← Chapters

အခန်း (၇၈၇-၇၈၈)

Vol. 79 Ch. 787-788

အခန်း (၇၈၇-၇၈၈)

Vol. 79 Ch. 787-788

အခန်း (၇၈၇) သူတို့က အသုံးဝင်သေးတယ်

"သူက ဒီ ရွှမ်ဖျင့်မိစ္ဆာသားရဲ အတွက် သီးသန့် လာခဲ့တာလား"

လူတိုင်းသည် ထိုမြင်ကွင်းမှ တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု၊ ဇဝေဇဝါဖြစ်မှုနှင့် မှင်သက်မှုများ ပြည့်နှက်နေတော့သည်။

"ဘာလို့ သူက ဝူထိုက်ကို ဖားနေသလိုမျိုး လုပ်ခဲ့လဲဆိုတာ မဆန်းတော့ဘူးပဲ တကယ်တော့ ဝူထိုက်ကို လမ်းပြခိုင်းဖို့အတွက်ကိုး..."

ရှုချန်ဖုန်းသည် နောက်ဆုံးတွင် သူ၏ စိတ်ထဲမှ သံသယများကို အဖြေရှာတွေ့သွားတော့သည်။

"ဂုဏ်ယူပါတယ် ဖန့်ညီနောင် ဝမ်းသာပါတယ် "

ဝူထိုက်က အလျင်အမြန် လက်အုပ်ချီကာ

"ဒီလို နတ်သားရဲကို ရရှိတာဟာ တစ်လောကလုံး အတူတူ ဝမ်းမြောက်ရမယ့် မင်္ဂလာရှိတဲ့ ကိစ္စကြီးပါပဲ"

"ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်"

ချင်မန်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းတို့ကလည်း အလျင်အမြန်ပင် လက်အုပ်ချီ ဂါရဝပြုကြသည်။

ရွှီစစ်ကျို ၏ မျက်နှာမှာမူ စိမ်းဖန့်နေပြီး၊ သူ၏ အကြည့်က ရုတ်တရက် လူငယ်ဆီသို့ ရောက်သွားကာ မျက်လုံးအိမ်အတွင်း၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သေဆုံးသွားတဲ့ မသေမျိုးနတ်ဘုရားတစ်ပါးက... သူ့မှာ အစွမ်းအစ ဘယ်လောက်တောင် ကျန်ဦးမှာလဲ

ခဏနေဦး

ရွှီစစ်ကျို၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

တစ်ခုခုတော့ မှားနေပြီ၊ ခုနက စကားတွေထဲမှာ တစ်ခုခုတော့ မှားနေပြီ

သူ သေချာစဉ်းစားကြည့်လိုက်ရာ မျက်နှာမှာ အလွန်အမင်း ထိတ်လန့်သွားရသည်။

ဒီရွှမ်ဖျင့်မိစ္ဆာသားရဲက ဖန့်ချန်အတွက် သီးသန့် ပြင်ဆင်ထားတာ ဟုတ်လား

လွန်ခဲ့တဲ့ နှစ်ပေါင်း မရေတွက်နိုင်အောင် သေဆုံးခဲ့တဲ့ နတ်ဘုရားတစ်ပါးက၊ ဘယ်လိုလုပ်ပြီး ရှေးယခင်ကတည်းက ဒီလိုမျိုး အစီအစဉ်တွေ လုပ်ထားပြီး ဖန့်ချန် ပေါ်လာမှာကို စောင့်နေနိုင်ရတာလဲ

"ဟားဟားဟားဟားဟား"

ရွှီစစ်ကျိုက ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်သည်။

ဒီကောင် ကြောက်ပြီး ရူးသွားတာလား

ချင်းမော့နှင့် လူစုမှာ ရွှီစစ်ကျိုကို ထူးဆန်းသော အမူအရာဖြင့် လှည့်ကြည့်လိုက်ကြသည်။

"အားလုံးပဲ ကျုပ်တို့ အလိမ်ခံရလုနီးပါး ဖြစ်သွားပြီဗျ ဒါတွေအားလုံးက ပယောဂ တွေပဲ"

ရွှီစစ်ကျိုက ထူးဆန်းစွာ ရယ်မောရင်း

"လောကမှာ နှစ်ပေါင်း ဘယ်နှစ်သောင်း သေလို့ သေမှန်းမသိတဲ့ နတ်ဘုရားက ခေါင်းတလားထဲက ပြန်ထွက်လာတယ်ဆိုတာ ရှိပါ့မလား ပြီးတော့ ကျင့်ကြံသက် အနှစ်တစ်ရာကျော်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်အတွက် ရွှမ်ဖျင့်မိစ္ဆာသားရဲကို ကြိုပြင်ပေးထားတယ် ဟုတ်လား"

ချင်မန်နှင့် လူစုမှာ ကြားလိုက်ရသောအခါ ဟုတ်သလိုလို ရှိသဖြင့် သူတို့၏ မျက်လုံးထဲတွင် သံသယများ ပိုလာသည်။

ခုနက နီရဲတဲ့ သစ်သားခေါင်းတလား ပေါ်လာကတည်းက သူတို့တွေ ပယောဂ နယ်မြေထဲကို ရောက်သွားခဲ့တာလား

လူငယ်ကတော့ ရွှီစစ်ကျိုကို အထင်အမြင်သေးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ရွှီစစ်ကျို၏ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားသည်

"မင်း ဘာကြည့်နေတာလဲ ပယောဂလေး တစ်ခုလောက်နဲ့ ငါ ရွှီတစ်ယောက်ကို ခြောက်လှန့်နိုင်မယ် ထင်နေတာလား"

ချင်မန်နှင့် လူစုမှာ ဘာမှ ဝင်မပြောကြပေ။

ရွှီစစ်ကျိုက ရှေ့ထွက်နေပြီဆိုမှတော့ သူတို့က တိတ်တဆိတ် စောင့်ကြည့်နေရုံသာ။

"ညီလေး... ကြည့်ရတာ ဒီနေ့ စီနီယာအစ်ကိုက သတ်ဖြတ်ပွဲကို ပြန်စရဦးမယ် ထင်တယ် ဒီအရိုးအဆစ်တွေ မလှုပ်ရှားရတာ ကြာပြီဆိုတော့ အရင်လိုတော့ မသွက်တော့ဘူး ဒါပေမဲ့ သာမန် တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ယောက်ကို သတ်ဖို့ကတော့ လက်ဖျောက်တစ်ချက်တီးသလောက်ပဲ"

လူငယ်က ထူးဆန်းစွာ ရယ်မောလိုက်သည်။

"ငါ့ကို သတ်မယ်"

ရွှီစစ်ကျိုက ရယ်မောကာ

"မင်းမှာ ငါ့ကို သတ်နိုင်တဲ့ စွမ်းအားတကယ် ရှိရင်ငါ ခုနက မင်းကို အဲဒီလောက် လှောင်နေတာ မင်း ဘာလို့ လက်မပါသေးတာလဲ မင်းက နတ်ဘုရားတစ်ပါးပဲ ဘာလို့ ဒီလောက် တုံ့ဆိုင်းနေရမှာလဲ ဟုတ်ပြီ... ဘာလို့လဲဆိုတော့ မင်းက ပယောဂသက်သက်ပဲမို့လို့ မင်း ငါ့ကို လုံးဝ မသတ်နိုင်လို့ပဲ"

"ဟုတ်သားပဲ..."

ချင်မန်နှင့် လူစုမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြရာ၊ မျက်နှာပေါ်ရှိ ကြောက်ရွံ့ရိပ်များမှာ သိသိသာသာ လျော့ပါးသွားသည်။

တစ်ဖက်လူကသာ နတ်ဘုရားတစ်ပါး ဖြစ်နေမယ်ဆိုရင် သေပြီး ပြန်ရှင်လာတာပဲဖြစ်ဖြစ် သူ့ရဲ့ ဂူဗိမာန်ထဲကို ကျူးကျော်လာတဲ့ လူတစ်စုကို ဘာမှမလုပ်ဘဲ ဟိန်းဟောက်နေရုံတင် လုပ်နေပါ့မလား

ဒါက တစ်ဖက်လူမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအား မရှိဘူးဆိုတာ သိသာနေတာပဲ

ဒါကြောင့် ရွှီစစ်ကျိုရဲ့ ခန့်မှန်းချက်က ချက်ချင်းဆိုသလို သက်သေပြပြီးသား ဖြစ်သွားတော့သည်။

"ငါက လူသားလောကမှာ ငါ့ညီလေးနဲ့ ခဏလောက် အတူနေချင်သေးလို့ပါ မင်းက သေချင်လှပြီဆိုမှတော့ ငါကပဲ မင်းကို လမ်းပြပေးလိုက်ရတာပေါ့"

လူငယ်က ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် ရွှီစစ်ကျိုထံသို့ လက်တစ်ဖက်ဖြင့် သာသာလေး ညွှန်ပြလိုက်သည်။

"စီနီယာအစ်ကို... ခဏနေပါဦး"

ဖန့်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

လူငယ်က ဖန့်ချန်ကို လှည့်ကြည့်ကာ

"ညီလေး... မင်းက သူ့အသက်ကို ချမ်းသာပေးချင်လို့လား"

"ပြဇာတ် စကပြပြီ"

ရွှီစစ်ကျိုက လှောင်ပြုံးပြုံးကာ

"လာစမ်းပါ... ငါ ရွှီတစ်ယောက်က မင်းတို့မှာ ဘာစွမ်းရည်တွေ ရှိလဲဆိုတာ ကြည့်ချင်လှပြီ"

"တကယ်တော့ ပယောဂသက်သက်ပဲကိုး"

ဝူထိုက်က နှာခေါင်းရှုံ့လိုက်သည်

"ဖန့်ချန် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့ ဒီလို နည်းလမ်းမျိုးကို သုံးတာက သိပ်ပြီး ဂုဏ်သိက္ခာ မရှိလှဘူးနော်"

ဖန့်ချန်က ဝူထိုက်ကို ဂရုမစိုက်ဘဲ လူငယ်ကိုသာ မေးလိုက်သည်

"စီနီယာအစ်ကို သူ လှုပ်မရအောင် ဖိနှိပ်ထားပေးနိုင်မလား ကျုပ်ဘာသာပဲ ကိုယ်တိုင် လက်စသတ်ချင်လို့ပါ"

"ဒါက ဘာခက်လို့လဲ"

လူငယ်က ပြုံးလိုက်ပြီး ရွှီစစ်ကျိုထံသို့ ပေါ့ပေါ့ပါးပါးပင် လက်ညှိုးတစ်ချက် ဝှေ့ယမ်းလိုက်ကာ

"ဖိနှိပ်လိုက်ပြီ ညီလေး... မင်း လက်စသတ်လို့ ရပြီ"

ရွှီစစ်ကျို၏ မျက်နှာပေါ်တွင် ပြုံးဖြီးဖြီး အမူအရာက ရှိနေဆဲပင်၊ သို့သော် သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍ မရတော့ပေ။

သူ၏ မျက်လုံးများထဲတွင် ထိုအပြုံးနှင့် လုံးဝ မလိုက်ဖက်သော ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာသည်။

ဝူထိုက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြောလက်စ စကားများကို ချက်ချင်းပင် ပြန်မြိုချလိုက်ရတော့သည်။

ဖန့်ချန်သည် ရွှီစစ်ကျို၏ ရှေ့သို့ လျှောက်သွားပြီး အေးဆေးစွာ ပြုံးလိုက်သည်

"စီနီယာရွှီ... ကျုပ်ကိုယ်တိုင်ပဲ ခင်ဗျားကို လမ်းပြပေးလိုက်ပါ့မယ်"

ရွှီစစ်ကျိုမှာ လုံးဝ လှုပ်မရသေးပေ သူ၏ မျက်လုံးများသာ ဟိုဟိုဒီဒီ အဆက်မပြတ် ဝေ့ကြည့်နေမိသည်။

အနက်ရောင်နှင့် အဖြူရောင် စက္ကူရုပ် နှစ်ရုပ်သည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိ ရွှီစစ်ကျို၏ ဘေးတွင် ပေါ်လာပြီး ဖန့်ချန်နှင့်အတူ သူတို့၏ လက်များကို မြှောက်ကာ ရွှီစစ်ကျို၏ ဦးခေါင်းခွံ ကို လှမ်းကိုင်လိုက်ကြသည်။

အစိမ်းရောင် အလင်းတန်းများ လင်းလက်လာသည်။

ရွှီစစ်ကျို၏ ဦးခေါင်းခွံမှာ တဖြည်းဖြည်းနှင့် အက်ကြောင်းတစ်ခု ပွင့်လာပြီး လူရေခွံမှာ ဖြည်းဖြည်းချင်း ကွာကျလာတော့သည်။

သူသည် အလွန်အမင်း နာကျင်နေသော်လည်း မျက်နှာပေါ်တွင်မူ အစကတည်းက ရှိနေသော အောင်နိုင်သူ အပြုံးကြီးက ရှိနေဆဲပင်။

သို့သော် သူ၏ မျက်လုံးများထဲမှ မျက်ရည်များကတော့ တတောက်တောက် ကျနေရှာသည်။

စက္ကူရုပ်နှစ်ရုပ်၏ အကူအညီကြောင့် အရေခွံဆုပ်ခြင်းအတတ် မှာ အလွန်ပင် ချောမွေ့လှသည်။

သိပ်မကြာခင်မှာပင် ရွှီစစ်ကျို၏ အရေခွံတစ်ခုလုံး အပြစ်အနာအဆာမရှိ ကွာကျသွားတော့သည်။

စက္ကူရုပ်ဖြူသည် ထိုအရေခွံကို လက်ခံယူကာ သူ၏ ကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်ရာ သိပ်မကြာမီမှာပင် သူဝတ်ထားသော စက္ကူအင်္ကျီနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

ထိုအခါ စက္ကူရုပ်၏ အရှိန်အဝါမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

လူတိုင်းသည် ထိုနီရဲနေသော အသားပုံကြီး ကို ကြည့်ရင်း သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ စတင် စိမ့်ဝင်လာတော့သည်။

ဟိတ်ဟန်ကြီးလှတဲ့ တာအိုပေါင်းစပ်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက ဒီလိုမျိုး အရေခွံဆုပ်ခံလိုက်ရတာလား

ဒါပေမဲ့ ဘာလို့ အရေခွံဆုပ်လိုက်တာနဲ့တင် ရွှီစစ်ကျိုလို အစွမ်းထက်တဲ့သူက ချက်ချင်း သေသွားရတာလဲ သူ၏ ကိုယ်ပေါ်မှာ သက်ရှိအငွေ့အသက် တစ်စက်မှ မကျန်တော့တာ ဘာကြောင့်လဲ

ဒါတွေအားလုံးကို လုပ်ဆောင်ပြီးနောက် ဖန့်ချန်က ချင်မန်နှင့် လူစုကို လှည့်ကြည့်လိုက်သည်။

ချင်မန်သည် ရှေ့က မြင်ကွင်းတွေက ပယောဂ ဟုတ်မဟုတ် ဂရုမစိုက်နိုင်တော့ပေ။

ရွှီစစ်ကျိုရဲ့ အဆုံးသတ်ကို သူ ကိုယ်တိုင် မြင်လိုက်ရပြီ မဟုတ်ပါလား။

သူက ချက်ချင်းပင် လက်အုပ်ချီ ဦးညွှတ်လိုက်သည်

"ကျင့်ကြံဖော်... ကျုပ်တို့ကြားက နားလည်မှုလွဲတာတွေက ရွှီစစ်ကျိုလောက် မနက်ရှိုင်းပါဘူး ကျုပ်တို့ ရန်ငြိုးတွေကို အဆင်ပြေပြေ ဖြေရှင်းပြီး ထိုင်ပြီးတော့ သေချာ ဆွေးနွေးလို့ မရဘူးလား"

"ခဏနေဦးလေ"

ဖန့်ချန်က ပြုံးလိုက်ပြီး ဝူထိုက်ဆီသို့ လျှောက်သွားသည်။

လူငယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ ဝူထိုက်ထံသို့ လက်ညှိုးတစ်ချက် ဝှေ့ယမ်းလိုက်ပြီး ပြုံး၍ ဆိုသည်

"တာအိုဂိုဏ်းရဲ့ အရေခွံဆုပ်ခွာခြင်းအတတ်က တကယ့်ကို မဆိုးဘူးပဲ"

တာအိုဂိုဏ်းရဲ့ အရေခွံဆုပ်ခွာခြင်းအတတ်

ဒါက ရိုးရိုး အရေခွံဆုပ်တာ မဟုတ်ဘူးပေါ့

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

ရှုချန်ဖုန်းနှင့် လူစုမှာ ဖန့်ချန်ဆီမှာ ထိုမျှလောက် သွေးစွန်းသော နည်းလမ်းရှိလိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့် စိတ်ထဲမှ တုန်လှုပ်နေမိကြသည်။

ထိုစဉ် ဝူထိုက်မှာ နေရာမှာတင် လှုပ်မရဘဲ တောင့်တောင့်ကြီး ရပ်နေရပြီး၊ သူ၏ မျက်လုံးများထဲတွင်တော့ အဆက်မပြတ် ထိတ်လန့်မှုများ ပေါ်လာနေသည်။

ချင်မန်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းတို့သည် ဝူထိုက်လည်း ရွှီစစ်ကျိုရဲ့ လမ်းစဉ်အတိုင်း လိုက်ရတော့မည်ကို ချက်ချင်း သိလိုက်ကြသည်

"ဖန့်... ဖန့်ဓားဦးဆောင်သူ... ဝူထိုက်က ဦးနှောက်မပါဘဲ စကားပြောမိလို့ ဖန့်ဓားဦးဆောင်သူကို စော်ကားမိသွားတာပါ ကျုပ်တို့ ကျန့်မော့ကျွန်းက အဖိုးတန်ပစ္စည်းတွေနဲ့ ပြန်လည် ပေးလျော်ပါ့မယ် ဖန့်ဓားဦးဆောင်သူအနေနဲ့ သူ့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါဦး"

ထွားကျိုင်းသော လူလတ်ပိုင်းက သတ္တိမွေးပြီး ဝူထိုက်အတွက် တောင်းပန်တိုးလျှိုးလိုက်သည်။

ဖန့်ချန်က ပြုံးလိုက်ပြီး

"ခဏနေဦး"

ဒီစကားကိုပဲ ထပ်ပြောပြန်ပြီ။

ချင်မန်နှင့် ထွားကျိုင်းသော လူလတ်ပိုင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ဖန့်ချန်ကို ဖမ်းဆွဲရန် ရုတ်တရက် ကြိုးစားလိုက်ကြသည်။

သို့သော် ထိုအတွေးလေး ဝင်လာရုံသာ ရှိသေးသည်၊ ဘာမှ မလုပ်ရသေးခင်မှာတင် သူတို့ နှစ်ယောက်စလုံးသည်လည်း သစ်သားရုပ်များကဲ့သို့ လှုပ်ရှား၍ မရတော့ပေ။

ခေါင်းတလားပေါ်မှာ ထိုင်နေတဲ့ လူငယ်က ပေါ့ပေါ့ပါးပါးပင် နှစ်ချက် ညွှန်ပြလိုက်ခြင်းဖြစ်သော်လည်း သူ၏ မျက်နှာပေါ်ရှိ သေခြင်းတရား အငွေ့အသက်မှာမူ ထိုသို့ လုပ်ဆောင်ပြီးနောက် ပို၍ပင် ထူထပ်လာခဲ့သည်။

ဖန့်ချန်သည် ထိုအပြောင်းအလဲကို သတိထားမိလိုက်သဖြင့် ချက်ချင်းပင် အရှိန်မြှင့်ကာ ဝူထိုက်၏ အရေခွံကို ဆုပ်လိုက်တော့သည်။

ဝူထိုက်မှာ အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့သွားရသည်။

နောက်ဆုံးတွင် သူသည် အရေခွံတစ်ခုသာ ဖြစ်သွားခဲ့သော်လည်း သူ၏ စိတ်ဝိညာဉ်မှာမူ အဆက်မပြတ် ဟိန်းဟောက် အော်ဟစ်နေဆဲပင်။

စက္ကူရုပ်နက်က ထိုအရေခွံကို ဝတ်ဆင်ကာ စက္ကူအင်္ကျီအတွင်းသို့ ပေါင်းစည်းလိုက်သည့် အချိန်အထိပေါ့။

ထို့နောက်တွင်တော့ ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ချင်မန်တို့၏ အလှည့်ပင်။

အရေခွံဆုပ်ခွာခြင်းအတတ်ကို ဆက်တိုက် လုပ်ဆောင်လိုက်သဖြင့် စက္ကူရုပ်ဖြူနှင့် အနက်တို့ပင်လျှင် အနည်းငယ် မခံနိုင်တော့ပေ။

ကံကောင်းသည်မှာ အရေခွံထဲမှ ကံကြမ္မာ အကျိုးဆက် များက သူတို့၏ ကျင့်ကြံမှုကို တိုးတက်စေနိုင်ခြင်းပင်။

အဝင်အထွက်က အံကိုက်ပင် ဖြစ်နေသည်။

"ညီလေး... သူတို့ကို သတ်ဖို့ ဘာလို့ ဒီလောက်အထိ ခက်ခက်ခဲခဲ လုပ်နေရတာလဲ သူတို့မှာ ကံကြမ္မာ အကျိုးဆက်တွေ ရှိနေရင်တောင် မင်းဆီကို ရောက်လာမှာ မဟုတ်ပါဘူး"

လူငယ်က အနည်းငယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"စီနီယာအစ်ကို မသိလို့ပါ သူတို့က အသုံးဝင်သေးလို့ပါ"

ဖန့်ချန်က ပြုံးလိုက်ပြီးနောက် မှန်အိမ်ကို ထုတ်ယူလိုက်ကာ အတွင်းရှိ မုန့်ထျန်းရှု နှင့် လူစုကို စိုက်ကြည့်လိုက်တော့သည်။

အခန်း (၇၈၈) ခန္ဓာကိုယ်ကို လုယူပြီး ပြန်လည်မွေးဖွားခြင်း

"ဪ... ဒီလိုကိုး"

လူငယ်သည် ကံကြမ္မာအကျိုးဆက် များ လုံးဝကင်းစင်သွားပြီး နီရဲနေသော ထိုရုပ်အလောင်းလေးခုကို ကြည့်ကာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

အရေခွံဆုပ်ခွာခြင်းအတတ် သည် ကံကြမ္မာအကျိုးဆက်များကို ထုတ်ပစ်ခြင်းဖြစ်ရာ ယခုအခါ ထိုရုပ်အလောင်းလေးခုသည် မူလပိုင်ရှင်များနှင့် မည်သို့မျှ မသက်ဆိုင်တော့ဘဲ အလွန်ပင် သန့်စင်သွားပြီဖြစ်သည်။

"ဒါက ဘယ်နေရာလဲ..."

ရန်ချင်းနှင့် လူစုမှာ မှန်အိမ် ထဲမှ ထွက်လာပြီးနောက် အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။

"ချမ်းလိုက်တာ"

တိန်ဝမ်သည် ရုတ်တရက် တစ်ကိုယ်လုံး တုန်တက်သွားပြီး သူမ၏ ဝိညာဥ်သန္ဓေသား မှာလည်း အလင်းရောင် မှိန်လိုက် လင်းလိုက် ဖြစ်သွားရသည်။

"ဒီနေရာက ယင်ဓာတ် အရမ်းပြင်းတာပဲ"

ဖန့်ဇယ်က မျက်နှာပျက်ပျက်ဖြင့် ဖန့်ချန်ကို လှည့်ကြည့်ကာ

"ရူးသွပ်ဘုရင်... ဒီနေရာက ယင်ဓာတ်က ပြင်းလွန်းတယ် ကျုပ်တို့ ဒီမှာ ကြာကြာနေလို့ ရမှာမဟုတ်ဘူး"

"ကြာကြာနေဖို့ မလိုပါဘူး"

ဖန့်ချန်က ပြုံးလိုက်ပြီး မုန့်ထျန်းရှုကို ကြည့်ကာ

"ခင်ဗျားလိုချင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ရှာဖို့ ကျုပ်မှာ အချိန်မရှိတော့ဘူး ထင်တယ် ဒါပေမဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးကတော့ ခင်ဗျားတို့ရှေ့မှာ ရောက်နေပြီ ခင်ဗျားတို့ သဘောတူမလားဆိုတာပဲ ကြည့်ရတော့မယ်"

ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေး

ရှုချန်ဖုန်းနှင့် လူစုမှာ မှင်သက်သွားကြသည်။

တစ်ဖက်လူက ဒီသန္ဓေသားတွေကို ထုတ်လာတာက... ဒါဆိုရင်...

သူတို့၏ အကြည့်များသည် ရွှီစစ်ကျိုနှင့် လူစုဆီသို့ အလိုအလျောက် ရောက်သွားကြပြီး စိတ်ထဲတွင် သံသယနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

ကျင့်ကြံသူတစ်ဦးက နောက်ထပ် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို လုယူခြင်း ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

အလယ်အဆင့် (သုံ့ဆင့်) နှင့် အောက်အဆင့် (လေးဆင့်) ကြား ကွာခြားချက်၊ သို့မဟုတ် အထက်အဆင့် (သုံးဆင့်) နှင့် အလယ်အဆင့် ကြား ကွာခြားချက်ရှိမှသာ ဖြစ်နိုင်သည်။

ထိုသို့ ခန္ဓာကိုယ်လုယူနိုင်ခဲ့လျှင်ပင်၊ မူလပိုင်ရှင်၏ ကံကြမ္မာအကျိုးဆက်များက လုယူသူကို အမြဲတစေ တွန်းကန်နေမည်ဖြစ်ရာ၊ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာအမျိုးမျိုး တက်လာနိုင်ပြီး ခန္ဓာကိုယ် ပျက်စီးသွားသည်အထိ ဖြစ်နိုင်ပေသည်။

"မုန့်ရှုန်း... ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က တာအိုဂိုဏ်း က ကျင့်ကြံသူ ရွှီစစ်ကျိုပဲ တာအိုဂိုဏ်းရဲ့ နတ်မျိုးစေ့ ရွှီချင်းဆုန်းရဲ့ အဖေလည်း ဟုတ်တယ်"

ဖန့်ချန်က ရွှီစစ်ကျိုကို ညွှန်ပြကာ

"မင်းသာ သဘောတူရင် အခုချက်ချင်း ခန္ဓာကိုယ်လုယူပြီး ပြန်လည်မွေးဖွားနိုင်တယ် ဒါပေမဲ့ နောင်ကျရင်တော့ မင်းက ရွှီစစ်ကျိုရဲ့ အမည်နဲ့ပဲ အသက်ရှင်ရလိမ့်မယ်"

"တာအိုဂိုဏ်းက ရွှီစစ်ကျို ရွှီချင်းဆုန်းရဲ့ အဖေ ဟုတ်လား"

ရန်ချင်းနှင့် လူစုမှာ အသက်ရှူပင် မှားသွားကြသည်။

"အမိတာဘ "

တုခုန်းက မယုံနိုင်စွာဖြင့်

"ရူးသွပ်ဘုရင် ဒီလူက ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူလို့ ထင်ရတယ် မုန့်ရှုန်းက ဝိညာဥ်သန္ဓေသားအဆင့် ပဲ ရှိတာကို ဘယ်လိုလုပ်ပြီးပေါင်းစပ်ခြင်းအဆင့် တစ်ယောက်ကို ခန္ဓာကိုယ်လုယူနိုင်မှာလဲ"

"သူက လုံးဝ သေသွားပြီ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ သက်ရှိအငွေ့အသက် အနည်းငယ် ကျန်နေသေးတယ်"

ဖန့်ချန်က အေးဆေးစွာ ဆိုသည်။

"ဒါတောင်မှ... ကံကြမ္မာအကျိုးဆက်ရဲ့ တုံ့ပြန်မှုကို ခံရဦးမှာပဲ..."

ရန်ချင်းနှင့် လူစုမှာ ခါးသီးစွာ ပြုံးလိုက်ကြသည်။

ဒါက လုံးဝ ခန္ဓာကိုယ်လုယူလို့ မရနိုင်ဘူးလေ။

အကယ်၍ ကျင့်ကြံသူတစ်ဦးကအခြေခံတည်ဆောက်အဆင့်သာ ဖြစ်မယ်ဆိုရင် သူတို့ စမ်းသပ်ကြည့်နိုင်ကောင်းပါရဲ့။

ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ ကံကြမ္မာအကျိုးဆက်ကို... ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ

"မုန့်ရှုန်း မင်း စမ်းကြည့်ချင်လား တကယ်လို့ အောင်မြင်သွားရင် မင်းက နောင်ကျရင် တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ရွှီစစ်ကျို ဖြစ်သွားပြီ"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

မုန့်ထျန်းရှုသည် ရွှီစစ်ကျို၏ ရုပ်အလောင်းကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက်၊ ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှီစစ်ကျို၏ မျက်ခုံးအလယ် အတွင်းသို့ တည့်တည့် တိုးဝင်သွားတော့သည်။

"မုန့်ထျန်းရှုက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"

ရန်ချင်းနှင့် လူစု၏ အကြည့်က လေးနက်သွားသည်။

အကယ်၍ ကံကြမ္မာအကျိုးဆက်ရဲ့ တုံ့ပြန်မှုကို ခံရမယ်ဆိုရင် ဝိညာဥ်သန္ဓေသားက လုံးဝ ပျက်စီးသွားမှာဖြစ်ပြီး ဒီလောကမှာ သူတို့ရဲ့ အစအနတောင် ကျန်မှာမဟုတ်တော့ဘူး။

လူတိုင်းက မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြစဉ်၊ စက္ကန့်အနည်းငယ်အကြာမှာပင် ရွှီစစ်ကျို၏ မျက်လုံးများ ရုတ်တရက် လှုပ်ရှားလာသည်။

မူလက သေခြင်းတရား အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ မျက်လုံးတွေက ယခုအခါ အရောင်အဝါတွေ ပြန်လည် တောက်ပလာပြီး သက်ဝင်လှုပ်ရှားလာတော့သည်။

"တကယ်လား"

ရန်ချင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဖန့်ဇယ်က စမ်းသပ်မေးမြန်းလိုက်သည်

"မုန့်ရှုန်း"

"ဒါ... ဒါက ပေါင်းစပ်ခြင်းအဆင့်ရဲ့ စွမ်းအားလား..."

ရွှီစစ်ကျို က တိုးတိုးလေး ရေရွတ်လိုက်ရာ အသံမှာ အလွန်အိုမင်းပြီး ဟောက်သံပါနေသည်။

ထို့နောက် သူ၏ ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ အသားနုများကို စတင် ပြုပြင်ပေးတော့သည်။

နုပျိုသော လူရေခွံတစ်ခုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ယှက်နွယ်ကာ ဖြစ်ပေါ်လာပြီး နီရဲနေသော အသားပုံကြီးပေါ်သို့ ပြန်လည် ဖုံးလွှမ်းသွားသည်။

ထိုစဉ်မှာပင် ရွှီစစ်ကျို သည် မူလပုံစံအတိုင်း ပြန်လည် ပြည့်စုံသွားတော့သည်။

"ရွှီစစ်ကျိုရဲ့ ကံကြမ္မာအကျိုးဆက်က ပြတ်တောက်သွားပြီ မင်းက သူ့ခန္ဓာကိုယ်ကို လုယူလိုက်ပေမဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေကိုတော့ မရနိုင်ဘူး ဒါပေမဲ့ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို သေချာ လေ့လာရင်တော့ သူ့ပုံစံအတိုင်း (၇) ပုံ (၈) ပုံလောက် တူအောင် ဟန်ဆောင်နိုင်မှာပါ ဘယ်သူမှ လွယ်လွယ်နဲ့ သံသယဝင်မှာ မဟုတ်ဘူး"

ဖန့်ချန်က ရယ်မောကာ ပြောလိုက်သည်။

ရွှီစစ်ကျို က ဖန့်ချန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ လေးနက်သော အမူအရာဖြင့် လက်အုပ်ချီ ဂါရဝပြုလိုက်သည်

"ရွှီတစ်ယောက် ဖန့်ဓားဦးဆောင်သူကို ကျေးဇူးတင်ပါတယ် "

"မုန့်ရှုန်း... ခင်ဗျား..."

"ရန်ချင်း... လောကမှာ မုန့်ထျန်းရှု ဆိုတာ မရှိတော့ဘူး အခု ငါက တာအိုဂိုဏ်းက ကျင့်ကြံသူ ရွှီစစ်ကျိုပဲ"

ရွှီစစ်ကျိုက ရန်ချင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"သူ တကယ်ပဲ ခန္ဓာကိုယ်လုယူတာ အောင်မြင်သွားတာလား..."

ရန်ချင်းနှင့် လူစုမှာ စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ မုန့်ထျန်းရှုက ပြန်ရှင်လာရုံတင်မကဘဲ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူကြီး ဖြစ်သွားတာလား

"ခင်ဗျားတို့ကော ဘယ်လို စဉ်းစားထားလဲ"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

ရန်ချင်းနှင့် လူစုမှာ တွန့်ဆုတ်မနေတော့ဘဲ လက်အုပ်ချီကာ

"ကျုပ်တို့ စမ်းကြည့်ပါ့မယ်"

"ကျိုလုတောင်ကြားက ရန်ချင်း... ဒီခန္ဓာကိုယ်က နတ်မိစ္ဆာပင်လယ် ကျန့်မော့ကျွန်း ရဲ့ အကြီးအကဲ ချင်မန် ပဲ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူပဲသွားတော့"

ဖန့်ချန်က ချင်မန်ကို ညွှန်ပြလိုက်သည်။

ရန်ချင်းမှာ ဝမ်းသာလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။

တာအိုပေါင်းစပ်ခြင်းအဆင့် ဒါက သူ တစ်ခါမှ စိတ်တောင်မကူးဖူးတဲ့ အဆင့်အတန်းလေ။

သူတို့က နတ်မျိုးစေ့တွေ ဖြစ်ကြပေမဲ့ ဘယ်နတ်မျိုးစေ့ကမှ သူတို့ဟာ အထက်အဆင့် (သုံးဆင့်) ထဲကို သေချာပေါက် ရောက်နိုင်မယ်လို့ မာနထောင်လွှားရဲခြင်း မရှိကြပါဘူး

ရန်ချင်းက ချင်မန်၏ ခန္ဓာကိုယ်ကို စတင်လုယူနေသည်ကို မြင်သောအခါ ဖန့်ဇယ်နှင့် တုခုန်းတို့လည်း စိတ်လှုပ်ရှားလာကြသည်။

ကျန်ရှိနေသော နှစ်ယောက်၏ ကျင့်ကြံမှုမှာ သိသိသာသာ မမြင့်မားလှပေ။

နောက်ဆုံးတွင် ဖန့်ဇယ်က ထွားကျိုင်းသော လူလတ်ပိုင်းကို လုယူပြီး တုခုန်းက ဝူထိုက်ကို လုယူလိုက်ကြသည်။

သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်လည်မွေးဖွားလာကြသည်ကို မြင်သောအခါ၊ တိန်ဝမ်က ဘာလုပ်ရမှန်းမသိဘဲ ဖန့်ချန်ကို ကြည့်ကာ

"ရူးသွပ်ဘုရင်... ကျွန်မကကော..."

"ဒီနေရာမှာ သင့်တော်တဲ့ အမျိုးသမီးကျင့်ကြံသူ မရှိသေးဘူး ခဏ ထပ်စောင့်ဦး"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

တိန်ဝမ်သည် စိတ်ထဲတွင် စိတ်ပျက်သွားသော်လည်း တစ်ဖက်ကလည်း ကတိရထားသဖြင့် စိတ်သက်သာရာ ရသွားရှာသည်။

"တကယ်ပဲ ပြန်ရှင်လာတာပဲ..."

ချင်မန် (ရန်ချင်း) သည် ကျင့်ကြံမှုကို ပြန်လည်တည်ဆောက်ပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားနေသည်။

အထူးသဖြင့် သူ၏ ကိုယ်တွင်း၌ တာအိုပေါင်းစပ်ခြင်းအဆင့်၏ စွမ်းအားကို တွေ့ရှိလိုက်ရသောအခါ ထိုစိတ်လှုပ်ရှားမှုမှာ စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

"ရန်ရှုန်း... ခင်ဗျားက မျက်စိတစ်မှိတ်အတွင်း တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်သွားပေမဲ့ ကျုပ်ကတော့ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ပဲ ရှိသေးတယ်"

ထွားကျိုင်းသော လူလတ်ပိုင်း (ဖန့်ဇယ်) က သက်ပြင်းသဲ့သဲ့ ချလိုက်သည်။

"အားလုံးပဲ ကျုပ်ကတော့ ရွှေအမြုတေအဆင့် ပါပဲ"

ဝူထိုက် (တုခုန်း) က လက်အုပ်ချီလိုက်သည်။

"သူငယ်ချင်းတို့ ကျုပ်တို့ရဲ့ အခု အဆင့်အတန်းကို အမြဲမှတ်ထားကြပါ ဘာအမှားအယွင်းမှ အဖြစ်မခံပါနဲ့ မဟုတ်ရင် အသတ်ခံရမှာပဲ "

ချင်မန် (ရန်ချင်း) ၏ အမူအရာက ရုတ်တရက် လေးနက်သွားသည်။

ထွားကျိုင်းသော လူလတ်ပိုင်းနှင့် ဝူထိုက်တို့မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူတို့၏ အကြည့်များလည်း လေးနက်သွားကာ ခေါင်းညိတ်လိုက်ကြသည်။

နောက်ပိုင်းမှာတော့ သူတို့ဟာ အရင်က အကျင့်စရိုက်တွေကို စွန့်လွှတ်ပြီး ခန္ဓာကိုယ်ပိုင်ရှင်တွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကနေတစ်ဆင့် သူတို့ရဲ့ စရိုက်တွေကို အနီးစပ်ဆုံး တူအောင် ဟန်ဆောင်ကြရတော့မည်။

"တိန်ဝမ် မင်း မှန်အိမ်ထဲကို အရင်ပြန်ဝင်လိုက်ပါဦး"

တိန်ဝမ်၏ ဝိညာဥ်သန္ဓေသားမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို မြင်သောအခါ ဖန့်ချန်က သူမကို မီးအိမ်ထဲသို့ ပြန်ဝင်စေလိုက်ပြီးမှ ရှုချန်ဖုန်းနှင့် လူစုကို လှည့်ကြည့်လိုက်သည်။

"ဖန့်ဓားဦးဆောင်သူ... ကျုပ်တို့ ဒီကိစ္စကို အပြင်မှာ ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးရင်... ဖန့်ဓားဦးဆောင်သူ ယုံကြည်ပေးမလား"

ရှုချန်ဖုန်း၏ မျက်နှာပေါ်တွင် အားတင်းထားသော အပြုံးတစ်ခု ပေါ်လာပြီး အသံမှာလည်း အက်ကွဲနေသည်။

"သေချာပေါက် မယုံဘူးလေ"

ဖန့်ချန်က အေးစက်စွာ ပြောလိုက်သည်

"အားလုံးပဲ လမ်းသာပါစေ"

"မင်းလို မိစ္ဆာကောင် ကျန့်မော့ကျွန်းနဲ့ တာအိုဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ဘာကွာလို့လဲ "

ရှုချန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျုပ်ရဲ့ စိတ်ကူးယဉ်ကမ်းခြေကို ရောက်နိုင်မယ်ဆိုရင် မိစ္ဆာဖြစ်ရလည်း ဘာအရေးလဲ "

ဖန့်ချန်၏ စိတ်မှာ လှိုင်းထန်ခြင်း မရှိပေ။

ရွှီစစ်ကျိုနှင့် ချင်မန်တို့သည် ထိုစကားကို ကြားသောအခါ သူတို့ သေသေချာချာ မရင်းနှီးသေးသော စွမ်းအားတွေကို အသုံးပြုကာ ရှုချန်ဖုန်းနှင့် လူစုကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်လိုက်ကြတော့သည်။

"ဖန့်ဓားဦးဆောင်သူ ဒီ တိထျန်း နဲ့ ပေတု က လာတဲ့ နတ်မျိုးစေ့တွေက သေသင့်တာ ကြာပြီ သူတို့လက်တွေမှာ ကျုံးကျိုးကျင့်ကြံသူတွေရဲ့ သွေးတွေ အများကြီး စွန်းပေနေတာ"

ရွှီစစ်ကျိုက ပြုံးလိုက်သည်။

ဖန့်ချန်က ခေါင်းညိတ်လိုက်ကာ

"အားလုံးပဲ... သွားကြစို့"

လေးဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လက်အုပ်ချီ နှုတ်ဆက်ကာ ထိုနေရာမှ လေထဲသို့ ပျံတက် ထွက်ခွာသွားကြတော့သည်။

ရှေ့ဆက်ရမယ့်လမ်းကိုတော့ သူတို့ဘာသာသူတို့ လျှောက်လှမ်းကြရတော့မည်။

လူအများကြားမှာ ဟန်ဆောင်ကောင်းပြီး အသက်ရှင်နိုင်မလားဆိုတာကတော့ သူတို့ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်ပါတော့တယ်။

"ဖန့်လေး... ဒီ တာအိုဂိုဏ်းရဲ့ အတတ်ပညာတွေက တကယ်ကို ထူးဆန်းအံ့ဩစရာ ကောင်းတာပဲနော်"

လူငယ်က ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။

ဖန့်ချန်က လူငယ်ကို လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်နှာပေါ်ရှိ သေခြင်းတရား အငွေ့အသက်မှာ အရင်ကထက် ပို၍ ထူထပ်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ခုံးကျုံ့ကာ မေးလိုက်မိသည်

"စီနီယာအစ်ကို ကျုပ်ရဲ့ စိတ်ထဲက သံသယတွေကို ဖြေရှင်းပေးနိုင်မလား"

All Chapters