← Chapters

အခန်း (၈၃၇-၈၃၈)

Vol. 84 Ch. 837-838

အခန်း (၈၃၇-၈၃၈)

Vol. 84 Ch. 837-838

​အခန်း (၈၃၇) ဖန့်မိတ်ဆွေတော့ သွားပြီ

​"အို... ကျုပ်က ဘယ်သူများလဲလို့ ဝမ်အရာရှိကိုး"

​မာမင်လုံက အပြုံးမျက်နှာတစ်ခု ပြောင်းလိုက်ပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

"ဝမ်အရာရှိနဲ့ ဖန့်မိတ်ဆွေက သိနေကြတာလား"

​"လင်းစန်းရဲ့ ညီလေး ဖန့်မိတ်ဆွေလက်ချက်နဲ့ သေတာတောင် ယင်ရဲမက်ဌာနက ရှေ့ထွက်မလာတဲ့အပြင် လင်းစန်းကိုပါ ရာထူးက ဖြုတ်ပစ်လိုက်တာ အံ့သြစရာမရှိတော့ဘူးပဲ ဝမ်အရာရှိရဲ့ မျက်နှာကတော့ သာမန်ထက်ကို ကြီးမားလှပါပေတယ်"

​ဝမ်ဟုရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ဖန့်ချန်ကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်တယ်။

ဖန့်ချန်က ဘာသဘောထားမှ မပြတာကို မြင်တော့ သူက မာမင်လုံကို ပြန်ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်

​"မင်းလူတွေကို ခေါ်ပြီး အခုပဲ လစ်တော့"

​"ဝမ်ဟု မင်းကို မျက်နှာထောက်လို့ ဝမ်အရာရှိလို့ ခေါ်နေတာ ငါကသာ မင်းကို မျက်နှာမပေးရင် သာမန် ယင်စစ်သည် တစ်ယောက်က ငါ့ရှေ့မှာ ဘာလာဟောင်နေတာလဲ"

​မာမင်လုံရဲ့ မျက်နှာက ညိုမှောင်သွားတယ်

"ယင်လောကရဲ့ စည်းမျဉ်းက ဘာလဲဆိုတာ မင်းမေ့မနေနဲ့ဦး စည်းမျဉ်းဖောက်ရင် မင်းကို အပြစ်ပေးမယ့်သူ ရှိတယ်"

​"ယင်လောကရဲ့ စည်းမျဉ်းက မင်းပြောသလို ဖြစ်လာမှာ မဟုတ်ဘူး"

​ဝမ်ဟုက အေးစက်စက် ပြောလိုက်တယ်

"မင်း အခုချက်ချင်း မလစ်ရင် ငါ စည်းမျဉ်းဖောက်ပြီးတော့တောင် မင်းကို ထောင်ထဲ ထည့်ပစ်မယ် စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ရတယ်"

​စကားပြောနေစဉ်မှာပဲ ပတ်ဝန်းကျင်မှာ ယင်ရဲမက်တွေရဲ့ အရိပ်အယောင်တွေ ရုတ်တရက် ပေါ်လာပြီး သူတို့က အေးစက်တဲ့ အကြည့်တွေနဲ့ ယင်လောကဆင်းသူ အုပ်စုကို စိုက်ကြည့်နေကြတယ်။

​"ဝမ်ဟု ရူးသွားပြီလား အဲဒီကောင်အတွက်နဲ့ ယင်ရဲမက်ဌာနကို သုံးပြီး ရှေ့ထွက်ပေးမလို့လား"

​"ဒါကို အထက်လူကြီးတွေ သိသွားရင်တော့ သူ သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး"

​ပတ်ဝန်းကျင်က အောက်ဆင်းသူတွေက မျက်မှောင်ကြုတ်သွားကြပေမဲ့ ယင်ရဲမက်တွေ ဝိုင်းထားတာကိုတော့ နည်းနည်းမှ မကြောက်ကြဘူး။

တကယ်သာ တိုက်ခိုက်ကြမယ်ဆိုရင် ဒီယင်ရဲမက်တွေက သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။

ယင်စစ်သည် ဝမ်ဟု တစ်ယောက်ကိုပဲ သူတို့ နည်းနည်း သတိထားရမှာ။

​"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

​မာမင်လုံက ပတ်ဝန်းကျင်က ယင်ရဲမက်တွေကို တစ်ချက်ကြည့်ပြီး ရုတ်တရက် လက်ခုပ်တီးလိုက်တယ်

"မင်းနဲ့ ဒီဖန့်ဆိုတဲ့လူရဲ့ ပတ်သက်မှုက မသေးဘူးလို့ ခန့်မှန်းထားပေမဲ့ သူ့အတွက်နဲ့ မင်းတို့ ယင်ရဲမက်ဌာနရဲ့ စည်းမျဉ်းကိုတောင် ဖောက်ဖျက်ရဲလိမ့်မယ်လို့ မထင်ထားမိဘူး"

​"တော်သေးတာပေါ့... ငါလည်း ကြိုတင်ပြင်ဆင်ထားလို့ ငါ့ရဲ့ စီနီယာအစ်ကိုကို ကြိုပြီး အကြောင်းကြားထားတယ်"

​"မင်းရဲ့ စီနီယာအစ်ကို သူ ယူဟန့်မြို့ကို ရောက်လာလည်း ဘာမှ အသုံးမဝင်ဘူး"

​ဝမ်ဟုက ခပ်အေးအေးပဲ ပြောလိုက်တယ်

"သူ့ကို ပိကျန်းမြို့မှာပဲ နေခိုင်းလိုက်ပါ ဒီလို အရှုပ်အထွေးထဲ လာမပါခိုင်းနဲ့ ဒီအရှုပ်က ပါရတာ လွယ်တာမဟုတ်ဘူး ငါ သတိမပေးဘူးလို့တော့ မပြောနဲ့ဦး"

​"ဪ မာမိတ်ဆွေရဲ့ စီနီယာအစ်ကိုက အသုံးမဝင်ဘူးဆိုရင်... ကျုပ်ကကော အသုံးဝင်မလား မသိဘူး"

​အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာတယ်။

​အားလုံးက လှည့်ကြည့်လိုက်တဲ့အခါ လူအုပ်အပြင်ဘက်မှာ လူနှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။

​တစ်ယောက်က အောက်ဆင်းသူ ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ယင်လောကရဲ့ ဝိညာဉ်တစ်ခုပဲ။

ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါကတော့ သာမန်မဟုတ်ဘူး။

ငြိမ်ငြိမ်လေး ရပ်နေတာတောင် သူ့ရဲ့ အကြည့်က လူကို ဖိအားပေးနေသလိုပဲ။

​မာမင်လုံက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပြီး အောက်ဆင်းသူတွေနဲ့အတူ အဲဒီလူနှစ်ယောက်ရှေ့ကို သွားကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

​"မာမင်လုံက စီနီယာ အစ်ကိုကြီးနဲ့ ကုန်းအရာရှိ ကို နှုတ်ဆက်ပါတယ်"

​"ကြည့်ရတာ ပိကျန်းမြို့က နေ့ခင်းကင်းလှည့်အရာရှိ ကုန်းဟုန် ထင်တယ်..."

​ဝိညာဉ်တွေအားလုံး မျက်နှာပျက်သွားပြီး မျက်လုံးထဲမှာ ကြောက်ရွံ့ရိုသေမှုတွေ ပေါ်လာတယ်။

​ပိကျန်းမြို့က ယူဟန့်မြို့ထက် အများကြီး ပိုကြီးသလို၊ ယင်ရဲမက်ဌာနရဲ့ စီရင်စုနတ်ဘုရား ပိုင်ဆိုင်တဲ့ ယင်ရဲမက်တွေကလည်း ယူဟန့်မြို့ထက် အများကြီး ပိုအစွမ်းထက်တယ်၊ ကျင့်ကြံမှုရော အရေအတွက်ရောပဲ။

​ပြီးတော့ အဲဒီမှာ နေ့ခင်းကင်းလှည့်အရာရှိနဲ့ ညဉ့်ကင်းလှည့်အရာရှိတွေလည်း ရှိကြတယ်။

​တိုက်တိုက်ဆိုင်ဆိုင်ပဲ ယူဟန့်မြို့က ပိကျန်းမြို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာကြောင့် အခုမြင်နေရတဲ့ ကုန်းအရာရှိဆိုတာ ဝမ်ဟုရဲ့ တိုက်ရိုက်အထက်လူကြီးပဲ ဖြစ်တယ်။

​"ဖန့်မိတ်ဆွေတော့ သွားပြီ"

​ကျောင်းအုပ်ဟောင်းက တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ ခေါင်းခါလိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကို ဆွဲကာ နောက်ကို ခြေလှမ်း တစ်ဆယ်ကျော်လောက် ဆုတ်လိုက်တယ်။

​"မင်း ကြည့်စမ်း... ဒါက မာမိတ်ဆွေရဲ့ နောက်ခံပဲ သူတို့ရဲ့ ဂိုဏ်းက ပတ်သက်မှုက ကြောက်စရာကောင်းလောက်အောင် ကြီးမားတယ် ပိကျန်းမြို့က နေ့ခင်းကင်းလှည့်အရာရှိတောင် ရောက်လာပြီဆိုတော့ မင်းရဲ့ မိတ်ဆွေဟောင်းက ဝမ်အရာရှိနဲ့ ဘယ်လောက်ရင်းရင်းနှီးနှီး အခုတော့ အသုံးမဝင်တော့ဘူး"

ကျောင်းအုပ်ဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက်က ခေါင်းခါရင်း ပြောလိုက်တယ်။

​ဝမ်ဖန့်တို့ သခင်မနဲ့ အစေခံ နှစ်ယောက်လည်း ကုန်းဟုန် ပေါ်လာတာကို မြင်တော့ စိတ်သက်သာရာ ရနေတဲ့ကြားကနေ စိတ်က ရင်ဘတ်ထဲ ပြန်ရောက်သွားတော့တယ်။

​လက်ဖက်ရည်ဆိုင် ဒုတိယထပ်မှာတော့ လင်းစန်းရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး ကုန်းဟုန်နဲ့ ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်နေတယ်။

​"လင်းအစ်ကို... ဒီတစ်ခေါက် ကံကောင်းရင် မင်းရဲ့ ညီလေးအတွက် ကလဲ့စားက ချက်ချင်း ချေနိုင်တော့မှာပဲ"

​"ဟုတ်တယ်"

လင်းစန်းက ခေါင်းညိတ်လိုက်တယ်။

​"ပိကျန်းမြို့က နေ့ခင်းကင်းလှည့်အရာရှိ ဖြစ်နေတာလား..."

​ချင်ဆွေ့ရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲနေတယ်။

သူခေါ်လာတဲ့ ယင်ရဲမက်တွေတင်မကဘဲ ဝမ်ဟု ခေါ်လာတဲ့ ယင်ရဲမက်တွေပါ မျက်နှာပျက်ကုန်ပြီး ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြတယ်။

​သူတို့အနေနဲ့ ပိကျန်းမြို့က အထက်လူကြီးကိုတော့ သွားပြီး ဆန့်ကျင်လို့ မဖြစ်ဘူး မဟုတ်လား

​ဒါကို တွေးမိတာနဲ့ ယင်ရဲမက် အများအပြားဟာ လက်နက်တွေကို သိမ်းလိုက်ပြီး အရိုအသေပေးကာ ဘေးကို ဆုတ်လိုက်ကြတယ်။

​ပတ်ဝန်းကျင်က ယင်လောကဆင်းသူတွေက ဒါကိုမြင်တော့ လှောင်ပြုံး ရယ်မောလိုက်ကြတယ်။

​ဝမ်ဟုက ကုန်းဟုန်ကို သေချာ စိုက်ကြည့်လိုက်တယ်။

လူတိုင်းက သူ အထက်လူကြီးကို သွားပြီး ဖားလိမ့်မယ်လို့ ထင်နေကြပေမဲ့၊ ဝမ်ဟုကတော့ အေးအေးဆေးဆေးပဲ ခေါင်းညိတ်ပြလိုက်တယ်

​"ကုန်းအရာရှိကိုး ကုန်းအရာရှိက ပိကျန်းမြို့မှာ မနေဘဲ ယူဟန့်မြို့လို နေရာသေးသေးလေးကို ဘာလို့ လာတာလဲ... စိတ်ပြေလက်ပျောက် လာတာလား"

​ကုန်းဟုန်ရဲ့ ဘေးက အောက်ဆင်းသူက မျက်မှောင်ကြုတ်လိုက်ပြီး ခပ်အေးအေး ပြောတယ်

"ကုန်းညီအစ်ကို... မင်းရဲ့ လက်အောက်က ယင်စစ်သည်ကတော့ တော်တော်လေး မာန်တက်နေတာပဲ အထက်လူကြီးကို တွေ့တာတောင် အရိုအသေ မပေးဘူး"

​ကုန်းဟုန်က ဝမ်ဟုကို အေးစက်စက် ကြည့်လိုက်တယ်

"ဝမ်ဟု... ငါသာ ဒီနေ့ မလာရင် မင်း ယင်ရဲမက်တွေကို သုံးပြီး မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုပ်နေတာ တွေ့မှာ မဟုတ်ဘူး"

​"ငါတို့ ယင်ရဲမက်ဌာနက အောက်ဆင်းသူတွေကြားက ကိစ္စတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ဘူးဆိုတာ မင်းမသိဘူးလား ယင်စစ်သည် တစ်ယောက်ဖြစ်ပြီး စည်းမျဉ်းဖောက်တယ်ဆိုတော့ မင်း ဒီရာထူးကို မလုပ်ချင်တော့ဘူး ထင်တယ်"

​"ကုန်းညီအစ်ကို... ငါ့ရဲ့ ဂျူနီယာညီလေး မာမင်လုံက ယူဟန့်မြို့မှာ နေတာ ကြာပြီ ဒီနေရာကိုလည်း သေချာ သိတယ် သူ့ကိုပဲ ယူဟန့်မြို့ရဲ့ ယင်စစ်သည် ရာထူးကို ဆက်ခံခိုင်းရင် ဘယ်လိုလဲ"

ကုန်းဟုန်ရဲ့ ဘေးက အောက်ဆင်းသူက ပြုံးပြီး ပြောလိုက်တယ်။

​ယူဟန့်မြို့ရဲ့ ယင်ရဲမက်တွေ ဒါကို ကြားတဲ့အခါ မျက်နှာပျက်ကုန်ပြီး ဝမ်ဟုကို တိတ်တဆိတ် ကြည့်လိုက်ကြတယ်။

​တကယ်လို့ ဝမ်ဟုသာ ဒီနေ့ ရာထူးက ပြုတ်သွားရင် နောင်ဆို သူတို့ရဲ့ အထက်လူကြီးက မာမင်လုံ ဖြစ်သွားမှာ မဟုတ်လား

​"ကုန်းအရာရှိ... ကျုပ်ကို ရာထူးက ဖြုတ်ဖို့ဆိုတာ ခင်ဗျား ပြောရုံနဲ့ မရဘူးထင်တယ်"

​ဝမ်ဟုက ဖန့်ချန်ရဲ့ ဘေးကို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး ကုန်းဟုန်ရဲ့ နှာခေါင်းကို ညွှန်ပြကာ

"ကျုပ် ဒီနေ့ ဒီမှာတင် ပြောလိုက်မယ် ခင်ဗျားမှာ အစွမ်းရှိရင် ကျုပ်ကို ဖြုတ်ကြည့်လိုက်"

​ကုန်းဟုန် မှင်တက်သွားတယ်။

​ဒီနေရာက ယင်ရဲမက်တွေလည်း ကြောင်သွားကြပြီး အမူအရာတွေက ပိုပြီး ထူးဆန်းလာတယ်။

ဘယ်အချိန်ကတည်းက ဝမ်ဟုက ဒီလောက်အထိ သတ္တိတွေ ရှိသွားတာလဲ

​နေ့ခင်းကင်းလှည့်အရာရှိကိုတောင် ဒီလောက်အထိ တင်းခံရဲနေတာလား

​မာမင်လုံရဲ့ မျက်နှာက ချက်ချင်း ညိုမှောင်သွားတယ်။

ကုန်းဟုန် ရှေ့ထွက်လာရင် ဝမ်ဟုက ချက်ချင်း ဒူးထောက်သွားလိမ့်မယ်လို့ ထင်ထားပေမဲ့ တစ်ဖက်လူက အခြေအနေကို ပိုပြီး တင်းမာအောင် လုပ်လိုက်တယ်။

​ဒါပေမဲ့...

​သူ့မျက်လုံးထဲမှာ အပြုံးတစ်ခု လက်ခနဲ ပေါ်သွားတယ်။

ဒါက ပိုတောင် ကောင်းသေးတယ်၊ ဒါမှ သူ ယူဟန့်မြို့ရဲ့ ယင်စစ်သည် ရာထူးကို ရဖို့ အခွင့်အရေး ပိုများလာမှာ။

​ကုန်းဟုန်ဟာ ဝိညာဉ်တွေနဲ့ ယင်ရဲမက်တွေ အများကြီးရှေ့မှာ ဝမ်ဟုရဲ့ အပြောကို ခံလိုက်ရလို့ မျက်နှာပျက်သွားပြီး သူ့မျက်နှာမှာ အေးစက်စက် အပြုံးတစ်ခု ပေါ်လာတယ်

​"ကောင်းပြီ... ဒါ မင်းပြောတာနော် မင်းပြောတဲ့ စကားတွေကို ငါ အထက်လူကြီးဆီကို တစ်လုံးမကျန် တင်ပြမယ် ငါက နေ့ခင်းကင်းလှည့်အရာရှိ ဖြစ်နေတာတောင် မင်းကို မဖြုတ်နိုင်ဘူးလို့ မင်းထင်နေတာလား နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် သာ ဒါကို သိသွားရင် မင်း အခုလို တည်ငြိမ်နိုင်ဦးမလား ကြည့်ကြတာပေါ့"

​ခဏလောက် ရပ်ပြီး သူက ယင်ရဲမက်တွေကို ကြည့်လိုက်တယ်

"မင်းတို့ထဲက ဘယ်သူတွေက ဝမ်ဟုနောက်ကို လိုက်ပြီး ငါတို့ နေ့ခင်းကင်းလှည့် မျိုးနွယ်ကို ဆန့်ကျင်ဦးမှာလဲ"

​ယူဟန့်မြို့ရဲ့ ယင်ရဲမက်တွေ အားလုံး ခေါင်းငုံ့သွားကြပြီး ဘာမှ မပြောရဲကြဘူး။

​ကုန်းဟုန်က ကျေနပ်စွာ ပြုံးလိုက်ပြီး ဝမ်ဟုနဲ့ ဖန့်ချန်ကို အထင်သေးစွာ ကြည့်ကာ ပြောလိုက်တယ်

​"ယင်ရဲမက်ဌာနက လူတွေ အားလုံး ဆုတ်လိုက်တော့ အောက်ဆင်းသူတွေကြားက ကိစ္စကို အောက်ဆင်းသူတွေ အချင်းချင်းပဲ ရှင်းကြပါစေ"

​ပတ်ဝန်းကျင်က ယင်ရဲမက်တွေက ဝမ်ဟုကို အားနာသလို တစ်ချက်ကြည့်ပြီး ကုန်းဟုန်ရဲ့ နောက်မှာ သွားရပ်လိုက်ကြတယ်။

​ချင်ဆွေ့ရဲ့ လက်အောက်ငယ်သားတွေတောင် ပြေးသွားကြပြီ။

​နောက်ဆုံးမှာတော့ ဖန့်ချန်ရဲ့ ဘေးမှာ ဝမ်ဟုနဲ့ ချင်ဆွေ့ နှစ်ယောက်ပဲ ကျန်တော့တယ်။

​"အရှင်... အရှင် မြင်တဲ့အတိုင်းပါပဲ ကျုပ်ရဲ့ အထက်လူကြီးက ဒီလို စရိုက်မျိုးပါ ကျုပ်လည်း သူ့လက်အောက်မှာ အလုပ်လုပ်နေရတော့ ဒီလို အကျင့်ဆိုးတွေ နည်းနည်း ပါလာတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ"

​ဝမ်ဟုက ရုတ်တရက် ဖန့်ချန်ရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပြီး ခေါင်းငုံ့ကာ ရိုရိုသေသေ ပြောလိုက်တယ်။

​ဒီလို ဒူးထောက်လိုက်တာက ကုန်းဟုန်တို့ကိုတင် မှင်တက်သွားစေတာ မဟုတ်ဘဲ ဝမ်ဖန့်၊ ကျောင်းအုပ်ဟောင်း၊ လင်းစန်းနဲ့ ပတ်ဝန်းကျင်က ဝိညာဉ်တွေ အားလုံးကိုပါ ကြောင်သွားစေတယ်။

​ယင်စစ်သည် တစ်ယောက်ဖြစ်တဲ့ ဝမ်ဟုက ဘာလို့ အောက်ဆင်းသူ တစ်ယောက်ကို ဒူးထောက်ပြီးအရှင် လို့ ခေါ်နေရတာလဲ

​ကုန်းဟုန်ရဲ့ စိတ်ထဲမှာ တစ်ခုခုကို ရိပ်မိသွားပြီး ဖန့်ချန်ကို သေချာ စိုက်ကြည့်လိုက်တယ်၊ ပြီးတော့မှ စိုးရိမ်တကြီး မေးလိုက်တယ်

​"မင်း... မင်းကလည်း ငါတို့ အရာရှိလောကထဲက လူလား"

​တစ်ဖက်လူက အရာရှိလောကကလား

​မာမင်လုံတို့ အောက်ဆင်းသူတွေ မှင်တက်သွားကြတယ်၊ စိုးရိမ်သွားကြသလို တစ်ဖက်ကလည်း ဒါက မဖြစ်နိုင်ဘူးလို့ တွေးနေကြတယ်။

တကယ်လို့ အရာရှိလောကကလူဆိုရင် ဘာလို့ အောက်ဆင်းသူ တစ်ယောက်ကို တိုက်ရိုက် သတ်ရဲရတာလဲ

​​အခန်း (၈၃၈)ထိုသူသည် အရည်အချင်းရှိသူ တစ်ဦးဖြစ်၏

​ဖန့်ချန်က ကုန်းဟုန်ကို ခပ်အေးအေးပဲ ကြည့်နေပြီး ရုတ်တရက် ခပ်ဖွဖွ ရယ်လိုက်တယ်

"မင်းရဲ့ အထက်လူကြီးက ဘယ်သူလဲ နာမည် ဘယ်လိုခေါ်လဲ"

​ကုန်းဟုန်ရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားတယ်၊ သူက တိုက်ရိုက်ပြန်မဖြေဘဲ အကဲခတ်တဲ့အနေနဲ့ မေးလိုက်တယ်

"အရှင်က ဘယ်မျိုးနွယ် ကလဲ"

​"ငါ မင်းကို မေးနေတာလေ မင်းရဲ့ အထက်လူကြီး နာမည် ဘယ်လိုခေါ်လဲလို့"

​ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။

​ပတ်ဝန်းကျင်က လူတွေက အခြေအနေဟာ အနည်းငယ် ထူးဆန်းလာတာကို ရိပ်မိလိုက်ကြတယ်။

ဇာတ်လမ်းရဲ့ အဓိကအချက်က ဝမ်ဟုပေါ်မှာ မဟုတ်ဘဲ၊ ယူဟန့်မြို့ကို ရောက်လာတာ မကြာသေးတဲ့ ဒီအောက်ဆင်းသူပေါ်မှာ ဖြစ်နေတာပဲ။

​ဝမ်ဟုက ဒူးထောက်နေတယ် အရှင် လို့လည်း ခေါ်နေတယ်... ဒီအောက်ဆင်းသူဟာ ဝမ်ဟုထက် ရာထူးအများကြီး ပိုကြီးတဲ့ အထက်လူကြီး တစ်ယောက်များလား

​ဝမ်ဟုက ကုန်းဟုန်အပေါ် ထားတဲ့ သဘောထားကို ပြန်တွေးကြည့်ပြီး၊ အခု သူ ဒူးထောက်နေတဲ့ ပုံစံက တကယ့်ကို ရိုကျိုးလွန်းနေတာကြောင့် လူတွေရဲ့ စိတ်ထဲမှာ ရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခု ပေါ်လာကြတယ်။

​ဒီရှေ့ကလူက... နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် နဲ့ ရာထူးတူတဲ့ အရာရှိကြီး တစ်ယောက်များလား

​"လင်းအစ်ကို... အခြေအနေက နည်းနည်း ထူးဆန်းနေပြီ"

​"စောင့်ကြည့်ဦး မလောနဲ့"

​လင်းစန်းက တည်ငြိမ်သယောင် ဆောင်နေပေမဲ့ သူ့ရဲ့ အကြည့်တွေကတော့ တုန်လှုပ်နေပြီ။

​"ရှောင်ကျန်း... မင်း အမှန်အတိုင်းပြောစမ်း မင်း ယူဟန့်မြို့ကို ရောက်ရောက်ချင်း မြို့စောင့်ရဲမက် ဖြစ်တာက မင်းရဲ့ ဒီမိတ်ဆွေဟောင်းက မြို့စားကြီး အဆက်အနွယ်က အရာရှိကြီး ဖြစ်နေလို့လား"

​ကျောင်းအုပ်ဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျောင်းအုပ်ဟောင်းကို သံသယစိတ်နဲ့ ကြည့်လိုက်တယ်။

​ကျောင်းအုပ်ဟောင်းရဲ့ မျက်နှာက အနည်းငယ် ပျက်နေပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်

"အဲဒီလူက ငါ့ကိုကျတော့ မြို့စောင့်ရဲမက်ဆိုတဲ့ နှမ်းစေ့လောက် ရာထူးလေးပဲ ပေးပြီးတော့ ဖန့်မိတ်ဆွေကိုကျတော့ အဲဒီလောက် ကြီးကျယ်တဲ့ ရာထူးတစ်ခု ပေးထားတာလား "

​"ရှောင်ကျန်း... မင်းက တကယ့်ကို နောက်ခံရှိတာပဲ နောက်ဆို ငါတို့နှစ်ယောက်က ညီအစ်ကိုအရင်းတွေပဲနော် ငါရှိရင် မင်းရှိမယ် မင်းရှိရင် ငါရှိမယ်"

​ကျောင်းအုပ်ဟောင်းရဲ့ လုပ်ဖော်ကိုင်ဖက်က ရုတ်တရက် သူ့ပခုံးကို ဖက်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တော့တယ်။

​ဝမ်ဖန့်က အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးကို ကြောင်ကြည့်ပြီး မေးတယ်

"ရှောင်လန်... ဖန့်သခင်လေးကလည်း အရာရှိ ရာထူး ရှိတာလား "

​"သခင်မလေး... ကျွန်မလည်း မသိဘူး..."

​အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးက ထူးဆန်းတဲ့ မျက်နှာထားနဲ့

"ဒါပေမဲ့ ကြည့်ရတာတော့... သူ့ရာထူးက မသေးဘူးပဲ ဝမ်အရာရှိတောင် တကယ့်ကို လိုလိုလားလား ဒူးထောက် အရိုအသေ ပေးနေတာဆိုတော့... သခင်မလေးရဲ့ ခင်ပွန်းကိစ္စတော့ မျှော်လင့်ချက် ရှိသွားပြီ"

​ဝမ်ဖန့်က ချက်ချင်းဆိုသလို အတိုင်းထက်အလွန် ဝမ်းသာသွားတော့တယ်။

​ပတ်ဝန်းကျင်က ယင်ရဲမက်တွေလည်း အခြေအနေကို ရိပ်မိသွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ၊ တချို့က ဝမ်ဟုဘက်ကို တိတ်တဆိတ် ပြန်သွားကြသလို၊ တချို့ကတော့ ကုန်းဟုန်ရဲ့ နောက်မှာ ရပ်ပြီး ဘယ်ဘက်ကို ရွေးရမလဲ ဝေခွဲမရ ဖြစ်နေကြတယ်။

​ကုန်းဟုန်က ဒါကို သတိပြုမိသွားတယ်၊ ပြီးတော့ ဖန့်ချန်ရဲ့ အကြည့်က တည်ငြိမ်လွန်းပြီး သူ့ကို အရေးမပါတဲ့ ဖုန်မှုန့်တစ်ခုလို ကြည့်နေတာကြောင့် စိတ်ထဲမှာ ဒေါသ အနည်းငယ် ထွက်လာကာ

​"မင်းက ငါ့အထက်လူကြီးရဲ့ နာမည်ကို သိပြီး ဘာလုပ်မလို့လဲ မင်းပုံစံက ငါတို့ နေ့ခင်းကင်းလှည့် မျိုးနွယ်က လူနဲ့လည်း မတူဘူး နေ့ခင်းကင်းလှည့် မျိုးနွယ်ရဲ့ ကိစ္စကို တခြားလူက လာပြီး ဝင်စွက်ဖက်လို့ မရဘူး"

​"အရှင်က မေးနေရင် မင်းက အမှန်အတိုင်း ဖြေရုံပဲလေ ဘာတွေ အပိုတွေ ပြောနေတာလဲ မင်းရဲ့ ယင်သက်တမ်းက တော်တော် ရှည်နေလို့လား "

​ဝမ်ဟုက ဒေါသတကြီးနဲ့

"မင်းရဲ့ အထက်လူကြီး နာမည်ကို မြန်မြန်ပြောစမ်း မင်းကိုယ်မင်း ဒုက္ခပေးတာ ကိစ္စမရှိပေမဲ့ မင်းရဲ့ အထက်လူကြီးကိုပါ ဒုက္ခသွားပေးမိရင် သူ ဝိညာဉ်ဖြစ်သွားတာတောင် မင်းကို လွှတ်မှာမဟုတ်ဘူးဆိုတာ သတိထားဦး"

​"..."

​ဝမ်ဟု ပြောနေတဲ့ စကားတွေက နည်းနည်းတော့ လွဲချော်နေပေမဲ့ ဘယ်သူမှ လှောင်ရယ်ဖို့ မတွေးရဲကြဘူး၊ စိတ်ထဲမှာ ပိုပြီးတော့တောင် လေးလံလာကြတယ်။

​"ကောင်းပြီ... မင်းက ငါ့အထက်လူကြီးရဲ့ နာမည်ကို သိချင်တယ်ဆိုတော့လည်း ငါပြောပြတာပေါ့"

​ကုန်းဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး ခပ်အေးအေးပဲ ပြောလိုက်တယ်

"ငါ့ရဲ့ အထက်လူကြီးကတော့ နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် လီပါးတောင်း ပဲ!"

​ပြောပြီးတာနဲ့ သူက ဖန့်ချန်ကို စိုက်ကြည့်လိုက်တယ်

"အထက်လူကြီး နာမည်ကိုလည်း သိသွားပြီဆိုတော့ မင်းမှာ ဘာစွမ်းအားတွေ ရှိသေးလဲ ကြည့်ရအောင်"

​ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး ခပ်ဖွဖွ ရယ်လိုက်တယ်၊ ပြီးတော့မှ မြေကြီးကို ခြေတစ်ချက် ဆောင့်လိုက်ကာ

​"နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် လီပါးတောင်း... အမိန့်တော်ကို နာခံစေ"

​ဟိန်းထွက်လာတဲ့ အသံက ကောင်းကင်အမိန့်တော်အတိုင်း ပြင်းထန်လွန်းတာကြောင့် ပတ်ဝန်းကျင်က ယင်ရဲမက်တွေ တစ်ကိုယ်လုံး တုန်သွားပြီး၊ ဝိညာဉ်တွေဆိုရင် ရင်ထဲကနေ အေးစိမ့်သွားကြတယ်။

​ခဏချင်းမှာပဲ ယင်ရဲမက်တွေနဲ့ ဝိညာဉ်တွေ အားလုံးရဲ့ မျက်နှာတွေ ပျက်သွားကြတယ်၊ အဝတ်အစား မသပ်မရပ်နဲ့ လူလတ်ပိုင်း တစ်ယောက်ဟာ ဖန့်ချန်ရှေ့မှာ လေထဲကနေ ပေါ်လာပြီး ခြေလှမ်းမမှန်ဘဲ မြေကြီးပေါ်ကို ခွေးကျကျ လဲကျသွားတာကို တွေ့လိုက်ရလို့ပဲ။

​ကုန်းဟုန်က အဲဒီလူကို မြင်တာနဲ့ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး နောက်ကို သုံးလှမ်းလောက် ယိုင်တိုင်တိုင်နဲ့ ဆုတ်သွားတော့တယ်။

​ဘေးက အောက်ဆင်းသူတွေလည်း ဒါကို မြင်တဲ့အခါ မျက်လုံးတွေ ပြူးထွက်ကုန်ကြတယ်။

​မာမင်လုံကတော့ ကြောင်အမ်းအမ်း ဖြစ်နေပြီ၊ ဒါက... ဘာစွမ်းအားလဲ

​"တောက်... ဘယ်က ဝက်ဝံသားက ငါ လီပါးတောင်းကို နောက်ပြောင်နေတာလဲ "

​အဲဒီလူလတ်ပိုင်းက လဲကျနေရာကနေ အလိုလို ကျိန်ဆဲလိုက်ပေမဲ့၊ ချက်ချင်းဆိုသလို သူ့မျက်နှာက ပျက်သွားပြီး အဝတ်အစားတွေကို ကပျာကသီ ပြင်ဆင်ကာ ဖန့်ချန်ကို ရိုရိုသေသေ ကြည့်လိုက်တယ်

​"အရှင်က... နေ့ခင်းကင်းလှည့် မျိုးနွယ်ရဲ့ ဘယ်အရာရှိကြီးလဲ မသိဘူး ကျုပ် ကို ဘာကိစ္စနဲ့ ခေါ်တာလဲ"

​"လီပါးတောင်း သူက တကယ်ပဲ ကုန်းဟုန်ရဲ့ အထက်လူကြီး နေ့ခင်းကင်းလှည့်ဗိုလ်ချုပ် လီပါးတောင်းလား "

​လူတိုင်း မျက်လုံးပြူးပြီး အသက်ရှူဖို့တောင် မေ့နေကြပြီ။

​နေ့ခင်းကင်းလှည့်ဗိုလ်ချုပ်ဆိုတာ လူ့လောကမှာဆိုရင် အလယ်အဆင့် ကျင့်ကြံသူဖြစ်ပြီး နယ်ပယ်တစ်ခုကို တုန်လှုပ်စေနိုင်တဲ့သူပဲ၊ ဒါပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးက အခုတော့ သူ့ကိုယ်သူ ကျုပ် (အောက်ခြေဝန်ထမ်း) လို့ သုံးနှုန်းနေတာလား

​ယင်ရဲမက်တချို့ကတော့ ကောလာဟလတွေကို ကြားဖူးကြတယ် အရာရှိလောကမှာ နေ့ခင်းကင်းလှည့်စစ်သူကြီး အဆင့်ကို ရောက်သွားရင် အောက်ကလူတွေရဲ့ နာမည်နဲ့ ရာထူးကို ခေါ်ပြီး ဆင့်ခေါ်နိုင်တယ်ဆိုတာ။

​အခု မြင်နေရတဲ့ မြင်ကွင်းက အဲဒီကောလာဟလတွေအတိုင်း မဟုတ်ဘူးလား

​"မင်းက လီပါးတောင်းလား ခုနက အလုပ်ရှုပ်နေတာလား ငါ အနှောင့်အယှက် ပေးလိုက်မိသလား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။

​"အရှင်ကလည်း... ဘာတွေ ပြောနေတာလဲ အရှင့်မှာ အမိန့်ရှိရင် ကျုပ်က ရေထဲဆင်းဆင်း မီးထဲတိုးတိုး အသင့်ပါပဲ "

​လီပါးတောင်းက ကပျာကသီ ပြန်ဖြေလိုက်တယ် သူ့မျက်လုံးတွေကတော့ စိုးရိမ်တကြီး ဖြစ်နေပြီး စိတ်ထဲမှာတော့

"ဒါက ဘယ်က စစ်သူကြီးလဲ ငါ တစ်ခါမှ မမြင်ဖူးပါလား"

လို့ တွေးနေမိတယ်။

​"ပိကျန်းမြို့ရဲ့ နေ့ခင်းကင်းလှည့်အရာရှိက မင်းရဲ့ လက်အောက်ငယ်သားလား"

​ဖန့်ချန်က ပြုံးပြီး မေးတယ်။

​"အရှင်ပြောတာ ကုန်းဟုန်ကိုလား ဟုတ်ပါတယ် ကုန်းဟုန်က ကျုပ်ရဲ့ လက်အောက်ငယ်သားပါ ဒီလူက တကယ်ကို ကြိုးစားအားထုတ်ပြီး ပိကျန်းမြို့ကို သေချာ စီမံအုပ်ချုပ်နေတာ တကယ့်ကို အရည်အချင်းရှိသူ တစ်ဦးပါ"

​လီပါးတောင်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။

​သူက ပတ်ဝန်းကျင်ကို သေချာ မကြည့်ရသေးဘူး မဟုတ်ရင်တော့ မျက်နှာတစ်ခုလုံး စိမ်းဖန့်နေတဲ့ ကုန်းဟုန်ကို တွေ့မှာပဲ။

​ဘေးမှာ ဒူးထောက်နေတဲ့ ဝမ်ဟုကတော့ ဒီစကားကို ကြားတဲ့အခါ ရယ်ချင်စိတ်ကို အတင်း အောင့်ထားရတယ်။

​သူက ကုန်းဟုန်ဘက်ကို လှည့်ကြည့်လိုက်တော့ ကုန်းဟုန်ရဲ့ မျက်နှာက လူသေလို ဖြူလျော့နေပြီး ဖန့်ချန်ရှေ့ကို တစ်လှမ်းချင်း လျှောက်လာကာ ဗုန်း ခနဲ ဒူးထောက်ချလိုက်တာကို တွေ့လိုက်ရတယ်

​"ကျုပ် ကုန်းဟုန်... အရှင့်ကို ဂါရဝပြုပါတယ်"

​"ကုန်းဟုန် မင်းလည်း ဒီမှာ ရှိနေတာလား ဒါက ပိကျန်းမြို့လား"

​လီပါးတောင်းက ကုန်းဟုန်ကို မြင်တော့ အံ့သြသွားတယ် ဒါပေမဲ့ ချက်ချင်းပဲ တစ်ခုခု ထူးဆန်းနေတာကို သတိပြုမိပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။

​အရမ်း စည်ကားနေတာပဲ၊ ယင်ရဲမက်တွေ၊ ဝိညာဉ်တွေရော၊ အောက်ဆင်းသူ အုပ်စုကြီးရော ရှိနေကြတာ... ဒီလို မြင်ကွင်းမျိုးမှာ ဘာမှ မဖြစ်ဘူးဆိုရင် သူ သေတောင် မယုံဘူး။

​"လီအရာရှိ... ဒီနေရာက ယူဟန့်မြို့ပါ"

​ကုန်းဟုန်က တိုးတိုးလေး ပြောလိုက်တယ်။

​"ယူဟန့်မြို့"

​လီပါးတောင်းက သေချာ စဉ်းစားလိုက်ပြီး ဝမ်ဟုကို တစ်ချက်ကြည့်လိုက်ကာ၊ ဒီနေရာက ဘယ်နေရာလဲဆိုတာ သတိရသွားတယ်။

​"အရှင်... ဘာတွေ ဖြစ်ခဲ့လို့လဲ"

​လီပါးတောင်းက ဖန့်ချန်ကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

​ဖန့်ချန်က ဝမ်ဟုကို တစ်ချက်ကြည့်ပြီး

"မင်းပဲ ပြောလိုက်တော့"

​ဝမ်ဟုက စိတ်အားထက်သန်သွားပြီး လည်ချောင်းတစ်ချက် ရှင်းကာ လီပါးတောင်းကို ပြောလိုက်တယ်

"လီအရာရှိ... ဒီကိစ္စက ပြောရရင်တော့ နည်းနည်း ရှည်တယ်"

​ဖန့်ချန် "ဒါဆိုလည်း တိုတိုပဲ ပြော"

​ဝမ်ဟုက ကပျာကသီ ခေါင်းညိတ်ပြီး

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"

​သူကတော့ အပိုတွေ မပြောရဲတော့ဘူး ကုန်းဟုန်ကိုလည်း ဘယ်လို စောင်းမြောင်းပြောရမလဲ မစဉ်းစားတော့ဘဲ ကိစ္စအဝဝကို အမှန်အတိုင်းပဲ ပြန်ပြောပြလိုက်တယ်။

​စကားတစ်ဝက်လောက် ရောက်တဲ့အချိန် ယူဟန့်မြို့မှာ ဒီအရှင့်ကို ဒုက္ခပေးမယ့်သူ ရှိနေတယ် ပြီးတော့ အဲဒီလူက ကုန်းဟုန်ရဲ့ သွေးသောက်ညီအစ်ကိုရဲ့ ဂျူနီယာညီလေး ဖြစ်နေတယ်ဆိုတာ ကြားလိုက်ရတော့ လီပါးတောင်းရဲ့ မျက်နှာက စိမ်းဖန့်နေပြီ သူ့ကိုယ်ပေါ်က ယင်အငွေ့အသက်တွေကလည်း ဒေါသကြောင့် တုန်ရီနေတော့တယ်။

​ခုနတင် ကုန်းဟုန်ကို အရည်အချင်းရှိသူလို့ ချီးကျူးလိုက်မိတာကို ပြန်တွေးမိတော့ လီပါးတောင်းဟာ ဒင်း ကို သတ်ချင်စိတ်တောင် ပေါက်သွားတယ်လက်သီးကို တင်းတင်းဆုပ်ထားတာကြောင့် လက်ဆစ်တွေကနေ အသံတွေတောင် ထွက်နေပြီ။

​"ပြောလို့ ပြီးပါပြီ"

​ဝမ်ဟုက ပြောပြီးတာနဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။

​"နားထောင်လို့ ပြီးပြီလား"

​ဖန့်ချန်က လီပါးတောင်းကို ကြည့်ပြီး မေးလိုက်တယ်။

​"အရှင်... ဒီလူကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ အမိန့်ရှိပါ"

​လီပါးတောင်းက ခေါင်းညိတ်လိုက်ပြီး

"ဝမ်ချွမ်မြစ် ထဲကို ပစ်ချရမလား ဒါမှမဟုတ် သူ့ရဲ့ ဝိညာဉ်ကို တစ်စစီ ဆုတ်ဖြဲပစ်ရမလား"

​ကုန်းဟုန် တစ်ကိုယ်လုံး တုန်သွားပြီး ကပျာကသီ

"အရှင်... ဒါက ကျုပ်အပြစ် မဟုတ်ပါဘူး ကျုပ်ရဲ့ သွေးသောက်ညီအစ်ကိုက သူ့ရဲ့ ဂျူနီယာညီလေးကို ယူဟန့်မြို့ရဲ့ ယင်စစ်သည် ရာထူး ပေးချင်လို့ ကျုပ်ကို ခဏခဏ လာပြီး မြှူဆွယ်နေတာကြောင့် ကျုပ် မျက်စိမှားသွားတာပါ..."

​ကုန်းဟုန်နဲ့အတူ ပါလာတဲ့ အောက်ဆင်းသူကတော့ မျက်နှာပျက်သွားပြီး ရုတ်တရက် ရယ်ကျဲကျဲနဲ့

​"အားလုံးပဲ... ခင်ဗျားတို့ အရာရှိလောကရဲ့ ကိစ္စက ကျုပ်တို့ အောက်ဆင်းသူတွေနဲ့ မဆိုင်ပါဘူး ကျုပ်တို့ အရင် သွားလိုက်ပါဦးမယ်"

​ပြောပြီးတာနဲ့ သူက မာမင်လုံကို ဆွဲပြီး ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ပတ်ဝန်းကျင်က ယင်ရဲမက်တွေက ဘယ်အချိန်ကတည်းက ဝိုင်းထားမှန်း မသိဘဲ ပိတ်ထားကြပြီ။

​"အရှင်က ဘာမှ အမိန့်မရှိသေးဘဲနဲ့ မင်းတို့က ဘယ်ကို သွားချင်တာလဲ "

​လီပါးတောင်းက အေးစက်စက် မျက်နှာထားနဲ့ ပြောလိုက်တယ်။

All Chapters