← Chapters

အခန်း (၈၂၃-၈၂၄)

Vol. 83 Ch. 823-824

အခန်း (၈၂၃-၈၂၄)

Vol. 83 Ch. 823-824

​အခန်း (၈၂၃) အတူတူသွားခြင်း

​"နေ့ခင်းကင်းလှည့်အရှင် က အလုပ်တွေ အင်မတန်များတာဆိုတော့ ကိုယ်တိုင်ကိုယ်ကျတော့ ထွက်လာမှာ မဟုတ်ဘူး နောက်မှ အခွင့်ကြုံရင်တော့ ငါ မင်းတို့ကို မိတ်ဆက်ပေးပါ့မယ်"

​တုယွန်းရွှိက ပြုံးလျက် ပြောသည်။

​ကျီးလျန်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ယုတ္တိရှိသည်ဟု ထင်မြင်မိသည် ထိုကဲ့သို့သော တည်ရှိမှုမျိုးက သူတို့လို လူမမည်လေးတွေကို အလွယ်တကူ တွေ့ဆုံလိမ့်မည် မဟုတ်ပေ။

​"ဒါပေမဲ့ အခုတော့ ငါက လူမမည်လေး ဖြစ်နေပေမဲ့ ငရဲမင်းရဲ့ အမွေအနှစ်ကိုသာ ရလိုက်ရင် နောင်တစ်ချိန် ဒီယင်လောကဟာ..."

​ကျီးလျန်၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

​ထိုနေ့ ရောက်လာလျှင် နေ့ခင်းကင်းလှည့်နတ်ဘုရား ဆိုသူတွေပင်လျှင် သူ့ရှေ့တွင် စကားပြောသည့်အခါ သတိထားနေကြရမည် ဖြစ်သည်။

​နောက်တစ်နေ့တွင် တုယွန်းရွှီသည် လူအုပ်ကို ဦးဆောင်ကာ ရှန့်ကျန်းမြို့မှ ထွက်ခွာခဲ့ပြီး ဝမ်ချွမ်းမြစ် ရှေ့သို့ ရောက်လာခဲ့သည် သူတို့နှင့်အတူ အခြားသော အောက်ဆင်းသူများ ဝိညာဉ်များနှင့် နေ့ခင်းကင်းလှည့်နတ်ဘုရား နှစ်ပါးလည်း လိုက်ပါလာကြသည်။

​ဖူထူတံတားကို ဖွင့်ရန်အတွက် နေ့ခင်းကင်းလှည့်နတ်ဘုရား သုံးပါး၏ စွမ်းအားနှင့် ယင်အရှင်တစ်ပါး၏ သဘောတူညီမှု လိုအပ်သည်။

​နေ့ခင်းကင်းလှည့်နတ်ဘုရား သုံးပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်ချွမ်းမြစ်ထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားကြသည် သာမန်ဝိညာဉ်များ မရပ်တည်နိုင် လေပေါ်မပျံနိုင်သော ထိုမြစ်ရေပြင်ပေါ်တွင် သူတို့သည် သာမန်မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးဆေးဆေး ရှိနေကြသည်။

​"ဘာလို့ နေ့ခင်းကင်းလှည့်နတ်ဘုရားတွေက ဒီလိုစွမ်းအားမျိုး ရှိနေတာလဲ ငါတို့ကျတော့ ဝမ်ချွမ်းမြစ်ကို အလွယ်တကူ မထိတွေ့နိုင်တာ ဘာလို့လဲ"

​ကျီးလျန်သည် သိချင်စိတ် ပြင်းပြနေသဖြင့် သွေးရောင်စက္ကူရုပ်ကို တိုးတိုးလေး လှမ်းမေးလိုက်သည်။

​"အရင်တုန်းကတော့ ယင်လောကမှာ ရာထူးအာဏာရှိသူ မှန်သမျှ ဝမ်ချွမ်းမြစ်ကို စိတ်ကြိုက် ဝင်ထွက်နိုင်ခဲ့ကြတယ် အခုခေတ်လို နေ့ခင်းကင်းလှည့်နဲ့ ညပိုင်းကင်းလှည့် အနွယ်ဝင်တွေမှ ယင်သက်တမ်း အဆုံးရှုံးမခံဘဲ ဝင်ထွက်နိုင်တာမျိုး မဟုတ်ဘူး"

​သွေးရောင်စက္ကူရုပ်က ခပ်အေးအေး ပြောသည်

"အကြောင်းရင်းကတော့ ရိုးရှင်းပါတယ် နေ့ခင်းကင်းလှည့်နဲ့ ညပိုင်းကင်းလှည့် အနွယ်ဝင်တွေမှသာ ဝိညာဉ်နတ်ဘုရားတွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့ ဆိုနိုင်တာမို့လို့ပဲ ကျန်တဲ့သူတွေကတော့ အခုရှိနေတဲ့ ယင်အရှင်တွေတောင်မှ ဝိညာဉ်အဆင့်ပဲ ရှိပါသေးတယ် ဝိညာဉ်နတ်ဘုရားအဆင့်ကို မရောက်သေးပါဘူး"

​"ဝိညာဉ်နတ်ဘုရား မဟုတ်ရင် ဘာလို့ ယင်လောကကို သူတို့က အုပ်ချုပ်နေရတာလဲ"

​ကျီးလျန် ဇဝေဇဝါ ဖြစ်သွားသည်။

​"ဒါက ဖူထူလောကနဲ့ ပတ်သက်နေတယ် တစ်ချိန်မှာ မင်း ငရဲမင်းရဲ့ အမွေအနှစ်ကို ရတဲ့အခါ ဒါတွေကို အလိုလို နားလည်သွားလိမ့်မယ်"

​သွေးရောင်စက္ကူရုပ်က ခပ်ဖွဖွ ရယ်မောကာ

"ဖူထူလောကထဲမှာ အန္တရာယ်တွေ အပြည့်ပဲ အထဲရောက်ရင် ငါ့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ကြပါ"

​"သူတို့တွေက ဂိုဏ်းကြီး ၃ ဂိုဏ်းက လာတာဆိုတော့ ပစ္စည်းမက်ပြီး ငါတို့ကို ပြန်လုပ်မှာ မစိုးရဘူးလား"

​ကျီးလျန်က ဘေးနားရှိ လူအချို့ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။

​သွေးရောင်စက္ကူရုပ်

"သူတို့က နတ်မျိုးစေ့ တွေ မဟုတ်ဘူး နတ်တံခါးရဲ့ အသိအမှတ်ပြုမှုကို မရထားတဲ့အတွက် ငရဲမင်းရဲ့ အမွေအနှစ်ကို ဘယ်လိုမှ ထိတွေ့နိုင်မှာ မဟုတ်ဘူး အဲဒါကြောင့် မင်း စိတ်ပူစရာ မလိုပါဘူး"

​"မင်း ပိုပြီး စိတ်ပူရမှာက မင်းရဲ့ နတ်မျိုးစေ့ ဆိုတဲ့ အဆင့်အတန်းက ဖူထူလောကထဲ ရောက်သွားရင် အစွမ်းထက်တဲ့ ယင်မိစ္ဆာတွေရဲ့ အလိုချင်ဆုံး အရာ ဖြစ်နေမှာပဲ တကယ်လို့ သူတို့က မင်းကို ဝါးမြိုလိုက်နိုင်ရင် မင်းရဲ့ ကိုယ်စား နေရာယူပြီး ဝိညာဉ်နတ်ဘုရားအဖြစ် ဖူထူလောကကနေ ထွက်သွားနိုင်မှာမို့လို့ပဲ"

​"အားလုံးပဲ မင်းကို အားကိုးရမှာပေါ့ ကိစ္စတွေ အောင်မြင်သွားလို့ ငါသာ ယင်လောကရဲ့ ငရဲမင်း ဖြစ်လာရင် မင်းက ငါ့လက်အောက်က ယင်စစ်သည်တော်ကြီးတွေရဲ့ စစ်သေနာပတိချုပ် ဖြစ်စေရမယ်"

​ကျီးလျန်က ပြန်ပြောလိုက်သည်။

​"ဒါကတော့ သေချာတာပေါ့ ယင်လောကကို ထိန်းချုပ်နိုင်ရင် နယ်မြေကိုးခုလုံးကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပဲ အဲဒီအချိန်ကျရင် ကျုံးကျိုး ဆိုတာ သေးငယ်တဲ့ စင်မြင့်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်"

​သွေးရောင်စက္ကူရုပ်က ပြုံးလိုက်ပြီး

"မကြာခင်မှာပဲ စောစောစီးစီး မင်းဟာ တစ်လောကလုံးကို အုပ်စိုးနိုင်ပြီး ရှေ့မှာရှိတဲ့ အတားအဆီးတွေ အကုန်လုံးကို ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးကိုတောင် ဆုပ်ကိုင်နိုင်ဦးမှာပါ"

​"နတ်ဘုရားဖြစ်တာက ဘာကောင်းလို့လဲ ဝိညာဉ်နတ်ဘုရားလောက် မကောင်းပါဘူး ငါသာ ငရဲမင်း ရာထူးကို ရရင် အထက်ဘုံလောကကို သွားပြီးတော့ အမြီးနားမှာ နေမယ့်သူ မဟုတ်ဘူး"

​ကျီးလျန်က ပြုံးလျက် ခေါင်းခါလိုက်သည်။

​ထိုစဉ် ဝမ်ချွမ်းမြစ်အတွင်း ရုတ်တရက် လှိုင်းလုံးကြီးများ ထကြွလာပြီး မြူထူများ တဖြည်းဖြည်း ကွာကျသွားကာ တံတားကြီးတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသည်။

​"ဒါက ဒဏ္ဍာရီလာ ဖူထူတံတားပေါ့ နှစ်ပေါင်း ထောင်ချီပြီး မမြင်ရတာ ကြာပြီလို့ ကြားဖူးတယ်အခုတက်လာတဲ့ နေ့ခင်းကင်းလှည့်အရှင်က သဘောထားမကြီးရင် ငါတို့ တစ်သက်လုံး ဖူထူလောကကို မြင်တွေ့ရဖို့ မျှော်လင့်ချက် မရှိနိုင်ပါဘူး"

​အောက်ဆင်းသူ တစ်ယောက်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။

​သူ၏ ကျင့်ကြံမှုမှာ မနိမ့်ပေ ကိုယ်ပေါ်က အငွေ့အသက်မှာ အားကောင်းပြီး သွေးရောင်စက္ကူရုပ်တို့နှင့် အဆင့်တူ တုယွန်းရွှီတို့လို နေ့ခင်းကင်းလှည့်နတ်ဘုရားများနှင့် အဆင့်တူပေသည်။

​ကျန်ရှိသော အောက်ဆင်းသူများ၏ စွမ်းအားမှာလည်း အလားတူပင် ဖြစ်သည် အကယ်၍ ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိလျှင် ဖူထူလောကထဲကို ဝင်ဖို့ မဆိုထားနှင့် လက်မှတ်ခဖြစ်သော ယင်သက်တမ်း နှစ်တစ်ရာကိုပင် ပေးနိုင်မည် မဟုတ်ပေ၊ ၎င်းမှာ နည်းသော ပမာဏ မဟုတ်ပေ။

​တုယွန်းရွှီနှင့် ကျန်နှစ်ဦးသည် တံတားဦးတွင် ရပ်ကာ လူအုပ်ကို ကြည့်လိုက်သည်

​"အားလုံးပဲ တံတားကူးကြတော့ နောက် သုံးလအကြာမှာ ငါတို့ ဒီနေရာမှာ ဖူထူတံတားကို အချိန်မှန် ပြန်ဖွင့်ပေးမယ် အဲဒီအချိန်မှာ အချိန်မီ ပြန်မလာနိုင်ရင်တော့ တစ်သက်လုံး ဖူထူလောကထဲမှာပဲ လှည့်လည်သွားလာနေရလိမ့်မယ် သေချာစဉ်းစားပြီးမှ ကူးကြပါ"

​အောက်ဆင်းသူများနှင့် ဝိညာဉ်အချို့၏ မျက်လုံးများထဲတွင် တွေဝေမှုများ ပေါ်လာရုံတင်မက ကျီးလျန်ကိုယ်တိုင်လည်း တုံ့ဆိုင်းသွားသည်။

​တကယ်လို့ နောက်သုံးလနေရင် ဒီနတ်ဘုရားတွေက တံတားမဖွင့်ပေးရင် သူတို့တွေ ဖူထူလောကထဲမှာ ပိတ်မိနေမှာ မဟုတ်လား

​"သခင်လေး... အန္တရာယ် တစ်စက်မှ မရှိဘူးဆိုရင် ငရဲမင်းရဲ့ အမွေအနှစ်ကို ရဖို့က လွယ်လွန်းနေမှာပေါ့"

​သွေးရောင်စက္ကူရုပ်၏ အသံက ကျီးလျန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

​ကျီးလျန်က သွားကို တင်းတင်းကြိတ်ကာ အရင်ဆုံး တံတားပေါ် တက်လိုက်သည်။

​ကျန်သောသူများမှာလည်း ထိုအခြင်းအရာကို မြင်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှမပြောဘဲ တံတားပေါ် တက်သွားကြတော့သည်။

​လူအုပ်ကြီး တံတားအဆုံးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး နေ့ခင်းကင်းလှည့်နတ်ဘုရား တစ်ပါးက သိချင်စိတ်ဖြင့် မေးသည်

​"ယွန်းရွှီ ငါတို့ရဲ့ နေ့ခင်းကင်းလှည့်အရှင်က တခြားယင်အရှင်တွေကို တကယ်ပဲ ရန်စနေတာလားအထူးသဖြင့် စီမံခန့်ခွဲသူ ယိုဖန့်ပေါ့ သူက ဖူထူလောကကို အင်မတန် မုန်းတီးတဲ့သူလေ"

​"တကယ်တော့ ဖူကျင့် သေလိုက်တဲ့အချိန်ကတည်းက ရန်စမိပြီးသားပါ"

​တုယွန်းရွှီက အသံတိုးတိုးဖြင့် ပြောသည်။

​နေ့ခင်းကင်းလှည့်နတ်ဘုရား နှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပျက်သွားကြသည်၊ ထို့နောက် တစ်ယောက်က အသံတိုးတိုးဖြင့် မေးသည်

​"အမှန်အတိုင်း ပြောစမ်းပါ ဒီအရှင်ရဲ့ ခန့်အပ်လွှာကို မင်းပဲ သွားပို့ခဲ့တာဆိုတော့ မင်း ငရဲမင်း ကို တကယ်ပဲ တွေ့ခဲ့တာလား"

​"တွေ့ခဲ့သလိုလိုပဲ..."

​တုယွန်းရွှီက တစ်စုံတစ်ခုကို ပြန်လည် စဉ်းစားနေပုံရသည်။

​"ဘာလဲဟ တွေ့သလိုလိုက တွေ့ရင် တွေ့တယ် မတွေ့ရင် မတွေ့ဘူးပေါ့"

​"ငါလည်း သေသေချာချာ မမှတ်မိတော့လို့ပါ သတိပြန်ဝင်လာတဲ့အချိန်မှာ နေ့ခင်းကင်းလှည့်အရှင်ရဲ့ ခန့်အပ်စာက ငါ့လက်ထဲ ရောက်နေပြီ ငရဲမင်းလို တည်ရှိမှုမျိုးက ငါတို့လိုလူတွေကို စကားတစ်ခွန်းတောင် ပြောဖို့ မလိုဘူးလို့ ထင်တာပဲ"

​တုယွန်းရွှီက ခါးသီးစွာ ပြုံးလျက် ပြောသည်။

​"ဒါလည်း ဟုတ်တာပဲ ငါတို့ ဒီရာထူးမှာ နေလာတာ ကြာပြ ငရဲမင်းရဲ့ မျက်နှာကို တစ်ခါမှ မမြင်ဖူးဘူး ရှန့်ကျန်းမြို့က ယင်အရှင်တွေတောင်မှ နှစ်ပေါင်း ထောင်ချီမှာ ငရဲမင်းကို လက်ချိုးရေလို့ ရတဲ့ အကြိမ်ရေလောက်ပဲ တွေ့ဖူးကြတာတဲ့"

​"ငရဲမင်းက ဘယ်လိုတည်ရှိမှုမျိုးလဲ ယင်လောကတစ်ခုလုံးကို အုပ်ချုပ်နေတာ ယင်သက်တမ်းကလည်း ရှည်လျားလွန်းတယ် နတ်ဘုရားတွေထက်တောင် ပိုပြီး အသက်ရှည်ဦးမှာ"

" တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်လိမ့်မယ် သူတို့ရဲ့ စွမ်းအားက ငါတို့ စိတ်ကူးကြည့်လို့ မရနိုင်တဲ့ အဆင့်ကို ရောက်နေလောက်ပြီ"

​သူတို့သည် ခဏမျှ စကားပြောပြီးနောက် အချိန်စေ့သွားသဖြင့် အင်အားစုပေါင်းကာ ဖူထူတံတားကို ပိတ်လိုက်ကြသည်။

​အဝေးတစ်နေရာတွင် လူရိပ်အချို့သည် ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြသည်။ တံတားပိတ်သွားမှသာ တစ်ယောက်က ယိုဖန့်ကို ကြည့်ကာ ရယ်မောလျက် ပြောသည်

​"စီမံခန့်ခွဲသူ ယိုဖန့်... ကြည့်ရတာ ဘာမှ ပြဿနာ မရှိပါဘူး ငါ့အမြင်တော့ ဒီဖူထူတံတားကို တစ်ခါတစ်လေ ဖွင့်ပေးတာ ကောင်းပါတယ် ဖူထူလောကထဲမှာ အန္တရာယ်တွေ ရှိပေမဲ့ အခွင့်အရေးတွေလည်း အများကြီး ရှိတယ်လေ တစ်ချို့ဆို ငါတို့တောင် လိုချင်မိတဲ့အရာတွေပဲ"

​"တစ်ကြိမ်တစ်ခါ ဖြစ်လာရင် ဘယ်သူ တာဝန်ယူမှာလဲ ဖူထူလောကဆိုတဲ့ စည်းမဲ့ကမ်းမဲ့နယ်မြေထဲမှာ ယင်မိစ္ဆာတွေ အမျိုးမျိုး ရှိနေတာ"

"တကယ်လို့ မိစ္ဆာကြီးတွေသာ ထွက်လာရင် မင်းနဲ့ငါ့ကို တစ်လုပ်တည်းနဲ့ ဝါးမြိုသွားလိမ့်မယ် မင်းက သူတို့ကို လိုချင်တက်မက်နေချိန်မှာ သူတို့ကလည်း မင်းကို အသေအချာ စောင့်ကြည့်နေတာပဲ"

​ယိုဖန့်က နှာခေါင်းရှုံ့ကာ ဝတ်ရုံကို ခါပြီး ထွက်ခွာသွားတော့သည်။

​ဖူထူတံတားပေါ်တွင်၊ ကျီးလျန်၏ အကြည့်သည် စာပေပညာရှင် ဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက်အပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။

​ယခုတစ်ခေါက် လိုက်ပါလာသူများသည် အောက်ဆင်းသူ ဖြစ်စေ ဝိညာဉ် ဖြစ်စေ ကျင့်ကြံမှု အားကောင်းကြသူများ ဖြစ်သည် သူတို့ တစ်ဖွဲ့တည်းသာ ဝိညာဥ်သန္ဓေသားအဆင့် ဖြစ်ကြသည်။

​သို့သော် ထိုစာပေပညာရှင်၏ ကျင့်ကြံမှုမှာ သူတို့ထက်ပင် အားနည်းပုံရနေသည်။

​"မိတ်ဆွေကလည်း ဖူထူလောကကို သွားတာလားဘေးမှာ စောင့်ရှောက်မယ့်သူ မပါဘူးလား"

​ကျီးလျန်သည် ထိုလူ၏ ဘေးသို့ လျှောက်သွားကာ ပြုံးပြီး မေးလိုက်သည်။

​စာပေပညာရှင်က အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး

"ကျွန်တော့်မှာ ဘာနောက်ခံမှ မရှိပါဘူး ဖူထူလောကကို သွားတာကလည်း သေးငယ်တဲ့ အခွင့်အရေးလေးများ ရမလားလို့ ကံစမ်းတာပါ"

​"ဒီလိုဆိုရင် အတော်ပဲ ငါတို့လည်း အဲဒီအခွင့်အရေးကို သွားရှာတာပဲ မိတ်ဆွေရဲ့ နာမည်ကို သိပါရစေ ငါတို့နဲ့ အတူတူ သွားမလား"

​ကျီးလျန်က ဖော်ဖော်ရွေရွေ ပြောလိုက်သည်။

​စာပေပညာရှင်က ခဏ ကြောင်သွားပြီး

"ရလို့လားဗျာ ကျွန်တော့်နာမည်က တုန်းဖန်းဟောက်ကျဲ ပါ"

​အခန်း (၈၂၄) ယင်မိစ္ဆာ မင်္ဂလာဆောင်

​"တုန်းဖန်းဟောက်ကျဲ နာမည်ကောင်းပဲ ကျုပ်နာမည်က ကျီးလျန်ပါ ရှေးဟောင်းနယ်မြေက လာတဲ့ အောက်ဆင်းသူတစ်ယောက်ပါ တုန်းဖန်းညီအစ်ကိုက ဘယ်အရပ်က လာတာလဲ"

​ကျီးလျန်က ပြုံးလျက် မေးလိုက်သည်။

​ဂိုဏ်းကြီး ၃ ဂိုဏ်းက အောက်ဆင်းသူတွေကတော့ သူတို့ရဲ့ တာအိုသားတော်က ဘာကြောင့် ဒီလောက် သာမန်ဆန်လှတဲ့ အောက်ဆင်းသူတစ်ယောက်ကို ရင်းရင်းနှီးနှီး ဆက်ဆံနေရတာလဲဆိုတာ တိတ်တဆိတ် ဇဝေဇဝါ ဖြစ်နေကြသည်။

​"ရှေးဟောင်းနယ်မြေ... ရှေးဟောင်းနယ်မြေက အောက်ဆင်းသူတွေက တွေ့ရခဲတယ်ဗျ ကျွန်တော်ကတော့ ဝိညာဥ်သိုင်းနယ်မြေကပါ"

​ဖန့်ချန်က ပြောလိုက်သည်။

​ကျီးလျန်က ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်၊ ဝိညာဥ်သိုင်းနယ်မြေသည် ဝိညာဥ်လောကသွားခြင်းအတတ်တွင် ကျွမ်းကျင်ကြောင်း သူ သိထားပြီးသားဖြစ်သည်။

​လူ့လောက နယ်မြေကိုးခုတွင် ဝိညာဥ်သိုင်းနယ်မြေ တစ်ခုတည်းသာ သာမန်လူများပင် ကံကြမ္မာအကြောင်းဖန်ပါက အောက်ဆင်းနိုင်ကြသည်။

​အခြားသော နေရာများတွင်မူ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရှိပေ။

​"တုန်းဖန်းညီအစ်ကိုက ဖူထူလောကကို ပထမဆုံးအကြိမ် လာတာ ဖြစ်ရမယ်နော်"

​ကျီးလျန်က အမှတ်မထင် မေးလိုက်သည်။

​ဖန့်ချန်က သူ့ကို အံ့အားသင့်သလို ကြည့်လိုက်ပြီး

​"ကျီးညီအစ်ကို... ဖူထူလောကက နှစ်ပေါင်း ထောင်ချီပြီး မပွင့်ခဲ့တာလေ ကျွန်တော် အောက်ဆင်းတာ အကြိမ်အနည်းငယ်ပဲ ရှိသေးတာ ဖူထူလောကကို ရောက်ဖူးဖို့ အခွင့်အရေး ဘယ်မှာ ရှိပါ့မလဲ"

​"ကျုပ်ကလည်း ပထမဆုံးအကြိမ် အောက်ဆင်းတာဆိုတော့ ဒါကို မေ့သွားတယ် တုန်းဖန်းညီအစ်ကို ရယ်စရာ ဖြစ်သွားပြီ"

​ကျီးလျန်က ရယ်မောလိုက်ပြီး အမူအရာမပျက်ဘဲ ထပ်မေးသည်

"တုန်းဖန်းညီအစ်ကို လူ့လောကမှာ ရှိစဉ်တုန်းက ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ကို သွားဖူးသလား"

​"ကံကောင်းလို့ ရောက်ဖူးပါတယ်"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်ပြသည်။

​"တကယ်ပဲ... တုန်းဖန်းညီအစ်ကိုရဲ့ ရုပ်ရည်ကပင် လူရည်ချွန်တစ်ယောက်ဆိုတာ သိသာနေတယ် နတ်မျိုးစေ့ တစ်ယောက် ဖြစ်နေတာကိုး ရိုသေလေးစားမိပါတယ်"

​ကျီးလျန်က ဂါရဝပြုလိုက်သည်။

​ဖန့်ချန်၏ မျက်နှာပေါ်တွင် အားနာသလို အပြုံးတစ်ခု ပေါ်လာပြီး

"ကျီးညီအစ်ကိုကလည်း အားနာစရာကြီးဗျာ နတ်မျိုးစေ့ ဆိုတဲ့ အဆင့်အတန်းက ဒီယင်လောကမှာ ဘာမှ မပြောပလောက်ပါဘူး"

​"ဒါတော့ မသေချာဘူးပေါ့"

​ကျီးလျန်က စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သော်လည်း မျက်နှာတွင်မူ နွေးထွေးသော အပြုံးဖြင့် ဖန့်ချန်နှင့် စကားစမြည်ပြောကာ ရင်းနှီးအောင် ကြိုးစားနေသည်။

​အခြားသော အောက်ဆင်းသူတစ်စုကတော့ တံတား၏ အဆုံးသတ်ကိုသာ အာရုံစိုက်နေကြပြီး ရံဖန်ရံခါတွင် သွေးရောင်စက္ကူရုပ်ကို အကဲခတ်နေကြသည်။

​သွေးရောင်စက္ကူရုပ်မှလွဲ၍ ကျီးလျန်တို့ကဲ့သို့ လူများကို သူတို့ မျက်စိထဲ မထည့်ကြပေ။

​လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကုန်လွန်ပြီးနောက် လူတိုင်း တံတားအဆုံးသို့ ရောက်ရှိလာကြသည်။

​မျက်စိရှေ့တွင် မြင်တွေ့ရသည်မှာ ခြောက်သွေ့နေသော မြေပြင်ကြီးဖြစ်ပြီး၊ ညိုမည်းနေသော မြေရိုင်းနှင့် ပြာနှမ်းနေသော ကောင်းကင်ယံကြောင့် တစ်လောကလုံးတွင် အဖြူနှင့် အမည်း နှစ်ရောင်တည်းသာ ကျန်ရှိတော့သလို ခံစားရသည်။

​နောက်ဘက်မှ ရုတ်တရက် လှုပ်ရှားသံတစ်ခု ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ၊ မြွေနက်ကြီးတစ်ကောင်ကဲ့သို့သော မြူနက်ကြီးတစ်ခု ရောက်ရှိလာပြီး သူတို့ လာခဲ့သည့် တံတားကို ဝါးမြိုလိုက်သည်ကို မြင်လိုက်ရသည်။

​"အားလုံးပဲ... ဒီနေ့ ဒီကို လာရဲကြတယ်ဆိုမှတော့ အနည်းနဲ့အများတော့ ပြင်ဆင်လာကြမှာပဲ ငါတို့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ကြရင် မကောင်းဘူးလား"

​အောက်ဆင်းသူ တစ်ယောက်က အကြံပြုလိုက်သည်။

​သို့သော် သူ၏ အကြံပြုချက်ကို မည်သူကမျှ လက်မခံဘဲ အောက်ဆင်းသူများသည် လေးနက်သော အမူအရာဖြင့် အသီးသီး လူစုခွဲထွက်ခွာသွားကြသည်။

​ထိုအောက်ဆင်းသူမှာ ထိုမြင်ကွင်းကို မြင်သောအခါ အားနာသလို နှစ်ချက်ခန့် ရယ်မောလိုက်ပြီးနောက် သွေးရောင်စက္ကူရုပ်ရှေ့သို့ ရောက်လာကာ လက်အုပ်ချီလျက်

​"မိတ်ဆွေ..."

​"ငါက ငါ့သခင်လေး ဖူထူလောကမှာ လေ့ကျင့်ဖို့ လိုက်လာပေးရုံပဲ"

​သွေးရောင်စက္ကူရုပ်က ပြုံးလျက် ပြောလိုက်သည်။

​"ဪ... ဒါကြောင့်ကိုး..."

​ထိုအောက်ဆင်းသူသည် ကျီးလျန်တို့ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြီး လှည့်ထွက်သွားသည်။

​ဝန်ထုပ်ဝန်ပိုးတွေ အုပ်စုလိုက် ခေါ်လာပုံအရ ကြိုတင်ပြင်ဆင်မှု ရှိပုံမရသလို၊ တစ်စုံတစ်ရာသော အခွင့်အရေး သတင်းအချက်အလက်ကို ရထား၍ ရည်ရွယ်ချက်ရှိရှိ လာရှာပုံလည်း မရပေ။

​သွေးရောင်စက္ကူရုပ်သည် ပတ်ဝန်းကျင် ရှုခင်းကို အကဲခတ်နေရင်း မျက်လုံးများက တဖြည်းဖြည်း ရှုပ်ထွေးလာသည်၊ တစ်စုံတစ်ခုကို ကြိုးစားသတိရနေပုံလည်း ရသလို၊ လွမ်းဆွတ်နေသည့် ပုံစံမျိုးလည်း ပေါက်နေသည်။

​"ငါတို့မှာ အချိန်သိပ်မရှိဘူး သွားကြစို့လား"

​ကျီးလျန်က ပြုံးလျက် ပြောသည် သူက ဖန့်ချန်တို့ကို ပြောနေခြင်း ဖြစ်သော်လည်း သူ၏ အကြည့်က သွေးရောင်စက္ကူရုပ်ပေါ်တွင် ရှိနေသည်။

​"သခင်လေး... ဒီလမ်းအတိုင်း သွားကြစို့"

​သွေးရောင်စက္ကူရုပ်သည် အခြားသူများနှင့် လုံးဝမတူသော လမ်းတစ်ခုကို ရွေးချယ်လိုက်သည် ထိုလမ်း၏ အဆုံးတွင် ကြမ်းတမ်းသော တောင်တန်းအချို့ကို မြင်နေရသည်။

​လမ်းခုလတ်တွင် ဂိုဏ်းကြီး ၃ ဂိုဏ်းမှ ဝိညာဥ်သန္ဓေသား များမှာ ပျင်းနေသဖြင့် ဖန့်ချန်နှင့် စကားစမြည် ပြောလာကြသည် ဖန့်ချန်၏ ပါးစပ်မှ ဝိညာဥ်သိုင်းနယ်မြေ အကြောင်းကို သိချင်နေကြသည်။

​သူတို့အတွက်တော့ ယခုတစ်ခေါက် အောက်မဆင်းခဲ့လျှင် လူ့လောကတွင် ကျုံးကျိုး၊ ပေတု၊ တိထျန်း တို့အပြင် အခြားသော နယ်မြေရှစ်ခု ရှိသေးသည်ကို လုံးဝ သိကြမည် မဟုတ်ပေ။

​ထို့ကြောင့်ပင် သူတို့သည် ဂိုဏ်း၏ ဆုံးဖြတ်ချက်မှာ မှန်ကန်လှသည်ဟု ခံစားနေကြရသည်၊ အကယ်၍ ယင်လောကတွင် နေရာတစ်နေရာ ရယူနိုင်ခဲ့လျှင် ယင်လောက၏ စွမ်းအားကို အသုံးချကာ လူ့လောကကိုပါ ဩဇာလွှမ်းမိုးနိုင်လိမ့်မည်

​"မင်း ပြောဖူးတယ်နော်... တစ်ချို့ ယင်မိစ္ဆာတွေက နတ်မျိုးစေ့တွေရဲ့ အငွေ့အသက်ကို ရနိုင်တယ်ဆိုတာ တကယ်လို့ ယင်မိစ္ဆာတွေ လာတိုက်လို့ မခုခံနိုင်ရင် သူ့ကို သုံးပြီး အချိန်ဆွဲလို့ ရတာပဲ မဟုတ်လား"

​ကျီးလျန်သည် ဂိုဏ်းကြီး ၃ ဂိုဏ်းမှ ဝိညာဥ်သန္ဓေသားများနှင့် စကားပြောနေသော ဖန့်ချန်ကို ကြည့်ကာ သွေးရောင်စက္ကူရုပ်ထံ စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

​"သူက နတ်မျိုးစေ့ ဆိုတာကို မင်း ဘယ်လို သိတာလဲ"

​သွေးရောင်စက္ကူရုပ်က အနည်းငယ် သိချင်စိတ်ဖြင့် မေးသည်။

​ယင်လောကကို ရောက်လာသည့်အခါ အချို့သော အငွေ့အသက်များမှာ ခန့်မှန်းရ ခက်ခဲသွားတတ်သည် အနည်းဆုံးတော့ သူ ခုနက ကြည့်တုန်းက ဒီကောင်လေးဟာ နတ်မျိုးစေ့ ဆိုတာကို မမြင်ခဲ့ပေ။

​"ကျင့်ကြံမှု မမြင့်ဘဲ အောက်ဆင်းနိုင်တယ် ပြီးတော့ ဖူထူလောကကို လာဖို့ လက်မှတ်ခကိုလည်း ပေးနိုင်တယ်ဆိုတော့ ဆယ်ပုံကိုးပုံက နတ်မျိုးစေ့ နောက်ခံပဲ ဖြစ်ရမယ် လူ့လောကမှာတော့ အရှိန်အဝါ တစ်ခုခု ရှိမှာပဲ"

​"တကယ်လို့ သူ့ကို သုံးစရာ မလိုရင်တောင်မှ ခင်မင်ထားလို့ ရပါတယ် သူက ဝိညာဥ်သိုင်းနယ်မြေက ဆိုတော့ တစ်နေ့နေ့မှာ အသုံးဝင်လာမှာပါ"

​ကျီးလျန်က ပြန်ပြောလိုက်သည်။

​"တုန်းဖန်းညီအစ်ကို ခင်ဗျား ဒီဖူထူလောကကို လာဖို့အတွက် လက်မှတ်ခတွေ အများကြီး ပေးခဲ့ရတယ် မဟုတ်လား"

​မဟာချဲ့ထွင်းဂိုဏ်းမှ ဝိညာဥ်သန္ဓေသားက သိချင်စိတ်ဖြင့် မေးသည်။

​"ဟုတ်တယ်ဗျ ယင်သက်တမ်း နှစ်တစ်ရာ တိတိ ပေးခဲ့ရတယ်"

​ဖန့်ချန်က ပြောလိုက်သည်။

​"..."

​"ဘာလို့ အားလုံး ရပ်သွားကြတာလဲ"

​ဖန့်ချန်က လူတိုင်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

​မသိလိုက်ဘဲနှင့် သွေးရောင်စက္ကူရုပ်နှင့် ကျီးလျန်တို့ အဖွဲ့သည် ခြေလှမ်းများ ရပ်တန့်သွားကြပြီး ဘာကို တွေးနေမှန်း မသိဘဲ ငြိမ်သက်သွားကြသည်။

​ခဏကြာမှ ကျီးလျန်က လေသံအေးအေးဖြင့် မေးသည်

"တုန်းဖန်းညီအစ်ကို... ခင်ဗျား တကယ်ပဲ ယင်သက်တမ်း ဒင်္ဂါး နှစ်တစ်ရာ ပေးခဲ့တာလား"

​"ဟုတ်တယ်လေ ခင်ဗျားတို့က ယင်သက်တမ်း နှစ်တစ်ရာ ပေးစရာ မလိုလို့လား"

​ဖန့်ချန်က ပြုံးလျက် မေးသည်။

​ကျီးလျန်သည် သွေးရောင်စက္ကူရုပ်ကို တစ်ချက်ကြည့်ကာ စိတ်ချင်းဆက်သွယ် ပြောလိုက်သည်

"ငါသာ ငရဲမင်း ဖြစ်လာရင် အဲဒီ နေ့ခင်းကင်းလှည့်နတ်ဘုရားကို ချက်ချင်း ရာထူးက ဖြုတ်ပစ်မယ်"

​သွေးရောင်စက္ကူရုပ်ကလည်း ခေါင်းငြိမ့်ပြကာ ထောက်ခံလိုက်သည်။

​ထိုသူသည် သူတို့ဆီမှ အကျိုးအမြတ်များစွာ ယူခဲ့သော်လည်း ဤလူအုပ်စုမှာမူ ယင်သက်တမ်း နှစ်တစ်ရာတည်းနှင့် ဖူထူလောကသို့ လာနိုင်ခဲ့ကြသည်။

​ဒါက သူတို့ အောက်ခဏခဏ မဆင်းတာကို သိလို့ ကွက်ကျော်ရိုက်လိုက်တာ သိသာလွန်းလှသည်။

"ငလူးမကွာ "

​လူတိုင်းသည် စကားလမ်းကြောင်း ပြောင်းလိုက်ကြပြီး လျှောက်လာရင်းနှင့် ရှေ့တွင် ပို၍ စည်ကားလာသည်ကို သတိပြုမိလိုက်ကြသည်။

​မသိလိုက်ဘဲနှင့် မင်္ဂလာဆောင် ထွက်လာသည့် အဖွဲ့တစ်ဖွဲ့သည် သူတို့နှင့် ပေသုံးရာခန့် အကွာတွင် ပေါ်ထွက်လာသည်။

​ထိုအဖွဲ့သည် အင်မတန် စည်ကားလှသည် လူရှစ်ယောက်ထမ်း ထမ်းစင်ကြီးတစ်ခုကို ထမ်းပိုးသူ စုစုပေါင်း ၃၂ ယောက် ရှိပြီး အနောက်တွင်လည်း အမျိုးမျိုးသော မင်္ဂလာလက်ဖွဲ့များကို ထမ်းပိုးလာသူ ရာကျော် ပါဝင်သည်။

​"ယင်မိစ္ဆာ မင်္ဂလာဆောင်"

​သွေးရောင်စက္ကူရုပ်က နှာခေါင်းရှုံ့လိုက်သည်

"ငါတို့ လမ်းပြောင်းသွားကြရအောင်"

​လူတိုင်းသည် လေးနက်သော အမူအရာဖြင့် မကန့်ကွက်ဘဲ သွေးရောင်စက္ကူရုပ် နောက်မှ လိုက်သွားကာ ထိုလမ်းကို ဖယ်ပေးလိုက်ကြသည်။

​ဖန့်ချန်သည်လည်း ထိုအဖွဲ့ကို အကဲခတ်နေသည် ထမ်းစင်ထမ်းသူများသည် သာမန်ဝိညာဉ်များနှင့် မတူဘဲ ကိုယ်ပေါ်တွင် ထူးဆန်းသော အငွေ့အသက်တစ်ခု ရှိနေသည်။

​ထိုအဖွဲ့သည် သူတို့နှင့် ဝေးကွာသွားတော့မည့် ဆဲဆဲတွင် အဖွဲ့ကြီးမှာ ထူးဆန်းစွာ ရပ်တန့်သွားသည်ထမ်းစင်ထမ်းသူများ၏ ကြွထားသော ခြေထောက်များသည်ပင် လေထဲတွင် တောင့်တင်းသွားပြီး မြေပြင်ပေါ်သို့ ပြန်မကျလာတော့ပေ။

​ချက်ချင်းဆိုသလိုပင် ထိုအဖွဲ့ကြီးသည် ဦးတည်ချက် ပြောင်းလိုက်ပြီး ဖန့်ချန်တို့ ရှိရာသို့ ဦးတည် လမ်းလျှောက်လာကြတော့သည်။

​"ပြေး"

​သွေးရောင်စက္ကူရုပ်က အော်လိုက်ပြီး ကျီးလျန်ကို ဆွဲကာ အင်မတန် မြန်သော အရှိန်ဖြင့် ပျံထွက်သွားသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

​ဖန့်ချန်ကလည်း အရှိန်အနည်းငယ် မြှင့်လိုက်သည် ဂိုဏ်းကြီး ၃ ဂိုဏ်းက ဝိညာဥ်သန္ဓေသားများထက် ပိုမြန်အောင် ထားသော်လည်း သွေးရောင်စက္ကူရုပ်တို့ကိုတော့ တိုက်ရိုက် မမှီအောင် ထိန်းထားသည်။

​ဂိုဏ်းကြီး ၃ ဂိုဏ်းမှ ဝိညာဥ်သန္ဓေသားများ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး အစွမ်းကုန် ထွက်ပြေးကြသည် သို့သော် သူတို့ နောက်လှည့်ကြည့်လိုက်သည့်အခါ မင်္ဂလာဆောင်အဖွဲ့ကြီးမှာ သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အကွာအဝေးမှာလည်း တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

​မကြာခင်မှာပင် မဟာချဲ့ထွင်းဂိုဏ်းမှ ဝိညာဥ်သန္ဓေသားသည် နောက်ဆုံးတွင် ကျန်ရစ်ခဲ့သဖြင့် မင်္ဂလာဆောင်အဖွဲ့၏ မိခြင်းကို ခံလိုက်ရသည်။

​ဖန့်ချန်နှင့် ကျန်ရှိသော ဝိညာဥ်သန္ဓေသား အချို့မှာ ခြေလှမ်းရပ်လိုက်ကြပြီး လေးနက်သော အမူအရာဖြင့် စောင့်ကြည့်နေကြသည်။

​မဟာချဲ့ထွင်းဂိုဏ်းမှ ဝိညာဥ်သန္ဓေသားသည် မလှုပ်ဝံ့ဘဲ ငြိမ်နေသည် အသက်ရှူသံပင် မထွက်ရဲပေ ထိုအဖွဲ့က သူ့ကို လျစ်လျူရှုသွားလိမ့်မည်ဟု ထင်နေသော်လည်း မမျှော်လင့်ဘဲ ထမ်းစင်ထမ်းသူများက ထမ်းစင်ကို မြေပေါ် ချလိုက်ကြသည်။

​ထမ်းစင်၏ လိုက်ကာ ပွင့်သွားပြီး အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက် ထွက်လာသည် သူမသည် ပြုံးရွှင်စွာဖြင့် ထို ဝိညာဥ်သန္ဓေသားအဆင့် ရှေ့သို့ ရောက်လာသည်။

​ဖန့်ချန်၏ ဘေးနားရှိ ဝိညာဥ်သန္ဓေသားသည် ထိုအမျိုးသမီးကို မြင်သောအခါ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည် အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် သွေးရောင်စက္ကူရုပ်ကဲ့သို့ပင် စက္ကူရုပ် တစ်ရုပ် ဖြစ်နေသောကြောင့်ပင်။

​"ခင်ပွန်းသည်..."

​ထိုအမျိုးသမီးသည် မဟာချဲ့ထွင်းဂိုဏ်းမှ ဝိညာဥ်သန္ဓေသားကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

​ခဏချင်းမှာပင် ထိုဝိညာဥ်သန္ဓေသား၏ အမူအရာမှာ မိန်းမောတွေဝေသွားပြီး အမျိုးသမီးနှင့်အတူ ထမ်းစင်ပေါ်သို့ လိုက်ပါသွားတော့သည်။

​ထိုအဖွဲ့ကြီးသည် ဦးတည်ချက် ထပ်မံပြောင်းလဲလိုက်ပြီး မကြာမီမှာပင် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

​မွေးရာပါတာအိုဂိုဏ်း မှ ဝိညာဥ်သန္ဓေသားက တံတွေး တစ်ချက် မျိုချလိုက်ကာ

"သူတို့က... ဘာလုပ်ကြမလို့လဲ..."

​"မင်္ဂလာဆောင်သွားကြတာလေ"

​ဖန့်ချန်က လေသံအေးအေးဖြင့် ပြောလိုက်သည်။

All Chapters