စကားသံများ
Vol. 4 Ch. 33
လက်ရှိကာလ။
ဒေမီယန်သည် သူမထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ အိုင်ဗီ၏ အသိစိတ်တို့သည် ချက်ချင်းပင် ကြည်လင်ပြတ်သားကာ အေးစက်ထက်မြက်သွားတော့သည်။ အတိတ်ဟောင်းကကဲ့သို့ အသနားခံခြင်း၊ မျက်ရည်ကျခြင်းနှင့် အကူအညီမဲ့နေခြင်းတို့သည် ယခုချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်ကြိမ်တော့ အဖြစ်မခံတော့ပါ။
ယခုတစ်ကြိမ်တွင် သူမ အသနားခံမည်မဟုတ်သလို ငိုကြွေးမည်လည်း မဟုတ်တော့ပေ။
ဒေမီယန်၏ ဒုတ်သည် လေထဲတွင် ဝေ့ယမ်းလျက် သူမ၏ နံဘေးသို့ တည့်တည့်မတ်မတ် ဦးတည်လာသည်။ သို့သော် အိုင်ဗီသည် သူတို့ အရင်က နှိပ်စက်ခဲ့သော မိန်းကလေး မဟုတ်တော့ပါ။
နှစ်ပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းမှုများအောက်တွင် မြှုပ်နှံထားခဲ့သော နာကျည်းမှု မီးလျှံများနှင့် အသက်ရှင်လိုစိတ်တို့ကြောင့် သူမသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ရာ ဒုတ်သည် သူမ၏ အင်္ကျီအနားသတ်ကိုသာ ထိမှန်ပြီး လွဲချော်သွားခဲ့သည်။
သူမ၏ ရုတ်တရက် လျင်မြန်သွားသော လှုပ်ရှားမှုကြောင့် ဒေမီယန်မှာ ဟန်ချက်ပျက်ကာ အံ့အားသင့်သွားရသည်။ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး မျက်နှာပေါ်ရှိ ယုတ်မာသော ယုံကြည်မှုများမှာလည်း ပျောက်ကွယ်သွားတော့သည်။
"အိုင်ဗီ... နင်..." သူက စကားစရုံသာ ရှိသေးသော်လည်း အိုင်ဗီက အဆုံးသတ်ခွင့် မပေးခဲ့ပေ။
သူမ၏ ခြေထောက်သည် လျင်မြန်စွာ ထွက်ပေါ်လာပြီး ဒေမီယန်၏ ခြေသလုံးကို တည့်တည့်မတ်မတ် ကန်လိုက်သည်။ ဒေမီယန်မှာ နာကျင်စွာ အော်ဟစ်လျက် နောက်သို့ ယိုင်လဲသွားကာ သူ၏ ဒုတ်မှာလည်း ကြမ်းပြင်ထက်သို့ မြည်ဟည်းလျက် ကျသွားတော့သည်။
မက်ဂနပ်စ်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ဆဲရေးတိုင်းထွာလိုက်သည်။ သူသည် သူမကို ဖမ်းဆီးရန် ရှေ့သို့ တိုးဝင်လာသော်လည်း အိုင်ဗီက ပို၍ လျင်မြန်နေသည်။ သူမသည် သူ၏ လက်ကို ဖမ်းကိုင်ကာ နောက်သို့ လိမ်ချိုးလိုက်ပြီးမှ အားရပါးရ ကန်ထုတ်လိုက်သည်။
အိုင်စလာမှာ အော်ဟစ်လျက် နောက်သို့ ဆုတ်သွားပြီး ဆာဖီနာမှာမူ သူမ၏ ရှေ့မှောက်တွင် ပြိုလဲပျက်စီးနေသော အခြေအနေကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေမိသည်။
"နင်တို့ထဲက တစ်ယောက်ယောက်ကသာ ငါ့ကို ထပ်ပြီး ရန်ပြုဖို့ ကြိုးစားမယ်ဆိုရင် ဒါဟာ နင်တို့ လမ်းလျှောက်နိုင်တဲ့ နောက်ဆုံးအကြိမ် ဖြစ်သွားစေရမယ်။" အိုင်ဗီက သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သတိပေးလိုက်သည်။
ရာဗင်ခရော့ဖ် မိသားစုမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် စကားပင် မဟဝံ့ကြတော့ပေ။ အိုင်ဗီသည် သူမ၏ အခန်းထဲသို့ တည်ငြိမ်စွာ လမ်းလျှောက်ဝင်သွားသည်။
အခန်းထဲသို့ ရောက်သည်နှင့် တံခါးကို ဂျိတ်ထိုးပိတ်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
ရေငတ်လာသဖြင့် ရေသောက်ရန် စဉ်းစားမိသော်လည်း ယခင်က သူမ သတိမထားမိခဲ့သော ပြဿနာတစ်ခုကို သတိပြုမိသွားသည်။
ရေသန့်စက်။ သူမတွင် ရေသန့်စက် လိုအပ်သည်။ ရေကို ဒီအတိုင်း သောက်၍ မဖြစ်ပေ။
"ဆိုင်အတော်များများလည်း လုယက်ခံထားရပြီ။ အခုအချိန်မှာ ရေသန့်စက် တစ်လုံး ရှာဖို့ဆိုတာ မြက်ပုံထဲမှာ အပ်ရှာသလိုပဲ ခက်ခဲလိမ့်မယ်။"
သူမ၏ မျက်လုံးများက မိမိ၏ လက်ဖမိုးပေါ်သို့ အလိုအလျောက် ကျရောက်သွားပြီးနောက် တိုးညင်းစွာ ရေရွတ်မိသည်။
"ငါ့ရဲ့ စွမ်းအားတွေက ရေသန့်စက်ကိုရော ဖန်တီးပေးနိုင်မလား။"
သူမသည် အံ့ဖွယ်အမှုတစ်ခု ဖြစ်ပေါ်လာပြီး ကြမ်းပြင်ထက်တွင် ရေသန့်စက်များ ပြည့်နှက်သွားရန် မျှော်လင့်မိသော်လည်း လက်တွေ့အခြေအနေက သူမကို ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် အိုင်ဗီမှာ ကုတင်ပေါ်တွင်သာ လှဲလျောင်းနေလိုက်ရတော့သည်။
သူမသည် နွမ်းနယ်ကာ မူးဝေမှုကို ခံစားနေရသည်။
"ငါ့ရဲ့ ခန္ဓာကိုယ်က တကယ်ပဲ အားနည်းလွန်းတယ်။ လေ့ကျင့်ခန်းတွေ စလုပ်မှ ဖြစ်တော့မယ်။ ဒီအတိုင်းဆိုရင်တော့ ငါ နောက်ကျန်ခဲ့လိမ့်မယ်။"
..........
စကားပြောသံများကြောင့် အိုင်ဗီ နိုးလာခဲ့သည်။ သူမသည် မျက်လုံးများကို ပွတ်သပ်လျက် ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
သူမ မည်သည့်နေရာသို့ ရောက်နေသည်ကို သတိပြုမိရန် ခေတ္တမျှ အချိန်ယူလိုက်ရသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်သည်။ အိုင်ဗီသည် သူမ၏ ကြွက်သားများကို ဆန့်ထုတ်လိုက်ရင်း စဉ်းစားလိုက်သည်။
"တချို့လူတွေက တကယ့်ကို တစ္ဆေတွေလိုပဲ။"
သူမသည် ဒုတ်ကို ကောက်ကိုင်ကာ တံခါးဘေးတွင် နေရာယူလျက် တံခါးကို ဖွင့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် အဝတ်ဖြူတစ်ထည်ကို ကိုင်ထားသော လက်တစ်ဖက်သည် အထဲသို့ ဝင်လာသည်။ ထိုအဝတ်တွင် မေ့ဆေး ပါရှိမည်မှာ မြေကြီးလက်ခတ်မလွဲင်ဖြစ်သည်။
အိုင်ဗီသည် ထိုလက်ကို ဖမ်းကိုင်ကာ ချက်ချင်းပင် လိမ်ချိုးလိုက်သည်။
"အား... အိုင်ဗီ။ အိုင်ဗီ လွှတ်ပါဦး။ နာတယ်... နာလှပြီ။" အိုင်စလာ၏ အသံသေး အသံညောင်လိုအော်ဟစ်သံကြောင့် အမှောင်ထဲတွင် ပုန်းနေသော မက်ဂနပ်စ်နှင့် ဆာဖီနာတို့ ထွက်လာကြသည်။
"အိုင်ဗီ လွှတ်လိုက်စမ်း။ သူက နင့်ရဲ့ အစ်မလေ။"
မက်ဂနပ်စ်၏ မိုးကြိုးပမာ ဟိန်းထွက်လာသော အသံမှာ မည်သူ့ကိုမဆို ထိတ်လန့်စေနိုင်သော်လည်း အိုင်ဗီကမူ ဂရုမစိုက်ပေ။
"ဆိုတော့... နင်တို့က ငါပြောတဲ့ စကားတွေကို အလေးမထားကြဘူးပေါ့ ဟုတ်လား။"
"နားလည်မှု လွဲတာပါ။ စိတ်လျှော့ပါဦး အိုင်ဗီ။ ဆိုင်းလပ်စ်က မင်းကို တွေ့ချင်လို့တဲ့။ မင်းက သူ့ကို ဘယ်လောက် မုန်းလဲဆိုတာ ငါတို့ သိနေတော့ မင်းကို မေ့လဲသွားအောင် အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်မိတာပါ..." မက်ဂနပ်စ်မှာ စကားကို ဆုံးအောင် မပြောလိုက်ရပေ။ အိုင်ဗီသည် အိုင်စလာကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဧည့်ခန်းဆီသို့ အပြေးသွားလိုက်သောကြောင့် ဖြစ်သည်။
ဆိုဖာပေါ်တွင် ထိုင်နေသော ဆိုင်းလပ်စ်ကို မြင်လိုက်ရသောအခါ အိုင်ဗီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ သူမ၏ မျက်မှောင်ကြုံ့ထားမှုကို ဖြေလျှော့ကာ တည်ငြိမ်သော မျက်နှာထား ကို လုပ်ယူလိုက်သည်။
ရာဗင်ခရော့ဖ် မိသားစုဝင်များကို ငရဲရောက်အောင် လုပ်နေသော မိစ္ဆာမမှာ သူမ မဟုတ်သည့်အတိုင်း ဟန်ဆောင်လိုင်ခြင်းဖြစ်သည်။
သူမသည် ခြေလှမ်းဖွဖွဖြင့် အခန်းထဲသို့ ဝင်လာသည်။ ဆိုင်းလပ်စ်သည် အိုင်ဗီကို မြင်သောအခါ မတ်တတ်ရပ်လိုက်သော်လည်း သူ၏ နဖူးပေါ်တွင် အရေးအကြောင်းများ ပေါ်လာလျက် မျက်ဝန်းထဲတွင်လည်း မနှစ်သက်သည့် အရိပ်အယောင်များ တွေ့ရသည်။
အိုင်ဗီ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။
'ဘာဖြစ်လို့လဲ။ ငါ သူတို့ကို လုပ်ခဲ့တာတွေကို သူ သိသွားတာလား။ အဲ့ဒါကြောင့် ငါ့ကို မုန်းသွားတာလား။ ဒါမှမဟုတ် ငါ အရင်က လုပ်ခဲ့တဲ့ အမှားတစ်ခုခုကို သူ သတိရသွားတာလား။'
အိုင်ဗီသည် တွေးလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်လာသည်။
"အိုင်ဗီ... မင်း အားလား။ ငါ တစ်ခုခု ပြောချင်လို့"
ဆိုင်းလပ်စ်၏ တည်ငြိမ်အေးဆေးသော အသံက အိုင်ဗီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"အင်း"
အိုင်ဗီက သဘောတူလိုက်သည်။ သူမသာ မျက်နှာကို တည်မထားနိုင်လျှင် သူမ၏ စိတ်အားထက်သန်မှုမှာ အထင်းသား ပေါ်လွင်နေပေလိမ့်မည်။
ဒေမီယန်သည် ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ အာရုံစိုက်ခံရရန်အတွက် ချောင်းအသာအယာ ဟန့်လိုက်သည်။
သို့သော် ဆိုင်းလပ်စ်သည် ဒေမီယန်ကို လုံးဝ မကြားသည့်အတိုင်း ဟန်ဆောင်ကာ အိုင်ဗီကို အိမ်အပြင်ဘက်သို့ ခေါ်ဆောင်သွားတော့သည်။
ထွက်ခွာသွားသော ဆိုင်းလပ်စ်၏ ကျောပြင်ကို ကြည့်ကာ ဒေမီယန်သည် စိတ်မရှည်တော့ဘဲ အော်ပြောလိုက်သည်။
"ဆိုင်းလပ်စ်... သေချာ စဉ်းစားပါဦး။ မင်းသာ ငါတို့ မိသားစုထဲ ဝင်မယ်ဆိုရင် အိုင်ဗီနဲ့ လက်ထပ်ခွင့် ပေးမယ်။"
'မိသားစုထဲ ဝင်ရမယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်။ အခြေအနေတွေသာ ပိုဆိုးလာရင် အိုင်ဗီကို ငါ ပြန်ပေးဆွဲသွားမှာ' ဟု ဆိုင်းလပ်စ်က တွေးလိုက်သည်။
သူ၏ တည်ငြိမ်သော အသွင်အပြင်အောက်တွင် ထိုကဲ့သို့သော လူမိုက်ဆန်သည့် အတွေးများ ကိန်းအောင်းနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
"ပြီးတော့ မမေ့နဲ့ဦး တင်တောင်းပစ္စည်းအနေနဲ့ ဆန် ကီလို ၅၀၀၀၊ ပဲ ကီလို ၅၀၀၀၊ ဟင်းခတ်မှုန့်အထုပ် ကီလို ၅၀၀၀ နဲ့ သစ်သီးဝလံ ကီလို ၅၀၀၀၀ လိုချင်တယ်"
အိုင်ဗီ၏ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ထိုလူယုတ်မာကို ပြန်လှည့်ပြီး လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးကြိတ်ပစ်ချင်စိတ်က ထိန်းမရအောင် ဖြစ်နေသည်။ သူမ ထိုလူကို အသေသတ်ရန် ပြင်နေစဉ်မှာပင် ဆိုင်းလပ်စ်၏ တုံ့ပြန်သံ ထွက်ပေါ်လာသည်။
"သဘောတူတယ်။ ဒါပေမဲ့ ရိက္ခာကို ငါကိုယ်တိုင် စီမံခန့်ခွဲမယ်။ အိုင်ဗီကလည်း အစားအသောက်ကို နပ်မှန်အောင် စားရမယ်၊ တကယ်လို့ သူမ တစ်နပ်လောက်ပဲဖြစ်ဖြစ် အစားမစားဘဲ နေရရင် မင်းတို့အားလုံးကို သုံးရက်တိတိ အငတ်ထားမယ်။"
"ဒါဆို ငါတို့ကရော အစားမစားဘဲ နေရရင် ဘာဖြစ်မှာလဲ။" ဒေမီယန်က အရှုံးမပေးလိုသော အမူအရာဖြင့် မေးလိုက်သည်။
ဆိုင်းလပ်စ်က မျက်လုံးကို အသာအယာ ကစားလိုက်ပြီး၊
"အဲ့ဒါ ငါနဲ့ ဘာမှမဆိုင်ဘူး။ မင်းတို့ အစားမစားရရင်ဖြစ်ဖြစ် အစားလွတ်သွားရင်ဖြစ်ဖြစ် အိုင်ဗီကလွဲလို့ ကျန်တဲ့သူတွေအားလုံးအတွက် ထမင်းဟင်းမချက်ပေးဖို့ ငါ စားဖိုမှူးကို ခိုင်းလိုက်ရုံပဲ။ မင်းတို့အားလုံးက ဝဖြိုးနေကြတာဆိုတော့ ကိုယ်အလေးချိန် လျှော့ဖို့ လိုအပ်နေပြီလေ။"
ဒေမီယန် : ‘ဟမ်’
အိုင်ဗီသည် ဝန်မခံချင်သော်လည်း ဆိုင်းလပ်စ်၏ ဘက်လိုက်လွန်းသော အပြုအမူက သူမ၏ ရင်ကို နွေးထွေးသွားစေသည်။
"မင်းက ငါ့ကို အိမ်ထောင်ဖက်အဖြစ် အိမ်ထဲဝင်နေစေချင်သေးတာလား" ဆိုင်းလပ်စ်က မေးလိုက်ရာ ဒေမီယန်မှာ အသက်ရှူကျပ်သွားသကဲ့သို့ စကားပင် ပြန်မပြောနိုင်တော့ပေ။
တုံ့ပြန်မှုမရှိသော ဒေမီယန်ကို ထားရစ်ခဲ့ကာ ဆိုင်းလပ်စ်သည် အိုင်ဗီနှင့်အတူ ထွက်ခွာလာခဲ့သည်။
ဒေမီယန်သည် ဆိုင်းလပ်စ်၏ ကျောပြင်ကို နာကျည်းမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
"နေနှင့်ဦးပေါ့ ငါသာ ထူးခြားတဲ့စွမ်းအားရှင် ဖြစ်လာရင် မင်းကို ငါ့လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်"
ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
"ဟုတ်တယ်... သူ့လို ပိုးမွှားမျိုးကိုတော့ နင်းခြေပစ်သင့်တာပေါ့။ အခု သွားပြီး အနားယူလိုက်တော့။ မင်းရဲ့ စွမ်းအားတွေ မကြာခင် နိုးထလာတော့မယ်။"