← Chapters

အင်မော်တယ်ဧကရာဇ်ကြွချီလာခြင်း

Vol. 25 Ch. 250

အင်မော်တယ်ဧကရာဇ်ကြွချီလာခြင်း

Vol. 25 Ch. 250

ကိုးရက်အကြာတွင် တက်လှမ်းခြင်းစစ်ပွဲ၏ နောက်ဆုံးသတ်မှတ်ရက်ရောက်ရှိလာတော့သည်။ ဤနေ့တွင် အဓိကအင်မော်တယ်မြို့ကြီးများအကြား စိန်ခေါ်မှုအရေအတွက်မှာ ရာစုနှစ်အတွင်း အမြင့်ဆုံးရောက်ရှိသွား၏။ မြို့များစွာသည် ဤနောက်ဆုံးအခွင့်အရေးကိုအသုံးချကာ အဆင့်တက်ရန် အစွမ်းကုန်ကြိုးစားကြသဖြင့် အဆင့်ဇယားမှာ တစ်စက္ကန့်နှင့် တစ်စက္ကန့်မတူဘဲ ပြောင်းလဲနေသည်။

သို့သော်၎င်းသည် တင့်ထျန်းမြို့နှင့် မသက်ဆိုင်ပေ။ သူတို့၏အဆင့်မှာ အလွန်ခိုင်မာနေပြီး မည်သူမျှ စိန်မခေါ်ဝံ့ကြ။ လွန်ခဲ့သောနှစ်ဆယ်သန်းအတွင်း အောက်အင်မော်တယ်လောက၏ တက်လှမ်းခြင်းစစ်ပွဲများတွင် ဤမျှအထိ ခြောက်ခြားဖွယ်ရာကောင်းသောမြို့မျိုး တစ်ခါမျှမရှိခဲ့။

သတ်မှတ်ချိန်ကုန်ဆုံးသွားသည်နှင့်တပြိုင်နက် ကောင်းကင်ယံမှ တောက်ပသောရွှေရောင်အလင်းတန်းကြီးတစ်ခု ဆင်းသက်လာသည်။ မြို့အတွင်းရှိ လူပေါင်းများစွာသည် လမ်းမပေါ်သို့ထွက်လာကြပြီး ထိုအလင်းတန်းကိုကြည့်ကာ ဒူးထောက်ရှိခိုးသူကရှိခိုး၊ ဝမ်းသာအားရအော်ဟစ်သူက အော်ဟစ်ဖြင့် ဆူညံသွား၏။

“လမ်းညွှန်ရွှေရောင်အလင်းတန်း ဆင်းသက်လာပြီ”

“ဟားဟား... ငါတို့ အလယ်အင်မော်တယ်လောကကို တက်လှမ်းရတော့မယ်”

“ငါတို့ တင့်ထျန်းမြို့က ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ တကယ်ကိုမျှော်လင့်မထားခဲ့ဘူး”

“ဒါတွေအားလုံးက မြို့စားမင်းအသစ်ကြောင့်ပဲ”

“မြို့စားမင်းကျန်းသာရှိရင် အလယ်အင်မော်တယ်လောက ရောက်ရင်တောင် ငါတို့ခြေကုတ်မြဲမှာ အသေအချာပဲ”

လူအများက လမ်းညွှန်ရွှေရောင်အလင်းတန်းအကြောင်း ပြောနေကြသည်ကို ကြားသောအခါ အစ်ကိုကြီးချန်၊ ရွှီယွမ်နှင့် ပိချန်းတို့၏ မျက်နှာများ ပျက်ယွင်းသွား၏။ သူတို့တွင် ၎င်းနှင့်ပတ်သက်၍ အတွင်စိတ်မိစ္ဆာရှိနေကြသည်မဟုတ်ပါလား။ ပြီးခဲ့သည့်အကြိမ်က အတုအယောင်အင်မော်တယ်လောကထဲသို့ လိမ်လည်ခေါ်ဆောင်ခံရသည်မှာ ဤရွှေရောင်အလင်းတန်းကြောင့်ပင်။ သူတို့တစ်အုပ်စုလုံးအတွက် အမှောင်ဖုံးခဲ့သောသမိုင်းပင်။

“ရွှေရောင်အလင်းတန်းမြင်ရတာနဲ့တင် ခေါင်းကိုက်ချင်လာပြီ”

“ဒီတစ်ခါတော့ ဘာမှမမှားဖို့မျှော်လင့်ရတာပဲ”

ရွှေရောင်အလင်းတန်း တဖျတ်ဖျတ်လက်သွားပြီးနောက် တင့်ထျန်းတစ်မြို့လုံး မူလနေရာမှပျောက်ကွယ်သွား၏။ လူတိုင်းသည် အာကာသနှင့် အချိန် လိမ်ယှက်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် မရင်းနှီးသောနယ်မြေတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာရှိ အင်မော်တယ်စွမ်းအင်မှာ ယခင်ကထက်နှစ်ဆမျှ ပိုမိုသိပ်သည်းနေပြီး စည်းမျဉ်းစွမ်းအားများမှာလည်း ပိုမိုထင်ရှားနေသည်။ သူတို့သည် အလယ်အင်မော်တယ်လောကသို့ အမှန်တကယ်ရောက်ရှိလာလေပြီ။

တက်လှမ်းခြင်းစစ်ပွဲပြီးဆုံးသွားပြီဖြစ်ရာ နောက်တစ်ကြိမ်ပွင့်ရန်မှာ နှစ်ပေါင်းတစ်သန်းကြာဦးမည်။ စစ်ပွဲအတွင်းက ကန့်သတ်ချက်များမရှိတော့သဖြင့် လူတိုင်းမှာ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သည်။

ဓားအင်မော်တယ်ကွေ့ချန်းက ခပ်ပြုံးပြုံးဖြင့်ဆိုသည်။

“ငါတို့ဓားကျင့်ကြံသူတွေကတော့ လှည့်လည်သွားလာဖို့စီစဉ်ထားတယ်။ စိတ်ဓာတ်ကျင့်ကြံမှုက ငါတို့အတွက်အရမ်းအရေးကြီးတယ်”

ရွှီယွမ်ကလည်း ရယ်မောလျက်...

“ငါတို့နတ်ဆိုးကျင့်ကြံသူတွေလည်း နေရာအနှံ့အတွေ့အကြုံယူကြမှာပါ။ မကြာခင်မှာ ဂိုဏ်းချုပ်ကျန်းက ငါတို့နာမည်တွေကို တစ်ကျော့ပြန်ကြားရဦးမှာပါ”

ရွှေနဂါးမင်းနှင့် အခြားသူများကလည်း နှုတ်ဆက်စကားဆိုကြသည်။ ပါရမီရှင်များဖြစ်ကြသည့်အလျောက် နေရာတစ်ခုတည်းတွင် အကြာကြီးပိတ်မိနေခြင်းမှာ သူတို့၏ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည်မဟုတ်ပါလား။

သူတို့ ထွက်ခွာတော့မည်ကိုကြားသောအခါ အစ်ကိုကြီးချန် အလွန်ဝမ်းသာသွား၏။

ဟူး... မင်းတို့တွေ နောက်ဆုံးတော့ ထွက်သွားကြပြီပဲ။ ဒီလိုအရည်အချင်းရှိတဲ့လူတွေကို နောက်တစ်ခါထပ်မတွေ့ရရင် ပိုကောင်းမယ်။ မဟုတ်ရင် ငါ့ရဲ့ဟန်ထုတ်မှုတွေကို မင်းတို့ကပဲ လုယူနေကြတာလေ...

ခွဲခွာခါနီးတွင် ကွေ့ချန်းက စိတ်လှုပ်ရှားစွာသက်ပြင်းချလိုက်သည်။

“ဒီနှစ်တွေမှာ ဂိုဏ်းချုပ်ကျန်းသာမရှိရင် ငါတို့အင်မော်တယ်လောကမှာခြေကုတ်ရဖို့ တကယ်ခက်ခဲလိမ့်မယ်။ ဒီကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး။ ဓားနယ်မြေတစ်ခုလုံးက ဂိုဏ်းချုပ်ကျန်းကို ဦးညွှတ်ဂါရဝပြုပါတယ်”

စကားအဆုံးတွင် ဓားနယ်မြေမှ ဓားကျင့်ကြံသူနှစ်ရာကျော်မှာ ကျန်းချန်ကို ဦးညွှတ်လိုက်ကြသည်။ သူတို့ကိုအတုယူကာ ကျန်သည့်တက်လှမ်းလာသူ တစ်သိန်းနှစ်သောင်းလုံးကလည်း တညီတညွတ်တည်း ဂါရဝပြုကြ၏။ အစ်ကိုကြီးချန်၏ အသက်ကယ်ကျေးဇူးနှင့် အနာဂတ်ကိုလမ်းပြပေးမှုများကြောင့် အားလုံးက သူ့ကို အသိအမှတ်ပြုလေးစားခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ကျန်း... နောင်တစ်ချိန်မှာ ဂိုဏ်းချုပ်ခေါ်လိုက်တာနဲ့ ဘယ်လောက်ဝေးတဲ့နေရာမှာပဲရှိရှိ၊ နေ့ညမနားပြန်လာပြီး အစေခံပါ့မယ်”

“ကဲ... ကဲ... သွားကြတော့၊ သွားကြတော့...”

အစ်ကိုကြီးချန်က လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်သည်။

ငါ့မှာစနစ်ရှိတာပဲ၊ အကူအညီတွေမလိုပါဘူး...

သို့သော် သူ၏စကားအဆုံးတွင် တင့်ထျန်းမြို့တစ်ခုလုံးသည် ရုတ်တရက် သီးခြားဟင်းလင်းပြင်တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ဖြစ်သွားသည်။ ကောင်းကင်မှာ လင်းထိန်နေဆဲဖြစ်သော်လည်း လူတိုင်းမှာ ညဉ့်သန်းခေါင်ယံရောက်သွားသကဲ့သို့ ခံစားကြရ၏။ နှလုံးသားထဲမှတုန်လှုပ်မှုတစ်ခုက လူတိုင်း၏စိတ်ခံစားချက်ကို တိုက်ခိုက်လာပြီး မသိစိတ်မှ ဒူးထောက်ချင်လာတော့သည်။ မြို့အတွင်းရှိ မူလမြို့သူမြို့သားများမှာမူ မြေပြင်ပေါ်တွင် ဝပ်တွားနေကြလေပြီ။

ကွေ့ချန်း၊ ရွှီယွမ်၊ ကျိလင်းဟန်နှင့် လင်းနင်တို့ပင်လျှင် သူတို့၏ အင်မော်တယ်ဝိညာဉ်နှင့် တာအိုနှလုံးသားအပေါ် ကျရောက်လာသောဖိအားများကို အသည်းအသန်ခုခံနေကြရ၏။ အဆင့်အတန်းကွာခြားချက်ကြောင့်ဖြစ်ပေါ်လာသော သဘာဝအရဖိနှိပ်မှုဖြစ်ပြီး ခုခံရန်မဖြစ်နိုင်သလောက်ပင်။

“မင်းတို့ ဘယ်မှသွားစရာမလိုပါဘူး...”

အသံမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီးနောက် ဟင်းလင်းပြင်တစ်ခုလုံးတွင် ခရမ်းရောင်မီးလျှံများ ဖုံးလွှမ်းသွားသည်။ ထိုမီးလျှံများသည် ကောင်းကင်ကိုဖုံးအုပ်ထားပြီးနောက် စည်းမျဉ်းကြိုးကွင်းများအဖြစ် ပြောင်းလဲသွား၏။ မုတ်ဆိတ်နက်နှင့် ခန့်ညားထည်ဝါသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် လေဟာနယ်ကိုနင်းဖြတ်ကာ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

သူသည် နဂါးပုံပါသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရွှေရောင်သရဖူကိုဆောင်းကာ သူ၏ခြေဖဝါးအောက်တွင်မူ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနိုင်သော မီးဖီးနစ်ငှက်တစ်ကောင် ရှိနေသည်။ မီးဖီးနစ်၏အော်သံကြောင့် လူတိုင်း၏ဝိညာဉ် တုန်ခါသွား၏။

ထိုသူ၏နောက်ကွယ်တွင်ရှိသော မီးစည်းမျဉ်းမြစ်ကြီးအတွင်း၌ အချိန်နှင့် အာကာသ လိမ်ယှက်နေမှုနှင့် အရာခပ်သိမ်း၏မွေးဖွားပျက်စီးမှုများကို ဝိုးတဝါးမြင်တွေ့နေရသည်။ ထိုမြစ်ကြီး၏နက်ရှိုင်းသောနေရာတွင် ကမ္ဘာသစ်တစ်ခုကိုမြင်တွေ့နေရသကဲ့သို့ပင်။

တစ်ချက်ကြည့်လိုက်ရုံနှင့် လူတိုင်းမှာ သတိလွတ်မတတ်ဖြစ်သွား၏။ ဤအချိန်တွင် ရှိသမျှကျင့်ကြံသူအားလုံးသည် သူတို့၏စည်းမျဉ်းစွမ်းအားများကို အသုံးမပြုနိုင်တော့ဘဲ ပင့်ကူအိမ်ထဲမှပိုးကောင်များကဲ့သို့ ဖြစ်သွားကြတော့သည်။

ကျန်းချန်၏နောက်ကွယ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒါ... ဒါက အင်မော်တယ်ဧကရာဇ်ပဲ”

မိုချန်သည် ရူးသွပ်သွားသကဲ့သို့ ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

“ဒါက အင်မော်တယ်ဧကရာဇ်ရဲ့ အစစ်အမှန်ခန္ဓာ ကြွချီလာတာပဲ”

သူက အခြားသူများထက်ပိုသိသည်။ သူသည် ယခင်က နတ်ဆိုးအရှင်သခင်ဖြစ်ခဲ့ဖူးသဖြင့် နတ်ဆိုးဧကရာဇ်တစ်ဦးကိုမြင်ဖူး၏။ ဤအခြေအနေမှာ ဘာကိုဆိုလိုသည်ကို သူသိသည့်အပြင် ဤသူမှာ ကောင်းသောရည်ရွယ်ချက်ဖြင့်လာခြင်းမဟုတ်သည်ကိုလည်း သိနေသည်။

“ဟင်း... တကယ်တော့ နတ်ဆိုးအရှင်သခင်အဆင့်ရှိတဲ့ ဝိညာဉ်တစ်ဦးပါနေတာကိုး...”

အင်မော်တယ်ဧကရာဇ်မှာ ခဏမျှအံ့ဩသွားသော်လည်း လျင်မြန်စွာပင် အေးစက်သောအမူအရာသို့ ပြန်ရောက်သွားသည်။

“ငါက တက်လှမ်းလာသူ တစ်ယောက်တည်းပဲရှိမယ် ထင်ထားတာ။ မင်းတို့အားလုံးက တက်လှမ်းလာသူတွေဖြစ်နေတာကိုး...”

သူ၏အသံမှာ မြို့တစ်ခုလုံးတွင် တရားစီရင်ချက်တစ်ခုကဲ့သို့ ဟိန်းထွက်နေသည်။

“ဒီဧကရာဇ် ဒီတစ်ခါလာခဲ့တာ တကယ်မှန်သွားတာပဲ”

မိုချန်၏နှလုံးသားလေးမှာ လုံးဝတုန်လှုပ်သွားတော့သည်။ တင့်ထျန်းမြို့၏မှတ်တမ်းမှာ အလွန်ထူးခြားလွန်းလှသဖြင့် အထက်အင်မော်တယ်လောကမှ ဧကရာဇ်တစ်ဦး၏အာရုံစိုက်မှုကို ခံလိုက်ရလေပြီ။ အင်မော်တယ်ဧကရာဇ်တစ်ဦးအတွက်မူ ဤမြို့များမှ ရွှေအင်မော်တယ်နှင့် မြင့်မြတ်အင်မော်တယ်များသည် ပုရွက်ဆိတ်များသာဖြစ်သော်လည်း နှစ်တစ်သန်းမှ တစ်ကြိမ်သာရှိသော တက်လှမ်းခြင်းစစ်ပွဲတွင် ပထမရရှိသွားသောကျန်းချန်မှာမူ အလွန်ထင်ရှားလွန်းနေသည်မဟုတ်ပါလား။

All Chapters