အခန်း (၇၈၉-၇၉၀)
Vol. 79 Ch. 789-790
အခန်း (၇၈၉) ငါ မသိဘူး
"ငါ မင်းကို ပြောပြနိုင်တာ သိပ်မရှိပါဘူး အတိတ်ဖြစ်ဖြစ် အနာဂတ်ဖြစ်ဖြစ် ကန့်သတ်ချက်တွေက အရမ်းများလွန်းတယ် ဒါပေမဲ့ ညီလေးရဲ့ လူသားလောက ကတော့ ငါတို့အားလုံး အလွန်အမင်း အားကျရတဲ့ အရာပဲ "
လူငယ်က ပြုံးလိုက်ပြီး
"ငါ့နာမည်က ပီထု ပဲ ကျန်းဝူနယ်မြေ မှာ လက်သီးနဲ့ တာအိုလမ်းစဉ်ကို စတင်ခဲ့ပြီး အနှစ် ၁၄၃၇ ကြာ ကျင့်ကြံပြီးမှ ဟင်းလင်းပြင်ကို ဖောက်ထွက် ပြီး အထက်ဘုံလောက ကို ရောက်ခဲ့တာ"
"အခက်အခဲ အမျိုးမျိုး ကျော်ဖြတ်ပြီးမှ သံသရာနတ်ဂိုဏ်း ထဲ ဝင်ခွင့်ရပြီး အနာဂတ်နတ်အသိ ကို နားလည်သဘောပေါက်ခဲ့တာပေါ့"
"အမှန်အတိုင်းပြောရရင် ညီလေးနေတဲ့ ဒီနေရာက ရှာရတာ သိပ်မလွယ်ဘူး ငါ့မှာ အချိန်တွေ အများကြီး ပေးလိုက်ရတယ် ဒီ ရွှမ်ဖျင့် က မင်းအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"နောင်တစ်ချိန်မှာ အစွမ်းအစရှိလာရင် စီနီယာအစ်ကို့ကို ပြန်ခေါ်ဖို့ မမေ့နဲ့ဦး သေပြီးသားလူတွေရဲ့ ဘဝက တကယ်ကို မသက်သာလှဘူး"
"ပြောပြီးသည်နှင့် ပီထု၏ မျက်နှာပေါ်မှ အပြုံးများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သေခြင်းတရား အငွေ့အသက်များက ချက်ချင်း ဖုံးလွှမ်းသွားတော့သည် သူ၏ ကိုယ်ပေါ်တွင် အကွက် များ တစ်ခုပြီးတစ်ခု ပေါ်လာကာ ပြန်လည် သေဆုံးသွားသည့် ပုံစံမျိုး ဖြစ်သွားတော့သည်"
"ကျန်းဝူနယ်မြေ လက်သီးနဲ့ တာအိုလမ်းစဉ်ကို စတင်ခဲ့တယ် သေပြီးသားလူတွေရဲ့ ဘဝက မသက်သာဘူး..."
ဖန့်ချန်သည် ခေါင်းငုံ့ကာ လေးလေးနက်နက် စဉ်းစားနေမိသည်။
သေသွားပြီဟု ထင်ရသော ပီထုက ရုတ်တရက် မျက်လုံးပြန်ပွင့်လာကာ
"ဪ... ဒါနဲ့ ရွှမ်ဖျင့်က နဂါးဝိညာဥ်အသီး လိုမျိုး ယန်ဓာတ် ပြင်းတဲ့ အရာတွေကို စားရတာ ကြိုက်တယ် ညီလေးရဲ့ ကိုယ်ပေါ်မှာ အများကြီး ရှိနေတာ ငါ အနံ့ရတယ်နော်"
"ဒါမှမဟုတ် နဂါးစစ်စစ်ရဲ့ သွေး ပဲဖြစ်ဖြစ် အဓိကက ယန်ဓာတ်ရှိတဲ့ အရာဆိုရင် ရပြီ သူ့ကို သေချာကျွေးမွေးပါ သူက နောင်မှာ တကယ် အသုံးဝင်လိမ့်မယ်"
ပြောပြီးသည်နှင့် ပီထုက မျက်လုံးကို ပြန်မှိတ်လိုက်ပြန်သည်။
သူ၏ မျက်နှာပေါ်တွင် သေခြင်းတရား အငွေ့အသက်များက အဆပေါင်းများစွာ တိုးပွားလာသော်လည်း ထိုအငွေ့အသက်များကို နီရဲသော သစ်သားခေါင်းတလားက ဝန်းရံချုပ်နှောင်ထားသဖြင့် အပြင်သို့ ပျံ့လွင့်မသွားပေ။
ဖန့်ချန်က စမ်းသပ်ခေါ်ကြည့်လိုက်သည်
"စီနီယာအစ်ကို"
အကြိမ်အနည်းငယ် ခေါ်ကြည့်သော်လည်း ပီထုမှာ ဘာမှ တုံ့ပြန်မှု မရှိတော့သဖြင့် တကယ်ပင် ထွက်ခွာသွားပြီဟု ယူဆရသည်။
ဖန့်ချန်က ခေါင်းတလားအဖုံးကို ပြန်ပိတ်လိုက်ပြီးနောက် ယင်မြစ် ထဲသို့ ဖြည်းဖြည်းချင်း တွန်းပို့လိုက်ရာ၊ နီရဲသော သစ်သားခေါင်းတလားမှာ တဖြည်းဖြည်း မြုပ်သွားပြီး ကွယ်ပျောက်သွားတော့သည်။
"မင်း လူစကား နားလည်ရဲ့လား"
ဖန့်ချန်က ရွှမ်ဖျင့်ကို ကြည့်ကာ မေးလိုက်သည်။
ရွှမ်ဖျင့်၏ နုနယ်သော မျက်နှာလေးက အထက်အောက် သာသာလေး ခေါင်းငြိမ့်ပြသော်လည်း မျက်လုံးထဲတွင်တော့ ကြောက်ရွံ့ရိပ်လေး အနည်းငယ် ရှိနေသည်။
"စကားပြောနိုင်လား"
ဖန့်ချန်က ထပ်မေးလိုက်သည်။
ရွှမ်ဖျင့်က စက္ကန့်အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ကာ
"ကုကုကွိကွိ..."
"ဒါက ဘယ်က စကားလဲ"
ဖန့်ချန်မှာ ကြောင်အမ်းသွားရသည်။
ရွှမ်ဖျင့်က လျှောက်အော်နေခြင်း မဟုတ်ဘဲ ဘာသာစကားတစ်ခုခုကို ပြောနေခြင်းဖြစ်ကြောင်း သူ ခံစားမိသည် သို့သော် ထိုလေယူလေသိမ်းမျိုးကို သူ တစ်ခါမှ မကြားဖူးပေ။
"အစ်ကို ဒီ ရွှမ်ဖျင့်မိစ္ဆာသားရဲက ဒီဒေသက မဟုတ်ဘူးလေ သူပြောတဲ့ စကားကို မင်း နားမလည်တာ မဆန်းပါဘူး ဒါပေမဲ့ ဒီသားရဲက ဉာဏ်ရည် အရမ်းမြင့်တယ် အချိန်အနည်းငယ်လောက် သင်ပေးလိုက်ရင် မင်းနဲ့ ဆက်သွယ်လို့ ရသွားမှာပါ"
မှန်လေး ၏ အသံ ထွက်ပေါ်လာသည်။
"မှန်လေး ခုနက စီနီယာအစ်ကို ပီထု ပြောသွားတဲ့ ကျန်းဝူနယ်မြေ ဆိုတာ ဘယ်နေရာလဲ ကျုံးကျိုး မှာလား ဒါမှမဟုတ် တိထျန်း လား ဒါမှမဟုတ် ပေတု လား"
ဖန့်ချန်က မေးလိုက်သည်။
"တစ်ခုမှ မဟုတ်ဘူး"
ဟု မှန်လေးက ဖြေသည်။
"တစ်ခုမှ မဟုတ်ဘူး ဟုတ်လား"
ဖန့်ချန်၏ စိတ်မှာ လှုပ်ရှားသွားသည်။
မှန်လေးက
"သူပြောတဲ့ နယ်မြေ ဆိုတာက မင်း စိတ်ကူးထဲက နယ်မြေမျိုးနဲ့ မတူဘူး အဲဒါက ကြယ်တာရာ လောကတစ်ခုလုံးကို ခြုံငုံထားတာ မင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်ဖူးလား"
"ကြည့်ဖူးတာပေါ့"
"မင်း မြင်နေရတဲ့ အဲဒီ ကြယ်တွေဟာ မင်း အခု နင်းထားတဲ့ ဒီမြေကြီးလိုမျိုးပဲ အားလုံးက ဟောင်ကုနယ်မြေ ထဲမှာ ရှိနေကြတာ"
"ဒါဆိုရင်တော့..."
ဖန့်ချန်၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းသွားသည်။
မှန်လေး၏ စကားများက သူ၏ စိတ်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော ခန့်မှန်းချက်တစ်ခုကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။
"မင်း တစ်စက်မှ မအံ့ဩဘူးလား အဲဒီ ကြယ်တွေပေါ်မှာ မင်းလိုပဲ လူသားတွေ နေထိုင်နေကြတယ်ဆိုတာ မင်း ကြိုသိနေတာလား"
မှန်လေးက အံ့ဩတကြီး မေးလိုက်သည်။
ဖန့်ချန်က ပြန်မဖြေဘဲ မေးခွန်းတစ်ခုသာ ပြန်မေးလိုက်သည်
"မှန်လေး ပေတု မှာ ခိုင်ယန်နယ်မြေ အပြင် ထျန်းရှု၊ ထျန်းရွှမ်၊ ထျန်းကျီ၊ ထျန်းချွမ်၊ ယွိဟန်၊ ယောင်ကွမ်း ဆိုတဲ့ တခြား နယ်မြေ ၆ ခု ရှိနေသေးတာ မဟုတ်လား"
မှန်လေးက
" ဟုတ်တယ် "
ဖန့်ချန်၏ အပြုံးက ပို၍ ပေါ်လွင်လာသည်။
ဒီနေရာက အပြင်လောက မဟုတ်သဖြင့် ကောင်းကင်က ကြယ်တွေကို မမြင်ရသော်လည်း သူကတော့ ကောင်းကင်ကို မော့ကြည့်နေမိဆဲပင်။
ဟိုးအရင်အချိန်တုန်းက သူကိုယ်တိုင်လည်း ကြယ်တစ်လုံးပေါ်က သာမန်လူသားလေး တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ရွှမ်ဖျင့် လေးကတော့ ဖန့်ချန် ဘာကို ကြည့်နေမှန်း မသိရှာပေ စက္ကူရုပ်ဖြူနှင့် အနက်တို့ကလည်း ဝင်မနှောက်ယှက်ကြပေ။
နာရီဝက်ခန့် ကြာပြီးနောက်မှ ဖန့်ချန်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး စက္ကူရုပ်နှစ်ရုပ်ကို ကြည့်ကာ
"နှစ်ယောက်စလုံး ဝိညာဥ်လောကသို့ သွားခြင်းအကြောင်း မင်းတို့ ဘယ်လောက် သိလဲ "
"ဝိညာဥ်လောကသို့သွားခြင်း"
စက္ကူရုပ်ဖြူနှင့် အနက်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ စက္ကူရုပ်ဖြူက စဉ်းစားကာ -
"တာအိုအရှင်မြတ် ပြောတာ ကြားဖူးပါတယ် ဒါက တာအိုဂိုဏ်းရဲ့ ယင်ရှန်ရှို့ယဲ့ ဆိုတဲ့ လမ်းစဉ်က အတတ်ပညာတစ်ခုပဲ ဒါပေမဲ့ ဒီကျင့်စဥ်က ဟိုးအရင် တာအိုသုံးထောင်ဂိုဏ်း ပျက်စီးသွားကတည်းက ပျောက်ကွယ်သွားခဲ့တာ တခြား တာအိုပညာရပ်တွေလိုမျိုး ဘာအကြွင်းအကျန်မှ မကျန်ခဲ့သလို ဘယ်သူမှလည်း အသုံးမပြုနိုင်ခဲ့ကြဘူး"
စက္ကူရုပ်နက်က ဆက်ပြောသည်
"တာအိုအရှင်မြတ် ပြောဖူးတာကတော့ ဝိညာဥ်လောကကို သွားခြင်းဆိုတာ ဝိညာဥ်သန္ဓေသား က ကိုယ်ပြင်ပကို ထွက်ပြီး ယင်လောကထဲကို လှည့်လည်တာပဲ"
" ဒါပေမဲ့ ယင်လောကက အရမ်း အန္တရာယ်များတယ် ဝိညာဥ်သန္ဓေသားကလည်း နဂိုကတည်းက နုနယ်တာဆိုတော့ ဒီကျင့်စဥ်ကို သုံးတာက အရမ်းကို စိုးရိမ်စရာ ကောင်းတယ် မပြင်းထန်ရင် ဝိညာဥ်သန္ဓေသား ပျက်စီးတာ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ပါး ထိခိုက်တာ ဖြစ်နိုင်ပြီး ပြင်းထန်ရင်တော့..."
သူက ဆက်မပြောတော့သော်လည်း အဓိပ္ပာယ်မှာ ရှင်းနေပါတော့သည်။
"တာအိုဂိုဏ်းကြီး သုံးခုက ကျန့်မော့ကျွန်းနဲ့ ပူးပေါင်းပြီး ကျီးလျန် အတွက် ရွှမ်ဖျင့်ကို ရှာပေးတယ်ဆိုတာ သေချာပေါက် ရွှမ်ဖျင့်ရဲ့ သွေးကိုသုံးပြီး ဝိညာဥ်လောကကို ကူးသန်းချင်လို့ပဲ"
"ဒီလိုဆိုရင် သွေးစက္ကူရုပ် ပြောခဲ့တဲ့ ငရဲမင်းရဲ့ အမွေအနှစ်က ယင်လောကထဲမှာ ပုန်းကွယ်နေတာပေါ့ ကိုယ်တိုင် သွားမှပဲ ရနိုင်လိမ့်မယ် "
"ဒါ့အပြင် တာအိုဂိုဏ်းကြီး သုံးခုက ကျန့်မော့ကျွန်းကို ပေးထားတဲ့ ကတိကလည်း စဉ်းစားစရာပဲ ကျန့်မော့ကျွန်းက ကျီးလျန် ယင်လောကကို သွားတဲ့အခါ သေဆုံးသွားတဲ့ သူတို့ရဲ့ ဘိုးဘေးတွေကို ရှာခိုင်းပြီး ပျောက်ဆုံးသွားတဲ့ အမွေအနှစ်တွေကို ပြန်ရဖို့ မျှော်လင့်နေတာလား"
"ဖြူလေး နက်လေး မင်းတို့ နတ်ဘုရားနဲ့ ဝိညာဉ် လမ်းစဉ်အကြောင်း ဘယ်လောက် သိသလဲ "
ဖန့်ချန်က မေးလိုက်သည်။
စက္ကူရုပ်ဖြူက စဉ်းစားကာ ခေါင်းခါပြသည်
"ကျွန်တော်တို့ရဲ့ အခု ပုံစံက လူလည်းမဟုတ် သရဲလည်း မဟုတ်ဘူး ဆိုပေမဲ့ တကယ့် သရဲ ဆိုတာကိုတော့ အခုထိ တစ်ခါမှ မတွေ့ဖူးသေးပါဘူး "
"ဟုတ်တယ်... ဝိညာဥ်သန္ဓေသားကိုတော့ ကျုပ်တို့ မြင်နိုင်တယ် ဒါပေမဲ့ သရဲ ဆိုတာကိုတော့ တစ်ခါမှ မမြင်ဖူးဘူး ယင်လောကကို ကူးသန်းနိုင်မှပဲ သရဲတွေကို တကယ် မြင်နိုင်မယ် ထင်တယ် "
ဟု စက္ကူရုပ်နက်က ဆိုသည်။
"ဒါပေမဲ့..."
စက္ကူရုပ်ဖြူက ပါးစပ်ကို တွန့်လိုက်ရာ ရယ်နေသည့်ပုံပေါက်သည်
"အရင်တုန်းကတော့ ကျင့်ကြံသူ အချို့မှာ ထူးခြားတဲ့ ပါရမီရှိပြီး မွေးရာပါ ယင်ယန်မျက်စိ ပါလာလို့ နတ်ဘုရားနဲ့ ဝိညာဉ်တွေကို မြင်နိုင်တယ်လို့ ကြားဖူးတယ် ဒါပေမဲ့ ဒီလိုလူမျိုးက အရမ်း ရှားပါးလွန်းလို့ သာမန်လူတွေ မတွေ့နိုင်ပါဘူး "
"ကျုပ် သိတဲ့ သီလရှင်လေး တစ်ယောက်မှာ အဲဒီလို စွမ်းရည်ရှိပုံရတယ် ကြည့်ရတာ သူမရဲ့ ယင်ယန်မျက်စိက တကယ်ကို မရိုးရှင်းဘူးပဲ "
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျင့်ကြံလာခဲ့တာ အခုထိ သူ၏ စိတ်ဝိညာဉ်က ထူးခြားနေလျှင်ပင် နတ်ဘုရားနှင့် ဝိညာဉ်များကို တစ်ခါမှ မမြင်ဖူးပေ။
သူ သေဆုံးသွားပြီး ကျောက်စိမ်းခေါင်းတလားထဲမှာ မြှုပ်နှံခံရတုန်းကသာ အတိတ်က သစ္စာရှိတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဝိညာဉ်တွေကို မှေးမှေးမှိန်မှိန် ခံစားခဲ့ရဖူးသည်။
ဒါပေမဲ့ အဲဒါက ခံစားမိရုံသာဖြစ်သည် သူကိုယ်တိုင်က လုံးဝ သေဆုံးသွားခြင်း မရှိသေးသဖြင့် မမြင်ရခြင်း ဖြစ်နိုင်သည်။
ထူးခြားတဲ့ ပါရမီသာ မရှိရင် ကပ်ဘေးမိုးကြိုးကို ဖြတ်ကျော် ပြီး နတ်ဘုရားအဖြစ်တက်လှမ်းသွားရင်လည်း မြင်ရမှာ မဟုတ်ဘူးလို့ သူ ခန့်မှန်းလိုက်သည်။
" ဝိညာဉ်ကို စုစည်းဖို့ ရွှမ်ဖျင့်ရဲ့ သွေးကို လိုအပ်တယ် ဆိုလိုတာက ငါလည်း ယင်လောကကို အတင်းအဓမ္မ သွားရမယ့် အခြေအနေမျိုး ကြုံလာနိုင်တယ်"
"စီနီယာအစ်ကို ပီထုက သေပြီးသားလူတွေရဲ့ ဘဝက မသက်သာဘူးလို့ ပြောသွားတယ် နတ်ဘုရားတစ်ပါးကတောင် ဒီလိုစကားမျိုး ပြောတယ်ဆိုရင် ယင်လောက ဆိုတာ သေချာပေါက် ကောင်းတဲ့နေရာ မဟုတ်ဘူး အန္တရာယ်များတာကလည်း ငါ ထင်ထားတာထက် ပိုလိမ့်မယ် "
ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်က မှန်လေးကို ထုတ်ယူလိုက်သည်
"မှန်လေး အခု ငါ့ရဲ့ ကျင့်ကြံမှုနဲ့သာ ယင်လောကကို သွားမယ်ဆိုရင် ဘယ်လို အန္တရာယ်တွေ ကြုံရနိုင်လဲ ဘာတွေကို သတိထားရမလဲ"
"အရှင်... သေသေချာချာ ပြန်စဉ်းစားပါဦး"
ဖန့်ချန် ယင်လောကကို သွားဖို့ ရည်ရွယ်နေသည်ကို ကြားသောအခါ၊ စက္ကူရုပ်နှစ်ရုပ်က ချက်ချင်း ရှေ့တိုးလာပြီး လေးနက်သော အမူအရာဖြင့် တားကြသည်။
"သေချာပေါက် သွားမယ်လို့ မပြောပါဘူး ကြိုတင်ကာကွယ်ထားရုံတင်ပါ စိတ်အေးအေးထားကြပါ"
ဖန့်ချန်က ပြုံးပြလိုက်သည်။
စက္ကူရုပ်နှစ်ရုပ်၏ မျက်နှာမှာ လေးနက်နေဆဲပင်။
ထိုသို့သော ထူးဆန်းသည့် နေရာမျိုးသည် နတ်ဘုရားလောကထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်နေသည် မဟုတ်ပါလား။
အနည်းဆုံးတော့ နတ်ဘုရားလောကအကြောင်း ကောလာဟလတွေ အများကြီး ကျန်ရှိနေသေးလို့ သူတို့ အနည်းငယ် သိနိုင်သေးသည်၊ ယင်လောကကျတော့...
ရှေးဟောင်းကျမ်းစာတွေထဲမှာတောင် စာကြောင်းအနည်းငယ်သာ ပါရှိခြင်း ဖြစ်သည်။
"အစ်ကို ယင်လောကကို သွားတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး မင်းက အခု ရွှေအမြုတေအဆင့် ပဲ ရှိသေးတယ် ဝိညာဥ်သန္ဓေသား မရှိသေးတော့ မင်း ယင်လောကကို သွားရမယ့် ကြားခံနယ်က မင်းရဲ့ စိတ်ဝိညာဉ် ဒါမှမဟုတ် ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ် ခုနစ်ပါးပဲ ဖြစ်လိမ့်မယ် "
မှန်လေး၏ အသံက လေးနက်နေသည်
"စိတ်ဝိညာဉ်က ဝိညာဥ်သန္ဓေသားထက် အများကြီး အားနည်းတယ် ဝိညာဥ်သန္ဓေသားတောင်မှ နုနယ်လွန်းနေရင် စိတ်ဝိညာဉ်ဆိုရင်တော့ ပြောမနေနဲ့တော့"
"ဘာတွေကို သတိထားရမလဲ"
မှန်လေးက ခဏမျှ တိတ်သွားပြီးမှ
"ငါ မသိဘူး..."
အခန်း (၇၉၀) တရားမျှတတဲ့ စကား
မှန်လေး ရဲ့ အဖြေက ဖန့်ချန်ကို အကြီးအကျယ် အံ့ဩသွားစေတယ်။
ကျောက်တုံး အမြောက်အမြား လိုချင်တာမျိုး မဟုတ်ဘဲ တိုက်ရိုက်ကြီး မသိဘူး လို့ ပြောလိုက်တာလား
ဓားငယ်လေးကတော့ ချက်ချင်း ပေါ်လာပြီး လှောင်ပြောင်တော့တာပဲ၊ ဒီလို ရှားရှားပါးပါး အခွင့်အရေးမျိုးကို သူ လက်လွတ်ခံမှာ မဟုတ်ဘူး။
မှန်လေးက
"ငါက နတ်ဘုရားတွေ သွန်းလုပ်ထားတာလေ ယင်လောကက အဲဒီ သရဲတွေ နတ်ဘုရားတွေမှ မဟုတ်တာ"
သူက ခဏရပ်ပြီးမှ
"အစ်ကို... အစ်ကိုက ဝိညာဉ်ကို စုစည်းချင်တာဆိုတော့ ဝိညာဉ်လောကကို သွားဖို့ဆိုတာ ရှောင်လွှဲလို့ မရဘူး အဲဒါက ကံကောင်းခြင်းလား ဘေးဒုက္ခလား ဆိုတာကတော့ အစ်ကို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ် ဒါပေမဲ့ အစ်ကို ကျင့်ကြံထားတာက တာအိုပညာရပ် သုံးထောင် ဖြစ်နေတော့ အဲဒီ အခြေခံက ဝိညာဉ်လောကကို သွားတဲ့အခါ အထောက်အကူ တစ်ခုခုတော့ ဖြစ်မှာပါ"
ဖန့်ချန်က သာသာလေး ခေါင်းငြိမ့်လိုက်တယ်။
ပီထုဂူဗိမာန်ထဲက ထွက်သွားတာနဲ့ တာအိုနယ်မြေထဲကို ဝင်ပြီး ရွှမ်ဖျင့် ဝိညာဉ်ကို စုစည်းဖို့ ပြင်ဆင်ရမယ်။
မှန်လေး အခုလေးတင် ပြောသွားတဲ့ အချက်အလက်တွေထဲမှာ အသုံးဝင်တဲ့ အချက်တစ်ချက် ပါနေတယ်။
"စိတ်ဝိညာဉ်ဟာ ဝိညာဥ်သန္ဓေသားထက် အားနည်းတယ် ဒါကြောင့် ဝိညာဉ်လောကသို့ သွားခြင်းက အန္တရာယ် အရမ်းကြီးတယ်"
ဆိုတာပဲ
ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ရိုးရိုး မဟုတ်ဘူး အနည်းဆုံးတော့ ဝိညာဥ်သန္ဓေသားထက် မနိမ့်ပါဘူး။
ဝိညာဉ်လောကကို သွားတဲ့အခါ တစ်စုံတစ်ရာ အကူအညီ ဖြစ်နိုင်လိမ့်မယ်။
"မင်းကို ဘယ်လို ထားရမလဲ ဒီအတိုင်း အပြင်ကို ခေါ်သွားရင်တော့ ကျင်ရှန်ဂိုဏ်း က အဆင့်မြင့်ကျင့်ကြံသူ မျက်စိကနေ လွတ်မှာ မဟုတ်ဘူး"
ဖန့်ချန်က ရွှမ်ဖျင့် ကို ကြည့်ပြီး စဉ်းစားနေမိတယ်။
ရွှမ်ဖျင့်က ဖန့်ချန်ရဲ့ အတွေးကို ရိပ်မိပုံရပြီး၊ ရုတ်တရက် ဗုန်း ခနဲ အသံနဲ့အတူ အဖြူရောင် အငွေ့အသက်တစ်ခုအဖြစ် ပြောင်းလဲကာ ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတော့တယ်။
ဖန့်ချန် အနည်းငယ် အံ့ဩသွားရတယ် ရွှမ်ဖျင့်က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်လည်နေတာကို သူ ခံစားမိပေမဲ့ ဘာမှ ထူးခြားတဲ့ ဒုက္ခပေးတာမျိုး မရှိဘူး။
အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ၃ လ ကုန်ဆုံးသွားခဲ့ပြီ။
ပီထုဂူဗိမာန်က တကယ်ကို ကျယ်ပြန့်လွန်းလှတယ်။
ဒီ ၃ လအတွင်းမှာ ဖန့်ချန် နေရာအတော်များများကို ရောက်ခဲ့ပေမဲ့ နတ်မျိုးစေ့ (၄) ယောက်နဲ့ပဲ ဆုံခဲ့တယ်။
ကျန်တဲ့အချိန်တွေမှာတော့ သူတစ်ယောက်တည်းပါပဲ။
"နတ်ဘုရားတွေရဲ့ လက်ရာဆိုတာ တကယ်ကို ချီးကျူးစရာပဲ ဂူဗိမာန် တစ်ခုတည်းကိုတောင် နယ်မြေ တစ်ခုစာလောက် ကျယ်အောင် ဖန်တီးထားနိုင်တယ်"
ဖန့်ချန် စိတ်ထဲကနေ ကျီးကျူးနေစဉ်မှာပဲ၊ ရှေ့မှာ သားရဲကြီးတစ်ကောင် ရုတ်တရက် ပေါ်လာတယ်။
အဲဒီ သားရဲက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီးတာနဲ့ ချက်ချင်း လှည့်ပြေးသွားတော့တာပဲ။
ဒီလို အခြေအနေမျိုး ကြုံရတာ တစ်ကြိမ်နှစ်ကြိမ်မကတော့ဘူး။
အဲဒီ သားရဲကြီးတွေဟာ စီနီယာအစ်ကို ပီထု မွေးမြူထားတဲ့ နတ်သားရဲတွေရဲ့ မျိုးဆက်တွေပဲ ဖြစ်ရမယ်။
သူတို့ ရန်မမူရဲတာက အကြောင်းရင်း တစ်ခုပဲ ရှိတယ်။
အဲဒါက ရွှမ်ဖျင့် ကြောင့်ပဲ။
ရွှမ်ဖျင့်ရဲ့ အငွေ့အသက်ကို ရလိုက်လို့ ဖြစ်နိုင်သလို ရွှမ်ဖျင့်ကို ပီထုကိုယ်တိုင် သေချာ မွေးမြူထားတာကို သိလို့လည်း ဖြစ်နိုင်တယ်။
ဒါကြောင့် ဒီသားရဲမျိုးဆက်တွေက ဖန့်ချန်နဲ့ ပီထုကြားမှာ ပတ်သက်မှု တစ်ခုခု ရှိတယ်လို့ ထင်ပြီး မတိုက်ခိုက်ရဲကြတာပါ။
"မင်းတို့ တကယ်ကို သတ္တိကောင်းကြတာပဲ ဒီ နဂါးဝိညာဥ်အသီး တွေကို ငါ အရင်တွေ့တာလေ မင်းတို့က လုချင်နေကြတာလား ဘယ်အရာမဆို အရင်လာတဲ့သူက အရင်ရတာပဲ မဟုတ်လား"
ဝူထိုက် (တုခုန်း) ရဲ့ အသံ ထွက်ပေါ်လာတယ်။
ဖန့်ချန်က လှမ်းကြည့်လိုက်တော့၊ မိုင်အနည်းငယ် အကွာမှာ လူနှစ်စု အချေအတင် ဖြစ်နေကြတယ်။
တစ်ဖက်က ဝူထိုက် ဖြစ်ပြီး နောက်တစ်ဖက်ကတော့ ဝိညာဥ်သန္ဓေသားအဆင့် ရှိတဲ့ နတ်မျိုးစေ့ တစ်စုပဲ။
လူနှစ်စုရဲ့ အလယ်မှာတော့ နဂါးဝိညာဥ်အသီးပင် (၃) ပင်ရှိပြီး၊ အသီး စုစုပေါင်း (၁၀) လုံး သီးနေတယ်။
အသီးပင်တွေရဲ့ အနားမှာ နဂါးစစ်စစ်ရဲ့ အရိုးစုလိုလို အကြွင်းအကျန် တစ်ခုကိုလည်း တွေ့ရတယ်။
"ဝူထိုက်...ကျန့်မော့ကျွန်း ရဲ့ မျက်နှာကို ထောက်ပြီး ဒီအသီး (၁) လုံးကိုတော့ မင်း ယူသွားလို့ရတယ် ကျန်တဲ့ (၉) လုံးကိုတော့ ထိဖို့ မစဉ်းစားနဲ့ ဘယ်လက်နဲ့ ထိမလဲ အဲဒီလက်ကို ငါ ဖြတ်ပစ်မယ် ငါ နောက်ပြောင်နေတာလား ဆိုတာကိုတော့ မင်း လောင်းကြေးထပ် ကြည့်နိုင်ပါတယ်"
ဝိညာဥ်သန္ဓေသားအဆင့် နတ်မျိုးစေ့တစ်ယောက်က ခနဲ့တဲ့တဲ့ ပြောလိုက်တယ်။
"ငါတို့ ကျန့်မော့ကျွန်းရဲ့ မျက်နှာက ဒီလောက်တောင် တန်ဖိုးမရှိတာလား နဂါးဝိညာဥ်အသီး (၁) လုံးပဲ တန်တာလား"
ဝူထိုက်က တဟားဟား ရယ်လိုက်ပြီး
"ဒီလိုလုပ်ရအောင် ငါ မင်းတို့ကို ရွေးချယ်စရာ တစ်ခုပေးမယ် မင်းတို့က (၁) လုံးပဲ ယူ ကျန်တဲ့ (၉) လုံးကို ဘယ်သူပဲ ထိထိ ဒီနေရာက ထွက်တာနဲ့ ငါ အကုန် ပြန်ရှင်းမယ်"
အဝေးကနေ ကြည့်နေတဲ့ ဖန့်ချန်ကတော့ သာသာလေး ခေါင်းငြိမ့်လိုက်တယ်။
၃ လအတွင်းမှာ တုခုန်း (ဝူထိုက်) ဟာ မူလ ဝူထိုက်ရဲ့ အကျင့်စရိုက်တွေကို ၇ ပုံ ၈ ပုံလောက် တူအောင် တုပနိုင်နေပြီ။
ဒီအတောအတွင်းမှာ ဝူထိုက်နဲ့ ရင်းနှီးတဲ့ နတ်မျိုးစေ့တွေနဲ့ သူ အတော်လေး စကားပြောဖြစ်ခဲ့ပုံရတယ်။
အခြေအနေတွေ တင်းမာနေစဉ်မှာပဲ ကျင့်ကြံသူတစ်စု ပျံသန်းရောက်ရှိလာတယ်။
ဦးဆောင်လာသူကတော့ ရွှေခြင်္သေ့နတ်ဘုရားရဲ့ တပည့် မြောင်ယန် ပဲ ဖြစ်ပါတယ်။
"အားလုံးပဲ... ငါ့စကားကို နားထောင်ကြပါဦး ဒါက နဂါးဝိညာဥ်အသီးလေးတွေပဲ ဥစ္စာ ဒီအတောအတွင်းမှာ အားလုံးလည်း အသီးတွေ အများကြီး တွေ့ခဲ့ကြမှာပါ ကျင်ရှန်းဂိုဏ်းကို ပေးရမယ့် ဒဏ်ကြေးအတွက်လည်း လောက်ငနေလောက်ပါပြီ"
"ဒီလို ပစ္စည်းလေးတွေကြောင့်နဲ့ မင်းတို့ရဲ့ ခင်မင်မှုကို မဖျက်ဆီးလိုက်ကြပါနဲ့ ဒီမှာ အသီး (၁၀) လုံး ရှိတယ်ဆိုတော့ ငါက (၂) လုံး ယူမယ် ကျန်တာကို မင်းတို့ ငါးလုံးစီ ခွဲယူကြရင် မကောင်းဘူးလား "
မြောင်ယန်က လက်အုပ်ချီပြီး ပြောလိုက်တယ်။
လူတိုင်း ကြောင်သွားကြတယ်။
ဝူထိုက်က မြောင်ယန်ကို ကြည့်ပြီး
"မြောင်ယန် ငါ သိသလောက်တော့ ဒီအသီးတွေက မင်းနဲ့ ဘာမှ မဆိုင်ဘူးထင်တယ် မင်းက ဘာလို့ (၂) လုံး ယူရမှာလဲ "
ကျန်တဲ့ ဝိညာဥ်သန္ဓေသား နတ်မျိုးစေ့တွေကလည်း မကျေမနပ် ဖြစ်သွားကြတယ်
"မြောင်ယန်... မင်းက ဖျန်ဖြေပေးတာလား ဒါမှမဟုတ် ငါတို့ဆီကနေ အတင်းအဓမ္မ (၂) လုံး လာယူတာလား တိုက်ကြခိုက်ကြရင်တောင် ဒါက ငါတို့နဲ့ ဝူထိုက် ကြားက ကိစ္စပဲ မင်းနဲ့ ဘာဆိုင်လို့လဲ "
"ဘာလို့ မဆိုင်ရမှာလဲ ဒီဂူဗိမာန်ရဲ့ စည်းကမ်းက မြင်တဲ့သူ အကုန် ဝေစုရတာပဲလေ"
မြောင်ယန်က ပြုံးရင်း ပြောနေစဉ်မှာပဲ၊ စကားကို ခဏဖြတ်ပြီး ဖန့်ချန် ရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်
"တုန်းဖန်းရ ကျုပ်ပြောတဲ့ မြင်တဲ့သူ အကုန် ဝေစုရတာ ဆိုတာ ခင်ဗျားနဲ့ မဆိုင်ဘူးနော် အထင်မလွဲပါနဲ့ အေးအေးဆေးဆေး ကြည့်ချင်ရင်တော့ ကြည့်လို့ရပါတယ်"
ဝူထိုက် (တုခုန်း) ရဲ့ မျက်လုံးတွေ လင်းလက်သွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်တယ်။
သူရဲ့ မျက်လုံးထဲမှာတော့ မသိမသာ ဝမ်းသာသွားတဲ့ အရိပ်အယောင်တွေ ရှိနေတယ်။
"ဪ တုန်းဖန်းပဲ မင်း လာတာ အတော်ပဲ ငါတို့အတွက် တရားမျှတတဲ့ စကား တစ်ခွန်းလောက် ပြောပေးပါဦး ဒီလူတွေက တကယ်ကို အနိုင်ကျင့်လွန်းနေကြတယ်"
ဝူထိုက်က လက်ယပ်ခေါ်လိုက်တယ်။
"ဝူထိုက် မင်းက သူ့ကို တရားမျှတတဲ့ စကား ပြောခိုင်းတာလား ကြည့်ရတာ သူကတော့ အရည်အချင်း မမီသေးဘူး ထင်တယ်"
မြောင်ယန်က ခေါင်းခါလိုက်ပြီး၊ ဝိညာဥ်သန္ဓေသား နတ်မျိုးစေ့ အုပ်စုကို လှည့်ကြည့်ကာ
"ငါက (၂) လုံးပဲ ယူမှာပါ သိပ်မများပါဘူး မဟုတ်လား"
"တကယ်ပဲ (၂) လုံးပဲလား ဒါဆိုရင်လည်း ယူပြီး အမြန်ထွက်သွားတော့ "
နတ်မျိုးစေ့တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ စိတ်မရှည်တဲ့ ပုံစံနဲ့ တစ်ယောက်က ပြောလိုက်တယ်။
မြောင်ယန်က ပြုံးလိုက်ပြီး နဂါးဝိညာဥ်အသီး (၂) လုံးကို ခူးဖို့ လက်လှမ်းလိုက်တယ်။
"ကျုပ် တရားမျှတတဲ့ စကား တစ်ခွန်း ပြောပါရစေ ဒီအသီးတွေကို ဝူထိုက်က အရင်တွေ့တာဆိုတော့ သေချာပေါက် သူပဲ ပိုင်ရမှာပေါ့ မင်းတို့က နတ်မျိုးစေ့တွေ ဖြစ်ပြီးတော့ အတင်းအဓမ္မ လုယူနေကြတာကတော့ ရုပ်ဆိုးလွန်းနေတယ်"
လူတိုင်းက ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြတယ်။
ဝိညာဥ်သန္ဓေသား နတ်မျိုးစေ့တွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး၊ တစ်ယောက်က မြောင်ယန်ကို မေးလိုက်တယ်
"ဒီလူက ဘယ်သူလဲ ဘယ်ကလဲ"
မြောင်ယန်က ရယ်မောလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ တိုးတိုးလေး ဆိုတယ်
"တုန်းဖန်း ဒီကိစ္စမှာ သာမန် ကျင့်ကြံသူတစ်ယောက်အနေနဲ့ တရားမျှတတဲ့ စကားတွေ လာပြောနေဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုယ် မီးထဲ ခုန်မချပါနဲ့ "
"မြောင်ယန် မင်းပြောတာ မှားနေပြီ တုန်းဖန်းက ဘာလို့ တရားမျှတတဲ့ စကား မပြောနိုင်ရမှာလဲ လောကမှာ သူ့လိုမျိုး ဖြောင့်မတ်တဲ့ ကျင့်ကြံသူမျိုးက တကယ်ကို ရှားသွားပါပြီ"
ဝူထိုက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ၊ ဟင်းလင်းပြင်ထဲကို ကြည့်ကာ
"အကြီးအကဲ ချင် ကျေးဇူးပြုပြီး ပေါ်လာပေးပါဦး"
လူတိုင်း ကြောင်အမ်းသွားစဉ်မှာပဲ၊ ဟင်းလင်းပြင်ထဲမှာ အဘိုးအိုတစ်ယောက် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ပေါ်လာတယ်။
အဘိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဟင်းလင်းပြင်ထဲမှာ ရပ်နေတယ်။
သူက မြောင်ယန်တို့ လူစုကို တိတ်တဆိတ် စိုက်ကြည့်နေတယ်။
သူ့ရဲ့ အကြည့်က အေးဆေးနေပေမဲ့ မြောင်ယန်တို့ လူစုကတော့ ကြက်သီးမွေးညင်းတွေ ထသွားရတော့တာပဲ။
"အဘိုးက ကျန့်မောကျွန်းက ချင်မန် ပါ နတ်မျိုးစေ့လေးတွေကို နှုတ်ဆက်ပါတယ်"
ချင်မန် က ခပ်အေးအေးပဲ ပြောလိုက်တယ်။
"ဪ... စီနီယာ ချင်မန် ပါလား..."
မြောင်ယန်ရဲ့ မျက်နှာပေါ်မှာ အားတင်းထားတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။
စိတ်ထဲမှာတော့ ကျန့်မော့ကျွန်းက လူတွေ ရူးနေကြတာလား ဒီတစ်ခါ လူဘယ်နှစ်ယောက်တောင် လာကြတာလဲ အလယ်လတ်ကျောက်တုံး တွေကို အဆင့်နိမ့် ကျောက်တုံးတွေလိုများ သုံးနေကြတာလား လို့ ကျိန်ဆဲနေမိတယ်။
ကျန်တဲ့ နတ်မျိုးစေ့တွေကလည်း ချင်မန်ကို မမြင်ဖူးကြပေမဲ့ သူ့ဆီက ထွက်ပေါ်နေတဲ့ မရိုးရှင်းတဲ့ အရှိန်အဝါကိုတော့ ခံစားမိကြတယ်။
အထက်အဆင့် (သုံးဆင့်) ကျင့်ကြံသူ (သို့မဟုတ်) တာအိုပေါင်းစပ်ခြင်းအဆင့်
နတ်မျိုးစေ့တွေ တစ်ကိုယ်လုံး တုန်တက်သွားပြီး သူတို့ရဲ့ အကြည့်တွေက ဟိုဟိုဒီဒီ ပျာယာခတ်သွားတော့တယ်။
"ကဲ... အခု ဒီအသီးတွေက ဘယ်သူ့ဆီ ရောက်မလဲ"
ဝူထိုက်က ရယ်ရင်း မေးလိုက်တယ်။
"သေချာပေါက် ဝူညီကို ရဲ့ အပိုင်ပေါ့ဗျာ"
လူတိုင်းရဲ့ မျက်နှာပေါ်မှာ အားတင်းထားတဲ့ အပြုံးတွေ ပေါ်လာကြတယ်။
"ဒီညီလေး... ခုနက တရားမျှတတဲ့ စကား ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီ နဂါးဝိညာဥ်အသီး (၁၀) လုံးလုံးကို ညီလေးပဲ ယူလိုက်ပါ"
ချင်မန်က လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ နဂါးဝိညာဥ်အသီး (၁၀) လုံးစလုံး ဖန့်ချန်ရဲ့ ရှေ့ကို ရောက်လာတယ်။
သူ့ရဲ့ မျက်နှာမှာတော့ ကြင်နာတတ်တဲ့ အဘိုးအိုတစ်ယောက်လို အပြုံးတွေနဲ့ပေါ့။
မြောင်ယန်တို့ လူစုကတော့ ကြောင်အမ်းပြီး ကျန်ခဲ့ရတယ်။
တရားမျှတတဲ့ စကား တစ်ခွန်းတည်းနဲ့ နဂါးဝိညာဥ်အသီး (၁၀) လုံးတောင် ရသွားတာလား
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်နှာတွေကတော့ တော်တော်လေးကို ရုပ်ဆိုးနေပါတော့တယ်။
တရားမျှတတဲ့ စကားကို သူတို့ဘာသာသူတို့ အရင်ပြောလိုက်ရမှာလို့ နောင်တရနေကြပုံပါပဲ။