← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အပိုင်း ( 652 )

အန္တိမ နိယာမ ပြည့်ဝခြင်း၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ဆရာသခင် ၂

အကယ်၍ သူက ဤနေရာတွင် အစီအရင်များကို သန့်စင်နေမည်ဆိုပါက၊ သူတို့သည် နဝမအဆင့် အထွတ်အထိပ်(သို့) အထွတ်အထိပ်တစ်ပိုင်းအဆင့်နှင့် ညီမျှသာ အင်အားတစ်ခု၏ အကူအညီကို ရရှိကာ၊ အစီအရင် သန့်စင်ခြင်း ဖြစ်စဥ်ကို ပိုမိုမြန်ဆန်သွားစေမည် ဖြစ်သည်။

ကျန်းချင်ရွှမ်းသည် များများစားစား စကားမပြောခဲ့ပေ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ အဆင့်အတန်းက မြင့်မားနေသောကြောင့်၊ သူမသည် သူ့နောက်ကွယ်တွင် သူ့အကြောင်းပြောဆိုနေခြင်းကို ရှောင်ကြဥ်ခဲ့သည်။

သူမသည် သူမက ထိုကဲ့သို့ပြောဆိုရန် အဆင့်မမှီဘူးဆိုသည်ကို သိနေခဲ့ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ တကယ်လို့ အဲ့လို ပါရမီရှင်မျိုးကသာ လူသားမျိုးနွယ်စုထဲမှာ ပေါ်လာခဲ့မယ်ဆိုရင်၊ လပိုင်းအတွင်းမှာပဲ အန္တိမအဆင့်ကိုတောင် ရောက်သွားလောက်တယ် “

“ အင်း၊ အဲ့ဒီရှုကျိုးကလည်း မဆိုးပါဘူး၊ ဒါပင်မဲ့ သူက အဆင့်၈နယ်ပယ်ပဲ ရှိနေသေးတယ် “

…

လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်၊ ကြာပန်းစင်မြင့်ထက်၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူနှင့် သူ၏မူလကိုယ်အကြောင်းကို လူတစ်ချို့က တစ်ပြိုင်နက် တွေးတောစဥ်းစားနေသည်ဆိုသည်ကို မသိပေ။

ယခုလက်ရှိ အချိန်၌ သူသည် ဉာဏ်အလင်းရသည့် အခြေအနေတွင်သာ နစ်မြုပ်နေစဲဖြစ်သည်။

ယနေ့၌

“ ဗွီ “

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်း အတက်အကျသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လှိုင်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေလျက်ရှိပြီး၊ ၎င်းကို နဝမအဆင့်အောက်ရှိ မည်သည့်သိုင်းပညာရှင်ကမှ ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ၊ သို့သော် ၎င်း၏အထက်မှ ပညာရှင်များကမူ ဉာဏ်အလင်းရသည့် အခြေအနေအတွင်းသို့ ချက်ချင်းကျရောက်သွားမည် ဖြစ်သည်။

ဤအချိန်ဤ အနီးအနားတွင် ရှိနေသည့် အောင်းကွမ်နှင့် အောင်းလီတို့မှာလည်း ဉာဏ်အလင်းရသည့် အခြေအနေအတွင်းသို့ ကျရောက်သွားခဲ့သည်။

သို့ရာ၌ သူတို့သည် တစ်ခဏအကြာတွင် သတိပြန်ဝင်လာကြသည်။

ထို့နောက်တွင် သူတို့သည် တအံ့တဩ ဖြစ်နေသော အမူအရာများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာကြသည်။

“ ဘာတွေ ဖြစ်နေတာလဲ “

“ သူက အလယ်အလတ် အဆင့်၉ကို ရောက်သွားတော့မှာလား “

ဤအခိုက်အတန့်တွင် သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားက နဝမအဆင့် အထွတ်အထိပ်အား ကျော်လွန်နေပြီ ဆိုသည်ကို နားမလည်ကြသေးပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အခြေအနေမှာ အလွန်တရာ ရှားပါးသည့် တာအိုနိယာမ ပြည့်ဝခြင်း/ပြည့်စုံခြင်း အခြေအနေ ဖြစ်သည်။

တာအိုနိယာမ ပြည့်ဝခြင်းဆိုသည်မှာ လူတစ်ဦး၏ တာအိုနားလည်မှုက ပြည့်စုံသွားပြီး၊ သံသရာစက်ဝန်းတစ်ခုကို ဖွဲ့စည်း၍၊ သူနေထိုင်ရာကမ္ဘာနှင့် ကိုက်ညီသည့် ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

“ တာအို နိယာမ ပြည့်ဝအဆင့်ကို ရောက်သွားတာပဲ “

ရွှေရောင်မီးလျှံမှာလည်း ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့သည်။

သို့ရာ၌ သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားကို မနှောင့်ယှက်ခဲ့ပေ။

သူမသည် ဤအခြေအနေက အလွန်တရာ ရှားပါးလွန်းသည်ဆိုသည်ကို သိနေခဲ့သည်။

သမိုင်းကြောင်းတစ်လျှောက်လုံးမှာပင် လူနည်းစုကသာလျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည်။

ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သူများသည် အနိမ့်ဆုံးအနေဖြင့် အထွတ်အထိပ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြသည်။

“ တာအိုပြည့်စုံတဲ့ အခြေအနေက မူလနိယာမ အများစုကို ပြည့်စုံအောင် ကျင့်ကြံနိုင်ပြီးတော့၊ အဲ့ဒီ နိယာမတွေက ကမ္ဘာငယ်တစ်ခုကို ဖွဲ့စည်းနိုင်တယ်လို့ ဆိုလိုနေတာပဲ “

“ အဲ့တာက အဆင့်မြင့် နိယာမတွေကို များများစားစား နားလည်ဖို့လိုအပ်တယ်လို့ ညွှန်ပြနေတယ် “

“ သူကတော့ အဲ့ဒီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီနေတယ် “

ရွှေရောင်မီးလျှံသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အဲ့အခြေအနေထဲကို တစ်ခါလောက် ရောက်သွားတာနဲ့၊ သူနားလည်ထားတဲ့ နိယာမတွေ အကုန်လုံးက အဆတစ်ရာအမြန်နှုန်းနဲ့ တိုးတက်လာပြီးတော့၊ ပြည့်စုံတဲ့ အဆင့်ကို ရောက်သွားမှာ “

“ သူ့ရဲ့ နားလည်မှုက ဘယ်လောက်အထိ ရောက်သွားမလဲဆိုတာကို ငါမြင်ချင်နေပြီ၊ အန္တိမ နိယာမဖြစ်တဲ့ အသက်နဲ့ မရဏ နိယာမက ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်သွားမှာလား။ အဲ့လောက်ကြီးတော့ မမြန်လောက်ဘူးထင်တယ် “

“ တကယ်ကို စိတ်ပူဖို့ကောင်းတာပဲ “

ရွှေရောင်မီးလျှံသည် ကြယ်တာရာ T-Rex နတ်ဘုရားကို စောင့်ကြည့်နေရင်းဖြင့် တွေးပူကြောင့်ကြနေလျက်ရှိသည်။

သူမသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဦးနှောက်အတွင်းတွင် နေထိုင်နေသော်လည်း၊ ဉာဏ်အလင်းရသည့် အခြေအနေကို မမြင်နိုင်ခဲ့ပေ။

တစ်မိနစ်ပြီးတစ်မိနစ်၊ အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နောက်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။

“ ဆွစ်ရှ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။ နတ်အလင်းတန်းနှစ်ခုသည် လေဟာနယ်ကို မြှားကဲ့သို့ ထိုးဖောက်လာခဲ့ကာ၊ စကြာဝဠာအနှံ့ ဖြတ်သန်းသွားတော့သည်။

“ ဘုမ်းးး “

တစ်ချိန်တည်းမှာပင် ကြောက်ခမမ်းလိလိ အားကောင်းသော အရှိန်အဝါတစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။

“ ဘာကြီး “

“ အဲ့တာက “

အဝေးရှိ အောင်းကွမ်နှင့် အောင်းလီတို့မှာလည်း အဆိုပါ အရှိန်အဝါကို အာရုံခံမိသွားခဲ့ကာ၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး၊ မည်သို့မှ ပြန်မထနိုင်ကြတော့ပေ။

သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ၊ မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို စိုက်ကြည့်လာကြသည်။

“ သူက အဆင့်၉ အထွတ်အထိပ်ကို တကယ်ကြီး ရောက်သွားတာလား။ ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ “

“ မဟုတ်ဘူး၊ အဲ့တာက အဆင့်၉ အထွတ်အထိပ်ထပ် ပိုနေတဲ့ပုံပဲ၊ သူ့ရဲ့ နိယာမ အကုန်လုံးက ပြည့်စုံသွားပြီ၊ သူက အထွတ်အထိပ်အဆင့်နဲ့ ခြေတစ်လှမ်းအကွာကို ရောက်နေလောက်ပြီ “

အောင်းကွမ်နှင့် အောင်းလီတို့နှစ်ဦးစလုံး ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ သူတို့သည် ကြာပန်းစင်မြင့်ထက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကို အံ့ဩတကြီး ငေးကြည့်နေကြသည်။

သူတို့က တာအိုနိယာမ ပြည့်ဝခြင်း အခြေအနေကို နားမလည်ကြသော်လည်း၊ သူတို့ကိုယ်တိုင်က နဝမအဆင့် ပညာရှင်များ ဖြစ်နေသည့်အတွက်၊ နိယာမ ပြည့်စုံခြင်းနှင့် မပြည့်စုံခြင်းကြားရှိ ကွာခြားချက်ကို ကောင်းစွာသိရှိနေခဲ့သည်။

ယခု ကြယ်တာရာ T-Rex နတ်ဘုရားထုတ်သည် သူ၏ အရှိန်အဝါကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ထားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဤကမ္ဘာကြီးနှင့် ပေါင်းစည်းနေသကဲ့သို့ ဖြစ်နေခဲ့ကာ၊ အသက်ရှူသံတိုင်းတွင်လည်း ကောင်းကင်ဘုံ၏ အမှန်တရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဤကမ္ဘာကြီး၏ နိယာမများသည် သူ့ထံသို့ တက်တက်ကြွကြွ တိုးဝင်လာခဲ့ပြီး၊ သူက ဤကမ္ဘာကြီး၏ အရှင်သခင်ဖြစ်သည်ဟု ခံစားသွားရစေခဲ့သည်။

၎င်းမှာ ပြည့်ဝခြင်း၏ လက္ခဏာရပ် ဖြစ်သည်။

ထိုအချိန်၌ ကြာပန်းစင်မြင့်ထက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အရှိန်အဝါကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။

“ စိတ်လှုပ်ရှားနေလို့ အရှိန်အဝါကို မထိန်းချုပ်နိုင်ခဲ့ဘူးပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မှတ်ချက်ပြုရေရွတ်နေခဲ့သည်။

ရွှေရောင်မီးလျှံမှ သူ့ကို စကားပြောလာခဲ့သည် “ ရှုကျိုး၊ နင်က နိယာမ ဘယ်နှစ်ခုလောက် နားလည်လိုက်လဲ “

“ အားလုံးက ပြည့်စုံသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးကာ တုံ့ပြန်လိုက်သည်။

“ အားလုံးက ပြည့်စုံသွားတာလား “

ရွှေရောင်မီးလျှံသည် သူမ၏ သံသယကို ဖော်ထုတ်ပြသလာခဲ့သည် “ အသက်နဲ့ မရဏနိယာမကော ဘယ်လိုလဲ။ အဲ့တာကိုရော ပြည့်စုံတဲ့အထိ နားလည်သွားလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည် “ ဒီတစ်လအတွင်းမှာ ငါ့ရဲ့ စွမ်းရည်နဲ့ ကြာပန်းစင်မြင့်ရဲ့ အကူအညီတွေ ရှိနေတာကို အန္တိမ နိယာမလေးတွေ ပြည့်စုံသွားတာက ထူးဆန်းလို့လားဟ “

ထိုအကြောင်းကို ပြောနေရင်းဖြင့် သူသည် ရုတ်တရက် စဥ်းစားမိသွားခဲ့သည် “ ဒါပင်မဲ့ မနေ့ကတော့ ငါက ထူးဆန်းတဲ့ အခြေအနေထဲကို ရောက်သွားသလိုပဲ၊ အဲ့အခြေအနေ မရှိဘူးဆိုရင်၊ အန္တိမ နိယာမတွေက ပြည့်စုံသွားမှာ မဟုတ်ဘူး “

ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ အဲ့တာကို တာအိုနိယာမ ပြည့်ဝခြင်း အခြေအနေလို့ခေါ်တယ် “

“ တာအိုနိယာမ ပြည့်ဝခြင်းလား “ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ရွှေရောင်မီးလျှံ၏ ရှင်းပြချက်ကို နားထောင်ရပြီးသည့်နောက်တွင် သူသည် ၎င်းကို နားလည်သွားခဲ့သည် “ ငါနားလည်ထားတဲ့ တာအိုနိယာမတွေက တစ်ရက်အတွင်းမှာ သိသိသာသာ တိုးတက်သွားတာက အံ့ဩစရာ မဟုတ်ဘူးပဲ၊ အဲ့လိုမျိုး ပိုပြီးတော့ နက်နဲတဲ့ ဉာဏ်အလင်းရ အခြေအနေမျိုး ရှိနေတာကိုး “

တာအိုနိယာမ ပြည့်စုံခြင်း ရှိနေမည်ဆိုလျှင်တောင်မှ၊ သာမန်ပါရမီရှင်များက ပြည့်စုံခြင်း အဆင့်သို့ မြန်မြန်ဆန်ဆန် မရောက်သွားနိုင်ဘူးဆိုသည်ကို သူမသိပေ။

တာအို အရှင်သခင်စွမ်းရည်နှင့် ကြာပန်းစင်မြင်တို့၏ အကူအညီကြောင့် ထိုကဲ့သို့ ဖြစ်သွားသည်ဟု ပြောနိုင်ပေသည်။

“ အခုဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင်၊ ဓာတ်ကြီးငါးပါး၊ အစီအရင် အဆောင်၊ လက်နက်၊ ဘဝ၊ အသက်နဲ့ မရဏ၊ မူလနိယာမ ခြောက်ခုစလုံးက ပြည့်စုံသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ပိုပြီးတော့ အရေးကြီးတာက ငါက အချိန်နိယာမကို နားလည်ခဲ့ပြီးတော့၊ အဲ့တာကပါ ပြည့်စုံသွားခဲ့တာပဲ “

နိယာမ အကုန်လုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။

အဆိုပါ နိယာမ ခုနစ်ခုသည် ကမ္ဘာကြီးတွင် ရှိနေသည့် အရာအားလုံးသည် မူလနိယာမများကို တည်ဆောက်နိုင်ကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် လုံလောက်သော နတ်စွမ်းအားကို ပိုင်ဆိုင်ထားသရွေ့၊ တွေးလိုက်ရုံဖြင့် အခြေခံကမ္ဘာတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

အဆိုပါ စွမ်းရည်သည် နဝမအဆင့် ပညာရှင်များအတွက် ကောင်းကင်ဘုံကို ဆန့်ကျင်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ပကတိ အထွတ်အထိပ်နှင့် ၎င်း၏အထက်မှ ပညာရှင်များကသာလျှင် ဖန်ဆင်းခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် နဝမအဆင့်နယ်ပယ်မှာပင် ၎င်းကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏နိယာမ ခုနစ်က ပြည့်ဝသွားသော်လည်း၊ ပြီးပြည့်စုံသည့်အဆင့်အထိ မရောက်ရှိသေးဘူးဆိုသည်ကို နားလည်နေခဲ့သည်။

အကယ်၍ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်ဆိုလျှင်တောင်မှ၊ ၎င်းမှာ မပြည့်စုံသည့် ကမ္ဘာတစ်ခုသာ ဖြစ်နေမည်ဖြစ်သည်။

“ အခုဆိုရင် ငါ့ရဲ့ နိယာမရော၊ ရုပ်ခန္ဓာရောက ပြည့်ဝသွားပြီ “

“ ရှေ့ဆက်ဖို့အတွက် ဒီနိယာမတွေကို ပြီးပြည့်စုံသွားအောင် လုပ်ရမယ်၊ ၀ ကနေ ၁ ဖြစ်သွားအောင် လုပ်ဖို့က ဉာဏ်အလင်းရတာတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးအေးလူလူ တွေးတောစဥ်းစားနေခဲ့သည်။

သူသည် ဤတစ်လအတွင်းတွင် အဆိုပါ နိယာမများကို ပြီးပြည့်စုံသွားစေရန် ကြိုးပမ်းခဲ့သည်။

သို့သော် သူအကျွမ်းကျင်ဆုံး ဟင်းလင်းပြင် နိယာမကပင် ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်သွားခဲ့ပေ။

နိယာမကို အချိန်တိုအတွင်း ပြီးပြည့်စုံသွားစေခြင်းမှာ မဖြစ်နိုင်လှပေ၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ကောင်းကင်ပြင်ဆင် ကျောက်တုံးကဲ့သို့သော ရတနာများကို ရရှိမှသာလျှင် ထိုကဲ့သို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

“ နိယာမတစ်ခုက ပြီးပြည့်စုံနေသရွေ့၊ အထွတ်အထိပ်အဆင့်ကို သွားလို့ရပါတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ သေးငယ်သော အဆိုပါ ခြေတစ်လှမ်းသည် ကောင်းကင်ဘုံပေါ်သို့ တက်ရသည့်အလား ခက်ခဲနေခဲ့သည်။

“ အဆင့်၉ အထွတ်အထိပ်ကို ရောက်တာက မလုံလောက်သေးဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်သီးကို ဆုပ်ခဲနေတော့သည်။

အမှောင်နယ်မြေလမ်းကြောင်း ဆင်းသက်လာတော့မည့် အချိန်မှာ တစ်လပင် မလိုတော့ချေ။

အကယ်၍ အန္တိမဘုရင်(သို့) ဧကရာဇ် ပညာရှင်အဆင့်မှ လူများသာ ဆင်းသက်လာမည်ဆိုပါက၊ ၎င်းကို မည်သူကမှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

အထွတ်အထိ ပညာရှင်များကသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် ရုန်းကန်သွားရမည် ဖြစ်သည်။

သို့ရာ၌ ကွမ်ဟန်စစ်မြေပြင်အတွင်းရှိ ရာနှင့်ချီသော ပညာရှင်တို့၏ ကြိုးစားအားထုတ်မှုများကြောင့်၊ ထိုအဆင့်မှ ပညာရှင်များသည် နယ်မြေဖိနှိပ်မှုကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

ကြယ်ပြာဂြိုဟ်အတွက် တကယ့်ခြိမ်းခြောက်မှုဖြစ်နေသည့် အရာများကမူ အထွတ်အထိပ်တစ်ပိုင်းနှင့် အထွတ်အထိပ်အဆင့် ပညာရှင်တို့သာ ဖြစ်နေခဲ့သည်။

တိတိကျကျပြောရမည်ဆိုပါက၊ ရှင်ဘုရင်အဆင့်မှ လူများဖြစ်သည်။

ထိုကဲ့သို့သော ပညာရှင်များနှင့် ရင်ဆိုင်ရသောအခါတွင်၊ သူသည် တိုက်ပွဲဝင်နိုင်ရန်အတွက် အထွတ်အထိပ်အဆင့်သို့ အရောက်သွားရမည်ဖြစ်သည်။

“ အထွတ်အထိပ်အဆင့် …. ငါရောက်ကိုရောက်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ ခိုင်မာပြတ်သားသွားခဲ့သည်။

ထို့နောက်၌ သူသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

သူသည် အခွင့်အလမ်းများ ရှာဖွေချင်နေခဲ့သည်။

စကြာဝဠာ၏ ကံကြမ္မာက မရေရာသောကြောင့် သူ၏ကိုယ်ပိုင် လမ်းကြောင်း သူကိုယ်တိုင် ဖောက်ရမည် ဖြစ်သည်။

အကယ်၍ အခွင့်အလမ်းကို ရှာမတွေ့ခဲ့ဘူးဆိုပါက၊ တိုက်ပွဲခေါ်၍ လမ်းသစ်ဖောက်ရမည် ဖြစ်သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 653 )

ကမ္ဘာ့ကြယ်သို့ တစ်ကိုယ်တော် ခရီးထွက်ခြင်း

“ နင်ဘယ်သွားမလို့လဲ “ ဟုရွှေရောင်မီးလျှံမှ မေးမြန်းလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ အဆင့်တက်ဖို့အတွက် အခွင့်အလမ်း ရှာမလို့။ ကောင်းကင်ပြင်ဆင် ကျောက်တုံးလိုဟာမျိုးပေါ့၊ အဲ့လိုမျိုး အခွင့်အလမ်းမျိုးက ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို နင်သိလား “

ရွှေရောင်မီးလျှံမှ တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ နှစ်တွေကြာပြီး အချိန်တွေလည်း ပြောင်းလဲသွားခဲ့ပြီဆိုတော့၊ အဲ့ခေတ်တုန်းက ရတနာတွေက လုံးဝပျောက်ကွယ်သွားလောက်ပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတွေးဆဆဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါကြားတာတော့ လူသားဧကရာဇ် ခေတ်အလွန်မှာ ကြယ်ပြာဂြိုဟ်က အနည်းဆုံးအနေနဲ့ နှစ်သောင်းနဲ့ချီပြီးတော့ ကြာရှည်တဲ့ ဘုန်းတန်ခိုးထွားခဲ့တဲ့ ခေတ်တစ်ခတ်ကို ဖြတ်သန်းခဲ့ရတယ်လို့ ငါကြားခဲ့ရတယ် “

“ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာတော့ အဲ့ခေတ်က လုံးဝပျောက်ကွယ်သွားတယ်တဲ့ “

“ နင်ရော အဲ့ခေတ်အကြောင်းကို ကြားဖူးလား “

အကယ်၍ ထိုခေတ်က ရတနာများကို ရှာတွေ့မည်ဆိုပါက၊ ပကတိ အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူသည် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး ပြောပြခဲ့သည့် အကြောင်းအရာကို အသေးစိတ် ပြန်ပြောပြနေခဲ့သည်။

၎င်းကို နားထောင်ခဲ့ပြီးသည့်နောက်တွင် ရွှေရောင်မီးလျှံသည် ခေါင်းခါကာ ပြန်လည်တုံ့ပြန်လာခဲ့သည် “ ဆရာထွက်သွားပြီးနောက်မှာ၊ ငါက ကမ္ဘာ့ကြယ်ရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေထဲမှာ အမြှုပ်ခံခဲ့ရတယ်လေ၊ အဲ့တာကြောင့် အဲ့ကိစ္စတွေကို မသိဘူး “

“ … “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

စွယ်စုံကျမ်းလေးရာ၊ ဒီကိစ္စကို ဘာလို့ လုံးဝမသိရတာလဲဟ

ထိုအချိန်တွင် ရွှေရောင်မီးလျှံမှ ရုတ်တရက် စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ နင်ပြောခဲ့တာတွေအရဆိုရင် အဲ့တာက လူသားဧကရာဇ်ခေတ်ရဲ့ အကြွင်းအကျန်တစ်ခု ဖြစ်နေဖို့များတယ် “

“ လူသားဧကရာဇ်ခေတ်ရဲ့ အကြွင်းအကျန်တစ်ခုလား “ ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။

ရွှေရောင်မီးလျှံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ လူသားဧကရာဇ် ခေတ်တုန်းက၊ မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီးတွေ အများကြီးရှိခဲ့တယ်။ အဲ့ထဲမှာ ရှေးခေတ်ကတည်း အမွေဆက်ခံပြီးတော့ တည်ရှိနေတဲ့ ရှေးဟောင်းဂိုဏ်းတွေတောင် ရှိတယ် “

“ အဲ့ဒီမိသားစုကြီးတွေနဲ့ ဂိုဏ်းကြီးတွေရဲ့ အခြေခံအုတ်မြစ်က တော်တော်ကြီးကို နက်ရှိုင်းတယ်၊ သူတို့ အကုန်လုံးက လူသားဧကရာဇ်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုသေလေးစားကြတယ် “

“ အဲ့ဒီအချိန်တုန်းက ငါ့ဆရာက နယ်မြေဖြတ်ကျော်သွားခဲ့တဲ့ အချိန်မှာ သူတို့က သူတို့ရဲ့ အစွမ်းအထက်ဆုံး ပညာရှင်တွေကို လွှတ်ပေးခဲ့တယ်၊ ဒါပင်မဲ့ သူတို့ဆီမှာ မျိုးစေ့လေးတွေ ကျန်နေခဲ့သေးတယ် “

အဲ့ဒီ ဂိုဏ်းတွေနဲ့ မိသားစုတွေရဲ့ အုတ်မြစ်နဲ့ဆိုရင်၊ အင်အားကြီး မျိုးဆက်သစ်တစ်ခုကို ပျိုးထောင်ပေးဖို့အတွက် အချိန်အကြာကြီး ယူခဲ့ရမှာ မဟုတ်ဘူး၊ သူတို့က အန္တိမတစ်ပိုင်းလို ထိပ်တန်း တည်ရှိမှုမျိုးတွေကိုတောင်မှ မွေးထုတ်ပေးနိုင်ကြတယ် “

ရွှေရောင်မီးလျှံသည် အတိတ်က အကြောင်းအရာများကို ရှင်းပြပေးနေခဲ့သည် “ နင်ပြောခဲ့တဲ့ နှစ်သောင်းနဲ့ချီပြီးတော့ တောက်ပခဲ့တဲ့ခေတ်ဆိုတာက အဲ့ဒီဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေ ပူးပေါင်းတည်ဆောက်ထားတာ ဖြစ်နေဖို့များတယ် “

ထိုစကားများကို ကြားသိလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စများက သမိုင်းမှတ်တမ်းများတွင် မည်သို့မျှ မှတ်တမ်းတင်၊ ဖော်ပြထားခြင်း မရှိသောကြောင့် ဖြစ်သည်။

ရွှေရောင် မီးလျှံမှ ထပ်ဖြည့်ပြောပြလာခဲ့သည် “ ငါ့ဆရာက အစွမ်းထက် ပညာရှင်တွေကို ဦးဆောင်ပြီးတော့ အမှောင်နယ်မြေကို သွားခဲ့တယ်၊ ပြီးတော့ အမှောင်နယ်မြေနဲ့ ကြယ်ပြာဂြိုဟ်ကြားမှာရှိတဲ့ ချိတ်ဆက်မှုကို လုံးဝဖြတ်တောက်လိုက်တယ် “

“ အဲ့တာကြောင့် ကြယ်ပြာဂြိုဟ်က နှစ်သောင်းနဲ့ချီပြီးတော့ ဘယ်ပြဿနာ၊ အန္တရာယ်ကိုမှ မရင်ဆိုင်ခဲ့ရဘဲ၊ အဲ့ဒီမျိုးစေ့တွေကို ပျိုးထောင်ဖို့ လုံလုံလောက်လောက် အချိန်ရခဲ့တာပဲ “

“ အရေးအကြီးဆုံးကတော့ လူသားဧကရာဇ်ခေတ်က ကျန်နေခဲ့တဲ့ ကျင့်ကြံရေး အရင်းအမြစ်က တော်တော်ကြီးကို ကြွယ်ဝလွန်းနေတာပဲ၊ ကောင်းကင်ပြင်ဆင် ကျောက်တုံးလိုဟာမျိုးတွေက လုံးဝပြတ်လပ်မနေခဲ့ဘူး “

“ ကောင်းကင်ပြင်ဆင် ကျောက်တုံး အလျှံအပယ် ရှိနေတာလား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

“ စစ်ပွဲရဲ့ ခြိမ်းခြောက်မှု မရှိတာနဲ့၊ အရင်းအမြစ်ကြွယ်ဝတာကို ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ထိပ်တန်းအဆင့် ပညာရှင်အများကြီး ပေါ်ထွက်လာခဲ့လောက်တယ် “

ရွှေရောင်မီးလျှံသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ တောက်ပတဲ့ခေတ်က အဲ့လိုမျိုး ပေါ်ထွက်လာခဲ့တဲ့ပုံပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရာအားလုံးကို ထဲထဲဝင်ဝင် နားလည်သွားခဲ့သည်။

လူသားဧကရာဇ် ခေတ်အလွန်က လူသားဧကရာဇ်ခေတ်ထပ်ပင် ပိုမိုခမ်းနားတောက်ပသည်ဟု လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက မည်သည့်အတွက်ကြောင့် ပြောခဲ့ရသနည်း။

အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်ခေတ်တွင် အမှောင်နယ်မြေ၏ ခြိမ်းခြောက်မှုရှိနေသဖြင့် စစ်ပွဲများကို အဆက်မပြတ် ဆင်နွှဲခဲ့ရသောကြောင့် ဖြစ်သည်။

သို့သော် ထိုခေတ်အလွန်တွင် အစွမ်းထက် ရန်သူများ မရှိတော့ပေ၊ ထို့ကြောင့် ကြယ်ပြာဂြိုဟ်သည် နှစ်သောင်းနှင့်ချီ၍ ကြာရှည်သည်အထိ အေးအေးချမ်းချမ်းနေခဲ့ရကာ၊ ပိုမိုတောက်ပလာခဲ့သည်။

၎င်းကို တွေးတောခြင်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အနည်းငယ် တောင့်တမိသွားစေခဲ့သည်။

အကယ်၍ သူကသာ ထိုခေတ်တွင် မွေးဖွားခဲ့မည်ဆိုပါက၊ သူ၏ ယခုလက်ရှိ စွမ်းရည်များဖြင့် သူသည် အန္တိမတစ်ပိုင်းအဆင့်သို့ အလွယ်တကူ အဆင့်ထိုးဖောက်နိုင်မည် ဖြစ်သည်။

ယခုလက်ရှိ အချိန်ကို ဥပမာယူပါလေ

လူသားတို့သည် နှစ်ရာဂဏန်းအတွင်းမှာပင် နဝမအဆင့် ပညာရှင် အများအပြားနှင့် ပကတိ အထွတ်အထိပ် ပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ထိုခေတ်ကာလသည် နှစ်သောင်းနှင့်ချီ၍ ကြာရှည်တည်တံ့ခဲ့သည်။

ထိုခေတ်ကာလက မည်မျှ တောက်ပကာ ခမ်းနားထည်ဝါခဲ့လဲဆိုသည်ကို မှန်းဆရခက်ခဲနေခဲ့သည်၊ ၎င်းသည် ရှေးခေတ်အပါအဝင် သမိုင်းကြောင်းတစ်လျှောက်လုံး၏ အထွန်းတောက်ဆုံး ခေတ်ကာလတစ်ခုပင် ဖြစ်နေနိုင်သည်။

သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ပိုတွေးလေလေ ပို၍ဇဝေဇဝါဖြစ်သွားရလေလေ ဖြစ်နေခဲ့သည်။

“ အဲ့လိုခမ်းနားတောက်ပတဲ့ ခေတ်မျိုးက ဘယ်လိုလုပ် အစရှာလို့မရအောင် ပျောက်ကွယ်သွားခဲ့တာလဲ “

“ သဲလွန်စလေးတစ်ခုကိုတောင် ရှာမတွေ့ခဲ့ဘူး “

“ နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ ကြာရှည်တဲ့ ခေတ်တစ်ခုက အမွေအနှစ်တော့ ကျန်နေခဲ့သင့်တယ်လေ၊ ဒါပင်မဲ့ အခုလက်ရှိ ကြယ်ပြာဂြိုဟ်မှာက အဲ့ခေတ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့ခဲ့ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်တရာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက အတွင်းရေး ပဋိပက္ခတွေကြောင့် ဖြစ်နိုင်တယ် “

“ အတွင်းရေး ပဋိပက္ခတွေလား “

ရွှေရောင်မီးလျှံမှ ရှင်းပြလာခဲ့သည် “ အဲ့ဒီဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက ရှေးခေတ်ကတည်းက တည်ရှိခဲ့တယ်ဆိုတာကို နင်နားလည်ထားမှဖြစ်မယ်။ တစ်ချို့ပညာရှင်တွေဆိုရင်၊ ငါ့ဆရာထပ်တောင် ပိုပြီးတော့ အသက်ကြီးကြတယ် “

“ အဲ့ဒီခေတ်တုန်းက သူတို့က လူသားဧကရာဇ်ရဲ့ ဖိနှိပ်မှုကြောင့်သာ တစ်စုတစ်စည်းတည်းဖြစ်ပြီးတော့ စည်းလုံးနေခဲ့ကြတာ “

“ ဒါပင်မဲ့ ငါ့ဆရာထွက်သွားပြီးတဲ့နောက်မှာတော့၊ သူတို့ကို ထိန်းချုပ်နိုင်မဲ့ လူတစ်ယောက် မပေါ်ထွက်လာခဲ့ဘူး “

“ ပြင်ပရန်သူကလည်း မရှိဘူးဆိုတော့ အဲ့ဒီဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေက တစ်ခုနဲ့ တစ်ခု ပြိုင်ဆိုင်ကြပြီး၊ အတွင်းရေး ပဋိပက္ခတွေ သေချာပေါက် ဖြစ်လာမှာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည်လည်း ထိုအချက်ကို သဘောတူပေသည်။

ယခုလက်ရှိ ခေတ်ကိုပင် ဥပမာယူပါလေ၊ လူသားတို့သည် နတ်သိုင်းဌာနနှင့် အစစ်အမှန် သိုင်းပညာဌာနဟူ၍ အုပ်စုနှစ်ခုကွဲကာ အဆက်မပြတ် အငြင်းပွားနေခဲ့ကြသည်။

အတွင်းရေး ပဋိပက္ခသည် မျိုးနွယ်စုတစ်သောင်း၏ သဘာဝဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဇဝေဇဝါ ဖြစ်နေစဲပင် “ တကယ်လို့ အတွင်းရေး ပဋိပက္ခက သူတို့တွေကို ပျောက်ကွယ်သွားစေခဲ့မယ်ဆိုရင်တောင်မှ၊ ဘာသဲလွန်စတစ်ခုမှ မကျန်ခဲ့တာမျိုး‌တော့ မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား “

ရွှေမီးလျှံမှ ခေါင်းခါပြလာခဲ့သည် “ အဲ့တာက ငါသိတာ အကုန်ပဲ “

“ အသွမ်းထက် ပညာရှင်တစ်ယောက်ယောက်က အဲ့ဒီခေတ်က သဲလွန်စတွေကို ဖျောက်ပစ်လိုက်တာများလား “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလိုက်သည်။

ရွှေရောင်မီးလျှံသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ပြောလာခဲ့သည် “ ဖျက်စီးခြင်း နိယာမ/အဖျက်နိယာမကို နားလည်ထားတဲ့ အန္တိမနယ်ပယ်က ပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုရင်တော့၊ နှစ်ပေါင်းသောင်းနဲ့ချီပြီးတော့ ကြာရှည်တဲ့ ခေတ်ကာလတစ်ခုရဲ့ ခြေရာလက်ရာတွေကို ဖျောက်ပစ်ဖို့ မဖြစ်နိုင်ဘူး “

“ ဖျက်စီးခြင်း နိယာမလား “ ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ဖျက်စီးခြင်း နိယာမက အန္တိမအဆင့် နိယာမတွေထဲက တစ်ခုပဲ၊ ဒါပင်မဲ့ အဲ့တာက အသက်နဲ့ မရဏ နိယာမ၊ အချိန်နဲ့ ဟင်းလင်းပြင် နိယာမနဲ့ ကြောင်းကျိုးဆက်စပ်မှု နိယာမတွေထပ် တစ်ဆင့်ပိုမြင့်တယ် “ ဟုရွှေရောင်ရောင်မီးလျှံမှ ရှင်းပြလာခဲ့သည်။

……………………………………………………………………………………………………………………………………..

အပိုင်း ( 654 )

ကမ္ဘာ့ကြယ်သို့ တစ်ကိုယ်တော် ခရီးထွက်ခြင်း ၂

ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီး ဖြစ်သွားကာ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဖျက်စီးခြင်း နိယာမနဲ့ မရဏ နိယာမကြားက ကွာခြားချက်က ဘာလဲ “

“ သေချာပေါက် ကွာခြားချက် ရှိတာပေါ့၊ အဲ့ကွာခြားချက်ကလည်း တော်တော်ကြီးတယ် “

ရွှေရောင်မီးလျှံမှ ရှင်းပြလာခဲ့သည် “ မရဏ နိယာမက သက်ရှိသတ္တဝါတွေအပေါ်မှာပဲ အသုံးဝင်တယ်၊ တကယ်လို့ နင်က မရဏ နိယာမကို သုံးပြီးတော့ အဲ့လူကို ပုပ်သိုးဆွေးမြေ့သွားအောင် လုပ်မယ်ဆိုရင်တောင်မှ၊ နင်က သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အခြေခံ စွမ်းအင်အမှုန်တွေကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူး “

“ အလောင်းက ကောင်းကင်နဲ့ကမ္ဘာမြေဆီကို ပြန်သွားလိမ့်မယ်၊ အဲ့တာက ဒီကမ္ဘာကြီးနဲ့ သက်ဆိုင်နေတုန်းပဲ “

“ ကောင်းကင်နဲ့ မြေပြင်ကြားက အရာအားလုံးက သံသရာစက်ဝန်းအတွင်းမှာ ရှိတယ်၊ အသက်နဲ့ မရဏ နိယာမကတောင်မှ အဲ့ဒီစက်ဝန်းထဲကနေ မလွတ်မြောက်နိုင်ဘူး “

သူမသည် လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ဒါပင်မဲ့ ဖျက်စီးခြင်း နိယာမကတော့ ပစ်မှတ်ကို ဒီကမ္ဘာကြီးထဲကနေ ပျောက်သွားအောင် လုပ်နိုင်တယ် “

“ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်၊ ဖျက်စီးခြင်း နိယာမက ပစ်မှတ်ကို သံသရာစက်ဝန်းကနေ ခွဲထုတ်နိုင်တယ်၊ အဲ့တာရဲ့ အခြေခံ စွမ်းအင် အမှုန်တွေကတောင်မှ မတည်ရှိနိုင်တော့ဘူး “

“ ဖျက်စီးခြင်း နိယာမက အရာအားလုံးကို သုညအဖြစ် လျှော့ချပြီးတော့၊ လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်တယ် “

“ အဲ့နည်းလမ်းနဲ့ဆိုရင် အချိန်၊ ဟင်းလင်းပြင်၊ ကြောင်းကျိုးစပ်ဆက်မှုနဲ့ တစ်ခြားနိယာမတွေကတောင်က လုံးဝပြန်မပေါ်လာနိုင်တဲ့အထိ ပျောက်ကွယ်သွားနိုင်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရား နားလည်သွားခဲ့သည်။

သက်ရှိ(သို့) အရာဝတ္ထုတစ်ခုက အသက်နှင့် မရဏ နိယာမ၏ ဖျက်စီးခြင်းကို ခံလိုက်ရမည်ဆိုပါက၊ ၎င်းသည် ပြန်လည်မွေးဖွားနိုင်ရန်(သို့) ပြန်လည် ဖြစ်တည်လာရန် အခွင့်အရေး ရှိနေစဲပင် ဖြစ်သည်။

သို့သော် ပစ်မှတ်တစ်ခုက ဖျက်စီးခြင်း နိယာမ၏ ဖျက်စီးခြင်းကို ခံလိုက်ရမည်ဆိုပါက၊ မည်သို့မျှ ပြန်ပေါ်လာနိုင်တော့မည် မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အခြေခံ စွမ်းအင်အမှုန်များက ဤစကြဝဠာတွင် မတည်ရှိတော့သောကြောင့် ဖြစ်သည်။

ရွှေရောင်မီးလျှံမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဖျက်စီးခြင်း နိယာမနဲ့ ဆက်စပ်မှု ရှိနေတဲ့ ဖန်တီးခြင်း/ဖန်ဆင်းခြင်း နိယာမလည်း ရှိတယ် “

“ ဖန်တီးခြင်း နိယာမက တော်တော်လေးကို အဆင့်မြင့်တဲ့ နိယာမတစ်ခုပဲ၊ ဘာမှမရှိတဲ့ အခြေအနေကနေ တစ်စုံတစ်ခု ဖြစ်တည်လာတဲ့အထိ ဖန်တီးနိုင်စွမ်းရှိတယ် “

“ ကမ္ဘာ့ကြယ်က အမှောင်နယ်မြေရဲ့ အစွမ်းထက် တည်ရှိမှုက ဖန်တီးခြင်း နိယာမကို သုံးပြီးတော့ ဖန်တီးခဲ့တဲ့အရာလေ “

ထိုစကားကို ကြားလိုက်ရသော အခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

သူသည် အမှောင်နယ်မြေတွင် ထိုကဲ့သို့သော ပညာရှင်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရွှေရာင်မီးလျှံ၏ စကားများအရ ဖန်တီးခြင်းနှင့် နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့က အသက်နှင့် မရဏ နိယာမထပ် အဆင့်တစ်ဆင့်ပိုမြင့်သည်ဟု သိခဲ့ရသည်။

အကယ်၍ သူကသာ ထိုကဲ့သို့သော အစွမ်းထက် တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ယခုလက်ရှိ အချိန်တွင် သူသည် ၎င်းအား မည်ကဲ့သို့ ရင်ဆိုင်ရမလဲဆိုသည်ကို မည်သို့မျှ မတွေးတောနိုင်ခဲ့ပေ။

“ ဒါပင်မဲ့ ဆရာက အန္တိမနိယာမကို သုံးပြီးတော့ ကမ္ဘာ့ကြယ်နဲ့ အမှောင်နယ်မြေရဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်တယ်၊ အဲ့တာကြောင့်ပဲ အမှောင်နယ်မြေရဲ့ ပညာရှင်တွေက ကမ္ဘာ့ကြယ်ကို မထိန်းချုပ်နိုင်တော့တာ “

ရွှေရောင်မီးလျှံမှ ထပ်မံ၍ ပြောပြလာခဲ့သည် “ အခုဆိုရင် အမှောင်နယ်မြေက အဲ့ဂြိုဟ်ပေါ်ကို ဆင်းသက်ရင် ရင်ဆိုင်ရမဲ့ အခက်အခဲက ကြယ်ပြာဂြိုဟ်ပေါ်ကို ဆင်းသက်လာရင် ကြုံတွေ့ရမဲ့ အခက်အခဲတွေထပ် အများကြီး လျော့နေမှာ မဟုတ်ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် မှင်သက်သွားခဲ့သည်။

သူသည် အမှောင်နယ်မြေ၏ ပညာရှင်က သူကိုယ်တိုင် ဖန်တီးထားသည့် ကမ္ဘာ့ကြယ်ပေါ်သို့ မဆင်းသက်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုခေတ်က လူသားဧကရာဇ်က အလွန်တရာ အစွမ်းထက်သည်ဆိုသည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။

“ အဲ့ဒီခေတ်ကသာ ဖျက်စီးခြင်း နိယာမရဲ့ ဖျက်စီးတာကို ခံလိုက်ရမည်ဆိုရင်၊ ငါက အဲ့တာကို လုံးဝရှာနိုင်မှာ မဟုတ်ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

သို့ရာ၌ သူသည် ၎င်းကို လက်ခံလိုစိတ်မရှိဘဲ၊ ထပ်မံ၍ ရှာဖွေချင်နေသေးသည်။

သူ၏ယခုလက်ရှိ အမြန်နှုန်းနှင့်သာဆိုပါက ကမ္ဘာတစ်ခုလုံးကို ရှာဖွေရန်အတွက် နေ့တစ်ဝက်မျှသာ အချိန်ယူရမည် ဖြစ်သည်။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ မိုးကုပ်စက်ဝိုင်းထံသို့ ပြေးတက်သွားတော့သည်။

…

နေ့တစ်ဝက်အကြာတွင်

ကြယ်တာရာ T-Rex နတ်ဘုရားသည် တောင်တစ်လုံး၏ ထိပ်ပိုင်းတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာဖြင့် မတ်တပ်ရပ်နေလျက်ရှိသည်။

“ ကမ္ဘာတစ်ပတ်ပတ်ခဲ့ပြီးပြီ၊ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး “

တိတိကျကျ ရှာဖွေခဲ့ပြီးသည့်နောက်တွင် သူသည် ရတနာတစ်ချို့ကို ရှာတွေ့ခဲ့သည်။

သို့သော် အဆိုပါ ရတနာများအနက်မှ အများစုမှာ သတ္တမ(သို့) အဌမအဆင့်အတွက်သာ အသုံးဝင်သည့် အရာများ ဖြစ်နေခဲ့သည်။

အနည်းစုကသာလျှင် နဝမအဆင့်နယ်ပယ်အတွက် အသုံးဝင်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုနေရာများကို မှတ်သားထားကာ၊ ထိုနေရာများထံသို့ စစ်ဌာနမှ လူများကို စေလွှတ်လိုက်သည်။

သူ၏ ယခုလက်ရှိ ထိပ်တန်း ဦးစားပေးအရာမှာ ပကတိ အထွတ်အထိပ်သို့ အဆင့်တက်ရန်ပင် ဖြစ်သည်။

“ အချိန်က နည်းလွန်းတယ်ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။ အကယ်၍ သူကသာ နှစ်နှစ်(သို့) သုံးနှစ်မျှ အချိန်ရမည်ဆိုပါက၊ သူသည် ပကတိ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို သေချာပေါက် ရှာဖွေနိုင်မည်ဖြစ်သည်၊ အန္တိမအဆင့်သို့ သွားနိုင်မည့် အခွင့်အလမ်းကိုပါ ရှာတွေ့သွားနိုင်ပေသည်။

သို့သော် ယခုတွင်ကား တစ်လအောက်သာ အချိန်ရတော့သည်။

အချိန်သည် မည်သူ့ကိုမှ စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

“ ရှုကျိုး၊ ဘာလုပ်ဖို့ စီစဥ်ထားလဲ “

ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် ရှိနေသည့် ရွှေရောင်မီးလျှံမှ အလောတကြီး မေးမြန်းလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားနေတော့သည်၊ ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ ကမ္ဘာ့ကြယ်ကို သွားမယ် “

သူသည် ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည်။

“ ကမ္ဘာ့ကြယ်ကို သွားမှာလား “

ရွှေရောင်မီးလျှံသည် တအံ့တဩ ဖြစ်သွားခဲ့ကာ၊ ချက်ချင်း ပြန်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်မှာ တစ်ခြား ရှေးဟောင်း အပျက်အစီး နယ်မြေတွေ ရှိတယ်ဆိုပင်မဲ့၊ အဲ့တာတွေက အရင်တစ်ခေါက်ကဟာလောက် အခွင့်အလမ်းတွေ ရှိနေမှာ မဟုတ်ဘူးနော် “

“ ပကတိ အထွတ်အထိပ်ကို ပို့ပေးနိုင်မဲ့ အခွင့်အလမ်းမျိုးကို ရှာနေဖို့ မလိုပါဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ ငါက ပကတိ အထွတ်အထိပ် ပညာရှင်တွေနဲ့ တိုက်ခိုက်ပြီးတော့ အဆင့်တက်နိုင်မဲ့ အခွင့်အလမ်းကို ရှာမလို့ “

သူ၏ အကြည့်မှာ ခိုင်မာပြတ်သားနေခဲ့သည်။

အချိန်က မည်သူ့ကိုမှ မစောင့်သောကြောင့်၊ သူသည် သေမည့်နေ့ရက်ကို ထိုင်စောင့်နေမည် မဟုတ်ဘဲ၊ အဓိပ္ပါယ်ရှိသည့် အရာတစ်ခုကို ပြုလုပ်မည် ဖြစ်သည်။

ယနေ့မှစ၍ ကမ္ဘာ့ကြယ်ကို ဖျက်စီးမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

…

ကွမ်ဟန်စစ်မြေပြင်

ကွမ်ဟန်၏ ဘက်ပေါင်းစုံတွင် ထိုင်နေသည့် တိကျွမ်းသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

သူသည် ၃၈မျဥ်းပြိုင် ရှိရာဘက်သို့ ငေးကြည့်ကာ၊ ပုံရိပ်တစ်ခုကို မြင်တွေ့သွားပြီး၊ တအံ့တဩ ဖြစ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တိကျွမ်းသည် သူ၏အသံကို ထုတ်လွှင့်လိုက်သည် “ မင်းက ကမ္ဘာ့ကြယ်ကို ဘာသွားလုပ်မလို့လဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ သတ်မလို့ “

သိပ်သည်းလွန်းလှသည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသောအခါတွင် တိကျွမ်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

သို့သော် သူသည် သိပ်မကြာခင် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို အာရုံခံမိသွားကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

“ မင်းက အဆင့်၉ အထွတ်အထိပ်ကို ရောက်နေပြီလား “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော် အဆင့်တက်ချင်တယ်၊ ပကတိ အထွတ်အထိပ်ကို ရောက်ချင်တယ် “

တိကျွမ်းသည် စိတ်လှုပ်ရှားနေသော အမူအရာနှင့်အတူ ချက်ချင်း မတ်တပ်ထရပ်လာခဲ့သည် “ မင်းနဲ့အတူ လူတစ်ချို့ ထည့်ပေးလိုက်မယ် “

“ ရပါတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ ကမ္ဘာ့ကြယ်ကို ဖျက်စီးဖို့ ကျွန်တော်တစ်ယောက်တည်းနဲ့ လုံလောက်တယ် “

ထို့နောက်တွင် သူသည် ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်သွားတော့သည်။

တိကျွမ်းသည် ထိုဘက်သို့ ငေးမောကြည့်ရှုနေရင်းဖြင့် အတွေးနက်သွားခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ဆိုးရွားသော အခြေအနေအောက်တွင် အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို ဖမ်းဆုပ်ချင်နေသည်ဆိုသည်ကို သိနေခဲ့သည်။

သို့သော် ကြယ်ပြာဂြိုဟ် ပကတိ အထွတ်အထိပ် ပညာရှင်များအနက် အစွမ်းအထက်ဆုံး လူတစ်ဦးဖြစ်သည့်အလျောက် သူသည် ကမ္ဘာ့ကြယ် အထွတ်အထိပ် ပညာရှင်တို့၏ စွမ်းအားကို ကောင်းစွာသိရှိနေခဲ့သည်။

“ ဒီလူက တော်တော်ကြီးကို ကမူးရှူးထိုးနိုင်လွန်းတာပဲ “

တိကျွမ်းသည် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း၊ စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

သူဤနေရာတွင် ထိုင်နေမည်ဆိုပါက ၃၈မျဥ်းပြိုင်တွင် ပေါ်လာမည့် လှုပ်ခတ်မှုတိုင်းကို ချက်ချင်း ထောက်လှမ်းနိုင်မည် ဖြစ်သည်။

အထူးသဖြင့် နဝမအဆင့် အထွတ်အထိပ် တည်ရှိမှုများဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပေါ်လာသည် နှင့်တစ်ပြိုင်နက် ထွက်ပေါ်လာမည့် လှုပ်ခတ်မှုက အလွန်တရာ အံ့ဖွယ်ကောင်းနေမည် ဖြစ်သည်။

အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားသာ တစ်ခုခုဖြစ်သွားမည်ဆိုပါက၊ သူသည် အချိန်မှီ ကြားဝင်စွက်ဖက်နိုင်မည် ဖြစ်သည်။

…

ကမ္ဘာ့ကြယ်၊ အလယ်ပိုင်းဒေသ

အမှောင်နန်းတော်အတွင်းရှိ စားပွဲဝိုင်းတွင်

မြေအောက်လောကဘုရင်၊ မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် တစ်ခြားလူများသည် ထပ်မံ၍ စုဝေးနေကြပြန်သည်။

မြေအောက်လောကဘုရင်မှ စကားစပြောလာခဲ့သည် “ သိပ်မကြာခင် အချိန်မှ အမှောင်နယ်မြေက ငါတို့ကို အမိန့်အသစ်တစ်ခုပေးထားတယ်၊ ကြယ်ပြာဂြိုဟ်ကို နောက်တစ်ကြိမ် ထိုးစစ်ဆင်ကြတဲ့။ မင်းတို့ရော ဘယ်လိုထင်ကြလဲ “

မင်ကျိမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက နောက်ဆုံးတစ်ခေါက်က တိုက်ပွဲမှာ ဧကရာဇ် မျိုးနွယ်စုဝင်တစ်ယောက် ကျဆုံးသွားခဲ့လို့မလား “

မျက်လုံးသုံးလုံးဘုရင်သည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ စကားဝင်ပြောလာခဲ့သည် “ ဧကရာဇ် မျိုးနွယ်စုဝင်လား။ အဲ့တာက ကောလဟာလပဲ ဖြစ်ဖို့များတယ်၊ အမှောင်နယ်မြေ ဧကရာဇ်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က အဆင့်တူက ဘာမျိုးနွယ်စုမှန်း မသိရတဲ့ ကြယ်ပြာသားရဲကောင် သတ်တာကို ဘယ်လိုလုပ်ခံရမှာလဲ “

စားပွဲဝိုင်းတွင် ရှိနေသည့် တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များကလည်း တစ်ဦးပြီးတစ်ဦး ခေါင်းငြိမ့်ပြလာကြသည်။

သူတို့၏ အမြင်တွင် ဧကရာဇ် မိသားစုဆိုသည်မှာ ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။

အမှောင်နယ်မြေ ဧကရာဇ် မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က ကြယ်ပြာသားရဲကောင် သတ်တာကို ခံလိုက်ရတာလား

ဘယ်လောက်တောင် ပုံပြင်ဆန်လိုက်တဲ့ စွမ်းရည်လဲ

သူတို့သည်လည်း ကြယ်ပြာဂြိုဟ်၏ သားရဲမျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ သာမန်မျှသာ ဖြစ်သည်။

မင်ကျိသည် မျက်လုံးသုံးလုံးဘုရင်ကို ငေးကြည့်ကာ၊ သူမ၏ ပါးစပ်ကို ဖုံးအုပ်၍ တခစ်ခစ် ရယ်မောနေတော့သည်၊ သူမသည် မျက်လုံးသုံးလုံးဘုရင်၏ မူလကိုယ်က မျက်လုံးသုံးလုံး ရွှေဖားပြုပ်သားရဲဆိုသည်ကို သိနေခဲ့သည်။

တစ်ချိန်က တိုက်ပွဲတွင် မျက်လုံးသုံးလုံးဘုရင်သည် ကြယ်ပြာဂြိုဟ်မှ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကို ရှုံးနိမ့်သွားခဲ့ပြီး၊ လက်တစ်ဖက် အဖြတ်ခံခဲ့ရသည်။

ထို့ကြောင့်ပင် မျက်လုံးသုံးလုံးဘုရင်သည် အညှိုးအတေးထားထားပြီး၊ ကြယ်ပြာဂြိုဟ်၏ သားရဲမျိုးနွယ်စုအပေါ်တွင် အမြဲလိုလို ရန်လိုနေခဲ့သည်။

မင်ကျိမှ စကားထပ်ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်၊ အမှောင်နယ်မြေက ထိုးစစ်ဆင်ဖို့ အမိန့်ပေးလာခဲ့ပြီဆိုမှတော့ တစ်ခုခုကို သေချာပေါက် စီစဥ်ရမှာပေါ့၊ ဒီလပြီးရင် ဆင်းသက်လာမဲ့အချိန်အတွက်လည်း ပြင်ဆင်ထားရမယ် “

မြေအောက်လောကဘုရင်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်၊ စကားပြန်ပြောလာခဲ့သည် “ ဘယ်လိုစီစဥ်ထားလဲ။ အရင်ကအတိုင်းပဲလား “

မင်ကျိသည် တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်သွားခဲ့သည် “ ကျွန်မတို့ဘက်က ဓာတ်ကြီးငါးပါးနဲ့ ဟင်းလင်းပြင် နိယာမတွေ ဖျက်စီးခံထားရတယ်၊ တကယ်လို့ အင်အားအကုန်သုံးပြီးတော့ တိုက်မယ်ဆိုရင်၊ ကျွန်မတို့က ……….. “

သူမ၏ စကားမပြီးဆုံးသေးခင် အချိန်မှာပင်၊ မျက်လုံးသုံးလုံးဘုရင်မှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ တာအိုပြိုကွဲနေတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ။ ငါ့ရဲ့စွမ်းအားက လျော့ကျသွားတယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်ရဲ့ အလှပြသားရဲတစ်သိုက်ကို ငါ့လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်နိုင်သေးတယ် “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်၌ သူ၏မျက်လုံးများထဲတွင် ဒေါသ၏ အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။

နောက်ဆုံးတစ်ကြိမ်က လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် ကမ္ဘာ့ကြယ်၏ တာအိုကို ပြိုကွဲသွားစေလုနီးပါးဖြစ်အောင် မွှေနှောက်ခဲ့ပြီး၊ ၎င်းသည် မျက်လုံးသုံးလုံးဘုရင်ကို သိသိသာသာ ထိခိုက်သွားစေခဲ့သည်။

သူသည် ဓာတ်ကြီးငါးပါးမှတစ်ဆင့် တာအိုကို ရရှိခဲ့ခြင်းဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး တာအိုပြိုကွဲသွားခြင်းမှာ သူ၏စွမ်းအားကို ကြီးကြီးမားမား လျော့နည်းသွားစေခဲ့သည်။

“ တကယ်လို့ အဲ့လူကို ထပ်တွေ့ရမယ်ဆိုရင်၊ သူ့ကို သေချာပေါက် သတ်မယ် “

မျက်လုံးသုံးလုံးဘုရင်သည် ဒေါကြီးမောကြီးဖြင့် ကျိန်ဆိုလာခဲ့သည်။

မင်ကျိသည် သူမ၏ဦးခေါင်းကို ခါရမ်းကာ စကားဆက်ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ အရာအားလုံးကို ဂရုတစိုက် ………. “

သူမသည် နောက်လာမည့် နည်းဗျူဟာကိစ္စများကို တစ်ခြားလူများနှင့် ဆွေးနွေးပြောဆိုနေတော့သည်။

သို့ရာ၌ သူမတို့ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေစဥ်အချိန်တွင်

“ ဘုမ်းးးး “

အံ့ဖွယ်ကောင်းသည့် ပေါက်ကွဲသံကြီးသည် ပြင်ပကမ္ဘာမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ ဘာဖြစ်တာလဲ “

မြေအောက်လောကဘုရင်၊ မျက်လုံးသုံးလုံးဘုရင်နှင့် တစ်ခြားလူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။ သူတို့သည် ပြင်ပကမ္ဘာသို့ အာရုံစိုက်ကြည့်ရှုနေတော့သည်။

All Chapters