← Chapters

အခန်း (၈၁၉-၈၂၀)

Vol. 82 Ch. 819-820

အခန်း (၈၁၉-၈၂၀)

Vol. 82 Ch. 819-820

​အခန်း (၈၁၉) အင်မတန် ထူထဲသော ယင်ကုသိုလ်

​ယင်လောကရဲ့ ရှန့်ကျန်း မြို့ဟာ အင်မတန် စည်ကားလှတယ်၊ ဝိညာဉ်တွေရဲ့ ဆူညံသံတွေနဲ့ ပြည့်နှက်နေသလို ဒီနေရာမှာ အောက်ဆင်းလာသူ တွေလည်း မနည်းလှပါဘူး။

​သူတို့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းတွေက ယူဟွမ်းမြို့မှာတွေ့ခဲ့တဲ့ အောက်ဆင်းသူတွေထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်ကြတယ် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အကုန်လုံးနီးပါးဟာ အဆင့်မြင့်ကျင့်ကြံသူ တွေ ဖြစ်နေကြတာပါ။

​ဒါပေမဲ့ သူတို့ဟာ ဖန့်ချန်တို့ တစ်အုပ်စုလုံးကို မြင်လိုက်တာနဲ့ တမင်တကာ ရှောင်ဖယ်သွားကြပြီး မျက်လုံးထဲမှာလည်း အတော်လေး ကြောက်ရွံ့နေတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။

​"တုယွန်းရွှိ... ခုနက ဖူကျင့်ကို ကြည့်ရတာ သူက ယင်လောကက ဝိညာဉ် မဟုတ်ဘဲ အောက်ဆင်းသူ တစ်ယောက် ဖြစ်ပုံရတယ်နော် ဟုတ်လား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​တုယွန်းရွှိက ခေါင်းငြိမ့်ပြတယ်

"ဖူကျင့်က တကယ်ပဲ အောက်ဆင်းသူ တစ်ယောက်ပါ လူ့လောကမှာတော့ သူက ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ"

​ဖန့်ချန် ခေါင်းငြိမ့်လိုက်တယ် ဒါဆိုရင် ခုနက သူ သတ်လိုက်တာက ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့်ရှိတဲ့ တစ်ယောက်ပေါ့။

​"ဒီ ရှန့်ကျန်းမှာရှိတဲ့ အောက်ဆင်းသူ တွေက အများအားဖြင့် ဘယ်က လာကြတာလဲ"

​ဖန့်ချန်က ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။

​တုယွန်းရွှိက အသံတိုးတိုးနဲ့

"အရှင်... ရှန့်ကျန်းကို လာတဲ့ အောက်ဆင်းသူတွေရဲ့ နောက်ခံက အမျိုးမျိုးပါပဲ ကျွန်တော်တို့နဲ့ သူတို့ကတော့ စည်းခြားထားသလိုပါပဲ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြဘူး"

"သူတို့ရဲ့ ဇာစ်မြစ် အတိအကျကို သိဖို့က မလွယ်ပါဘူး အချို့သော အောက်ဆင်းသူတွေရဲ့ အစွမ်းက ယင်အရှင်တွေထက်တောင် မနိမ့်ပါဘူး"

"အချုပ်ပြောရရင် လူ့လောကရဲ့ နယ်မြေကိုးခု ထဲကနေ လူတွေဟာ နည်းမျိုးစုံနဲ့ ယင်လောကထဲ ကျူးကျော်ဝင်ရောက်လာကြပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့် တက်ဖို့အတွက် ယင်သက်တမ်း ရှာဖို့ ကြိုးစားကြတာပါ"

​ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ငြိမ့်လိုက်ပြီး အမူအရာမပျက်ဘဲ ပြုံးမေးလိုက်တယ်

"နယ်မြေကိုးခုထဲမှာ ဘယ်နယ်မြေက အောက်ဆင်းသူတွေကို အတွေ့ရဆုံးလဲ"

​"အဲဒါကတော့ ကျိန်းဝူ နယ်မြေပေါ့ ကျိန်းဝူနယ်မြေက လူတွေဟာ မွေးလာကတည်းက ယင်ကုသိုလ် အင်မတန် ထူထဲကြတယ် ကျင့်ကြံသူ မဟုတ်ရင်တောင်မှ သာမန်လူတွေဟာ ယင်လောကထဲကို မှားယွင်းရောက်ရှိလာပြီး အောက်ဆင်းသူ ဖြစ်သွားတာမျိုး ခဏခဏ တွေ့ရတတ်တယ်"

​တုယွန်းရွှိက ပြောပြတယ်။

​"ယင်ကုသိုလ် ထူထဲတယ် ဟုတ်လား"

​ဖန့်ချန်က တုယွန်းရွှိကို တစ်ချက် ကြည့်လိုက်တယ်

​"ရှေးဟောင်း မှတ်တမ်းတွေအရတော့ ရှေးယခင်တုန်းက ကျိန်းဝူနယ်မြေဟာ ယင်လောကအတွက် ကြီးမားတဲ့ ကျေးဇူးတစ်ခု ပြုခဲ့ဖူးတယ်လို့ ဆိုပါတယ် အဲဒီအချိန်ကစပြီး ကျိန်းဝူနယ်မြေက လူတွေဟာ မွေးလာကတည်းက တခြားသူတွေထက် ကုသိုလ် အဆပေါင်းများစွာ ပိုများနေတာပါ"

"ဒါပေမဲ့ ဒါက ကောလာဟလ သက်သက်ပါပဲအသေးစိတ် အချက်အလက်ကိုတော့ ကျွန်တော်မျိုးရဲ့ ရာထူးနဲ့ မသိနိုင်ပါဘူး"

​တုယွန်းရွှိက ရှင်းပြတယ်။

​"ဟော... အရှင်တို့ အားလုံး ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီလောက် စိတ်လက်ပေါ့ပါးစွာနဲ့ ထွက်လာကြတာလဲ တကယ်ကို တွေ့ရခဲပါတယ် ကျွန်တော့်ကို မျက်နှာသာပေးတဲ့ အနေနဲ့ ရှေ့က ချင်းယင်း စားသောက်ဆိုင်မှာ အရက်တစ်ခွက်လောက် သောက်ကြပါဦးလား"

​ရှေ့ကနေ အောက်ဆင်းသူ အချို့ လျှောက်လာကြတယ် သူတို့ရဲ့ အရှိန်အဝါတွေက အဆင့်မြင့်ကျင့်ကြံသူတွေ ဖြစ်ကြပြီး တုယွန်းရွှိတို့ အုပ်စုကို ပြုံးရွှင်စွာနဲ့ နှုတ်ဆက်လိုက်ကြတာပါ။

​တုယွန်းရွှိတို့ကတော့ သူတို့ကို မျက်ရိပ်ပြနေကြပေမဲ့ အဲဒီထဲက တစ်ယောက်ကတော့ ဘာမှ မမြင်သလိုမျိုးနဲ့ တိုးတိုးလေး ပြောလိုက်တယ်

​"တုအရှင် ပြီးခဲ့တဲ့ရက်က အရှင်နဲ့ ဆွေးနွေးထားတဲ့ ကိစ္စလေး ဘယ်လိုရှိလဲဗျ နေ့ခင်းကင်းလှည့်နတ်ဘုရား နေရာမှာ လစ်လပ်တာ ရှိလား ကျွန်တော်ကတော့ နှစ်ပေါင်းများစွာကတည်းက ယင်လောကအတွက် အလုပ်အကျွေး ပြုချင်နေတာပါ..."

​"အားလုံးပဲ... ဒီပုဂ္ဂိုလ်က ကျွန်တော်တို့ ယင်ဝန်ထမ်းဌာနရဲ့ အသစ်ခန့်အပ်ခံရတဲ့ နေ့ခင်းကင်းလှည့်အရှင် ပါ"

​တုယွန်းရွှိရဲ့ မျက်နှာက ချက်ချင်း တည်သွားပြီး အေးစက်စက် ပြောလိုက်တယ်။

​အောက်ဆင်းသူတွေဟာ ခဏလောက် ကြောင်အသွားပြီး ဖန့်ချန်ကို မယုံနိုင်သလို ကြည့်လိုက်ကြတယ်၊ ပြီးတော့မှ အလျင်အမြန် လက်အုပ်ချီ ရိုသေလိုက်ကြပြီး စိတ်ထဲမှာတော့ အတော်လေး ထိတ်လန့်သွားကြပါတယ်။

​ဘယ်တုန်းက နေ့ခင်းကင်းလှည့်အရှင် နေရာက လူဖြည့်ခံလိုက်ရတာလဲ

​သူတို့ဟာ ဖန့်ချန်ကို တိတ်တဆိတ် အကဲခတ်နေကြပြီး ဖန့်ချန်က ဘယ်ကလာသလဲဆိုတာ ခန့်မှန်းနေကြတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး ခုနက တုယွန်းရွှိနဲ့ တိုးတိုးလေး စကားပြောနေတဲ့ အောက်ဆင်းသူ ကို ကြည့်လိုက်တယ်။

​ဒီလူရဲ့ အရှိန်အဝါက တုယွန်းရွှိတို့ထက် နိမ့်ပေမဲ့ သိပ်တော့ မကွာလှပါဘူး၊ လူ့လောကမှာဆိုရင် သူလည်း ဘေးဒုက္ခကျော်ဖြတ်ခြင်း တစ်ယောက် ဖြစ်မှာပါ။

​"မင်းက နေ့ခင်းကင်းလှည့်နတ်ဘုရား လုပ်ချင်တာလား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​တစ်ဖက်လူက တုယွန်းရွှိကို မသိမသာ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပဲ စကားကို ပြင်ပြောလိုက်တယ်

"အရှင်... နားလည်မှု လွဲသွားပါပြီ ကျွန်တော် ခုနက စကားမှားသွားတာပါ အရှင် ခွင့်လွှတ်ပေးပါ"

​"ဪ... အခုပဲ နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်နေရာ လစ်လပ်သွားတာနဲ့ အတော်ပဲ"

​ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

​ရှုမောက်ရန် ဟာ ခဏလောက် ကြောင်အသွားပြီး တုယွန်းရွှိကို တစ်ချက်၊ ဖန့်ချန်ကို တစ်ချက် ပြန်ကြည့်ကာ သတိထားပြီး မေးလိုက်တယ်

​"အရှင်... အရှင့်ရဲ့ ဆိုလိုရင်းက..."

​"ယွန်းရွှိ... သူက မင်းကို ကူညီခိုင်းဖို့ ဘာအကျိုးအမြတ်တွေ ပေးထားလဲ ရတယ်... တည့်တည့်သာ ပြောလိုက်စမ်းပါ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။

​ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေဟာလည်း ဖန့်ချန်နဲ့ တုယွန်းရွှိကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်နေကြပါတယ်။

​တုယွန်းရွှိ ခဏလောက် တိတ်သွားပြီးမှ တိုးတိုးလေး ပြန်ဖြေတယ်

"ယင်သက်တမ်း သုံးထောင် ပါ"

​"ယင်သက်တမ်း သုံးထောင် ဟုတ်လား"

​ဖန့်ချန်က ရယ်လိုက်ပြီး

"နေ့ခင်းကင်းလှည့်နတ်ဘုရား နေရာက ဒီလောက်အထိ ဈေးပေါရသလား"

​"အရှင့်ရဲ့ ဆုံးမမှုက မှန်ပါတယ်"

​တုယွန်းရွှိက လက်အုပ်ချီလိုက်တယ်။

​ဖန့်ချန်က ရှုမောက်ရန်ကို ကြည့်ပြီး

"ယင်သက်တမ်း သုံးထောင် ပြီးတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ထပ်ပေါင်းလိုက် မင်း ပြန်သွားပြီး စဉ်းစားကြည့်ပါ အဆင်ပြေတယ်ဆိုရင်တော့ အဲဒီ လစ်လပ်သွားတဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား နေရာကို မင်း ဝင်ယူလိုက်ပေါ့"

​ပြောပြီးတာနဲ့ ဖန့်ချန်ဟာ တုယွန်းရွှိတို့ကို ခေါ်ပြီး လှည့်ထွက်သွားတော့တယ်။

​ရှုမောက်ရန်နဲ့ အပေါင်းအပါ အောက်ဆင်းသူ တွေပဲ ကြောင်အပြီး ကျန်ခဲ့ကြတယ်။

​"အဲဒီလူက တကယ်ပဲ နေ့ခင်းကင်းလှည့်အရှင်လား ကြည့်ရတာ စကားပြောလို့ ကောင်းမယ့်ပုံပဲ လူမှုရေးလည်း နားလည်သားပဲ ဒါပေမဲ့... ယင်သက်တမ်း သုံးထောင်အပြင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပါ ထပ်တောင်းတာကတော့ တကယ့်ကို ဈေးကြီးလွန်းတယ်၊ ရှုညီကို မင်း ဘယ်လို မြင်လဲ"

​"ဘယ်လို မြင်ရမှာလဲ..."

​ရှုမောက်ရန်ရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲနေတယ်၊ ခဏလောက် တိတ်သွားပြီးမှ သွားကြိတ်ပြီး ပြောလိုက်တယ်

"အခွင့်အရေးက ရခဲတယ် တကယ်လို့ ငါသာ နေ့ခင်းကင်းလှည့်နတ်ဘုရား ဖြစ်သွားရင် မင်းတို့လည်း အလုပ်လုပ်ရတာ ပိုလွယ်သွားမှာပဲလေ မင်းတို့လည်း ဝိုင်းကူကြဦး အဲဒီ ဝိညာဉ်ကျောက်တုံး တစ်တုံး ရအောင် ဘယ်လို စုရမလဲဆိုတာ ကြည့်ရအောင်"

​အောက်ဆင်းသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စဉ်းစားခန်း ဝင်သွားကြတယ်။

​...

​...

​တုယွန်းရွှိတို့ဟာ ဘာမှမပြောဘဲ ဖန့်ချန်ရဲ့ နောက်ကနေ ငြိမ်ငြိမ်လေး လိုက်လာကြတယ်၊ အတော်ကြာမှ တုယွန်းရွှိက ရှင်းပြဖို့ စကားစလိုက်တယ်

​"အရှင်... ကျွန်တော်..."

​"မင်း အရင်ကတည်းက သူ့အတွက် လမ်းကြောင်းတွေ လိုက်ရှာပေးထားတာ မဟုတ်လား ဘယ်သူ့ဆီမှာ လမ်းကြောင်း ရှာထားတာလဲ"

​ဖန့်ချန်က ပြုံးပြီး မေးတယ်။

​တုယွန်းရွှိက ခါးသီးစွာ ပြုံးလိုက်ပြီး

"ဖူကျင့်ဆီမှာပါ အားလုံးက သူပဲ နေ့ခင်းကင်းလှည့်အရှင် ဖြစ်လာမယ်လို့ ထင်ထားကြတာလေ..."

​ဖန့်ချန်က ခေါင်းငြိမ့်လိုက်တယ်

"တကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင် ယင်သက်တမ်းကို ငါ မယူဘူး မင်းတို့ပဲ ခွဲယူလိုက်ကြ ငါက အဲဒီ ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ယူမယ်"

​တုယွန်းရွှိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

​"အရှင်... ဒါက မသင့်တော်ပါဘူး အရင်ကတော့ အရှင် ရာထူးမရသေးလို့ပါ အခု အရှင် ရာထူးရပြီဆိုတော့ ဒီကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူးအဲဒီ ယင်သက်တမ်းတွေကို ကျွန်တော်တို့ မယူဝံ့ပါဘူး"

​တုယွန်းရွှိက အလျင်အမြန် ပြောတယ်။

​ဖန့်ချန်က သူ့ကို ဂရုမစိုက်ဘဲ အဝေးတစ်နေရာကို ရုတ်တရက် ရပ်ကြည့်လိုက်တယ်၊ သူ့ရဲ့ မြင်ကွင်းထဲမှာ လူငယ်တစ်ယောက်ဟာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီး မျက်လုံးထဲမှာ သိချင်စိတ်တွေ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။

​အဲဒီ လူငယ်ရဲ့ ဘေးမှာတော့ ဝိညာဥ်သန္ဓေသားအဆင့်လောက်ရှိတဲ့ အောက်ဆင်းသူ တော်တော်များများ ပါလာတယ်။

​ဒါပေမဲ့ အဲဒီထဲမှာ သွေးရောင်လွှမ်းနေတဲ့ လူရိပ်တစ်ခုကတော့ သူ့ရဲ့ အရှိန်အဝါဟာ တုယွန်းရွှိနဲ့ မတိမ်းမယိမ်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။

​"လူ့လောကမှာတုန်းကတော့ ဒီ သွေးရောင်စက္ကူရုပ်ရဲ့ ကျင့်ကြံမှုက ဒီလောက်အထိ မြင့်မယ်လို့ မထင်ထားမိဘူး"

​ဖန့်ချန်ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

​အဲဒီနောက် သူက ကျန်တဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေကို အကုန်လုံး ပြန်ခိုင်းလိုက်ပြီး တုယွန်းရွှိ တစ်ယောက်တည်းကိုပဲ ချန်ထားခဲ့တယ်။

​"ယွန်းရွှိ"

​"ကျွန်တော်မျိုး ရှိပါတယ် အရှင်"

​တုယွန်းရွှိက စိတ်လှုပ်ရှားသွားတယ်။

​"ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးစမ်းပါ"

​ဖန့်ချန်က ပြုံးပြီး ပြောတယ်။

​တုယွန်းရွှိ စိတ်ထဲမှာ သံသယ ဖြစ်သွားပေမဲ့ ရိုရိုသေသေပဲ

"အရှင် ခိုင်းစေပါ"

​"ဟိုက အောက်ဆင်းသူ တစ်အုပ်စုကို မြင်လား သူတို့နဲ့ သွားပြီး ရင်းနှီးအောင် လုပ်လိုက် သူတို့ ယင်လောကကို လာရတဲ့ ရည်ရွယ်ချက်ကို ငါ သိချင်တယ်"

​ဖန့်ချန်က အဝေးက လူအုပ်စုကို ညွှန်ပြလိုက်တယ်။

​တုယွန်းရွှိ ခဏ ကြောင်အသွားပေမဲ့ ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်ပြီး အဲဒီ အောက်ဆင်းသူတွေရှိရာကို လျှောက်သွားတော့တယ်။

​အစကတော့ ဒီ အောက်ဆင်းသူတွေက နေ့ခင်းကင်းလှည့်အရှင်ကို တစ်နေရာရာမှာ ပြစ်မှားမိလို့လားလို့ ထင်နေတာ၊ ဒါပေမဲ့ သွေးရောင်စက္ကူရုပ်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ အကြည့်တွေက လေးနက်သွားတယ်။

​ဒီလိုမျိုး မိစ္ဆာပစ္စည်းရှိနေတာကို ကြည့်ရင်၊ ဒီ အောက်ဆင်းသူတွေရဲ့ ကျင့်ကြံမှုက မမြင့်ပေမဲ့ လူ့လောကက သူတို့ရဲ့ နောက်ခံကတော့ အင်မတန် တောင့်တင်းမှာ သေချာပါတယ်။

​"သခင်လေး... ရှန့်ကျန်းရဲ့ နေ့ခင်းကင်းလှည့်နတ်ဘုရား လာနေတယ်"

​သွေးရောင်စက္ကူရုပ်က ရုတ်တရက် အကြည့်ကို ရွှေ့လိုက်ပြီး တုယွန်းရွှိဘက်ကို တစ်ချက်ကြည့်ကာ ဘေးက ကျီးလျန် ကို တိုးတိုးလေး ပြောလိုက်တယ်။

​ကျီးလျန် ခဏ ကြောင်သွားတယ်၊ နေ့ခင်းကင်းလှည့်နတ်ဘုရား ဟုတ်လား ဒါက သာမန်အရာရှိလေး မဟုတ်ဘူးလေ၊ သူလည်း အမူအရာ လေးနက်သွားတယ်၊ တစ်ဖက်လူက လမ်းကြုံ ဖြတ်သွားတာလို့ ထင်ထားတာ၊ မထင်မှတ်ဘဲ သူတို့ဆီကို တည့်တည့် လျှောက်လာတာကိုး။

​"အားလုံးပဲ... ဒါ ရှန့်ကျန်းကို ပထမဆုံးအကြိမ် လာတာလား အရင်က တစ်ခါမှ မမြင်ဖူးဘူး"

​တုယွန်းရွှိက ပြုံးပြုံးရွှင်ရွှင်နဲ့ မေးလိုက်တယ်။

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်လုံးထဲမှာ မသိသာတဲ့ အထင်အမြင်သေးမှု တစ်ခု ဖြတ်ပြေးသွားတယ်၊ ပြီးတော့မှ လက်အုပ်ချီပြီး ပြုံးကာ ပြန်ဖြေလိုက်တယ်

​"ကျွန်တော်တို့ သခင်လေးကတော့ ဒါ ပထမဆုံးအကြိမ် အောက်ဆင်းသူ လုပ်တာပါ အရှင့်အနေနဲ့ ဘာများ လမ်းညွှန်ချင်လို့လဲ"

​အခန်း (၈၂၀) ဖူထူလောက

​"လမ်းညွှန်ပြသတယ်ဆိုတာမျိုးတော့ မပြောဝံ့ပါဘူးအရှင့်ကြည့်ရတာ ဝိညာဉ်ပူးကပ်ခြင်းလား ကျင့်ကြံမှုကတော့ မနိမ့်ဘူးပဲ"

​တုယွန်းရွှိက သွေးရောင်စက္ကူရုပ်ကို ပြုံးစစနဲ့ ကြည့်လိုက်တယ်။

​လူ့လောကမှာ အဆင့်မြင့်ကျင့်ကြံသူ တော်တော်များများဟာ မိစ္ဆာပစ္စည်းတွေကို ဝိညာဉ်ပူးကပ်ခြင်းနည်းပညာနဲ့ သီးသန့် လေ့ကျင့်ပြုပြင်ထားတတ်ကြတယ်၊ ဒီလိုအရာမျိုးတွေက ကျင့်ကြံသူတွေနဲ့အတူ အောက်ဆင်းလာနိုင်ပြီး ယင်လောကမှာ အောက်ဆင်းသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးအများဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

​ဘာပဲဖြစ်ဖြစ် လူ့လောကမှာ ကျင့်ကြံမှု ဘယ်လောက်ပဲ အားကောင်းပါစေ ယင်လောကကို ရောက်လာတဲ့အခါ လုံလောက်တဲ့ ယင်သက်တမ်း မရှိရင် သူတို့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးနိုင်ကြလို့ပါ။

​"အရှင်က ချီးကျူးလွန်းနေပါပြီ ကျွန်တော်မျိုးရဲ့ ကျင့်ကြံမှုလေးက အရှင့်မျက်လုံးထဲမှာတော့ ပြောပလောက်စရာ မရှိပါဘူး အရှင့်ရဲ့ ခန့်ညားထည်ဝါမှုကို ကြည့်ရတာ ယင်ဝန်ထမ်းဌာနက နေ့ခင်းကင်းလှည့်နတ်ဘုရား ဖြစ်ရမယ် မဟုတ်လား"

​သွေးရောင်စက္ကူရုပ်က ပြုံးပြီး မေးလိုက်တယ်။

​တုယွန်းရွှိက ခေါင်းကို ခပ်ဖွဖွငြိမ့်ပြလိုက်တယ်

"မှန်ပါတယ် အရှင်က ဒီယင်လောကကို ပထမဆုံးအကြိမ် လာတာ မဟုတ်ဘူးထင်တယ် ဘာလို့ အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ"

​"အရင်က သခင်ဟောင်းနောက်ကို လိုက်ပြီး ယင်လောကကို လာဖူးပါတယ် ဒါပေမဲ့ ရှန့်ကျန်းမြို့ကိုတော့ လာခဲပါတယ် အဲဒါကြောင့် အရှင်နဲ့ မဆုံဖူးတာ ဖြစ်ပါလိမ့်မယ် အခုတစ်ခေါက်ကတော့ သခင်လေးနဲ့အတူ လိုက်လာတာပါ"

​"သခင်လေးက ပထမဆုံးအကြိမ် အောက်ဆင်းသူ လုပ်တာဆိုတော့ ယင်လောကရဲ့ စည်းမျဉ်းတွေကို မသိလို့ ဒုက္ခရောက်မှာစိုးလို့ ကျွန်တော်မျိုးက ဘေးကနေ ကူညီပေးနေရတာပါ"

​သွေးရောင်စက္ကူရုပ်က ပြုံးလျက် ပြောလိုက်တယ်။

​"နောက်လိုက် ကျီးလျန် က နေ့ခင်းကင်းလှည့်နတ်ဘုရားကို ဂါရဝပြုပါတယ်"

​ကျီးလျန်က ရှေ့ကို တစ်လှမ်းတိုးပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်။

​သူ့ဘေးက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေဟာ မဟာချဲ့ထွင်းဂိုဏ်း၊ ကြယ်စင်တာအိုဂိုဏ်းနဲ့ မွေးရာပါ တာအိုဂိုဏ်းတို့က ဖြစ်ကြပြီး သူတို့လည်း အသီးသီး ရှေ့တိုးကာ ဂါရဝပြုကြတယ် သူတို့ရဲ့ မျက်လုံးထဲမှာတော့ သိချင်စိတ်တွေရော ကြောက်ရွံ့ရိုသေစိတ်တွေပါ ပြည့်နှက်နေပါတယ်။

​သူတို့လည်း ပထမဆုံးအကြိမ် အောက်ဆင်းလာတာဖြစ်ပြီး ယင်လောကအပေါ် သိချင်စိတ်နဲ့ ကြောက်ရွံ့စိတ်တွေ ရှိနေတာပါ အခု သူတို့ရှေ့မှာ ရှိနေတာက ဒဏ္ဍာရီထဲက နေ့ခင်းကင်းလှည့်နတ်ဘုရား ဖြစ်နေတာကိုး၊ ယင်လောကမှာတော့ ဒါက အဆင့်မြင့်အရာရှိကြီး တစ်ယောက်ပဲလေ

​"အင်း..."

​တုယွန်းရွှိက ခေါင်းငြိမ့်ပြလိုက်တယ်

"မင်းရဲ့ ကျင့်ကြံမှုက မမြင့်ဘူး ဒီရှန့်ကျန်းမြို့ထဲမှာ တစ်ခြားသူတွေကို လျှောက်ပြီး မစော်ကားမိစေနဲ့ မင်းရဲ့ ဒီ ဝိညာဉ်ပူးကပ်ခြင်းက အတွေ့အကြုံရှိပုံရတယ် ဘာကိစ္စပဲဖြစ်ဖြစ် သူ့စကားကို နားထောင်ကြ"

​ကျီးလျန်တို့ အဖွဲ့ရဲ့ မျက်လုံးတွေ လင်းလက်သွားကြတယ်၊ ကြည့်ရတာ ဒီနေ့ခင်းကင်းလှည့်နတ်ဘုရားက စကားပြောရတာ အတော်လေး လွယ်မယ့်ပုံပဲ။

​သွေးရောင်စက္ကူရုပ်ကလည်း ဒါကို ရိပ်မိလိုက်တယ်၊ သူက အမူအရာ ပြောင်းလဲသွားပြီး ယဉ်ကျေးပျူငှာစွာနဲ့

​"ကျွန်တော်မျိုးက အရှင်ကို အရက်တစ်ခွက်နဲ့ ဧည့်ခံပါရစေ တစ်ချို့ကိစ္စလေးတွေကိုလည်း လမ်းညွှန်ချက် တောင်းခံချင်လို့ပါ"

​တုယွန်းရွှိက မျက်ခုံးကို အနည်းငယ် တွန့်လိုက်တယ်၊ ဘေးဘယ်ညာကို ကြည့်ပြီး စဉ်းစားနေသလို လုပ်ကာ ခဏကြာမှ ခေါင်းငြိမ့်ပြလိုက်တယ်

​"ကောင်းပြီလေ ဒီနေ့ ငါလည်း ဘာမှ အလုပ်မရှိတာနဲ့ အတော်ပဲ မင်းတို့နဲ့ အရက်သောက်ရင်း လူ့လောကက အကြောင်းအရာတွေကို နားထောင်ကြည့်တာပေါ့"

​ဖန့်ချန်ဟာ တုယွန်းရွှိတို့ အဖွဲ့ စားသောက်ဆိုင် တစ်ခုထဲကို ဝင်သွားတာကို မြင်တော့ သူလည်း နောက်ကနေ လိုက်သွားပြီး သူတို့နဲ့ မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်တယ်။

​သွေးရောင်စက္ကူရုပ်က အတွေ့အကြုံရှိရှိနဲ့ ယင်သက်တမ်းဒင်္ဂါး ဆယ်ပြားကို ထုတ်ပြီး စားပွဲထိုးလေးကို ပေးလိုက်ကာ အကောင်းဆုံး အရက်နဲ့ ဟင်းလျာတွေကို မှာလိုက်တယ် စားပွဲထိုးလေးက ဒီလူ လက်ဖွာတာကို မြင်တော့ အမူအရာက ချက်ချင်း ရိုသေကိုင်းညွှတ်သွားတယ်။

​"အရက်သောက်ရုံတင်ကို ဒီလောက်အထိ အကုန်အကျ ခံနေဖို့ မလိုပါဘူး ယင်သက်တမ်း ဆယ်နှစ်ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး"

​တုယွန်းရွှိက ခပ်အေးအေးပဲ ပြောလိုက်တယ်။

​သွေးရောင်စက္ကူရုပ်က ပြုံးပြီး

"နေ့ခင်းကင်းလှည့်နတ်ဘုရား အရှင်ကို ဧည့်ခံတာပဲ ဘယ်လိုလုပ်ပြီး လက်တွန့်နေလို့ ဖြစ်မလဲ ကျွန်တော်မျိုးက ယင်လောကကို ခဏခဏ လာဖူးတော့ ယင်သက်တမ်းဒင်္ဂါး တစ်ချို့ စုမိဆောင်းမိ ရှိပါတယ် အရှင်သာ အလိုရှိမယ်ဆိုရင် ကျွန်တော်မျိုး လက်ဆောင်အဖြစ် တစ်ချို့ ပေးပါရစေလား"

​ကျီးလျန်တို့ အဖွဲ့ရဲ့ မျက်လုံးတွေက တဖျတ်ဖျတ် တောက်သွားကြတယ်။

​တုယွန်းရွှိက ခဏလောက် တိတ်သွားပြီးမှ ပြုံးလျက်

"ဘာလဲ ငါ့ကို အကူအညီ တောင်းစရာ ရှိလို့လား"

​"အရှင် အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ သခင်လေးရဲ့ ဒီတစ်ခေါက် အောက်ဆင်းခရီးဟာ စမ်းသပ်မှုတစ်ခုပါပဲ သူက ဖူထူလောက ကို သွားပြီး ကြည့်ချင်နေတာပါ ဒါပေမဲ့ ဖူထူလောကကို သွားတဲ့ လမ်းကိုတော့... အရှင်တို့လို ပုဂ္ဂိုလ်မျိုးတွေကပဲ ဖွင့်ပေးနိုင်တာလေ"

​သွေးရောင်စက္ကူရုပ်က ပြောလိုက်တယ်။

​ဖူထူလောက

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ စဉ်းစားနေတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်၊ သူ ဒီနေရာအကြောင်း တစ်ခါမှ မကြားဖူးဘူး။

​အခု သွေးရောင်စက္ကူရုပ်က အဲဒီ ဖူထူလောကကို သွားချင်နေတာဆိုတော့ အရင်က သူတို့ ပြောနေကြတဲ့ ငရဲမင်းရဲ့ အမွေအနှစ် နဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်ပါတယ်။

​"ငါက နေ့ခင်းကင်းလှည့်အရှင် ရာထူးကို ရထားပြီဆိုမှတော့ ယင်လောကရဲ့ ငရဲမင်းက ရာထူးမှာ ရှိနေတုန်းပဲဆိုတာ သေချာတယ် ဒါဆိုရင် ဘာဖြစ်လို့ သူ့ရဲ့ အမွေအနှစ်တွေကို အပြင်မှာ လွင့်စင်နေအောင် ထားမှာလဲ"

​"အဲဒီ သွေးရောင်စက္ကူရုပ်က သူ့ကိုယ်သူ ယင်စစ်သည်.လို့ ပြောခဲ့ပေမဲ့ သူနဲ့ တုယွန်းရွှိတို့ ကြည့်ရတာ လုံးဝကို ကွဲပြားခြားနားနေတယ်..."

​ဖန့်ချန်က ရှေ့က လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး မျက်လုံးအစွန်ကနေ သွေးရောင်စက္ကူရုပ်ဆီကို တစ်ချက် ပြန်ကြည့်လိုက်တယ်။

​"ဖူထူလောက ဟုတ်လား"

​တုယွန်းရွှိရဲ့ မျက်နှာက အနည်းငယ် တည်သွားတယ်

"ဖူထူလောက ထဲမှာတော့ ယင်မိစ္ဆာ တွေနဲ့ ပြည့်နှက်နေတာ အချို့ဆိုရင် အင်မတန် အစွမ်းထက်ကြတယ် ငါတို့လိုလူတွေ သွားရင်တောင် အသတ်မခံရအောင် သေသေချာချာ သတိထားရတာ မင်းတို့ သခင်လေးရဲ့ လူ့လောကက ကျင့်ကြံမှုက ဝိညာဉ်သန္ဓေသားအဆင့် ပဲ ရှိတာ မဟုတ်လား"

​"ဒီအဆင့်နဲ့ ယင်မိစ္ဆာတွေကို မြင်ချင်တယ်ဆိုရင် သွားစရာ နေရာတွေ အများကြီး ရှိတာပဲ ဘာလို့ ဖူထူလောကကိုမှ သွားချင်ရတာလဲ"

​"အဲဒါအပြင် အဲဒီနေရာရဲ့ ဝင်ပေါက်ကို တစ်ခါဖွင့်ဖို့ဆိုရင် ယင်သက်တမ်း သုံးရာ အကုန်အကျ ခံရမှာ ဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး"

​"အရှင် မသိလို့ပါ သခင်ဟောင်းက တစ်ခါက ဖူထူလောကကို သွားပြီး လေ့လာခဲ့ဖူးတယ် အဲဒီမှာ ရခဲ့တဲ့ အခွင့်အရေးတွေကြောင့်ပဲ သူ့ရဲ့ ကျင့်ကြံမှုက တိုးတက်လာခဲ့တာပါ"

​"ဘေးအန္တရာယ်နဲ့ အကျိုးအမြတ်က အတူတူပဲလေဘေးအန္တရာယ် မရှိရင် ဘယ်လိုလုပ် စမ်းသပ်မှုလို့ ခေါ်လို့ ရမလဲ"

​သွေးရောင်စက္ကူရုပ်က ပိုက်ဆံအိတ် တစ်ခုကို ထုတ်ပြီး တုယွန်းရွှိ ရှေ့ကို ဖြည်းဖြည်းချင်း တွန်းပို့ပေးလိုက်တယ်၊ အိတ်က ဖောင်းကားနေတာကို ကြည့်ရုံနဲ့တင် အထဲမှာ အနည်းဆုံး ယင်သက်တမ်းဒင်္ဂါး ငါးရာထက် မနည်းဘူးဆိုတာ သိသာပါတယ်။

​ယင်သက်တမ်း ငါးရာ ဖန့်ချန်က ဒါကို မြင်တဲ့အခါမှာတော့၊ ဒီသွေးရောင်စက္ကူရုပ်ဟာ အရင်က ယင်လောကမှာ ရှိခဲ့စဉ်တုန်းက သာမန် ဇာတ်ကောင်တစ်ခု မဟုတ်ခဲ့ဘူးဆိုတာကို စိတ်ထဲမှာ အတည်ပြုလိုက်ပါတယ်။

​"ဟင်း... စမ်းသပ်မှုဆိုမှတော့ အန္တရာယ် အရှိဆုံး နေရာကို ရွေးတာက ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရနိုင်တာပေါ့ ကြည့်ရတာ မင်းတို့ သခင်ဟောင်းကတော့ ဒီကိစ္စမှာ အတွေ့အကြုံ အတော်ရှိပုံပဲ ငါ သူ့ကို မြင်ဖူးသလား"

​တုယွန်းရွှိက မရေမရာပဲ ပြောလိုက်တယ်။

​တုယွန်းရွှိရဲ့ စကားက လျော့တိလျော့ရဲ ဖြစ်သွားတာကို မြင်တော့ သွေးရောင်စက္ကူရုပ်က ပြုံးလိုက်ပြီး နောက်ထပ် ပိုက်ဆံအိတ် တစ်အိတ်ကို ထပ်ထုတ်ကာ တုယွန်းရွှိ ရှေ့ကို တွန်းပေးလိုက်တယ်၊ ရှေ့က အိတ်လိုပဲ အထဲမှာ အနည်းဆုံး ဒင်္ဂါး ငါးရာ ပါပုံရတယ်၊ ပြီးတော့မှ ရယ်လျက်

​"သခင်ဟောင်းက ယင်လောကကို မလာတာ ကြာပါပြီ အခု သူက လွတ်လပ်သော မသေမျိုး အဖြစ် ပြောင်းလဲကျင့်ကြံဖို့ ပြင်ဆင်နေတာပါ အရှင်ကတော့ အတော်လေး ငယ်ရွယ်ပုံရတာဆိုတော့ အရှင့်တို့ နှစ်ယောက် ဆုံဖူးမှာ မဟုတ်ပါဘူး"

​"ဪ... မင်းတို့ သခင်ဟောင်းက တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူကိုး မရိုသေရာ ရောက်သွားပြီ"

​တုယွန်းရွှိက မသိမသာ ကိုယ်ကို ပြန်မတ်လိုက်တယ်။

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်လုံးထဲမှာ မသိသာတဲ့ ရွဲ့ချင်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။

​တက်လှမ်းခြင်းအဆင့်ဆိုတာ ဒီနေရာမှာ ယင်အရှင်တွေနဲ့ အဆင့်တူပဲလေ နေ့ခင်းကင်းလှည့်နတ်ဘုရားလို လူတွေကတော့ အနည်းနဲ့အများ ကြောက်ရမှာပဲ ပိုပြီးတော့ လွတ်လပ်သောမစေမျိုး အဖြစ် ပြောင်းတော့မယ့် တက်လှမ်းခြင်း အဆင့်ဆိုရင် ပိုတောင် ကြောက်စရာ ကောင်းသေးတာပေါ့။

​"အရှင် ဒီထဲမှာ ယင်သက်တမ်းဒင်္ဂါး တစ်ထောင် ရှိပါတယ် ကိစ္စပြီးရင် ကျွန်တော်မျိုး နောက်ထပ် ဒင်္ဂါးငါးရာ ထပ်ပေးပါ့မယ် အရှင် ဒီကိစ္စကို ကူညီပေးလို့ ရမလား"

​သွေးရောင်စက္ကူရုပ်က အသံတိုးတိုးနဲ့ မေးလိုက်တယ်။

​တုယွန်းရွှိက အမူအရာ မပျက်ဘဲ ဝတ်ရုံလက်စွပ်နဲ့ တစ်ချက် ဝှေ့ယမ်းလိုက်တော့ ပိုက်ဆံအိတ် နှစ်အိတ်စလုံး ပျောက်ကွယ်သွားတယ်၊ ပြီးတော့မှ ပြုံးပြီး

​"ဖူထူလောကကို ဖွင့်ဖို့ဆိုတာ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး၊ အနည်းဆုံး နေ့ခင်းကင်းလှည့်နတ်ဘုရား သုံးယောက်ရဲ့ သဘောတူညီချက် လိုတယ် ပြီးမှ ယင်အရှင် ဆီကို တင်ပြပြီးမှ ဖွင့်လို့ ရမှာပါ"

"​ငါ ပြန်သွားပြီး တိုင်ပင်ကြည့်ဦးမယ် မင်းတို့ ဒီရက်ပိုင်း ဘယ်မှာ တည်းခိုဖို့ ပြင်ထားလဲ အဖြေရရင် လူလွှတ်ပြီး အကြောင်းကြားပေးမယ်"

​"တည်းခိုမယ့် နေရာကတော့ အခုထိ မရွေးရသေးပါဘူး"

​သွေးရောင်စက္ကူရုပ်က ပြုံးလိုက်တယ်။

​"ဒါဆိုရင် လွယ်ပါတယ် မင်းတို့ မကန့်ကွက်ဘူးဆိုရင် ငါ့အိမ်မှာပဲ လာတည်းကြပါလား ငါက တစ်ယောက်တည်း နေတာဆိုတော့ ဧည့်သည်တွေ တည်းဖို့ အခန်းတွေ အများကြီး ရှိပါတယ်"

​တုယွန်းရွှိက ပြုံးပြီး ဖိတ်ခေါ်လိုက်တယ်။

​ကျီးလျန်တို့ အဖွဲ့ဟာ ယင်သက်တမ်းဒင်္ဂါးတွေ ပေးလိုက်ရတာ တန်သွားပြီလို့ တွေးလိုက်ကြတယ်၊ နေ့ခင်းကင်းလှည့်နတ်ဘုရားရဲ့ အိမ်မှာ တည်းခွင့်ရမယ်ဆိုရင် နောက်ပိုင်း ရှန့်ကျန်းမြို့ထဲမှာ အလုပ်လုပ်ရတာ အများကြီး လွယ်သွားမှာလေ။

​အခုလို တစ်ဖက်လူက ဖိတ်ဖိတ်စင်စင် ရှိနေတာကို ကြည့်ရင် ပေးလိုက်တဲ့ ယင်သက်တမ်းဒင်္ဂါးတွေက တကယ့်ကို အစွမ်းထက်တယ်ဆိုတာ သိသာပါတယ် သူတို့ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်ကတော့ တစ်ဝက်လောက် အောင်မြင်နေပြီပေါ့။

​"နေ့ခင်းကင်းလှည့်နတ်ဘုရား အရှင်ကို ကျေးဇူးအထူးတင်ပါတယ် ဒါဆိုရင်တော့ ကျွန်တော်မျိုးနဲ့ သခင်လေးတို့ အားမနာတမ်းပဲ လိုက်ခဲ့ပါ့မယ်"

​သွေးရောင်စက္ကူရုပ်က ရယ်ရင်း လက်အုပ်ချီလိုက်တယ်။

​ယင်ဝန်ထမ်းဌာန ဥယျာဉ်လေး တစ်ခုပါတဲ့ ဝါးအိမ်လေး တစ်လုံးဆီမှာ ဒါက နေ့ခင်းကင်းလှည့်အရှင်ရဲ့ အလုပ်ခန်းပဲ ဖြစ်ပါတယ်။

​တုယွန်းရွှိက တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်ပြီး ဝင်လာတယ်၊ ဖန့်ချန် ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး အသံတိုးတိုးနဲ့

​"အရှင်... သူတို့ရဲ့ ရည်ရွယ်ချက်က ဖူထူလောက ကို သွားဖို့ပါ ပြီးတော့ အဲဒီ ဝိညာဉ်ပူးကပ်ခြင်း ရဲ့ နောက်ကြောင်းက အတော်လေး ထူးဆန်းပါတယ် သူ့မှာ အင်မတန် များပြားတဲ့ ယင်သက်တမ်းဒင်္ဂါးတွေ ရှိနေပါတယ်"

​ပြောပြီးတာနဲ့ သူက ဒီနေ့ ရလာတဲ့ ယင်သက်တမ်းဒင်္ဂါး နှစ်အိတ်ကို ထုတ်ပြီး ဖန့်ချန်ရှေ့က စားပွဲပေါ်ကို တင်လိုက်ပါတယ်။

All Chapters