အခန်း (၈၃၅-၈၃၆)
Vol. 84 Ch. 835-836
အခန်း (၈၃၅) စိတ်ရောက်ရာ အရပ်သည် ငရဲဘုံဖြစ်၏
"ရှင် ဘာပြောလိုက်တာလဲ ရှင် ကိုယ့်ကိုယ်ကိုယ် ဘာပြောနေမှန်း သိရဲ့လား "
မယ်တော်စီက ရှင်းရှန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေတယ်။
"မယ်တော်စီ... ကျွန်တော် ငရဲမင်းရဲ့ အမိန့်တော်အရ မယ်တော်စီကို ကယ်ထုတ်ဖို့ လာခဲ့တာပါ"
ရှင်းရှန်းက တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
မယ်တော်စီက ရုတ်တရက် သာသာလေး ရယ်မောလိုက်တယ်၊ သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်စတွေ ဝဲနေသလိုပဲ
"ကျွန်မကို လိမ်မနေပါနဲ့တော့ သူ တကယ်ပဲ ငရဲမင်း ဖြစ်လာခဲ့ရင်တောင် ရှင်တစ်ယောက်တည်းကိုပဲ ကျွန်မဆီ လွှတ်မှာ မဟုတ်ဘူး ရှင်တို့ ရှုံးနိမ့်သွားပြီလား ဟားဟား... ရှုံးသွားပြီပေါ့လေ..."
သူမက ခေါင်းကို ဖြည်းဖြည်းချင်း ငိုက်စိုက်ချလိုက်ပြီး တိုးတိုးလေး ရေရွတ်နေတယ် ဒါပေမဲ့ ဘာပြောနေလဲဆိုတာ ဘယ်သူမှ သေချာမကြားရဘူး။
"မယ်တော်စီ... ကျုပ် ဘယ်လိုလုပ် တစ်ယောက်တည်း လာရဲပါ့မလဲ ငရဲမင်းက လူ့လောကကို ပြန်သွားပြီ ကျန်တဲ့ကိစ္စတွေကိုတော့ စီနီယာရှီလုံ ကိုပဲ လွှဲပေးခဲ့ပါတယ်"
ရှင်းရှန်းက ပြုံးပြီး ပြောတယ်
"စီနီယာရှီလုံက ငရဲမင်းကိုယ်တိုင် အမိန့်ပြန်တမ်း ထုတ်ပေးထားတဲ့ နေ့ခင်းကင်းလှည့်စစ်သည် တစ်ယောက်ပါ သူ့ရဲ့ အစွမ်းက ထိုက်ယင်နဂါးမင်းကြီးနဲ့ ပန်ဆန်းအရှင် တို့ထက် မနိမ့်ပါဘူး"
သူက ကောင်းကင်ယံမှာ ရှိနေတဲ့ ထိုက်ယင်နဂါးမင်းကြီးဘက်ကို လှည့်ကြည့်လိုက်တယ် သူ့မျက်လုံးထဲမှာတော့ လှောင်ပြောင်မှုတွေ အပြည့်ပဲ။
ဒီလို တောင်ပေါ်ဓားပြတွေလို အဆင့်မျိုးကို သူအရင်ကလည်း အထင်မကြီးခဲ့ဘူး၊ အခုလည်း အထင်မကြီးဘူး။
မယ်တော်စီ မှင်တက်သွားတယ် ခေါင်းပြန်မော့ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်လုံးထဲမှာ ဝေဝါးမှုနဲ့ ဇဝေဇဝါ ဖြစ်မှုတွေ ရှိနေတယ်၊ ကိစ္စတွေက တကယ်ပဲ အောင်မြင်သွားတာလား
ဒါပေမဲ့ အဲဒီလူက ငရဲမင်း ဖြစ်လာခဲ့ရင်တောင် သူ့ရဲ့ အစွမ်းနဲ့... ဘယ်လိုလုပ် နေ့ခင်းကင်းလှည့်စစ်သည် တစ်ယောက်ကို အမိန့်ပြန်တမ်း ထုတ်ပေးနိုင်မှာလဲ
ရှင်းရှန်းရဲ့ ဒီစကားတစ်ခွန်းက မယ်တော်စီကို တွေးတောသွားစေရုံတင်မကဘဲ ပတ်ဝန်းကျင်က ရေတွက်လို့မရတဲ့ ယင်မိစ္ဆာတွေကိုပါ တုန်လှုပ်ခြောက်ခြား သွားစေတယ်။
ငရဲမင်း နေ့ခင်းကင်းလှည့်စစ်သည်
ယင်မိစ္ဆာအုပ်ကြီးဟာ မယုံနိုင်သလို ဖြစ်နေကြပြီး မသိစိတ်က ထိုက်ယင်နဂါးမင်းကြီးဘက်ကို လှည့်ကြည့်လိုက်ကြတယ် ဒါတွေအားလုံးက အလိမ်အညာတွေပဲ ဖြစ်ပါစေလို့ ဆုတောင်းနေကြတာ။
ငရဲမင်း ကွယ်လွန်သွားတာ ကြာလှပြီ၊ သူ့လက်အောက်က ဝိညာဉ်နတ်ဘုရားတွေလည်း တစ်ပါးပြီးတစ်ပါး လွင့်စင်ကုန်ပြီ၊ ဘယ်အချိန်က ငရဲမင်းအသစ် ပေါ်လာပြန်တာလဲ
ဘယ်အချိန်က နေ့ခင်းကင်းလှည့်စစ်သည် အသစ်တစ်ပါး ရှိလာတာလဲ
သက်တမ်းရင့်တဲ့ ယင်မိစ္ဆာအချို့ဆိုရင် အရင်တုန်းက စည်းမျဉ်းစည်းကမ်းတွေအောက်မှာ နေခဲ့ရတဲ့ နေ့ရက်တွေကို ပြန်သတိရသွားပြီး တစ်ကိုယ်လုံး တုန်တက်သွားတော့တယ်။
ထိုက်ယင်နဂါးမင်းကြီးက ရှင်းရှန်းဆိုတဲ့ ပုရွက်ဆိတ်လေးကို စိုက်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်တယ်
"ယင်စစ်သည်လေး... မင်း သရုပ်ဆောင်တာ တော်တော်ပီပြင်တာပဲ ငါတောင် မင်းရဲ့ လှည့်ကွက်ထဲ မိတော့မလို့ ဘာနေ့ခင်းကင်းလှည့်စစ်သည်လဲဘာငရဲမင်းလဲ... မင်း ဒါတွေ အားလုံး လုပ်နေတာ ငါ့လက်ထဲကနေ မယ်တော်စီကို ကယ်ချင်လို့ မဟုတ်လား"
"ကောင်းပြီလေ... မင်းရဲ့ သစ္စာရှိမှုကို ငါလေးစားတဲ့အနေနဲ့ ဒီနေ့တော့ မင်းကို မျက်နှာသာ ပေးလိုက်မယ် ပန်ဆန်း... လူလွှတ်ပေးလိုက်"
အားလုံး မှင်တက်သွားကြတယ်။
ပန်ဆန်းအရှင်လည်း ခဏလောက် ကြောင်သွားပြီးမှ လက်ကို ဝှေ့ယမ်းလိုက်ရာ မယ်တော်စီကို စိုက်ထားတဲ့ လှံရှည် က သူ့လက်ထဲကို ပြန်ရောက်သွားတယ်။
"သွားစို့"
ထိုက်ယင်နဂါးမင်းကြီးက တိမ်တိုက်မည်းကြီးတွေအသွင် ပြောင်းပြီး ကောင်းကင်အစွန်းကို ပျောက်ကွယ်သွားတော့တယ် သူဟာ စကားတစ်ခွန်းမှ ပိုမပြောဘဲ အင်မတန် ပြတ်ပြတ်သားသား ထွက်သွားတာပဲ။
ပန်ဆန်းအရှင်ကလည်း ဒါကိုမြင်တော့ ချက်ချင်းပဲ သူ့နောက်က လိုက်သွားတယ်။
ခဏလေးအတွင်းမှာပဲ မြို့ရိုးပေါ်မှာ အရှက်တကွဲ အနှိပ်စက်ခံနေရတဲ့ မယ်တော်စီဟာ လွတ်မြောက်သွားပြီ။
မာန်တက်နေတဲ့ ထိုက်ယင်နဂါးမင်းကြီးက သူ့လက်အောက်က ပန်ဆန်းအရှင်ကို ခေါ်ပြီး ကျန်းကွမ်မြို့ကနေ အမြန်ဆုံး ထွက်ခွာသွားတာပဲ။
ဉာဏ်မထုံတဲ့ ယင်မိစ္ဆာတွေတောင်မှ တစ်ခုခုကို ရိပ်မိလိုက်ကြပြီ၊ သူတို့ကိုယ်ပေါ်က ယင်အငွေ့အသက်တွေဟာ မသိစိတ်ကနေ တုန်ရီလာကြတယ်။
ရှီလုံက လူအုပ်ထဲကနေ ရှင်းရှန်းရဲ့ ဘေးကို လမ်းလျှောက်လာပြီး ထိုက်ယင်နဂါးမင်းကြီး ထွက်သွားတဲ့ ဘက်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်တယ်
"ဒီမြွေကလေးကတော့ အခြေအနေကို ကြည့်တတ်သားပဲ သူသာ ထွက်မသွားရင် သူတို့ နှစ်ယောက်လုံးကို ဒီမှာ တင်ထားခဲ့ဖို့အတွက် ဒီအဘိုးကြီးလည်း ဒဏ်ရာနည်းနည်းတော့ ရနိုင်တယ် အခုလို ထွက်သွားတာကတော့ အကောင်းဆုံးပဲ"
"သူ... သူက ငရဲမင်း အသစ်ခန့်အပ်လိုက်တဲ့ နေ့ခင်းကင်းလှည့်စစ်သည် လား "
သူတို့နှစ်ယောက်ရဲ့ နောက်ကနေ မယ်တော်စီရဲ့ အသံ ထွက်လာတယ်။
သူတို့နှစ်ယောက် လှည့်ကြည့်လိုက်တဲ့အခါ မယ်တော်စီက အနီရောင် မင်္ဂလာဝတ်စုံကို ပြန်ဝတ်ထားပြီး ရှီလုံကို သံသယစိတ်နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
"မိန်းကလေး... စိတ်ထဲမှာ စွဲလမ်းမှုတွေ များလွန်းတာ မကောင်းဘူး မင်းရဲ့ ကျင့်ကြံမှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်"
ရှီလုံက ခပ်အေးအေး ပြောလိုက်တယ်။
"ရှင် တကယ်ပဲ နေ့ခင်းကင်းလှည့်စစ်သည် လား"
မယ်တော်စီက ရှေ့ကို တစ်လှမ်းတိုးပြီး ရှီလုံကို စိုက်ကြည့်တယ်။
ရှီလုံက ဒါကို မြင်တော့ သူ့မျက်ခုံးကြားက နေမင်းတံဆိပ်ကို ခဏလောက် ပေါ်အောင် လုပ်လိုက်တယ်။
ဒါကို မြင်လိုက်ရတဲ့အခါ မယ်တော်စီက စိတ်လှုပ်ရှားစွာနဲ့ ရှင်းရှန်းကို လှည့်ကြည့်လိုက်တယ်
"ငရဲမင်းအရှင်ကော"
"ငရဲမင်းအရှင်က တကယ်ပဲ လူ့လောကကို ပြန်သွားပါပြီ သူ့ရဲ့ အခု ကျင့်ကြံမှုနဲ့ ယင်လောကအကြီးမှာ နေဖို့က မလုံခြုံသေးဘူးလေ"
ရှင်းရှန်းက ပြုံးပြီး ပြောလိုက်တယ်။
မယ်တော်စီ မှင်တက်သွားတယ်
"ဒါဆို သူ ဘယ်တော့မှ ယင်လောကကို ပြန်လာမှာလဲ ကျွန်မကော ဘယ်တော့မှ အမိန့်ပြန်တမ်း ရမှာလဲ"
"ဒါကတော့... ကျုပ်လည်း သေချာမသိဘူး ဒါပေမဲ့ မယ်တော်စီ စိတ်ချပါ ဒီတစ်ခေါက် ငရဲမင်းအရှင် အမွေအနှစ် ဆက်ခံနိုင်တာမှာ မယ်တော်စီရဲ့ အားစိုက်မူ့ က အကြီးမားဆုံးပဲ ဒါကြောင့်လည်း ငရဲမင်းက စိတ်ထဲမှာ အမြဲမှတ်ထားပြီး ကျုပ်တို့ကို လာကယ်ခိုင်းတာပေါ့"
ရှင်းရှန်းက နှစ်သိမ့်လိုက်တယ်။
မယ်တော်စီရဲ့ မျက်နှာက အနည်းငယ် ပျက်သွားပြီး အပြုံးကလည်း အနည်းငယ် တောင့်တင်းသွားတယ်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမက အတင်းပြုံးကာ
"ကိစ္စမရှိပါဘူး ကျွန်မ နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီးပြီပဲ နောက်ထပ် နှစ်အနည်းငယ် ထပ်စောင့်ရလည်း ဘာဖြစ်လဲ ငရဲမင်းအရှင် နောက်တစ်ခေါက် ယင်လောကကို ဆင်းလာရင် ကျွန်မကို အကြောင်းကြားပေးဖို့ပဲ မျှော်လင့်ပါတယ် ကျွန်မကိုယ်တိုင် ငရဲမင်းကို တွေ့ချင်လို့ပါ"
"ဒါကတော့ လုပ်ပေးရမှာပေါ့"
ရှင်းရှန်းက ခေါင်းညိတ်လိုက်တယ်။
မယ်တော်စီက စိတ်ပြန်တည်ငြိမ်သွားပုံရပြီး မျက်နှာမှာ တောက်ပတဲ့ အပြုံးလေး ပြန်ပေါ်လာတယ်။
ပြီးတော့ ခုနကတင် သူမကို စော်ကားနေကြတဲ့ ယင်မိစ္ဆာအုပ်ကြီးဘက်ကို လှည့်ကြည့်ပြီး ချိုချိုသာသာနဲ့ မေးလိုက်တယ်
"ပိုးကောင်လေးတို့ရေ... မင်းတို့ အဆင်သင့် ဖြစ်ကြပြီလား"
ရေတွက်လို့မရတဲ့ ယင်မိစ္ဆာတွေရဲ့ မျက်နှာဟာ ဖြူလျော့သွားပြီး တချို့က ကြောက်လွန်းလို့ မြေကြီးပေါ် ဒူးထောက်ကျကာ တုန်ရီနေကြတယ် တချို့ကတော့ လွတ်လမ်းရှာပြီး နောက်ဆုတ်ဖို့ ကြိုးစားနေကြတယ်။
"ကြည့်ရတာ... မင်းတို့ အဆင်သင့် ဖြစ်နေပြီပဲ"
မယ်တော်စီက သာသာလေး ရယ်မောလိုက်ပြီး သူမရဲ့ မင်္ဂလာဝတ်စုံထဲကနေ အနီရောင် ပိုးကြိုးမျှင်ပေါင်းများစွာ ထွက်လာကာ ယင်မိစ္ဆာတွေရဲ့ ရင်ဘတ်ကို တစ်ယောက်ပြီးတစ်ယောက် ဖောက်ထွင်းပြီး ကောင်းကင်ယံမှာ ချိတ်ဆွဲလိုက်တော့တယ်။
အဲဒီယင်မိစ္ဆာတွေက ဘယ်လောက်ပဲ နာကျင်စွာ အသနားခံပါစေ၊ မယ်တော်စီကတော့ ဂရုမစိုက်ဘူး။
ပိုးကြိုးမျှင်တွေကို တစ်ချက်လေး ခါလိုက်တာနဲ့ ယင်မိစ္ဆာတွေဟာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရပြီး ယင်အငွေ့အသက်တွေအဖြစ် လွင့်စင်ပျောက်ကွယ် သွားကြတော့တယ်။
ခဏလေးအတွင်းမှာတင် ယင်မိစ္ဆာ ထောင်ပေါင်းများစွာဟာ မယ်တော်စီရဲ့ လက်ချက်နဲ့ သေဆုံးကုန်တယ်။
ကျန်တဲ့ ယင်မိစ္ဆာတွေကလည်း ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကို အနီရောင် မင်္ဂလာဝတ်စုံရဲ့ အငွေ့အသက်တွေက ဖုံးလွှမ်းထားတာကြောင့် ဘယ်ကိုပြေးပြေး မယ်တော်စီရဲ့ လက်ခုပ်ထဲကနေ မလွတ်နိုင်ကြဘူး။
"စီနီယာရှီလုံ... မယ်တော်စီက တစ်မြို့လုံးကို သတ်ဖြတ်တော့မယ့်ပုံပဲ..."
ရှင်းရှန်းက ရှီလုံကို ကြည့်ပြီး အမူအရာက ထူးဆန်းနေတယ်။
အရင် ငရဲမင်း အုပ်ချုပ်စဉ်တုန်းကတော့ ဒီလို တစ်မြို့လုံးကို သတ်ဖြတ်တာမျိုးက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။
ဘယ်ယင်မိစ္ဆာကြီးပဲဖြစ်ဖြစ် ဒီလိုလုပ်ရင် အပြစ်ပေးခံရမှာ သေချာတယ်။
"သူ့ဘာသာ လုပ်ပါစေ မင်းသာ မိန်းမတွေကို နားလည်ရင် သိလိမ့်မယ် အခုအချိန်မှာ သူ့ကို သွားတားရင် မင်းကို တစ်သက်လုံး ရန်ငြိုးဖွဲ့ထားလိမ့်မယ် မင်းလည်း တစ်နေ့ကျရင် နောက်ကျောကနေ ဓားနဲ့ အထိုးခံရတာမျိုး မဖြစ်ချင်ဘူး မဟုတ်လား"
ရှီလုံက ရှင်းရှန်းကို တစ်ချက်ကြည့်ပြီး ခပ်အေးအေး ပြောလိုက်တယ်။
ရှင်းရှန်းက ခဏလောက် မှင်တက်သွားပြီး ခါးသက်သက် ပြုံးကာ ခေါင်းညိတ်လိုက်တယ်
"စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ဒါတွေက လူ့လောကရဲ့ အတွေ့အကြုံတွေပဲလေ မင်း လူ့လောကမှာ အကြာကြီး နေခဲ့တာတောင် ဒါလေးကို မသင်ယူခဲ့ဘူးလား အင်း... ကြည့်ရတာ ယင်စစ်သည်ရဲ့ ခန္ဓာကိုယ်က မင်းကို ကန့်သတ်ထားလို့ ထင်တယ် သေချာ ကျင့်ကြံပါ မင်း ဝိညာဉ်နတ်ဘုရား ဖြစ်လာတဲ့အခါ ဒီနေရာ (ဦးနှောက်) က ပိုပြီး အလုပ်လုပ်လာလိမ့်မယ်"
ရှီလုံက ရှင်းရှန်းရဲ့ ခေါင်းကို သာသာလေး ပုတ်လိုက်တယ်။
ရှင်းရှန်းက ဘာမှ ထပ်မပြောတော့ဘူး။
သူ့ရှေ့က ပုဂ္ဂိုလ်ရဲ့ ရာထူးက သူ့ထက် မြင့်တာကြောင့် ဘာပြောပြော မှန်နေတာပဲလေ။
သူ့စိတ်ထဲမှာတော့ ငရဲမင်း ပေးထားတဲ့ တာဝန်အသစ်ဖြစ်တဲ့ ယင်ငွေ (ယင်သက်တမ်း) ရှာဖို့အတွက် သေချာ စီစဉ်ရမယ်လို့ တွေးနေမိတယ်။
...
...
ဖန့်ချန်က တံတားလေးတစ်ခုပေါ်မှာ လမ်းလျှောက်နေရင်း ခြေလှမ်းအနည်းငယ်အတွင်းမှာတင် တစ်ဖက်ကမ်းကို ရောက်သွားတယ်။
ဒီနေရာကတော့ ယူဟန့်မြို့ ပဲ။
ဒါပေမဲ့ သူ့ခြေထောက်အောက်က တံတားကတော့ အရင်တုန်းက ကျောင်းအုပ်ဟောင်းနဲ့ လမ်းလျှောက်ခဲ့တဲ့ တံတား မဟုတ်ဘူး။
ငရဲမင်းအမိန့်ပြားကို ပိုင်ဆိုင်ထားတဲ့အတွက် နောက်ဆိုရင် သူသွားတဲ့ နေရာတိုင်းမှာ တံတားတွေ ရှိနေမှာပဲ။
စိတ်ရောက်ရာ အရပ်သည် ငရဲဘုံဖြစ်၏။
"ဖန့်မိတ်ဆွေ မင်း ဘယ်တုန်းက မြို့ထဲက ထွက်သွားတာလဲ မင်း ပြန်သွားပြီးမှ ပြန်လာတာလား ငါ မင်းကို ပြောဖို့ မေ့နေတာ လူသားတွေ ယင်လောကကို ဆင်းလာရင် အကြာကြီး နေလို့ မရဘူး ဆယ်ရက်ထက် ကျော်သွားရင် ပြန်လို့ မရတော့ဘူးနော်"
မြို့စောင့်ရဲမက် ကျောင်းအုပ်ဟောင်း က ဖန့်ချန်ကို မြင်လိုက်တဲ့အခါ အစပိုင်းမှာတော့ အံ့သြသွားပြီး နောက်တော့ ဖန့်ချန်က လူ့လောကကို တစ်ခေါက် ပြန်သွားတယ်လို့ ထင်လိုက်တယ်။
ဘေးက တခြား မြို့စောင့်ရဲမက်တစ်ယောက်က တိုးတိုးလေး သတိပေးလိုက်တယ်
"ရှောင်ကျန်း... မာမိတ်ဆွေကလည်း အခု မြို့ထဲမှာ ရှိနေတယ်နော်..."
"ဪ..."
ကျောင်းအုပ်ဟောင်းက ချက်ချင်း သတိဝင်လာပြီး နောက်ကို သုံးလှမ်းလောက် ဆုတ်လိုက်ကာ ဖန့်ချန်ကို အားနာသလို ပြုံးပြတယ်
"ဖန့်မိတ်ဆွေ ငါတို့လည်း သိပ်ပြီး ရင်းနှီးတာ မဟုတ်ပါဘူး မင်းကိစ္စ မင်းပဲ သွားလုပ်ပါတော့"
ပြောပြီးတာနဲ့ သူက ဖန့်ချန်ကို ဂရုမစိုက်တော့ဘဲ ဘေးက မြို့စောင့်ရဲမက်နဲ့ တိုးတိုးတိုးတိုး စကားပြောနေတော့တယ်။
ဖန့်ချန်က ပြုံးလိုက်ပြီး ယူဟန့်မြို့ထဲကို ဝင်လာခဲ့တယ်။
အရင်က သူနေခဲ့တဲ့ ယင်အိမ် ကို မရောက်ခင်မှာတင် လမ်းတစ်လျှောက်မှာ ယင်လောကဆင်းသူ အတော်များများက သူ့ကို တိတ်တဆိတ် စိုက်ကြည့်ပြီး တစ်ခုခုကို တိုင်ပင်နေကြတာကို တွေ့လိုက်ရတယ်။
ယင်အိမ် တံခါးရှေ့ကို ရောက်တဲ့အခါမှာတော့ မာမင်လုံ က ယင်လောကဆင်းသူ ဆယ်ဂဏန်းလောက်ကို ခေါ်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ အိမ်ရှေ့မှာ ရပ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စက် မျက်လုံးတွေနဲ့ စစ်ဆေးသလို ကြည့်နေတော့တယ်။
အဲဒီအချိန်မှာပဲ ယင်အိမ်ရဲ့ တံခါးကြီး ပွင့်လာပြီး အဖြူအမည်း စက္ကူရုပ် နှစ်ရုပ်က တံခါးဝမှာ ရပ်ကာ အပြင်က အခြေအနေကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေကြတယ်။
အခန်း (၈၃၆) ဒီတစ်ခေါက်တော့ မင်း လူ့လောကကို ပြန်ဖို့ ခက်သွားပြီ
"ဖန့်မိတ်ဆွေ... ပြီးခဲ့တဲ့တစ်ခေါက် လမ်းခွဲပြီးကတည်းက လပေါင်းများစွာ ကြာသွားပြီပဲ အဲဒီကြားထဲမှာ ငါ ယူဟန့်မြို့ကို အကြိမ်ကြိမ် လာခဲ့ပေမဲ့ မင်းကို တစ်ခါမှ မတွေ့ခဲ့ရဘူး မင်း... ကြောက်နေတာလား "
မာမင်လုံက ဖန့်ချန်ကို မဲ့ပြုံး ပြုံးကြည့်နေတယ်။
သူနဲ့အတူပါလာတဲ့ ယင်လောကဆင်းသူတွေကလည်း တစ်ယောက်ချင်းစီ ပြုံးနေကြပေမဲ့ အဲဒီအပြုံးတွေထဲမှာတော့ လှောင်ပြောင်မှုတွေ၊ အထင်အမြင်သေးမှုတွေနဲ့ သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းသာနေတဲ့ အရိပ်အယောင်တွေ ပါနေတယ်။
"မာမိတ်ဆွေက ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
ဖန့်ချန်က ခပ်အေးအေးပဲ ပြန်မေးလိုက်တယ်။
"မင်းက အူကြောင်ကြောင် လုပ်နေတာလား မင်း ပထမဆုံးအကြိမ် ယင်လောကဆင်းတာကို ထောက်ထားပြီး ငါတို့ ယင်လောကဆင်းသူတွေရဲ့ စည်းမျဉ်းကို ဖောက်ဖျက်တာတောင် ငါ မင်းကို ပြဿနာမရှာဘဲ လမ်းညွှန်ချက်တချို့ ပေးခဲ့သေးတယ်"
"မထင်မှတ်ထားတာက မင်းက ငါ့ရဲ့ ကျေးဇူးကို မသိတဲ့အပြင် ငါ့ရဲ့ ညီအငယ်ဖြစ်တဲ့ ကျောက်ညီအစ်ကိုကိုပါ သတ်ပစ်လိုက်ပြီး ဝမ်ဖန့်ရဲ့ အလုပ်ကိုပါ ကြားဖြတ်ယူခဲ့တယ်"
မာမင်လုံက သက်ပြင်းတစ်ချက်ကို သာသာလေး ချလိုက်တယ်
"မင်း အခုလိုလုပ်တာက ငါ့ကိုတင် စော်ကားတာမဟုတ်ဘူး၊ ယူဟန့်မြို့ထဲမှာရှိတဲ့ ယင်လောကဆင်းသူ အားလုံးကိုပါ စော်ကားလိုက်တာပဲ"
"မာမိတ်ဆွေက ယူဟန့်မြို့ထဲက ယင်လောကဆင်းသူ အားလုံးကို ကိုယ်စားပြုနိုင်လို့လား"
ဖန့်ချန်က အံ့သြသလို မေးလိုက်တယ်။
"သေချာပေါက် ကိုယ်စားပြုနိုင်တာပေါ့"
"ငါတို့ ယင်လောကဆင်းသူတွေမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ် မင်း စည်းမျဉ်းဖောက်ရင် အပြစ်ပေးတာကို ခံယူရမယ်"
"စည်းမျဉ်းမရှိရင် ဘာမှ ဖြစ်မလာနိုင်ဘူး ဒါကို လူ့လောကလို့ မထင်နဲ့ဦး"
ထောက်ခံသံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ယင်လောကဆင်းသူ အများအပြားဟာ အရပ်မျက်နှာအနှံ့မှာ ပေါ်လာကြပြီ။
သူတို့ ပေါ်လာတာကြောင့် ပတ်ဝန်းကျင်က လွင့်စင်နေတဲ့ ဝိညာဉ် တွေဟာ ကင်းမြီးကောက်နဲ့ မြွေကို တွေ့သလိုမျိုး အဝေးကို ပြေးကြပြီး အဝေးကနေပဲ တိတ်တဆိတ် စောင့်ကြည့်နေကြတယ်။
ဝမ်ဖန့်နဲ့ အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးတို့ဟာ ဖန့်ချန် ယူဟန့်မြို့မှာ ပြန်ပေါ်လာပြီဆိုတာ သိတာနဲ့ ချက်ချင်း ရောက်လာကြရာ၊ ဖန့်ချန်ဟာ မာမင်လုံတို့ လူအုပ်ရဲ့ ဝိုင်းထားခြင်းကို ခံနေရတာ တွေ့လိုက်ရတယ်။
"သခင်မလေး... ပြဿနာတက်တော့မယ်..."
အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးက မျက်နှာ ပျက်နေပြီ။
ဒီပတ်ဝန်းကျင်မှာ ယင်လောကဆင်းသူ အနည်းဆုံး တစ်ရာကျော် ရှိနေပြီး တစ်ယောက်ချင်းစီကလည်း အရှိန်အဝါ မသေးကြဘူး။
တချို့ဆို ယင်လောကကို အကြိမ် လေးငါးဆယ် ဆင်းဖူးသူတွေ တချို့ဆို အကြိမ် တစ်ရာကျော် ဆင်းဖူးသူတွေ ဖြစ်ပြီး ကျင့်ကြံမှုကလည်း မာမင်လုံထက် မနိမ့်ကြဘူး။
ဒီယင်လောကဆင်းသူ အုပ်စုဟာ ယူဟန့်မြို့ထဲက ယင်လောကဆင်းသူ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက် ရှိနေတာဖြစ်ပြီး ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အင်အားစုပဲ။
"မရဘူး... ကျွန်မ သူ့ကို အရင်မေးရမယ် ကျွန်မရဲ့ ခင်ပွန်းကို ရှာတွေ့ပြီလားဆိုတာ"
ဝမ်ဖန့်က သွားကြိတ်ပြီး ဖန့်ချန်ရှိရာကို သွားဖို့ ပြင်လိုက်ပေမဲ့ အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးက အတင်း ဆွဲထားတယ်
"သခင်မလေး... အခုသွားရင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ် ကျုပ်တို့ ယူဟန့်မြို့မှာ နေရတဲ့ ရက်တွေကလည်း အဆင်မပြေလှဘူး သခင်မလေး စိတ်အေးအေးထားပါ"
"တကယ်လို့ ဖန့်သခင်လေးသာ တစ်ခုခုဖြစ်သွားရင်... ကျွန်မခင်ပွန်းကို ရှာပေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး"
ဝမ်ဖန့်ရဲ့ မျက်နှာက ဖြူလျော့နေပြီ။
"စောင့်ကြည့်ကြသေးတာပေါ့ ဖန့်သခင်လေးကလည်း သာမန်လူတော့ မဟုတ်ပါဘူး ရင်ဆိုင်နိုင်တဲ့ နည်းလမ်း ရှိမှာပါ"
အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးက တိုးတိုးလေး နှစ်သိမ့်လိုက်တယ်။
အခြားတစ်ဖက်မှာတော့ လက်ဖက်ရည်ဆိုင် ဒုတိယထပ်ကနေ လင်းစန်း နဲ့ သူ့ရဲ့ ယင်ရဲမက် လက်အောက်ငယ်သားဟောင်းတွေက ဖန့်ချန်ရှိရာကို လှမ်းကြည့်နေကြတယ်။
"လင်းအစ်ကို... မာမိတ်ဆွေကို သတိမပေးတော့ဘူးလား ဒီဖန့်ဆိုတဲ့လူရဲ့ နောက်ခံက မရိုးရှင်းဘူးနော် မင်းရဲ့ တပ်ကြပ် ရာထူးတောင် ဝမ်ဟုတို့က ဖြုတ်ပစ်လိုက်တာလေ တကယ်လို့ မာမိတ်ဆွေက အတင်းအကျပ် သွားတိုက်ခိုက်ရင် အထိနာသွားနိုင်တယ်"
"သတိပေးရမယ် ဘာလို့ ပေးရမှာလဲ ဒီကိစ္စက သူ့ကြောင့် စဖြစ်တာလေ ပြီးတော့ မာမင်လုံတို့ကတစ်ဆင့် ဒီဖန့်ဆိုတဲ့လူက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ် မာမင်လုံတို့ ကိုးကွယ်တာက သွေးဝိညာဉ်နတ်ဘုရား လေ"
"ကြားတာတော့ သူ့ရဲ့ စီနီယာ အစ်ကိုတစ်ယောက်က ပိကျန်းမြို့ က ယင်လောကဆင်းသူဖြစ်ပြီး ပိကျန်းမြို့ရဲ့ နေ့ခင်းကင်းလှည့်အရာရှိ နဲ့ သွေးသောက်ညီအစ်ကို တော်စပ်တယ်ဆိုပဲ"
လင်းစန်းက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်
"ဒီပတ်သက်မှုနဲ့တင် ဖန့်ဆိုတဲ့လူက သူ့ကို အလွယ်တကူ နှိမ်နင်းဖို့ မလွယ်ပါဘူး"
"ဪ... ဒါကြောင့်ပဲ လင်းအစ်ကိုက ကျုပ်တို့ကို ဖန့်ဆိုတဲ့လူရဲ့ သတင်းကို မပြောခိုင်းတာကိုး မာမိတ်ဆွေက ဒီသတင်းကြောင့် ကိစ္စကို အေးအေးဆေးဆေး ပြီးသွားမှာ ကြောက်လို့ပေါ့"
လင်းစန်းရဲ့ လက်အောက်ငယ်သားဟောင်းတွေက အခုမှ သဘောပေါက်သွားပြီး လက်မထောင်ကာ ချီးကျူးကြတော့တယ်။
ဒီလို တခြားသူရဲ့ ဓားကို သုံးပြီး သတ်တဲ့ နည်းလမ်းက တကယ်ကို ကောင်းလှတယ်၊ ကိုယ်တိုင်လည်း အင်အားစိုက်စရာ မလိုသလို ဘာအန္တရာယ်မှလည်း မရှိဘဲ တစ်ဖက်လူရဲ့ အခြေအနေကို စမ်းသပ်နိုင်တာပဲ။
လက်ဖက်ရည်ဆိုင် အောက်မှာတော့ ကျောင်းအုပ်ဟောင်းက ပုန်းလျှိုးကွယ်လျှိုးနဲ့ ချောင်းကြည့်နေပြီး၊ ဘေးက မြို့စောင့်ရဲမက် လုပ်ဖော်ကိုင်ဖက်က သူ့လက်စွပ်ကို ဆွဲလိုက်တယ်။
"ရှောင်ကျန်း... ဒီကိစ္စမှာ ဝင်မပါဘူးလို့ ပြောထားတယ် မဟုတ်လား မာမင်လုံရဲ့ စရိုက်ကို မင်းလည်း သိသားနဲ့ မင်းရဲ့ မိတ်ဆွေဟောင်းက သူ့ကို သွားစော်ကားမိတာကတော့ သူ့ဘာသာသူ မျက်စိမရှိလို့ပဲ မင်း ရှေ့ကို သွားမတိုးနဲ့ဦး ဒုက္ခရောက်ကုန်မယ်"
"ငါက ကြည့်ရုံတင် ကြည့်တာပါ တကယ်တမ်း ပြောရရင် ဖန့်မိတ်ဆွေသာ တစ်ခုခုဖြစ်သွားရင် ငါ တကယ် စိတ်မကောင်းဖြစ်မိမှာ"
"မင်း မသိပါဘူး လူ့လောကမှာရှိတဲ့ ငါ့ရဲ့ ကျောင်းတော်မှာ အခု အားကိုးရတဲ့ တပည့်က သိပ်မရှိဘူး ဖန့်မိတ်ဆွေသာ ကူညီပေးမယ်ဆိုရင် ငါ စိတ်အေးရမှာ မဟုတ်ရင်တော့ ငါ့တပည့်တွေ မကြာခင် ယူဟန့်မြို့မှာ လာဆုံကြတော့မှာကို ကြောက်နေရတာ"
ကျောင်းအုပ်ဟောင်းက မျက်မှောင်ကြုတ်လိုက်တယ်
"ငါ့မှာ သူတို့ကို လာကြိုဖို့ ယင်သက်တမ်း အဲဒီလောက် မရှိဘူး"
"ငါတို့ ဘာလုပ်နိုင်မှာလဲ"
"ဒီလိုလုပ်... မင်း ယင်ရဲမက်ဌာန ကို သွားပြီး သတင်းပို့လိုက် ယင်ရဲမက်တွေ ဒီကိစ္စကို ကိုင်တွယ်မလားဆိုတာ ကြည့်ရအောင်"
ကျောင်းအုပ်ဟောင်းက တိုးတိုးလေး ပြောလိုက်တယ်။
"အိုင်ဒီယာ အမှားကြီးပဲ ယင်ရဲမက်ဌာနက ယင်လောကဆင်းသူတွေရဲ့ ကိစ္စကို ဘယ်ဝင်ပါမှာလဲ မင်း ဝင်ပါချင်ရင် မင်းဘာသာ ပါ ငါတော့ မလိုက်ဘူး"
ကျောင်းအုပ်ဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက်က ငြင်းလိုက်တယ်။
...
ဖန့်ချန်က ပတ်ဝန်းကျင်မှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတဲ့ ယင်လောကဆင်းသူတွေကို ကြည့်နေတာကို မြင်တော့ မာမင်လုံက နှုတ်ခမ်းတွန့်လိုက်ပြီး
"ငါ့မှာ ယူဟန့်မြို့ထဲမှာ မျက်နှာနည်းနည်းတော့ ရှိပါသေးတယ် ဒီမိတ်ဆွေတွေ အားလုံးက ငါ့ကို ထောက်ခံကြတယ် ငါတို့ အတူတူ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ထောက်ခံကြတာ မင်းက စည်းမျဉ်းဖောက်မယ့်လူ လုပ်ချင်တယ်ဆိုရင်တော့ သူတို့ သဘောတူမတူ အရင်မေးရလိမ့်မယ်"
"မင်းတို့ ဘာလုပ်ဖို့ ကြံနေတာလဲ"
ဖန့်ချန်က အကြည့်ကို ပြန်လွှဲလိုက်ပြီး စိတ်ဝင်တစား မေးလိုက်တယ်။
"ငါ ဘာလုပ်မလဲလို့ မေးတာလား ယင်လောကဆင်းသူတွေရဲ့ စည်းမျဉ်းအတိုင်းပဲ သွားကြတာပေါ့ မင်း ဝမ်ဖန့်ဆီကနေ ယင်ငွေ ဘယ်လောက် ယူခဲ့လဲ အားလုံး ပြန်ထုတ်ပေးလိုက်"
"နောက်ပြီး ကျောက်ညီအစ်ကိုကလည်း အလကား သေလို့မရဘူး သူ့အသက်အတွက် အနည်းဆုံး ယင်ငွေ နှစ်ရာလောက် တန်မှာပဲ မင်း အကြွေးစာချုပ် တစ်ခု ရေးပေးရမယ်"
မာမင်လုံက အေးအေးဆေးဆေး ဆက်ပြောတယ်
"နောက်ဆိုရင် မင်း ယင်လောကကို ဆင်းတိုင်း ငါ့အိမ်ကိုလာပြီး ယင်ငွေ အပြား ၂၀ စီ လာပေးရမယ် အကြိမ် တစ်ရာ ပြည့်သွားရင်တော့ ဒီကိစ္စကို ငါပဲ ဆုံးဖြတ်ပြီး အဆုံးသတ်ပေးလိုက်မယ်"
"တကယ်လို့ ငါက သဘောမတူဘူးဆိုရင်ကော... နောက်ဆိုရင် ယင်လောကကို ဆင်းလို့ မရတော့ဘူးလား"
ဖန့်ချန်က ပြုံးပြီး မေးတယ်။
"မင်း သဘောမတူရင် ယင်လောကကို ဆင်းဖို့ နေနေသာသာ ဒီတစ်ခေါက်တော့ မင်း လူ့လောကကို ပြန်ဖို့ တောင် ခက်သွားပြီ"
မာမင်လုံက ပြုံးပြီး ပြောလိုက်တယ်။
"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ"
ရုတ်တရက် ချင်ဆွေ့ က ယင်ရဲမက် တစ်အုပ်ကို ခေါ်ပြီး ရောက်လာတယ်။
ဖန့်ချန်နဲ့ မာမင်လုံ ကြားထဲမှာ ရပ်လိုက်ပြီး မာမင်လုံတို့ ယင်လောကဆင်းသူ အုပ်စုကို တင်းမာတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်လိုက်တယ်။
"မင်းလား"
မာမင်လုံက ချင့်ဆွေ့ကို မှတ်မိသွားပြီး မျက်လုံးကို ကျဉ်းလိုက်တယ်
"တပ်ကြပ် ဖြစ်နေပြီပေါ့ အဆင်ပြေနေပုံပဲ"
"အားလုံးက ယင်လောကဆင်းသူတွေပဲ ဒီမှာ အုပ်စုဖွဲ့ မနေကြတာ အကောင်းဆုံးပဲ ယူဟန့်မြို့က ဝိညာဉ်တွေ ကြောက်လန့်ကုန်မယ်"
ချင့်ဆွေ့က အသံမာမာနဲ့ ပြောလိုက်တယ်။
မာမင်လုံက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်၊ ချင့်ဆွေ့ကို တစ်ချက်ကြည့်လိုက်နဲ့ နောက်ဆုံးမှာတော့ ဟားဟားတိုက် ရယ်မောလိုက်တယ်
"သူက မင်းရဲ့ အလုပ်ကို ကြားဖြတ်ယူခဲ့လို့ မင်းက သူ့အတွက် ရှေ့ထွက်ပေးတာလား မင်း မေ့သွားပြီလား ယင်ရဲမက်ဌာနက ငါတို့ ယင်လောကဆင်းသူတွေရဲ့ ကိစ္စကို ဘယ်လိုလုပ် ဝင်စွက်ဖက်လို့ ရမှာလဲ"
သူ့မျက်နှာက ချက်ချင်း ညိုမှောင်သွားတယ်
"မင်းရဲ့ လူတွေကို ခေါ်ပြီး အခုပဲ ထွက်သွားစမ်း ဒီတစ်ခေါက်တော့ မင်းကို ငါ အရေးမယူသေးဘူး နောက်တစ်ခါဆိုရင်တော့ ငါ မင်းတို့ရဲ့ စီရင်စုနတ်ဘုရား ဆီကို ကိုယ်တိုင်သွားပြီး သူ့တပည့်တွေကို ဘယ်လို ဆုံးမထားလဲဆိုတာ သေချာ သွားမေးလိုက်မယ်"
ချင့်ဆွေ့ရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲနေတော့တယ်။
အဖြူအမည်း စက္ကူရုပ်တွေရဲ့ နောက်က ဝိညာဉ်အစောင့် ကလည်း ခါးက ဓားရိုးကို တင်းတင်း ဆုပ်ကိုင်ထားပြီ။
"မာမင်လုံ... မင်း အခု ယူဟန့်မြို့ထဲမှာ တော်တော်လေး မာန်တက်နေတာပဲ ငါတို့ ယင်ရဲမက်ဌာနကို လုံးဝ မျက်စိထဲ မထည့်တော့ဘူးလား"
ဝမ်ဟု က လျှင်မြန်စွာ လမ်းလျှောက်လာပြီး မာမင်လုံကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။
"ဒါ... ဒါက ယင်စစ်သည် ဝမ်ဟု မဟုတ်လား"
"ဝမ်အရာရှိက ဘာလို့ ဒီကို ရောက်လာတာလဲ"
ပတ်ဝန်းကျင်က ယင်လောကဆင်းသူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အမူအရာတွေက ထူးဆန်းကုန်ကြတယ်။
ဒီဖန့်ဆိုတဲ့လူက ဒီလောက်အထိ ရဲတင်းနေတာ ဝမ်ဟုနဲ့ ပတ်သက်မှု ရှိနေလို့လား
"သခင်မလေး... အခြေအနေ ပြောင်းသွားပြီ"
အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးက ဝမ်းသာအားရ ပြောလိုက်တယ်။
ဝမ်ဖန့်ရဲ့ မျက်နှာကလည်း နည်းနည်း ပြန်ကြည်လင်လာတယ်။
"ဖန့်မိတ်ဆွေက တော်တော်တော်တာပဲ ဒီလောက် အချိန်တိုအတွင်းမှာ ဝမ်အရာရှိနဲ့ ဘယ်လို ပတ်သက်မှု ရသွားတာလဲ "
ကျောင်းအုပ်ဟောင်းက ထူးဆန်းသလို ကြည့်နေတယ်။
ဘေးက လုပ်ဖော်ကိုင်ဖက်က မေးတယ်
"မင်းရဲ့ လူ့လောက မိတ်ဆွေဟောင်းက ဝမ်အရာရှိနဲ့ အရင်ကတည်းက သိနေတာ မဟုတ်ဘူးလား"
"ငါ ဘယ်သိမလဲ"
ကျောင်းအုပ်ဟောင်းက ပြန်ပြောလိုက်တယ်။
လက်ဖက်ရည်ဆိုင် ဒုတိယထပ်မှာတော့ လင်းစန်းရဲ့ လက်အောက်ငယ်သားဟောင်းတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လင်းစန်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြတယ်။
"မစိုးရိမ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ငါ သတင်းရထားတယ် မာမင်လုံရဲ့ စီနီယာအစ်ကိုက ယူဟန့်မြို့ကို ရောက်နေလောက်ပြီ"
"မာဆိုတဲ့လူကလည်း မအပါဘူး သူ့ရဲ့ လုပ်ဆောင်ချက်တွေကလည်း အပေါက်အလမ်းမရှိအောင် သေချာ စီစဉ်ထားတာ"
လင်းစန်းက ပြုံးပြီး ပြောလိုက်တယ်။