← Chapters

အခန်း (၃၄၉-၃၅၀)

Vol. 18 Ch. 349-350

အခန်း (၃၄၉-၃၅၀)

Vol. 18 Ch. 349-350

အပိုင်း (၃၄၉) မျိုးရိုးဗီဇကျင့်စဉ် တိုးတက်လာခြင်း

"အ... အ..."

သင်္ဘောကပ္ပတိန် အခန်းထဲတွင် လုယွီယန်က လက်ဟန်ခြေဟန်ဖြင့် တစ်စုံတစ်ရာကို ဖော်ပြနေသည်။

လင်းယွမ်က ဘေးနားတွင်ရပ်ကာ သူမ၏ လက်ဟန်ခြေဟန်ကို ကြည့်ရင်း သူ၏မျက်နှာထက်တွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

"နင်ပြောချင်တာက... ပြင်ပက စွမ်းအင်တွေ ခန္ဓာကိုယ်ထဲကို စီးဝင်လာတာကို ခံစားလိုက်ရတယ်ဆိုတဲ့ သဘောလား"

တိုတောင်းလှသော နေ့ည နှစ်ရက်အတွင်း လင်းယွမ်က လုယွီယန်၏ ခန္ဓာကိုယ်ပေါ်တွင် မျိုးရိုးဗီဇကျင့်စဉ်ကို ကိုယ်ဟန်အမျိုးမျိုးဖြင့် စမ်းသပ်ကာ ခန္ဓာကိုယ်တွင်းရှိ ကြွက်သားများနှင့် သွေးကြောများကို နိုးကြားစေပြီး လှုံ့ဆော်မှု လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်စေရန် အဆက်မပြတ် ကြိုးပမ်းနေခဲ့သည်။

ယခုအခါတွင်မူ နောက်ဆုံး၌ ကနဦး ရလဒ်များကို တွေ့မြင်လာရပြီဖြစ်ရာ ကောင်မလေးက ခုန်ပေါက်မတတ် ရွှင်မြူးနေပြီး သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖုံးလွှမ်းနေကာ ဝမ်းသာပီတိဖြစ်မှုကို ဖော်ပြနေသည်။

သူမက စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန် ပြသနေသည်နှင့်အမျှ မို့မောက်နေသော ရင်သားများကလည်း ပြင်းထန်စွာ ခါရမ်းနေသည်။

သို့သော် လင်းယွမ်က ထိုအချက်ကို သတိမထားမိဘဲ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

ဒီလောက်ကြာအောင် စမ်းသပ်နေခဲ့တာ... နောက်ဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရပြီပဲ။

သူက ချက်ချင်းပင် ဆိုလိုက်သည်။

"လာ... နောက်တစ်ခေါက် ပြန်လုပ်ပြပါဦး... ငါ သေချာ ကြည့်ပါရစေ"

လုယွီယန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကိုယ်ဟန်အနေအထားကို လျင်မြန်စွာ ပြင်ဆင်လိုက်ကာ လင်းယွမ်က ဤရက်ပိုင်းအတွင်း သူမအတွက် စီစဉ်ပေးထားသော လှုပ်ရှားမှုများအတိုင်း စတင် လေ့ကျင့်ပြတော့သည်။

သူမ၏ ခန္ဓာကိုယ်က ပျော့ပျောင်းနွဲ့နှောင်းနေပြီး တစ်ခါတစ်ရံတွင် ပျံသန်းနေသော ပျံလွှားငှက်ငယ်လေးတစ်ကောင်ပမာ၊ တစ်ခါတစ်ရံတွင် သားကောင်ကို ခုန်အုပ်မည့် ကျားရိုင်းတစ်ကောင်ပမာ၊ ထို့ပြင် နတ်သမီးလေးတစ်ပါး လေထဲတွင် လွင့်မျောနေသကဲ့သို့ တက်ကြွလှုပ်ရှားကာ ဆွဲဆောင်မှု ရှိလှသည်။

လှုပ်ရှားမှုတိုင်းတွင် ထူးခြားသော အသက်ရှူနည်းစနစ်များ ပါဝင်နေပြီး ထိုနှစ်ခု ပေါင်းစပ်သွားသောအခါ သူမ၏ ခန္ဓာကိုယ်တွင်းရှိ သွေးလေလှည့်ပတ်မှုကို လှုံ့ဆော်ပေးလေသည်။

လင်းယွမ်၏ စိတ်စွမ်းအင်ကလည်း ပထမဆုံး အချိန်ကတည်းက စူးစမ်းရှာဖွေနေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တွင်းရှိ သွေးလေစီးဆင်းမှု လမ်းကြောင်းကို ခံစားသိရှိနေသည်။

မျိုးရိုးဗီဇကျင့်စဉ်၏ သွေးလေလှည့်ပတ်မှု လမ်းကြောင်းနှင့် သေချာစွာ နှိုင်းယှဉ် ကြည့်လိုက်သည်။

လှုပ်ရှားမှု တစ်ဆက်စာ ပြီးဆုံးသွားသော်လည်း မျိုးရိုးဗီဇကျင့်စဉ် တစ်ခုလုံး၏ သွေးလေလှည့်ပတ်မှု လမ်းကြောင်းအားလုံးကို အပြည့်အဝ မလွှမ်းခြုံနိုင်သေးပေ။

သို့သော် လမ်းကြောင်း၏ တစ်ဝက်ခန့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်က သူမ၏ ခန္ဓာကိုယ်တွင်း၌ သန္ဓေပြောင်းစွမ်းအင် လှိုင်းဂယက်များ အမှန်တကယ် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

အလွန်အမင်း အားနည်းနေသော်လည်း လင်းယွမ်၏ အစွမ်းထက်သော စိတ်စွမ်းအင်ဖြင့် ထိုအချက်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ဆဲ ဖြစ်သည်။

သူက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"ကောင်းတယ်... အရမ်းကောင်းတယ်... ယွီယန်... နင်က အရမ်းတော်တာပဲ"

"ဒီမျိုးရိုးဗီဇကျင့်စဉ်ကြီး အပြည့်အဝ အောင်မြင်သွားတဲ့အခါ... နင်က ပထမဆုံး ပူးတွဲဖန်တီးရှင် ဖြစ်လာမှာပဲ"

လင်းယွမ်က အလွန်ဝမ်းသာအားရဖြင့် အသံထွက်ကာ ရယ်မောလိုက်သည်။

လုယွီယန်ကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ နေ့ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရပြီး နေ့စဉ်နှင့်အမျှ ချွေးသံတရွဲရွဲ ဖြစ်ခဲ့ရပြီးနောက် နောက်ဆုံးတွင် အောင်မြင်မှု၏ မျှော်လင့်ချက်ကို ခံစားလိုက်ရပြီ ဖြစ်သည်။

စိတ်လှုပ်ရှားမှုကြောင့် သူမက လက်ဟန်ခြေဟန် အချို့ကို ဆက်တိုက် ပြသလိုက်ရာ လင်းယွမ်၏ အကြည့်များက စူးရှသွားပြီး သူမ၏ လှုပ်ခါနေသော ရင်သားများကို သတိပြုမိသွားသည်။

သူက မနေနိုင်ဘဲ အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်သည်။ ဤကောင်မလေးက သူ၏ဆီမှ အတွင်းခံအင်္ကျီ အချို့ကို ယူဆောင်သွားပြီးနောက် ဝတ်ဆင်ထားသည့်အခါ ပို၍ပင် ထင်းထွက်နေသယောင် ရှိသည်။

လုယွီယန်က လင်းယွမ်ကို အနည်းငယ် သံသယဝင်စွာဖြင့် ကြည့်လိုက်သည်။ ခုနလေးတင် အလွန်ဝမ်းသာနေခဲ့သော လင်းယွမ်က မည်သည့်အကြောင်းကြောင့် စိတ်ခံစားမှု ပြောင်းလဲသွားကာ ထူးဆန်းသွားရသည်ကို သူမ နားမလည်နိုင်ပေ။

သူမက ငယ်စဉ်ကတည်းက ဘေးပတ်ဝန်းကျင်ရှိ လူများ၏ စိတ်ခံစားမှုကို အကဲခတ်ရာတွင် အလွန် ထိခိုက်လွယ်သူဖြစ်ရာ လင်းယွမ်၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းပင် သတိထားမိလိုက်သည်။

လင်းယွမ်က သူမကို မျက်နှာလွှဲသွားသည်ကို မြင်သောအခါ လင်းယွမ်က လက်ရှိ တိုးတက်မှုကို အားမလိုအားမရ ဖြစ်နေသည်ဟု ထင်မှတ်သွားသည်။

ချက်ချင်းပင် အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားပြီး လင်းယွမ်၏ လက်မောင်းကို အလျင်အမြန် ဆွဲယူလိုက်ကာ လက်ချောင်းများဖြင့် ကပျာကယာ ဖော်ပြလေသည်။

လင်းယွမ်က ခေါင်းပြန်လှည့်ကြည့်လိုက်ရာ သူမ၏ စိတ်လှုပ်ရှားနေသော လှုပ်ရှားမှုများကြောင့် နောက်ထပ် တစ်ကြိမ် လှိုင်းလုံးများ ထကြွလာသည်ကို မြင်တွေ့လိုက်ရသည်။

သူက မနေနိုင်ဘဲ သူမ၏ ပခုံးနှစ်ဖက်ကို အလျင်အမြန် ဖိကိုင်လိုက်ပြီး ပြောလိုက်သည်။

"ရပြီ... ရပါပြီ... ငါက သဘောမကျတာ မဟုတ်ပါဘူး... နင်လည်း လုံလုံလောက်လောက် ကြိုးစားခဲ့ပြီးပြီပဲ... ဒီလောက်ထိ အပြင်းအထန် အားထုတ်နေစရာ မလိုပါဘူး"

"နေ့တိုင်း ဒီအချိန်လောက်လာရင် ရပါပြီ... သီးသန့် အချိန်ပိုဆင်းပြီး လေ့ကျင့်ဖို့ မလိုပါဘူး... နောက်ပိုင်း လှုပ်ရှားမှုတွေကို ပြည့်စုံသွားအောင် လုပ်ဖို့ ငါလည်း အချိန်လိုသေးတယ်"

လုယွီယန်က ထိုစကားကို ကြားသောအခါ ခေါင်းလေးကို အနည်းငယ် ငုံ့သွားသည်။ ထို့နောက် သတ္တိမွေးကာ လင်းယွမ်ကို မော့ကြည့်လိုက်ပြီး လက်ဟန်ခြေဟန်တစ်ခု ပြုလုပ်လိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်ကို အပေါ်သို့ တွန်းတင်လိုက်သည်။

သူမ မေးနေခြင်း ဖြစ်သည်။

"ဒါဆို... ဘာလို့ မပျော်ရွှင်ရတာလဲ"

လင်းယွမ်က သူမနှင့် အတူနေထိုင်လာသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်ရာ သူမ၏ လက်ဟန်ခြေဟန်များကိုလည်း အတော်အတန် လေ့လာထားပြီး ဖြစ်သည်။

ထို့ကြောင့် သူမ၏ ဆိုလိုရင်းကို သူ နားလည်လိုက်သည်။

လင်းယွမ်က ပြုံးလိုက်မိပြီး ပြောလိုက်သည်။

"မပျော်တာ မဟုတ်ပါဘူး... ငါ အရမ်း ဝမ်းသာပါတယ်... ကဲ... ဒါတွေ မပြောတော့ပါဘူး... နင် ပြန်ပြီး ခဏလောက် အနားယူလိုက်ဦးလေ"

လုယွီယန်က အနည်းငယ် စိတ်ပျက်သွားသော်လည်း စကားကို လွန်ဆန်ရန် မဝံ့ရဲပေ။

တကယ်တော့ သူမက နေ့စဉ် လင်းယွမ်ထံသို့ လာရောက်ပြီး သူနှင့် နှစ်ယောက်တည်း အတူရှိနေကာ ဤအရာများကို အတူတကွ လုပ်ဆောင်နိုင်ရန် မျှော်လင့်နေခဲ့သည်။

လင်းယွမ်က သူမအတွက် သွေးလေလှည့်ပတ်မှု လမ်းကြောင်းကို ကိုယ်တိုင် ရှာဖွေပေးတိုင်း သူမ၏ ကြွက်သားများနှင့် အရိုးအဆစ်များကို သူကိုယ်တိုင် ကိုင်တွယ် နှိပ်နယ်ပေးလေ့ရှိသည်။

အမှန်တကယ်တော့ အချို့သော ထိခိုက်လွယ်သည့် နေရာများကိုလည်း လင်းယွမ်က ထိတွေ့မိခဲ့ပြီး ဖြစ်သည်။

ထိုအရာများက အချစ်ရေးနှင့် ပတ်သက်၍ အတွေ့အကြုံ လုံးဝမရှိသော ဆွံ့အနားမကြား ကောင်မလေးကို သူ၏အပေါ်သို့ အပြည့်အဝ မှီခိုတွယ်တာသွားစေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

သို့သော် သူမက သတ္တိနည်းပါးသူ ဖြစ်ရာ သူ၏ရှေ့တွင် မည်သည့်အရာကိုမျှ ဖော်ပြရဲခြင်း မရှိခဲ့ပေ။

သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လင်းယွမ် သင်ပေးထားသော လှုပ်ရှားမှုများကို ထပ်တလဲလဲ လေ့ကျင့်ရန်သာ ဖြစ်သည်။

အကြောင်းမှာ သူမက ထိုလှုပ်ရှားမှုများကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပါက လင်းယွမ် ပြုံးရွှင်လာမည်ကို သူမ သိထားသောကြောင့် ဖြစ်သည်။

သူ ပြုံးလိုက်သည့်အခါ အမှန်တကယ်ပင် ကြည့်ကောင်းပြီး နွေးထွေးမှု ရှိလှသည်။

သူ ပြုံးနေသည်ကို မြင်ရုံဖြင့် သူမ မည်မျှပင် ပင်ပန်းနေပါစေ ကိစ္စမရှိပေ။

သို့သော် ယနေ့တွင် သူက ခဏလေးသာ ပြုံးခဲ့သည်။ သူမ၏ လေ့ကျင့်မှု တိုးတက်မှုကို သဘောမကျ၍များလား။

လုယွီယန်၏ စိတ်အခြေအနေက ညှိုးနွမ်းသွားပြီး ထိုအကြောင်းကို တွေးမိသောအခါ သူမက ပြန်သွားပြီး အချိန်ပို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

"ခဏလောက် နေပါဦး"

လုယွီယန်က ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင် လင်းယွမ်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

လုယွီယန်က အံ့သြသွားပြီး ဆံပင်နှစ်ခွလေး လှုပ်ခါသွားကာ လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။

သို့သော် လင်းယွမ်က ချောင်ချောင်ချိချိရှိသော အားကစားအင်္ကျီ တစ်ထည်ကို ကိုင်ထားပြီး သူမထံသို့ ကမ်းပေးနေသည်ကို မြင်လိုက်ရသည်။

"အပြင်မှာ လေတိုက်နေတယ်... နင်က ခုလေးတင် လေ့ကျင့်ထားလို့ တစ်ကိုယ်လုံး ချွေးတွေရွှဲနေတာ... လေတိုက်ခံပြီး အအေးမိနေမယ်"

"နောက်ပြီး... ဒီအင်္ကျီက နည်းနည်း ချောင်ချောင်ချိချိ ရှိတယ်... နင် အပြင်မှာ လမ်းလျှောက်သွားတဲ့အခါ သိပ်ပြီး ထင်သာမြင်သာ မရှိတော့ဘူးပေါ့"

လုယွီယန်က အံ့သြသွားပြီးနောက် သူမ၏ ကိုယ်ပေါ်ရှိ အင်္ကျီကို ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် လှပသော မျက်နှာလေးက နီမြန်းသွားတော့သည်။

တကယ်တော့ စောစောက ပြင်းထန်သော လှုပ်ရှားမှုများကြောင့် သူမ၏ ကိုယ်ပေါ်ရှိ တီရှပ်က ချွေးများဖြင့် စိုရွှဲနေပြီဖြစ်ရာ အတွင်းဘက်ရှိ အရာမထင်သော အတွင်းခံအင်္ကျီက ယခုအခါတွင် ရှင်းလင်းစွာ မြင်တွေ့နေရသည်။

သူမက မျက်နှာလေး နီရဲလျက် အားကစားအင်္ကျီကို လှမ်းယူလိုက်ပြီး လျင်မြန်စွာ ဝတ်ဆင်လိုက်ကာ လင်းယွမ်ကို ကျေးဇူးတင်ကြောင်း လက်ဟန်ခြေဟန် ပြသလိုက်ပြီးနောက် တံခါးပေါက်မှ ကပျာကယာ ထွက်ပြေးသွားတော့သည်။

သူမ၏ အထိတ်တလန့် ထွက်ပြေးသွားသော ပုံစံကို မြင်သောအခါ လင်းယွမ်ကလည်း မနေနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်မိသည်။

အတော်လေး ဝေးဝေးရောက်သွားမှသာ လုယွီယန်က ခြေလှမ်းများကို နှေးကွေးလိုက်ပြီး စောစောက လင်းယွမ်၏ နူးညံ့သိမ်မွေ့ကာ ဂရုစိုက်မှုအပြည့်ရှိသော စကားများကို ပြန်လည် စဉ်းစားမိသောအခါ သူမက ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်လာခဲ့သည်။

တကယ်တော့ ဒီလေးလံနေတဲ့ ရင်သားတွေက မိမိအတွက် ဒုက္ခတွေ ယူဆောင်လာပေးရုံသာမက ဂရုစိုက်မှုတွေကိုလည်း ယူဆောင်လာပေးတာပဲ။

လင်းယွမ်က လုယွီယန် ထွက်ခွာသွားသည်ကို လိုက်လံကြည့်ရှုနေပြီး သူ၏ စိတ်ထဲတွင်မူ အံ့သြချီးကျူးနေဆဲ ဖြစ်သည်။ ဤကောင်မလေးက အသက်မကြီးသေးဘဲ သေးသွယ်သော လက်မောင်းများနှင့် ခြေထောက်များသာ ရှိသော်လည်း မည်ကဲ့သို့ ဤမျှကြီးမားသော ဆီးနှင်းတောင်ထွတ် တစ်စုံကို ပိုင်ဆိုင်ထားရသနည်း။

သဘာဝတရား၏ ထူးခြားသော လက်ဆောင်ဟုသာ ပြောရမည် ဖြစ်သည်။

ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီးနောက် သူက လှည့်ကာ သင်္ကေတအရိုးများကို လေ့လာရန် ပြင်ဆင်လိုက်သည်။

သို့သော် ရုတ်တရက် တင်းယန်က တံခါးဝတွင် မှီရပ်နေပြီး သူ့ကို ပြုံးစိစိဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်လိုလဲ... ဆယ့်ခြောက်နှစ်အရွယ် အာနိမဲကောင်မလေးက ကြည့်လို့ကောင်းရဲ့လား"

တင်းယန်က ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောလိုက်သည်။

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

"နင်ဘာတွေ လျှောက်ပြောနေတာလဲ... ယွီယန်က ကလေးပဲ ရှိသေးတယ်"

တင်းယန်က ချက်ချင်းပင် လှောင်ရယ် ရယ်လိုက်သည်။

"ကျွန်မက ယွီယန်လို့ ပြောလိုက်လို့လား... တုံယန်ကို ပြောတာရော ဖြစ်မနေနိုင်ဘူးလား"

လင်းယွမ်က စကားဆွံ့အသွားပြီး ပြောလိုက်သည်။

"ယန်ယန်က ဆယ့်ရှစ်နှစ် ပြည့်နေပြီလေ"

"အို... တော်တော်လေး မှတ်မိနေပါလား... ဒါဆို ဆယ့်ရှစ်နှစ်က ကောင်းလား... ဆယ့်ခြောက်နှစ်က ကောင်းလား"

"ဟဟ... ငါကတော့ အသက်နှစ်ဆယ်ကျော် ပါမောက္ခမလေးက ပိုကောင်းမယ်လို့ ထင်တယ်"

ထိုသို့ပြောရင်း သူက ရှေ့တိုးသွားကာ သဝန်တိုနေသော တင်းယန်ကို ဖက်ထားလိုက်သည်။

တင်းယန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။

"လာမလုပ်နဲ့... ရှင်တို့ ယောက်ျားတွေ ဘယ်လိုတွေးနေလဲဆိုတာ ကျွန်မ မသိဘူး မထင်နဲ့"

"ကလေးမလေးတွေမှာ အားသာချက် သုံးခု ရှိတယ်တဲ့... ကိုယ်အလေးချိန် ပေါ့တယ်၊ ခန္ဓာကိုယ် ပျော့ပြောင်းတယ်၊ ပြီးတော့ အလွယ်တကူ လဲကျသွားနိုင်တယ်ဆို... ဟုတ်တယ်မလား" တင်းယန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

လင်းယွမ်က ငိုရခက် ရယ်ရခက် ဖြစ်သွားသည်။

"နင်က တော်တော် သိနေပါလား"

"ရှင့်ကို ကျွန်မ ပြောထားမယ်... ကျွန်မ ဒီတစ်ခေါက် ထွက်လာတာ... တာဝန်တစ်ခု ပါလာတယ်နော်" တင်းယန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

လင်းယွမ်က အံ့သြသွားသည်။

"ဘာတာဝန်လဲ"

"ညီအစ်မတွေက ကျွန်မကို သေချာ မှာလိုက်တယ်... ရှင့်ကို သေချာ စောင့်ကြည့်ထားပါတဲ့... တစ်ချက်လေး သတိလွတ်သွားတာနဲ့ အိမ်မှာ မိသားစုဝင်တွေ ထပ်တိုးလာမှာ စိုးလို့လေ"

လင်းယွမ်က အော်ဟစ် ရယ်မောလိုက်သည်။

"နင်တို့က ငါ့ကို အဲဒီလောက်တောင် စိတ်မချဖြစ်နေကြတာလား"

"ဟက်ဟက်..." တင်းယန်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သူ့ကို ကိုယ်တိုင် နားလည်သဘောပေါက်စေလိုက်သည်။

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

"စိတ်ချပါ... ငါက ဘယ်တော့မှ မိန်းမတွေကို အရင်စပြီး မပတ်သက်ပါဘူး"

တင်းယန်က စကားဆွံ့အသွားပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။ ရှင်က အရင်စပြီး မပတ်သက်ဘူးဆိုတာ ဟုတ်ပေမယ့်... ပြဿနာက ရှင့်ရဲ့ ဒီအရည်အချင်းနဲ့ ဂုဏ်သိက္ခာက မိန်းမ ဘယ်လောက်များများကို ဆွဲဆောင်နိုင်လဲဆိုတာ ရှင် မသိလို့လား။

သို့သော် သူမက ဤစကားကို ထုတ်မပြောနိုင်ခဲ့ပေ။ အမျိုးသားတစ်ယောက်က အလွန် တော်လွန်းနေပါက ဆန့်ကျင်ဘက် လိင်များကို ဆွဲဆောင်နိုင်ခြင်းမှာ အလွန် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။

ဒီလိုကိစ္စမျိုးကို အမျိုးသားက တော်လွန်းနေလို့ပါဆိုပြီး အပြစ်တင်လို့ ရနိုင်မည်လော။

ထို့ပြင် ယခုက မည်သည့်အချိန် ရောက်နေပြီနည်း။ လင်းယွမ်ကဲ့သို့ စွမ်းအားကြီးမားသော သူတစ်ယောက်အတွက် မိန်းမ အနည်းငယ် ပိုများနေပါကလည်း ဘာဖြစ်မည်နည်း။

သူက အိမ်ထဲသို့ ခေါ်မလာသရွေ့ အရာအားလုံးက ပြောဆိုဆွေးနွေး၍ ရနိုင်ပါသည်။

တင်းယန်ကလည်း ဤကိစ္စကို ဆက်လက် အငြင်းပွားမနေချင်တော့ပေ။ သူမက လင်းယွမ်၏ စိတ်ထဲတွင် မကောင်းသော အမြင်မျိုး ချန်မထားခဲ့ချင်ပေ။

အချို့သော စကားများကို အသိပေးရုံမျှ ပြောလိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူမက စကားလမ်းကြောင်း လွှဲလိုက်ပြီး ပြောလိုက်သည်။

"ပါမောက္ခလီရဲ့ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတကို ပြန်ရေးဆွဲလို့ပြီးသွားပြီ... ဒီတစ်ခေါက်တော့ ရှင် သူ့ကို ပေးထားတဲ့ ခရုခွံပေါ်မှာ ရေးဆွဲထားတာပဲ"

"နောက်ပြီး သူနဲ့ ရမ်ကျဲ၊ ဖုချီပေါ်တို့ နှစ်ယောက် တွေ့ဆုံပြီး အရမ်းကို စကားလက်စုံကျနေကြတယ်... သူတို့အဖွဲ့က ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေ အများကြီး ရှိနေကြတယ်... ရှင့်ကိုလည်း အဲ့ဒီကို လာပြီး စကားပြောဖို့ ဖိတ်ခေါ်နေတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြောလိုက်သည်။

"သိပြီ... ငါ အခုပဲ သွားလိုက်မယ်"

သူတို့နှစ်ယောက် အတူတကွ ဖီးနစ် သင်္ဘောခန်းဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာက စားသောက်ခန်း ဧရိယာဖြစ်ပြီး ရမ်ကျဲ၊ ဖုချီပေါ်နှင့် လီဟန်ကျုံးတို့ အတူတကွ သင်္ကေတ နည်းပညာများကို ဆွေးနွေးနိုင်ရန်နှင့် သူတို့၏ ကိုယ်ပိုင် သုတေသန အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ယာယီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင်တစ်ခုအဖြစ် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင် အခန်းထဲတွင်မူ သန္ဓေပြောင်း သတ္တဝါများ၏ အရိုးစု အမြောက်အမြားနှင့် စွမ်းအင်အမျိုးအစား အသီးသီးရှိသော စွမ်းအင်ကျောက်တုံးများကို သပ်ရပ်စွာ စီစဉ်ထားသည်ကို တွေ့မြင်လိုက်ရသည်။

နံရံပေါ်တွင်လည်း သွေးစက်များ၊ ထွင်းထုသည့် ဓားများ၊ ပလာယာများ၊ တူများ အစရှိသည့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသော ကိရိယာ အမြောက်အမြားကို ချိတ်ဆွဲထားသည်။

လင်းယွမ် ရောက်ရှိလာချိန်တွင် အတွင်းဘက်ရှိ ရမ်ကျဲ၊ ဖုချီပေါ်နှင့် လီဟန်ကျုံးတို့ သုံးယောက် ပြင်းထန်စွာ အငြင်းပွားနေသည်ကို ကြားလိုက်ရသည်။

"ဦးနှောက်လှိုင်းဆိုတာ လျှပ်စစ်သံလိုက်လှိုင်းလို့ သတ်မှတ်လို့ရတာပေါ့... ဇီဝလျှပ်စီးကြောင်းကို ဘာလို့ လျှပ်စစ်သံလိုက်လှိုင်းလို့ သတ်မှတ်လို့ မရတာလဲ"

"ဦးနှောက်လှိုင်းက အဲဒီလောက် အားနည်းနေတာကို ဘယ်လိုလုပ် လျှပ်စစ်သံလိုက်လှိုင်းလို့ သတ်မှတ်လို့ရမှာလဲ... လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတက သက်ရှိတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှု ရှိနိုင်တာက လျှပ်စစ်သံလိုက်လှိုင်းတွေက စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို သက်ရောက်သွားလို့ပဲလို့ ငါ ထင်တယ်"

"ဒါဆို မင်း ပြောကြည့်လေ... စိတ်ဝိညာဉ်ခန္ဓာကိုယ်ဆိုတာ ဘာလဲ... စိတ်စွမ်းအင်ကရော ဘယ်လို ဖြစ်တည်လာတာလဲ"

"ငါက ဒါကို ဘယ်လိုလုပ်သိမှာလဲ... ငါသာ သိခဲ့မယ်ဆိုရင် နိုဘယ်လ်ဆုတောင် သွားယူလို့ ရနေလောက်ပြီ"

"မင်းကလည်း လျှောက်ပြောမနေပါနဲ့... နိုဘယ်လ်ဆု ဟုတ်လား... အခု အပြင်ဘက်မှာ ရေထဲက မိစ္ဆာကောင်တွေပဲ မင်းကို ဆုပေးနိုင်တော့မှာ"

"ဝေးသွားပြီ... မင်းတို့ နှစ်ယောက် ပြောတာ တော်တော်လေး လမ်းလွဲသွားပြီ... အခု ငါတို့ လေ့လာနေတာက ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတကို အသုံးပြုပြီး စိတ်စွမ်းအင်ကို သက်ရောက်နိုင်စေတဲ့ လက်နက်ကို ဘယ်လို ဖန်တီးမလဲ ဆိုတာပဲ" လီဟန်ကျုံး၏ အသံက ထွက်ပေါ်လာပြီး ထိုနှစ်ယောက်၏ အငြင်းပွားမှုကို ဖြတ်တောက်လိုက်သည်။

"ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတရဲ့ စွမ်းအင်က အရမ်းကို အားနည်းလွန်းနေသေးတယ်... သန္ဓေပြောင်းငါးတွေလို သက်ရှိတွေရဲ့ အသိစိတ်ကိုပဲ နှောင့်ယှက်နိုင်တာလေ... စိတ်စွမ်းအင်ကို တိုက်ခိုက်နိုင်တဲ့ လက်နက်တစ်ခုအနေနဲ့ ဖန်တီးချင်တယ်ဆိုရင်တော့ နည်းနည်း ခက်ခဲလိမ့်မယ်လို့ ထင်တယ်" ဖုချီပေါ်က မနေနိုင်ဘဲ ပြောလိုက်သည်။

ရမ်ကျဲက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြောလိုက်သည်။

"ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတရဲ့ အစွမ်းကို မြှင့်တင်လို့ရမယ့် နည်းလမ်း ရှိမလား"

ဖုချီပေါ်က ကြားသောအခါ လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။

"အရေအတွက်က အရည်အသွေးကို သက်ရောက်မှု ရှိနိုင်မလား"

ရမ်ကျဲ၏ မျက်လုံးများကလည်း ချက်ချင်းပင် အရောင်လက်သွားသည်။

"ဟုတ်သားပဲ... တစ်ခုတည်းနဲ့ မရရင် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတ ဆယ်ခု၊ အခုတစ်ရာ၊ ဒါမှမဟုတ် အခုတစ်ထောင်လောက်ကို တစ်ပြိုင်နက်တည်း အလုပ်လုပ်ခိုင်းမယ်ဆိုရင် အစွမ်းထက်တဲ့ လျှပ်စစ်သံလိုက် နှောင့်ယှက်ရေးကိရိယာ ဖြစ်မလာနိုင်ဘူးလား... အဲဒီကနေတစ်ဆင့် အစွမ်းပိုင်ရှင်တွေရဲ့ စိတ်စွမ်းအင်ကို သက်ရောက်မှု ရှိလာနိုင်တာပေါ့"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး ပြောလိုက်သည်။

"ဒါကလည်း လမ်းကြောင်းတစ်ခုပဲ... အရေအတွက် ပြောင်းလဲမှုကနေ အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာဆိုတော့ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး"

"ကျွန်တော်တို့ သင်္ဘောပေါ်မှာ သုံးနေတဲ့ ရေဒါကလည်း တစ်ခုတည်းသော မိုက်ခရိုဝေ့ဖ် ထုတ်လွှင့်တဲ့ နည်းလမ်း မဟုတ်ဘူးလေ... ထုတ်လွှင့်တဲ့ အစိတ်အပိုင်း အများကြီးနဲ့ ဖွဲ့စည်းထားတာ... အဲဒါအပြင် ထိန်းညှိကိရိယာတွေ၊ အသံချဲ့စက်တွေကနေတစ်ဆင့် ချဲ့ထွင်မှုတွေ လုပ်ဖို့ လိုအပ်သေးတယ်"

တံခါးအပြင်ဘက်တွင် ရပ်နေသော လင်းယွမ်နှင့် တင်းယန်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။

တင်းယန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်မကတော့ ကျောင်းတုန်းက သုတေသန ဆွေးနွေးပွဲအဖွဲ့ကို ပြန်ရောက်သွားသလိုပဲ ခံစားရတယ်... ဒီသုံးယောက် အတူတူ ရှိနေတာက သုတေသန လုပ်ဖို့ တကယ်ကို ကောင်းမွန်တဲ့ အကူအညီတွေပဲ"

လင်းယွမ်ကလည်း ပြုံးလိုက်သည်။

"ငါတို့ ထိုက်ယန်တောင်ရဲ့ သင်္ကေတ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကိုလည်း အခုအချိန် ဖွဲ့စည်းဖို့ အချိန်ကျပြီထင်တယ်"

"သွားရအောင်... သူတို့ရဲ့ ရလဒ်တွေကို ဝင်ကြည့်ကြတာပေါ့"

လင်းယွမ်က တံခါးကို ခေါက်လိုက်ပြီးနောက် တင်းယန်ကို ခေါ်ကာ အတူတကွ ဝင်ရောက်လာခဲ့သည်။

အခန်းထဲရှိ လူသုံးယောက်က ချက်ချင်းပင် ဆွေးနွေးမှုကို ရပ်တန့်လိုက်ကြပြီး လင်းယွမ် ဝင်လာသည်ကို မြင်သောအခါ အလျင်အမြန် မတ်တပ်ထရပ်လိုက်ကြသည်။

"ဆရာလင်း ရောက်လာပြီပဲ"

"မင်္ဂလာပါ ဆရာလင်း"

"ဆရာလင်း... ရောက်လာပြီလား... လာ ထိုင်ပါ... ထိုင်ပါဦး"

လူသုံးယောက်က အသီးသီး နှုတ်ဆက်လိုက်ကြပြီး ရမ်ကျဲက ခုံကို ဆွဲယူကာ လင်းယွမ်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

သူက တိုက်တစ်တိုက်၏ ခေါင်းဆောင် ဖြစ်လာနိုင်ခြင်းမှာ သဘာဝကျကျပင် သုတေသန စွမ်းရည်အပေါ်၌သာ မှီခိုနေခြင်း မဟုတ်ဘဲ သူ၏ ဦးနှောက်ကလည်း ထက်မြက်လှသောကြောင့် ဖြစ်သည်။

လင်းယွမ်က ပြုံးရင်း ပြောလိုက်သည်။

"အားနာစရာ မလိုပါဘူး... အားလုံးက ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဝင်ရောက်လာကြပြီဆိုတော့ နောင်ဆိုရင် မိသားစုဝင်တွေ ဖြစ်သွားကြပြီပဲ... အားလုံး ထိုင်ကြပါ... ထိုင်ပြီးမှ ပြောကြတာပေါ့"

လူသုံးယောက်၏ မျက်နှာထက်တွင် အပြုံးများ ဖုံးလွှမ်းသွားပြီး လီဟန်ကျုံးက ပြုံးလျက် ပြောလိုက်သည်။

"ဆရာလင်း... ဒီခရုခွံလေးကို ကြည့်ပါဦး... ကျွန်တော် တစ်ညလုံး အချိန်ယူပြီး ပုံတူကူးချထားတာပါ"

"ဒီအပေါ်မှာ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတ နှစ်ခုကို သေချာ ထွင်းထုထားတယ်... နောက်ပြီး စွမ်းအင်ကျောက်တုံးရဲ့ အမှုန့်တွေကို အသုံးပြုပြီး သင်္ကေတ ရေးဆွဲရင် အာနိသင် ပိုကောင်းမယ်လို့ ရှောင်ရမ်နဲ့ ရှောင်ဖုတို့က ပြောတာ ကြားလိုက်ရတယ်... ဒါကြောင့် ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် ဒီက စွမ်းအင်ကျောက်တုံး အမှုန့်တွေကို ယူသုံးလိုက်မိတယ်... အပြစ်မယူပါနဲ့နော်"

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ပါမောက္ခလီက ဘာတွေ ပြောနေတာလဲ... ကျွန်တော့်ရဲ့ ဒီနေရာက အစကတည်းက သင်္ကေတတွေကို လေ့လာဖို့ နေရာပါပဲ... ဒီက ပစ္စည်းအားလုံးကို ခင်ဗျား စိတ်ကြိုက် သုံးလို့ရပါတယ်"

ထိုသို့ ပြောဆိုရင်း သူက ထိုခရုခွံကို လှမ်းယူလိုက်သည်။

ခရုခွံပေါ်တွင် အမှန်တကယ်ပင် အရောင်နှစ်မျိုးရှိသော သင်္ကေတများကို ရေးဆွဲထားသည်။

သင်္ကေတများ၏ အရောင်က မတူညီသော်လည်း သင်္ကေတများအပေါ်ရှိ ပုံသဏ္ဌာန်ကမူ တူညီနေပြီး အားလုံးက လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတများသာ ဖြစ်ကြသည်။

လင်းယွမ်က မေးလိုက်သည်။

"စမ်းသပ်ပြီးသွားပြီလား"

လီဟန်ကျုံးက ခေါင်းယမ်းလိုက်သည်။

"စမ်းသပ်ဖို့ အချိန်မရသေးဘူး... အဓိကက စွမ်းအင်ကျောက်တုံး အမှုန့်တွေကို ထည့်လိုက်ရင် ဘယ်လို ထူးခြားတဲ့ အာနိသင်တွေ ရှိလာမလဲဆိုတာကို ကျွန်တော်လည်း မသိဘူးလေ... ဒီနေရာကို ဆုံးရှုံးမှုတွေ ဖြစ်သွားမှာနဲ့ သင်္ဘောကိုယ်ထည်ကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်သွားမှာကို စိုးရိမ်လို့ပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ အနည်းငယ် တွေးတောလိုက်ပြီး လက်လှမ်းမီရာမှ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်သည်။

ထို့နောက် လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးကို စားပွဲပေါ်တွင် တပ်ဆင်လိုက်ပြီး အသက်သွင်းလိုက်ပြီးနောက် ချက်ချင်းပင် ဖောက်ထွင်းမြင်ရသော စိတ်စွမ်းအင် လိပ်ခွံအကာအကွယ် အလွှာတစ်ခု ထွက်ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်သောအခါ ထိုနေရာရှိ လူသုံးယောက်လုံး ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဖုချီပေါ်က အလျင်အမြန် မေးလိုက်သည်။

"ဒါ... ဒါက ဘာကြီးလဲ"

ရမ်ကျဲက ချက်ချင်းပင် ခန့်မှန်းကာ မေးလိုက်သည်။

"စိတ်စွမ်းအင် ကာကွယ်ရေး အမျိုးအစား သင်္ကေတအရိုးလား"

"မဟုတ်ဘူး... မဟုတ်သေးဘူး... သင်္ကေတအရိုးက အစွမ်းပိုင်ရှင်တွေ အသက်သွင်းမှပဲ အသုံးပြုလို့ ရတာလေ... ဒီပစ္စည်းက အစွမ်းပိုင်ရှင်တွေနဲ့ ကင်းကွာသွားတာတောင် ကိုယ့်ဘာသာ အလုပ်လုပ်နိုင်တယ်ပေါ့"

ဖုချီပေါ်က ချက်ချင်းပင် ပြောလိုက်သည်။

"စွမ်းအင်ကျောက်တုံးပဲ... ဒီသင်္ကေတကို စွမ်းအင်ကျောက်တုံးပေါ်မှာ ထွင်းထုထားတာ... အစွမ်းပိုင်ရှင်အစား စွမ်းအင်ကျောက်တုံးကို သုံးပြီး စွမ်းအင် အရင်းအမြစ်အနေနဲ့ အသုံးပြုထားတာပဲ... ဒါက သင်္ကေတကို ကိုယ့်ဘာသာ အလုပ်လုပ်ခွင့် ပေးနိုင်တာပေါ့"

လီဟန်ကျုံးကလည်း မနေနိုင်ဘဲ အံ့သြချီးကျူးလိုက်သည်။

"ဒီလိုမျိုးတောင် လုပ်လို့ရတာလား"

လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ဒါက ကျွန်တော်တို့ ထိုက်ယန်တောင်က တီထွင်ထားတဲ့ သင်္ကေတကျောက်တုံး နည်းပညာပဲ... စွမ်းအင်ကျောက်တုံးရဲ့ ထူးခြားချက်ကို အသုံးပြုပြီး သင်္ကေတကို စွမ်းအင်ကျောက်တုံးပေါ်မှာ တိုက်ရိုက် ထွင်းထုလိုက်တာ... ပြီးတော့ သင်္ကေတကျောက်တုံး အဖြစ် ဖန်တီးလိုက်တာပဲ"

"ဒီလိုဆိုရင် သာမန်လူတွေတောင်မှ သင်္ကေတကျောက်တုံးကို အသက်သွင်းနိုင်ပြီး အစွမ်းပိုင်ရှင်တွေမှသာ အသုံးပြုနိုင်တဲ့ စွမ်းရည်တွေကို ယာယီ ရရှိသွားနိုင်တာပေါ့"

ထိုစကား ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူသုံးယောက်လုံး၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားကြသည်။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ကိုယ်ပိုင် သုတေသန နည်းပညာတွေ ရှိနေခဲ့တာပဲ။

လီဟန်ကျုံးက ချက်ချင်းပင် တွေးလိုက်မိသည်။ ဤကဲ့သို့သော ခိုလှုံရေးစခန်းမျိုးက အမှန်တကယ်ပင် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။

ထိုသို့မဟုတ်ပါက သင်္ကေတကျောက်တုံး ကဲ့သို့သော အရာများကို လေ့လာသုတေသနပြုရန် အားလပ်ချိန် လုံးဝ ရှိမည်မဟုတ်ပေ။

ထို့နောက် သူက အရာတစ်ခုကို ချက်ချင်း သတိပြုမိသွားသည်။ သင်္ကေတကျောက်တုံး၏ အဓိက အခြေခံအရာမှာ စွမ်းအင်ကျောက်တုံးပင် ဖြစ်သည်။

လီရွှေဥယျာဉ်တွင် ရှိနေစဉ်က ထိုစွမ်းအင်ကျောက်တုံးသည် အလွန်အမင်း တန်ဖိုးကြီးမားသော အရာတစ်ခုဖြစ်ပြီး ခရုခွံကဲ့သို့သော သတ္တဝါများ၏ ခန္ဓာကိုယ်တွင်းမှ တူးဖော်ရယူမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။

"ဆရာလင်းတို့ဆီမှာ စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိနေတာလား"

လီဟန်ကျုံးက မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

"များတယ်လို့တော့ မဆိုနိုင်ပါဘူး... ကျွန်တော်တို့ဆီမှာ စွမ်းအင်ကျောက်တုံး ထွက်တဲ့ တွင်းထွက်သတ္တုကြော တစ်ခု ရှိနေရုံလေးပါ"

"ဘာ" လီဟန်ကျုံး၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။

"သောက်ကျိုးနည်း" ဖုချီပေါ်က တိုက်ရိုက်ပင် ဆဲရေးတိုင်းထွာလိုက်သည်။

ရမ်ကျဲ၏ အသက်ရှူနှုန်းကလည်း ချက်ချင်းပင် မြန်ဆန်လာသည်။

"စွမ်းအင်ကျောက်တုံး တွင်းထွက်သတ္တုကြော ဟုတ်လား"

ဆက်ရန်...

အပိုင်း (၃၅၀) လေ့လာဆွေးနွေးမှုနှင့် ထိုက်ယန်တောင် သို့ ပြန်လာခြင်း

ထိုက်ယန်တောင်တောင်တွင် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးသတ္တုကြော ရှိသည်ဟု ရုတ်တရက်ကြားလိုက်ရသောကြောင့် လူသုံးယောက်လုံး အံ့အားသင့်သွားကြသည်။

တစ်တုံးရဖို့အရေးကိုပင် အပြင်းအထန် ကြိုးစားနေရသည့် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများသည် သတ္တုကြောအသွင်ဖြင့် တည်ရှိနေလိမ့်မည်ဟု သုံးယောက်လုံး အိပ်မက်ပင် မက်ဖူးခဲ့ကြပေ။

ရမ်ကျဲက မနေနိုင်တော့ဘဲ ... "သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးတွေက သတ္တုကြောအဖြစ် တည်ရှိနေနိုင်တာလား"

လင်းယွမ်က ပြုံးလိုက်ပြီး... "ကျောက်တုံးဖြစ်မှတော့ သတ္တုကြောလည်း ဖြစ်နိုင်တာပေါ့"

"ဆရာလင်းယွမ်... ဒီသတင်းကိုတော့ ဘယ်သူ့ကိုမှ မပေါက်ကြားပါစေနဲ့..."

"သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးတွေကို အပြင်က လူတွေ ဘယ်လောက်တောင် လိုချင်နေကြလဲ ဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး"

လီဟန်ကျုံးမှာ ချက်ချင်းဆိုသလို မျက်နှာထား တည်သွားပြီး လင်းယွမ်ကို အလျင်အမြန် သတိပေးလိုက်သည်။

လင်းယွမ်လည်း သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများ၏ အရေးပါမှုကို နားလည်ထားသည်။

အထူးသဖြင့် သူ ဒီတစ်ခေါက် အပြင်ထွက်လာချိန်တွင် အဖွဲ့အစည်းငယ်လေး အများအပြားသည် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများကို အသုံးပြု၍ သန္ဓေပြောင်း လက်နက်များ စတင်တီထွင်နေကြပြီ ဖြစ်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများသည် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခု ဖြစ်လာမည်ကို သူ သိထားသည်။

"စိတ်ချပါ... ပါမောက္ခလီ ကျွန်တော် နားလည်ပါတယ်..."

ဖုချီပေါ် ကလည်း မနေနိုင်ဘဲ ... "ဆရာလင်းယွမ်... ခင်ဗျားတို့ရဲ့ သတ္တုကြောကနေ နေ့တိုင်း သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး ဘယ်လောက်လောက် ထုတ်လုပ်နိုင်လဲ"

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး... "လောလောဆယ်တော့ အတိအကျ မသိရသေးဘူး... ဒါပေမဲ့ တစ်နေ့ကို ရာချီလောက်တော့ ရနိုင်ပါတယ်"

လင်းယွမ် ပြောနေသည်က ထိုက်ယန်တောင် သတ္တုတွင်းနယ်မြေတစ်ခုတည်းကိုသာ ပြောနေခြင်း ဖြစ်သည်။

မိန်တောင်နှင့် လင်းယွင်တောင်စောင်း ရှိ သတ္တုကြောများကို ထည့်မတွက်ရသေးပေ။

သူ၏ ခန့်မှန်းချက်အရ ထိုက်ယန်တောင်တောင်ရှိ သတ္တုကြောသည် သတ္တုကြောခွဲတစ်ခုသာဖြစ်ပြီး ပင်မသတ္တုကြောကြီးမှာ မိန်တောင်တွင် ရှိနေနိုင်ကြောင်း ဖြစ်သည်။

လင်းယွင်တောင်စောင်းဘက်တွင်လည်း သတ္တုကြော ရှိနိုင်သော်လည်း ထိုက်ယန်တောင်တောင်ထက်တော့ ပိုသေးငယ်နိုင်မည်ဟု သူက ခန့်မှန်းထားသည်။

၎င်းသည် မိန်တောင်၊ ထိုက်ယန်တောင်တောင်နှင့် လင်းယွင်တောင်စောင်း သုံးခုလုံးကို ဖြတ်သန်းသွားသည့် သတ္တုကြောကြီးတစ်ခု ဖြစ်သည်။

အတိအကျ ဘယ်လောက်ထွက်နိုင်မည် ဆိုသည်ကိုမူ မည်သူကမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

လူသုံးယောက်လုံး အံ့အားသင့်နေဆဲဖြစ်သည်ကို မြင်သောအခါ လင်းယွမ်က ခေါင်းစဉ်ကို ချက်ချင်း ပြောင်းလိုက်ပြီး... "ဒါတွေ မပြောပါနဲ့တော့... ခုနက ကျွန်တော်ထုတ်ပြခဲ့တဲ့ ကျောက်တုံးက လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးလို့ ခေါ်တယ်... ကျွန်တော် ကိုယ်တိုင် ပြုလုပ်ထားတာပါ"

"သူ့ရဲ့ သဘောသဘာဝကတော့ စိတ်စွမ်းအင် အမျိုးအစား ကာကွယ်ရေး အစွမ်းတစ်ခုပါပဲ"

"အခု ကျွန်တော်တို့ ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတက သူ့အပေါ် ဘယ်လောက် သက်ရောက်မှု ရှိလဲဆိုတာကို စမ်းသပ်ကြည့်ရအောင်"

လင်းယွမ်က လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတ ရေးဆွဲထားသော ခရုခွံကို ကောက်ယူလိုက်သည်။

ခရုခွံ၏အဝကို စားပွဲပေါ်တွင် ဖုံးအုပ်ထားသည့် လိပ်ခွံစွမ်းအင်အကာအကွယ်ဘက်သို့ လှည့်လိုက်ပြီးနောက် လင်းယွမ်က ထိုခရုခွံပေါ်ရှိ သင်္ကေတကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

"ဝုန်း"

တုန်ခါသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် မမြင်ရသော လျှပ်စစ်သံလိုက်လှိုင်းတစ်ခု ချက်ချင်း ပြန့်ထွက်သွားသည်။

လျှပ်စစ်သံလိုက်လှိုင်း ထွက်ပေါ်လာပြီး လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် ထိတွေ့သွားသည့် အချိန်တွင် အကာအကွယ် မျက်နှာပြင်ပေါ်၌ အနည်းငယ် တုန်ခါမှု ဖြစ်ပေါ်သွားသည်။

ထိုတုန်ခါမှုသည် ရေလှိုင်းလေးများကဲ့သို့ ဖြည်းညှင်းစွာ ပြန့်နှံ့သွားသည်။

လိပ်ခွံစွမ်းအင်အကာအကွယ်ကို ထုတ်လွှတ်ပေးနေသော ထိုသင်္ကေတကျောက်တုံးလေးသည် မျက်စိရှေ့တွင်ပင် သေးငယ်သွားပြီး စွမ်းအင် အတော်များများ ကုန်ဆုံးသွားသည်။

လင်းယွမ်က ထိုအခြေအနေကို မြင်ပြီး "လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတက တကယ်ပဲ စိတ်စွမ်းအင်အပေါ် သက်ရောက်မှု ရှိတာပဲ"

လီဟန်ကျုံးက အလျင်အမြန်ပင် "နောက်ထပ် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတ တစ်ခုနဲ့ ထပ်စမ်းကြည့်ဦး"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတနောက်တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။

"ဝှစ်"

ထိုလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတက ချက်ချင်း တုန်ခါပြန့်ထွက်သွားပြီး ခရုခွံအဝမှနေ၍ စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် လိပ်ခွံစွမ်းအင်အကာအကွယ်ဆီသို့ အဆက်မပြတ် တိုက်မိသွားသည်။

လိပ်ခွံစွမ်းအင်အကာအကွယ်က နောက်တစ်ကြိမ် တုန်ခါသွားသော်လည်း မကွဲသွားပေ။ သို့သော် ဓာတ်မဲ့ သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးလေးကတော့ နောက်ထပ် အနည်းငယ် မှေးမှိန်သွားပြန်သည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း တိုက်ခိုက်မှု နှစ်ကြိမ်အပြီးတွင် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး၏ ကုန်ဆုံးမှု အခြေအနေကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်လိုက်သည်။

သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "တိုက်ခိုက်မှု နှစ်ကြိမ်က သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးအပေါ် သက်ရောက်မှု သိပ်မကွာဘူး... အပြောင်းအလဲ သိပ်မရှိဘူး"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ "ဒီလျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတက သန္ဓေပြောင်းစွမ်းအင် ကျောက်မှုန့်ရဲ့ သက်ရောက်မှုကို မခံရဘူး ထင်တယ်နော်"

ရမ်ကျဲက ချက်ချင်းပင် "သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးရဲ့ ဓာတ်သဘာဝ မမှန်တာကြောင့်များလား... ဆရာလင်းယွမ်... စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးရော ရှိလား"

ဖုချီပေါ်က အံ့သြသွားပြီး "စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးဆိုတာ ရှိလို့လား"

ရမ်ကျဲက "ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဓာတ်တွေတောင် ရှိသေးတာပဲ... စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး ဘာလို့ မရှိနိုင်ရမှာလဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး တကယ် ရှိပါတယ်"

ထိုသို့ပြောပြီးနောက် သူ၏အင်္ကျီအိတ်ကပ်ထဲမှ ဖန်သားလို ကြည်လင်နေသော သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

ထိုသန္ဓေပြောင်းစွမ်းအင် ကျောက်တုံးသည် တစ်တုံးလုံး ဖန်သားလို ကြည်လင်နေပြီး လင်းလက်တောက်ပကာ အလွန်လှပနေသည်။

၎င်းသည် လင်းယွမ် မိန်တောင်တွင် တွေ့ရှိခဲ့သည့် စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးပင် ဖြစ်သည်။

"ဒါက စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးလား"

"စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးက ဒီလိုပုံစံမျိုး ကိုး"

လီဟန်ကျုံးတို့ သုံးယောက်သည် အလျင်အမြန် စုဝေးလာကြပြီး ထိုသန္ဓေပြောင်းစွမ်းအင် ကျောက်တုံးကို ဝိုင်းကြည့်ကာ အံ့သြချီးကျူးနေကြသည်။

တခြား ဓာတ်သဘာဝရှိသော သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးများကို လူတိုင်း ခဏခဏ မြင်ဖူးသော်လည်း ဤသို့သော စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး သူတို့ကို ကြည့်ခွင့်ပေးထားလိုက်ကာ နောက်ထပ် ကျောက်တုံးတစ်တုံးကို ထပ်ထုတ်လိုက်သည်။

ထို့နောက် သူတို့ရှေ့တွင် ထိုစိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးကို ညှစ်ခြေလိုက်သည်။

တိုက်ရိုက် အမှုန့်ဖြစ်သွားအောင် ညှစ်ခြေလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ခရုခွံပေါ်ရှိ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတ နှစ်ခုပေါ်မှ သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး အမှုန့်များကို ဖယ်ရှားလိုက်ပြီး စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး အမှုန့်များကို ပြောင်းလဲသုတ်လိမ်းလိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ လင်းယွမ်က ခရုခွံကို ထပ်မံ မြှောက်လိုက်ပြီး မလှမ်းမကမ်းရှိ လိပ်ခွံစွမ်းအင်အကာအကွယ်ဆီသို့ ဦးတည်ကာ သင်္ကေတကို အသက်သွင်းလိုက်သည်။

"ဝှစ်"

တုန်ခါသံ တစ်ချက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မမြင်ရသော လျှပ်စစ်သံလိုက်လှိုင်းများ တစ်ထပ်ပြီးတစ်ထပ် ပြန့်ထွက်သွားသည်။

ဤတစ်ကြိမ်တွင် လျှပ်စစ်သံလိုက်လှိုင်း သင်္ကေတ ပြန့်ထွက်သည့် အလျင်သည် အလွန်မြန်ဆန်သွားကြောင်း လင်းယွမ် သိသိသာသာ ခံစားလိုက်ရသည်။

"ဒုန်း"

ရုတ်တရက် တစ်ဖက်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်က ပြင်းထန်သော တိုက်ခိုက်မှုအသံ တစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

အတွင်းရှိ သင်္ကေတကျောက်တုံးပေါ်မှ အလင်းရောင်သည် လျင်မြန်စွာ မှေးမှိန်သွားပြီး သင်္ကေတကျောက်တုံး တစ်ခုလုံး၏ အရွယ်အစားသည်လည်း လျင်မြန်စွာ ကျုံ့ဝင်သွားသည်။

အသက်ရှုကြိမ် အနည်းငယ်မျှ အချိန်တိုအတွင်းမှာပင် သင်္ကေတကျောက်တုံးသည် ဆယ်ပုံတစ်ပုံခန့် ကျုံ့ဝင်သွားသည်။

လင်းယွမ်က ချက်ချင်း ရပ်တန့်လိုက်သည်။

လီဟန်ကျုံးက အလျင်အမြန်ပင် ဝမ်းသာအားရ အော်လိုက်ပြီး "အသုံးဝင်တယ်... တကယ် အသုံးဝင်တာပဲ "

"စိတ်စွမ်းအင် ကျောက်မှုန့်နဲ့ ဖန်တီးထားတဲ့ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတက တကယ်ပဲ သင်္ကေတရဲ့ အာနိသင်ကို တိုးမြှင့်ပေးနိုင်တာပဲ"

ရမ်ကျဲကလည်း အလျင်အမြန် စိတ်လှုပ်ရှားစွာဖြင့် "အရင်တုန်းက ဓာတ်သဘာဝ မကိုက်ညီလို့ ဖြစ်ရတာကိုး... အရင်က ကျွန်တော် လက်နက်တချို့ ဖန်တီးတုန်းကလည်း အဲ့လို အခြေအနေမျိုး ကြုံဖူးတာ အခုမှ သတိရတယ်"

"ရေဓာတ် သင်္ကေတကို သန္ဓေပြောင်း သတ္တဝါရဲ့ အရိုးပေါ်မှာ ရေးဆွဲပြီးရင် ရေဓာတ် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးနဲ့မှ ပိုအားကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်ပေးနိုင်တာ"

ဖုချီပေါ်ကလည်း ချက်ချင်းပင် "ဒါတင်မကသေးဘူးနော်... တကယ်တော့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးတွေမှာလည်း ဓာတ်သဘာဝ ကွဲပြားမှု ရှိတယ်"

"သန္ဓေပြောင်းငါး အများစုက ရေဓာတ် သန္ဓေပြောင်း သတ္တဝါတွေ ဖြစ်လို့ သဘာဝအရ ရေဓာတ် သင်္ကေတနဲ့ ကိုက်ညီတယ်"

"ဒါပေမဲ့ တချို့သန္ဓေပြောင်း သတ္တဝါတွေက ရေဓာတ် မဟုတ်ကြဘူး... သူတို့ရဲ့ အရိုးတွေထဲမှာ အခြား ဓာတ်သဘာဝ ပါဝင်မှုတွေ အများကြီး ရှိနေနိုင်တယ်"

"ဒီလိုအချိန်မှာ ရေဓာတ် သင်္ကေတကို အတင်းအဓမ္မ ရေးဆွဲမယ်ဆိုရင် သန္ဓေပြောင်း သတ္တဝါရဲ့ အရိုးပေါ်မှာ ဆိုးကျိုးတွေတောင် သက်ရောက်နိုင်တယ်"

"သင်္ကေတရဲ့ အာနိသင် လျော့ကျသွားရုံသာမကဘဲ သန္ဓေပြောင်း သတ္တဝါရဲ့ အရိုးတွေလည်း အလွယ်တကူ ပျက်စီးသွားနိုင်တယ်"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ "ဒီလိုဆိုတော့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုး ဓာတ်သဘာဝရယ်... သင်္ကေတရဲ့ ဓာတ်သဘာဝရယ်... နောက်ပြီး သန္ဓေပြောင်းစွမ်းအင် ကျောက်တုံးရဲ့ ဓာတ်သဘာဝရယ် အားလုံးက သဟဇာတ ဖြစ်နေဖို့ လိုတာပဲ"

"ဒီထဲမှာ ကြီးမားတဲ့ အသိပညာကြီး ရှိနေတာကိုး"

အားလုံးက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

လင်းယွမ်သည်လည်း သူတို့ကြားရှိ နက်ရှိုင်းသော သိပ္ပံနည်းကျ စူးစမ်းလေ့လာလိုသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူက ဤခရုခွံအပေါ် နောက်ထပ် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။

"သင်္ကေတများလေလေ... ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းက ပိုပြင်းထန်လေလေပဲ"

"ဒါ့အပြင် ထောက်ပံ့ပေးတဲ့ စိတ်စွမ်းအင် ပိုများလေလေ ဒီခရုခွံက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းကလည်း ပိုအားကောင်းလေလေပဲ"

"နောက်ပြီး ဒီလျှပ်စစ်သံလိုက်လှိုင်းက စိတ်စွမ်းအင်ကို တိုက်ရိုက် သက်ရောက်မှု ရှိတယ်ဆိုတာကို အတည်ပြုနိုင်တယ်"

"ဒီသက်ရောက်မှုက လူတစ်ယောက်ရဲ့ စိတ်ကို အနှောင့်အယှက်ဖြစ်စေပြီး အာရုံစူးစိုက်ဖို့ ခက်ခဲစေရုံသာမက ပစ်မှတ်ကို ဒေါသထွက်လွယ်ပြီး စိတ်တိုလွယ်အောင်ပါ လုပ်နိုင်တယ်"

"ပိုဆိုးတာက ပစ်မှတ်ရဲ့ အခြေခံ စဉ်းစားဆင်ခြင်နိုင်စွမ်းကိုတောင် ဆုံးရှုံးစေနိုင်တယ်"

လင်းယွမ်က မိမိကိုယ်ကို စမ်းသပ်ခံအဖြစ် အသုံးပြုကာ ဤခရုခွံမှ ထုတ်လွှတ်သော လျှပ်စစ်သံလိုက်လှိုင်း၏ အာနိသင်ကို ကိုယ်တိုင် ခံစားကြည့်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် လျှပ်စစ်သံလိုက်လှိုင်း၏ စွမ်းအားသည် သိပ်မပြင်းထန်သဖြင့် လင်းယွမ်၏ စိတ်ကို အနှောင့်အယှက် မပေးနိုင်ခဲ့ပေ။

ထို့ကြောင့် ဘေးမှ လီဟန်ကျုံးက မိမိဆန္ဒအလျောက် လင်းယွမ်နှင့် ပူးပေါင်းကာ ဤစမ်းသပ်မှုကို ပြီးမြောက်အောင် ပြုလုပ်ခဲ့သည်။

ဘေးမှ ရမ်ကျဲနှင့် ဖုချီပေါ်တို့သည် ဤအချက်အလက်များနှင့် ကောက်ချက်များကို အလျင်အမြန် မှတ်တမ်းတင်နေကြသည်။

ကောက်ချက်ချပြီးနောက် ဖုချီပေါ်က ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး "ခဏနေဦး... ကျွန်တော် ရုတ်တရက် အကြံတစ်ခု ရလာတယ်"

ရမ်ကျဲနှင့် လီဟန်ကျုံးတို့ နှစ်ယောက်လုံး လှမ်းကြည့်လိုက်ကြသည်။

ဖုချီပေါ်က စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော်တို့ ငယ်ငယ်တုန်းက သံလိုက်ကနေ လျှပ်စစ်ဖြစ်ပေါ်ပြီး လျှပ်စစ်ကနေ သံလိုက်ဖြစ်ပေါ်တယ်ဆိုတဲ့ သိပ္ပံသီအိုရီကို သင်ဖူးကြတယ်မလား"

"ခင်ဗျားတို့ ပြောကြည့်... ဒီလျှပ်စစ်သံလိုက်လှိုင်းနဲ့ လျှပ်စစ်စီးကြောင်းကို ဖန်တီးနိုင်မလား"

"တကယ်လို့ ဖန်တီးနိုင်တယ်ဆိုရင် လျှပ်စစ်ထုတ်လုပ်ဖို့ သုံးလို့ရနိုင်မလား"

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။

ယခုအခါ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော ဘေးအန္တရာယ်ကြီးသည် ခေတ်မီ စက်မှုလုပ်ငန်းအားလုံးကို တိုက်ရိုက် ရပ်တန့်သွားစေခဲ့သည်။

လျှပ်စစ်ခေတ်က လုံးဝ အတိတ်ဖြစ်သွားခဲ့ပြီး တိုက်ခန်းများထဲတွင် ပိတ်မိနေသော လူသားများသည် ထမင်းဟင်းချက်ရန် မီးမွှေးရန်ပင် အလွန်ခက်ခဲလာကြသည်။

ထိုက်ယန်တောင်တောင်တွင်ပင် လူတိုင်းသည် မီးမွှေးရန် မီးဝါးတော၊ မီးဓာတ် သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး စသည့် နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။

သို့သော် ယခုအခါ သန္ဓေပြောင်းစွမ်းအင် ကျောက်တုံး၏ အရေးပါမှုသည် သာမန် မီးမွှေးသည့် ပစ္စည်းများထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

၎င်းကို မီးမွှေးရန် အသုံးပြုခြင်းသည် အလွန် နှမြောစရာကောင်းလှသည်။

အကယ်၍ လျှပ်စစ်စွမ်းအင်ဖြင့် ထမင်းဟင်းချက်ရန် မီးမွှေးနိုင်မည်ဆိုပါက ခိုလှုံရေးစခန်း တစ်ခုလုံးအတွက် ကြီးမားသော တိုးတက်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

"လျှပ်စစ်သံလိုက်လှိုင်းဆိုတာ လျှပ်စစ်အမှုန်တွေ ရွေ့လျားမှုကနေ ဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်းကြောင့် ဖြစ်လာတာပဲ... ရှောင်ဖုရဲ့ တွေးခေါ်မှုက တကယ့်ကို ကျိုးကြောင်းဆီလျော်ပါတယ်" ဟု လီဟန်ကျုံးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဟာ... ဒါက တကယ့် ခေါင်းစဉ်ကြီး တစ်ခုပဲ"

လူသုံးယောက်လုံး အပြင်းအထန် ဆွေးနွေးလာကြပြီး ထိုဖြစ်နိုင်ခြေကို ချက်ချင်းပင် လေ့လာစမ်းသပ်ချင်နေကြသည်။

လင်းယွမ်သည်လည်း သူတို့၏ စိတ်လှုပ်ရှားမှုကြောင့် ကူးစက်သွားပြီး လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်သည့် သင်္ကေတမှ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်မည့်အပေါ် အနည်းငယ် မျှော်လင့်လာမိသည်။

ဖီးနစ် သင်္ဘောပေါ်ရှိ နေ့စဉ်ဘဝသည် ဤသို့ပင် ဖြစ်သည်။ သုတေသနကိစ္စများအပြင် လင်းယွမ်သည် ကယ်တင်ခံရသူများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို သွားရောက် ကြည့်ရှုလေ့ရှိသည်။

စိတ်ပိုင်းဆိုင်ရာ ကုသရေး အစွမ်းပိုင်ရှင် မုန့်ယိုယို ရှိနေသောကြောင့် လူတိုင်း၏ နာလန်ထူမှုမှာ အလွန်ကောင်းမွန်နေသည်။

အမျိုးသမီး အတော်များများ၏ မျက်လုံးများတွင် အလင်းရောင်များ ပြန်လည်ရရှိလာပြီး အခြားသူများနှင့် စတင် ဆက်သွယ်ပြောဆိုရန် ကြိုးစားလာကြသည်။

သေချာသည်မှာ သူတို့ထဲမှ အများစုက လောလောဆယ်တွင် ဆန့်ကျင်ဘက် လိင်နှင့် ဆက်သွယ်ပြောဆိုရန် မရဲတဝံ့သေးဘဲ လိင်တူအချင်းချင်းသာ ကန့်သတ်ပြောဆိုနေကြခြင်း ဖြစ်သည်။

အချိန်တိုအတွင်းမှာပင် နှစ်ရက်ကြာသွားခဲ့သည်။

ဖီးနစ် သင်္ဘောသည် နောက်ဆုံးတွင် ထိုက်ယန်တောင်တောင်ကို မြင်လိုက်ရသည်။

"ဆရာလင်းယွမ်... ဆရာလင်းယွမ်... ထိုက်ယန်တောင်တောင်ကို ရောက်ပြီ" ဟု ကျူးယွီချွမ်က ဝမ်းသာအားရ အော်လိုက်သည်။

အပြန်လမ်းတွင်လည်း ကျူးယွီချွမ်က ကုန်တင်သင်္ဘောကို မောင်းနှင်ခဲ့ပြီး လမ်းခရီးတစ်လျှောက်လုံး သူ၏ မှတ်ဉာဏ်နှင့် မြေပုံတို့ကို အားကိုးကာ မောင်းနှင်လာခဲ့ရသည်။

သို့သော် ရေအောက်ရှိ အဆောက်အအုံတချို့ကို ရှောင်ရှားရန် ဖီးနစ် သင်္ဘောသည် လမ်းကြောင်း အနည်းငယ် ပြောင်းရွှေ့ခဲ့ရသဖြင့် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့သည်။

လင်းယွမ်သည် ကုန်းပတ်ပေါ်သို့ ထွက်လာပြီး အဝေးမှ တောင်တန်းများကို ကြည့်ကာ ပြုံးလိုက်မိသည်။

အဆုံးအစမရှိသော ရေလွှမ်းမိုးမှု လှိုင်းတံပိုးများအထက်တွင် ဤစိမ်းလန်းသော မြင်ကွင်းလေးကို မြင်လိုက်ရခြင်းက လူတို့၏ စိတ်နှလုံးကို အလိုအလျောက် ရွှင်လန်းသွားစေသည်။

"ရက်နည်းနည်းလောက်ပဲ ထွက်သွားတာကို... အချိန်အကြာကြီး ခွဲခွာရသလို ခံစားရတယ်" ဟု တင်းယန်က သက်ပြင်းချလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "အပြင်ထွက်တော့လည်း အိမ်လွမ်းတာပေါ့... အပြင်မှာ နေရတဲ့အချိန်က အမြဲတမ်း ကြာသလို ခံစားရတာပဲလေ"

တင်းယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "ကျွန်မအတွက်ကတော့ ရှင်ရှိတဲ့နေရာက ကျွန်မရဲ့အိမ်ပဲ"

လင်းယွမ် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် ကြည်နူးသွားပြီး သူမဆီသို့ တိုးသွားကာ လက်ကိုဆွဲ၍ အဝေးမှ ထိုက်ယန်တောင်တောင်ကို ကြည့်နေလိုက်သည်။

သူတို့နှစ်ဦးလုံး စကားမပြောကြသော်လည်း သူတို့၏ နှလုံးသားများကတော့ ပိုမို နီးကပ်လာခဲ့သည်။

ကုန်းပတ်ပေါ်သို့ လူများ တဖြည်းဖြည်း ပိုမို ထွက်လာကြပြီး အားလုံးက ထိုက်ယန်တောင်တောင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ကင်းလှည့်အဖွဲ့ဝင်များ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး သူတို့၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပါဝင်နေသည်။

ထိုက်ယန်တောင်တောင်သို့ အသစ်ရောက်လာသူများ၏ မျက်လုံးများတွင်မူ စပ်စုလိုစိတ်နှင့် မျှော်လင့်ချက်များ အပြည့် ရှိနေသည်။

ကုန်တင်သင်္ဘောသည် ထိုက်ယန်တောင်တောင်နှင့် မိန်တောင် ကြားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး အကွေ့လေးကို ကွေ့လိုက်သောအခါ တောင်နှစ်လုံးကြားရှိ ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော အစိမ်းရောင် ဗေဒါပင်များကို မြင်လိုက်ရသည်။

ဗေဒါပင်များပေါ်တွင် လူများ သွားလာနေကြပြီး ဗေဒါပင်များ၏ တစ်ဖက်တစ်ချက်စီရှိ ကမ်းစပ်များတွင် အဆောက်အအုံ ခံတပ်များ တည်ဆောက်ထားသည်။

ကမ်းစပ်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လူများရှိနေပြီး အဝေးမှ ရေစပ်တွင်မူ ရေထဲ၌ ငါးဖမ်းနေသော ဧရာမ အနက်ရောင် မျောက်ဝံကြီး တစ်ကောင် ရှိနေသဖြင့် သင်္ဘောပေါ်ရှိ လူများ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

"ဒါက ထိုက်ယန်တောင်တောင်လား... ဒီကလူတွေက ရေပေါ်မှာ ဘယ်လိုလုပ် လမ်းလျှောက်နေကြတာလဲ"

"အဲဒီ အစိမ်းရောင် ဗေဒါပင်တွေက... လူတွေကို သယ်ဆောင်နိုင်တယ်ပေါ့"

"အဲဒီ တံတားထိပ်က ခံတပ်နှစ်ခုက... ခိုလှုံရေးစခန်းက ဟာတွေလား"

"ဟိုမှာကြည့စမ်း... သန္ဓေပြောင်း မျောက်ဝံကြီး အကြီးကြီးပဲ "

"သူက ဘာလို့ လူတွေကို ရန်မလုပ်တာလဲ"

...

ပတ်ဝန်းကျင်မှ အံ့သြသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကင်းလှည့်အဖွဲ့ဝင်များအားလုံး ပြုံးနေကြသည်။

အချို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထိုလူသစ်များအား ထိုက်ယန်တောင် ခိုလှုံရေးစခန်း အကြောင်းကို စတင် မိတ်ဆက်ပေးနေကြသည်။

အချို့ကတော့ ဒီနေရာတွေထဲက ဘယ်နေရာတွေကို ကိုယ်တိုင် ဆောက်လုပ်ခဲ့တယ်ဆိုတာကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးနေကြသည်။

တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင် ဆိပ်ကမ်းမှ လူအတော်များများကလည်း ဖီးနစ် သင်္ဘောကို မြင်တွေ့သွားကြသည်။

ခံတပ်ပေါ်ရှိ ကင်းစောင့်နေသူများက ဖီးနစ် သင်္ဘောကို ပထမဆုံး မြင်လိုက်ရသဖြင့် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ဖီးနစ် သင်္ဘော ပြန်လာပြီဟေ့ "

ယနေ့ ကင်းစောင့်နေသူမှာ အစွမ်းပိုင်ရှင်အဖွဲ့မှ ကျုံးဆန်း ဖြစ်သည်။

ထိုလူငယ်လေးသည် ဖီးနစ် သင်္ဘောကို မြင်လိုက်ရချိန်တွင် ချက်ချင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး အနောက်ဘက်သို့ လှည့်ပြေးကာ ကင်းလှည့်အဖွဲ့ဝင်များနှင့် အဖွဲ့ခေါင်းဆောင်ကို အော်ခေါ်လိုက်သည်။

ရှီဟိုင်ကျူးက ထိုစကားကို ကြားသောအခါ လူများကို ခေါ်၍ ဆိပ်ကမ်းသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

"ဟေ... တကယ်ပဲ ဖီးနစ် သင်္ဘောပါလား"

"ဆရာလင်းယွမ်နဲ့ အဖွဲ့ခေါင်းဆောင်တင်းတို့ ပြန်လာကြပြီ"

"ဒီတစ်ခေါက် အပြင်ထွက်သွားတာ အပြင်ဘက်က အခြေအနေတွေ ဘယ်လိုနေလဲ မသိဘူး"

"ကြည့်ကြစမ်း... သင်္ဘောပေါ်မှာ လူတွေ အများကြီး ပိုလာသလိုပဲ"

သတင်းရရှိပြီးနောက် လူအတော်များများ ဆိပ်ကမ်းသို့ ပြေးလာပြီး ဝိုင်းအုံကြည့်ရှုနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဖီးနစ် သင်္ဘော၏ ပထမဆုံးအကြိမ် အပြင်ထွက်ခရီးစဉ် ဖြစ်သောကြောင့် လူတိုင်းက ပြင်ပအခြေအနေကို အလွန် ဂရုစိုက်နေကြသည်။

ဖီးနစ် သင်္ဘောသည် ဆိပ်ကမ်းသို့ ဝင်ရောက်လာပြီး တဖြည်းဖြည်း ကမ်းကပ်လာသည်။

ကျူးယွီချွမ်က ချက်ချင်း ကျောက်ဆူးချလိုက်ရာ ဖီးနစ် သင်္ဘောသည် ရေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။

ထို့နောက် ဆိပ်ကမ်းမှ လူတစ်စုက ဝါးလှေကားများကို သယ်ဆောင်လာပြီး သင်္ဘောဘေးတွင် တပ်ဆင်ပေးလိုက်သည်။

လူတစ်ယောက်က ဝမ်းသာအားရ အော်လိုက်ပြီး "ဆရာလင်းယွမ် ပြန်လာပြီဟေ့"

"ဆရာလင်းယွမ်တို့ အိမ်ပြန်ရောက်ပြီ"

"ဖီးနစ် သင်္ဘော ပြန်လာပြီဟေ့"

လင်းယွမ်သည် ပြုံးရွှင်သော မျက်နှာဖြင့် တင်းယန်ကို ခေါ်ကာ သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။

ဤတစ်ခေါက် ဆိပ်ကမ်းတွင် တာဝန်ကျသူများမှာ ရင်းနှီးပြီးသား လူဟောင်းနှစ်ယောက် ဖြစ်သည့် ရှီဟိုင်ကျူးနှင့် ဟွမ်ဟန်တို့ ဖြစ်ကြသည်။

ဟွမ်ဟန်သည် ရွှေရောင် စပါးအုံးမြွေကြီးကြောင့် ရေအနီးအနားတွင် နေထိုင်ရသည်ကို အမြဲတမ်း နှစ်သက်သည်။

ထို့ကြောင့် ရှီဟိုင်ကျူးသည် အလှည့်ကျ တာဝန်ကျသော်လည်း ဟွမ်ဟန်ကမူ ဤဆိပ်ကမ်းဘက်တွင် အမြဲတမ်း နေထိုင်နေခြင်း ဖြစ်သည်။

"ဆရာလင်းယွမ်... ပြန်လာပြီပဲ" ဟု ဟွမ်ဟန်က လင်းယွမ်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် ပြောလိုက်ပြီး သူမ၏ မျက်လုံးများက တောက်ပနေသည်။

လင်းယွမ်က သူမကို မြင်သောအခါ ပြုံးလိုက်ပြီး "နင်ပဲ တာဝန်ကျပြန်ပြီလား"

"ဟီးဟီး... ရွှေရောင် စပါးအုံးမြွေကြီးက ဒီဘက်ကို သဘောကျလို့လေ... ကျွန်မလည်း ဒီမှာနေရတာ သူ့ကို လေ့ကျင့်ပေးဖို့ အဆင်ပြေတယ်"

လင်းယွမ်က ပြုံးလိုက်ပြီး "နင့်မျက်လုံးတွေ တောက်ပနေတာကို ကြည့်ရတာ... စိတ်စွမ်းအင်တွေ ထပ်တိုးလာပြန်ပြီ ထင်တယ်"

ဟွမ်ဟန်က ရယ်မောလိုက်ပြီး "ဒါက ဒေါက်တာရန် ကျေးဇူးကြောင့်ပါ... သူတို့က မကြာသေးခင်ကမှ စိတ်စွမ်းအင် တိုးပွားစေတဲ့ ဆေးရည်တစ်မျိုးကို တီထွင်လိုက်တယ်လေ... ကျွန်မလည်း ကံကောင်းပြီး တစ်ပြွန်လောက် စမ်းသောက်ကြည့်ခွင့်ရလို့ စိတ်စွမ်းအင် နည်းနည်း တိုးလာတာပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်လက်သွားသည်။

"ဒေါက်တာရန်တို့ရဲ့ သုတေသနက ရလဒ်အသစ်တွေ ထပ်ထွက်လာပြီလား"

"ဟုတ်တယ်... ဒီရက်ပိုင်း ထိုက်ယန်တောင်တောင်နဲ့ မိန်တောင်က နေ့တိုင်း သိသိသာသာ ပြောင်းလဲနေတာ... အထူးသဖြင့် မိန်တောင်ဘက်ကပေါ့... အခုဆို ထိုက်ယန်တောင်တောင်ထက်တောင် စည်ကားနေပြီ"

"လူအများကြီးက မိန်တောင်ဘက်ကို ပြောင်းသွားနေကြတယ်"

လင်းယွမ် ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ပြုံးလိုက်ပြီး "ဒါတွေ နောက်မှ ပြောကြတာပေါ့... ရှီဟိုင်ကျူး... မင်းနဲ့ တင်းယန် တာဝန်လွှဲပြောင်းယူပြီး သင်္ဘောပေါ်က လူတွေကို စီစဉ်ပေးလိုက်ပါဦး"

"ကျောက်ခိုင်ဘက်မှာ စုပေါင်းအိပ်ဆောင် ဆောက်ပြီးပြီလားလို့ မေးကြည့်လိုက်... ဒီလူတွေကို အဲဒီကို ပို့ဖို့ လိုတယ်"

ရှီဟိုင်ကျူးက အလျင်အမြန်ပင် "ဆရာလင်းယွမ်... စုပေါင်းအိပ်ဆောင်က ဆောက်ပြီးတာ ကြာပါပြီ... နောက်ပြီး အမဆုန့်ရဲ့ အကြံပြုချက်အရ နေကြာပန်း တစ်ဝက်လောက်ကို အဲဒီဘက်ကို ပြောင်းစိုက်ထားတယ်... မိန်တောင်ရဲ့ နေရောင်ခြည်ဇုန်လည်း ပြီးသွားပါပြီ"

လင်းယွမ်က ပို၍ ပြုံးလိုက်ပြီး "ငါမရှိတဲ့ အချိန်အတွင်းမှာ အားလုံးက မပျင်းမရိဘဲ ကြိုးစားခဲ့ကြတာပဲ"

ဆက်ရန်...

All Chapters