← Chapters

ပွားယူခြင်း

Vol. 3 Ch. 26

ပွားယူခြင်း

Vol. 3 Ch. 26

‎"ဟင့်အင်း..."

‎အိုင်ဗီသည် ပါးပြင်နှစ်ဖက်စလုံး နီရဲလျက် စကားများ ထစ်အသွားသည်။ သူမ အရာအားလုံးကို မှတ်မိနေပါသည်၊ သို့သော် မှတ်မိသည်ဟု ဝန်ခံလိုက်ခြင်းမှာ ဆိုင်းလပ်စ်ကို သူမဘက်က စတင်မြှူဆွယ်ခဲ့သည်ဟု လက်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။

‎ဆိုင်းလပ်စ်ကတော့ အိုင်ဗီ့မျက်နှာ နီမြန်းနေသည်ကို မြင်ပြီး သူမ နေမကောင်းဖြစ်နေသည်ဟုသာ ထင်လိုက်သည်။

‎သူ့မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ လွှမ်းမိုးသွားကာ "စိတ်မပူပါနဲ့၊ ငါ ညစာ ပြင်ထားပြီးပြီ။ ဒီမှာပဲ ခဏစောင့်နော်" ဟု ဆိုလိုက်သည်။

‎အိုင်ဗီ ခေါင်းညိတ်ပြလိုက်သည်။ ဆိုင်းလပ်စ်အနေဖြင့် သူမ ထပ်ပြီး သတိလစ်သွားမည်ကို စိုးရိမ်သဖြင့် ဆက်ပြီး မစစ်ဆေးတော့ခြင်း ဖြစ်မှန်း သူမ နားလည်လိုက်သည်။

‎တစ်ယောက်တည်း ကျန်ရစ်ချိန်တွင် အိုင်ဗီသည် သူမ ဘာကြောင့် ထိုသို့ ထူးထူးဆန်းဆန်း ပြုမူခဲ့သလဲဆိုသည်ကို စတင်စဉ်းစားတော့သည်။

‎"တစ်စုံတစ်ယောက်က ငါ့အပေါ် သူတို့ရဲ့ စွမ်းအားကို အသုံးချနေတာလား။ ဒါမှမဟုတ် ဂိုဏ်းအဖွဲ့အစည်းတွေလား။ မဖြစ်နိုင်ပါဘူး... အချိန်က သိပ်စောလွန်းတယ်။ အဲ့ဒီဂိုဏ်းသားတွေက ၅ နှစ်မြောက်ကျမှ အင်အားကြီးလာကြတာလေ... ဘယ်လိုဖြစ်ပြီး အရာအားလုံးက ဒီလောက်အထိ မြန်ဆန်နေရတာလဲ"

‎အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင် အိုင်ဗီ အဖြေမထုတ်နိုင်ခဲ့ပေ။

‎"ဒါကို ခဏဘေးဖယ်ထားလိုက်ရအောင်။ အခုတော့ အဓိကပြဿနာကိုပဲ စိုးရိမ်ရတော့မယ်"

‎သူမ၏ အဓိကစွမ်းအားက... ပြောင်းလဲသွားခဲ့ပြီ။

‎အရင်ဘဝတုန်းက သူမသည် မီးစွမ်းအားရှင်အဖြစ် နိုးထခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ... အထောက်အပံ့ပစ္စည်း ရှာဖွေနိုင်သည့် စွမ်းအားရှင်အဖြစ် နိုးထလာခဲ့ခြင်းဖြစ်သည်။

‎အနည်းဆုံးတော့ အိုင်ဗီက ထိုသို့ ယုံကြည်နေသည်။

‎"ဟေး .... စွမ်းအင်သို‌ လှောင်မှုဟင်လင်းပြင်၊ ဒီစွမ်းအားက ဘာလဲဆိုတာ နင် သိလား"

‎ဒီဘဝမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားမှုတွေဟာ သူမ ရရှိထားတဲ့ ဒီသိုလှောင်နယ်မြေနဲ့ အနီးကပ် ဆက်စပ်နေလိမ့်မည်ဟု အိုင်ဗီ တော်တော်လေး သံသယဖြစ်မိသည်။

‎ဘာတုံ့ပြန်မှုမှ မရှိ။

‎"တောက်စ်... ငါ ဘယ်လိုများ မေ့သွားရတာလဲ။ အ့ဟာကြီးက က ကြိုတင်သွင်းထားတဲ့ အသံတွေပဲ ရှိတာလေ၊ အခြေခံ အမိန့်ပေးချက်တွေကလွဲရင် တခြားဟာတွေကို သူ နားထောင်မှာ မဟုတ်ဘူး"

‎ပြောင်းလဲနေတဲ့ အချက်အလက်တွေ များလွန်းတာကြောင့် အရာအားလုံးဟာ သူမ ကြုံတွေ့ခဲ့ဖူးတဲ့အတိုင်း ဖြစ်လာပါဦးမလားလို့ အိုင်ဗီ သံသယဝင်လာသည်။

‎"အော်... ဟုတ်သားပဲ၊ ထမင်းချိုင့်" အိုင်ဗီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ စားပွဲပေါ်တွင် ရှိနေသည်ကို တွေ့သဖြင့် ကောက်ယူလိုက်သည်။

‎[ထမင်းချိုင့်အား ၂၅ ဆ ပွားလိုပါသလား။ ကုန်ကျစရိတ်မှာ ၁ KB ဖြစ်သည်]

‎အိုင်ဗီ သဘောတူလိုက်သည်။

‎"အင်း"

‎တစ်ချိန်တည်းမှာပင် အရာဝတ္ထုများကို ပွားယူရသည့် ကုန်ကျစရိတ်မှာ မည်မျှ ကြီးမားကြောင်း သူမ ညည်းတွားမိသည်။ ရေ ၅၀ ထရီလီယံနှင့် အသားပေါင်း ၇ သိန်းနီးပါးကို သိမ်းဆည်းရန် ၀.၃ KBသာ ကုန်ကျခဲ့သော်လည်း...

‎ရိုးရိုးထမင်းချိုင့်လေး တစ်ဘူးကို ပွားရန်အတွက်မူ ၁ KB အထိ ပေးရသည်။ ဒါဟာ ထိုက်တန်မှ ဖြစ်မည်၊ မဟုတ်ရင်တော့ သူမ ဒီသိုလှောင်တဲ့နယ်မြေကို အပိုင်းပိုင်း ရိုက်ခွဲပစ်မိလိမ့်မည်။

‎ထိုစဉ် အရင်က သိုလှောင်နယ်မြေဘက်က ပြောခဲ့သည့် ထူးဆန်းသော အချက်ကို အိုင်ဗီ ပြန်သတိရသွားသည်။

‎[ပြီးတော့ မင်းရဲ့ စွမ်းအားကို အသုံးပြုပြီး သိမ်းဆည်းတဲ့ ပစ္စည်းမှန်သမျှကို ၂၅ ဆ ပွားယူနိုင်ပါတယ်]

‎"ဒီသိုလှောင်နယ်မြေက တစ်ခုခုကို သိထားတာ သေချာတယ်" ဟု အိုင်ဗီ ခန့်မှန်းလိုက်သည်။ သူမ၏ မျက်ဝန်းများ တောက်ပလာကာ အမူအယာမှာ ခန့်မှန်းရ ခက်သွားသည်။

‎[ထမင်းချိုင့် ၂၅ ဘူး ပွားယူပြီးပါပြီ]

‎အိုင်ဗီသည် ထမင်းချိုင့်ကို စိုက်ကြည့်ရင်း ဖွင့်လိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ မှင်တက်သွားရသည်။

‎ထမင်းဖြင့် ပြုလုပ်ထားသော ပန်ဒါရုပ်လေး နှစ်ရုပ်ရှိပြီး ၎င်းတို့၏ မျက်လုံးများကို ရေညှိလေးများဖြင့် ပြုလုပ်ထားကာ ပါးပြင်လေးများကိုတော့ ပန်းရောင် မုန်လာဥချဉ်လေးများဖြင့် အစက်ချထားသည်။

‎ချယ်ရီခရမ်းချဉ်သီးလေးများ၊ တိုရို ဆာရှိမိ နှစ်ခု၊ ရွှေအိုရောင် တာမာဂိုယာကီ အချပ်များနှင့် သေသေသပ်သပ် စီထားသော ပန်းဂေါ်ဖီစိမ်းလေးများက ကျန်ရှိသော နေရာလွတ်များကို ဖြည့်ဆည်းထားသည်။ ကြည့်ရသည်မှာ ချစ်စရာကောင်းသလို သွားရည်ကျစရာလည်း ကောင်းလှသည်။

‎"ဘာကြီးလဲဟ" အိုင်ဗီ ဆဲမိသွားသည်။ သူမ အံ့သြသွားသည်ဟု ပြောခြင်းမှာ အနည်းငယ်မျှသာ ရှိပါသေးသည်။

‎"စွမ်းအင်သိုလှောင်မှုရေ၊ ငါ့ကို ထမင်းချိုင့်တစ်ဘူး ထုတ်ပေးစမ်း" သူမ အမိန့်ပေးလိုက်သည်။

‎အလင်းတန်းတစ်ခု ဝင်းကနဲ လက်သွားပြီး အိုင်ဗီ့လက်ထဲတွင် ထမင်းချိုင့်တစ်ဘူး ရောက်လာသည်။ အိုင်ဗီ တွန့်ဆုတ်မနေဘဲ ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်သည်။

‎သေချာပါသည်... ပန်ဒါထမင်းဘူးလေး၊ ပန်းချီကားတစ်ချပ်လို လှပနေတဲ့ ဟင်းသီးဟင်းရွက်လေးတွေ အားလုံး အတူတူပင်။

‎အိုင်ဗီ့လက်များ တုန်ယင်လာသည်။ အံ့သြစရာကောင်းလိုက်တာ။ တကယ်လို့သာ ဒီအတိုင်းဆိုရင်...

‎"နောက်တစ်ခါ ထပ်ပွားပေးဦး" သူမ မျှော်လင့်တကြီး အမိန့်ပေးလိုက်ပြန်သည်။

‎[အမှားအယွင်း ရှိနေပါသည်။ ပစ္စည်းတစ်ခုတည်းကို ထပ်မံ ပွားယူ၍မရပါ]

‎အိုင်ဗီ စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တက်ကြွလာသည်။ ဒီနေ့လိုမျိုး ပစ္စည်းတွေကို မကြာခင်မှာ ထပ်ပြီး ကောက်ရဦးမှာပဲ မဟုတ်လား။

‎[မင်းအနေနဲ့ ၁၀ KB ရှာဖွေနိုင်ရင်တော့ ဒီပစ္စည်းကို ထပ်မံ ပွားယူနိုင်မှာ ဖြစ်ပါတယ်]

‎"ဟင်။ နေဦး။ ငါ နားမလည်တော့ဘူး။ အခုပဲ ပွားလို့မရဘူး ပြောပြီး အခုကျတော့ ၁၀ KB ရှာနိုင်ရင် ရမယ် ပြောပြန်ပြီလား"

‎သိုလှောင်နယ်မြေက ဘာမှ ပြန်မဖြေတော့ပါ။

‎"တောက်စ်..." အိုင်ဗီ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲအစွန်းကို ကိုင်လိုက်မိသည်။

‎"ဒါဆို ဒီသိုလှောင်နယ်မြေမှာ သတ်မှတ်ချက်တွေ ရှိနေတာပေါ့... တစ်ခုခုဖြစ်မှ ပေါ်လာမယ့် လျှို့ဝှက်ချက်တွေလား။ ဒါမှမဟုတ် ငါ့ဘာသာငါ ရှာတွေ့အောင် လုပ်နေတာလား" သူမ၏ ဦးနှောက်က အချက်အလက်များကို ဆက်စပ်ရန် ကြိုးစားနေသည်။

‎အိုင်ဗီ အဓိကအချက်ကို နားလည်သွားခဲ့ပြီ။ သူမသည် အသစ်ကောက်ရသော ပစ္စည်းတစ်ခုကို ပွားယူပြီး မိတ္တူ ၂၅ ခု ဖန်တီးနိုင်သည်။

‎တကယ်လို့ ထပ်ပြီး ပွားချင်တယ်ဆိုရင်တော့ ၁၀ KB ထပ်ရှာရမည်။ နောက်တစ်ခါ ထပ်ပွားချင်ရင် ၁၀ KB ထပ်ပေးရမလား၊ ဒါမှမဟုတ် ၁၁ KB လား၊ သို့မဟုတ် ၂၀ KBအထိ နှစ်ဆ တိုးသွားမလား။

‎ဒါဟာ အိုင်ဗီ့ရဲ့ ခန့်မှန်းချက်သာ ဖြစ်သည်။ သူမသည် ဒုတိယထမင်းချိုင့်ကို သိုလှောင်နယ်မြေထဲ ပြန်ထည့်လိုက်ပြီး ပထမတစ်ဘူးကိုတော့ စားပွဲပေါ်မှာပဲ ထားလိုက်သည်။

‎ထိုစဉ် ဆိုင်းလပ်စ်က ဆန်ပြုတ်၊ ဟင်းနှစ်မျိုးနှင့် ဟင်းရည်တစ်ခွက်ကို ယူဆောင်လာကာ အခန်းထဲ ဝင်လာသည်။ အဲ့ဒီတော့မှ အိုင်ဗီသည် သူမ ဘယ်လောက်အထိ ဗိုက်ဆာနေသလဲဆိုတာ သတိပြုမိတော့သည်။

‎ဆိုင်းလပ်စ်က အစားအသောက်ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး စားပွဲတင် ခုံတစ်ခုကို ထုတ်ကာ သူမရှေ့တွင် ကျွမ်းကျင်စွာ ပြင်ဆင်ပေးသည်။

‎သူ့ရဲ့ လှုပ်ရှားမှုတွေက နူးညံ့သော်လည်း ကြံ့ခိုင်တဲ့ ခွန်အားတွေ ပါဝင်နေသည်။ ဒါဟာ သူ အကြိမ်ပေါင်းများစွာ ဘာမှ ညည်းညူခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ဖူးတဲ့အတိုင်းပင်။

‎"ဖြည်းဖြည်းစားနော်။ မင်း အားပြန်ယူဖို့ လိုသေးတယ်" ဟု ပြောကာ ဆိုင်းလပ်စ်က သူမဘေးတွင် ကုလားထိုင်တစ်လုံးဆွဲကာ ထိုင်လိုက်သည်။ သူ မစားဘဲ အိုင်ဗီ့ကိုသာ တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတာကြောင့် သူမ ဝန်မခံချင်တဲ့ အကြောင်းပြချက်အချို့ဖြင့် နှလုံးခုန်မြန်လာရသည်။

‎အိုင်ဗီ တံတွေးတစ်ချက် မျိုချလိုက်သည်။ ပူနွေးနေတဲ့ ဆန်ပြုတ်နဲ့ ဟင်းရည်နံ့တွေကြောင့် သူမရဲ့ ဗိုက်က အသံတောင် မြည်လာသည်။

‎သူမ ထပ်မစောင့်တော့ဘဲ ဇွန်းကိုယူကာ ဟင်းရည်ကို အရင် မြည်းစမ်းကြည့်လိုက်သည်။ ဂျင်းနံ့သဲ့သဲ့လေး ပါဝင်နေတဲ့ ဟင်းရည်က ကိုယ်ရောစိတ်ပါ နွေးထွေးသွားစေသည်။

‎ဆိုင်းလပ်စ်ကတော့ လက်ပိုက်ပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းကို သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်နေသည်။

‎သူ့ရဲ့ အမူအယာက တည်ငြိမ်နေပေမယ့် ပုခုံးတွေ တင်းမာနေတာကို အိုင်ဗီ သတိထားမိသည်။ သူ စိုးရိမ်နေတာပါ။ သူမအတွက် တကယ်ကို စိုးရိမ်နေတာပါ။

‎"ရှင် စားပြီးပြီလား" ညစာစားနေရင်း အိုင်ဗီ ခဏရပ်ပြီး မေးလိုက်သည်။

‎ဆိုင်းလပ်စ် မျက်တောင်ခတ်လိုက်မိပြီး သူ့နှလုံးသားက တစ်ချက် ခုန်သွားသည်။ အိုင်ဗီ့ရဲ့ မေးခွန်းက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေသည်။

‎သူမက သူ့ကို စိုးရိမ်နေတာတဲ့လား။

‎ဒီအတွေးလေးနဲ့တစ်ခုတင် ဆိုင်းလပ်စ်ကို ပီတိဖြစ်စေဖို့ လုံလောက်လှသည်။ သူ အသာအယာ ချောင်းဟန့်လိုက်ပြီး လိမ်ပြောလိုက်သည်။

‎"စားပြီးပြီ"

‎အိုင်ဗီ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး အစားအသောက်တွေကို အကုန်စားလိုက်သည်။ စားပြီးတာနဲ့ သူမ မတ်တပ်ရပ်လိုက်သည်။

‎"ဒါဆို ကျွန်မ သွားတော့မယ်နော်"

‎ဆိုင်းလပ်စ် တောင့်ခဲသွားသည်။ လွန်ခဲ့တဲ့ ၂ ရက်လုံးလုံး အိုင်ဗီက သူ့တိုက်ခန်းမှာ ရှိနေခဲ့တာပါ။ ဒါဟာ သူမနဲ့ သူ အတူတူ နေထိုင်နေတာလို့တောင် သူ အထင်မှားမိလုနီးပါး ဖြစ်ခဲ့ရသည်။

‎"မင်း နေချင်တယ်ဆိုရင် ဒီမှာ ဆက်နေလို့ ရပါတယ်" သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အသံနောက်ကွယ်မှာတော့ တွန့်ဆုတ်မှုနဲ့ မျှော်လင့်ချက်တွေကို ဖုံးကွယ်ထားသည်။

‎အိုင်ဗီ ခေါင်းခါလိုက်ပြီး...

‎"ဟင့်အင်း၊ ကျွန်မ သွားဖို့ လိုတယ်"

‎ပထမအချက်က ဆိုင်းလပ်စ်အပေါ် သူမရဲ့ ကံဆိုးမှုတွေ မကူးစက်စေချင်တာဖြစ်ပြီး ဒုတိယအချက်ကတော့... သူမ ပေးစပ်စရာ ရှိတာတွေကို ပေးဆပ်ဖို့ပါ။ အခုချိန်မှာ အစားအသောက်တွေ သိုလှောင်လို့ မရနိုင်တော့တဲ့အတွက် သူမ ဖြေရှင်းစရာရှိတာတွေကို တစ်ခါတည်း ဖြေရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

‎

All Chapters