ဖရီယာရဲ့ ဖုန်းခေါ်ဆိုမှု
Vol. 3 Ch. 23
မက်ဂနပ်စ်နဲ့ ဆာဖီနာတို့ဟာ ဒေါသချောင်းချောင်းထွက်သွားပြီး လက်ညှိုးငေါက် ငေါက်ထိုးကာ ရန်တွေ့ဖို့ ပြင်လိုက်ကြပါတယ်။ ဒါပေမဲ့ ဆိုင်းလပ်စ်ကတော့ သူတို့ဆီကို အေးစက်လှတဲ့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး...
"အရင်က ပြောခဲ့သလိုပဲ။ ငါ အိုင်ဗီ့ကို မချစ်တော့ဘူး။ မင်းတို့ကို ထိုးကြိတ်ဖို့လည်း ငါ ဝန်လေးနေမှာ မဟုတ်ဘူး"
သူ့ရဲ့ အေးစက်လှတဲ့ စကားလုံးတွေဟာ ရာဗင်ခရော့ဖ် မိသားစုဝင်တွေရဲ့ နှလုံးသားကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။ ဆိုင်းလပ်စ်က အိုင်စလာကို တကယ်ပဲ ပါးရိုက်ခဲ့တာမို့ သူ ဘယ်လောက်အထိ အတည်ပြောနေလဲဆိုတာ သက်သေပြဖို့ လုံလောက်နေခဲ့ပါပြီ။
သူတို့တွေ တွန့်ဆုတ်မနေတော့ဘဲ အိုင်စလာကို တွဲထူပြီး ထွက်သွားဖို့ ပြင်ကြပါတယ်။ အိုင်စလာကတော့ ရပ်တန့်လိုက်ပြီး ဆိုင်းလပ်စ်ကို မကျေမချမ်း စိုက်ကြည့်ရင်း...
"မိန်းကလေးအပေါ် လက်ပါတဲ့ယောက်ျားဟာ ယောက်ျားမဟုတ်ဘူး။ မိန်းမတစ်ယောက်ကို ပါးရိုက်ရတာ နင့်မှာ ရှက်စိတ်မရှိဘူးလား"
"ငါ မိန်းမတစ်ယောက်ကို ရိုက်တာမဟုတ်ဘူး။ နင့်ကို တိရစ္ဆာန်တစ်ကောင်လို့ပဲ ငါ သတ်မှတ်တာမလို့ပဲ" ဆိုင်းလပ်စ်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်ပါတယ်။
အိုင်စလာ : "..." နင်... တောက်စ်။
မက်ဂနပ်စ်နဲ့ ဆာဖီနာတို့ဟာ ဒီလောက်အထိ အစော်ကားခံလိုက်ရတော့ အိုင်စလာကို အတင်းဆွဲခေါ်သွားပါတော့တယ်။ သူတို့တစ်ချက်လေးတောင် အိုင်ဗီ့အကြောင်းကို မစဉ်းစားမိခဲ့ကြပါဘူး။
သူတို့တွေ အောက်ထပ်ကို ဆင်းသွားတာနဲ့ ဆိုင်းလပ်စ်ဟာ ကြမ်းပြင်ပေါ်က အိုင်ဗီ့ကို ချက်ချင်းပဲ ပွေ့ချီလိုက်ပါတယ်။ သူ အိုင်ဗီ့ကို မြေပြင်ပေါ်ကနေ မချီချင်ဘဲ နေပါ့မလား။ ဒါပေမဲ့ နားငြီးစရာကောင်းတဲ့ ရာဗင်ခရော့ဖ် မိသားစုက ထွက်မသွားဘဲ ဇွတ်ပေကပ်နေလို့သာ အောင့်ထားရတာပါ။
အိုင်ဗီ့ရဲ့ အေးစက်နေတဲ့ ကိုယ်ခန္ဓာလေးကို ထိတွေ့လိုက်ရတဲ့အခါ ဆိုင်းလပ်စ်ရဲ့ ရင်ထဲမှာ အပြစ်မကင်းသလို ခံစားလိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာလည်း အိုင်ဗီက သူ့ကို သစ္စာဖောက်ပြန်ပြီဆိုတဲ့ စိတ်ပျက်မှု ရှိနေပေမယ့်လည်း သူမ နာကျင်နေတာကို မြင်ရတဲ့အခါ သူ မခံစားနိုင်ပါဘူး။
"မင်းကတော့ တကယ့်ခွေးတစ်ကောင်ပါပဲ ဆိုင်းလပ်စ်ရာ... ဒီလောက်အထိ ဖြစ်နေတာတောင် သူမကို ထားမသွားနိုင်သေးဘူးလား" လို့ သူ ကိုယ့်ကိုယ်ကိုယ် တွေးမိပါတယ်။
အိုင်ဗီ့ရင်ထဲမှာတော့ ကျေနပ်မှုတွေ ပြည့်နှက်နေပါတယ်။ ဒီလောကကြီးမှာ တလွန်စခန်းနဲ့ ပက်ထရစ်ပြီးရင် သူမ အမုန်းဆုံးလူဟာ အိုင်စလာပဲ ဖြစ်သည်။
အရင်ဘဝတုန်းက အိုင်စလာဟာ အိုင်ဗီ့ကို အသုံးချပြီး ဆိုင်းလပ်စ်အတွက် ထောင်ချောက်တွေ ဆင်ခဲ့သလို နောက်ဆုံးမှာတော့ ဆိုင်းလပ်စ်ကို သူမနဲ့ လက်ထပ်ဖို့အထိ အတင်းအကျပ် လုပ်ခဲ့ပါသေးတယ်။
ဆိုင်းလပ်စ်နဲ့ တစ်အိပ်ရာထဲ ရှိနေတဲ့ပုံစံမျိုး ဖြစ်အောင်အထိ သူမ လုပ်ခဲ့တာပါ။ အိုင်ဗီဟာ ဆိုင်းလပ်စ်ကို အိပ်ရာထဲရောက်အောင် လှည့်စားပေးခဲ့သူဖြစ်ပြီး အိုင်စလာရဲ့ အစီအစဉ်အလုံးစုံကို အိုင်ဗီမသိခဲ့ပေမယ့်လည်း ဆိုင်းလပ်စ်ရဲ့ မျက်ဝန်းထဲက အလင်းရောင်တွေ ပျောက်ဆုံးသွားတာကို မြင်ရတဲ့အခါ သူမ ရင်ထဲမှာ အပြစ်မကင်းသလို ခံစားခဲ့ရဖူးပါတယ်။
ဆိုင်းလပ်စ်ဟာ သူမကို ကာကွယ်ရင်း သေဆုံးခဲ့ရတာပါ။ တကယ်လို့ သူသာ မသေဆုံးခဲ့ရင် အိုင်စလာနဲ့ လက်ထပ်ရမှာ သေချာသလောက်ပါပဲ။
ဒါကြောင့်လည်း ဆိုင်းလပ်စ်က အိုင်စလာကို ပါးရိုက်လိုက်တဲ့အခါ အိုင်ဗီ တစ်ယောက်တည်း ကျေနပ်ပီတိ ဖြစ်နေခဲ့တာပါ။
အိုင်ဗီ့ခေါင်းထဲက အတွေးတွေကို မသိရှာတဲ့ ဆိုင်းလပ်စ်ဟာ သူမကို ကုတင်ပေါ် တင်ပေးလိုက်ပြီး စောင်ခြုံပေးခဲ့ပါတယ်။
အခန်းထဲက ထွက်လာပြီး ဖုန်းကို စစ်လိုက်တဲ့အခါ မိဘတွေဆီက လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှု နှစ်ခုကို တွေ့တာနဲ့ သူ ပြန်ခေါ်လိုက်ပါတယ်။
တည်ငြိမ်ပြတ်သားတဲ့ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာပါတယ်။
"နင် အိုင်ဗီနဲ့ ရှိနေတာလား"
ဆိုင်းလပ်စ် နှစ်စက္ကန့်လောက် တိတ်သွားပြီးမှ ပြန်မေးလိုက်ပါတယ်။
"ဘာလို့ ဖုန်းဆက်တာလဲ။ ဒါပဲ မေးဖို့လား"
သူ့ရဲ့ မိဘတွေရော မိသားစုဝင်တွေပါ အိုင်ဗီ့ရဲ့ အတိတ်က လုပ်ရပ်တွေကြောင့် သူမကို လုံးဝမကြိုက်ကြပါဘူး။ သူမနဲ့ ဝေးဝေးနေဖို့လည်း သူ့ကို အမြဲ သတိပေးတတ်ကြပါတယ်။
သူ့အမေ ဖရီယာက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး...
"မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူမပေးတဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်တယ်လို့ ပြောပေးလိုက်ပါဦး"
"ဘာအကြံဉာဏ်လဲ" ဆိုင်းလပ်စ် နားမလည်ဘဲ မေးလိုက်ပါတယ်။
ဖရီယာက မျက်မှောင်ကြုတ်လိုက်ပါတယ်။ ချိုသာပြီး နားထောင်လို့ကောင်းတဲ့ သူမရဲ့ အသံဟာ ဆိုင်းလပ်စ်ရဲ့ နားထဲမှာ ဟိန်းထွက်သွားပါတယ်။
"သူမကိုပဲ မေးလိုက်။ ငါ မပြောဘူး"
ဒီလိုနဲ့ သူမ ဖုန်းချသွားပါတယ်။ ဆိုင်းလပ်စ်ဟာ နားမလည်နိုင်ဘဲ သူ့ဖုန်းကိုပဲ ကြည့်နေမိပါတယ်။
အဲ့ဒီအချိန်မှာပဲ ဟင်နရီ၊ အမီးလီးယား၊ ခလိုယီ၊ ဂျက်ခ်၊ စကားလက်၊ အရီရယ်နဲ့ အေဒင်တို့ဟာ ဧည့်သည်နားနေခန်းထဲက ထွက်လာကြပါတယ်။
"အာ... ဗိုလ်ကြီး နိုးနေပြီလား။ ကျွန်တော်တို့ကို ဘာလို့ အိပ်မွေ့ချလိုက်တာလဲ" ဟု ဟင်နရီက မေးပါတယ်။ သူက သိချင်စိတ်ကို ဘယ်လိုမှ ထိန်းမထားနိုင်တဲ့ လူစားမျိုးပါ။
ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းခါပြလိုက်ပါတယ်။
"ငါ မလုပ်..."
စကားမဆုံးခင်မှာပဲ ဆိုင်းလပ်စ်ဟာ သူ့မိဘတွေ ပြောခဲ့တာကို သတိရသွားပါတယ်။
အိုင်ဗီက သူတို့ကို စွမ်းအင်မိုးရွာနေတဲ့ အချိန်တစ်လျှောက်လုံး အိပ်နေဖို့ ပြောခဲ့တာပါ။ သူမက သူ့ရဲ့ အသင်းဖော်တွေကိုလည်း အိပ်မွေ့ချလိုက်တာ ဖြစ်နိုင်ပါတယ်။
ဒါဆို... သူ သူမကို အထင်လွဲခဲ့တာလား။
တကယ်လို့ သူမက သူ့အသင်းဖော်တွေနဲ့ သူ့ကိုပဲ အိပ်မွေ့ချခဲ့တာဆိုရင် အိုင်ဗီဟာ သူ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလို့ ထင်မိဦးမှာပါ။ ဒါပေမဲ့ အခုတော့... အခြေအနေတွေက တစ်မျိုးဖြစ်နေပါပြီ။
"အိုင်ဗီ နိုးလာရင်တော့ မေးကြည့်ရမယ်" လို့ သူ တွေးလိုက်ပါတယ်။
ဘာမှမသိရှာတဲ့ ဟင်နရီကတော့ ဇဝေဇဝါနဲ့ ထပ်မေးပါတယ်။
"ဗိုလ်ကြီး မလုပ်ဘူးဆိုရင် ဘယ်သူလုပ်တာလဲ"
ဆိုင်းလပ်စ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ခပ်တည်တည်ပဲ ပြောလိုက်ပါတယ်။
"ငါ လုပ်တာပဲ"
"ဒါပေမဲ့ ခုနက ဗိုလ်ကြီး ပြောတာကျတော့..." ဟင်နရီက စကားစပေမယ့် ဆိုင်းလပ်စ်က အပြတ်ဖြတ်ပြီး...
"ငါ လုပ်တာလို့ ပြောနေတယ်လေ"
ဟင်နရီ : "..." မဟုတ်သေးပါဘူး။ တစ်ခုခုတော့ မှားနေပြီ။
"မင်းတို့အားလုံး သွားလို့ရပြီ" ဆိုင်းလပ်စ်က အေးအေးဆေးဆေးပဲ ပြောလိုက်တော့ အသင်းသားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထွက်သွားကြပါတယ်။
စကားလက် တစ်ယောက်ပဲ ကျန်နေခဲ့ပါတယ်။ သူမက ဆိုင်းလပ်စ်ကို စိုက်ကြည့်နေပါတယ်။ အခန်းထဲက လင်းထိန်နေတဲ့ မီးရောင်အောက်မှာ သူမရဲ့ မျက်ဝန်းညိုလေးတွေက တောက်ပနေပါတယ်။ သူမရဲ့ ဆံပင်နီနီတွေကို ဖားလျားချထားတာက ကြည့်ရတာ တစ်မျိုး ဆွဲဆောင်မှုရှိနေပြီး နောက်ပြောင်ချင်တဲ့ ပုံစံပေါ့။
"ဆိုင်းလပ်စ်... နင့်ကို ငါ သိပ်သတိရနေတာ" သူမက နှုတ်ခမ်းလေးစူပြီး ဆိုင်းလပ်စ်ဆီ တိုးကပ်သွားပါတယ်။ "နင်က ငါ့ကို ဘာလို့ တခြားအဖွဲ့ထဲ ထည့်ထားရတာလဲ"
ဆိုင်းလပ်စ်က စကားလက်ကို အားမလိုအားမရ ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပါတယ်။
"စကားလက်... နင်လည်း အရွယ်ရောက်နေပြီ။ ကလေးဆန်တာတွေကို ရပ်စပ်စမ်းပါ"
"ငါ ကလေးဆန်နေတာ မဟုတ်ဘူး ဆိုင်းလပ်စ်... ငါ နင့်ကို ကြိုက်လို့ အခုလို လုပ်နေတာဆိုတာ နင်လည်း သိသားနဲ့" စကားလက်က မျက်တောင်လေး ခတ်ပြရင်း နှုတ်ခမ်းလေးကို ကိုက်လိုက်ပါတယ်။
ဆိုင်းလပ်စ်ရဲ့ အခန်းနံရံနောက်မှာ ပုန်းနေတဲ့ အိုင်ဗီတစ်ယောက် ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး မျက်နှာမှာ သွေးရောင်တွေ ကွယ်ပျောက်သွားပါတယ်။
အရင်ဘဝတုန်းက စကားလက် ပြောခဲ့တဲ့ စကားတွေဟာ သူမရဲ့ နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။
"အိုင်ဗီ... တကယ်လို့ ဆိုင်းလပ်စ်သာ ငါနဲ့ ပေါင်းဖက်ခဲ့ရမယ်ဆိုရင် အနည်းဆုံးတော့ သူ အသက်ရှင်နေဦးမှာပဲ"