← Chapters

စိန်ခေါ်မြှူဆွယ်ခြင်း

Vol. 3 Ch. 25

စိန်ခေါ်မြှူဆွယ်ခြင်း

Vol. 3 Ch. 25

‎ဆိုင်းလပ်စ်က မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူမဘက်က ကောင်းကင်အထိ မြင့်မားတဲ့ တောင်းဆိုမှုမျိုး လုပ်လာတော့မယ်လို့ သူ တွေးထားပြီးသားမို့...

‎"ကောင်းပြီလေ။ ရွှေတုံး ဘယ်လောက်အထိ လိုချင်သလဲဆိုတာသာ ပြောလိုက်ပါ" ဟု ပြောသည်။

‎ဇမ်ဘီတွေ ရောက်လာပြီးတဲ့နောက်မှာ အစားအသောက်တွေဟာ ရှားပါးကုန်စည် ဖြစ်လာခဲ့သည်။ ငွေတွေ ရွှေတွေ ရှိနေရင်တောင် ဆိုင်းလပ်စ်ရဲ့ မိသားစုဟာ လူအယောက် ၂၀ စာ သို့မဟုတ် နောက်ထပ် ၅ နှစ်စာလောက်အတွက်ပဲ အစားအသောက်ကို အနိုင်နိုင် စုဆောင်းထားနိုင်ခဲ့ခြင်းဖြစ်သည်။

‎ဘလက်ခ်သော်န် မိသားစုဟာ သြဇာအာဏာရှိပြီး ချမ်းသာတဲ့ မိသားစုဖြစ်သော်လည်း တခြားသော ချမ်းသာတဲ့ မိသားစုတွေကလည်း အသည်းအသန် စုဆောင်းနေကြတာမို့ သူတို့လည်း အကန့်အသတ်နှင့်သာ ရခဲ့သည်။ အထွေထွေ လူထုကလည်း ထို့အတူပင်။

‎လူတွေ အလုအယက် အစားအသောက် သိုလှောင်နေကြတာကြောင့် ငွေရှိပြီး အဆက်အသွယ်ရှိတဲ့ ဘလက်ခ်သော်န် မိသားစုတောင်မှ ခေါက်ဆွဲခြောက်၊ သစ်သီးစည်သွပ်ဘူး၊ အသားစည်သွပ်ဘူး၊ ဟင်းသီးဟင်းရွက်စည်သွပ်ဘူး၊ ဟင်းရည်ဘူး၊ ဆန်ဖြူ၊ ပါစတာ အမျိုးမျိုးနှင့် ကော်ဖီ စသည်တို့ကိုသာ အဓိက ရရှိထားခဲ့သည်။

‎ဒါဟာ အများကြီးလို့ ထင်ရပေမယ့် အခြွေအတာနဲ့ စားသုံးရင်တောင် ၇ နှစ်ထက် ပိုခံမှာ မဟုတ်။

‎အပိုထမင်းချိုင့်တစ်ဘူးက အရေးမပါလှဘူးလို့ ထင်ရပေမယ့် စနစ်တကျ ခွဲတမ်းချစားမယ်ဆိုရင် တစ်ရက်စာအတွက်တော့ လုံလောက်ပါသည်။

‎ဒါတင်မကသေး... ဆိုင်းလပ်စ်က အိုင်ဗီ့ကို ကြည့်လိုက်သည်။ ဒီထမင်းချိုင့်ကို အိုင်ဗီက ပေးလိုက်တာလို့ တခြားလူတွေကို သူ ပြောပြဖို့ စိတ်ကူးထားသည်။ ဒါဆိုရင် နောက်ပိုင်းမှာ အိုင်ဗီ့ကို အစားအသောက်တွေ ပိုပေးဖို့အတွက် သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိသွားမှာ ဖြစ်သည်။

‎"ကျွန်မ ရွှေတုံးတွေ မလိုချင်ပါဘူး။ အဲ့ဒါတွေက တန်ဖိုးနည်းလွန်းတယ်။ ကျွန်မ လိုချင်တာက အနမ်းတစ်ချက်ပဲ" အိုင်ဗီက သူ့နားကို တိုးကပ်သွားပြီး တိုးတိုးလေး ရယ်လိုက်သည်။

‎ဆိုင်းလပ်စ် : 'ဟင်'

‎အိုင်ဗီ့ရင်ထဲမှာတော့ ထိတ်လန့်တုန်လှုပ်နေမိသည်။ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ခုသော အကြောင်းကြောင့် သူမရဲ့ ခန္ဓာကိုယ်ကို သူမကိုယ်တိုင် လုံးဝ ထိန်းချုပ်လို့ မရတော့လို့ပင်။ သူမရဲ့ နှုတ်ကနေ စကားလုံးတွေက ဘာအတားအဆီးမှမရှိဘဲ လွှတ်ကနဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

‎ဆိုင်းလပ်စ်ကတော့ စကားတွေ ထစ်ကုန်ကာ နှလုံးခုန်သံတွေ မြန်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးသွားသလို ခံစားလိုက်ရသည်။ "မင်း... မင်းက အနမ်းတစ်ပွင့်ပဲ လိုချင်တာလား"

‎အိုင်ဗီက မြှူဆွယ်သော အမူအယာဖြင့် သူမရဲ့ ဆံနွယ်တွေကို နားနောက်သို့ သပ်တင်လိုက်သည်။ သူမက ဆံနွယ်လေးတွေကိုဘယ်ညာသို့ ခါယမ်းပြီး ဆိုင်းလပ်စ်ရဲ့ အင်္ကျီကော်လာကို ဆွဲကိုင်ကာ သူမဆီသို့ ဆွဲယူလိုက်ရာ သူတို့နှစ်ဦးရဲ့ နှုတ်ခမ်းချင်းဟာ လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

‎သူတို့နှစ်ဦးရဲ့ ပူနွေးတဲ့ ထွက်သက်ဝင်သက်တွေဟာ တစ်သားတည်း ဖြစ်သွားပြီး အိုင်ဗီက သူမရဲ့ နှုတ်ခမ်းတွေကို လျှာနဲ့ သိသိသာသာ သပ်လိုက်ရာ သူမရဲ့လျှာဖျားက ဆိုင်းလပ်စ်ရဲ့ အထက်နှုတ်ခမ်းကို မတော်တဆ ထိတွေ့သွားခဲ့သည်။ ဆိုင်းလပ်စ်ရဲ့ နှုတ်ခမ်းဖျားကနေ ညည်းတွားသံသဲ့သဲ့ ထွက်ပေါ်လာသည်။

‎သူက အိုင်ဗီ့ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေမိသည်။ အချစ်တွေနဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပုံရတဲ့ ထိုမျက်ဝန်းတွေဟာ သူ့နှလုံးသားကို ဖောက်ထွင်းသွားသလိုပင်။

‎အနည်းငယ် စိုစွတ်တဲ့ ထိတွေ့မှုလေးဟာ သူ့ရင်ထဲက အလိုဆန္ဒတွေကို မီးဟုန်းဟုန်းတောက်စေဖို့ လုံလောက်လှပါသည်။

‎"အိုင်ဗီ..." သူက တိုးတိုးလေး ခေါ်လိုက်ပြီး သူမကို ပြင်းပြတဲ့ အကြည့်တွေနဲ့ ပြန်လည် စိုက်ကြည့်နေမိသည်။

‎အိုင်ဗီက တိုးတိုးလေး ရယ်လိုက်ပြီး သူမရဲ့ မျက်ဝန်းထဲမှာ နောက်ပြောင်ချင်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။

‎"ဘာလဲ... မလုပ်ရဲဘူးလား"

‎"မစမ်းပါနဲ့..." ဆိုင်းလပ်စ်က သူမကို သတိပေးလိုက်သည်။ အိုင်ဗီနဲ့ ပတ်သက်လာရင် သူ့မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း သိပ်မရှိလှ။ အခုအချိန်အထိ သူမက သူ့အပေါ် ဘာခံစားချက်မှ မရှိတာကို သိနေတာကြောင့် အိုင်ဗီနဲ့ အခုလို နီးစပ်ဖို့ သူ ဘယ်တုန်းကမှ မတွေးဝံ့ခဲ့။

‎ဒါပေမဲ့ အခုတော့... အချစ်တွေ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ဒီလို ဆွဲဆောင်နေတဲ့ အမူအယာတွေဟာ ဆိုင်းလပ်စ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကိုတောင် နာကျင်လာစေဖို့ လုံလောက်နေပါပြီ။

‎အိုင်ဗီက သူမရဲ့ လက်ညှိုးလေးနဲ့ ဆိုင်းလပ်စ်ရဲ့ နီရဲနေတဲ့ နားရွက်ဖျားလေးကို ပွတ်သပ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းတွေ အကုန် ပြိုလဲသွားရသည်။

‎"ရှင်က လူကြောက်ပဲ။ ဒီထက် ပိုပြီး သတ္တိမရှိနိုင်တော့ဘူးလား။ ရှင်က ယောက်ျားကော ဟုတ်ရဲ့လား။ ဒါမှမဟုတ် ရှင်က ဒူးတွေ တုန်နေလို့ ကျွန်မကပဲ အစပြုပေးရမှာလား။ ကျွန်မရဲ့ ထိတွေ့မှုလေးတင်နဲ့တင် ရှင် ပြီး‌မြောက်သွားပြီလို့တော့ မပြောနဲ့ဦးနော်..."

‎ဆိုင်းလပ်စ်ရဲ့ မျက်ဝန်းတွေထဲမှာ ကာမဆန္ဒတွေ တောက်လောင်လာပြီး လျှပ်စီးလက်သလို မြန်ဆန်တဲ့ အရှိန်နဲ့ လှုပ်ရှားလိုက်သည်။ သူ့ရဲ့ လက်တစ်ဖက်က အိုင်ဗီ့ရဲ့ ခါးလေးကို ဖက်တွယ်လိုက်ပြီး ကျန်လက်တစ်ဖက်က သူမရဲ့ ဦးခေါင်းနောက်ဘက်ကို အသာအယာ ထိန်းကိုင်လိုက်သည်။

‎သူက ခေါင်းကို အသာစောင်းပြီး သူ့ရဲ့ နှုတ်ခမ်းတွေကို အိုင်ဗီ့ဆီ ဖိကပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အိုင်ဗီက ရုတ်တရက် သတိလစ်သွားပါတော့သည်။ အားအင်တွေ ကုန်ခမ်းသွားတဲ့ သူမရဲ့ ခန္ဓာကိုယ်လေးက အောက်ကို လျောကျသွားသည်။

‎ဆိုင်းလပ်စ်ရဲ့ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့ ကာမဆန္ဒတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အကြောက်တရားတွေ အစားထိုးဝင်ရောက်လာသည်။

‎"အိုင်ဗီ... အိုင်ဗီ... ဘာဖြစ်တာလဲ"

‎သူက သူမရဲ့ ပါးလေးကို အသာအယာ ပုတ်နှိုးလိုက်ပြီးနောက် သူမကို ပွေ့ချီကာ သူ့အခန်းထဲသို့ အပြေးအလွှား ခေါ်သွားသည်။ အိုင်ဗီ့ကို ကုတင်ပေါ် တင်ပေးလိုက်ပြီး ကိုယ်အပူချိန်ကို စစ်ဆေးကြည့်လိုက်သည်။

‎ဘာမှမဖြစ်။ ပုံမှန်ပင်။

‎သူက မကျေနပ်နိုင်သေးဘဲ သူမရဲ့ သွေးခုန်နှုန်းကိုပါ စစ်ဆေးကြည့်ရာတွင်လည်း ပုံမှန်ပင် ဖြစ်နေသည်။ ခုနက သူမရဲ့ ထူးဆန်းတဲ့ အမူအယာတွေကို ပြန်စဉ်းစားကြည့်ရင်း တစ်ခုခုတော့ မှားနေပြီလို့ ဆိုင်းလပ်စ် စတင် ခံစားလိုက်ရသည်။

‎သူသည် ညနေစောင်းအထိ သူမဘေးမှာ စောင့်နေပေးခဲ့သည်။ ညနေရောက်တော့မှ အိုင်ဗီ နိုးလာသည်။ လင်းထိန်နေတဲ့ မီးရောင်တွေနဲ့ အသားကျဖို့ သူမ အချိန်အနည်းငယ် ယူလိုက်ရသည်။

‎"နိုးပြီလား။ ရေသောက်ဦးမလား" ဆိုင်းလပ်စ်က မေးလိုက်သည်။ အဲ့ဒီတော့မှ အခန်းထဲမှာ တခြားတစ်ယောက် ရှိနေသေးမှန်း အိုင်ဗီ သတိပြုမိသွားသည်။

‎သူမက မျက်တောင်လေးတွေ ခတ်လိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။

‎"ကျွန်မ ဘာဖြစ်သွားတာလဲ"

‎"မင်း သတိလစ်သွားတာ။ ဘာလို့... သတိလစ်သွားရသလဲဆိုတာ မှတ်မိသေးလား" ဆိုင်းလပ်စ်ရဲ့ နူးညံ့လှတဲ့ လေသံက အိုင်ဗီ့ကို စိတ်သက်သာရာ ရစေသည်။ သူမက မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်ရာမှ သူမရဲ့ ရှက်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ပြန်သတိရသွားသည်။

‎ဖြူဖျော့နေတဲ့ သူမရဲ့ မျက်နှာလေးဟာ တဖြည်းဖြည်းနဲ့ နီမြန်းလာပြီး ဆွဲဆောင်မှုရှိလွန်းနေတာကြောင့် ခဏတာမျှ ဆိုင်းလပ်စ်ဟာ ရှေ့ကိုတိုးပြီး အိုင်ဗီ့ရဲ့ ဂျယ်လီလေးလို အိစက်နေတဲ့ နှုတ်ခမ်းတွေကို မြည်းစမ်းကြည့်ချင်စိတ် ပေါ်လာသည်။

‎"မင်းက တကယ့် ကောင်ပဲ။ သူမက ဒီလိုအခြေအနေ ဖြစ်နေတာတောင် မင်းကတော့ ဒီလို ညစ်ပတ်တာတွေ တွေးနေနိုင်သေးတယ်" လို့ သူ့ကိုယ်သူ ပြန်ဆူမိသည်။

‎

‎

All Chapters