အိမ်မက်ဆိုး (၂)
Vol. 4 Ch. 39
"ကျစ်... တောက်... မင်းက တကယ့်ကို ဒုက္ခပေးတဲ့ကောင်မလေးပဲ။ ဒါပေမဲ့ မင်းက အပြင်မထွက်ချင်ဘူးဆိုတော့လည်း ငါကိုယ်တိုင်ပဲ ဆွဲထုတ်ရတော့မှာပေါ့။"
ရိုနန်၏ အသံသည် မောက်မာမှုများဖြင့် ပြည့်နှက်နေပြီး သူသည် သေတ္တာပုံးအနားသို့ လျှောက်လာခဲ့သည်။
အိုင်ဗီ ဘာကိုမျှ မမြင်ရသော်လည်း သူမ၏ နှာခေါင်းသည် ထက်မြက်နေဆဲဖြစ်ရာ ရိုနန်ထံမှ ရွံရှာဖွယ်ကောင်းသော နှင်းဆီနံ့ကို ရရှိနေသည်။
သူမ၏ တစ်ကိုယ်လုံး အေးစက်သွားကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အနည်းငယ် ကွေးညွတ်လိုက်မိသည်။ နောက်တစ်စက္ကန့်တွင် သေတ္တာမှာ အားပြင်းစွာ ကန်ခံလိုက်ရပြီး အိုင်ဗီသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
သူမ သေတ္တာထဲမှ ထွက်လာချိန်တွင် အဝတ်အစားမဲ့နေသော သူမ၏ ခန္ဓာကိုယ်သည် သူမကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် စိုက်ကြည့်နေသော ကာမရမ္မက်ထနေသည့် အမျိုးသားများရှေ့တွင် ပေါ်လွင်နေခဲ့သည်။
သူတို့က တဟားဟား ရယ်မောလိုက်ကြပြီး
"အရိုးပေါ် အရေတင်ပဲ ရှိတော့တာတောင် သုံးလို့တော့ ရပါသေးတယ်။ ဆရာ... သူ့ကို ခေါင်းဆောင်ဆီ မပို့ခင် ကျွန်တော် တစ်လှည့်လောက် သုံးခွင့်ရမလား။"
ဒါကတော့ မာ့ခ် ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် မာ့ခ်သည် လောက၏ အဆိုးဝါးဆုံး အရာများကို မြင်တွေ့ခဲ့ပြီး ယုတ်မာမှုများတွင်လည်း ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သည်။
အိုင်ဗီ တောင့်တင်းသွားပြီး ထိတ်လန့်မှုများက သူမ၏ ရင်ထဲကို စိုးမိုးသွားခဲ့သည်။ သူမသည် ခေါင်းကို အတွင်တွင် ခါယမ်းရင်း
"မလုပ်ပါနဲ့ တောင်းပန်ပါတယ်... ကျွန်မကို ချမ်းသာပေးကြပါ ကျွန်မ နောက်တစ်ခါ ထပ်မပြေးတော့ပါဘူး! ကျေးဇူးပြုပြီး ကျွန်မကို ဒီအတိုင်းပဲ လွှတ်ထားပေးကြပါ..."
ရိုနန်သည် အိုင်ဗီ၏ ဖြူဖျော့နေသော အသားအရေနှင့် ရင်ဘတ်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဟေ့... အခုမှ စတာကို အဲ့လောက် စောစောစီးစီး အသနားမခံပါနဲ့ဦး။ ငါတို့က သနားရင်တောင် တခြားလူတွေက သနားပါ့မလား။ မင်း ထွက်ပြေးလိုက်လို့ စခန်းခေါင်းဆောင်က တော်တော် ဒေါသထွက်နေတာ။ သူ့ကို ဆွဲခေါ်သွားကြစမ်း။ စခန်းခေါင်းဆောင်က သဘောကျသွားရင် ငါတို့ကိုတောင် ပေးသုံးဦးမှာ။"
အိုင်ဗီသည် ခေါင်းခါကာ နောက်သို့ ဆုတ်မိသည်။ သို့သော် နောက်ကွယ်မှ လက်တစ်ဖက်သည် သူမ၏ ဆံပင်ကို အတင်းဆွဲလိုက်သည်။
"အား ကျေးဇူးပြုပြီး သနားကြပါဦး အဲ့ဒီ မိစ္ဆာက ကျွန်မကို စော်ကားလိမ့်မယ် သူ ကျွန်မကို ထပ်ပြီး မုဒိမ်းကျင့်လိမ့်မယ် ကျေးဇူးပြုပြီး..."
.....
အိုင်ဗီ၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် ကျဆင်းလာပြီး သူမသည် တရှုံ့ရှုံ့ ငိုကြွေးနေမိသည်။
"ကျေးဇူးပြုပြီး... ကျွန်မကို ချမ်းသာပေးပါ... သူ ကျွန်မကို ထပ်ပြီး စော်ကားလိမ့်မယ်..."
သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်နှာမှာလည်း သေလူကဲ့သို့ ဖြူဖျော့နေသည်။
ဆိုင်းလပ်စ်၏ မျက်တောင်များ လှုပ်ခတ်သွားပြီးနောက် သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အိုင်ဗီ၏ ထိတ်လန့်တကြား အသံကြောင့် ဆိုင်းလပ်စ်သည် ပင်ပန်းနွမ်းနယ်မှုများကို အတင်းခါထုတ်ကာ ခက်ခဲစွာ ထိုင်လိုက်မိသည်။
"အိုင်ဗီ ဘာဖြစ်လို့လဲ။"
အားအင်များ ပြန်လည်ရရှိလာချိန်တွင် ဆိုင်းလပ်စ် မြင်လိုက်ရသော မြင်ကွင်းက သူ၏စိတ်ထဲတွင် စွဲထင်သွားခဲ့သည်။
အိုင်ဗီ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျနေသော်လည်း ၎င်းတို့မှာ ပုံမှန်မျက်ရည်များ မဟုတ်ဘဲ သွေးမျက်ရည်များ ဖြစ်နေသည်။
သူ၏ အိပ်ချင်စိတ်များအားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ဆိုင်းလပ်စ်သည် နောက်ခန်းမှ ရှေ့ခန်းသို့ ချက်ချင်း ကူးပြောင်းလာခဲ့သည်။ သူသည် အိုင်ဗီကို သူ၏ ပေါင်ပေါ်သို့ ဆွဲတင်လိုက်စဉ် သူမ၏ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
"ကယ်ကြပါ... ဟင့်အင်း... ကျေးဇူးပြုပြီး... မလုပ်ပါနဲ့... နာတယ်... အရမ်းနာတယ်..."
ဆိုင်းလပ်စ်၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အိုင်ဗီ၏ ရင်ကွဲမတတ် အသနားခံသံက သူ့နှလုံးသားကို နာကျင်စေသည်။
"အိုင်ဗီ အိုင်ဗီ နိုးတော့ နိုးစမ်း”
သူသည် အိုင်ဗီ၏ နဖူးကို စမ်းကြည့်လိုက်မှ သူမတွင် အဖျားများ တက်နေကြောင်း သိလိုက်ရသည်။
ဆိုင်းလပ်စ်သည် အံဆွဲကိုဖွင့်ကာ အဖျားကျဆေးကို ထုတ်ယူလိုက်သည်။ ပလတ်စတစ် ဇွန်းနှင့် ရေကို ယူကာ ဆေးပြားကို ဇွန်းထဲတွင် အမှုန့်ကြိတ်ပြီး ရေနှင့် ရောလိုက်သည်။
ဆေးရည်ဖြစ်သွားသောအခါ ဆိုင်းလပ်စ်သည် အိုင်ဗီကို တိုက်လိုက်ရာ သူမသည် အထစ်အငေါ့မရှိ သောက်လိုက်ရှာသည်။
အဝတ်တစ်စဖြင့် သူမ၏ သွေးမျက်ရည်များကို သုတ်ပေးနေစဉ် သူ၏ လှုပ်ရှားမှုများသည် အလွန်ပင် ယုယညင်သာလွန်းလှသဖြင့် အိုင်ဗီပင် ခံစားမိနေသည်။
အိမ်မက်ဆိုးထဲတွင် ပိတ်မိနေသည့်တိုင်အောင် သူမသည် ထိုနွေးထွေးမှုကို တောင့်တနေမိသည်။
ဆိုင်းလပ်စ် မကြောက်ဘူးဆိုလျှင် ၎င်းမှာ အလိမ်အညာသာ ဖြစ်ပေလိမ့်မည်။ သူသည် အိုင်ဗီ နိုးလာစေရန်အတွက် အကြိမ်ကြိမ် ခေါ်နေမိသည်။
"အိုင်ဗီ အိုင်ဗီ နိုးတော့" အိုင်ဗီသည် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရပြီး သူမ၏ ရှေ့မှ မိစ္ဆာကောင်မှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ နောက်ဆုံးတွင် သူမ မျက်လုံးများကို ဖွင့်လိုက်နိုင်သည်။
ဘာမှမရှိ။ ဟောင်းလောင်းကြီးသာ။
သူမ ဘာကိုမျှ မမြင်ရပေ။
အိုင်ဗီသည် ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ကြည့်မိသည်။ သူမသည် နွေးထွေးသော ရင်ခွင်တစ်ခု၏ ပွေ့ဖက်ခြင်းကို ခံထားရကြောင်း ခံစားမိသည်။
"စိတ်အေးအေးထားပါ။ ငါ ဒီမှာ ရှိတယ်။" ဆိုင်းလပ်စ်၏ တည်ငြိမ်လှသော အသံက အိုင်ဗီ ခံစားနေရသည့် ထိတ်လန့်မှုများကို ပြေပျောက်သွားစေသည်။
ဖြည်းဖြည်းချင်း သူမ၏ အမြင်အာရုံများ ပြန်လည်ရရှိလာသည်။ ပထမဆုံးတွင် ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် အရောင်များ ပြန်လည်ပေါ်ထွက်လာကာ နောက်ဆုံးတွင် အိုင်ဗီ အရာအားလုံးကို မြင်လိုက်ရသည်။
ဆိုင်းလပ်စ်ကို မြင်သည်နှင့် အိုင်ဗီသည် သူ့ကို ဖက်ထားလိုက်မိသည်။
ဒီအချိန်တွင် သူမသည် အကွာအဝေး သို့မဟုတ် သူမ၏ ကံဆိုးမှုများကို ဂရုမစိုက်နိုင်တော့ပေ။ သူမသည် အလွန်ကြောက်လန့်နေပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီနေသည်။
အိုင်ဗီသည် ကြောက်လန့်လွန်းသဖြင့် တုန်ရီနေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဆိုင်းလပ်စ် တောင့်တင်းသွားပြီး သူ၏ မျက်ဝန်းများမှာ အေးစက်သွားသည်။
ရာဗင်ခရော့ဖ် မိသားစုဝင်တွေ... အသေသတ်ရမယ်။ သူတို့ အိုင်ဗီကို ထပ်ပြီး နှိပ်စက်လိုက်ပြန်ပြီပဲ
သူသည် သူ၏ ဒေါသကို ထိန်းချုပ်ကာ အိုင်ဗီ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း တိုးညင်းသော အသံဖြင့် ချော့မြူလိုက်သည်။
"ငါ ဒီမှာ ရှိနေပြီ။ မင်းကို ဘာမှမဖြစ်စေရဘူး။ ငါ ကတိပေးတယ်။"
ဆိုင်းလပ်စ်၏ စကားများကို ကြားရသောအခါ အိုင်ဗီ၏ တုန်ရီမှုများမှာ ရပ်တန့်သွားသည်။ ခေတ္တအကြာတွင် သူမသည် ဆိုင်းလပ်စ်၏ ရင်ခွင်ထဲမှ ခွာလိုက်ပြီး
"ကျွန်မ အဆင်ပြေပါတယ်။ အိမ်မက်ဆိုး မက်သွားလို့ပါ။"
ထိုသို့ပြောပြီး သူမ ဖယ်ခွာရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်က လွှတ်မပေးခဲ့ပေ။ သူသည် အိုင်ဗီကို တင်းကျပ်စွာ ဖက်ထားရင်း -
"မင်း ဘာတွေ မြင်ခဲ့တာလဲ။"
"ဘာမှ မဟုတ်ပါဘူး။" အိုင်ဗီ၏ ရှောင်လွှဲနေသော မျက်ဝန်းများက အဖြေကို ဖော်ပြနေသည်။
"အိုင်ဗီ။ မင်း ငါ့ကို မပြောပြဘူးဆိုရင် ငါ မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။" ဆိုင်းလပ်စ်၏ တင်းကျပ်သော ဖက်ထားမှုက သူမကို အလွန် လုံခြုံစေသည်။
အခိုက်အတန့်တစ်ခုတွင် အိုင်ဗီသည် အရာအားလုံးကို မေ့ပစ်ကာ ဒီရင်ခွင်ထဲတွင်ပဲ မှီခိုနေချင်မိသည်။ ဒါဟာ ဘယ်လောက်တောင် ကောင်းပြီး လုံခြုံလိုက်မလဲ... သူမ၏ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ယောက်တည်း ထမ်းပိုးမနေရတော့ဘူးပေါ့...
ဒါပေမဲ့...
’နင် သူ့ကို တစ်သက်လုံး ဆုံးရှုံးသွားချင်တယ်ဆိုရင်တော့ သူ့ကို ဆက်ပြီး ဖက်ထားလိုက်ပေါ့။’
’အိုင်ဗီ... နင် ဘာလို့ သင်ခန်းစာ မရသေးတာလဲ။ သူ့ကို တကယ်ပဲ သေတာ မြင်ချင်နေတာလား။ နင် တကယ့်ကို အတ္တကြီးတာပဲ။’
သူမသာ ဆိုင်းလပ်စ်အနားမှာ ဆက်ရှိနေရင် သူ့ကံကြမ္မာ ဘာဖြစ်သွားမလဲဆိုတဲ့ ကြောက်စိတ်က သူမကို ခြောက်လှန့်နေပြီး အတင်းရုန်းကန်မိတော့သည်။
"လွှတ်ပေးပါ။"
ဆိုင်းလပ်စ် သက်ပြင်းချလိုက်မိသည်။ သူတို့ကြားမှာ မမြင်ရတဲ့ တံတိုင်းကြီး တစ်ဖန် ပြန်ခြားသွားပြန်ပြီဆိုတာ သူ ခံစားမိလိုက်သည်။
’သူမကို အတင်းအကျပ် မလုပ်ပါနဲ့။ ဒါဟာ သူမကို ပိုဝေးသွားအောင် တွန်းထုတ်နေတာပဲ ဖြစ်လိမ့်မယ်။’
သူမကို လွှတ်ပေးလိုက်ရုံမှတစ်ပါး သူ ဘာမှမတတ်နိုင်ခဲ့ပါ။ လွတ်လပ်ခွင့်ရသွားတဲ့ အိုင်ဗီဟာ ဘေးက ခရီးသည်ထိုင်ခုံဆီကို ပြန်သွားထိုင်လိုက်သည်။ လေထုက အေးစက်တိတ်ဆိတ်သွားပြီး နှစ်ယောက်စလုံး စကားမပြောဖြစ်ကြတော့ပါ။
ထိုစဉ် ဆိုင်းလပ်စ်ရဲ့ ဖုန်းမြည်လာသည်။ သူ ဖုန်းကို ဖြေဆိုလိုက်ပြီး နားနားသို့ ကပ်လိုက်ကာ -
"ဟယ်လို"
အခြားတစ်ဖက်တွင်...
ဖရီယာသည် ဆိုင်းလပ်စ်ရဲ့ နံပါတ်ကို ခေါ်ဆိုလိုက်ပြီး ဖုန်းဝင်သွားသည်နှင့် မေးလိုက်သည်။
"တော်သေးတာပေါ့ မင်းနိုးလာပြီပဲ။ အခု ငါပြောမယ့်အရာကို ဘယ်သူ့ကိုမှ မပြောနဲ့။"
ဆိုင်းလပ်စ် ဇဝေဇဝါအသံဖြင့် "ဟုတ်ကဲ့... ဒါပေမဲ့ ဘာကိစ္စလဲဟင်?"
ဖရီယာက ဆိုင်းလပ်စ်ရဲ့ စကားကို ဖြတ်ပြောလိုက်ပြီး
"အိုင်ဗီ မင်းနဲ့အတူ ရှိနေလား?"
"ဟုတ် ရှိပါတယ်" ဟု ဆိုင်းလပ်စ်က ရိုးသားစွာ ဖြေလိုက်သည်။
"မင်းရဲ့ စူပါစွမ်းအား နိုးထလာပြီလား" ဖရီယာက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။
"စူပါစွမ်းအားလား" ဆိုင်းလပ်စ်မှာ သူ့အမေရဲ့ စကားကြောင့် ကြောင်သွားရသည်။ စူပါစွမ်းအားဆိုတာကို သူ ကြားဖူးနားဝရှိပြီး ယေဘုယျသဘောတရားကို သိသော်လည်း သူ့အမေက ဘာကြောင့် ဒီလိုထူးဆန်းတဲ့ မေးခွန်းမျိုး မေးရတာလဲဆိုတာ သူ စဉ်းစား၍မရပါ။
ဆိုင်းလပ်စ်က မဖြေသော်လည်း ဖရီယာက အဖြေကို သိရှိသွားပုံရကာ နောက်မေးခွန်းတစ်ခုကို ဆက်မေးလိုက်သည်။
"မင်း အိုင်ဗီကိုပါ တစ်ပါတည်း ခေါ်လာနိုင်မလား”