← Chapters

အခန်း (၈၁၅-၈၁၆)

Vol. 82 Ch. 815-816

အခန်း (၈၁၅-၈၁၆)

Vol. 82 Ch. 815-816

​အခန်း (၈၁၅) လူ့လောကကို တစ်ခေါက် ပြန်ကြည့်ခြင်း

​ဒီနေ့မှာတော့ ပိုင်ယွဲ့မြို့က လေလွင့်ဝိညာဉ်တွေဟာ ဘာတွေဖြစ်ပျက်ကုန်မှန်း မသိကြပါဘူး။

​သူတို့ သိလိုက်တာကတော့ ပိုင်ယွဲ့မြို့ထဲမှာ ရုတ်တရက်ဆိုသလို စစ်သည်တော် ဝိညာဉ် သောင်းနဲ့ချီ ပေါ်လာပြီး ယင်ဝန်ထမ်းဌာနက ဝန်ထမ်းတွေနဲ့အတူ ပိုင်ယွဲ့မြို့တစ်မြို့လုံးကို နှံ့စပ်အောင် ပတ်နေကြတာပါပဲ။

​မြို့ထဲက ရာထူးဂုဏ်ရှိန်ရှိတဲ့ အရာရှိကြီးတွေရဲ့ အိမ်တော်တိုင်းကို တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးကြပါတယ်။

​ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ၊ ပိုင်ယွဲ့မြို့ထဲမှာရှိတဲ့ ရှယွီရဲ့ ဆက်ဆံရေးကွန်ရက်တွေနဲ့ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ ဝိညာဉ်စာရင်းကို အတည်ပြုဖို့ပါပဲ။

​ယင်ဝန်ထမ်းဌာနရဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရှောင်းစစ်သူကြီးဟာ သုံးရက်အတွင်းမှာတင် စာရင်းတစ်ခုကို ဖန့်ချန်ရဲ့ ရှေ့ကို ပို့ပေးနိုင်ခဲ့ပါတယ်။

​စာရင်းထဲမှာ ပါတဲ့လူက သိပ်မများပါဘူး၊ သွေးဝိညာဉ်ဂိုဏ်းနဲ့ တိုက်ရိုက်ပတ်သက်နေသူကတော့ လက်ချိုးရေလို့ ရပါတယ် ရှယွီ တစ်ယောက်တည်းပဲ ရှိတာပါ။

​ကျန်တဲ့သူတွေကတော့ ရှယွီ ဒီနှစ်တွေအတွင်းမှာ စည်းရုံးထားတဲ့ အရည်အချင်းရှိသူတွေနဲ့ ယင်ဝန်ထမ်းဌာနထဲက အချို့သော ယင်ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

​ယင်ဝန်ထမ်းဌာနရဲ့ စီရှန် ထိုင်ရမယ့် နေရာမှာ အခုတော့ ဖန့်ချန်က ထိုင်နေပြီး၊ စီရှန်ကတော့ ညဉ့်လှည့်ကင်းစစ်သည်နဲ့အတူ အောက်ဘက်မှာ ရိုရိုသေသေ ရပ်နေရပါတယ်။

​ကျိုးဝမ်ရှင်းနဲ့ ရှယွီတို့ကတော့ အောက်မှာ ဒူးထောက်နေကြပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြတယ်။

​ဖန့်ချန်က စာရင်းကို ခဏလောက် ကြည့်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်တယ်

"စိတ်ဝင်စားစရာပဲ ကျိုးဝမ်ရှင်း ရာထူးမတက်ခင်မှာတင် ရှယွီက လူတွေကို စည်းရုံးနေပြီပဲ နေ့ခင်းကင်းလှည့်စစ်သည် ရာထူးကို ရပြီးရင် အကြီးအကျယ် စီမံကိန်းတွေ ချထားပုံရတယ်"

​ခဏရပ်ပြီးနောက်

"နေ့ခင်းကင်းလှည့်စစ်သည်ဟောင်း ကျိုးဝမ်ရှင်း မင်းက နေ့ခင်းကင်းလှည့်စစ်သည် တစ်ယောက်အနေနဲ့ လူ့လောကရဲ့ ကောင်းမှုဆိုးမှုကို ကင်းလှည့်ဖို့ လုပ်ပိုင်ခွင့်ရှိပေမဲ့ မင်းရဲ့ တာဝန်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်"

"ဒါကြောင့်မို့လို့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့ရတယ် ဒါကြောင့် မင်းကို သတ်သင့်တယ်"

​ကျိုးဝမ်ရှင်းရဲ့ ကိုယ်ခန္ဓာဟာ တုန်ယင်သွားပြီး မြေကြီးပေါ် တရစပ် ဦးတိုက်ကာ

"အရှင်... ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါဦး"

​"ခေါ်သွားလိုက် ဝမ့်ချွမ်းမြစ်ထဲ ပစ်ချလိုက်တော့ ဘယ်တော့မှ ပြန်မတက်လာစေနဲ့"

​ဖန့်ချန်က ခပ်အေးအေးပဲ ပြောလိုက်တယ်။

​ညဉ့်လှည့်ကင်းစစ်သည်က အခြေအနေကို ကြည့်ပြီး ရှေ့တိုးကာ ကျိုးဝမ်ရှင်းကို ဆွဲခေါ်သွားတော့တယ်

"ကျိုးအစ်ကို... သွားကြရအောင်"

​"နေ့ခင်းကင်းလှည့်အရှင် အရာရှိကြီး ကျွန်တော် မှားခဲ့ပါတယ် ကျွန်တော် ဒီကိစ္စကို အသေအချာ မစစ်ဆေးချင်တာ မဟုတ်ပါဘူး သွေးဝိညာဉ်ဂိုဏ်းမှာ ကျင့်ကြံသူတွေက အထက်အရာရှိအဖြစ် ရှိနေတာကြောင့် ကျွန်တော် မစွက်ဖက်ရဲခဲ့တာပါ"

​ကျိုးဝမ်ရှင်းက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်နေတော့တယ်။

​စီရှန်နဲ့ ညဉ့်လှည့်ကင်းစစ်သည်တို့ရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားပြီး ပိုလို့တောင် လေးနက်သွားကြတယ်၊ သူတို့ မျက်လုံးထဲမှာလည်း ကြောက်ရွံ့မှုတွေ အရိပ်အယောင် ပေါ်လာပါတယ်။

​ဖန့်ချန်က ကျိုးဝမ်ရှင်းရဲ့ ရှင်းပြချက်ကို ဂရုမစိုက်ပါဘူး၊ မကြာခင်မှာပဲ သူဟာ ညဉ့်လှည့်ကင်းစစ်သည်ရဲ့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပါတော့တယ်။

​ရှောင်းစစ်သူကြီးက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရတယ်။

​"သွေးဝိညာဉ်ဂိုဏ်းက ယင်လောကမှာလည်း အင်အား တကယ်ကြီးတာလား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​စီရှန်က ဘယ်ညာ ဝေ့ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ ခါးခါးသီးသီး ပြုံးနေမိတယ် ဒါက သိသိသာသာကြီး သူ့ကို မေးနေတာလေ ဒါပေမဲ့ ဒီလိုကိစ္စမျိုးထဲမှာ... သူ မပါချင်ဘူး။

​ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူက ရှေ့ကို တစ်လှမ်းတိုးပြီး လက်အုပ်ချီကာ

​"အရှင်... သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူ တော်တော်များများဟာ သေဆုံးပြီးနောက်မှာ ယင်လောကကို ရောက်လာပြီး ရာထူးအကြီးကြီးတွေ ရထားကြတာ အမှန်ပါပဲ ဒါပေမဲ့ အသေးစိတ်ကတော့... ကျွန်တော်မျိုး တကယ်ပဲ မသိပါဘူး ဒါတွေက အရမ်းကို ရှုပ်ထွေးလွန်းတယ်ဆိုတာပဲ သိပါတယ်"

​ပိုင်ယွဲ့မြို့ ယင်ဝန်ထမ်းဌာနရဲ့ စီရှန် တစ်ယောက်အနေနဲ့ ရာထူးသက်တမ်း ကြာလာပြီဆိုတော့ လူ့လောကရဲ့ လှုပ်ရှားမှုအချို့ကို သူ ဘယ်လိုလုပ် မသိဘဲ နေမလဲ။

​သွေးဝိညာဉ်ဂိုဏ်းက အဲဒီအထဲက တစ်ခုပါပဲဒါပေမဲ့ သူက အဲဒီကိစ္စတွေရဲ့ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတာကို ကောင်းကောင်းသိတယ် သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အဲဒီထဲမှာ ပါဝင်ဖို့တောင် အရည်အချင်း မရှိပါဘူး။

​စီရှန်က စကားဆုံးတော့ ခေတ္တရပ်လိုက်ပြီး ရှယွီကို တစ်ချက်ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်တယ်

"ဒီ ရှယွီ ကလည်း သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတာပါ မြို့တော်ဝန်ကလည်း အဲဒီအချက်ကို သိလို့ သူ့သမီးနဲ့ လက်ထပ်ပေးပြီး အိမ်ထောင်ဖက်အဖြစ် လက်ခံခဲ့တာပါ ဒါတင်မကသေးဘူး ငွေတွေ အများကြီး အကုန်အကျခံပြီး ပိုင်ယွဲ့မြို့ရဲ့ နေ့ခင်းကင်းလှည့်စစ်သည် ရာထူးကို ရဖို့အတွက် အောက်ခြေကနေ လိုက်လံ စီစဉ်ပေးခဲ့တာပါ"

​"ဖန့်ချန်... သတ်ချင်ရင်လည်း သတ် ခုတ်ချင်ရင်လည်း ခုတ်တော့ ဒါပေမဲ့ မင်း တစ်ခုမှတ်ထား မင်း သွေးဝိညာဉ်ဂိုဏ်းကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး အရင်က လူ့လောကမှာလည်း မင်း မနိုင်ခဲ့သလို အခု ယင်လောကမှာဆိုရင်တော့ ပိုတောင် မနိုင်နိုင်သေးဘူး"

​"ငါ ဝမ့်ချွမ်းမြစ်ထဲမှာ မင်းကို စောင့်နေမယ် မင်း ငါနဲ့အတူ နစ်မြုပ်မယ့် တစ်နေ့ကို စောင့်နေမယ်"

​ရှယွီက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ မျက်နှာပေါ်မှာ အဆိပ်ပြင်းတဲ့ အပြုံးတစ်ခု ပေါ်လာတော့တယ်။

​ဘေးမှာ ဒူးထောက်နေတဲ့ သူ့ဇနီးကတော့ အဲဒီစကားကို ကြားတဲ့အခါ ပိုပြီး ထိတ်လန့်သွားတော့တယ်။

​"ဝမ့်ချွမ်းမြစ် ဘယ်သူက မင်းကို ဝမ့်ချွမ်းမြစ်ထဲ ပစ်ချမယ်လို့ ပြောလို့လဲ"

​ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်တယ်။

​ရှယွီ ကြောင်သွားပြီး

"ဒါဆို မင်းက..."

​နောက်တစ်စက္ကန့်မှာတော့ ဖန့်ချန် လက်မြှောက်လိုက်တာကိုပဲ သူ မြင်လိုက်ရတယ်၊ မှောင်မည်းတဲ့ အလင်းတန်းတစ်ခုက သူ့ကိုယ်ပေါ် ကျရောက်သွားပြီးနောက် အဆုံးမရှိတဲ့ နာကျင်မှုကို ခံစားလိုက်ရကာ မီးပင်လယ်ထဲ ရောက်နေသလိုမျိုး အသည်းအသန် အော်ဟစ်လိုက်ပါတော့တယ်။

​စီရှန်ရဲ့ မျက်နှာထား ပြောင်းလဲသွားတယ်။

​ဒါက ဝိညာဉ်ပူးကပ်ခြင်းအတတ် ပဲ...

​လေလွင့်ဝိညာဉ်တွေအတွက်တော့ ဝိညာဉ်ပူးကပ်ခြင်းအတတ်ဆိုတာ ကျင့်ကြံသူတွေရဲ့ မိုးကြိုးဒဏ်သင့်တာနဲ့ အတူတူပါပဲ...။

​ရှောင်းရှန်ချဲ့နဲ့ ရှယွီရဲ့ ဇနီးတို့ဟာ ရှယွီကို အရှင်လတ်လတ် ကျိုချက်ခံလိုက်ရတာကို ကိုယ်တိုင် မြင်လိုက်ရတယ် နောက်ဆုံးမှာတော့ သူဟာ ကြောင်တောင်တောင် ဖြစ်နေတဲ့ သာမန် စက္ကူရုပ်လေး တစ်ရုပ်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

​ရှယွီရဲ့ ဇနီးဟာ စိတ်ဓာတ်တွေ ပြိုလဲသွားပြီး ကိုယ်ပေါ်က ယင်အငွေ့အသက်တွေလည်း ဗရုတ်ဗရက် ဖြစ်ကုန်တယ်၊ ဒါဟာ သိသိသာသာကြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်သွားတာပါ။

​"သူ့မှာ ကိုယ်ပိုင် အသိစိတ် ရှိနေသေးတယ် ဒါပေမဲ့ စက္ကူရုပ် ဖြစ်သွားပြီဆိုတော့ အစေခံတစ်ယောက်အနေနဲ့ သုံးဖို့ကတော့ ပြဿနာမရှိပါဘူး"

​ဖန့်ချန်က ပြုံးလိုက်ပြီး

"ရှောင်းစစ်သူကြီး... မင်းမှာ အစေခံ မရှိသေးဘူးမလား သူ့ကို မင်းနဲ့အတူ ခေါ်ထားလိုက်"

​"နေ့ခင်းကင်းလှည့်အရှင်ကို ကျေးဇူးတင်ပါတယ်"

​ရှောင်းစစ်သူကြီးက လက်အုပ်ချီ ဂါရဝပြုလိုက်တယ်၊ ပြီးတော့ ရှေ့တိုးပြီး ယင်အငွေ့အသက် တစ်ခုကို ရှယွီရဲ့ ကိုယ်ထဲ ထည့်လိုက်တယ် အခုကစပြီး ရှောင်းစစ်သူကြီးဟာ ရှယွီရဲ့ သခင် ဖြစ်သွားပါပြီ။

​ရှောင်းရှန်ချဲ့ကတော့ ဒါကို မြင်တဲ့အခါ ရင်ထဲမှာ ကြောက်လန့်မှုကလွဲလို့ ဘာမှ မရှိတော့ပါဘူး။

​ဒါက ဝမ့်ချွမ်းမြစ်ထဲ နစ်မြုပ်ရတာထက်တောင် ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်နေတာပါ ဝမ့်ချွမ်းမြစ်ထဲမှာဆိုရင် အနည်းဆုံးတော့ တစ်နေ့မှာ တစ်စုံတစ်ယောက်က လာကယ်ပြီး လွတ်မြောက်နိုင်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိပါသေးတယ်။

​အခုလို စက္ကူရုပ် ဖြစ်သွားပြီဆိုရင်တော့ ဘယ်တော့မှ နာလန်ထူနိုင်မှာ မဟုတ်တော့သလို လူပြန်ဝင်စားဖို့ဆိုတာလည်း လုံးဝ မဖြစ်နိုင်တော့ပါဘူး။

​"မင်း ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"

​အဲဒီအမျိုးသမီးက ရုတ်တရက် ဖန့်ချန်ကို လှည့်ကြည့်ပြီး မျက်နှာပျက်ပျက်နဲ့ အော်လိုက်တယ်

​"ကျွန်မအရှင်က လူ့လောကမှာ မင်းရဲ့ နှိပ်စက်တာကြောင့် သေခဲ့ရတာတောင် အခု ယင်လောက ရောက်တဲ့အထိ မင်းက အမြစ်ပြတ် သတ်ဦးမှာလား"

​"လူ့လောကမှာပဲဖြစ်ဖြစ် ယင်လောကမှာပဲဖြစ်ဖြစ် သူကိုယ်တိုင်က ငါ့ဆီ လာပတ်သက်တာပဲ ငါနဲ့ ဘာဆိုင်လို့လဲ"

​ဖန့်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ရှောင်းစစ်သူကြီးကို ပြောလိုက်တယ်

"စာရင်းထဲက လူအားလုံး အဲဒီ မြို့တော်ဝန် အပါအဝင် ရှယွီရဲ့ မုဆိုးမကိုပါ ဝမ့်ချွမ်းမြစ်ထဲ ပစ်ချလိုက်တော့"

​"ဟုတ်ကဲ့"

​ရှောင်းစစ်သူကြီးက ခေါင်းညိတ်လိုက်တယ်။

​ရက်အနည်းငယ်အကြာ၊ တံတားဦးမှာ။

​ရှောင်းစစ်သူကြီးက ရုတ်တရက် မေးလိုက်တယ်

"နေ့ခင်းကင်းလှည့်အရှင် ကျိုးဝမ်ရှင်းကို ဘာလို့ ချန်မထားတာလဲ အထက်အရာရှိတွေထဲမှာ သွေးဝိညာဉ်ဂိုဏ်းက လူ ဘယ်လောက်ရှိလဲဆိုတာ သူ သိနိုင်မှာပဲ"

​"သူ ဘယ်လောက် သိမှာမလို့လဲ တစ်ယောက်လား နှစ်ယောက်လား"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်

"ဒီက စီရှန်နဲ့ ညဉ့်လှည့်ကင်းစစ်သည်တောင် သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေနိုင်တာပဲ"

​ရှောင်းစစ်သူကြီးက စဉ်းစားဟန်နဲ့

"မင်းက သူတို့ကို... ဒီကိစ္စကို မင်းက သိပ်ပြီး ဂရုမစိုက်ဘူးလို့ ထင်အောင် လုပ်ချင်တာလား ဒါကြောင့် အသေအချာ မစစ်ဆေးတာလား"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်တယ်

"ငါးကြီးဖမ်းမှ အသုံးဝင်မှာပါ ဒီငါးအသေးလေးတွေကိုတော့ လောလောဆယ် ချန်ထားလိုက်ဦးမယ်တကယ်လို့ ငါက လုံးဝ အလျှော့မပေးတဲ့ပုံစံ ပြလိုက်ရင် အချို့လူတွေက ဘာသဲလွန်စမှ မချန်ဘဲ ပုန်းသွားလိမ့်မယ်"

​ခဏရပ်ပြီးနောက်

"မင်းနဲ့ မင်းသမီး ဘယ်လိုသေခဲ့တာလဲ မှတ်မိသေးလား"

​"မမှတ်မိတော့ဘူး ဒါပေမဲ့ ဝမ့်ချွမ်းမြစ်အောက်မှာ ငါ အဖြစ်အပျက် အားလုံးကို ပြန်စဉ်းစားကြည့်တယ် ရှယွီ ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

​ရှောင်းစစ်သူကြီးက ပြောလိုက်တယ်။

​သူက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး

"မဟာရှက ကုဟယ် နဲ့ လုံတု တို့လို နိုင်ငံတွေကို သိမ်းပိုက်ပြီးပြီ နယ်မြေတွေကလည်း အရမ်းမြန်တဲ့ အရှိန်နဲ့ ကျယ်ပြန့်လာနေတယ် ငါ မသေခင်က ချင်းစုန်းကလည်း ကျဆုံးတော့မယ့် အခြေအနေပဲ"

​"ခန့်မှန်းရတာတော့ မကြာခင်မှာ ရှယွီက အဆင့် ၇ ၊ အဆင့် ၆ ကနေ အဆင့် ၄ အထိတောင် ရည်မှန်းလိမ့်မယ် အဲဒီအတောအတွင်းမှာလည်း မရေမတွက်နိုင်တဲ့ သတ္တဝါတွေ သေဆုံးရဦးမှာပဲ ​မင်းကော... ဒီကိစ္စကို ဘယ်လိုမြင်လဲ "

​"လူ့လောကကို တစ်ခေါက် ပြန်ကြည့်ပြီးမှပဲ ပြောတာပေါ့"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်

"မင်းရော ငါရော သွေးဝိညာဉ်ဂိုဏ်းရဲ့ ကစားတာကို ခံခဲ့ရတယ် မသေသင့်တဲ့ ညီအစ်ကိုတွေ အများကြီး စစ်မြေပြင်မှာ အဓိပ္ပာယ်မရှိဘဲ သေခဲ့ရတယ် ငါ မင်းကို နေ့ခင်းကင်းလှည့်စစ်သည် ခန့်တာက ဘာကြောင့်လဲဆိုတာ မင်း သိမှာပါ"

​ရှောင်းစစ်သူကြီးက ခေါင်းညိတ်လိုက်တယ်

"သွေးဝိညာဉ်ဂိုဏ်းက ငါတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူပဲ ငါ မင်းကို ကူညီမယ်"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ဝမ့်ချွမ်းမြစ်ကို ဖြတ်ကျော်ပြီး ထွက်ခွာသွားတော့တယ်။

​အခုတော့ သူဟာ နေ့ခင်းကင်းလှည့်အရှင် အနေနဲ့ မဟာရှနိုင်ငံကို ပြန်သွားပြီး၊ ရှရွှမ်ကျိ တစ်ယောက် ဘာတွေ ကြံစည်နေသလဲဆိုတာကို သွားရောက် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

​အခန်း (၈၁၆) ရှယွန်းရှင်း

​မဟာရှ၊ မြို့တော်။

​လမ်းမပေါ်မှာ လူတွေက တိုးဝှေ့သွားလာနေကြပြီးဈေးသည်လေးတွေကလည်း တက်တက်ကြွကြွနဲ့ အော်ဟောင်းရောင်းချနေကြတယ်၊ ခဏခဏဆိုသလို ကင်းလှည့်အဖွဲ့တွေ ဖြတ်သန်းသွားတာကို မြင်နေရတယ်။

​အခုဆိုရင် ရဲရင့်သောဓားစောင့်တပ်ထဲမှာ လူသစ်တွေနဲ့ အကုန်အစားထိုးလိုက်ပြီဖြစ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူဟောင်းတွေ မဟုတ်တော့ပါဘူး၊ လူဟောင်းတွေကတော့ အနားယူသူကနားယူ ရာထူးတက်သူကတက်နဲ့ပေါ့။

​ဖန့်ချန်က ကောင်းကင်ယံမှာ ရပ်နေပြီး သူ့ရဲ့အကြည့်က အဲဒီအစောင့်တပ် အုပ်စုနောက်ကို လိုက်ပါသွားတယ်။

​ဒီလူသစ်တွေရဲ့ အစွမ်းက မဆိုးလှပါဘူး၊ ခေါင်းဆောင်က ကောင်းကင်အဆင့် စစ်သည်အဆင့်ဖြစ်ပြီး သူ့လက်အောက်က ငယ်သားတွေကလည်း မြေကမ္ဘာ အဆင့်မှာ ရှိကြတယ်။

​သူ ဒီကိုမပြန်လာတာ ဆယ်စုနှစ်အနည်းငယ် ကြာသွားတဲ့အတောအတွင်းမှာ မဟာရှရဲ့ အခြေခံအင်အားတွေက တကယ်ပဲ တဖြည်းဖြည်း မြင့်တက်လာတာကို မြင်နိုင်ပါတယ်။

​"ကြားပြီးပြီလား ငါတို့ရဲ့ အရှင်မင်းကြီးက ကိုယ်တိုင်စစ်ချီပြီး မြို့တစ်မြို့ကို ထပ်သိမ်းလိုက်ပြန်ပြီတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ငါ့အိမ်ရှေ့က ကောင်လေးတောင် သူ့အိမ်က လူကြီးလူငယ်အကုန်ခေါ်ပြီး နယ်မြေသစ်ဖော်ဖို့ လိုက်သွားကြတယ်"

​"အဲဒီကိစ္စ ငါလည်း ကြားတယ်၊ အခုဆို ငါတို့မဟာရှက နံပါတ်တစ် အဆင့် ၇ အင်ပါယာဖြစ်နေပြီ တစ်ချိန်က အထက်နိုင်ငံဖြစ်ခဲ့တဲ့ ဟန်ရွှေ တောင်မှ ဒီနေ့မှာတော့ ငါတို့မဟာရှရဲ့ နယ်မြေတစ်ခု ဖြစ်သွားပြီလေ"

​"မမျှော်လင့်ထားတာက ဘုရင်မင်းမြတ် က နှစ်ပေါင်းများစွာကြာမှ အုပ်ချုပ်ရေးကို ပြန်ကိုင်တာတောင် ဒီလောက်အထိ အရှိန်အဝါကြီးနေတာပဲ"

"ပြီးခဲ့တဲ့နှစ်တွေက နန်းတော်ကလူတွေ လာပြီးတော့ ငါတို့ကို ချိုင့်ဝှမ်းဟောင်းမှာ စပါးသစ်တွေ စိုက်ခိုင်းတုန်းက ငါတောင် စိုးရိမ်နေခဲ့တာ"

"ရလဒ်က ဘာလဲသိလား အဲဒီစပါးသစ်က စားလို့ကောင်းရုံတင်မကဘူး အိမ်က ကောင်လေးက အဲဒါစားပြီးကတည်းက ကိုယ်ခန္ဓာက တောင့်တင်းသန်မာလိုက်တာ အခုမှ ခုနစ်နှစ်ပဲ ရှိသေးတယ် နွားပေါက်တစ်ကောင်ကို ထမ်းပြီးတော့တောင် အေးဆေး လမ်းလျှောက်နိုင်တယ်"

"ဓားစောင့်တပ်မှာ အလုပ်လုပ်နေတဲ့ အိမ်နီးနားချင်းက ပြောတယ် ငါ့သားလေးက အရင်က လူသားအဆင့် ဒုတိယအဆင့် ချီထိန်းချုပ်ခြင်းစစ်သည် နဲ့တောင် ညီမျှနေပြီတဲ့"

​"မဟာရှကို နတ်ဘုရားတွေ စောင်မတာပဲ အရင်တုန်းက ဖန့်စစ်နတ်ဘုရားက အကျပ်အတည်းကြားထဲကနေ မဟာရှအတွက် အသက်ဆက်ခွင့် ရှာပေးခဲ့ကတည်းက ငါတို့မဟာရှရဲ့ နေ့ရက်တိုင်းဟာ ပိုပိုပြီး ကောင်းလာတာ"

​"ဖန့်စစ်နတ်ဘုရားအကြောင်း ပြောရရင် သူ့သတင်း မကြားရတာ တော်တော်ကြာပြီနော် သူက နတ်ဘုရားဖြစ်သွားပြီး ကောင်းကင်ဘုံကို တက်သွားပြီလို့ ကောလာဟလတွေ ရှိတယ်"

​"ရှူး... အဲဒါတွေ လျှောက်မပြောနဲ့ ဖန့်စစ်နတ်ဘုရားအကြောင်း လျှောက်ပြောရင် ဓားစောင့်တပ်က ဖမ်းသွားဦးမယ်"

​"ငါတို့က အကောင်းပြောတာပဲ အဲဒီလောက်တော့ မဖြစ်လောက်ပါဘူး..."

​ဖန့်ချန်က သူ့ရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ကူးလိုက်တာနဲ့ နန်းဆောင် ရှေ့ကို ရောက်သွားတော့တယ်။

​အဲဒီအချိန်က ညီလာခံဆင်းတဲ့အချိန်နဲ့ တိုက်ဆိုင်နေပြီး၊ အရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် နန်းဆောင်ကနေ စနစ်တကျ ထွက်ခွာသွားတာကို မြင်ရတယ် အဲဒီထဲမှာ ရင်းနှီးတဲ့ မျက်နှာ တစ်ယောက်မှ မရှိပါဘူး။

​အရင်က တာ့ဟွာဘုရားကျောင်းရဲ့ ကျောင်းထိုင် ငါးယောက်မြောက်မင်းသား၊ ပြစ်မှုဆိုင်ရာဝန်ကြီး ကျန်းယွီရှု၊ စစ်ဘက်ဆိုင်ရာဝန်ကြီး ရဲ့တုန်းမင်၊ ယဉ်ကျေးမှုဝန်ကြီး ထောင်မင်ရှန့်... အားလုံး မရှိကြတော့ဘူး။

​ဆယ်စုနှစ်တွေ ကုန်လွန်သွားခဲ့ပြီ တကယ်လို့ သူတို့ အသက်ရှင်နေဦးမယ်ဆိုရင် အသက်အကြီးဆုံး ကျန်းယွီရှုဟာ အသက် ၁၁၀ လောက် ရှိနေပါပြီ။

​ဖန့်ချန်က နန်းဆောင်ထဲကို လျှောက်ဝင်သွားတဲ့အခါ ရှရွှမ်ကျိ က နဂါးပလ္လင်ပေါ်မှာ ထိုင်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေတာကို မြင်လိုက်ရတယ်။

​ဘေးနားက မိန်းမစိုးတွေနဲ့ ဓားစောင့်တပ်တွေကတော့ အသက်တောင် ပြင်းပြင်းမရှူရဲကြပါဘူး။

​ရှရွှမ်ကျိရဲ့ ပုံစံက အရင်အတိုင်းပဲ ဘာမှမပြောင်းလဲသေးပါဘူး၊ တကယ်တော့ ပြောင်းလဲသွားတာက အရင်ကထက် ပိုပြီး ငယ်ရွယ်သွားသလိုပါပဲ။

​"ဖေဖေ"

​ရုတ်တရက်ဆိုသလို ကျောက်စိမ်းရုပ်လေးလို ချစ်စရာကောင်းပြီး ဝဝတုတ်တုတ် မိန်းကလေးငယ်လေးတစ်ယောက် ပြေးဝင်လာကာ ရှရွှမ်ကျိရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်လိုက်တယ်။

​နန်းတွင်းအပျိုတော် အချို့က နောက်ကနေ လိုက်ပြေးလာကြပြီး ဒါကို မြင်တဲ့အခါ ထိတ်လန့်တုန်လှုပ်စွာနဲ့ ဒူးထောက်လိုက်ကြပြီး အပြစ်ပေးဖို့ တောင်းပန်နေကြတယ်။

​"ဘာလို့ မင်းရဲ့ မယ်တော် ဆီမှာ မနေတာလဲ"

​ရှရွှမ်ကျိရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး မိန်းကလေးငယ်ရဲ့ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်တယ်။

​"မယ်တော်က တောင်ပိုင်းကို ပြန်မယ်တဲ့ သမီးကိုတော့ မခေါ်ဘူးလေ ဖေဖေ မယ်တော်ကို ပြောပေးပါဦး ရှယွန်းရှင်း ကို ဘာလို့ မခေါ်သွားတာလဲလို့"

​မိန်းကလေးငယ်လေးက နှုတ်ခမ်းဆူပြီး ပြောလိုက်တယ်။

​"မင်းရဲ့မျိုးရိုးက ရှ ဖြစ်နေလို့ မင်းရဲ့ မယ်တော်က မခေါ်သွားချင်တာပေါ့ မင်း နန်းတော်မှာပဲ နေပါ ဘာပဲဖြစ်ဖြစ် မင်းရဲ့ မယ်တော်က ပြန်သွားရင်လည်း သိပ်မကြာခင် ပြန်လာမှာပဲလေ"

​ရှရွှမ်ကျိက ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။

​ရှယွန်းရှင်းကတော့ အပြစ်ကင်းစင်စွာနဲ့

"ဘာလို့ ယွန်းရှင်းရဲ့ မျိုးရိုးက ရှ ဖြစ်နေရင် မယ်တော်က မခေါ်သွားချင်တာလဲ"

​"အဲဒီထဲမှာလေ အကြောင်းပြချက်တွေ အများကြီး အများကြီး ရှိတယ် မင်း ကြီးလာရင် သိရလိမ့်မယ်"

​ရှရွှမ်ကျိက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်တယ်။

​ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်တယ်၊ နောက်တစ်ခဏမှာတော့ လူတစ်စုက နန်းဆောင်ထဲကို ဝင်လာကြတယ်၊ ခေါင်းဆောင်လာသူကတော့ ကျော့ရှင်းလှပပြီး ရုပ်ရည်က နည်းနည်း အိုမင်းသွားပေမဲ့ အသက် ၄၀ ဝန်းကျင်လောက်ပဲ ထင်ရကာ ဆွဲဆောင်မှုရှိနေတုန်းပါပဲ။

​"ရှယွန်းရှင်း... ငါ မင်းကို ပြောမထားဘူးလား မင်းရဲ့ ခမည်းတော်က နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ လာပြီး မနှောင့်ယှက်ပါနဲ့လို့"

​ဖန့်ချန်းယွဲ့ က အေးအေးဆေးဆေး ပြောလိုက်တယ်။

​သူမဘေးက အပျိုတော်တစ်ယောက်က အဓိပ္ပာယ်ကို နားလည်လိုက်ပြီး ချက်ချင်းပဲ ရှရွှမ်ကျိဆီကနေ ရှယွန်းရှင်းကို သွားခေါ်လိုက်တယ်။

​ဒီလုပ်ရပ် တစ်ခုလုံးမှာ အဲဒီအပျိုတော်ဟာ ဧကရာဇ် ရှရွှမ်ကျိကို ဘာမှ ရိုသေကြောက်ရွံ့မှု မရှိတဲ့ပုံပါပဲ။

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းမှု အချို့ ဖြတ်ပြေးသွားတယ်၊ ဆယ်စုနှစ်ပေါင်းများစွာ မတွေ့ရတဲ့နောက်မှာ သူ့ရဲ့ ဒီဒေါ်လေး ရဲ့ အသက်ဟာ အခုဆို ၇၀ ကျော်လောက် ရှိနေပါပြီ။

​ဒါပေမဲ့ အခု သူမရဲ့ မျက်နှာမှာ နတ်ဘုရားအလင်းတန်းတွေ မှိန်မှိန်လေး ဖြာထွက်နေပြီး သူမက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါပြီ၊ အဆင့်ကလည်း မနိမ့်ပါဘူး အခြေခံတည်ဆောက်ခြင်းအဆင့် ပါ။

​ပြီးတော့ ဖန့်ချန်ရဲ့ အကြည့်က ရှယွန်းရှင်းရဲ့ ကိုယ်ပေါ်ကို ရောက်သွားပြီး၊ သူ့မျက်လုံးထဲမှာ လေးနက်မှုတွေ ပိုလာတော့တယ်။

​ဒီမိန်းကလေးငယ်လေးက သူ့ဒေါ်လေးနဲ့ ရှရွှမ်ကျိတို့ရဲ့ သမီးလား တကယ်လို့ ဟုတ်တယ်ဆိုရင်တော့ ကိစ္စတွေက နည်းနည်း ရှုပ်ထွေးသွားပြီ။

​"မင်း တောင်ပိုင်းကို ဘာသွားလုပ်ဦးမလို့လဲ ဖန့်ချန်းဟိုင် ဇနီးမောင်နှံက တစ်နှစ်ပတ်လုံး မဟာရှမှာ မရှိဘူး ဖန့်ချန်းယူ ကလည်း မင်းကို စိတ်ဆိုးအောင် လုပ်တာကလွဲလို့ ဘာလုပ်တတ်လို့လဲ ပြီးတော့ မင်းရဲ့ တူနဲ့ တူမတွေလည်း ဒီမှာ မရှိကြဘူး မင်းအဖေတောင် ဘယ်အချိန်ကတည်းက ပျောက်သွားမှန်း မသိတာ"

​ရှရွှမ်ကျိက အေးအေးဆေးဆေး ပြောလိုက်တယ်။

​ဖန့်ချန်းယွဲ့က တည်ငြိမ်စွာနဲ့

"အရင်က မဟာရှက လူဟောင်းတွေ အားလုံး အခု တောင်ပိုင်းမှာ ရှိနေကြတာပဲ ဧကရာဇ်က ကျွန်မကို မသွားခိုင်းတာလား"

​ရှရွှမ်ကျိက ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ရယ်လိုက်တယ်

"ဒါဆိုရင်လည်း ယွန်းရှင်းကိုပါ တစ်ခါတည်း ခေါ်သွားလိုက်လေ သူမ ခုနကတင် ငါ့ဆီ လာတိုင်နေတာ"

​"မယ်မယ်တော်... သမီးကိုပါ ခေါ်သွားပါနော် မဟုတ်ရင် ယွန်းရှင်းက မယ်တော်ကို အရမ်းအရမ်း လွမ်းနေမှာ"

​ရှယွန်းရှင်းက အသနားခံလိုက်တယ်။

​ဖန့်ချန်းယွဲ့က ပြုံးလိုက်ပြီး

"မင်း နန်းတော်မှာပဲ နေပါ တောင်ပိုင်းက အဝေးကြီးပဲ လမ်းပန်းဆက်သွယ်ရေးက ပင်ပန်းလွန်းလို့ မင်း မခံနိုင်ပါဘူး ဒါတင်မကဘူး တကယ်လို့ မင်းရဲ့ အစ်ကိုဝမ်းကွဲ က ခေါင်းညိတ်ခွင့်မပြုရင်တော့ ငါက ရှ မျိုးရိုးကို အဲဒီကို အလွယ်တကူ ခေါ်သွားဖို့ မဝံ့ရဲဘူး"

​"ဒါပေမဲ့ အစ်ကိုဝမ်းကွဲက ဘယ်မှာလဲဟင်၊ သမီး ဘာလို့ တစ်ခါမှ မတွေ့ဖူးရတာလဲ"

​ရှယွန်းရှင်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

​ဖန့်ချန်းယွဲ့က ရှရွှမ်ကျိကို တစ်ချက်ကြည့်လိုက်ပြီး ရှယွန်းရှင်းကိုလည်း ဘာမှ အများကြီး ရှင်းမပြတော့ဘဲ လူတွေကိုခေါ်ပြီး လှည့်ထွက်သွားတော့တယ်။

​ရှရွှမ်ကျိက အကြာကြီး ငြိမ်နေပြီးမှ ရုတ်တရက် တစ်ချက် ရယ်လိုက်ပြီး စဉ်းစားခန်း ပြန်ဝင်သွားပြန်တယ်။

​ဖန့်ချန်က သူ့ကို သေချာ ကြည့်လိုက်တယ်၊ ရှရွှမ်ကျိရဲ့ ကျင့်ကြံမှု အဆင့်က သူ့ကို ထူးဆန်းတဲ့ ခံစားချက် ပေးနေတယ်၊ ကြည့်ရတာ ရွှေအမြုတေအဆင့် လို့ ထင်ရပေမဲ့ အလွန်အမင်း အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတယ်။

​"ရှကျီ က တစ်ခါက ပြောဖူးတယ် အနောက်ဘက်က နဂါးစားဘုရင် နဲ့ ရှရွှမ်ကျိက ရုပ်ချင်း တစ်ထပ်တည်း တူတယ်တဲ့ ပြီးတော့ ရှကျီ ကိုလည်း မွေးစားသားအဖြစ် လက်ခံထားတယ်... ငါ့ရှေ့က ရှရွှမ်ကျိက အဲဒီ နဂါးစားဘုရင် ရဲ့ ဝိညာဉ်ခွဲအဆင့် က ဝိညာဉ်ခွဲတစ်ခုများလား"

​ဖန့်ချန်က စဉ်းစားနေမိတယ်။

​ဒါပေမဲ့ ဒီထဲမှာ တစ်ခုက မကိုက်ညီဘူး ပေါင်းစပ်ခြင်းအဆင့် ကို ရောက်ရင် ဒီဝိညာဉ်ခွဲတွေက တစ်ခုတည်း ပြန်ပေါင်းရမှာလေ မဟုတ်ရင် အဆင့်မတက်နိုင်ဘူး။

​နဂါးစားဘုရင်က စောစောစီးစီးကတည်းက မသေမျိုးဘုရင် ဖြစ်နေပြီ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဖြစ်လို့ ပေါင်းစပ်ခြင်းအဆင့်ကို ကျော်ဖြတ်ပြီးသားပါ။

​ဖန့်ချန်က ရှရွှမ်ကျိကို အသေအချာ စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရဲ့ တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရတယ်

​"အဲဒီအရာက... အလယ်ပိုင်း ကို အစားထိုး သိမ်းပိုက်ချင်နေတာပဲ ဒီစစ်ပွဲမှာ ကျင့်ကြံသူ ဘယ်လောက်တောင် သေကြဦးမှာလဲ "

​ဖန့်ချန်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး ရှရွှမ်ကျိဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။

​ရှရွှမ်ကျိကတော့ အခု ထရပ်ပြီး ထွက်သွားပြီဖြစ်လို့ ခဏအတွင်းမှာတင် နန်းဆောင်ထဲမှာ ဖန့်ချန် တစ်ယောက်တည်း ကျန်ခဲ့တော့တယ်။

​"အလယ်ပိုင်းကို အစားထိုး သိမ်းပိုက်မယ်"

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်တယ်။

​ဒီစကားက ဘာကို ဆိုလိုတာလဲ

​ဘယ် အဆင့် ၂ အင်ပါယာက အလယ်ပိုင်းနိုင်ငံကို အစားထိုးချင်နေတာလဲ

​ဒါမှမဟုတ် ရှရွှမ်ကျိ ကိုယ်တိုင်က အလယ်ပိုင်းကို အစားထိုးဖို့ ကြံစည်နေတာလား

​နောက်ဆုံးအချက်ကတော့ တကယ်ကို မဖြစ်နိုင်တဲ့ အိပ်မက်ပါပဲ၊ အလယ်ပိုင်းမှာ ကျောင်းတော်တည်ထောင်သူ အဆင့် ငါးယောက်တောင် ရှိတာ အခု မဟာရှက အလယ်ပိုင်းရဲ့ ရှေ့မှာတော့ မြူမှုန်တစ်စတောင် မရှိပါဘူး။

​"တကယ်လို့ အဆင့် ၂ အင်ပါယာတစ်ခုက အလယ်ပိုင်းကို အစားထိုးချင်တယ်ဆိုရင် အနည်းဆုံးတော့ ကျောင်းတော်တည်ထောင်သူ အဆင့် တစ်ယောက်တော့ နောက်ခံရှိရမယ် အဲဒါမှ ဒီလို သတ္တိမျိုး ရှိမှာရှရွှမ်ကျိက တစ်ခုခုကို သိနေတာ ဖြစ်ရမယ် ဒါပေမဲ့ သူက နဂါးစားဘုရင် ဖြစ်နေရင်တောင် ဒီလိုကိစ္စကြီးမှာ ဦးဆောင်သူတော့ ဖြစ်လာမှာ မဟုတ်ဘူး"

​ဖန့်ချန်ရဲ့ မျက်မှောင်က တဖြည်းဖြည်း ပြေလျော့သွားပြီး နန်းဆောင်ကနေ ထွက်ခွာခဲ့တယ်။

​ဒီကိစ္စက လီရှောင်နိုင်ငံ မှာ မသေမျိုးဘုရင် ဖြစ်ချင်နေတဲ့ ဘိုးဘေးတစ်ယောက် ရှိနေသလိုမျိုးပါပဲ သူ့ရဲ့ အခု ကျင့်ကြံမှု အဆင့်နဲ့ ဝင်စွက်ဖက်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။

​နန်းတော်ကနေ ထွက်လာပြီးနောက် ဖန့်ချန်က မြို့တော် တစ်မြို့လုံးကို လှည့်ပတ်ကြည့်လိုက်ရာမှာ ရင်းနှီးတဲ့ မျက်နှာ အနည်းငယ်ကိုပဲ တွေ့ရတယ်၊ ရှယွမ် တို့ အုပ်စုက မြို့တော်ထဲမှာ မရှိကြပါဘူး။

​မထင်မှတ်ရင်တော့ သူတို့တွေ အားလုံး တောင်ပိုင်းမှာ ရှိနေကြမှာပါ။

​ဖန့်ချန်က တောင်ပိုင်းကို သွားပြီး ကြည့်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရှေ့တည့်တည့်ကနေ ယင်အငွေ့အသက်တွေ ထွက်ပေါ်လာပြီး ဟွမ်ချွမ်လမ်း တစ်ခု တဖြည်းဖြည်း ပေါ်လာတော့တယ်။

​အဝေးမှာတော့ ဝမ့်ချွမ်းမြစ် ရှိနေပြီး၊ ခမ်းနားထည်ဝါလှတဲ့ တံတားကြီးပေါ်မှာ လူရိပ်တစ်ခုက ရပ်နေကာ သူ့ကို လှမ်းကြည့်နေသလိုပါပဲ။

All Chapters