အခန်း (၇၈၅-၇၈၆)
Vol. 79 Ch. 785-786
အခန်း (၇၈၅) နီရဲသော သစ်သားနတ်ခေါင်းတလား
ငါးဟပ်ပြီလား
လူတိုင်း မှင်သက်သွားကြသည်။
ရှုချန်ဖုန်းနှင့် လူစု၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။
အကယ်၍ တစ်ဖက်လူက သူတို့အလိုရှိသော ရွှမ်ဖျင့်မိစ္ဆာသားရဲကို ရရှိသွားလျှင် သူတို့အတွက် အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်သည် မဟုတ်ပါလား
တာအိုအဖိုးကြီးက ချက်ချင်းပင် ချိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ကာ ကမ်းပေါ်သို့ အဆက်မပြတ် ဆွဲတင်တော့သည်။
ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ဝူထိုက်တို့၏ အာရုံမှာလည်း အအေးမြစ်ပေါ်သို့ ရောက်ရှိနေပြီး မြစ်ပြင်ကို သေချာစိုက်ကြည့်နေကြသည်။
"တက်လာစမ်း"
တာအိုအဖိုးကြီးက ဟိန်းဟောက်လိုက်ရင်း ချိတ်ကြိုးကို အားကုန်ဆွဲလိုက်ရာ၊ ချိတ်ကြိုးတစ်ခုလုံး ရေပေါ်သို့ ဝုန်းကနဲ တက်လာပြီး ၎င်းနှင့်အတူ နီရဲနေသော သစ်သားခေါင်းတလားကြီး တစ်လုံး ပါလာလေသည်။
ဘုန်း
နီရဲသော သစ်သားခေါင်းတလားမှာ ကမ်းပါးပေါ်သို့ ကျလာသည်။
ခုနက ငါးစာအဖြစ် အသုံးပြုခံရသော ဝိညဉ်သန္ဓေသား နတ်မျိုးစေ့မှာ ယခုအခါ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ဖြင့် ထိုခေါင်းတလားကြီးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။
သူ၏ မျက်လုံးများမှာ မီးခိုးရောင်သန်းနေပြီး သေဆုံးသွားသည်မှာ ကြာပြီဖြစ်ကြောင်း ထင်ရှားလှသည်။
ခန္ဓာကိုယ်တင်မကဘဲ ဝိညဉ်သန္ဓေသားပါ အေးခဲသေဆုံးသွားခြင်းပင်။
"ဒါက ဘာကြီးလဲ"
ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ဝူထိုက်တို့မှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
ဒီအအေးမြစ်ထဲမှာ ဘာကြောင့် နီရဲတဲ့ သစ်သားခေါင်းတလားတစ်လုံး ရှိနေရတာလဲ ပြီးတော့ ဘယ်လိုမျိုး ခေါင်းတလားမျိုးက အအေးမြစ်ထဲမှာ စိမ်ထားတာတောင် မပျက်စီးဘဲ ရှိနေနိုင်တာလဲ
သူတို့ အရင်က စမ်းသပ်ဖူးသည်မှာ အလွန်ပြင်းထန်သော အပူဓာတ်ရှိသည့် ရတနာပစ္စည်းများဖြင့် ပြုလုပ်ထားသော မှော်ရတနာများ မဟုတ်လျှင်၊ အအေးမြစ်ထဲ ရောက်သည်နှင့် ချက်ချင်း အမှုန့်ဖြစ်သွားမည်သာ ဖြစ်သည်။
ရှုချန်ဖုန်းနှင့် လူစုမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
ရွှမ်ဖျင့်မိစ္ဆာသားရဲ ငါးစာဟပ်ပြီဟု ထင်ခဲ့သော်လည်း ပေါ်လာသည်မှာ နီရဲသော သစ်သားခေါင်းတလားကြီး ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ...။
"မှန်လေး ဘာလို့ ဒီအအေးမြစ်ထဲမှာ နီရဲတဲ့ သစ်သားခေါင်းတလားကြီး မြှုပ်နှံထားရတာလဲ"
ဖန့်ချန်၏ အမူအရာမှာ တည်ငြိမ်လေးနက်နေသည်။
ထိုဝိညဉ်သန္ဓေသား နတ်မျိုးစေ့က မသေခင် ခေါင်းတလားကို ဖက်တွယ်ထားခဲ့သည်မှာ သေခါနီး တုံ့ပြန်မှုလား၊ သို့မဟုတ် ပြင်ပအင်အားတစ်ခုခုကြောင့်လား
စကြာဝဠာမှန်
"ဒါက ဝိညာဉ်လောကသို့ သွားခြင်း နဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောလို့ရမယ် မတော်တဆမှု မရှိရင်တော့ ဒီခေါင်းတလားက မသေမျိုးခေါင်းတလား ပဲအတွင်းမှာ နတ်ဘုရားတစ်ပါးကို မြှုပ်နှံထားတာ"
နတ်ဘုရတစ်ပါးကို မြှုပ်နှံထားတာလား ပီထုနတ်ဘုရားလား ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။
ထိုနတ်ဘုရားသည် သူ၏ လူသားကမ္ဘာရှိ ဂူဗိမာန်ကို တစ်ခါမှ စွန့်ခွာမသွားဘဲ သေဆုံးပြီးနောက် မိမိကိုယ်ကိုယ် ဤနေရာမှာပင် မြှုပ်နှံခဲ့သည်လား
သို့သော်... ၎င်းက ဝိညာဉ်လောကသို့ သွားခြင်း နှင့် မည်သို့ ပတ်သက်နေသနည်း
ဖန့်ချန်က အသေးစိတ်ကို မေးမြန်းချင်သော်လည်း လိုအပ်သော အလယ်အလတ် ဝိညာဉ်ကျောက်တုံးပမာဏမှာ မနည်းလှသဖြင့် ထိုအတွေးကို ခေတ္တလက်လျှော့လိုက်ရသည်။
"စီနီယာရွှီ... ရွှမ်ဖျင့်မိစ္ဆာသားရဲက ခေါင်းတလားထဲမှာ ရှိနေတာလား ဒီခေါင်းတလားက... မသေမျိုးခေါင်းတလား တစ်လုံး ဖြစ်နေမလား"
ထွားကျိုင်းသော လူလတ်ပိုင်းက လေးနက်စွာ မေးလိုက်သည်။
"အစ်ကိုကြီး... အစ်ကို့အဓိပ္ပာယ်က... အတွင်းမှာ ပီထုနတ်ဘုရားကို မြှုပ်နှံထားတာလား"
ဝူထိုက်၏ မျက်လုံးများ လင်းလက်သွားသည်
"တကယ်လို့ အဲဒါသာ မှန်ရင် ကျုပ်တို့ ခေါင်းတလားကို ဖွင့်ကြည့်သင့်တယ် နတ်ဘုရားရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကို ရနိုင်ကောင်း ရနိုင်မှာပဲ ဟိုဂိုဏ်းတွေက ပေးတဲ့ အမွေအနှစ်တွေက အခြေခံပညာတွေပဲလို့ ကျုပ် သံသယရှိနေတာ"
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် အထွတ်ထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေတောင် ရှိနိုင်တယ်"
ထွားကျိုင်းသော လူလတ်ပိုင်းက တာအိုအဖိုးကြီးကို လှည့်ကြည့်ကာ
"စီနီယာရွှီ... စီနီယာ ဘယ်လိုထင်လဲ"
တာအိုအဖိုးကြီးက နီရဲသော ခေါင်းတလားကို ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့်အတူ တုံ့ဆိုင်းမှုအချို့လည်း ရှိနေသည်။
ယခုတစ်ခေါက် တာဝန်အရ လာသည်မှာ ရွှမ်ဖျင့်မိစ္ဆာသားရဲကို ဖမ်းရန်သာ ဖြစ်သော်လည်း၊ အအေးမြစ်ထဲမှ ခေါင်းတလား တစ်လုံး ငါးမျှားမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"တကယ်လို့ အတွင်းမှာ နတ်ဘုရတစ်ပါးကို မြှုပ်နှံထားတာဆိုရင် သူက နောက်လူတွေ ခေါင်းတလားဖွင့်မှာကို တားဆီးဖို့ နည်းလမ်းတစ်ခုခု သေချာပေါက် ထားခဲ့မှာပဲ ခေါင်းတလားကို ဇွတ်ဖွင့်ရင် ဘေးအန္တရာယ်တွေ ကြုံရနိုင်တယ်"
တာအိုအဖိုးကြီးက ခဏစဉ်းစားပြီးနောက်
"ဒီနီရဲတဲ့ သစ်သားခေါင်းတလားကို ငါအရင် သိမ်းထားမယ် ပြီးရင် မဟာချဲ့ထွင်းဂိုဏ်းကို ပြန်သယ်သွားပြီး မသေမျိုးဘုရင် ကို ဆုံးဖြတ်ခိုင်းတာပေါ့"
"ဒါကတော့ သိပ်မကောင်းဘူးထင်တယ်... ဒါကို ကျုပ်တို့ အတူတူ ရှာတွေ့ခဲ့တာလေ ကျန့်မော့ကျွန်းမှာလည်း ဝေစုတစ်စု ရှိသင့်တာပေါ့"
ဝူထိုက်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
ထွားကျိုင်းသော လူလတ်ပိုင်းကလည်း ခေါင်းညိတ်သည်
"ကျန့်မော့ကျွန်းမှာလည်း တကယ်ပဲ ဝေစုရှိသင့်ပါတယ်"
"ဘာလဲ မင်းတို့က ငါ့လက်ထဲကနေ ဒီခေါင်းတလားကို လုချင်တာလား"
တာအိုအဖိုးကြီးက ရုတ်တရက် အေးစက်စက် ပြုံးလိုက်ပြီး သူတို့နှစ်ဦးကို စိုက်ကြည့်လိုက်သည်။
ရှုချန်ဖုန်းနှင့် လူစုမှာ သတိပြန်ဝင်လာကြပြီး ထိုသူသုံးဦးကို တိတ်တဆိတ် ကြည့်နေကြသည်။
သူတို့အချင်းချင်း ခွေးကိုက်ကြပြီး တိုက်ပွဲဖြစ်ပွားပါက ယနေ့ သူတို့ လွတ်မြောက်ရန် အခွင့်အရေး ရကောင်းရနိုင်သည် မဟုတ်ပါလား။
ထိုမျှမက...
ဒီခေါင်းတလားရဲ့ ကံတရားကလည်း သူတို့အတွက် ဝေစုဖြစ်လာနိုင်သည်လေ
ဖန့်ချန်က အကြည့်တစ်ချက် ဝေ့လိုက်ပြီးနောက် ချက်ချင်းပင် ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေလိုက်သည်။
သို့သော် ယခုတစ်ခေါက်တွင် သူသည် အအေးမြစ်ထဲသို့ မသွားဘဲ လာခဲ့သော လမ်းဘက်သို့ ပျံသန်းသွားလေသည်။
သိပ်မဝေးသော နေရာတွင် အဖိုးအိုတစ်ဦးသည် ကောင်းကင်ယံ၌ လက်နောက်ပစ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
ထိုအဖိုးအိုဆီမှ ထွက်ပေါ်နေသော ကျင့်စဉ်အရှိန်အဝါမှာ ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ဝူထိုက်တို့နှင့် အလွန်ဆင်တူသဖြင့် ကျန့်မော့ကျွန်းမှ ကျင့်ကြံသူဖြစ်ကြောင်း ထင်ရှားလှသည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာမူ အနည်းဆုံး တာအို ပေါင်းစပ်ခြင်းအဆင့် ရှိပေမည်
"ကျန့်မော့ကျွန်းက တကယ်ပဲ နောက်ကွယ်မှာ အစီအစဉ်တွေ ထားခဲ့တာပဲ မဟာချဲ့ထွင်းဂိုဏ်းနဲ့ ပူးပေါင်းတယ်ဆိုပေမဲ့ သူတို့ စိတ်ဓာတ်ကတော့ မရိုးသားဘူး..."
ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချမိသည်။
အကယ်၍ ခုနက နီရဲသော မသေမျိုးခေါင်းတလားသာ ပေါ်မလာခဲ့လျှင် သူက ဓာတ်ငါးပါးစစ်သည်တော် အဆောင်ကို ထုတ်သုံးလိုက်သည်နှင့် ထိုတာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူက ချက်ချင်း ရောက်လာပေလိမ့်မည်။
သူ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသောအခါ၊ ဝူထိုက်၏ မဲ့ပြုံးပြုံးကာ ပြောနေသော စကားသံကို ကြားလိုက်ရသည်
"စီနီယာရွှီ... ပူးပေါင်းဆောင်ရွက်တယ်ဆိုကတည်းက အရာရာကို တရားမျှတမှုအပေါ်မှာပဲ အခြေခံသင့်ပါတယ် ဒီတစ်ခါ ကျုပ်တို့ ကျန့်မော့ကျွန်းက လူအားရော ငွေအားပါ အများကြီး ရင်းနှီးထားတာလေ အခု ဒီမသေမျိုးခေါင်းတလားကို ငါးမျှားမိပြီဆိုတော့ ကျုပ်တို့မှာ ဝေစုရှိသင့်တာပေါ့"
တာအိုအဖိုးကြီးက အေးစက်စွာ နှာခေါင်းရှုံ့သည်
"နေမင်းရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ ချိတ်ကြိုးသာ မရှိရင် ဒီခေါင်းတလားကို ငါးမျှားမိမှာ မဟုတ်ဘူး ပြီးတော့ ငါက တစ်ယောက်တည်း သိမ်းချင်နေတာ မဟုတ်ပါဘူး မသေမျိုးဘုရင်ကြီးကို ပြချင်လို့ပါ တကယ်လို့ ကောင်းတာတွေ ရှိရင်လည်း မင်းတို့ ကျန့်မော့ကျွန်းကို ချန်ထားမှာ မဟုတ်ပါဘူး"
"အစ်ကိုကြီး ဒီတာအိုဂိုဏ်း ကျင့်ကြံသူတွေနဲ့ ပူးပေါင်းတာက ကျားနာနဲ့ အသားဖလှယ်တာပဲလို့ ကျုပ် အစကတည်းက ပြောသားပဲ"
" မဟုတ်ရင် ဒီမသေမျိုးခေါင်းတလားကို ကျုပ်တို့ဘာသာ သိမ်းလိုက်ကြရအောင် ဟို ဝိညာဉ်လောကသို့ သွားခြင်း ဆိုတာကိုလည်း ကျုပ်တို့ဘာသာပဲ သွားလိုက်ကြတာပေါ့ လောကမှာ တာအိုအမွေအနှစ်ဆိုတာ သူတို့ဆီမှာပဲ ရှိတာမှ မဟုတ်တာ"
ဝူထိုက်က ပြုံးပြုံးလေး ပြောလိုက်သည်။
တာအိုအဖိုးကြီးက ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိသွားသည်
"ဝိညာဉ်လောကသို့ သွားခြင်း မင်းတို့လိုကောင်တွေကများ ဝိညာဉ်လောကသို့ သွားခြင်း ကို လုပ်ချင်သေးတယ်ပေါ့ မင်းတို့ နတ်သားရဲကြီး သုံးမျိုး အကြောင်း သိလို့လား အအေးဓာတ်နတ်သားရဲ နာမည်က ဘာလဲ ဘယ်လိုပုံစံလဲဆိုတာ မင်းတို့ သိလို့လား ဘာမှမသိဘဲနဲ့ ဝိညာဉ်လောကသို့ သွားခြင်း ကို လုပ်မယ်လို့ ဘယ်လိုတောင် ကြွားဝါရဲရတာလဲ"
"မင်းတို့သာ ဒီလိုလုပ်ရင် ငါတို့ တာအိုဂိုဏ်းကြီး သုံးခုက မဟာမိတ်စာချုပ်ကို ဖျက်သိမ်းလိုက်တာကို အပြစ်မတင်နဲ့ မင်းတို့ရဲ့ ကျွန်းသခင်လည်း သူ့ရဲ့ ဝူမျိုးနွယ် ဘိုးဘေးတွေနဲ့ ပြန်ဆုံဖို့ မမျှော်လင့်နဲ့တော့ နှစ်ပေါင်းများစွာ ပြတ်တောက်နေတဲ့ အမွေအနှစ်တွေကို သူတို့ဆီကနေ ရဖို့လည်း မကြိုးစားနဲ့တော့"
"သေချာ စဉ်းစားကြစမ်း အဲဒီ အမွေအနှစ်တွေက ပိုအရေးကြီးသလား အခု ရှေ့က ခေါင်းတလားက ပိုအရေးကြီးသလား"
"ဝိညာဉ်လောကသို့ သွားခြင်း ဘိုးဘေးတွေ"
ဖန့်ချန် စိတ်ထဲတွင် ရိပ်မိသွားသည်။
တစ်ဖက်လူပြောသော ဝိညာဉ်လောကသို့ သွားခြင်း ဆိုသည်မှာ ငရဲပြည် (သို့မဟုတ်) မြေအောက်ကမ္ဘာသို့ သွားခြင်းကို ဆိုလိုခြင်းလော
သို့သော်... ထိုကဲ့သို့ နေရာမျိုးက တကယ်ပဲ ရှိသလား၊ သို့မဟုတ် မသေမျိုး နယ်မြေဟောင်းများကဲ့သို့သော နေရာမျိုးလာ
"စီနီယာရွှီ... စီနီယာက အခုပဲ ဒီမသေမျိုးခေါင်းတလားကို ဖွင့်ပြမလား ဒါမှမဟုတ် ကျုပ်တို့က ကျန့်မော့ကျွန်းကို သယ်သွားရမလား ဒီရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် တစ်ခုခုကို ရွေးလိုက်ပါ"
ဝူထိုက်က အေးအေးဆေးဆေးပင် ပြောလိုက်သည်
"ကျုပ်တို့ ဝူမျိုးနွယ်ရဲ့ အမွေအနှစ်တွေက အရေးကြီးတာ မှန်ပေမဲ့ မသေမျိုးရဲ့ အမွေအနှစ်ကလည်း အတူတူပဲ အရေးကြီးတာပဲ"
"ငါက မင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ် ခုနက မင်းတို့ပြောတဲ့ စကားတွေကို ငါမကြားခဲ့ဘူးလို့ မှတ်ယူမယ် မသေမျိုးခေါင်းတလားကို ငါသယ်သွားမယ် ရွှမ်ဖျင့်မိစ္ဆာသားရဲကိုတော့ ဆက်မျှားမယ် မင်းတို့ ကျန့်မော့ကျွန်းနဲ့ တာအိုဂိုဏ်းကြီး သုံးခုရဲ့ ကတိကဝတ်ကလည်း အရင်အတိုင်းပဲ မပြောင်းလဲဘူး"
တာအိုအဖိုးကြီးက အေးစက်စွာ ပြောလိုက်သည်။
ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သူ၏ ပတ်ဝန်းကျင်တွင် စုစည်းလာသည်။
အကယ်၍ ထိုသူနှစ်ဦးက သဘောမတူပါက သေဘေးနှင့် ရင်ဆိုင်ရတော့မည့်အလား ဖြစ်နေသည်။
"စီနီယာရွှီ လူငယ်တွေရဲ့ စကားကို ဘာလို့ စိတ်ထဲ ထည့်နေတာလဲ ကျုပ်တို့ ကျန့်မော့ကျွန်းနဲ့ တာအိုဂိုဏ်းကြီး သုံးခုရဲ့ ကတိကဝတ်က မပြောင်းလဲပါဘူး"
အိုမင်းရင့်ရော်သော အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း မှင်သက်သွားကြသည်။ ဒီမှာ နောက်ထပ် လူတစ်ယောက် ရှိနေသေးတာလား
ရှုချန်ဖုန်းနှင့် လူစုမှာ လှည့်ကြည့်လိုက်ကြရာ၊ အဖိုးအိုတစ်ဦးသည် ဝူထိုက်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းတို့၏ အနောက်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုသူနှစ်ဦးက လက်အုပ်ချီ ဦးညွှတ်ကာ အကြီးကဲဟု ခေါ်ဆိုလိုက်ကြပြီးနောက် တာအိုအဖိုးကြီးကို လှောင်ပြုံးပြုံး၍ ကြည့်လိုက်ကြသည်။
"ချင်မန် မင်းတို့ ကျန့်မော့ကျွန်းက တကယ်ပဲ ကြိုတင်ပြင်ဆင်ထားတာပဲ မင်းကိုတောင် လွှတ်လိုက်တယ်ပေါ့ မင်းက မင်းရဲ့ အငွေ့အသက်ကို ဘယ်လို ဖျောက်ထားတာလဲ ငါတောင် မင်းကို သတိမထားမိဘူး"
တာအိုအဖိုးကြီး၏ မျက်လုံးထဲတွင် ရုတ်တရက် စိုးရိမ်ရိပ်များ ပိုလာသည်။
ချင်မန်က ပြုံး၍ ဆိုသည်
"ခင်ဗျားတို့ တာအိုဂိုဏ်းသားတွေနဲ့ အရောင်းအဝယ် လုပ်တာဆိုတော့ သေချာပေါက် သတိထားရမှာပေါ့ ဒါက ကျွန်းသခင်ရဲ့ မူရင်းစကားပဲ အခုကြည့်ရတာ တကယ်လည်း မှန်နေတာပဲ"
"ဒါဆိုရင်တော့ ကျုပ်တို့ တစ်ယောက်တစ်လှမ်းစီ ဆုတ်ကြတာပေါ့ ဒီမှာတင် မသေမျိုးခေါင်းတလားကို ဖွင့်ပြီး အတွင်းမှာ ဘာရှိလဲဆိုတာ ကြည့်လိုက်ကြရအောင်"
တာအိုအဖိုးကြီးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ချင်မန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်
"မသေမျိုးခေါင်းတလားကို ကျုပ်က ကျန့်မော့ကျွန်းကို သယ်သွားမယ်ရွှမ်ဖျင့်မိစ္ဆာသားရဲကိုလည်း ကျုပ်ပဲ ဆက်မျှားမယ်"
"ဒါဆို ငါကရော"
တာအိုအဖိုးကြီး၏ မျက်လုံးများ မှေးစပြုလာသည်။
"ခင်ဗျားကို ငါးစာအဖြစ် သုံးလိုက်ရင် ရွှမ်ဖျင့်မိစ္ဆာသားရဲက ပိုမြန်မြန် ငါးဟပ်လိမ့်မယ်လို့ ကျုပ် ထင်တယ်လေ၊ ဟုတ်တယ်မလား"
ချင်မန်က ပြုံး၍ ဆိုသည်။
တာအိုအဖိုးကြီးမှာ ထိတ်လန့်ဒေါသထွက်သွားသည်။
တစ်ဖက်လူက မဟာမိတ်စာချုပ်ကို ဖျက်သိမ်းရုံတင်မကဘဲ သူ့ကိုပါ ငါးစာအဖြစ် သုံးချင်နေသည် မဟုတ်ပါလား
ရှုချန်ဖုန်းနှင့် လူစု၏ မျက်နှာများမှာ ထူးဆန်းသွားကြသည်။
ခုနကအထိ တခြားသူတွေကို ငါးမျှားနေတဲ့သူက ခုတော့ သူကိုယ်တိုင် ငါးစာဖြစ်တော့မှာကိုး...။
လေထုက တင်းမာလွန်းသဖြင့် ပေါက်ကွဲထွက်တော့မည့် အချိန်မှာပင်... နီရဲသော သစ်သားခေါင်းတလားမှာ ရုတ်တရက် လှုပ်ရှားလာသည်။
ခေါင်းတလားအဖုံးမှာ လက်မအနည်းငယ်မျှ ဘေးသို့ ရွေ့သွားပြီးနောက်၊ ဖြူဖျော့ဖျော့ လက်တစ်ဖက်က အတွင်းမှ ထွက်ပေါ်လာလေတော့သည်။
အခန်း (၇၈၆) စီနီယာအစ်ကိုက မင်းကို စောင့်နေရတာ တကယ်ကို ပင်ပန်းလှပြီ
လူတိုင်းသည် ထိုဖြူဖျော့ဖျော့ လက်ဖဝါးကို စုပြုံကြည့်လိုက်ကြရာ၊ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများက အတိုင်းအဆမရှိ လျှံထွက်နေတော့သည်။
တာအိုအဖိုးကြီးက ဘာမှမပြောတော့ဘဲ ချက်ချင်းပင် ဆယ်တောင်ကျော်ခန့် နောက်သို့ ဆုတ်ခွာသွားသည်။
ချင်မန်ကလည်း ဝူထိုက်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းကို ခေါ်ဆောင်ကာ အကွာအဝေးတစ်ခုအထိ နောက်ဆုတ်သွားသည်။
သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေသော်လည်း ထွက်သွားရန်တော့ မလိုလားပေ။
နတ်ဘုရားကံတရား ဆိုသည်မှာ ရခဲလှသည်။
အကယ်၍ ယနေ့ ပီထုဂူဗိမာန်အတွင်း၌ ကောင်းကင်ဘုံကပေးသော ကံတရားတစ်ခုကို တကယ်သာ ရရှိနိုင်မည်ဆိုလျှင်၊ ကောင်းကင်ယံအထိ ကြီးမားသော ဘေးအန္တရာယ်ရှိနေပါစေဦးတော့ စမ်းသပ်ကြည့်ရပေမည်။
ဖန့်ချန်က သက်ပြင်းတစ်ချက်ချလိုက်ကာ မိုးကြိုးအတတ်ဖြင့် ဓာတ်ငါးပါးစစ်သည်တော် အဆောင် ကို လှုံ့ဆော်လိုက်သည်။
ထိုအခါ မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော စစ်သည်တော် နှစ်ဦးသည် ဖန့်ချန်၏ ဘေးတွင် ရုတ်ခြည်း ပေါ်လာပြီး ဖန့်ချန်၏ ကိုယ်ပေါ်မှ ရွှေရောင်ကြိုးများကို လက်တစ်ချက်တည်းနှင့် ဆွဲဖြတ်ပစ်လိုက်သည်။
၎င်းတို့၏ အကာအကွယ်အောက်တွင် ဖန့်ချန်သည် ပေပေါင်း တစ်ရာခန့် နောက်သို့ ဆုတ်ခွာလိုက်သည်။
အကယ်၍ ဘေးအန္တရာယ်တစ်ခုခု ရှိလာပါက သူသည် ပထမဆုံးအချိန်မှာပင် ထွက်ပြေးနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် ဓာတ်ငါးပါးစစ်သည်တော် အဆောင်ကို လှုံ့ဆော်လိုက်ခြင်းမှာလည်း အခြေအနေအရ မလွှဲမရှောင်သာ၍ ဖြစ်သည်။
နီရဲသော ခေါင်းတလားအတွင်းရှိ လက်ပိုင်ရှင်မှာ မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို သူ မသိနိုင်ပေ။
ဘေးအန္တရာယ်က ရှေ့မှောက်ရောက်လာမှ စောင့်နေလျှင်တော့ နောက်ကျသွားပေလိမ့်မည်။
ထိုနေရာရှိ လူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ ပျက်သွားကြသည်။
ဝူထိုက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထွားကျိုင်းသော လူလတ်ပိုင်း၏ မျက်နှာတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
ချင်မန်၏ အကြည့်က လေးနက်သွားသည်။
ထိုမိုးကြိုးဖြင့် ဖွဲ့စည်းထားသော စစ်သည်တော် နှစ်ဦးမှာ လုံးဝ မရိုးရှင်းပေ။
သူကဲ့သို့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုစစ်သည်တော်များထံမှ ဘေးအန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။
တာအိုအဖိုးကြီးသည် ဖန့်ချန်ကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာမှာ တစ်လှည့်စီ ပြောင်းလဲနေသည်။
တစ်ဖက်လူက အစကတည်းက လျှို့ဝှက်လက်နက် ချန်ထားခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
အကယ်၍ နောက်ပိုင်းတွင် ထိုမျှလောက် များပြားသော အပြောင်းအလဲများ မဖြစ်ပေါ်ခဲ့လျှင် သူသည် ပုစဉ်းကို ဖမ်းသည့် ပုဇွန်တုတ် နောက်က ပါလာသည့် ငှက်ခါး ကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား
ဝူထိုက်၏ အမူအရာမှာ ထူးဆန်းသွားပြီး၊ ၎င်းကို သူလည်း တွေးမိပုံရကာ စိတ်ထဲမှ တုန်လှုပ်နေမိသည်။
"ဘာလို့ သူက ဒီလောက်အထိ မာနကြီးနေတာလဲဆိုတာ မဆန်းတော့ဘူးပဲ ဒါပေမဲ့ အစတုန်းက ဘာလို့ ဝူထိုက်ကို ဖားနေသလိုမျိုး လုပ်ခဲ့တာလဲ"
ရှုချန်ဖုန်းမှာ သံသယများဖြင့် ဝေခွဲမရ ဖြစ်နေသည်။
ထိုစဉ်မှာပင် နီရဲသော ခေါင်းတလားက ထပ်မံ ပွင့်လာပြန်သဖြင့် လူတိုင်း၏ အာရုံမှာ ဖန့်ချန်ထံမှ ခေါင်းတလားဆီသို့ ပြန်ရောက်သွားကြသည်။
"လေးလံလိုက်တာကွာ ငါ့ကို ဖွင့်ပေးစမ်း"
ခေါင်းတလားထဲမှ စိတ်မရှည်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ခေါင်းတလားအဖုံးမှာ ဖိအားကို မခံနိုင်တော့ဘဲ ဘေးသို့ တည့်တည့်ကြီး လွင့်စဉ်ကျသွားတော့သည်။
လူတိုင်း၏ အမူအရာမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
လူရှင်ကြီးလား
အလွန်ပင် သာမန်ကာလျှံကာ ရုပ်ရည်ရှိသော လူငယ်တစ်ဦးသည် ခေါင်းတလားထဲမှ ထထိုင်လိုက်ပြီးနောက် လူတိုင်းကို တစ်ချက်ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်
"နတ်တံခါး (နတ်ဂိုဏ်း) တပည့်တွေလား စိတ်ဝင်စားဖို့ကောင်းသားပဲ ငါ့ရဲ့ ဂူဗိမာန်ကိုတောင် မဆင်မခြင် ဝင်ရဲကြတယ်ပေါ့ တကယ်ကို အသက်ရှင်ရတာ ငြီးငွေ့နေကြတာပဲ"
" မင်းတို့ရဲ့ ဂိုဏ်းက အကြီးအကဲတွေက မင်းတို့ကို မပြောပြဘူးလား နတ်ဘုရားတစ်ပါးရဲ့ နေအိမ်ကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်တာက သေဒဏ်ထိုက်တဲ့ အပြစ်ဆိုတာကိုလေ"
လူတိုင်း ထိတ်လန့်သွားကြသည်။
တစ်ဖက်လူက ထိုသို့ပြောလိုက်ခြင်းမှာ သူ၏ နောက်ခံကို သက်သေပြလိုက်ခြင်းပင်
"အရှင်... အရှင်က ပီထုနတ်ဘုရား လား"
ချင်မန်က သတိကြီးစွာဖြင့် မေးလိုက်သည်။
"သောက်ပိုတွေ"
လူငယ်က ချင်မန်ကို အေးစက်စက် ကြည့်လိုက်သည်။
ချင်မန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်၊ ဝမ်းသာအားရဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်
"နောက်မျိုးဆက် ချင်မန်က မသေမျိုးနတ်ဘုရားကို ဂါရဝပြုပါတယ် လူသားလောကမှာ မသေမျိုးနတ်ဘုရား ကျန်ရှိနေသေးတယ်ဆိုတာ မထင်ထားခဲ့ပါဘူး ဒါက လူသားလောကရဲ့ ကံကောင်းခြင်းပါပဲ"
"မျိုးဆက်သစ် ရွှီစစ်ကျိုက ပီထုနတ်ဘုရားကို ဂါရဝပြုပါတယ်"
တာအိုအဖိုးကြီးကလည်း အလျင်အမြန် ဒူးထောက်လိုက်ရသည်။
သူ၏ စိတ်ထဲတွင်မူ အတိုင်းအဆမရှိ ထိတ်လန့်နေမိသည်။
လူသားလောကမှာ တကယ်ပဲ မသေမျိုးနတ်ဘုရားတစ်ပါး အသက်ရှင်နေသေးတာလား ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် တစ်လောကလုံး တုန်လှုပ်သွားပေလိမ့်မည်။
ကျုံးကျိုး ၊ တိထျန်း နဲ့ ပေတု က ဂိုဏ်းချုပ်ကြီးတွေတောင် အလုအယက် ရောက်လာကြမှာပဲ
"အဲဒီလိုတွေ လာမလုပ်နဲ့ ငါ့ရဲ့ ဂူဗိမာန်ကို ဘာလို့ ကျူးကျော်လာတာလဲဆိုတာ မပြောသေးဘူး ဒါကို ရှင်းရှင်းလင်းလင်း မပြောနိုင်ရင် မင်းတို့ တစ်ယောက်မှ ထွက်မသွားရဘူး"
လူငယ်က အေးစက်စွာ ဆိုသည်။
ဝူထိုက်က သတ္တိမွေးကာ ပြောလိုက်သည်
"နတ်ဘုရားရှင် လောကမှာ အရှင့်ကို ခန္ဓာကိုယ်ချုပ်ငြိမ်း (ပျံလွန်) သွားပြီလို့ သတင်းတွေ ထွက်နေတာပါ ကျုပ်တို့က နတ်ဘုရားကံတရားကို တောင်းခံဖို့ လာခဲ့တာပါ အရှင် မပျံလွန်သေးဘူးဆိုတာသာ သိရင် ကျုပ်တို့ ဘယ်လောက်ပဲ သတ္တိရှိရှိ ဒီနေရာကို ကျူးကျော်ရဲမှာ မဟုတ်ပါဘူး"
"ဘာ ငါသေပြီ ဟုတ်လား"
လူငယ်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ဦးခေါင်းကို တစ်ချက်ပုတ်လိုက်သည်
"အေး ဟုတ်သားပဲ ငါသေသွားတာ ကြာလှပြီပဲ အဲဒီကိစ္စကို မေ့လုနီးပါး ဖြစ်နေတာ "
သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းသွားပြီး၊ မျက်သူငယ်အိမ်များလည်း ပျောက်ကွယ်သွားကာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသကဲ့သို့ အရောင်အဝါ ကင်းမဲ့သွားသည်။
သူ၏ ဖြူဖျော့သော အရေပြားပေါ်တွင်လည်း အစက်အပြောက်များ အလိုအလျောက် ပေါ်လာတော့သည်။
လူတိုင်း ကြောင်သွားကြသည်။
ရှင်သန်နေသော မသေမျိုးနတ်ဘုရားတစ်ပါးဟု ထင်ခဲ့သော်လည်း ယခုတော့... ဒါက ဘာအခြေအနေကြီးလဲ
ချင်မန်ကဲ့သို့ နှစ်ပေါင်းများစွာ ကျင့်ကြံလာသော စီနီယာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူပင်လျှင် ဘာလုပ်ရမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"ငါ စဉ်းစားပါဦးမယ်"
လူငယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် ရုတ်တရက် အကြည့်ကို လွှဲလိုက်ကာ အနီးအနားတွင် တစ်ခုခုကို ရှာနေပုံရသည်။
ဖန့်ချန်ကို မြင်လိုက်ရသောအခါ သူသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားသည်
"ညီလေး... ညီလေး တကယ်ပဲ ရောက်လာတာပဲ စီနီယာအစ်ကိုက မင်းကို စောင့်နေရတာ တကယ်ကို ပင်ပန်းလှပြီ"
ညီလေး
လူတိုင်းက ဖန့်ချန်ကို အံ့ဩတကြီး လှည့်ကြည့်လိုက်ကြသည်။
ဒီပီထုနတ်ဘုရားလို့ ယူဆရတဲ့သူက ဓားဂိုဏ်းရဲ့ ဖန့်ဓားဦးဆောင်သူကို ညီလေး လို့ ခေါ်နေတာလား
သူတို့နှစ်ယောက်ရဲ့ ခေတ်ကာလကလည်း လုံးဝ မကိုက်ညီဘူးလေ
"နတ်ဘုရားရှင်... အရှင် လူမှားနေတာ မဟုတ်ပါလား ဒီလူက ကျင့်ကြံသက် အနှစ် (၁၀၀) ကျော်ပဲ ရှိသေးတာ အရှင့်ရဲ့ ညီလေး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဝူထိုက်က အလျင်အမြန် ပြောလိုက်သည်။
ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ချင်မန်တို့လည်း တစ်ခုခုကို တွေးမိပုံရကာ ဝင်ပြောကြသည်။
"ငါက ငါ့အဖေနဲ့ အမေကို မှားရင်မှားမယ် ငါ့ညီလေးကိုတော့ လုံးဝ မမှားဘူး"
လူငယ်က လှောင်ရယ်လိုက်သည်
"မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့ကို လာသင်ပြနေတာလား မင်းတို့က ဘာကောင်မို့လို့လဲ ထပ်ပြီး စကားများနေဦးမယ်ဆိုရင် မင်းတို့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်မယ်"
ချင်မန်တို့ သုံးဦးစလုံးမှာ လန့်သွားသဖြင့် ပါးစပ်ပိတ်သွားကြသော်လည်း မျက်နှာတွင် သံသယများ ပြည့်နေဆဲပင်။
"နတ်ဘုရားရှင်... အရှင် တကယ်ပဲ လူမှားနေတာပါ ဒီကောင်က နတ်ဘုရားရှင်နဲ့ ဂိုဏ်းတူ ဖြစ်စရာ အကြောင်း မရှိပါဘူး သူ့မှာ အဲဒီလောက်အထိ ကံတရား မရှိပါဘူး"
ရွှီစစ်ကျို က ရုတ်တရက် ဝင်ပြောသည်
"ကျုပ် အာမခံနိုင်ပါတယ် ဒီကောင်က အသက်သိပ်မကြီးသေးပါဘူး ပြီးတော့ နတ်ဘုရားရှင် ပျံလွန်ခဲ့တာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီဆိုတော့ ဒီကောင်နဲ့ ညီအစ်ကို တော်စပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ဖန့်ချန်၏ မျက်နှာမှာ ထူးဆန်းနေသည်။
ရှေ့က သေဆုံးနေတာ ကြာလှပြီဖြစ်တဲ့ ဒီနတ်ဘုရားက... တကယ်ပဲ လူမှားနေတာလား
"သူ့နာမည်က ဖန့်ချန် ဟုတ်တယ်မလား"
လူငယ်က တည်ငြိမ်စွာ မေးလိုက်သည်။
"..."
လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုမှအပ ဘာမှ မကျန်တော့ပေ။
ဝူထိုက်မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ဖန့်ချန်ကို ကြည့်ကာ အသံတုန်ဖြင့် ပြောလိုက်သည်
"မင်း... မင်းက လူဝင်စားပြီး ပြန်လည်ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လား "
ချင်မန်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းတို့၏ မျက်နှာများမှာ ဖြူရော်သွားကြသည်။
တာအိုအဖိုးကြီးမှာလည်း မယုံနိုင်စရာဖြစ်ကာ မျက်နှာတွင် သွေးမရှိတော့ဘဲ စိတ်ဓာတ်များ ပြိုလဲသွားပုံရသည်။
"စီနီယာက... ဘယ်သူလဲဗျ"
ဖန့်ချန်သည် သူ၏ ဘဝတွင် အဆန်းကြယ်ဆုံး ကိစ္စနှင့် ကြုံတွေ့နေရသည်ဟု ခံစားနေရသည်။
သေဆုံးနေတာ ကြာပြီဖြစ်တဲ့ နတ်ဘုရားတစ်ပါးက သူ့ကို ညီလေးလို့ ခေါ်တဲ့အပြင်၊ သူ့နာမည်ကိုပါ သိနေတာလား
ခဏနေဦး။
ဒါက ပယောဂ တစ်ခုခုများလား
ဖန့်ချန်၏ အကြည့်က တဖြည်းဖြည်း စူးရှလာသည်။
"မင်း ငါ့ကို မမှတ်မိဘူးဆိုရင်တောင် ရှူခွေ ကိုတော့ မှတ်မိသင့်တယ် မဟုတ်လား"
လူငယ်က ပြုံး၍ ပြောလိုက်သည်။
ရှူခွေကျန့်ရန်
သူနှင့် ခေတ်တူ မဟုတ်သော်လည်း သံသရာနတ်တံခါး မှာ အတူတူ နတ်မျိုးစေ့ ဖြစ်ခဲ့တဲ့ အစ်ကိုကြီးလား
ချက်ချင်းပင် ဖန့်ချန်၏ စိတ်ထဲတွင် သံသယများစွာ ပြေလည်သွားတော့သည်။
သံသရာနတ်တံခါးမှာ နတ်ဘုရားအသိ (၃) မျိုး ရှိသည်
အတိတ်၊ အနာဂတ် နှင့် လူသားလောက
ရှူခွေကျန့်ရန်က အတိတ် ကို နားလည်ထားသဖြင့် အနာဂတ်ကနေ အတိတ်ကို ပြန်လာနိုင်ခဲ့သည်။
ရှေ့က လူကတော့...အနာဂတ် ကို နားလည်ထားတာများလား သူက အတိတ်ကနေ လာတာလား
"ဒါဆိုရင်တော့ တကယ် စီနီယာအစ်ကိုကြီးပါပဲ"
ဖန့်ချန်က လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများသာ ကျန်တော့သည်။
"ရပါတယ် ရပါတယ် ညီလေးကို တွေ့ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး ညီလေး ဒီကိုလာတာ ရွှမ်ဖျင့်မိစ္ဆာသားရဲ အတွက်မလား ဟဲဟဲ... စီနီယာအစ်ကိုက ကြိုတင်ပြင်ဆင်ထားပြီးသားပါ ဒီမှာ ကြည့်လိုက်"
လူငယ်က ထူးဆန်းစွာ ရယ်မောလိုက်ရင်း အအေးမြစ်ဘက်သို့ လက်ယပ်ခေါ်လိုက်ရာ ခုနက ဖန့်ချန်နှင့် မြင်ဖူးခဲ့သော လူမျက်နှာနှင့် နဂါးကိုယ်ထည် ရှိသည့် သားရဲမှာ မြစ်ထဲမှ ချက်ချင်း ပျံထွက်လာသည်။
၎င်းသည် လူငယ်၏ ဘေးတွင် စိတ်လှုပ်ရှားစွာဖြင့် ပတ်ချာလည် ပျံသန်းနေပြီး ခေါင်းနှင့် အမြဲတစေ ပွတ်သပ်နေသည်။
လူတိုင်း ကြောင်သွားကြသည်၊ ဒါက ရွှမ်ဖျင့်မိစ္ဆာသားရဲလား
"ကဲ... ငါ့ညီလေးဆီကို သွားတော့ မင်းက နောက်ဆိုရင် သူ့ရဲ့ ဝိညာဉ်သားရဲပဲ ငါ့ညီလေးနောက်ကို သေချာ လိုက်သွား"
လူငယ်က ရွှမ်ဖျင့်မိစ္ဆာသားရဲ၏ ခေါင်းကို နှမြောတသစွာ ပွတ်သပ်ပေးလိုက်သည်။
၎င်းသည် ဉာဏ်ရည် အလွန်မြင့်ပုံရပြီး နားလည်သည့်အလား ဖန့်ချန်၏ ဘေးသို့ ပျံသန်းလာသည်။
၎င်း၏ ရွှေငွေမျက်ဝန်း နှစ်စုံထဲတွင် ကြောက်ရွံ့စိတ် အနည်းငယ် ရိပ်ယောင်နေသည်။
"ညီလေး... သူက တခြားတစ်နေရာမှာတော့ ကျူလုန် လို့ နာမည်ကြီးတယ် တချို့ကလည်း သူ့ကို ကျူယင် လို့ ခေါ်ကြသေးတယ်"
လူငယ်က ပြုံး၍ ဆိုသည်။