← Chapters

အခန်း (၂၄၄)

Vol. 25 Ch. 244

အခန်း (၂၄၄)

Vol. 25 Ch. 244

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ဖြာထွက်လာသော အလင်းတန်းများသည် ကိုးထပ်မြောက်ကုန်းမြေတိုက်၏ကောင်းကင်ဘုံအနှံ့ ရိုက်ခတ်သွားသည်။ ထိုအခါ မျှော်စင်၏ ပုံရိပ်သည် မိစ္ဆာတိုင်း၏ စိတ်နှလုံးအတွင်း၌ ပေါ်ပေါက်လာကာ သက်ရှိအားလုံးသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုလိုက်ကြသည်။ သူတို့၏ရင်ထဲတွင် ကောင်းကင်တက်လှမ်းမျှော်စင်အ‌ပေါ်ကြည်ညိုလေးစားစိတ်များ ဖြစ်ပေါ်နေကြသည်။

''ဒေါင်...''

''ဒေါင်...''

''ဒေါင်...''

သာယာကြည်လင်သော ခေါင်းလောင်းသံများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းမှ ထွက်ပေါ်လာ၏။ ယင်းအသံသည် ငရဲမဟာကမ္ဘာကြီးအနှံ့သို့ ပျံ့နှံ့သွားလေသည်။

ခေါင်းလောင်းသံမြည်လာခြင်းသည် ကောင်းကင်တက်လှမ်းမျှော်စင် ဖွင့်လှစ်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ထိုသည်က သတ်မှတ်ထားသော အချိန်ထက် နာရီအနည်းငယ်မျှ စောနေခဲ့သည်။

မျှော်စင်ကိုယ်ထည်ပေါ်တွင် ဧရာမ အလင်းတံခါးကြီးတစ်ခု ပေါ်ထွက်လာ၏။ မိစ္ဆာအရှင်သခင်အားလုံးသည် ရက်စက်ကြမ်းကြုတ်လှသော ဂူကျဲထူကို ဂရုမစိုက်နိုင်တော့ဘဲ အလင်းတံခါးဆီသို့ အလုအယက် ပြေးဝင်သွားကြလေသည်။

'ဟင်းဟင်း... ဒီမျှော်စင်မှာ အပြောင်းအလဲရှိနေတယ်... ပထမဆုံးဝင်တဲ့သူကတော့ အကျိုးအမြတ်အများကြီး ရမှာပဲ'

''ဓားမိစ္ဆာ... ဂူကျဲထူ...ရပ်လိုက်စမ်း...''

ဂူကျဲထူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် အဖြူအမည်း မြစ်နှစ်စင်းကို သူ၏ မိစ္ဆာသတ်ဖြတ်ခြင်းဓားဖြင့် ခုတ်ပိုင်းလိုက်၏။ ထို့နောက် သူသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ပြေးဝင်လာသော မိစ္ဆာအရှင်သခင်များဆီသို့ ဓားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကာ အလင်းတံခါးအတွင်းသို့ အရင်ဆုံးဝင်ရောက်ရန် အရှိန်ဖြင့်ပျံသန်းသွားလိုက်သည်။

ထိုဓားအရှိန်အဝါသည် ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်ခြင်း ဖြစ်သော်လည်း ယင်း၏ အစွမ်းကိုမူ လျှော့တွက်၍ မရပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိစ္ဆာအရှင်သခင် ထောင်ပေါင်းများစွာကို နှစ်ပိုင်းပိုင်းဖြတ်သွားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုဖြစ်ပွားသွားလေသည်။

ထိုအချိန်၌ ကျုံးရှန်သည်လည်း စတင်လှုပ်ရှားလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်ကာ လီလီဗီနှင့် ရှီမင်တို့ကို ချက်ချင်းပင် ဆွဲယူလိုက်ပြီး လက်ခြောက်ဖက်ပါသော အစစ်အမှန်အတ္တပုံရိပ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်ကာ အလွန်ပင် ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ဂူကျဲထူကို တားဆီးရန် ဦးတည်လိုက်သည်။

''လက်ခြောက်ဖက်... ဝူလုံနတ်ဘုရားလက်သီး...''

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှစ်ရာ့တစ်ဆယ်သန်းသော အစစ်အမှန်အတ္တအမှုန်အမွှားများ တစ်ပြိုင်နက်တည်း လင်းထိန်သွားကာ ရှစ်ရာ့တစ်ဆယ်သန်းသော နတ်ဘုရားနယ်ပယ် ပထမအဆင့် ပြောင်းလဲခြင်း စွမ်းအားများထွက်ပေါ်လာပြီး လက်သီးခြောက်ဖက်ပေါ်တွင် စုစည်းသွား၏။

ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်း ကိုယ်တွင်းအင်္ဂါငါးခုရှိ ဓာတ်ကြီးငါးပါးနန်းတော်များမှ အရှင်သခင်များသည်လည်း လက်သီးများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။

ရေလက်သီး။

မီးလက်သီး။

သတ္တုလက်သီး။

မြေလက်သီး။

သစ်သားလက်သီး။

ယင်းသည် မဟာသူတော်စင် ငါးဦး၏ အစွမ်းကုန် တိုက်ခိုက်မှုပင်ဖြစ်သည်။ လက်သီးငါးခုသည် ဓာတ်ကြီးငါးပါးစွမ်းအင်အစီရင်အဖြစ် ပေါင်းစည်းသွားကြကာ စွမ်းအားငါးမျိုးသည် အပြန်အလှန် စီးဆင်းသွားပြီးနောက် ပိုမိုပြင်းထန် သောစွမ်းအားများကိုသယ်ဆောင်လျက် ကျုံးရှန်၏ခန္ဓာကိုယ်မှတစ်ဆင့် ဂူကျဲထူဆီသို့တိုးဝင်သွားသည်။

ကျုံးရှန်၏ ရုတ်တရက် တိုက်ခိုက်မှုကို မည်သူမျှ ကြိုတင် မသိရှိခဲ့ကြပေ။ ချောက်နက်မိစ္ဆာအရှင်သခင် တစ်ဦးတည်းသာလျှင် စိတ်ထဲမှ အသင့်ပြင်ထားပုံရသည်။

သို့သော်လည်း လက်ခြောက်ဖက် ဝူလုံနတ်ဘုရားလက်သီးနှင့် ဓာတ်ကြီးငါးပါးလက်သီးတို့သည် ထိုသို့ အလွယ်တကူ ခုခံနိုင်သောအရာမျိုး မဟုတ်ပေ။ ဂူကျဲထူပင်လျှင် သူ့ဆီရုတ်တရက်တိုးဝင်လာသည့် ဤရန်သူကို တွက်ဆထားခြင်း မရှိခဲ့ချေ။

''သေစမ်း...''

''ဓားထုတ်ခြင်း ကိုးကွက်... တတိယဓား...''

သူသည် ဒေါသတကြီး ဆဲဆိုလိုက်ကာ လက်သီးရိပ်များဆီသို့ ဓားဖြင့် လှမ်း၍ခုတ်ပိုင်းလိုက်၏။ အစစ်အမှန်မိစ္ဆာနတ်ဘုရားနယ်ပယ်အဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိနေသော ဓားမိစ္ဆာတစ်ဦးဖြစ်သည်နှင့်အညီ သူ၏ အစွမ်းမှာ အထင်သေး၍ မရပေ။

ဤဓားချက်သည် တိုးဝင်လာသည့် လက်ခြောက်ဖက် အစစ်အမှန်အတ္တအမှုန်အမွှား၏ဝူလုံနတ်ဘုရားလက်သီးချက်များကိုခုခံလိုက်သည်။ သို့သော်လည်း သူ၏ဓားချက်သည်မျက်တောင်တစ်ခတ်အတွင်းပင် ပျက်စီးသွားခဲ့ရ၏။

သူ၏ ဓားပညာသည် အလွန်ရိုးရှင်းလှသော်လည်း သူ့ကို လျှပ်တပြက်တိုက်ခိုက်သူ၏ လက်သီးချက်သည် ထိုထက်ပင် ပိုမိုရိုးရှင်းနေသည်ကို သတိပြုမိလိုက်လေသည်။

ယင်းလက်သီးချက်များသည် စွမ်းအား၏ အထွတ်အထိပ်ဖြစ်ကာ မည်သည့် အနာအဆာပြစ်ချက်မျှ ပါဝင်ခြင်း မရှိပေ။ ရှစ်ရာ့တစ်ဆယ်သန်းသော နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျွမ်းကျင်သူများ ၏စွမ်းအားများသည် လက်သီးခြောက်ခုအတွင်းစုစည်းသွားသောအခါ မည်သည့်အရာမျှ တားဆီး၍ မရနိုင်တော့ခြင်းပင်ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် ဂူကျဲထူ၏ ဓားချက်ကို အလွယ်တကူချေဖြတ်ပြီးနောက် သူ၏မိစ္ဆာသတ်ဖြတ်ခြင်းဓားဦးဆီ တိုးဝင်သွားလေသည်။

ဖျောက်…

ဂူကျဲထူ၏ မိစ္ဆာသတ်ဖြတ်ခြင်းဓားကျိုးသွားလေသည်။ ထို့နောက် နောက်မှကပ်ပါလာသောဓာတ်ကြီးငါးပါး လက်သီးများသည် ဂူကျဲထူထံဆက်လက်တိုးဝင်လာပြန်သည်။

ဂူကျဲထူ၏ ရှေ့သို့ တိုးဝင်နေသော ခန္ဓာကိုယ်သည် ထိုစွမ်းအင်များဖြင့်ချုပ်နှောင်ခံလိုက်ရကာ ချက်ချင်းပင် တုံ့ဆိုင်းသွားလေ၏။

ကျုံးရှန်သည် ထိုအခွင့်အရေးကို အသုံးချကာ သူ၏ အရှိန်ကို ထပ်မြှင့်လိုက်ပြီး မိစ္ဆာအားလုံး သတိမထားမိခင်ပင် ရှီမင်နှင့် လီလီဗီတို့ကို ခေါ်ဆောင်ကာ အလင်းတံခါးအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

ကျုံးရှန် ဝင်ရောက်သွားပြီးနောက် အလင်းတံခါးသည် ပြင်းထန်စွာ တုန်ခါလာကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ပုံမှန်အားဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပွင့်လှစ်ပါက တစ်ပတ်ကြာမှ ပိတ်သိမ်းလေ့ရှိသော်လည်း ယခုမူ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်တော့မည့် အရိပ်အယောင်များ ပေါ်လာသည်။

''တိုးကြစမ်း..."

"ဒီတစ်ခါ မျှော်စင်ပွင့်တာက ဘေးအန္တရာယ်တွေနဲ့ ယှဉ်နေတာဆိုတော့ ရတနာတွေ အများကြီး ရှိမှာပဲ... လက်လွှတ်မခံကြနဲ့"

"တိုက်မယ်ကွာ"

မကောင်းဆိုးဝါး မီးတောက်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပိုင်ကျင်းကျင်းသည် ပျံသန်းနေသော ဓားအရှိန်အဝါများကို ရှောင်တိမ်းနေရင်းမှ သွားကို တင်းတင်းကြိတ်လိုက်ကာ လောင်ကျွမ်းနေသော ဦးခေါင်းခွံ ရတနာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် မီးလျှံတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဂူကျဲထူ၏ဓားအရှိန်အဝါများကို ဖြတ်ကျော်လိုက်ပြီး မတည်မငြိမ် ဖြစ်နေသော အလင်းတံခါးအတွင်းသို့ ဝင်ရောက်သွားလေသည်။

ဂူချီရှာ အပါအဝင် အခြားသော ပါရမီရှင်များသည်လည်း အသက်ကို ပဓာနမထားတော့ဘဲ အလင်းတံခါးအတွင်းသို့ အလုအယက် ပြေးဝင်လိုက်ကြ၏။ ထိုအခါ အလင်းတံခါးသည် တုန်ယင်သွားကာ အလင်းရောင်သည် တစ်ဝက်ခန့်ထပ်မံ မှိန်ဖျော့သွားလေသည်။

ဂူကျဲထူသည် ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် အကြီးအကျယ် သတ်ဖြတ်နေခဲ့သော်လည်း ယခုအခါသူ၏ စိတ်ထဲတွင် ကျုံးရှန်ကို အမုန်းတီးဆုံးဖြစ်သွားပြီဖြစ်သည်။ ကျုံးရှန်၏ ဓာတ်ကြီးငါးပါး လက်သီးများ၏ချုပ်‌နှောင်မှုမှလွတ်မြောက်လာချိန်တွင်မူ အလင်းတံခါးသည် လုံးဝ မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။ ထိုသည်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဝင်ပေါက် လုံးဝ ပိတ်သွားခြင်းပင် ဖြစ်ရာ ဤအခြေအနေကြောင့် သူသည် ရူးသွပ်လုနီးပါး ဖြစ်သွားရသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ရှေးဟောင်း နယ်မြေတစ်ခုကို စူးစမ်းစဉ်တွင် သူသည် လျန့်ယွီမိစ္ဆာအရှင်သခင်၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ထိုစဉ်က သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကာ သေလုနီးပါး ဖြစ်ခဲ့ရ၏။ သို့သော်လည်း ဘေးအန္တရာယ်များကြားတွင် အခွင့်အရေးများ ရှိနေတတ်သည် မဟုတ်ပါလော။

သူသည် ထိုနယ်မြေအတွင်း၌ ဝမ်ရှန့်ကုန်းမြေတိုက်ရှိ ဓားနတ်ဘုရား၏ အမွေအနှစ် အစိတ်အပိုင်းအချို့ကို ရရှိခဲ့ကာ ဓားကျင့်ကြံသူဖြစ်သည့် သူ့အတွက်အခွင့်အလမ်း‌ကောင်းဖြစ်ခဲ့ရသည်။

ထို့ပြင် သူ့၌ ငရဲဓားမိစ္ဆာ၏ နတ်ဘုရားအမြုတေနှင့် သူကိုယ်တိုင် သွန်းလုပ်ထားသော မိစ္ဆာသတ်ဖြတ်ခြင်းဓားလည်းရှိ၏။ ထိုဓားဖြင့် သူသည်မျက်တောင်တစ်ခတ်အတွင်း အကြိမ်ပေါင်းများစွာ ဆွဲထုတ်တိုက်ခိုက်နိုင်ခဲ့ရာ ဓားတစ္ဆေဟု ပင်ခေါ်တွင်ခြင်း ခံခဲ့ရသည်။

ထို့နောက်သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားစွမ်းအင်နှင့် မိစ္ဆာစွမ်းအင် နှစ်ခုသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်‌သောကြောင့် တစ်ထပ်တည်း ကျသွားခဲ့ကြသည်။ ထိုဆန့်ကျင်ဘက်စွမ်းအင်နှစ်မျိုး သည် ဓားတာအို၏ထူးခြားဆန်းကြယ်မှုအောက်တွင် သဟဇာတညီမျှစွာဖြင့်ပေါင်းစပ်သွားခဲ့ပြီး သူ၏ အစွမ်းသည်လည်း အစစ်အမှန်နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်သို့ ခုန်တက်သွားခဲ့သည်။

တစ်ခါတွင် သူသည် တိုက်ဆိုင်မှုတစ်ခုကြောင့် ရှေးဟောင်းပညာရှင်တစ်ဦး တွက်ချက်ထားသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ယဇ်ပူဇော်သည့် နည်းလမ်းတစ်ခုကို သူ ရရှိခဲ့သည်။ ထိုနည်းလမ်းသည် သေခြင်းရှင်ခြင်း စွမ်းအားနှင့် မိစ္ဆာစွမ်းအားတို့ကို အပြန်အလှန် တုန်ခါစေခြင်းဖြင့် မျှော်စင်ကို အချိန်မတိုင်မီ အတင်းအကျပ် ပွင့်လှစ်စေခြင်း ဖြစ်သည်။ သို့သော်လည်း ပေးဆပ်ရသည့် တန်ဖိုးမှာကား ဝင်ပေါက်သည် စက္ကန့်အနည်းငယ်သာ တည်မြဲနေမည် ဖြစ်သည်။

သူသည် အရာအားလုံးကို တွက်ချက်ထားခဲ့ကာ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများ၏ အစီအစဉ်ကိုပါ စုံစမ်းထားခဲ့သည်။ ထိုသတင်းများအရ သူတို့၏ မူလကိုယ်ခန္ဓာများသည် ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် မရှိနိုင်ကြောင်း သိထားခဲ့ရာ မျှော်စင်ကို တစ်ဦးတည်း ပိုင်ဆိုင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လမ်းတစ်ဝက်တွင် ကျုံးရှန် ပေါ်လာလိမ့်မည်ဟု မည်သို့လျှင် တွေးတောမိပါမည်နည်း။

မည်သည့်အခါကမျှ မကြားဖူးသော ဤမျှ ပြင်းထန်သည့် ကျွမ်းကျင်သူတစ်ဦး ရုတ်တရက်ပေါ်ထွက်လာကာ သူ၏အကြံအစည်များကို ဖျက်ဆီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လက်ခြောက်ဖက် ဝူလုံနတ်ဘုရားလက်သီးနှင့် ဓာတ်ကြီးငါးပါးလက်သီးတို့သည် လက်ရှိ ဂူကျဲထူပင်လျှင် တိုက်ရိုက်ရင်ဆိုင်ရန် ထိတ်လန့်ရသော စွမ်းအားများ ဖြစ်ကြသည်။ ထိုလက်သီးချက်များတွင် မတွန့်မဆုတ် ရှေ့သို့ တိုးဝင်သည့် အရှိန်အဝါများ ပါဝင်နေကာ သူ၏ ဓားထုတ်ခြင်း နည်းစနစ်နှင့်ပင် အနည်းငယ် ဆင်တူနေသည်။

သူတို့နှစ်ဦးလုံးသည် စွမ်းအားများကို နည်းလမ်းတစ်ခုခုဖြင့် ထပ်ဆင့်ထားခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်၌ထိုအရာများကို တွေးတောနေခြင်းသည် အချ‌ည်းအနှီးသာဖြစ်သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပိတ်သွားခဲ့ပြီ ဖြစ်ကာ ဝင်ရောက်နိုင်ခဲ့သော မိစ္ဆာအရှင်သခင်သည် ဆယ်ဦးပင် မပြည့်ခဲ့ပေ။ ယင်းသည် သမိုင်းတစ်လျှောက် ဝင်ရောက်သူ အနည်းဆုံးအကြိမ် ဖြစ်လာတော့သည်။ ဂူကျဲထူသည် ယခုအချိန်တွင် ဘေးဒုက္ခများဖြင့် ဝန်းရံခြင်း ခံနေရပြီ ဖြစ်၏။

သူသည် မိစ္ဆာနတ်ဘုရားနယ်ပယ်အဆင့် ၃အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများနှင့် ရန်ငြိုးများ ရှိနေသည့်အပြင် ကိုးထပ်မြောက် ကုန်းမြေတိုက်ရှိ ရှေးဟောင်းမြို့ကြီးကိုပါ ဖျက်စီးပစ်ခဲ့သည်။

ထို့အပြင် လာရောက်ကြသော မိစ္ဆာအရှင်သခင်များကိုလည်း တိုက်ခိုက်ခဲ့ရာ အားလုံး မသေဆုံးခဲ့သည်ပင်လျှင် တစ်စိတ်တစ်ပိုင်းခန့် သေကြေပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဤမျှ ကြီးမားသော ပြဿနာကို ဖန်တီးခဲ့သဖြင့် အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများသည် သူ့ကို လွှတ်ထားမည် မဟုတ်ပေ။

သူအနေနှင့်လက်ရှိ အခြေအနေတွင်ထွက်ပြေးရန်သာ ရှိတော့သည်။

ဂူကျဲထူ၏စိတ်ထဲ၌အတွေးမျိုးစုံဖြတ်သန်းသွားကာ ဒဏ္ဍာရီလာတံခါးပေါက်များကို ဖြတ်ကျော်၍ ငရဲကမ္ဘာကြီး၏ ကိုးထပ်မြောက် ကုန်းမြေတိုက်မှ ထွက်ပြေးရန် ကြိုးပမ်းလိုက်လေသည်။

All Chapters