← Chapters

အခန်း (၈၂၁-၈၂၂)

Vol. 83 Ch. 821-822

အခန်း (၈၂၁-၈၂၂)

Vol. 83 Ch. 821-822

​အခန်း (၈၂၁) စည်းမဲ့ကမ်းမဲ့နယ်မြေ

​ဖန့်ချန်သည် ပိုက်ဆံအိတ်နှစ်အိတ်ကို ဖွင့်ကာ အထဲမှ ယင်သက်တမ်းဒင်္ဂါးများကို လောင်းချလိုက်ရာ အနည်းအများမရှိ အတိအကျ တစ်ထောင်ပင် ဖြစ်သည်။

​ယခင်က သွေးရောင်စက္ကူရုပ်သည် ကျီးလျန်ကိုယ်တိုင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရသည့် အခွင့်အရေးဟု သူထင်ခဲ့သော်လည်း ယခုပြန်စဉ်းစားကြည့်လျှင် ၎င်းသည် ကိုးဆက်မြောက်ဘုရင် က ကျီးလျန်အတွက် ချန်ထားခဲ့သော အခွင့်အရေး ဖြစ်နိုင်ချေရှိပေသည်။

​ထိုကဲ့သို့သော တည်ရှိမှုမျိုး ကျီးလျန်ဘေးတွင် ရှိနေခြင်းကို ရွှီချင်းဆုန်းတို့ပင် ကြားဖူးနားဝရှိရာ ကိုးဆက်မြောက်ဘုရင်က မသိဘဲ မနေနိုင်ပေ။

​ထို့ပြင် ယခုတစ်ခေါက် အောက်ဆင်းလာရာတွင် ကျီးလျန်ဘေးမှ လူများသည် ထိပ်တန်းဂိုဏ်းကြီး ၃ ဂိုဏ်းမှ ဖြစ်ကြသည်မှာ သိသာလှသည်။

​ကျန့်မော့ကျွန်းမှ ဝူထိုက်ပြောခဲ့သလို ကျီးလျန်သည် ဂိုဏ်းကြီး ၃ ဂိုဏ်းစလုံး၏ တာအိုသားတော် ဖြစ်နေပြီဖြစ်သည်။

​ထိုကိစ္စသည် ကိုးဆက်မြောက်ဘုရင် ခေါင်းငြိမ့်မှသာ ဖြစ်နိုင်မည်ဖြစ်ရာ ယခုတစ်ခေါက် အောက်ဆင်းလာခြင်းကိုလည်း ကိုးဆက်မြောက်ဘုရင်က သိရှိပြီးသား ဖြစ်ပေလိမ့်မည်။

​"ဖူထူလောကထဲမှာ ဘာတွေရှိလဲ"

​ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

​"ဖူထူလောက..."

​တုယွန်းရွှိသည် ခဏမျှ ကြောင်သွားပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာကာ

"အရှင်က ကျွန်တော်မျိုးကို စမ်းသပ်နေတာလား"

​ဖန့်ချန်က ဘာမှမပြောဘဲ တုယွန်းရွှိကို ကြည့်နေသည်။

​တုယွန်းရွှိသည် အလျင်အမြန်ပင် ကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး

"အရှင်... ဒီဖူထူလောကဆိုတာက စည်းမဲ့ကမ်းမဲ့နယ်မြေ ပါ ယင်မိစ္ဆာတွေ နေရာအနှံ့ ရှိနေတာပါကျွန်တော်မျိုးတို့လို ရာထူးအာဏာရှိတဲ့သူတွေတောင် ဖူထူလောကထဲ ရောက်သွားရင် ဘာအခွင့်ထူးမှ မရှိပါဘူး အထဲက အန္တရာယ်တွေက ယင်လောကရဲ့ ဘယ်နေရာနဲ့မဆို ယှဉ်ရင် အဆပေါင်းများစွာ ပိုများပါတယ်"

​"ဒီနှစ်တွေထဲမှာ ယင်လောကထဲကို ယင်မိစ္ဆာတစ်ချို့ ရောက်လာတတ်ပေမဲ့ အများအားဖြင့် ရှန့်ကျန်းက ကျွမ်းကျင်သူတွေကို သုံးဖို့ မလိုပါဘူး လှည့်လည်စစ်ဆေးရေးဌာနက စီမံခန့်ခွဲသူကိုယ်တိုင် စစ်သည်တွေကို ဦးဆောင်ပြီး နှိမ်နင်းရင် ရနိုင်ပါတယ်"

"ဒါပေမဲ့ ဖူထူလောကထဲမှာတော့ ယင်ဝန်ထမ်းဌာန ရဲ့ မျိုးနွယ် ၃ ခုစလုံးက ကျွမ်းကျင်သူတွေ အကုန်သွားရင်တောင် အထဲက ယင်မိစ္ဆာတွေကို အကုန်ရှင်းဖို့ ခက်ခဲပါလိမ့်မယ်"

​သူက ခဏရပ်လိုက်ပြီး

"ဒါပေမဲ့ ကံကောင်းတာက ဖူထူလောကနဲ့ ယင်လောကဟာ လုံးဝ စည်းခြားထားပြီးသားပါ ယင်သက်တမ်း ၃ ရာ အကုန်အကျခံပြီး ဖူထူတံတား ကို ဖွင့်မှသာ သွားလို့ရမှာပါ ခဏတာ ဖွင့်တာဆိုရင်တော့ ယင်မိစ္ဆာတွေ ကျူးကျော်လာမယ့် အန္တရာယ် မရှိပါဘူး"

​ထိုသို့ ပြောပြီးနောက် တုယွန်းရွှိက အသံတိုးတိုးဖြင့် မေးသည်

"အရှင်... ဖူထူတံတားကို တကယ်ပဲ ဖွင့်မှာလား"

​"ဖွင့်လိုက်ပါ"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။

​တုယွန်းရွှိက ခဏစဉ်းစားပြီးနောက် ထပ်ပြောသည်

"ရှန့်ကျန်းမြို့ထဲမှာ ဖူထူလောကကို သွားချင်တဲ့သူတွေ အများကြီး ရှိပါသေးတယ် ဒါပေမဲ့ ယင်အရှင်တွေက ဒီနှစ်ပိုင်းမှာ ဖူထူတံတားကို မဖွင့်ချင်ကြလို့ သူတို့တွေ မသွားရတာ ကြာပါပြီ"

" တကယ်လို့ အရှင်က ဖွင့်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော်မျိုး သူတို့နဲ့ ဆက်သွယ်ပေးနိုင်ပါတယ်ယင်သက်တမ်း အခကြေးငွေ နောက်ထပ် တစ်ပုံတစ်ခေါင်း ထပ်ရနိုင်တာပေါ့"

​"ဘယ်လို ကောက်မှာလဲ"

​ဖန့်ချန်က ပြုံးပြီး မေးသည်။

​ဒါက နတ်ဘုရားအမွေအနှစ်နေရာတွေနဲ့ ဆင်တူနေသည်၊ အရင်ကတော့ သူကိုယ်တိုင်က ဝိညာဉ်ကျောက်တုံးပေးပြီး ဝင်ရသူဖြစ်သော်လည်း ယခုမူ သူက အကျိုးအမြတ် သိမ်းဆည်းရမည့်ဘက်က ဖြစ်နေပြီ။

​"တစ်ယောက်ကို ယင်သက်တမ်း နှစ်တစ်ရာ ကောက်လို့ရပါတယ် ဖူထူလောကကို သွားချင်တဲ့ ဝိညာဉ်တွေနဲ့ အောက်ဆင်းသူတွေ ပေါင်းရင် ၁၀ ယောက်ကျော်လောက် ရှိပါဦးမယ်"

​တုယွန်းရွှိက ပြောပြသည်။

​"ဒီကိစ္စကို မင်းပဲ တာဝန်ယူပြီး လုပ်လိုက်"

​ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။

​တုယွန်းရွှိက အမိန့်ကို ခံယူကာ ထွက်ခွာသွားသည်။

ရက်အနည်းငယ်အကြာတွင် လုပ်ငန်းစဉ်များအားလုံး ပြီးစီးသွားပြီး ဖူထူတံတားကို အချိန်မရွေး ဖွင့်နိုင်ပြီ ဖြစ်သည်။

​တုယွန်းရွှိသည် ဝါးအိမ်သို့ တစ်ဖန် ပြန်ရောက်လာပြီး ဖန့်ချန်အား ယင်သက်တမ်းဒင်္ဂါး ၁၂၀၀ ထပ်မံ ပေးအပ်သည်။

​ဖန့်ချန်သည် စကားအနည်းငယ် ပြောရုံဖြင့် ရှေ့နောက် စုစုပေါင်း ယင်သက်တမ်းဒင်္ဂါး ၂၂၀၀ ရရှိသွားပြီ ဖြစ်သည်။

​အောက်ဆင်းသူများသည် ယင်သက်တမ်းဒင်္ဂါးများကို ယူဆောင်ကာ လူ့လောကသို့ ပြန်သွားလျှင် ထိုဒင်္ဂါးများသည် ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ကျင့်ကြံသူ၏ အဆင့်တက်လှမ်းမှုကို ကူညီပေးနိုင်သည်ဟု ဆိုကြသည်။

​၎င်း၏ အာနိသင်သည် ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများနှင့် တူညီရာ ကျင့်ကြံသူများစွာ အောက်ဆင်းလာရသည့် ပထမဆုံး ရည်ရွယ်ချက်လည်း ဖြစ်သည်။

​လောကတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများမှအပ အလယ်အလတ်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာ အင်မတန် ရှားပါးလှရာ ယင်သက်တမ်းဒင်္ဂါးများသည် ၎င်းတို့အတွက် အစားထိုးစရာ ဖြစ်လာသည်။

​ထို့ပြင် ယင်လောကတွင်လည်း ယင်သက်တမ်းဒင်္ဂါးသည် အင်မတန် အရေးကြီးသော အရာဖြစ်ပြီး ဝိညာဉ်များ၏ သက်တမ်းပင် ဖြစ်သည်။

​ယင်လောကတွင် မည်မျှကြာကြာ ရှင်သန်နိုင်မည်ဆိုသည်မှာ လက်ထဲတွင် ရှိသော ယင်သက်တမ်းဒင်္ဂါးအပေါ် မူတည်သည်။

အောက်ဆင်းသူအများစုသည်လည်း အကုန်မသုံးပစ်ဘဲ တစ်စုံတစ်ရာကို သိမ်းဆည်းထားတတ်ကြသည်၊ နောင်တစ်ချိန် မိမိတို့ အမှန်တကယ် သေဆုံး၍ ယင်လောကသို့ ရောက်လာလျှင် အသုံးပြုနိုင်ရန် ဖြစ်သည်။

​"ဖန့်ယင်အရှင် ရှိပါသလား"

​ဝါးအိမ်အပြင်ဘက်မှ ယိုဖန့် ၏ အသံ ထွက်ပေါ်လာသည်။

​တုယွန်းရွှိက ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်ပြသဖြင့် သူက ထွက်သွားပြီး ယိုဖန့်ကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။

​"ဖန့်ယင်အရှင်... အရှင့်အနေနဲ့ ဖူထူတံတားကို ဖွင့်ပြီး အောက်ဆင်းသူတွေနဲ့ ဝိညာဉ်တွေကို ဖူထူလောကဆီ ပို့ဖို့ ပြင်နေတယ်လို့ ကြားပါတယ် "

​ယိုဖန့်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်နေသည်။

​"ဟုတ်ပါတယ်"

​ဖန့်ချန်က ပြုံးလိုက်ပြီး

"စီမံခန့်ခွဲသူ ယိုဖန့်... ဘာလို့ ခါးသီးတဲ့ အပြုံးနဲ့ ဖြစ်နေတာလဲ ဒီကိစ္စမှာ ဘာကန့်သတ်ချက်တွေ ရှိလို့လဲ"

​"ဒါက..."

​ယိုဖန့်က သက်ပြင်းချကာ တုယွန်းရွှိကို တစ်ချက် ကြည့်လိုက်သည်

"ယွန်းရွှိ... မင်း အဲဒီကိစ္စကို ဖန့်ယင်အရှင်ကို မပြောပြဘူးလား"

​"အဲဒီကိစ္စ"

​တုယွန်းရွှိ ခဏ ကြောင်သွားပြီးနောက် ထူးဆန်းသော အမူအရာဖြင့်

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄၀၀ က ဖြစ်ခဲ့တဲ့ ယင်မိစ္ဆာတွေ မြို့ကို သတ်ဖြတ်တဲ့ ကိစ္စလား "

​"မှန်တယ်"

​ယိုဖန့်က ခေါင်းငြိမ့်လိုက်ပြီး ဖန့်ချန်အား လက်အုပ်ချီကာ

"ဖန့်ယင်အရှင်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄၀၀ တုန်းက ဖူထူတံတား ပွင့်သွားခဲ့ပြီး ယင်မိစ္ဆာတွေက ပြောင်းပြန်စီးဆင်းလာပြီး ရှန့်ကျန်းမြို့ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ဖူးပါတယ်"

"ရှန့်ကျန်းမြို့ကို ဆူပူအောင် လုပ်ရုံတင်မကဘဲ မြို့ပြင်က တခြားမြို့တွေထဲအထိ ပြန့်နှံ့သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြပါတယ်"

​"အဲဒီအချိန်က ယင်မိစ္ဆာတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဝိညာဉ်ပေါင်း ၄၃ သန်းကျော် ရှိခဲ့ပါတယ် ရှန့်ကျန်းမြို့က ယင်အရှင် တစ်ချို့တောင် စစ်ပွဲမှာ ကျဆုံးခဲ့ရပါတယ် တကယ်လို့ ငရဲမင်း ကိုယ်တိုင် ထွက်မရှင်းပေးခဲ့ရင် အခုလို ငြိမ်းချမ်းတဲ့ ယင်လောကကို မြင်ရမှာ မဟုတ်ပါဘူး"

​ထိြသို့ ပြောပြီးနောက် ယိုဖန့်၏ မျက်နှာမှာ တည်တံ့လေးနက်သွားကာ

"ဒါကြောင့် ဖန့်ယင်အရှင်... ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးပါ ဖူထူတံတားကို မဖွင့်ပါနဲ့ ဒီလိုကိစ္စမျိုး ထပ်ဖြစ်မှာကို မလိုလားလို့ပါ"

​"စီမံခန့်ခွဲသူ ယိုဖန့် တကယ်တော့ အဲဒီတုန်းက ကိစ္စက... ရှန့်ကျန်းမြို့က အချို့သော ယင်အရှင်တွေနဲ့ အများကြီး သက်ဆိုင်နေတာပါ သူတို့က ယင်မိစ္ဆာတွေရဲ့ လက်ကို သုံးပြီး တစ်ခုခုကို ကြံစည်ချင်လို့ ဖူထူတံတားကို ၁၀ ရက်တိုင်တိုင် မပိတ်ဘဲ ဖွင့်ထားခဲ့ရာကနေ ယင်မိစ္ဆာတွေ သောင်းကျန်းတဲ့ ကိစ္စ ဖြစ်လာတာပါ"

​တုယွန်းရွှိက ထူးဆန်းသော အမူအရာဖြင့် ရှင်းပြသည်

"ဖူထူတံတား ပွင့်နေတဲ့ အချိန်ဟာ တစ်ရက်ထက် မပိုဘူးဆိုရင်တော့ ယင်မိစ္ဆာတွေ ကျူးကျော်လာမယ့် အန္တရာယ် လုံးဝ မရှိပါဘူး"

​"မင်း ဘာသိလို့လဲ"

​ယိုဖန့်က ဒေါသတကြီး ပြောလိုက်သည်

"တကယ်လို့ အဲဒီလိုကိစ္စမျိုး ဖြစ်လာရင် နှိမ်နင်းရမှာက ငါတို့ ယင်စစ်သည်တွေလေ မင်းတို့ နေ့ခင်းကင်းလှည့်အဖွဲ့နဲ့ ညပိုင်းကင်းလှည့်အဖွဲ့တွေက ဘေးကနေ ကြည့်နေရုံပဲ ရှိမှာ အပင်ပန်းခံ အသက်ပေးလုပ်ရမှာက ငါတို့ ယင်စစ်သည်တွေပဲ"

​တုယွန်းရွှိ၏ မျက်နှာ ပျက်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။

သူသည် နေ့ခင်းကင်းလှည့်နတ်ဘုရား ဖြစ်သော်လည်း ယင်ဝန်ထမ်းဌာန၏ စီမံခန့်ခွဲသူ ကိုတော့ ပြန်မပြောဝံ့ပေ။

​ယိုဖန့်သည် မိမိကိုယ်မိမိ စိတ်မထိန်းနိုင်ဖြစ်သွားသည်ကို သတိပြုမိသွားပြီး သက်ပြင်းတစ်ချက်ချကာ ဖန့်ချန်ကို ပြောသည်

​"ဖန့်ယင်အရှင် ကျွန်တော့်စကားကို စဉ်းစားပေးပါရှန့်ကျန်းမြို့က ယင်အရှင်အများစုက ဖူထူတံတား ဖွင့်တာကို သဘောမတူကြပါဘူး"

"တကယ်လို့ အရှင်က ဇွတ်လုပ်မယ်ဆိုရင်... သူတို့ရဲ့ မကျေနပ်မှုကို ခံရပါလိမ့်မယ် နောင်တစ်ချိန် ရှန့်ကျန်းမြို့မှာ အလုပ်လုပ်ရတာ နေ့ခင်းကင်းလှည့်အဖွဲ့အတွက် အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်"

​ယိုဖန့်၏ အမူအရာကို မြင်ရပြီးနောက်၊ ယခင်က ဖူထူလောကမှ ယင်မိစ္ဆာများသည် ရှန့်ကျန်းမြို့ကို သောင်းကျန်းခဲ့ပြီး မြို့ဖျက်ဆီးခဲ့ကာ ယင်အရှင်အချို့တောင် ကျဆုံးခဲ့ရသည်ဟု ကြားလိုက်ရသဖြင့် ဖန့်ချန်သည် ဖူထူလောကအကြောင်း အနည်းငယ် နားလည်သွားသည်။

​သို့သော်လည်း... တုယွန်းရွှိ၏ စကားကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပေသည် ထိုအချိန်က ကိစ္စသည် အတွင်းပိုင်း အားပြိုင်မှုများကြောင့် ဖြစ်နိုင်ချေ အတော်လေး များနေသည်။

​တကယ်လို့ ထိုကိစ္စသည် ကျီးလျန်နှင့် သွေးရောင်စက္ကူရုပ်တို့နှင့် မသက်ဆိုင်ပါက ဖန့်ချန်သည် ရှန့်ကျန်းမြို့မှ ယင်အရှင်များကို တစ်ယောက်ပြီးတစ်ယောက် ရန်မရှာလိုပေ။

​သို့သော် ကံမကောင်းစွာဖြင့်...

​"စီမံခန့်ခွဲသူ ယိုဖန့်... ဒီကိစ္စကို ငါ ဆုံးဖြတ်ပြီးပြီယွန်းရွှိ ပြောသလိုပါပဲ ခဏတာ ဖွင့်တာက ကြီးမားတဲ့ အန္တရာယ် မရှိနိုင်ပါဘူး ငါကိုယ်တိုင်လည်း ဒီကိစ္စကို သေချာ စောင့်ကြည့်နေမှာပါ မင်း သိပ်ပြီး စိတ်မပူပါနဲ့"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်သည်။

​ယိုဖန့်၏ မျက်ခုံးများ တွန့်သွားပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်အုပ်ချီကာ လှည့်ထွက်သွားတော့သည်၊ သူသည် သိသိသာသာပင် မကျေမနပ် ဖြစ်နေသည်။

​"အရှင်... ပြန်စဉ်းစားကြည့်ဦးမလား စီမံခန့်ခွဲသူ ယိုဖန့် စိတ်ဆိုးသွားတာက သိပ်တော့ မကောင်းဘူး"

​တုယွန်းရွှိက ခါးသီးစွာ ပြုံးလျက် ပြောသည်

"စီမံခန့်ခွဲသူ ယိုဖန့်က စိတ်သဘောထား အင်မတန် ကောင်းတဲ့သူပါ ယင်ဝန်ထမ်းဌာနကို အုပ်ချုပ်လာတဲ့ ဒီနှစ်တွေတစ်လျှောက် ဒီနေ့လောက် စိတ်တိုတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး"

​"ကြားဖူးတာကတော့... အဲဒီတုန်းက သေဆုံးသွားတဲ့ ယင်အရှင်တွေထဲမှာ တစ်ယောက်က စီမံခန့်ခွဲသူ ယိုဖန့်ရဲ့ လူ့လောကက တာအိုကြင်ယာတော် ဖြစ်ခဲ့ဖူးလို့ပါတဲ့..."

​"ရတယ် ငါပြောတဲ့အတိုင်းပဲ လုပ်လိုက်"

​ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

​တုယွန်းရွှိသည်လည်း ဆက်ပြီး မတိုက်တွန်းဝံ့တော့ဘဲ ဂါရဝပြုကာ ထွက်ခွာသွားသည်။

​တစ်ချိန်တည်းမှာပင်။

​တရားစီရင်ရေးဌာန ၌၊ အေးစက်မှောင်မိုက်နေသော ထိုနေရာတွင် လူရိပ် ၁၀ ခုကျော် ထိုင်နေကြသည်။

ယိုဖန့် အထဲသို့ ဝင်လာသည်ကို မြင်သောအခါ အလယ်တွင် ထိုင်နေသော ရှန်ထူချန်း က အေးစက်စက် မေးလိုက်သည်

​"ဘယ်လိုလဲ... အဲဒီ ဖန့်ယင်အရှင်ကို မင်း ဖျောင်းဖျလို့ ရခဲ့ရဲ့လား "

​​အခန်း (၈၂၂) နယ်မြေကိုးခုလုံးသို့ ပြန့်နှံ့ခြင်း

​ယိုဖန့်က ခပ်အေးအေးပင် ပြောလိုက်သည်

"ဖန့်ယင်အရှင်က ဖျောင်းဖျလို့မရဘူး ဖူထူတံတားကို ဖွင့်ဖို့ပဲ ဇွတ်လုပ်နေတယ်"

​ရှန်ထူချန်းက ထိုစကားကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်ပြီး

"ရောက်ရောက်ချင်းပဲ ပိုင်ယွဲ့မြို့စားကို စိတ်တိုင်းကျ စီရင်တယ် နေ့ခင်းကင်းလှည့်နတ်ဘုရား ဖူကျင့်ကို သတ်ပစ်တယ် ပြီးတော့ နေ့ခင်းကင်းလှည့်နတ်ဘုရား ရာထူးကိုလည်း ဗြောင်ကျကျ ရောင်းစားသေးတယ်"

​"အခုလည်း အကျိုးအမြတ်တွေ ရယူပြီးတော့ ယင်သက်တမ်း အနည်းငယ်အတွက်နဲ့ ဖူထူတံတားကို အတင်းအကျပ် ဖွင့်ဖို့ လုပ်နေပြန်ပြီ မင်းတို့ ပြောစမ်း... ဒီဖန့်ယင်အရှင်ဆိုတဲ့လူက အင်မတန် လောဘကြီးတဲ့သူ မဟုတ်ဘူးလား"

​ယင်အရှင်တစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်

"ဒါက လောဘကြီးတာ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ"

​"တစ်ချို့ကိစ္စတွေက လောဘတက်ရင်တောင် အစအန မကျန်အောင် တက်ရတာမျိုး သူ လုပ်နေပုံက သူများတွေ မသိမှာ စိုးနေတဲ့အတိုင်းပဲ"

​"ဒီလောက်အထိ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်နေတာဆိုတော့... ဒီလူက ငရဲမင်း နဲ့ တစ်ခုခု ပတ်သက်နေတာများလား"

​"ငရဲမင်းက သူ့ကို တကယ်ပဲ အလေးထားတာ သူ ဖူကျင့်ကို သတ်တုန်းကတောင် ငရဲမင်းက စိတ်မဆိုးတဲ့အပြင် သူ့ရဲ့ နေ့ခင်းကင်းလှည့်အရှင် ရာထူးကိုတောင် မဖြုတ်ခဲ့ဘူး"

​ရှန်ထူချန်းက ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်

"ဒါကြောင့်ပဲ သူ ဒီလောက်အထိ ရိုင်းစိုင်းရဲတာ ဖြစ်လိမ့်မယ် ဒါပေမဲ့ မင်းတို့ သိကြလား... သူနဲ့ ဝိညာဉ်နတ်ဘုရား ကြားမှာ ဘာရန်ငြိုးတွေ ရှိနေလဲဆိုတာ"

"​ငါ ကြားတာတော့ သူ ပိုင်ယွဲ့မြို့မှာ ရှိစဉ်တုန်းက ဝိညာဥ်နတ်ဘုရားကို ကိုးကွယ်တဲ့ ဝိညာဉ်တွေကိုပဲ သီးသန့် ပစ်မှတ်ထားပြီး နှိပ်ကွပ်ခဲ့တယ်တဲ့"

​"ကျွန်တော်မျိုးတို့ကတော့ ဒီလူကို တစ်ခါမှ မမြင်ဖူးသလို သူ့နောက်ကြောင်းကိုလည်း လုံးဝ မသိပါဘူး"

ဟု ယင်အရှင်တစ်ဦးက ခေါင်းခါလျက် ပြောသည်။

​ကျင်ရွှေ က ခဏကြာ နားထောင်နေပြီးမှ ရုတ်တရက် စကားပြောလာသည်

"တကယ်တော့ ဒီနှစ်တွေထဲမှာ ယင်လောကမှာ ဝိညာဥ်နတ်ဘုရားကို ယုံကြည်ကိုးကွယ်တဲ့ ဝိညာဉ်တွေ ပိုပိုများလာတယ် ကျွန်မတို့လို ဝိညာဉ်တွေထဲမှာတောင် ဝိညာဥ်နတ်ဘုရားကို ကိုးကွယ်တဲ့သူတွေ မနည်းဘူး"

​"ဌာနအသီးသီးနဲ့ မြို့အသီးသီးမှာ ဝိညာဥ်နတ်ဘုရားရဲ့ ကိုးကွယ်သူတွေက သုံးပုံတစ်ပုံလောက်အထိ ရှိနေပြီ ဒါက သိပ်တော့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"

​"ဖန့်ယင်အရှင်ရဲ့ ဒီလုပ်ရပ်ဟာ ဝိညာဥ်နတ်ဘုရားဘာသာဝင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရှင်းထုတ်ချင်တာလည်း ဖြစ်နိုင်တယ် ပိုင်ယွဲ့မြို့စားကလည်း အဲဒီဘာသာဝင်တွေထဲက တစ်ယောက်ပဲလေ"

​"ညပိုင်းကင်းလှည့်အရှင် ကျွန်မတို့ ယင်လောကက ဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး သူတို့ ဘယ်သူ့ကို ကိုးကွယ်ကိုးကွယ် ယင်လောကထဲမှာ ရှိနေသရွေ့ ကျွန်မတို့ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေမှာမို့လို့ ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး"

"​ဝိညာဥ်နတ်ဘုရားဘာသာဝင် ဆိုတာက နောက်ထပ် အဆင့်အတန်းတစ်ခုပဲ ပိုင်ယွဲ့မြို့စားရဲ့ အစစ်အမှန် အဆင့်အတန်းက တရားစီရင်ရေးဌာနရဲ့ လက်အောက်ငယ်သားပဲလေ"

​"ဘယ်လိုလုပ်ပြီး သေးငယ်တဲ့အရာအတွက်နဲ့ ကြီးမားတာကို အဆုံးရှုံးခံမလဲ သူက ဝိညာဥ်နတ်ဘုရားဘာသာဝင် ဖြစ်နေရင်တောင် ဒီအတိုင်း စိတ်တိုင်းကျ စီရင်လို့ မရသင့်ဘူး"

ဟု ယင်အရှင်တစ်ဦးက နှာခေါင်းရှုံ့ကာ ပြောသည်။

​နောက်ထပ် ယင်အရှင်တစ်ဦးကလည်း အေးစက်စက် ပြုံးလျက် ပြောသည်

​"ငရဲမင်းတောင် ဒီကိစ္စကို လွှတ်ထားတာ အသစ်တက်လာတဲ့ နေ့ခင်းကင်းလှည့်အရှင်က ကောင်းကင်ကို ဆန့်ကျင်ချင်နေတာလား အဲဒီ ဝိညာဥ်နတ်ဘုရားဆိုတဲ့ ပုဂ္ဂိုလ်သာ အောက်ဆင်းလာရင် သူ့ရဲ့ စွမ်းအားက ဒီမှာ ထိုင်နေတဲ့ ဘယ်သူ့ထက်မဆို အများကြီး ပိုအားကောင်းတယ်"

​"အခြေအနေအရပဲ ကြည့်ကြည့် ကျွန်မတို့က သွားပြီး ရန်မစသင့်ဘူး သူတို့ရဲ့ လူ့လောကက အင်အားစုတွေက နယ်မြေကိုးခုလုံးကို ပြန့်နှံ့နေတာ ကျွန်မ အထင်တော့ တစ်နေ့မှာ အဲဒီ ဝိညာဥ်နတ်ဘုရားက နတ်ဘုရားတံခါးကို ချိုးဖျက်ပြီး အထက်ဘုံလောကထဲကို ဝင်ရောက်သွားလိမ့်မယ်"

​"ညပိုင်းကင်းလှည့်အရှင် ဒီနေ့ ကျုပ်တို့ ပြောနေတာက အဲဒီ ဖန့်ယင်အရှင် အကြောင်းပဲ ဝိညာဥ်နတ်ဘုရားနဲ့ မဆိုင်ဘူး ယင်လောကမှာ ဘာသာတရားတွေ နည်းလို့လား ဝိညာဥ်နတ်ဘုရားဘာသာဆိုတာ အဲဒီထဲက တစ်ခုပဲ"

ဟု ရှန်ထူချန်းက ခပ်အေးအေး ပြောလိုက်သည်။

​"အင်း... ကျွန်မလည်း ဒီအတိုင်း စကားစပ်မိလို့ ပြောလိုက်တာပါ"

​ကျင်ရွှေက ခေါင်းငြိမ့်ပြသည်

"လူ့လောကမှာတော့ ဝိညာဥ်နတ်ဘုရားဘာသာဝင်တွေက သိပ်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိကြဘူးလို့ ကြားလို့ပါ"

​"ကြည့်ရတာ ညပိုင်းကင်းလှည့်အရှင်က ညဘက် လူ့လောကကို လှည့်လည်ရင်းနဲ့ တစ်ခုခုကို မြင်ခဲ့ပုံရတယ်"

ရှန်ထူချန်းက ပြုံးလျက် မေးသည်။

​"ကျွန်မ သတိထားမိတာကတော့ ဝိညာဥ်နတ်ဘုရားဘာသာဝင်တွေ ပေါ်လာတိုင်း လောကမှာ ဝိညာဉ်တွေ အမြောက်အမြား တိုးလာတာပဲ"

​ကျင်ရွှေက အသံတိုးတိုးဖြင့် ဆိုသည်

"သူတို့ ကိုယ်တိုင် သတ်တာ မဟုတ်ရင်တောင် သူတို့နဲ့တော့ တိုက်ရိုက် ပတ်သက်နေတယ် တရားစီရင်ရေးဌာနအနေနဲ့ ဒီကိစ္စကို ဘယ်လို မြင်လဲ"

​"ကျွန်တော်တို့လား ကျွန်တော်တို့က ယင်လောကကိုပဲ တာဝန်ယူတာ လူ့လောကမှာတော့ လူ့လောကရဲ့ စည်းမျဉ်းတွေ ရှိတာပဲ"

ဟု ရှန်ထူချန်းက ခပ်အေးအေး တုံ့ပြန်သည်။

​ကျင်ရွှေ

"တကယ်လို့ ဝိညာဥ်နတ်ဘုရားဘာသာဝင်တွေ ယင်လောကထဲ ရောက်လာရင် ကောင်းမှုဆိုးမှုတွေကို ဘယ်လို တွက်ချက်မှာလဲ"

​"သူတို့ ကိုယ်တိုင် လက်မပါသရွေ့တော့ ကောင်းမှုဆိုးမှု ဘယ်လိုတွက်ရမလဲဆိုတာ ညပိုင်းကင်းလှည့်အရှင် မင်းရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်လား"

ရှန်ထူချန်းက ပြောသည်။

​ကျင်ရွှေ တိတ်သွားတော့သည်။

​ယိုဖန့်က အလေးအနက် ပြောသည်

"အားလုံးပဲ... ကျွန်တော်တို့ ဖူထူတံတားကိုပဲ အဓိကထားသင့်တယ် တကယ်လို့ ဖန့်ယင်အရှင်က တကယ်ပဲ ဖွင့်လိုက်လို့ တစ်ခုခု ဖြစ်လာရင် အခုရှိနေတဲ့ ယင်လောကက အရင်တုန်းကလို ဘေးဒုက္ခမျိုးကို ပြန်တောင့်ခံနိုင်ပါ့မလား"

​"ဖန့်ယင်အရှင်က နားမထောင်မှတော့ ကျွန်တော်တို့လည်း အဆင့်တူတွေပဲလေ ကျွန်တော်တို့ စကားက သူ့အပေါ်မှာ အာဏာမသက်ရောက်ဘူး"

​ရှန်ထူချန်းက ပြုံးလျက် ပြောသည်

"အချိန်ကျရင် သေသေချာချာ သတိထားကြည့်နေကြရုံပေါ့ ဖွင့်ထားတဲ့ အချိန် သိပ်မကြာဘူးဆိုရင်တော့ ပြဿနာ အကြီးအကျယ် ရှိမှာ မဟုတ်ပါဘူး"

​ယင်အရှင် အားလုံးက ထောက်ခံကြသည်။

​ယိုဖန့်သည် ထိုအခြေအနေကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့ကာ ဝတ်ရုံလက်ကို ဝှေ့ယမ်းပြီး ထွက်ခွာသွားတော့သည်။

​"ဒီအဖိုးကြီး ယိုဖန့်က သူ့ရဲ့ တာအိုကြင်ယာတော်ဟောင်းကို အခုထိ မမေ့နိုင်သေးဘူးပဲ ကြည့်ရတာ အဲဒီတုန်းက ကိစ္စက သူ့ရဲ့ စိတ်ဒဏ်ရာ ဖြစ်သွားပုံပဲဖူထူတံတား ဖွင့်ဖို့ ကြံစည်တိုင်း သူက စိတ်တိုနေတော့တာပဲ"

ယင်အရှင်တစ်ဦးက ရယ်လျက် ပြောသည်။

​"သူ့ဘာသာ ထားလိုက်ပါ"

​ရှန်ထူချန်းက ပြုံးပြီး ထလိုက်ကာ ထွက်သွားတော့သည်။

​ထို့နောက်တွင် ယင်အရှင်အားလုံး အသီးသီး လူစုခွဲသွားကြသော်လည်း၊ အမှောင်ရိပ်တစ်ခုထဲတွင် လူရိပ်တစ်ခုက အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်ကို သူတို့ မမြင်လိုက်ကြပေ။

​"ဝိညာဥ်နတ်ဘုရားရဲ့ အင်အားစုက နယ်မြေကိုးခုလုံးကို ပြန့်နှံ့နေတာလား..."

​ဖန့်ချန်၏ မျက်ခုံးကြားတွင် စိုးရိမ်ပူပန်မှု အချို့ ပေါ်လာသည်။

​အရင်က သူသည် သွေးဝိညာဥ်ဂိုဏ်း ၏ အခြေခံက နက်ရှိုင်းသော်လည်း တောရိုင်းကျောင်းတော်ကဲ့သို့သော အင်အားစုများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။

ဟင်လင်းပြင်ထာဝရဓားဂိုဏ်း မှ ဓားကျင့်ကြံသူများပင် သွေးဝိညာဥ်ဂိုဏ်း အကြောင်း ပြောလျှင် အထင်အမြင်သေးသည့် အမူအရာများ ရှိခဲ့ကြသည်။

​သို့သော်လည်း သူသည် ဝိညာဥ်သုတ်သင်ဌာန မှ ပုဂ္ဂိုလ်၏ ပို့ဆောင်မှုဖြင့် ဝိညာဥ်သိုင်းနယ်မြေ သို့ ရောက်လာပြီး ဝိညာဥ်နတ်ဘုရား အကြောင်း သိလိုက်ရသည့်အခါမှသာ သွေးဝိညာဥ်ဂိုဏ်း၏ ဗဟိုချက်မှာ ဝိညာဥ်သိုင်းနယ်မြေတွင် ရှိနေပြီး ကျုံးကျိုး ပေါ်က သွေးဝိညာဥ်ဂိုဏ်းသည် ဌာနခွဲတစ်ခုသာ ဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

​ယခုမူ ရှန်ထူချန်းတို့၏ ပါးစပ်မှတစ်ဆင့် ဝိညာဥ်နတ်ဘုရား ဘာသာ၏ အင်အားစုသည် နယ်မြေကိုးခုလုံးသို့ ပြန့်နှံ့နေပြီဖြစ်ကြောင်း သူ အတည်ပြုလိုက်ရပြီ...

​နယ်မြေကိုးခုဆိုသည်မှာ မည်မျှ ကျယ်ပြောလှသနည်း ထိုနယ်မြေ၏ အကျယ်အဝန်းကို တွေးကြည့်ရုံပင် မဝံ့ရဲပေ ဂိုဏ်းချုပ်အဆင့် တစ်ယောက်ပင် သူ၏ သက်တမ်းတစ်ခုလုံးတွင် နယ်မြေကိုးခု၏ ထောင့်စေ့အောင် သွားနိုင်ပါ့မလား မသေချာပေ။

​သို့သော် ထို ဝိညာဥ်နတ်ဘုရား ဆိုသူကတော့ ထိုအချက်ကို လုပ်ဆောင်နိုင်ခဲ့ပြီး ယင်လောကရှိ ယင်အရှင်များပင် သူ့ကို အင်မတန် ကြောက်ရွံ့နေကြသည်။

​တကယ်လို့ ဒီအင်အားစုတွေသာ စုစည်းမိသွားရင် ကျုံးကျိုးပေါ်က ဘယ်ဂိုဏ်းကများ ရန်သူအဖြစ် ယှဉ်နိုင်ပါ့မလဲ

​တစ်ခုတည်းသော ကံကောင်းသည့်အချက်မှာ ကျုံးကျိုးက ဂိုဏ်းတွေဟာလည်း အပျော့အညံ့တွေ မဟုတ်ကြဘဲ တောရိုင်း ကျောင်းတော်မှာ အဘိုးရွှင်တို့လို ဂိုဏ်းချုပ်အဆင့်တွေ ရှိနေခြင်းပင်။

​သွေးဝိညာဥ်ဂိုဏ်းမှာ ရှိနေတဲ့ ဂိုဏ်းချုပ်အဆင့်အရေအတွက်ဟာ တစ်ယောက် ထက် မပိုသရွေ့တော့ သိပ်ပြီး စိုးရိမ်နေစရာ မလိုသေးပေ။

​"ထူးဆန်းတာပဲ ပီထု စီနီယာ အစ်ကိုရဲ့ စွမ်းအားနဲ့ဆိုရင် သေပြီး ယင်လောကကို ရောက်လာရင်တောင် ဒါက နတ်ဘုရား ဝိညာဉ်ပဲလေ မွေးရာပါ ဝိညာဉ်နတ်ဘုရား ဖြစ်လာနိုင်တဲ့သူပဲ ဘာလို့ သူက ယင်လောကက နေရတာ မလွယ်ဘူးလို့ ပြောခဲ့ရတာလဲ ပြီးတော့ ဒီရှန့်ကျန်းမြို့ထဲမှာလည်း သူ့ရဲ့ အငွေ့အသက်ကို မတွေ့ရဘူး..."

​ဖန့်ချန်၏ အတွေးများ ပြောင်းသွားပြီး တရားစီရင်ရေးဌာနအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။

​တံခါးဝသို့ ရောက်သောအခါ ဖန့်ချန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

​ဖူထူလောက

​သူ့ရဲ့ စီနီယာအစ်ကို ပီထု ဟာ ဖူထူလောကထဲမှာ ရှိနေတာများလား

​ဖူထူလောကထဲက ယင်မိစ္ဆာတွေဟာ ယင်လောကကို သောင်းကျန်းနိုင်စွမ်း ရှိပြီး ယင်အရှင်တွေကိုတောင် ကြောက်ရွံ့စေတယ်ဆိုရင် ဒီဖူထူလောကဆိုတဲ့ စည်းမဲ့ကမ်းမဲ့နယ်မြေဟာ သာမန် မဟုတ်တာ သေချာသည်။

​တစ်နည်းအားဖြင့် ပြောရလျှင် ၎င်း၏ တည်ရှိမှုသည် ယင်လောကထက်တောင် ပိုပြီး အားကောင်းနေနိုင်သေးသည်။

​ဒီလိုဆိုရင် သူ့ရဲ့ နတ်ဘုရားစီနီယာအစ်ကိုဟာ ဖူထူလောကထဲမှာ ရှိနေဖို့ တကယ်ပဲ ဖြစ်နိုင်ခြေ ရှိနေသည်။

​သူသည် ယခုတစ်ခေါက် ကျီးလျန်တို့နောက်ကို လိုက်သွားဖို့ ရည်ရွယ်ထားပြီးသားဖြစ်ရာ၊ အခုတော့ ပီထု ရဲ့ သဲလွန်စကိုပါ တစ်ခါတည်း ရှာဖွေနိုင်တော့မည် ဖြစ်သည်။

​တုယွန်းရွှီ၏ အိမ်တော်။

​ကျီးလျန်တို့အဖွဲ့သည် တုယွန်းရွှီနှင့် ထပ်မံတွေ့ဆုံကြပြီး ယင်ဝန်ထမ်းဌာန၏ နေ့ခင်းကင်းလှည့်အရှင်က ဖူထူတံတားကို ဖွင့်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ကြားရသည့်အခါ အားလုံး ဝမ်းသာသွားကြသည်။

​"ကျွန်တော်မျိုးတို့အတွက် အဲဒီ နေ့ခင်းကင်းလှည့်အရှင်ကို ကျေးဇူးတင်စကား ပြောပေးပါဦး"

​ကျီးလျန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး သွေးရောင်စက္ကူရုပ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

​သွေးရောင်စက္ကူရုပ်ကလည်း အလိုက်သိစွာဖြင့် ယင်သက်တမ်းဒင်္ဂါး ငါးရာ ပါသော ပိုက်ဆံအိတ်တစ်အိတ်ကို ထပ်မံ ပေးအပ်လိုက်ပြန်သည်။

​"အားလုံးပဲ အားနာစရာကြီးဗျာ မနက်ဖြန် မနက်ကျရင် ခင်ဗျားတို့နဲ့ တခြားလူတစ်ချို့ အတူတူ ဖူထူလောကကို သွားလို့ရပါပြီ"

​တုယွန်းရွှီက ပိုက်ဆံအိတ်ကို သိမ်းလိုက်ရင်း ပြုံးပြသည်။

​"တခြားလူတွေ"

​ကျီးလျန် ခဏ ကြောင်သွားသည်။

​တုယွန်းရွှီက ရယ်လျက်

"ဖူထူလောကကို သွားဖို့ အခွင့်အရေးဆိုတာ ရှားတယ်လေ အဲဒါကြောင့် အတူလိုက်မယ့်သူ တစ်ချို့လည်း ရှိဦးမယ် သူတို့က ခင်ဗျားတို့ရဲ့ စမ်းသပ်မှုကို အနှောင့်အယှက် မပေးပါဘူး သူတို့မှာ သူတို့ ရည်ရွယ်ချက်နဲ့သူ ရှိကြတာပါ"

​"ဪ... ဒီလိုကိုး..."

​ကျီးလျန်က သွေးရောင်စက္ကူရုပ်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ရာ စက္ကူရုပ်က ခေါင်းငြိမ့်ပြသဖြင့် ဘာမှ ပြဿနာမရှိဟု ထင်ကာ စိတ်သက်သာရာ ရသွားပြီး ပြုံးလျက်

​"တုအရှင်... မနက်ဖြန်ကျရင် ကျွန်တော်တို့ အဲဒီ နေ့ခင်းကင်းလှည့်အရှင် ကို တွေ့ခွင့်ရမလား"

​အားလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပေါ်လာသည်။

​နေ့ခင်းကင်းလှည့်အရှင် ဆိုသည်မှာ ယင်အရှင် တစ်ဦး ဖြစ်ပြီး လူ့လောက အဆင့်အတန်းနှင့် ယှဉ်လျှင် မသေမျိုးဘုရင် နှင့် အဆင့်တူပေသည်။

​ရှေ့မှာရှိနေတဲ့ တုယွန်းရွှီထက် တစ်ဆင့် အဆင့်မြင့်သူ ဖြစ်ရာ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်နှင့် အဆက်အသွယ် ရခဲ့လျှင် နောင်တစ်ချိန် ဂိုဏ်းကြီး ၃ ဂိုဏ်းက အောက်ဆင်းသူတွေအတွက် အင်မတန် ခိုင်မာတဲ့ အခြေခံကောင်းတစ်ခု ရရှိသွားမှာ ဖြစ်လို့ပင်။

All Chapters