← Chapters

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အခန်း (၃၄၅-၃၄၆)

Vol. 18 Ch. 345-346

အပိုင်း(၃၄၅) လီဟန်ကျုံးကို လုယူခြင်း

အဆောက်အအုံထဲတွင် လီဟန်ကျုံးက သူ၏မျက်နှာပေါ်သို့ ပြာများသုတ်လိမ်းလိုက်ပြီး သူ၏မီးခိုးရောင် ဆံပင်များကို ဖုံးကွယ်ရန်အတွက် ဦးထုပ်တစ်လုံးကိုပင် ရှာဖွေဆောင်းထားလိုက်သည်။

သို့သော် ထိုသို့လုပ်ထားသည့်တိုင် လူအတော်များများက သူ့ကို သတိထားမိသွားကြသည်။

"ဟေ... အဲ့အဘိုးကြီးကို ကြည့်စမ်း"

"အို... ဒီအသက်အရွယ်နဲ့ဆိုရင် ဟိုလီဟန်ကျုံးဆိုတဲ့လူနဲ့ သိပ်မကွာဘူးဟ"

"သွားမေးကြည့်ရအောင်"

ထို့နောက် လူအနည်းငယ်က လီဟန်ကျုံးကို ဝိုင်းရံလိုက်ကြသည်။

လူတစ်ယောက်က "လီဟန်ကျုံးလား" ဟု မေးလိုက်သည်။

လီဟန်ကျုံးသည် ပြန်မဖြေရဲဘဲ ရှေ့သို့သာ ဆက်လျှောက်သွားခဲ့သည်။

သူတို့ထဲမှ မျက်နှာတွင် အမာရွတ်ရှိသော လူတစ်ယောက်က ထိုအခြေအနေကို မြင်သောအခါ မျက်ခုံးပင့်သွားပြီး ထူးဆန်းသော အမူအရာဖြင့် "သူ့ကို တားထားစမ်း" ဟု အော်ပြောလိုက်သည်။

အခြားလူနှစ်ယောက်က ချက်ချင်း ပြေးသွားကာ ဘယ်နှင့်ညာမှနေ၍ လီဟန်ကျုံးကို တိုက်ရိုက် ချုပ်ကိုင်လိုက်ကြသည်။

လီဟန်ကျုံးမှာ ရုတ်တရက် အလွန်ထိတ်လန့်သွားပြီး "ဘာလုပ်တာလဲ... မင်းတို့ ဘာလုပ်ကြတာလဲ... ငါက လီဟန်ကျုံး မဟုတ်ဘူး... ငါမဟုတ်ဘူးကွ" ဟု ကမန်းကတန်း အော်ဟစ်လိုက်သည်။

အမာရွတ်နှင့်လူငယ်က လှောင်ပြောင်ရယ်မောလိုက်ပြီး "ဟားဟား... အဘိုးကြီး... ခင်ဗျားက လီဟန်ကျုံး မဟုတ်ရင်တောင် သေချာပေါက် ပြဿနာရှိနေတာပဲ"

"အခု အဆောက်အအုံ တစ်ခုလုံးက လီဟန်ကျုံးကို အသေအလဲ လိုက်ရှာနေကြတာ... ခင်ဗျားက သူခိုးလို လူမြင်တာနဲ့ ပုန်းရှောင်နေတယ်"

"ခေါ်သွား... အကိုဟွမ်ဆီ သွားပြီး အတည်ပြုခိုင်းမယ်"

သူက လက်ယမ်းပြလိုက်ပြီး လီဟန်ကျုံးကို ချက်ချင်း ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။

သို့သော် သူတို့ လှေကားထစ်မှ ထွက်လာသည်နှင့် လူငယ်တစ်ယောက်နှင့် ထိပ်တိုက် တိုးမိသွားသည်။

ထိုလူငယ်၏ မျက်နှာမှာ စိမ်းသက်နေသဖြင့် အမာရွတ်နှင့်လူငယ်မှာ ချက်ချင်း သတိဝင်သွားကာ "ဖယ်စမ်း" ဟု ပြောလိုက်သည်။

ရောက်လာသူက ခေါင်းမော့လာပြီး နှုတ်ခမ်းထောင့်ကို တွန့်လိုက်ရာ ထက်မြက်သော သွားချွန်များကို ပေါ်လွင်လာစေသည်။

ထို့အပြင် သူ၏ အကာအကွယ်မဲ့နေသော အရေပြားပေါ်တွင် အဖြူရောင် အကြေးခွံများ ဖုံးလွှမ်းနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။

ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် အမာရွတ်နှင့်လူငယ်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။

"အစွမ်းပိုင်ရှင်ပဲ"

နောက်တစ်စက္ကန့်တွင် သူတုံ့ပြန်ရန် အချိန်မရလိုက်မီ ရောက်လာသူက သူ့ကို ခြေထောက်ဖြင့် ကန်ချလိုက်သည်။

"ဘုန်း" ဆိုသော အသံနှင့်အတူ အမာရွတ်နှင့်လူငယ်က "အား" ဟု စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှာ နောက်သို့ လွင့်စင်သွားခဲ့သည်။

ထို့နောက် ရေလူသားအသွင်ပြောင်းထားသော ကျန်းဖန်က လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး အကြေးခွံများ ဖုံးလွှမ်းနေသော လက်သီးနှစ်ဖက်ဖြင့် လီဟန်ကျုံး၏ ဘေးရှိ လူနှစ်ယောက်၏ လည်ပင်းကို ဘယ်ညာ အပြင်းအထန် ရိုက်ချလိုက်သည်။

"ဘုန်း... ဘုန်း"

ထိုလူနှစ်ယောက်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မျက်ဖြူလန်သွားကာ "ဖောင်း" ဆိုသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

လီဟန်ကျုံးမှာ ကြောက်လန့်တကြားဖြစ်ကာ မျက်နှာဖြူဆုတ်သွားပြီး အကူအညီတောင်းရန် ပြင်လိုက်သည်။

ကျန်းဖန်က အလျင်စလို ဝင်ပြောလိုက်ပြီး "ပါမောက္ခလီ... ကျွန်တော်က အမတင်းရဲ့ သူငယ်ချင်း ကျန်းဖန်ပါ... ပါမောက္ခကို ဒီကနေ ခေါ်ထုတ်သွားဖို့ လာခဲ့တာပါ"

လီဟန်ကျုံးမှာ ချက်ချင်း မှင်သက်သွားပြီး ထိုစကားကို ကြားသောအခါ အံ့သြဝမ်းသာသွားကာ "မင်း... မင်းက ရှောင်တင်းရဲ့ သူငယ်ချင်းလား... မင်း... မင်း ငါ့မိန်းမကို ကယ်ပေးလို့ ရမလား"

"ငါ့မိန်းမကို သူတို့ ဖမ်းခေါ်သွားကြပြီ"

ထိုစကားကို ကြားသောအခါ ကျန်းဖန်မှာ ချက်ချင်း တုံ့ဆိုင်းသွားပြီး ခေတ္တမျှ စဉ်းစားကာ "ပါမောက္ခလီ... ဒီလိုလုပ်ရင်ရော... ပါမောက္ခကို လှေပေါ် အရင်ပို့ပေးမယ်... ပြီးမှ ပါမောက္ခ ဇနီးသည်ကို ပြန်ကယ်ဖို့ နည်းလမ်းရှာကြတာပေါ့" ဟု ပြောလိုက်သည်။

လီဟန်ကျုံး၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသည်။ သူကိုယ်တိုင်လည်း ဤနေရာတွင် ဆက်နေပါက သေချာပေါက် အဆင်မပြေနိုင်မှန်း သိထားသည်။

ထို့ကြောင့် ကမန်းကတန်း "ကောင်းပြီ... ကောင်းပြီ... ဒါဆို... ဒါဆို ငါတို့ ဘယ်လိုသွားကြမလဲ" ဟု မေးလိုက်သည်။

"ရေကူးသွားမယ်"

"ဟင်"

လီဟန်ကျုံးမှာ အနည်းငယ် အံ့အားသင့်သွားသည်။ ရေအောက်တွင် သန္ဓေပြောင်း ငါးများ ပြည့်နှက်နေသည်ကို ရေကူးသွားမည်တဲ့လား။ ဘယ်လိုလုပ် ကူးသွားနိုင်မည်နည်း။

ကျန်းဖန်က "ပါမောက္ခ စိုးရိမ်စရာ မလိုပါဘူး... ကျွန်တော် နိုးထလာတဲ့ အစွမ်းက ပါမောက္ခကို ရေအောက်က သန္ဓေပြောင်း ငါးတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်" ဟု ရှင်းပြလိုက်သည်။

"ပြီးတော့ အဲဒီ သန္ဓေပြောင်း ငါးတွေကလည်း အရူးတွေမှ မဟုတ်တာ... အရှိန်အဝါ ကြီးမားတဲ့ သတ္တဝါနဲ့ တွေ့ရင် သူတို့တောင် ရှောင်ဖို့ အချိန်မရဖြစ်တတ်တာ... ကိုယ့်သဘောနဲ့ကိုယ် လာပြီး တိုက်ခိုက်မှာ မဟုတ်ပါဘူး"

ထိုစကားကို ကြားမှ လီဟန်ကျုံးက သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး "သန္ဓေပြောင်း ငါးတွေမှာ ဒီလို ထူးခြားချက် ရှိတယ်ပေါ့... ဒါကို သေသေချာချာ သုတေသန လုပ်ကြည့်လို့ ရတာပဲ" ဟု အံ့သြတကြီး ပြောလိုက်သည်။

သူ၏ သိပ္ပံပညာရှင် စရိုက်လက္ခဏာက ထပ်မံ ပေါ်ထွက်လာပြန်သည်။

ကျန်းဖန်က တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း အဝေးမှ လူတစ်ယောက် အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

သူတို့ဘက်မှ အခြေအနေကို သိရှိသွားပုံရသည်။

ကျန်းဖန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး "ပါမောက္ခလီ... မြန်မြန်သွားရအောင်" ဟု ချက်ချင်း ပြောလိုက်သည်။

လီဟန်ကျုံးက အမြန် ကုန်းထကာ လှေကားဆီသို့ ပြေးသွားရန် ပြင်လိုက်သည်။

သို့သော် ကျန်းဖန်က သူ့ကို လှမ်းဆွဲလိုက်ပြီး "အချိန်မမီတော့ဘူး" ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း သူက ပါမောက္ခလီကို ဆွဲကိုင်ကာ တစ်ဟုန်ထိုး ခုန်ချလိုက်သည်။

"ဝုန်း" ဆိုသော အသံနှင့်အတူ သူက ပါမောက္ခလီကို ခေါ်ဆောင်ကာ ဤအထပ်မှနေ၍ ရေလွှမ်းမိုးနေသော ရေပြင်ထဲသို့ တိုက်ရိုက် ခုန်ချသွားခဲ့သည်။

ရေပြင်ပေါ်တွင် ရေပက်လက်များ လွင့်စဉ်သွားပြီး စင်္ကြံပေါ်ရှိ လူအတော်များများက ဤဘက်သို့ ချက်ချင်း လှည့်ကြည့်လာကြသည်။

ချူးရင်းယွဲ့ကလည်း ဤဘက်မှ အခြေအနေကို ချက်ချင်း သတိထားမိသွားသည်။

သူမ၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး "မုန့်ဟိုင်... သူတို့ကို ဖမ်းထားစမ်း" ဟု အော်ပြောလိုက်သည်။

ဘေးနားရှိ မုန့်ဟိုင် အမည်ရသော လူငယ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုနည်းတူစွာပင် တစ်ဟုန်ထိုး ခုန်ချကာ ရေထဲသို့ ဆင်းသွားခဲ့သည်။

ထို့နောက် ရေအောက်မှ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာပြီး စက်ဝန်းများစွာ ပလုံစီထကာ ရေလှိုင်းကြမ်းများ ပြင်းထန်စွာ ရိုက်ခတ်လာသည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

ရေအောက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ရေစီးကြောင်းတစ်စု ပန်းထွက်လာသည်ကို တွေ့လိုက်ရသည်။

လူရိပ်နှစ်ခုမှာ ရေစီးကြောင်း၏ ရစ်ပတ်ပင့်တင်ခြင်းကို ခံလိုက်ရပြီးနောက် အဆောက်အအုံဘက်သို့ အလျင်အမြန် ဆွဲငင်သွားခြင်း ခံလိုက်ရသည်။

လှေငယ်ပေါ်တွင် လင်းယွမ်တို့ လူစုကလည်း အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ လင်းယွမ်၏ မျက်နှာမှာ မှုန်ကုပ်သွားပြီး "ရှန်းမန်" ဟု ချက်ချင်း ခေါ်လိုက်သည်။

ဟန်ရှန်းမန်က သဘောပေါက်သွားပြီး "ကျွန်မ လုပ်လိုက်ပါ့မယ်" ဟု ချက်ချင်း ပြောလိုက်သည်။

သူမက လက်နှစ်ဖက်ကို ရိုက်ပုတ်လိုက်ရာ ကြီးမားလှသော သန္ဓေပြောင်းစွမ်းအင်များ ချက်ချင်း လှုပ်ခတ်သွားခဲ့သည်။

ရေစီးကြောင်းက ဟိန်းဟောက်သံနှင့်အတူ ရေတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး "ဝုန်း" ဆိုသော အသံနှင့်အတူ တစ်ဖက်ရှိ မုန့်ဟိုင် ထိန်းချုပ်ထားသော ရေစီးကြောင်းအစုအဝေးထဲသို့ တိုက်ရိုက် ဝင်တိုက်သွားခဲ့သည်။

ပြင်းထန်သော ရေစီးကြောင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားရာ ရုတ်တရက် "ဝုန်း" ဆိုသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။

ကျန်းဖန်နှင့် လီဟန်ကျုံးတို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ရေထဲသို့ ကျသွားကြသည်။

ကျန်းဖန်သည် လေထဲတွင် ရှိနေစဉ် အားကုန်သုံးကာ လီဟန်ကျုံးကို အားပြင်းပြင်းဖြင့် လှေငယ်ရှိရာဘက်သို့ ပစ်ပေါက်လိုက်သည်။

အဘိုးအိုမှာ လေထဲတွင် ကြောက်လန့်တကြားဖြစ်ကာ မျက်နှာမှာ ဖြူဆုတ်သွားပြီး "အား" ဟု အော်ဟစ်နေတော့သည်။

အဆောက်အအုံဘက်တွင် ချူးရင်းယွဲ့က ဤမြင်ကွင်းကို မြင်သောအခါ အကြည့်များ မှုန်ကုပ်သွားသည်။

နောက်တစ်စက္ကန့်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်၌ လျှပ်စစ်ရောင်ခြည်များ တောက်ပလာသကဲ့သို့ ဖြစ်သွားသည်။

လူအားလုံး တုံ့ပြန်ရန် အချိန်မရလိုက်မီ သူမမှာ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ရေပြင်ပေါ်ရှိ လေထုထဲတွင် ပေါ်လာကာ လီဟန်ကျုံး၏ ခေါင်းထက်သို့ ရောက်ရှိသွားခဲ့သည်။

သူမသည် လျှပ်စီးအလား လျင်မြန်စွာဖြင့် လီဟန်ကျုံးဆီသို့ လှမ်းဆွဲလိုက်သည်ကို မြင်လိုက်ရသည်။

ထိုအချိန်မှာပင် လှေငယ်ပေါ်ရှိ လီချင်းဟွာက လက်လှမ်းကာ ဖိချလိုက်သည်။

"ဝုန်း"

လေဟာနယ်မှာ တွန့်လိမ်သွားပြီး လီဟန်ကျုံး၏ ကိုယ်ပတ်လည်တွင် အကြည်ရောင် လေဟာနယ် စက်ဝန်း အတားအဆီးတစ်ခု ပေါ်လာကာ သူ့ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ချူးရင်းယွဲ့၏ လက်ဝါးမှာ လေဟာနယ် စက်ဝန်း အတားအဆီးပေါ်သို့ ကျရောက်သွားပြီး ချက်ချင်း တားဆီးခံလိုက်ရသည်။

သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လှေငယ်ရှိရာဘက်သို့ အနည်းငယ် အံ့သြသံသယဖြစ်စွာဖြင့် ကြည့်လိုက်သည်။

"ဟင်းလင်းပြင် အစွမ်းလား..."

သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဤမကြီးမားလှသော လှေငယ်လေးပေါ်ရှိ လူတိုင်းတွင် အစွမ်းကိုယ်စီ ရှိနေကြသည်တဲ့လား။

ထို့အပြင် ဤမျှ ရှားပါးလှသော လေဟာနယ် အစွမ်းပိုင်ရှင်ပင် ပါဝင်နေသေးသည်။

ခဏတာမျှ သူမမှာ မယုံနိုင်လောက်အောင် ဖြစ်သွားပြီး သူမ၏ ကိုယ်နေဟန်ထားမှာ အတင်းအကျပ် ရပ်တန့်သွားခဲ့ရသည်။

သူမက လေဟာနယ် စက်ဝန်းပေါ်သို့ ခြေတစ်ဖက်ဖြင့် ထောက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ အောက်သို့ မကျသွားဘဲ အပေါ်သို့ မြင့်တက်လာကာ လေဟာနယ် စက်ဝန်းပေါ်တွင် ရပ်တည်လိုက်သည်။

ထို့နောက် လက်သီးကို တင်းတင်းဆုပ်ကာ အားပြင်းပြင်းဖြင့် ဤလေဟာနယ် စက်ဝန်းဆီသို့ ခပ်ပြင်းပြင်း ထိုးချလိုက်သည်။

ရုတ်တရက် သူမ၏ လက်သီးမျက်နှာပြင်ပေါ်တွင် လျှပ်စစ်လှိုင်းများ တောက်ပလာသည်။

သူမ၏ လက်သီးအမြန်နှုန်းမှာ ဤအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"ဘုန်း"

လက်သီးတစ်ချက် ကျရောက်သွားသည်နှင့် ကြီးမားလှသော လျှပ်စစ်လျှပ်စီးများ ပေါက်ဖွားလာပြီး ဤလေဟာနယ် စက်ဝန်းပေါ်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

ရုတ်တရက် လေဟာနယ် စက်ဝန်းတစ်ခုလုံးမှာ အလွန် မတည်မငြိမ် ဖြစ်သွားပြီး အက်ကွဲကြောင်းများ တစ်လက်မချင်းစီ ပေါ်လာသည်။

လီချင်းဟွာ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူ၏ လက်ဝါးကို အလျင်အမြန် ထပ်မံ ဖြန့်ကားကာ လေဟာပြင်ဆီသို့ ဆုပ်ကိုင်လိုက်သည်။

ရုတ်တရက် အသစ်ထပ်မံဖြစ်ပေါ်လာသော လေဟာနယ် စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ကွဲအက်လုနီးပါး ဖြစ်နေသော လေဟာနယ် အလွှာပေါ်မှ ဖုံးလွှမ်းသွားကာ လီဟန်ကျုံးကို ထပ်မံ ကာကွယ်ပေးလိုက်သည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ မသိမသာ ခေါင်းညိတ်မိသွားသည်။

လီချင်းဟွာ၏ လေဟာနယ် စက်ဝန်း အစွမ်းကို အသုံးပြုပုံမှာ အလွန် လိမ္မာပါးနပ်လှသည်။ တိုက်ခိုက်မှုနှင့် ကာကွယ်မှု တစ်ပြိုင်တည်း ဖြစ်ပြီး ရန်သူ၏ လက်နက်များကို လေဟာနယ် စက်ဝန်းထဲတွင် ပိတ်လှောင်ထားနိုင်ရုံသာမက မိမိကိုယ်တိုင်လည်း လေဟာနယ် စက်ဝန်းထဲတွင် ပုန်းအောင်းကာ ရန်သူကို ကာကွယ်နိုင်စွမ်း ရှိသည်။

ဤလေဟာနယ် စက်ဝန်းသည် စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုပင် တားဆီးပေးနိုင်သဖြင့် အလွန် အစွမ်းထက်သော ပညာရပ်တစ်ခုဟု ဆိုနိုင်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ ဤလေဟာနယ် စက်ဝန်း၏ ကာကွယ်နိုင်စွမ်းသည် လီချင်းဟွာ၏ စိတ်စွမ်းအင်နှင့် ဆက်စပ်နေခြင်းပင် ဖြစ်သည်။

သူ၏ စိတ်စွမ်းအင် ပိုမို အားကောင်းလေ သူဖန်တီးထားသော လေဟာနယ် အတားအဆီးများ ပိုမို အစွမ်းထက်လေ ဖြစ်ပြီး ဖန်တီးနိုင်သော လေဟာနယ် စက်ဝန်း အရေအတွက်လည်း ပိုများလာမည် ဖြစ်သည်။

လင်းယွမ်၏ လေ့လာစောင့်ကြည့်မှုအရ လီချင်းဟွာ၏ စိတ်စွမ်းအင်သည် လတ်တလောတွင် သူအား လေဟာနယ် စက်ဝန်း သုံးခုကို တစ်ပြိုင်နက် ဖွင့်ထားရန်သာ အများဆုံး ထောက်ပံ့ပေးနိုင်သည်။

ထို့အပြင် လေဟာနယ် စက်ဝန်း၏ အတိုင်းအတာ ကျယ်ဝန်းလေ ကာကွယ်နိုင်စွမ်း ပိုမို နည်းပါးလေ ဖြစ်သည်။

ပြောင်းပြန်အားဖြင့် လေဟာနယ် စက်ဝန်း ပိုမို သေးငယ်လေ ကာကွယ်နိုင်စွမ်း ပိုမို အားကောင်းလေ ဖြစ်သည်။

ယခုအခါ ဒုတိယအလွှာ လေဟာနယ် စက်ဝန်း ပေါ်လာသည်နှင့် ချူးရင်းယွဲ့၏ လက်သီးပေါ်တွင် လျှပ်စစ်ရောင်စဉ်များ ပျံ့နှံ့လာပြီး နောက်ထပ် လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပြန်သည်။

"ဘုန်း"

ဤတစ်ကြိမ်တွင် လျှပ်စစ်စွမ်းအင်မှာ ပိုမို အားကောင်းလာပြီး လျှပ်စီးလှိုင်းများမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်လာကာ လေထုထဲတွင်ပင် တူးခြစ်နေသော အနံ့များ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအင်က လေဟာနယ် စက်ဝန်း နှစ်ထပ်ကို အရှင်လတ်လတ် ထိုးဖောက်သွားခဲ့သည်။

ချူးရင်းယွဲ့၏ လက်တစ်ဖက်မှာ လီဟန်ကျုံး၏ အင်္ကျီကော်လာဆီသို့ ဆုပ်ကိုင်လိုက်ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်သောအခါ လင်းယွမ်က မျက်ခုံးတစ်ချက် ပင့်သွားမိသည်။

"လျှပ်စစ်ဓာတ် အစွမ်းပိုင်ရှင်လား..."

သူ၏ ခိုလှုံရေးစခန်းထဲတွင် လျှပ်စစ်ဓာတ် အစွမ်းပိုင်ရှင် မရှိသည်တော့ မဟုတ်ပေ။

တုံယန်၏ မောင်ဖြစ်သူ တုံကျဲမှာ လျှပ်စစ်ဓာတ် အစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်။

သို့သော် တုံကျဲ၏ လျှပ်စစ်ထုတ်လွှတ်သော အစွမ်းမှာ ယခု မျက်မှောက်ရှိ အမချူးဆိုသည့်အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက တကယ်ကို ဆင်နှင့်ဆိတ်ကဲ့သို့ ကွာခြားလှသည်။

တုံကျဲသည် အိမ်သုံး လျှပ်စစ်ပစ္စည်းများကို အများဆုံး လျှပ်စစ်ထုတ်ပေးနိုင်ရုံသာ ရှိပြီး သူ၏ ဗို့အားမှာလည်း ၂၂၀ ဗို့ အောက်တွင်သာ ရှိသေးသည်။

သို့သော် ဤအမချူး၏ လျှပ်စစ်အစွမ်းမှာ ပေါက်ကွဲအား အလွန် ပြင်းထန်ပြီး ခဏတာအတွင်း ဖြစ်ပေါ်လာသော ဗို့အားမှာ သူမ၏ တိုက်ခိုက်မှု အမြန်နှုန်းကို အလွန် လျင်မြန်စေရုံသာမက လေထုကိုပင် ထိုးဖောက်နိုင်ကာ လီချင်းဟွာ ဖန်တီးထားသော လေဟာနယ် အတားအဆီးကိုပါ ချိုးဖျက်ပစ်နိုင်စွမ်း ရှိသည်။

ဤမျှလောက် ပြင်းထန်မှုသည် တစ်ဖက်လူ ထုတ်လွှတ်လိုက်သော ဗို့အား မည်မျှ အစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ယခုအခါ ချူးရင်းယွဲ့မှာ လီဟန်ကျုံးကို ဖမ်းမိတော့မည် ဖြစ်သော်လည်း ထိုအချိန်မှာပင် ရုတ်တရက် ရေထဲမှ အစိမ်းရောင် အကြေးခွံများ ပါရှိသော စပါးအုံးမြွေကြီး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ဝုန်း" ဆိုသော အသံနှင့်အတူ ဧရာမ ရေပက်လက်များ လွင့်စဉ်လာပြီးနောက် ထိုစပါးအုံးမြွေကြီးက လီဟန်ကျုံးကို ချက်ချင်း ရစ်ပတ်ခေါ်ဆောင်သွားခဲ့သည်။

ချူးရင်းယွဲ့၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။

"နောက်ထပ် အစွမ်းပိုင်ရှင် တစ်ယောက်ပါလား..."

သူမက စူးရှစွာ အော်ဟစ်လိုက်ပြီး "အဲ့ဒီမှာရပ်နေလိုက်စမ်း..." ဟု ပြောလိုက်သည်။

သူမ၏ လက်သီးကို တင်းတင်းဆုပ်ကာ ရေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် ထိုးချလိုက်သည်။

ရုတ်တရက် လျှပ်စစ်ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး တဖြန်းဖြန်း မြည်နေသော လျှပ်စစ်လှိုင်းများ ပေါက်ကွဲထွက်လာသည်။

သို့သော် ထိုအချိန်မှာပင် အဖြူရောင် အလင်းဓားသွားတစ်ခုက ပြင်းထန်စွာ ပစ်လွှတ်လာသည်။

အဖြူရောင် အလင်းဓားသွားက လျှပ်စစ်လက်သီးထဲသို့ ချက်ချင်း ဖြတ်တောက်ဝင်ရောက်သွားပြီး "ဝုန်း" ဆိုသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။

လျှပ်စစ်များက အရပ်မျက်နှာ အနှံ့အပြားသို့ ပေါက်ကွဲလွင့်စင်သွားသော်လည်း အလင်းဓားသွားမှာမူ မပြိုကွဲသွားဘဲ ဤလျှပ်စစ်စွမ်းအင်ကို ထက်ဝက် ခွဲခြမ်းပစ်လိုက်သည်။

စွမ်းအင်နှစ်ခု၏ ပွတ်တိုက်မှုကြောင့် ခဏအကြာမှသာ ပျောက်ကွယ်သွားခဲ့သည်။

လှေငယ်ပေါ်တွင် တင်းယန်၏ မျက်နှာ၌ လေးနက်သော အမူအရာတစ်ခု ပေါ်လာပြီး "သူမကို ကျွန်မ သွားရင်ဆိုင်လိုက်မယ်" ဟု ပြောလိုက်သည်။

လင်းယွမ် ပြန်ဖြေသည်ကို မစောင့်တော့ဘဲ သူမက တစ်ဟုန်ထိုး ခုန်ချလိုက်ရာ ခြေဖဝါးအောက်တွင် အစွမ်းသွင်း အလင်းတန်းများ စုစည်းလာသည်။

"ဘုန်း" ဆိုသော အသံနှင့်အတူ ရေပြင်ပေါ်သို့ တိုက်ရိုက် နင်းချလိုက်ရာ ဧရာမ ရေပေါ်ပျဉ်ပြားတစ်ခုပေါ် နင်းထားသကဲ့သို့ နစ်မြုပ်သွားမည့် အရိပ်အယောင်မျှ မရှိပေ။

သူမက အစွမ်းသွင်း အလင်းတန်းများကို ခြေဖဝါးပေါ်တွင် စုစည်းထားကာ ကြီးမားသော ဖိအားဧရိယာတစ်ခုကို ဖန်တီးလိုက်သဖြင့် အောက်သို့ နစ်မြုပ်မည့် ခုခံအားကို တိုးလာစေသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ခြေလှမ်းပြောင်းကာ ရေပေါ်တွင် ပြေးလွှားနိုင်သော ထူးခြားသည့် မြင်ကွင်းကို ဖန်တီးလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် ချူးရင်းယွဲ့၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

တင်းယန်က လက်ကို မြှောက်လိုက်သည်နှင့် လခြမ်းဓား တစ်ချက်ကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

"ရွှမ်း"

လခြမ်းဓားက လေထုကို ခွဲထုတ်သွားပြီး လေချွန်သံနှင့်အတူ ခုတ်ပိုင်းသွားကာ လေပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။

ချူးရင်းယွဲ့မှာ ထိုစပါးအုံးမြွေကြီးကို လိုက်ဖမ်းရန် အချိန်မရလိုက်ဘဲ လခြမ်းဓား၏ တိုက်ခိုက်မှုကို ခံစားလိုက်ရသဖြင့် အလျင်အမြန် လက်သီးကို လွတ်လပ်စွာ ဆုပ်ကိုင်ကာ လခြမ်းဓားဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။

လျှပ်စစ်ဟိန်းဟောက်သံများနှင့်အတူ လက်သီးရိပ်များ ပေါက်ကွဲထွက်လာသည်။

"ဝုန်း"

အလင်းတန်း နှစ်ခု ပေါက်ကွဲသွားပြီး လျှပ်စစ်ရောင်စဉ်များ တောက်ပနေစဉ် တင်းယန်၏ မျက်စိရှေ့တွင် မှုန်ဝါးသွားပြီး တစ်ဖက်လူ၏ ခြေရာခံကို လွတ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူမ၏ နောက်ကျောမှ လျှပ်စစ်များ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး အလွန် လျင်မြန်သော အမြန်နှုန်းကြောင့် တင်းယန်မှာ ကြက်သီးထဖွယ် လန့်ဖျပ်သွားခဲ့သည်။

သူမက စကားမများတော့ဘဲ အစွမ်းသွင်း အလင်းတန်းများကို နောက်ကျောတွင် ချက်ချင်း စုစည်းလိုက်သည်။

"ဝုန်း"

သူမ၏ နောက်ကျောတွင် လျှပ်စစ်များ ပေါက်ကွဲသွားပြီး ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအားများက ပြင်းထန်စွာ ဝင်ရောက်လာသဖြင့် တင်းယန်မှာ ချက်ချင်း မတ်တတ်မရပ်နိုင်တော့ဘဲ တစ်ကိုယ်လုံးမှာ လေပေါက်ကွဲမှုကြောင့် လွင့်စင်သွားခဲ့သည်။

သို့သော် သူမ အောက်သို့ မကျမီ မျက်စိရှေ့တွင် လျှပ်စစ်လှိုင်းများ တောက်ပလာပြီး ချူးရင်းယွဲ့က ထပ်မံ ပေါ်လာပြန်သည်။

သူမ၏ မျက်နှာတွင် အေးစက်သော အလင်းတန်းများ ပါရှိပြီး လက်သီးမှာ လျှပ်စီးအလား ပြင်းထန်စွာ ဝင်ရောက်လာသည်။

"တော်တော် မြန်တဲ့ အလျင်ပဲ..."

တင်းယန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူမ၏ တုံ့ပြန်မှုမှာ အလွန် မြန်ဆန်ပြီး ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်များ လှုပ်ခတ်သွားကာ အစွမ်းသွင်း အလင်းတန်းများက ခန္ဓာကိုယ်အောက်တွင် လျင်မြန်စွာ ပေါ်လာပြီး အဝိုင်းပုံ ဒိုင်းလွှားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ဘုန်း"

လျှပ်စစ်လက်သီးက အစွမ်းသွင်း ဒိုင်းအဝိုင်းပေါ်တွင် ပေါက်ကွဲသွားရာ တင်းယန်၏ အစွမ်းသွင်း အလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

လေပေါက်ကွဲမှု စွမ်းအားတစ်ရပ်က ဟိန်းဟောက်ပေါက်ကွဲသွားပြီး ထိုစွမ်းအားကို အသုံးချကာ တင်းယန်၏ ကိုယ်နေဟန်ထားမှာ လေထဲသို့ ပျံသန်းတက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ခြေဖဝါးအောက်ရှိ လေဟာပြင်ကို ဆက်တိုက် နင်းလိုက်ရာ...

"ရွှမ်း... ရွှမ်း... ရွှမ်း"

လခြမ်းဓား အများအပြားက လေဟာပြင်ကို ဖြတ်သန်းကာ ဆက်တိုက် ပစ်လွှတ်လာပြီး လေထုကို ဆွဲဖြဲကာ အံ့မခန်း လေလှိုင်းများကို ဖန်တီးလိုက်သည်။

သို့သော် ဤကြမ်းတမ်းပုံရသော လခြမ်းဓားများက ချူးရင်းယွဲ့၏ အနားကိုပင် မကပ်နိုင်ခဲ့ပေ။

ချူးရင်းယွဲ့၏ ကိုယ်ပတ်လည်တွင် လျှပ်စစ်များ တောက်ပနေပြီး ခြေထောက်နှစ်ဖက်ပေါ်တွင် လျှပ်စစ်လှိုင်းများ ခုန်ပေါက်နေသည်ကို မြင်လိုက်ရကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပြင်ကို နင်းပြီး ပျောက်ကွယ်သွားခဲ့သည်။

ထပ်မံ ပေါ်လာသောအခါ သူမသည် လေထဲသို့ ပျံတက်လာပြီး တင်းယန်၏ နောက်ကျောသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တင်းယန်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး ချူးရင်းယွဲ့၏ လှောင်ပြုံးကို ကြားလိုက်ရသည်။ "နင့်ရဲ့ တိုက်ခိုက် စွမ်းအားက မဆိုးပါဘူး... ငါ့ရဲ့ လျှပ်စစ်လက်သီးနဲ့တောင် ယှဉ်နိုင်တာပဲ"

"စိတ်မကောင်းစရာက... နင်က လျှပ်စီးရဲ့ အလျင်ဆိုတာ ဘာကိုဆိုလိုမှန်း လုံးဝ နားမလည်သေးဘူး"

"ဝုန်း..."

လျှပ်စစ်ဟိန်းဟောက်သံနှင့်အတူ လက်သီးတစ်ချက် ကျရောက်လာရာ တင်းယန်က နောက်ကျောတွင် အစွမ်းသွင်း အလင်းဒိုင်းကို စုစည်းထားသော်လည်း သူမ၏ တစ်ကိုယ်လုံးမှာ ရေလွှမ်းမိုးနေသော ရေပြင်ထဲသို့ အရိုက်ခံလိုက်ရသည်။

"ဝုန်း" ဆိုသော အသံနှင့်အတူ ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများ ပက်စဉ်လာသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ရေထဲမှ ပြန်ထွက်မလာတော့ပေ။

ချူးရင်းယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ရေထဲသို့ ဆင်းကာ လိုက်လံ သတ်ဖြတ်ခြင်း မပြုတော့ဘဲ လှေငယ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သို့သော် ထိုစပါးအုံးမြွေကြီးက လီဟန်ကျုံးကို ခေါ်ဆောင်ကာ လှေငယ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

ယခုအခါ ထိုစပါးအုံးမြွေကြီးမှာ ထိပ်ပြောင်ပြောင်နှင့် လူသန်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဟန်ရှန်းမန်က လက်တန့်လိုက်ပြီး တစ်ဖက်စင်္ကြံပေါ်ရှိ မုန့်ဟိုင်နှင့် အဝေးမှ မျက်နှာချင်းဆိုင် ရပ်နေသည်။

မုန့်ဟိုင်၏ မျက်လုံးများထဲတွင် လေးနက်မှုများ ပါရှိနေပြီး ဘေးရှိ လင်းဝူမှာ အလွန် စိုးရိမ်ပူပန်နေသည်။

သို့သော် သူသည် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်သာ ဖြစ်သဖြင့် ရေအောက်တွင် တိုက်ခိုက်နိုင်စွမ်း မရှိသကဲ့သို့ အဝေးမှ တိုက်ခိုက်နိုင်စွမ်းလည်း လုံးဝ မရှိပေ။

စင်္ကြံပေါ်မှနေ၍ အလကားသက်သက် ကြည့်နေရန်သာ တတ်နိုင်တော့သည်။

ချင်ဇီဟန် ဆိုသူမှာမူ မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကို မသိရပေ။

ချူးရင်းယွဲ့၏ ကိုယ်နေဟန်ထားမှာ ဆက်တိုက် တောက်ပလာပြီးနောက် ရေပေါ်ပေါ်နေသော သစ်တုံးတစ်တုံးပေါ်သို့ ကျရောက်သွားကာ လင်းယွမ်ကို စိုက်ကြည့်နေသည်။

လင်းယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိဘဲ လီဟန်ကျုံး၏ အခြေအနေကို အရင်ဆုံး စစ်ဆေးလိုက်သည်။

လီဟန်ကျုံး၏ မျက်နှာမှာ ဖြူဆုတ်နေသော်လည်း ဒဏ်ရာရရှိခြင်း မရှိသကဲ့သို့ ကြီးကြီးမားမား ထိတ်လန့်သွားခြင်းလည်း မရှိပေ။

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အံ့သြသွားသော အမူအရာ ပေါ်လာသည်။

"ဟမ်... ပါမောက္ခလီက အစွမ်း နိုးထနေပြီပဲ"

လီဟန်ကျုံး၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားပြီး လင်းယွမ်ကို ကြည့်ကာ ပြာပြာသလဲဖြင့် "မင်း... မင်း ဘယ်လို သိတာလဲ" ဟု မေးလိုက်သည်။

သူ အစွမ်းနိုးထလာသည့် ကိစ္စကို သူ၏ ဇနီးသည် ရှန်ဟုန်မေသာ သိပြီး အခြားမည်သူ့ကိုမျှ ပြောပြထားခြင်း မရှိပေ။

လင်းယွမ်ကမူ ပြုံးရုံသာ ပြုံးလိုက်သည်။ သူ၏ စိတ်စွမ်းအင်မှာ အမှတ် ၅၀ အထိ ရောက်ရှိနေပြီ ဖြစ်ပြီး လီဟန်ကျုံး၏ စိတ်စွမ်းအင်မှာ ထူးထူးခြားခြား တက်ကြွနေသဖြင့် သူ မည်သို့မျှ မခံစားမိဘဲ နေမည်နည်း။

"ပါမောက္ခ စိုးရိမ်စရာ မလိုပါဘူး... ကျွန်တော်က တင်းယန်ရဲ့ သူငယ်ချင်းပါ... ကျွန်တော့်ဆီ ရောက်လာရင် ပါမောက္ခ ဘေးကင်းပါပြီ"

"ဒါနဲ့... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရဦးမယ်... ကျွန်တော်က လင်းယွမ်လို့ ခေါ်ပါတယ်... ပါမောက္ခလီ ကျွန်တော့်ကို လင်းယွမ်လို့ ခေါ်လို့ ရပါတယ်"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ အလျင်စလိုဖြင့် "မင်း ရှောင်တင်းကို သွားမကယ်ဘူးလား... သူ ရေထဲ ကျသွားပြီ" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး စကားမဆက်တော့ဘဲ "ပါမောက္ခ အရင် အနားယူလိုက်ပါ... ကျွန်တော် ရှင်းလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

သူက လှည့်ကာ ရေပေါ်သစ်တုံးပေါ်ရှိ ချူးရင်းယွဲ့ကို ကြည့်လိုက်ရာ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာဖြင့် "အမချူး... ကျွန်တော်တို့က သူငယ်ချင်းကို လာခေါ်တာပါ... ခင်ဗျားက ဘာသဘောလဲ" ဟု မေးလိုက်သည်။

ချူးရင်းယွဲ့၏ အကြည့်များမှာ အနည်းငယ် တောက်ပသွားပြီး ဖွဖွပြုံးကာ "ပါမောက္ခလီက ကျွန်မတို့ဆီမှာ နေလာတာ အတော်ကြာပြီဆိုတော့ ကျွန်မလူ ဖြစ်နေပါပြီ... ကျွန်မက ဒီအဆောက်အအုံရဲ့ ခေါင်းဆောင်အနေနဲ့ ကိုယ့်လူကိုယ် ကာကွယ်တာ ဘာပြဿနာ ရှိလို့လဲ" ဟု ပြောလိုက်သည်။

"ရှင်ကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ... နှုတ်ကတော့ ကျွန်မကို ယဉ်ယဉ်ကျေးကျေး အကူအညီတောင်းနေပြီးတော့ တိတ်တဆိတ်နဲ့ ကျွန်မ နယ်မြေထဲ လူလွှတ်ပြီး ပါမောက္ခလီကို ဖမ်းသွားတာ... ရှင်ကရော ဘာသဘောလဲ"

လင်းယွမ်က ခေါင်းခါလိုက်ပြီး "အမချူး... ကျွန်တော်ကသာ လူလွှတ်ပြီး ပါမောက္ခလီကို ကြိုမစောင့်ခိုင်းထားရင် ပါမောက္ခလီရဲ့ မျက်နှာကိုတောင် မြင်ရမှာ မဟုတ်ဘူး"

"ဟက်ဟက်... ခင်ဗျားက တကယ်ပဲ ပါမောက္ခလီကို ကျွန်တော့်ကို ခေါ်သွားခွင့်ပြုမှာလား"

ချူးရင်းယွဲ့က မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် အဆောက်အအုံဘက်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ချူးရင်းယွဲ့မှာ ချက်ချင်း လန့်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။

သို့သော် အဆောက်အအုံဘက်ရှိ စင်္ကြံထဲတွင် လူရိပ်နှစ်ခု အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

သူတို့ထဲမှ တစ်ယောက်မှာ စောစောက သူမ ရေထဲသို့ ရိုက်ချလိုက်သော အမျိုးသမီး မဟုတ်ပါလော။

ထိုအမျိုးသမီးမှာ အလွန် ကြမ်းတမ်းပြီး လင်းဝူကို တစ်ယောက်တည်း ဖိနှိပ်ထားကာ အခြား အကြေးခွံများ ဖုံးလွှမ်းနေသော ရေလူသားက ယခုအချိန်တွင် သူမ၏ အိပ်ခန်းရှိရာဘက်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ ရင်ထဲတွင် ချက်ချင်း တုန်လှုပ်သွားပြီး ဤလူနှစ်ယောက်၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်သည်။

"ဒုက္ခပဲ... သူတို့ ရှန်ဟုန်မေကို လုယူသွားတော့မယ်"

ချူးရင်းယွဲ့မှာ အလွန် ဒေါသထွက်သွားသည်။ ဤလူစုက တွက်ချက်မှု တော်တော် ကောင်းတာပဲ။

သူမက ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကိုယ်နေဟန်ထား တောက်ပသွားကာ ကယ်ဆယ်ရန်အတွက် ချက်ချင်း ပြန်လှည့်ရန် ပြင်လိုက်သည်။

သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် ရုတ်တရက် မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး သူမ၏ ရှေ့တွင် လူရိပ်တစ်ခု ရပ်နေပြီ ဖြစ်သည်။

ထို့နောက် လက်ဝါးတစ်ဖက်က သူမ၏ လည်ပင်းဆီသို့ ချက်ချင်း လှမ်းဆွဲလာသည်။

"ဘာ..."

ချူးရင်းယွဲ့၏ သူငယ်အိမ်မှာ ကျုံ့ဝင်သွားပြီး အနည်းငယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

သူမ၏ အမြန်နှုန်းကို တစ်စုံတစ်ယောက်က တားဆီးနိုင်ခဲ့သည်တဲ့လား။

သူမက အလိုအလျောက် နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်သည်။

ခြေထောက်နှစ်ဖက်ပေါ်တွင် လျှပ်စစ်များ ခုန်ပေါက်နေပြီး သူမမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ပေအနည်းငယ် အကွာ၌ ပေါ်လာသည်။

သို့သော် ချူးရင်းယွဲ့ကို ထိတ်လန့်သွားစေသည်မှာ သူမက ထိုလက်ဝါး၏ တိုက်ခိုက်မှု အတိုင်းအတာထဲမှ လွတ်မြောက်သွားခြင်း မရှိသေးပေ။

တစ်ဖက်လူ၏ လက်ဝါးက သူမ၏ လည်ပင်းဆီသို့ လှမ်းလာနေဆဲပင် ဖြစ်သည်။

"မဖြစ်နိုင်ဘူး..."

ချူးရင်းယွဲ့မှာ အံ့သြဒေါသထွက်မှုများ ရောယှက်သွားပြီး စူးရှစွာ အော်ဟစ်ကာ လက်ကို မြှောက်လိုက်ပြီး တစ်ဖက်လူ၏ လက်ဝါးဆီသို့ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဝုန်း"

လျှပ်စစ်လက်သီးမှာ အလွန် ကြမ်းတမ်းပြီး လက်သီးမျက်နှာပြင်ပေါ်တွင် လျှပ်စစ်ဟိန်းဟောက်သံများ ပေါက်ကွဲထွက်လာသည်။

သို့သော် တစ်ဖက်လူ၏ လက်ဝါးပေါ်တွင် မြေဝါရောင် အလင်းဝိုင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုလက်ဝါးပေါ်တွင် အဝါရောင် အကြေးခွံ တစ်လွှာက မျက်စိဖြင့် မြင်နိုင်လောက်အောင် ပေါ်လာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။

ကျောက်အကြေးခွံ အကာအကွယ်...

"ဝုန်း"

သူတို့နှစ်ယောက်၏ လက်သီးများ ထိပ်တိုက်တွေ့ဆုံသွားရာ လျှပ်စစ်များ တဖြန်းဖြန်း မြည်ကာ ပေါက်ကွဲသွားခဲ့သည်။

တစ်ဖက်လူ၏ အကြေးခွံများမှာ လျှပ်ကာပစ္စည်းကဲ့သို့ ဖြစ်နေပြီး လျှပ်စစ်၏ အန္တရာယ်ပြုမှုကို လုံးဝ မခံရပေ။

ပြောင်းပြန်အားဖြင့် ထိုအကြေးခွံလက်သီးပေါ်မှ ကြောက်မက်ဖွယ် ဧရာမ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ချူးရင်းယွဲ့၏ လက်မောင်းတစ်ခုလုံးကို ချက်ချင်း ပြင်းထန်စွာ နာကျင်သွားစေကာ အားပြတ်သွားစေသည်။

သူမ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် နောက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည်။

"ဘုန်း"

သူမ၏ တစ်ကိုယ်လုံး ရေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြီးမားလှသော စွမ်းအားကြောင့် သူမကို ကျောက်ခဲတစ်လုံးကဲ့သို့ ရေပြင်ပေါ်တွင် ပေအနည်းငယ်ခန့် လျှောတိုက်သွားစေပြီးမှ ဘုန်း... ဆိုသော အသံနှင့်အတူ ရေထဲသို့ လုံးလုံးလျားလျား ကျသွားခဲ့သည်။

သူမက လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ထိုအဝါရောင် အကြေးခွံ လက်မောင်းပိုင်ရှင်ကို မယုံနိုင်လောက်အောင် ကြည့်လိုက်သည်။

"ရှင်ပဲ..."

ဤအချိန်ရောက်မှသာ ချူးရင်းယွဲ့က ထိုလူမှာ မည်သူဖြစ်ကြောင်း သေသေချာချာ မြင်လိုက်ရသည်။

အံ့သြစရာကောင်းစွာပင် စောစောက သူမနှင့် စကားပြောခဲ့သော ကိုယ့်ကိုယ်ကိုယ် လင်းယွမ်ဟု မိတ်ဆက်ခဲ့သည့် လူငယ်ပင် ဖြစ်နေသည်။

တစ်ဖက်လူက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေသည်တဲ့လား။

တစ်ဖက်လူ၏ စောစောက အကြေးခွံများမှာ မြေဓာတ် သန္ဓေပြောင်းစွမ်းအင်များဖြင့် စုစည်းထားသော သံချပ်ကာ ဖြစ်ကြောင်း သူမ ခံစားသိရှိနိုင်သည်။

လျှပ်စစ်စွမ်းအင်သည် သဲမြေမှတစ်ဆင့် လျှပ်စစ် မကူးနိုင်ပေ။

တစ်ဖက်လူ၏ ဤမြေဓာတ် အကြေးခွံများမှာ လျှပ်စစ်ကို ဓာတ်ပြယ်နိုင်သော အရာပင် ဖြစ်သည်။

သို့သော် သူမ နားမလည်သည်မှာ မြေဓာတ် အစွမ်းပိုင်ရှင်တစ်ယောက်က အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ စွမ်းအားမျိုး ရှိနေရသနည်း။

လင်းယွမ်က လက်ဝါးကို ပြန်ရုပ်လိုက်ပြီး အကြည့်များကမူ ရေထဲရှိ ချူးရင်းယွဲ့ကို မကြည့်တော့ဘဲ လှေငယ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်း ပါမောက္ခလီအနားကို နောက်ထပ် တစ်လှမ်း ကပ်လာရင် ငါ ညှာတော့မှာ မဟုတ်ဘူး"

ဤစကား ထွက်ပေါ်လာသည်နှင့် ဟန်ရှန်းမန်နှင့် ထူလုံတို့မှာ ချက်ချင်း လန့်ဖျပ်သွားကြသည်။

သူတို့နှစ်ယောက်စလုံးမှာ ကာကွယ်ရေး အနေအထားကို တစ်ပြိုင်နက်တည်း ပြင်ဆင်လိုက်ကြပြီး လီဟန်ကျုံးကို အတူတကွ ကာကွယ်ပေးလိုက်သည်။

လှေဦးပိုင်းရှိ လီရှန်ယန်ကလည်း လန့်သွားပြီး သူ၏ အကြည့်များက ဝေ့ဝဲသွားသော်လည်း ရန်သူ၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။

လင်းယွမ်က သတိပေးစကား ဆိုလိုက်သည်။ "လီရှန်ယန်... သူ့ကို ဖော်ထုတ်လိုက်"

လီရှန်ယန်က ထိုစကားကို ကြားသောအခါ ချက်ချင်း သဘောပေါက်သွားသည်။ "အမှောင်ဓာတ် အစွမ်းပိုင်ရှင်လား..."

လင်းယွမ်က သူ့ကို သီးသန့် လှုပ်ရှားခိုင်းခြင်းမှာ သေချာပေါက် အကြောင်းရင်း ရှိကြောင်း သူ သိထားသည်။

သူသည် အလင်းဓာတ် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် သူ့ကို ရှေ့ထွက် ရင်ဆိုင်စေနိုင်သည်မှာ အမှောင်ဓာတ် အစွမ်းပိုင်ရှင်သာ ရှိပေသည်။

အထူးသဖြင့် ပုန်းအောင်းရန် ကျွမ်းကျင်သော အမှောင်ဓာတ် အစွမ်းပိုင်ရှင်ပင် ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် လီရှန်ယန်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင် အလင်းတန်းများ လှုပ်ခတ်လာပြီး သူ၏ လက်နှစ်ဖက်မှာ မီးသီးနှစ်လုံးကဲ့သို့ ချက်ချင်း အလင်းရောင်များ ထွက်ပေါ်လာသည်။

ရုတ်တရက် လှေငယ်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။

လှေဘေးနားရှိ အရိပ်တစ်ခုမှာ ဖယ်ရှားခံလိုက်ရပြီး လူရိပ်တစ်ခုမှာ ဆက်လက် ပုန်းကွယ်နေနိုင်ခြင်း မရှိတော့ဘဲ ချက်ချင်း ပုံစံအမှန် ပေါ်ထွက်လာသည်။

ထိုသူမှာ စင်္ကြံပေါ်တွင် စောစောကတည်းက ပျောက်ကွယ်သွားခဲ့သော ချင်ဇီဟန်ပင် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၃၄၆) မြူခိုးမြို့တော်အကြောင်း ပထမဆုံး ကြားသိရခြင်း

"ဟားဟား... မင်းကို တွေ့ပြီကွ"

လီရှန်ယန်က လှေဘေးရှိ ချင်ဇီဟန်ကို ကြည့်ကာ ရုတ်တရက် အေးစက်စက် ရယ်မောလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူက ကိုယ်ပေါ်ရှိ အရိုးဓားကို ဆွဲထုတ်လိုက်ပြီး ချင်ဇီဟန်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ခုတ်ချလိုက်၏။

ချက်ချင်းပင် အရိုးဓားပေါ်၌ အလင်းတန်းများ စုစည်းသွားကာ အလင်းဓားသွားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး "ရွှမ်း" ခနဲ မြည်သံနှင့်အတူ လေတိုးသံပေးလျက် လှိမ့်ဆင်းသွားသည်။

ချင်ဇီဟန်၏ မျက်နှာက အလွန်တရာ ပျက်ယွင်းသွားပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် လှေဘောင်ကို အမြန်လွှတ်ချကာ ရေအောက်သို့ ခေါင်းစိုက်ငုပ်ဆင်းသွားသည်။

သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပြီး အရိပ်များထဲတွင် ပုန်းကွယ်နေတတ်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်၏။

ယခုမူ အလင်းဓာတ် အစွမ်းပိုင်ရှင် လီရှန်ယန်နှင့် ရင်ဆိုင်လိုက်ရသဖြင့် သူ့အတွက် အမှန်တကယ်ပင် ဘာတတ်နိုင်စွမ်းမှ မရှိတော့ပေ။

သူ၏ အားသာချက်များအားလုံးက ဤအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် တိုက်ခိုက်ရေးတွင် ဘယ်သောအခါမှ ထူးချွန်သူ မဟုတ်ဘဲ အသံတိတ် တိတ်ဆိတ်စွာဖြင့် အခြားသူများကို ထိတ်လန့်ကြောက်ရွံ့စေရန်သာ စွမ်းဆောင်နိုင်သူ ဖြစ်၏။

သို့သော် လီရှန်ယန်ရှေ့၌မူ သူက အမှောင်အရိပ်များထဲသို့ ဘယ်တော့မှ ပုန်းကွယ်နိုင်မည် မဟုတ်ပေ။

အလင်းရောင်အောက်တွင် မည်သည့်အရိပ်မဆို ဆုတ်ခွာပျောက်ကွယ်ရစမြဲ ဖြစ်သည်။

ချင်ဇီဟန်က ရေအောက်သို့ ငုပ်ဆင်းသွားပြီး ထိုအန္တရာယ်များလှသော ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့၏။

သို့သော် သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင် မရှိဘဲ အေးစက်စက် အပြုံးတစ်ခုသာ ပေါ်လွင်နေသည်။

အလင်းရောင်ရှိလျှင် အရိပ်ဆိုတာလည်း မလွဲမသွေ ရှိရမည်ပင်။

ဤလှေအောက်ခြေက အကောင်းဆုံး အရိပ်တစ်ခု မဟုတ်ပါလော။

သူက လှေအောက်ခြေသို့ အလျင်အမြန် တိုးဝင်သွားပြီးနောက် လှေငယ်၏ အောက်ခြေကို ရူးသွပ်စွာဖြင့် ထိုးကြိတ်တိုက်ခိုက်လိုက်သည်။

သို့သော် သူက လှေအောက်ခြေကို ဓားဖြင့် တစ်ချက် ခုတ်လိုက်ရုံသာ ရှိသေး၏။

နောက်တစ်စက္ကန့်တွင် သူ၏ ဦးနှောက်က ရုတ်တရက် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး သူတစ်ကိုယ်လုံးက ခြေလက်များကိုပါ အသုံးပြုလျက် အမှောင်ထဲမှ ဆုတ်ခွာလာကာ သူ့အလိုလို ရေပေါ်သို့ ပေါ်လာခဲ့သည်။

ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် သူ၏ အသိစိတ်က ရှင်းလင်းနေသော်လည်း အပြုအမူများကိုမူ ထိန်းချုပ်၍ မရခဲ့ပေ။

အခြားသော အသိစိတ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ဝင်ရောက်ထိန်းချုပ်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ချင်ဇီဟန်က ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။

"ဘယ်လိုလုပ်... ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ"

"ဘယ်သူလဲ... ထွက်ခဲ့စမ်း... ငါ့ကိုယ်ထဲကနေ ထွက်သွားစမ်း"

သူက ရင်ထဲမှနေ၍ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ သူက အသံအိုးကိုပင် ထိန်းချုပ်၍ မရနိုင်ဘဲ အသံထွက်ပေါ်မလာခဲ့ချေ။

ဟန်ရှန်းမန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းတစ်ခုက ရိုက်ခတ်သွားပြီး ရေထဲရှိ ချင်ဇီဟန်ကို တိုက်ရိုက် ရစ်ပတ်ကာ လှေပေါ်သို့ ပစ်တင်လိုက်သည်။

ထူလုံက အေးစက်စက် ရယ်မောလိုက်ပြီး "ငတုံးကောင်... ငါတို့ကို လာယှဉ်ရဲသေးတယ်ပေါ့လေ" ဟု ခနဲ့တဲ့တဲ့ ပြုံး၍ ပြောလိုက်၏။

သူက ရှေ့သို့တိုးကာ ချင်ဇီဟန်ကို ကြမ်းတမ်းစွာဖြင့် တုပ်နှောင်လိုက်သည်။

လင်းယွမ်က အကြည့်လွှဲလိုက်ပြီး ဤဘက်သို့ ဆက်လက် အာရုံမစိုက်တော့ဘဲ မျက်နှာပျက်ယွင်းနေသော ချိုးရင်ယွဲ့ထံသို့ လှမ်းကြည့်လိုက်၏။

ဤအချိန်တွင် စင်္ကြံလမ်းဘက်မှလည်း စူးရှသော အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာနေသည်။

တင်းယန်သည် ချိုးရင်ယွဲ့နှင့် ရင်ဆိုင်ရာတွင် နေရာတိုင်း၌ ဖိနှိပ်ခံထားရသော်လည်း အခြားသော အစွမ်းပိုင်ရှင်များနှင့် ရင်ဆိုင်ရာတွင် အထူးသဖြင့် အနီးကပ်တိုက်ခိုက်ရေး ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် လင်းဝူတို့ကဲ့သို့သော သူများနှင့် ရင်ဆိုင်ရချိန်တွင် သူမကို ယှဉ်နိုင်သူ မရှိဟုပင် ဆိုနိုင်၏။

သူမ တစ်ယောက်တည်းနှင့်ပင် လင်းဝူအပါအဝင် အစွမ်းပိုင်ရှင်တစ်စုကို နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်။

ကျန်းဖန်ကမူ အိပ်ခန်းထဲသို့ ပြေးဝင်သွားပြီး ရှန်ဟုန်မေကို ကျောပိုးလိုက်ကာ တံခါးပေါက်မှ မထွက်တော့ဘဲ ပြတင်းပေါက်ဆီသို့ တိုက်ရိုက် ပြေးသွားပြီး ရေထဲသို့ လွှားခနဲ ခုန်ချလိုက်၏။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး သူက ရှန်ဟုန်မေကို ခေါ်ဆောင်ကာ လှေငယ်ဆီသို့ အလျင်အမြန် ကူးခတ်သွားသည်။

ထိုသည်ကို မြင်လိုက်ရသောအခါ ချိုးရင်ယွဲ့၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး မျက်လုံးများထဲ၌ လျှပ်စီးများ လက်ခနဲ ဖြစ်သွား၏။

"ရွှမ်း"

သူမက ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်ပြီး ရေထဲရှိ ကျန်းဖန်ကို အလျင်အမြန် တားဆီးလိုက်သည်။

"ရပ်လိုက်စမ်း"

သူမက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရေအောက်ရှိ ကျန်းဖန်ထံသို့ လက်လှမ်းကာ အပြင်းအထန် ဖမ်းဆုပ်လိုက်၏။

ကျန်းဖန်က သွားဖြဲကာ လှောင်ပြောင်ရယ်မောလိုက်သည်။ ရေပေါ်တွင် သူက ဤမိန်းမ၏ ပြိုင်ဘက် မဟုတ်သော်လည်း ရေအောက်တွင်မူ မသေချာလှပေ။

သူက ရေစီးကြောင်းကို ခြေနှစ်ဖက်ဖြင့် အပြင်းအထန် ကန်ထုတ်လိုက်သည်ကို တွေ့လိုက်ရပြီး အကြေးခွံများအောက်မှ လေစီးကြောင်းများ ပန်းထွက်လာ၏။

"ဗလုံ... ဗလုံ... ဗလုံ"

သူ၏ အလျင်က ရုတ်ခြည်း မြင့်တက်သွားပြီး တစ်စက္ကန့်အတွင်း ၃၃ ပေခန့်အထိ ရောက်ရှိသွားကာ ချိုးရင်ယွဲ့ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်တိမ်းသွားနိုင်ခဲ့သည်။

ချိုးရင်ယွဲ့က အလွန် ဒေါသထွက်သွားပြီး သူမ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးများ လည်ပတ်နေကာ ခြေနှစ်ဖက်ကလည်း ရေကို ကန်ထွက်ရန် ပြင်လိုက်၏။

သို့သော် လျှပ်စီးများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရေထဲ၌ ဧရိယာကျယ်ဝန်းလှသော ရေပန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ချက်ချင်းပင် ရေအောက်စီးကြောင်းများ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ပူဖောင်းအမြောက်အမြား လိမ့်တက်လာ၏။

ရေက လျှပ်စစ်ကူးနိုင်သဖြင့် ချိုးရင်ယွဲ့မှာ မျှော်လင့်မထားဘဲ ပတ်လည်ရှိ ရေပန်းများကို ဖရိုဖရဲ လွင့်စင်ပေါက်ကွဲသွားစေခဲ့သည်။

သူမ၏ အမြင်အာရုံက ရုတ်တရက် ကန့်သတ်ခံလိုက်ရပြီး ကျန်းဖန်၏ ဦးတည်ရာကို ရှင်းလင်းစွာ မမြင်ရတော့ချေ။

"တောက်... ဒေါသထွက်လိုက်တာ"

ချိုးရင်ယွဲ့က အလွန်တရာ ဒေါသထွက်သွားပြီး ရေပြင်ကို တစ်ချက် ရိုက်ချလိုက်ကာ ရေပေါ်သို့ အလျင်အမြန် ပေါ်လာပြီး အနီးရှိ မျောတုံးတစ်တုံးပေါ်သို့ တွယ်တက်လိုက်၏။

ထို့နောက် မိုးသက်လေပြင်းများကို ရင်ဆိုင်လျက် လျှပ်စီးလက်သီးကို ဝှေ့ယမ်းရန် ပြင်လိုက်သည်။

သို့သော် သူမ၏ လှုပ်ရှားမှု စတင်လိုက်ရုံသာ ရှိသေးချိန်တွင် သူမ၏ ရှေ့၌ လူရိပ်တစ်ရိပ်က ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

လင်းယွမ်က လေထဲတွင် ခြေလှမ်းလှမ်းကာ ရောက်ရှိလာပြီး လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။

"ဘုန်း"

ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ရိုင်းစိုင်းကြမ်းတမ်းသော ခွန်အားများအောက်တွင် မီးတောက်အစုအဝေးတစ်ခုက ဟိန်းဟောက်သံနှင့်အတူ ကျဆင်းလာကာ လေတိုးသံပေးနေသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

ချိုးရင်ယွဲ့၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့ဝင်သွားပြီး "နောက်ထပ် အစွမ်းတစ်ခုလား"

သူမက ဤမီးနဂါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ရေထဲသို့ အလျင်အမြန် ပြန်လည် တိုးဝင်သွားသည်။

"ဝုန်း"

မီးတောက်နှင့် ရေလွှမ်းမိုးမှုတို့ ပင်းဆုံသွားရာ ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

ရေပန်းများ ပေါက်ကွဲထွက်သွားပြီး ရေခိုးရေငွေ့များ အထက်သို့ ပျံတက်သွားသည်။

ချိုးရင်ယွဲ့၏ ကိုယ်ဟန်က ရေအောက်တွင် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်သွား၏။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူမက မီးနဂါး၏ လောင်ကျွမ်းမှု နယ်ပယ်ထဲမှ လွတ်မြောက်သွားခဲ့သည်။

ဤအချိန်တွင် သူမ၏ ကိုယ်ဟန်က ဖရိုဖရဲ ဖြစ်နေပြီး သူမ ဝတ်ဆင်ထားသော သားရေအင်္ကျီက ရေစိုခံနိုင်သော်လည်း မီးကိုတော့ မကာကွယ်နိုင်သဖြင့် မီးလောင်ကျွမ်းလုနီးပါး ဖြစ်သွားခဲ့၏။

သူမက အဆောက်အအုံ၏ အစွန်းကို ဆွဲကိုင်ကာ တစ်ချက် ခုန်တက်လိုက်ပြီး သူမ၏ ကိုယ်ပေါ်တွင် လျှပ်စီးများ ခုန်ပေါက်နေလျက် "ရွှမ်း" ခနဲ စင်္ကြံလမ်းပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။

ယခုအချိန်တွင် သူမ၌ ယခင်ကကဲ့သို့ သပ်ရပ်လှပသော အမူအရာမျိုး မရှိတော့ဘဲ တစ်ကိုယ်လုံး ရေများ စိုရွှဲနေကာ အလွန်တရာ ဖရိုဖရဲ ဖြစ်နေ၏။

ဖခင်ဖြစ်သူ ပျောက်ဆုံးသွားပြီးနောက် လီရွှေဥယျာဉ်၏ ဆူပူအုံကြွမှုကို နှိမ်နင်းခဲ့သည့် အကြိမ်မှလွဲ၍ သူမက ဤမျှအထိ ဖရိုဖရဲ မဖြစ်ဖူးခဲ့ချေ။

ဤအချိန်တွင် ဒေါသမီးများ တောက်လောင်နေမိသော်လည်း လင်းယွမ်ဟုခေါ်သော ထိုအမျိုးသားအပေါ်၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက ပေါ်ထွက်လာခဲ့သည်။

ဤအမျိုးသားက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေပါရက်နှင့် မည်သို့လုပ်၍ မီးဓာတ် စွမ်းအားကိုပါ ပိုင်ဆိုင်နေရသနည်း။

လူတစ်ယောက်က အစွမ်းနှစ်မျိုးကို နိုးထနိုင်စွမ်း ရှိနေတာများလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမက ဟိုဘက် ရေပြင်ပေါ်ရှိ လင်းယွမ်ကို စူးစိုက်ကြည့်နေလိုက်၏။

လင်းယွမ်က တစ်ဖက်လူကို လိုက်လံသတ်ဖြတ်ခြင်း မပြုတော့ဘဲ လက်ဝါးကို ရုပ်သိမ်းလိုက်ရာ မီးနဂါးအက အစွမ်းက ပျောက်ကွယ်သွားသည်။

လင်းယွမ်က လှည့်ကာ လှေငယ်ပေါ်သို့ ပြန်တက်လာပြီး "လူကို ပြန်ရွေးချင်တယ်ဆိုရင် ရိုးရိုးသားသားနဲ့ ငါ့ရဲ့ သင်္ဘောပေါ်ကို လာခဲ့"

လှေက ခေါင်းလှည့်သွားပြီး ဟန်ရှန်းမန်က ရေစီးကြောင်းကို ထိန်းချုပ်ကာ လှေငယ်ကို တွန်းပို့လျက် အလျင်အမြန် ထွက်ခွာသွား၏။

ထူလုံက အဆောက်အအုံဘက်သို့ လှည့်ကာ လက်ခလယ်ကို ရိုင်းစိုင်းစွာ ထောင်ပြလိုက်ပြီးနောက် တဟားဟား ရယ်မောလိုက်သည်။

တင်းယန်နှင့် ကျန်းဖန်တို့ကလည်း ရေပြင်ကို ဖြတ်ကူးလာပြီး လှေပေါ်သို့ တက်ရပ်လိုက်ကြ၏။

တင်းယန်က ခေါင်းလှည့်ကာ အဆောက်အအုံဘက်သို့ ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုနှင့်အတူ သူမ၏ ခေါင်းကို လက်ညှိုးဖြင့် တစ်ချက် ပုတ်ပြလိုက်သည်။

ချိုးရင်ယွဲ့က ချက်ချင်း နားလည်သွား၏။ ထိုရင်သားကြီးမားသော အမျိုးသမီးက သူမကို ဦးနှောက်မရှိဟု လှောင်ပြောင်နေခြင်းပင် ဖြစ်သည်။

"အား"

သူမက ဒေါသတကြီးဖြင့် စင်္ကြံလမ်း၏ လက်ရန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ချက်ချင်းပင် ဝုန်းခနဲ မြည်သံနှင့်အတူ စင်္ကြံလမ်း၏ အုတ်ကြွပ်များ ပေါက်ကွဲထွက်သွားပြီး လျှပ်စီးများ လက်ခနဲ ဖြစ်သွားရာ ပတ်ဝန်းကျင်ရှိ လူအများ အလန့်တကြားဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။

မျက်နှာတွင် ညိုမည်းဖူးရောင်နေသော လင်းဝူ တစ်ယောက်သာ အနီးသို့ ချဉ်းကပ်လာပြီး "အမချိုး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... ဇီဟန်ကို သူတို့ ဖမ်းခေါ်သွားကြပြီ"

ချိုးရင်ယွဲ့မှာ ဒေါသမီးများ တောက်လောင်နေသော်လည်း မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရ၏။

သူမက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး "သူတို့ ချင်ဇီဟန်ကို ချက်ချင်း မသတ်တာက ဆွေးနွေးလို့ ရသေးတယ်ဆိုတဲ့ သဘောပဲ... သူ့ကို ငါ သွားကယ်လာခဲ့မယ်"

"သွား... စွမ်းအင်ကျောက်တုံးတချို့ကို ပြင်ဆင်လိုက်... ခဏနေရင် သူတို့လှေပေါ်ကို သွားပြီး လူသွားရွေးမယ်"

"ဒါပေမဲ့... အမချိုး... အဲဒီ စွမ်းအင်ကျောက်တုံးတွေက မြူခိုးမြို့တော်ကို သွားဖို့ ချန်ထားတာလေ"

"ငါ သိတယ်... ဒါပေမဲ့ ချင်ဇီဟန်ကိုတော့ မဖြစ်မနေ ကယ်ရမှာပဲ"

...

မကြာမီမှာပင် လှေငယ်က ဖီးနစ်သင်္ဘောပေါ်သို့ ပြန်လည် ရောက်ရှိလာပြီး ရှမင်၊ ကောက်လီ၊ လီယွဲ့ကျင်း၊ ကျန်းရုံရုံတို့က အလျင်အမြန် ကြိုဆိုလိုက်ကြ၏။

ခွန်ဆန်းက လူခေါ်ကာ တုပ်နှောင်ထားသော ချင်ဇီဟန်ကိုလည်း အလျင်အမြန် ဆယ်ယူလိုက်သည်။

တင်းယန်က "လင်းယွမ်... ဒီအမှောင်ဓာတ် အစွမ်းပိုင်ရှင်ကို ဘယ်လိုလုပ်မှာလဲ"

လင်းယွမ်က ခေါင်းခါပြလိုက်ပြီး "အရင် ဒီတိုင်းထားလိုက်ဦး... ခဏနေရင် တစ်ဖက်လူဆီကနေ ဘာတွေ တောင်းလို့ရမလဲဆိုတာ ကြည့်ရသေးတာပေါ့"

တင်းယန်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး "ပါမောက္ခလီ လင်မယားကိုလည်း ကယ်ထုတ်လာခဲ့ပြီဆိုတော့ အဲဒီအဆောက်အအုံဆီကနေ တောင်းဆိုစရာ ဘာရှိသေးလို့လဲ" ဟု တီးတိုး မေးလိုက်၏။

လင်းယွမ်က လီဟန်ကျုံးဘက်သို့ လှမ်းကြည့်လိုက်ပြီး "ဘယ်သူမဆို သူငယ်ချင်းဆိုတာတော့ ရှိတတ်ကြတာပဲလေ... တကယ်လို့ ပါမောက္ခလီက လူတချို့ကို ခေါ်သွားချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

တင်းယန်က ထိုအခါမှသာ လင်းယွမ်၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

သူမက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဒါဆို ကျွန်မ ပါမောက္ခလီနဲ့ သွားပြောလိုက်ဦးမယ်... ဒီဘက်ကို ရှင်ပဲ တာဝန်ယူလိုက်တော့"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... သွားနှင့်လိုက်... ခဏနေရင် ငါ လိုက်ခဲ့မယ်"

ထို့နောက် လင်းယွမ်က ထူလုံတို့ကို ချင်ဇီဟန်အား စစ်ကြောမေးမြန်းရန် တာဝန်ပေးလိုက်ပြီး အဓိကအားဖြင့် လီရွှေဥယျာဉ်ဘက်မှ အခြေအနေများနှင့် စောစောက ထိုအမျိုးသမီးချိုးက မည်သူဖြစ်ကြောင်းကို မေးမြန်းခိုင်းလိုက်၏။

အခြား မေးစရာများများစားစား မရှိလှပေ။ လင်းယွမ်သည် ဤလီရွှေဥယျာဉ်အပေါ်၌ သိပ်ပြီး စိတ်ဝင်စားမှု မရှိလှချေ။

ယခုအခါ ဖီးနစ်သင်္ဘောမှာ လူပြည့်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ထိုက်ယန်တောင်သို့ လူတချို့ကို ထပ်မံခေါ်ဆောင်သွားချင်လျှင်ပင် နေရာမရှိတော့ပေ။

ထို့ပြင် ယခုအကြိမ်၏ အဓိကရည်မှန်းချက် ဖြစ်သော ပါမောက္ခ လီဟန်ကျုံးကိုလည်း ရှာတွေ့ပြီဖြစ်ရာ တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်၏။

လင်းယွမ်က ဤလီရွှေဥယျာဉ်ကို လှမ်းကြည့်လိုက်သည်။ အပိုင်း(၄) အိမ်ရာများတွင် စုစုပေါင်း အဆောက်အအုံ ဒါဇင်ချီ ရှိပုံရပြီး ရေပြင်ပေါ်တွင် အထီးကျန်စွာ ရပ်တည်နေကြ၏။

ပတ်ပတ်လည်တွင် ရေလွှမ်းမိုးနေပြီး အဆောက်အအုံ အားလုံးနီးပါးမှာ ရေလွှမ်းမိုးမှုအောက်တွင် နစ်မြုပ်နေပြီ ဖြစ်သည်။

ရေပြင်ပေါ်တွင် ပစ္စည်းအမျိုးမျိုး ပေါလောပေါ်နေပြီး လှိုင်းလုံးများ၏ အတက်အကျနှင့်အတူ မျောပါသွားကြ၏။

လင်းယွမ်၏ အကြည့်များက အောက်သို့ စိုက်ကျသွားပြီး အဆုံးအစမရှိသော ဤရေလွှမ်းမိုးမှုကို ကြည့်ရင်း ယခင်က ရေအောက်တွင် တွေ့ခဲ့ရသော လင်ကျောင်းတက္ကသိုလ်ကို စိတ်ထဲ၌ ပြန်လည် အမှတ်ရမိနေသည်။

ထိုလင်ကျောင်းတက္ကသိုလ်၏ ဂိတ်ပေါက်ဝတွင် မှောက်ခုံအိပ်နေသော ရေဘဝဲကောင်ကြီးနှင့် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားများ...

ထိုသတ္တဝါက မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့သည့် သက်ရှိတစ်ခု ဖြစ်တာ သေချာလောက်သည်။

ထိုသို့ဖြစ်မှသာ သူ့ကို ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို ပေးစွမ်းနိုင်မည် ဖြစ်၏။

သို့သော် ဤမျိုးရိုးဗီဇမျိုးစေ့ကို အတိအကျ ဘယ်လိုများ စုစည်းထုတ်ဖော်လာခဲ့တာလဲ။

သူကိုယ်တိုင်မှာ စနစ်ကို အားကိုးကာ အမှတ်သန်းချီ အသုံးပြုပြီး မျိုးရိုးဗီဇမျိုးစေ့ကို လဲလှယ်ယူရခြင်းမှလွဲ၍...

အခြားနည်းလမ်း ရှိနေသေးတာများလား။

ရေလွှမ်းမိုးမှုထဲရှိ ဤသတ္တဝါများက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းထုတ်ဖော်နိုင်ရန် မည်သို့ လုပ်ဆောင်ခဲ့ကြသနည်း။

"တကယ်လို့ မျိုးရိုးဗီဇမျိုးစေ့ နိုးထလာတဲ့ သတ္တဝါတစ်ကောင်ကို သတ်ပြီး ခွဲစိတ်လေ့လာနိုင်မယ်ဆိုရင်... အဲဒီအထဲက လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်လောက်တယ်"

"ဒါပေမဲ့ မျိုးရိုးဗီဇမျိုးစေ့ နိုးထလာတဲ့ သတ္တဝါကို... ငါတစ်ယောက်တည်း အားကိုးနဲ့ သတ်ဖို့ဆိုတာ မလွယ်ကူလောက်ဘူး"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူ တည်ထောင်ထားသော ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အစွမ်းပိုင်ရှင်များစွာ ရှိသော်လည်း...

သူနှင့်အတူ ပခုံးချင်းယှဉ်ကာ တိုက်ပွဲဝင်နိုင်မည့်သူ အမှန်တကယ် မရှိသေးကြောင်းကို သူ ရုတ်တရက် ခံစားလိုက်ရ၏။

ကျောက်ခိုင်ဖြစ်စေ၊ တင်းယန်ဖြစ်စေ၊ ထူလုံနှင့် လီချင်းဟွာတို့ဖြစ်စေ...

သူတို့၏ ဘက်စုံစွမ်းရည်များက မဆိုးလှသော်လည်း အရည်အသွေးများဘက်မှ ကြည့်လျှင် မည်သူတစ်ဦးတစ်ယောက်၏ အဓိက အရည်အသွေး လေးခုတွင်မျှ ၅၀ မှတ်အထိ ရောက်ရှိနေသူ မရှိပေ။

ဤလီရွှေဥယျာဉ်ထဲရှိ စောစောက လျှပ်စီးအစွမ်း ပိုင်ဆိုင်ထားသော အမျိုးသမီးချိုးမှာမူ လျှပ်စီး၏ ပံ့ပိုးမှုအောက်တွင် သူမ၏ အလျင်က ၅၀ မှတ်နီးပါးရှိသော အလျင်အဆင့်သို့ ရောက်ရှိနေခဲ့သည်။

သူကိုယ်တိုင်ပင်လျှင် မီးစင်္ကြာ ကဲ့သို့သော အလျင်မြှင့်တင်သည့် အစွမ်းကို အားမကိုးပါက တစ်ဖက်လူနှင့် တူညီသော အဆင့်အတန်းတစ်ခုကိုသာ ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။

"ဒီမိန်းမရဲ့ အလျင်က ၅၀ မှတ်တော့ မပြည့်လောက်သေးဘူး... သူ့ဆီမှာ ဒီလောက် မြန်ဆန်တဲ့ အလျင် ရှိနေတာက အဲဒီ လျှပ်စီးအစွမ်းရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်ရမယ်"

"တကယ်လို့ လေ့ကျင့်ပျိုးထောင်ပေးလိုက်မယ်ဆိုရင်တော့... တစ်ဖက်တစ်လမ်းကနေ တာဝန်ယူနိုင်မယ့် ထိပ်တန်း အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာနိုင်တယ်"

လင်းယွမ်က စိတ်ထဲ၌ သက်ပြင်းချလိုက်မိသော်လည်း စောစောက ဤအမျိုးသမီးချိုးကို သိမ်းသွင်းရန်မှာ သိပ်မဖြစ်နိုင်ကြောင်းကို သူ သိနေ၏။

တစ်ဖက်လူက အင်အားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်နေပြီဖြစ်ပြီး သူမ၏ လက်အောက်တွင်လည်း လူအင်အား တစ်စုတစ်ဖွဲ့ကို ထိန်းချုပ်ထားသည်။

ဤလီရွှေဥယျာဉ်၏ အဆောက်အအုံများထဲတွင် တစ်ဖက်လူ၌လည်း တိကျသော ထုတ်လုပ်မှုစွမ်းရည်တချို့ ရှိနေလောက်ပေမည်။

သို့မဟုတ်ပါက မိမိ၏ ကယ်ဆယ်ရေး ဖိတ်ခေါ်မှုကို တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆန်ခဲ့မည် မဟုတ်ပေ။

"မိုးမတိတ်ဘဲ ရေတွေ ဆက် မြင့်တက်လာပြီး သူ ရှိနေတဲ့ အဆောက်အအုံကို လုံးဝ နစ်မြုပ်သွားမှသာ ဖြစ်နိုင်မယ်"

"ဒါမှမဟုတ် သူကိုယ်တိုင်ကလည်း ဒီလို စိုးရိမ်စိတ်မျိုး ရှိနေလို့... လီဟန်ကျုံးရဲ့ အကြောင်းကို သိတာနဲ့ သူ့ကို ခေါ်ထားပြီး သင်္ဘောတည်ဆောက်ခိုင်းဖို့ စဉ်းစားတာများလား"

လင်းယွမ်၏ စိတ်ထဲ၌ အတွေးများ ဖြတ်ပြေးသွားချိန်တွင် ထူလုံနှင့် ဟန်ရှန်းမန်တို့က လျှောက်လာကြသည်။

"ကိုလင်း... သေချာ မေးပြီးသွားပြီ... ကျွန်တော်တို့ ဖမ်းလာတဲ့ ဒီလူ့နာမည်က ချင်ဇီဟန်တဲ့"

"သူ့ရဲ့ ထွက်ဆိုချက်အရ ဒီလီရွှေဥယျာဉ်ကို အရင်က ချိုးကုံရုံလို့ခေါ်တဲ့ လူတစ်ယောက်က ထိန်းချုပ်ထားတာတဲ့... အမချိုးက ချိုးကုံရုံရဲ့ သမီးဖြစ်ပြီး နာမည်အရင်းက ချိုးရင်ယွဲ့လို့ ခေါ်တယ်"

"ချိုးရင်ယွဲ့က လျှပ်စီး အစွမ်းပိုင်ရှင်တစ်ယောက်ဖြစ်ပြီး စွမ်းရည်ထက်မြက်တယ်... ဒါပေမဲ့ သူက ခေါင်းဆောင်ဖြစ်လာတာ သိပ်မကြာသေးဘူး... အရင်က လီရွှေဥယျာဉ် တစ်ခုလုံးကို သူ့ အဖေက ထိန်းချုပ်ထားတာ"

"ဒါပေမဲ့ သူ့အဖေက လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ပစ္စည်းရှာဖွေဖို့ ထွက်သွားရင်းနဲ့ မြူခိုးမြို့တော်လို့ခေါ်တဲ့ နေရာတစ်ခုကို လမ်းမှားပြီး ရောက်သွားခဲ့တယ်တဲ့... အဲဒီအတွက်ကြောင့် ဒီမှာ အချိန်တိုအတွင်း ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့သေးတယ်"

"ချိုးရင်ယွဲ့က သူ့ရဲ့အစွမ်းထက်တဲ့ အစွမ်းတွေကို အားကိုးပြီး အခြေအနေကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့်... တခြား အဆောက်အအုံတချို့က အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင် တချို့ကတော့ သူ့ကို မကျေနပ်ကြဘူး"

"ဒီအစွမ်းပိုင်ရှင်တွေရဲ့ နည်းလမ်းတွေကလည်း မညံ့ဘူး... ချိုးရင်ယွဲ့က အချိန်တိုအတွင်း နယ်မြေပြန်မလုနိုင်ခဲ့လို့ အခုတော့ အနီးနားက အဆောက်အအုံ ဆယ်ဂဏန်းလောက်ကိုပဲ စောင့်ရှောက်ထားနိုင်တော့တယ်"

ထူလုံ ပြောပြီးသွားသောအခါ လင်းယွမ်က သူ၏ စကားများထဲရှိ သတင်းအချက်အလက်ကို ချက်ချင်း သတိထားမိလိုက်သည်။

"မြူခိုးမြို့တော်"

ဤအကြိမ်တွင် ဟန်ရှန်းမန်က ဖြေကြားလာ၏။

"ကျွန်မ ဒီချင်ဇီဟန်ကို မေးကြည့်တော့... မြူခိုးမြို့တော်က ဒီနေရာကနေ ရှစ်မိုင်ကျော်လောက် ဝေးတဲ့ ရေလွှမ်းမိုးနေတဲ့ ရွှံ့ညွန်ပြင်ကြီးတစ်ခုပေါ်မှာ တည်ရှိတယ်တဲ့"

"အဲဒီနယ်မြေက မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပြီး အဲဒီအထဲမှာ ရေပြင်ပေါ် ပေါလောပေါ်နေတဲ့ မြို့တော်တစ်ခု ရှိတယ်လို့ ဆိုတယ်"

"ချိုးရင်ယွဲ့ရဲ့ အဖေ ချိုးကုံရုံက အဲဒီထဲကို လမ်းမှားရောက်သွားပြီး ပိတ်မိနေတာ... ဒါပေမဲ့ တစ်ပတ်လောက်ခြားတစ်ခါတော့ စာတွေ ပြန်ပို့လာတတ်တယ်"

"စာထဲမှာ ချိုးရင်ယွဲ့ကို အပြင်ဘက်ကနေ သူ့အတွက် ပစ္စည်းတွေနဲ့ စွမ်းအင်ကျောက်တုံးတွေလို အရင်းအမြစ်တွေ ပြင်ဆင်ပေးဖို့ မှာထားတယ်... သူက မြူခိုးမြို့တော်ထဲကို ဝင်ခွင့်ရဖို့ နည်းလမ်းရှာနေတယ်လို့ ဆိုတယ်"

"နားထောင်ကြည့်ရသလောက်တော့ ဒီမြူခိုးမြို့တော်က အရမ်းကို အားကောင်းတဲ့ အင်အားစုတစ်ခုပဲ... မြို့တော်တစ်ခုကိုတောင် တည်ဆောက်နိုင်တဲ့ စွမ်းရည် ရှိနေပြီဆိုတော့"

ဟန်ရှန်းမန်၏ စကားများက လင်းယွမ်၏ မျက်နှာကို တည်ကြည်လေးနက်သွားစေ၏။

သူက ရေအောက်ရှိ လင်ကျောင်းတက္ကသိုလ်တွင် မမျှော်လင့်ဘဲ တွေ့ခဲ့ရသော ထိုရေငုပ်သင်္ဘောကို ချက်ချင်း သတိရသွားသည်။

"ဒါဆို အဲဒီရေငုပ်သင်္ဘောက ဒီမြူခိုးမြို့တော်ဆိုတဲ့ နေရာရဲ့ သုတေသန ရလဒ်များ ဖြစ်နေမလား"

လင်းယွမ်က အလျင်အမြန် မေးလိုက်၏။ "သူ့ပါးစပ်ကနေ မြူခိုးမြို့တော်ရဲ့ အတိအကျ တည်နေရာကို မေးလို့ရလား"

ဟန်ရှန်းမန်က ခေါင်းခါပြလိုက်ပြီး "မေးလို့မရဘူး... သူကိုယ်တိုင်လည်း မသိဘူးတဲ့... အဲဒီမြူခိုးမြို့တော်အကြောင်းကို ချိုးရင်ယွဲ့ တစ်ယောက်ပဲ သိပုံရတယ်"

"ဘာပဲဖြစ်ဖြစ် အဲဒီနေရာက ဒီကနေ ရှစ်မိုင်ကျော် ဝေးတာဆိုတော့ ချိုးရင်ယွဲ့ရဲ့ အလျင်နဲ့မှသာ ရေပြင်ပေါ်မှာ တိုက်ရိုက် ပြေးလွှားပြီး ရှာဖွေနိုင်မှာလေ"

"ကိုလင်း... ခင်ဗျားက မြူခိုးမြို့တော်ကို သွားကြည့်ချင်နေတာလား" ဟု ထူလုံက မနေနိုင်ဘဲ မေးလိုက်သည်။

သူ၏ မျက်လုံးများထဲတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက ကိန်းအောင်းနေ၏။

သူသည်လည်း ဤမြူခိုးမြို့တော်အပေါ်၌ အလွန် စိတ်ဝင်စားနေကြောင်း ထင်ရှားလှသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "အရင်တုန်းက ငါ ရေအောက်မှာ တွေ့ခဲ့ရတဲ့ ရေငုပ်သင်္ဘောက ဒီမြူခိုးမြို့တော်ရဲ့ ဟာများ ဖြစ်နေမလားလို့ သံသယဝင်မိလို့ပါ"

ထူလုံနှင့် ဟန်ရှန်းမန်တို့သည် ထိုစကားကို ကြားသောအခါ ရုတ်တရက် အံ့အားသင့်သွားကြ၏။

ထူလုံက "ဒါဆို ဒီမြူခိုးမြို့တော်က တကယ်ပဲ အင်အားကြီးမားတဲ့ မြို့တော်တစ်ခုများလား"

ဟန်ရှန်းမန်ကလည်း မျက်မှောင်ကြုတ်ကာ "ရေငုပ်သင်္ဘောလိုမျိုး ပစ္စည်းကိုတောင် တီထွင်ထုတ်လုပ်နိုင်တယ်ဆိုတော့ သူတို့ရဲ့ နည်းပညာအဆင့်အတန်းက ကျွန်မတို့ ထိုက်ယန်တောင်ထက် အများကြီး သာလွန်နေပြီပေါ့"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဒါကြောင့်ပဲ ငါလည်း ဒီမြူခိုးမြို့တော်ဆိုတဲ့ နေရာက ဘယ်လိုနေရာမျိုးလဲဆိုတာကို သေချာသွားကြည့်ချင်နေတာ"

ထူလုံနှင့် ဟန်ရှန်းမန်တို့မှာလည်း မနေနိုင်ဘဲ ခေါင်းညိတ်လိုက်ကြသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ဘာမှမရှိသည့် အခြေအနေမှ ယခုကဲ့သို့ တဖြည်းဖြည်း တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်၏။

လူတိုင်း၏ မျက်စိထဲတွင်တော့ ထိုအရာက အံ့ဖွယ်အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။

သို့သော် ရုတ်တရက် ထိုက်ယန်တောင် ခိုလှုံရေးစခန်းထက်ပင် ပိုမို လျင်မြန်ပြီး ပိုမို ဖွံ့ဖြိုးတိုးတက်သော ခိုလှုံရေးစခန်းတစ်ခု ရှိနေခဲ့သည်။

သူတို့မှာ အနည်းနှင့်အများတော့ ယုံကြည်ရခက်နေမိပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း အလွန်တရာ သိချင်စိတ် ပြင်းပြနေကြ၏။

ထိုကဲ့သို့သော ခိုလှုံရေးစခန်းမျိုးက မည်သို့သော ပုံစံမျိုး ဖြစ်နေမည်နည်း။

"ဒါပေမဲ့ အခု ကျွန်တော်တို့ ဒီခိုလှုံရေးစခန်းရဲ့ တည်နေရာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလေ" ဟု ထူလုံက ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး... အဲဒီ အမျိုးသမီးချိုးရင်ယွဲ့ သိတယ်မဟုတ်လား"

ထူလုံက ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွား၏။

"ဟုတ်သားပဲ... လူ့အသက်တစ်ချောင်းနဲ့ သတင်းတစ်ခုဆိုတော့ သူ လဲဖို့ သဘောတူလောက်မှာပါ" ဟု ထူလုံက ရယ်မောကာ ပြောလိုက်သည်။

လင်းယွမ်က မတ်တတ်ရပ်လိုက်ပြီး "ဟုတ်ပြီ... မင်းတို့ ဒီချင်ဇီဟန်ကို သေချာ စောင့်ကြည့်ထားလိုက်... ငါ ပါမောက္ခလီ လင်မယားကို သွားကြည့်လိုက်ဦးမယ်"

ဟန်ရှန်းမန်က အလျင်အမြန် ပြောလိုက်၏။ "ကိုလင်း... ပါမောက္ခလီရဲ့ ဇနီးက အဆစ်အမြစ်ရောင်ရောဂါ တော်တော် ဆိုးရွားနေလို့ ကျွန်မတို့ သူမကို ဝမ်အန်းဆီ ကုသဖို့ ပို့လိုက်ပြီ"

"အခု ပါမောက္ခလီတို့က ဝါးအိမ် (၁) ကို သွားပြီ... ကပ္ပတိန်အခန်းထဲမှာ မရှိတော့ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ငါ သိပြီ"

သူက ချက်ချင်းပင် ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး ဝါးအိမ် (၁) ဘက်သို့ ထွက်ခွာသွားတော့သည်။

ဆက်ရန်...

All Chapters