွာမြောက်ချင်တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စဉ်းစားခန်း ဝင်သွားကြသည်။

"အိုရန်ဟောက်ယွီက ငါနဲ့ မျိုးနွယ်တူတာ အမှန်ပဲ သူ မင်းလက်ထဲမှာ သေသွားတာကလည်း မင်းတို့ချင်း တရားဝင် စိန်ခေါ်တိုက်ခိုက် ရင်း သေတာဆိုတော့ သူ ရှုံးနိမ့်ခဲ့တာပဲပေါ့"

အိုရန်မော့က ပြန်ပြုံးလိုက်ပြီး

"မင်း စိတ်ချပါ ငါက အများနဲ့ အနည်း ခွဲခြားတတ်တဲ့သူပါ အိုရန်ဟောက်ယွီ မင်းလက်ထဲမှာ သေသွားတာကြောင့် မင်းကို တမင်တကာ ပစ်မှတ်ထားမှာ မဟုတ်ပါဘူး"

"တကယ်တော့ ငါက မကြာသေးခင်ကမှ ဒီ ဓာတ်ငါးပါး စစ်သည်တော်အဆောင် အကြောင်းကို အလေးအနက် လေ့လာနေတာမို့ ဒီကျမ်းစာက တကယ်ကို လိုအပ်နေလို့ပါ"

ခဏအကြာတွင် အိုရန်မော့က ဖန့်ချန်ကို အံ့အားသင့်ဟန်ဖြင့် စိုက်ကြည့်ကာ

"ဖန့်ညီလေးက အဆောင်ပညာကိုလည်း အတော်လေး စိတ်ဝင်စားနေတာလား ဒါဆိုရင် ဒီလိုလုပ်ရအောင် တကယ်လို့ မင်းမှာရှိတဲ့ အဆောင်ပညာ ပါရမီက ငါ့ထက် မြင့်မားတယ်ဆိုတာကို မင်း သက်သေပြနိုင်ရင်၊ ဒီကျမ်းစာကို မင်းကို အရင်ဖတ်ခွင့် ပေးမယ်ဆိုရင်ကော"

ဟွာမြောက်ချင်က မျက်မှောင်ကြုတ်လျက်

"အိုရန် အခု သူ့ကို အဆောင်ပြိုင်ပွဲ စိန်ခေါ်နေတာလား ဖန့်မောင်လေးက အဆောင်ပညာကို အခုမှ စိတ်ဝင်စားစပြုတာလေ အဆောင်ဌာနမှာ နှစ်အတော်ကြာနေခဲ့တဲ့ နင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"ငါက အကြံပြုရုံတင်ပါ မလုပ်ချင်ရင်လည်း မတိုက်တွန်းပါဘူး"

အိုရန်မော့က အေးဆေးစွာ ပြောသည်။

ဖန့်ချန်က ပြုံးလျက်

"တကယ်လို့ ငါ ရှုံးသွားရင်ကော ဘာဖြစ်မှာလဲ"

"လွယ်ပါတယ် ဒါဆိုရင် ဖန့်ညီလေးမှာ ဒီပညာရပ်အတွက် ပါရမီမရှိဘူးဆိုတာ သက်သေပြလိုက်တာပဲပေါ့ အဲ့ဒီနောက်ပိုင်းမှာတော့... မင်း ဒီနေရာကို နောက်ထပ် ခြေဦးမလှည့်လာနဲ့တော့၊ ဘယ်လိုလဲ"

အိုရန်မော့က ရယ်မောလျက် မေးသည်။

"ဒါက မမျှတဘူး ထင်တယ် စည်းကမ်းချက် တစ်ခုလောက် ထပ်တိုးရအောင် စီနီယာအစ်ကို အိုရန်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိလဲ"

ဖန့်ချန်က မေးလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ"

အိုရန်မော့ မျက်လုံးများ မှေးစပြုလာသည်။

"ငါ့ကို ဖိနှိပ်ချင်နေမှတော့ ဟန်ဆောင်မနေပါနဲ့တော့"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

အိုရန်မော့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောကာ

"ငါ့ဆီမှာ အခု အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၂၀) ရှိတယ် ဖန့်ညီလေး ဘယ်လိုထင်လဲ"

ဖန့်ချန်က ပြန်မဖြေဘဲ၊ သူ၏ ဝိညာဉ်ကျောက်တုံး (၁၂၀) ကို တိုက်ရိုက် ထုတ်ယူကာ ဟွာမြောက်ချင်ထံ ကမ်းပေးလိုက်သည်

"စီနီယာအစ်မဟွာ ဒါလေးကို ခဏ သိမ်းထားပေးပါ တကယ်လို့ ကျွန်တော် ရှုံးသွားရင် ဒါတွေအားလုံး စီနီယာအစ်ကို အိုရန်ရဲ့ အပိုင်ဖြစ်စေရမယ်"

ဖန့်ချန်၏ ပြတ်သားမှုကို မြင်သောအခါ အိုရန်မော့က စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်ပြီး၊ သူ၏ ဝိညာဉ်ကျောက်တုံး (၁၂၀) ကိုလည်း ထုတ်ယူ၍ ဟွာမြောက်ချင်ထံ ပေးလိုက်သည်။

"မင်းတို့ ဘယ်လို ပြိုင်ကြမှာလဲ မင်းတို့ရဲ့ အင်အားချင်းက မမျှတဘူးလေ"

အချိန်အတော်ကြာ တိတ်နေသော နှုတ်ဆရာဟွာက မျက်မှောင်ကြုတ်လျက် မေးသည်။

"ဖန့်ညီလေးကိုပဲ ရွေးခိုင်းလိုက်ပါ ဘယ်လို အဆောင်မျိုးနဲ့ ပြိုင်မလဲဆိုတာ ငါတတ်တဲ့ အဆောင်ဆိုရင် ဘာမဆို ရတယ်"

အိုရန်မော့က ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောသည်။

"ဒါဆိုရင် ခရမ်းရောင်လျှပ်စီးအဆောင် နဲ့ပဲ ပြိုင်ကြတာပေါ့"

ဖန့်ချန်က ပြုံးလျက်

"ဒီနားမှာပဲ ခရမ်းရောင်လျှပ်စီးအဆောင် ရဲ့ အမွေအနှစ်ကျမ်းကို ကျုပ် တွေ့ခဲ့တယ် စီနီယာအစ်ကို အိုရန်ရဲ့ အတွေ့အကြုံနဲ့ဆိုရင် ဒီအဆောင်ကိုတော့ စိမ်းနေမှာ မဟုတ်ဘူး မဟုတ်လား"

အခန်း ၇၅၄ - ဆရာကျောက်

"ခရမ်းရောင်လျှပ်စီးအဆောင်"

လူတိုင်း အံ့အားသင့်သွားကြသည်။

ခရမ်းရောင်လျှပ်စီးအဆောင်၏ အဆင့်အတန်းမှာ မမြင့်မားလှဘဲ အဝါရောင်အဆင့် အနိမ့်စား အဆောင်မျှသာ ဖြစ်သော်လည်း၊ လက်တွေ့တွင်မူ ကျယ်ပြောလှသော ကျုံးကျိုးပြည်မကြီးတစ်ခုလုံး၌ပင် ထိုအဆောင်၏ အမွေအနှစ် တည်ရှိရာနေရာမှာ အနည်းငယ်မျှသာ ရှိသည်။

"ဖန့်ညီလေးက ကောင်းကင်တိမ်တိုင်ဧကရာဇ် ရဲ့ အလေးပေးမှုကို ခံထားရတာဆိုတော့ အခုကြည့်ရတာ ခရမ်းရောင်လျှပ်စီးအဆောင် အမွေအနှစ်ကိုလည်း ရရှိထားပုံပဲနော်"

အိုရန်မော့က ပြုံး၍ ဆိုသည်။

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး

"စီနီယာအစ်ကို အိုရန်... ဘယ်လိုသဘောရလဲ"

အိုရန်မော့ကတော့ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။

ဟွာမြောက်ချင်က ထိုအခြေအနေကို မြင်သောအခါ သက်ပြင်းအသာချလိုက်ပြီး

"ဖန့်မောင်လေး တခြားအဆောင်တစ်မျိုးနဲ့ ပြောင်းပြိုင်တာ ပိုကောင်းမယ် ထင်တယ် စီနီယာအစ်ကို အိုရန်ရဲ့ ခရမ်းရောင်လျှပ်စီးအဆောင် ကျွမ်းကျင်မှုက အဆောင်ဌာနမှာ အဆင့် (၅) အတွင်း ဝင်တယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းက ဆရာကျောက် ဦးစီးကျင်းပတဲ့ အဆောင်ပြိုင်ပွဲမှာ စီနီယာအစ်ကို အိုရန်က ဒီခရမ်းရောင်လျှပ်စီးအဆောင်နဲ့တင် လူတိုင်းကို ဖိနှိပ်ပြီး အနိုင်ရခဲ့တာ ဒီအဆောင်ရဲ့ ကျွမ်းကျင်မှုပိုင်းမှာ သူ့ကို ယှဉ်နိုင်တဲ့သူ အများကြီးမရှိဘူး"

အိုရန်မော့၏ မျက်နှာပေါ်မှ အပြုံးက ပို၍ ကျယ်ပြန့်လာကာ

"ဖန့်ညီလေး ငါကလည်း အကြီးက အငယ်ကို နှိပ်ကွပ်သလိုမျိုး မင်းအပေါ် မလိိမ်ညာချင်ပါဘူး စီနီယာအစ်မဟွာ ပြောသလိုပဲ မင်း တခြားအဆောင်တစ်မျိုးကို ပြောင်းရွေးလိုက်တာ ပိုကောင်းမယ်ဒါပေမဲ့ မင်း ဘယ်အဆောင်ကိုပဲ ပြောင်းပြောင်း ရလဒ်ကတော့ အတူတူပဲ ဖြစ်မှာပါ"

"ခရမ်းရောင်လျှပ်စီးအဆောင်ပဲ ကောင်းပါတယ်"

ဖန့်ချန်က အေးဆေးစွာ ဆိုသည်။

"မင်းတို့ နှစ်ယောက်လုံး ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မျှတမှုရှိအောင် အဆောင်ပြိုင်ကွင်း ကို သွားကြစို့ "

နှုတ်ဆရာဟွာက တည်ငြိမ်စွာ ဆိုသည်

"ငါ တခြားစီနီယာတွေနဲ့ ညီအစ်ကိုတွေကို အသိပေးလိုက်မယ် သူတို့ကို သက်သေအဖြစ် လာကြည့်ခိုင်းရမယ်"

ဟွာမြောက်ချင်က ပြုံး၍ ရှင်းပြသည်

"ဖန့်မောင်လေး မသိသေးလို့ပါ ငါတို့အတွက် အဆောင်ပြိုင်ပွဲဆိုတာ ကိစ္စကြီးတစ်ခုပဲ အဆောင်ဌာနက လူအားလုံးကို အသိပေးရမယ် ဒါက ဆရာကျောက် ချမှတ်ထားတဲ့ စည်းကမ်းပဲ စိတ်မပူပါနဲ့ ငါတို့ စကားပြောနေတာတွေက မင်းတို့အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး"

"ရပါတယ်"

ဖန့်ချန် ခေါင်းညိတ်ပြလိုက်သည်။

လူတိုင်း စာကြည့်တိုက်မှ ထွက်ခွာပြီး အဆောင်ပြိုင်ကွင်းသို့ ဦးတည်ကြသည်။

သူတို့ ရောက်သွားချိန်တွင် ထိုနေရာ၌ ကျင့်ကြံသူ (၂၀၀) ကျော်ခန့် ရောက်နှင့်နေပြီဖြစ်သည်။

ထိုကျင့်ကြံသူများထဲတွင် အောက်အဆင့် (၄) ဆင့်မှသည် အထက်အဆင့် (၃) ဆင့်အထိ စုံလင်စွာ ရှိနေကြသည်။

ထိုအထဲမှ လူအချို့မှာ နှုတ်ဆရာဟွာကဲ့သို့ပင် အဆောင်ဌာန၏ နှုတ်ဆရာ များ ဖြစ်ကြသည်။

၎င်းတို့သည် နှုတ်ဆရာဟွာထံမှ ဖန့်ချန်၏ နောက်ခံအကြောင်းကို ကြားသိရသောအခါ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာကြသည်။

"မင်းတို့ နှစ်ယောက်က အဆောင်ပြိုင်မှာ ဖြစ်ပေမဲ့ ဖန့်ညီလေးက အဆောင်ဌာနက တပည့်မဟုတ်ဘူး ဒါကြောင့် မျှတမှုရှိအောင် မင်းတို့သုံးမယ့် အဆောင်စုတ်တံ အဆောင်စက္ကူနဲ့ ဟင်္သပြဒါး အားလုံးကို အဆောင်ဌာနကပဲ စီစဉ်ပေးမယ် အရည်အသွေးကတော့ အတူတူပဲ ဖြစ်လိမ့်မယ်"

နှုတ်ဆရာဟွာက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

စကားဆုံးသည်နှင့် အဆောင်ဌာနတပည့်တစ်ဦးက ပြိုင်ကွင်းအလယ်သို့ သွားကာ အဆောင်ဖန်တီးမည့် ကုန်ကြမ်းပစ္စည်းများကို တစ်ဖက်တစ်ချက်စီ ချထားပေးလိုက်သည်။

"နှစ်ယောက်လုံး... တက်သွားကြတော့"

နှုတ်ဆရာဟွာက ပြုံး၍ ဆိုသည်။

ဖန့်ချန် ခေါင်းညိတ်လိုက်ပြီး ပြိုင်ကွင်းအလယ်သို့ ရောက်သွားသောအခါ ထိုနေရာတွင် အစီအရင် တစ်ခု လွှမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။

ပြင်ပအသံများ အတွင်းသို့ မဝင်နိုင်သလို ပြင်ပက လူများ၏ ပုံရိပ်မှာလည်း ဝေဝါးသွားသည်။

ထိုသို့ဖြင့် အဆောင်ဖန်တီးသူသည် အနှောင့်အယှက်မရှိဘဲ အာရုံစူးစိုက်နိုင်မည်ဖြစ်သည်။

"ဖန့်ညီလေး ငါတို့ အဆောင်ပြိုင်တာက အမြန်နှုန်းနဲ့ အဆောင်ရဲ့ အဆင့်အတန်း ကို ယှဉ်မှာ မင်း အဆောင်မရေးခင် သေသေချာချာလေး ပြန်စဉ်းစားဦးမလား ငါ စောင့်ပေးနိုင်ပါတယ်"

အိုရန်မော့က ဖန့်ချန်ကို ပြုံးစိစိဖြင့် ကြည့်၍ ဆိုသည်။

"အဲ့လောက်ထိ အလုပ်မရှုပ်ပါနဲ့၊ စလိုက်ရအောင်"

ဖန့်ချန်က ခပ်ဖွဖွရယ်မောလျက် ပြဒါးကို ယူကာ အသာအယာ စတင်ကြိတ်ချေလိုက်သည်။

ဝိညာဉ်စွမ်းအားများ စီးဆင်းလာသည်နှင့်အမျှ ထိုပြဒါးများမှာ တဖြည်းဖြည်း အရည်ပျော်သွားကြသည်။

အိုရန်မော့သည်လည်း ထိုအခြေအနေကို မြင်သောအခါ အဆောင်ဖန်တီးရန် စတင်ပြင်ဆင်တော့သည်။

ပြင်ပတွင်မူ ကျင့်ကြံသူများ တသီတတန်းကြီး ရောက်လာကြသည်။

ဆေးဖော်စပ်ရေးဌာနက တပည့်သစ် ဖန့်ချန်သည် အဆောင်ဌာနတပည့် အိုရန်မော့နှင့် ခရမ်းရောင်လျှပ်စီးအဆောင်ကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြားသိရသောအခါ ထိုကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်။

"နှုတ်ဆရာဟွာ ဒီလိုပြိုင်တာက တကယ်ပဲ မျှတရဲ့လား ဟို ဖန့်ညီလေးက ခရမ်းရောင်လျှပ်စီးအဆောင်နဲ့ အတွေ့အကြုံ သိပ်ရှိပုံမရဘူး ရှိခဲ့ရင်တောင် အိုရန်ညီလေးကို ဘယ်လိုယှဉ်မှာလဲ အိုရန်ညီလေးက တောရိုင်းကျောင်းတော်ကို မဝင်ခင်ကတည်းက ဒီပညာရပ်မှာ ကျွမ်းကျင်သူ ဖြစ်နေတာလေ"

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဟုတ်တယ် မဟာချဲ့ထွင်းဂိုဏ်း မှာလည်း ခရမ်းရောင်လျှပ်စီးအဆောင် အမွေအနှစ် ရှိတာပဲ ငါ ကြားဖူးတာကတော့ အိုရန်ညီလေးက ချီသန့်စင်ခြင်းအဆင့် ကတည်းက ဒီပညာကို နှံ့စပ်နေတာတဲ့"

" အခု ဝိညာဉ်ခွဲဖြာခြင်းအဆင့် ရောက်နေပြီဆိုတော့ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုက သာမန်လူတွေထက် အများကြီး သာလွန်နေမှာပဲ"

"ငါတို့ အဆောင်ဌာနမှာတောင် သူ့ကို ခရမ်းရောင်လျှပ်စီးအဆောင်နဲ့ ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ အပြင်လောကမှာဆိုရင်လည်း ဒီအဆောင်နဲ့ ပတ်သက်ရင် အိုရန်ညီလေးက ကျုံးကျိုးပြည်မကြီးမှာ အနည်းဆုံး အဆင့် (၁၀) အတွင်း ဝင်တယ်"

နှုတ်ဆရာဟွာက ရယ်မောလျက်

"မြောက်ချင်က ဖန့်ညီလေးကို ဖြောင်းဖြပြီးပါပြီဒါပေမဲ့ ဖန့်ညီလေးက ခရမ်းရောင်လျှပ်စီးအဆောင်နဲ့ပဲ ယှဉ်မယ်လို့ ဇွတ်ပြောနေတော့ ငါတို့လည်း မတားသာတော့ဘူးပေါ့ အားလုံးလည်း ဖျော်ဖြေရေးပွဲတစ်ခုလိုပဲ သဘောထားပြီး ကြည့်လိုက်ကြပါတကယ်လို့ ဖန့်ညီလေး ရှုံးသွားရင်လည်း မင်းတို့ လျှာမရှည်ကြနဲ့ဦး"

"ကျွန်တော်တို့လည်း ဒီသဘောကို နားလည်ပါတယ် ဖန့်ညီလေးက ဆေးဖော်စပ်ရေးဌာနကဆိုပေမဲ့ ကိုယ့်လူပဲလေ"

လူတိုင်း၏ စကားပြောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဖန့်ချန်နှင့် အိုရန်မော့တို့သည် စိတ်အာရုံ စတင်စုစည်းလိုက်ကြပြီး ပထမဦးဆုံးသော ခရမ်းရောင်လျှပ်စီးအဆောင်ကို စတင်ရေးဆွဲနေပြီ ဖြစ်သောကြောင့်ပင်။

ပြိုင်ပွဲမစတင်မီ နှုတ်ဆရာဟွာက စည်းကမ်းချက်ကို ပြောပြီးသားဖြစ်သည်။

ယခု ကုန်ကြမ်းအဖြစ် အဝါရောင်အဆင့် အဆောင်စက္ကူ (၁၀) ချပ် ပေးထားသဖြင့် ခရမ်းရောင်လျှပ်စီးအဆောင် (၁၀) ချပ်ကို ဖန်တီးရမည်ဖြစ်သည်။

ထို့နောက် ရေးဆွဲသည့် အမြန်နှုန်း၊ ပြီးမြောက်မှု အချိုးအစား၊ နောက်ဆုံးတွင် အဆောင်၏ အရည်အသွေးနှင့် စွမ်းအားတို့ကို ကြည့်၍ အရှုံးအနိုင် ဆုံးဖြတ်မည်ဖြစ်သည်။

ဖန့်ချန် စတင်လိုက်သည်နှင့် နှုတ်ဆရာဟွာနှင့် အခြားသူများမှာ ထူးခြားသောအချက်ကို သတိပြုမိသွားကြသည်။ ဟွာမြောက်ချင်က အံ့အားသင့်လျက်

"ဖန့်မောင်လေးရဲ့ လက်က အတော်လေး တည်ငြိမ်တာပဲ လုံးဝကို မတုန်မလှုပ်ဘူးလား"

အဆောင်ဖန်တီးရာတွင် အခက်ခဲဆုံး အတားအဆီးမှာ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ခြင်း ဖြစ်သည်။

အဆောင်ဆိုသည်မှာ ကောင်းကင်ဘုံက မလိုလားသော အရာဖြစ်သဖြင့် ဖန်တီးသည့်အချိန်တိုင်း ဝိညာဉ်စွမ်းအားများ ရုန်းကန်ကြွတက်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။

ထိုအချိန်တွင် ဖန်တီးသူ၏ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုမှာ အားနည်းသွားတတ်သည်။

အနည်းငယ်မျှ မှားယွင်းသွားသည်နှင့် စုတ်တံပျက်စီးကာ အဆောင်လည်း အချည်းနှီး ဖြစ်သွားတတ်သည်။

သို့သော် ယခု ဖန့်ချန်၏ လှုပ်ရှားမှုများမှာ စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့နေပြီး မည်သည့်အနှောင့်အယှက်မှ မရှိသည့်အလား၊ နတ်ဘုရားတစ်ပါး၏ စွမ်းအားက ကူညီနေသကဲ့သို့ စုတ်တံကို ရေးဆွဲနေသည်။

နှုတ်ဆရာဟွာက အသာအယာ ခေါင်းညိတ်ပြသည်

"ကြည့်ရတာ သူလည်း ခရမ်းရောင်လျှပ်စီးအဆောင်ကို ကျွမ်းကျင်မှု မနည်းဘူးပဲ ဒီအဆောင်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ပုံရတယ်"

လူတိုင်း အိုရန်မော့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အိုရန်မော့သည်လည်း ကျွမ်းကျင်စွာ ရေးဆွဲနေသော်လည်း၊ ကြွတက်လာတော့မည့် ဝိညာဉ်စွမ်းအားများကို အာရုံစိုက်ကာ အတင်းအကျပ် ဖိနှိပ်နေရသည်ကို တစ်ခါတစ်ရံ မြင်တွေ့နေရသည်။

ရှေ့ကလူ (ဖန့်ချန်) က ပေါ့ပါးချောမွေ့နေပြီး၊ နောက်ကလူ (အိုရန်မော့) ကတော့ ရှိသမျှအစွမ်းကုန် ထုတ်သုံးနေရသည့် ပုံစံမျိုး ဖြစ်နေသဖြင့် ဘေးကကြည့်နေသော ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

အိုရန်မော့နှင့် ရင်းနှီးသော ကျင့်ကြံသူအချို့ဆိုလျှင် မျက်နှာအမူအရာများ တဖြည်းဖြည်း ထူးဆန်းလာကြသည်။

"မဖြစ်နိုင်တာ အိုရန်အစ်ကိုက ဒီလူကို ခရမ်းရောင်လျှပ်စီးအဆောင်နဲ့ ရှုံးတော့မှာလား"

"ဒါသာ အပြင်ကို ပေါက်ကြားသွားရင်..."

လူအချို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။

တစ်နာရီခန့် ကြာပြီးနောက်၊ ဖန့်ချန်၏ လက်ထဲရှိ ခရမ်းရောင်လျှပ်စီးအဆောင်မှာ တစ်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည်။

အပြန်အလှန်အားဖြင့် အိုရန်မော့ဘက်က တိုးတက်မှုနှုန်းမှာ သိသိသာသာ နောက်ကျကျန်နေခဲ့ပြီဖြစ်သည်။

"ဖန့်မောင်လေး လိမ်ပြောတာ မဟုတ်ဘူးပဲ သူ တကယ်ပဲ အဆောင်ပညာမှာ အတော်လေး ကြိုးစားအားထုတ်ခဲ့တာပဲ"

ဟွာမြောက်ချင်က အသံတိုးတက်တိုးတက်ဖြင့် ရေရွတ်လိုက်သည်။

နှုတ်ဆရာဟွာက ပြုံး၍

"အမြန်နှုန်းနဲ့ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုကိုပဲ ကြည့်ရင် ဖန့်ညီလေးက တစ်ပန်းသာနေပြီ ဆရာကျိရဲ့ အလေးပေးမှုကို ခံရတာလည်း မဆန်းပါဘူး ဆေးဖော်စပ်တာကလည်း မီးဓာတ်ထိန်းချုပ်မှုအပေါ် မူတည်တာဆိုတော့ ငါတို့ ပညာရပ်နဲ့ သဘောတရားချင်း တူတာပဲ"

စကားပြောနေရင်း သူ ခဏနားလိုက်ပြီး

"ဒါပေမဲ့... အဆောင်ပြိုင်ပွဲဆိုတာ အမြန်နှုန်းနဲ့ ထိန်းချုပ်မှုတင် မဟုတ်ဘူး အဆောင်ရဲ့ အရည်အသွေးကိုလည်း ယှဉ်ရမှာ ရှေ့က နှစ်ချက်မှာ နိုင်ခဲ့ရင်တောင် အဆောင်ပြိုင်တဲ့အခါ အရည်အသွေးညံ့လို့ ရှုံးသွားရင် အဲ့ဒါဟာ ရှုံးတာပဲ"

လူတိုင်း အသာအယာ ခေါင်းညိတ်ကြပြီး နှုတ်ဆရာဟွာ၏ စကားကို ထောက်ခံကြသည်။

အရေးကြီးဆုံးကတော့ တတိယအဆင့်ဖြစ်သည့် အဆောင်ချင်း တိုက်ခိုက်ခြင်း ပင်ဖြစ်သည်။

နည်းလမ်းမှန်သမျှ၏ နောက်ဆုံးရလဒ်မှာ အဆောင်၏ အရည်အသွေးနှင့် စွမ်းအားပေါ်တွင်သာ မူတည်သည်။

အကယ်၍ သာမန်ထက် ထူးကဲသော အရည်အသွေးနှင့် စွမ်းအားရှိသည့် အဆောင်ကို ဖန်တီးနိုင်ပါက၊ အမြန်နှုန်း နှေးနေပါစေ၊ ထိန်းချုပ်မှု မတည်ငြိမ်ပါစေ၊ ထိုနေရာမှာတင် ချက်ချင်း အနိုင်ရရှိပေလိမ့်မည်။

ထိုစဉ် မည်သည့်အချိန်က ရောက်လာသည်မသိသော အဘွားအိုတစ်ဦး ပြိုင်ကွင်းထဲတွင် ရုတ်တရက် ပေါ်လာသည်။

သူမ၏ မျက်နှာတစ်ဝက်မှာ အမြဲမပြတ် ပြောင်းလဲနေပြီး တစ်ခါတစ်ရံ အမျိုးသား၊ တစ်ခါတစ်ရံ အမျိုးသမီး၊ တစ်ခါတစ်ရံ အိုမင်း၍ တစ်ခါတစ်ရံ ငယ်ရွယ်နေသည်။

လူတိုင်း ထိုအဘွားအို ရောက်ရှိလာသည်ကို တွေ့သောအခါ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ ထိုင်ရာမှထ၍ ဂါရဝပြုကြပြီးနောက် ပြန်ထိုင်လိုက်ကြသည်။

အရာအားလုံးမှာ စနစ်တကျ ရှိနေသည်။

လာရောက်သူမှာ အခြားသူမဟုတ်၊ အဆောင်ဌာန၏ ခေါင်းဆောင် ဆရာကျောက် ပင် ဖြစ်သည်။

"ဒီ ဖန့်သခင်လေး က အဆောင်လမ်းစဉ်မှာ တကယ်ကို အားထုတ်ထားခဲ့တာပဲ ဒါကို စောစောသိခဲ့ရင် သူ့ကို ငါ့အဆောင်ဌာနက တပည့်အဖြစ် လက်ခံလိုက်ရမှာ"

အဘွားအိုက ဖန့်ချန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရင်း အတွေးများ စီးဆင်းနေလေတော့သည်။

All Chapters