အခန်း (၆၄၉-၆၅၁)
Vol. 44 Ch. 649-651
အပိုင်း ( 649 )
နဝမအဆင့် အထွတ်အထိပ်
“ ဘာတွေ ဖြစ်နေတာလဲ “
သူ့စိတ်ထဲတွင် ရှိနေသည့် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည့် ရွှေရောင်မီးလျှံမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို အာရုံခံမိသွားခဲ့ကာ၊ တအံ့တဩဖြစ်သွားခဲ့သည်။
“ ဒီတစ်နပ်စားပြီးတဲ့နောက်မှာ နင်က ဘယ်လိုလုပ် အများကြီး ပိုသန်မာအားကောင်းလာရတာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပုံမှန်အတိုင်း ပြန်ပြောလာခဲ့သည် “ နင်က ဘာလို့ငနုံလေးလို ပုံစံမျိုး ဖြစ်သွားရတာလဲ။ ဒါက အမှောင်နယ်မြေရဲ့ ဧကရာဇ် မျိုးနွယ်စုဝင်ဆိုတာကို သတိမထားမိဘူးလား “
“ အမှောင်နယ်မြေ ဧကရာဇ် မျိုးနွယ်စုဝင်ရဲ့ အလောင်းလား။ ဒီကိစ္စမတိုင်ခင် ဘာတွေ ဖြစ်ခဲ့တာလဲ “
ညဘုရင်၏ အလောင်းကို မြင်လိုက်ရသောအခါတွင် ရွှေရောင်မီးလျှံမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ကွမ်ဟန်သို့ သွားခဲ့သည့် အချိန်တွင် သူမသည် သူ၏ အသက်အရင်းအမြစ် ကုန်ခမ်းမှုကြောင့် အိပ်မောကျနေသည့် အခြေအနေအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ယခု ပြန်နိုးလာခဲ့သည့် အချိန်တွင် သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားက အမှောင်နယ်မြေ၏ နဝမအဆင့် ဧကရာဇ် မျိုးနွယ်စုဝင်တစ်ဦးကို အမဲလိုက်ထားနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရွှေရောင်မီးလျှံသည် တစ်ချိန်က လူသားဧကရာဇ်၏ အကြီးမားဆုံးသော ရန်သူတော်များအနက်မှ တစ်ခုဖြစ်သည့် အမှောင်နယ်မြေ ဧကရာဇ် မျိုးနွယ်စုကို ကောင်းစွာသိရှိနေခဲ့သည်။
ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အခြေအနေကို အကျဥ်းချုံး၍ ရှင်းပြနေခဲ့သည်။
“ ဧကရာဇ် မိသားစုရဲ့ ဘုရင်အဆင့် ပညာရှင်တစ်ယောက်လား “
ရွှေရောင်မီးလျှံသည် အလွန်တရာ အံ့ဩသွားခဲ့သည် “ အဲ့လို တည်ရှိမှုမျိုးကို အမဲလိုက်နိုင်ခဲ့တယ်ဆိုတော့၊ နင့်ရဲ့ အစွမ်းက ဆရာအဆင့်၉ နယ်ပယ်မှာ ရှိနေခဲ့တဲ့ အချိန်တုန်းကနဲ့ အများကြီး ကွာမနေတော့ဘူးပဲ “
သူမသည် စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ ဧကရာဇ် မျိုးနွယ်စုရဲ့ တကယ့်ပညာရှင်တွေက ရှင်ဘုရင်အဆင့်က လူတွေပဲ။ တကယ်လို့ နောင်အနာဂတ်မှာ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် နင်သေချာဂရုစိုက်မှ ဖြစ်မယ် “
“ ရှင်ဘုရင်အဆင့်လား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ စိတ်ရှုပ်ထွေးနေသော အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည်။
ရွှေရောင်မီးလျှံမှ ရှင်းပြလာခဲ့သည် “ ရှင်ဘုရင်အဆင့် ပညာရှင်၊ အဲ့တာက ဧကရာဇ် မျိုးနွယ်စုသုံးခုရဲ့ အဓိက အင်အားစုပဲ။ သူတို့က ပကတိ အထွတ်အထိပ်နယ်ပယ်ရဲ့ ထိပ်တန်းဆယ်ယောက်အဆင့်ကို ဝင်တဲ့လူတွေပဲ။ အဲ့လို ပါရမီရှင်မျိုးတွေက အန္တိမ နိယာမတွေကို ပြည့်ဝခြင်းအဆင့်အထိ နားလည်ထားကြတယ်။ တစ်ချို့ဆိုရင် အန္တိမ နိယာမတစ်ခုထပ်ပိုပြီးတော့ နားလည်ထားကြတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ပကတိ အထွတ်အထိပ် နယ်ပယ်ရဲ့ ထိပ်တန်းဆယ်ယောက်အဆင့်က လူတွေလား
သူတို့အားလုံးက အန္တိမ နိယာမကို နားလည်ထားကြတယ်ပေါ့
အဲ့တာဆိုရင် အမှောင်နယ်မြေ ဧကရာဇ် မိသားစုရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေထဲမှာ အန္တိမ နိယာမကို နားလည်ထားတဲ့လူက အနည်းဆုံးအနေနဲ့ ဆယ်ယောက်တောင် ရှိနေတာလား
ဆယ်ယောက်ထပ်တောင် ပိုနေနိုင်တယ်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဧကရာဇ် မျိုးနွယ်စု၏ အင်အားက သူထင်ထားသည်ထပ် များစွာပိုနေသည်ကို နားလည်သွားပြီး၊ သူ၏ စိတ်နှလုံးသားမှာ ပိုမိုလေးလံသွားခဲ့သည်။
သူသည် ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ရှင်ဘုရင်ရဲ့ အထက်မှာရော ဘာရှိလဲ “
ရွှေရောင်မီးလျှံသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလာခဲ့သည် “ ရှင်ဘုရင်ရဲ့ အထက်မှာက ဧကရာဇ် ရှိတယ်။ ဧကရာဇ် မိသားစု သုံးခုစလုံးမှာ ဧကရာဇ် တစ်ပါးစီပဲ ရှိကြတယ် “
“ ဧကရာဇ် ပညာရှင်က အန္တိမနယ်ပယ်နဲ့ပဲ ထိုက်တန်တယ် “
သူမသည် ဆက်လက်၍ ရှင်းပြလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာက ဧကရာဇ် မိသားစုမှာ အန္တိမပညာရှင် တစ်ယောက်တည်း ရှိတယ်လို့ မဆိုလိုဘူး။ ငါသိရသလောက်အရဆိုရင်တော့ ဆရာ့ခေတ်တုန်းက အဇူရာမျိုးနွယ်စုမှာ အန္တိမ ပညာရှင် နှစ်ယောက်ရှိခဲ့တယ်။ အစွမ်းထက်ဆုံး လူကို ဧကရာဇ် ပညာရှင်လို့ ခေါ်ကြပြီးတော့ ကျန်တစ်ယောက်ကိုတော့ အန္တိမဘုရင်လို့ ခေါ်ကြတယ် “
အန္တိမ ပညာရှင်က တစ်ယောက်ထပ် ပိုနေတာလားဟ
ကြယ်တာရာ T-Rex နတ်ဘုရားမှ ထပ်မံ၍ မေးမြန်းလာခဲ့ပြန်သည် “ အဲ့တာဆိုရင် လူသားဧကရာဇ်က ဘယ်လိုလုပ် နယ်ကျော်သွားရဲရတာလဲ “
သူမသည် သူ့ကို မျက်စောင်းထိုးကာ ပြောပြလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက ဆရာတစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး၊ အောင်းချန်တို့၊ ချီပိုင်တို့လို လူတွေကလည်း အန္တိမနယ်ပယ်ရဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြတယ်။ သူတို့က တစ်ချို့ အန္တိမတစ်ပိုင်း ပညာရှင်တွေနဲ့အတူ တိုက်ခိုက်ရေး အင်အားစုတစ်ခုကို ဖွဲ့စည်းခဲ့ကြတယ် “
“ နားလည်ပြီ “ ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ယခင်က သူသည် ဘိုးဘေးနဂါး အောင်းချန်က ပကတိ အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည်ဟု အမြဲလိုလိုထင်နေခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်မီးလျှံသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ကြယ်ပြာဂြိုဟ်က အန္တိမတစ်ပိုင်း အဆင့် ပညာရှင် တစ်ယောက်ကိုတောင် မမွေးထုတ်ပေးနိုင်တဲ့အထိ အားနည်းသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ ရှုကျိုး၊ နင့်အပေါ်မှာ ရှိနေတဲ့ ဖိအားက အရင်တုန်းက ဆရာ့ထပ်တောင် ပိုများနေတယ် “
သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ငေးကြည့်ကာ သက်မကြီး ချနေတော့သည်၊ ဤကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူမမှာလည်း စွမ်းအားမဲ့နေသကဲ့သို့ ခံစားနေခဲ့ရသည်။
အကယ်၍ လူသားဧကရာဇ်က ချန်ထားခဲ့သည့် အမွေအနှစ် မစ်ရှင်သာ မရှိဘူးဆိုပါက၊ သူမသည် ရှုကျိုးကို ထွက်ပြေးသွားရန် တိုက်တွန်းပြောဆိုနေမည် ဖြစ်သည်။
သူမသည် စကားထပ်ပြောလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက ဆရာ့ရဲ့ တိုက်ပွဲကလည်း အမှောင်နယ်မြေကို နှစ်အတော်ကြာ ဖိနှိပ်နိုင်ခဲ့တယ်။ တကယ်လို့ သူတို့ကို မဖယ်ရှားနိုင်ဘူးဆိုရင်တောင်မှ၊ သူတို့တွေက သူတို့ရဲ့ မူလချီ တော်တော်များများကို ဆုံးရှုံးသွားလောက်ပြီ “
“ အဲ့ဒီ အချိန်တုန်းက အမှောင်နယ်မြေရဲ့ အန္တိမ ပညာရှင်အကုန်လုံးက အသက်မရှင်လောက်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုစကားလုံးများ၏ တစ်ချို့တစ်ဝက်က နှစ်သိမ့်သည့် အနေဖြင့် ပြောဆိုခြင်း ဖြစ်သည်ကို သိနေခဲ့သည်။
သို့သော် သူသည် ထိုကဲ့သို့သော နှစ်သိမ့်ပေးမှုကို မလိုအပ်ပေ။
“ ငါက အန္တိမအဆင့်ကို သေချာပေါက် ရောက်လိမ့်မယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်မှာ ပြတ်သားခိုင်မာနေခဲ့သည်။
ထို့နောက်တွင် သူသည် သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
“ တစ်နေ့ကို ကီလိုဂရမ် ဆယ်သန်းတိုးတက်လာတော့ တစ်နပ်တည်းနဲ့ အဆင့်လေးအဆင့်အထိ မြင့်တက်သွားတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုယ်သူ ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အခုဆိုရင် ငါ့ရဲ့ ရုပ်ခန္ဓာက နှောင်းပိုင်း အဆင့်၉နယ်ပယ်ကို ရောက်လာပြီ “
အဆိုပါ တိုးတက်မှု အကုန်လုံးသည် အမှောင်နယ်မြေ ဧကရာဇ်မျိုးနွယ်စု၏ အသွေးအသားများ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
နဝမအဆင့် နယ်ပယ်တွင် အဆင့်သေးတစ်ခုချင်းစီတိုင်း၏ တိုးတက်မှုကပင် အလွန်တရာ ခက်ခဲသည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။
အကောင်းဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် သားရဲမျိုးနွယ်စုများကပင် အဆင့်တစ်ကြိမ် ထိုးဖောက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ အချိန်ယူရလေ့ရှိသည်။
နှောင်းပိုင်း နဝမအဆင့်သို့ ရောက်ရှိရန်မူ နှစ်တစ်ရာကျော်အထိပင် အချိန်ယူရလေ့ရှိသည်။
ဧကရာဇ် မျိုးနွယ်စု၏ အသားတွင် ပါဝင်သည့် အာဟာရဓာတ်မှာ လုံလုံလောက်လောက် မြင့်မားနေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကြိမ်တည်းဖြင့် တန်ချိန်သောင်းနှင့်ချီ၍ စားသုံးကာ၊ တဟုန်ထိုး အဆင့်တက်သွားခဲ့သည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရွယ်အစားသည် မီတာနှစ်ထောင်ဆိုသည့် ပမာဏကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
“ ငါ့ရဲ့ ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုရဲ့ အပူချိန်ကလည်း ဒီဂရီ ဆဲစီးယပ် ဘီလီယံ ၃၀အထိ ခုန်တက်သွားခဲ့တယ် “
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏စွမ်းရည်ကို အသက်သွင်းလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ထံမှ ချက်ချင်းပေါ်ထွက်လာခဲ့သည်။
ယခုတွင် ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုစွမ်းရည်ကို အသုံးပြုထားသည့်အတွက် သူ့ခန္ဓာကိုယ်၏ အပူချိန်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေရုံတင် မဟုတ်ဘဲ၊ သူ၏ခန္ဓာကိုယ်ကပါ
ကြယ်တစ်စင်းကဲ့သို့ တောက်ပနေခဲ့သည်။
အကယ်၍ နဝမအဆင့် အောက်မှ လူများကသာ သူ့ကို တိုက်ရိုက်ကြည့်လာမည်ဆိုပါက၊ သေးငယ်သော အမှားအယွင်းတစ်ခုတည်းဖြင့် သူတို့၏ မျက်လုံးများ လောင်ကျွမ်သွားလိမ့်မည် ဖြစ်သည်။
“ ဘုမ်း “
ဒီဂရီ ဆဲစီးယပ် ဘီလီယံ ၃၀ဆိုသည့် အပူဒဏ်အောက်တွင် မြေပြင်သည် ချက်ချင်းအရည်ပျော်သွားကာ၊ အောက်သို့ အဆက်မပြတ် နိမ့်ဆင်းသွားခဲ့သည်။
“ အခုချိန်မှာ လက်သီးတစ်လုံးလောက် ပစ်သွင်းလိုက်မယ်ဆိုရင်၊ အဲ့တာက အသေးစားဂြိုဟ်တစ်လုံး အရွယ်ရှိသည့် နျူကလီးယားဗုံး ပေါက်ကွဲမှုထပ် အများကြီး နိမ့်ကျနေတော့မှာ မဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည်။
ဒီဂရီ ဆဲစီးယပ် ဘီလီယံ ၃၀ဆိုသည့် ပမာဏမှာ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုက ယူဆောင်ပေးလာသည့် ပမာဏဆိုင်ရာ ပြောင်းလဲမှုဖြစ်ပြီး၊ စွမ်းအားသည် ကြောက်ခမမ်းလိလိ မြင့်တက်သွားခဲ့သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 650 )
နဝမအဆင့် အထွတ်အထိပ် ၂
စကြာဝဠာအတွင်းရှိ ကြယ်အများစု၏ အပူချိန်ကပင် ဒီဂရီ ဆဲစီးယပ် တစ်ဘီလီယံဝန်းကျင်သာ ရှိသည်ကို သိကြရမည် ဖြစ်သည်။
သူ၏ ယခုလက်ရှိ အပူချိန်သည် အစစ်အမှန် ကြယ်တစ်လုံးထပ် များစွာ သာလွန်နေပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ အပူချိန်သည် သူ၏ခန္ဓာကိုယ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဆိုသည်ကိုပါ မီးမောင်းထိုးပြနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ၏ခန္ဓာကိုယ်သည် ထိုကဲ့သို့သော အပူချိန်မျိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ လာမဲ့ရက်တွေအတွင်းမှာတော့ အဆင့်၉ အထွတ်အထိပ်ကို သွားဖို့အတွက် ဒီနေရာမှာ ဆက်နေမှဖြစ်မယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အစီအစဥ်တစ်ခုကို ရေးဆွဲခဲ့ပြီးပြီ ဖြစ်သည်။
သူသည် နဝမအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ပြီးသည့်နောက်မှသာလျှင် ဉာဏ်အလင်းရခြင်းအတွက် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်သို့ သွားရောက်ရန် စဥ်းစားထားခဲ့သည်။
သူ၏ တာအို အရှင်သခင်စွမ်းရည်ကြောင့် သူသည် ဤတောင်အတွင်းမှာပင် ဉာဏ်အလင်းရနိုင်ပေသည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားရှိ မူလနိယာမများကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေတော့သည်။
“ အချိန်တာအိုကို နားလည်အောင် ဘယ်လိုလုပ်ရမလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ညဘုရင်၏ အချိန်နိယာမကို အတော်လေး အားကျနေခဲ့သည်။
မှန်မှန်ကန်ကန် အသုံးပြုနိုင်မည်ဆိုပါက၊ အဆိုပါ စွမ်းရည်သည် အားကြီးသူကို အနိုင်ယူချင်သည့် အားနည်းသူများအတွက် ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
ပို၍ အရေးကြီးသော အရာမှာ သူက အချိန်နိယာမကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ နောင်အနာဂတ်တွင် ဟင်းလင်းပြင်-အချိန်နိယာမကို နားလည်နိုင်ရန် အခွင့်အရေး ရှိနေခြင်း ဖြစ်သည်၊ ၎င်းသည် အန္တိမ နိယာမတစ်ခု ဖြစ်သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ယခုလက်ရှိ နားလည်နိုင်စွမ်းဖြင့် အချိန်နိယာမ၏ တည်ရှိမှုကို မည်သို့မျှ နားမလည်နိုင်သေးပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက်ကုန်ဆုံးသွားခဲ့သည်၊ သို့သော် သူသည် မည်သည့်အရာကိုမှ မရရှိခဲ့ပေ။
“ ငါထင်ထားခဲ့တဲ့အတိုင်းပဲ၊ နိယာမတွေကို နားလည်ဖို့ဆိုတာက လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး။ သာလွန်တဲ့ နားလည်နိုင်စွမ်းနဲ့တောင်မှ ဘာကိုမှ မဖမ်းဆုပ်နိုင်ခဲ့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ ဖွင့်ဟကာ သက်ပြင်းချနေတော့သည်။
နိယာမတစ်ခုကို နားလည်ခြင်းသည် ၀ မှ ၁ အဖြစ် ပြောင်းလဲသည့် ဖြစ်စဥ်တစ်ခု ဖြစ်သည်။
အခွင့်အလမ်းများ(သို့) အထူးရတနာများ မရှိဘူးဆိုပါက၊ နှစ်တစ်ရာတိတိ ထိုင်နေမည်ဆိုလျှင်တောင်မှ မည်သို့မျှ အောင်မြင်လိမ့်မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားကို ဥပမာယူပါလေ။
ယခင်က ကမ္ဘာ့ကြယ်၏ ရှေးဟောင်း အပျက်အစီး နယ်မြေအတွင်းတွင် သူသည် နဂါးတိုင်လုံး ခုနစ်ခုပေါ်မှ နိယာမများကို နိယာမပုံစံကွက်များကို နားလည်ခဲ့ပြီး၊ ၎င်းသည် သူ့အား အသက်နှင့် မရဏ နိယာမ၊ ဓာတ်ကြီးငါးပါး နိယာမ …. အစရှိသဖြင့် နိယာမ အများအပြားကို နားလည်သွားစေခဲ့သည်။
ထို့ကဲ့သို့သာ မဟုတ်ဘူးဆိုပါက အစပျိုးရသည့် အဆင့်ကပင် အလွန်တရာ ခက်ခဲနေမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တာအိုနိယာမကို ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းက ဉာဏ်အလင်းပွင့်ခြင်း တစ်ခုတည်းနှင့် မလုံလောက်ဘဲ၊ အခွင့်အလမ်းနှင့် ရတနာများ အပေါ်တွင်ပါ မူတည်နေသည်ဟု လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက မည်သည့်အတွက်ကြောင့် ပြောခဲ့လဲဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
တာအိုနိယာမကို နားလည်အောင် ကိုယ်တိုင် ကြိုးစားအားထုတ်ရခြင်းမှာ အလွန်တရာ ခက်ခဲနေခဲ့သည်။
တာအို ဖန်ဆင်းခြင်းနှင့် တူညီသည့် တာအိုနိယာမကို ပြီးပြည့်စုံအောင် ပြုလုပ်ရခြင်းမှာ ကိုယ့်ကိုကိုယ်အားကိုးခြင်းဖြင့် မည်သို့မျှ မဖြစ်နိုင်သော အလုပ်တစ်ခု ဖြစ်သည်။
“ ကြည့်ရတာတော့ ငါက အချိန်နိယာမကို အချိန်တိုအတွင်း နားမလည်နိုင်ဘူးထင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ တစ်ခြားနိယာမတွေကို အရင်နားလည်အောင် လုပ်သင့်တယ် “
သူ၏ ဓာတ်ကြီးငါးပါး နှင့် အသက်နှင့် မရဏ နိယာမတို့သည် သေးငယ်သော အောင်မြင်မှု အဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အစီအရင်အဆောင်၊ လက်နက်နှင့် ဘဝ နိယာမတို့ကမူ အစပျိုးသည့်အဆင့်တွင်သာ ရှိနေသေးသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ ထပ်မှိတ်ကာ၊ ဉာဏ်အလင်းရသည့် အခြေအနေတွင် ကိုယ့်ကိုကိုယ် တစ်ဖန်ပြန်၍ နှစ်မြှုပ်ထားလိုက်သည်။
အကယ်၍ တစ်ခြားသော နဝမအဆင့် ပညာရှင်တစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့မည်ဆိုပါက၊ အလွန်တရာ မနာလိုအားကျ ဖြစ်သွားကြမည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဉာဏ်အလင်းရသည့် အခြေအနေမှာ ကိုယ်လိုသလို ဝင်ရောက်နိုင်သည့် အရာမဟုတ်ပေ။ များသောအားဖြင့် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ကြာပန်းစင်မြင့်ကဲ့သို့သော ရတနာများ၏ ကူညီထောက်ပံ့မှုကို လိုအပ်လေ့ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရားကဲ့သို့ မျက်လုံးများ မှိတ်လိုက်ရုံဖြင့် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေအတွင်းသို့ ဝင်ရောက်နိုင်သည့် လူကမူ မြင့်မြတ်ခန္ဓာကိုယ်တစ်ခုပင် ဖြစ်သည်။
အန္တိမ ပညာရှင်များထံတွင်ပင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိပေ။
…
ဤကာလအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တောင်ထဲတွင်သာ ဆက်နေခဲ့သည်။
စားခြင်းနှင့် သူ၏ ရုပ်ခန္ဓာနယ်ပယ်ကို တိုးမြှင့်ခြင်းမှအပ၊ သူသည် ကျန်ရှိနေသည့် သူ၏အချိန်အားလုံးကို နိယာမတို့အား နားလည်ဆင်ခြင်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
မသိလိုက်ခင် အချိန်မှာပင် သုံးရက်တာ ကုန်ဆုံးသွားခဲ့သည်။
…
အဆင့် : နဝမအဆင့် အဆင့်၁၀ ( ၁၀၀% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း၉၀
ကြယ်တာရာ T-Rex နတ်ဘုရားသည် စနစ်၏ မျက်နှာပြင်ကို ကြည့်နေရင်းဖြင့်၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အဆင့်၉ အထွတ်အထိပ်ကို ရောက်ဖို့အတွက် သုံးရက်အထိ အချိန်ယူရလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
အစတွင် သူသည် တစ်ရက်(သို့) နှစ်ရက်မျှသာ အချိန်ယူရလိမ့်မည်ဟု ထင်နေခဲ့သည်။
နဝမအဆင့် အဆင့်၇မှ နဝမအဆင့် အဆင့်၉သို့ တက်ရခြင်းမှာ အမှန်တကယ် မြန်ဆန်နေခဲ့ပြီး၊ တစ်ရက်သာလျှင် အချိန်ယူခဲ့ရသည်။
သို့သော် အဆင့်၉သို့ ရောက်ရှိသည့် အချိန်တွင် တိုးတက်မှု အမြန်နှုန်းမှာ လုံးဝမြန်ဆန်သွားခဲ့သည်။
သူသည် အမှောင်နယ်မြေ ဧကရာဇ် မျိုးနွယ်စုဝင်၏ အသွေးအသားများကို တစ်နေ့လျှင် တန်ချိန်သောင်းနှင့်ချီ၍ စားသုံးခဲ့သော်လည်း၊ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရန် နှစ်ရက်တိတိ အချိန်ယူခဲ့ရသည်။
သို့ရာ၌ ၎င်းမှာ နားလည်၍ရသော ရိုးရှင်းသည့် ကိစ္စတစ်ခုဖြစ်သည်။
ညဘုရင်၏ နယ်ပယ်သည် အစောပိုင်း နဝမအဆင့်တွင်သာ ရှိနေခြင်းဖြစ်သည့်အတွက်၊ ထိုကဲ့သို့သော တိုးတက်မှုမျိုး ရရှိခြင်းကပင် အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
ယခုတွင် ညဘုရင်၏ အလောင်းမှာ တစ်ဝက်သာလျှင် ကျန်နေတော့သည်။
“ အခုတော့ ငါ့ရဲ့ ရုပ်ခန္ဓာက အဆင့်ထပ်မတက်နိုင်တော့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုယ်သူ ကြည့်ရှုနေခဲ့သည်။
ယခုတွင် သူ၏ အမြင့်သည် မီတာ ငါးရာအထိ ဖြစ်နေခဲ့ပြီ ဖြစ်ပြီး၊ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက၊ သူသည် အဆုံးမဲ့ မြေပြင်တစ်ခုလုံးကို စူစမ်းကြည့်နိုင်အလား ခံစားနေခဲ့ရသည်။
သူ၏အရွယ်အစားက ကြီးမားသွားသော်လည်း၊ သူ့ကြွက်သားတို့ သိပ်သည်းမှုမှာ အလွန်မြင့်မားနေပြီး၊ သူ၏ မျက်နှာပြင် အရေပြားပေါ်တွင် ထင်သာမြင်သာရှိသည့် ကြွက်သားများ အမြှောင်းမြှောင်းထနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
၎င်းမှာ နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရား ဖြစ်သည်။
သူသည် နဝမအဆင့် အထွတ်အထိပ်၏ စဦးပိုင်းတွင် ရှိနေခြင်း မဟုတ်ဘဲ၊ နဝမအဆင့် အထွတ်အထိပ် ပြည့်ဝခြင်းအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူသည် ပကတိ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
“ ငါ့ကြယ်မီးဖို စွမ်းရည်ရဲ့ အပူချိန်ကလည်း ဒီဂရီ တစ်ရာ ဘီလီယံအထိ မြင့်တက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြင်းထန်စွာ လောင်ကျွမ်းနေသည့် သူ၏လက်သီးကို ကြည့်လိုက်သည်။
အဆိုပါ လက်သီးသည် နေအသေးစားလေး တစ်ခုသဖွယ် ဖြစ်နေခဲ့ပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် လေထုကိုပင် ပုံပျက်သွားစေခဲ့ကာ၊ ၎င်း၏ ပတ်ပတ်လည်တွင် တည်ရှိနေသည့် တာအိုနိယာမများကိုပင် ၎င်း၏ အပူချိန်ဖြင့် ဟန့်တားနေခဲ့သည်။
အဆိုပါ လက်သီးချက်ကို အထွတ်အထိပ်တစ်ပိုင်း ပညာရှင်ကပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီသုံးရက်အတွင်းမှာ ငါ့ရဲ့ ဓာတ်ကြီးငါးပါး နိယာမက ကြီးမားသော အောင်မြင်မှုအဆင့်ထိ ရောက်သွားပြီ။ အစီအရင် အဆောင်၊ လက်နက်နဲ့ ဘဝတာအိုတွေကလည်း စဦးအဆင့်ကို ရောက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အတွေးနက်သွားခဲ့သည် “ အမြန်နှုန်းက တော်တော်ကြီးကို နှေးနေတုန်းပဲ။ ကြည့်ရတာတော့ ကြာပန်းစင်မြင့်ဆီသို့ အလည်သွားဖို့ လိုလာပြီနဲ့တူတယ် “
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ညဘုရင်၏ အလောင်းကို ချက်ချင်းပြန်သိမ်းလိုက်ကာ၊ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။
…
လက်သည်းငါးခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်အတွင်း၌
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤနယ်မြေအတွင်းသို့ အလွယ်တကူ ဝင်ရောက်လာခဲ့ပြီး၊ လမ်းတစ်လျှောက်လုံးတွင် မည်သည့်တားဆီးပိတ်ဆို့မှုကိုမှ မကြုံတွေ့ခဲ့ရပေ။
သို့ရာ၌ အတွင်းပိုင်းသို့ ရောက်လာသည့်အချိန်တွင် သူသည် အဌမအဆင့် နဂါးလေးများ၏ အာရုံစိုက်ခြင်းကို ခံနေခဲ့ရသည်။
သို့သော် အဆိုပါ နဂါးလေးများ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် ပြုနေခြင်းများ မရှိခဲ့ပေ၊ ထို့အစား ရိုသေလေးစားမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
နဂါးတို့သည် ခွန်အားကိုသာလျှင် လေးစားလေ့ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ကွမ်ဟန်စစ်မြေပြင်တွင် အမှောင်နယ်မြေ ဧကရာဇ် မိသားစု၏ ဘုရင်အဆင့်ကို သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ လူငယ်မျိုးဆက် နဂါးများသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အလွန်တရာ လေးစားနေကြသည်။
ထိုက်ချူး ရတနာရေကန်နားသို့ ရောက်ရှိလာသည့် အချိန်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်ထက်တွင် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင် တင်ပျဥ်ခွေထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အနီးနားတွင် တစ်ခဏ စောင့်ဆိုင်းရန် ပြင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင်
“ အောင်းလီ “
အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ တစ်ခြားသော ခရမ်းရွှေရောင် နဂါးတစ်ကောင်သည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
အောင်းလီသည် ကြာပန်းစင်မြင့်ကို ယခုလေးတင်မှ စတင် အသုံးပြုထားခဲ့ခြင်း ဖြစ်သောကြောင့်၊ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့ကာ၊ အလည်ရောက်လာသူကို ဒေါသတကြီး အော်ငေါက်လာခဲ့သည် “ အောင်းကွမ်၊ မင်းသေချင်နေတာလား “
အောင်းကွမ်မှ စကားပြန်ပြောလိုက်သည် “ ဂုဏ်သရေရှိ ဧည့်သည်တော် ရောက်နေတယ်လေ “
“ ဂုဏ်သရေရှိ ဧည့်သည်တော်လား “
အောင်းလီသည် မကျေမနပ် ဖြစ်နေသော ဟန်အမူအရာဖြင့် သူ၏ဦးခေါင်းကို လှည့်လိုက်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားအရှေ့တွင် ဆင်းသက်လာခဲ့ကာ၊ ဖားယားနေသော အမူအရာကို ဆင်မြန်းထားခဲ့သည် “ အစ်ကိုကြီး၊ မင်းရောက်နေတယ်ဆိုတာကို ဘာလို့ မပြောရတာလဲ။ မင်းစောင့်နေတာ ကြာပြီလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ငါက အခုလေးတင်မှ ရောက်လာတာပါ “
အောင်းလီမှ ပြန်ပြောလာခဲ့သည် “ ဘိုးဘေးက ပြောထားတယ်၊ မင်းရောက်လာတာနဲ့ ဘာကိစ္စပဲရှိရှိ ကြာပန်းစင်မြင့်ကို မင်းကို ပေးလိုက်ရမယ်တဲ့၊ သွားလို့ရပြီနော် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်သွားသော်လည်း၊ မငြင်းပယ်ဘဲ ခေါင်းငြိမ့်ပြလိုက်သည် “ ဒါဆိုရင်လည်း မင်းတို့ရဲ့ ဘိုးဘေးကို ငါ့ကိုယ်စား ကျေးဇူးတင်ပေးပါဦး “
သူ့စိတ်ထဲတွင် ရှိနေသည့် ရွှေရောင် မီးလျှံကမူ ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် တဟားဟား ရယ်မောနေတော့သည် “ ကြည့်ရတာတော့ အဲ့အဘိုးကြီးက နင်က ကြယ်ပြာဂြိုဟ်ရဲ့ မျှော်လင့်ချက်ဆိုတာကို သိလောက်တဲ့အထိ ဉာဏ်ကောင်းနေတဲ့ပုံပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ ကြာပန်းစင်မြင့်ပေါ်သို့ ခုန်တက်သွားတော့သည်။
“ ဗွီ “
သူကြာပန်းစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်
ကမ္ဘာကြီးမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သက်တံ့သဖွယ် ဖြစ်နေသည့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ရောင်စုံတာအိုများသည် သူ့ဆီသို့ ပြေးဝင်လာကြသည်။
“ တာအို အရှင်သခင် စွမ်းရည် အဆင့်မြှင့်ခံလိုက်ရပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ ဉာဏ်အလင်းရနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့တာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်သွားခဲ့သည်။
ဤကြာပန်းစင်မြင့်သည် လူများကို ဉာဏ်အလင်းရသွားစေရုံသာလျှင် မဟုတ်ဘဲ၊ လူတစ်ဦး၏ နားလည်နိုင်စွမ်းကိုပါ အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။
တစ်နည်းဆိုရသော် သူ၏ မူလနားလည်နိုင်စွမ်းက မြင့်မားလေလေ၊ ကြာပန်းစင်မြင့်ထက်သို့ ရောက်လာသည့် အချိန်တွင်၊ ရရှိလာမည့် တိုးတက်မှုက ကြီးမားလေလေပင် ဖြစ်သည်။
“ ကြာပန်းစင်မြင့်ရဲ့ အကူအညီဆိုရင်၊ ငါက လာမဲ့ရက်တွေမှာ အဆင့်မြင့် နိယာမတွေကို ပြည့်ဝအဆင့်အထိ ရောက်သွားအောင် သေချာပေါက် လုပ်နိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ချက်ချင်း တင်ပျဥ်ခွေထိုင်လိုက်ကာ၊ တာအိုနိယာမတို့ကို နားလည်ဆင်ခြင်ရန် ပြင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူသည် ရုတ်တရက် အကြံရသွားခဲ့သည်။
“ ဟမ် “
“ ကြည့်ရတာတော့ အချိန်နိယာမကို ဘယ်လိုနားလည်အောင် လုပ်ရမလဲဆိုတာကို အဖြေရှာတွေ့ပြီနဲ့တူတယ် “
………………………………………………………………………………………………………………………………………
အပိုင်း ( 651 )
အန္တိမ နိယာမ ပြည့်ဝခြင်း၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ဆရာသခင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်၏ အကူအညီဖြင့် ရုတ်တရက် အတွေးရသွားခဲ့သည်။
အချိန်နိယာမဟု ခေါ်ဆိုသည့် အရာသည် ဤစကြာဝဠာတွင် အမှန်တကယ် မတည်ရှိပေ။
စကြာဝဠာထဲတွင် အချိန်ဟူသည့် အယူအဆ မရှိပေ။
အချိန်နိယာမသည် အရာဝတ္ထုများ ရွေ့လျားပုံကို ဖော်ပြခြင်း ဖြစ်သည်။
အချိန်ရပ်တန့်ခြင်းဆိုသည်မှာ အရာဝတ္ထုတစ်ခု၏ လှုပ်ရှားမှု ရပ်တန့်သွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
အဆိုပါ ရပ်တန့်မှုသည် အပေါ်ယံရပ်တန့်မှု မဟုတ်ဘဲ၊ အရာဝတ္ထုကို ဖွဲ့စည်းထားသည့် စွမ်းအင်အမှုန် အားလုံးက ရပ်တန့်သည့် အခြေအနေအတွင်းသို့ ကျရောက်သွားခြင်း ဖြစ်သည်။
အကယ်၍ အဆိုပါ နိယာမကို လူတစ်ဦးပေါ်တွင် အသုံးပြုလိုက်မည်ဆိုပါက၊ ၎င်းသည် လူတစ်ဦးနှင့် အတွေးများနှင့် ခန္ဓာကိုယ်ကို ရပ်တန့်သွားစေမည် ဖြစ်သည်။
“ ဒီတစ်ချက်ကတော့ ငါ့မူလကိုယ်ရဲ့ သွေးကြောမှတ် လည်ပတ်မှုက ပေးထားတဲ့ အချိန် ရပ်တန့်ခြင်း စွမ်းရည်နဲ့တောင် နည်းနည်းလေး တူနေတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ဒါပင်မဲ့ ဒါက လုံးဝကွဲပြားတယ် “
“ ဘာလို့လဲဆိုတော့ မူလကိုယ်ရဲ့ အချိန်ရပ်တန့်ခြင်းက ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေပဲ ရပ်တန့်နိုင်တယ်၊ အတွေးတွေကို မရပ်တန့်နိုင်ဘူး “
“ ဒါပင်မဲ့ မူလကိုယ်ရဲ့ သွေးကြောမှတ် လည်ပတ်မှုကတစ်ဆင့် တကယ့်အချိန်နိယာမကို နားလည်အောင် လုပ်လို့ရတယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက၊ မူလကိုယ်က လေ့ကျင့်မည်ဆိုပါက၊ ၎င်း၏ နယ်ပယ်ကြောင့် အချိန်နိယာမကို မည်သို့မျှ နားလည်လိမ့်မည် မဟုတ်ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ဒြပ်စပ်ပေါင်းစည်းခြင်းကို အောင်မြင်ထားခဲ့သည်။
မူလကိုယ်ရှိ အရာအားလုံးကို ကိုယ်ပွားထံသို့ လွှဲပြောင်းပေးနိုင်ပေသည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အတွေးတစ်ခု လှုပ်ရှားသွားရာ၊ အနက်ရောင် တွင်းပေါက်ကဲ့သို့သော သွေးကြောမှတ် လည်ပတ်မှုသည် သူ့ခန္ဓာကိုယ်အတွင်းတွင် ပေါ်လာခဲ့သည်။
“ အချိန်နိယာမမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ဗျာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ မှိတ်ကာ၊ စတင်၍ ဂရုတစိုက် နားလည်ဆင်ခြင်နေတော့သည်။
ကြာပန်းစင်မြင့် နှင့် တာအို အရှင်သခင်တို့၏ ကူညီမှုကြောင့်၊ သူ၏ တာအိုမူလ နိယာမ နားလည်မှုမှာ အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။
…
နောက်လာမည့် ကာလများအတွင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်ထက်တွင် နေကာ၊ ဉာဏ်အလင်းကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။
ရံဖန်ရံခါတွင် သူသည် ညဘုရင်၏ အလောင်းကို စားသုံးရန်အတွက် တစ်ခဏခန့် အနားယူလေ့ရှိသည်။
သို့သော် စားသောက်ပြီးသည့်နောက်၌ မည်သည့်တိုးတက်မှုမှ မရှိဘူးဆိုသည်ကို ရှာဖွေတွေ့ရှိခဲ့သည်၊ ထို့ကြောင့် သူသည် စားသောက်ခြင်းကို ရပ်တန့်လိုက်သည်။
ပြီးပြည့်စုံသည့် မူလနိယာမကို နားလည်သွားကာ ပကတိ အထွတ်အထိပ်အဆင့်သို့ မရောက်ခင်အထိ၊ သူ၏ရုပ်ခန္ဓာက မည်သို့မျှ တိုးတက်တော့မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ဤနယ်ပယ်ရှိ သူ့ရုပ်ခန္ဓာက အထွတ်အထိပ်အထိ အသွင်ပြောင်းခဲ့ပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းက ကောင်းသောအရာတစ်ခု ဖြစ်သည်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အစာစားနေရန် မလိုတော့ဘဲ၊ ဉာဏ်အလင်းရခြင်း အခြေအနေတွင်သာ သူ့ကိုယ်သူ နှစ်မြှုပ်ထားလိုက်သည်။
အချိန်များ တိတ်တဆိတ် ကုန်လွန်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွားခဲ့သည်။
…
ကွမ်ဟန် တောင်ပိုင်းစစ်မြေပြင်၊ နယ်မြေ ၅၅
နဝမအဆင့်နှင့် ပကတိ အထွတ်အထိပ် ပညာရှင်တစ်စုသည် တင်ပျဥ်ခွေထိုင်ကာ၊ အစီအရင်များကို အပတ်တကုတ် ကြိုးစားသန့်စင်နေလျက်ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ အမှောင်နယ်မြေဆင်းသက်လာမည့် အချိန်မှာလည်း ပိုမိုနီးကပ်လာခဲ့သည်။
အဆိုပါ ပညာရှင်များအကြားတွင် အပျက်သဘောဆောင်သည့် ခံစားချက်များ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဆက်လုပ်နေသည်နှင့်အမျှ၊ အစီအရင်များကို သန့်စင်ရခြင်းက ပိုမိုခက်ခဲလာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဤနှုန်းအတိုင်းသာဆိုပါက၊ သူတို့သည် အဓိက အစီအရင်အကုန်လုံးကို တစ်လအတွင်း ဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။
စစ်မြေပြင်၏ ထောင့်တစ်နေရာ၌
အနီရောင်ဝတ်စုံနှင့် လှပသော မိန်းမပျိုတစ်ဦးသည် တင်ပျဥ်ခွေထိုင်နေပြီး၊ သူမအရှေ့ရှိ အစီအရင်ကို ကြည့်ရှုကာ သက်ပြင်းချနေတော့သည် “ တစ်လတောင် မကျန်တော့ဘူး၊ ဒါပင်မဲ့ မသန့်စင်ရသေးတဲ့ အစီအရင်က အနည်းဆုံးအနေနဲ့ ၃၀%အထိ ကျန်နေသေးတယ် “
“ ပြီးတော့ အဲ့တာတွေက တော်တော်ကြီးကို ခိုင်မာတယ်၊ နိယာမစွမ်းအားနဲ့တောင်မှ အရည်ပျော်ဖို့ ခက်နေတယ် “
“ အမှောင်နယ်မြေ ဆင်းသက်လာတာကို ငါတို့က တားဆီးနိုင်ပါ့ဦးမလား “
မိန်းမပျို၏ စိတ်ထဲတွင် အဆိုးမြင် စိတ်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။
သူမသည် မြေအောက်တွင် ရှိနေသည့် ဤအစီအရင်များက အမှောင်နယ်မြေမှ အန္တိမ ပညာရှင်များ၏ လက်ချက်ဆိုသည်ကို သိနေခဲ့သည်။
၎င်းတို့အတွင်းတွင် အန္တိမပညာရှင်၏ နိယာမစွမ်းအား အရိပ်အငွေ့များပင် ပါရှိနေခဲ့သည်။
အရိပ်အငွေ့မျှသာ ဆိုသော်လည်း၊ ၎င်းသည် နဝမအဆင့် ပညာရှင်များ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထပ် များစွာ ကျော်လွန်နေခဲ့သည်။
တစ်ချို့သော် နဝမအဆင့် ပညာရှင်များကမူ အစီအရင်များကို သန့်စင်နေရင်းဖြင့် ရက်အတော်ကြာ မေ့လျောသွားခဲ့ကြသည်။
အန္တိမနယ်ပယ်မှ နိယာမစွမ်းအား အရိပ်အငွေ့မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အကယ်၍ ထိုကဲ့သို့သော တည်ရှိုမှုကသာ နယ်မြေဖိနှိပ်မှုကို လျစ်လျူရှုပြီး၊ ဆင်းသက်လာနိုင်မည်ဆိုပါက၊ ကြယ်ပြာဂြိုဟ်သည် မည်သို့မျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ကျန်းမိသားစုက ဒီကပ်ဘေးကို ကျော်လွှားနိုင်ပါ့မလား …… ”
လှပသည့် အနီဝတ် မိန်းမပျိုသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။
အကယ်၍ ရှုကျိုးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ ထိုအမျိုးသမီးက ကျန်းလန်နှင့် အနည်းငယ် ရုပ်ဆင်နေသောကြောင့် တအံ့တဩဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဤအမျိုးသမီးသည် ကျောင်းကျိုး ကျန်းမိသားစု၏ တစ်ဦးတည်းသော နဝမအဆင့် ပညာရှင်၊ ကျန်းချင်ရွှမ်း ဖြစ်သည်။
သူမက အလယ်အလတ် နဝမအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ ကျန်းမိသားစုသည် သူမကြောင့်ပင် ကျောင်းကျိုး၏ နံပါတ်တစ် မိသားစုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
သူမ၏ ဘေးနားတွင် ဝက်ဝံခေါင်းနှင့် သားရဲတစ်ကောင် ရှိနေခဲ့သည်၊ သူသည် သူ၏ဦးခေါင်းကို ခါရမ်းကာ စကားပြောလာခဲ့သည် “ အခုလက်ရှိအချိန်မှာ ငါတို့ လုပ်နိုင်တာက အကောင်းဆုံး ကြိုးစားတာပဲ “
ကျန်းချင်ရွှမ်းမှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ လွန်ခဲ့တဲ့ တစ်လတုန်းက အမှောင်နယ်မြေရဲ့ ဧကရာဇ် မျိုးနွယ်စုဝင်ကို သတ်ခဲ့တဲ့ အဲ့ဒီသားရဲ၊ သူကရော အစီအရင်တွေကို ဘာလို့ မသန့်စင်ရတာလဲ “
ထိုသားရဲသည် အေးခဲတောင့်တင်းသွားကာ ခေါင်းခါပြလာခဲ့သည် “ ငါကြားတာတော့ အဲ့လူကို လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက သူ့ရဲ့ ပိုင်နက်ကို ဖိတ်ခေါ်ထားတယ်တဲ့၊ အခု သူက ကြာပန်းစင်မြင့်ပေါ်မှာ ကျင့်ကြံနေပြီးတော့ ပကတိ အထွတ်အထိပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်သွားအောင် လုပ်နေတယ်တဲ့ “
သူ၏ မျက်လုံးများထဲတွင် အားကျနေသည့် အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ထိုနေရာသို့ အပြင်လူများကို တစ်ကြိမ်တစ်ခါမှ မဖိတ်ကြားခဲ့ဖူးပေ။
ကြယ်တာရာ T-Rex နတ်ဘုရားက ပထမဦးဆုံးဖြစ်သည်။
သို့သော် ယခုလက်ရှိ အခြေအနေမှာ ယခင်ကနှင့် ကွဲပြားနေခဲ့ပြီဖြစ်သည်၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ ဘဝနေဝင်ချိန်မှာ နီးလာနေပြီဖြစ်ပြီး၊ ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချလိုက်ခြင်းမှာ အံ့ဩဖွယ်ရာတစ်ခု မဟုတ်ပေ။
ကျန်းချင်ရွှမ်းသည် မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောလာခဲ့သည် “ ပကတိ အထွတ်အထိပ်ကို အဆင့်တက်မလို့လား။ လွန်ခဲ့တဲ့ တစ်လတုန်းက သူက အစောပိုင်း အဆင့်၉မှာပဲ ရှိနေသေးတာလေ၊ ဟုတ်တယ်မလား “
“ သားရဲမျိုးနွယ်စုရဲ့ တိုးတက်မှု အမြန်နှုန်းအရဆိုရင်၊ ဆယ်စုနှစ်တော်တော်ကြာ အချိန်ယူရမှာလေ၊ ရာစုနှစ်တစ်ခုအထိတောင် ဖြစ်သွားနိုင်တယ် “
“ ငါ့အမြင်မှာတော့ သူကလည်း ………. “
ကျန်းချင်ရွှမ်းသည် ထိုနေရာတွင် စကားပြာဆိုမှုကို ရပ်တန့်လိုက်သည်။
သို့သော် အဆိုပါ သားရဲသည် သူမ၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်နေခဲ့သည်။
ကျန်းချင်ရွှမ်း၏ အမြင်အရ၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ကျင့်ကြံနေမည့်အစား ဤနေရာတွင်သာ အစီအရင်များကို သန့်စင်နေသင့်ပေသည်။
သားရဲမျိုးနွယ်စုများသည် အချိန်တိုအတွင်းမှာပင် သိသိသာသာ တိုးတက်လာလေ့ မရှိပေ။