← Chapters

အခန်း (၇၇၅-၇၇၆)

Vol. 78 Ch. 775-776

အခန်း (၇၇၅-၇၇၆)

Vol. 78 Ch. 775-776

အခန်း (၇၇၅) ကတိသစ္စာ

ဝမ်မန်နေဂျာသည် ထိုကျင့်ကြံသူတစ်စုကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ကြေးမှန်တစ်ချပ်ထုတ်၍ စစ်ဆေးကြည့်ကာ ပြုံးလျက် ပြောလိုက်သည်

"အားလုံး ပေတုက ကျင့်ကြံသူတွေပဲပဲ ထုံးစံအတိုင်းပဲ တစ်ယောက်ကို အလယ်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာစီပဲ ဒါပေမဲ့ ဒါက အနိမ့်ဆုံးဈေးနော် ဝိညဥ်သန္ဓေသားအဆင့်ဆိုရင် နောက်ထပ် တစ်ရာ ထပ်ပေါင်းရမယ် စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ဆိုရင်တော့ နောက်ထပ် နှစ်ရာ ထပ်တိုးရမယ်"

ထိုကျင့်ကြံသူအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်သူမှာ ဝိညဥ်သန္ဓေသားအဆင့် ဖြစ်သော်လည်း ကျင်းရှန်းဂိုဏ်းက သတ်မှတ်ထားသော စည်းကမ်းကို ကြိုတင်သိရှိထားပုံရသဖြင့် စကားအများကြီး မပြောတော့ပေ။

လူတိုင်းသည် မိမိတို့၏ အလယ်လတ် ဝိညာဉ်ကျောက်တုံးများကို အသီးသီးထုတ်၍ ဝမ်မန်နေဂျာထံ အပ်နှံကြသည်။

ဘေးမှ ကြည့်နေသော ကျင့်ကြံသူများမှာလည်း ကျင်းရှန်းဂိုဏ်း၏ ငွေဝင်လမ်းကို ကြည့်ကာ တိတ်တဆိတ် အားကျနေရုံမှတစ်ပါး အခြားမရှိပေ။

အလယ်လတ် ဝိညာဉ်ကျောက်တုံးဆိုသည်မှာ အလွန်တန်ဖိုးကြီးလှသည်။

ယခုမူ ခဏအတွင်းမှာပင် ရာနှင့်ချီ၍ ရရှိနေသည်မှာ သာမန်လူများအတွက် အိပ်မက်ပင် မမက်ရဲသော ကိစ္စဖြစ်သည်။

ဖန့်ချန် ကလည်း အလယ်လတ် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ဝမ်မန်နေဂျာထံ ပေးအပ်သောအခါ ဝမ်မန်နေဂျာက ချက်ချင်းမသိမ်းသေးဘဲ ကြေးမှန်ဖြင့် သူ့ကို အကဲခတ်လိုက်သည်။

"ပေတုမှာ မှတ်ပုံတင်ထားတာ မရှိဘူးလား မင်းက ဘယ်က ကျင့်ကြံသူလဲ"

ဝမ်မန်နေဂျာက တည်ငြိမ်စွာ မေးလိုက်သည်။

လူတိုင်း၏ အကြည့်မှာ ဖန့်ချန် ဆီသို့ ကျရောက်လာပြီး အကဲခတ်နေကြသည်။

ဤနေရာသည် ပေတုနိုင်ငံနှင့် အနီးဆုံးနေရာဖြစ်သည်။

အကယ်၍ ပေတုမှ နတ်မျိုးစေ့ မဟုတ်ပါက တိထျန်း သို့မဟုတ် ကျုံးကျိုးက ဖြစ်ရမည်။

ပုံမှန်အားဖြင့် ထိုနှစ်နေရာမှ နတ်မျိုးစေ့များကို ဤနေရာတွင် တွေ့ရခဲသည်။

သို့သော် နောက်ဆုံး ရွေးချယ်စရာ တစ်ခု ရှိသေးသည်မှာ တစ်ဖက်လူသည် မည်သည့်ဂိုဏ်းတွင်မှ မှတ်ပုံတင်မထားသော တစ်ကိုယ်တော်ကျင့်ကြံသူ နတ်မျိုးစေ့ ဖြစ်နိုင်သည်။

သို့သော် ထိုဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။

ပေတုတွင် နတ်မျိုးစေ့ ဖြစ်လာပြီဆိုလျှင် မူလက မည်သည့်နောက်ခံမှ မရှိလျှင်ပင် ဂိုဏ်းကြီးများက ချက်ချင်း လိုက်လံစည်းရုံး သိမ်းသွင်းလေ့ရှိကြသည်။

နတ်မျိုးစေ့များသည် ရှေးဟောင်းအကြွင်းအကျန် နယ်မြေများထဲသို့ ဝင်ရောက်နိုင်ခြင်းမှာ သူတို့၏ အားသာချက် ဖြစ်သည်။

"ဂျူနီယာကလည်း ပေတုကပါပဲ ဒါပေမဲ့ မှတ်ပုံတင်ထားတာတော့ မရှိပါဘူး"

ဖန့်ချန် က ပြောလိုက်သည်။

"မှတ်ပုံတင်မထားဘူး ဟုတ်လား"

လူတိုင်း အံ့အားသင့်သွားကြသည်။

ဝမ်မန်နေဂျာက မျက်မှောင်ကြုတ်လိုက်ကာ

"ဆိုလိုတာက မင်းက တစ်ကိုယ်တော်ကျင့်ကြံသူ ပေါ့"

"ဟုတ်ပါတယ်"

ဖန့်ချန် က အသာအယာ ခေါင်းငြိမ့်ပြသည်။

"မင်းက တစ်ကိုယ်တော်ကျင့်ကြံသူပဲဖြစ်ဖြစ် တိထျန်း ဒါမှမဟုတ် ကျုံးကျိုးကပဲ လာလာ၊ ငါနဲ့တော့ ဘာမှမဆိုင်ဘူး ဒီနယ်မြေရဲ့ စည်းကမ်းကို မင်း သိမှာပါ ကျောထောက်နောက်ခံ ဂိုဏ်းမရှိရင် မင်း အထဲမှာ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး တကယ်ပဲ ဝင်ချင်တာ သေချာလား"

ဝမ်မန်နေဂျာက အေးဆေးစွာ မေးသည်။

"ဂျူနီယာက နတ်ဘုရားနယ်မြေမှာ နတ်ဘုရားကံကောင်းမှုတွေ ရှိတယ်လို့ ကြားဖူးပါတယ် အခုမှ အလယ်လတ် ဝိညာဉ်ကျောက်တုံးတွေကို ခက်ခက်ခဲခဲ စုဆောင်းနိုင်ခဲ့တာမို့ ကျိန်းသေပေါက် ဝင်ရောက် စူးစမ်းကြည့်ချင်ပါတယ် စီနီယာအနေနဲ့ ကူညီပေးပါဦး"

ဖန့်ချန် က လက်အုပ်ချီ ဦးညွှတ်လိုက်သည်။

ဝမ်မန်နေဂျာက ခေါင်းငြိမ့်ပြကာ ဖန့်ချန် ပေးသော ဝိညာဉ်ကျောက်တုံးများကို သိမ်းယူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်

"တစ်ကိုယ်တော်ကျင့်ကြံသူ သာမန် ရွှေအမြုတေအဆင့်လေးနဲ့ အလယ်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာကို စုနိုင်တယ်ဆိုတော့. နတ်မျိုးစေ့ အဖြစ် အသိအမှတ်ပြုခံရတာ မဆန်းပါဘူး ဒီလို အရည်အချင်းမျိုးကို သာမန် ရွှေအမြုတေအဆင့်တွေ ဘယ်ယှဉ်နိုင်ပါ့မလဲ"

ခဏရပ်ပြီးနောက် သူက လူအုပ်ကို ကြည့်ကာ

"တစ်၊ နှစ်၊ သုံး... ကိုးယောက် ကွက်တိပဲ မင်းတို့ရှေ့မှာ နောက်ထပ် တစ်ဆယ့်တစ်ယောက် ရှိသေးတယ် အရင်အသုတ်က နတ်မျိုးစေ့တွေ ပြန်ထွက်လာရင် မင်းတို့ ဝင်လို့ရပြီ နောက်ထပ် ရက်အနည်းငယ်လောက် ကြာဦးမယ် ဒီနားက အဆောင်တစ်ခုမှာပဲ တည်းခိုနေကြ၊ အချိန်ကျရင် ငါ ဒီမှာ စောင့်နေမယ်"

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ဖန့်ချန် သည် အနီးအနားရှိ အဆောင်တစ်ခုတွင် တည်းခိုလိုက်သည်။

ထိုအဆောင်မှာ ချုံလို နှင့် ဆင်တူပြီး ကျင့်ကြံသူများအတွက် သီးသန့်ဖြစ်ကာ အခန်းတိုင်းမှာ တရားမှတ်ရန် တိတ်ဆိတ်သော အခန်းများ ဖြစ်ကြသည်။

အပြင်ဘက်တွင်လည်း တစ်စုံတစ်ယောက် အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာပါက သတိပေးချက် ထွက်ပေါ်စေမည့် အစီရင်များကို ခင်းကျင်းထားသည်။

"မိတ်ဆွေမုန့် ကျုပ် ကျင်းရှန်းဂိုဏ်းက ဝမ်မန်နေဂျာနဲ့ တွေ့ခဲ့ပြီးပြီ ဝိညာဉ်ကျောက်တုံး နှစ်ရာလည်း ပေးပြီးပြီဆိုတော့ မကြာခင် နတ်ဘုရားနယ်မြေထဲ ဝင်ရတော့မယ် ခင်ဗျား ကျုပ်ကို ရှာခိုင်းတဲ့ ဆေးဘက်ဝင် ပစ္စည်းက ဘာလဲဆိုတာ အခုတော့ ပြောပြလို့ ရပြီမလား"

ဖန့်ချန် က ပြုံး၍ မေးလိုက်သည်။

ရန်ချင်းတို့အုပ်စုကလည်း မုန့်ထျန်းရှုကို ဝိုင်းကြည့်လိုက်ကြသည်။

မုန့်ထျန်းရှုက ဖန့်ချန် ကို ဘာရှာခိုင်းချင်နေသလဲဆိုသည်ကို သူတို့လည်း အလွန်စပ်စုနေကြသည်။

"ခင်ဗျားတို့ ဟောက်ယွိနတ်ကြာရိုး အကြောင်း ကြားဖူးကြလား"

မုန့်ထျန်းရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက ဘာပစ္စည်းလဲ"

လူတိုင်း ဝေခွဲမရ ဖြစ်သွားကြသည်။

တိန်းဝမ်မှာမူ ရုတ်တရက် အသက်ရှူမှားသွားပြီး မုန့်ထျန်းရှုကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကာ

"မင်းပြောတာ...ဒီနယ်မြေထဲမှာ ဟောက်ယွိနတ်ကြာရိုး ရှိတယ် ဟုတ်လား"

"တိန်းဝမ်... ဟောက်ယွိနတ်ကြာရိုး ဆိုတာက ဘာလဲ လျှို့ဝှက်မထားဘဲ ပြောပြပါဦး"

ရန်ချင်းနှင့် ဖန်ကျဲတို့က မျက်မှောင်ကြုတ်၍ မေးကြသည်။

မုန့်ထျန်းရှုနှင့် တိန်းဝမ်တို့သည် ထိုကြာရိုးအကြောင်း ပြောသောအခါတွင် အမူအရာများ ထူးဆန်းသွားသည်ကို သူတို့ သတိထားမိကြသည်။

တစ်စုံတစ်ခုကို... လိုချင်တပ်မက်နေသလိုမျိုး အရိပ်အယောင်များ ဖြစ်နေသည်။

"ကျုပ် ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖတ်ဖူးတယ် အဲဒီထဲမှာ ဟောက်ယွိနတ်ကြာရိုး အကြောင်း ပါတယ် သတင်းတွေအရ ဒီပစ္စည်းက နတ်ဘုံကနေ ဆင်းသက်လာတာဖြစ်ပြီး နတ်ဘုရားတွေ ရုပ်သေးရုပ်တွေ ပြုလုပ်တဲ့နေရာမှာ အကောင်းဆုံး ဆေးဘက်ဝင် ပစ္စည်းပဲ"

" ဘာလို့လဲဆိုတော့ သူ့ရဲ့ အတွင်းပိုင်းမှာ လူအစစ်နဲ့ အလွန်တူတဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အကြောတွေ ပါရှိလို့ပဲ"

မုန့်ထျန်းရှုက ဆက်ပြောသည်

"ပြီးခဲ့တဲ့ တစ်ခေါက် ပီထုနတ်ဘုရားနယ်မြေကို ရောက်တုန်းက ကျုပ် ဟောက်ယွိနတ်ကြာရိုးကို တွေ့ခဲ့ဖူးတယ် ဒါပေမဲ့ အဲဒီတုန်းက ဘာမှန်းမသိခဲ့ဘူး ပြီးတော့ အဲဒီကြာရိုးရှိတဲ့ နေရာကလည်း အတော်လေး အန္တရာယ်များတော့ ကျုပ် သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး"

" အခုတော့ ကျုပ်တို့က ရုပ်ခန္ဓာမရှိတဲ့ လွင့်မျောနေတဲ့ ဝိညာဉ်တွေ ဖြစ်နေပြီဆိုတော့ ဒီဟောက်ယွိနတ်ကြာရိုးဟာ ကျုပ်တို့အတွက် နောက်ဆုံး မျှော်လင့်ချက်ပဲ"

"နတ်ဘုရားတွေ ရုပ်သေးရုပ်လုပ်တဲ့ ပစ္စည်းလားလူအစစ်နဲ့ အရမ်းတူတယ် ဟုတ်လား"

ရန်ချင်း၊ ဖန်ကျဲနှင့် တုခုန်းတို့ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုကို တွေးမိကာ အသက်ရှူမှားသွားကြသည်။

"မိတ်ဆွေမုန့် ခင်ဗျား ဆိုလိုတာက ဒီပစ္စည်းကို ရုပ်ခန္ဓာအဖြစ် သုံးပြီး ခင်ဗျားတို့ ကိုယ်ပွားဝင်စား ပြီး အသစ်တစ်ဖန် ပြန်ကျင့်ကြံဖို့လား"

ဖန့်ချန် က စဉ်းစားကာ မေးလိုက်သည်။

မုန့်ထျန်းရှုက အသာအယာ ခေါင်းငြိမ့်သည်

"ဟုတ်တယ် ကျုပ်တို့က ရုပ်ခန္ဓာ ဆုံးရှုံးသွားပြီး ဝိညဥ်သန္ဓေသားပဲ ကျန်တော့တာဆိုတော့ ဖြစ်နိုင်တဲ့ နိဂုံးက အနည်းငယ်ပဲ ရှိတယ်"

"တစ်ခုကတော့ ဝိညဥ်သန္ဓေသားက အချိန်ကြာလာတာနဲ့အမျှ လွင့်စင်သွားမယ် မဟုတ်ရင် မိစ္ဆာအတတ်တွေနဲ့ မိစ္ဆာပစ္စည်းအဖြစ် ပြောင်းလဲသွားမယ် ဒါပေမဲ့ တစ်သက်လုံး အနှိမ်ခံ မိစ္ဆာအဖြစ်ပဲ နေရလိမ့်မယ် နောက်ဆုံးတစ်ခုကတော့ တခြားတစ်ယောက်ရဲ့ ကိုယ်ထဲကို ဝင်စားပြီး အသစ်ပြန်ကျင့်ကြံဖို့ပဲ။

"ဒါပေမဲ့ အခုမှမွေးတဲ့ ကလေးငယ်လေးမှာတောင် ကိုယ်ပိုင် ကံကြမ္မာ အကျိုးအကြောင်း တွေ ပါပြီးသားပဲ"

"ကျုပ်တို့မှာ အဲဒီ ကံကြမ္မာအနှောင်အဖွဲ့တွေကို ဖြေရှင်းနိုင်တဲ့ အစွမ်းမရှိဘူး ဒါကြောင့် ကိုယ်ပွားဝင်စားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ သေခါစ သာမန်လူသားကိုပဲ ရွေးချယ်လို့ရမယ် သူတို့ သေသွားရင်တော့ ကံကြမ္မာ အနှောင်အဖွဲ့တွေကလည်း ပြတ်တောက်သွားမှာမို့လို့ပဲ"

"ဒါပေမဲ့ သာမန်လူသားဆိုရင်တောင် မတော်တဆ သေတာမျိုး မဖြစ်ရဘူး အဲဒါကလည်း ကံကြမ္မာ အငြိုးအေးတွေ ကျန်ခဲ့ဦးမှာပဲ အသက်ကြီးလို့ သဘာဝအတိုင်း သေတဲ့သူ တစ်သက်လုံး ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိတဲ့သူမျိုး ဖြစ်ရမယ်..."

ရန်ချင်းက စကားကို ဆက်လိုက်သည်

"ဒီလို လူမျိုးကို ရှာဖို့က အရမ်းခက်တယ် ရှာတွေ့ပြီး ကိုယ်ပွားဝင်စားနိုင်ခဲ့ရင်တောင် ကျုပ်တို့အတွက် နတ်လမ်းစဉ်ကို ပြန်ကျင့်ကြံဖို့ အချိန်က အရမ်းတိုတောင်းသွားပြီ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ မဟုတ်လား"

"အာမိတဗုဒ္ဓ ဟောက်ယွိနတ်ကြာရိုးက ရုပ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်ပြီး ကျုပ်တို့ကို ကိုယ်ပွားဝင်စားစေကာ အသစ်တစ်ဖန် ကျင့်ကြံခွင့် ရစေမှာလား"

တုခုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ပေ။

မုန့်ထျန်းရှုက ခေါင်းငြိမ့်ပြသည်

"တကယ်တော့ ဖြစ်နိုင်ခြေ ရှိပါတယ် ဒါပေမဲ့ ကျိန်းသေပေါက် အောင်မြင်မယ်လို့တော့ အာမမခံနိုင်ဘူး၊ စမ်းကြည့်ရုံပဲ ရှိမယ်"

"ကောင်းလိုက်တာ ဘယ်လောက်ပဲ မျှော်လင့်ချက် သေးသေး ကျုပ် စမ်းကြည့်ချင်တယ်"

ရန်ချင်းက တိုးတိုးလေး ပြောသည်

"ဟောက်ယွိနတ်ကြာရိုးက နဂိုကတည်းက နတ်ပစ္စည်း ဖြစ်နေတာဆိုတော့ အကယ်၍ ကျုပ်တို့ရဲ့ ရုပ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်ရင် နတ်လမ်းစဉ်ကို ပြန်ကျင့်ကြံဖို့က သိပ်မခက်ခဲတော့ဘူး"

ထိုသို့ပြောပြီးနောက် သူတို့အုပ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖန့်ချန် ကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

"ရူးသွပ်ဘုရင် ကျုပ်တို့နဲ့ ခင်ဗျားနဲ့က ဘာပတ်သက်မှုမှ မရှိပါဘူး အရင်တုန်းကဆိုရင် ခင်ဗျားနဲ့ ယွီလေးကိုတောင် တိုက်ခိုက်ဖို့ ကြံစည်ခဲ့ဖူးသေးတယ် တကယ်ဆိုရင် ခင်ဗျားက ကျုပ်တို့ကို ကူညီဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး"

"ဒါပေမဲ့ ဒီတစ်ခေါက်သာ ကျုပ်တို့ကို ခန္ဓာသစ် ပြန်ရအောင် ကူညီပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျုပ်တို့က အဆပေါင်းရာချီပြီး ကျေးဇူးဆပ်ပါ့မယ် ဘာပဲလုပ်ပေးရ လုပ်ပေးရပါ"

ရန်ချင်းက လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

"အော်... သာမန်လူသားတွေမှာ ကံကြမ္မာ အနှောင်အဖွဲ့တွေ ရှိနေလို့ ကိုယ်ပွားဝင်စားဖို့ ခက်နေတာပေါ့ တကယ်လို့ အဲဒီ ကံကြမ္မာ အနှောင်အဖွဲ့တွေ မရှိတော့ရင်တော့ လွယ်လွယ်ကူကူ ဝင်စားလို့ရတာပေါ့ ဟုတ်လား"

ဖန့်ချန် က မုန့်ထျန်းရှုကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"သီအိုရီအရတော့ အဲဒီအတိုင်းပါပဲ"

မုန့်ထျန်းရှုက အသာအယာ ခေါင်းငြိမ့်သည်။

"ခင်ဗျားတို့ ပေးနေတဲ့ ကတိတွေကိုတော့ ကျုပ် သိပ်ပြီး မယုံဘူး ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို ကိုယ်ပွားဝင်စားဖို့ ကူညီပေးနိုင်မလားဆိုတာ စမ်းကြည့်ပေးပါ့မယ် တကယ်လို့ အောင်မြင်သွားခဲ့ရင်တော့ ကျုပ်မှာ ကတိတစ်ခုပဲ တောင်းချင်တယ်"

ဖန့်ချန် က ပြုံး၍ ပြောလိုက်သည်။

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

သူတို့က ဖန့်ချန် ကတိတောင်းမှာကို မကြောက်ကြဘဲ၊ ဘာမှ မတောင်းမှာကိုသာ ကြောက်နေကြခြင်း ဖြစ်သည်။

"ရူးသွပ်ဘုရင်... ပြောပါ"

" ဒီကိစ္စ အောင်မြင်သွားရင် နောက်လာမယ့် နှစ်ပေါင်း တစ်ရာအတွင်းမှာ ခင်ဗျားတို့ ကျုပ်အတွက် အလုပ်လုပ်ပေးရမယ်"

ဖန့်ချန် က ပြောလိုက်သည်။

နှစ်တစ်ရာတိတိ ကျေးကျွန်အဖြစ် ရောင်းစားလိုက်ရတာလား

ရန်ချင်းတို့အုပ်စု ဝေခွဲမရ ဖြစ်နေစဉ်မှာပင် မုန့်ထျန်းရှုက ဦးညွှတ်လိုက်ကာ

"ကျုပ် ကောင်းကင်ဘုံကို သက်သေပြုပြီး ကျိန်ဆိုပါတယ် အကယ်၍ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ တာအိုနှလုံးသား ကွဲကြေပြီး ဝိညာဉ်ပါ ပျက်စီးပါစေ"

ကျန်ရှိသူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ မုန့်ထျန်းရှုကဲ့သို့ပင် ကောင်းကင်ဘုံ ကတိသစ္စာကို ပြုလိုက်ကြသည်။

ဒီလို ကတိသစ္စာမျိုးက တကယ်တော့ လူကြီးလူကောင်းတွေကိုပဲ တားဆီးနိုင်တာပါ လူယုတ်မာ တစ်ယောက်ကတော့ သူ့ဘာသာသူ လူယုတ်မာလို့ သတ်မှတ်ထားရင် အဲဒီကတိကို ဖောက်ဖျက်လည်း နတ်နှလုံးသား ထိခိုက်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အခုရှေ့က လူငယ်တွေကတော့ နတ်မျိုးစေ့ တွေ ဖြစ်ကြတဲ့အတွက် အဲဒီအဆင့်အထိတော့ မရောက်ကြသေးပါဘူး။

ဖန့်ချန် ရဲ့ စိတ်ထဲမှာတော့ အစီအစဉ်တစ်ခု ရှိနေပါတယ်။

ဒီကိစ္စ အောင်မြင်ရင်တော့ ကောင်းတာပေါ့၊ မအောင်မြင်ရင်လည်း ဘာမှ မဖြစ်ပါဘူး။

သူတို့ကို ဝိညာဉ်မှန်အိမ်ထဲ ပြန်ပို့ပြီးနောက် ဖန့်ချန် သည် အလယ်လတ် ဝိညာဉ်ကျောက်တုံး ငါးရာကို ထုတ်ယူလိုက်ကာ တာအိုသုံးထောင်နယ်မြေ ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။

မုန့်ထျန်းရှုတို့ ပြောပြချက်အရ အတွင်းပိုင်းက အလွန်အန္တရာယ် များလှသည်။

အခန်း (၇၇၆) ခင်ဗျားက ဒီမျက်နှာကို မပေးချင်ဘူးလား

တာအိုသုံးထောင်နယ်မြေ။

ဖန့်ချန်သည် ဓာတ်ငါးပါး စစ်သည်တော် အဆောင် အချို့ကို ပြုလုပ်ရန် ရည်ရွယ်ထားပြီး အနည်းဆုံးနက်နဲအလယ်လတ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိရန် လိုအပ်သည်။

ထိုကဲ့သို့သော အဆောင်မျိုးကို ပြုလုပ်ရန်အတွက် ပထမဦးစွာ အဆောင်ရေးဆွဲသည့် ကိရိယာတန်ဆာပလာများအပေါ် အလွန်တင်းကျပ်သော သတ်မှတ်ချက်များ ရှိသည်။

အဆင့်အတန်းမှာ စံနှုန်းမမီပါက မည်မျှပင် တန်ခိုးစွမ်းအားကြီးမားပါစေ ရေးဆွဲ၍ ရနိုင်မည်မဟုတ်ပေ။

ဟွာမြောက်ချင် ပေးခဲ့သော ကိရိယာတန်ဆာပလာ အစုံလိုက်မှာ အဆောင်စုတ်တံ ဖြစ်စေ၊ ပြဒါး ဖြစ်စေ၊ အဆောင်စက္ကူ ဖြစ်စေ အဆင့်အတန်းမှာ လိုအပ်ချက်ကို မမီပေ။

သာမန် အဝါရောင်အဆင့်အောက် ဓာတ်ငါးပါးစစ်သည်တော် အဆောင်ကိုသာ ပြုလုပ်နိုင်သည်။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် အခြားနည်းလမ်းတစ်ခု ရှိနေသေးသည်။

အကယ်၍ ဆေးပျက် များထဲမှ အဆီအနှစ်များကို ထုတ်ယူနိုင်ပါက နဂါးအရိုးမှုန့် အဖြစ် ပြောင်းလဲနိုင်ပြီး ၎င်းမှာ သဘာဝအလျောက် ရရှိသော အဆောင်ရေးဆွဲသည့် ကိရိယာတစ်ခု ဖြစ်လာလိမ့်မည်။

၎င်း၏အမည်မှာ နဂါးကျောက်စိမ်း ဖြစ်သည်။

၎င်းသည် မြေကမ္ဘာအဆင့် အဆင့်မြင့်မှ အထွတ်ထိပ် ကြားတွင် ရှိသော ဝိညာဉ်ပစ္စည်း အမျိုးအစားဖြစ်သည်။

သို့သော် သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဆေးပျက်သုံးလုံးထဲမှ နဂါးအရိုးမှုန့်ကို ထုတ်ယူရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်သော အိပ်မက်တစ်ခုနှင့်သာ တူနေပေလိမ့်မည်။

"အဖြူလေးနဲ့ အမည်းလေး ခုနက ငါသင်ပေးတဲ့ နည်းလမ်းကို မင်းတို့ မှတ်မိကြလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

အမည်းရောင်နှင့် အဖြူရောင် စက္ကူအရုပ်နှစ်ရုပ်မှာ ဖြည်းညှင်းစွာ မျက်လုံးဖွင့်လာပြီး လက်ဖဝါးကို မြှောက်လိုက်ကြသည်။

နောက်တစ်ခဏတွင် သူတို့နှစ်ဦး၏ လက်ဖဝါးပေါ်၌ ကြွေဖြူရောင် တောက်လောင်နေသော မီးလျှံတစ်ခုစီ ပေါ်လာသည်။

ဒါက မဟာကောင်းကင်ဆေးပညာ ထဲမှ နက်နဲအဆင့် အဆင့်ရှိ ဆေးမီးလျှံ ၄၉ မျိုးထဲမှ တစ်မျိုးဖြစ်သော နဂါးဖြူဝိညာဉ်မီးလျှံ ဖြစ်သည်။

နဂါးဖြူဝိညာဉ်မီးလျှံကိုယ်တိုင်က နဂါးမီးလျှံ အမျိုးအစားထဲတွင် ပါဝင်သဖြင့် ဆေးပျက်ထဲမှ နဂါးအရိုးမှုန့်ကို လွယ်လွယ်ကူကူ ထုတ်ယူနိုင်သည်။

နောက်လာမည့် လအနည်းငယ်အတွင်း ဖန့်ချန်၏ လမ်းညွှန်မှုနှင့် ထိန်းချုပ်မှုအောက်တွင် ဆေးပျက်သုံးလုံးမှာ အမည်းလေးနှင့် အဖြူလေးတို့၏ လောင်ကျွမ်းမှုကြောင့် တဖြည်းဖြည်း အရည်ပျော်သွားသည်။

ဆေးပျက်များ လုံးဝပျောက်ကွယ်သွားသောအခါ ဖန့်ချန်၏ လက်ထဲတွင် နဂါးအရိုးမှုန့် တစ်ကျပ်သားခန့် ကျန်ရှိနေတော့သည်။

"အရှင် ဒီအတတ်က ပျက်စီးနေတဲ့ ဆေးလုံးတွေထဲကတောင် အဆီအနှစ်တွေကို ထုတ်ယူနိုင်တာပဲ ကြည့်ရတာ ဒီနဂါးဖြူဝိညာဉ်မီးလျှံရဲ့ နောက်ကြောင်းက မသေးဘူးထင်တယ်"

အမည်းလေးက စပ်စုကာ မေးလိုက်သည်။

"မသေးဘူးပေါ့ ဒါက ဆေးမီး အမျိုးအစားထဲက တစ်မျိုးပဲ အခုခေတ်မှာ ဒီအတတ်ကို သိတဲ့သူ လက်ချိုးရေလို့တောင် ရမယ်မထင်ဘူး"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

အမည်းလေးနှင့် အဖြူလေးက အသာအယာ ခေါင်းငြိမ့်ကြသည်။

သူတို့နှစ်ဦးမှာ စက္ကူအရုပ် မဖြစ်ခင်က ထိုခေတ်ကာလ၏ ပါရမီရှင် ကျော်အော်မော်များ ဖြစ်ခဲ့ကြသော်လည်း နဂါးဖြူဝိညာဉ်မီးလျှံ တည်ရှိမှုအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။

"တစ်ကျပ်သားပဲ ရှိတာဆိုတော့ အဆင်ပြေပြေ ပြီးမြောက်ဖို့ မျှော်လင့်ရတာပဲ"

ဖန့်ချန်က ခဏမျှ စဉ်းစားပြီးနောက် အဆောင်ရေးဆွဲရန် ပြင်ဆင်လိုက်တော့သည်။

အဆောင်စုတ်တံနှင့် အဆောင်စက္ကူမှာ လိုအပ်ချက် မမီသော်လည်း နဂါးအရိုးမှုန့်မှာ စံနှုန်းထက် ကျော်လွန်နေသဖြင့် ချို့ယွင်းချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

နက်နဲ အဆင့်မြင့် သို့မဟုတ် အထွတ်ထိပ် ဓာတ်ငါးပါး စစ်သည်တော် အဆောင်ကို ပြုလုပ်နိုင်ရန် အခွင့်အရေး ရှိနေဆဲပင်။

အချိန်များမှာ သတိမထားမိဘဲ နှစ်နှစ်ခန့် ကုန်ဆုံးသွားသည်။

နှစ်နှစ်အတွင်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအားများမှာ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ကုန်ခမ်းခဲ့ပြီး သူ၏ ရှေ့ရှိ အဆောင်စက္ကူမှာလည်း အများစု ပြီးမြောက်နေပြီ ဖြစ်သည်။

နောက်ပိုင်းသို့ ရောက်လေလေ ထကြွနေသော ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်ရန် ပိုခက်ခဲလေလေ ဖြစ်လာသည်။

သာမန်လူထက် သာလွန်သော စိတ်ဝိညာဉ်စွမ်းအား ဖြင့် ထိန်းကျောင်းမထားနိုင်ပါက စုတ်တံစချလိုက်သည်နှင့် ကျိန်းသေပေါက် ကျရှုံးသွားပေလိမ့်မည်။

ယခုအချိန်တွင် အဆင့်မှာ အလွန်အရေးကြီးနေပြီဖြစ်ရာ အမှားအယွင်း အနည်းငယ်မျှ အဖြစ်မခံနိုင်ပေ။

ဖန့်ချန်သည် သူ၏ စိတ်အာရုံအားလုံးကို ယင်းထဲသို့ မြှုပ်နှံထားပြီး အာရုံအနည်းငယ်မျှ မလွင့်စေရန် ဂရုစိုက်နေရသည်။

အမည်းလေးနှင့် အဖြူလေးကတော့ မလှမ်းမကမ်းမှ ရပ်ကြည့်နေကြသည်။

မျက်တောင်တစ်ခတ်အတွင်း သုံးနှစ် ကုန်ဆုံးသွားသည်။

နောက်ဆုံးစုတ်ချက်ကို ရေးဆွဲပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့ ဟင်းလင်းပြင်ထဲမှ ဝိညာဉ်စွမ်းအားများမှာ ဒီရေအလား ထကြွလာပြီး ဖန့်ချန်ရှေ့ရှိ အဆောင်စက္ကူထဲသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။

ဖန့်ချန်၏ ဝတ်ရုံနှင့် ဆံပင်အမည်းရောင်များမှာလည်း မမြင်ရသော ဝိညာဉ်စွမ်းအားလှိုင်းကြောင့် ဖရိုဖရဲ လွင့်မျောနေသည်။

ထိုဖြစ်စဉ်မှာ နေ့ဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက် အဆောင်စက္ကူမှာ လေထဲတွင် ဖြည်းဖြည်းချင်း လွင့်မျောနေတော့သည်။

နဂါးအရိုးမှုန့်ဖြင့် ရေးဆွဲထားသော စုတ်ချက်တိုင်းမှာ မျက်စိကျိမ်းလောက်အောင် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။

ဖြည်းဖြည်းချင်း အလင်းရောင်များ မှိန်ဖျော့သွားပြီး အဆောင်စက္ကူမှာ ဖန့်ချန်၏ လက်ထဲသို့ ကျရောက်လာသည်။

ကြည့်ရသည်မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အတွင်းပိုင်း၌မူ ကြီးမားသော တန်ခိုးစွမ်းအားများ ကိန်းအောင်းနေသည်။

"အရှင် ဒီအဆောင်ရဲ့ အငွေ့အသက်က အနည်းဆုံး နက်နဲအဆင့်မြင့်"

အမည်းလေးနှင့် အဖြူလေးတို့ အနားသို့ လျှောက်လာကြသည်။

အဖြူလေးက ရှေ့သို့တက်ကာ တစ်ချက်ကြည့်ပြီး အသေအချာ ပြောလိုက်သည်။

အမည်းလေးကလည်း ခေါင်းငြိမ့်ပြသည်

"ကျုပ်တို့ အရင်တုန်းကလည်း နက်နဲအဆင့်မြင့် အဆောင်တွေ အများကြီးနဲ့ ထိတွေ့ဖူးတယ်အငွေ့အသက်က ဒီအတိုင်းပဲ"

"နက်နဲအဆင့်မြင့် လား မဆိုးပါဘူး"

ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။

တကယ်တမ်း ပြောရလျှင် ထိုနက်နဲအဆင့်မြင့် ဓာတ်ငါးပါး စစ်သည်တော် အဆောင်၏ တန်ဖိုးမှာ အလယ်လတ် ဝိညာဉ်ကျောက်တုံး ၅၀ ဖိုးတောင် ရောင်းရဖို့ မသေချာပေ။

ဖန့်ချန်အနေဖြင့် တာအိုသုံးထောင်နယ်မြေထဲသို့ ဝင်ရန် အလယ်လတ် ဝိညာဉ်ကျောက်တုံး ၅၀၀ ကုန်ကျခဲ့ပြီး အချိန်အများစုနှင့် နဂါးအရိုးမှုန့်များကို အသုံးပြုကာ ထိုအဆောင်တစ်ခုသာ ရခဲ့ခြင်းဖြစ်သဖြင့် သေသေချာချာ တွက်ကြည့်လျှင် များစွာ ရှုံးနိမ့်နေပေသည်။

သို့သော် လက်တွေ့တွင်မူ ထိုအဆောင်အား မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်နေသော ကျင့်ကြံသူတစ်ဦးအတွက်မူ ဤသည်မှာ အမြတ်ထွက်သော အရောင်းအဝယ်တစ်ခုသာ ဖြစ်သည်။

နောက်ထပ် ဖြစ်လာမည့် အကြောင်းအရာများထက် အရေးကြီးတာ ဘာမှမရှိပေ။

ပထမအကြိမ် အတွေ့အကြုံရှိသွားပြီ ဖြစ်သဖြင့် ဒုတိယအကြိမ်မှာ အနည်းငယ် ပိုလွယ်ကူသွားသည်။

တာအိုသုံးထောင်နယ်မြေ၏ အချိန်ကန့်သတ်ချက် ပြည့်ခါနီးတွင် ဖန့်ချန်သည် နောက်ထပ် နက်နဲအဆင့်မြင့် ဓာတ်ငါးပါး စစ်သည်တော် အဆောင်တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။

ဤတစ်ခေါက် ကုန်ကျစရိတ်ကို တွက်ကြည့်လျှင် အလယ်လတ် ဝိညာဉ်ကျောက်တုံး ၅၀၀၊ သက်တမ်း ၁၀ နှစ် နှင့် နဂါးအရိုးမှုန့် ငါးပဲသားခန့် ကုန်ကျခဲ့သည်။

ဆယ်နှစ်အတွင်း ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် အိုမင်းသွားသည်။

ရွှေအမြုတေ ဓားကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ ၂၀၀ ဖြစ်ရာ၊ ယခုအခါ သူ၏ အစစ်အမှန် သက်တမ်းမှာ ၁၁၀ ကျော်နေပြီ ဖြစ်သည်။

သာမန်လူသား၏ အသက် ၃၀ သို့မဟုတ် ၄၀ အရွယ်နှင့် တူညီနေပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် ဒီတစ်ခေါက် ဓာတ်ငါးပါး စစ်သည်တော် အဆောင် ပြုလုပ်ခြင်းမှာ အောင်မြင်ခဲ့သည်။

ထိုအဆောင်နှစ်ခုမှာ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် ညီမျှသည်။

အသုံးပြုပြီးလျှင် ကုန်ဆုံးသွားမည့် ပစ္စည်းများ ဖြစ်သော်လည်း ဒီတစ်ခေါက် ပီထုနတ်ဘုရားနယ်မြေ ခရီးစဉ်အတွက် အလွန်ကြီးမားသော အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။

ဒေါက် ဒေါက် ဒေါက်

ဖန့်ချန်သည် တာအိုသုံးထောင်နယ်မြေမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူ တံခါးဖွင့်လိုက်သောအခါ တံခါးဝတွင် အဆောင်အစေခံလေးနှင့် ခါးအနည်းငယ် ကုန်းနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

အစေခံလေးက အားနာစွာဖြင့် ပြုံးပြသည်

"ဧည့်သည်တော် ဒီလူက ဧည့်သည်တော်ကို ကျိန်းသေပေါက် တွေ့ချင်နေလို့ပါ ကျွန်တော်လည်း မတတ်သာလို့ ခေါ်လာခဲ့ရတာပါ ဧည့်သည်တော်ရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်မိဖို့ မျှော်လင့်ပါတယ်"

"ခင်ဗျားက ဘယ်သူလဲ"

ဖန့်ချန်က ခါးကုန်းနေသော လူလတ်ပိုင်းကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။

"မျက်စိမမြင်တဲ့ သူလား"

ခါးကုန်းလူလတ်ပိုင်း၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ဒီတစ်ခေါက် ခရီးစဉ်မှာ ကျိန်းသေ အောင်မြင်မည်ဟု ယူဆလိုက်သည်။

သူက ပြုံးလျက် ပြောလိုက်သည်

"ကျွန်တော့်ရဲ့ သခင်လေးက ပီထုနယ်မြေထဲကို သွားပြီး နတ်ဘုရားကံကောင်းမှုတွေကို ရှာချင်လို့ပါ ဒါကြောင့် ဧည့်သည်တော်အနေနဲ့ ဒီတစ်ခေါက် အခွင့်အရေးကို လက်လွှတ်ပေးပြီး နောက်တစ်သုတ်မှ ဝင်ဖို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ သခင်လေး"

ဖန့်ချန်က ရယ်မောလိုက်သည်

"သူ နတ်ဘုရားနယ်မြေထဲ ဝင်ချင်ရင် ဝင်လေ ငါနဲ့ ဘာဆိုင်လို့လဲ ငါက ဘာလို့ ဒီအခွင့်အရေးကို လက်လွှတ်ပေးရမှာလဲ"

ခါးကုန်းလူလတ်ပိုင်းက မျက်မှောင်ကြုတ်လိုက်ကာ

"ခင်ဗျားက တကယ်မသိတာလား ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား"

"ကျွန်တော်တို့က ခြေတစ်လှမ်း နောက်ကျသွားလို့ အခု လူဦးရေ ပြည့်သွားပြီ အကယ်၍ ခင်ဗျားက အခွင့်အရေးကို မပေးဘူးဆိုရင် ကျွန်တော့်သခင်လေးက နောက်ထပ် ရက်အနည်းငယ် ထပ်စောင့်ရလိမ့်မယ်"

"ဒါဆိုလည်း ရက်အနည်းငယ်လောက် စောင့်လိုက်ပေါ့... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကိုယ်တိုင်က နောက်ကျခဲ့တာပဲဥစ္စာ"

ဖန့်ချန်က ပြုံး၍ ပြောသည်

"ဒါမှမဟုတ် ခင်ဗျား တခြား မိတ်ဆွေတွေဆီမှာ သွားမေးကြည့်ပါလား တစ်ယောက်ယောက်ကတော့ ခင်ဗျားသခင်လေးရဲ့ မျက်နှာကို ထောက်ထားပြီး အခွင့်အရေး ပေးချင်ပေးမှာပေါ့"

ခါးကုန်းလူလတ်ပိုင်းက အေးစက်စွာ ပြောလိုက်သည်

"မင်းက ဒီမျက်နှာကို မပေးချင်ဘူးပေါ့"

ဖန့်ချန်က ရယ်မောလိုက်ပြီး ဒိုင်း ခနဲ အသံနှင့်အတူ အခန်းတံခါးကို ပိတ်လိုက်ရာ၊ ခါးကုန်းလူလတ်ပိုင်းမှာ တံခါးဝတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

မကြာမီ အဆောင်၏ အခြားအခန်းတစ်ခုတွင် ခါးကုန်းလူလတ်ပိုင်းသည် လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး၏ ရှေ့သို့ သွားကာ တိုးတိုးလေး ပြောလိုက်သည်

"သခင်လေး အဲဒီ တစ်ကိုယ်တော်ကျင့်ကြံသူက မျက်နှာမပေးပါဘူး အခွင့်အရေးကို လက်လွှတ်မပေးဘူးလို့ ပြောပါတယ်"

"ဒီလူအုပ်ထဲမှာ သူတစ်ယောက်ပဲ နောက်ခံမရှိတာ အခွင့်အရေးကို မပေးဘူးဆိုရင် နောက်ဆို နတ်ဘုရားနယ်မြေထဲ ရောက်သွားတဲ့အခါ အထဲမှာ သေသွားမှာကို မကြောက်ဘူးလား"

လူငယ်က နှာခေါင်းရှုံ့ကာ

"တခြားသူတွေကို သွားမေးကြည့်ဦး ငါ ဒီမှာ အလကား အချိန်မဖြုန်းချင်ဘူး"

"ဟုတ်ကဲ့ပါ"

ခါးကုန်းလူလတ်ပိုင်းက ရိုသေစွာ ခေါင်းညိမ့်ပြီး ထွက်သွားသည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကို မြင်သောအခါ ထိုသူမှာ ရည်ရွယ်ချက်ရှိရှိ သူ့ကို လာတိုက်ခိုက်ခြင်း မဟုတ်မှန်း အတည်ပြုနိုင်သဖြင့် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်သွင်းလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက်...

လက်ဖက်ရည်ဆိုင်တွင် ဖန့်ချန် ရောက်ရှိလာသောအခါ ကျန်ရှိသော သူများမှာလည်း အခြေခံအားဖြင့် ရောက်နေကြပြီ ဖြစ်သည်။

လူဦးရေကို ရေတွက်ကြည့်လျှင် ကွက်တိ လူနှစ်ဆယ် ဖြစ်ပြီး စောစောက လူငယ်လည်း ယင်းအထဲတွင် ပါဝင်နေသည်။

ဒါက တစ်စုံတစ်ယောက်က သူ့ကို မျက်နှာထောက်ပြီး အခွင့်အရေး ပေးလိုက်သည်မှာ သိသာလှသည်။

လူငယ်သည် တခြားသူများနှင့် ရယ်ရယ်မောမော စကားပြောနေသဖြင့် ရင်းနှီးကြသူများဖြစ်ကြောင်း သိနိုင်သည်။

သူသည် ဖန့်ချန်ကို မြင်လိုက်ရသောအခါ မျက်နှာထက်မှ အပြုံးမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

"မိတ်ဆွေမြောင်... ခင်ဗျားတို့ ကြည့်စမ်း အခုခေတ်မှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေတောင် အလယ်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာကို စုပြီး နတ်ဘုရားနယ်မြေထဲ ဝင်ချင်နေကြပြီ"

"လောကကြီး ပြောင်းလဲသွားတာလား ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေက တန်ဖိုးမရှိတော့တာလား"

လူငယ်သည် ထိုနေရာရှိ တစ်ဦးတည်းသော ဝိညဥ်သန္ဓေသား ကျင့်ကြံသူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

All Chapters