← Chapters

အခန်း (၈၄၉-၈၅၀)

Vol. 85 Ch. 849-850

အခန်း (၈၄၉-၈၅၀)

Vol. 85 Ch. 849-850

​အခန်း (၈၄၉) လူသားခန္ဓာဖြင့် အောက်ဆင်းခြင်း

​မရဏလမ်းပေါ်တွင် ဝိညာဥ်သန္ဓေသား သုံးဦးက ရှေ့ဆုံးမှ ဦးဆောင်နေပြီး သူတို့နောက်တွင် သွေးဝိညာဥ်ဂိုဏ်းမှ အကြီးအငယ် ကျင့်ကြံသူ ရာပေါင်းများစွာ လိုက်ပါလာကြရာ ထိုမရဏလမ်းပေါ်တွင် ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

​အနီးအနားရှိ လေလွင့်ဝိညာဉ် များသည် သူတို့၏ ထူးခြားသော အရှိန်အဝါကို သိရှိပုံရပြီး အနားမကပ်ရဲဘဲ အသီးသီး ရှောင်ဖယ်ပေးကြသည်။

​ဝိညာဥ်သန္ဓေသား သုံးဦး၏ မျက်နှာများမှာ မည်းမှောင်နေပြီး စဉ်းစားလေ ဒေါသထွက်လေ ဖြစ်နေကြကာ သူတို့နောက်မှလည်း ရံဖန်ရံခါ ဆဲရေးတိုင်းထွာသံများ ထွက်ပေါ်လာသည်။

​မူလက ကောင်းမွန်သော အောက်ဆင်းသူ များ ဖြစ်သော်လည်း ယခုမူ တကယ်တမ်း သေဆုံးသွားခဲ့ပြီ ဖြစ်ရာ နောင်တွင် ယင်လောကရှိ လေလွင့်ဝိညာဉ်တစ်ခုအဖြစ်သာ နေထိုင်ရတော့မည် ဖြစ်သဖြင့် မည်သူမျှ မကျေနပ်နိုင်ကြပေ။

​မကြာမီတွင် ဝိညာဉ်အုပ်စုမှာ ဝမ့်ချွမ်းမြစ် သို့ ရောက်ရှိလာသည်။

​အောက်ဆင်းသူများ ဖြစ်သော်လည်း လူ့လောကသို့ ပြန်တက်ချိန်တွင် သယ်ဆောင်သွားသော ယင်သက်တမ်း များမှာ နတ်ဘုရားဝိညာဉ်အတွင်းသို့ ပေါင်းစပ်သွားပြီး လူ့လောကရှိ ကျင့်ကြံမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။

​ထို့ကြောင့် အောက်ဆင်းသူဖြစ်စေကာမူ အောက်ဆင်းလာတိုင်း သူတို့ကို မြစ်တစ်ဖက်ကမ်းသို့ ကူးပေးမည့် လှေဆိပ်စောင့် လိုအပ်သည်။

ဝမ့်ချွမ်းမြစ်ကို မဖြတ်သန်းမီ မည်သည့်ဝိညာဉ်မျှ ယင်သက်တမ်းကို အသုံးမပြုနိုင်ပေ။

​ဒါက ယင်လောကက သတ်မှတ်ထားတဲ့ သေချာတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး ရှေးယခင်ကတည်းက ရှိခဲ့တာပါ။

အစိုးရယန္တရားထဲက အချို့သော အထူးရာထူးတွေဖြစ်တဲ့ နေ့လှည့်ညလှည့် လမ်းစဉ်ကလူတွေကလွဲရင် ဘယ်သူမှ ဒီစည်းမျဉ်းကို မချိုးဖောက်နိုင်ပါဘူး။

​ဝမ့်ချွမ်းမြစ်ပေါ်တွင် လူ့လောကရှိ ဆွေမျိုးမိတ်သင်္ဂဟများ လာရောက်ကြိုဆိုနေသည့် လှေငယ်လေးများစွာ ပေါ်လာသည်။

​ဝိညာဥ်သန္ဓေသား သုံးဦးက အတော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ခမ်းနားသော လှေကြီးတစ်စီး ဆိုက်ရောက်လာပြီး၊ ထိုအပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုက သူတို့ကို အထက်စီးမှ ငုံ့ကြည့်နေသည်။

​"မင်းတို့... ဘယ်လို သေလာကြတာလဲ"

​ထိုပုံရိပ်၏ မျက်နှာမှာ အေးစက်နေပြီး မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

သူဝတ်ဆင်ထားသော ဝတ်ရုံမှာ ယင်စစ်သည်ဌာန ၏ နေခင်းကင်းလှည့်ဗိုလ်ချုပ် ဝတ်စုံပင် ဖြစ်သည်။

​နေခင်းကင်းလှည့်စစ်သည် ရာထူးကို ချီသန့်စင်ခြင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များက တာဝန်ယူရပြီး၊ နေလှည့်ဗိုလ် တာဝန်ယူရသော အောက်ဆင်းသူ၏ ကျင့်ကြံမှုမှာ အနည်းဆုံး ရွှေအမြုတေ သို့မဟုတ် ဝိညာဥ်သန္ဓေသား အဆင့်တွင် ရှိရမည်။

​ရှေ့မှလူ၏ အရှိန်အဝါမှာ သာမန်မဟုတ်ပေ၊ လူ့လောကရှိ ကျင့်ကြံမှုအရဆိုလျှင် ထိုဝိညာဥ်သန္ဓေသား အစောပိုင်းအဆင့် သုံးဦးထက် များစွာ ပိုမို အစွမ်းထက်ပုံရသည်။

​"ကျင့်ကြံသူဝမ်... ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ မြို့ထဲရောက်မှပဲ အသေးစိတ် ဆွေးနွေးကြတာပေါ့"

​"ဟွန်း... တက်ခဲ့ကြ"

​ထိုနေလှည့်ဗိုလ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

​ထိုအခါမှ ဝိညာဥ်သန္ဓေသား သုံးဦးက ဝိညာဉ်အုပ်စုကို ဦးဆောင်ကာ လှေကြီးပေါ်သို့ တက်လိုက်ကြသည်။

အနီးအနားရှိ ကြိုဆိုမည့်သူမရှိသော ဝိညာဉ်အချို့ကလည်း ထိုလှေကြီး ခမ်းနားသည်ကို မြင်သောအခါ လိုက်ပါစီးနင်းရန် ကြိုးစားသော်လည်း ဝမ့်ချွမ်းမြစ်ထဲသို့ တိုက်ရိုက် အပစ်ချခံလိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မြစ်ရေအောက်သို့ နစ်မြုပ်သွားကြတော့သည်။

​လှေကြီးမှာ ထူထပ်သော မြူနှင်းများအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။

လာကြိုမည့်သူမရှိသော အထီးကျန်ဝိညာဉ် များစွာမှာ နေရာတွင် ကြောင်ရပ်နေကြပြီး၊ ထိုလှေငယ်လေးများ တစ်စီးပြီးတစ်စီး ထွက်ခွာသွားသည်ကို ဘာလုပ်ရမှန်းမသိဘဲ ငေးကြည့်နေကြရသည်။

​ဖန့်ချန်က လှေကြီးပေါ်မှ အကြည့်ကို လွှဲလိုက်ပြီး လှုပ်ရှားလိုက်သည်နှင့် သူ၏ရှေ့တွင် လှေငယ်တစ်စီး ပေါ်လာသည်။

သူ လှေပေါ်တက်လိုက်သည်နှင့် လှေငယ်မှာ အရှိန်အဟုန်ဖြင့် လှိုင်းတံပိုးများကို ခွဲကာ ပြေးထွက်သွားတော့သည်။

​ဒါက သူ ပထမဆုံးအကြိမ် လူသားခန္ဓာဖြင့် အောက်ဆင်းခြင်း ဖြစ်သည်။

​နတ်ဘုရားဝိညာဉ်ဖြင့် အောက်ဆင်းခြင်းနှင့် မတူညီသည့်အချက်မှာ သူ၏ကျင့်ကြံမှုမှာ ခန္ဓာကိုယ်၏ ကန့်သတ်မှုကို ခံနေရပုံပေါ်ခြင်းပင်။

​ယခုမူ သူ၏အစွမ်းမှာ လူ့လောကရှိ အဆင့်နှင့်သာ တူညီပြီး၊ မူလဝိညာဉ်ဖြင့် အောက်ဆင်းစဉ်ကကဲ့သို့ မသေမျိုးဘုရင် အဆင့်နှင့် ယှဉ်နိုင်သော စွမ်းပကားမျိုး မရှိတော့ပေ။

​သို့သော်လည်း... သူ ခုနက စမ်းသပ်ကြည့်ပြီးပါပြီ၊ လူသားခန္ဓာဖြင့် အောက်ဆင်းလာလျှင်ပင် ယင်လောကတွင် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာနိုင်ပါသေးသည်။

​မုလဝိညာဉ် ထွက်ခွာသွားချိန်တွင် သူ၏စွမ်းပကားများမှာ ကန့်သတ်မထားတော့သော်လည်း၊ တစ်စုံတစ်ယောက်က အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်ရန် မိမိ၏ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့တော့ လိုအပ်သည်။

​ရှင်းရှန်း အရင်က ပြောခဲ့ဖူးသည်မှာ၊ မကြီးထွားသေးသော ငရဲမင်း ဟူသည် ယင်မိစ္ဆာ များနှင့် လေလွင့်ဝိညာဉ်များစွာအတွက် အလွန်အရသာရှိသော အစားအစာ ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်။

​အကယ်၍ ငရဲမင်း၏ အသားနှင့်သွေးကို စားသုံးနိုင်ပါက ကြီးမားသော အကျိုးကျေးဇူးများ ရရှိလိမ့်မည် မဟုတ်ပါလား။

​ပုကွေမြို့ ၊ လက်ဖက်ရည်ဆိုင်၊ သီးသန့်ခန်း။

​ဝမ်ရုလုံ က ဝိညာဥ်သန္ဓေသား သုံးဦးအတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီးနောက် လက်ဖက်ရည်အိုးကို ချကာ ခပ်အေးအေး ပြောလိုက်သည်

​"ပြောစမ်းပါဦး... မင်းတို့ သုံးယောက်ရဲ့ လူ့လောကက ကျင့်ကြံမှုနဲ့ဆိုရင် ဘာလို့ တစ်ဖွဲ့လုံး အကုန်အစင် သေလာရတာလဲ တိုက်ခိုက်တဲ့လူက ဘယ်လိုပုံစံလဲဆိုတာတောင် ဘာလို့ မမြင်လိုက်ရတာလဲ"

​ဝိညာဥ်သန္ဓေသား သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ တစ်ယောက်က မျက်မှောင်ကြုတ်ကာ

​"ဖြစ်ပျက်ခဲ့တဲ့အချိန်မှာ ကျုပ်တို့ ဘုရားကျောင်းထဲမှာ ရှိနေတာ ဘာထူးခြားမှုမှ မရှိဘူး အရာရာက ရုတ်တရက် ဖြစ်သွားတာ ကျုပ်တို့ သတိဝင်လာတဲ့အချိန်မှာ ခန္ဓာကိုယ်က ပျက်စီးသွားပြီ ဝိညာဥ်သန္ဓေသားလည်း ချေမှုန်းခံလိုက်ရပြီ ဒီလေလွင့်ဝိညာဉ်ပဲ ကျန်ခဲ့တော့တာ "

​"ယင်လောကမှာ တစ်စုံတစ်ယောက်သော အောက်ဆင်းသူကို သွားစော်ကားမိလို့ ဒီဘေးဒုက္ခနဲ့ ကြုံရတာလား"

ဝမ်ရုလုံက အေးစက်စွာ မေးသည်။

​ဝိညာဥ်သန္ဓေသား သုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စဉ်းစားနေပုံရကာ ခဏအကြာတွင် ခေါင်းယမ်းလိုက်ကြသည်။

​"ကျုပ်တို့ စော်ကားမိတဲ့ အောက်ဆင်းသူတွေက ကျုပ်တို့ရဲ့ နောက်ကြောင်းကို သိကြပါတယ် သူတို့အကြောင်းကို ကျုပ်တို့ သိသလောက်ဆိုရင် သူတို့ကို သတ္တိ အဆတစ်ရာ ပေးရင်တောင် သွေးဝိညာဥ်ဂိုဏ်းကို လက်ဖျားနဲ့တောင် မတို့ရဲကြပါဘူး ပြီးတော့ ကျုပ်တို့ကို အစအနမကျန် အသံတိတ် သုတ်သင်နိုင်တဲ့ အစွမ်းလည်း မရှိကြပါဘူး"

​"မင်းတို့ ပြောချင်တာက... တစ်စုံတစ်ယောက်က ငါတို့ သွေးဝိညာဥ်ဂိုဏ်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာပေါ့"

​ဝမ်ရုလုံ မျက်မှောင်ကြုတ်သွားသည်

"ဝိညာဥ်သိုင်းနယ်မြေ မှာ သွေးဝိညာဥ်ဂိုဏ်းနဲ့ ယှဉ်နိုင်တဲ့ ဂိုဏ်းကြီးတွေ မနည်းပေမဲ့ အကြောင်းမဲ့သက်သက် ဘာလို့ ရန်လာစမှာလဲ ဒီကိစ္စက မင်းတို့ကြောင့်ပဲ ဖြစ်မယ်လို့ ငါထင်တယ် မင်းတို့ လူ့လောကမှာ မတော်တဆ အလယ်သုံးဆင့် ကျင့်ကြံသူတစ်ယောက်ကို သွားစော်ကားမိလို့ ဒီလို ဘေးဒုက္ခနဲ့ ကြုံရတာနေမှာ"

"အခုတော့ တစ်ဖက်လူက ဘယ်သူလဲဆိုတာတောင် မသိရတော့ ဂိုဏ်းထဲက ဘယ်သူမှလည်း မင်းတို့အတွက် လက်စားချေပေးလို့ မရဘူး "

​"ဒါဆို ကျုပ်တို့က ဒီအတိုင်းပဲ အလကား သေသွားရမှာလား"

ဝိညာဥ်သန္ဓေသား သုံးဦးက မျက်မှောင်ကြုတ်ကာ မေးသည်။

​"မင်းတို့ သိလား... အခုတလော ယင်လောကရဲ့ အခြေအနေတွေ ပြောင်းလဲနေတာကို "

​ဝမ်ရုလုံက သူတို့ သုံးယောက်ကို စောင်းငဲ့ကြည့်လိုက်သည်

"ဂိုဏ်းထဲက ဝိညာဥ်အရှင် အဆင့် ပုဂ္ဂိုလ်ကြီးတွေတောင် ဒီကိစ္စကြောင့် တော်တော် ခေါင်းခဲနေကြတာ အခုအချိန်မှာ မင်းတို့ကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ မင်းတို့ ပုကွေမြို့မှာပဲ အေးအေးဆေးဆေး နေကြတော့ တခြားဟာတွေ လျှောက်မတွေးနဲ့တော့ "

​ဝိညာဥ်သန္ဓေသား သုံးဦးက ကပျာကသီ မေးမြန်းကြည့်ရာ၊ ယင်လောကတွင် နှစ်ပေါင်းများစွာ လစ်လပ်နေသော နေ့ခင်းကင်းလှည့်အရှင် ရာထူးနေရာတွင် တစ်စုံတစ်ယောက် တက်ထိုင်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ အကုန်လုံး အံ့ဩတုန်လှုပ်သွားကြသည်။

​နေ့ခင်းကင်းလှည့်လမ်းစဉ်၏ အာဏာမှာ အလွန်ကြီးမားပြီး၊ အသစ်တက်လာသော နေ့ခင်းကင်းလှည့်အရှင် မှာလည်း သာမန်လူ မဟုတ်ဖို့ သေချာသည်။

​"ကျင့်ကြံသူဝမ်... ကျုပ်တို့လည်း အသက်ရှင်စဉ်က ဝိညာဥ်သန္ဓေသားတွေပါပဲ လစ်လပ်နေတဲ့ ရာထူးနေရာလေးတွေများ ရှိမလားလို့ပါ ကျုပ်တို့ ဖြည့်ဆည်းပေးလို့ ရမလား "

​ဝိညာဥ်သန္ဓေသား တစ်ဦးက ရုတ်တရက် ပြုံးပြီး မေးလိုက်သည်

"အဆင်ပြေမယ်ဆိုရင် ကျုပ်ဘက်က တစ်ခုခု ပြန်လည် ပေးဆပ်ပါ့မယ် "

​ယင်လောကမှာဆိုရင် အောက်ဆင်းသူဖြစ်ဖြစ် ဒါမှမဟုတ် အစိုးရရုံးမှာ အလုပ်လုပ်တာဖြစ်ဖြစ် လုပ်ရမှ သာမန်လေလွင့်ဝိညာဉ်အဖြစ် နေရမှာကို သူတို့ ဘယ်လိုမှ မကျေနပ်နိုင်ကြပါဘူး။

​"အရင်ကဆိုရင်တော့ လစ်လပ်တဲ့နေရာ မရှိသလောက်ပဲ ဒါပေမဲ့ မင်းတို့ ရောက်လာတာက အချိန်ကိုက်ပဲ ဒီတစ်ခါမှာ နေခင်းကင်းလှည့်နတ်ဘုရား အပါအဝင် ဒါဇင်နဲ့ချီတဲ့လူတွေ အရှိန်အဝါ သက်ရောက်မှုခံရပြီး ခေတ္တ ရာထူးက ဖယ်ရှားခံထားရတယ်"

"အဲဒီကြားထဲမှာ လှုပ်ရှားစရာ နေရာလေးတွေတော့ ပေါ်လာမှာပေါ့ သေချာ စီစဉ်နိုင်ရင် ရာထူးနေရာကတော့ မရှားပါဘူး ဒါပေမဲ့... မင်းတို့က ဘယ်လောက် ပေးနိုင်မှာလဲ "

​ဝမ်ရုလုံက ခပ်ပြုံးပြုံးဖြင့်

"တခြားဟာတွေ မပြောနဲ့ဦး ပုကွေမြို့လို နေရာမျိုးမှာ နေခင်းကင်းလှည့်ဗိုလ်ချုပ် ရာထူး ရချင်ရင်တောင် မင်းတို့ အနည်းဆုံး ယင်သက်တမ်း ၃၀၀ လောက် ပေးနိုင်မှ ဖြစ်လိမ့်မယ် "

​"၃၀၀... ကျုပ်တို့ ဒီနှစ်တွေအတွင်း စုဆောင်းထားတဲ့ ယင်သက်တမ်းတွေတော့ ရှိပါတယ် ခါးပတ်ကို တင်းတင်းစည်းပြီး ပေးမယ်ဆိုရင်တော့ ရနိုင်ပါတယ် ဒါပေမဲ့... ကျင့်ကြံသူဝမ် အာမခံချက်လေးတော့ ပေးစေချင်ပါတယ် အကယ်၍ အလုပ်မဖြစ်ခဲ့ရင် ဒီပိုက်ဆံတွေကို ပြန်အမ်းပေးမလား"

​"အဲဒါတော့ လုံးဝ မဖြစ်နိုင်ဘူး မင်းတို့ သေချာ စဉ်းစားကြ အကယ်၍ မင်းတို့က လျှော့ပြီး နေခင်းကင်းလှည့်စစ်သည် အဖြစ်ပဲ လုပ်မယ်ဆိုရင်တော့ ဈေးနှုန်းကို နည်းနည်း ထပ်လျှော့ပေးလို့ ရတယ် "

​"ဒါက... ကျုပ်တို့ စဉ်းစားပါရဦးမယ်..."

​ဖန့်ချန်က ဤအထိ ကြည့်ပြီးနောက် ထိုလူစုမှာ သွေးဝိညာဥ်ဂိုဏ်း၏ အောက်ခြေအဆင့် လူငယ်လေးများသာ ဖြစ်ကြောင်း သိလိုက်သဖြင့် သူတို့ထံမှ အရေးကြီးသော သတင်းအချက်အလက်များ ထပ်မရနိုင်တော့သည်ကို သိကာ လှည့်ထွက်လာခဲ့သည်။

​သူ ယခု သံသယဖြစ်မိသည်မှာ ထို ရိပ်ခြေဗုဒ္ဓအတတ် သည် ငရဲမင်းအတွက် မိမိကိုယ်ကိုယ် ကာကွယ်ရန် ပေးထားသော အတတ်ပညာ ဖြစ်ပေလိမ့်မည်။

​ယင်လောကတွင် နေရာတိုင်း၌ အရိပ်များ ရှိနေသဖြင့် လူ့လောကတွင်ကဲ့သို့ အသုံးချရန် ခက်ခဲသော နေရာမျိုး မရှိပေ။

​ပုကွေမြို့မှ ထွက်လာသောအခါ ဝမ့်ချွမ်းမြစ်ရှေ့တွင် တံတားတစ်စင်း ပေါ်လာသည်။

ထိုတံတားမှာ ပုကွေတောင် နယ်မြေသို့ ဦးတည်ခြင်း မဟုတ်ဘဲ၊ ချင်ဆွေ့ မသေဆုံးမီက နေထိုင်ခဲ့သော ဇာတိမြေနှင့် ဆက်စပ်နေသော ယင်လောက မြို့တော်သို့ ဦးတည်နေခြင်း ဖြစ်သည်။

​တံတားကို ဖြတ်ကျော်ပြီး မရဏလမ်းပေါ် တက်လိုက်ရာ၊ လက်ဖက်ရည်တစ်ခွက်စာ အချိန်ပင် မပြည့်သေးမီ ဖန့်ချန်သည် ချင်မိသားစုရှိရာ မြို့လေးသို့ ရောက်ရှိလာသည်။

ငရဲမင်းသည် လူသားခန္ဓာဖြင့် အောက်ဆင်းနိုင်ကြောင်း သူ သိရှိခဲ့ကတည်းက ယင်လောကကို ကြားစခန်းအဖြစ် အသုံးပြုကာ ခန္ဓာကိုယ်ကို နေရာရွှေ့ပြောင်း နိုင်မလားဆိုသည်ကို သူ အမြဲ စမ်းသပ်ချင်နေခဲ့ခြင်း ဖြစ်သည်။

​ယခု ကြည့်ရသည်မှာ ထိုယင်လောကသည် ကြီးမားသော ကြယ်တာရာ အာကာသရွှေ့ပြောင်းခြင်း အစီရင် ကြီးတစ်ခုကဲ့သို့ပင် ဖြစ်ပြီး ငရဲမင်း တစ်ဦးတည်းသာ အသုံးပြုနိုင်သည်။

​ဖန့်ချန်က ငရဲမင်းတံဆိပ် ကို ထုတ်ကြည့်လိုက်ရာ အပေါ်ရှိ ယင်သက်တမ်းမှာ ပြောင်းလဲခြင်း မရှိသည်ကို တွေ့ရသည်။

ဆိုလိုသည်မှာ သူသည် ယင်လောကတွင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ လူသားခန္ဓာဖြင့် အောက်ဆင်းသည်ဖြစ်စေ ယင်သက်တမ်း ကုန်ဆုံးရန် မလိုအပ်ပေ။

​သူ အလိုရှိပါက ယင်လောကကို ဖြတ်ကျော်ကာ လူ့လောက၏ မည်သည့် နယ်မြေကိုးခု ဆီသို့မဆို သွားရောက်နိုင်သည်။

​ကြိုတင်သတ်မှတ်ချက်မှာ မည်သည့်နေရာသို့ သွားမည်ကို ကြိုတင် သိရှိထားရန်သာ လိုအပ်သည်။

​​အခန်း (၈၅၀) ယင်ပင်လယ် ကြာပန်း

​ချင်အိမ်တော်တွင် ချင်အဘိုးအိုနှင့် လူများမှာ ဖန့်ချန် တံခါးဝသို့ ရောက်လာသည်ကို မြင်သောအခါ တစ်ယောက်စီတိုင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

ဆွေမျိုးလက်တက်များနှင့် အစေခံအချို့သာ ဖန့်ချန်ကို ကြည့်သည့် အကြည့်များထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

​"လူကြီးမင်း... ကျုပ်တို့ ယူဟွမ်းမြို့ကို သွားဖို့အတွက် လူဦးရေ ကန့်သတ်ချက် ရှိပါသလား"

ချင်အဘိုးအိုက ဂရုတစိုက် မေးမြန်းသည်။

​"မင်းတို့ လူဘယ်လောက် သွားဖို့ ရည်ရွယ်ထားလဲ"

ဖန့်ချန်က ပြုံးလျက် မေးသည်။

​လူကို ဝမ့်ချွမ်းမြစ်ကို ဖြတ်ကျော်ခေါ်ဆောင်သွားခြင်းမှာ သဘာဝအတိုင်း ယင်သက်တမ်းပြားများ ကုန်ကျမည် ဖြစ်သော်လည်း၊ ကုန်ကျစရိတ်မှာ မများလှပေ။

ချင်ဆွေ့၏ လက်ရှိရာထူးအဆင့်အတန်းဖြင့်ဆိုလျှင် မိသားစုနှစ်စုလုံးကို သက်တောင့်သက်သာ တာဝန်ယူနိုင်မည်ဟု ထင်ရသည်။

​"အဆင်ပြေမယ်ဆိုရင်တော့ ကျုပ်တို့ ဆွေမျိုးသားချင်း အားလုံး သွားဖို့ ရည်ရွယ်ထားပါတယ် နောက်ပြီး အစေခံတွေလည်း..."

ချင်အဘိုးအို၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

​ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကမူ ရုတ်တရက် စကားဖြတ်ပြောလိုက်သည်

"အဘိုး... လူတော်တော်များများက မသွားချင်ကြဘူး သွားလိုက်ရင် သေသွားပြီလို့ သူတို့က ထင်နေကြတာ..."

​ချင်းအဘိုးအို ခေတ္တမျှ ကြောင်အသွားပြီး မျက်နှာမှာ ချက်ချင်း ညှိုးငယ်သွားသည်။

သို့သော် ခဏမျှ သေချာစဉ်းစားပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်

​"သွားချင်တဲ့သူတွေကို စာရင်းသွင်းလိုက် မသွားချင်တဲ့သူတွေကိုလည်း အတင်းအကျပ် မလုပ်ပါနဲ့"

​နောက်ဆုံးရလဒ်မှာ ချင်အိမ်တော်ရှိ ချင်းဆွေ့၏ တိုက်ရိုက်ဆွေမျိုးများမှလွဲ၍ အချို့သော ဆွေမျိုးများမှာ မသွားလိုကြပေ။

ကံကောင်းသည်မှာ ချင်အဘိုးအိုကလည်း သူတို့ကို အတင်းအကျပ် မခိုင်းစေခဲ့သဖြင့် သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်များမှာ အနည်းငယ် ပြေလျော့သွားကြသည်။

​တစ်နာရီခန့်အကြာတွင် ကျန်းမိသားစုဘက်မှလည်း ဆွေမျိုးသားချင်း တစ်ရာကျော် ရောက်ရှိလာပြီး၊ ထိုအထဲတွင် အစေခံဟောင်းများနှင့် အလုပ်သမားများလည်း ပါဝင်သည်။

​မိသားစုနှစ်စု ပေါင်းလိုက်လျှင် ယခုတစ်ခေါက် ယူဟွမ်းမြို့သို့ သွားမည့် လူသား ဦးရေမှာ တစ်ရာ့ငါးဆယ်ကျော် ရှိသည်။

​ဖန့်ချန်က ချင်ဆွေ့ကို ထပ်မံခေါ်ယူလိုက်ပြီး မိသားစုနှစ်စု အောက်ဆင်းပြီးနောက်ပိုင်း ကိစ္စရပ်များကို စီစဉ်ခိုင်းလိုက်သည်။

အောက်ဆင်းနေစဉ်အတွင်း လူသားခန္ဓာကိုယ်ကို စောင့်ကြည့်မည့်သူ မရှိပါက တစ်စုံတစ်ယောက်က အခွင့်ကောင်းယူ တိုက်ခိုက်ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။

​ယခုတစ်ခေါက် မိသားစုနှစ်စုစလုံး၏ တိုက်ရိုက်ဆွေမျိုးများမှာ ယူဟွမ်းမြို့သို့ သွားကြမည်ဖြစ်ရာ၊ ထိုပြဿနာကို သေချာမစီစဉ်ပါက မတော်တဆမှုကြီးများ ဖြစ်ပွားနိုင်သည်။

​"လူကြီးမင်း... အောက်ဆင်းဖို့ လိုအပ်တဲ့ ဝိညာဉ်ခေါ်မီးအိမ် က တန်ဖိုး တော်တော်ကြီးပါတယ် နောင်မှာ ကျုပ် အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ယင်သက်တမ်းပြားတွေ စုပြီး လူကြီးမင်းကို ပြန်ဆပ်ပါ့မယ်"

​အရာအားလုံးကို စီစဉ်ပြီးနောက် ချင်ဆွေ့သည် ဖန့်ချန်၏ ရှေ့သို့ လာကာ လက်အုပ်ချီ အရိုအသေပေးလိုက်သည်။

သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများ ထင်ဟပ်နေသည်။

​သူသည် တစ်နေ့တွင် မိမိသေဆုံးပြီးနောက် ယင်လောက၌ ချစ်သူနှင့် လက်ထပ်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးသလို၊ မိသားစုဝင်များကပါ ထိုမင်္ဂလာပွဲကို လာရောက်ဆင်နွှဲနိုင်လိမ့်မည်ဟု ပို၍ပင် မထင်မှတ်ခဲ့ဖူးပေ။

​"ဝိညာဉ်ခေါ်မီးအိမ် ကိစ္စကို မင်း ဂရုစိုက်နေစရာ မလိုပါဘူး ဒီအပေါ်မှာ အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုရင် အောက်ကိုသွားပြီး လူတွေကို ကြိုဖို့ ပြင်ဆင်ထားတော့"

ဖန့်ချန်က ပြုံးလျက် ပြောသည်။

​ချင်ဆွေ့က ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြပြီး မရဏလမ်းထဲသို့ ဝင်ကာ ဖန့်ချန်၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။

​ဝိညာဥ်သိုင်းနယ်မြေ မှ လူများမှာ ယင်ကံ ထူထပ်လှသည်။

လူသာမန်ဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ အောက်ဆင်းရသည်မှာ အခြားနေရာများထက် ပိုမို လွယ်ကူသည်။

​သို့သော် မည်မျှပင် လွယ်ကူစေကာမူ ကြားခံပစ္စည်း တစ်ခု လိုအပ်သည်။

ဝိညာဥ်သိုင်းနယ်မြေတွင် အတွေ့ရဆုံး ကြားခံပစ္စည်းမှာ ဝိညာဉ်ခေါ်မီးအိမ် ပင် ဖြစ်သည်။

​၎င်း၏ အနှစ်သာရမှာ မီးအိမ်ပေါ်တွင် မဟုတ်ဘဲ မီးအိမ်ဆီပေါ်တွင် ရှိသည်။

​ထိုမီးအိမ်ဆီကို ယင်ပင်လယ် ကြာပန်း ဟု ခေါ်သော ကြာစေ့နှင့် အခြား ဝိညာဉ်ဆေးမြစ် အချို့ကို ရောစပ်ကာ ကျိုချက်ထားခြင်း ဖြစ်သည်။

​ဝိညာဉ်ခေါ်မီးအိမ်ကို ထွန်းလိုက်သည့်အခါ လူ၏ ဝိညာဉ်မှာ လျော့ရဲလာပြီး အောက်ဆင်းနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

​သို့သော်လည်း... ဖန့်ချန်အတွက်မူ ထိုမျှလောက် အလုပ်ရှုပ်နေစရာ မလိုပေ။

​"အားလုံးပဲ... ပြင်ဆင်ပြီးကြပြီလား"

ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

​ချင်အဘိုးအိုနှင့် ကျန်းမိသားစု ခေါင်းဆောင်တို့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်

​"လူကြီးမင်း... ကျေးဇူးပြုပြီး အတတ်ပညာကို သုံးပေးပါ "

​ခဏချင်းမှာပင် ဖြူလွလွ မြူနှင်းများ ဖုံးလွှမ်းနေသော မရဏလမ်းတစ်ခုသည် လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။

​ချင်အဘိုးအိုနှင့် လူများအားလုံးမှာ အေးစက်သော အငွေ့အသက်တစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး၊ သတိဝင်လာချိန်တွင် မရဏလမ်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

​"ဒါ... ဒါက..."

​လူတိုင်းမှာ မိမိကိုယ်ကို ပေါ့ပါးနေသည်ဟု ခံစားရပြီး၊ ထူးဆန်းမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကြသည်။

​သူတို့သည် လေလွင့်ဝိညာဉ်အုပ်စုတစ်စု ဖြတ်သွားသည်ကို တွေ့လိုက်ရပြီး ထိုအထဲတွင် စက္ကူရုပ် များ ပါဝင်နေသည်ကို မြင်သောအခါ မျက်နှာများ ဖြူလျော့သွားပြီး အော်ဟစ်မိလုနီးပါး ဖြစ်သွားကြသည်။

​"မင်းတို့ ကြည့်ရတာ တကယ့်ကို အူကြောင်ကြောင်ပါလား ဘာကို ကြောက်နေကြတာလဲ ငါတို့ အားလုံး သေနေကြပြီပဲဥစ္စာ"

​တစ်ဖက်လူက သရော်သော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် လူအုပ်ကို ဦးဆောင်ကာ ဝမ့်ချွမ်းမြစ်ဘက်သို့ ဆက်လက် ထွက်ခွာသွားသည်။

​"လူ... လူကြီးမင်း... ကျုပ်တို့ နောက်ထပ် ဘယ်ကို ဆက်သွားရမလဲ"

ချင်အဘိုးအိုက ဖန့်ချန်ကို ကြည့်ကာ ရိုသေစွာ မေးသည်။

​"ငါ့နောက်ကို လိုက်ခဲ့ရုံပါပဲ"

ဖန့်ချန်က ပြုံးလိုက်သည်။

​မကြာမီတွင် လူအုပ်ကြီးမှာ ဝမ့်ချွမ်းမြစ်ကမ်းနားသို့ ရောက်ရှိလာသည်။

ထိုနေရာရှိ အောက်ဆင်းသူ အချို့က ဤဘက်သို့ အမှတ်မထင် လှမ်းကြည့်လိုက်ကြသော်လည်း၊ ကြည့်လိုက်သည့်အခါတွင် ကြောင်အသွားကြတော့သည်။

​သူတို့သည် ထိုလူအုပ်ကြီးမှာ လေလွင့်ဝိညာဉ်များ မဟုတ်ဘဲ ရှင်ဝိညာဉ်များ ဖြစ်သော အောက်ဆင်းသူများ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

​အောက်ဆင်းသူ တစ်ရာ့ငါးဆယ်ကျော် တပြိုင်နက်တည်း အောက်ဆင်းလာတာလား ဒါက ဘယ်လိုဖြစ်တာလဲ

​သူတို့ စိတ်ထဲတွင် သံသယဖြစ်နေစဉ်မှာပင် ရင်းနှီးလှသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သေချာစိုက်ကြည့်လိုက်သည့်အခါတွင် မျက်နှာများ ချက်ချင်း ဖြူလျော့သွားပြီး နှုတ်ခမ်းများ တုန်ယင်ကာ အလိုအလျောက် နောက်သို့ ဆုတ်လိုက်ကြတော့သည်။

​"မိတ်ဆွေတို့... မတွေ့ရတာ ကြာပြီနော်"

​ထိုသူများမှာ ထပ်မံ ထိတ်လန့်သွားကြပြီး လှည့်ကြည့်လိုက်ရာ ရွှီပိုင်ကျိုး ဖြစ်နေသည်ကို တွေ့ရသဖြင့် သက်ပြင်းချနိုင်သွားကြသည်။

သို့သော် နောက်ပိုင်းတွင် သူတို့၏ မျက်နှာထားမှာ အလွန် ထူးဆန်းသွားသည်။

​"ကျင့်ကြံသူရွှီ... ဒီကာလအတွင်း မင်း ပျောက်နေတာ၊ မင်းမိန်းမမှာ တော်တော် စိုးရိမ်နေရတယ်"

တစ်ယောက်က ပြောသည်။

​ရွှီပိုင်ကျိုးက သက်ပြင်းချလိုက်ပြီး သွားကြိတ်ကာ ပြောသည်

"ဘယ်သူပြောလို့လဲ လူ့လောကမှာ မတော်တဆမှုအချို့ ကြုံခဲ့ရလို့ အောက်ဆင်းဖို့ ကြန့်ကြာနေတာပါ ကျုပ်မရှိတုန်းက တစ်ချို့လူတွေ ကျုပ်မိန်းမကို အနိုင်ကျင့်ချင်နေကြတယ်လို့ ကြားတယ် ကျုပ် တစ်ယောက်ချင်းစီကို စာရင်းရှင်းမယ်"

​ပြောပြီးနောက် ရွှီပိုင်ကျိုးက ထိုလူများကို ကြည့်ကာ မချိုမချဉ် ပြုံးလျက်

"မိတ်ဆွေတို့... ကျုပ်တို့ ဆက်ဆံရေးက မဆိုးပါဘူး ကျုပ်မိန်းမကို အနိုင်ကျင့်တဲ့အထဲမှာ... မင်းတို့တော့ မပါဘူး မဟုတ်လား "

​ထိုလူများမှာ ထိတ်လန့်သွားပြီး လက်များကို ခါယမ်းပြကြသည်။

​"ကျုပ်တို့က မင်းရဲ့ မိန်းမကို ဘယ်လိုလုပ် အနိုင်ကျင့်ရဲမှာလဲ အဲဒါတွေက အဲဒီ မာမင်လုံ ကြောင့်ပါ အဲဒီလူက အပြင်ပန်းမှာ သူတော်ကောင်းလိုလိုနဲ့ တကယ်တော့ အရှက်မရှိတဲ့ လူယုတ်မာပဲ ဒါပေမဲ့ ကံကောင်းတာက သူက..."

​"ဟော... အစ်ကိုဖန့် "

​ရွှီပိုင်ကျိုးက ရုတ်တရက် ဖန့်ချန်ရှိရာဘက်သို့ လက်လှမ်းပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားတော့သည်။

​ကျန်ခဲ့သော လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အနေကြသည်။

​"ငါ ကြားတာကတော့... အရင်က မာမင်လုံနဲ့ လူကြီးမင်းဖန့် အငြင်းပွားခဲ့တာက လူကြီးမင်းဖန့်က ဝမ်ဖန့်အတွက် ရွှီပိုင်ကျိုးကို လိုက်ရှာပေးမယ်လို့ ကတိပေးခဲ့လို့တဲ့..."

​"မဖြစ်နိုင်တာ... ဒါဆိုရင် ကျင့်ကြံသူရွှီက ဒီလူကြီးမင်းကို သိနေတာပေါ့ ဒီနေ့ ဒီမှာ ပေါ်လာတာကလည်း ဒီလူကြီးမင်းက လူ့လောကကို တစ်ခေါက်သွားပြီး သူ့ကို ကယ်ခဲ့တာပေါ့"

​"မိတ်ဆွေတို့... ကျင့်ကြံသူရွှီတော့ ကံပွင့်တော့မှာပဲခဏနေရင် ယူဟွမ်းမြို့ကို ရောက်တဲ့အခါ သူ့ကို သေချာ ကပ်ထားကြစို့ နောင်မှာ သူ့ကျေးဇူးနဲ့ ငါတို့လည်း အဆင့်အတန်း တက်နိုင်တာပေါ့"

​ချင်အဘိုးအိုနှင့် ကျန်းမိသားစု ခေါင်းဆောင်တို့သည် ရွှီပိုင်ကျိုးကို မြင်သောအခါ စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

​"အစ်ကိုဖန့်... ခင်ဗျား ပုကွေတောင်ကို သွားမယ်လို့ ကျုပ်ထင်နေတာ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး အဲဒီနေရာမျိုးက မသွားတာပဲ ကောင်းပါတယ် မသွားတာပဲ ကောင်းတယ် ယူဟွမ်းမြို့ကို ရောက်ရင် ကျုပ် ခင်ဗျားကို သေချာ ဧည့်ခံပါရစေ "

ရွှီပိုင်ကျိုးက ရယ်မောလျက် ပြောသည်။

​ဖန့်ချန်က ပြုံးပြီး

"ဒါဆို မင်း ရောက်လာတာ အချိန်ကိုက်ပဲ ခဏနေရင် မင်းမိန်းမကို ခေါ်ပြီး မင်္ဂလာပွဲကို လာခဲ့ဦးလေ"

​"မင်္ဂလာပွဲ"

​ရွှီပိုင်ကျိုး ခေတ္တ ကြောင်အသွားပြီးမှ သတိဝင်လာသည်။

ဖန့်ချန်၏ နောက်တွင် လိုက်ပါလာသော လူတစ်ရာကျော်မှာ ရှင်ဝိညာဉ်များဖြစ်ပြီး အောက်ဆင်းလာကြခြင်း ဖြစ်သည်ကို သိလိုက်ရသောအခါ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားသည်။

​ယူဟွမ်းမြို့ထဲမှာ ဘယ်သူက ဒီလောက် လက်ကြီးရတာလဲ ယင်လောကမှာ လက်ထပ်တာကို လူ့လောကက ဆွေမျိုးတွေကိုပါ ဖိတ်ခေါ်နိုင်ရအောင်။

​ဒီအတွက် ကုန်ကျမယ့် ဝိညာဉ်ခေါ်မီးအိမ်တွေနဲ့ ယင်သက်တမ်းပြားတွေကလည်း အနည်းအကျဉ်း မဟုတ်ဘူးလေ။

​ဖြူလွလွ ဝမ့်ချွမ်းမြစ်ထဲတွင် ရုတ်တရက် ခမ်းနားသော လှေကြီးတစ်စီး ပေါ်လာသည်။

ရွှီပိုင်ကျိုး အပါအဝင် အောက်ဆင်းသူများက ကြည့်လိုက်သည်နှင့် ထိုလှေကြီးကို တည်ဆောက်ရန် အနည်းဆုံး ယင်သက်တမ်း ၅ နှစ်ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိလိုက်ကြသည်။

​"သခင်ကြီး... သခင်လေးပါ သခင်လေး"

"သခင်မလေးလည်း ပါတယ် ကျုပ် သခင်မလေးကို မြင်နေရပြီ"

"သမီးလေး"

"အဘိုး... မြန်မြန်ကြည့်ပါဦး ဆွေ့လေး ပါ"

"တကယ်ပဲ သခင်လေးပါလား သခင်လေး ဝတ်ထားတဲ့ စစ်ဝတ်တန်ဆာက တကယ့်ကို ခန့်ညားတာပဲ "

​လှေကြီး၏ အရှေ့တွင် ချင်ဆွေ့နှင့် သူ၏ လက်ထပ်တော့မည့် ဇနီးလောင်းတို့ ရပ်နေကြသည်။

ကမ်းပေါ်ရှိ ဆွေမျိုးသားချင်းများ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ချင်းဆွေ့၏ မျက်ရည်စများ ဝိုင်းလာတော့သည်။

​"ဟင်... နေခင်းကင်းလှည့်စစ်သည် ရဲ့ ဝတ်ရုံပါလား... ယူဟွမ်းမြို့က နေခင်းကင်းလှည့်စစ်သည်က ဘယ်တုန်းက လူပြောင်းသွားတာလဲ "

​ရွှီပိုင်ကျိုးက သံသယများဖြင့် ဖန့်ချန်ကို တိုးတိုးလေး မေးလိုက်သည်

"အစ်ကိုဖန့်... ခင်ဗျားက ဒီနေခင်းကင်းလှည့်စစ်သည်နဲ့ သိတာလား ဒါဆို အခု မင်္ဂလာဆောင်မှာက သူပေါ့ "

All Chapters