အခန်း (၃၅၇-၃၅၈)
Vol. 18 Ch. 357-358
အပိုင်း (၃၅၇) လုယွီယန် အစွမ်းနိုးထလာခြင်း
ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ဆေးဘက်ဆိုင်ရာ သုတေသနခန်းမထဲတွင် ဖြစ်သည်။
ကင်းလှည့်အဖွဲ့ဝင် တစ်ယောက်က အထဲသို့ ဝင်လာပြီး လှမ်းကြည့်လိုက်သည်။
သူက ရန်ဆန်းမင်၊ ဦးလေးရန်၊ ရမ်ကျဲ၊ လီဟန်ကျုံးနှင့် ဖုချီပေါ်တို့ လူစုက တစ်နေရာတည်းတွင် စုဝေးကာ တစ်စုံတစ်ရာကို အပြင်းအထန် ဆွေးနွေးနေကြသည်ကို မြင်လိုက်ရသည်။
အပြင်ဘက် အခန်းငယ်ထဲတွင်မူ ထန်ယင်းက လက်ဖက်ရည် ငဲ့နေသည်။
ဤဘက်တွင် လူရှိနေသည်ကို သတိထားမိသွားသဖြင့် ထန်ယင်းက ခေါင်းမော့ကာ ကြည့်လိုက်သည်။
ကင်းလှည့်အဖွဲ့ဝင်က သူမကို လက်ယပ်ခေါ်လိုက်သည်။
ထန်ယင်းက လက်ဖက်ရည်ပန်းကန်ကို ချထားခဲ့ပြီး လျှောက်လာကာ တိုးတိတ်သော အသံဖြင့် မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ"
ကင်းလှည့်အဖွဲ့ဝင်က တိုးတိတ်စွာ ပြောလိုက်သည်။ "ဒေါက်တာထန်... အပြင်ဘက်မှာ တာအိုဆရာလင်းရဲ့ သူငယ်ချင်းလို့ ပြောတဲ့လူ တစ်ယောက် ရောက်နေတယ်... ဒေါက်တာရန်ကို အရေးတကြီး တွေ့ချင်လို့တဲ့... သူ့ပုံစံက အရမ်း အလျင်လိုနေပုံပဲ"
ထန်ယင်းက ကြားသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒေါက်တာရန်၏ အရင်က သူငယ်ချင်း ဖြစ်ခဲ့ဖူးသော ထိုတာအိုဆရာလင်း ဆိုသူကို သူမက အမြင်မကြည်လှပေ။
အဘယ်ကြောင့်ဆိုသော် သူမကလည်း အစက တိုက် (၇၅) မှ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် ကမ္ဘာပျက်ကပ် မတိုင်မီက ထိုအိမ်ရာထဲရှိ တာအိုဆရာလင်း၏ နာမည်ပျက်များကို ကောင်းကောင်း သိထားသောကြောင့်တည်း။
ထိုသူက လူပျိုသိုးကြီး ဖြစ်ပြီး လူမိုက်အိုကြီး တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ရန်ဆန်းမင်ကို ထိုလူပျိုသိုးကြီးနှင့် အဆက်အသွယ် မလုပ်စေချင်ပေ။
ရန်ဆန်းမင်ကလည်း တာအိုဆရာလင်း၏ စရိုက်ကို သိထားသဖြင့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အခြေကျပြီးကတည်းက သူတို့နှစ်ယောက်၏ အဆက်အသွယ်က ပိုပိုပြီး နည်းပါးလာခဲ့သည်။
သို့သော် တာအိုဆရာလင်းက မျက်နှာပြောင်တိုက်ကာ အချိန်အတိုင်းအတာ တစ်ခုကြာတိုင်း ရန်ဆန်းမင်ထံသို့ လာရောက်ပြီး အတိတ်အကြောင်းများ ပြောဆိုကာ သံယောဇဉ်ကြိုးကို ဆွဲတတ်သဖြင့် ရန်ဆန်းမင်ကလည်း လုံးဝ မျက်နှာလွှဲခဲပစ် မလုပ်နိုင်ခဲ့ပေ။
ယခုလည်း လူတစ်ယောက် ထပ်ရောက်လာပြန်သဖြင့် ထန်ယင်း၏ ပထမဆုံး တုံ့ပြန်မှုက ရန်ဆန်းမင်ကို မသိစေချင်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရန်ဆန်းမင်က လီဟန်ကျုံး အပါအဝင် သုတေသန ပညာရှင်များနှင့်အတူ သန္ဓေပြောင်း ဆေးရည် ကိစ္စများကို ဆွေးနွေးနေပြီး သင်္ကေတနည်းပညာကို ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် အသုံးပြုနိုင်မည့် အလားအလာများကို စမ်းသပ်နေသည်။
ဤကိစ္စက အလွန် အရေးကြီးသဖြင့် တာအိုဆရာလင်းကို လာရောက် နှောင့်ယှက်ခွင့် မပြုချင်သည်မှာ သဘာဝပင် ဖြစ်သည်။
ထန်ယင်းက မေးလိုက်သည်။ "ဘာကိစ္စလို့ ပြောသေးလဲ"
"တစ်ဖက်လူက စိုးရိမ်တကြီးနဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ပြောတယ်"
ထန်ယင်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မကို ခေါ်သွားပြပါ"
သူတို့နှစ်ယောက်က သုတေသနခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး အပြင်ဘက်သို့ ရောက်လာခဲ့သည်။
တာအိုဆရာလင်း၏ လောင်းကစားဖက် သူငယ်ချင်းက အပြင်ဘက်တွင် စိုးရိမ်တကြီး မျက်နှာဖြင့် စောင့်နေသည်ကို မြင်လိုက်ရသည်။
ထန်ယင်းကို မြင်လိုက်ရသောအခါ ထိုလောင်းကစားဖက်က အနည်းငယ် ကြောင်အမ်းသွားခဲ့သော်လည်း ရန်ဆန်းမင်ကို မတွေ့ရသဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။ "ဒေါက်တာရန်ရော"
ထန်ယင်းက ခပ်အေးအေးပင် ပြောလိုက်သည်။ "ကျွန်မက ဒေါက်တာရန်ရဲ့ ဇနီး ထန်ယင်းပဲ... သူ အခု အလုပ်များနေတယ်... ကျွန်မကို ပြောလည်း အတူတူပါပဲ... ဘာကိစ္စ ရှိလဲ မြန်မြန် ပြောပါ"
ထိုလောင်းကစားဖက်က ကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်လည်း စောစောက ကင်းလှည့်အဖွဲ့မှ ခေါင်းဆောင်ဝူ၏ ပုံစံကို တွေးမိသွားကာ အချိန်ဆွဲနေ၍ မရကြောင်း ခံစားလိုက်ရသည်။
ထို့ကြောင့် ချက်ချင်း လောတကြီး ပြောလိုက်သည်။ "မထန်ယင်း... တာအိုဆရာလင်းကို ကင်းလှည့်အဖွဲ့က ခေါင်းဆောင်ဝူတို့ ဖမ်းသွားပြီ... အခြေအနေက အရမ်း အရေးကြီးနေပုံပဲ... တာအိုဆရာလင်းက ဒေါက်တာရန်ကို ကူညီပြီး ဝင်ပြောပေးဖို့ အကူအညီ တောင်းလိုက်လို့ပါ"
ထန်ယင်းက ကြားလျှင် အံ့ဩသွားကာ ချက်ချင်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ဘာလို့ ဖမ်းတာလဲ"
"မသိဘူးဗျ" ထိုလောင်းကစားဖက်က ကပျာကယာ ခေါင်းခါပြလိုက်သည်။
ထန်ယင်းက မယုံကြည်ပေ။ "သူ့ကို ဖမ်းတုန်းက သူ ဘာလုပ်နေလဲ"
ထိုလောင်းကစားဖက်က ချက်ချင်း တုံ့ဆိုင်းသွားခဲ့ပြီး နောက်ဆုံးတွင် တိုးတိတ်သောအသံဖြင့် ပြောလိုက်သည်။ "သတ္တုတွင်းနယ်မြေက မြေအောက် လောင်းကစားရုံမှာ"
ထန်ယင်းက ချက်ချင်း စကားဆွံ့အသွားခဲ့သော်လည်း ထပ်မံ မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည်။ "ဒါလေးတင်ပဲလား"
"ဟုတ်တယ်... ကျွန်တော် သစ္စာဆိုရဲပါတယ်... တကယ်ပဲ ဒါလေးတင်ပါ"
ထန်ယင်းက အနည်းငယ် သံသယ ဝင်သွားခဲ့သည်။ ပုံမှန်အားဖြင့် လောင်းကစား လုပ်ရုံသက်သက်ဆိုလျှင် ကင်းလှည့်အဖွဲ့က ဖမ်းဆီးသည်အထိ ဖြစ်လာစရာ အကြောင်းမရှိပေ။
သူမက လောင်းကစားကို ဆန့်ကျင်သူ ဖြစ်သော်လည်း ခိုလှုံရေးစခန်း၏ လုံခြုံရေး စည်းကမ်းချက်များထဲတွင် လောင်းကစား မလုပ်ရဟု အတိအလင်း တားမြစ်ထားခြင်း မရှိပေ။
ဒီအထဲမှာ တခြား ကိစ္စတွေ ရှိနေလောက်မည်။
ထန်ယင်းက ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ ဒေါက်တာရန်ကို သွားခေါ်လိုက်ပါ့မယ်"
သူမက လှည့်ထွက်သွားရန် ပြင်လိုက်စဉ် အပြင်ဘက်ရှိ ကုန်တိုက်ဘက်ဆီမှ အသံချဲ့စက်ဖြင့် လွှင့်နေသော လင်းယွမ်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ထန်ယင်းက အသံလွှင့်နေသည့် အကြောင်းအရာကို သေချာ နားထောင်လိုက်ရာ နေရောင်ခြည်ဇုန် ရင်ပြင်ပေါ်တွင် ဆရာလင်းယွမ်က ပြစ်မှုကျူးလွန်သူများကို လူသိရှင်ကြား စစ်ဆေးစီရင်နေကြောင်း တဖြည်းဖြည်း သိရှိသွားခဲ့သည်။
သူမ၏ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး အိမ်ထဲသို့ ကပျာကယာ ပြန်ဝင်ကာ ရန်ဆန်းမင်တို့ကို သွားရောက် အသိပေးလိုက်သည်။
သတင်းရရှိသွားသော ရန်ဆန်းမင်တို့ လူစုက သုတေသနခန်းထဲမှ ကပျာကယာ ထွက်ခွာလာခဲ့ကြပြီး နေရောင်ခြည်ဇုန် ရင်ပြင်သို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
ပြည့်ကျပ်နေသော လူအုပ်ကြီးကို ကြည့်ရင်း လင်းယွမ်၏ အေးစက်စက် အော်ငေါက် မေးခွန်းထုတ်သံများကို နားထောင်လိုက်ရသည်။
ထိုအခါမှသာ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ သိရှိသွားခဲ့သည်။
ဤအချိန်တွင် တုံယန်က တာအိုဆရာလင်း၏ ပြစ်မှုများကို ကြေညာနေပြီ ဖြစ်သည်။
တာအိုဆရာလင်း၏ လုပ်ရပ်များက လူအုပ်ကြီးထံမှ ဆဲရေးတိုင်းထွာသံများကို ဆွဲဆောင်သွားခဲ့သည်။
လူအုပ်ထဲတွင် ရပ်နေသော ရန်ဆန်းမင်က ခြေလှမ်းများ မနေနိုင်ဘဲ ရပ်တန့်သွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
ထန်ယင်းက ဘေးတွင် ရပ်နေရင်း တိုးတိတ်စွာ မေးလိုက်သည်။ "ဆန်းမင်... ဆရာလင်းယွမ်ဆီ သွားပြီး တောင်းဆိုပေးဦးမလား"
ရန်ဆန်းမင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "သူ အခုလောက်အထိ အမှားတွေ အများကြီး လုပ်ခဲ့မယ်လို့ ငါ မထင်ထားမိဘူး"
"အရင်တုန်းက ငါနဲ့သူ တိန့်ဟူရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံခဲ့ရတုန်းက အခက်အခဲတွေကို အတူတူ ဖြတ်သန်းခဲ့ကြတာပဲ... အခုကျမှ ဘဝက ပိုပိုပြီး ကောင်းမွန်လာတာကို ဘာဖြစ်လို့ သူက အဲဒီ ဆင်းရဲဒုက္ခတွေကို မမှတ်မိတော့တာလဲ"
ထန်ယင်းက သက်ပြင်းချကာ ပြောလိုက်သည်။ "သားကောင်ဘဝကနေ မုဆိုးဘဝကို ကူးပြောင်းဖို့ဆိုတာ အမြဲတမ်း မျဉ်းတစ်ကြောင်းစာပဲ ကွာတာလေ"
ရန်ဆန်းမင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ ပြောလိုက်သည်။ "ပြန်ကြစို့... ဒီရက်ပိုင်းတွေမှာ သူ ငါ့ဆီကို အကြိမ်ကြိမ် လာပြီး သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးတွေ အများကြီး ချေးသွားခဲ့သေးတယ်"
"ငါ သူ့အပေါ် တင်နေတဲ့ ကျေးဇူးကြွေးကလည်း အစောကတည်းက ဆပ်ပြီးသွားပြီ"
ထန်ယင်းက သူ့လက်ကို ဆွဲကိုင်လိုက်သည်။ "အဲဒီတုန်းက ရှင်က... အစွမ်းပိုင်ရှင် တစ်ယောက်အဖြစ် နိုးထမလာသေးပေမယ့် သူ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"
"အဲဒီတုန်းကသာ ရှင်က သူ့ကို မပူးပေါင်းပေးခဲ့ရင်... သူက ရွှေရောင်အလင်း အစွမ်းလေးတစ်ခုတည်းနဲ့ ဘယ်သူ့ကို သွားလိမ်လို့ ရမှာလဲ"
"ရှင်ကသာ ဆေးပညာနဲ့ လူအများကြီးကို မကယ်တင်ပေးခဲ့ရင်... သူက နတ်ပူးသလိုလို... သရဲပူးသလိုလို လုပ်နေတဲ့ လှည့်ကွက်တွေကို... လူတွေက အစောကတည်းက သိသွားကြမှာပေါ့"
"ဒါကြောင့် သူ့အပေါ် အကြွေးတင်နေသလိုလို မပြောပါနဲ့တော့... ရှင် သူ့အပေါ် ဘာမှ အကြွေးမတင်ပါဘူး"
အရင် တိုက် (၇၅) တွင် ရှိနေစဉ်က တာအိုဆရာလင်းက ရွှေရောင်အလင်း အစွမ်းတစ်ခုတည်းကို အားကိုးကာ လူအများအပြားကို လှည့်စားခဲ့ခြင်း ဖြစ်သည်။
အစွမ်းများ နိုးထလာခဲ့သဖြင့် သူ၏ ခွန်အားနှင့် အလျင်က တိုးတက်လာခဲ့ပြီး သာမန်လူများကို ဖိနှိပ်ရာတွင် လက်သီးနှင့် ခြေထောက်ကို အသုံးပြုရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။
ထို့နောက် ရွှေရောင်အလင်း အစွမ်းကို အကြိမ်အနည်းငယ် အသုံးပြုလိုက်ကာ အလွန် ပီပြင်ပြီး စွမ်းအားကြီးမားသော မျက်လှည့်ပညာ အာနိသင်များကို ဖန်တီးပြလိုက်ခြင်းဖြင့် တာအိုဆရာ ဟူသော အမည်နာမက သဘာဝကျကျပင် ခြိမ်းခြောက်နိုင်စွမ်း ပြည့်ဝသွားခဲ့သည်။
သို့သော် ဒဏ်ရာရသူများက အိမ်တိုင်ရာရောက် လာရောက် အကူအညီ တောင်းခံလာသောအခါ တာအိုဆရာလင်း၏ ရွှေရောင်အလင်း အစွမ်းက မည်သည့် အသုံးမှ မဝင်တော့ပေ။
ထိုအချိန်များတွင် ရန်ဆန်းမင်၏ တိုင်းရင်းဆေး အပ်စိုက်ကုထုံးကဲ့သို့သော နည်းလမ်းများကို အားကိုးကာ တစ်ဖက်လူကို ကုသပေးရပြီး ထို့နောက်မှသာ အောင်မြင်မှု အားလုံးကို တာအိုဆရာလင်း၏ အစွမ်းများကြောင့်ဟု အပြောင်းအလဲ လုပ်ခဲ့ကြသည်။
ဤကဲ့သို့ဖြင့်သာ တာအိုဆရာလင်း၏ ကြီးမားလှသော ဂုဏ်သတင်း ကျော်ဇောမှုကြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တိန့်ဟူကို ကြောက်ရွံ့သွားစေပြီး အလွယ်တကူ လှုပ်ရှားရဲခြင်း မရှိအောင် ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ထန်ယင်း ပြောသော ဤစကားများက အမှန်တကယ်ပင် အမှန်ကို ပြောဆိုနေခြင်း ဖြစ်သည်။
ရန်ဆန်းမင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ဤအကြောင်းများကို ဆက်မပြောတော့ဘဲ လှည့်ကာ လူအုပ်ထဲမှ ထွက်ခွာသွားခဲ့သည်။
ရင်ပြင်ပေါ်တွင် တာအိုဆရာလင်းက အဆက်မပြတ် တောင်းပန်နေပြီး လင်းယွမ်ကို သူ့အား အခွင့်အရေး တစ်ကြိမ် ထပ်ပေးရန် အသနားခံနေသည်။
လင်းယွမ်က ဂရုမစိုက်ဘဲ သူ့ကို လင်းယွင်တောင်စောင်းပေါ်သို့ ပို့ဆောင်ရန် လူများကို ခိုင်းစေလိုက်သည်။
ထို့နောက် လာဘ်စားပြီး ဥပဒေချိုးဖောက်သူများ တစ်ယောက်ပြီးတစ်ယောက် ထိုနေရာတွင်ပင် ရှင်းလင်းခံလိုက်ရသည်။
မြေအောက် လောင်းကစားရုံကို ဦးစီးသူကိုလည်း လူပုံအလယ်သို့ ဖမ်းဆီးခေါ်ဆောင်လာကာ ကြိမ်ဒဏ် ပေးလိုက်သည်။
ကြီးကြပ်ရေးအဖွဲ့၏ ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးမှုက ကြီးမားသော စွမ်းအားကို ပြသလိုက်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်နိုင်သည်။
လင်းယွမ်ကလည်း ဤအခွင့်အရေးကို အသုံးချကာ ခိုလှုံရေးစခန်း၏ ဥပဒေ စည်းမျဉ်းသစ်များကို ထုတ်ပြန် ကြေညာလိုက်သည်။
အရင်က စည်းမျဉ်းများက အလွန် ယေဘုယျဆန်လွန်းပြီး ဟာကွက်များလည်း အများအပြား ရှိနေခဲ့သည်။
လင်းယွမ်က သက်ဆိုင်ရာ လူများနှင့် စောစောစီးစီးကတည်းက တိုင်ပင်ဆွေးနွေးခဲ့ပြီး ကမ္ဘာပျက်ကပ် မတိုင်မီက ဥပဒေ အခြေခံအပေါ် မူတည်ကာ လက်ရှိ အခြေအနေများနှင့် ကိုက်ညီအောင် သက်ဆိုင်ရာ ဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြီးကြပ်ရေးအဖွဲ့တွင် ခိုလှုံရေးစခန်း၏ ဥပဒေများကို ထိန်းသိမ်းရန် တာဝန်ရှိပြီး သူတို့ကို စုံစမ်းစစ်ဆေးခွင့် အာဏာကို ပေးအပ်ထားသည်။
သေချာသည်မှာ ကြီးကြပ်ရေးအဖွဲ့တွင် စုံစမ်းစစ်ဆေးခွင့်နှင့် ဖမ်းဆီးခွင့် အာဏာသာ ရှိပြီး ပြစ်ဒဏ် ချမှတ်ပိုင်ခွင့်က သူတို့ လက်ထဲတွင် မရှိပေ။
ဤသည်မှာ ကြီးကြပ်ရေးအဖွဲ့ တစ်ခုတည်းက အာဏာရှင်ဆန်လာမည်ကို ကာကွယ်ရန် ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းမှု ရှိရန် လိုအပ်သောကြောင့်တည်း။
လင်းယွမ်ကလည်း ဤတစ်ကြိမ် အတွင်းရန်သူများကို ရှင်းလင်းမည့် အခွင့်အရေးကို အသုံးချကာ အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လိုက်သည်။
ဥပမာအားဖြင့် ကိုယ်ပိုင် မှောင်ခို လောင်းကစားရုံများ ဖွင့်လှစ်ခြင်းကို တားမြစ်ထားပြီး ပုဂ္ဂလိက အရောင်းအဝယ်များကို ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အသိအမှတ်ပြုဌာနက သက်သေအဖြစ် ပါဝင်မှသာ ထိုအရောင်းအဝယ်က ခိုလှုံရေးစခန်း၏ အကာအကွယ်ကို ရရှိမည် ဖြစ်သည်။
ထို့အပြင် လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ်များကိုလည်း အတိအလင်း တားမြစ်ထားသည်။
ဤသည်မှာ လိင်ကူးစက်ရောဂါများ ပြန့်ပွားလာမည်ကို ကာကွယ်ရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးကို တွေးတောပေးခြင်း ဖြစ်သည်။
အကယ်၍ လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ်ကို တရားဝင် ခွင့်ပြုလိုက်ပါက မိန်းမကောင်းများကို ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေမည့် ကိစ္စများ အများအပြား ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသဖြင့် ကြိုတင် ကာကွယ်ထားရခြင်း ဖြစ်သည်။
အရင်က မတားဆီးခဲ့ရခြင်း အကြောင်းရင်းမှာ ခိုလှုံရေးစခန်းတွင် အမျိုးသား များပြားပြီး အမျိုးသမီး နည်းပါးနေသဖြင့် အမျိုးသား အများအပြားက ကြင်ဖော် ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ဖီးနစ်သင်္ဘောက အမျိုးသမီးများနှင့် ကလေးငယ်များ အမြောက်အမြားကို ပြန်လည် သယ်ဆောင်လာခဲ့သဖြင့် ဤပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။
လက်တွဲဖော် တကယ်လိုချင်ပါက ကိုယ်တိုင် ရည်းစားထားပြီး ကြင်ဖော် ရှာဖွေရမည်။
သားသတ်ရုံ၊ မွေးမြူရေးခြံ၊ စိုက်ပျိုးရေးခြံ အစရှိသော အရေးကြီးသည့် လုပ်ငန်းများတွင်လည်း အထူး စစ်ဆေးရေး ဌာနများကို ဖွဲ့စည်းထားပြီး အတွင်းပိုင်းကို ကိုယ်တိုင် စစ်ဆေးကာ အပြင်ဘက်မှ ကြီးကြပ်ရေးအဖွဲ့က တစ်နှစ်လျှင် တစ်ကြိမ် ဝင်ရောက် စစ်ဆေးမည် ဖြစ်သည်။
ထိုက်ယန်တောင်၏ ကိစ္စရပ် အားလုံးက စနစ်တကျ ရှိသော လူမှုအဖွဲ့အစည်း ဖွဲ့စည်းပုံတစ်ခုဆီသို့ ဦးတည် တိုးတက်လာခဲ့သည်။
စည်းကမ်း မရှိလျှင် စနစ်ကျမည် မဟုတ်ပေ။ ခိုလှုံရေးစခန်း တစ်ခုက အပျော်တမ်း အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်နေပါက အနှေးနှင့်အမြန် ပြိုကွဲသွားပေလိမ့်မည်။
သင့်လျော်သော စည်းမျဉ်းစည်းကမ်း စနစ်များကို တည်ဆောက်ပြီး လူတိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်မှသာ ဤခိုလှုံရေးစခန်းက တည်ငြိမ်စွာ လည်ပတ်နိုင်မည် ဖြစ်သည်။
သုံးရက်ကြာပြီးနောက် အရာအားလုံးက လုံးဝ ပြီးစီးသွားခဲ့သည်။
လင်းယွင်တောင်စောင်းသို့ နယ်နှင်ဒဏ် ပေးခံရသော ဤလူစုက တာအိုဆရာလင်း အပါအဝင် တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ကြပေ။
လင်းယွင်တောင်စောင်းထဲတွင် သန္ဓေပြောင်း သတ္တဝါများ အများအပြား ရှိပြီး အစွမ်းထက်သော ကောင်များလည်း မနည်းလှပေ။
ဤသာမန်လူများ အသက်ရှင်နိုင်မည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။
အလောင်းများ အားလုံးကို ပြန်လည် ရှာတွေ့ခဲ့ပြီး လင်းယွမ်က သူတို့ကို ထိုက်ယန်တောင် ခိုလှုံရေးစခန်း အပြင်ဘက်တွင် မြှုပ်နှံပေးခဲ့ကာ ကျောက်တိုင်တစ်ခု စိုက်ထူ၍ နာမည်များကို ကမ္ပည်းထိုးပေးခဲ့သည်။
ဤသို့ လုပ်ဆောင်ခြင်းက ထိုလူများကို တောတောင်ထဲတွင် အလောင်းပစ်မခံရစေရန်သာမက အသက်ရှင်နေသေးသော စီမံခန့်ခွဲရေး အဖွဲ့ဝင်များကို သတိပေးခြင်းလည်း ဖြစ်သည်။
နောက်တစ်ကြိမ် လာဘ်စားပြီး ခိုလှုံရေးစခန်း၏ ဥပဒေများကို မလေးစားသူများ၏ အဆုံးသတ်က ဤကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။
"အ"
တောင်ကြားရှိ ရေတံခွန်ငယ်ဘေးတွင် လုယွီယန်၏ ညည်းတွားသံ သဲ့သဲ့လေး ထွက်ပေါ်လာခဲ့သည်။
သူမ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်လာခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ သွေးသားများက လျင်မြန်စွာ လှည့်ပတ်နေကာ ပြင်ပမှ သန္ဓေပြောင်း စွမ်းအင် အမြောက်အမြားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုစွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ဆဲလ်များကို အာဟာရ ဖြည့်တင်းပေးလိုက်သော သက်တောင့်သက်သာ ရှိမှုက သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်ကိုက်ခဲမှုများ အားလုံးကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။
သူမ တစ်ကိုယ်လုံး လွင့်မျောသွားသကဲ့သို့ ခံစားရပြီး မနေနိုင်ဘဲ ညည်းတွားသံ သဲ့သဲ့လေး ထွက်ပေါ်လာခဲ့သည်။
လင်းယွမ်က သူမ၏ အနောက်ဘက်တွင် ရပ်နေကာ သူမ၏ ရင်သားနှစ်ခုကြားသို့ လက်ဝါးကို ဖိကပ်ထားပြီး သူမ၏ သွေးသားများ စုဆောင်းကာ နှလုံးထဲသို့ ဝင်ရောက်သွားသော အတွင်းပိုင်း အပြောင်းအလဲများကို ခံစားနေသည်။
သူက အာနီမဲဇာတ်ကောင် ကောင်မလေး တစ်ယောက်လို အံ့မခန်း ရင်သားအရွယ်အစားကြောင့် ဖြစ်ပေါ်လာသော နူးညံ့သည့် အထိအတွေ့ကို သည်းခံလိုက်ပြီး သွေးသားများ၏ စီးဆင်းမှုကိုသာ အာရုံစိုက်ကာ ခံစားနေသည်။
ခဏကြာပြီးနောက် လုယွီယန်၏ သွေးသားများက ပုံမှန် ပြန်ဖြစ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်း စွမ်းအင်များက သိသိသာသာ များပြားလာကြောင်း လင်းယွမ်က ခံစားလိုက်ရသည်။
သွေးသားများထဲတွင် သန္ဓေပြောင်း စွမ်းအင် အတိုင်းအတာ တစ်ခုအထိ ပါဝင်နေသည်။
လင်းယွမ်က မျက်လုံးဖွင့်လိုက်ပြီး လုယွီယန်ကို ကြည့်လိုက်သည်။
လုယွီယန်၏ လှပသော မျက်နှာလေးက နီရဲနေပြီး ကပျာကယာ ခေါင်းလွှဲလိုက်ကာ သူ့ကို မကြည့်ရဲပေ။
လင်းယွမ်က လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။ "မဆိုးဘူး... နင့် ခန္ဓာကိုယ်ထဲက သန္ဓေပြောင်း စွမ်းအင်တွေက အစွမ်းနိုးထလာမယ့် အဆင့်ကို ရောက်နေပြီ... အခု အစွမ်းနိုးထဖို့ စမ်းကြည့်လို့ ရလောက်ပြီ"
လုယွီယန်က ရင်ဘတ်ပေါ်ရှိ ထိုလက်ဝါး ဖယ်ခွာသွားသည်ကို ခံစားလိုက်ရသောအခါ မနေနိုင်ဘဲ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
သူမက လင်းယွမ်ကို ကြည့်လိုက်ပြီး မသိစိတ်က လက်ဟန်ခြေဟန်ဖြင့် မေးလိုက်သည်။
"ဘယ်လို နိုးထရမှာလဲ"
လင်းယွမ်က သူမ၏ လက်ဟန်ကို မြင်သောအခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်လိုက်... လုံလောက်တဲ့ သန္ဓေပြောင်း စွမ်းအင်တွေကို စုပ်ယူနိုင်ရင် အလိုအလျောက် နိုးထလာလိမ့်မယ်"
သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နေ့ရွေးနေတာထက် ကြုံတဲ့နေ့ လုပ်လိုက်တာက ပိုကောင်းတယ်... အခု အချိန်က စောပါသေးတယ်... ငါ ဒီကနေ နင့်ကို စောင့်ကြည့်ပေးမယ်... နင် အစွမ်းနိုးထလာမလား စမ်းကြည့်လိုက်"
လုယွီယန်က ကြားသောအခါ စိတ်လှုပ်ရှားသွားသော အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ချက်ချင်း ကပျာကယာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမ၏ နုနယ်သော မျက်နှာလေးပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်၏ လှုပ်ရှားမှုများကို စတင် လေ့ကျင့်လိုက်သည်။
ဤလှုပ်ရှားမှုများကို လင်းယွမ်က လုံးဝ အကျဉ်းချုံးကာ တွက်ချက် ဖန်တီးထားခြင်း ဖြစ်ပြီး အသက်ရှူနည်းနှင့် ပေါင်းစပ်ထားကာ စုစုပေါင်း လှုပ်ရှားမှု ပုံစံ ဆယ့်ငါးမျိုး ရှိသည်။
ထူးဆန်းသော လှုပ်ရှားမှု ပုံစံ ဆယ့်ငါးမျိုးကို ပြုလုပ်လိုက်သည်နှင့်အမျှ လုယွီယန်၏ တစ်ကိုယ်လုံးရှိ သွေးသားများက ဤလှုပ်ရှားမှုများ၏ ဆွဲဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲတွင် ထူးခြားသော နည်းလမ်းဖြင့် လှည့်ပတ် စီးဆင်းလာခဲ့သည်။
သွေးသားများ စီးဆင်းသွားပြီး ထူးဆန်းသော လေဝဲတစ်ခု ဖြစ်ပေါ်လာကာ ပြင်ပမှ သဘာဝ စွမ်းအင်များကို စတင် စုပ်ယူလာခဲ့သည်။
လှုပ်ရှားမှု တစ်ခေါက် ပြီးဆုံးသွားသည်နှင့်အမျှ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် တစ်ပတ် လည်သွားခဲ့ပြီး ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ သန္ဓေပြောင်း စွမ်းအင်များကို လုယွီယန်က ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
သူမ တစ်ကိုယ်လုံးရှိ သွေးသားများက တုန်ခါသွားပြီး စိတ်ဝိညာဉ်ကလည်း တုန်ခါသွားကာ နှလုံးထဲမှ ထူးဆန်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။
သူမက ရူးသွပ်ကြမ်းတမ်းသော စိတ်ဝိညာဉ်တစ်ခုက သူမ၏ ဦးနှောက်ထဲသို့ ရုတ်တရက် ဝင်တိုက်လာသည်ကို ခံစားလိုက်ရသည်။
"အား"
သူမက ချက်ချင်း အာမေဍိတ်သံ ထွက်သွားခဲ့ပြီး သူမ တစ်ကိုယ်လုံးက ထိုနေရာတွင်ပင် အေးခဲသွားခဲ့သည်။
လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း အကြည့်များ စူးရှသွားခဲ့သည်။
"စပြီ"
သူက ချက်ချင်း ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး စိတ်စွမ်းအင်များဖြင့် လုယွီယန်ကို လွှမ်းခြုံထားကာ သူမ၏ ယခု အပြောင်းအလဲများကို ခံစားနေသည်။
သူမ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်း စွမ်းအင်များက လျင်မြန်စွာ လှုပ်ရှားနေပြီး တစ်ချိန်တည်းမှာပင် သူမ၏ စိတ်စွမ်းအင်များကလည်း အပြင်းအထန် တိုးပွားလာနေကြောင်း လင်းယွမ်က ခံစားလိုက်ရသည်။
လင်းယွမ်က ချက်ချင်း မျက်ခုံးပင့်လိုက်သည်။ "စိတ်စွမ်းအင် အမျိုးအစား အစွမ်းလား"
လုယွီယန် နိုးထလာသည်က စိတ်စွမ်းအင် အမျိုးအစား အစွမ်း ဖြစ်သည်။
ထို့အပြင် သန္ဓေပြောင်း စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည် ကုသပေးနေကြောင်းကိုလည်း လင်းယွမ်က ခံစားမိသေးသည်။
သွေးသားလှိုင်းတစ်ခုက သူမ၏ နားရွက်နှစ်ဖက်ကို ဝင်တိုက်နေသည်။
သူမ၏ နားရွက်နှစ်ဖက်က အစွမ်းနိုးထလာချိန်ရှိ စွမ်းအင်များကြောင့် ပြန်လည် ကောင်းမွန်လာတော့မည် ဖြစ်ကြောင်း လင်းယွမ်က ချက်ချင်း နားလည်သွားခဲ့သည်။
"ဝုန်း"
တုန်ခါသံ တစ်ချက် ထွက်ပေါ်လာသည်နှင့်အတူ ချက်ချင်းဆိုသလိုပင် လုယွီယန်၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အလင်းဖြူ တစ်လွှာက ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။
ဤသည်မှာ စိတ်စွမ်းအင် အလင်းဖြူ ဖြစ်သည်။
အလင်းဖြူက အလင်းကွင်းများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် လှည့်ပတ်နေကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ တစ်ကိုယ်လုံး၏ ပုံစံက ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
ဆံပင်များ ရှည်ထွက်လာရုံသာမက အဝါရောင်အဖြစ်သို့ပါ ပြောင်းလဲသွားခဲ့သည်။
သူမ တစ်ကိုယ်လုံးက အနည်းငယ် အရပ်ရှည်လာခဲ့ပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများကလည်း ပြောင်းလဲသွားခဲ့သည်။
စိတ်စွမ်းအင်များက သင်္ဘောသား ဝတ်စုံ၊ ခြေအိတ်ရှည်နှင့် ဂျေကေ စကတ် အဖြစ် ပြောင်းလဲသွားပြီး သူမ၏ သွယ်လျသော ခြေတံလှလှလေးများကို ဆန့်ထုတ်ထားသည်။
အပြာရောင် ကော်လာအကြီးနှင့် အနီရောင် လည်စည်းတို့က သူမ၏ မို့မောက်နေသော ရင်သားများကို ဖုံးအုပ်ထားသည်။
မြင်းမြီးပုံစံ ကျစ်ဆံမြီး နှစ်ခုက အလွန် ရှည်လျားပြီး ခြေသလုံးအထိပင် တရွတ်တိုက်ဆွဲနေသလို ဖြစ်နေသည်။
ဤပုံစံက လင်းယွမ်ကို အံ့အားသင့်သွားစေပြီး ကမ္ဘာပျက်ကပ် မတိုင်မီက အာနီမဲဇာတ်ကောင်များကို မသိစိတ်က တွေးမိသွားစေသည်။
ဆေလာမွန်း (sailor moon) အာနီမဲထဲက ဇာတ်ကောင်မလေး။
(သိချင်တဲ့သူတွေ sailor moon လို့ Google မှာဖြစ်ဖြစ် ရှာကြည့်လိုက်ရင် အခုလုယွီယန်အသွင်ပြောင်းသွားတဲ့ ပုံစံကို ကွက်တိတွေ့ရပါလိမ့်မယ်)
"ဒါက... ဘာအစွမ်းလဲဟ"
လင်းယွမ်က အလွန် အံ့အားသင့်နေပြီး သံသယ ဖြစ်နေစဉ်မှာပင် သူမ၏ နဖူးမှ ရှုပ်ထွေးနေသော စိတ်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထိုစိတ်စွမ်းအင်ထဲတွင် ရှုပ်ထွေးနေသော အသံများ အများအပြား ပဲ့တင်ထပ်နေပြီး လုယွီယန်၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် ဝင်တိုက်နေကြောင်း လင်းယွမ်က ခံစားလိုက်ရသည်။
"ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို အားကိုးပြီး နိုးထလာတာတောင် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို မရှောင်လွှဲနိုင်သေးဘူးလား"
သူက ချက်ချင်း လက်လှမ်းကာ လုယွီယန်၏ မျက်ခုံးနှစ်ခုကြားသို့ ထောက်လိုက်ပြီး စိတ်စွမ်းအင်များကို အတင်းအဓမ္မ ဝင်တိုက်စေကာ ထိုအတွေးဆိုးများကို အပြင်းအထန် ဖယ်ရှားပစ်လိုက်သည်။
သို့သော် လင်းယွမ်ကို အံ့ဩဝမ်းသာ ဖြစ်သွားစေသည်မှာ ဤစိတ်ဝိညာဉ် အတွေးဆိုးများက အလွန် အားနည်းနေခြင်း ဖြစ်သည်။
သူကိုယ်တိုင် ဝင်မကူညီလျှင်ပင် လုယွီယန်က ကိုယ်ပိုင် အစွမ်းဖြင့် ဤစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည့် အလားအလာ အလွန် များပြားပေသည်။
"ကြည့်ရတာ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်က လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ... သဘာဝအလျောက် နိုးထလာတုန်းက ကြုံတွေ့ရတဲ့ အသက်အန္တရာယ် ပြင်းအားထက် အများကြီး နည်းပါးနေတာပဲ"
"အား"
လုယွီယန်က ရုတ်တရက် ကြည်လင်သော အော်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် သူမ တစ်ကိုယ်လုံးက မသိစိတ်က အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ ခန္ဓာကိုယ်က လေပေါ်သို့ ပျံတက်သွားခဲ့သည်။
တစ်ကိုယ်လုံးတွင် စိတ်စွမ်းအင် အလင်းရောင်များ တောက်ပလာခဲ့သည်။
သူမ၏ လှုပ်ရှားမှုများထဲတွင် ကျက်သရေရှိပြီး ခမ်းနားသော အလှတရား တစ်ခု ရှိနေကြောင်း လင်းယွမ်က ခံစားလိုက်ရသည်။
ထို့နောက် ပုံသဏ္ဌာန်မဲ့ စိတ်စွမ်းအင် လှိုင်းတစ်ခုနှင့်အတူ သူ၏ စိတ်စွမ်းအင်များကို လွှမ်းမိုးနေသကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က မနေနိုင်ဘဲ ကြောင်အမ်းသွားခဲ့သည်။
ဤစိတ်စွမ်းအင် လှိုင်းက တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘဲ... ကုသရေး အမျိုးအစား ဖြစ်နေသည်။
"ဒါဘာဖြစ်တာလဲ"
လင်းယွမ်က အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ လုယွီယန်၏ စိတ်စွမ်းအင်က သူမ၏ ပုံစံကို အကြီးအကျယ် ပြောင်းလဲသွားစေပြီးနောက်တွင် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားများ ပေါက်ကွဲထွက်မလာဘဲ ကုသရေး စွမ်းအားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုယွီယန်က လေထဲတွင် ခန္ဓာကိုယ်ကို အဆက်မပြတ် ခုန်ပေါက်လှုပ်ရှားကာ ကခုန်နေသည်နှင့်အမျှ နတ်သမီးလေး တစ်ပါးကဲ့သို့ ကခုန်နေသော ဟန်ပန်များက သွက်လက်သော အလှတရားများဖြင့် တောက်ပနေသည်။
သက်တောင့်သက်သာ ရှိစေသော စိတ်စွမ်းအင်များက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကုသပေးနေသည်။
ရေတံခွန်ထဲတွင် သန္ဓေပြောင်းငါးများက မနေနိုင်ဘဲ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။
အနီးအနားရှိ မြက်ပင်များနှင့် သစ်ပင်များကလည်း မနေနိုင်ဘဲ ညင်သာစွာ ယိမ်းနွဲ့နေကြသည်။
မြက်ပင်များထဲမှ တိရစ္ဆာန်ငယ်လေးများက ခေါင်းပြူထွက်လာကြပြီး ပျော်ရွှင်စွာ လှုပ်ခါနေကြသည်။
မြေကြီးထဲမှ တီကောင်များက မြေကြီးထဲမှ ထွက်လာကြပြီး စည်းချက်ညီညီ ခန္ဓာကိုယ်ကို လှုပ်ရှားနေကြသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးက အားပါးတရ ပျော်ရွှင်နေကြပြီး သက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
လင်းယွမ်က သူမ ထုတ်လွှတ်လိုက်သော စိတ်စွမ်းအင်များကို သူ၏ စိတ်စွမ်းအင်များနှင့် ထိတွေ့လိုက်သောအခါ ဤကဲ့သို့သော ပျော်ရွှင်စရာကောင်းသည့် ကုသခြင်း ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။
လုယွီယန် နိုးထလာသည်က တကယ်ကို ကုသရေး အမျိုးအစား စိတ်စွမ်းအင် အစွမ်း ဖြစ်ကြောင်းကို သူ၏ စိတ်ထဲတွင် နားလည်သွားခဲ့သည်။
သူမ၏ ကုသသည့် နည်းလမ်းက လှပသော အာနီမဲဇာတ်ကောင်၏ ကခုန်နေသော ဟန်ပန်များမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ သက်ရှိများကို ကုသမှု ပေးစွမ်းခြင်း ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၃၅၈) ထိုက်ယန်တောင် စာသင်ကျောင်း စီမံကိန်း
"ဒီလို အစွမ်းမျိုး ဖြစ်နေတာပဲ"
လင်းယွမ်က မျှော်လင့်မထားမိသလို အံ့ဩသွားခဲ့သည်။
မုန့်ယိုယိုကလည်း စိတ်စွမ်းအင် ကုသရေး အမျိုးအစား အစွမ်း ဖြစ်ပြီး သီချင်းဆိုခြင်းကို အားကိုးကာ စိတ်ဝိညာဉ် ကုသရေး စွမ်းအင်များကို ပေးပို့ပြီး နာကျင်နေသော စိတ်နှလုံးများကို နှစ်သိမ့်ပေးသည်။
သူ့ရှေ့ရှိ ကောင်မလေး လုယွီယန်ကတော့ အာနီမဲဇာတ်ကောင်အဖြစ် အသွင်ပြောင်းကာ တက်ကြွလန်းဆန်းသော ကခုန်သည့် ဟန်ပန်များကို အားကိုးပြီး လူတွေရဲ့ စိတ်နှလုံးကို ကုသပေးခြင်း ဖြစ်သည်။
လုယွီယန်၏ အာနီမဲဇာတ်ကောင်များကို စွဲလမ်းတတ်သော စရိုက်ကို တွေးမိလိုက်သောအခါ သူမက အာနီမဲဇာတ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ခြင်းကို လင်းယွမ်က မထူးဆန်းဟု ခံစားမိသည်။
သို့သော် ဤကောင်မလေး နိုးထလာပြီးနောက် အစွမ်း၏ ဦးတည်ချက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းမျိုး မဟုတ်ဘဲ ကုသရေး အမျိုးအစား အစွမ်း ဖြစ်နေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
လုယွီယန်၏ နှလုံးသား နက်ရှိုင်းသော နေရာမှ လိုလားချက်က ကယ်တင်ခြင်းဆိုသည့် သဘောတရားနှင့် ဆက်စပ်နေကြောင်း တွေ့မြင်နိုင်သည်။
"ဒီကောင်မလေးက မေတ္တာတရား ကြီးမားတာပဲ"
လင်းယွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး လုယွီယန်အပေါ် သူ၏ အမြင်က ပို၍ ကောင်းမွန်သွားခဲ့သည်။
အကယ်၍ သူသာ နှစ်ပေါင်းများစွာ ဆွံ့အနားမကြား ဖြစ်နေပြီး နေရာတိုင်းတွင် အနိုင်ကျင့်ခံနေရပါက သူ၏ စိတ်နှလုံးထဲတွင် အမှောင်ထုများ ပြည့်နှက်နေလိမ့်မည်ဟု သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။
အစွမ်းနိုးထလာပါကလည်း ကုသရေး အမျိုးအစားနှင့် ပတ်သက်နေမည် မဟုတ်ဘဲ အနည်းဆုံးတော့ ဖျက်ဆီးရေး အမျိုးအစား အစွမ်း ဖြစ်နေပေလိမ့်မည်။
လုယွီယန်က လေထဲတွင် ရှိနေပြီး ကခုန်မှု တစ်ခု ပြီးဆုံးသွားသောအခါ သူမ၏ စိတ်စွမ်းအင် လှိုင်းများက အားနည်းသွားခဲ့သည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော အဝတ်အစားများ ပျောက်ကွယ်သွားပြီး သူမ၏ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်က ကျောက်တုံးပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာခဲ့ပြီး သူမ၏ မျက်လုံးများက သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ လင်းယွမ်ကို ကြည့်ရင်း ဝမ်းသာအားရ ပြောလိုက်သည်။ "ကို... ကိုကြီး... သမီး... သမီး ကြားရပြီ"
သူမ စကားပြောရာတွင် အနည်းငယ် ထစ်အနေပြီး စကားလုံးများက သိပ်မပီသပေ။
သို့သော် သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာနှင့် သူမ၏ နူးညံ့သော အသံလေးက တကယ့်ကို အာနီမဲဇာတ်ကောင်လေး တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
သူမ၏ အသံလေးက ဤမျှလောက် နားထောင်လို့ ကောင်းနေမည်ဟု မထင်ထားခဲ့ပေ။
အရင်က သူမက နားမကြားသဖြင့် မည်သို့ အသံထွက်ရမည်ကို မသိခဲ့ပေ။
သို့သော် အခြေခံအားဖြင့် သူမက စကားပြောနိုင်သည်။
သူမ၏ အသံကြိုးများက မည်သည့် ပြဿနာမှ မရှိပေ။
အစွမ်းနိုးထလာသည့် လုပ်ငန်းစဉ်အတွင်းတွင် သူမ၏ နားရွက်များက ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူမက ရေတံခွန်မှ ရေစီးဆင်းသံများ၊ နားရွက်ဘေးမှ ဖြတ်တိုက်သွားသော လေပြေညင်းသံများနှင့် သစ်ရွက်များပေါ်သို့ ကျဆင်းလာသော မိုးရေပေါက်သံများကို ရှင်းလင်းစွာ ကြားနေရပြီ ဖြစ်သည်။
အရာအားလုံးက လှပသော တေးဂီတ တစ်ပုဒ်ကဲ့သို့ သူမကို အလွန် စိတ်လှုပ်ရှားသွားစေသည်။
သူမ၏ မျက်ကွင်းများ နီရဲလာပြီး မျက်ရည်များ စီးကျလာခဲ့သည်။
ဆယ့်ခြောက်နှစ်... မွေးဖွားလာချိန်မှစ၍ ယခုအချိန်အထိ ဆယ့်ခြောက်နှစ်တာ ကာလအတွင်း သူမက ပြင်ပကမ္ဘာ၏ အသံကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဤကဲ့သို့သော ရိုက်ခတ်မှုကို သာမန်လူများက ခံစားနားလည်နိုင်မည် မဟုတ်ပေ။
လင်းယွမ်က သူမ၏ စိတ်ဝိညာဉ်မှတစ်ဆင့် ပေးပို့လာသော ပြင်းပြသည့် ဝမ်းသာပျော်ရွှင်မှုများကို ခံစားလိုက်ရပြီး မနေနိုင်ဘဲ လိုက်ပါ ပြုံးရယ်လိုက်သည်။
သူက သူမရှေ့သို့ လျှောက်သွားကာ ပြုံးရင်း ပြောလိုက်သည်။ "မင်္ဂလာပါ လုယွီယန်"
လုယွီယန်က သူ၏ ဆွဲဆောင်မှု ရှိသော အသံကို ကြားလိုက်ရသောအခါ ထိုနေရာတွင်ပင် ကြောင်အမ်းသွားခဲ့သည်။
သူ၏ အသံက သူမ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည့်အတိုင်း နားထောင်လို့ ကောင်းလွန်းလှသည်။
သူမက ပါးစပ်ကို အုပ်ထားလိုက်ပြီး အသံထွက် မငိုမိစေရန် ကြိုးစား ထိန်းချုပ်လိုက်သည်။
သွယ်လျသော လက်လေးကို ဆန့်ထုတ်ကာ လင်းယွမ်၏ လက်မောင်းကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "မင်... မင်္ဂလာပါ"
လင်းယွမ်က ပြုံးလိုက်သည်။ ဒါက တစ်ဖက်လူက ဤကမ္ဘာကြီး၏ အသံကို ပထမဆုံးအကြိမ် ခံစားနိုင်ခြင်း ဖြစ်ပြီး သူ၏ ဤနှုတ်ဆက်စကားက သူမ ပထမဆုံး ကြားရသော လူသားတစ်ယောက်၏ အသံ ဖြစ်လာခဲ့သည်။
လင်းယွမ်က သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။ "အရမ်း စိတ်လှုပ်ရှားမနေပါနဲ့... နင် အခု အသံတွေကို ကြားနေရပြီပဲ... နောက်ပိုင်း ဖြည်းဖြည်းချင်း အသံထွက်ဖို့ လေ့ကျင့်လိုက်ရင် မကြာခင်မှာပဲ ရှင်းရှင်းလင်းလင်း စကားပြောနိုင်လာမှာပါ"
ဆွံ့အနားမကြားသူများက စကားမပြောနိုင်ရခြင်း အကြောင်းရင်းမှာ စံသတ်မှတ်ထားသော အသံထွက်က မည်သို့ ဖြစ်သည်ကို သူတို့ မသိသောကြောင့် ဖြစ်သည်။
သူတို့က စကားပြောသံကို မကြားဖူးသဖြင့် မည်သို့ အသံထွက်ရမည်ကို သဘာဝကျကျပင် မသိနိုင်ပေ။
သို့သော် လုယွီယန်က နှုတ်ခမ်းဖတ်တတ်သဖြင့် သူမက အသံကို ကြားနိုင်လာသည်နှင့် တစ်ပြိုင်နက် နောက်ပိုင်းတွင် စကားပြော သင်ယူရာ၌ အလွန် မြန်ဆန်ပေလိမ့်မည်။
တစ်ပတ်ပင် မကြာဘဲ သူမက ကျွမ်းကျင်စွာ ပြောဆိုလာနိုင်မည်ဟု ထင်ရသည်။
လင်းယွမ်၏ ရင်းနှီးသော အပြုအမူကို ခံစားလိုက်ရသောအခါ လုယွီယန်၏ လှပသော မျက်နှာလေး နီရဲသွားသော်လည်း အလွန် သက်တောင့်သက်သာ ရှိစွာဖြင့် မျက်လုံးများ မှိတ်ထားလိုက်ရာ လိမ်မာသော ကြောင်မကလေး တစ်ကောင်နှင့်ပင် တူနေသည်။
လင်းယွမ်က ပြုံးရင်း ပြောလိုက်သည်။ "ဒီ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို နင် ပထမဆုံး သင်ယူတတ်မြောက်သွားတာပဲ... ငါနဲ့အတူ ပူးတွဲဖန်တီးသူ လို့လည်း ပြောလို့ ရတယ်"
"ဒီကျင့်စဉ်ကို ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ငါ ဆက်ပြီး ဖြန့်ဝေပေးမယ်... လူတိုင်း ဒီမျိုးရိုးဗီဇကျင့်စဉ်ကို လေ့ကျင့်နိုင်ပြီး လူတိုင်း အစွမ်းနိုးထလာနိုင်ဖို့ပေါ့"
"အစွမ်းနိုးထလာမှသာ ဒီရေကြီးရေလျှံမှု ကမ္ဘာပျက်ကပ်ကြီးထဲမှာ အသက်ရှင် ကျန်ရစ်နိုင်မှာလေ"
"နောက်ပိုင်း ငါ ထိုက်ယန်တောင်မှာ စာသင်ကျောင်း ဖွင့်မယ်... အဲဒီအခါကျရင် နင်က သူတို့ကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် သင်ပေးဖို့ တာဝန်ယူရမယ်"
လုယွီယန်က ကြားသောအခါ မနေနိုင်ဘဲ မျက်လုံးများ ပွင့်လာခဲ့ပြီး မျက်လုံးအစုံတွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်နေသည်။
"သ... သမီး... သမီးက ဆရာမ လုပ်ရမှာလား"
လင်းယွမ်က ပြုံးရင်း ခေါင်းညိတ်လိုက်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။ "ရေကြီးရေလျှံမှုကြီးက လူသားမျိုးနွယ်ရဲ့ယဉ်ကျေးမှုကို ဖျက်ဆီးပစ်လိုက်ပြီး အမွေအနှစ် အများအပြားကို ဖျက်ဆီးပစ်လိုက်တယ်... ငါတို့က ခိုလှုံရေးစခန်းကို တည်ဆောက်နိုင်ပြီဆိုတော့ လူသားယဉ်ကျေးမှုကို ဆက်ခံရမယ်"
"ဒီတစ်ခေါက် ငါတို့ ပြန်လာတုန်းက ကလေးတွေ အများကြီး ခေါ်လာတယ်... သူတို့ထဲက တချို့က အသက်အရမ်းငယ်သေးပြီး ဗဟုသုတ အမျိုးမျိုးကို သင်ယူဖို့ လိုအပ်သေးတယ်"
"လူသားတွေက ဒီဆင့်ကဲပြောင်းလဲမှု လှိုင်းတံပိုးကြီးထဲမှာ ဘယ်လိုလုပ် အရှေ့ဆုံးကို ရောက်အောင် သွားနိုင်မလဲ ဆိုရင်... သင်ယူခြင်းကနေ... မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဉာဏ်ပညာ အမွေအနှစ်တွေကို လက်ဆင့်ကမ်းခြင်းကတစ်ဆင့်မှသာ တကယ့်ကို ပြန်လည် ထကြွလာနိုင်မှာ"
လူသားများ၏ အကြီးမားဆုံးသော အားသာချက်မှာ ဉာဏ်ပညာ ဖြစ်ကြောင်း လင်းယွမ်က ရှင်းလင်းစွာ သိထားသည်။
ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် တစ်ခုတည်းသော အားသာချက်ကို စွန့်လွှတ်ကာ သန္ဓေပြောင်း သတ္တဝါများနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ယှဉ်ပြိုင်ပါက သူတို့ကို မည်သည့်အခါမှ အနိုင်ရနိုင်မည် မဟုတ်ပေ။
လူသားများ ပြန်လည် ကြီးကျယ်ခမ်းနားချင်ပါက ဉာဏ်ပညာကို အသုံးပြုကာ နည်းပညာသစ်များကို ဖန်တီးရမည် ဖြစ်သည်။
လုယွီယန်က ဆက်တိုက် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အံ့ဩဝမ်းသာမှုများ အပြည့်ရှိနေသည်။
သူမကလည်း တစ်နေ့ကျလျှင် ဆရာမ တစ်ယောက် ဖြစ်လာနိုင်မည်လား။
ကိုကြီးလင်းယွမ် သင်ပေးလိုက်သော ဤထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို သူမ သေချာပေါက် ကောင်းကောင်း လေ့ကျင့်ပြီး ထိုက်ယန်တောင်မှ လူများကို ပြန်လည် လက်ဆင့်ကမ်း သင်ကြားပေးမည်။
သူတို့နှစ်ယောက် ခိုလှုံရေးစခန်းသို့ ပြန်ရောက်သောအခါ လင်းယွမ်က ရန်မေ၊ တင်းယန်တို့ လူစုကို အလျင်အမြန် ရှာဖွေကာ စာသင်ကျောင်း တည်ထောင်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။
အတွင်းပိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အားလုံးက လင်းယွမ်၏ စီမံကိန်းကို တညီတညွတ်တည်း သဘောတူခဲ့ကြပြီး ဤသည်မှာ အလွန် ကောင်းမွန်သော အဆိုပြုချက် တစ်ခုဟု ယူဆခဲ့ကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး နောက်နေ့တွင် ထိုက်ယန်တောင် သုတေသနခန်းသို့ သွားရောက်ကာ လီဟန်ကျုံး၊ ရန်ဆန်းမင်တို့ လူစုကို သွားရှာခဲ့သည်။
"ဆရာလင်းယွမ်... မင်္ဂလာနံနက်ခင်းပါ"
"ဆရာလင်းယွမ်... စောလှချည်လား"
သူတို့က လင်းယွမ်ကို နှုတ်ဆက်လိုက်ကြပြီး လင်းယွမ်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားတို့ အားလုံးကို အကူအညီ တောင်းချင်တဲ့ ကိစ္စလေး တစ်ခု ရှိလို့ပါ"
လီဟန်ကျုံးနှင့် ရန်ဆန်းမင်တို့က လက်ရှိ လုပ်နေသော အလုပ်များကို ချက်ချင်း ချထားလိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်ကြသည်။
"ဆရာလင်းယွမ်... ဘာကိစ္စ ရှိလို့လဲ ပြောပါ"
"ဟုတ်တယ် ဆရာလင်းယွမ်... ကျွန်တော်တို့ရဲ့ အသက်တွေကို ခင်ဗျား ကယ်တင်ပေးထားတာလေ... အကူအညီ တောင်းတာတွေ ဘာတွေ ပြောစရာ မလိုပါဘူး" ဖုချီပေါ်က ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံး အားနာနေစရာ မလိုပါဘူး... ထိုက်ယန်တောင်ကို ရောက်လာပြီဆိုမှတော့ အားလုံးက ကိုယ့်လူတွေချည်းပါပဲ... အရင်က ကိစ္စတွေကို ပြန်ပြောမနေပါနဲ့တော့"
"ဆရာလင်း... ကိုယ်တိုင် လာရလောက်အောင် ဘာကိစ္စ ရှိလို့လဲ" ရန်ဆန်းမင်ကလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
လင်းယွမ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ကျွန်တော် စာသင်ကျောင်း ဖွင့်ဖို့ ရည်ရွယ်ထားတယ်... အဲဒါကြောင့် စာသင်ကျောင်းကို ဘယ်လို စတင် ဖွင့်လှစ်မလဲ ဆိုတာ ခင်ဗျားတို့နဲ့ အတူတူ ဆွေးနွေးချင်လို့ သီးသန့် လာခဲ့တာပါ"
"ဘာ... စာသင်ကျောင်း ဖွင့်မယ်" ရန်ဆန်းမင်က အံ့ဩသွားခဲ့သည်။ လင်းယွမ် ပြောချင်သော ကိစ္စက ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
လီဟန်ကျုံးကလည်း အနည်းငယ် ကြောင်အမ်းသွားခဲ့သော်လည်း ချက်ချင်း စိတ်ဝင်စားသွားကာ အလျင်စလို မေးလိုက်သည်။ "ဆရာလင်းယွမ်... ခင်ဗျားက စာသင်ကျောင်း ဖွင့်ချင်တာလား... ဘယ်လို စာသင်ကျောင်းမျိုးလဲ"
ရမ်ကျဲကလည်း အံ့ဩသွားခဲ့သည်။ "စာသင်ကျောင်း... ဆရာလင်းက ခိုလှုံရေးစခန်းက လူတွေကို စာသင်ပေးမလို့လား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဟုတ်တယ်... ခင်ဗျားတို့ အားလုံးက ကျွန်တော်တို့ ခိုလှုံရေးစခန်းမှာ ပညာအတတ်ဆုံးနဲ့ တီထွင်ဆန်းသစ်မှု အရှိဆုံး လူတွေပဲ"
"ကျွန်တော်က ခင်ဗျားတို့နဲ့ အတူတူ ဆွေးနွေးချင်တာ... ကျွန်တော်တို့ရဲ့ ဒီစာသင်ကျောင်းကို ဘယ်လို ဖွင့်လှစ်မလဲ... ဘယ်လို ဗဟုသုတမျိုးတွေကို သင်ကြားပေးမလဲ ဆိုတာကိုပေါ့"
"ခိုလှုံရေးစခန်း တစ်ခုက ရေရှည် တည်ငြိမ်စွာနဲ့ အမွေအနှစ်တွေ လက်ဆင့်ကမ်းသွားနိုင်ဖို့ဆိုတာ ကျွန်တော်တို့တွေ အားသွန်ခွန်စိုက် စိုက်ပျိုးရေး လုပ်နေရုံ၊ နေ့တိုင်း ငါးဖမ်းနေရုံနဲ့တင် လုံးဝ မလုံလောက်ဘူး"
"အပြင်ဘက်မှာ အခု ဘယ်လို အခြေအနေတွေ ဖြစ်နေလဲဆိုတာ ကျွန်တော် မသိဘူး... ကျွန်တော်တို့ ဆီမှာတော့ ပညာရေး ကွာဟမှုတွေ စတင် ဖြစ်ပေါ်နေပြီ"
"အနာဂတ်မှာ မွေးကင်းစ ကလေးငယ်တွေ ရှိလာခဲ့ရင်... မဟုတ်သေးဘူး... အနာဂတ်အထိ စောင့်စရာတောင် မလိုဘူး... ဒီတစ်ခေါက် ကျွန်တော်တို့ ခေါ်လာခဲ့တဲ့ ကလေးတွေထဲမှာ အများစုက မူလတန်း၊ သူငယ်တန်း အဆင့် ဗဟုသုတလောက်ပဲ ရှိကြသေးတယ်"
"တကယ်လို့ သူတို့ကိုသာ ဆက်ပြီး ပညာမသင်ပေးဘူးဆိုရင်... ကျွန်တော်တို့ လူသားယဉ်ကျေးမှုက လုံးဝ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်"
"အင်းပေါ့... ကျွန်တော့်ရဲ့ အကြံဉာဏ်က ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေး မတိုင်ခင်က ပညာရေးတွေကိုပဲ သူတို့ကို သင်ပေးဖို့ မဟုတ်ဘူး... အရာအားလုံးကို သင်ယူဖို့လည်း မလိုဘူး"
"ဒါပေမဲ့ အခြေခံအကျဆုံး စာရေးဖတ်တတ်ဖို့နဲ့ သင်္ချာတွက်ချက်မှုလိုမျိုးတွေကိုတော့ သေချာပေါက် သင်ယူရမယ်"
"တက္ကသိုလ် အဆင့် ဗဟုသုတ ယဉ်ကျေးမှု အဆင့်အတန်းအထိ ရှိစရာ မလိုပေမယ့်... အနည်းဆုံးတော့ ကိုးနှစ် မသင်မနေရ ပညာရေး အဆင့်အတန်းအထိတော့ ရောက်သင့်တယ်"
"ဒုတိယအချက်အနေနဲ့ ကျွန်တော်က သန္ဓေပြောင်းစွမ်းအင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ဘာသာရပ်တစ်ခု သီးသန့် ထားရှိချင်တယ်... လူတိုင်းကို အပြင်ဘက်က သန္ဓေပြောင်း သတ္တဝါတွေအကြောင်း၊ သင်္ကေတနည်းပညာတွေ၊ သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်တွေ၊ အစွမ်း အမျိုးအစား ခွဲခြားမှုတွေ အကြောင်း သိရှိနားလည်စေဖို့ပေါ့"
လင်းယွမ်က သူ၏ အကြံဉာဏ်များကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ဤစကားများက လီဟန်ကျုံး၊ ရန်ဆန်းမင်တို့ လူစု၏ မျက်နှာကို ချက်ချင်း လေးနက်သွားစေခဲ့သည်။
ထိုအခါမှသာ လင်းယွမ်က နောက်နေခြင်း မဟုတ်ဘဲ ယဉ်ကျေးမှု ပြန့်ပွားရေး ပညာရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သူတို့ သိရှိသွားကြသည်။
ဤလုပ်ရပ်က သေချာပေါက် အလွန် အရေးကြီးသော အဓိပ္ပာယ် ရှိပေသည်။
ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို လျင်မြန်စွာ တိုးတက်လာစေရန် တွန်းအားပေးနိုင်လိမ့်မည်။
လီဟန်ကျုံးက ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။ "ဆရာလင်း... ခင်ဗျားရဲ့ ဒီအကြံဉာဏ်က အရမ်းကောင်းပါတယ်... ခင်ဗျားရဲ့ အကြံဉာဏ်ကို ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်"
"ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ အခု လူဦးရေ အရမ်းကြီး မများလှသေးပေမယ့် ထောင်ဂဏန်းလောက်တော့ ရှိနေပြီ"
"အဲဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း မနည်းဘူး... အနာဂတ်မှာ သေချာပေါက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရှင်သန် ပေါက်ဖွားလာကြမှာပဲ... တကယ်လို့ စနစ်တကျ ပညာရေး မရှိဘူးဆိုရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုက တစ်ဆက်ထက်တစ်ဆက် ပိုဆိုးလာလိမ့်မယ်"
"အရေးအကြီးဆုံးက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ တစ်ကိုယ်တော် ရဲစွမ်းသတ္တိက ဘယ်လောက်အထိ ခရီးရောက်မလဲ ဆိုတာ ပြောရခက်တယ်"
"လူမျိုးစု တစ်ခုလုံး အားကောင်းလာမှသာ လူသားတွေက စားနပ်ရိက္ခာ ကွင်းဆက်ရဲ့ အမြင့်ဆုံး နေရာမှာ ပြန်လည် ရပ်တည်နိုင်မှာပါ"
ဖုချီပေါ်၊ ရမ်ကျဲ၊ ရန်ဆန်းမင်တို့ လူစုကလည်း ခေါင်းတညိတ်ညိတ်ဖြင့် အပြည့်အဝ ထောက်ခံခဲ့ကြသည်။
လင်းယွမ်ကလည်း ပြုံးလိုက်ကာ ပြောလိုက်သည်။ "ပါမောက္ခလီ ပြောတာ မှန်ပါတယ်... လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက ကျွန်တော်တို့ရဲ့ ဉာဏ်ပညာနဲ့ ကင်းကွာလို့ မရဘူး"
"အခြား မျိုးနွယ်စုတွေနဲ့ ယှဉ်ရင် လူသားတွေရဲ့ အားသာချက်က ဉာဏ်ပညာပဲ... ကျွန်တော်တို့က အကျဉ်းချုံး မှတ်သားတတ်တယ်... တီထွင်ဆန်းသစ် ပြောင်းလဲတတ်တယ်... ဒါကမှ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးသော အားသာချက်ပဲ"
"ဒါကြောင့် ဒီတစ်ခေါက် ခင်ဗျားတို့ကို လာရှာတာက... သန္ဓေပြောင်းစွမ်းအင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ယဉ်ကျေးမှုတွေကို... အများပြည်သူသိအောင် ဖြန့်ဝေပေးနိုင်မယ့် အရာတချို့ကို... ပုံစံထုတ်ပေးဖို့ အကူအညီ တောင်းချင်လို့ပါ"
"အကြံဉာဏ်တွေကိုတော့ ခင်ဗျားတို့ အားလုံး တိုင်ပင်ပြီး လုပ်လို့ ရပါတယ်"
"ပါမောက္ခလီက အရင်က တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ဆိုတော့... ဒီဘက်မှာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိမယ်လို့ ယုံကြည်ပါတယ်"
လီဟန်ကျုံးက ကပျာကယာ ပြောလိုက်သည်။ "မဟုတ်တာ... မဟုတ်တာ... စာသင်ကြားရေးဘက်နဲ့ ပတ်သက်လို့ ပြောရရင် တကယ်တော့ ရှောင်တင်းက တက္ကသိုလ် တက်နေတုန်းက ပြဋ္ဌာန်းစာအုပ် ရေးဆွဲတဲ့ အလုပ်တွေမှာ ခဏခဏ ပါဝင်ခဲ့ဖူးတယ်... သူ့ဆီမှာလည်း ဒီဘက်ပိုင်းနဲ့ ပတ်သက်တဲ့ အရည်အချင်း ရှိပါတယ်... သူ့ကိုပါ အတူတူ ပါဝင်ဖို့ ဖိတ်ခေါ်စေချင်တယ်"
လင်းယွမ်က ကြောင်အမ်းသွားခဲ့ပြီး မနေနိုင်ဘဲ ခေါင်းကို ပုတ်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။ "တင်းယန်ကလည်း လင်ကျောင်းတက္ကသိုလ်ရဲ့ ပါမောက္ခ ဖြစ်ခဲ့ဖူးတာကို မေ့နေတယ်"
သူက ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒီလိုလုပ်... ခင်ဗျားတို့ အားလုံး အကြမ်းဖျင်း ဦးတည်ချက်ကို အရင် သတ်မှတ်လိုက်ပါ... ပြီးရင် ကျွန်တော်တို့ ခိုလှုံရေးစခန်းထဲမှာ အရင်က ဆရာအလုပ် လုပ်ခဲ့ဖူးတဲ့ လူတွေ ရှိမရှိ ကျွန်တော် လိုက်မေးကြည့်မယ်"
"နောက်ပြီး ဦးလေးမာကို ဆောက်လုပ်ရေး အဖွဲ့တွေ ဦးဆောင်ပြီး ကျောင်းကို အရင် ဆောက်ခိုင်းထားလိုက်မယ်"
"ခင်ဗျားတို့ဘက်ကတော့ အဓိက အလုပ်က သန္ဓေပြောင်းစွမ်းအင် ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်ကို ပုံစံထုတ်ဖို့ပဲ"
"ဒီသန္ဓေပြောင်းစွမ်းအင် ဘာသာရပ် ပြဋ္ဌာန်းစာအုပ်မှာ သန္ဓေပြောင်း သတ္တဝါတွေအကြောင်း အများပြည်သူသိအောင် ဖြန့်ဝေပေးတာ... သန္ဓေပြောင်း ပစ္စည်းတွေကို ခွဲခြားသိမြင်တာ... သန္ဓေပြောင်း ပစ္စည်းတွေ အသုံးပြုပုံ အစရှိတာတွေ ပါဝင်စေချင်တယ်"
"ဒါ့အပြင် အဲဒီအချိန်ကျရင် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် တစ်ခုကို ကျွန်တော် သင်ပေးမယ်... အဲဒါကို သန္ဓေပြောင်းစွမ်းအင် ဘာသာရပ်ရဲ့ အဓိက ဘာသာရပ်အနေနဲ့ ဖြန့်ဝေသွားမယ်"
"ဘာ... ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်"
လူတိုင်းက ကြောင်အမ်းသွားကြပြီး အနည်းငယ် အံ့ဩသွားကြသည်။
သူတို့က ဤကဲ့သို့သော မျိုးရိုးဗီဇကျင့်စဉ် မျိုးကို တစ်ခါမှ မကြားဖူးခဲ့ကြပေ။
လင်းယွမ်က ချက်ချင်း ပြုံးလိုက်သည်။ "ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ သုတေသန လုပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ ကျင့်စဉ်တစ်ခုပါ... ပြင်ပက သဘာဝ သန္ဓေပြောင်း စွမ်းအင်တွေအပေါ် လူ့ခန္ဓာကိုယ်ရဲ့ စုပ်ယူမှုကို ထိရောက်အောင် မြှင့်တင်ပေးနိုင်ပြီး... အားလုံး အစွမ်းနိုးထလာနိုင်မယ့် အလားအလာကို တိုးမြှင့်ပေးနိုင်တယ်"
"ပြီးတော့ ဒီလို အစွမ်းနိုးထလာနိုင်ခြေ တိုးလာတာက... အစွမ်းနိုးထလာချိန်မှာ ကြုံတွေ့ရမယ့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ် ပမာဏကိုလည်း လျှော့ချပေးနိုင်တယ်"
ရန်ဆန်းမင်က ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။ "ဘာ... ဒီလို ကျင့်စဉ်မျိုး ရှိသေးတာလား... ဆရာလင်းယွမ်... ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ပြီး သုတေသန လုပ်ထားတာလဲ"
လီဟန်ကျုံးကလည်း ချက်ချင်း ကြောင်အမ်းသွားခဲ့ပြီး မယုံကြည်နိုင်သလို ဖြစ်သွားကာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ခင်ဗျား တကယ်ပဲ ဒီလို ကျင့်စဉ်မျိုးကို သုတေသန လုပ်ပြီး ရှာဖွေတွေ့ရှိခဲ့တာလား"
ဖုချီပေါ်၊ ရမ်ကျဲတို့ နှစ်ယောက်ကလည်း မျက်လုံးပြူးသွားကြပြီး မယုံကြည်နိုင်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်ကြသည်။
လင်းယွမ်က ပြုံးလိုက်ကာ ပြောလိုက်သည်။ "သုတေသန လုပ်ပြီး သွားပါပြီ... အခု ကျွန်တော် ခင်ဗျားတို့ကို တစ်ခေါက်လောက် လုပ်ပြမယ်"
ထို့နောက် သူက လူလေးယောက်ရှေ့တွင် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်၏ လှုပ်ရှားမှုများကို တစ်ခေါက် တိုက်ရိုက် လုပ်ပြလိုက်သည်။
လှုပ်ရှားမှု ပုံစံ ဆယ့်ငါးမျိုးကို မမြန်မနှေး ဖြည်းညင်းစွာ ပြုလုပ်ပြလိုက်သည်။
လှုပ်ရှားမှု တစ်စုံလုံး ပြီးဆုံးသွားသည်နှင့်အမျှ လင်းယွမ်၏ တစ်ကိုယ်လုံးရှိ သွေးသားများက လှုပ်ရှားလာကာ ခန္ဓာကိုယ်ထဲတွင် အရူးအမူး လှည့်ပတ်လာခဲ့သည်။
သွေးသားများက လေဝဲများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က အဆုံးအစမရှိသော တွင်းနက်ကြီး တစ်ခုကဲ့သို့ ပြင်ပရှိ ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားမှ စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလာခဲ့သည်။
ဤနေရာတွင် ရှိနေသော ရန်ဆန်းမင် ဖြစ်စေ၊ လီဟန်ကျုံးတို့ လူစု ဖြစ်စေ အားလုံးက အစွမ်းနိုးထလာပြီးသား သူများ ဖြစ်ကြသည်။
သူတို့၏ စိတ်စွမ်းအင်များကလည်း စောစောစီးစီးကတည်းက ၂၅ မှတ် အထက်ကို ရောက်ရှိနေပြီ ဖြစ်ရာ ယခုအချိန်၌ ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ စွမ်းအင်လှိုင်းများကို သဘာဝကျကျ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
သူတို့၏ အာရုံခံစားမှုထဲတွင် လင်းယွမ်၏ ခန္ဓာကိုယ်က ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ သဘာဝ စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေကြောင်း သိသိသာသာ ခံစားရသည်။
"ဒါ... ဒါက..."
ရန်ဆန်းမင်က ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
သူက သန္ဓေပြောင်းစွမ်းအင်များကို သုတေသန လုပ်လာခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ရာ ဤကဲ့သို့သော စွမ်းအင်မျိုးကို စောစောစီးစီးကတည်းက ခံစားမိခဲ့ဖူးသည်။
၎င်းတို့က ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားတွင် တည်ရှိနေရုံသာမက သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးများ၊ သန္ဓေပြောင်း အပင်များနှင့် သန္ဓေပြောင်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထဲတွင်လည်း သိသိသာသာ ကျန်ရစ်နေကြောင်း တွေ့ရသည်။
သူ၏ ဆေးရည် အများအပြားကို အပင်များနှင့် တိရစ္ဆာန်များထံမှ အနှစ်သာရများကို ထုတ်ယူကာ ရောစပ်ပြီးမှသာ ဖန်တီးထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဤစွမ်းအင်များက မည်သည့်အရာ ဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားသည်။
ဒါက သန္ဓေပြောင်းစွမ်းအင်ပင်တည်း။
သို့သော် ဤကဲ့သို့သော စွမ်းအင်များကို ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားမှ တိုက်ရိုက် စုပ်ယူနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
တွေးမိခဲ့လျှင်ပင် ဤစွမ်းအင်များကို တက်ကြွစွာ စုပ်ယူနိုင်မည့် မည်သည့် နည်းလမ်းကိုမျှ သူ မစဉ်းစားတတ်ခဲ့ပေ။
သို့သော် သူ့ရှေ့ရှိ မြင်ကွင်းက သူ၏ သိမြင်နားလည်မှုကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။
ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ သဘာဝ သန္ဓေပြောင်းစွမ်းအင်များကိုလည်း တက်ကြွစွာ စုပ်ယူနိုင်သည်ကိုး။
"ဟုတ်တယ်... ဟုတ်တယ်... အပင်တွေနဲ့ တိရစ္ဆာန်တွေကလည်း ဒီစွမ်းအင်တွေကို စုပ်ယူနိုင်ပြီး ဆင့်ကဲပြောင်းလဲမှု ဖြစ်လာတယ်ဆိုတော့... သေချာပေါက် တက်ကြွစွာ စုပ်ယူနိုင်တဲ့ နည်းလမ်း တစ်ခုခု ရှိနေတယ်ဆိုတာကို သက်သေပြနေတာပဲ"
"ငါက ဒီဘက်ကို တစ်ခါမှ မတွေးမိခဲ့လို့ပဲ"
ရန်ဆန်းမင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး အလွန် ဝမ်းသာနေခဲ့သည်။
ဘေးရှိ လီဟန်ကျုံးကလည်း မျက်လုံးပြူးသွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ပါရမီရှင်ပဲ... ဆရာလင်းယွမ်က တကယ့်ကို ပါရမီရှင်ပဲ... ဒီလို နည်းလမ်းမျိုးကိုတောင် သူ တွေးမိခဲ့သေးတယ်"
"ငါတို့က သန္ဓေပြောင်း သတ္တဝါတွေရဲ့ အကြွင်းအကျန် အရိုးတွေထဲက စွမ်းအင်တွေကို အသုံးချပြီး လက်နက်တွေ ဖန်တီး အသုံးပြုဖို့လောက်ပဲ အာရုံစိုက်နေခဲ့ကြတာ"
"ဒါပေမဲ့ တကယ်တမ်းကျတော့ ငါတို့ လူ့ခန္ဓာကိုယ်ကလည်း သိုလှောင်ရုံ တစ်ခုလိုပါပဲ... ဒီစွမ်းအင်တွေကို စုပ်ယူ သိုလှောင်နိုင်ပြီး အစွမ်းတွေကို မြှင့်တင်နိုင်တာပဲ"
ဤအချိန်တွင် ရန်ဆန်းမင်နှင့် လီဟန်ကျုံးတို့ အံ့ဩသွားကြရုံသာမက ရမ်ကျဲနှင့် ဖုချီပေါ်တို့ နှစ်ယောက်လည်း အလွန် တုန်လှုပ်သွားကြသည်။
ဆရာလင်းယွမ်က ခွန်အားကြီးမားရုံသာမက အစွမ်းတွေလည်း အလွန် စွမ်းအားကြီးကြောင်းကို ယခုအခါ သူတို့ သိရှိသွားကြပြီ ဖြစ်သည်။
သူက ယှဉ်ပြိုင်နိုင်စွမ်း မရှိသော ဉာဏ်ပညာကိုပါ ပိုင်ဆိုင်ထားသေးသည်။
သိပ္ပံ သုတေသန နယ်ပယ်တွင်လည်း သူတို့ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။
လင်းယွမ်က တစ်ခေါက် လုပ်ပြပြီးနောက် ရပ်တန့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လေထုထဲတွင် တစ်စုံတစ်ရာ လျော့နည်းသွားသကဲ့သို့ သိသိသာသာ ခံစားရသည်။
သူနှင့် အခုမှ စတင် လေ့ကျင့်သော လုယွီယန်တို့က မတူညီကြပေ။
သူ၏ သွေးသားများက အလွန် သန်စွမ်းပြီး လှည့်ပတ်သည့် အရှိန်က အလွန် မြန်ဆန်လှရာ တူညီသော ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ဖြစ်သော်လည်း သူ တစ်ခေါက် လုပ်ပြလိုက်သည်နှင့် အရှိန်မြန်ရုံသာမက စုပ်ယူမှု အချိုးအစားကလည်း ပိုမို မြင့်မားနေသည်။
ဥပမာအားဖြင့် တူညီသော အရွယ်အစားရှိ ကြက်ဥ တစ်လုံးကို လူတစ်ယောက်က နှစ်လုတ်တည်းနှင့် မျိုချနိုင်သော်လည်း အခြား တစ်ယောက်က သုံးလေးလုတ်၊ သို့မဟုတ် ငါးလုတ် ခြောက်လုတ်ခန့် စားရသည်နှင့် တူညီပေသည်။
သွေးသားများ ပိုမို သန်စွမ်းလေ ထိုက်ယန်တောင် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်၏ စုပ်ယူမှု အာနိသင်က ပို၍ ကောင်းမွန်လေ ဖြစ်လိမ့်မည်။
ဤသည်မှာလည်း အစွမ်းပိုင်ရှင်များ နိုးထလာပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှု အမျိုးအစား အစွမ်း မဟုတ်လျှင်ပင် သူတို့၏ သွေးသားများ၊ ခွန်အား၊ အလျင်၊ ခံနိုင်ရည် အစရှိသော ဘက်ပေါင်းစုံတွင် တိုးတက်လာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
ဤအရာ နှစ်ခုကြားတွင် မူလကတည်းက အပြန်အလှန် အထောက်အကူ ပြုနေခြင်း ဖြစ်သည်။
လင်းယွမ်က ကြောင်အမ်းနေသော လူလေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက ကျွန်တော် ဒီရက်ပိုင်းအတွင်း သုတေသန လုပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ မျိုးရိုးဗီဇကျင့်စဉ်ပါပဲ"
"ဒါကို ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်လို့ နာမည်ပေးထားတယ်... အနာဂတ်မှာ ဒါက ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ လောကကြီးမှာ ရပ်တည်နိုင်မယ့် အခြေခံအုတ်မြစ်၊ ကြီးပွားတိုးတက်နိုင်မယ့် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်"
ဤစကား ထွက်ပေါ်လာသည်နှင့် လူလေးယောက်၏ အသက်ရှူနှုန်းများက ချက်ချင်း မြန်ဆန်လာခဲ့သည်။
ဤကဲ့သို့သော မျိုးရိုးဗီဇကျင့်စဉ်မျိုး ရှိနေသဖြင့် သာမန်လူများ အစွမ်းနိုးထလာနိုင်မည့် အခွင့်အလမ်းက အလွန် များပြားလာမည် ဖြစ်ပြီး ထိုက်ယန်တောင်သို့ ဝင်ရောက်လာပါက အစွမ်းပိုင်ရှင်များ ဖြစ်လာနိုင်မည့် အလားအလာ ရှိနေသည်။
ဤကဲ့သို့သော ဆွဲဆောင်မှုကို ဘယ်သူက ခုခံနိုင်မည်နည်း။
ဤထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို အားကိုးကာ ထိုက်ယန်တောင်က လျင်မြန်စွာ တိုးတက်လာမည့် အခွင့်အရေးကို သေချာပေါက် ရရှိလာပေလိမ့်မည်။
ရန်ဆန်းမင်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ မျက်နှာထား ရုတ်တရက် လေးနက်သွားပြီး ပြောလိုက်သည်။ "ဆရာလင်းယွမ်... ဒီထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်က ဒီလောက် တန်ဖိုးကြီးနေတာ... ဒီအတိုင်းပဲ ဖြန့်ဝေပေးလိုက်တော့မလို့လား"
"တကယ်လို့ အပြင်ကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ"
ဤစကားကို မေးလိုက်သောအခါ လီဟန်ကျုံးတို့ သုံးယောက်ကလည်း ပြောချင်သော်လည်း မျိုသိပ်ထားလိုက်ကြသည်။
ထိုက်ယန်တောင်၏ တိုးတက်မှုနှင့် သက်ဆိုင်နေသဖြင့် ဤမျိုးရိုးဗီဇကျင့်စဉ်ကို ထိုက်ယန်တောင်မှ လူများကိုသာ လေ့ကျင့်ခွင့် ပေးထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
လင်းယွမ်ကမူ ပြုံးလိုက်ပြီး စိုးရိမ်ပူပန်ခြင်း မရှိဘဲ ပြောလိုက်သည်။ "အပြင်ကို ရောက်သွားလည်း ကိစ္စမရှိပါဘူး... ဒီထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို ဖန်တီးလိုက်တာက အစကတည်းက... ကျွန်တော်တို့ လူသားတွေ အခြား မျိုးနွယ်စုတွေကို ကျော်လွန်ပြီး... ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းရဲ့ ထိပ်ဆုံးကို အမြန်ဆုံး ရောက်အောင် သွားနိုင်ဖို့ပါပဲ"
"တကယ်လို့ ကျွန်တော် ဖန်တီးလိုက်တဲ့ ဒီထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်က... အပြင်ဘက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ လူတချို့ကို ကူညီပေးနိုင်မယ်ဆိုရင်... ဒါက ကောင်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလား"
လင်းယွမ်၏ စကားများက ထိုနေရာတွင် ရှိနေသော လူအများ၏ မျက်နှာများကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
လီဟန်ကျုံးက မနေနိုင်ဘဲ သက်ပြင်းချကာ ခါးသက်စွာ ပြုံးလိုက်သည်။ "ဆရာလင်းယွမ်က ဘာလို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို တစ်ယောက်တည်း တည်ထောင်နိုင်ခဲ့တာလဲ ဆိုတာကို အခုမှ ကျွန်တော် တကယ် သိသွားတော့တယ်... ဒီစိတ်ထားလေး တစ်ခုတည်းနဲ့တင် သာမန်လူတွေ ရောက်နိုင်တဲ့ အဆင့် မဟုတ်တော့ဘူး"
ရန်ဆန်းမင်ကလည်း ရှက်ရွံ့သော မျက်နှာဖြင့် ပြောလိုက်သည်။ "ကျွန်တော်က ဆရာလင်းယွမ်ကို ဘယ်လိုမှ မမီပါဘူးဗျာ"
ဖုချီပေါ်ကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ပြန့်နှံ့သွားရင်... အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ သနားစရာကောင်းတဲ့ လူတွေကို မျှော်လင့်ချက် ရောင်ခြည်လေး မြင်တွေ့သွားစေမှာ သေချာတယ်... ဒါက လူအမြောက်အမြားကို ကယ်တင်နိုင်တဲ့ ကြီးမားတဲ့ ကုသိုလ်ကြီးပါပဲ"
ရမ်ကျဲက စကားအများကြီး မပြောဘဲ လင်းယွမ်ကို လက်မထောင်ပြကာ ပြောလိုက်သည်။ "ဆရာလင်းယွမ်... ကျွန်တော် အစ်ကိုရမ်က ခင်ဗျားကို အရှုံးပေးပါတယ်... ခင်ဗျားက တကယ့်ကို အထင်ကြီးစရာ ကောင်းလွန်းပါတယ်"
လင်းယွမ်က ပြုံးရင်း ပြောလိုက်သည်။ "ကဲ... ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့... သန္ဓေပြောင်းစွမ်းအင် ဘာသာရပ်က တခြား ဗဟုသုတတွေအတွက်တော့ ခင်ဗျားတို့ အားလုံးရဲ့ အကူအညီ လိုအပ်လိမ့်မယ်... အတူတူ သုတေသန လုပ်ကြပြီး ဘာသာရပ်ကို သတ်မှတ်တာတွေ၊ ပညာရေး ဦးတည်ချက်တွေ အစရှိတဲ့ ပြဿနာတွေကို ဆွေးနွေးပေးကြပါ"
လီဟန်ကျုံးနှင့် ရန်ဆန်းမင်တို့ လူစုက ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ဆရာလင်းယွမ် စိတ်ချပါ... ဒီကိစ္စကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်"
"အခု လက်ရှိ လုပ်နေတဲ့ အလုပ်တွေကို ခဏ နားထားပြီး စာသင်ကြားရေး ပြဋ္ဌာန်းစာအုပ် ကိစ္စကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားပါ့မယ်"
"ကျွန်တော်လည်း အတူတူပါပဲ... သန္ဓေပြောင်းစွမ်းအင်သုံး လက်နက်တွေ ဖန်တီးတဲ့ ဗဟုသုတတွေကို သီးသန့် ပြဋ္ဌာန်းစာအုပ် တစ်အုပ် ဖြစ်လာအောင် ကျွန်တော် နည်းလမ်း ရှာကြည့်ပါ့မယ်"
"အားလုံး အတူတူ ကြိုးစားကြတာပေါ့"
"ကြိုးစားကြမယ်"
သုတေသနခန်းငယ်လေးထဲမှ ထွက်ပေါ်လာသော အားပေးစကား အနည်းငယ်က ထိုက်ယန်တောင် စာသင်ကျောင်း၏ အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ထိုအချိန်မှစ၍ ချမှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ဆက်ရန်...