အခန်း (၈၄၃-၈၄၄)
Vol. 85 Ch. 843-844
အခန်း (၈၄၃) လူ့လောကသို့ ပြန်ခြင်း
ဝိုးလုံကျောင်းတိုက်မှာ ဝမ်ဖူ ဦးဆောင်တဲ့ ကျင့် မျိုးဆက် တန်ဆောင်ရဟန်းတွေဟာ ကျောင်းတိုက်ဝင်း အလယ်မှာ ကြောက်ရွံ့တုန်ရင်စွာနဲ့ ရပ်နေကြရပြီး၊ သူတို့ပတ်ပတ်လည်မှာတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ ဝူး မျိုးဆက် ကိုရင်လေးတွေ ရှိနေကြတယ်။
ဝိုးလုံကျောင်းတိုက်တစ်ခုလုံးက လူပေါင်းတစ်ရာကျော်ဟာ ဒီနေရာမှာ စုဝေးနေကြတာပါ။
သူတို့အနားမှာတော့ သံချပ်ကာတွေ ဝတ်ဆင်ထားတဲ့ ယွဲ့နိုင်ငံ စစ်သည်တော်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေနဲ့ ဝိုင်းရံထားကြတယ်။
ကျင့်ကြံမှု အဆင့်အတန်းတွေကလည်း မနိမ့်လှပါဘူး။
စစ်သည်တော် ရာဂဏန်းလောက်ဟာ ဝိုးလုံကျောင်းတိုက်ကို ထပ်ချပ်မကွာ ဝိုင်းထားကြပြီ။
ဝမ်ဖူက သတ္တိမွေးပြီး ဗိုလ်ချုပ်ပုံစံနဲ့ အလယ်အလတ်အရွယ် လူတစ်ယောက်ကို ဖားတဲ့အပြုံးနဲ့ ပြုံးပြကာ
"အ... အရှင်... ကျုပ်တို့ ဝိုးလုံကျောင်းတိုက်က ဘယ်တုန်းကမှ လောကီရေးရာတွေမှာ မပါဝင်ခဲ့ပါဘူး အခု ဟူနိုင်ငံ က ယွဲ့နိုင်ငံလက်အောက် ကျရောက်သွားပြီဆိုတော့ ကျုပ်တို့လည်း ယွဲ့နိုင်ငံကိုပဲ အရှင်သခင်အဖြစ် အသိအမှတ်ပြုပါတယ်ခင်ဗျာ"
အဲဒီဗိုလ်ချုပ်ကကုလားထိုင်ပေါ်မှာ ထိုင်နေတယ်။
ဒီကုလားထိုင်က ဝိုးလုံကျောင်းတိုက် ကျောင်းအုပ်ဟောင်း သက်ရှိထင်ရှားရှိစဉ်က အနှစ်သက်ဆုံး ကုလားထိုင်ဖြစ်ပြီး သူဆုံးပြီးနောက်မှာတော့ ဝမ်ဖူက ဆက်ခံပြီး ထိုင်ခဲ့တာပါ။
သူက ဝမ်ဖူကို အေးအေးစက်စက် ကြည့်ပြီး
"ငါ ဒီနေ့ လာတာက ဟူနိုင်ငံရဲ့ အိမ်ရှေ့စံဟောင်းက မင်းတို့ကျောင်းတိုက်မှာ ပုန်းနေတယ်လို့ ကြားလို့ပဲ ပြီးတော့ မင်းတို့ကျောင်းတိုက်က ဟူနိုင်ငံရဲ့ တည်ထောင်သူ ဧကရာဇ်နဲ့လည်း ရင်းနှီးတဲ့ ပတ်သက်မှု ရှိတယ်ဆိုတာ ဟုတ်သလား"
ဝမ်ဖူတို့အုပ်စု မျက်နှာပျက်သွားပြီး ရင်ထဲမှာ အကြီးအကျယ် ကြောက်လန့်သွားကြတယ်။
ယွဲ့နိုင်ငံက ဒီကိစ္စအတွက်နဲ့ ဝိုးလုံကျောင်းတိုက်အထိ တကူးတက လိုက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိဘူး။
ဝမ်ဖူက ကပျာကသီ
"အရှင်... မသိလို့ပါ ကျုပ်တို့ကျောင်းတိုက်က အရင်က ဟူနိုင်ငံရဲ့ တည်ထောင်သူ ဧကရာဇ်နဲ့ ဆုံဖူးတာတော့ ရှိပါတယ် ဒါပေမဲ့ သူက ကျောင်းတိုက်ကိုလာပြီး အမွှေးတိုင် တစ်ခါလာထွန်းဖူးရုံပါပဲ အိမ်ရှေ့စံဟောင်း ဒီမှာ ပုန်းနေတယ်ဆိုတာကတော့ လုံးဝ မဟုတ်ပါဘူး အရှင် သေချာ စစ်ဆေးပေးပါဦး"
ဗိုလ်ချုပ်က ပြုံးလိုက်ပြီး
"စိတ်ချပါ ငါက သေချာစစ်ဆေးမှာပါ ငါ့လူတွေကို နေရာအနှံ့ ရှာခိုင်းထားတယ် တကယ်လို့ လူရှာမတွေ့ရင်တော့ မင်းတို့ကျောင်းတိုက်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး"
"ဒါပေမဲ့... တကယ်လို့သာ လူရှာတွေ့ခဲ့ရင်တော့ ဒါက မင်းတို့ ပုန်ကန်သူတွေကို လက်ခံထားတာပဲမင်းတို့ရဲ့ စိတ်ဓာတ်က သတ်ထိုက်တယ် အဲဒီအခါကျရင်တော့ ဒီနေ့နောက်ပိုင်း ဝိုးလုံကျောင်းတိုက်မှာ အသက်ရှင်သူ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး"
တန်ဆောင်ရဟန်းတွေဟာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးကြပါဘူး။
ဝိုးလုံကျောင်းတိုက်တစ်ခုလုံး သွေးချောင်းစီးမယ့် မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် သူတို့နှလုံးတွေက တုန်ခါလာကြတယ်။
ကျင့်ခုံ တန်ဆောင်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက လူတစ်ယောက်က ကလေးတစ်ယောက်ကို လာအပ်ပြီး ဝူး မျိုးဆက် ကိုရင်လေးအဖြစ် ထားခဲ့တာကို သတိရသွားပြီး မျက်နှာက ချက်ချင်း ဖြူဖျော့သွားတော့တယ်။
သူက မျက်လုံးအောက်ခြေကနေ အကဲခတ်လိုက်တဲ့အခါ၊ အဲဒီကိုရင်လေးက လူအုပ်ထဲမှာ မရှိတာကို တွေ့တော့မှ ရင်ထဲမှာ သက်ပြင်းချနိုင်သွားတယ်။
အဲဒီကလေးက ပါးပါးနပ်နပ်နဲ့ တောင်အောက်ကို ထွက်ပြေးသွားဖို့ပဲ သူ ဆုတောင်းနေမိတယ် ဒါမှ သူတို့လည်း ဘေးမသင့်မှာ မဟုတ်လား။
အဲဒီအချိန်မှာပဲ တောင်တစ်ဖက်ခြမ်းမှာ လူတစ်စုဟာ ဝိုးလုံကျောင်းတိုက်ထဲက အခြေအနေကို လေးနက်တဲ့ မျက်နှာထားနဲ့ ကြည့်နေကြတယ်။
"ဆရာချင်း... ဝိုးလုံကျောင်းတိုက်မှာ တကယ်ပဲ ထူးခြားတဲ့ အစွမ်းတွေ ရှိတယ်ဆိုရင် ဒီယွဲ့နိုင်ငံ စစ်သည်တွေ ရောက်လာတာနဲ့တင် တစ်ခုခု ဖြစ်သင့်တာပေါ့ ဒါပေမဲ့ ဘာလို့ ကျောင်းတိုက်ထဲမှာ ဘာလှုပ်ရှားမှုမှ မရှိတာလဲ"
ကျောက်သခင်လေး က လေးလေးနက်နက် မေးလိုက်တယ်။
သူက ဟူနိုင်ငံရဲ့ ဝှက်ဖုံးထားတဲ့ ရတနာတွေကို အခုထိ လက်မလျှော့နိုင်သေးတာကြောင့် ဒီဒေသမှာပဲ အမြဲ စောင့်ကြည့်နေခဲ့တာပါ။
ဒီအတောအတွင်း ဝိုးလုံကျောင်းတိုက်မှာ ထူးထူးခြားခြား ဖြစ်ပျက်ခဲ့တာဆိုလို့ ဟို မျက်မမြင်အဖိုးကြီး သေဆုံးသွားတာ တစ်ခုပဲ ရှိပါတယ်။
ဒါကလွဲရင် ဝိုးလုံကျောင်းတိုက်က အေးအေးဆေးဆေးပါပဲ ဒီနေ့ ယွဲ့နိုင်ငံ စစ်သည်တွေ ရောက်မလာခင်အထိပေါ့။
"အဲဒီဗိုလ်ချုပ်ရဲ့ ခွန်အားက မသေးဘူး ဂုရု အဆင့် ဖြစ်နိုင်တယ် ကျောင်းတိုက်ထဲက ပညာရှင်တွေလည်း... ထွက်မပြရဲတာ ဖြစ်မှာပေါ့"
ဆရာချင်းက လေးနက်တဲ့ လေသံနဲ့ ပြောတယ်။
ကျောက်သခင်လေးရဲ့ လက်အောက်ငယ်သားတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အသံတိုးတိုးနဲ့
"သခင်လေး... ကျုပ်တို့ အရင် တောင်အောက်ဆင်းကြမလား ဒီစစ်သည်တွေသာ ကျုပ်တို့ကို တွေ့သွားရင် ရှင်းပြရခက်လိမ့်မယ် သူတို့က လူသတ်ရင် မျက်တောင်မခတ်တဲ့လူတွေလို့ ကြားတယ် စကားများရင် ကျုပ်တို့ကိုပါ သတ်ပစ်ကြလိမ့်မယ်..."
ဆရာချင်းက ခေါင်းယမ်းပြတယ်
"ကိစ္စမရှိဘူး သူတို့က ဝိုးလုံကျောင်းတိုက်ကိုပဲ ဦးတည်နေတာ ဟူနိုင်ငံ အိမ်ရှေ့စံကို ရှာနေတာပဲ ကျုပ်တို့က ဒီလောက်အဝေးမှာဆိုတော့ သူတို့ သတိထားမိမှာ မဟုတ်ဘူး"
"အဲဒီအိမ်ရှေ့စံလည်း ကောင်းကောင်း ပုန်းနိုင်ပါစေဦး တကယ်လို့ ရတနာတွေသာ ယွဲ့နိုင်ငံလက်ထဲ ရောက်သွားရင်တော့ ကျုပ်တို့အတွက် ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး"
ကျောက်သခင်လေးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျောင်းတိုက်ဝင်းထဲက အခြေအနေကိုပဲ ဆက်ပြီး စောင့်ကြည့်နေတော့တယ်။
အဲဒီအချိန်မှာပဲ ဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သားတွေက ထူးခြားတဲ့ နေရာတစ်ခုကို တွေ့သွားကြတယ်။
"ဗိုလ်ချုပ်... ဒီမှာ နာရေးအဆောင် တစ်ခု ရှိတယ်အခေါင်းတစ်ခုလည်း ထားထားတယ် ကျုပ်တို့က တစ်ခုခု ထောင်ချောက်ရှိမှာ စိုးလို့ အခုထိတော့ မဖွင့်ရသေးပါဘူး"
စစ်သည်တစ်ယောက်က လာပြီး အစီရင်ခံတယ်။
ဝမ်ဖူက ဒါကို ကြားတာနဲ့ ကပျာကသီ
"ဗိုလ်ချုပ်... ဗိုလ်ချုပ်... အဲဒါက ကျုပ်တို့ကျောင်းတိုက်မှာ တံမြက်စည်းလှည်းတဲ့ မျက်မမြင် အဖိုးကြီး သေလို့ ထားထားတာပါ ဒီရက်ပိုင်း အလုပ်များနေလို့ မသင်္ဂြိုဟ်ရသေးတာပါ အထဲမှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး စိတ်ကြိုက် ဖွင့်ကြည့်လို့ ရပါတယ်"
"ဒါပေမဲ့ ဒီအဖိုးကြီး သေတာ ကြာပြီဆိုတော့ နံနေလောက်ပြီ အရှင်တို့ နှာခေါင်းလေး ဘာလေး ပိတ်ထားကြပါဦး အနံ့ဆိုးတွေက အရှင်တို့ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ စိုးလို့ပါ"
ဝူးဖုန်း ကိုရင်လေးကတော့ မျက်နှာပျက်သွားပြီး သတ္တိမွေးကာ
"အရှင်... အခေါင်းထဲမှာ မိဘမဲ့ အဖိုးကြီးတစ်ယောက်ရဲ့ အလောင်းပဲ ရှိတာပါ သေဆုံးသူကို မနှောင့်ယှက်ကြပါနဲ့လို့ တောင်းပန်ချင်ပါတယ်..."
"ဒီမှာ မင်းစကားပြောရမယ့် နေရာလား မင်း သေချင်ရင်လည်း ကျုပ်တို့ကို ဆွဲမထည့်နဲ့လေ"
ဝမ်ဖူက ဒေါသထွက်သွားပြီး ဝူးဖုန်းရှေ့ကို ပြေးသွားကာ ပါးတစ်ချက် ရိုက်ချလိုက်တယ်။
ဝူးဖုန်းလည်း မြေကြီးပေါ် လဲကျသွားတော့တယ်။
ပြီးနောက် သူက ဗိုလ်ချုပ်ကို ဖားတဲ့မျက်နှာနဲ့ ကြည့်ကာ
"အရှင်... ကျုပ်ကိုယ်တိုင် အခေါင်းကို ဖွင့်ပေးရမလား"
ဗိုလ်ချုပ်က ပြုံးစိစိနဲ့ ဝူးဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး
"ကလေး... ငါတို့က စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာလသေဆုံးသူကို နှောင့်ယှက်ခြင်း ဆိုတဲ့ စကားတွေက ငါတို့ဆီမှာ အလုပ်မဖြစ်ဘူး ငါတို့က နတ်ဘုရားတွေကို မယုံဘူး ငါတို့လက်ထဲက ဓားကိုပဲ ယုံတယ်"
ပြောပြီးတာနဲ့ သူက သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးလိုက်တယ်
"အခေါင်းကို ဒီကို သယ်ခဲ့ အဲဒီ ဝမ်ဖူ ကိုပဲ ဖွင့်ခိုင်းလိုက်"
"ဟုတ်ကဲ့"
စစ်သည်တစ်အုပ်ဟာ နာရေးအဆောင်ဘက်ကို ပြေးသွားကြပြီး ခဏချင်းမှာပဲ စုတ်ချာချာ အခေါင်းတစ်ခုကို သယ်လာကြတယ်။
မသင်္ဂြိုဟ်ရသေးတာကလည်း ဒီအခေါင်းက ဆေးတောင် မသုတ်ရသေးလို့ပါ။
ဝမ်ဖူက အခေါင်းကို ဖွင့်ပေးဖို့ ရှေ့တက်လာတဲ့အခါ ဗိုလ်ချုပ်က လက်ကာပြီး တားလိုက်တယ်။
သူက အခေါင်းရဲ့ ထောင့်တစ်နေရာမှာ ရှိနေတဲ့ ခြေရာသေးသေးလေး တစ်ခုကို မြင်သွားတာကြောင့် မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး အခေါင်းရှေ့ကို လျှောက်သွားလိုက်တယ်။
"ဝမ်ဖူ... မင်းက ဝိုးလုံကျောင်းတိုက်က လူတွေ အကုန်စုံပြီလို့ ပြောခဲ့တယ်နော် အဲဒီစကားက အမှန်ပဲလား မင်း တစ်ခေါက်လောက် ပြန်ရေတွက်ကြည့်ဦးမလား"
ဗိုလ်ချုပ်က ခါးကြားက ဓားကို ဆွဲထုတ်လိုက်ပြီး အခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်တယ်။
အခေါင်းထဲက မှောင်မည်းနေတဲ့ ထောင့်တစ်နေရာမှာတော့ မျက်ရည်တွေနဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ခြေထောက်တွေကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး၊ ခေါင်းကို ဒူးနှစ်ခုကြားထဲမှာ မြှုပ်ထားကာ တစ်ကိုယ်လုံး တုန်ရီနေရှာတယ်။
ကောင်လေးရဲ့ ဘေးမှာတော့ အလောင်းတစ်လောင်း ရှိနေတယ်။
"သောက်ကလေး... တကယ်လို့ တစ်စုံတစ်ယောက်က အခေါင်းကို ဖွင့်ရဲရင် သူ့ကို သတ်ပစ်လိုက်"
"ခင်ဗျား ပြောစရာ မလိုပါဘူး"
အလောင်းထဲမှာတော့ မှန်လေး နဲ့ ဓားငယ်လေး တို့ဟာ ခဏတာ စကားပြောလိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြတယ်။
ဒုန်း... ဒုန်း... ဒုန်း...
အခေါင်း အပြင်ဘက်က ခေါက်သံတွေက ပိုကျယ်လာပြီး ပိုမြန်လာတယ်။
ကောင်လေးကတော့ ထိတ်လန့်တုန်လှုပ်နေပြီး မျက်နှာမှာလည်း မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အရိပ်အယောင်တွေ ပေါ်နေပြီ။
အခေါင်း အပြင်ဘက်မှာတော့ ဗိုလ်ချုပ်ဟာ အထဲက လှုပ်ရှားမှုကို သတိထားမိသွားပြီဖြစ်လို့ သူ့မျက်နှာက အပြုံးက ပိုကျယ်လာတယ်။
သူက ဟိုဘက်တစ်ချက်၊ ဒီဘက်တစ်ချက် လိုက်ခေါက်နေတာပါ။
ဝမ်ဖူကလည်း လူတွေကို တစ်ခေါက် ပြန်ရေတွက်ကြည့်ပြီးတဲ့နောက် မျက်နှာက ဖြူဖျော့သွားပြီး နေရာမှာတင် ကျောက်ရုပ်လို တောင့်ခဲသွားတော့တယ်။
ဗိုလ်ချုပ်က ဒါကို ရိပ်မိသွားပြီး ပြုံးစိစိနဲ့
"ဘယ်လိုလဲ ကိုရင်လေး တစ်ယောက် လိုနေတယ် မဟုတ်လား"
ဝမ်ဖူဟာ မြေကြီးပေါ် ဒူးထောက်ကျသွားပြီး မျက်ရည်တွေ၊ နှပ်တွေနဲ့ ငိုယိုကာ
"အရှင်... အရှင်... ကျုပ် တကယ် မသိလို့ပါဗျာ အဲဒီကိုရင်လေးကို တစ်ခြားလူက လာအပ်တာပါ ကျုပ်ကို ငွေနည်းနည်း ပေးခဲ့လို့ လက်ခံထားတာပါ သူ့ရဲ့ နောက်ခံက ဒီလိုဖြစ်နေမယ်မှန်း ကျုပ် တကယ် မသိခဲ့ပါဘူး"
ဝိုးလုံကျောင်းတိုက်က ရဟန်းတွေလည်း အခုမှ အခြေအနေကို သဘောပေါက်သွားကြပြီး မျက်နှာတွေမှာ တုန်လှုပ်မှုတွေ ပေါ်လာကြတယ်။
ဒါဆို လွန်ခဲ့တဲ့ ရက်ပိုင်းက ရောက်လာတဲ့ ကိုရင်လေးက ဟူနိုင်ငံရဲ့ အိမ်ရှေ့စံဟောင်းပေါ့
ဗိုလ်ချုပ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဓားနဲ့ အခေါင်းကို ရိုက်ချလိုက်တယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင် ကြောင့် အခေါင်းဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့တယ်။
အလောင်းတစ်လောင်းဟာ မြေကြီးပေါ် ဘုတ်ခနဲ ကျလာပြီး၊ ကောင်လေးကတော့ အဲဒီအလောင်းရဲ့ ရင်ခွင်ထဲကို အံကိုက် လဲကျသွားရှာတယ်။
သူက ကြောက်စိတ်ကို အတင်းအောင့်ထားပြီး မျက်ရည်တွေကို သုတ်ကာ၊ ထရပ်ပြီး ဗိုလ်ချုပ်ကို ကြည့်လိုက်တယ်
"ကျုပ်က ဟူနိုင်ငံရဲ့ အိမ်ရှေ့စံပဲ ဒီကိစ္စက ဝိုးလုံကျောင်းတိုက်နဲ့ မဆိုင်ဘူး မင်း ကျုပ်ကို သတ်ချင်ရင် သတ်ပါ၊ အပြစ်မရှိတဲ့လူတွေကိုတော့ ဆွဲမထည့်ပါနဲ့"
ဝူးဖုန်းတို့ဟာ ကြောင်ကြည့်နေကြတယ်... ဒီညီလေးက တကယ်ပဲ ဟူနိုင်ငံရဲ့ အိမ်ရှေ့စံဟောင်းလား
ဗိုလ်ချုပ်က တစ်ခုခု ပြောဖို့ လုပ်နေတုန်းမှာပဲ အော်ဟစ်သံတစ်ခု ထွက်လာတယ်။
"မျက်မမြင် အဖိုးကြီးရဲ့ အလောင်းက ဘာလို့ မပုပ်မသိုးသေးတာလဲ"
လူတိုင်း အလောင်းကို ဝိုင်းကြည့်လိုက်ကြတဲ့အခါ မျက်နှာတွေမှာ ထိတ်လန့်မှုတွေ ပေါ်လာကြတယ်။
သေတာ ဒီလောက်ကြာနေပြီဖြစ်တဲ့ အလောင်းက ဘယ်လိုလုပ် အသက်ရှိသလိုမျိုး မပြောင်းမလဲ ရှိနေရတာလဲ
ဗိုလ်ချုပ်က မျက်လုံးကို အသာမှေးလိုက်ပြီး လူတွေကို အထင်အမြင်သေးသလို တစ်ချက်ကြည့်ကာ ရယ်လိုက်တယ်
"မင်းတို့တွေကတော့ နတ်ဘုရားတွေ သရဲတစ္ဆေတွေနဲ့ လူတွေကို လှည့်စားရတာ သိပ်ဝါသနာပါတာပဲ အလောင်းက မပုပ်ဘူးလား ဒါဆို သူ့အလောင်းက စိန်ခန္ဓာ လားဆိုတာ ငါ စမ်းကြည့်ရမှာပေါ့"
ပြောပြီးတာနဲ့ သူက ဓားကိုကိုင်ပြီး အလောင်းဆီကို လျှောက်သွားတယ်။
ဒါပေမဲ့ သူ ခြေလှမ်း တစ်လှမ်းပဲ လှမ်းရသေးတယ်၊ အလောင်းက ထူးဆန်းစွာနဲ့ မတ်တတ် ထရပ်လိုက်တော့တယ်။
ဒီလို တောင့်တောင့်ကြီး ထရပ်လိုက်တဲ့ ပုံစံက လူကို ကြက်သီးထစရာ ကောင်းလွန်းတာကြောင့် ဗိုလ်ချုပ်တောင် အလိုအလျောက် ခြေလှမ်း တုံ့သွားမိတယ်။
ဝေးလံတဲ့ တောင်ကုန်းပေါ်က ကျောက်သခင်လေးတို့ အုပ်စုလည်း ဒါကို မြင်တာနဲ့ အသက်ရှူမှားသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြတော့တယ်။
ဖန့်ချန်က သူ့ရဲ့ မှုန်ဝါးနေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်၊ ဘေးနားမှာ မျက်နှာဖြူဖျော့ပြီး ကြောက်နေတဲ့ ကောင်လေးရဲ့ ခေါင်းကို ခပ်ဖွဖွလေး ပွတ်ပေးလိုက်ပြီးနောက်... ခြေတစ်လှမ်း လှမ်းလိုက်တယ်။
သူ့ရဲ့ မျက်နှာက ချက်ချင်းဆိုသလို နှစ်အနည်းငယ် ပိုပြီး နုပျိုသွားတယ်။
နောက်တစ်လှမ်း ထပ်လှမ်းလိုက်တဲ့အခါ၊ ပိုပြီး နုပျိုသွားပြန်တယ်။
ဒီထူးဆန်းတဲ့ မြင်ကွင်းကြောင့် ဗိုလ်ချုပ်ဟာ အလိုအလျောက် ခြေလှမ်းတော်တော်များများ နောက်ဆုတ်သွားမိတော့တယ်။

အခန်း (၈၄၄) ဝိညာဉ်သန္ဓေသား အထွတ်အထိပ်
"အဖိုးကြီးက အလောင်းထတာလား "
ဝူးဖုန်း ကိုရင်လေးက အလန့်တကြား အော်ဟစ်လိုက်တယ်။
အလောင်းထတာလား
ဝိုးလုံကျောင်းတိုက်ထဲက ရဟန်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်သွားကြတယ်၊ သူတို့တွေ တရားကျင့်လာတဲ့ သက်တမ်းတစ်လျှောက်မှာ အလောင်းထတဲ့ ထူးဆန်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးကြဘူးလေ
ဒါပေမဲ့... အလောင်းထတာက ရုပ်ရည်ကိုပါ နုပျိုသွားစေတာလား
ဝမ်ဖူရဲ့ မျက်လုံးတွေထဲမှာတော့ ဝေခွဲမရခြင်းတွေ ပြည့်နှက်နေတယ်။
သက်လတ်ပိုင်းအရွယ် ဗိုလ်ချုပ်ကတော့ မျက်လုံးကို အသာမှေးလိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတယ်၊ အခြေအနေကို အသေအချာ မသိရသေးခင်မှာ သူကတော့ လက်ဦးပြီး တိုက်ခိုက်ဖို့ ဆန္ဒမရှိဘူး။
အနားက စစ်သည်တော်တွေကတော့ ဖန့်ချန်ကို ရန်သူကြီးလို ဝိုင်းထားကြပြီး စိုက်ကြည့်နေကြတယ်။
ဖန့်ချန် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အတိုင်းအဆမရှိတဲ့ ဝိညာဉ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး ရုပ်ရည်ကလည်း နှစ်အနည်းငယ်စီ ထပ်ပြီး နုပျိုလာတယ်။
သူ့ရဲ့ စွမ်းအင်ပင်လယ် ထဲမှာတော့ ခရမ်းရောင်အငွေ့အသက်တွေ ဝန်းရံနေတဲ့ လုံးဝန်းတဲ့ ရွှေရောင်အမြုတေ ဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အဲဒီနေရာမှာ ဖန့်ချန်နဲ့ တစ်ပုံစံတည်းတူတဲ့ မူလဝိညာဉ် တစ်ခု ပေါ်လာတော့တယ်။
အဲဒီ မူလဝိညာဉ်ဟာ နဂါး နှစ်ကောင်ကို နင်းထားပြီး ပခုံးနဲ့ ခါးမှာလည်း နဂါးတွေ ပတ်ထားတယ်စုစုပေါင်း နဂါးကိုးကောင် ပါပဲ။
အဲဒီနောက်မှာတော့ ဖန့်ချန် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်နဲ့ မြေကြီးကြားမှာ မိုးခြိမ်းသံတွေ ဟိန်းထွက်လာတော့တယ်။
သာမန်လူတွေ မမြင်နိုင်တဲ့ များပြားလှတဲ့ ဝိညာဉ်စွမ်းအားတွေဟာ ရေကာတာ ကျိုးကျသလိုမျိုး သူ့ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝင်နေကြတယ်။
"နေသာတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလို့ ရုတ်တရက် မိုးခြိမ်းနေရတာလဲ"
လူတိုင်း အံ့ဩတကြီးနဲ့ ခေါင်းမော့ကြည့်လိုက်ကြတယ်၊ ကောင်းကင်က ကြည်လင်နေပြီး မိုးတိမ်တွေလည်း မရှိပါဘူး။
ဒါဆို ဒီမိုးခြိမ်းသံက ဘယ်ကလာတာလဲ
သူတို့တွေ ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ ဒီမိုးခြိမ်းသံက ဖန့်ချန်နဲ့ ဆက်စပ်နေတာကို နောက်ဆုံးမှာ သတိထားမိသွားကြတယ်။
ဖန့်ချန် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုးခြိမ်းသံက ဟိန်းခနဲ ထွက်လာတာပါ။
ဒါတင်မကဘဲ သူ့ရဲ့ ရုပ်ရည်ကလည်း မျက်စိရှေ့မှာတင် သိသိသာသာကို နုပျိုလာနေတာ ဖြစ်ပါတယ်။
ဒီလို မြင်ကွင်းမျိုးက ပုံပြင်တွေထဲမှာပဲ ရှိတာပါ။
သူတို့တွေဟာ ဒီလို ဆန်းကြယ်တဲ့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာကြောင့် မျက်နှာတွေမှာ အကြီးအကျယ် တုန်လှုပ်မှုတွေ ပေါ်နေကြတော့တယ်။
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ဟာ နှစ်ပေါင်းများစွာ ခြောက်သွေ့နေတဲ့ မြေပြင်က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံလိုက်ရသလိုမျိုး သွေးသားတွေက ပြည့်ဖြိုးလာနေတယ်။
ခြေလှမ်း အနည်းငယ်အတွင်းမှာတင် သူ့ရဲ့ ကျင့်ကြံမှုဟာ အရင်ကထက် အဆပေါင်း ရာကျော် သာလွန်သွားပြီး ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် မှာ အခိုင်အမာ ခြေကုပ်ယူနိုင်သွားပြီ။
ဒါပေမဲ့ ကျင့်ကြံမှု တိုးတက်တာက အဲဒီမှာတင် မရပ်တန့်သွားပါဘူး၊ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် စီးဝင်နေဆဲပါပဲ။
သူ့ရဲ့ မူလဝိညာဉ် အငွေ့အသက်ကလည်း အဆင့်ဆင့် မြင့်တက်လာနေတယ်။
မူလကတည်းက ထူးခြားတဲ့ ဝိညာဉ်ကို အခြေခံထားတာဖြစ်သလို ရွှမ်ဖျင့်ရဲ့ သွေးအဆီအနှစ်နဲ့လည်း ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ဒီ ကိုးဆင့် မူလဝိညာဉ် ဟာ စတင် ဖြစ်တည်လာကတည်းက သာမန်နဲ့ မတူတဲ့ ထူးခြားမှုတွေကို ပြသနေတာပါ။
ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်...
အလယ်အလတ်အဆင့်...
နောက်ဆုံးအဆင့်...
အထွတ်အထိပ်
သာမန်လူတွေဆိုရင် နှစ်ပေါင်း ရာနဲ့ချီ လျှောက်လှမ်းရမယ့် ခရီးကို ဖန့်ချန်ကတော့ ခြေလှမ်း အနည်းငယ်အတွင်းမှာတင် အဆုံးသတ်နိုင်ခဲ့ပါတယ်။
လူတိုင်းရဲ့ ရှေ့မှာ ရှိနေတာက မျက်လုံးတွေ မှုန်ဝါးနေတဲ့ မျက်မမြင် အဖိုးကြီး မဟုတ်တော့ဘဲ၊ အသားအရေက နှင်းလိုဖြူဖွေးပြီး အသက် (၁၇) (၁၈) နှစ်အရွယ်လောက်သာ ရှိတဲ့ သူဌေးသား သခင်လေးတစ်ယောက် ဖြစ်နေပါပြီ။
သူက ဟောင်းနွမ်းနေတဲ့ ရဟန်းဝတ်စုံကို ဝတ်ထားတာတောင်မှ သူ့ဆီက ထွက်ပေါ်နေတဲ့ ကျောက်စိမ်းလို တောက်ပတဲ့ အရှိန်အဝါကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။
"ဗိုလ်ချုပ်... ဒီလူ မဟုတ်သေးဘူးဗျ"
ဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သားတွေဟာ ဖန့်ချန်ကို ဝိုင်းထားကြပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတယ်။
ဝမ်ဖူတို့ အုပ်စုကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့ဩမှင်သက်နေကြပြီ။
ဒါ တကယ်ပဲ ဟို မျက်မမြင်အဖိုးကြီးလား
ရှေ့မှာရှိနေတဲ့ လူရဲ့ အရှိန်အဝါက ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သားတစ်ပါးလိုပါပဲ၊ သူ့ရှေ့မှာ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ အလိုလို ပေါ်လာကြတယ်။
ဝူးဖုန်း ကိုရင်လေးက တိုးတိုးလေး ရေရွတ်တယ်
"အဖိုးကြီးက... တကယ်ပဲ သာမန်လူ မဟုတ်ခဲ့ဘူးပဲ..."
ဝေးလံတဲ့ တောင်ကုန်းပေါ်မှာတော့ ကျောက်သခင်လေးဟာ ခဏလောက် ကြောင်အသွားပြီးမှ ဆရာချင်း ကို လှမ်းကြည့်လိုက်မိတယ်
"ဆရာချင်း... သေတဲ့လူ ပြန်ရှင်လာတာ ပြန်ပြီး နုပျိုလာတာ... လောကမှာ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
"ကျ... ကျုပ်လည်း မသိဘူး..."
ဆရာချင်းက တောင့်တောင့်ကြီး ခေါင်းယမ်းပြတယ်၊ သူ့မျက်လုံးထဲမှာတော့ ထိတ်လန့်မှုတွေနဲ့
"ဝိုးလုံကျောင်းတိုက်ထဲက ပညာရှင်ဆိုတာ သေချာပေါက် သူပဲ ဖြစ်ရမယ် ဒီလို ပညာရှင်မျိုးက အရင်က ဘာလို့ ကျောင်းတိုက်တံခါးဝမှာ တံမြက်စည်းလှည်းနေတာလဲ မသိဘူး..."
...
"ဝိညာဉ်သန္ဓေသား အထွတ်အထိပ်... ဒါဆိုရင်တော့ အဆင့်တက်ဖို့ ပြင်ဆင်လို့ ရပြီပေါ့"
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ သုံးလို့မကုန်နိုင်အောင် ပြည့်လျှံနေသလို၊ ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအားတွေကလည်း အချိန်တိုင်း သူ့ရဲ့ မူလဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို လာပြီး အားဖြည့်ပေးနေကြတယ်။
အရင်က ရွှေအမြုတေ အထွတ်အထိပ် အဆင့်နဲ့ ယှဉ်ရင် အခု သူ့ရဲ့ အစွမ်းက... အဆပေါင်း ရာကျော် တိုးတက်လာခဲ့တာပါ...
"ဘယ်က မိစ္ဆာလဲ၊ ငါ့ရှေ့မှာ လာပြီး လူလှည့်စားနေတာလဲ"
ဗိုလ်ချုပ်က ရုတ်တရက် အော်ဟစ်လိုက်တယ်။
ဖန့်ချန်က သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေကို ဖွင့်လိုက်ပြီး ဗိုလ်ချုပ်ကို တစ်ချက်ကြည့်ကာ... လေတစ်ချက် ခပ်ဖွဖွလေး မှုတ်ထုတ်လိုက်တယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်းအား လေပြင်းတွေဟာ ဗိုလ်ချုပ်ဆီကို လွင့်စင်သွားပြီး၊ သူ့ကိုယ်ပေါ်က သွေးသားတွေက မျက်စိရှေ့မှာတင် အရည်ပျော်သွားတော့တယ်။
မျက်စိတစ်မှိတ်အတွင်းမှာတင် ဗိုလ်ချုပ်ဟာ အဖြူရောင် အရိုးစုကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ဝတ်ထားတဲ့ သံချပ်ကာနဲ့ ကိုင်ထားတဲ့ ဓားတွေတောင် မှုန့်မှုန့်ညက်ညက် ကြေသွားတော့တယ်။
"ဟာ......"
အနားမှာရှိတဲ့ စစ်သည်တွေရော၊ ဝမ်ဖူတို့ရော အသက်ရှူမှားသွားကြပြီး မျက်နှာတွေက ချက်ချင်း ဖြူဖျော့သွားကြတယ်။
ဖန့်ချန်ကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ ကြောက်လန့်မှုကလွဲလို့ ဘာမှ မရှိတော့ဘူး
"ဗိုလ်... ဗိုလ်ချုပ်..."
စစ်သည်တစ်ယောက်က အရိုးစုကြီးကို ကြောင်ကြည့်နေမိတယ်၊ ဂုရု အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟာ တစ်ဖက်လူက လေတစ်ချက် မှုတ်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
ဂုရု ဆိုတာ... လောကမှာ အနှိုင်းမဲ့ မဟုတ်ဘူးလား သူ့မျက်လုံးထဲမှာတော့ ဝေခွဲမရခြင်းတွေ ပြည့်နေပြီ။
"မင်းတို့ မသွားကြသေးဘူးလား"
ဖန့်ချန်က ပြုံးပြီး မေးလိုက်တယ်။
သွားမယ်
စစ်သည်တွေဟာ ဘာမှမပြောဘဲ လှည့်ပြေးကြတော့တယ်၊ အသံအကျယ်ကြီးတောင် မထွက်ရဲဘဲ ခြေသံလုံလုံနဲ့ ကျောင်းတိုက်ထဲကနေ ထွက်ပြေးသွားကြတယ်။
စစ်သည်တွေ ထွက်သွားတာကို မြင်တော့ ဝမ်ဖူတို့ဟာ စိတ်မအေးသွားတဲ့အပြင် ပိုတောင် ကြောက်လာကြတယ်။
အထူးသဖြင့် ဝမ်ဖူပဲ၊ သူက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒီအဖိုးကြီးအပေါ် ဘယ်လောက်တောင် စိတ်ပုပ်ခဲ့လဲ၊ အချိန်မရွေး ဆဲဆိုခဲ့တာတွေကို ပြန်တွေးမိပြီး အခုတော့ ကိုယ့်ပါးစပ်ကိုယ် ပြန်ဖြဲပစ်ချင်နေပြီ။
"ကျောင်းအုပ်ဟောင်းက အခု ယင်လောကမှာ ရာထူးတစ်ခု ရထားတယ် သူက မင်းတို့ မျိုးဆက်ကို သိပ်ပြီး အသုံးမကျဘူးလို့ ထင်နေတယ် ဒါကြောင့် ငါ့ကို နည်းနည်းပါးပါး ကြည့်ရှုပေးဖို့ မှာခဲ့တယ် ဒီကျင့်စဉ်ကိုတော့ မင်းတို့ သေချာ ကျင့်ကြံကြပေါ့"
ဖန့်ချန်က ဝမ်ဖူတို့ကို ကြည့်ပြီး ပြုံးကာ ကျင့်စဥ်တစ်ခုကို ပစ်ပေးလိုက်တယ်။
အထဲမှာတော့ ခရမ်းရောင်ချီကျင့်စဉ် ပါရှိပါတယ်။
ဝမ်ဖူတို့ သတိပြန်ဝင်လာတဲ့အခါမှာတော့ ရှေ့ကလူက ပျောက်ကွယ်သွားပြီဖြစ်လို့ သူတို့တွေ အိပ်မက်မက်နေတာလားလို့တောင် ထင်မိကြတယ်။
ဒါပေမဲ့ မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ အခေါင်းအပိုင်းအစတွေကတော့ ခုနက ဖြစ်ပျက်ခဲ့သမျှဟာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေတယ်။
"သူ... သူက ခုနက ပြောသွားတာ ကျောင်းအုပ်ဟောင်းက ယင်လောကမှာ ရာထူးရနေပြီ ဆိုတာလား"
ဝမ်ဖူက ဘေးနားက ညီအစ်ကိုတွေကို လှမ်းမေးလိုက်တယ်။
"အဲဒီလိုပဲ ပြောသွားတာပဲ..."
ကျင့်ခုံ က လေးလေးနက်နက် ခေါင်းညိတ်ပြတယ်။
"ဟား—"
လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်မိကြတယ်၊ ဒါဆို ဒီအဖိုးကြီးက တကယ်ပဲ သေသွားခဲ့တာဖြစ်ပြီး၊ ယင်လောကကို တစ်ခေါက်သွားပြီးမှ အခု လူ့လောကကို ပြန်လာတာ ပေါ့
"ထင်တောင် မထင်ထားမိဘူး အဖိုးကြီးက ဒီလောက်အစွမ်းထက်တဲ့ ပညာရှင်ကြီး ဖြစ်နေမယ်မှန်း ကျုပ်တို့ကတော့ မျက်စိမရှိလို့ သူ့ကို စော်ကားမိခဲ့တာပဲ ကံကောင်းတာက ကျောင်းအုပ်ဟောင်းက မှာခဲ့လို့ပေါ့ အဖိုးကြီးက ကျောင်းအုပ်ဟောင်း မျက်နှာကို ထောက်လို့ ကျုပ်တို့ကို အရေးမယူခဲ့တာ"
ဝမ်ဖူက ခါးသီးစွာ ပြုံးလိုက်တယ်။
ကျင့်ခုံက
"နောင်တော်... အဖိုးကြီးကို အမြဲစော်ကားခဲ့တာ နောင်တော် တစ်ယောက်တည်းပါ..."
ဝမ်ဖူရဲ့ မျက်နှာက တင်းမာသွားပြီး ကျမ်းစာကို ကောက်ယူကာ စကားလမ်းကြောင်း လွှဲလိုက်တယ်
"ကျုပ်တို့က တစ်ဂိုဏ်းတည်းသားတွေပဲလေ အတူတူ ရှေ့ဆက်ရမှာပဲ ဘာလို့ ဒါတွေကို ထည့်တွက်နေမှာလဲ"
"အဖိုးကြီး ချန်ထားခဲ့တဲ့ ဒီကျင့်စဉ်က ဘာလဲဆိုတာ ကြည့်ရအောင် ဒါကို ကျင့်ပြီးရင် အဖိုးကြီးလိုမျိုး နတ်ဘုရားစွမ်းအားတွေ ရလာနိုင်မလား မသိဘူး"
ယွဲ့နိုင်ငံ ဗိုလ်ချုပ်ကြီး အရိုးစု ဖြစ်သွားတဲ့ မြင်ကွင်းက သူတို့ရင်ထဲမှာ စွဲထင်ကျန်ရစ်နေခဲ့ပြီဖြစ်လို့ တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်ပါဘူး။
"နောင်တော်... ဒီကလေးကို ဘယ်လို လုပ်ကြမလဲ"
တစ်ယောက်က ကောင်လေးကို ကြည့်ပြီး မေးတယ်။
"အဖိုးကြီးရဲ့ သဘောထားကို မင်းတို့ မမြင်ကြဘူးလား သူ အရင်က ဘယ်သူပဲဖြစ်ဖြစ် အခုတော့ ငါတို့ ဝိုးလုံကျောင်းတိုက်ရဲ့ တပည့်ပဲ အဖိုးကြီးရဲ့ စောင့်ရှောက်မှု ရှိနေမှတော့ ယွဲ့နိုင်ငံလောက်က ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
ဝမ်ဖူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရယ်မောလိုက်တယ်။
ကောင်လေးရဲ့ ရင်ထဲမှာတော့ အကြီးအကျယ် သက်ပြင်းချနိုင်သွားပြီး ဝမ်ဖူလက်ထဲက ကျင့်စဥ်ကို အမှတ်မထင် လှမ်းကြည့်လိုက်မိတယ်။
ဒါဟာ... ဟူနိုင်ငံကို ပြန်လည် ထူထောင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပါတယ်