← Chapters

ထမင်းချိုင့်

Vol. 3 Ch. 24

ထမင်းချိုင့်

Vol. 3 Ch. 24

‎အိုင်ဗီသည် ခေါင်းကိုငုံ့ထားမိပြီး သူမ၏ရင်ထဲတွင် နောင်တ၊ ထိတ်လန့်မှု၊ အပြစ်ရှိစိတ်နှင့် တွန့်ဆုတ်မှုစသည့် ရှုပ်ထွေးလှသော ခံစားချက်လှိုင်းလုံးများ ရိုက်ခတ်နေသည်။ ပူစီနံနံ့သဲ့သဲ့လေးက သူမ၏ အာရုံခံစားမှုကို လွှမ်းမိုးထားသော်လည်း တင်းကျပ်နေသော သူမ၏နှလုံးသားမှာ ငြိမ်းချမ်းမှု မရနိုင်သေး။

‎စကားလက်... သူမက ဆိုင်းလပ်စ်အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လိမ့်မည်။

‎သူမလို သူများကံကို နိမ့်စေသူမျိုး မဟုတ်ဘဲ ရွှင်ရွှင်ပျပျရှိလှသည့် စကားလက်သည် နွေးထွေးသော မိသားစုထဲတွင် ကြီးပြင်းလာသူ ဖြစ်သည်။ ဆိုင်းလပ်စ်နှင့် အကိုက်ညီဆုံးပင်။

‎သို့သော်လည်း အိုင်ဗီသည် စကားလက်ကို ဆိုင်းလပ်စ်ဆီသို့ တွန်းပို့ရန် မဝံ့ရဲ။ မဟုတ်ဘူး... သူမသည် ပုဂ္ဂိုလ်ရေးကိစ္စများမှ ဝေးဝေးတွင်သာ နေပါတော့မည်။

‎ဒီဘဝမှာ သူမ ရောက်ရှိနေခြင်းမှာ သူမ၏ အပြစ်များအတွက် နောင်တရရန်သာ ဖြစ်ပြီး မည်သူ့ကိုမျှ အတင်းအကျပ် မလုပ်လိုတော့။ အရာအားလုံးကို သဘာဝအတိုင်းသာ ဖြစ်စေတော့မည်။

‎ဆိုင်းလပ်စ်က သူမကို မချစ်တော့ဘူးဟု ပြောခဲ့ပြီးဖြစ်ရာ သူမ၏ ခံစားချက်များကို သူ့အပေါ် အတင်းအကျပ် မတင်စေချင်တော့ပါ။

‎အိုင်ဗီသည် တခြားအမျိုးသမီးတစ်ယောက်ကို ဆိုင်းလပ်စ်ဆီ တွန်းပို့ရင်း စိတ်ထဲက တမ်းတနေရသည့် စက်ဆုပ်ဖွယ် ကစားပွဲမျိုးကို ကစားရန် အစီအစဉ်မရှိ။

‎သူမကိုယ်တိုင်ပင် သိနေသည်... သူမသည် ထိုသို့သော ဟန်ဆောင်မှုမျိုး လုပ်နိုင်ရန်အတွက် သူ့ကို အလွန်အမင်း ချစ်မြတ်နိုးနေမိသည်။ ဆိုင်းလပ်စ်နှင့် ဝေးဝေးတွင် နေနိုင်သော်လည်း သူ တခြားတစ်ယောက်နှင့် ရှိနေသည်ကိုမူ သူမ မခံစားနိုင်။

‎"ဘာလို့ ဒီမှာ ရပ်နေတာလဲ"

‎ဆိုင်းလပ်စ်၏ အံ့သြတုန်လှုပ်နေသော အသံကြောင့် အိုင်ဗီ၏ အတွေးစများ ပြတ်တောက်သွားပြီး သူမသည် သူ့ကို ငေးကြောင်ကြည့်နေမိသည်။

‎"ဟင်။ ဘာမှမဟုတ်ပါဘူး... ကျွန်မ... ကျွန်မ ခေါင်းနည်းနည်း မူးလာလို့ နံရံကို ခဏမှီထားတာပါ"

‎အိုင်ဗီသည် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ သူမ၏ လေသံမှာ အလွန်မှန်ကန်လွန်းလှသဖြင့် ရင်ထဲက နာကျင်မှုတွေကို ခန့်မှန်းရန် ခက်ခဲလှသည်။

‎"သြော်"

‎ဆိုင်းလပ်စ်သည် ထိုအကြောင်းကို ဆက်မမေးတော့။ အိုင်ဗီသည် သူ့ကို အမှန်အတိုင်း ပြောပြမည်မဟုတ်ကြောင်း သိနေသဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။

‎"မင်း ငါ့ကို ဘာလို့ အိပ်မွေ့ချလိုက်တာလဲ။ ရာဗင်ခရော့ဖ် မိသားစု ပြောတာကတော့ အိုင်စလာက ငါနဲ့ အိပ်နိုင်ဖို့အတွက် မင်းက အဲ့လိုလုပ်ပေးတာဆိုပဲ။ အဲ့ဒါ အမှန်ပဲလား"

‎အထင်လွဲမှုတစ်ခု။ ဒါဟာ အထင်လွဲမှုတစ်ခုသာ ဖြစ်ပါစေဟု ဆိုင်းလပ်စ် မျှော်လင့်နေမိသည်။ အိုင်ဗီ၏ အမူအယာ ပြောင်းလဲသွားမှုက သူ့ရင်ထဲတွင် မျှော်လင့်ချက်မီးစကို တောက်လောင်စေခဲ့သည်။

‎ရာဗင်ခရော့ဖ် မိသားစုကို ယုံကြည်လို့လား။ မဟုတ်ပါ။ အိုင်ဗီ့ဆီက အကြိမ်ကြိမ် သစ္စာဖောက်ခံခဲ့ရဖူးသော်လည်း သူမတွင် ရှင်းပြစရာရှိလျှင် နားထောင်ရန်နှင့် သူမကို ယုံကြည်ရန် သူ အသင့်ရှိနေဆဲဖြစ်သည်။

‎အိုင်ဗီသည် ဆိုင်းလပ်စ်ကို အကြာကြီး စိုက်ကြည့်နေမိပြီးနောက် လည်ချောင်းထဲက အဆို့ကို ခက်ခက်ခဲခဲ မျိုချလိုက်ကာ...

‎"ရှင်က တကယ်ကိုဉာဏ်ကောင်းတာပဲ"

‎ဒါဟာ သွယ်ဝိုက်ပြီး ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

‎အိုင်ဗီသည် လိမ်မပြောချင်သဖြင့် ဤကဲ့သို့ ပတ်လှည့်ပြောဆိုခြင်းမျိုးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

‎ဆိုင်းလပ်စ်၏ မျက်ဝန်းထဲက မျှော်လင့်ချက်ရောင်ခြည်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများ အစားထိုးဝင်ရောက်လာသည်။

‎အိုင်ဗီသည် ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် အကြည့်လွှဲလိုက်မိသည်။

‎ဆိုင်းလပ်စ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း အလျှော့မပေးလိုသေးဘဲ ဆက်မေးလိုက်သည်။

‎"ဒါဆို တခြားသူတွေကိုကော။ သူတို့ကို ဘာလို့ အိပ်မွေ့ချခဲ့တာလဲ။ ပြီးတော့ ငါ့မိဘတွေကိုကော ဒီမိုးရွာနေတုန်း ဘာလို့ အိပ်ခိုင်းထားတာလဲ"

‎အိုင်ဗီက သဲ့သဲ့လေး ရယ်မောလိုက်ပြီး...

‎"ကျေးဇူးပြန်ဆပ်တာပါ"

‎ဒါဟာလည်း အမှန်တစ်ဝက် အလိမ်တစ်ဝက်ပင် ဖြစ်သည်။

‎ဆိုင်းလပ်စ်၏ ရင်ထဲမှာ ပို၍ လေးလံသွားသည်။ ရာဗင်ခရော့ဖ်တွေ ပြောတာကို သူ ယုံကြည်သွား၍ မဟုတ်။ အိုင်ဗီ့စကားတွေထဲက မညီညွတ်မှုတွေကို သူ မြင်နေရပါလျက်နှင့် သူမက အမှန်အတိုင်း ပြောပြဖို့ ငြင်းဆန်နေခြင်းကြောင့်သာ ဖြစ်သည်။

‎"ဒီလောက်ထိ ဖြစ်နေတာတောင်... သူမက ငါ့ကို မယုံကြည်သေးဘဲ ရာဗင်ခရော့ဖ် မိသားစုဘက်ကပဲ လိုက်နေတုန်းပါလား။ ဒါက သူမရဲ့ အစီအစဉ် မဟုတ်ရင်တောင် ရာဗင်ခရော့ဖ် မိသားစုရဲ့ ပြောဆိုချက်တွေကို သိနေတော့ သူတို့ကို ကာကွယ်ပေးဖို့ သူမ ဆုံးဖြတ်လိုက်တာပဲ... အိုင်ဗီ... မင်း ဘာလို့ ဒီလောက်တောင် မိုက်မဲရတာလဲ"

‎ပင်ပန်းနွမ်းနယ်မှုများက သူ့ကို လွှမ်းမိုးလာသဖြင့် ဆိုင်းလပ်စ်သည် အနားယူရန် ဆုံးဖြတ်လိုက်သည်။ အိုင်ဗီသည် သူ ထွက်ခွာသွားသည်ကို ကြည့်နေရင်းမှ ရုတ်တရက် ကြမ်းပြင်ပေါ်က ထမင်းချိုင့်ဘူးလေးတွေကို သတိထားမိသွားသည်။

‎"ဟင်။ ဘာလို့ ဒီမှာ ထမင်းချိုင့်ဘူး တစ်ဘူး ရှိနေတာလဲ" အိုင်ဗီက နားမလည်ဘဲ မေးလိုက်သည်။

‎"ဘာထမင်းချိုင့်လဲ။ မင်း ငါ့ကို ထပ်ပြီး လှည့်စားဖို့ ကြိုးစားနေတာလား" ဆိုင်းလပ်စ်က ဝမ်းနည်းနေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။

‎"ဒါလေ"

‎အိုင်ဗီသည် ထိုထမင်းဘူးလေးကို မြှောက်ပြရင်း သူ့ကို ဝေ့ယမ်းပြလိုက်သည်။

‎ဆိုင်းလပ်စ် : ဟင်

‎"ဒါ... ဒါက ဘယ်ကနေ ရောက်လာတာလဲ"

‎ဆိုင်းလပ်စ်က အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေသည်။ အိုင်ဗီ့၏ မျက်ဝန်းများလည်း ပြူးကျယ်သွားရသည်။

‎[ထမင်းချိုင့်တစ်ဘူးအား စစ်ဆေးတွေ့ရှိသည်။ စွမ်းအင်သိုလှောင်မှု ဟင်းလင်းပြင်ထဲတွင် သိမ်းဆည်းလိုပါသလား]

‎[၂၅ ဆ ပွားလိုပါသလား။ ကုန်ကျစရိတ်မှာ ၁ KB ဖြစ်သည်]

‎ဟင်။ ဒါက ဘာဖြစ်နေတာလဲ။

‎အိုင်ဗီသည် စွမ်းအင်သိုလှောင်မှု ဟင်းလင်းပြင်၏ သတ်မှတ်ချက်ကို ချက်ချင်း သတိရသွားသည်။ သူမ၏ စွမ်းအားကို အသုံးပြုပြီး တစ်ခုခုကို သိမ်းဆည်းလိုက်သရွေ့ သူမသည် ၎င်းကို ပွားယူနိုင်သည်။

‎ဒါဆို သူမရဲ့ စွမ်းအားက... ဒီဘဝမှာ သူမဟာ အရင်နဲ့မတူတဲ့ တခြားစွမ်းအားတစ်ခုနဲ့ နိုးထလာခဲ့တာလား။

‎မဟုတ်သေးဘူး။ အရေးကြီးဆုံး မေးခွန်းက... ဒါဟာ ဘယ်လို ထူးဆန်းတဲ့ စွမ်းအားမျိုးလဲ။

‎သူမသည် ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ ထမင်းချိုင့်တွေကို မြင်နိုင်ပြီး ၎င်းတို့ကို ကောက်ယူလိုက်သရွေ့... ထိုအရာတွေက တကယ် ဖြစ်တည်လာတာလား။

‎ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကွမ်တမ် နေရာရွှေ့ပြောင်းခြင်းသီအိုရီအရ ထိုသို့သော စွမ်းအားမျိုး ဖြစ်နိုင်သော်လည်း... ဤကဲ့သို့ ထူးဆန်းသော စွမ်းအားမျိုးကို တစ်ခါမျှ မကြားဖူးခဲ့‌ ပေ။

‎"ဒါ... ငါ့ကို ရောင်း‌ ပေးမလား"

‎ဆိုင်းလပ်စ်၏ မေးခွန်းက အိုင်ဗီကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

‎"ရတာပေါ့။ ဒါပေမဲ့ အလကားတော့ မပေးနိုင်ဘူးနော်" အိုင်ဗီသည် မြေခွေးတစ်ကောင်လို ပြုံးလိုက်သည်။

‎သို့သော်လည်း သူမ၏ ရင်ထဲတွင်မူ အိုင်ဗီတစ်ယောက် ထိတ်လန့်နေမိသည်။

‎"ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ဘာလို့ ငါ ကိုယ်တိုင် ထိန်းချုပ်လို့ မရတော့တာလဲ"

‎

All Chapters