← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

​အခန်း (၁၆၁) - ခွေးနက်သွေး

​"တောက်... တောက်တီးတောက်တဲ့ကွာ "

​"ငါ့အစ်ကိုက မင်းတို့ကောင်လေးနှစ်ယောက်ကို လောကအမြင်ကျယ်အောင် လိုက်ခဲ့ခိုင်းတာက ငါ့ကို ပြန်ပက် ဖို့လားဟမ် "

​"အားလုံး ဆေးသွားနုတ်ကြစမ်း၊ မသွားရင် မင်းတို့ခြေထောက်တွေကို ငါရိုက်ကျိုးပစ်မယ်၊ တောက်..."

​"ငွေရမယ့်အလုပ်တောင် မလုပ်ချင်ကြဘူး"

​ရန်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့တူနှစ်ယောက်ကို တိုက်ရိုက်ဆွဲထူကာ ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းတော့သည်။

​ရန်ဝင်နှင့် ရန်ဝူတို့မှာ ကြောင်အသွားကြသည်။

သူတို့ဦးလေးသည် စိတ်ဓာတ်မာကျောသူဖြစ်သော်လည်း သူတို့ကို ဤမျှအထိ ဒေါသတကြီး တစ်ခါမှ မဆက်ဆံဖူးပေ။

​ဒီနေ့ ဘာဖြစ်နေတာပါလိမ့်

သို့သော် ဦးလေးဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ သူတို့နှစ်ဦး အကြည့်ချင်းဆုံလိုက်ကြပြီး ဘာမှမပြောရဲတော့ပေ။

​"ညီလေး... ငါ့တူနှစ်ယောက်က မဆုံးမရသေးလို့ ရယ်စရာဖြစ်သွားပြီ၊ ငါတို့သွားတော့မယ်၊ လောကကြီးက ကျဉ်းကျဉ်းလေးပါ၊ နောက်မှ ပြန်ဆုံကြတာပေါ့"

​"မိတ်ဆွေကလည်း အားနာစရာကြီးဗျာ၊ လမ်းကို သတိထားလျှောက်ပါဦး"

​ရှန်လျန့်က လက်အုပ်ချီကာ ရဲရင့်သောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

​ရန်ကြီးက စာပေသမား ရှန်လျန့်ကို တစ်ချက်ကြည့်ကာ အမြန်ပင် ထွက်ခွာသွားတော့သည်။

ထိုသုံးဦး ဘုရားကျောင်းပျက်ထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်။

​နောက်ကွယ်မှ မမဝမ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

​"သုံးဦးသား ခဏလောက် နေပါဦး၊ တောင်ရိုင်းထဲမှာ မိုးရွာနေတာ အေးစိမ့်နေတာပဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ဘာလို့ ဒီလောက် ဂရုမစိုက်ကြတာလဲဟင်"

​မမဝမ်က နူးညံ့သောအသံဖြင့် ဆိုသည်။

​ရန်ဝင်နှင့် ရန်ဝူတို့၏ စိတ်ထဲတွင် ချက်ချင်း နွေးထွေးသွားကြသည်

မမဝမ်က ငါ့ကို စိတ်ပူနေတာပဲ

​ရန်ကြီးက လှည့်ကြည့်ကာ တည်ငြိမ်စွာပင်

"ကျေးဇူးတင်ပါတယ် မမဝမ်၊ ကျုပ်တို့က ဆေးနုတ်နေကျမို့ မပင်ပန်းပါဘူး"

​"ကျုပ် သူတို့နှစ်ယောက်ကို ခေါ်ပြီး ဆေးသွားနုတ်လိုက်ဦးမယ်"

​သို့သော် ရန်ဝင်နှင့် ရန်ဝူတို့က ရုတ်တရက် သဘောမတူတော့ပေ။

"ဦးလေး... ဒါကတော့ ဦးလေးမှားနေပြီ"

​"မမဝမ်က ကျုပ်တို့ကို စေတနာနဲ့ တားနေတာပဲ၊ ဒီမှာပဲ တစ်ညလောက် အနားယူလိုက်ရင် မကောင်းဘူးလားဗျာ "

​အမှန်စင်စစ် သူတို့သည် ပုံမှန်ဆိုလျှင် ရန်ကြီးကို ထိုသို့ လေသံမျိုးဖြင့် လုံးဝ မပြောရဲသည်ကို ကိုယ်တိုင် သတိမထားမိကြပေ။

​ရန်ကြီးက သူ့တူနှစ်ယောက်ကို ကြည့်ကာ မေဘေး လေးတွေဟု စိတ်ထဲက ကြိတ်ဆဲနေမိသည်။

ရုတ်တရက်၊

​အရိုးပေါ် အရေတင်နေသော လူငယ်တစ်ဦးသည် မိုးညထဲမှ လမ်းလျှောက်ဝင်လာသည်။

ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ရွှဲရွှဲစိုနေသည်။

​စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ထားပြီး သာမန်လူနှင့်မတူဘဲ ပိန်ချောင်နေသည့် ပုံစံမှာ သရဲတစ်ကောင်နှင့်ပင် တူလှသည်။

​ရန်ကြီးမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး၊

စိတ်ထဲမှ အေးစိမ့်သော ခံစားချက်တစ်ခု အလိုလို မြင့်တက်လာသည်။

​ရန်ဝင်နှင့် ရန်ဝူတို့ကမူ ဘာမှမခံစားရဘဲ ထိုလှပသော အမျိုးသမီးအနားတွင် ထိုင်ကာ ဂရုတစိုက်နှင့် မြူဆွယ်နေကြသည်။

​ပိန်ချောင်သောလူငယ်က ရန်ကြီးကို ကြည့်ကာ ပြုံးလိုက်ရာ၊ ရန်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ အကြည့်ကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

​ပိန်ချောင်သောလူငယ်၏ သွားများမှာ ဖြူဖွေးနေပြီး လူကို ကြက်သီးထစေသည် သေသေချာချာ ကြည့်လျှင် တွေ့ရလိမ့်မည်။

​သူ၏ မျက်လုံးများမှာ ထူးဆန်းသော ဒေါင်လိုက်မျက်သူငယ် များ ဖြစ်နေသည်။

သူသည် လူ လုံးဝမဟုတ်ပေ

​ရန်ကြီးသည် ခါးကြားက ဓားရိုးကို မသိမသာ ဆုပ်ကိုင်လိုက်မိပြီး၊ နဖူးမှ ချွေးများ တစိမ့်စိမ့် ထွက်လာကာ မသိမသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

​ရုတ်တရက်

နောက်ကျောမှ အေးစိမ့်သော ခံစားချက်ကို သိလိုက်ရသဖြင့် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

​ဆံပင်ဖြူဖွေးကာ အလောင်းဝတ်စုံ ဝတ်ထားသည့် အဘွားအိုတစ်ဦး ဖြစ်နေသည်။

ရန်ကြီးမှာ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်လိုက်မိပြီး တစ်ကိုယ်လုံး ရေခဲကျင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

​ထိုအဘွားအို၏ မျက်နှာတွင် အရေးအကြောင်းများမှာ မြောင်းများသဖွယ် ဖြစ်နေသည်။

​၎င်းမှာ ကြောင်မျက်နှာကြီး ဖြစ်နေသည်။

သူမသည် အလောင်းဝတ်စုံကို ဝတ်ထားသော်လည်း တစ်ကိုယ်လုံးတွင်၊ ခြေထောက်က အဝတ်ဖိနပ်လေးများမှာပင် ရေစက်တစ်စက်မျှ မရှိပေ။

​"ရန်ဝင်... ရန်ဝူ... ဘာလုပ်နေကြတာလဲ"

​ရန်ကြီးက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ချွတ်

သူသည် ခါးကြားက ဓားရှည်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။

​သို့သော် ရန်ဝင်၊ ရန်ဝူနှင့် စာပေသမား ရှန်လျန့်တို့မှာ ဤအရာအားလုံးကို မကြားသလို၊ မမြင်သလို ဖြစ်နေကြသည်။

သူတို့မျက်လုံးထဲတွင် ထိုလှပသော အမျိုးသမီးကိုသာ မြင်နေရသည်။

​တည်ငြိမ်ယဉ်ကျေးသော်လည်း သနားစဖွယ်ကောင်းလှသည့် မမဝမ်။

​ပိန်ချောင်သောလူငယ်က ရယ်လိုက်ပြီး အသံဩဩဖြင့်

"ဝမ်ကျင်... ခဏလေးအတွင်းမှာပဲ လတ်ဆတ်တဲ့ သွေးသား တွေ အများကြီး ရှာနိုင်တာပဲနော်"

​သူ၏အသံမှာ သံချေးတက်နေသော သံချောင်းနှစ်ချောင်းကို ပွတ်တိုက်နေသကဲ့သို့ နားဝင်မချိုဘဲ အလွန်ဩရှနေသည်။

​ထိုတည်ငြိမ်ယဉ်ကျေးလှသော မမဝမ်က ပြုံးကာ

"ဒီစာပေသမားကိုတော့ လမ်းမှာတွေ့တာ၊ ဒီသုံးယောက်ကတော့... ကိုယ့်ဖောင်ကိုယ်စီးပြီး လာကြတာလေ"

​သူမက ရန်ဝင်နှင့် ရန်ဝူကို ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်

"ကျမပြောတာ မှန်တယ်မလား"

​"မှန်တယ်၊ မှန်တယ် ကျုပ်တို့က အလိုအလျောက် ရောက်လာကြတာပါ"

​"မမဝမ်... မင်းက တကယ်လှတာပဲ"

​ထိုနှစ်ဦး၏ မျက်နှာထားမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း ပြောလိုက်သော စကားများမှာ ယုတ္တိမရှိလှပေ။

​ရှန်လျန့်က မကျေမနပ်ဖြင့်

"မမဝမ်... ဒီနှစ်ယောက်ကို ဂရုမစိုက်ပါနဲ့၊ သူတို့က အောက်တန်းစား တွေပဲ၊ ကျုပ်လို စာပေတတ်ကျွမ်းသူနဲ့ ဘယ်ယှဉ်လို့ ရမှာလဲ"

​"နောင်တစ်ချိန် ကျုပ် စာမေးပွဲအောင်လို့ ရာထူးရရင် မင်းကို အိမ်ထောင်ဖက်အဖြစ် သေချာပေါက် လက်ထပ်ယူမယ်၊ ဂုဏ်သရေရှိရှိနဲ့ မင်းကို စည်းစိမ်ချမ်းသာတွေ ခံစားစေရမယ်"

​မမဝမ်က ပြုံးကာ

"ဒါ မင်းရဲ့ ရင်ထဲက စကားလား"

​"ဟုတ်ပါတယ်၊ မင်းကိုမြင်မြင်ချင်း ချစ်မိသွားတာ မင်းသာ ကျုပ်နဲ့ လိုက်ခဲ့မယ်ဆိုရင် နောင်မှာ မင်းကို ကတော်ဘွဲ့ ရအောင်လုပ်ပေးပြီး စည်းစိမ်ဥစ္စာတွေ မကုန်မခမ်း ခံစားစေရမယ်"

​"ရှန်လေး... ရှင် ကျမကို ညာနေတာ မဟုတ်ဘူးမလား "

​"မယုံရင် ကျုပ်ရဲ့ နှလုံးသားကို ထုတ်ပြီး ပြပါ့မယ်"

​ရှန်လျန့်က ရုတ်တရက် သူ၏လက်ဝါးကို နှလုံးသားရှိရာသို့ ထိုးစိုက်လိုက်ပြီး အားဖြင့် နှိုက်ထုတ်လိုက်သည်။

ဗြိ

​သူ၏ ရင်ဘတ်တွင် သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်ကြီးတစ်ခု ချက်ချင်း ဖြစ်သွားပြီးသူ၏လက်ထဲတွင် သွေးများဖြင့် ရဲရဲနီကာ ပူနွေးနေပြီး ခုန်လှုပ်နေဆဲဖြစ်သော နှလုံးသားတစ်ခု ပေါ်လာသည်။

​နုနယ်သော စာပေသမားတစ်ဦးက ရုတ်တရက်ပင် သူ၏နှလုံးသားကို နှိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။

​"မမဝမ်... ကြည့်ပါ၊ ဒါ ကျုပ်ရဲ့ စစ်မှန်တဲ့ နှလုံးသားပဲ "

​ရှန်လျန့်မှာ နာကျင်မှုကို မခံစားရသကဲ့သို့ပင် ရန်ကြီးသည် ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲမှ အေးစိမ့်လာပြီး ကျောပြင်တွင်လည်း ချွေးများဖြင့် ရွှဲစိုသွားတော့သည်။

​ရန်ဝင်က အသံကျယ်ကျယ်ဖြင့်

"ဒါက ဘာဆန်းတာလဲ၊ ကျုပ်ရဲ့ နှလုံးသားကိုလည်း မမဝမ်ကို ထုတ်ပြနိုင်တာပဲ "

​"ဟုတ်တယ်၊ ကျုပ်ရဲ့ နှလုံးသားရော အသည်းရော အကုန်ထုတ်ပြပြီး မမဝမ်အပေါ် ထားတဲ့ ကျုပ်ရဲ့သံယောဇဉ်ကို သက်သေပြမယ် "

​ရန်ဝူကလည်း ဘေးမှ ဝင်ပြောသည်။

သိသာလှသည်မှာ ရှန်လျန့်၏ ဤကဲ့သို့ မျက်နှာသာပေးခံရမှုကို မနာလို ဖြစ်နေကြခြင်းပင်။

​"ရပ်စမ်း "

​ရန်ကြီးသည် သူ့တူနှစ်ယောက် အလဟဿ သေဆုံးသွားမည်ကို မကြည့်ရက်သဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ခါးကြားက အရက်အိတ်ကို ပြင်းထန်စွာ ဝေ့ပစ်လိုက်သည်။

​ဖောက်

ရန်ကြီးသည်လည်း လောကအလယ်တွင် ကျင်လည်နေသူဖြစ်ပြီး ကျားလက်သည်းကဲ့သို့သော အမာစားကိုယ်ခံပညာများကို လေ့ကျင့်ထားသူ ဖြစ်သည်။

​အရက်အိတ်မှာ တိုက်ရိုက် ကွဲထွက်သွားသည်။

ထွက်ပေါ်လာသည်မှာ ကြည်လင်မွှေးပျံ့သော အရက်မဟုတ်ဘဲ သွေးများ ဖြစ်နေသည်။

​ခွေးနက်သွေး

​မမဝမ်က မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆတ်ခနဲ ဆုတ်လိုက်သည်။

ရန်ဝင်နှင့် ရန်ဝူတို့မှာမူ သွေးများဖြင့် အပက်ခံလိုက်ရသည်။

​ထိုနှစ်ဦးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခဏချင်းမှာပင် သတိပြန်ဝင်လာကြသည်။

​ပတ်ဝန်းကျင်ရှိ မိစ္ဆာဆန်သော ပိန်ချောင်လူငယ်နှင့် အလောင်းဝတ်စုံဝတ် အဘွားအိုကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်ကြတော့သည်။

​"အမေ့... သရဲကြီးတွေ "

​"ဒါတွေက ဘာကြီးတွေလဲ "

​ထိုနှစ်ဦးမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး မျက်နှာပေါ်က ခွေးနက်သွေးများကိုပင် သုတ်ရန် သတိမရတော့ဘဲ ရန်ကြီးရှိရာဘက်သို့ ကုန်းရုန်းပြေးလာကြသည်။

​သူတို့သည် နှလုံးသားကို ကိုင်ထားကာ မမဝမ်ကို မြူဆွယ်နေသည့် စာပေသမား ရှန်လျန့်ကို မြင်သောအခါ ခေါင်းနားပန်းကြီးသွားကာ ကြောက်စိတ်များမှာ ငယ်ထိပ်သို့ ဆောင့်တက်သွားတော့သည်။

​"ဦးလေး... ဒါတွေက ဘာတွေလဲ "

​ရန်ဝင်က တုန်တုန်ရင်ရင် မေးလိုက်သည်။

​အလွန်ကြောက်စရာ ကောင်းလှသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဘုရားကျောင်းထဲတွင် မိစ္ဆာသရဲများ ပြည့်နှက်သွားခြင်းပင်။

​ရန်ကြီး၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေပြီး ဓားရှည်ကို ဆုပ်ကိုင်ကာ အသံလေးလေးဖြင့်

"ဒါတွေ တစ်ခုမှ လူမဟုတ်ဘူး၊ မင်းတို့ ခုနက ဒီမိစ္ဆာမရဲ့ ပြုစားတာကို ခံလိုက်ရလို့ အသက်ပါ ပေးလိုက်ရတော့မှာ "

​ထိုနှစ်ဦးမှာ အကြည့်ချင်းဆုံကာ ထိတ်လန့်တုန်လှုပ်နေကြသည်။

​"ရှင်က တကယ်ကို လူလိုမသိတတ်တာပဲ၊ သူများရဲ့ အပျော်ကို အကြောင်းမရှိ ဖျက်ဆီးတယ်"

​မမဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

​ယခုအခါ ဤနူးညံ့သိမ်မွေ့သော သူဌေးသမီးလေးကို ကြည့်ရသည်မှာ မည်သို့မျှ နေမကောင်းတော့ဘဲလူကို ကြက်သီးထစေသည်။

​"သူတို့ကို သတ်ပစ် "

မမဝမ်က တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။

​နှလုံးသား နှိုက်ထုတ်ခံထားရသော်လည်း သေဆုံးခြင်းမရှိသေးသော စာပေသမား ရှန်လျန့်သည် ထိုစကားကို ကြားသည်နှင့် ထိုသုံးဦးထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်တော့သည်။

လှုပ်ရှားမှုမှာ အလွန်ပင် ဖျတ်လတ်လှသည်။

​ချွတ်

ရန်ကြီးက ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ရာဓားသွားမှာ လည်ပင်းထဲအထိ နက်ဝင်သွားသည်။

​သို့သော် ရှန်လျန့်မှာ ဘာမှမခံစားရသကဲ့သို့ပင်၊ အဆင့်အတန်းရှိသော ကိုယ်ခံပညာရှင် ရန်ကြီးကို မြေပြင်ပေါ်သို့ တိုက်ရိုက် လုံးထွေး သတ်ပုတ်လိုက်တော့သည်။

​​အခန်း (၁၆၂) - ဝမ်ကျင်

​ရန်ဝင်နှင့် ရန်ဝူတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ချက်ချင်းပင် ဓားများကို ဆွဲထုတ်ကာ ပြေးဝင်သွားကြသည်။

​သို့သော် သူတို့နှစ်ဦးစလုံးမှာ ရုတ်တရက် လည်ပင်းပေါ်တွင် အေးစိမ့်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

အေးစက်မာကျောသော လက်တစ်ဖက်မှာ သူတို့၏ လည်ပင်းပေါ်သို့ ရောက်ရှိလာသည်။

အရိုးများကိုသာ ကိုင်ထားရသကဲ့သို့ပင်။

​"မလောကြပါနဲ့၊ မကြာခင် မင်းတို့အလှည့် ရောက်လာမှာပါ"

​ပိန်ချောင်လူငယ်၏ ဩရှခြောက်သွေ့သောအသံ ထွက်ပေါ်လာသည်။

ရန်ဝင်နှင့် ရန်ဝူတို့မှာ ချက်ချင်းပင် မလှုပ်မယှက် ဖြစ်သွားကြပြီး၊ ပါးစပ်ကို ဟကာ မျက်လုံးအပြူးသားဖြင့် အသံတစ်သံမျှပင် ထွက်မလာတော့ပေ။

​ရန်ကြီးမှာ ကိုယ်ကို အရှိန်ဖြင့် တစ်ပတ်လှည့်လိုက်ရာ၊ ထိုစာပေသမား ရှန်လျန့်ကို အားဖြင့် တွန်းလှန်ဖယ်ရှားလိုက်နိုင်သည်။

သို့သော် သူ၏ ရင်ဘတ်တွင် သွေးပေါက်လေးပေါက် ရှိနေပြီး၊

သွေးများမှာ မရပ်မနား စီးကျနေသည်။

​ရန်ကြီးမှာ ချက်ချင်းပင် နောက်ကျောမှ ချွေးစေးများ ထွက်လာသည်၊ သူ၏ ကိုယ်ပေါ်တွင် အတွင်းခံသံချပ်အင်္ကျီ ကို ဝတ်ထားခြင်း ဖြစ်သည်။

ထိုနုနယ်သော စာပေသမားမှာ မိစ္ဆာပြုစားခံရပြီးနောက် သူ၏ နှလုံးသားကိုပင် နှိုက်ထုတ်ရန် ကြိုးစားခဲ့လိမ့်မည်ဟု မထင်ထားပေ။

​ရန်ကြီးက ခါးကြားမှ အရက်အိတ်ကို ထုတ်ယူကာ ထပ်မံ၍ ဖောက်ခွဲပစ်လိုက်သည်။

ခွေးနက်သွေး

ဒါက မိစ္ဆာနှိမ်နင်းတဲ့ ပစ္စည်းပင်။

​စာပေသမား ရှန်လျန့်မှာ ကိုယ်ကို ဘေးသို့စောင်းလိုက်ရာ၊ သာမန်လူတစ်ယောက် မလုပ်နိုင်သော ပုံပျက်ပန်းပျက် လှုပ်ရှားမှုမျိုးဖြင့် ရန်ကြီး၏ ခွေးနက်သွေးကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် ထပ်မံ၍ ပြေးဝင်တိုက်ခိုက်ပြန်သည်

​ရန်ကြီးက ရင်ဘတ်ထဲမှ အဆောင် တစ်ခုကို ထုတ်ယူကာ အခွင့်ကောင်းယူ၍ ကပ်လိုက်သည်။

ရှူး ရှူး ရှူး

ရှန်လျန့်၏ နဖူးမှ ချက်ချင်းပင် အဖြူရောင်အငွေ့များ ထွက်လာသည်။

​တစ်ကိုယ်လုံးမှာ နာကျင်မှုကို ခံစားနေရပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ မပြတ်တမ်း အော်ဟစ်နေတော့သည်။

​ရန်ကြီး၏ စိတ်ထဲတွင် ကြမ်းကြုတ်သော စိတ်ရိုင်းတစ်ခု ဝင်လာပြီး၊ ထိုမမဝမ်ထံသို့ တိုက်ရိုက် ခုတ်ချက်တစ်ခု ပစ်လွှတ်လိုက်သည်။

မမဝမ်၏ ကိုယ်ဟန်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သရဲတစ္ဆေကဲ့သို့ပင် ရန်ကြီးသည် နောက်ကျောမှ အေးစိမ့်သောခံစားချက်နှင့်အတူ အေးစက်သော လေညင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။

သူက နောက်သို့ ဓားဖြင့် ပြန်လှည့်ခုတ်လိုက်သော်လည်း ဘာကိုမျှ မထိခိုက်ပေ။

​မမဝမ်၏ လှုပ်ရှားမှုမှာ ဖော်ပြမတတ်အောင် မြန်ဆန်လှသဖြင့် သာမန်မျက်စိဖြင့် လုံးဝ ဖမ်းမမိနိုင်ပေ။

သူမက လက်ညှိုးတစ်ချောင်းကို တိုက်ရိုက်ဆန့်ထုတ်ကာ ရန်ကြီး၏ ရင်ညွန့်ဆီသို့ ထိုးစိုက်လိုက်သည် လက်သည်းများမှာ အလွန်ပင် ချွန်ထက်သွားသည်။

​သွေးကဲ့သို့ နီရဲနေသည်

​ရန်ကြီး၏ ခန္ဓာကိုယ်ထဲသို့ အေးစိမ့်သော မိစ္ဆာအငွေ့အသက်များ ကျူးကျော်ဝင်ရောက်လာသဖြင့် သူသည် မလှုပ်နိုင်တော့ပေ။

ထိုမမဝမ်က သူမ၏ လက်ညှိုးဖြင့် ထိုးစိုက်လာသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေရုံမှတစ်ပါး အခြားမရှိ ဒါက အလွန်ပင် ညှဉ်းပန်းနှိပ်စက်ခံရသော ခံစားချက်မျိုးပင်။

သာမန်လူများအဖို့ မိစ္ဆာသရဲသပိတ်များကို လုံးဝ မခုခံနိုင်ပေ။

​ဝုန်း

​နံရံမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး လူတစ်ရပ်စာရှိသော လက်ဝါးရာကြီးတစ်ခု ပေါ်လာကာအရှိန်အဟုန်ပြင်းထန်လှသော အားအင်များက မမဝမ်ကို ချက်ချင်း လွှမ်းမိုးသွားသည်။

​မမဝမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်သို့ ရှောင်တိမ်းလိုက်သော်လည်း ထိုလက်ဝါးရိုက်ချက်မှာ ပြင်းထန်လှသော အားအင်များ ပါဝင်ရုံသာမက အလွန်လည်း မြန်ဆန်လှသည်။

​ဘုန်း

ခုနကပင် အမည်းရောင်အငွေ့အသက်များ ဖုံးလွှမ်းနေသော မမဝမ်မှာ ဤလက်ဝါးရိုက်ချက်ကြောင့် လွင့်စင်ထွက်သွားတော့သည်။

​"သတ္တိရှိလှချည်လား "

​အေးစက်သော အော်ဟစ်သံမှာ ထိုသုံးဦး၏ နားထဲတွင် ပေါက်ကွဲသွားသည် မိုးကြိုးပစ်လိုက်သကဲ့သို့ပင် စကားသံပင် မဆုံးသေးမီ၊ လူရိပ်တစ်ခုမှာ နံရံရှိ အပေါက်မှ တိုးဝင်လာသည်။

​ရှူး

လာရောက်သူက လက်ဝါးကို ဓားကဲ့သို့ သုံးကာ ပိန်ချောင်လူငယ်ထံသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။

သူ့ကို နှစ်ပိုင်းဖြတ်ပစ်တော့မည့်အတိုင်းပင်

​ပိန်ချောင်လူငယ်မှာ ဤပြင်းထန်တောက်လောင်လှသော ယန်သွေးချီများကို ခံစားလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် နောက်သို့ တစ်လှမ်းသာ ဆုတ်လိုက်နိုင်ချိန်မှာပင်၊ လာရောက်သူ၏ လက်ဝါးဓားချက်မှာ ပုခုံးပေါ်သို့ ကျရောက်သွားခဲ့ပြီ။

​ကလောက်

ပိန်ချောင်လူငယ်မှာ တစ်ကိုယ်လုံး အရိုးစုသဖွယ် ဖြစ်နေသူ ဖြစ်သည်။

ထိုတစ်ချက်တည်းဖြင့် သူ၏ ပုခုံးနှင့် လက်မောင်းကို တိုက်ရိုက် ရိုက်ကျိုးပစ်လိုက်ပြီး ဖြူဖွေးသော အရိုးများမှာ ကိုယ်ထဲမှ ထိုးထွက်လာတော့သည်။

​ပိန်ချောင်လူငယ်၏ မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှုအရိပ်အယောင်များ ပေါ်လာသည်။

​ထိုအချိန်တွင်မှ ဘုရားကျောင်းထဲရှိ လူအားလုံး လာရောက်သူကို သေသေချာချာ မြင်လိုက်ရသည်။

၎င်းမှာ လူငယ်တာအိုဆရာတစ်ဦး ဖြစ်နေသည်။

​မျက်နှာထားမှာ တည်ကြည်ပြီး မျက်ဝန်းများမှာ အလွန်ပင် တောက်ပလှသည် နှုတ်ခမ်းထောင့်တွင်လည်း အေးစက်သော အပြုံးတစ်ခု ရှိနေသည်။

​"မင်းတို့ မိစ္ဆာတွေ အားလုံး ဒီမှာ ရှိနေကြတာပဲ၊ တကယ့်ကို တိုက်ဆိုင်တာပဲ"

​"မင်းလား "

​ပိန်ချောင်လူငယ်က ကျိုးသွားသော လက်မောင်းကို ဆုပ်ကိုင်ကာ ရန်ငြိုးများဖြင့် ပြောလိုက်သည်။

​လီယန်ချူက သူ့ကို တစ်ချက်ကြည့်ကာ

"အဲဒီကလေးဝိညာဉ်ကို မင်းမွေးထားတာမလား၊ ငါ သတ်ပစ်လိုက်ပြီ"

​"ဘာ "

​ပိန်ချောင်လူငယ်မှာ မျက်လုံးများ ပြူးထွက်သွားသည်။

မျက်နှာပေါ်တွင်လည်း ပြင်းထန်သော နာကျင်မှုနှင့် ရန်ငြိုးအာဃာတများ ပေါ်လာသည်။

​သို့သော် သူသည် မဆင်မခြင် မလှုပ်ရှားရဲပေ ဤလူငယ်တာအိုဆရာသည် လက်တစ်ချက်တည်းဖြင့် သူ၏လက်တစ်ဖက်ကို ဖျက်ဆီးပစ်နိုင်သည်မှာ သူ၏ စွမ်းအားက ယုံကြည်နိုင်စရာမရှိအောင် ပြင်းထန်လှသည်။

​သူတို့သုံးဦးစလုံးမှာလည်း ထို့အတူပင် လီယန်ချူ၏ စွမ်းအားကြောင့် တုန်လှုပ်နေကြသည်။

​မမဝမ်က စိတ်ဖြင့် စေခိုင်းလိုက်ရာ၊ သေဆုံးသွားသော စာပေသမား ရှန်လျန့်၏ အလောင်းမှာ ရုတ်တရက် ပြေးဝင်တိုက်ခိုက်တော့သည်။

​လီယန်ချူက သူ့ကို တစ်ချက်သာ ကြည့်လိုက်သည်။

​ရှန်လျန့်မှာ ရုတ်တရက် နေရာတွင်ပင် ရပ်တန့်သွားပြီး၊ ကိုယ်ပေါ်ရှိ ထူးဆန်းခြောက်ခြားဖွယ် အမူအရာများ ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံး ဒူးထောက်ကျသွားပြီး ဖြည်းညှင်းစွာ လဲကျသွားတော့သည်။

​မိုးကြိုးငါးပါး စစ်မှန်သောယန် အကြည့်မှာ ခန့်ညားထည်ဝါလှသည်။

ဤကဲ့သို့သော အောက်တန်းစား မိစ္ဆာအတတ်ဖြင့် ထိန်းချုပ်ထားသော အလောင်းမှာ ထိုအကြည့်ကို မခံနိုင်ပေ ရန်ကြီးမှာ မျက်လုံးပြူးသွားတော့သည်။

သူ့ကို အလွန်ပင် ခေါင်းခဲစေခဲ့သော ထိုပြုစားခံထားရသည့် စာပေသမားမှာ၊ ဤတာအိုဆရာ၏ အကြည့်တစ်ချက်တည်းဖြင့် လဲကျသွားသည်လား။

​နောက်တစ်ခဏတွင်

လီယန်ချူသည် ထိုပိန်ချောင်လူငယ်ထံသို့ ပြေးဝင်သွားသည်။

​ပိန်ချောင်လူငယ်မှာ ခါးကြားမှ မည်သည့်အရိုးဖြင့် ပြုလုပ်ထားမှန်းမသိသော ဓားမြှောင်တစ်စင်းကို ဆွဲထုတ်ကာ လီယန်ချူ၏ မျက်လုံးကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။

​ထျန်းကန်းလက်ဝါး

လီယန်ချူသည် အလွန်ပင် ပါးနပ်လှသော လက်ကွက်ဖြင့် အသာအယာ တားဆီးလိုက်ရာ၊ ပိန်ချောင်လူငယ်၏ လက်မောင်းမှာ ဖိနှိပ်ခံလိုက်ရသည်။

​ဘုန်း

တံတောင်ဖြင့် ပိန်ချောင်လူငယ်၏ ရင်ဘတ်ကို တိုက်လိုက်သည်။

​ပိန်ချောင်လူငယ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော လျိုယန် စွမ်းအား ကြောင့် တိုက်ရိုက် တစ်စစီ ပွင့်ထွက်သွားတော့သည်။

​ဒီတစ်ချက်က ဘုရားကျောင်းထဲရှိ မမဝမ်နှင့် အလောင်းဝတ်စုံဝတ် အဘွားအိုကို ထပ်မံ ထိတ်လန့်သွားစေသည်။

​မခုခံနိုင်ဘူး

သူတို့၏ စိတ်ထဲတွင် ဤအတွေးမှာ အလိုလို ပေါ်လာကြသည်။

​အလောင်းဝတ်စုံဝတ် အဘွားအိုမှာ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားသည်။

လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်

​"ဘယ်ပြေးတာလဲ မသာမ..."

​လီယန်ချူက အော်ဟစ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ထျန်းကန်းလက်ဝါး

ပိခုံးလက်ဝါး

​ပြင်းထန်လှသော လက်ဝါးအားတစ်ခု တိုက်ရိုက် ထွက်ပေါ်သွားသည်။

အလွန်ပင် ပြင်းထန်ပြီး အရိုင်းဆန်လှသည်

​ဘုန်း

ဟင်းလင်းပြင်ထဲမှ ကိုယ်ထည်တစ်ခုမှာ လွင့်ကျလာသည်။

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်

​၎င်းမှာ အလောင်းဝတ်စုံ ဝတ်ထားသော ကြောင်မျက်နှာ အဘွားအိုပင်။

ယခုအခါ သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော အားကြောင့် ရွှံ့စေးတုံးကဲ့သို့ ပုံပျက်သွားပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားတော့သည်။

​မမဝမ်မှာ အသည်းတုန်မတတ် ထိတ်လန့်သွားပြီး၊ အသက်လုကာ ထွက်ပြေးရန်သာ ကြိုးစားတော့သည်။

​ဤဝေမြို့က လူငယ်တာအိုဆရာသည် ဘာကြောင့် ဤမျှအထိ အစွမ်းထက်နေရသနည်း။

​တောင်ရိုင်း။

မိုးည

​ပါးလွှာသော အဝတ်အစားများကို ဝတ်ထားပြီး ကိုယ်လုံးကိုယ်ပေါက် ပေါ်လွင်နေသော လှပသည့် အမျိုးသမီးတစ်ဦးမှာ အသက်လုကာ ထွက်ပြေးနေသည်။

​သူမသည် ချိကဲဘက်ဂိုဏ်း မှ လူတစ်ဦး ဖြစ်သည်။

ထိုနှစ်များအတွင်း သူမသည် ဘုန်းကြီးများနှင့် တာအိုဆရာ အများအပြားကို တိတ်တဆိတ် သတ်ဖြတ်ခဲ့ဖူးသည် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့၏ အတတ်ပညာများကိုလည်း သူမ အတော်အတန် သိထားသည်။

​သို့သော်

ယနေ့ည လီယန်ချူ ပေးလိုက်သော တုန်လှုပ်မှုမှာ အလွန်ကြီးမားလှသည်။

ဤကဲ့သို့ ပြတ်သားပြီး အာဏာစက်ပြင်းထန်လှသော တိုက်ခိုက်ပုံမှာ တာအိုဆရာတစ်ဦး၏ နည်းလမ်းနှင့် လုံးဝ မတူပေ။

​ထိုအစား လောကအလယ်မှ လူမိုက် သိုင်းပညာရှင် နှင့် ပိုတူလှသည်။

​"ကိုယ်ခံပညာရှင် ကလည်း ဒီလောက်အထိ အစွမ်းထက်နိုင်တာလား "

​မမဝမ်၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ထပုတ်နေသကဲ့သို့ပင်။

ချိကဲဘက်ဂိုဏ်း က ဘာကြောင့် ထိုနေရာတွင် လူအင်အား အမြောက်အမြား ဆုံးရှုံးခဲ့ရသည်ကို ယခုမှ နားလည်သွားတော့သည်။

​သူမ၏ ကိုယ်ဟန်မှာ မီးခိုးငွေ့တစ်ခုကဲ့သို့ မိုးညထဲတွင် ပျံလွှားနေပြီး လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသည်။

မကြာမီပင် ပေပေါင်းများစွာ အဝေးသို့ ရောက်ရှိသွားပြီး ကျယ်ပြောလှသော တောင်ရိုင်းထဲတွင် ပျောက်ကွယ်သွားတော့သည်။

​နောက်မှ မည်သူမျှ လိုက်မလာသည်ကို မြင်သောအခါ မမဝမ်၏ စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွားသည်။

​သူမ၏ နာမည်မှာ ဝမ်ကျင် ဖြစ်သည်။

တောင်ပိုင်း ရှိ မျိုးရိုးကြီး မိသားစုတစ်ခုမှ သမီးတစ်ဦး ဖြစ်သည်။

​ချစ်သူနှင့် ခိုးရာလိုက်ပြေးသဖြင့် မျိုးနွယ်စုဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ သူတို့နှစ်ဦးကို ဝက်ခြင်းထဲထည့်ကာ ရေထဲနှစ်သတ်ရန် စီစဉ်ခဲ့ကြသည်။

အချို့သော နေရာများရှိ မျိုးနွယ်စုဝင်များ၏ ကိုယ်ပိုင်ဥပဒေမှာ အလွန်ပင် ပြင်းထန်လှပြီး အစိုးရရုံးသို့ပင် အကြောင်းမကြားကြပေ။

​သူမ၏ ဖခင်မှာ သမီးကို ချစ်မြတ်နိုးသဖြင့် သမီးအတွက် အပြစ်မှ လွတ်ငြိမ်းခွင့်ရရန်၊ စာပေသမားက ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

​သို့သော် သူမနှင့် သစ္စာဆိုခဲ့သော ထိုစာပေသမားမှာမူ၊ ဝမ်ကျင်က သူ့ကို မြူဆွယ်ခဲ့ခြင်း ဖြစ်သည်ဟု တစ်ခွန်းမကျန် စွပ်စွဲခဲ့သည်။

မိမိအသက် ချမ်းသာရာရဖို့အတွက် တစ်ဖက်လူကို တောင်းပန်တိုးလျှိုးခဲ့သည်။

​ဝမ်ကျင်သည် ထိုစဉ်က နှစ်ဦးစလုံး အတူတူ သေဆုံးကြရန် ပြတ်သားသော စိတ်ဖြင့် ခိုးရာလိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းမိသော်လည်း နောင်တမရခဲ့ပေ။

ဖခင်က သူမအတွက် ဆင်ခြေပေးသော်လည်း သူမသည် တစ်ယောက်တည်း အသက်မရှင်လိုခဲ့ပေသို့သော် ထိုစာပေသမားမှာမူ အသက်ရှင်လိုဇောဖြင့် ဝမ်ကျင်က သူ့ကို မြူဆွယ်ခဲ့သည်ဟု ဦးစွာ စွပ်စွဲပြောဆိုခဲ့သည်။

All Chapters