← Chapters

အခန်း (၈၃၃-၈၃၄)

Vol. 84 Ch. 833-834

အခန်း (၈၃၃-၈၃၄)

Vol. 84 Ch. 833-834

​​အခန်း (၈၃၃) နေ့ခင်းကင်းလှည့်စစ်သည် ရှီလုံ

​"ဒီယင်သက်တမ်းတွေက... ငရဲမင်းက သူ့ဘာသာ သုံးဆောင်ဖို့လား၊ ဒါမှမဟုတ်..."

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ တွေးတောနေတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။

အဲဒီအချိန်မှာပဲ စိတ်ကူးလေးတစ်ခုက သူ့ဦးနှောက်ထဲကို ရုတ်တရက် ရောက်လာတယ်။

​ဒီအသိက သူ့မှတ်ဉာဏ်ထဲမှာ အစကတည်းက ရှိနေခဲ့သလိုမျိုးပဲ။

​အမိန့်ပြန်တမ်း ထုတ်ပြန်ခြင်း ...

​တကယ်တော့ ဒီယင်သက်တမ်းတွေက ဝိညာဉ်နတ်ဘုရားတွေကို အမိန့်ပြန်တမ်း ထုတ်ပြန်ရာမှာ သုံးဖို့အတွက်ပဲ။

​"ငရဲမင်းအမွေအနှစ်ဆိုတာ ဒီငရဲမင်းအမိန့်ပြားကို ပြောတာလား ကျင့်စဉ်တစ်ခုခု မဟုတ်ဘဲနဲ့ သူ့ရဲ့ ထူးခြားတဲ့ အစွမ်းကြောင့်ပဲ အပြင်လူတွေက ငရဲမင်းရဲ့ ကျင့်စဉ်မှာ တစ်ခုခု ထူးခြားတာရှိတယ်လို့ ထင်နေကြတာလား"

​ဖန့်ချန်ရဲ့ မျက်နှာက ထူးဆန်းသွားတယ်။

​ဒါဆို ဘယ်လိုမျိုး အမိန့်ပြန်တမ်း ထုတ်ရမှာလဲ

​အတွေးပေါ်လာတာနဲ့တစ်ပြိုင်နက် အမိန့်ပြန်တမ်း ထုတ်ပြန်နည်း ရာနဲ့ချီတဲ့ နည်းလမ်းတွေက ဖန့်ချန်ရဲ့ ဦးနှောက်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။

​ယင်စစ်သည် ၊ ယင်ရဲမက် လို အဆင့်နိမ့်ရာထူးကနေ ဝိညာဉ်နတ်ဘုရားတွေအထိ၊ ရာထူးမတူရင်၊ ကျင့်ကြံမှုမတူရင် ထုတ်ပြန်ရမယ့် အမိန့်ပြန်တမ်း နည်းလမ်းတွေကလည်း ကွဲပြားကြတယ်။

​ဖန့်ချန်က ငရဲမင်းအမိန့်ပြားကို တဖြည်းဖြည်း နားလည်လာပြီ။

​ဒီပစ္စည်းဟာ ယင်လောကရဲ့ အင်မတန် ထူးခြားတဲ့ ရတနာတစ်ခု ဖြစ်နိုင်တယ်။

​ယင်လောကမှာ နတ်ဘုရားလက်နက် ဆိုတာမျိုး ရှိမရှိ သူ မသိပေမဲ့ အခု ငရဲမင်းအမိန့်ပြား ပြသနေတဲ့ စွမ်းအားအရဆိုရင် ဒါဟာ အာဏာစက် လို့ခေါ်တဲ့ အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားပုံရတယ်။

​ဒီအစွမ်းက ယင်လောကမှာ တစ်ခုတည်းသော အရာဖြစ်ဖို့ များတယ်။

ဘယ်လောက်ပဲ အစွမ်းထက်တဲ့ ယင်မိစ္ဆာကြီးတွေ ဖြစ်ပါစေ၊ နတ်ဘုရားစစ်စစ် နဲ့တောင် ယှဉ်နိုင်ပါစေ၊ ဒီအစွမ်းကိုတော့ သူတို့ မပိုင်ဆိုင်နိုင်ကြဘူး။

​ဝင်းအပြင်ဘက်မှာတော့...

​ရှင်းရှန်းက စောင့်ရင်းနဲ့ စိတ်မရှည် ဖြစ်လာပြီး ဝင်းထဲကို ခဏခဏ လှမ်းကြည့်နေတယ်။

​ဖန့်ချန် ဝင်သွားတာ တော်တော်ကြာနေပြီ။

​အထဲကနေ ဘာသံမှ ထွက်မလာတာကြောင့် ရှင်းရှန်းမှာ တော်တော်လေး စိုးရိမ်နေမိတယ်။

တစ်ဖက်လူက ငရဲမင်းအမွေအနှစ်ကို ချောချောမောမော ဆက်ခံနိုင်ပါ့မလား ငရဲမင်းရဲ့ အစွမ်းကို သုံးနိုင်ပါ့မလား

​"ငါပဲ ဝင်ကြည့်ရမလား"

​ရှင်းရှန်းက တိုးတိုးလေး ရေရွတ်တယ်

"တစ်ချက်လောက်ပဲ... ဘာမှတော့ မဖြစ်လောက်ပါဘူး..."

​အဲဒီလို တွေးနေတုန်းမှာပဲ ခြေသံတွေကို ကြားလိုက်ရလို့ မော့ကြည့်လိုက်ရာ ဖန့်ချန်က ဝင်းထဲကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။

​"ဖန့်သခင်လေး... ဘယ်လိုလဲ"

​ရှင်းရှန်းက အသက်ကို ပြင်းပြင်းရှူပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြတယ်၊ ပြီးတော့ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်ပြလိုက်ရာ လက်ထဲမှာ ရှိနေတာကတော့ ငရဲမင်းအမိန့်ပြား ပဲ။

​ဒီအမိန့်ပြားကို မြင်လိုက်တာနဲ့ ရှင်းရှန်းဟာ မိုးကြိုးပစ်ခံလိုက်ရသလို ခန္ဓာကိုယ် တောင့်ခဲသွားတယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူဟာ မြေကြီးပေါ်ကို ဒူးထောက်ကျသွားပြီး အကြိမ်ကြိမ် ဦးတိုက်တော့တယ်

​"ရှင်းရှန်း... ငရဲမင်းကို ဂါရဝပြုပါတယ် "

​"အရင် ထလိုက်ပါဦး အခု ငါတို့ဆီမှာ ပြဿနာတစ်ခု ရှိနေတယ်"

​ဖန့်ချန်က ငရဲမင်းအမိန့်ပြားကို ပြန်သိမ်းရင်း ပြောလိုက်တယ်။

​ရှင်းရှန်းက ချက်ချင်း ထရပ်လိုက်တယ်၊ သူ့ရဲ့ အမူအရာက အလွန်အမင်း ရိုသေကိုင်းညွတ်နေပြီ

"ငရဲမင်း မိန့်တော်မူပါ"

​"မင်းဆီမှာ ယင်ငွေ ဘယ်လောက်ကျန်သေးလဲ"

ဖန့်ချန်က မေးတယ်။

​သာမန် ယင်စစ်သည်တစ်ယောက်ကို အမိန့်ပြန်တမ်း ထုတ်ဖို့ဆိုရင် ယင်သက်တမ်း တစ်နှစ်ပဲ လိုတယ် ဒါက လွယ်ပါတယ်။

​ဒါပေမဲ့ သာမန် ယင်မိစ္ဆာကြီး တစ်ယောက်ကို အမိန့်ပြန်တမ်း ထုတ်ဖို့ဆိုရင်တော့ အနည်းဆုံး ယင်သက်တမ်း ငါးထောင်နှစ် လိုတယ်။

အခု သူက နှစ်ထောင်နှစ်လောက် လိုနေသေးတာ။

​"ယင်ငွေလား ကျန်ပါသေးတယ် ဒီယင်ငွေတွေက အရင်တုန်းက လုပ်ဖော်ကိုင်ဖက်တွေ ကျုပ်ကို ပေးခဲ့တာ ဒီနေ့အတွက်ပဲ"

​ရှင်းရှန်းက အင်မတန် စိတ်လှုပ်ရှားစွာနဲ့ သူ့ဆီကနေ ပိုက်ဆံအိတ် အတော်များများကို ထုတ်ပေးတယ်။

​စုစုပေါင်း ပိုက်ဆံအိတ် ရှစ်အိတ်တောင်ပဲ။

အိတ်တစ်အိတ်မှာ ယင်ငွေ ငါးရာစီ ရှိတာကြောင့် စုစုပေါင်း ယင်သက်တမ်း လေးထောင်နှစ် ရှိတယ်။

​"ဒါဆိုရင်တော့ လောက်သွားပြီ"

​ဖန့်ချန်က သက်ပြင်းချနိုင်သွားတယ်

"ငါ အခု မင်းကို အမိန့်ပြန်တမ်းတစ်ခု ထုတ်ပေးနိုင်ပြီ မင်း အဲဒါကို ယူပြီး မယ်တော်စီကို သွားကယ်နိုင်မလား"

​"ငရဲမင်း... ထိုက်ယင်နဂါးမင်းကြီးနဲ့ ပန်ဆန်းအရှင် တို့ရဲ့ အစွမ်းက မယ်တော်စီထက် သာပါတယ်ဒါပေမဲ့... သူတို့ နှစ်ယောက်ရဲ့ အစွမ်းကလည်း တစ်ဆင့်ပြောင်း ယင်မိစ္ဆာကြီး အဆင့်မှာပဲ ရှိပါသေးတယ်"

​"ဒီရှောင်ဟွာမြို့ထဲမှာ ကျုပ် သိတဲ့လူ တစ်ယောက်ရှိတယ် သူက တစ်ဆင့်ပြောင်း ယင်မိစ္ဆာကြီးတွေ အားလုံးထဲမှာ ထိပ်တန်းကပဲ တကယ်လို့ အမိန့်ပြန်တမ်းသာ ရခဲ့မယ်ဆိုရင် မယ်တော်စီကို ကယ်နိုင်မှာ သေချာပါတယ်"

ရှင်းရှန်းက တိုးတိုးလေး ပြောတယ်။

​ခဏလောက် တုံ့ဆိုင်းပြီးနောက် သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေ ပေါ်လာတယ်

"ငရဲမင်း... ကိုယ်တော်ရဲ့ အခု ကျင့်ကြံမှုနဲ့... တကယ်လို့ တစ်ဆင့်ပြောင်း ယင်မိစ္ဆာကြီးတစ်ယောက်ကို အမိန့်ပြန်တမ်း အတင်းထုတ်ပေးမယ်ဆိုရင် အခြေခံကို ထိခိုက်မှာ စိုးရိမ်ရတယ် ဒီကိစ္စကို ခဏလောက် စောင့်ဦးမလား ကိုယ်တော် လူ့လောကကို အရင်ပြန်ပြီး ကျင့်ကြံဦး အစွမ်း လုံလောက်မှ မယ်တော်စီကို ကယ်တာလည်း မနှောင်းပါဘူး"

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ ရယ်ချင်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။

ကြည့်ရတာ ရှင်းရှန်းက ငရဲမင်းရဲ့ အမိန့်ပြန်တမ်း ထုတ်တဲ့ နတ်ဘုရားစွမ်းအားကို နားမလည်သေးဘူးပဲ။

ဒါက ငရဲမင်းရဲ့ ကျင့်ကြံမှုအပေါ် မမူတည်ဘဲ ယင်သက်တမ်းအပေါ်မှာပဲ မူတည်တာ။

​အဲဒီအချိန်မှာပဲ အိမ်စောင့်သူက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ရှင်းရှန်းကို အေးစက်စက် တစ်ချက်ကြည့်ကာ ဖန့်ချန်ဆီကို လှည့်လိုက်တယ်

​"ငရဲမင်း...ဒီလူအိုကြီး ကိုပဲ အမိန့်ပြန်တမ်း ထုတ်ပေးပါ ကိုယ်တော် ဘယ်သူ့ကို ကယ်ချင်လဲ အိုကွင်း ကူညီပေးပါ့မယ်"

​"ရဲတင်းလှချည်လား မင်းက အိမ်စောင့်သူလေး တစ်ယောက်ဖြစ်ပြီးတော့ ငရဲမင်းရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုများ ဝင်ပြောရဲတာလဲ ငရဲမင်းက ဘယ်သူ့ကို အမိန့်ပြန်တမ်း ထုတ်မယ်ဆိုတာ တခြားလူတွေ ဝင်စွက်ဖက်စရာ မလိုဘူး မင်းက ပုန်ကန်ချင်တာလား"

​ရှင်းရှန်းက ဒေါသတကြီးနဲ့ ပြောလိုက်တယ်။

အခုအချိန်မှာ သူက ရှေ့မှာရှိတဲ့ အိမ်စောင့်သူရဲ့ ကျင့်ကြံမှုက အတိုင်းအဆမရှိ နက်ရှိုင်းတာကိုတောင် မေ့သွားပုံရတယ်။

ကြောင်အိုကြီး အမြီးနင်းခံလိုက်ရသလို နဂါးရဲ့ မထိရတဲ့ အကြေးခွံ ကို အဆွဲခံလိုက်ရသလို ခံစားနေရတာ။

​"သူ့အစွမ်းက အတိုင်းအဆမရှိဘူး မင်းက သူ့ကို သွားဒေါသဆွတော့ ငါတို့ နှစ်ယောက်လုံး ဒီမှာ အသက်ပျောက်ရမှာပေါ့"

ဖန့်ချန်က တိုးတိုးလေး အသံလွှင့်ပြီး သတိပေးလိုက်တယ်။

​ရှင်းရှန်းက တစ်ကိုယ်လုံး တောင့်ခဲသွားပြီး အမူအရာက အင်မတန် နေရခက်သွားတယ်။

​"အဘိုး... အဘိုးရဲ့ ကျင့်ကြံမှုက ဘယ်လောက်လဲ ကျုပ် အဘိုးကို အမိန့်ပြန်တမ်း ထုတ်ပေးနိုင်မလားဆိုတာ မသေချာလို့ပါ"

ဖန့်ချန်က အိမ်စောင့်သူကို ကြည့်ပြီး ပြုံးကာ လက်အုပ်ချီ မေးလိုက်တယ်။

​"ငရဲမင်းက အားနာနေပါပြီ အခု ကိုယ်တော်က ငရဲမင်းအမိန့်ပြားကို ပိုင်ဆိုင်ထားပြီဆိုတော့ ကျုပ်ရဲ့ ကျင့်ကြံမှုက ကိုယ်တော့်ထက် သာနေရင်တောင် ဒီလောက်အထိ ယဉ်ကျေးစရာ မလိုပါဘူး ကျုပ်ရဲ့ ကျင့်ကြံမှုက သိပ်မမြင့်ပါဘူးတစ်ဆင့်ပြောင်း အထွတ်ထိပ်အဆင့်ပါပဲ ကိုယ်တော် အမိန့်ပြန်တမ်း ထုတ်ပေးနိုင်ပါတယ်"

အိမ်စောင့်သူက ခပ်အေးအေး ပြောလိုက်တယ်။

​တစ်ဆင့်ပြောင်း အထွတ်ထိပ် မယ်တော်စီ ထိုက်ယင်နဂါးမင်းကြီး ပန်ဆန်းအရှင် တို့နဲ့ အဆင့်တူတာလား

​ဖန့်ချန် စိတ်ထဲမှာတော့ သံသယ ဖြစ်နေမိတယ်။

ဒီအဘိုးအိုက သူ့ကို ပေးနေတဲ့ ခံစားချက်က ဒီလောက်တင် မကဘူးလို့ ထင်ရတယ်။

​"အဘိုးရဲ့ နာမည်ကို သိခွင့်ရှိမလား"

ဖန့်ချန်က စဉ်းစားပြီး မေးလိုက်တယ်။

​"နာမည်က ရှီလုံ ပါ"

အိမ်စောင့်သူက ဆိုတယ်။

​ဖန့်ချန်က ခေါင်းညိတ်ပြီး ဝါးအိမ်ထဲကို ပြန်ဝင်သွားတယ်။

ခဏအကြာမှာတော့ ရှင်းရှန်းပေးတဲ့ ယင်ငွေတွေကို ငရဲမင်းအမိန့်ပြားထဲကို ထည့်လိုက်ရာ

​ယင်သက်တမ်း - ခုနစ်ထောင်နှစ်။

​ဖန့်ချန်က စိတ်လှုပ်ရှားစွာနဲ့ သူ့ရှေ့မှာ ယင်အငွေ့အသက်တွေကို စုစည်းစေပြီး စက္ကူနဲ့ မှင်အဖြစ် ပြောင်းလဲလိုက်တယ်။

​ခဏလေးအတွင်းမှာပဲ အမိန့်ပြန်တမ်းတစ်ခုကို ရေးသားပြီးသွားပြီး ဖန့်ချန်က ငရဲမင်းအမိန့်ပြားကို ကိုင်ကာ အပေါ်မှာ တံဆိပ်ခတ်လိုက်တယ်။

​ချက်ချင်းဆိုသလိုပဲ ယင်သက်တမ်း ငါးထောင်နှစ်တိတိက အမိန့်ပြန်တမ်းထဲကို အရှိန်အဟုန်နဲ့ စီးဝင်သွားတော့တယ်။

​ဖန့်ချန်က ဝင်းထဲကနေ ထွက်လာပြီး အမိန့်ပြန်တမ်းကို ရှီလုံဆီကို ကမ်းပေးလိုက်တယ်။

​ရှင်းရှန်းက အဲဒီအမိန့်ပြန်တမ်းကို မျက်တောင်မခတ်ဘဲ ကြည့်နေမိတယ်။

အဲဒီပေါ်က ရင်းနှီးနေတဲ့ တံဆိပ်တုံးနဲ့ ရင်းနှီးနေတဲ့ အငွေ့အသက်တွေကို မြင်လိုက်ရတဲ့အခါ မျက်ရည်တွေ ဝဲလာတော့တယ်။

​သူ အမိန့်ပြန်တမ်းကို မမြင်ရတာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ

​"နေ့ခင်းကင်းလှည့် မျိုးနွယ်စုလား"

​ရှီလုံက အမိန့်ပြန်တမ်းကို တစ်ချက်ကြည့်ပြီး မျက်နှာမှာ အပြုံးဖျော့ဖျော့လေး ပေါ်လာတယ်

"ငရဲမင်းအရှင်... လူ့လောကမှာ ပြဿနာတစ်ခုခု ရှိလို့လား ကျုပ်ကို တစ်ခါတည်း ရှင်းပေးစေချင်တာလား"

​"ရှီလုံစီနီယာ ဒါက ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပါ တကယ်လို့ ပြဿနာရှိလာရင်တော့ အဲဒီအချိန်ကျရင် စီနီယာ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။

​ဒီအမိန့်ပြန်တမ်းက နေ့ခင်းကင်းလှည့်စစ်သည် တစ်ယောက်ကို အမိန့်ပြန်တမ်း ထုတ်ပေးတာပဲ။

ဒါပေမဲ့ ယင်လောကအသေးစားက နေ့ခင်းကင်းလှည့်စစ်သည် မျိုး မဟုတ်ဘူး။

​ယင်လောကအကြီးက နေ့ခင်းကင်းလှည့်မျိုးနွယ်တွေဟာ အနိမ့်ဆုံးအဆင့် နေ့ခင်းကင်းလှည့်စစ်သည် ဖြစ်ဖို့တောင် တစ်ဆင့်ပြောင်း ယင်မိစ္ဆာကြီး အဆင့်ရှိရတယ်။

​ရှင်းရှန်းလို ယင်စစ်သည်မျိုးကတော့ အမိန့်ပြန်တမ်း ထုတ်ပေးချင်ရင်တောင် ထုတ်ပေးလို့ မရဘူး။

​ယင်လောကအသေးစားမှာတော့ နေ့ခင်းကင်းလှည့်စစ်သည်တွေဟာ လူ့လောကကို သွားပြီး အကောင်းအဆိုးကို ကင်းလှည့်နိုင်ပေမဲ့ ကြည့်ရုံ၊ နားထောင်ရုံပဲ တတ်နိုင်ကြတာ၊ လူ့လောကကို လွှမ်းမိုးလို့ မရဘူး။

​ယင်လောကအကြီးက နေ့ခင်းကင်းလှည့်တွေကတော့ လုံးဝ မတူဘူး။

ယင်သက်တမ်း အကုန်အကျခံမယ်ဆိုရင် ယင်လောကအသေးစားက မရဏလမ်းကို ဖြတ်စရာမလိုဘဲ ဝမ့်ချွမ်း မြစ်ထဲကနေ ထွက်လိုက်တာနဲ့ လူ့လောကကို ရောက်ပြီ။

​ပြီးတော့ ယင်လောကအကြီးမှာ ရှိခဲ့တဲ့ ကျင့်ကြံမှုနဲ့ နတ်ဘုရားစွမ်းအားတွေကို လူ့လောကမှာ ခေတ္တအသုံးချနိုင်ကြတယ်။

​ဒါဆိုရင် ဖန့်ချန်အတွက် လူ့လောကမှာ လိုအပ်တဲ့အချိန်တိုင်း ယင်လောကကနေ ခေါ်ယူနိုင်တဲ့ ဂိုဏ်းချုပ် အဆင့် ကျောထောက်နောက်ခံ တစ်ယောက် ရသွားတာနဲ့ အတူတူပဲ။

​ပေးရမယ့် တန်ဖိုးကတော့ ယင်သက်တမ်း ပမာဏတစ်ခုပဲ ရှိတယ်။

​"ဒါဆိုရင်... နေ့ခင်းကင်းလှည့်စစ်သည် ရှီလုံ ငရဲမင်းကို ဂါရဝပြုပါတယ်"

​ရှီလုံက လက်အုပ်ချီပြီး အရိုအသေ ပေးလိုက်တယ်။

​တစ်ချိန်တည်းမှာပဲ အမိန့်ပြန်တမ်းဟာ ရွှေရောင်အလင်းစက်လေးတွေအဖြစ် ပြောင်းလဲသွားပြီး ရှီလုံရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားတော့တယ်။

နောက်ဆုံးမှာတော့ ရှီလုံရဲ့ မျက်ခုံးနှစ်ခုကြားမှာ လောင်မြိုက်နေတဲ့ နေမင်းပုံသဏ္ဌာန် တံဆိပ်တစ်ခု ပေါ်လာပြီး ခဏအကြာမှာ ပြန်ပျောက်ကွယ်သွားခဲ့တယ်။

​အခန်း (၈၃၄) ငရဲမင်း၏ အမိန့်တော်အရ

​"နေ့ခင်းကင်းလှည့်စစ်သည်..."

​ရှင်းရှန်းရဲ့ မျက်လုံးထဲမှာ အားကျရိပ်တွေ ဖြတ်ပြေးသွားတယ်။

​ယင်စစ်သည်တစ်ယောက်အနေနဲ့၊ သူအရင်က မက်ခဲ့ဖူးတဲ့ အိပ်မက်ဟာ နေ့ခင်းကင်းလှည့်စစ်သည်လိုမျိုး ဝိညာဉ်နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ပဲ။

​ယင်စစ်သည်မှာလည်း ရာထူးအဆောင်အယောင် ရှိတယ်ဆိုပေမဲ့ လူ့လောကကို သွားချင်ရင်တော့ လမ်းကြောင်းငှားပြီးမှ သွားလို့ရတယ်၊ ယင်လောကအသေးစားရဲ့ မရဏလမ်းကို ဖြတ်ကျော်မှသာ လူ့လောကကို ရောက်နိုင်တာ။

​ဘယ်မှာလဲ နေ့ခင်းကင်းလှည့်စစ်သည်လိုမျိုး လွတ်လပ်ပေါ့ပါးမှုမျိုး ရှိမှာလဲ။

​လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက၊ အရင်မျိုးဆက် ငရဲမင်း ကွယ်လွန်ခါနီးမှာ သူ့ရဲ့လက်အောက်က ဝိညာဉ်နတ်ဘုရား နယ်ပယ်အသီးသီးဟာ လုံးဝသုဉ်းပြုန်းလုနီးပါး ဖြစ်ခဲ့ရတယ်။

​ယင်စစ်သည်မျိုးနွယ်စုပဲ အသက်ဆက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ သူတစ်ယောက်ပဲ ကျန်တော့တဲ့အထိပါပဲ။

​အခု ယင်လောကမှာ နေ့ခင်းကင်းလှည့်စစ်သည် ပြန်ပေါ်လာပြီဆိုတာဟာ ယင်လောကအကြီးရဲ့ အစီအစဉ်တကျဖြစ်မှု တွေ တဖြည်းဖြည်း ပြန်လည်နိုးထလာတာကို ကိုယ်စားပြုနေတာပဲ။

​"ရှင်းရှန်း... ကျီးလျန်ကိုလည်း အမိန့်ပြန်တမ်းတစ်ခု ထုတ်ပေးရမလား ဒါဆို သူ ယင်လောကထဲကို အဝင်အထွက်လုပ်ရတာ ပိုလွယ်သွားမှာပေါ့"

​ဖန့်ချန်က ကျီးလျန်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ မေးလိုက်တယ်။

​ရှင်းရှန်းက ခဏလောက် မှင်တက်သွားပြီးမှ ခါးသက်သက် ပြုံးလိုက်တယ်

​"ငရဲမင်းအရှင်... တကယ်လို့ သခင်လေးက သူကိုယ်တိုင် ယင်စစ်သည်တစ်ယောက် ဖြစ်သွားပြီဆိုတာ သိရင် သူ့ရဲ့ ကျင့်ကြံခြင်းစိတ်ဆန္ဒ ထိခိုက်သွားမှာ စိုးရိမ်ရပါတယ်..."

​ငရဲမင်းရာထူးကို ရမလားဆိုပြီး လာခဲ့ကြတာပြန်သွားတော့ ယင်စစ်သည်တစ်ယောက် ဖြစ်နေတယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကျင့်ကြံခြင်းစိတ်ဆန္ဒ လှုပ်ခတ်သွားမှာ အမှန်ပဲ...။

​"ကောင်းပြီလေ မင်းမျက်နှာကို ထောက်ပြီး လွှတ်ပေးလိုက်မယ်"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

​တကယ်လို့ ရှင်းရှန်းက ကျီးလျန်အတွက် အသနားမခံဘူးဆိုရင် ဒီနေ့ ကျီးလျန်ကို ယင်စစ်သည်တစ်ယောက် ဖြစ်အောင် သူ လုပ်လိုက်မှာ သေချာတယ်။

​ခေါ်လိုက်တိုင်း ရောက်လာရမယ့် အမျိုးအစားပေါ့။

​"ငရဲမင်း... ခုနကပြောတဲ့ မယ်တော်စီက အခု ဘယ်မှာလဲ"

​ရှီလုံက ပြုံးပြီး မေးတယ်။

​"ကျန်းကွမ်မြို့မှာ"

ဖန့်ချန်က ပြောတယ်။

​"ဒါဆို သွားကြစို့ ဒီကိစ္စကို ဖြေရှင်းပြီးရင် ငရဲမင်းကို လူ့လောကပြန်ဖို့ တစ်ခါတည်း လိုက်ပို့ပေးမယ်"

​ရှီလုံက ရယ်မောရင်း ပြောလိုက်တယ်။

​...

​...

​ကျန်းကွမ်မြို့... ဒီမြို့ဟာ ယင်လောကအကြီးထဲမှာ အတိုင်းအတာ တစ်ခုအထိ ကြီးမားတဲ့ မြို့တစ်မြို့ပဲ။

မယ်တော်စီလို ယင်မိစ္ဆာကြီး စိုးမိုးထားတဲ့ နေရာဖြစ်တာကြောင့် ပုံမှန်ဆိုရင်လည်း ယင်မိစ္ဆာတွေ အဝင်အထွက်များပြီး စည်ကားလှတယ်။

​ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ ကျန်းကွမ်မြို့ရဲ့ စည်ကားမှုက အရင်ကထက် အဆပေါင်းများစွာ ပိုနေတယ်။

​ရေတွက်လို့မရတဲ့ ယင်မိစ္ဆာတွေဟာ သတင်းကြားလို့ ရောက်လာကြတာ၊ တစ်ချိန်က လက်တစ်ဖဝါးနဲ့ ကောင်းကင်ကို ကာနိုင်ခဲ့ပြီး ပြောစကားဆိုစကား တည်ခဲ့တဲ့ မယ်တော်စီရဲ့ အခုလို သနားစရာကောင်းတဲ့ နိဂုံးကို လာကြည့်ကြတာပဲ။

​မြင့်မားလှတဲ့ မြို့ရိုးပေါ်မှာ၊ အဝတ်အစားမရှိတဲ့ မယ်တော်စီဟာ လှံရှည် တစ်လက်နဲ့ မြို့ရိုးမှာ ရိုက်နှက်ကပ်ထားခြင်း ခံထားရတယ်။

​သူမရဲ့ အောက်တည့်တည့်ကတော့ ကျန်းကွမ်မြို့ရဲ့ ဝင်ပေါက်တံခါးပဲ။

အဝင်အထွက်လုပ်နေတဲ့ ယင်မိစ္ဆာပေါင်းစုံဟာ ခေါင်းမော့ကြည့်လိုက်ရုံနဲ့ မယ်တော်စီရဲ့ အရှက်ရဖွယ် အခြေအနေကို မြင်နိုင်ကြတယ်။

​မယ်တော်စီရဲ့ နှိပ်စက်မှုကို ခံခဲ့ရဖူးတဲ့ ရန်ငြိုးရှိတဲ့ ယင်မိစ္ဆာတွေဆိုရင် မြို့တံခါးဝမှာ ရပ်ပြီး မယ်တော်စီကို လက်ညှိုးထိုးကာ အဆက်မပြတ် ဆဲဆိုနေကြတယ်။

​အမျိုးမျိုးသော နာကျည်းစရာ၊ အရှက်ရစရာ စကားလုံးတွေကြောင့် မယ်တော်စီရဲ့ မျက်နှာဟာ ပိုပြီးတော့ ညိုမှောင်လာပြီး ရေထွက်မတတ် ဖြစ်နေတော့တယ်။

​"ဟေ့ ကြည့်ကြဦး... ဒါက နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြုဖို့ ကြိုးစားနေတဲ့ မယ်တော်စီတဲ့ အရင်ကဆို မင်္ဂလာဝတ်စုံကြီး ဝတ်ပြီး သတို့သား လိုက်ရှာနေတာလေ ဘယ်သူပဲ သူ့ရဲ့ လှည့်ကွက်ထဲ မိမိ အရိုးတောင် မကျန်ဘူး တကယ့်ကို အဆိပ်ပြင်းတဲ့ မိန်းမပဲ သူ ဒီနေ့လို ဖြစ်လာတာကို မြင်ရတော့မှ ကောင်းကင်က မျက်စိရှိတယ် ဆိုတာ တကယ်ပဲ "

​"ငါ့အဖေက အရင်က ယင်မိစ္ဆာကြီးအဆင့်အထိ တက်လှမ်းပြီး နယ်မြေတစ်ခုကို စိုးမိုးနိုင်ဖို့ မျှော်လင့်ချက် ရှိခဲ့တာ ဒီမိန်းမဆိုးရဲ့ မျက်စိကျခြင်း ခံလိုက်ရလို့ ငါ့အဖေရဲ့ ဝိညာဉ် လွင့်စင်သွားရတာ ဒီနေ့ ဒီမိန်းမ ဝဋ်လည်နေတာကို မြင်ရတာ ငရဲမင်းက မျက်စိဖွင့်ကြည့်လိုက်လို့ပဲ"

​"မယ်တော်စီ... ရှင် ကျွန်မကို မှတ်မိသေးလား ရှင့်မှာ မကောင်းမှုတွေ အများကြီး ရှိခဲ့တာ ဒီနေ့ ဒီလို အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား"

​"ပုရွက်ဆိတ်တစ်အုပ်ပဲ"

​မယ်တော်စီက ရုတ်တရက် ထူးဆန်းစွာ ရယ်မောလိုက်တယ်

"မင်းတို့ ပိုးကောင်တွေ ဘာတွေ အော်နေကြတာလဲ ငါ့ရဲ့ ဝိညာဉ်က မပျက်စီးသေးဘူးနော် ငါသာ လွတ်သွားရင် မင်းတို့ အားလုံးရဲ့ ဝိညာဉ်ကို လွင့်စင်အောင်၊ ပြာဖြစ်အောင် မလုပ်ဘူးလို့ မင်းတို့ မကြောက်ကြဘူးလား"

​ဒီစကားတစ်ခွန်းကြောင့် အောက်က ယင်မိစ္ဆာတွေ ချက်ချင်း ပါးစပ်ပိတ်သွားကြတယ်။

ဒါပေမဲ့ ခဏကြာတော့ ယင်မိစ္ဆာတစ်ကောင်က တံတွေးထွေးပြီး ပြောလိုက်တယ်

​"ရူးနေတဲ့ မိန်းမကြီး... အခု ထိုက်ယင်နဂါးမင်းကြီးနဲ့ ပန်ဆန်းအရှင် တို့က ရှင့်ကို နှိမ်နင်းထားတာလေ ရှင် ဘယ်လို လွတ်မှာလဲ အဲဒီနှစ်ယောက်ထဲက ဘယ်သူ့ကိုမှ ရှင် မယှဉ်နိုင်ပါဘူး"

​"တကယ်တော့လည်း မယ်တော်စီရဲ့ ယင်ရုပ်က စက္ကူခန္ဓာကိုယ်ဆိုပေမဲ့ အခုသေချာကြည့်တော့လည်း အသားအရေက နှင်းလိုဖြူပြီး နူးညံ့နေတာပဲ တကယ်လို့ တစ်ခါလောက်သာ ပေါင်းစပ်ခွင့်ရမယ်ဆိုရင် ဘယ်လို အရသာမျိုးလဲ မသိဘူး"

​"ဟေး... မင်းပြောမှ ငါလည်း သတိထားမိတယ် ဒီမိန်းမရူးက တကယ်ပဲ အလှအပလေး ရှိသားပဲ"

​အစကတော့ ယင်မိစ္ဆာတွေက မယ်တော်စီကို နာကျည်းချက်နဲ့ ဆဲဆိုနေကြတာ၊ ဒါပေမဲ့ ယင်မိစ္ဆာတစ်ကောင်ရဲ့ စကားကြောင့် လေလှိုင်းက တစ်မျိုး ပြောင်းသွားတယ်။

​ပြောဆိုပုံတွေက ပြောင်းလဲကုန်တယ်။

​တစ်ဖက်လူကို စော်ကားတဲ့ စကားလုံးတွေက အေးစက်တဲ့ ဓားတွေလို အရိုးထိအောင် နာကျင်စေတယ်၊ မယ်တော်စီရဲ့ မျက်နှာဟာ အစက ညိုမှောင်ခြင်း၊ လျစ်လျူရှုခြင်း၊ အထင်သေးခြင်းကနေ တဖြည်းဖြည်း ဒေါသထွက်ခြင်း၊ ရူးသွပ်ခြင်းဘက်ကို ကူးပြောင်းလာတယ်။

​သူမက အရှက်တရားဆိုတာ ဘာလဲဆိုတာကို မေ့နေတာ ကြာပါပြီ။

သေပြီး ယင်လောကထဲ ရောက်ကာ ယင်မိစ္ဆာ ဖြစ်လာကတည်းက လူသားတစ်ယောက်ရဲ့ သဘာဝကို စွန့်လွှတ်ခဲ့ပြီးပြီ စိတ်ထဲမှာ စွဲလမ်းမှု တစ်ခုတည်းကိုပဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့တာ။

​ဒါကြောင့်လည်း သူမဟာ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ ယင်လောကအကြီးမှာ တစ်လှမ်းချင်း တက်လာပြီး နယ်မြေတစ်ခုကို စိုးမိုးတဲ့ ယင်မိစ္ဆာကြီး ဖြစ်လာခဲ့တာပေါ့။

​ဒါပေမဲ့ အခုတော့ သူမက ပုရွက်ဆိတ်တွေလို့ သဘောထားခဲ့တဲ့သူတွေရဲ့ စော်ကားတဲ့ စကားလုံးတွေက သူမရဲ့ စိတ်ထဲက အရင်ဆုံးမဖြစ်ချင်ဆုံး အပိုင်းကို ထိခိုက်စေခဲ့ပြီ။

​"မင်းတို့ သေရမယ် မင်းတို့ အားလုံး သေရမယ်"

​မယ်တော်စီရဲ့ လည်ချောင်းထဲကနေ ဟိန်းဟောက်သံ ထွက်လာပြီး ဖြူလွှလွှ အသားအရေပေါ်မှာ ရဲရဲနီတဲ့ သွေးတွေ စီးထွက်လာကာ မင်္ဂလာဝတ်စုံတစ်ခုအဖြစ် စုစည်းဖို့ ကြိုးစားနေတယ်။

​ဒါပေမဲ့ အဲဒီသွေးတွေ ပေါ်လာတာနဲ့တစ်ပြိုင်နက် လှံရှည်ပေါ်က ယင်အငွေ့အသက်တွေက ရိုက်ခွဲပစ်လိုက်တယ်။

​ဒီလိုပဲ ထပ်ခါတလဲလဲ ဖြစ်နေပြီး မယ်တော်စီရဲ့ ဒေါသတကြီး ဟိန်းဟောက်သံတွေထဲမှာ သတိမထားမိနိုင်လောက်တဲ့ ငိုသံစလေး တစ်ခု ပါဝင်လာတော့တယ်။

​အဝေးတစ်နေရာမှာတော့ ပန်ဆန်းအရှင်က လက်မှိုင်ချ ရပ်နေပြီး ဒီမြင်ကွင်းကို ဘာခံစားချက်မှမရှိဘဲ ကြည့်နေတယ်။

​ခဏအကြာမှာ သူက ရုတ်တရက် စကားပြောလိုက်တယ်

"သခင်... ကျွန်တော်ကြည့်ရသလောက်တော့ သူက အဲဒီနှစ်ယောက် ဘယ်မှာရှိလဲဆိုတာ တကယ်မသိတာ ဖြစ်နိုင်ပါတယ်"

​"ဘာလဲ မင်း သူ့ကို သနားနေတာလား"

​အနက်ရောင် ဝတ်စုံနဲ့ လူငယ်တစ်ယောက်က ပန်ဆန်းအရှင်ရဲ့ ဘေးကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး မြို့ရိုးပေါ်မှာ ရူးသွပ်နေတဲ့ မယ်တော်စီကို ကြည့်ကာ နှုတ်ခမ်းတွန့်ပြီး လှောင်ပြုံး ပြုံးလိုက်တယ်။

​ပန်ဆန်းအရှင်က ခေါင်းယမ်းလိုက်တယ်

"သနားတာ မဟုတ်ပါဘူး ဒါပေမဲ့ ဒီလို နည်းလမ်းမျိုးက ကျွန်တော့်ရဲ့ ဆန္ဒမဟုတ်လို့ပါ"

​"မင်း မှတ်ထားပါ မင်းက နဂါးကျွန် တစ်ယောက်ပဲ တကယ်လို့ မင်းက နဂါးကျွန် မဟုတ်ရင် ယင်လောကအကြီးမှာ အခုလို အဆင့်အထိ ရောက်လာဖို့ ဘာအရည်အချင်း ရှိလို့လဲ"

​"နဂါးကျွန် မဖြစ်ခင်က မင်းက ဘာမှအသုံးမကျတဲ့ သာမန်လူသားတစ်ယောက်ပဲ မင်း ဒီနေ့လို ဖြစ်လာတာ ငါ့ကြောင့်ဆိုတာ မင်းသိလား "

​အနက်ရောင် ဝတ်စုံနဲ့ လူငယ်က ဖြဲပြုံး ပြုံးလိုက်တယ်

"ငါ့ရဲ့ ထိုက်ယင်နဂါးမင်းကြီး လက်အောက်မှာ နဂါးကျွန်က မင်းတစ်ယောက်တည်း မဟုတ်ဘူးတကယ်လို့ ငါ့လက်အောက်မှာ ဆက်မလုပ်ချင်ဘူးဆိုရင် ပြောလိုက်ပါ ငါ တခြားလူ ရှာလိုက်လို့ ရတယ်"

​ပန်ဆန်းအရှင်ရဲ့ မျက်နှာ ပျက်သွားပြီး အနည်းငယ် ကိုင်းညွှတ်ကာ

"သခင်... ဒေါသ မထွက်ပါနဲ့"

​ထိုက်ယင်နဂါးမင်းကြီးက နှုတ်ခမ်းတွန့်လိုက်တယ်

"ဒေါသ မထွက်နဲ့ ဟုတ်လား အဲဒီလူနှစ်ယောက်ကို ငါ့ဆီ ခေါ်လာပေးနိုင်ရင် ငါ့ဒေါသ ပြေမှာပါ"

​"ငရဲမင်းအမွေအနှစ်လေ... ငါ့ရဲ့ မျက်စိအောက်မှာတင် တစ်ယောက်ယောက်က ငရဲမင်းအမွေအနှစ်ကို လာလုသွားတယ်ဆိုတာကို တွေးကြည့်လိုက်ရင် ငါ ဘယ်လောက် စိတ်နာလဲဆိုတာ မင်းသိလား "

​ပန်ဆန်းအရှင်က ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောရဲဘူး။

​ထိုက်ယင်နဂါးမင်းကြီးက ဆက်ပြီး ကြိမ်းမောင်းဖို့ ပြင်လိုက်စဉ်မှာပဲ၊ အဝေးက ဆဲဆိုသံတွေ တဖြည်းဖြည်း တိတ်သွားတာကို သတိထားမိလို့ မျက်မှောင်ကြုတ် ကြည့်လိုက်တယ်။

​အပြင်းထန်ဆုံး ဆဲနေတဲ့ ယင်မိစ္ဆာအချို့ဟာ ဘယ်အချိန်ကတည်းကလဲ မသိဘူး၊ တစ်စစီ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီ။

​ရှင်းရှန်း ဖြတ်သွားတဲ့ နေရာတိုင်းမှာ ယင်မိစ္ဆာတွေရဲ့ ဝိညာဉ်တွေပဲ ကျန်ရစ်ခဲ့တယ်။

​"မင်းက ဘယ်သူလဲ ဘာလို့ ငါတို့ကို အကြောင်းပြချက်မရှိ တိုက်ခိုက်တာလဲ"

​တစ်ယောက်က မခံမရပ်နိုင်ဘဲ အော်ဟစ်ဆဲဆိုပေမဲ့၊ ခန္ဓာကိုယ်ကတော့ ရိုးရိုးသားသားပဲ နောက်ဆုတ်သွားပြီး ရှင်းရှန်းကို ကြောက်ကြောက်လန့်လန့်နဲ့ စိုက်ကြည့်နေတယ်။

​မယ်တော်စီရဲ့ ရူးသွပ်နေတဲ့ မျက်နှာဟာ ရှင်းရှန်းကို မြင်လိုက်ရတဲ့အခါ ခဏလောက် မှင်တက်သွားပြီး နောက်တော့ သူမရဲ့ အမူအရာက အင်မတန် ရှုပ်ထွေးသွားတယ်

​"မင်း သေရမယ် မင်း ဒီကို မလာသင့်ဘူး ထွက်သွားစမ်း"

​"ငါ ပြောသားပဲ... ဒီနည်းလမ်းက အလုပ်ဖြစ်မှာပါလို့ ပန်ဆန်း... နောက်ဆိုရင် ငါ့စကားကို မလွန်ဆန်နဲ့တော့"

​ထိုက်ယင်နဂါးမင်းကြီးက ထူးဆန်းစွာ ရယ်မောလိုက်ပြီး ပန်ဆန်းအရှင်ကို တစ်ချက်ကြည့်လိုက်တယ်။

​ပန်ဆန်းအရှင်ကတော့ မျက်နှာပျက်နေတယ်၊ တကယ်ပဲ ဒီယင်စစ်သည်ကို မျှားခေါ်နိုင်ခဲ့တာလား

​ထိုက်ယင်နဂါးမင်းကြီးက အောင်နိုင်သူရဲ့ ရယ်မောသံကို လွှတ်လိုက်ပြီး အရိုးနဂါးအသွင် ပြောင်းကာ ကြီးမားလှတဲ့ တိမ်တိုက်မည်းကြီးတွေနဲ့အတူ ကျန်းကွမ်မြို့ရဲ့ အထက်ကို ချက်ချင်း ရောက်လာတယ်။

စိမ်းဖန့်ဖန့် မျက်လုံးကြီးတွေနဲ့ ရှင်းရှန်းကို စိုက်ကြည့်ကာ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ၊ ရှင်းရှန်းက မယ်တော်စီကို ကြည့်ပြီး ပြုံးလိုက်တာကို ကြားလိုက်ရတယ်

​"မယ်တော်စီ... ဒုက္ခရောက်နေပြီပဲ ကျွန်တော် ငရဲမင်း၏ အမိန့်တော်အရ မယ်တော်စီကို ကယ်ထုတ်ဖို့ လာခဲ့တာပါ"

​ငရဲမင်း၏ အမိန့်တော်အရ

​ထိုက်ယင်နဂါးမင်းကြီးရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့တယ်။

​မယ်တော်စီလည်း အံ့သြမှင်တက်သွားတဲ့ အမူအရာ ပေါ်လာတယ်။

​ငရဲမင်း

​ကိစ္စတွေက... အောင်မြင်သွားပြီလား

All Chapters