← Chapters

အခန်း (၈၂၇-၈၂၈)

Vol. 83 Ch. 827-828

အခန်း (၈၂၇-၈၂၈)

Vol. 83 Ch. 827-828

​​အခန်း (၈၂၇) ပြည့်စုံသော အတတ်ပညာ

​ဖန့်ချန်ဟာ ဒီလူတွေရဲ့ စကားဝိုင်းကတစ်ဆင့် ငရဲမင်းအမွေအနှစ်အကြောင်းကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။

​ဒီအမွေအနှစ်ရဲ့ ထူးခြားဆန်းပြားတဲ့အချက်ကတော့ ယင်လောကက အစွမ်းထက်သူတွေကို ယင်စစ်သည်တွေအဖြစ် ခန့်အပ်ပေးနိုင်ပြီး၊ သူတို့ကို သွေးရောင်စက္ကူရုပ်လိုပဲ လူ့လောကမှာ သွားလာလှုပ်ရှားနိုင်အောင် လုပ်ပေးနိုင်တာပဲ ဖြစ်ပုံရတယ်။

​တကယ်လို့ ဒီလိုနည်းလမ်းမျိုးကို ကျီးလျန်သာ ရရှိသွားခဲ့ရင်၊ သိပ်မကြာခင်မှာပဲ သူဟာ အလယ်ပိုင်းဒေသ မှာရှိတဲ့ ဂိုဏ်းချုပ်တွေတောင် မထိရဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။

​သူပြောသလိုပဲ တိထျန်း၊ ပေတု နဲ့ တခြားသော နယ်မြေကိုးခုလုံးကိုတောင် တစ်ခုပြီးတစ်ခု သိမ်းပိုက်သွားနိုင်တယ်။

​ဖန့်ချန်အနေနဲ့ ဒါမျိုးကို သူ့မျက်စိရှေ့မှာ အဖြစ်ခံနိုင်ပါ့မလား

​"မင်း ဘာပြက်လုံးတွေ လာပြောနေတာလဲ မင်းက ဝိညာဥ်သိုင်းနယ်မြေက ကျင့်ကြံသူတစ်ယောက်ပဲ ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ် ရနိုင်မှာလဲ "

​ကျီးလျန်က ဒေါသတကြီး ရယ်မောလိုက်တယ်

"မင်းက နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေပေမဲ့ အခု ကြည့်ရတာ မယ်တော်စီရဲ့ အစွမ်းက မင်းထက် အများကြီး သာပါတယ် မင်းရဲ့ ဟန်ဆောင်မှုတွေကို သူမက တစ်ချက်တည်းနဲ့ မြင်တယ် မယ်တော်စီရဲ့ ရှေ့မှာ လိမ်တာက သေတွင်းတူးတာပဲ"

​သွေးရောင်စက္ကူရုပ်ကလည်း ဖန့်ချန်ကို အေးစက်စက် ကြည့်ပြီး

​"ဟုတ်တယ် ယင်နတ်ဘုရားသားရဲက ဝိညာဥ်သိုင်းနယ်မြေမှာ မရှိဘူး မင်း ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို မရနိုင်ဘူး"

​"ဒီကလေး ပြောတာ မှန်တယ် မင်းသာ ငါ့ကို လိမ်ခဲ့ရင် ရလဒ်က တော်တော်လေး ဆိုးလိမ့်မယ်နော်"

​မယ်တော်စီက ပြုံးလျက် ပြောလိုက်တယ်။

​"ဟူး..."

​ဖန့်ချန်က သက်ပြင်းတစ်ချက်ချပြီး ကျီးလျန်ကို တစ်ချက်ကြည့်လိုက်တယ်၊ ပြီးမှ မယ်တော်စီကို ပြောတယ်

​"အမှန်အတိုင်း ပြောရရင် ကျုပ်က ဝိညာဥ်သိုင်းနယ်မြေက အောက်ဆင်းသူ မဟုတ်ပါဘူး ကျုပ် လာခဲ့တဲ့နေရာက ဒီကျီးညီအစ်ကိုနဲ့ တစ်နေရာတည်းကပါပဲ"

​"ဒါတင်မကသေးဘူး ကျုပ်က ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရထားရုံတင်မကဘဲ ယန်နတ်ဘုရားသားရဲ နဲ့ မိုးကြိုးနတ်ဘုရားသားရဲ တို့ကလည်း ကျုပ်ကို အသိအမှတ်ပြုထားကြတယ်"

​"သူက ဘယ်လိုလုပ် ယန်နတ်ဘုရားသားရဲနဲ့ မိုးကြိုးနတ်ဘုရားသားရဲ ရှိနေတာကို သိနေတာလဲ "

​ကျီးလျန်ရဲ့ ကိုယ်လေး ယိုင်သွားပြီး မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ပြည့်သွားတယ်။

​သွေးရောင်စက္ကူရုပ်ကလည်း ဖန့်ချန်ကို ဇဝေဇဝါနဲ့ စိုက်ကြည့်နေပြီး တစ်ခုခုကို စဉ်းစားနေပုံရတယ်။

​"ငါလာတဲ့နေရာမှာ ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရတဲ့သူ ငါကလွဲလို့ ဒုတိယလူ မရှိဘူး စကားတွေ အပို လာမပြောနဲ့တော့"

​ကျီးလျန်ရဲ့ မျက်နှာက မှောင်မှောင်မည်းမည်း ဖြစ်နေတယ်။

​သူ့ရဲ့ ငရဲမင်းအမွေအနှစ်ကို လုမယ့်သူ တစ်ယောက် ပေါ်လာတဲ့အတွက် ဒေါသထွက်တာတင်မကဘဲ စိုးရိမ်စိတ်လည်း ဝင်နေပြီ။

​အခု အခြေအနေက ထိန်းချုပ်လို့ မရတော့ဘဲ ရှေ့က မယ်တော်စီရဲ့ မျက်နှာသာပေးမှုကိုပဲ စောင့်ကြည့်နေရတယ်။

​သူက အမြန်ဆုံး အမွေအနှစ်ကို ရယူပြီး လူ့လောကကို ပြန်ကာ အနာဂတ်မှာ ကမ္ဘာကြီးကို အုပ်ချုပ်ဖို့အတွက် ပုန်းအောင်းကျင့်ကြံရမှာပဲ

​"တာအိုသားတော်... ငါတို့ တာအိုဂိုဏ်းသုံးခု အချင်းချင်း စကားပြောတုန်းကလည်း အဲဒီဖန့်ချန်က တာအိုဂိုဏ်း နတ်သားရဲသုံးပါးစလုံးရဲ့ အသိအမှတ်ပြုမှုကို ရထားနိုင်တယ်လို့ သံသယရှိခဲ့ကြတယ် သူက ကောင်းကင်လှည့်စားခြင်းအတတ်ကို မပြဖူးသေးပေမဲ့ပေါ့..."

​ကြယ်စင်တာအိုဂိုဏ်းက ဝိညာဉ်သန္ဓေသားက ကြောက်ကြောက်လန့်လန့်နဲ့ ပြောလိုက်တယ်။

​"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ဖန့်ချန်က ဝိညာဉ်သန္ဓေသား အဆင့်တက်တာ ကျရှုံးခဲ့လို့ နတ်မျိုးစေ့နာရေးခေါင်းလောင်းတောင် မြည်ခဲ့တာလေ သူ မသေခဲ့ရင်တောင် နတ်မျိုးစေ့ မဟုတ်တော့ဘူး"

​"ဒါတွေအားလုံးက အတုတွေပဲ ဆိုရင်တောင် သူက ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်အရှင် ဖြစ်နိုင်စရာ မရှိဘူး"

​ကျီးလျန်က အေးစက်စွာ ပြောလိုက်တယ်။

​အဲဒီအချိန်မှာပဲ တစ်ချိန်လုံး တိတ်နေတဲ့ သွေးရောင်စက္ကူရုပ်က သူ့ရဲ့ အင်္ကျီလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ အေးစက်လှတဲ့ ယင်စွမ်းအားတွေက ကျီးလျန်တို့ ခေါင်းပေါ်ကို ကျရောက်သွားတယ်။

​ကျီးလျန်တို့ဟာ အကြောပိတ်ခံလိုက်ရသလိုပဲ၊ တစ်နေရာတည်းမှာ တောင့်တောင့်ကြီး ဖြစ်သွားပြီး စကားလည်း မပြောနိုင် ဘာမှလည်း မကြားနိုင် မမြင်နိုင်တော့ဘူး။

​မယ်တော်စီက သွေးရောင်စက္ကူရုပ်ကို ခနဲ့တဲ့တဲ့ ကြည့်ပြီး

"မင်း ဘာလုပ်တာလဲ"

​သွေးရောင်စက္ကူရုပ်က သူမကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ဘက်ကို အကြည့်ပြောင်းကာ သံသယနဲ့ မေးတယ်

​"မင်း ခုနက အသံလှိုင်းနဲ့ ပြောတာ အမှန်ပဲလား မင်း တကယ်ပဲ ဖန့်ချန်လား"

​ဖန့်ချန်ရဲ့ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲသွားပြီး သူ့ရဲ့ မူလရုပ်သွင်ကို ပြန်ဖော်လိုက်တယ်၊ ပြီးမှ ပြုံးလျက်

"မင်းက ကျီးလျန်နောက်ကို တစ်ကောက်ကောက် လိုက်နေတာဆိုတော့ ငါ့ကို တွေ့ဖူးမှာပါ"

​သွေးရောင်စက္ကူရုပ်က ဒီရင်းနှီးနေတဲ့ မျက်နှာကို မြင်တော့ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မျက်လုံးထဲမှာ အံ့သြတုန်လှုပ်မှုတွေ ပြည့်နေတယ်။

​"ကြည့်ရတာ မင်းက သူတို့ပြောတဲ့ ဖန့်ချန် ပေါ့ ဒါဆိုရင် မင်းလည်း ယင်နတ်ဘုရားသားရဲရဲ့ အသိအမှတ်ပြုမှုကို ရထားတာလား"

​မယ်တော်စီက သိချင်စိတ်နဲ့ မေးတယ်။

​"ဒါပေါ့"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး သွေးရောင်စက္ကူရုပ်ကို ကြည့်ကာ

"မင်းက ငရဲမင်း တစ်ယောက်ယောက်ကို ကူညီချင်ရုံပဲ မဟုတ်လား ကျီးလျန်က ပါရမီလည်း မရှိဘူး ကံတရားလည်း မပါဘူး မင်းသာ သူ့ကို ဇွတ်ကူညီနေရင် အရှုံးကြီး ရှုံးလိမ့်မယ်"

​"လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ကျော်က ယင်မိစ္ဆာတွေ ယင်လောကထဲကို ကျူးကျော်ခဲ့တုန်းက မင်းလည်း တစ်ယောက်အပါအဝင် မဟုတ်လား"

​"မင်းရဲ့ တကယ့် ရည်ရွယ်ချက်က ယင်လောကရဲ့ ဟွမ်ချွမ်လမ်း ကနေတစ်ဆင့် လူ့လောကကို ပြန်ဖို့နဲ့ ငရဲမင်းအမွေအနှစ်ကို ဆက်ခံနိုင်မယ့်သူကို ရှာဖို့ မဟုတ်လား"

​"ဒီလောက်နှစ်တွေ အများကြီး လုပ်ခဲ့ပြီးမှ နောက်ဆုံးမှာ ကျရှုံးသွားတာမျိုးတော့ မင်း မလိုချင်ဘူးမလား ငါက ငရဲမင်း ဖြစ်လာရင် မင်းအတွက်ရော မယ်တော်စီအတွက်ရော အကျိုးရှိမယ်သေသေချာချာ စဉ်းစားကြည့်ပါ"

​သွေးရောင်စက္ကူရုပ် : "..."

​မယ်တော်စီက ဖြည်းဖြည်းချင်း ခေါင်းညိတ်တယ်

"တကယ်လို့ သူကလည်း ကောင်းကင်လှည့်စားခြင်းအတတ်ကို သုံးနိုင်တယ်ဆိုရင်တော့ သူက ငရဲမင်းဖြစ်ဖို့ အသင့်တော်ဆုံးသူပဲ ပြီးတော့ သူက မူလကတည်းက နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေသလိုကျင့်ကြံမှုကလည်း သာမန်ယင်မိစ္ဆာတွေနဲ့ မခြားတော့ဘူး"

​ဒီလို ပြောပြီးတာနဲ့ သူမက ဖန့်ချန်ကို အထက်အောက် စစ်ဆေးကြည့်ပြီး ပြုံးလိုက်တယ်

​"နည်းနည်းလောက် ထပ်ပျိုးထောင်ပေးလိုက်ရင် တကယ် အသုံးဝင်မယ့်သူပဲ"

​သွေးရောင်စက္ကူရုပ်က အတော်ကြာအောင် တိတ်ဆိတ်နေပြီး ကျီးလျန်ကို တစ်ချက်၊ ဖန့်ချန်ကို တစ်ချက် ကြည့်နေတယ်၊ စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ဖို့ ကြိုးစားနေပုံရတယ်။

​အတော်ကြာမှ သူက ခေါင်းညိတ်လိုက်တယ်

"ငါ့မှာ အခြေအနေ တစ်ခု ရှိတယ်"

​"ပြောပါ"

ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။

​"ကျီးလျန်က ငါ့လက်ပေါ်မှာ ကြီးလာတာ သူ့ကို လွှတ်ပေးပါ ပြီးတော့ နောင်တစ်ချိန် လူ့လောကမှာ သူ့ကို ဒုက္ခမပေးပါဘူးလို့ ကတိပေးပါ ဘာပဲဖြစ်ဖြစ် သူ့အသက်ကိုတော့ ချန်ထားပေးပါ ဒါဆိုရင် မင်းတို့ကို ငရဲမင်းရဲ့ ခန္ဓာရှိတဲ့နေရာကို ခေါ်သွားပေးမယ်"

​သွေးရောင်စက္ကူရုပ်က ခပ်လေးလေး ပြောလိုက်တယ်။

​" သဘောတူတယ်"

ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်။

​"မင်းက ဒီလောက် လွယ်လွယ်ကူကူ သဘောတူတာလား"

သွေးရောင်စက္ကူရုပ်က မျက်မှောင်ကြုတ်သွားတယ်။

​"သူက ငါ့ရဲ့ ပြိုင်ဘက်မှ မဟုတ်တာ သူ ရှင်တာ သေတာက ငါ့အတွက် ဘာအရေးပါလို့လဲ"

​ဖန့်ချန်က ပြုံးလျက် ပြောလိုက်တယ်။

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်လုံးထဲမှာ ခါးသီးတဲ့ အပြုံးတစ်ခု ဖြတ်ပြေးသွားတယ်၊ ဒီလူက ကျီးလျန်ကို သူ့မျက်စိထဲတောင် မထည့်ထားမှန်း သူ မထင်ထားခဲ့ဘူး။

​အခု သေသေချာချာ ပြန်စဉ်းစားကြည့်မှ ဒီလူ့ဆီမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေမှန်း သူ သိလိုက်ရတယ်။

လူ့လောကမှာတုန်းကတော့ ဝိညာဉ်သန္ဓေသားတောင် မဟုတ်တဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်၊ ယင်လောကထဲ ရောက်တော့ ယင်ဝန်ထမ်းဌာနရဲ့ နေ့ခင်းကင်းလှည့်အရှင် ဖြစ်နေပြန်ပြီ...

​"နောက်ထပ် အချက်တစ်ခုကတော့ မင်းရဲ့ ကောင်းကင်လှည့်စားခြင်းအတတ်ကို ငါတို့ကို ပြရမယ်"

​သွေးရောင်စက္ကူရုပ်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပြီး ဖန့်ချန်ကို ပေးလိုက်တယ်

"ဒါက ယင်စစ်သည်အတတ် ပဲ မင်းသာ ဒါကို သုံးနိုင်ရင် ငါ မင်းကို ကူညီမယ် တကယ်လို့ မသုံးနိုင်ရင်တော့ မယ်တော်စီက မင်းကို သိမ်းပစ်လိမ့်မယ်"

​ဖန့်ချန်က ကျောက်စိမ်းပြားကို ယူပြီး မျက်လုံးမှိတ်လိုက်တယ်၊ သူ့ကိုယ်ပေါ်မှာ ယင်စွမ်းအားတွေ လှည့်ပတ်လာတယ်။

​ငါးစက္ကန့်တောင် မပြည့်ခင်မှာပဲ သူဟာ ကျောက်စိမ်းပြားထဲက ယင်စစ်သည်အတတ်ရဲ့ နည်းလမ်းတွေကို အလွတ်ရသွားပြီ။

​ဖန့်ချန်က ဘုရားကျောင်းအပြင်ဘက်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားတယ်။

​မယ်တော်စီနဲ့ သွေးရောင်စက္ကူရုပ်လည်း နောက်က လိုက်လာကြတယ်။

​ဘုရားကျောင်းတံခါးဝမှာ ရပ်ရင်း ဖန့်ချန်က စိတ်လှုပ်ရှားလိုက်ရာ မိုင်ပေါင်းများစွာအတွင်းမှာရှိတဲ့ ယင်စွမ်းအားတွေက ရုတ်ချည်း သောင်းကျန်းလာတော့တယ်။

​မရေမတွက်နိုင်တဲ့ ယင်စွမ်းအားတွေက လေထဲကနေ ဆင်းသက်လာပြီး စစ်သည်တော်တွေအဖြစ် ပြောင်းလဲသွားတယ်၊ ခဏလေးအတွင်းမှာပဲ စစ်သည်ပေါင်း တစ်သောင်းကျော်ဟာ လူတိုင်းရဲ့ ရှေ့မှာ ပေါ်လာတော့တယ်။

​ဒီစစ်သည်တွေအားလုံးဟာ ယင်စွမ်းအားထဲမှာရှိတဲ့ ကံကမ္မစွမ်းအား တွေနဲ့ စုစည်းထားတာပါ။

​ယင်စွမ်းအားနဲ့ မတူတာက ကံကမ္မဆိုတာ အင်မတန် ရှုပ်ထွေးတဲ့ စွမ်းအားတစ်ခုပဲ။

ဒီကံကမ္မတွေဟာ သေဆုံးသွားတဲ့ ယင်မိစ္ဆာတွေ လွင့်မျောနေတဲ့ ဝိညာဉ်တွေ သေဆုံးသွားတဲ့ လူသားတွေဆီက လာတာဖြစ်ပြီး သူတို့ တစ်သက်စာရဲ့ အကြောင်းတရား တွေကို သယ်ဆောင်ထားတာပါ။

​ဒီယင်စစ်သည်အတတ်ကို တတ်မြောက်သွားတဲ့အခါကျမှ ဖန့်ချန်က သဘောပေါက်သွားတယ်၊ အရေခွံဆုပ်ခွာခြင်းအတတ် ဆိုတာ ဘေးဒုက္ခတွေကို ရှောင်တိမ်းဖို့တင် မဟုတ်ဘူးပဲ။

​ခွာချလိုက်တဲ့ ကံကမ္မ တွေအားလုံးကို ယင်စစ်သည်တွေအဖြစ် ပြောင်းလဲပစ်လို့ ရတာပဲ

​အရေခွံဆုပ်ခွာခြင်းအတတ် နဲ့ ယင်စစ်သည်အတတ် ပေါင်းလိုက်မှ ပြည့်စုံတဲ့ အတတ်ပညာ တစ်ခု ဖြစ်သွားတာပါ။

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်နှာက တုန်လှုပ်သွားတယ်၊ တကယ်လို့ ကျီးလျန်သာဆိုရင် သူ့ရဲ့ ကျင့်ကြံမှုနဲ့ ယင်စစ်သည် ဆယ်ယောက်လောက် ခေါ်နိုင်ရင်ကို အတော်ဟုတ်နေပြီ

​ဒါပေမဲ့ သူ့ရှေ့မှာတော့ ယင်စစ်သည်ပေါင်း တစ်သောင်းကျော် ရှိနေတယ်၊ ဒီလို မြင်ကွင်းမျိုးကို မြင်ခဲ့ရတာဟာ လွန်ခဲ့တဲ့ အကြာကြီးကတည်းကပဲ။

​မယ်တော်စီ ခေါ်လာတဲ့ ယင်မိစ္ဆာတွေက ဒါကို မြင်တော့ ဖန့်ချန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ ကြောက်ရွံ့လေးစားမှုတွေ ပါလာတယ်။

​အဲဒီအချိန်မှာပဲ မယ်တော်စီက လက်ကို ဝှေ့ယမ်းလိုက်ရာ ယင်စွမ်းအားတွေက သူမခေါ်လာတဲ့ ယင်မိစ္ဆာတွေ အားလုံးကို ဝါးမြိုပစ်လိုက်တယ်၊ ဗေဒင်ဆရာလည်း အပါအဝင်ပဲ။

​ထမ်းစင်ထမ်းတဲ့သူတွေနဲ့ ယင်မိစ္ဆာတွေပဲ လွတ်သွားခဲ့တယ်။

​ဖန့်ချန်နဲ့ သွေးရောင်စက္ကူရုပ်က ဘာလို့လဲလို့ မမေးခင်မှာပဲ မယ်တော်စီက ပြုံးလျက် ပြောလိုက်တယ်

​"ဒီယင်မိစ္ဆာတွေကို ယုံလို့မရဘူး သူတို့က တခြား ယင်မိစ္ဆာကြီးတွေရဲ့ သူလျှိုတွေ ဖြစ်နိုင်တယ် အခုပဲ ငါတို့ ငရဲမင်းရဲ့ ခန္ဓာရှိတဲ့နေရာကို သွားကြစို့"

​

​​အခန်း (၈၂၈) ထိုက်ယင်နဂါးမင်းကြီး

​ဖန့်ချန်ရော၊ သွေးရောင်စက္ကူရုပ်ပါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရတာကတော့ ဒီမယ်တော်စီဟာ သူတို့ထင်ထားတာထက် အများကြီး ပိုပြီး ရက်စက်ကြမ်းကြုတ်လွန်းတယ် ဆိုတာပါပဲ။

​"ရှင်တို့နှစ်ယောက်လုံး သနားညှာတာတတ်သူဟာ စစ်ကို မအုပ်ချုပ်နိုင်ဘူး ဆိုတဲ့ အမှန်တရားကို... နားမလည်တာတော့ မဟုတ်ဘူးမလား ကျွန်မ ဒီလိုလုပ်တာက ကျွန်မတို့အားလုံးရဲ့ အကျိုးအတွက်ပဲလေ"

​မယ်တော်စီက အနည်းငယ် ရှက်သွေးဖြန်းသလို ပြုံးလိုက်တယ်

"ငရဲမင်း အမွေအနှစ်ကို စောင့်ကြည့်နေတဲ့ အစွမ်းထက်သူတွေက ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး"

​"အရင်တုန်းက ရှင်တို့ ယင်စစ်သည်တော် မျိုးနွယ်တွေဟာ နောက်ဆုံးအင်အားတွေကို စုစည်းပြီး ယင်လောကအသေးစားထဲကို ကျူးကျော်ဝင်ရောက်ခဲ့ကြတုန်းက ရှင်တို့တွေဟာ ဟွမ်ချွမ်လမ်းကတစ်ဆင့် လူ့လောကကို သွားပြီး အမွေဆက်ခံနိုင်မယ့် နတ်မျိုးစေ့တစ်ယောက်ကို ရှာဖို့ ကြိုးစားနေတာဆိုတာ လူတိုင်း ခန့်မှန်းမိကြတယ်"

​"ဒါပေမဲ့ အချိန်တွေ ကြာလာတော့ အချို့သော ပုဂ္ဂိုလ်တွေက ဒီကိစ္စကို လျစ်လျူရှုလာကြတယ် ကျွန်မလိုမျိုး အမြဲတမ်း စောင့်ကြည့်နေတာ မဟုတ်ဘူး"

​သွေးရောင်စက္ကူရုပ်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ဖန့်ချန်ကို လှည့်ကြည့်တယ်

"ဖန့်သခင်လေး... တော်လောက်ပြီ ဒီယင်စစ်သည်တွေက အခန့်အပ်ခံရတာ မဟုတ်သေးတော့ သူတို့ တည်ရှိနေတဲ့ အချိန်တိုင်းမှာ မင်းရဲ့ အင်အားတွေကို ကုန်ဆုံးစေလိမ့်မယ်"

​ဖန့်ချန်က လက်လုပ်ရှားလိုက်ရာ တစ်သောင်းကျော်သော ယင်စစ်သည်တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး ကံကမ္မနဲ့ ယင်စွမ်းအားတွေ ရောယှက်နေတဲ့ မရေမရာ စွမ်းအားစုတွေအဖြစ် ကောင်းကင်နဲ့ မြေကြီးကြားထဲမှာ ပြန်လည် ပျော်ဝင်သွားတော့တယ်။

​အဲဒီအချိန်မှာပဲ ကောင်းကင်ယံကနေ ထူထပ်လှတဲ့ အနက်ရောင် တိမ်တိုက်ကြီးတွေက လိမ့်တက်လာတယ်။

​မယ်တော်စီရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပြီး ချက်ချင်းပဲ လက်ကို ဝှေ့ယမ်းကာ ဖန့်ချန်နဲ့ သွေးရောင်စက္ကူရုပ်ကို ထမ်းစင်ထဲ ခေါ်သွားတယ်။

​သွေးရောင်စက္ကူရုပ်ကလည်း ဒါကို မြင်တော့ အမြန်ပဲ ကျီးလျန်ကိုပါ ထမ်းစင်ထဲ ဆွဲသွင်းလိုက်တယ်၊ ကြယ်စင်တာအိုဂိုဏ်းနဲ့ မွေးရာပါတာအိုဂိုဏ်းက ဝိညာဉ်သန္ဓေသား နှစ်ယောက်ကိုတော့ သူ လျစ်လျူရှုထားလိုက်တယ်။

​မင်္ဂလာဆောင် စီတန်းလှည့်လည်တဲ့ အဖွဲ့ဟာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ ဘုရားကျောင်းပျက်ကြီးရဲ့ အပြင်ဘက်ကနေ ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။

​နောက်တစ်ခဏမှာပဲ အနက်ရောင် တိမ်တိုက်ကြီးတွေက ဘုရားကျောင်းပျက်ကြီးကို ဖုံးလွှမ်းသွားပြီး၊ တိမ်တိုက်ထဲကနေ တောင်ကုန်းတစ်ခုလောက် ကြီးမားတဲ့ နဂါးဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာတယ်။

​ထူးခြားတာက ဒီနဂါးဦးခေါင်းကြီးဟာ အရိုးစုကြီး ဖြစ်နေပြီ၊ သူ့ရဲ့ မျက်လုံးအိမ်ထဲမှာတော့ ခရမ်းရောင် မီးတောက်နှစ်ခု တောက်လောင်နေတယ်။

​သူ ရောက်လာတာ နောက်ကျသွားမှန်း သိလိုက်ပုံရပြီး နဂါးဦးခေါင်းကြီးက ဒေါသတကြီး ပါးစပ်ကို ဖွင့်ကာ ခရမ်းရောင် မီးတောက်တွေကို မှုတ်ထုတ်လိုက်ရာ ဘုရားကျောင်းပျက်ကြီးဟာ ခဏချင်းမှာပဲ ပြာအတိ ဖြစ်သွားတော့တယ်။

​"အဲဒီ မသာမကို ငါ့အတွက် ရှာစမ်း"

​ဟိန်းထွက်နေတဲ့ အသံကြီးဟာ နဂါးဦးခေါင်းကြီးရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာတယ်။

​လိမ့်တက်နေတဲ့ အနက်ရောင် တိမ်တိုက်တွေထဲကနေ ပုဂ္ဂိုလ်တစ်ယောက် ထွက်လာတယ်၊ သူက လှံရှည် ကို ကိုင်ထားပြီး တစ်ကိုယ်လုံးမှာ နဂါးအကြေးခွံ သံချပ်ကာတွေကို ဝတ်ဆင်ထားတယ်။

သူ့ရဲ့ အရပ်အမောင်းက တစ်လံကျော်လောက် မြင့်ပြီး တောင်ကြီးတစ်လုံးလို တည်ကြည်လှတယ်အသားအရည်က စိမ်းဖျော့ဖျော့ထဲမှာ အနက်ရောင် အစင်းကြောင်းတွေ ပါနေတယ်။

​"အမိန့်တော်အတိုင်းပါ"

​...

​...

​သွေးရောင် ထမ်းစင်ဟာ အပြင်ကကြည့်ရင် သိပ်မကျယ်ပေမဲ့ အတွင်းထဲမှာတော့ ကမ္ဘာတစ်ခု သီးခြားရှိနေသလိုပါပဲ လုံးဝကို ဂူဗိမာန် တစ်ခုလို ဖြစ်နေတယ်။

​"မယ်တော်စီ... ခုနက လိမ့်တက်လာတဲ့ အနက်ရောင် တိမ်တိုက်တွေက ဘယ်သူလဲ"

​သွေးရောင်စက္ကူရုပ်က တည်ကြည်တဲ့ လေသံနဲ့ မေးလိုက်တယ်။

​သူ့ရဲ့ ကျင့်ကြံမှုဟာ လူ့လောကက မသေမျိုး အဆင့်နဲ့ ယှဉ်နိုင်ပေမဲ့၊ ခုနက တိမ်တိုက်တွေ ပေါ်လာတဲ့အချိန်မှာတော့ သူ့စိတ်ထဲ တုန်လှုပ်ခြောက်ခြားမှုကို ခံစားလိုက်ရတယ်။

​ဒါဟာ တိမ်တိုက်ပိုင်ရှင်ရဲ့ ကျင့်ကြံမှုက အင်မတန် မြင့်မားပြီး ဒီမယ်တော်စီရဲ့ အောက်မှာ လုံးဝ ရှိမနေဘူးဆိုတာကို သက်သေပြနေတာပဲ။

​"နဂါးတစ်ကောင်ပါပဲ"

​မယ်တော်စီက ခပ်အေးအေးပဲ ပြောတယ်

"သူ သက်ရှိထင်ရှား ရှိတုန်းက ကျင့်ကြံမှု မြင့်မားခဲ့ပေမဲ့ အခုတော့ ယင်ဝိညာဉ် တစ်ခုပဲ ကျန်တော့တယ်၊ သူ့ကိုယ်သူ ထိုက်ယင်နဂါးမင်းကြီး လို့ ခေါ်တယ်"

"အခု ကြည့်ရတာ သူလည်း ငရဲမင်း အမွေအနှစ်ကို မက်မောနေပုံရတယ် ကံကောင်းတာက ကျွန်မက ရှင်တို့ကို အရင်တွေ့လိုက်လို့ပေါ့ ရှင်တို့သာ သူ့ကို တွေ့ခဲ့ရင် ဝိညာဉ်ပါ လွင့်သွားလိမ့်မယ်"

​"ဒီကောင်က လုပ်ရပ်တွေ ကြမ်းတမ်းတယ် ရှင်တို့ကို ယုံမှာလည်း မဟုတ်သလို ရှင်တို့နဲ့ ပူးပေါင်းဖို့လည်း ရွေးချယ်မှာ မဟုတ်ဘူး သူက ငရဲမင်း အမွေအနှစ်ကို ဆက်ခံမယ့်သူကို ကိုယ်တိုင်ပဲ ရှာလိမ့်မယ် လူ့လောကမှာ သူ့ရဲ့ အမိန့်ကို နာခံမယ့် နဂါးသွေးပါတဲ့ မျိုးနွယ်စုတွေ အများကြီး ရှိသေးတယ်"

​နဂါးစစ်စစ် နဂါးသွေးမျိုးနွယ်စု

​ဖန့်ချန်က စဉ်းစားနေပြီး ခဏလောက် တိတ်နေပြီးမှ ရုတ်တရက် မေးလိုက်တယ်

"မယ်တော်စီ... ဒီ ဖူထူတံတား က ဖူထူလောကကို လာနိုင်တဲ့ တစ်ခုတည်းသော လမ်းလား"

​မယ်တော်စီက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်

"အနာဂတ် ငရဲမင်းလေး... ရှင် ခန့်မှန်းမိသွားပြီ ထင်တယ်"

​"ဖူထူတံတားဟာ ယင်လောကအကြီးနဲ့ အသေးကြားက ပင်မတံခါးကြီးလို့ ပြောလို့ရတယ် ဒါပေမဲ့ ပင်မတံခါးအပြင် ဘေးတံခါးလေးတွေလည်း ရှိသေးတယ် အဲဒါကို သိတဲ့သူ အင်မတန် နည်းတယ် အဲဒီတံခါးတွေက အရမ်းသေးတော့ ယင်လောကအသေးစားက လွင့်မျောနေတဲ့ ဝိညာဉ်တွေပဲ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တာ"

​"ကျွန်မက အဲဒီတံခါးတွေထဲက တစ်ခုကတစ်ဆင့် ယင်လောကအသေးစားက အချို့သော ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် လုပ်နေတာ အဲဒါကြောင့်လည်း ရှင်တို့ ယင်လောကအကြီးကို လာတာကို ကျွန်မ သိနေတာပေါ့"

​သူမက ခေတ္တရပ်ပြီး

"သူတို့က ဘယ်သူတွေလဲဆိုတာ ကျွန်မကို မမေးပါနဲ့သူတို့ရဲ့ သတင်းကို မပေါက်ကြားစေရဘူးလို့ ကျွန်မ ကတိပေးထားလို့ပါ ဘာပဲဖြစ်ဖြစ် နောက်ဆို ကျွန်မတို့က ကိုယ့်လူတွေပဲ ဖြစ်သွားမှာပါ အချို့အချိန်တွေမှာ သူတို့ကို ယင်လောကအသေးစားမှာ ရှင့်ကို ကူညီခိုင်းလို့ ရပါတယ်"

​ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်တယ်

"ဒါဆို ဒီကိစ္စကို မမေးတော့ပါဘူး ဒါပေမဲ့ တစ်ခုလောက်တော့ မေးချင်ပါတယ် ခင်ဗျားတို့နှစ်ယောက်က ကျုပ်ရဲ့ သံသယကို ရှင်းပေးနိုင်မလား"

​"မေးလေ"

မယ်တော်စီက ပြုံးလိုက်တယ်။

​"မယ်တော်စီရဲ့ ကျင့်ကြံမှုက လူ့လောကက ဂိုဏ်းချုပ်အဆင့်တွေနဲ့ တူလား ပြီးတော့ ဒီယင်လောကအကြီးထဲမှာ... နတ်ဘုရား တွေလောက် သန်မာတဲ့သူတွေ ရှိပါသလား"

​ဖန့်ချန်က မယ်တော်စီကို ကြည့်ပြီး တည်ကြည်စွာ မေးလိုက်တယ်။

​"ဒီမေးခွန်းကိုတော့ ငါပဲ ဖြေပေးမယ်"

သွေးရောင်စက္ကူရုပ်က ပြောလိုက်တယ်။

​မယ်တော်စီက ပြုံးပြီး

"ရှင်ပဲ ဖြေလိုက်ပါတော့ ကြည့်ရတာ အနာဂတ် ငရဲမင်းလေးက ကျင့်ကြံတဲ့ သက်တမ်း နည်းသေးတော့ အများကြီးကို အမှောင်ထဲမှာ ရှိနေတုန်းပဲ"

​သွေးရောင်စက္ကူရုပ်က ဖန့်ချန်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောတယ်

"ဖန့်သခင်လေး လူ့လောကက ဂိုဏ်းချုပ်အဆင့်တွေဆိုတာ အထက်ဘုံကို မတက်နိုင်ဘဲ သက်တမ်းကုန်ခါနီးမှ မတတ်သာလို့ လွတ်လပ်သော မသေမျိုးအဖြစ် ပြောင်းလဲ ကျင့်ကြံခဲ့ကြသူတွေဆိုတာ မင်း သိမှာပါ"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်တယ်။

​"လွတ်လပ်သော မသေမျိုး ဆိုတာ အထက်ဘုံရဲ့ အသိအမှတ်ပြုမှုကို မရဘူး အထက်ဘုံမှာ အမည်နာမ မရှိဘူး သူတို့ သွားတဲ့လမ်းက နတ်ဘုရားအစစ် တွေနဲ့ ဆင်တူသလို ရှိပေမဲ့ တကယ်တော့ လမ်းခုလတ်ကနေ ကူးပြောင်းလာတာပဲ နာမည်ကြီး ဂိုဏ်းကနေ အမွေအနှစ် အပြည့်အစုံနဲ့ လာတဲ့ သူတွေနဲ့ လုံးဝ ခြားနားသလိုပေါ့"

​သွေးရောင်စက္ကူရုပ်က အသံကို နှိမ့်ပြီး ပြောတယ်

"အရင်တုန်းကတော့ အထက်ဘုံကို မတက်ချင်တဲ့ ကျင့်ကြံသူတွေပဲ ဒီလမ်းကို ရွေးခဲ့တာ ဒါပေမဲ့ အခု နတ်တံခါးကြီး ပိတ်ထားတော့ အထက်ဘုံတက်မယ့် ကျင့်ကြံသူအားလုံးဟာ အထက်ဘုံံ မတက်နိုင်တော့ဘဲ ဒီလမ်းဟာ သူတို့အတွက် တစ်ခုတည်းသော လမ်း ဖြစ်လာခဲ့တယ်"

​"လွတ်လပ်သော မသေမျိုး တွေရဲ့ တန်ခိုးဟာ နတ်ဘုရားအစစ်တွေထက် အများကြီး နိမ့်ကျတယ်ဒါပေမဲ့ ကောလာဟလတွေအရ ကိုးကြိမ်မြောက် အဆင့်တက်နိုင်တဲ့ လွတ်လပ်သော မသေမျိုးသာ ဖြစ်သွားရင် လူ့လောကမှာတင် နတ်ဘုရား ခန္ဓာကိုယ်ကို ရရှိပြီး အသွင်ပြောင်းကာ အထက်ဘုံက ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုကြတယ်"

​"မင်း ဆိုလိုတာက ဂိုဏ်းချုပ်အဆင့်တွေ သွားနေတဲ့ ဒီလမ်းဟာ တကယ်လို့ နောက်ဆုံးအထိ ရောက်သွားရင် အထက်ဘုံက ပုဂ္ဂိုလ်ကြီးတွေတောင် ဖြစ်လာနိုင်တယ် ပေါ့ အခုလေးတင် အထက်ဘုံတက်သွားတဲ့ နတ်ဘုရားတွေထက်တောင် ပိုပြီး သန်မာနိုင်တာလား"

​ဖန့်ချန်ရဲ့ မျက်နှာက ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။

​သွေးရောင်စက္ကူရုပ်က ခေါင်းကို ဖြည်းဖြည်း ညိတ်တယ်

"ဟုတ်တယ် ဒါပေမဲ့ ဒီလမ်းက လျှောက်ရတာ အရမ်းခက်ခဲတယ် လိုအပ်တဲ့ အခြေအနေတွေကလည်း အရမ်း တင်းကျပ်တယ်"

​"ဒါပေမဲ့ လူ့လောက နယ်မြေကိုးခုဟာ ကျယ်ပြောလှတယ် အထက်ဘုံ ဒါမှမဟုတ် ယင်လောကအကြီးထက်တောင် မသေးဘူး အဲဒီထဲမှာ နောက်ဆုံးအဆင့်ထိ ရောက်အောင် သွားပြီး နတ်ဘုရားအစစ် ဖြစ်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်သော မသေမျိုးတွေ သေချာပေါက် ရှိနေလိမ့်မယ်"

​"ဒီလို လူမျိုးတွေဟာ အထက်ဘုံမှာရှိတဲ့ အချို့သော နတ်ဘုရားတွေထက် မနိမ့်ကျတော့ဘူး"

​"မင်းက မယ်တော်စီကို ဂိုဏ်းချုပ်အဆင့်လို့ သတ်မှတ်နိုင်သလို ဒီယင်လောကအကြီးထဲမှာ မယ်တော်စီထက် ပိုသန်မာတဲ့ ယင်မိစ္ဆာတွေလည်း အများကြီး ရှိတယ် အဲဒီထဲက အချို့ဟာ လူ့လောကက ကိုးကြိမ်မြောက် လွတ်လပ်သော မသေမျိုး တွေလိုပဲ နတ်ဘုရားတွေထက် မနိမ့်ကျဘူး"

​ဖန့်ချန် နားလည်သွားပြီ သူက ဒီယင်လောကအကြီးရဲ့ အခြေခံ အင်အားဟာ လူ့လောကထက် အများကြီး သာလိမ့်မယ်လို့ အစက ထင်ထားတာ။

​အခု သွေးရောင်စက္ကူရုပ် ပြောပုံအရဆိုရင် လူ့လောက နယ်မြေကိုးခုထဲမှာလည်း နတ်ဘုရားတွေလောက် သန်မာတဲ့သူတွေ အများကြီး ရှိနေပုံရတယ် အဲဒီလူတွေက ဝိညာဥ်သိုင်းနယ်မြေမှာ မရှိတာ ဒါမှမဟုတ် အလယ်ပိုင်းဒေသ၊ တိထျန်း၊ ပေတု တို့မှာ မရှိတာပဲ ဖြစ်မှာပါ။

​"လူ့လောကရဲ့ နယ်မြေက အထက်ဘုံ နဲ့ ယင်လောကအကြီးထက် မသေးဘူးဆိုတာ တကယ်ကို အံ့သြစရာပဲ"

​ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

​မယ်တော်စီက ပြုံးလျက် ပြောတယ်

"ရှေးယခင်ကတည်းက လောကသုံးပါးဟာ ညီမျှမှု တစ်ခုကို ထိန်းသိမ်းထားတာပဲ အထက်ဘုံက လူတွေပဲ ပိုပြီး မြင့်မြတ်တယ်လို့ မထင်လိုက်နဲ့ ရှင်တို့ လူ့လောကမှာလည်း အရင်တုန်းက လူသားဧကရာဇ် ဆိုတာ ပေါ်ခဲ့ဖူးတယ် သူ့ရဲ့ စကားတစ်လုံးဟာ နတ်ဘုရားတွေနဲ့ နတ်မိစ္ဆာတွေကိုတောင် အမိန့်ပေးနိုင်ခဲ့တာ"

​"ဒါ တကယ်လား"

ဖန့်ချန်က အံ့သြတကြီး မေးလိုက်တယ်။

​သွေးရောင်စက္ကူရုပ်ရဲ့ မျက်နှာက ထူးဆန်းသွားပြီး

"ဒါက ဒဏ္ဍာရီပဲ အတည်ယူလို့ မရဘူး"

​မယ်တော်စီက ရယ်ပြီး ခေါင်းညိတ်ပြတယ်

"ဟုတ်တယ် ဒါက ဒဏ္ဍာရီပါပဲ အဲဒီခေတ်က ငါတို့နဲ့ အရမ်းဝေးလွန်းတယ် အရင်တုန်းက အထက်ဘုံ နဲ့ ယင်လောကအကြီးမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါတို့တောင် မသိနိုင်တော့ဘူး"

​"ဘာလို့ ငရဲမင်းက တိုက်ပွဲမှာ သေဆုံးသွားရတာလဲ ဘာလို့ နတ်တံခါးကြီး ပိတ်သွားရတာလဲ ပြီးတော့ ဘာလို့ ဒီလောက်များပြားတဲ့ နတ်ဘုရားတွေဟာ သက်တမ်းမကုန်ဘဲ သေဆုံးသွားပြီး ယင်လောကအကြီးထဲမှာ ဒုက္ခရောက်နေကြရတာလဲ"

"​သူတို့ရဲ့ ဘဝတွေက ငါတို့ ယင်မိစ္ဆာတွေထက် အများကြီး ပိုပြီး သနားဖို့ကောင်းပါတယ် သူတို့ဟာ ခဏလေး ဝင်လာပြီး ပြန်လည် မွေးဖွားရမှာ ဖြစ်ပေမဲ့ သံသရာ က ပျောက်ကွယ်နေတော့ ဒီမှာပဲ သောင်တင်နေကြရတယ်"

​"သူတို့ရဲ့ ကျင့်ကြံမှုနဲ့ တန်ခိုးတွေ ဆုံးရှုံးသွားတော့ သူတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် တစ်ခုက ယင်မိစ္ဆာအဖြစ် အသွင်ပြောင်းပြီး သံသရာထဲ မဝင်တော့တာ ဒါမှမဟုတ် သံသရာ အလှည့်အပြောင်းကို တိတ်တိတ်လေး စောင့်နေကြတာ"

"ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ သူတို့ဟာ သူတို့ရဲ့ အထောက်အထားကို မဖော်ပြရဲကြဘူး ယင်မိစ္ဆာတွေရဲ့ ဝါးမြိုတာကို ခံရမှာ ကြောက်လို့ ဆင်းရဲဒုက္ခတွေ ကြားမှာပဲ ရုန်းကန်နေကြရတယ်"

All Chapters