← Chapters

အခန်း (၇၈၁-၇၈၂)

Vol. 79 Ch. 781-782

အခန်း (၇၈၁-၇၈၂)

Vol. 79 Ch. 781-782

အခန်း (၇၈၁) တစ်ယောက်တည်း ခိုးယူခြင်း

ဝူထိုက်၏ မျက်လုံးထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားသလို ခေါင်းငြိမ့်လိုက်သည်။

တစ်ဖက်လူက ဘာကြောင့် မာနကြီးနေရသလဲ လမ်းစမ်းထွက်ဖို့ ဘာကြောင့် တစ်စက်ကလေးမှ မကြောက်တာလဲ ရှုချန်ဖုန်းလို စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်ကိုတောင် ဘာကြောင့် ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲတာလဲ ဆိုတာ အခုမှ နားလည်သွားတော့သည်။

အကြောင်းရင်းအားလုံးက ဓားကျင့်ကြံသူ ဆိုတဲ့ စကားလုံးနှစ်လုံးပေါ်မှာပဲ ရှိနေတာပါ။

"အော်... ဓားကျင့်ကြံသူကိုး"

ရှုချန်ဖုန်းက ခပ်ဖွဖွ ရယ်လိုက်သည်။

သူ၏ မျက်နှာထက်မှ အပြုံးမှာ တည်ငြိမ်နေပုံရသော်လည်း မျက်လုံးအိမ် အနက်ရှိုင်းဆုံးနေရာတွင်မူ အနည်းငယ် ကြောက်ရွံ့ခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ဓားကျင့်ကြံသူများ၏ လုပ်ရပ်များကို အကြိမ်ကြိမ် မြင်ဖူးထားခဲ့သဖြင့် သူ၏ စိတ်ထဲတွင် အရိပ်မည်းတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ တစ်ဖက်လူက ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူသာ ဖြစ်သဖြင့် မည်သို့ပင်ဆိုစေ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

သို့သော် ရှုချန်ဖုန်း၏ ဘေးနားရှိ ဝိညဥ်သန္ဓေသား နတ်မျိုးစေ့များကမူ သူတို့၏ အကြည့်များကို ပိုမို သတိထားလိုက်ကြသည်။

"မိတ်ဆွေတုန်းဖန်း မိတ်ဆွေလျို ကလည်း ခုနက အလောတကြီး ဖြစ်သွားလို့ မသင့်တော်တဲ့ စကားတွေ ပြောမိသွားတာပါ ဒီအထင်လွဲမှုကို ဒီအတိုင်းပဲ မေ့လိုက်ကြရင်ကော ဘယ်လိုလဲ"

ဝူထိုက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

"မိတ်ဆွေဝူ ဓားကျင့်ကြံသူတစ်ယောက်က ဓားနဲ့ စိန်ခေါ်တယ်ဆိုတာ ဘယ်တော့မှ နောက်ပြောင်တာ မဟုတ်ဘူး"

ဖန့်ချန်က ဝူထိုက်ကို တစ်ချက်ကြည့်လိုက်ပြီး

"မိတ်ဆွေဝူရဲ့ ဝမ်းကွဲအစ်ကိုက ခွန်လွန်ဓားဂိုဏ်းက ဓားကျင့်ကြံသူတစ်ယောက်ပဲလေ ဒါကို ပိုပြီး နားလည်သင့်တာပေါ့"

"ဒါကတော့ ဟုတ်ပါတယ်..."

ဝူထိုက်သည် ထိုစကားကြောင့် မကျေမနပ် ဖြစ်မသွားဘဲ တစ်ဖက်လူ၏ တုံ့ပြန်မှုမှာ အလွန်ပင် သဘာဝကျသည်ဟု ခံစားလိုက်ရသည်။

သူက နှစ်ခွန်းလောက် ဖျောင်းဖျလိုက်ရုံနဲ့ တစ်ဖက်လူက လက်လျှော့လိုက်မယ်ဆိုရင် အဲဒါကို ဓားကျင့်ကြံသူလို့ ခေါ်မှာ မဟုတ်တော့ပေ။

ဤသည်ကို တွေးမိပြီးနောက် ဝူထိုက်က လျိုမျိုးရိုးဖြင့် ရွှေအမြုတေ နတ်မျိုးစေ့ကို ကြည့်ကာ အားပေးလိုက်သည်

"မိတ်ဆွေလျို... တိုက်ခိုက်ယှဉ်ပြိုင်ဖို့ဆိုတာ ခင်ဗျားကိုယ်တိုင် တောင်းဆိုခဲ့တာပဲလေ ဒါကို ပြန်ရုပ်သိမ်းဖို့ အကြောင်းမရှိဘူး ဒီမှာပဲ အချင်းချင်း ယှဉ်ပြိုင်လိုက်ကြပေါ့ လူသေတဲ့အထိတော့ ဖြစ်မှာ မဟုတ်ပါဘူး"

မျိုးရိုးအမည် လျို နှင့် ရွှေအမြုတေ ကျင့်ကြံသူသည် သွားကို တင်းတင်းကြိတ်ကာ ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်

"ကောင်းပြီလေ ကျုပ်တို့ ယှဉ်ပြိုင်ကြတာပေါ့ ဒါပေမဲ့ ပြောထားဦးမယ်... ဒါက ယှဉ်ပြိုင်ရုံသက်သက်ပဲ၊ ဆယ်ကွက်ပဲ ကန့်သတ်မယ် ရှုံးတာနိုင်တာကို ဒီဆယ်ကွက်အတွင်းမှာပဲ ဆုံးဖြတ်မယ်"

သူ့အထင်တွင် တစ်ဖက်လူ၏ ဆယ်ကွက်ကို သူ တောင့်ခံနိုင်မည်မှာ ပြဿနာမရှိဟု ယူဆထားသည်။

ထို့ပြင် အကယ်၍ မတိုက်နိုင်တော့လျှင်လည်း အရှုံးပေးလိုက်ရုံသာ ရှိပြီးအောက်ကျနောက်ကျ ခံလိုက်ပါက ဘာမှဖြစ်မည်မဟုတ်ဟု တွေးထားသည်။

"ဖိတ်ခေါ်ပါတယ်"

ဖန့်ချန်က လက်အုပ်ချီ၍ ဆိုသည်။

လျိုမျိုးရိုးနှင့် ရွှေအမြုတေ ကျင့်ကြံသူသည် ဘာမှမပြောတော့ဘဲ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို ထူထဲသော ဝိညာဉ်စွမ်းအား အကာအကွယ်ဖြင့် လွှမ်းခြုံလိုက်သည်။

သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများမှာ ကြေးတံတိုင်း သံတံတိုင်းကဲ့သို့ ခန္ဓာကိုယ်ကို အကာအကွယ်ပေးထားသည်။

ဖူး

သူ၏ ခန္ဓာကိုယ်ကြီး တုန်ခါသွားပြီး မျက်လုံးထဲမှ အလင်းရောင်များ တဖြည်းဖြည်း ကွယ်ပျောက်သွားတော့သည်။

သူ၏ မျက်ခုံးအလယ်တွင် အပေါက်ငယ်လေးတစ်ခု ပေါ်လာသည်။

သူ၏ အနောက်ဘက် မနီးမဝေးတွင်မူ နီရဲတောက်ပသော ဓား တစ်လက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရွှေဓာတ် အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးဆီသို့ ပြန်သွားတော့သည်။

လူတိုင်း၏ အကြည့်များမှာ အလွန်ပင် လေးနက်သွားကြသည်။

အားလုံးက ရွှေအမြုတေ နတ်မျိုးစေ့ချင်း အတူတူပင်ဖြစ်သော်လည်း လျိုမျိုးရိုး ကျင့်ကြံသူက တစ်ကွက်တောင် မတောင့်ခံနိုင်ခဲ့ဘူးလား

ထို့ပြင် ထိုဓားမှာ အစစ်အမှန် ဓား မဟုတ်ဘဲ ရွှေဓာတ်ကို အသုံးပြု၍ လက်တန်း လေ့ကျင့်ထုတ်ဖော်ထားသော ဓားသာ ဖြစ်နေသည်...။

"ဒါ... ဒါက ယှဉ်ပြိုင်တာတင်ပဲလေ ဘာလို့ သူ့အသက်ကို ယူလိုက်ရတာလဲ..."

ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

"ဓားနဲ့ လှံဆိုတာ မျက်စိမရှိဘူးလေ "

ဖန့်ချန်က ဆိုသည်။

တစ်ဖက်လူမှာ ခဏမျှ စကားမပြောနိုင်ဘဲ ဖန့်ချန်က လျိုမျိုးရိုး ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကို ယူကာ ဘာကိုမျှ ဂရုမစိုက်ဘဲ သိမ်းဆည်းလိုက်သည်ကိုသာ ငေးကြည့်နေမိတော့သည်။

"မိတ်ဆွေတုန်းဖန်း မိတ်ဆွေလျို က ယှဉ်ပြိုင်ရင်း သေသွားတာ မှန်ပေမဲ့ ခင်ဗျားက သူ့ရဲ့ သိုလှောင်လက်စွပ်ကို ယူလိုက်ရင်တော့ အခြေအနေက ပြောင်းသွားပြီနော် လျိုမျိုးရိုးရဲ့ အနောက်က ဂိုဏ်းက ဒါကို အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး"

ဝူထိုက်က သတိပေးလိုက်သည်။

"ကိစ္စမရှိပါဘူး ကျင့်ကြံခြင်းလောကဆိုတာ မင်းမသေရင် ငါသေရမှာပဲလေ ကျုပ်ကတော့ ကျင့်သားရနေပါပြီ"

ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့်

"ကျုပ်က သူ့လက်စွပ်ကို မယူရင်ကော သူ့အနောက်က ဂိုဏ်းက လက်လျှော့သွားမှာမို့လို့လား"

လူတိုင်း စကားမဆိုတော့ပေ။ ဝူထိုက်က အကြောင်းအရာကို တိုက်ရိုက် ပြောင်းလဲလိုက်သည်

"ကျုပ်တို့ ပတ်ဝန်းကျင်ကို ထပ်ရှာကြည့်ကြစို့၊ နဂါးဝိညာဉ်သီးတွေ ကျန်ဦးမှာပဲ ဘာပဲဖြစ်ဖြစ် တစ်နာရီကြာရင် ဒီနေရာမှာ ပြန်ဆုံကြမယ်"

"ကောင်းပြီ"

လူတိုင်း တိတ်တဆိတ် ခေါင်းငြိမ့်ကာ လူစုခွဲ၍ ထွက်သွားကြသည်။

ရှုချန်ဖုန်းသည် ဝိညဥ်သန္ဓေသား ကျင့်ကြံသူများနှင့် အတူမသွားဘဲ ဝူထိုက်နောက်သို့ လိုက်သွားသည်။

ဖန့်ချန်ကို မြင်ကွင်းထဲမှာ မရှိတော့သည့်အခါမှ သူက ရုတ်တရက် စကားစလိုက်သည်

"တစ်ကိုယ်တော်ကျင့်ကြံသူ နတ်မျိုးစေ့၊ ဓားကျင့်ကြံသူ... ဒါတွေက ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား"

"ထူးဆန်းစရာ ဘာမှမရှိပါဘူး လောကကြီးက ကျယ်ပြောတယ်လေ ဆန်းကြယ်တာတွေ အများကြီးပဲ ဒါက နတ်မိစ္ဆာပင်လယ်ပဲလေ ဘယ်လိုလူမျိုးကိုမဆို တွေ့နိုင်တာပဲ သူက တစ်ကိုယ်တော်ကျင့်ကြံသူလို့ ပြောမှတော့ သူ့ကို တစ်ကိုယ်တော်ကျင့်ကြံသူလို့ပဲ သတ်မှတ်လိုက်ရုံပေါ့"

ဝူထိုက်က အေးဆေးစွာ ပြုံး၍ ဆိုသည်။

ရှုချန်ဖုန်းက ခေါင်းငြိမ့်ကာ လက်တန်း မေးလိုက်သည်

"ကျုပ်ကြားတာတော့ ကျန့်မော့ကျွန်းက ဒီတစ်ခေါက် ရွှမ်ဖျင့်မိစ္ဆာသားရဲကို ရှာနေတာ ကျုံးကျိုးဘက်က တာအိုဂိုဏ်း တစ်ခုနဲ့ အပေးအယူ ရှိလို့ဆို"

"ကျုံးကျိုးက တာအိုဂိုဏ်းနဲ့ နတ်မိစ္ဆာပင်လယ်က ကျန့်မော့ကျွန်း..."

ဖန့်ချန်က စဉ်းစားနေမိသည်။

ရွှမ်ဖျင့်မိစ္ဆာသားရဲ ဆိုသည်မှာ ယခင်က တာအိုဂိုဏ်း သုံးထောင်၏ ဘာသာရေးစောင့်ရှောက်သူ နတ်သားရဲများထဲမှ တစ်မျိုးဖြစ်သည်။

သူ၏ အဆင့်အတန်းမှာ နတ်သားရဲကြီး သုံးမျိုးလောက် မမြင့်သော်လည်း တာအိုဂိုဏ်း၏ တည်ရှိမှုနှင့် အလွန်ပတ်သက်နေသည်။

ဥပမာအားဖြင့် တာအိုပညာရပ် သုံးထောင်ထဲမှ မိုးကောင်းကင် ရွှမ်ဖျင့်ဝိညာဉ် ကျင့်စဉ်အတွက်ဆိုလျှင် ရွှမ်ဖျင့်မိစ္ဆာသားရဲ၏ သွေးအနှစ် လိုအပ်သည်။

ကျုံးကျိုးတာအိုဂိုဏ်းက ကျန့်မော့ကျွန်းနဲ့ ဒီလို အပေးအယူ လုပ်တယ်ဆိုတော့ သူတို့က ရွှမ်ဖျင့်မိစ္ဆာသားရဲကို လိုချင်တာက တာအိုဂိုဏ်း သုံးထောင်ရဲ့ အမွေအနှစ် တစ်ခုခုကြောင့်များလား

"ရှုချန်ဖုန်း... ခင်ဗျား သိသင့်တာကို ကျုပ်တို့ ပြောပြပါ့မယ် မသိသင့်တာကိုတော့ တိုက်ဆိုင်လို့ သိသွားရင်တောင် မသိသလို ဟန်ဆောင်နေရလိမ့်မယ်"

ဝူထိုက်က အေးဆေးစွာ ပြုံး၍ ဆိုသည်။

ရှုချန်ဖုန်းက တဟားဟား လှောင်ရယ်ကာ ဘာမှ ထပ်မပြောတော့ပေ။

"ခင်ဗျားက စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် မဟုတ်ဘူးလားဝိညာဉ်ကို ခန္ဓာကိုယ်ထဲက ထွက်ခိုင်းပြီး ဘယ်မှာ နဂါးဝိညာဉ်သီးတွေ ရှိလဲဆိုတာ သွားကြည့်ပါဦးလား ဒီအတိုင်း ရှာနေရင် ဘယ်တော့ တွေ့မှာလဲ"

ဝူထိုက်က ရယ်ကာ ပြောသည်။

ရှုချန်ဖုန်းက အေးစက်စွာ ဆိုသည်

"ဝိညာဉ်ထွက်သွားရင် ငါ့ခန္ဓာကိုယ်က အန္တရာယ်ရှိသွားမှာပေါ့ ဒါ့အပြင် ဒီနေရာက နတ်ဘုရားတွေရဲ့ နယ်မြေဟောင်းလေ ငါ့ဝိညာဉ်က ထွက်လို့ရပေမဲ့ အန္တရာယ်ရှိတဲ့ နေရာတစ်ခုခုထဲ ရောက်သွားရင် ဝိညာဉ်ရော ခန္ဓာပါ ပြာကျသွားနိုင်တယ်"

"ဘာကြောက်နေတာလဲ ကျုပ်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးမှာပဲလေ နောက်ပြီး ဒီနားတစ်ဝိုက်က လေငြိမ်ရေငြိမ်ပါပဲ အန္တရာယ်ရှိတဲ့ပုံလည်း မပေါက်ဘူး"

ဝူထိုက်က ဆိုသည်။

ရှုချန်ဖုန်းက သူ့ကို ဂရုမစိုက်တော့ပေ။

ထို့နောက်တွင် ဖန့်ချန်၏ ဝိညာဉ်သည် အမြန်ဆုံး အရှိန်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ နဂါးဝိညာဉ်သီး သီးနေသော အပင်ငယ် ငါးပင်ကို ရှာတွေ့သွားသည်။

သူသည် ရိပ်ခြေဗုဒ္ဓအတတ် ကို အသုံးပြု၍ အပင်ပေါ်မှ နဂါးဝိညာဉ်သီးများကို တစ်လုံးချင်းစီ တိတ်တဆိတ် ခူးယူလိုက်ရာ စုစုပေါင်း ၁၂ လုံး ရရှိသည်။

ဝူထိုက်ပေးထားသည့် တစ်လုံးနှင့်ဆိုလျှင် သူ၏လက်ထဲတွင် စုစုပေါင်း နဂါးဝိညာဉ်သီး ၁၃ လုံး ရှိသွားပြီ ဖြစ်သည်။

မဟာကောင်းကင် ဆေးပညာ ထဲတွင် ဆေးဖက်ဝင် ပစ္စည်းမျိုးစုံအကြောင်း မှတ်တမ်းတင်ထားရာ နဂါးဝိညာဉ်သီးလည်း ပါဝင်သည်။

ထိုအရာမှာ နတ်ဘုရားနယ်မြေဟောင်းများမှလွဲ၍ လောကတွင် တွေ့ရခဲသော နက်နဲသောအဆင့် အထွတ်အထိပ် ရတနာတစ်မျိုး ဖြစ်သည်။

အတွင်း၌ရှိသော နဂါးဝိညာဉ်ဓာတ် မှာ စစ်မှန်သော နဂါးဓာတ် ဖြစ်သည်။

၎င်းကို ဆေးဖော်စပ်ခြင်း၊ အဆောင်ပြုလုပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းတို့တွင် အသုံးပြုနိုင်ရုံတင်မက အချို့သော ကျင့်စဉ်များနှင့် အတတ်ပညာများတွင်လည်း အသုံးပြုနိုင်သည်။

သို့သော် သာမန်ကျင့်ကြံသူများအတွက်မူ အသုံးဝင်မှု အလွန်မကြီးပေ။

တိုက်ရိုက် စားသုံးမည်ဆိုပါက သွေးအရှိန်အဝါနှင့် သက်တမ်းကို တိုးစေနိုင်သည်။

ကျင့်ကြံမှုအဆင့် မြင့်လေ အကျိုးသက်ရောက်မှု နည်းလေ ဖြစ်သော်လည်း၊ သာမန်လူသားတစ်ယောက်သာ စားသုံးမည်ဆိုပါက ထိုနဂါးဝိညာဉ်ဓာတ်ကြောင့် သက်တမ်းမှာ အနှစ်တစ်ရာအထိ တိုးသွားလိမ့်မည်

ဒါကမှ နဂါးဝိညာဉ်သီးရဲ့ တကယ့် တန်ဖိုးပါ။

သာမန်လူတစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်ထဲ မဝင်ခင် ဒီအသီးတစ်လုံး စားထားမယ်ဆိုရင် သက်တမ်းက အနှစ်တစ်ရာ အလကား ရလိုက်သလိုပါပဲ။

သို့သော် သာမန်လူသားတစ်ယောက်မှာ အကြိမ်ကြိမ် စား၍မရပေ၊ အထဲမှာရှိတဲ့ နဂါးဝိညာဉ်ဓာတ် တစ်စက်က လူသားတစ်ယောက် ခံနိုင်ရည်ရှိတဲ့ အစွမ်းကုန်ပင် ဖြစ်သည်။

တစ်နာရီကြာပြီးနောက် လူတိုင်း စုရပ်သို့ ပြန်ရောက်လာကြသည်။

လူတိုင်း၏ မျက်နှာမှာ မကောင်းလှဘဲ တစ်ဦးကိုတစ်ဦး သံသယဖြင့် ကြည့်နေကြသည်။

"အားလုံးပဲ... နဂါးဝိညာဉ်သီး ရှာတွေ့ကြလား"

ဝူထိုက်က လေးနက်သော အသံဖြင့် မေးလိုက်သည်။

လူတိုင်း ခေါင်းယမ်းပြကြသည်။

"သုံးလုံးတည်းပဲ ကျန်နေဖို့ကတော့ အကြောင်းမရှိဘူး..."

ဝူထိုက်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ရှုချန်ဖုန်းက တည်ငြိမ်စွာ ဆိုသည်

"ဖြစ်နိုင်တာကတော့ ကျန့်မော့ကျွန်းကို သတင်းရောင်းတဲ့ ကျင့်ကြံသူကပဲ ဒီနေရာက နဂါးဝိညာဉ်သီးတွေကို အကုန်သိမ်းသွားတာ ဖြစ်မှာပေါ့"

"အဲဒီကျင့်ကြံသူ ပြောတာကတော့ ဒီနားမှာ အနည်းဆုံး အလုံး ၂၀ နီးပါး ရှိသေးတယ်တဲ့ သူက အဲဒါတွေကို ကာကွယ်ဖို့ အင်အားမရှိလို့ ကျုပ်တို့ ကျန့်မော့ကျွန်းကို သတင်းရောင်းခဲ့တာ"

ဝူထိုက်က မျက်မှောင်ကြုတ်ကာ

"သူပြောတဲ့စကားက ယုံကြည်ရပါတယ် ဒါမှမဟုတ်ရင် တစ်ယောက်ယောက်က ကျုပ်တို့ထက် အရင်ရောက်ပြီး အသီးတွေကို ယူသွားတာလား"

"ဒီမှာ ကျုပ်တို့ ရောက်ခဲ့တဲ့ ခြေရာတွေပဲ ရှိတာပါ တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို ရှာတွေ့ခဲ့တယ်ဆိုရင် ခုနက နဂါးဝိညာဉ်သီး သုံးလုံးလည်း ကျန်မှာ မဟုတ်ဘူး"

ရှုချန်ဖုန်းက အေးဆေးစွာ ဆိုသည်။

ဝူထိုက်သည် ရုတ်တရက် လူတိုင်းကို သံသယဖြင့် ဝေ့ကြည့်လိုက်သည်

"အားလုံးပဲ... ဒီနေရာကို ကျုပ်က ခေါ်လာတာနော်ခင်ဗျားတို့... တစ်ယောက်တည်း ခိုးယူ နေကြတာတော့ မဟုတ်ပါဘူးနော်"

အခန်း (၇၈၂) သွေးအရှိန်အဝါ ထူထပ်တဲ့ အသားစာ

"မိတ်ဆွေဝူ... ကျုပ်တို့မှာ နဂါးဝိညာဉ်သီး မရှိတာ တကယ်ပါ ခင်ဗျား ကျုပ်တို့ကို သံသယဝင်နေတာ အဓိပ္ပာယ်မရှိဘူးဗျ"

ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

"အားလုံးပဲ မကန့်ကွက်ဘူးဆိုရင် ခင်ဗျားတို့ ကိုယ်ပေါ်မှာ နဂါးဝိညာဉ်သီးတွေ ရှိမရှိ ကျုပ်ကို ကြည့်ခွင့်ပြုမလား"

ဝူထိုက်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ဒါကတော့ သိပ်မသင့်တော်ဘူး ထင်တယ်ဗျ"

ဝိညဉ်သန္ဓေသား နတ်မျိုးစေ့ တစ်ယောက်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်

"ခင်ဗျားက ကျုပ်တို့ကို သူခိုးလို ဆက်ဆံနေတာပဲ"

"ကြည့်ရုံတင်ပဲဟာ ဘာလို့ သူခိုးလို ဆက်ဆံတာ ဖြစ်ရမှာလဲ"

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

"မိတ်ဆွေဝူ ကျုပ်ဆီမှာ ဒုတိယမြောက် နဂါးဝိညာဉ်သီး ရှိမရှိ အရင်ဆုံး လာစစ်ကြည့်လိုက်ပါ"

"ကျုပ်တို့လို ကျင့်ကြံသူတွေက သူတစ်ပါးရဲ့ စစ်ဆေးမှုကို အလွယ်တကူ ခံရမယ့် အစဉ်အလာ မရှိဘူး ဂိုဏ်းထဲက လူကြီးသူမတွေတောင် ဒီလိုမျိုး မလုပ်ကြဘူး"

ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်က အေးစက်စွာ လှောင်ပြောင်သည်။

"ဝူထိုက်... လူကိုယ်တိုင် စစ်ဆေးတာမျိုးတော့ မလိုတော့ပါဘူးလို့ ကျုပ်မြင်တယ် ဘာပဲဖြစ်ဖြစ် ပြန်ထွက်တဲ့အခါ ကျင်းရှန်းဂိုဏ်း က တစ်ခေါက် စစ်ဆေးဦးမှာပဲလေ ပိုနေတဲ့ နဂါးဝိညာဉ်သီးတွေကို သူတို့က ဦးစားပေး ဝယ်ယူခွင့် ရှိတာကိုး"

ရှုချန်ဖုန်းက တည်ငြိမ်စွာ ဆိုသည်

"တကယ်လို့ အဲဒီအချိန်ကျမှ တစ်ယောက်ယောက်က နဂါးဝိညာဉ်သီးတွေကို တိတ်တဆိတ် ဝှက်ထားတာ မိသွားရင်တော့ အားလုံးရဲ့ ရန်သူဖြစ်သွားလိမ့်မယ် အဲဒီအခါကျရင်တော့ လွယ်လွယ်နဲ့ ထွက်သွားဖို့ မလွယ်တော့ဘူး"

"ဒါကတော့ ဟုတ်ပါတယ် ခုနက ကျုပ်ဘက်က စဉ်းစားတာ အားနည်းသွားတယ်"

ဝူထိုက်က တဟားဟား ရယ်မောလိုက်ပြီး တင်းမာနေသော အခြေအနေကို စကားအနည်းငယ်ဖြင့် ပြေလျော့သွားစေသည်။

"နောက် ဘယ်ကို ဆက်သွားမလဲ"

ရှုချန်ဖုန်းက မေးသည်။

"ဟိုဘက်ကို သွားကြမယ် နောက်ထပ်ကတော့ ရွှမ်ဖျင့်မိစ္ဆာသားရဲကို အရင်ရှာရမယ် နဂါးဝိညာဉ်သီးကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ကြစို့"

ဝူထိုက်က လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။

ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်က မျက်မှောင်ကြုတ်ကာ

"မိတ်ဆွေဝူ ခင်ဗျားတို့ သုံးယောက်လုံးက နဂါးဝိညာဉ်သီး ရှာတွေ့သွားပြီဆိုတော့ မလောတော့တာ သဘာဝပါပဲ ဒါပေမဲ့ ကျုပ်တို့ကတော့ မလောလို့ မရဘူးလေ အကယ်၍ ပြန်ထွက်တဲ့အခါ လက်ထဲမှာ နဂါးဝိညာဉ်သီး မပါရင် ဒဏ်ငွေ ဆောင်ရဦးမှာ"

"ဟုတ်တယ်"

နောက်ထပ် ရွှေအမြုတေ နတ်မျိုးစေ့ တစ်ယောက်ကလည်း ခေါင်းငြိမ့်ကာ

"ကျုပ်အမြင်ကတော့ နဂါးဝိညာဉ်သီးကို အရင်ရှာတာ ပိုကောင်းမယ် နဂါးဝိညာဉ်သီး ရသွားမှ မိတ်ဆွေဝူကို ကူညီပြီး ရွှမ်ဖျင့်မိစ္ဆာသားရဲကို လိုက်ရှာပေးရင်လည်း မနှောင်းပါဘူး"

"ခင်ဗျားတို့ရဲ့ ဆိုလိုရင်းက..."

ဝူထိုက်၏ မျက်နှာထက်မှ အပြုံးမှာ အနည်းငယ် ပို၍ အေးစက်သွားသည်။

"နဂါးဝိညာဉ်သီးသာ ရှိမယ်ဆိုရင် ကျုပ်တို့က မိတ်ဆွေဝူရဲ့ အမိန့်ကို နာခံမှာပါ အားလုံးက နတ်မျိုးစေ့ချင်း အတူတူပဲဆိုတော့ အပြန်အလှန် ကူညီတာက သဘာဝပဲလေ"

"တကယ်လို့ နဂါးဝိညာဉ်သီး မရှိရင်တော့... ကျုပ်တို့ မိတ်ဆွေဝူနဲ့အတူ ဆက်လိုက်နိုင်မှာ မဟုတ်တော့ဘူး"

"ဒါဆိုရင်လည်း... ကောင်းကောင်း သွားကြပါဗျာ"

ဝူထိုက်က ပြောလိုက်သည်။

ရွှေအမြုတေ နတ်မျိုးစေ့ အနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နှုတ်ဆက်ကာ ဘာမှမပြောတော့ဘဲ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

အကျိုးအမြတ် ရှိမှသာ သူတို့က ဝူထိုက်နောက်ကို လိုက်မည် ဖြစ်သည်။

အကျိုးအမြတ် မရှိဘဲနဲ့တော့ ဒီပီထုနယ်မြေထဲက တန်ဖိုးရှိတဲ့ အချိန်တွေကို ဘယ်သူက အလကား အဖြုန်းခံမှာလဲ။

သူတို့ ထွက်သွားပြီးနောက် ဝူထိုက်က ဘာမှမပြောဘဲ ရှုချန်ဖုန်းကို တစ်ချက် ကြည့်လိုက်သည်။

ရှုချန်ဖုန်းက အသာအယာ ခေါင်းငြိမ့်ပြပြီးနောက် လေပေါ်သို့ ပျံတက်သွားသည်။

မကြာမီတွင် သူ ပြန်ရောက်လာပြီးနောက် ခေါင်းကို အသာအယာ ခါယမ်းကာ

"သူတို့ ကိုယ်ပေါ်မှာ နဂါးဝိညာဉ်သီးတွေ တကယ်မရှိဘူး"

"အဲဒီလူတွေ စိတ်မဆိုးသွားကြဘူးလား"

ဝူထိုက်က ပြုံး၍ မေးသည်။

ရှုချန်ဖုန်းက ရယ်လိုက်သည်

"သူတို့က ရဲလို့လား"

"မိတ်ဆွေတုန်းဖန်း... ကြည့်ရတာ ရှက်စရာကြီး ဖြစ်သွားပြီ "

ဝူထိုက်က ဖန့်ချန်ကို ကြည့်ကာ အားနာသလို ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး မိတ်ဆွေဝူက အရာရာကို အစေ့အစပ် လုပ်ကိုင်တတ်တာကို ကျုပ်ကတော့ တကယ် ချီးကျူးမိပါတယ်"

ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆို ထွက်ကြစို့"

ဝူထိုက်က ပြုံးလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဖန့်ချန်သည် ပတ်ဝန်းကျင်ရှိ လေထုမှာ ပို၍ ပို၍ အေးစိမ့်လာသည်ကို သတိပြုမိလိုက်သည်။

ကြည့်ရသည်မှာ ဝူထိုက်သည် ပီထုနယ်မြေထဲရှိ အစွန်းရောက်အေးစိမ့်ဓာတ် ရှိရာ နေရာကို အမှန်တကယ် သိနေပုံရသည်။

"အားလုံးပဲ... ဟိုဘက်က နှင်းတောင်ကို မြင်လား အဲဒါက ကျုပ်တို့ရဲ့ ခရီးဆုံးပဲ ဒီနှင်းတောင်ထဲမှာ အအေးမြစ် တစ်စင်း ရှိတယ် ကံကောင်းရင် ကျုပ်တို့ ဒီနေ့ပဲ ရွှမ်ဖျင့်မိစ္ဆာသားရဲကို တွေ့ရလိမ့်မယ်"

ဝူထိုက်က ပြုံး၍ ဆိုသည်။

ရှုချန်ဖုန်းနှင့် လူစုမှာ စိတ်လှုပ်ရှားသွားပြီး အရှိန်မြှင့်လိုက်ကြသည်။

ကျန့်မော့ကျွန်းက သူတို့ကို ပေးထားသည့် တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်လျှင် ဆုလာဘ်များစွာ ရရှိမည်ဖြစ်သည်။

အကယ်၍ အချိန်ပိုကျန်ဦးမည်ဆိုပါက ပီထုနယ်မြေထဲတွင် သူတို့ဘာသာ စူးစမ်းရှာဖွေခွင့် ရဦးမည်ဆိုလျှင် ပို၍ပင် ကောင်းဦးမည်။

"အစ်ကို တစ်ခုခုတော့ မှားနေပြီနော် ဒီကောင်လေးက ဒီကို ပထမဆုံးအကြိမ် လာတာ မဟုတ်တဲ့ပုံပဲ"

မှန်လေး ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ဖန့်ချန်သည် မျက်နှာသေဖြင့်ပင် နှင်းတောင်ဆီသို့ ဆက်သွားနေသည်။

"ကျုပ်လည်း ရိပ်မိပါတယ် သူက လမ်းတောက်လျှောက်မှာ လမ်းမှားတယ်လို့ကို မရှိဘူး သူရဲ့ ပြောပြချက်လောက်နဲ့တော့ ဒီလောက်အထိ ချောချောမွေ့မွေ့ ဖြစ်နိုင်စရာ မရှိဘူး"

"ရွှမ်ဖျင့်မိစ္ဆာသားရဲကို ဖမ်းတဲ့နေရာမှာ တစ်ခုခု ကန့်သတ်ချက် ရှိနေပုံရတယ် သူ အရင်က တစ်ခေါက် လာဖူးပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ရမယ်"

"အဲဒါ ဟုတ်တယ် သတိထားဦး ကျုပ်ကတော့ ဒီလို ဌက်မနားတဲ့ နေရာမျိုးမှာ တစ်သက်လုံး မနေချင်ဘူး"

ဌက်မနားတဲ့နေရာ

ဖန့်ချန်က တစ်ခုခုကို စဉ်းစားနေမိသည်။

ကြည့်ရသည်မှာ ထိုပီထုနယ်မြေသည် မှန်လေး၏ မျက်လုံးထဲတွင် တန်ဖိုးသိပ်မရှိပုံရသည်။

သိပ်မကြာမီတွင် လူတိုင်း တောင်ခြေသို့ ရောက်ရှိလာကြသည်။

အစပိုင်းတွင် တွေ့ခဲ့သည့် အလောင်းမှလွဲ၍ လမ်းတောက်လျှောက်တွင် သူတို့မှာ အန္တရာယ် တစ်စုံတစ်ရာနှင့်ပင် မတွေ့ခဲ့ရပေ။

"ဒီနေရာက အအေးဓာတ် က အရမ်းပြင်းထန်တယ် အားလုံး ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကို ကာကွယ်ထားကြဖို့ မမေ့နဲ့ဦး အအေးဓာတ် ခန္ဓာကိုယ်ထဲ ဝင်သွားရင် ဖျားနာတာမျိုး ဖြစ်တတ်တယ် "

ဝူထိုက်က သတိပေးလိုက်သည်။

တကယ်တော့ သူ သတိမပေးခင်ကတည်းက လူတိုင်း သတိပြုမိကြသည်။

ဤနေရာ၏ အေးစိမ့်မှုမှာ သာမန်အအေးမျိုး မဟုတ်ဘဲ အအေးဓာတ် လွန်ကဲနေခြင်းကြောင့် ဖြစ်သည်။

မျက်စိတစ်ဆုံး တွေ့မြင်နေရသော ဖြူဖွေးနေသည့် နှင်းများသည်ပင် ထူထပ်သော အအေးဓာတ်များ ကိန်းအောင်းနေသည်။

အကယ်၍ သာမန်လူတစ်ယောက်သာ အနည်းငယ် ထိမိပါက အဆိပ်သောက်လိုက်ရသလို အကျိုးဆက်မျိုး ခံစားရမည်မှာ မလွဲပေ။

လူတိုင်းက ဝူထိုက်နှင့်အတူ လေထဲသို့ ပျံတက်ကာ နှင်းတောင်နက်ပိုင်းဆီသို့ ပျံသန်းသွားကြသည်။

အတွင်းပိုင်းသို့ ရောက်လေလေ အပူချိန်က ပိုကျလေလေ ဖြစ်ပြီး၊ ဝိညာဉ်စွမ်းအား အကာအကွယ်များပင် ခဲချင်ချင် ဖြစ်လာသည့် အခြေအနေသို့ ရောက်လာသည်။

နာရီဝက်ခန့် ပျံသန်းပြီးနောက်တွင် နှင်းတောင်ကို ဖြတ်ကျော်လျက် နဂါးကြီးတစ်ကောင်ကဲ့သို့ ဝပ်စင်းနေသော မြစ်လမ်းကြောင်းတစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ထိုမြစ်မှာ အလွန်ရှည်လျားပြီး အစနှင့် အဆုံးကို မမြင်ရပေ။

"ရောက်ပြီ၊ ဒါက အအေးမြစ် ပဲ"

ဝူထိုက်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"နောက် ဘာဆက်လုပ်မလဲ ရွှမ်ဖျင့်မိစ္ဆာသားရဲကို ဘယ်လိုဖမ်းမလဲ ဒီသားရဲက အထက်ဘုံလောက က လာတာဆိုတော့ သူ့ရဲ့ အစွမ်းကလည်း မသေးဘူး မဟုတ်လား"

ရှုချန်ဖုန်းက မေးသည်။

"ရိုးရိုးလေးပါပဲ ရွှမ်ဖျင့်မိစ္ဆာသားရဲက အအေးဓာတ်ကို ကြိုက်တယ် ဒါပေမဲ့ အအေးသက်သက်က အသက်မရှင်နိုင်ဘူး အပူသက်သက်ကလည်း မကြီးထွားနိုင်ဘူး ဆိုတဲ့ အခြေခံသဘောတရားကို အားလုံး သိကြမှာပါ"

ဝူထိုက်က ပြုံး၍ ဆိုသည်

"ရွှမ်ဖျင့်မိစ္ဆာသားရဲက အပူဓာတ် နဲ့ အချိန်ကြာမြင့်စွာ မထိတွေ့ရဘူးဆိုရင် သူ့ရဲ့ အစွမ်းက ကလေးဘဝအဆင့်မှာပဲ ရှိနေပြီး ကြီးထွားလာမှာ မဟုတ်ဘူး သူတို့ အကြိုက်ဆုံး အစားအစာကတော့ သွေးအရှိန်အဝါ ထူထပ်တဲ့ အစားစာ တွေပဲ"

"ဒီနေရာက စွန့်ပစ်ခံထားရတာ ကြာပြီဆိုတော့ ဘယ်သူမှ သူတို့ကို အစာကျွေးမယ့်သူ မရှိဘူး ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံမှုက သိပ်မမြင့်နိုင်ဘူး"

"ဒါကို ဘာလို့ စောစောမပြောတာလဲ ကျုပ်တို့ နတ်မိစ္ဆာပင်လယ်ထဲကနေ သားရဲအချို့ကို ဖမ်းပြီး ယူလာခဲ့လို့ ရတာပဲ"

ရှုချန်ဖုန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။

"လတ်လတ်ဆတ်ဆတ် ဖြစ်ရမယ် သေနေတဲ့ အရာကို သူတို့ မစားဘူး"

ဝူထိုက်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်

"ပြီးခဲ့တဲ့ တစ်ခေါက်က ကျုပ်တို့ ဒီအချက်ကို သတိမထားမိလိုက်လို့ ရွှမ်ဖျင့်မိစ္ဆာသားရဲကို မဖမ်းနိုင်ခဲ့တာ ဒီတစ်ခါတော့ အဲဒီအမှားမျိုး ထပ်မဖြစ်စေရဘူး"

"လတ်လတ်ဆတ်ဆတ် ဒီနေရာမှာ ဘယ်မှာ လတ်လတ်ဆတ်ဆတ်နဲ့ သွေးအရှိန်အဝါ ထူထပ်တဲ့ အသားစာ ရှိလို့လဲ"

ရှုချန်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"အဲဒါကြောင့်ပဲ အားလုံးကို အတူတူ လိုက်ခဲ့ဖို့ လိုအပ်တာပေါ့"

ဝူထိုက်က သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေး ဆိုသည်။

"မင်း ဒီလိုပြောတာ... ဘာကို ဆိုလိုတာလဲ"

ရှုချန်ဖုန်းနှင့် ထိုဝိညဉ်သန္ဓေသား နတ်မျိုးစေ့များမှာ ခန္ဓာကိုယ်ကြီး တုန်ခါသွားပြီး ဝူထိုက်ကို သံသယအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

"ကျုပ်တို့ ကျန့်မော့ကျွန်းက အလယ်လတ် ဝိညာဉ်ကျောက်တုံးတွေကို နေရာတကာ အလကား ဖြုန်းတီးနေတယ်လို့ ခင်ဗျားတို့ တကယ်ပဲ ထင်နေတာလား ဒီတစ်ခေါက် အားလုံးကို ခေါ်လာတာကလည်း ခင်ဗျားတို့ဟာ ဒီငွေနဲ့ ထိုက်တန်တယ်ဆိုတာကို ပြသဖို့ပဲလေ"

ဝူထိုက်က တည်ငြိမ်စွာ ဆိုသည်။

ရှုချန်ဖုန်းသည် ဘာမှမပြောတော့ဘဲ ဝူထိုက်ကို ဖမ်းဆီးရန် လုပ်လိုက်သည်။

သို့သော် သူ၏ ဝိညာဉ်စွမ်းအားက စတင်လှုပ်ရှားရုံရှိသေး ဟင်းလင်း ပြင်ပထဲမှ မမြင်ရသော နှင်တံတစ်ခု ရောက်ရှိလာပြီး ရှုချန်ဖုန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ရှုချန်ဖုန်းမှာ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် နတ်မျိုးစေ့ ဖြစ်သော်လည်း ထိုနှင်တံအောက်တွင် ချက်ချင်းပင် သတိလစ် မေ့မြောသွားတော့သည်။

ကျန်ရှိသော ဝိညဉ်သန္ဓေသား နတ်မျိုးစေ့များမှာ မလှုပ်ရဲတော့ဘဲ ဝူထိုက်၏ အနောက်ဘက်သို့ ကြည့်လိုက်ကြရာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူအုပ်ကြီး တစ်အုပ်ကို တွေ့လိုက်ရသည်။

"နတ်ရိုက်နှင်တံ မဟာချဲ့ထွင်းဂိုဏ်း က ကျင့်ကြံသူတွေလား"

ဖန့်ချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဟဲဟဲ... မထင်မှတ်ထားဘူးပဲ လင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဖန့်ဓားဦးဆောင်သူ ကိုယ်တိုင်တောင် ဒီလောက်ဝေးတဲ့ နေရာကို ရောက်လာလိမ့်မယ်လို့ တကယ့်ကို အံ့ဩစရာပဲ... ဟားဟားဟားဟား..."

အောင်နိုင်သူ တစ်ဦး၏ မာန်မာန၊ ရိုင်းစိုင်းမှုနှင့် အားရကျေနပ်မှုများ ပြည့်နှက်နေသော ရယ်သံမှာ နှင်းတောင်ကြီးကို တုန်ခါသွားစေသည်။

အကယ်၍သာ အအေးဓာတ်ကြောင့် နှင်းများ ခဲမနေပါက နှင်းပြိုမှုပင် ဖြစ်သွားနိုင်လောက်သည်။

All Chapters