အခန်း (၇၇၉-၇၈၀)
Vol. 78 Ch. 779-780
အခန်း (၇၇၉) သတ်တဲ့သူက ခွန်လွန်ဓားဂိုဏ်းက ဝူချုံ
"မင်းက ဘယ်သူလဲ"
ထို စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူသည် ချက်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ အေးစက်စွာ မေးမြန်းလိုက်သည်။
ဤနေရာသို့ ရောက်လာနိုင်သည်ဆိုကတည်းက လူတိုင်းမှာ နတ်မျိုးစေ့ များဖြစ်ကြောင်း သက်သေပြနေပြီး၊ နတ်မျိုးစေ့တိုင်း၏ နောက်ခံမှာလည်း သာမန်မဟုတ်သည်ကို သူသိထားသောကြောင့် ဖြစ်သည်။
"တုန်းဖန်းဟောက်ကျဲ"
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
"တုန်းဖန်းဟောက်ကျဲ ဘယ်ဂိုဏ်းကလဲ"
တစ်ဖက်လူက ထပ်မံမေးမြန်းသည်။
"တစ်ကိုယ်တော်ကျင့်ကြံသူ"
"တစ်ကိုယ်တော်လား"
ထို စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် နတ်မျိုးစေ့သည် ခဏမျှ ကြောင်သွားပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်
"တစ်ကိုယ်တော် တစ်ကိုယ်တော်ကျင့်ကြံသူကများ ငါ့ရှေ့မှာ ဒီလောက် လေကြီးရဲတယ်ပေါ့လေ"
ဝိညာဉ်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းဖြည်းချင်း စီးဆင်းလာပြီး၊ မြောင်ယန်ကဲ့သို့ ဝိညဥ်သန္ဓေသား နတ်မျိုးစေ့များပင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
"ရှုချန်ဖုန်း တော်လောက်ပြီ တုန်းဖန်း က ဒီတစ်ခေါက် ငါ့ရဲ့ ကူညီသူတွေထဲက တစ်ယောက်ပဲ အချင်းချင်း ရန်မဖြစ်ကြနဲ့တော့"
ဝူထိုက်က တည်ငြိမ်စွာ ဆိုသည်။
ရှုချန်ဖုန်းသည် ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်နေပြီး၊ စက္ကန့်အနည်းငယ် ကြာမှသာ သူ၏ ဖိအားများကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဝူထိုက်ကို ပြောလိုက်သည်
"ပြော... ဘယ်ကို သွားမှာလဲ ငါတို့လူစုနဲ့တင် မင်းကို ကူညီဖို့ လုံလောက်ပြီ ဒီ ရွှေအမြုတေ ကိုတော့ ခေါ်သွားဖို့ မလိုပါဘူး"
"မိတ်ဆွေတုန်းဖန်းရဲ့ အစွမ်းက မနိမ့်ဘူးဗျ အင်အားတစ်ခု ပိုလာလေ ကျုပ်တို့ အောင်မြင်ဖို့ အခွင့်အရေး ပိုများလေပဲ မဟုတ်လား မင်းလည်း စိတ်ကျဉ်းမြောင်းမနေပါနဲ့ သူက မင်းတို့ရဲ့ အဆင့်အတန်းကို မသိလို့ ဝင်ပြောမိပြီး ပြစ်မှားမိတာပါ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် ကျုပ်အတွက်ပဲလေ"
ဝူထိုက်က ရုတ်တရက် ရယ်မောလိုက်သဖြင့် လေထုမှာ ချက်ချင်းပင် ပြေလျော့သွားတော့သည်။
ရှုချန်ဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် အသာအယာ ခေါင်းငြိမ့်ပြသည်
"သူ့ကို ခေါ်သွားမယ်ဆိုလည်း ရပါတယ်၊ အလုပ်မရှုပ်ဖို့တော့ မျှော်လင့်တာပဲ"
"ဒါပေါ့၊ ဒါပေါ့"
ဝူထိုက်က ဟားဟားတိုက် ရယ်မောလိုက်သည်။
ရှုချန်ဖုန်းသည် ဝူထိုက်က ဖန့်ချန် တစ်ယောက်တည်းကိုသာ ခေါ်လာသည်ဟု ထင်ထားသော်လည်း၊ ဝူထိုက်က နောက်ထပ် လူအနည်းငယ်ကိုပါ လှမ်းခေါ်လိုက်ရာ ထိုသူများမှာလည်း ရွှေအမြုတေအဆင့်များသာ ဖြစ်ကြသည်။
ရှုချန်ဖုန်းက တဟားဟား လှောင်ရယ်သော်လည်း ဝူထိုက်၏ အဆင့်အတန်းကြောင့် ဘာမှ ထပ်မပြောတော့ပေ။
"မိတ်ဆွေဝူ ခင်ဗျားတို့က ဒီတစ်ခေါက် ရွှမ်ဖျင့် မိစ္ဆာသားရဲ ကို ရှာမလို့လား ကြားဖူးတာတော့ အဲဒီအကောင်က ပီထုနယ်မြေထဲမှာ တွေ့ရခဲသလိုသွားလာလှုပ်ရှားမှုကလည်း ဆန်းကြယ်ပြီး အတော်လေး ရိုင်းစိုင်းကြမ်းကြုတ်တယ်လို့ သိရတယ် ကိုင်တွယ်ရ ခက်လိမ့်မယ် သတိထားဦးနော်"
မြောင်ယန်က ဆိုသည်။
"ကောင်းပါပြီ ဒါဆို ကျုပ်တို့ အရင်သွားလိုက်ဦးမယ် မိတ်ဆွေမြောင် ပြန်တွေ့ကြတာပေါ့"
ဝူထိုက်က ပြုံး၍ ခေါင်းငြိမ့်ပြသည်။
မြောင်ယန်ကလည်း ရယ်မောလျက် သူ၏ လူများကို ခေါ်ဆောင်ကာ အခြားလမ်းကြောင်းတစ်ခုသို့ ထွက်ခွာသွားတော့သည်။
သိသာသည်မှာ သူတို့လည်း ထိုနေရာသို့ မလာခင်ကတည်းက လေ့လာမှုများ ကြိုတင်လုပ်ဆောင်ထားကြခြင်း ဖြစ်သည်။
"အားလုံးပဲ... ကျုပ်တို့က ဟိုဘက်ကို..."
ဝူထိုက်က လှည့်ပတ်ကြည့်ရှုပြီးနောက် လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်
"ဒီဘက်ကို သွားကြစို့"
"ဝူထိုက်... မင်း ဒီလမ်းကြောင်းကို သေချာလို့လား မင်းအစ်ကိုကြီး သွားတဲ့လမ်းနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်နော်"
ရှုချန်ဖုန်းက သံသယဖြင့် မေးသည်။
"ငါ့စကားကိုပဲ နားထောင်စမ်းပါ ရွှမ်ဖျင့် မိစ္ဆာသားရဲကို ရှာဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရှာတဲ့နည်းလမ်းချင်းမှ မတူတာ"
ဝူထိုက်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် ဆိုသည်။
ရှုချန်ဖုန်းက ထပ်မငြင်းတော့ဘဲ ဝိညဥ်သန္ဓေသား နတ်မျိုးစေ့ အနည်းငယ်နှင့်အတူ ရှေ့မှ ဦးဆောင်၍ လမ်းဖောက်ပေးလိုက်သည်။
"မိတ်ဆွေတုန်းဖန်း... ငါ တကယ်ပဲ မျက်မှောက်မှားသွားတာပဲ ခုနက ငါ့ဘက်က ရပ်တည်ပေးတာကို ငါ မှတ်ထားပါ့မယ်"
ဝူထိုက်က ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ရင်ဘတ်ကို ပုတ်လျက် ပြုံးဆိုသည်
"ဒီတစ်ခေါက် ပြန်ထွက်ရင် ပေးရမယ့် နဂါးဝိညာဉ်သီး ကို ငါ့တာဝန်ထားလိုက်ပါ ငါသာ ရွှမ်ဖျင့် မိစ္ဆာသားရဲကို ရှာတွေ့ခဲ့ရင် မင်းတို့အားလုံး အကျိုးရှိစေရမယ်"
"မိတ်ဆွေဝူ စိတ်ချပါ ကျုပ်တို့ ဒီတစ်ခေါက် မင်းကို အစွမ်းကုန် ကူညီပါ့မယ်"
ကျန်ရှိသော ရွှေအမြုတေ နတ်မျိုးစေ့များကလည်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။
သူတို့၏ လေသံမှာ မာနရှိသယောင်ရှိသော်လည်း လက်တွေ့တွင်မူ ဝူထိုက်ကို ဖားနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"ကြည့်ရတာ ကျန့်မော့ကျွန်းရဲ့ နောက်ခံက တကယ်မသေးဘူးပဲ ဒါကြောင့်လည်း ဝူထိုက်ရဲ့ လူတွေက ဒီလောက် ယုံကြည်မှုရှိပြီး လူတိုင်းက ဝူထိုက်ကို မျက်နှာသာပေးရမယ်လို့ ထင်နေကြတာပဲ"
ဖန့်ချန်က တိတ်တဆိတ် အကဲခတ်နေရင်း စိတ်ထဲမှ မှန်လေး ကို မေးမြန်းလိုက်သည်
"မှန်လေး... ရွှမ်ဖျင့်မိစ္ဆာသားရဲရဲ့ အလေ့အထက ဘယ်လိုလဲ ငါ ဘယ်ဘက်ကနေ စရှာသင့်သလဲ"
ယခု သူသည် ပီထုနတ်ဘုရားနယ်မြေသို့ ရောက်နေပြီဖြစ်ရာ ထိုကဲ့သို့သော မေးခွန်းမျိုးအတွက် ဝိညာဉ်ကျောက်တုံး အကုန်အကျ မများနိုင်ဟု သူယူဆသည်။
မှန်လေး
"ရွှမ်ဖျင့်မိစ္ဆာသားရဲက အေးစိမ့်တဲ့နေရာ ကို နှစ်သက်တယ် ဒီနယ်မြေ ထဲမှာ အေးစိမ့်တဲ့အငွေ့အသက် အရှိန်အဝါ အပြင်းဆုံးနေရာကို ရှာတွေ့ရင် သူ့ကို မြင်တွေ့ဖို့ အခွင့်အရေး ရှိလိမ့်မယ်"
ဖန့်ချန်
"အပြင်းဆုံးနေရာက ဘယ်မှာလဲ"
မှန်လေး
"ဒါကတော့ အလယ်လတ် ဝိညာဉ်ကျောက်တုံး လိုအပ်လိမ့်မယ် အကယ်၍ မင်းဆီမှာရှိတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ကိုသာ ငါ့ကို ပေးမယ်ဆိုရင် ရွှမ်ဖျင့်မိစ္ဆာသားရဲ ရှိတဲ့နေရာကို တိုက်ရိုက် ညွှန်ပြပေးနိုင်တယ်"
ဓားငယ်လေး
"ဒီအဘိုးကြီးက ဒီလို လှည့်စားဖို့ပဲ ကြံနေတာ ငါသိသားပဲ"
မှန်လေး
"သောက်ကလေး... ဒါက အလဲအလှယ် လုပ်တာလေ ငါက အလကားစားပြီး အလုပ်မလုပ်တဲ့သူ မဟုတ်ဘူး"
ဖန့်ချန်
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးကတော့ မဖြစ်နိုင်ဘူး အလယ်လတ် ဝိညာဉ်ကျောက်တုံး ဆိုရင်ကော ဘယ်လောက် ကုန်မလဲ"
မှန်လေး
"ငါးရာဆိုရင် လုံလောက်ပြီ"
"ခဏလောက် စောင့်ကြည့်ဦးမယ်"
ဖန့်ချန်က ဝူထိုက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
အကယ်၍ ထိုလူက ရွှမ်ဖျင့်မိစ္ဆာသားရဲ ရှိသည့်နေရာကို သိနေပါက သူသည် ဝိညာဉ်ကျောက်တုံး ၅၀၀ သက်သာမည် ဖြစ်သည်။
အကယ်၍ ဝူထိုက်က လုံးဝ ရှာမတွေ့ပါက သူသည် ထိုကျောက်တုံးများဖြင့် သတင်းအချက်အလက်ကို လဲလှယ်ရုံသာ ရှိတော့သည်။
"ခဏ စောင့်ကြဦး"
ရှုချန်ဖုန်းက ရုတ်တရက် လက်ဟန်ပြကာ လူတိုင်းကို ရပ်ခိုင်းလိုက်သည်။
"ရှေ့မှာ အန္တရာယ် ရှိလို့လား"
ဝူထိုက်က စပ်စုကာ မေးသည်။
ရှုချန်ဖုန်းသည် ရှေ့မှ စိမ်းစိုနေသော တောအုပ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်
"တစ်ခုခုတော့ မမှန်ဘူးလို့ ခံစားနေရတယ် တစ်ယောက်ယောက်ကို အရင်လွှတ်ပြီး စမ်းကြည့်ခိုင်းရမယ် ဒီနေရာက နတ်ဘုရားတွေ နေခဲ့တဲ့နေရာဆိုတော့ ပေါ့ဆလို့ မရဘူး"
လူတစ်ယောက်ကို အရင်လွှတ်ပြီး စမ်းခိုင်းမယ်
ရွှေအမြုတေ နတ်မျိုးစေ့ အနည်းငယ်မှာ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြပြီး အခြားနေရာသို့ ဝေ့ကြည့်ကာ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေသလိုမျိုး၊ အန္တရာယ်ကို ကာကွယ်နေသလိုမျိုး ဟန်ဆောင်လိုက်ကြသည်။
ဝူထိုက်က ထိုမြင်ကွင်းကို မြင်သောအခါ ဖန့်ချန်ကို ကြည့်၍ ပြုံးကာ ဆိုသည်
"မိတ်ဆွေတုန်းဖန်း... မင်းပဲ ရှေ့ကနေ သွားပြီး အခြေအနေ စမ်းပေးပါဦး အန္တရာယ်ရှိရင်လည်း ရှုချန်ဖုန်းက မင်းကို ချက်ချင်း ကူညီပေးနိုင်လိမ့်မယ်"
"စိတ်မပူပါနဲ့ ကျုပ်တို့ ပထမဆုံး ရှာတွေ့တဲ့ နဂါးဝိညာဉ်သီး က မင်းအတွက်ပဲ ငါက ငါ့အတွက် အလုပ်လုပ်ပေးတဲ့ ညီအစ်ကိုတွေကို ဘယ်တော့မှ မနှိမ်ပါဘူး"
သူ၏ အပြုံးမှာ အလွန်ပင် စစ်မှန်ပုံပေါ်သော်လည်း၊ ထိုစစ်မှန်သော အပြုံးအောက်တွင် ရက်စက်သော အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။
ပတ်ဝန်းကျင်ကို အကဲခတ်နေဟန်ဆောင်သော ရွှေအမြုတေ နတ်မျိုးစေ့များမှာ သက်ပြင်းချနိုင်သွားကြပြီး ဖန့်ချန်ကို ကြည့်ကာ ဝိုင်း၍ ထောက်ခံကြတော့သည်
"မိတ်ဆွေတုန်းဖန်း... မင်းပဲ သွားကြည့်လိုက်ပါ ကျုပ်တို့ ဒီမှာ မိတ်ဆွေဝူကို စောင့်ရှောက်ထားလိုက်မယ်"
"အန္တရာယ်ရှိရင် ကျုပ်တို့ ကျိန်းသေ ကူညီမှာပါစိတ်ချလက်ချ သွားပါ"
"ကောင်းပြီ"
ဖန့်ချန်က ခေါင်းငြိမ့်ပြကာ အလွန်ပင် ပြတ်သားစွာဖြင့် ရှေ့သို့ လျှောက်သွားတော့သည်။
ဝူထိုက်မှာ ခေတ္တမျှ ကြောင်သွားသည် ဖန့်ချန်က ထိုမျှအထိ ပြတ်သားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။
ရှုချန်ဖုန်း တို့ လူစုမှာမူ မျက်လုံးများကို မှေး၍ ဖန့်ချန်နှင့် သူ၏ ပတ်ဝန်းကျင် လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်နေကြသည်။
တစ်လှမ်း၊ နှစ်လှမ်း။
မကြာမီ ဖန့်ချန်သည် ထိုစိမ်းစိုနေသော တောအုပ်ထဲသို့ ရောက်ရှိသွားသည်။
ရှေ့နားတွင် သစ်ပင်ကြီးတစ်ပင် ရှိပြီး၊ ထိုသစ်ပင်ကို ကျောမှီ၍ ထိုင်နေသော အလောင်းတစ်လောင်း ရှိနေသည်။
ထိုအလောင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး၊ မျက်နှာထက်တွင် ဒေါသနှင့် ကြောက်မက်ဖွယ်ရာ အမူအရာများ ရှိနေသည်။
သေဆုံးနေသည်မှာ ကြာပြီဖြစ်သော်လည်း ဖြူဖျော့နေသော သူငယ်အိမ်ထဲတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ကျန်ရှိနေသေးသည်။
သူ၏ မျက်ခုံးအလယ်တွင် ဓားရာတစ်ခု ရှိနေပြီး၊ ထိုဓားရာမှာ အလွန်ပင် သေးငယ်လှသဖြင့် သေသေချာချာ မကြည့်ပါက ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။
ဖန့်ချန်သည် အလောင်း၏ ရှေ့သို့ လျှောက်သွားကာ သူ၏ မျက်လုံးနှစ်လုံးကို အသာအယာ ပိတ်ပေးလိုက်သည်။
ထိုအလောင်းမှာ အခြားသူ မဟုတ် မုန့်ထျန်းရှု ပင် ဖြစ်သည်။
ရှုချန်ဖုန်းက တစ်ခုခု မမှန်ဘူးဟု မပြောခင်ကတည်းက ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေပြီး တစ်ပတ် လှည့်ပတ်ကြည့်ရှုထားပြီးသား ဖြစ်သည်။
ရှုချန်ဖုန်း ခံစားလိုက်ရသည့် အရာမှာ မုန့်ထျန်းရှု မသေခင်က ကျန်ရစ်ခဲ့သည့် နာကျည်းမှု အရှိန်အဝါများသာ ဖြစ်သည်။
မုန့်ထျန်းရှု၏ မျက်လုံးများကို ပိတ်ပေးပြီးနောက် ဖန့်ချန်သည် ထိုသစ်ပင်ကြီးကို ကြည့်လိုက်ရာ၊ သစ်ပင်ပေါ်တွင် တစ်စုံတစ်ယောက်က ဓားဖြင့် စာအချို့ ရေးထုထားသည်ကို တွေ့လိုက်ရသည်။
"သတ်တဲ့သူက ခွန်လွန်ဓားဂိုဏ်းက ဝူချုံ"
"မိတ်ဆွေတုန်းဖန်း... ဘာဖြစ်လို့လဲ"
အနောက်ဘက်မှ ဝူထိုက်၏ အသံ ထွက်ပေါ်လာသည်။
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့်
"ဘာမှ မဟုတ်ပါဘူး အလောင်းတစ်လောင်းပါပဲ အရင်က ဒီနေရာကို ရောက်လာခဲ့တဲ့ နတ်မျိုးစေ့ တစ်ယောက် ဖြစ်ပါလိမ့်မယ်"
အလောင်း
လူတိုင်း ရှေ့သို့ တိုးလာကြရာ၊ အမှန်တကယ်ပင် အလောင်းတစ်လောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဝူထိုက်ကမူ သစ်ပင်ပေါ်ရှိ စာသားကို သတိပြုမိသွားပြီး မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်
"အော်... ငါ့ဝမ်းကွဲအစ်ကိုရဲ့ လက်ချက်နဲ့ သေတာကိုး ဘာမှ မဟုတ်ပါဘူး ကျုံးကျိုးက နတ်မျိုးစေ့ တစ်ယောက် ဖြစ်မှာပါ အဲဒီဘက်မှာ နတ်မျိုးစေ့က များတာ မဟုတ်ဘူး တစ်ယောက်သေရင် တစ်ယောက် လျော့တာပဲ"
ဝမ်းကွဲအစ်ကို ခွန်လွန်ဓားဂိုဏ်း က ဝူချုံ ဆိုတာ ဝူထိုက်ရဲ့ ဝမ်းကွဲအစ်ကိုလား
ဖန့်ချန်က စဉ်းစားနေမိသည် ထို ဝူချန်စိုက် ဆိုသူကလည်း မျိုးရိုးအမည် ဝူ ပဲလေ သူတို့အားလုံးက မျိုးနွယ်စု တစ်ခုတည်းကများလား
"ကဲ... မြန်မြန် သွားကြစို့ ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် မကြာခင်မှာ နဂါးဝိညာဉ်သီး ကို မြင်ရတော့မယ် တခြားသူတွေ အရင်မယူသွားခင် သွားရမယ်"
ဝူထိုက်က မုန့်ထျန်းရှု၏ အလောင်းကို ခြေထောက်ဖြင့် တစ်ချက်ကန်ထုတ်လိုက်ပြီး ရှုချန်ဖုန်း တို့ကို ကြည့်လိုက်သည်။
ရှုချန်ဖုန်းက အသာအယာ ခေါင်းငြိမ့်ပြကာ ဝိညဥ်သန္ဓေသား နတ်မျိုးစေ့ အနည်းငယ်နှင့်အတူ ရှေ့မှ ဆက်လက် လမ်းဖောက်သွားတော့သည်။
ဝူထိုက်က ဖန့်ချန်၏ ပခုံးကို ပုတ်လိုက်ပြီး သွားများကို ဖြဲကာ ရယ်မောပြသည်
"မိတ်ဆွေတုန်းဖန်း... ကောင်းကောင်း လုပ်စမ်းပါ ငါ မင်းကို မနှိမ်ပါဘူး"
အခန်း (၇၈၀) အချင်းချင်း ယှဉ်ပြိုင်ဖို့ မလိုပါဘူး
"ဒါနဲ့... ဒီပီထုနတ်ဘုရားဆိုတာ အထက်ဘုံလောကမှာ တကယ့်ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ သတ်မှတ်လို့ရမလား"
"ပုဂ္ဂိုလ်ကြီး ဖြစ်မှာပေါ့ မဟုတ်ရင် လူသားလောကမှာ ဒီလို ဂူဗိမာန်မျိုး ဘယ်ထားခဲ့ပါ့မလဲ ကျုပ်တို့ ဒီတစ်ခေါက်မှာ အလယ်လတ် ဝိညာဉ်ကျောက်တုံးတွေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေတောင် ရှာတွေ့ခဲ့ရင် ခရီးထွက်ရကျိုး နပ်ပြီပဲ"
"ကျုပ်ကတော့ နတ်ဘုရားရဲ့ အမွေအနှစ်ကိုပဲ တွေ့ချင်တယ်"
"ပီထုနယ်မြေကို တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး အခုထိ ဘယ်သူမှ ပီထုနတ်ဘုရား ထားခဲ့တဲ့ အမွေအနှစ်ကို မရသေးဘူးလို့ ကြားတယ် ကျုပ်တို့မှာ အခွင့်အရေး ရှိသေးတာပေါ့"
"နတ်ဘုရားတွေက ဘယ်လောက်တောင် အသက်ရှည်လဲ မသိဘူးနော် အရင်က ကျင့်ကြံခြင်းလမ်းစဉ်ထဲ မဝင်ခင်တုန်းကတော့ နတ်ဘုရားဆိုတာ မသေမျိုးတွေလို့ ထင်ခဲ့တာ"
"မသေမျိုး အဲဒါက ဒီလောက် လွယ်ပါ့မလား"
ရွှေအမြုတေ နတ်မျိုးစေ့ အနည်းငယ်မှာ တိုးတိုးလေး စကားပြောနေကြပြီး မျက်လုံးများကတော့ ပတ်ဝန်းကျင်ကို အမြဲမပြတ် သတိဖြင့် အကဲခတ်နေကြသည်။
ဤနေရာ၏ ပတ်ဝန်းကျင်အခြေအနေကို သူတို့ အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။
ဝူထိုက်က အဝေးသို့ လှမ်းကြည့်နေရာမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေ့နားတွင် ရှိနေသော ဖန့်ချန်ကို ရုတ်တရက် ကြည့်ကာ ပြုံး၍ မေးလိုက်သည်
"မိတ်ဆွေတုန်းဖန်း မင်းက တကယ်ပဲ တစ်ကိုယ်တော်ကျင့်ကြံသူလား မင်းကျင့်ကြံထားတဲ့ မျက်လုံးကျင့်စဥ် က ဘယ်က ရတာလဲ"ာ
ရွှေအမြုတေ၊ ဝိညဥ်သန္ဓေသားများနှင့် ရှုချန်ဖုန်း အပါအဝင် အားလုံးမှာ သူတို့၏ အာရုံတစ်ဝက်ကို ဖန့်ချန်ထံသို့ ပို့ထားလိုက်ကြသည်။
နတ်မိစ္ဆာပင်လယ်၊ တိထျန်း သို့မဟုတ် ပေတု တို့မှာပင် မျက်လုံးကျင့်စဥ် အမွေအနှစ်ဆိုသည်မှာ အလွန်တွေ့ရခဲသည်။
၎င်း၏ ရှားပါးမှုမှာ ဆေးပညာ၊ အဆောင်ပညာ နှင့် လက်နက်ပညာတို့ထက်ပင် ပိုမို ရှားပါးလှသည်။
ဖန့်ချန်၏ မျက်လုံးထဲတွင် ရွှေရောင်အကြောများ ရံဖန်ရံခါ ပေါ်လာသည်ကို သူတို့ သတိထားမိကြသဖြင့် ၎င်းမှာ မျက်လုံးကျင့်စဥ်တစ်ခု ဖြစ်ကြောင်း သိထားကြခြင်းဖြစ်သည်။
"ရှေးဟောင်းနတ်လမ်းစဉ်ကပါ"
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် ပြုံး၍ ဆိုသည်
"ကျုပ်ရဲ့ မျက်လုံးနှစ်လုံးမှာ ရောဂါရှိနေလို့လား မသိဘူး ရှေးဟောင်းနတ်လမ်းစဉ်ထဲမှာ ဒီအတတ်ပညာနဲ့ ရေစက်ဆုံပြီး ရခဲ့တာပါ"
လူတိုင်းက တစ်ခုခုကို စဉ်းစားသလို ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့အားလုံးမှာ နတ်မျိုးစေ့များ ဖြစ်ကြသဖြင့် ရှေးဟောင်းနတ်လမ်းစဉ်အတွင်း၌ နည်းနည်း သို့မဟုတ် များများ ကံကောင်းမှုများ ရှိခဲ့ကြဖူးသည်။
နတ်ဘုံတံခါးကြီး ပိတ်သွားခဲ့ပြီ ဖြစ်သော်လည်း အချို့သော နတ်ဂိုဏ်းများမှာ အမွေအနှစ်အချို့ကို ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး၊ အသိအမှတ်ပြုခံရသူ ရှိလာပါက အလိုအလျောက် အမွေပေးတတ်ကြသည်။
"ကျုပ်ကြားဖူးတာတော့ အခုလောကမှာ အထွတ်အထိပ် မျက်စိအတတ် ၃၆ မျိုး ရှိတယ်တဲ့ ကျုံးကျိုးမှာ ၄ မျိုး၊ နတ်မိစ္ဆာပင်လယ်မှာ ၆ မျိုး ရှိပြီး၊ ကျန်တဲ့ တိထျန်းနဲ့ ပေတုကတော့ တစ်ဝက်စီ ပိုင်ဆိုင်ထားကြတယ်"
ဝူထိုက်က သက်ပြင်းတစ်ချက်ချကာ
"မိတ်ဆွေတုန်းဖန်းရဲ့ မျက်စိအတတ်က ရှေးဟောင်းနတ်လမ်းစဉ်က ရတာဆိုရင် နတ်ဂိုဏ်းတစ်ခုခုက ပေးတာ ဖြစ်ရမယ် နာမည်က ဘယ်လိုခေါ်လဲ သိရမလား အဲဒီ အထွတ်အထိပ် ၃၆ မျိုးထဲက တစ်ခုများလားလို့ ကျုပ် ကြည့်ပေးမလို့ပါ"
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်
"မိတ်ဆွေဝူ... နတ်ဂိုဏ်းရဲ့ အမိန့်တစ်ခု ရှိထားလို့ အချို့အရာတွေကိုတော့ အလွယ်တကူ မပြောသင့်ဘူးဗျ"
"အခုက ရှေးဟောင်းနတ်လမ်းစဉ်ထဲမှာ မဟုတ်တော့ပေမဲ့ ကံတရားချင်း ဆက်နွှယ်နေတုန်းပဲလေကောင်းကင်လျှို့ဝှက်ချက်ကို အလွယ်တကူ ထုတ်ဖော်လိုက်ရင် ဘေးဒုက္ခသုံးပါး ကပ်ဘေးကိုးပါး ရောက်လာတဲ့အခါ အကျိုးသက်ရောက်မှု ရှိနိုင်လို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
ဝူထိုက်က နားလည်သွားသည့် ပုံစံဖြင့်
"ဟုတ်သားပဲ၊ ဟုတ်သားပဲ ဒီအချက်ကို မေ့သွားလို့ ရှေးဟောင်းနတ်လမ်းစဉ်ထဲက ကိစ္စအချို့ကို တကယ်ပဲ လျှောက်မပြောသင့်ဘူး ကျုပ်အမှားပါကျုပ်အမှားပါ"
"ရှေ့မှာ အဆောက်အဦးတစ်ခု ရှိတယ်"
ရှုချန်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
လူတိုင်း မျက်တောင်ခတ်၍ လှမ်းကြည့်လိုက်ကြရာ ရှေ့တည့်တည့် နှစ်မိုင်ခန့်အကွာတွင် ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုမှာ တောအုပ်အတွင်း၌ ရိပ်ရိပ်ရိပ်ရိပ် ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဝူထိုက်က ချက်ချင်းပင် ပြုံးလိုက်သည်
"ရောက်ပြီ ဒီနေရာက ပီထုနတ်ဘုရား ထားခဲ့တဲ့ မွေးမြူရေးခြံပဲ အရင်က ဒီမှာ နဂါးစစ်စစ် တွေကို မွေးမြူခဲ့တာဆိုတော့ နဂါးဝိညာဉ်သီးတွေ ကျိန်းသေပေါက် ရှိလိမ့်မယ်"
လူတိုင်း ကြောင်သွားပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကြည့်ရသည်မှာ ကျန့်မော့ကျွန်းသည် ပီထုနယ်မြေအကြောင်းကို အမှန်တကယ်ပင် အသေးစိတ် သိထားပုံရသည်။
သူတို့ မလာခင်က စုံစမ်းခဲ့ရသလောက်တော့ ပီထုနတ်ဘုရားသည် နတ်သားရဲများ မွေးမြူရသည်ကို အလွန်ဝါသနာပါကြောင်းနှင့် ပီထုနယ်မြေထဲတွင် မွေးမြူရေးခြံများ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြောင်းသာ သိရသည်။
သို့သော် ထိုနေရာများမှာ ကြာမြင့်စွာကတည်းက ပျက်စီးနေခဲ့ပြီဖြစ်သလို၊ အရင်က ဘယ်လို နတ်သားရဲမျိုးတွေ နေထိုင်ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြပေ။
"ဝူထိုက်... ဒီအဆောက်အဦးမှာ နဂါးစစ်စစ်တွေ မွေးခဲ့တာ သေချာလို့လား ကြည့်ရတာတော့ သိပ်မတူသလိုပဲ"
ရှုချန်ဖုန်းက သံသယဖြင့် မေးသည်။
"နဂါးစစ်စစ်မှာလည်း အမျိုးအစားတွေ အများကြီး ရှိတယ်ဗျ ဒီမှာ မွေးခဲ့တာက နဂါးမျိုးနွယ်ထဲက ပညာရှိနဂါး ပဲ သူတို့က စာပေအငွေ့အသက် ကို စားသုံးရတာ နှစ်သက်ကြတာ နေတဲ့နေရာက အဆင့်အတန်းရှိရုံတင်မကဘဲ ဝိညာဉ်စွမ်းအားရှိတဲ့ စာရေးကိရိယာ လေးပါး နဲ့လည်း ထိန်းထားရတယ်"
ဝူထိုက်က ခပ်ပြုံးပြုံးဖြင့်
"ဒီသတင်းကို ကျန့်မော့ကျွန်းက ဈေးကြီးပေးပြီး ဝယ်ထားတာဗျ ခင်ဗျား ကျုပ်ကို သံသယရှိရင် ရှိနိုင်ပေမဲ့ ကျန့်မော့ကျွန်းကိုတော့ သံသယ မဝင်ပါနဲ့အခု အဲဒီ စာရေးကိရိယာ လေးပါးက ကျုပ်အဖေ လက်ထဲမှာ ရှိနေပြီ"
"ကျုပ်ပြောသားပဲ မိတ်ဆွေဝူနောက် လိုက်ရင် ကျိန်းသေ အကျိုးရှိမှာပါလို့"
ရွှေအမြုတေ နတ်မျိုးစေ့ အနည်းငယ်က ဝမ်းသာအားရ ပြုံး၍ ပြောကြသည်။
ဖန့်ချန်က စိတ်ထဲမှ အသာအယာ ခေါင်းငြိမ့်လိုက်သည်။
ဝူထိုက်က ဤမျှအထိ အစုံအလင် ပြင်ဆင်ထားသည်ဆိုလျှင် ရွှမ်ဖျင့်မိစ္ဆာသားရဲ ရှိသည့်နေရာကိုလည်း အမှန်တကယ် သိနေနိုင်ပေသည်။
ရှုချန်ဖုန်းသည်လည်း ဝူထိုက်၏ စကားကို ယုံကြည်သွားပြီး လူတိုင်းသည် သတိကြီးစွာဖြင့် ထိုအဆောက်အဦးဆီသို့ လျှောက်သွားကြသည်။
ပတ်ဝန်းကျင်တွင် အန္တရာယ်ရှိမရှိကိုလည်း အမြဲ ဂရုစိုက်နေရသည်။
နောက်ဆုံးတွင် သူတို့သည် အဆောက်အဦးရှေ့သို့ ရောက်လာကြပြီး၊ ယနေ့တိုင် အလွန်ပင် မွှေးပျံ့နေဆဲဖြစ်သော မှင်နံ့ တစ်ခုကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် လူတစ်ရပ်ခန့်ရှိသော သစ်ပင်ငယ်လေးတစ်ပင်ကို တွေ့လိုက်ရသည်။
ထိုအပင်ပေါ်တွင် နီရဲတောက်ပနေသော အသီးသုံးလုံး တွဲလောင်းကျနေသည်။
အသီးများမှာ အလွန်ပင် နုဖတ်ကြည်လင်နေပြီး စိတ်ကို လန်းဆန်းစေသော ရနံ့တစ်ခု ထွက်ပေါ်နေသည်။
သေသေချာချာ ကြည့်လိုက်ပါက အသီး၏အတွင်း၌ ဓာတ်ငွေ့တစ်ခု လှည့်ပတ်နေသလိုမျိုး ရှိပြီး ၎င်း၏ ပုံစံမှာ နဂါးတစ်ကောင်နှင့် တူလှသည်။
"တကယ်ပဲ နဂါးဝိညာဉ်သီးတွေပဲ"
လူတိုင်း ဝမ်းသာသွားကြသည်။
ထိုနေရာသို့ လမ်းပြခဲ့သူမှာ ဝူထိုက် ဖြစ်သောကြောင့် သူတို့သည် ဇွတ်အတင်း မလုပ်ရဲဘဲ ဝူထိုက်၏ စကားကို စောင့်နေကြသည်။
"ရှုချန်ဖုန်း ခင်ဗျား သွားပြီး နဂါးဝိညာဉ်သီးတွေကို ခူးလိုက်ပါ ဝိညာဉ်စွမ်းအားနဲ့ ပတ်ပြီး ခူးရမယ်ခန္ဓာကိုယ်နဲ့ တိုက်ရိုက် မထိစေနဲ့ မဟုတ်ရင် အထဲမှာရှိတဲ့ နဂါးဝိညာဉ်ဓာတ် တွေ လွင့်စင်သွားပြီး သူ့ရဲ့ တကယ့်တန်ဖိုး ပျောက်သွားလိမ့်မယ်"
ဝူထိုက်က ဆိုသည်။
ရှုချန်ဖုန်းက ခေါင်းငြိမ့်ကာ ဝူထိုက်ပြောသည့်အတိုင်း နဂါးဝိညာဉ်သီး သုံးလုံးကို ခူးယူလိုက်သည်။
သူ ဝူထိုက်ရှေ့သို့ ပြန်ရောက်လာသောအခါ ထိုအသီးများကို ဝူထိုက်ကို ပေးမည့် အရိပ်အယောင် မရှိပေ။
"ဒီတစ်ခေါက် ပီထုနယ်မြေကို လာရတာ ကျုပ်တို့ အန္တရာယ် အကြီးကြီး ကြုံခဲ့ရတယ် ဒီနဂါးဝိညာဉ်သီး သုံးလုံးကို ကျုပ်တို့ပဲ ယူလိုက်မယ် ကျန်တဲ့ အသီးတွေကို ထပ်တွေ့မှပဲ အညီအမျှ ခွဲယူကြတာပေါ့"
ရှုချန်ဖုန်းက ဆိုသည်။
ဝူထိုက်၏ မျက်နှာထက်မှ အပြုံးမှာ ခေတ္တမျှ တောင့်တင်းသွားပြီး၊ ထူးဆန်းစွာ ရယ်လိုက်သည်
"ရှုချန်ဖုန်း ဒီနားတစ်ဝိုက်မှာ နဂါးဝိညာဉ်သီးက သုံးလုံးတည်း ရှိမှာ မဟုတ်ပါဘူး ခင်ဗျား ဘာလို့ ဒီလောက် လောနေရတာလဲ ဒီနေရာကို ကျုပ်က လမ်းပြခဲ့တာဆိုတော့ ဒီသုံးလုံးကို ကျုပ်ကပဲ ခွဲပေးသင့်တာပေါ့ ခင်ဗျားကတော့ တစ်လုံး အရင်ယူထားလိုက်လေ"
"ဒါလည်း ကောင်းတာပဲ"
ရှုချန်ဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ကျန်ရှိသော နဂါးဝိညာဉ်သီး နှစ်လုံးကို ဝူထိုက်အား ပေးလိုက်သည်။
ရှုချန်ဖုန်း၏ ကြံစည်မှုမှာ မူလကတည်းက ဤအတိုင်း ဖြစ်မည်ကို လူတိုင်း ရိပ်မိကြသည်။
"မိတ်ဆွေတုန်းဖန်း ကျုပ်ပြောသားပဲ ကျုပ်နောက်လိုက်ရင် ဘယ်တော့မှ အရှုံးမရှိစေရဘူးလို့ ဒီနဂါးဝိညာဉ်သီး တစ်လုံးက မင်းရသင့်တဲ့အရာပဲသေသေချာချာ သိမ်းထားဦး သိုလှောင်လက်စွပ်ထဲ ထည့်လို့မရဘူးနော် မဟုတ်ရင် နဂါးဝိညာဉ်ဓာတ်တွေ လွင့်သွားလိမ့်မယ်"
ဝူထိုက်က ဖန့်ချန်ထံသို့ နဂါးဝိညာဉ်သီး တစ်လုံး ကမ်းပေးလိုက်သည်။
ဖန့်ချန်က အသီးကို လက်ခံယူပြီးနောက် ခဏမျှ ကြည့်ကာ ဝတ်စုံလက်အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
ဝိညာဉ်စွမ်းအားဖြင့်လည်း အမြဲမပြတ် ပတ်ထားလိုက်သည်။
"ဟင်း... မိတ်ဆွေဝူ မိတ်ဆွေတုန်းဖန်း က ခုနက လမ်းကို ခဏပဲ စမ်းပေးခဲ့တာလေ ဘာအန္တရာယ်မှလည်း မတွေ့ခဲ့ရဘဲနဲ့ ဒီလိုမျိုး နဂါးဝိညာဉ်သီး တစ်လုံးကို ခွဲယူသွားတာက သိပ်ပြီးတော့ မသင့်တော်ဘူးထင်တယ်"
ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
ကျန်ရှိသော ရွှေအမြုတေ နတ်မျိုးစေ့များကလည်း တစ်ယောက်တစ်ပေါက် ဝင်၍ ထောက်ခံကြသည်။
ပထမဆုံး ကန့်ကွက်လိုက်သော ကျင့်ကြံသူက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ဆိုသည်
"မိတ်ဆွေတုန်းဖန်း ကျုပ်တို့ အချင်းချင်း ယှဉ်ပြိုင် ကြရင်ကော ဘယ်လိုလဲ အဲဒီကနေမှ ဒီနဂါးဝိညာဉ်သီးကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့"
"ဟုတ်တယ် ဒါမှ အမျှတဆုံး ဖြစ်မှာ"
ရွှေအမြုတေ နတ်မျိုးစေ့များက ဝိုင်း၍ ပြောကြသည်။
တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်သော ဖန့်ချန်မှာ သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ဟု သူတို့ ယူဆထားကြသည်။
သူတို့မှာ ရှေးဟောင်းနတ်လမ်းစဉ်မှ အမွေအနှစ်များနှင့် ကံကောင်းမှုများ ရှိထားရုံတင်မက၊ သူတို့၏ နောက်ခံမှာလည်း မဆိုးလှပေ။
သူတို့ တတ်မြောက်ထားသည့် အတတ်ပညာများနှင့် ကျင့်စဉ်များမှာ တစ်ကိုယ်တော်ကျင့်ကြံသူထက် အဆပေါင်းများစွာ သာလွန်မည်မှာ အမှန်ပင်။
"ကောင်းပြီလေ"
ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက်
"တုန်းဖန်းဟောက်ကျဲ... အခု မင်းကို ဓားနဲ့ စိန်ခေါ်ပါ့မယ်"
ထိုရွှေအမြုတေ နတ်မျိုးစေ့က ခေါင်းငြိမ့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် မှင်တက်သွားကာ
"မင်း ခုနက ဘာပြောလိုက်တာလဲ ဓားနဲ့စိန်ခေါ်မယ် မင်းက ဓားကျင့်ကြံသူ လား"
"အင်း"
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။
"မင်းက အမွေအနှစ် မရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဆို"
"တစ်ကိုယ်တော်ကျင့်ကြံသူက ဓားကျင့်ကြံသူ ဖြစ်လို့မရဘူးလား"
"...အဲဒီ... အချင်းချင်း ယှဉ်ပြိုင်ဖို့ မလိုတော့ပါဘူး မင်း ဒီနဂါးဝိညာဉ်သီးကို ယူထားတာက တကယ်ကို ထိုက်တန်ပါတယ်"
"ဓားနဲ့ စိန်ခေါ်ပြီးပြီဆိုမှတော့ ပြန်ရုပ်သိမ်းရမယ့် အကြောင်းမရှိဘူး"
"မင်း..."
ထိုရွှေအမြုတေ နတ်မျိုးစေ့၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာကာ အကူအညီမဲ့စွာဖြင့် ဝူထိုက်တို့ လူစုကို လှမ်းကြည့်လိုက်တော့သည်။