← Chapters

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

အခန်း (၆၅၅-၆၅၇)

Vol. 44 Ch. 655-657

အပိုင်း ( 655 )

ဘက်ပေါင်းစုံတွင် သတ်ဖြတ်ခြင်း

အစောပိုင်း အချိန်များအတွင်းက …..

၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာ့ကြယ်သို့ တစ်ဖန်ပြန်၍ ရောက်ရှိလာခဲ့သည်။

သူသည် ကမ္ဘာ့ကြယ်ပေါ်သို့ တိုက်ရိုက်မဆင်းသက်ခဲ့ဘဲ၊ ကမ္ဘာ့ကြယ်၏ လဘက်ခြမ်းတွင်သာ မတ်တပ်ရပ်နေခဲ့သည်။

ထိုနယ်မြေသည် ကမ္ဘာ့ကြယ်၏ ကွမ်ဟန်ရှေ့တန်းစစ်မြေပြင် ဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ နေရာတစ်ခု ဖြစ်သည်။

“ ဘယ်သူလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားက ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်လာသည့် အခိုက်အတန့်တွင်၊ ကမ္ဘာ့ကြယ် တပ်ဖွဲ့များသည် ၎င်းကို ထောက်လှမ်းမိသွားကာ၊ လျင်မြန်စွာ စုစည်းလာခဲ့သည်။

အနီးဆုံး ကမ္ဘာ့ကြယ် တပ်ဖွဲ့သည် အမှတ် ၁၀၁ စစ်တပ်ဖြစ်ပြီး၊ အလယ်အလတ်နှင့် အဆင့်မြင့် ပညာရှင် အယောက် သုံးသောင်းကျော်ပါဝင်သည်။

ဤစစ်တပ်သည် ကြယ်ပြာဂြိုဟ်၏ စစ်တပ် အများအပြားကို အနိုင်ယူခဲ့ကာ၊ အောင်ပွဲများစွာ ဆင်နိုင်ခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။

“ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၉ သားရဲကောင်လား ”

“ မင်းက နယ်စပ်ကို ဘယ်သတ္တိနဲ့ ကျော်ဖြတ်လာရဲရတာလဲ၊ သေချင်နေတာပဲ “

အမှတ် ၁၀၁ စစ်တပ်၏ တပ်မှူးဖြစ်သူသည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ သတ်ဖြတ်ရေး အစီအရင်ကို ဖွဲ့စည်းပြီးတော့ အဲ့သားရဲကောင်ကို သတ် “

မကြာခင် အချိန်မှာပင် လူအယောက်သုံးသောင်းဖြင့် ဖွဲ့စည်းထားသည့် အစီအရင်တစ်ခု ဖြစ်တည်လာခဲ့သည်။

နဝမအဆင့် ပညာရှင် ဦးဆောင်သည့် အဆိုပါ အစီအရင်သည် ပကတိ အထွတ်အထိပ်အောက်မှ မည်သည့်ပညာရှင်ကိုမဆို ချေမှုန်းနိုင်စွမ်းရှိသည်။

သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူတို့ကို အေးအေးလူလူ ငေးကြည့်နေခဲ့သည်။

“ သေ “

စကားလုံးတစ်လုံး၊ သို့သော် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ဘုံစွမ်းအားကို သယ်ဆောင်ထားပြီး၊ ကမ္ဘာ့ကြယ်စစ်တပ်ကို ပြင်းထန်စွာ ခုတ်ပိုင်းသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အသက်နှင့် မရဏ နိယာမသည် ကောင်းကင် တာအို လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ၊ သူတို့ကို ဖိချလာခဲ့သည်။

“ အားးး “

လူအယောက်သုံးသောင်းစလုံးသည် တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့ပြီး၊ မျက်လုံးများ ပြူးကျယ်သွားကာ၊ ဒိုင်းကာတစ်ခုကို ဖန်တီးလာခဲ့သည်။

အဆိုပါ ဒိုင်းကာသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ မည်သည့်အင်အားပြည့် တိုက်ခိုက်မှုကိုမဆို ခုခံနိုင်ပေသည်။

“ ခရက် “

သို့သော် ကောင်းကင်တာအို လက်နှင့် ရင်ဆိုင်ရချိန်တွင် အဆိုပါ ဒိုင်းကာသည် စက္ကူကဲ့သို့ အလွယ်တကူ ပျက်စီးသွားခဲ့သည်။

“ ဘုမ်းးး “

ဘမ်း ဘမ်း ဘမ်း

ရက်စက်ကြမ်းကြမ်းသော လက်ကြီးမှ အောက်သို့ ဖိချလာခဲ့ရာ၊ စစ်သည်တော် သုံးသောင်းသည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

၎င်းတို့ထဲတွင် နဝမအဆင့် ပညာရှင်ဖြစ်သူ တပ်မှူးပါပါဝင်နေခဲ့ပြီး၊ စစ်သည်တော် အယောက်သုံးသောင်းစလုံးသည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အသက်ရှူကြိမ်တစ်ကြိမ် မပြည့်ခင် အချိန်မှာပင် နာမည်ကျော် အမှတ် ၁၀၀ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။

အစမှအဆုံးအထိ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ပေါ်တွင်သာ ရှိနေခဲ့ပြီး၊ သူ၏လက်ကိုပင် မလှုပ်ရှားခဲ့ရပေ။

၎င်းမှာ အသက်နှင့် မရဏ နိယာမ၏ ပြည့်ဝခြင်း အဆင့်၏ စွမ်းအားဖြစ်သည်။

“ ပြည့်ဝသွားတဲ့ အန္တိမ နိယာမအောက်မှာဆိုရင်၊ လူအင်အား သုံးသောင်းပါတဲ့ အစီအရင်ကတောင် လက်ဝေ့ရမ်းလိုက်ရုံနဲ့ ဖျက်စီးခံလိုက်ရတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ စွမ်းအားကို ဂရုတစိုက် အာရုံခံနေခဲ့သည်။

သူသည် ယခုလက်ရှိ သူက ပကတိ အထွတ်အထိပ် ပညာရှင်ထပ် မည်သို့မျှ အားနည်းမနေတော့ဘူးဆိုသည်ကို သိနေခဲ့သည်။

သာမန် ပကတိ အထွတ်အထိပ် ပညာရှင်များကပင် သူ့ကို ယှဥ်နိုင်မည် မဟုတ်ပေ။

၎င်းမှာ အန္တိမနိယာမ၏ သဘာဝဖြစ်ပြီး၊ အဆိုပါ နိယာမက မပြည့်ဝသေးဘူးဆိုလျှင်တောင်မှ၊ သာမန် အဆင့်မြင့် နိယာမများထပ် များစွာပိုစွမ်းနေမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ပတ်လည်မှ ပြေးတက်လာကြသည့် ကမ္ဘာ့ကြယ် တပ်ဖွဲ့များကို ကြည့်ကာ၊ စိတ်ပိုင်းဖြတ်လိုက်သည်။

“ မင်းတို့က လာကြပြီဆိုမှတော့၊ မပြန်ကြနဲ့တော့ “

ထို့နောက်တွင် သူသည် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာ၊ အရှေ့သို့ ပြေးတက်သွားတော့သည်။

“ ဘုမ်းးးး “

သွေးစွန်းသော အစုလိုက်ပြုံလိုက်သတ်ဖြတ်ပွဲကြီး ဖြစ်ပေါ်လာခဲ့လေသည်။

…

မိနစ်ပိုင်းမျှအကြာ၌

ကမ္ဘာ့ကြယ်၏ ကွမ်ဟန်ဘက်ခြမ်းတွင် မြင့်မားသော အလောင်းတောင်များဖြင့် စုပြုံနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား အသုံးပြုနေသည့် ပြည့်ဝခြင်းအဆင့် အန္တိမ နိယာမအောက်တွင်၊ ပကတိ အထွတ်အထိပ် ပညာရှင်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည့်၊ လူအင်အား ငါးသောင်း ပါဝင်သည့် တိုက်ပွဲအစီအရင်ကပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်နှင့် မရဏ နိယာမတစ်ခုတည်းကိုသာလျှင် မဟုတ်ဘဲ၊ ပြည့်ဝခြင်းအဆင့်သို့ ရောက်နေသည့် အဆင့်မြင့် နိယာမခြောက်ခုကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

ထို့ကြောင့် သူသည် မိနစ်ပိုင်းအတွင်းမှာပင် ဤနေရာတွင် ရှိနေသည့် တပ်ဖွဲ့အားလုံးကို သုတ်သင်နိုင်ခဲ့သည်။

“ တစ်ချိန်က ငါမော့ကြည့်ရခဲ့တဲ့ အင်အားကြီး ရန်သူတွေက၊ အခုတော့ တိုက်ခိုက်ဖို့အတွက်တောင် တော်တော်ကြီးကို အားနည်းသွားပြီပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ အစတွင် သူသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ရန်သူများသည် ကျိုးပဲ့ပျက်စီးလွယ်နေခဲ့ကာ၊ ချက်ချင်းသေဆုံးသွားခဲ့သည်။

“ ဘုမ်းး “

ထိုအချိန်တွင် အရှေ့ဘက်ရှိ ကမ္ဘာ့ကြယ်ဂြိုဟ်မှ အစွမ်းထက် အရှိန်အဝါများ ပေါက်ထွက်လာခဲ့သည်။

ကမ္ဘာ့ကြယ်၏ အစွမ်းထက် ပညာရှင်များက ဤနေရာရှိ အခြေအနေကို သတိပြုမိသွားသည့်ပုံပင်။

“ ကမ္ဘာ့ကြယ်ရဲ့ ပင်မတပ်စခန်းသွားဖို့ အချိန်ကျပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့ဘက်ရှိ အပြာရောင် ဂြိုဟ်ကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်လိုက်သည်။

သူသည် ဤတစ်ကြိမ်တွင် အားရပါးရ သတ်ဖြတ်မည် ဖြစ်သည်။

ယခုလေးတင် ပေါက်ထွက်လာခဲ့သည့် အရှိန်အဝါများသည် သူက နေရာရှာဖွေရမည့် ဒုက္ခများကို ကင်းဝေးသွားစေခဲ့သည်။

“ ဇွီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အဆိုပါ အက်ကွဲကြောင်းအတွင်းသို့ ဝင်သွားခဲ့သည်။

…

ကမ္ဘာ့ကြယ်၊ ယွဲ့ကျိုး စီရင်စုအတွင်း မြို့တော်တစ်ခုအတွင်း၌

ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးသည် ရုတ်တရက် မတ်တပ်ထရပ်လာခဲ့သည်၊ သူ၏အမည်မှာ ရန်ကိုင်ဖြစ်ပြီး၊ သူသည် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ဖြစ်နေခဲ့သော်လည်း၊ သူသည် ယွဲ့ကျိုးတွင် အရှင်သခင်/မြို့သခင်အဆင့် တည်ရှိမှုအဖြစ် ရပ်တည်နိုင်ခဲ့သည်။

လူတော်တော်များများသည် သူတို့၏ နာမည်ကျော် စစ်တပ် အမှတ် ၁၀၁က သုတ်သင်ရှင်းလင်းခံလိုက်ရပြီဆိုသည်ကို မသိပေ။

ဤအခိုက်အတန့်တွင် ရန်ကိုင်သည် လပေါ်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ခံစားမိသွားခဲ့သည်။

“ ဘယ်ကောင်က ငါ့လူတွေကို သတ်ရဲနေတာလဲ “

ရန်ကုန်၏ ဒေါသများ နိုးထလာခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ယွဲ့ကျိုးစီရင်စုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ယွဲ့ကျိုးတွင် ရှိနေသည့် ပညာရှင် အားလုံးသည် သူတို့၏ အဖိုးတန် စစ်သည်တော်က ဒေါသတကြီး ဖြစ်နေပြီဆိုသည်ကို သိသွားကာ၊ အထိတ်တလန့် ဖြစ်သွားခဲ့သည်။

ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦး၏ ဒေါသသည် အရပ်မျက်နှာ ရှစ်ဖက်စလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

ရန်ကိုင်သည် ရှေ့တစ်လှမ်းတိုးကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍၊ ထိုလူ့နောက်သို့ လိုက်ရန် ပြင်လိုက်သည်။

ထိုစဥ် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ ဟမ် “

“ အဲ့လူက ငါ့ဆီကို တကယ်ကြီး လာနေတာလား “

ရန်ကိုင်သည် ဒေါသတကြီး ရယ်မောနေတော့သည်၊ သူသည် ထိုလူ၏ အရှိန်အဝါကို အာရုံခံမိသွားခဲ့သည်။ အဆင့်ကိုးက ကောင်လေးက ငါ့ဆီကို တကယ်ကြီး လာရဲနေတယ်ပေါ့လေ

သူသည် နေရာမှာပင် ထိုင်ချလိုက်ကာ၊ လက်ပိုက်ထားသော ကိုယ်နေဟန်ထားဖြင့် အရှေ့သို့ အေးစက်စွာ စိုက်ကြည့်နေတော့သည်။

“ ဇွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုသည် မြို့တော်၏ အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

အဆိုပါ အက်ကွဲကြောင်းအတွင်းမှ ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားပင် ဖြစ်သည်။

“ အတင့်ရဲချက် “

“ ဘယ်ကောင်က မြို့တော်ထဲကို မဆင်မခြင် ဝင်လာရဲတာလဲ “

…………………………………………………………………………………………………………………………………….

အပိုင်း ( 656 )

ဘက်ပေါင်းစုံတွင် သတ်ဖြတ်ခြင်း ၂

မြို့တော်အတွင်းရှိ ကမ္ဘာ့ကြယ် စစ်သည်တော်များနှင့် မြို့စောင့်များသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူများကို လျစ်လျူရှုထားခဲ့သည်။

သူ၏အကြည့်သည် မြို့တော်အတွင်းရှိ နန်းတော်တစ်ခုထံတွင်သာ ရှိနေခဲ့သည်။ သူသည် ထိုနန်းတော်အတွင်းတွင် ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦး ရှိနေသည်ကို အာရုံခံမိနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားတစ်ခွန်းမှ မပြောဘဲ၊ ထိုနန်းတော်ရှိရာဘက်သို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

“ ဒင် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အစွမ်းထက် အတားအဆီးတစ်ခုကို ရင်ဆိုင်လိုက်ရသည်။

၎င်းမှာ ပကတိ အထွတ်အထိပ် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် နန်းတော်၏ အကာအရံဖြစ်ပြီး၊ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကသာလျှင် ၎င်းကို ချိုးဖျက်နိုင်ပေသည်။

“ ဟမ့် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ၊ သူ၏ ဟင်းလင်းပြင် မူလနိယာမ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

“ ခရက် ခရက် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နန်းတော် အကာအရံမှ အက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

အားလုံးသည် နန်းတော် အကာအရံက အပိုင်းပိုင်း အစစဖြစ်သွားသည်ကို ကြောက်လန့်တကြား စောင့်ကြည့်နေကြသည်။

“ သူက နန်းတော်ရဲ့ အကာအရံကို တစ်ကိုယ်တော် ဆုတ်ဖြဲလိုက်တာလား “

“ အဲ့တာက နန်းတော်သခင် ကိုယ်တိုင် ချထားခဲ့တဲ့ ပကတိ အထွတ်အထိပ် ပညာရှင်ပဲ ချိုးဖျက်နိုင်တဲ့ အကာအရံလေ၊ အဆင့်၉မှာပဲ ရှိသေးတဲ့ အဲ့လူက အဲ့တာကို ဘယ်လိုလုပ်လုပ်နိုင်ရတာလဲ “

ပတ်ပတ်လည်တွင် ရှိနေသည့် ကမ္ဘာ့ကြယ် စစ်သည်တော် အကုန်လုံးမှာ အံ့ဩတုန်လှုပ်သွားကြသည်။

“ ဘုမ်း “

ထိုအချိန်၌ ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် နန်းတော်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အားလုံးသည် ပကတိ အထွတ်အထိပ် ပညာရှင်၏ အရှိန်အဝါကို မှတ်မိနေခဲ့သည်။

ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ရန်ကိုင်သည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် လေဟာနယ်အတွင်းတွင် ရပ်နေခဲ့ကာ၊ အောက်ဘက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကို ငုံ့ကြည့်လာခဲ့သည်။

“ ကြယ်ပြာဂြိုဟ် သားရဲမျိုးနွယ်စုလား။ ကောင်းတယ် ……. ငါစီးတော်ယာဥ် လိုအပ်နေတာနဲ့ အတော်ပဲ၊ အဲ့တာက မင်းကိုယ်မင်း ကယ်တင်လိုက်တာပဲ “

ရန်ကိုင်၏ မျက်နှာတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ၊ နန်းတော်အကာအရံ ပျက်စီးသွားခြင်းသည် သူ၏စိတ်ကို မလှုပ်ခတ်သွားစေခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေသည့် သူ၏အကြည့်သည် အဆင့်နိမ့် သတ္တဝါတစ်ကောင်ကို ကြည့်နေသည့်အလား ဖြစ်နေခဲ့သည်။

ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ရန်ကိုင်ကို ကြည့်ရှုလေ့လာနေခဲ့သည်။

တစ်ခဏ အကြာတွင် သူသည် ရန်ကိုင်၏ စွမ်းအားကို အတည်ပြုနိုင်သွားသည်။

“ အဆင့်နိမ့် အထွတ်အထိပ်လား။ ငါ့အတွက် သင့်တော်တဲ့ အားဖြည့်စာတစ်ခုပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရေရွတ်ပြောဆိုနေခဲ့သည်။

ပတ်ပတ်လည်ရှိ ကမ္ဘာ့ကြယ် စစ်သည်တော်များသည် သူ၏ တိုးညှင်းသော လေသံကို ကြားသွားကာ၊ ဒေါသများ ချက်ချင်းပေါက်ထွက်လာခဲ့သည်။

“ မောက်မာတဲ့ သားရဲကောင်၊ ပကတိ အထွတ်အထိပ် ပညာရှင်ကို ရင်ဆိုင်နေရတာတောင်မှ မောက်မာနေတုန်းပဲ “

“ ကံဆိုးမိုးမှောင်ကျတာကို မျက်နှာပြောင် တိုက်ပြီး ကြွားဝါနေတယ်၊ နောက်ကျမှ ဘယ်လိုမျိုး ဒူးထောက် တောင်းပန်လာမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ပညာရှင်တော်တော်များများသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကံကြမ္မာကို မြင်တွေ့နေရသည့်လား အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည်။

သို့ရာ၌ ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိ‌နေခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်၍ ပြောလာခဲ့သည် “ အဲ့လိုစိတ်ဓာတ်မျိုးက ချီးကျူးဖို့ကောင်းတယ်၊ ဒါပင်မဲ့ မင်းရဲ့ခွန်အားကတော့ မလုံလောက်ဘူး “

ရန်ကိုင်သည် စကားပြောနေရင်းဖြင့် သူ၏လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလာခဲ့သည်။

သူ့လက်လှုပ်ရှားမှုနှင့်အတူ၊ စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။

“ ဘုမ်းးး “

စီရင်စုမြို့တော်၏ မိုင်သောင်းနှင့်ချီသော ကောင်းကင်ပြင်တစ်ဝိုက်တွင် မှင်ကဲ့သို့ မည်းနက်နေသည့် တိမ်သားတိမ်စိုင်များ လှိုက်တက်လာခဲ့သည်။

“ ဒီနေ့မှာ မင်းသိရပါလိမ့်မယ် “

ရန်ကိုင်မှ အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ မင်းနဲ့ တကယ့် ပကတိ အထွတ်အထိပ်ကြားက ကွာဟချက်က ဘယ်လောက်ကြီးလဲဆိုတာကို “

သူ့စကားဆုံးသွားသည့် အချိန်တွင်၊ အနက်ရောင် တိမ်တိုက်များ စတင်၍ တုန်ခါလာခဲ့ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။

မိုးစက်များသည် မြေပြင်ပေါ်သို့ မကျဆင်းလာခဲ့ဘဲ၊ မြှားများကဲ့သို့ ကြယ်တာရာ T-Rex နတ်ဘုရားကိုသာ ပစ်မှတ်ထားလာခဲ့သည်။

“ အဲ့တာက အရှင်ရန်ရဲ့ မိုးနိယာမပဲ “

နဝမအဆင့် ပညာရှင် တော်တော်များများသည် ၎င်းကို မှတ်မိနေခဲ့ကာ၊ ကောင်းကင်ထက်သို့ တလေးတစား မော့ကြည့်လာကြသည်။

“ မိုးစက်တစ်ခုချင်းစီတိုင်းက အထွတ်အထိပ်တစ်ပိုင်း စစ်သည်တော်ကို သတ်နိုင်တယ် “

“ ဒီမိုးမုန်တိုင်းနဲ့ဆိုရင်၊ ကြယ်ပြာသားရဲကောင်တော့ ပြီးသွားပြီ “

၎င်းမှာ ပြီးပြည့်စုံသည့် မိုးနိယာမဖြစ်ပြီး၊ မည်သည့်ချို့ယွင်းချက်မှ မရှိသကဲ့သို့၊ ဤကမ္ဘာကြီးနှင့်ပါ သက်ဆိုင်မနေတော့ဘဲ ရန်ကိုင်တစ်ဦးတည်းနှင့်သာ သက်ဆိုင်နေခဲ့သည်။

ရန်ကိုင်သည် မိုးရွာသွန်းမှုအား သူ၏ပစ်မှတ်ဆီသို့ တိတိကျကျ စေလွှတ်နိုင်ပြီး၊ ၎င်း၏ စွမ်းအားကို မည်သို့မျှ အလေအလွင့်မဖြစ်စေခဲ့ပေ။

ထိုကဲ့သော တိုက်ခိုက်မှုအောက်တွင် အထွတ်အထိပ်တစ်ပိုင်းအဆင့် စစ်သည်တော် အယောက်တစ်ရာကပင် သေဆုံးသွားလိမ့်မည် ဖြစ်သည်။

သို့သော် များပြားလွန်းလှသော အကြည့်များအောက်၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လာခဲ့သည် “ ပျစ်ခဲလိုက် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မိုးစက်များသည် သူ၏ အမိန့်ကို တသွေမတိမ်းလိုက်နာခဲ့ပြီး၊ လေထုထဲတွင် မလှုပ်မယှက် ရပ်တန့်သွားခဲ့သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် လေသံတိုးတိုးလေးဖြင့် စကားထပ်ပြောလာခဲ့သည် “ ချိုးဖျက် “

ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ်

မိုးစက်များသည် ရေခဲများ အရည်ပျော်သွားသကဲ့သို့ လျင်မြန်စွာ ပြန့်ကျဲသွားကာ၊ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

စကားလုံးနှစ်လုံးသာလျှင်၊ သို့သော် ၎င်းတို့သည် တာအိုနှင့် ပဲ့တင်ထပ်သွားပုံရပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအနှံ့ ပျံ့နှံ့သွားကာ၊ စီရင်စုတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

ပတ်ပတ်လည်ရှိ ကမ္ဘာ့ကြယ် သိုင်းပညာရှင်အားလုံးမှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။

သူတို့သည် ပကတိ အထွတ်အထိပ် ပညာရှင်၏ တိုက်ခိုက်အား နဝမအဆင့် ကြယ်ပြာသားရဲကောင်က မည်ကဲ့သို့ အလွယ်တကူ ချေဖျက်လိုက်လဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

“ မိုးနိယာမလို့ခေါ်တဲ့ဟာက ဒီကမ္ဘာရဲ့ ဓာတ်ကြီးငါးပါး နိယာမကို အတွင်းမှာ ရှိနေတုန်းပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ငါ့ရဲ့ ဓာတ်ကြီးငါးပါး နိယာမမှာ ချို့ယွင်းချက်ရှိနေတာက နှမြောစရာပဲ၊ အဲ့တာကို အပြည့်အဝ မဖိနှိပ်နိုင်ဘူး “

အကယ်၍ သူ၏ ဓာတ်ကြီးငါးပါး နိယာမကသာ ပြီးပြည့်စုံနေမည်ဆိုပါက၊ သူသည် ရန်ကိုင်၏ မိုးနိယာမကို အတင်းအကြပ် သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ယခုတွင် သူသည် ၎င်းကို ကြမ်းကြမ်းတမ်းတမ်း ဖယ်ရှားလိုက်ရုံသာ တတ်နိုင်ပေသည်။

ထို့အပြင် သူ၏ဓာတ်ကြီးငါးပါးတွင် ချို့ယွင်းချက်ရှိနေသောကြောင့်၊ သူသည် ၎င်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး၊ ကျန်ရှိနေသော မိုးရေစက်များကမူ ၎င်း၏ပြီးပြည့်စုံသော မိုးနိယာမ စွမ်းအားကို သယ်ဆောင်ထားကာ၊ သူ့ကို ဆက်လက်တိုက်ခိုက်လာခဲ့သည်။

“ ချုပ်နှောင် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လိုက်ရာ၊ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်များသည် တစ်လွှာပြီးတစ်လွှာ အေးခဲတောင့်တင်းသွားခဲ့ကာ၊ မိုးရေစက်များကို သီးခြားခွဲထုတ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်၊ ရန်ကိုင်၏ မျက်လုံးများထဲတွင် လေးနက်သော အကြည့်တစ်ခု ဖြစ်တည်လာခဲ့သည်။

“ ပြည့်ဝအဆင့် အဆင့်မြင့် နိယာမ နှစ်ခုလား “

ရန်ကိုင်၏ မျက်လုံးများထဲတွင် မနာလိုအားကျဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သူက အဆင့်နိမ့် အထွတ်အထိပ် ပညာရှင် ဖြစ်နေရခြင်းမှာ သူ၏နိယာမ နားလည်နိုင်စွမ်းက မလုံလောက်ဘဲ၊ အဆင့်နိမ့် နိယာမတစ်ခုကိုသာလျှင် ဖမ်းဆုပ်နိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ သူကသာ အဆင့်မြင့် နိယာမကို နားလည်နိုင်ခဲ့ပြီး၊ ၎င်းကို ပြီးပြည့်စုံအောင် လုပ်နိုင်မည်ဆိုပါက၊ သူသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။

“ ဘာအဆင့်မြင့်နိယာမတွေလဲ။ ပကတိ အထွတ်အထိပ် ပညာရှင် မဟုတ်ဘူး၊ မင်းက ပုရွက်ဆိတ်ကောင်ပဲ “

ရန်ကိုင်မှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ သူ၏မနာလိုစိတ်များသည် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်၊ သူ၏လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ ဓားကို မိုးနိယာမဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ ကြယ်များကိုပင် ခုတ်ပိုင်းနိုင်စွမ်းရှိသည်။

နိယာမတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ရန်ကိုင်၏ အရှိန်အဝါကို သိသိသာသာ မြင့်တက်သွားစေခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ချေမှုန်းရန်အတွက် ပကတိ အထွတ်အထိပ်စွမ်းအားကို အသုံးပြုလာခဲ့သည်။

“ ကောင်းတယ် “

၎င်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့သည်၊ ဤတစ်ကြိမ် ကမ္ဘာ့ကြယ် ခရီးစဥ်မှာ အဆင့်တက်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေရန်အတွက် ဖြစ်သည်။

ယခုတွင် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကို တိုက်ခိုက်ခြင်းမှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။

“ သတ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ပြည့်ဝအဆင့် နိယာမဖြင့် ရန်ကိုင်ကို ပြန်တိုက်ခိုက်လိုက်သည်။

ဘုမ်းးး

ဘမ်းးး

ပကတိ အထွတ်အထိပ်အဆင့်၌ အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် တိုက်ကွက်ရာနှင့်ချီ၍ ဖလှယ်နိုင်ပေသည်။

အသက်ရှူကြိမ် သုံးကြိမ် ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် သူတို့နှစ်ဦးသည် တိုက်ကွက်ပေါင်း ထောင်နှင့်ချီ၍ ဖလှယ်ခဲ့ပြီးပြီ ဖြစ်သည်။

ပတ်ပတ်လည်ရှိ ကမ္ဘာ့ကြယ် စစ်သည်တော်များ နိုးနိုးကြားကြားဖြစ်သွားခဲ့ကာ၊ သူတို့၏ အမူအရာများ တင်းကြပ်သွားခဲ့သည်။

“ အဲ့ဒီ ကြယ်ပြာသားရဲကောင်က ဘယ်သူလဲ။ အဆင့်၉ အထွတ်အထိပ်မှာပင် အရှင်ရန်ကိုင်ကို ဒီလောက်အကြာကြီး တိုက်ခိုက်နိုင်တယ်ပေါ့ “

“ သူက ကောလဟာလထွက်နေတဲ့ ကြယ်ပြာဂြိုဟ် ပါရမီရှင်လား “

“ မဖြစ်နိုင်ဘူး၊ အဲ့ဒီ ကြယ်ပြာဂြိုဟ် ပါရမီရှင်က အစောပိုင်း အဆင့်၉မှာပဲ ရှိနေသေးတယ်လေ၊ ရက်ပိုင်းအတွင်းမှာပဲ အဆင့်၉ အထွတ်အထိပ်ကို ဘယ်လိုလုပ် ရောက်လာရတာလဲ “

“ အဲ့လူက ဘယ်သူလဲဟ “

ထိုစဥ် ရန်ကိုင်၏ အံ့ဩတုန်လှုပ်မှုမှာ အလွန်တရာ နက်ရှိုင်းနေခဲ့သည်။

တိုက်ကွက်များ ဆက်တိုက်ဖလှယ်ခဲ့ပြီးသည့်နောက်၌၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ နားလည်မှုက ပြည့်ဝအဆင့် အဆင့်မြင့် နိယာမနှစ်ခုထပ် ကျော်လွန်နေပြီး၊ အန္တိမနိယာမကိုပင် ပိုင်ဆိုင်ထားပုံရသည်ကို မြင်တွေ့နေခဲ့ရသည်။

အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမများထံတွင် ချို့ယွင်းချက်များ ရှိမနေဘူးဆိုပါက၊ ရန်ကိုင်သည် လုံးဝချေမှုန်းခံလိုက်ရမည် ဖြစ်သည်။

သို့တိုင်အောင် ယခုလက်ရှိအချိန်၌ ရန်ကိုင်သည် သူက ဖိနှိပ်ခံနေရသည်ဟု ခံစားနေခဲ့ရသည်။

အန္တိမနိယာမ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူ၏ ပြီးပြည့်စုံသော မိုးနိယာမကပင် ရုန်းကန်နေခဲ့ရသည်။

“ ဘမ်းးး “

ရုတ်တရက်ဆိုသလိုပင် ရန်ကိုင်သည် တံဆိပ်ပြားတစ်ခုကို ချေမွလိုက်သည်။

သူသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ရန်သူအား မချေမှုန်းနိုင်မည်ကို စိုးရိမ်နေသောကြောင့် စစ်ကူခေါ်လိုက်ခြင်း ဖြစ်သည်။

ထိုလှုပ်ရှားမှုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များကို အေးစက်သွားစေခဲ့သည်။

“ တစ်ယောက်ချင်းတိုက်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ မင်းက အကူအညီခေါ်လိုက်တယ်ပေါ့ “

“ အဲ့လိုဆိုတော့လည်း ဒီပြပွဲကို အဆုံးသတ်လိုက်ကြတာပေါ့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထပ်မံ၍ ထိန်ချန်မထားတော့ဘဲ၊ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း နည်းစနစ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကိုယ်ပွားတစ်သောင်း ပေါ်ထွက်လာခဲ့သည်။

………………………………………………………………………………………………………………………………………….

အပိုင်း ( 657 )

ကမ္ဘာ့ကြယ်ပေါ်မှ သတ်ဖြတ်မှုများ၊ ဘုရင်သုံးပါး လှုပ်ရှားလာပြီ

ဘိုးဘေးနဂါး အရိပ်တစ်သောင်း နည်းစနစ်၊ မူလကိုယ်၏ ခွန်အားက ပိုသန်မာအားကောင်းလေလေ၊ ကိုယ်ပွားများကို ပိုမိုဖန်တီးနိုင်လေလေ ဖြစ်သည်။

နဝမအဆင့် အထွတ်အထိပ်သို့ အဆင့်တက်လာနိုင်ခဲ့ကာ၊ မူလနိယာမ ခုနစ်ခုကို ပြည့်ဝအဆင့်အထိ ရောက်ရှိအောင် ပြုလုပ်နိုင်ခဲ့ပြီးသည့်နောက်၊ ယခုလက်ရှိ အချိန်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကိုယ်ပွားတစ်သောင်းကို ဖန်တီးနေနိုင်ပြီ ဖြစ်သည်။

ကိုယ်ပွားတစ်ယောက်ချင်းစီတိုင်းသည် ပြည့်ဝအဆင့် အန္တိမနိယာမတစ်ခုကို ကိုင်ဆောင်ထားကြသည်။

သို့ရာ၌ ၎င်းတို့သည် မူလကိုယ်၏ ၅၀%သော စွမ်းအားကိုသာ ပိုင်ဆိုင်ထားကြသည်။

သို့သော် ထိုကဲ့သို့ဆိုလျှင်တောင်မှ ၎င်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ကိုယ်ပွားတစ်သောင်းက သတ်ဖြတ်ခြင်း တိုက်ကွက်ကို အတူတူ ထုတ်လွှတ်လာခြင်း ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် တောင့်မခံနိုင်သောအရာဖြစ်သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရန်ကိုင်၏ အမူအရာမှာ ချက်ချင်း မှုန်မှိုင်းသွားခဲ့သည်။

သူသည် ထိုကဲ့သို့ ကိုယ်ပွား အမြောက်အများကို တစ်ပြိုင်နက် ဆင့်ခေါ်နိုင်သည့် နည်းစနစ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။

ဤအချိန်၌ ရန်ကိုင်၏ တိုက်ခိုက်လိုစိတ်မှာ လုံးဝပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။

အဆောင်တစ်ခုကို ချက်ချင်းချေမွလိုက်ရာ၊ သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ဖန်သားကဲ့သို့ ပြိုကွဲသွားခဲ့ပြီး၊ ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဖော်ထုတ်လာခဲ့သည်။

ရန်ကိုင်၏ ပုံရိပ် လှုပ်ခတ်သွားကာ၊ သူသည် ထွက်ပြေးရန် ကြံရွယ်နေတော့သည်။

“ အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ လှောင်ပြောင်လိုက်သော်လည်း၊ ချက်ချင်း မလှုပ်ရှားခဲ့ပေ။

ရန်ကိုင်၏ ပုံရိပ်က ဟင်းလင်းပြင် အက်ကွဲကြောင်း အတွင်းသို့ ရောက်ရှိသွားသည့် အချိန်မှသာလျှင် သူသည် လက်ညှိုးညွှန်၍ လှုပ်ရှားလာခဲ့သည် “ အေးခဲစမ်း “

ခရက် ခရက် ခရက်

ချက်ချင်းဆိုသလိုပင် အချိန်နှင့် ဟင်းလင်းပြင်မှာ လုံးဝရပ်တန့်သွားပုံရသည်။

၎င်းမှာ ပြည့်ဝအဆင့် ဟင်းလင်းပြင် နိယာမနှင့် အချိန်နိယာမတို့ကို ပေါင်းစပ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ထိုစွမ်းရည်သည် အစစ်အမှန် ဟင်းလင်းပြင်-အချိန်နိယာမကို မယှဥ်နိုင်သော်လည်း၊ အဆင့်နိမ့် ပကတိ အထွတ်အထိပ် ပညာရှင်ကို ရပ်တန့်သွားစေရန် လုံလောက်နေခဲ့သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းကာ၊ ရုတ်တရက် လက်သီးဆုပ်လိုက်သည်။

“ ပေါက်ကွဲစမ်း “

နိယာမများသည် သူ၏အမိန့်ကို လိုက်နာနေသည့်အလား ဖြစ်နေခဲ့ကာ၊ အသက်နှင့် မရဏ နိယာမဖြင့် ဖန်တီးထားသော သောင်းနှင့်ချီသည့် စွမ်းအင်ဗုံးတို့မှာ ချွန်မြိသော မြှားများအဖြစ် ပြောင်းလဲသွားကာ၊ အေးခဲနေသည့် ဟင်းလင်းပြင်ထံသို့ တိုးဝင်သွားခဲ့သည်။

ဘုမ်း ဘုမ်း ဘုမ်း

ထိုကဲ့သို့ ပြင်းထန်လွန်းလှသော တိုက်ခိုက်မှုအောက်တွင်၊ ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟင်းလင်းပြင်သည် အပိုင်းပိုင်း အစစအဖြစ် တစ်ဖန်ပြန်၍ ပေါက်ကွဲထွက်သွားခဲ့ပြန်သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် အထဲတွင် ရှိနေသည့် ရန်ကိုင်ကို ဖော်ထုတ်လာခဲ့သည်။

အချိန် နိယာမနှင့် ဟင်းလင်းပြင် နိယာမတို့၏ ချုပ်နှောင်ခြင်းကို ခံထားရသည့် ရန်ကိုင်သည် သူ၏ ခုခံကာကွယ်ရေး နည်းစနစ်ကိုပင် အသက်မသွင်းနိုင်ခဲ့ချေ။

ထိုကဲ့သို့သော ချုပ်နှောင်မှုကို ချိုးဖျက်ရန်အတွက်၊ အဆင့်နိမ့် ပကတိ အထွတ်အထိပ် ပညာရှင်ဖြစ်သည့် သူကပင် အသက်ရှူကြိမ် တစ်ကြိမ်အပြည့် အချိန်ယူရမည် ဖြစ်သည်။

ထိုအချိန်သည် ကြယ်တာရာ T-Rex နတ်ဘုရားက တိုက်ကွက်တစ်သောင်း ထုတ်ရန် လုံလောက်သည့် အချိန်ပမာဏ ဖြစ်သည်။

“ ဘုမ်း ဘုမ်း ဘုမ်းး “

အသက်နှင့် မရဏ နိယာမ၏ များပြားလွန်းလှသော တိုက်ခိုက်မှုများအောက်တွင်၊ ရန်ကိုင်၏ ရုပ်ခန္ဓာသည် ၎င်းကို တောင့်မခံနိုင်တော့ဘဲ၊ လုံးဝပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင် သူ၏ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်နှစ်ခုစလုံး အတူတကွ သုတ်သင်ခံလိုက်ရသည်။

“ မဟုတ်ဘူး “

ကောင်းကင်နှင့် ကမ္ဘာမြေကြားတွင် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံသာ ပျံ့လွင့်လာခဲ့သည်။

ထိုအချိန်၌ စီရင်စုတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ပတ်ပတ်လည်တွင် ရှိနေသည့် ကမ္ဘာ့ကြယ် သိုင်းညာရှင်များ၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ နန်းတော်သခင်က ….. တကယ်ကြီး သေသွားတာလား “

“ ဒီကြယ်ပြာသားရဲကောင်က ပကတိ အထွတ်အထိပ် ပညာရှင်ကို တကယ်ကြီး သတ်လိုက်တာလား “

နဝမအဆင့် ပညာရှင်က ပကတိ အထွတ်အထိပ် ပညာရှင်ကို သတ်ဖြတ်ခြင်း

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ကမ္ဘာနှစ်ခု၏ သမိုင်းကြောင်းတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်လာခဲ့ဖူးသည့် ကိစ္စတစ်ခု ဖြစ်သည်။

သူတို့ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်သည် သူ့တို့ထံသို့ ရောက်ရှိလာခဲ့သည်။

“ သေ “

အကြည့်တစ်ချက်တည်းဖြင့် နဝမအဆင့်အောက်တွင် ရှိနေသည့် ကမ္ဘာ့ကြယ် ပညာရှင်အကုန်လုံးမှာ ချက်ချင်းပေါက်ကွဲကာ၊ သေဆုံးသွားခဲ့သည်။

၎င်းမှာ အသက်နှင့် မရဏ နိယာမ၏ ပြည့်ဝအဆင့်ဖြစ်သည်။

ငါ့အောက်က လူတိုင်းက ပုရွက်ဆိတ်တွေချည်းပဲ။

ငါ့အထက်က လူတွေကိုလည်း ငါသတ်နိုင်တယ်။

“ ဘုမ်း ဝုန်း ဘုမ်း “

များပြားလွန်းလှသည့် သွေးမြူထုများ ပေါက်ကွဲထွက်လာခဲ့သည်။

ကမ္ဘာ့ကြယ်၏ နဝမအဆင့် ပညာရှင်များကပင် မလွတ်မြောက်ခဲ့ပေ၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့အားလုံး၏ လမ်းကြောင်းများကို ပိတ်ဆို့တားဆီးရန်အတွက် သူ၏ လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်ရုံသာ လိုအပ်ပေသည်။

နဝမအဆင့် အထွတ်အထိပ်မှ ပညာရှင်များကသာလျှင် အနည်းငယ်မျှသာ ခုခံနိုင်ခဲ့သည်။

အဆင့်နိမ့် ပကတိ အထွတ်အထိပ် ပညာရှင်ကပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ၊ သူ့အတွက် သာမန် ပကတိ အထွတ်အထိပ် ပညာရှင်များမှာ ပုရွက်ဆိတ်နှင့် မခြားပေ။

အသက်ရှူကြိမ် တစ်ကြိမ်အတွင်းမှာပင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

စီရင်စုတစ်ခုလုံးတွင် ရှိနေသည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အကုန်လုံး သေဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သွေးမိုးရွာသွန်းနေသည်ကို စောင့်ကြည့်နေရင်းဖြင့်၊ ဉာဏ်အလင်းရသွားပုံရသည် “ ဆိုတော့ ဖျက်စီးခြင်းဆိုတာက ဒီဟာပေါ့ “

သူသည် ဖျက်စီးခြင်း နိယာမ၏ လျှို့ဝှက်ဆန်းကြယ်မှုကို အနည်းငယ်မျှ ဖမ်းဆုပ်မိသွားပုံရသည်။

သို့သော် သူသည် ကနဦး နားလည်ခြင်းနှင့် အလွန်တရာ ဝေးကွာနေသေးသည်။

ဖျက်စီးခြင်း နိယာမသည် အသက်နှင့် မရဏ နိယာမနှင့် အချိန်-ဟင်းလင်းပြင် နိယာမတို့ထပ် အဆင့်ပိုမြင့်သည်၊ ထို့ကြောင့် နားလည်ရ ပိုမိုခက်နေခဲ့သည်။

“ ဖျက်စီးခြင်း နိယာမကို နားလည်ဖို့အတွက် ဘယ်လောက်တောင် သတ်ဖြတ်ရမလဲဆိုတာကို ဘယ်သူက သိမှာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ငါက ကမ္ဘာ့ကြယ်ကို ရောက်နေတာကတော့ တော်တော်ကြီးကို ကံကောင်းတယ်၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ် “

“ ဟမ် “

သူသည် အောက်ဘက်တွင် ရှိနေသည့် စီရင်စုမြို့တော်ကို ငုံ့ကြည့်ကာ၊ ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည် “ အဲ့ဒီနန်းတော်ထဲမှာ ရတနာတစ်ချို့တော့ ရှိမဲ့ပုံပဲ “

ထို့နောက်တွင် သူသည် သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။

ရုတ်တဆိုသလိုပင် အဆိုပါ နန်းတော်သည် အမြစ်မှ ဆွဲထုတ်ခံလိုက်ရပြီး၊ အမျိုးမျိုးသော ရောင်စုံရတနာများသည် အပျက်အစီးပုံအတွင်းမှ တိုးထွက်လာခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

သူသည် ၎င်းတို့ကို စစ်ဆေးကြည့်လိုက်ကာ၊ အံ့အားသင့်သွားခဲ့သည် “ အကုန်လုံးက အဆင့်၉ ရတနာတွေချည်းပဲဟ “

သူသည် အဆိုပါ ရတနာများအနက်မှ အများစုကို မမြင်တွေ့ခဲ့ဖူး၊ မကြားဖူးခဲ့သော်လည်း၊ သူ၏ယခုလက်ရှိ အဆင့်အရ၊ ကမ္ဘာကြီးထဲတွင် ရှိနေသည့် မည်သည့်အရာကိုမဆို ချက်ချင်း နားလည်နိုင်နေပြီ ဖြစ်သည်။

အဆိုပါ နဝမအဆင့် ရတနာများတွင် နတ်လက်နက်များနှင့် လူတစ်ဦး၏ ရုပ်ခန္ဓာကို နဝမအဆင့်(သို့) နဝမအဆင့် အထွတ်အထိပ်သို့ ရောက်သွားစေရန် ကူညီပေးနိုင်သည့် ဆေးလုံးများ ပါဝင်နေခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို နဝမအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်ရန်မှာ ကြယ်တာရာ T-Rex နတ်ဘုရားအတွက် အလွန်တရာ ရိုးရှင်းသေ ကိစ္စတစ်ခု ဖြစ်သည်။

သို့သော် ကြယ်ပြာဂြိုဟ်ပေါ်ရှိ လူသားနှင့် သားရဲမျိုးနွယ်စုများအတွက် ၎င်းက အလွန်တရာ ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။

နဝမအဆင့်နယ်ပယ်၌ လူတစ်ဦးသည် လမ်းကြောင်းနှစ်ခုကို ကျင့်ကြံရန် လိုအပ်သည်။

၎င်းတို့မှာ ရုပ်ခန္ဓာနှင့် ဉာဏ်အလင်းရခြင်းပင် ဖြစ်သည်။

ဉာဏ်အလင်းရခြင်းအတွက်မူ အားလုံးထံတွင် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ကြာပန်းစင်မြင့်ကဲ့သို့သော သက်ဆိုင်ရာ မိသားစု ရတနာများ ရှိနေတတ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရုပ်ခန္ဓာကို အဆင့်မြှင့်တင်ရခြင်းမှာ ပိုမိုခက်ခဲနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် နဝမအဆင့် နယ်ပယ်တွင် ရုပ်ခန္ဓာကို တိုးတက်အောင် ပြုလုပ်ရန်အတွက် အခွင့်အလမ်း အနည်းငယ်မျှသာ ရှိသောကြောင့် ဖြစ်ပြီး၊ ပို၍ဝေးဝေးလံလံ သွားချင်သည်ဆိုပါက ကောင်းကင်ဘုံ ပစ္စည်းများနှင့် ကမ္ဘာမြေ ရတနာများကို လိုအပ်သောကြောင့် ဖြစ်သည်။

All Chapters