အခန်း (၆၄၆-၆၄၈)
Vol. 44 Ch. 646-648
အပိုင်း ( 646 )
နတ်ဝိညာဥ် ဖယ်ရှားခြင်း ၂
ထိုအသံသည် သဘောထား ကွဲလွဲမှု အကုန်လုံးကို နှိမ်နင်းရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည့် ဩဇာအာဏာကို သယ်ဆောင်ထားခဲ့သည်။
အမှောင်နယ်မြေ၏ အန္တိမတစ်ပိုင်းအဆင့် ပညာရှင်သည် အခြေအနေကို အာရုံခံမိသွားကာ၊ ကြားဝင်စွက်ဖက်ချင်နေပုံရသည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားက ထိုကဲ့သို့ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
“ သွား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်ချောင်းတစ်ချောင်း မြှောက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကိုယ်ပွား အခုတစ်ထောင်နှင့် နေတစ်စင်းသည် တစ်ပြိုင်နက် ခုန်တက်လာခဲ့ပြီး၊ ကောင်းကင်ယံကို ကျော်ဖြတ်ကာ ညဘုရင်ကို တိုက်ခိုက်လာခဲ့သည်။
ဘုမ်းး ဝုန်းး အုမ်းးး
အဆိုပါ မြင်ကွင်းသည် ကောင်းကင်ယံတွင် များပြားလွန်းလှသော ဒုံးကျည်များ ပျံသန်းနေသကဲ့သို့ လွန်စွာခမ်းနားနေခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်လွန်းလှသော တိုက်ခိုက်မှုမျိုးအောက်တွင် ညဘုရင်ကဲ့သို့သော အစွမ်းထက် ပညာရှင်ကပင် သူ၏ အဆုံးသတ်ကိုသာ မြင်တွေ့သွားရလိမ့်မည် ဖြစ်သည်။
…
ကိုယ်ပွားတစ်ထောင်နှင့် နေတစ်စင်းသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
တစ်ခဏ အကြာတွင် တိုက်ပွဲကွင်းပြင်မှာ လုံးဝငြိမ်သက်သွားခဲ့သည်။
မလှမ်းမကမ်းရှိ ခိုင်စီ၊ အဲရှုစီနှင့် တစ်ခြားလူများသည် လုံးဝစိတ်ပျက်အားလျော့သွားကြသည်၊ သူတို့သည် ဧကရာဇ်မိသားစု၏ ညဘုရင်က ကြယ်တာရာ T-Rex နတ်ဘုရားကို ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
သို့ရာ၌ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ခိုင်စီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ရသည်။
“ ညဘုရင်က တကယ်ကြီး အဆင်ပြေနေတာလား “
သူတို့အားလုံးသည် အနက်ရောင် တွင်းပေါက်ရှေ့တွင် ရပ်နေသည့် ညဘုရင်၏ ပုံရိပ်ကို မြင်တွေ့နေခဲ့ရသည်။
ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း၊ သူသည် မည်သို့မျှ ထိခိုက်မသွားဘဲ၊ လုံးဝအခြေအနေကောင်းနေခဲ့သည်။
သို့သော် ခိုင်စီ၏ ပျော်ရွှင်မှုမှာ ကြာကြာမခံခဲ့ပေ၊ တစ်ခဏ အကြာတွင် သူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို လျင်မြန်စွာ သတိပြုမိသွားခဲ့သည် “ မဟုတ်ဘူး၊ ညဘုရင်ရဲ့ နတ်ဝိညာဥ် ပျောက်သွားပြီ “
သူသည် အံ့ဩတုန်လှုပ်သွားခဲ့သည် “ အဲ့ဒီတိုက်ခိုက်မှုတွေက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တိုက်ခိုက်တာ မဟုတ်ဘဲ၊ ရှေးဦးဝိညာဥ်ကို ပစ်မှတ်ထားတာများလား “
ရှေးဦးဝိညာဥ် ကျဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ အသွေးအသားများ ကျန်ရှိနေဦးမည်ဆိုလျှင်တောင်မှ၊ သေဆုံးသွားရမည်သာ ဖြစ်သည်။
ခိုင်စီမှန်းဆထားခဲ့သည့်အတိုင်းပင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အသွေးအသားများ ထိခိုက်ပျက်စီးသွားမည်ကို ရှောင်ရှားရန်အတွက် နိယာမတို့၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော နေစုစည်းခြင်း နည်းစနစ်ကို အသက်သွင်းကာ၊ ခရမ်းရောင် နန်းတော်၏ ရှေးဦးဝိညာဥ်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ညဘုရင်သည် အကောင်းတိုင်း ရှိနေပုံရသော်လည်း၊ သူ၏ရှေးဦးဝိညာဥ်မှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ဝိညာဥ် ပင်လယ်အတွင်းတွင် ရှိနေသည့် ခရမ်းရောင် နန်းတော်ကပင် ကိုယ်ပွားတစ်ထောင်နှင့် နေတစ်စင်းတို့၏ အကျိုးသက်ရောက်မှုကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
၎င်းမှာ နေစုစည်းခြင်း နည်းစနစ်၏ အစွမ်းအထက်ဆုံး ပုံစံဖြစ်သည်၊ နဝမအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင်၊ ရှေးဦးဝိညာဥ်ကသာ အကောင်းအတိုင်း ကျန်ရှိနေဦးမည်ဆိုပါက၊ ကျဆုံးရန် ခက်ခဲသွားပြီ ဖြစ်သည်။ အကယ်၍ အသွေးအသားများက ဖျက်စီးခံလိုက်ရမည်ဆိုလျှင်တောင်မှ၊ ရှင်သန်နိုင်ခြေရှိနေသေးသည်။
နေစုစည်းခြင်း နည်းစနစ်သည် ရှေးဦးဝိညာဥ်ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး၊ ပြိုင်ဘက်၏ အသက်ဓာတ်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
“ စုစည်း “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းကာ၊ ညဘုရင်၏ မီတာတစ်သောင်း ရှည်လျားသော အလောင်းကြီးကို သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
သူ့အတွက် ရှေးဦးဝိညာဥ်ကိုပစ်မှတ်ထားခြင်း၏ အကြီးမားဆုံး အကျိုးအမြတ်မှာ သူက အကောင်းအတိုင်း ကျန်ရှိနေသည့် ခန္ဓာကိုယ် တစ်ခုလုံးကို စားသုံးနိုင်ခြင်းပင် ဖြစ်သည်။
“ ညဘုရင် ………. သူ့ရဲ့ နတ်ဝိညာဥ် သုတ်သင်ခံလိုက်ရပြီ “
ဤတစ်ကြိမ်၌ ခိုင်စီ၊ အဲရှုစီနှင့် တစ်ခြားလူများသည် ထိုအချက်ကို သဘောပေါက်သွားကာ၊ သူတို့၏ မျက်လုံးများထဲတွင် ထိန်းမရသိမ်းမရဖြစ်နေသော အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။
သူတို့သည် ညဘုရင်က ဧကရာဇ်၏ သွေးတစ်စက်အား အသက်သွင်းထားသည်ကို သိနေကြသည်။
ဧကရာဇ် သွေးစက်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း
၎င်းက အန္တိမပညာရှင်၏ ဘုန်းတန်ခိုး အရိပ်အငွေ့များကို သယ်ဆောင်ထားခဲ့သည်။
ထို့အပြင် ၎င်းအား ဧကရာဇ် မျိုးနွယ်စု၏ အစစ်အမှန် ပါရမီရှင်တစ်ဦးက အသက်သွင်းထားခဲ့သည်။
ဧကရာဇ် သွေးကို အသက်သွင်းထားသည့် အခြေအနေတွင်၊ ပကတိ အထွတ်အထိပ်မှ လူများကပင် သူ့ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
သို့သော် ယခုတွင်ကား ညဘုရင်၏ နတ်ဝိညာဥ်သည် သူတို့၏အရှေ့မှာပင် ဖျက်စီးခံလိုက်ရသည်။
“ တကယ်လို့ အဲ့လူကသာ ပကတိ အထွတ်အထိပ်အထိ ကြီးပျင်းလာမယ်ဆိုရင်၊ သူက ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်တယ် “ ခိုင်စီသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ထို့နောက်တွင် သူတို့အားလုံးသည် အနက်ရောင် တွင်းပေါက်ဆီသို့ လျင်မြန်စွာ ပျံသန်းလာကြသည်။
ညဘုရင်ကပင် ဤနေရာတွင် ကျဆုံးသွားခဲ့သောကြောင့်၊ သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားက သူတို့ကို နောက်တစ်ကြိမ် ပစ်မှတ်ထားလာမည်ကို စိုးရိမ်သောကြောင့်၊ ဤနေရာတွင် ကြာကြာမနေရဲကြတော့ပေ။
တစ်ခဏ အကြာတွင် အမှောင်နယ်မြေ၏ ပညာရှင် အကုန်လုံးသည် အမှောင်နယ်မြေဆီသို့ ပြန်ရောက်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်ပြာဂြိုဟ်၏ စစ်သည်တော် အကုန်လုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ထို့နောက်တွင် သူတို့သည် စိတ်အားထက်သန်မှုများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို မော့ကြည့်လာကြသည်။
တော်ဝင်မိသားစု၏ ပါရမီရှင်များကို အနိုင်တိုက်ကာ၊ ဧကရာဇ် မျိုးနွယ်စု၏ ပါရမီရှင်ကို သတ်ဖြတ်ခြင်း
ဤတိုက်ပွဲကို ရှုကျိုးနှင့် ကြယ်တာရာ T-Rex နတ်ဘုရားကြောင့် အနိုင်ရခဲ့သည်ဟု ပြောရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ကြယ်ပြာဂြိုဟ်သည် ဤတစ်ကြိမ်တွင် မျက်နှာပျက်သွားရမည် ဖြစ်ပြီး၊ စိတ်ဓာတ်မှာလည်း ကြီးကြီးမားမား ထိခိုက်သွားရမည် ဖြစ်သည်။
ထိုစဥ် တိကျွမ်း၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးနှင့် တစ်ခြား ပကတိ အထွတ်အထိပ် ပညာရှင်များကလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ ဧကရာဇ် မျိုးနွယ်စုရဲ့ နည်းလမ်းတွေက တကယ်ကို ဆန်းကြယ်ပြီးတော့ ခန့်မှန်းရ ခက်တာပဲ “
“ ဧကရာဇ်ရဲ့ သွေးတစ်စက်နဲ့တင် ငါတို့ဘက်က အဆင့်၉ ပညာရှင်တိုင်းက သူ့ကို အနိုင်ယူဖို့ ခက်သွားပြီ “
လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေးမှာလည်း ကျေးဇူးတင်စိတ်ဖြင့် မှတ်ချက်ပေးလာခဲ့သည် “ ငါတို့ဘက်မှာ ဒီလူရှိနေတာ ကံကောင်းတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ ငါတို့ကအန္တရာယ်များတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ် “
တိကျွမ်းမှာလည်း ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ သူ့ရဲ့ သွေးမျိုးဆက်နဲ့ပတ်သက်ပြီးတော့ ငါအတော်လေး သိချင်မိတယ်၊ ဒီလောက် အစွမ်းထက်တဲ့လူအကြောင်းကို ငါတို့က ဘာလို့ မကြားဖူးခဲ့ရတာလဲ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ပြန်ပြောလာခဲ့သည် “ သူ့ဆီမှာ နဂါးမျိုးနွယ်စုရဲ့ အရှိန်အဝါရှိနေတာကို ငါအာရုံခံမိနေတယ်၊ အဲ့တာကြောင့် သူက ငါတို့ နဂါးမျိုးနွယ်စုရဲ့ မျိုးဆက်ခွဲတစ်ယောက် ဖြစ်နေဖို့များတယ် “
သူသည် သက်ပြင်းချ၍ ထပ်ပြောလာခဲ့သည် “ သူက အစောပိုင်း အဆင့်၉မှာပဲ ရှိနေသေးတာကတော့ တော်တော်ကြီးကို နှမြောဖို့ကောင်းတယ်၊ သူသာ ပကတိ အထွတ်အထိပ်ကို ရောက်နေမယ်ဆိုရင်၊ ငါတို့အပေါ်မှာ ရှိနေတဲ့ ဖိအားက ဒီလောက်ထိ ကြီးနေမှာ မဟုတ်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းသည် အသာအယာ သက်ပြင်းချနေတော့သည်။
နဂါးမျိုးနွယ်စု၏ ကြီးထွားမှု စက်ဝန်းက အလွန်တရာ ရှည်လျားသည်ကို လူတော်တော်များများက သိကြသည်။
ပုံမှန်အားဖြင့် ပထမ အဆင့်မှ နဝမအဆင့်သို့ ရောက်ရှိသွားရန်အတွက် ရာစုနှစ်များစွာအထိ အချိန်ယူရလေ့ရှိသည်။
နဝမအဆင့်မှ ပကတိ အထွတ်အထိပ်အတွက်မူ ရာစုနှစ်(သို့) ထောင်စုနှစ်များအထိ အချိန်ယူရနိုင်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် လူသားတို့ကမူ ရာစုနှစ်(သို့) ဆယ်စုနှစ်အတွင်းမှာပင် ထိုအမြင့်သို့ ရောက်ရှိလေ့ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏ခွန်အားကို ပြသခဲ့သော်လည်း၊ ပငကတိ အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ အချိန် အတော်ကြာ ယူရမည် ဖြစ်သည်။
သို့သော် ယခုလက်ရှိ အချိန်၌ သူတို့ထံတွင် ရှားပါးနေသည့်အရာမှာ အချိန်သာ ဖြစ်နေခဲ့သည်။
“ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး …….. “
တိကျွမ်း ညီးတွားနေစဥ် အချိန်တွင်
စွမ်းအင်လှိုင်းတစ်ခုသည် အနက်ရောင် တွင်းပေါက်ထံမှ ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။
အားလုံး၏ အမူအရာများ တင်းကြပ်သွားခဲ့သည်၊ တစ်ယောက်ယောက်က နယ်ကျော်လာပြန်ပြီလား
ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် မည်သူမှ မရောက်လာခဲ့ဘဲ၊ အသံတစ်သံသာ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
သို့သော် ထိုအသံတွင် ပါဝင်နေသည့် အကြောင်းအရာများသည် အားလုံး၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
“ နှစ်လအတွင်းမှာပဲ၊ ငါတို့က ဒီကမ္ဘာထဲကို ဆင်းလာမယ် “
ထိုအသံ ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် အနက်ရောင် တွင်းပေါက်သည် ရုတ်တရက် ပိတ်ဆို့ကာ ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိမ်မက်တစ်ခုအလား ဖြစ်နေခဲ့သည်။
သို့သော် သွေးစွန်းနေသော မြေပြင်သည် အဆိုပါ ဖြစ်ရပ်များက မှန်ကန်ကြောင်းကို သက်သေပြုနေခဲ့သည်။
ထိုစဥ်
ထိုအသံကို ကြားလိုက်ရသောအခါတွင် ကြယ်ပြာဂြိုဟ်မှ ပညာရှင်အားလုံးသည် အမူအရာ အမျိုးမျိုး ဖြစ်သွားခဲ့သည်။
“ အမှောင်နယ်မြေက နှစ်လအတွင်းမှာ ရောက်လာတော့မှာလား “
ဤနေရာတွင် ရှိနေကြသည့် လူအများစုသည် အမှောင်နယ်မြေ ရောက်လာတော့မည်ကို သိနေကြသည်၊ သို့သော် တစ်ချို့သည် အချိန်အတိအကျကို မသိကြပေ။
သူတို့သည် အမှောင်နယ်မြေ ဆင်းသက်လာမည်ဆိုလျှင်တောင်မှ အနိမ့်ဆုံးအနေဖြင့် နောက်သုံးနှစ်မှ ငါးနှစ်အတွင်းတွင်သာ ဖြစ်နိုင်သည်ဟု ထင်နေခဲ့ကြသည်။
နဝမအဆင့်မှ ပညာရှင်များအတွက် သုံးနှစ်မှ ငါးနှစ်ဆိုသည်မှာ တိုတောင်းလွန်းလှသော အချိန်ကာလဖြစ်သည်။
ယခုတွင်ကား တစ်ဖက်လူသည် အမှောင်နယ်မြေက နှစ်လအတွင်း ရောက်ရှိလာတော့မည်ဟု အတည်ပြုပေးသွားခဲ့သည်။
တစ်ချို့ သတင်းအချက်အလက် စုံလင်သည့် လူများကမူ အမှောင်နယ်မြေက နောက်တစ်နှစ်အကြာမှ ဆင်းသက်လာလိမ့်မည်ဟု မှန်းဆနေခဲ့ကြသည်။
သို့သော် အချိန်နှစ်လသာလျှင် ကျန်ရှိနေတော့သည်။
“ နှစ်လ၊ ငါတို့မှာ အခွင့်အရေး ရှိပါ့ဦးမလား “
“ တကယ်လို့ ငါတို့က အင်အားအပြည့် ထုတ်သုံးမယ်ဆိုရင်တောင်၊ အဓိက အစီအရင်တွေကို နှစ်လအတွင်း ဖျက်စီးနိုင်ပါ့မလား “
“ ငါတို့အတွက် မျှော်လင့်ချက် ရှိသေးရဲ့လား “
တစ်ခဏ အတွင်းမှာပင် စိတ်ပျက်အားလျော့မှုနှင့် အပျက်သဘောဆောင်သော ခံစားချက်များ စတင်၍ ပျံ့လွင့်လာခဲ့သည်။
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်မဖြစ်သွားကြပါနဲ့၊ အားလုံးမှာ တာဝန်ကိုယ်စီရှိကြတယ်။ တကယ်လို့ ကောင်းကင်ဘုံက ပြိုကျလာမယ်ဆိုရင်တောင်မှ၊ ငါတို့က အဲ့တာကို ထိန်းထားပေးမယ် “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ စကားပြောလာခဲ့သည်။
တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များပါ ဝင်ရောက်စကားပြောလာခဲ့ပြီး၊ စိတ်ဓာတ်ကို မြှင့်တင်ပေးနေကြတော့သည်။
တိကျွမ်းမှာလည်း စကားဝင်ပြောလာခဲ့သည် “ သူတို့ရဲ့ စကားလုံးတွေက မင်းတို့ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ ရည်ရွယ်ထားတာ၊ အလှည့်စားမခံရစေနဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတော်တော်များများသည် သဘောပေါက်နားလည်သွားကြကာ၊ သူတို့၏ စိတ်အခြေအနေများကို ချိန်ညှိနေကြတော့သည်။
ကောင်းကင်ထက်ရှိ တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွေနဂါးဘိုးဘေးတို့၏ အမူအရာများကမူ အလွန်တရာ လေးနက်နေခဲ့သည်။
သူတို့သည် အကြည့်များ ဖလှယ်နေကြတော့သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးလေးသည် အသံထုတ်လွှင့်မှုကို ပေးပို့လာခဲ့သည် “ သူတို့ရဲ့ စကားလုံးတွေက ခြိမ်းခြောက်တာထပ် ပိုနေနိုင်တယ်၊ ဧကရာဇ် မိသားစုရဲ့ ပါဝင်ပတ်သက်မှုကြောင့် အမှောင်နယ်မြေ လမ်းကြောင်းက ပြီးစီးလုနီးပါး ဖြစ်နေလောက်ပြီ “
နှစ်လသည် သူတို့မျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။
ယခင်က သူတို့သည် သူတို့ထံတွင် အချိန်ခြောက်လရှိနေသေးသည်ဟုသာ ထင်နေခဲ့သည်။
ခြောက်လနှင့် နှစ်လကြားမှ ကွာခြားချက်ကို အထင်မသေးသင့်ပေ။
ခြောက်လသည် ကိစ္စများတော်တော်များများကို ပြင်ဆင်စီစဥ်ရန် လုံလောက်သော အချိန်တစ်ခု ဖြစ်သည်။
သို့သော် နှစ်လအတွက်ကမူ မူလအစီအစဥ်များ ပျက်စီးသွားပြီး၊ အရာအားလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲရတော့မည် ဖြစ်သည်။
တိကျွမ်းမှာလည်း သူ၏ အသံကို ထုတ်လွှင့်လာခဲ့သည် “ အခုလုပ်နေတဲ့ ဟာတွေကို အရှိန်မြှင့်မှ ဖြစ်မယ်၊ တစ်ချို့ကိစ္စတွေကိုတော့ ရှေ့တိုးရတော့မယ် “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ ကျယ်ပြန့်သော မိုးကုပ်စက်ဝိုင်းကို ကြည့်နေတော့သည်။
“ အဲ့ဒီနေ့က နည်းနည်းလေးနောက်ကျပါစေလို့ ငါတကယ် မျှော်လင့်တယ် “
အချိန်က မည်သူ့ကိုမှ မစောင့်ခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 647 )
ကီလိုဂရမ် ဆယ်သန်းရရှိခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှု အမြန်နှုန်း
ပကတိ အထွတ်အထိပ် ပညာရှင် အားလုံး၏ စီစဥ်ပေးမှုများအောက်တွင်၊ ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များသည် သူတို့၏ မူလနေရာများဆီသို့ ပြန်သွားကာ၊ အစီအရင် ဖျက်စီခြင်း အလုပ်ကို ဆက်လက်လုပ်ကိုင်နေကြတော့သည်။
သူတို့သည် အစီအရင် အကုန်လုံးကို နှစ်လအတွင်း ဖျက်စီးပစ်ရမည် ဖြစ်သည်။
လုပ်အားက အလွန်တရာကြီးမားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
လာမည့်ရက်များအတွင်း၌ သူတို့သည် လုံးဝအနားမရဘဲ၊ မျှော်လင့်ချက်ကို ဖမ်းဆုပ်နိုင်ရန်အတွက် နေ့ရောညပါ အစီအရင်များကို သန့်စင်ရတော့မည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျန်ရှိနေသည့် အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်များကို ချန်ထားခဲ့ကာ၊ အဆင့်ထိုးဖောက်ရန် ပြင်ဆင်နေတော့သည်။
“ ဒီတိုက်ပွဲက အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက် ဆယ်ခုကျော် ကုန်သွားစေခဲ့တယ်၊ အခုတော့ တားမြစ်ချက် ငါးခုပဲ ကျန်တော့တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤတိုက်ပွဲမှတစ်ဆင့် ဧကရာဇ် မျိုးနွယ်စု၏ စွမ်းအားနှင့် ပတ်သက်သည့် အတွေးအမြင်များရရှိခဲ့ပြီး၊ ညီးတွားပြောဆိုနေတော့သည်။
သူ့အတွက် ညဘုရင်၏ ခွန်အားက မည်သည့်ပြဿနာမှ ဟုတ်မနေခဲ့ဘဲ၊ ဧကရာဇ် သွေးမှ ယူဆောင်လာသည့် ဖိအားကသာလျှင် အဓိက ပြဿနာ ဖြစ်နေခဲ့သည်။
“ တကယ်လို့ အထွတ်အထိပ်နည်းစနစ်ဖြစ်တဲ့ နေစုစည်းခြင်း နည်းစနစ်ကို မတတ်ထားဘူးဆိုရင်၊ ငါ့မှာ ကိုယ်ပွား သုံးထောင်ရှိနေမယ်ဆိုရင်တောင်မှ၊ ပြိုင်ဘက်ကို သတ်နိုင်မှာ မဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဂရုတစိုက် ခွဲခြိမ်းစိတ်ဖြာနေခဲ့ပြီး၊ ဧကရာဇ် မိသားစု၏ စွမ်းအားကို ပိုမိုခံစားမိသွားခဲ့သည်။
အရေးအကြီးဆုံး အရာမှာ ပြိုင်ဘက်က အစောပိုင်း နဝမအဆင့်သာ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ် မိသားစု၏ နဝမအဆင့် အထွတ်အထိပ်(သို့) ပကတိ အထွတ်အထိပ်ကဲ့သို့သော ပညာရှင်များကမူ အဆင့်မြင့် နိယာမ အမြောက်အများ(သို့) အန္တိမနိယာများကိုပင် နားလည်နေနိုင်သည်။
အကယ်၍ သူကသာ ဤအဆင့်တွင် ရှိနေဦးမည်ဆိုပါက၊ ထိုလူများနှင့် ရင်ဆိုင်ရသောအခါတွင်၊ တိုက်ပွဲကို အနိုင်ယူရန် အလွန်တရာ ခက်ခဲသွားမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဖိအားတစ်ချို့ကို စတင်၍ ခံစားလာခဲ့ရသည်။
“ အချိန်နှစ်လ ရှိပါသေးတယ် ……… ငါက မြန်မြန်ဆန်ဆန် တိုးတက်လာမှ ဖြစ်မယ် “
ထိုအကြောင်းကို သူတွေးတောစဥ်းစားနေသည့် အချိန်တွင်
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ့အနားသို့ ပျံသန်းလာကာ၊ စကားပြောလာခဲ့သည် “ မိတ်ဆွေလေး၊ ငါတို့မိသားစုရဲ့ ကြာပန်းစင်မြင့်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိရဲ့လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ကျွန်တော့်အတွက် တကယ်ကြီးကို အကျိုးအမြတ် အများကြီးရခဲ့ပါတယ် “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဉာဏ်အလင်းအတွက် အဲ့ကို ဆက်သွားလို့ရတာပဲလေ “
“ အဲ့တာက သင့်တော်ပါ့မလား “ ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုထဲက လူတော်တော်များများက အဲ့မှာ ဉာဏ်အလင်းရဖို့ ကြိုးစားနေကြတာကို တွေ့ခဲ့ရတယ်၊ ကျွန်တော်က သူတို့နေရာကို သိမ်းသလို မဖြစ်သွားဘူးလား “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ပြန်ပြောလာခဲ့သည် “ ဘာလို့ ဒီလောက်တောင် သူစိမ်းဆန်နေရတာလဲ။ ဒီနေ့ကစပြီးတော့ မင်းက ငါတို့မိသားစုရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်၊ လွတ်လွတ်လပ်လပ် သွားလို့ရတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နှစ်စက္ကန့်မျှ တွေးတောစဥ်းစားကာ ခေါင်းငြိမ့်ပြလိုက်သည်။
ယခင်က ဆင့်ကဲပြောင်းလဲမှုက သူ၏ တာအို အရှင်သခင်စွမ်းရည်ကို မြှင့်တင်ပေးကာ၊ သူ၏နေ့စဥ် ဉာဏ်အလင်းရမှုကို ကြာပန်းစင်မြင့်ထက်တွင်ရှိနေခဲ့စဥ်က အခြေအနေနှင့် တူညီသွားစေခဲ့သော်လည်း၊ အကယ်၍ သူကသာ ကြာပန်းစင်မြင့်ထက်သို့ ထပ်ရောက်သွားမည်ဆိုပါက၊ သူ၏ ဉာဏ်အလင်းရမှု အမြန်နှုန်းက ထပ်မံ၍ မြန်ဆန်တိုးတက်လာဦးမည် ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိ အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား စိုးရိမ်ပူပန်နေသည့် ကိစ္စမှာ ဉာဏ်အလင်းရခြင်း ကိစ္စ မဟုတ်ဘဲ၊ တစ်ခြားကိစ္စတစ်ခုသာ ဖြစ်နေခဲ့သည်။
“ စီနီယာ၊ ပကတိ အထွတ်အထိပ်ကို အဆင့်တက်ဖို့အတွက် ပြီးပြည့်စုံတဲ့ တာအိုမူလ နိယာမကို ဘယ်လိုသန့်စင်ရမလဲဆိုတာကို ကျွန်တော်သိချင်တယ် “
နဝမအဆင့် ပညာရှင်များ ကျင့်ကြံသည့် တာအိုနိယာမများက မပြည့်စုံကြပေ။
ပကတိ အထွတ်အထိပ်သို့ အဆင့်တက်ရန်အတွက် မပြည့်မစုံ ဖြစ်နေသော တာအိုနိယာမကို ချို့ယွင်းချက်ကင်းသည့် ပြီးပြည့်စုံသော တာအိုနိယာမအဖြစ် သန့်စင်ရမည် ဖြစ်သည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဟင်းလင်းပြင် နိယာမသည် ပြည့်ဝအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပြည့်ဝနှင့် ပြီးပြည့်စုံခြင်းမှာ မတူညီ၊ ကွဲပြားသော အရာ ဖြစ်သည်။
ပြည့်ဝခြင်းသည် ဉာဏ်အလင်းပွင့်ခြင်းဖြင့် တဖြည်းဖြည်း ရောက်ရှိလာသော မပြည့်စုံသည့် ရှေ့ပြေးပုံစံကဲ့သို့သော အရာသာလျှင် ဖြစ်သည်၊ သို့သော် အပြည့်အဝ မပြည့်စုံသေးပေ။
ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ရှိရန်အတွက် အဆိုပါ ရှေ့ပြေးပုံစံကို ပြောင်းလဲရမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် မပြည့်မစုံ ဖြစ်နေသည့် တာအိုအား ပြီးပြည့်စုံသော တာအိုအဖြစ် မည်ကဲ့သို့ သန့်စင်ရမလဲဆိုသည်ကို မသိပေ။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ချက်ချင်း ပြန်ပြောလာခဲ့သည် “ ပြီးပြည့်စုံတဲ့ တာအိုနိယာမကို သန့်စင်ဖို့က ဉာဏ်အလင်းပွင့်တာကိုပဲ အားကိုးနေလို့မရဘူး၊ တစ်ချို့အရာတွေကိုပါ လိုအပ်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလာခဲ့သည် “ ဘာတွေလဲဗျ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ရှင်းပြလာခဲ့သည် “ ကောင်းကင်ပြင်ဆင် ကျောက်တုံးလို တော်တော်ကြီးကို ရှားပါးတဲ့ ကောင်းကင်ဘုံ ပစ္စည်းနဲ့ ကမ္ဘာမြေရတနာတွေကို လိုအပ်တယ်။ မပြည့်စုံတဲ့ တာအိုကို ပြုပြင်ပေးနိုင်တဲ့ အဲ့လိုရတနာမျိုးတွေက တော်တော်ကြီးကို ရှာရခက်တယ်၊ ငါတို့ မျိုးနွယ်စုက နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရှာနေခဲ့ပင်မဲ့၊ နောက်တစ်ခုကို ရှာမတွေ့ခဲ့ဘူး “
ပထမတစ်ခုသည် သူ ပကတိ အထွတ်အထိပ်သို့ တက်သည့်အချိန်တွင် အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ စိတ်ညစ်သွားတော့သည်။
သူသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ ပြီးပြည့်စုံတဲ့ တာအိုနိယာမအတွက် ရှေ့ကလူတွေရဲ့ လမ်းကြောင်းကို ချေးလို့မရဘူးလား “
“ ရှေ့လူတွေဆီကနေ ချေးတာလား “ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ရယ်ရယ်မောမောဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် “ ပြီးပြည့်စုံတယ်လို့ ခေါ်တဲ့ဟာက လူကိုယ်တိုင်နဲ့ပဲ သက်ဆိုင်တယ်၊ ရှေ့လူတွေ ကျင့်ကြံခဲ့တဲ့ ပြီးပြည့်စုံတဲ့ တာအိုနိယာမက သူတို့တွေနဲ့ပဲ သင့်တော်တယ်၊ တစ်ခြားလူတွေက အဲ့လိုလိုက်ဖို့ခက်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နားလည်သဘောပေါက်သွားခဲ့သည်။
ပြီးပြည့်စုံသော တာအိုနိယာမဟု ခေါ်ဆိုသော အရာသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုကို အမှန်တကယ် ပြည့်စုံသွားစေခြင်း မဟုတ်ပေ။
အကယ်၍ ၎င်းကသာ မှန်ကန်နေမည်ဆိုပါက၊ ဤကမ္ဘာကြီးတွင် မပြည့်မစုံ ဖြစ်နေသည့် တာအိုမျိုး တည်ရှိလိမ့်မည် မဟုတ်ပေ။
ပြီးပြည့်စုံသော တာအိုဟု ခေါ်ဆိုသော အရာသည် လူတစ်ဦးက သူကျင့်ကြံနေသည့် လမ်းကြောင်းကို ပြီးပြည့်စုံသွားစေခြင်း ဖြစ်သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ စကားဆက်ပြောလာခဲ့သည် “ ပကတိ အထွတ်အထိပ်ကို ရောက်ဖို့အတွက်၊ လူတစ်ယောက်က ကိုယ့်ရဲ့လမ်းကြောင်းကို ကိုယ်ကိုတိုင် ဖောက်မှရမယ်၊ အဲ့လိုလုပ်မှပဲ ပကတိ အထွတ်အထိပ်ကို ရောက်လိမ့်မယ် “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ တကယ်လို့ ရှေ့ကလူတွေရဲ့ လမ်းကြောင်းအတိုင်းလျှောက်ပြီးတော့ ပြီးပြည့်စုံတဲ့ တာအိုနိယာမကို တည်ဆောက်နိုင်မယ်ဆိုရင်တောင်မှ၊ သူတို့က ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်ရပြီးတော့ ပကတိ အထွတ်အထိပ်နယ်ပယ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး ”
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည် “ ဒါဆိုရင် အထွတ်အထိပ်တစ်ပိုင်းကရော “
“ ဟုတ်တယ် “ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အထွတ်အထိပ် တစ်ပိုင်းလို့ ခေါ်တာက တစ်ခြားလူတွေရဲ့ လမ်းကြောင်းကို လျှောက်လိုက်လို့ပဲ။ အဲ့လိုလူတွေရဲ့ စွမ်းအားက သာမန် အဆင့်၉ အထွတ်အထိပ် ပညာရှင်တွေထပ် သာတယ်၊ ဒါပင်မဲ့ တကယ့် ပကတိ အထွတ်အထိပ် ပညာရှင်ထပ်တော့ အများကြီး ပိုအားနည်းတယ် “
“ ပြီးတော့ အထွတ်အထိပ်တစ်ပိုင်းရဲ့ လမ်းကြောင်းက အဲ့နေရာမှာပဲ အဆုံးသတ်သွားတယ်၊ တကယ့် ပကတိ အထွတ်အထိပ် ပညာရှင်အဖြစ် လုံးဝ အဆင့်မတက်နိုင်တော့ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ မူလကနဦး အတွေးကို စွန့်လွှတ်လိုက်တော့သည်။
ကြည့်ရတာတော့ ပကတိ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ငါ့ဟာငါ လမ်းကြောင်း ဖောက်ရတော့မဲ့ပုံပဲ
“ ဆိုတော့၊ ပကတိ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ကောင်းကင်ပြင်ဆင် ကျောက်တုံးလို ကောင်းကင်ဘုံ ပစ္စည်းနဲ့ ကမ္ဘာမြေ ရတနာကို ရှာရမှာလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ မျက်မှောင်ကြုတ်သွားခဲ့ရသည်၊ အချိန်နှစ်လပဲ ကျန်တော့တယ်လေ၊ ငါက အဲ့တာတွေကို ဘယ်နေရာမှာ သွားရှာရမှာလဲ
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ စကားထပ်ပြောလာခဲ့သည် “ ကောင်းကင်ပြင်ဆင် ကျောက်တုံးကို မလိုပါဘူး၊ ငါတို့ သားရဲတွေက လူသားတွေနဲ့ မတူဘူး၊ ငါတို့ သက်တမ်းရှည်ကြတယ်။ အချိန်သာ လုံလုံလောက်လောက်ရသရွေ့ တဖြည်းဖြည်း ဉာဏ်အလင်းရလာမှာပဲ “
“ မင်းရဲ့ စွမ်းရည်မျိုးနဲ့ဆိုရင် ပကတိ အထွတ်အထိပ် တံခါးဝကို ထိတွေ့နိုင်ဖို့ ရာစုနှစ်လောက်ပဲ အချိန်ယူရလောက်တယ် “
………………………………………………………………………………………………………………………………………..
အပိုင်း ( 648 )
ကီလိုဂရမ် ဆယ်သန်းရရှိခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှု အမြန်နှုန်း ၂
ထိုအချိန်၌ သူသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည် “ တကယ်လို့ မင်းက နှစ်လအကြာမှ ဖြစ်လာမဲ့ ကပ်ဘေးကို တောင့်ခံမယ်ဆိုရင်၊ နောင်အနာဂတ်မှာ ပကတိ အထွတ်အထိပ်ကို ရောက်ဖို့အတွက် လုံးဝသေချာသွားပြီ “
အနာဂတ်လား။ ရာစုနှစ်လား
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ သူသည် ထိုမျှကြာရှည်စွာ စောင့်ဆိုင်းနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားကာ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်တုန်းက လူသားပညာရှင်တွေ တော်တော်များများက ရုတ်တရက်ကြီး မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီးတော့၊ ပကတိ အထွတ်အထိပ်ကို ဆယ်စုနှစ်အတွင်းမှာပဲ ရောက်သွားကြတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ သူတို့က အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ရှေးဟောင်းရတနာတွေကြောင့်ပဲ “
“ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်တုန်းက ကြယ်ပြာဂြိုဟ်မှာရှိတဲ့ ကမ္ဘာ့တိုက်ကြီးတွေရဲ့ ရွေ့လျားမှုက ရှေးခေတ်တုန်းက ရှေးဟောင်းရတနာတွေကို ပေါ်လာစေခဲ့တယ်လေ၊ ဒါပင်မဲ့ အခုအချိန်မှာတော့ အဲ့နေရာတွေက လုံးဝကို ဗလာဖြစ်သွားကြပြီ “
သူသည် အတိတ်ကို လွမ်းဆွတ်နေဟန်ဖြင့် ပြန်ပြောလာခဲ့သည် “ ရှေးဟောင်းရတနာတွေထဲမှာ အံ့ဖွယ်ကောင်းတဲ့ အကျိုးအမြတ်တွေ ပေးတဲ့ ရတနာတစ်ချို့ ရှိခဲ့တယ်။ မင်းပြောခဲ့တဲ့ လူသားတော်တော်များများက အဲ့တာတွေကို သုံးပြီးတော့ အဆင့်တက်ခဲ့ကြတာပဲ “
“ ဒါပင်မဲ့ အဲ့ကိစ္စကို ပြောနေရင်းမှ ထူးခြားတဲ့ အရာတစ်ချို့ကို ငါပြန်တွေးမိသွားတယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားကာ မေးမြန်းလိုက်သည် “ ဘာတွေလဲဗျ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ ပြန်လည်ဆင်ခြင်တွေးတောနေရင်းဖြင့် စကားပြောလာခဲ့သည် “ ငါတို့မျိုးနွယ်စုကို ရှေးခေတ် မျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်၊ မိသားစုထဲက ရှေးဟောင်း မှတ်တမ်းတွေနဲ့ ရှာတွေ့ခဲ့တဲ့ ရှေးဟောင်း ရတနာ ပစ္စည်းတွေ ကြားထဲမှာ တူညီမှု တစ်ခု ရှိနေတဲ့ပုံပဲ “
“ အဲ့တာက ရှေးခေတ်တုန်းက အချိန်ကာလတစ်ခုက ဖြတ်တောက်ခံထားရတဲ့ပုံပဲ “
“ အဲ့ကာလက အနည်းဆုံးအနေနဲ့ နှစ်ပေါင်းသောင်းနဲ့ချီပြီတော့ ကြာရှည်ခဲ့တယ်၊ အဲ့တာက သမိုင်းကြောင်းကနေ လုံးဝအဖျောက်ခံလိုက်ရတဲ့ပုံပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပေါ့ပေါ့တန်တန် ပြန်ပြောလာခဲ့သည် “ ရှေးခေတ်တုန်းက ကိစ္စတွေကို ခြေရာခံလို့မရတာက ပုံမှန်ပဲ မဟုတ်ဘူးလား “
“မင်း နားမလည်ပါဘူးကွာ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ ပကတိ အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ ငါတို့လို လူတွေက တွေးလိုက်ရုံနဲ့ ကြယ်ပြာဂြိုဟ်တစ်ခုလုံးရဲ့ အတွင်းအပြင်ကို တစ်လက်မမှ မကျန်အောင် ရှာဖွေ စစ်ဆေးနိုင်တယ် ”
“ ရှေးခေတ်တုန်းက အကြွင်းအကျန်ဆိုတာက မြေပေါ်မှာရော၊ မြေအောက်မှာပါ ရှိနေနိုင်တယ် “
“ ဒါပင်မဲ့ ထူးခြားနေတဲ့ဟာက ရှေးခေတ်တုန်းက ပစ္စည်းတွေပဲဖြစ်ဖြစ်၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေပဲဖြစ်ဖြစ်၊ အရာအားလုံးက ပျောက်ကွယ်နေတာပဲ။ ဒီနှစ်တစ်လျှောက်လုံးမှာ ငါတို့ ပကတိ အထွတ်အထိပ် ပညာရှင်တိုင်းက ဘယ်အရာကိုမှ လုံးဝရှာမတွေ့ခဲ့ဘူး “
“ ဒါပင်မဲ့ ငါတို့ မျိုးနွယ်စုရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ အဲ့ခေတ်ရဲ့ တည်ရှိမှုအကြောင်းကို ဟိုတစ်စဒီတစ်စ ဖော်ပြထားတယ်၊ အဲ့ခေတ်က တကယ်ကြီး ရှိခဲ့တာ သေချာတယ် “
“ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်တုန်းက ရှေးဟောင်း ပစ္စည်းတွေ ပေါ်မလာခင် အချိန်အထိ အဲ့ဒီရှေးဟောင်းမှတ်တမ်းတွေက ပြဿနာရှိနေတယ်လို့ ငါထင်ခဲ့ဖူးတယ်၊ ပြန်ပေါ်လာခဲ့တဲ့ အဲ့ဒီရှေးဟောင်း ပစ္စည်းတွေမှာလည်း အဲ့ခေတ်အကြောင်း မှတ်တမ်းတင်ထားတာတွေကို တွေ့ခဲ့ရတယ် “
“ အဲ့တာကြောင့်ပဲ အဲ့ခေတ်က တကယ်တည်ရှိခဲ့ပြီးတော့ အနည်းဆုံးအနေနဲ့ နှစ်သောင်းနဲ့ချီပြီးတော့ ကြာရှည်ခဲ့တယ်လို့ ငါသိသွားခဲ့တာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင်လည်း သိလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
နှစ်ပေါင်း သောင်းနဲ့ချီပြီးတော့ တည်တံ့ခဲ့တဲ့ အချိန်ကာလတစ်ခုက အစရှာမရဘဲ လုံးဝပျောက်ကွယ်သွားခဲ့တာလား
အဲ့အချိန်တုန်းက ဘာတွေများ ဖြစ်ခဲ့တာလဲ
နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ တည်တံ့ခဲ့တဲ့ဆိုတော့ လူမှုအဖွဲ့အစည်းက တော်တော်ကြီးကို အဆင့်အတန်းမြင့်မားပြီးတော့၊ သယံဇာတတွေကလည်း ကြွယ်ဝနေမှာ သေချာတယ်။
ဒါပင်မဲ့ အဲ့ဒီခေတ်ကာလက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီးတော့၊ သမိုင်းမှတ်တမ်းတွေထဲတောင် ဟိုတစ်စ ဒီတစ်စ မှတ်တမ်းတင်ထားတာလေးတွေကိုပဲ တွေ့ရတော့တယ်
ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ
ထိုအချိန်တွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ရုတ်တရက် စကားထပ်ပြောလာခဲ့သည် “ မင်းက လူသားဧကရာဇ်အကြောင်းကို သိလား “
“ လူသားဧကရာဇ်လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ၊ ခေါင်းငြိမ့်ပြလိုက်သည် “ နည်းနည်းတော့ ကြားဖူးပါတယ် “
ချက်ချင်းဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည် “ အဲ့ဒီခေတ်ကာလက လူသားဧကရာဇ်နဲ့ ဆိုင်နေတာလား “
“ အဲ့လိုလည်း မဟုတ်ဘူး “ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ သက်ပြင်းချနေတော့သည် “ ရှေးခေတ် လူသားဧကရာဇ်က မျိုးနွယ်စုတစ်သောင်းရဲ့ ဆရာသခင် ဖြစ်ပြီးတော့၊ ငါတို့မျိုးနွယ်စု မှတ်တမ်းတွေထဲမှာ အသေးစိတ်မှတ်တမ်းတင်ထားခဲ့တဲ့ သူဦးဆောင်ခဲ့တဲ့ နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ ကြာရှည်တဲ့ တကယ်ခမ်းနားထည်ဝါတဲ့ ခေတ်တစ်ခုကို ရုတ်တရက်ကြီး သတိရသွားလို့ပါ “
“ လူသားဧကရာဇ်ခေတ်အလွန်ကာလကလည်း နှစ်သောင်းနဲ့ချီပြီးတော့ တည်တံ့ခဲ့တယ်၊ အရင်တုန်းကထပ်လည်း ပိုပြီးတော့ ကြယ်ဝတိုးတက်ခဲ့တယ်၊ ဒါပင်မဲ့ ငါတို့မျိုးနွယ်စု မှတ်တမ်းတွေထဲမှာတော့ အချက်အလက်က နည်းနည်းလေးပဲ ရှိတယ်။ အဲ့တာကပဲ သံသယဖြစ်စရာ ကောင်းနေတာ “
“ ငါတို့ဘိုးဘေးတွေက တစ်စုံတစ်ခုကို ဖုံးကွယ်ထားခဲ့တာ ဒါမှမဟုတ် တစ်စုံတစ်ခုကို ရှောင်ရှားနေခဲ့တာ ဖြစ်ဖို့များတယ် “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ဤနှစ်များတစ်လျှောက်တွင် သူက ထိုခေတ်က အကြောင်းအရာများကို ရှာဖွေရန်အတွက် တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းကို ဖော်ထုတ်ပြောပြလာခဲ့သည်။
ကံဆိုးစွာဖြင့် သူတို့သည် အနည်းငယ်မျှသာ ရှာဖွေတွေ့ရှိခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ တစ်ချိန်တုန်းက ခမ်းနားခဲ့ပင်မဲ့ အခုချိန်မှာ မရှိတော့တဲ့ ခေတ်ကာလကို ဘာလို့ဒီလောက်တောင် စွဲလန်းနေရတာလဲဗျ “
“ ဘာလို့လဲဆိုတော့ အဲ့ဒီခေတ်ကာလက ဒီနေ့ဒီအချိန်အထိ ရှိနေသေးတယ်လို့ ငါသံသယဖြစ်နေလို့ပဲ “ ဟု လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ စကားပြောပြလာခဲ့သည်။
ရှေးခေတ်တုန်းက အချိန်ကာလက ဒီနေ့အထိ ရှိနေသေးတာလား
ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီးဖြစ်သွားကာ မေးခွန်းထုတ်လိုက်သည် “ ဘာလို့ အဲ့ဒီလို သံသယဖြစ်နေရတာလဲဗျ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ပြန်ပြောလာခဲ့သည် “ ပျောက်ကွယ်သွားခဲ့တဲ့ ခေတ်တိုင်းက မြေအောက်မှာ ခြေရာလက်ရာလေးတွေ ချန်ခဲ့တယ်လေ။ ကောင်းကင်နဲ့ မြေပြင်စပြီးတော့ ဖြစ်ပေါ်လာခဲ့သလိုမျိုး တော်တော်ကြီးကို ရှေးကျတဲ့ခေတ်နဲ့ သက်ဆိုင်တဲ့ သက်သေ၊ အထောက်ထားတွေတောင်မှ ကမ္ဘာမြေရဲ့ အတွင်းပိုင်းအလယ်ဗဟိုမှာ ရှိနေတယ် “
သူသည် တဟားဟား ရယ်မောကာ ပြောပြနေခဲ့သည် “ ရှေးဟောင်း သုတေသနဆိုတာက တကယ်ကြီးကို အသုံးဝင်တဲ့ ပညာရပ်တစ်ခုပဲ။ ဒီနှစ်တွေထဲမှာ ငါတို့ စုဆောင်းခဲ့တဲ့ အတွေ့အကြုံတွေက မှားစရာ မရှိဘူး “
“ ဒါပင်မဲ့ အဲ့ဒီခေတ်အကြောင်းကတော့ ဘာသဲလွန်စကိုမှ မရှိဘူး၊ ဘာမှ လည်း ရှာမတွေ့ခဲ့ဘူး “
“ ဆိုတော့ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ အဲ့ဒီခေတ်ကာလက လုံးဝပျောက်ကွယ်သွားတာ မဟုတ်ဘဲ၊ အံ့ဩဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ ဖုံးကွယ်ခံထားရတယ်ဆိုတာပဲ ရှိတော့တယ် “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သက်ပြင်းတချချဖြစ်သွားခဲ့သည် “ အဲ့တာက တကယ်ကို ခမ်းနားတဲ့ ခေတ်တစ်ခုပဲ၊ အံ့ဩဖို့ကောင်းတဲ့ ရတနာတွေရယ်၊ အန္တိမတစ်ပိုင်းကို ရောက်နိုင်မဲ့ အခွင့်အလမ်းတွေနဲ့ လုံးဝပြည့်နှက်နေခဲ့တာ “
“ ငါတို့က အဲ့တာတွေကို မရှာနိုင်ခဲ့ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အတော်လေး နောင်တရသွားခဲ့သည်။
အကယ်၍ သူကသာ ထိုရတနာများကို ရှာတွေ့ခဲ့မည်ဆိုပါက၊ ပကတိ အထွတ်အထိပ် သွားမည့်သူ၏လမ်းကြောင်းမှာ ပိုမိုလွယ်ကူချောမွေ့နေမည် ဖြစ်သည်။
“ အခုချိန်မှာတော့ အဆင့်၉ အထွတ်အထိပ်ကို မြန်မြန်ရောက်သွားအောင် အရင်ဦးဆုံး လုပ်လိုက်ကြတာပေါ့ကွာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ ထို့နောက်တွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
…
မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ
ကြယ်ပြာဂြိုဟ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ ပိုင်နက်ဆီသို့ ချက်ချင်း မသွားခဲ့ပေ။
ထို့အစား သူသည် လူသူကင်းမဲ့နေသည့် တောင်တစ်လုံးဆီသို့ ဦးတည်သွားခဲ့သည်။
သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို နဝမအဆင့် အထွတ်အထိပ်သို့ အရင်ဦးဆုံး ရောက်ရှိသွားစေရန် စီစဥ်ထားခဲ့သည်။
သူ၏ ဟင်းလင်းပြင် တာအိုမူလ နိယာမက ပြည့်ဝအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့်၊ သူ့ကိုယ်သူ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားစေရန် မြှင့်တင်ပေးနိုင်ပေသည်။
ပကတိ အထွတ်အထိပ်သို့ ဆက်သွားရန်အတွက်မူ ဂရုတစိုက် စီစဥ်ပြင်ဆင်ရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အဆင့်မြင့် နိယာမ အများအပြားကို နားလည်နေခဲ့ပြီး၊ အန္တိမ နိယာမတစ်ခုကိုပင် နားလည်ထားခဲ့သည်။ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် ပကတိ အထွတ်အထိပ်အဆင့်သို့ အချိန်တိုအတွင်း မရောက်သွားဘူးဆိုလျှင်တောင်မှ၊ပကတိ အထွတ်အထိပ်အဆင့်အောက်တွင် သေချာပေါက် ပြိုင်ဘက်ကင်းနေမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ညဘုရင်၏ အလောင်းကို သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းမှ ထုတ်ယူလိုက်သည်။
မီတာတစ်သောင်း ရှည်လျားသည့် ဧရာမ အလောင်းကြီးတစ်လောင်းသည် မြေပြင်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ ဧကရာဇ် မျိုးနွယ်စုဝင်က ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “
သူ၏ မျက်နှာပေါ်တွင် မျှော်လင့်တကြီး ဖြစ်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆင့် : နဝမအဆင့် အဆင့်၃ ( ၉၅%)
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း၅၀
“ စလိုက်ကြတာပေါ့ကွာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ၊ သူ၏ပါးစပ်ကို ကျယ်ကျယ်ဟကာ ညဘုရင်၏ ပေါင်လုံးကို ကိုက်ဖြတ်လိုက်သည်။
“ ဂျွတ် “
“ ဘုမ်းးး “
အသွေးအသားတို့ဖြင့် ပြည့်နှက်နေသည့် ပထမဦးဆုံး အစားတစ်လုပ်က ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက်၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။ သူသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သော်လည်း၊ ဧကရာဇ် မျိုးနွယ်စုဝင်၏ အသားက ယူဆောင်ပေးလာသည့် စွမ်းအင်သည် သူမျှော်မှန်းထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်။
“ ထပ် ထပ် ထပ် “
ချက်ချင်းဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ဖောင်းကားနေသော အဖုအထစ်များစွာ ပေါ်လာခဲ့သည်။
၎င်းမှာ သူ၏ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် လှည့်ပတ်သွားလာနေသည့် စွမ်းအင်ဖြစ်ပြီး၊ ၎င်းသည် သူ၏ ကြီးထွားနိုင်စွမ်းကို လှုံ့ဆော်ပေးနေခဲ့သည်။
“ ကြည့်ရတာတော့ ဒီတစ်နပ်ပြီးသွားရင်၊ ငါ့ရဲ့ တိုးတက်မှုက တော်တော်ကြီးကို အံ့ဩဖို့ကောင်းနေမှာ သေချာတယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဆက်လက်၍ အစားသောင်းကျန်းနေတော့သည်။
သူသည် အစားတစ်နပ်ပြီးဆုံးသွားရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် သူ၏ နေ့စဥ်ကြီးထွားမှု နှုန်းထားက ကီလိုဂရမ် ၁၀သန်းအထိ မြင့်တက်သွားသောကြောင့် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
“ အေ့ “
စားသောက်မှု ပြီးဆုံးသွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်နေတော့သည်။
သူသည် လုံးဝန်းနေသော သူ၏ဗိုက်ကို စိတ်ကျေနပ်စွာဖြင့် ပွတ်သပ်နေတော့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ့ခန္ဓာကိုယ်တွင် ရှိနေသည့် ကြွက်သားအားလုံးမှာ အရူးအမူး ကြီးမားလာခဲ့သည်။
သူ့ ခန္ဓာကိုယ်၏ အရွယ်အစားမှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။
အလေးချိန် ကီလိုဂရမ် ၁၀သန်းက မြင့်တက်လာခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော တိုးတက်ပြောင်းလဲမှုများကို ယူဆောင်ပေးလာခဲ့သည်။
အရေးအကြီးဆုံးအရာမှာ ယခုတစ်ကြိမ်တွင် သူစားခဲ့သည့် အမှောင်နယ်မြေ ဧကရာဇ် မျိုးနွယ်စုဝင်၏ အသားဖြစ်ပြီး၊ ၎င်းသည် ဤတစ်ကြိမ် ဖွံ့ဖြိုးတိုးတက်မှုကို ပို၍အံ့ဖွယ်ကောင်းသွားစေခဲ့သည်။
စနစ်၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် သူ၏ အဆင့်ကိန်းဂဏန်းမှာ ဆက်တိုက် ခုန်ပေါက်လာတော့သည်။
နဝမအဆင့် အဆင့်၄
နဝမအဆင့် အဆင့်၅
နဝမအဆင့် အဆင့်၆
နဝမအဆင့် အဆင့်၇
အဆင့် : နဝမအဆင့် အဆင့်၇ ( ၈၀% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း ၆၀
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ဆယ်သန်း ရရှိခြင်း(အကန့်အသတ်)၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ အင်မော်တယ်၊ ဟင်းလင်းပြင်၊ အသပ်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း၊ ငြှိမ်းသက်၍ မရသော ကြယ်မီးဖို( ဒီဂရီ ဆဲစီးယပ် သုံးဘီလီယံ )၊ တာအို အရှင်သခင် …………
…
အဆင့်ပြောင်းလဲမှုနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာခဲ့သည်။
ယခုလက်ရှိ အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက လက်သီးတစ်ချက်တည်းဖြင့် နေအဖွဲ့အစည်း တစ်ခုလုံးကို ထိုးဖောက်နိုင်သည်ဟု ခံစားနေခဲ့ရသည်။