← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

​​အခန်း (၁၆၅) - မီးနိုင်အတတ် ၊ တရားရုံးချုပ် စစ်ဘက်အရာရှိ၊ စိတ်ကြည်လင် ကျောက်စိမ်းပြား

​ခဏမျှ စဉ်းစားပြီးနောက်

​လီယန်ချူသည် နောက်ဆုံးတွင် အတတ်ပညာတစ်ခုကို ရွေးချယ်လိုက်သည်။

​မီးနိုင်အတတ်

​အဆောင်များကို အဆင့်မြင့်တင် ပြုလုပ်ခြင်းက ပို၍ မြန်ဆန်ထိရောက်သော်လည်း၊ ယခုအခါတွင် သူသည် ဖြစ်လာနိုင်ချေရှိသော အစွန်းရောက်အခြေအနေများအတွက်သာ ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်။

​ကုသိုလ်မှတ် များ မည်မျှပင် များပြားနေပါစေ စိတ်ကြိုက် ဖြုန်းတီး၍ မရပေ။

ဤသို့ တွေးကြည့်လျှင် အတတ်ပညာတစ်ခုကို သင်ယူခြင်းက ပို၍ တန်ဖိုးရှိပေသည်။

​မီးနိုင်အတတ် (သို့မဟုတ်) မီးရှောင်မီးထိန်းအတတ် ဆိုသည်မှာ မီးထဲသို့ ဝင်သော်လည်း မလောင်ကျွမ်းခြင်းပင် ဖြစ်သည်။

လောကီမီးများသာမက ထူးခြားသော ယင်မီး ၊ တစ္ဆေမီး နှင့် မိစ္ဆာမီး များကိုလည်း ရှောင်ရှားနိုင်သည်။

​၎င်းသည် လောကီ အလယ်မှ မျက်လှည့်ဆရာများ သို့မဟုတ် လှည့်လည်သွားလာနေသော တာအိုဆရာများ၏ အသေးအဖွဲ အတတ်ပညာမျိုး မဟုတ်ဘဲ စစ်မှန်သော ကျင့်စဥ်တစ်ခု တစ်ခု ဖြစ်သည်။

​ထို့ပြင် မီးနိုင်အတတ်ကို ကျင့်ကြံခြင်းဖြင့် ဓာတ်ငါးပါးထဲမှ မီးဓာတ်ဆိုင်ရာ အသိအမြင်များကို များစွာ မြင့်မားလာစေပြီး အရာရာကို ပေါက်မြောက်စေသည်။

​လီယန်ချူ၏ လက်ရှိ လျိုယန် အတွင်းအားကဲ့သို့ပင်၊ ၎င်းသည် အလွန်တရာ မာကျောထက်မြက်ပြီး ယန်ဓာတ်ပြင်းထန်သော စွမ်းအားဖြစ်သည်၊ တိုက်ခိုက်သည့်အခါ အပူချိန် အလွန်မြင့်မားပြီး မီးလျှံများ ပေါ်ထွက်လာတတ်သည်။

​၎င်းမှာ ယန်မီး ပင် ဖြစ်သည်

သာမန်လူသား ခန္ဓာကိုယ်အတွင်းရှိ ယန်ချီ များမှာ အတိုင်းအတာတစ်ခုအထိ ပြည့်ဝလာရာမှ ထွက်ပေါ်လာသော လက္ခဏာပင်။

​ယန်မီးသည် ယုတ်ညံ့သော အမှောင်ထုနှင့် တစ္ဆေများကို ခြေမှုန်းနိုင်ပြီး၊ သွေးသားအင်အားကို အခြေခံထားသဖြင့် စွမ်းအားမှာ အနှိုင်းမဲ့လှသည်။

​အကယ်၍ လီယန်ချူသည် မီးနိုင်အတတ်ကို ကျင့်ကြံအောင်မြင်ပါက သူ၏ ကိုယ်ပိုင်ယန်မီးအတွက်လည်း များစွာ အကျိုးရှိပေလိမ့်မည်။

ဒါကလည်း လီယန်ချူအနေဖြင့် ထိုအတတ်ပညာကို အလေးထားရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

​သာမန် ကျင့်ကြံသူများအဖို့ ဤကဲ့သို့သော အတတ်ပညာကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ အားထုတ်ရပြီး၊ တစ်စုံတစ်ရာ တတ်မြောက်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။

သို့သော် လီယန်ချူမှာမူ မတူညီပေ။

​သူသည် တစ်ဝက်ခန့်ရှိသော အချိန်အတွင်းမှာပင် ထိုအတတ်ပညာကို အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့သည်။

​"တကယ်ပဲ တစ်ခုခု လွဲနေပြီလား၊ ငါ့ရဲ့ အတတ်ပညာသင်ယူမှု အသိဉာဏ် တွေက အပြည့် ဖြစ်နေတာလား "

လီယန်ချူ စိတ်ထဲမှ တွေးလိုက်သည်။

​ထိုအချက်က သူ့ကို အလွန်ပင် ပျော်ရွှင်စေသည်

မည်မျှပင် ခက်ခဲသော တာအိုအတတ်ပညာ ဖြစ်ပါစေ၊ သူ၏လက်ထဲသို့ ရောက်လျှင် မကြာမီပင် တတ်မြောက်သွားတော့သည်။

​အကယ်၍ ထိပ်တန်း အသက်ရှူကျင့်စဉ်ပါရမီ နှင့်သာ ပေါင်းစပ်လိုက်လျှင် သူသည် တိုက်ရိုက်ပင် အထက်သို့ ပျံတက်နိုင်တော့မည်။

​သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား မှာ အလွန်တရာ ထူထပ်လှသည်မျိုး မဟုတ်ပေ။

ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် ဒျန်ထျန်းအတွင်းရှိ ဝိညာဉ်စွမ်းအား တိုးပွားမှုနှုန်းမှာ တာအိုတပည့်များထဲတွင် သာမန်အဆင့်မျှသာ ရှိသည်။

​သို့သော် ဒုတိယအဆင့်တွင် ဝိညာဉ်ခန္ဓာ သည် ကိုယ်ပွားထွက်နိုင်ပြီ ဖြစ်သည်။

သူ၏ ဝိညာဉ်မှာ သာမန် ဒုတိယအဆင့် အစောပိုင်း ကျင့်ကြံသူများထက် ပိုမို အစွမ်းထက်သည်။

၎င်းမှာ လင်ကွမ်းဖိတ်ခေါ်အဆောင် နှင့် အစီရင်ချပ်ဝတ် ကဲ့သို့သော ရတနာများက သူ၏ ဝိညာဉ်ကို အမြဲတစေ ပြုစုပျိုးထောင်ပေးနေသောကြောင့် ဖြစ်သည်။

​နောက်ရက်အနည်းငယ်တွင်။

လီယန်ချူသည် နေ့စဉ် တာအိုကျောင်းအတွင်း၌ မီးနိုင်အတတ်၊ အမှောင်ဖုံးအတတ် စသည့် ကျင့်စဥ်များကို လေ့လာဆည်းပူးနေခဲ့သည်။

ညဦးပိုင်းတွင် အရှိန်အဝါကြည့်အတတ် ကို သုံးကာ မိစ္ဆာငွေ့နှင့် ယင်ငွေ့များကို စူးစမ်းရှာဖွေတတ်သည်။

​သို့သော် ဤရက်များအတွင်း ချိကဲဘက်ဂိုဏ်း၏ အကြွင်းအကျန်များ သို့မဟုတ် အခြားသော မိစ္ဆာဘုန်းကြီး၊ မိစ္ဆာတာအိုဆရာများကို မတွေ့ရှိခဲ့ပေ။

အိမ်တွင်းဝင်ခိုးသော သူခိုး သုံးလေးယောက်ကိုမူ ဖမ်းမိခဲ့သည်။

​သူသည် ညနက်ပိုင်းတွင် ဇရပ်ဆောင် သို့ တစ်ခေါက် သွားခဲ့သော်လည်း၊ ဇရပ်အတွင်း၌ ထိုလုံဟူရှန်းမှ နတ်ဆရာကြီး မရှိတော့ပေ။

တိတ်တဆိတ် စောင့်ကြည့်နေသော မျက်လုံးများလည်း ပျောက်ကွယ်သွားခဲ့ပြီ။

​အရာအားလုံးမှာ အေးချမ်းနေပုံရသည်။

သို့သော် လီယန်ချူမှာမူ မုန်တိုင်းမလာမီ ကြိုတင်သိရှိသည့် အာရုံမျိုး ခံစားနေရသည်။

မုန်တိုင်းကြီး မကျရောက်မီ အချိန်မှာ ပို၍ပင် ငြိမ်သက်လွန်းနေတတ်သည်။

​နံနက်စောစော။

လီယန်ချူသည် ချင်းယွန်းတာအိုကျောင်းအတွင်း၌ အမှောင်ဖုံးအတတ်ကို ကျင့်ကြံနေစဉ်၊ ရုတ်တရက် တံခါးကို အလုအယက် ခေါက်သံ ကြားလိုက်ရသည်။

​" လီတာအိုဆရာ လီတာအိုဆရာ"

"အတွင်းမှာ ရှိနေလား "

​လီယန်ချူ ထရပ်ကာ အောက်သို့ဆင်းပြီး တံခါးဖွင့်လိုက်သည်။

၎င်းမှာ အရာရှိဝမ် ၏ အသံပင် ဖြစ်သည်။

​တံခါးဖွင့်လိုက်ရာ။

ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် အရှိဝမ် က စိုးရိမ်တကြီး ပြောလိုက်သည်

"ကိစ္စဖြစ်ပြီ၊ လီတာအိုဆရာ၊ ကျွန်တော်နဲ့အတူ ရုံးတော်ကို လိုက်ခဲ့ပါ၊ လမ်းမှာပဲ အသေးစိတ် ပြောကြတာပေါ့"

​လီယန်ချူ အံ့အားသင့်သွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။

နှစ်ဦးသား အတူတူ ထွက်ခွာလာကြသည်။

​အရာရှိဝမ်က လေသံတိုးတိုးဖြင့် ပြောသည်

"ဇရပ်ဆောက် ဘေးက ပါးရှ ကျောက်ရုပ်ကြီး ပျောက်သွားပြီ "

​ပျောက်သွားပြီ

လီယန်ချူ အနည်းငယ် ထိတ်လန့်သွားသည်။

မည်သူက ထိုမျှ ကြီးမားလှသော ကျောက်ရုပ်ကြီးကို ခိုးယူသွားသနည်း။

​အရာရှိဝမ် က ဆက်ပြောသည်

"ရုံးတော်ကို မြို့တော် က လူကြီးတစ်ဦး ရောက်လာတယ်၊ ဒီကိစ္စက ဝေမြို့သူ ဝေမြို့သားတွေရဲ့ အသက်ဘေး အန္တရာယ်နဲ့ သက်ဆိုင်တယ်လို့ ပြောတယ်၊ တာအိုဆရာကို ရုံးတော်ကို လာခဲ့ပြီး အသေးစိတ် ဆွေးနွေးဖို့ ဖိတ်ခိုင်းလိုက်တာပါ"

​မြို့တော်က လာတဲ့လူကြီး... လီယန်ချူ ခေါင်းညိတ်လိုက်သည်။

စိတ်ထဲတွင်မူ နားမလည်နိုင်ဖြစ်နေသည်။

ပါးရှကျောက်ရုပ်ကြီးက ဝေမြို့သားတွေရဲ့ အသက်ဘေးနဲ့ ဘယ်လို သက်ဆိုင်နေပါသနည်း။

​သူတို့နှစ်ဦး ခရိုင်ရုံးတော်၏ နောက်ဆောင်သို့ ရောက်သောအခါ၊ အရာရှိဝမ် မှာ အတွင်းသို့ မဝင်ဘဲ လူများကို ခေါ်ကာ အပြင်ဘက်မှ စောင့်ကြပ်နေသည်။

​ဓားလွယ်ထားသော ရဲမက်များမှာ တည်ကြည်လေးနက်သော မျက်နှာများ ရှိကြသည်။

​နောက်ဆောင်အတွင်း၌ မြို့ဝန်ရှူ မရှိပေ၊ လီယန်ချူ တံခါးဖွင့်ဝင်သွားသောအခါ စစ်ဘက်အရာရှိ ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးကိုသာ တွေ့ရသည်။

ထိုလူငယ်၏ အရှိန်အဝါမှာ ထက်မြက်လှပြီး လောကီ အလယ်မှ လူကြမ်းများနှင့် လုံးဝ မတူညီပေ။

သူ၏ ပုခုံးမှာ ကျယ်ပြီး ခါးမှာ သေးသွယ်လှသည်၊ စွမ်းအားအပြည့်ရှိသော သန်စွမ်းသည့် ခံစားချက်ကို ပေးစွမ်းသည်။

​" လီတာအိုဆရာ ထင်တယ်၊ နာမည်ကြားတာ ကြာပါပြီ"

လူငယ်စစ်အရာရှိက ပြုံးကာ ပြောလိုက်သည်။

​လီယန်ချူက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​"ကျုပ်က ချန်ယန် လို့ ခေါ်ပါတယ်၊ မြို့တော် တရားရုံးချုပ် က လူပါ ဒီတစ်ခေါက် ချိကဲဘက်ဂိုဏ်း ကိစ္စကို စုံစမ်းဖို့ အမိန့်အရ လာခဲ့တာပါ ဝေမြို့ကို ရောက်နေတာ ကြာပြီဖြစ်ပေမဲ့ တာအိုဆရာနဲ့ တွေ့ဖို့ အခွင့်မသာခဲ့ဘူး"

တရားရုံးချုပ်

ချန်နိုင်ငံတွင် ပြစ်မှုဆိုင်ရာဝန်ကြီးဌာန ၊ တရားရုံးချုပ် နှင့် အထူးစုံစမ်းရေးဌာန တို့ကို သုံးပါးတရားရုံး ဟု ခေါ်ဆိုသည်။

၎င်းမှာ ချန်နိုင်ငံ၏ အမြင့်ဆုံး တရားစီရင်ရေး အဖွဲ့အစည်း ဖြစ်သည်။

​သို့သော် ချန်နိုင်ငံ၏ တရားရုံးချုပ်မှာ မည်သို့သော ပုံစံမျိုး ဖြစ်သည်ကို လီယန်ချူ မသိပေ၊ သာမန် ရှေးဟောင်းမင်းဆက်များကဲ့သို့ တရားစီရင်ရေး သီးသန့်ဌာနမျိုး ဟုတ်မဟုတ် မသေချာပေ။

​"ချန်အရာရှိက ကျွန်တော့်ကို ရှာတာက ပါးရှကျောက်ရုပ် ပျောက်ဆုံးတာနဲ့ သက်ဆိုင်လို့လား"

လီယန်ချူ မေးလိုက်သည်။

​"မှန်တယ် "

ချန်ယန်က ခေါင်းညိတ်သည်။

​"ပါးရှကျောက်ရုပ်က ဝေမြို့မှာ မကြာခင် ပေါ်ထွက်လာတော့မယ့် နတ်ဘုရားနယ်မြေ ထဲကနေ ဆင်းသက်လာတာပါ၊ လောကကြီးက ထူးခြားတဲ့ ပညာရှင်တွေ ကလည်း ဒီသတင်းကို ကြားတာနဲ့ ဝေမြို့ကို စုပြုံရောက်ရှိလာကြပြီ"

​"ပါးရှကျောက်ရုပ်က သူ့အလိုအလျောက် ပုန်းကွယ်သွားတာပါ၊ လုံဟူရှန်း နတ်ဆရာကြီးက မိစ္ဆာတွေကို နှိမ်နင်းနေတဲ့ အချိန်မှာပဲ ဖြစ်သွားတာ"

​"အခု နတ်ဆရာကြီးက တောတောင်ထဲကို လိုက်သွားပြီ၊ ထိပ်တန်းပညာရှင် အဖွဲ့အတော်များများကလည်း ပါးရှကျောက်ရုပ်ကို ရှာဖွေဖို့ တောထဲ ဝင်သွားကြပြီ နတ်ဆရာကြီးက ကျုပ်ကို မှာသွားတယ် ကိစ္စတစ်ခုခု ဖြစ်ရင် တာအိုဆရာဆီက အကူအညီ တောင်းပါတဲ့"

​" တာအိုဆရာအနေနဲ့ တောထဲက အခြေအနေကို သွားရောက် ကြည့်ရှုပေးနိုင်မလားလို့ မျှော်လင့်ပါတယ်"

ချန်ယန်က ပြောလိုက်သည်။

​လီယန်ချူသည် ချန်ယန်ကို တစ်ချက် ကြည့်လိုက်မိသည်။

အစိုးရ တရားရုံးချုပ်က လူဖြစ်သော်လည်း နတ်ဘုရားနယ်မြေ ကိစ္စများကို ထိုမျှ နားလည်နေသည်။

ဤချန်အရာရှိသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေသလော။

​"တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ရမှာပေါ့ "

လီယန်ချူ လေးနက်စွာ ပြောလိုက်သည်။

​တရားရုံးချုပ်မှ လာသော လူငယ်စစ်အရာရှိမှာ ချက်ချင်းပင် ပြုံးကာ

"တာအိုဆရာက တကယ့်ကို သူရဲကောင်းပါပဲ၊ ဒီကိစ္စ ပြီးသွားရင် ကျုပ်က အစိုးရကို အစီရင်ခံပြီး တာအိုဆရာကို ဆုလာဘ်တွေ ပေးအပ်ဖို့ တင်ပြပေးပါ့မယ်"

​"ကျေးဇူးတင်ပါတယ် ချန်အရာရှိ"

​ချန်ယန်သည် ကျောက်စိမ်းပြား တစ်ခုကို လီယန်ချူအား ပေးလိုက်သည်

"ဒါက နတ်ဆရာကြီးက တာအိုဆရာကို ပေးခိုင်းလိုက်တာပါ၊ အပေါ်မှာ နတ်ဆရာကြီးရဲ့ အငွေ့အသက် ပါဝင်ပါတယ်"

လီယန်ချူ ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။

လက်ထဲတွင် နွေးထွေးနေပြီး ရှေးဟောင်းဆန်ကာ ခန့်ညားလှသော ခံစားချက်ကို ပေးသည်။

ဤကျောက်စိမ်းပြားကို သေချာကြည့်လျှင် အပေါ်၌ ခရမ်းရောင်အငွေ့အသက် လေးများ လွင့်ပျံနေသည်ကို တွေ့ရသည်။

​သိသာလှသည်မှာ သာမန်ပစ္စည်း မဟုတ်ပေ။

တစ်ဖက်လူက သူ့ မှာ ခြေရာခံအတတ် တတ်မြောက်သည်ကို သိနေသည်...

​လီယန်ချူသည် တစ်ကြိမ်သာ ဆုံဖူးသော ထိုနတ်ဆရာကြီးအပေါ် အလွန်ပင် စိတ်ဝင်စားသွားမိသည်။

​"နတ်ဆရာကြီးက မှာလိုက်တယ်၊ ဒီ စိတ်ကြည်လင် ကျောက်စိမ်းပြား က တာအိုဆရာအတွက် လက်ဆောင်ပါတဲ့၊ တာအိုမျိုးဆက်သစ် တစ်ယောက်အတွက် စီနီယာတစ်ယောက်ရဲ့ စေတနာလို့ သဘောထားပါတဲ့"

ချန်ယန်က အသာအယာ ပြုံးကာ ပြောသည်။

​"ဒါဆိုရင်တော့ နတ်ဆရာကြီးကို ကျေးဇူးအများကြီး တင်ရမှာပဲ"

လီယန်ချူ ပြောလိုက်သည်။

​တကယ့်ကို လူကြီးလူကောင်းပါပဲ

​နောက်ဆောင်မှ ထွက်ခွာလာပြီးနောက်၊ လီယန်ချူသည် လှည့်ကြည့်ကာ အရှိန်အဝါကြည့်အတတ် ကို သုံးပြီး အခန်းထဲရှိ ချန်ယန်ကို ကြည့်လိုက်သည်။

​အပြာရောင်အငွေ့အသက် များ ဝန်းရံနေသည်။

ဆိုလိုသည်မှာ သူသည်လည်း ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ထို့ပြင် ချန်ယန်၏ အရှိန်အဝါထဲတွင် ရွှေရောင်အငွေ့အသက် လေး တစ်စပါဝင်နေသည်။

​"ဘုရင့်ဆွေတော်မျိုးတော်လား "

လီယန်ချူ အနည်းငယ် အံ့အားသင့်သွားသည်။

​ဤရွှေရောင်အငွေ့အသက်မှာ သာမန်လူတွင် မရှိနိုင်ပေ၊ အလွန်ပင် မြင့်မြတ်သော ကံကြမ္မာ ကို ကိုယ်စားပြုသည်။

မြင့်မြတ်သော အရှိန်အဝါမှာ လွှမ်းမိုးနေသည်

​လီယန်ချူသည် ထိုတရားရုံးချုပ်မှ လူငယ်စစ်အရာရှိကို မနေနိုင်ဘဲ နောက်ထပ် နှစ်ချက်ခန့် ကြည့်လိုက်မိသည်။

မြို့တော်က လာတဲ့လူတွေက ဒီလောက်တောင် အားကိုးရတာလား

စစ်ဘက်အရာရှိ တစ်ယောက် လာတာတောင် ဘုရင့်ဆွေတော်မျိုးတော် ဖြစ်နေပါလား။

​အခန်း (၁၆၆) - ဟေးဝူချန်း

​ချန်ယန်သည် အခန်းထဲတွင် တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ အဝေးမှ တစ်ချက် လှမ်းကြည့်လိုက်သည်။

​ထို့နောက် နွေးထွေးစွာ ပြုံးလိုက်၏။

လီယန်ချူအပေါ်တွင် သူသည်လည်း အလားတူပင် အလွန်စိတ်ဝင်စားနေမိသည်။

​"စိတ်ကြည်လင် ကျောက်စိမ်းပြားလို ရတနာမျိုးကိုတောင် နတ်ဆရာကြီးက ပေးတယ်ဆိုတော့၊ ဒီ လီတာအိုဆရာရဲ့ အထောက်အထားက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

​ချန်ယန်၏ မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

တရားရုံးချုပ် သည် သုံးပါးတရားရုံးထဲမှ တစ်ခုဖြစ်သည်။

သို့သော် ၎င်းသည် လောကီအလယ်မှ ထူးခြားသော ပညာရှင်များ၊ နတ်ဆိုးမိစ္ဆာများနှင့် ပတ်သက်သည့် အမှုများကို ပို၍ အဓိကထား ကိုင်တွယ်ရခြင်း ဖြစ်သည်။

​လုံဟူရှန်း နတ်ဆရာကြီး၏ အရှိန်အဝါ မည်မျှကြီးမားကြောင်း သူ ကောင်းကောင်းသိသည်။

ဤမျှ မြင့်မြတ်သောအဆင့်ရှိသည့် စီနီယာပညာရှင်ကြီးတစ်ဦးက လီယန်ချူအပေါ် ဤမျှ မျက်နှာသာပေးသည်မှာ၊ ဧကန္တ လီယန်ချူ၏ ကျင့်ကြံမှုအဆင့် တစ်ခုတည်းကြောင့် မဟုတ်နိုင်ပေ။

​လီယန်ချူသည် တာအိုကျောင်းသို့ ပြန်ရောက်ပြီးနောက်၊ ချက်ချင်းပင် မည်းကြီးကို စီးကာ ဝေမြို့ပြင်ရှိ တောတောင်နက်များဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။

​မည်းကြီး မှာ ယခုအခါ ပို၍ သန်မာလာခဲ့ပြီ ဖြစ်သည်။

ပြေးနှုန်းမှာ အလွန်ပင် မြန်ဆန်လှ၏။

​ထို့ပြင် အလွန်ပင် တည်ငြိမ်လှရာ လှုပ်ခါမှုကို အနည်းငယ်မျှပင် မခံစားရပေ။

နာမည်ကျော် မြင်းကောင်းများထက်ပင် ပိုမြန်သလို၊ ပို၍လည်း ဇွဲကောင်းလှသည်။

​အထူးသဖြင့် မြို့ပြင်သို့ ရောက်သောအခါ မည်းကြီးသည် အရှိန်ကုန် လွှတ်လိုက်ရာ၊ တကယ့်ကို လေဖြတ်သကဲ့သို့ မြန်ဆန်လှပြီး လေပြင်းတစ်စကဲ့သို့ပင် ပတ်ဝန်းကျင် ရှုခင်းများမှာ နောက်သို့ တရစပ် ကျန်ရစ်ခဲ့သည်။

​လမ်းမကြီးပေါ်မှ ကုန်သည်များမှာ ရုတ်တရက် လေပြင်းတစ်ခု ဖြတ်သွားသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးပြူးသွားကြသည်။

"ခုနက ဘာကြီး ဖြတ်သွားတာလဲ"

"တာအိုဆရာတစ်ယောက် မြည်းစီးသွားတာနဲ့ တူတယ် "

"အဓိပ္ပာယ်မရှိတာ၊ မင်းအိမ်ကမြည်းက အဲဒီလောက် မြန်လို့လား "

​လီယန်ချူသည် လက်ထဲရှိ စိတ်ကြည်လင် ကျောက်စိမ်းပြားမှ ကျန်ရစ်သော အငွေ့အသက်ကို အာရုံခံရင်း မည်းကြီး ၏ ဦးတည်ရာကို ထိန်းကျောင်းနေသည်။

​မိမိအိမ်ကမြည်းက ဤမျှ မြန်မြန်ပြေးနိုင်နေမှတော့၊ သူကိုယ်တိုင် ဘာလို့ ပင်ပန်းခံ လမ်းလျှောက်နေရမှာလဲ။

ခွန်အားကို ချွေတာထားပြီး တောနက်ထဲမှာ ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်တာက ပိုမိုကောင်းမွန်ပေလိမ့်မည်။

​ထို့ကြောင့် သူသည် မည်းကြီး ကို တိုက်ရိုက်စီးကာ ဝေမြို့ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများဆီသို့ ရောက်ရှိလာခဲ့သည်။

​မည်းကြီး က အတွင်းဘက်သို့ ဆက်ပြေးရန် ပြင်သော်လည်း လီယန်ချူက ဆွဲတားလိုက်သည်။

"မင်းကလည်း ကြမ်းလှချည်လား၊ ရှေ့ဆက်သွားရင် လမ်းမှ မရှိတော့တာ၊ မင်းက မြည်းလေ မျောက်မဟုတ်ဘူး"

​လီယန်ချူက မည်းကြီးကို အလေးအနက် ဆူပူလိုက်သည်။

​မည်းကြီး ၏ မျက်နှာတွင် မောက်မာရိုင်းစိုင်းသော အပြုံးတစ်ခု ပေါ်လာပြီး

ဤမတ်စောက်သော တောင်တန်းကြီးကို ကြည့်ကာ လုံးဝပင် ဂရုမစိုက်သကဲ့သို့ ရှိသည်။

​မြေပြင်မှာပင် အချက်အနည်းငယ် ခုန်ပြလိုက်ရာ ပျော်မြူးနေသည့်အလား မြေပြင်မှ တစ်လံခွဲခန့် အသာလေး မြောက်တက်သွားသည်။

​"သွားတော့ သွားတော့၊ အိမ်ပြန်တော့"

လီယန်ချူက လက်ယမ်းပြလိုက်သည်။

​သူ့အမြင်တွင် မည်းကြီးမှာ အသိဉာဏ် အနည်းငယ်ရှိသော်လည်း မြည်းတစ်ကောင်သာ ဖြစ်သည်၊ ခွန်အားနဲ့ ဇွဲကောင်းရုံသာရှိသဖြင့် ခရီးတစ်ထောက်အတွက် သုံးလိုက်ခြင်းပင်။

​မည်းကြီး သည် ထိုနေရာမှာပင် ရပ်နေပြီး လီယန်ချူကို မကျေမနပ် ကြည့်နေသေးသည်။

နောက်ဆုံးတွင်မှ လှည့်ထွက်ကာ ဝေမြို့ဘက်သို့ ပြန်ပြေးသွားတော့သည်။

​ဤသည်ကို ကြည့်ခြင်းဖြင့် လီယန်ချူသည် ထိုမြည်းမည်းအပေါ်တွင် သံယောဇဉ် အနည်းငယ် ရှိသော်လည်း အများကြီးတော့ မဟုတ်ကြောင်း သိသာသည်။

မည်းကြီး လမ်းမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆိုတာကို သူ လုံးဝ မစဉ်းစားမိပေ။

​ထိုမတ်စောက်သော တောင်နက်ကြီးကို ကြည့်ကာ လီယန်ချူသည် လက်ထဲက ကျောက်စိမ်းပြားကို သေချာ အာရုံခံလိုက်သည်။

ထို့နောက် လှုပ်ရှားလိုက်ရာ တောထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

​ဤတောင်တန်းကြီးများသည် ဝေမြို့၊ ချီမြို့၊ သုံးယန်ခရိုင် စသည့် နေရာအများအပြားကို ဆက်သွယ်ထားသည်။

၎င်းထဲတွင် ကျား၊ သစ်၊ ဝံပုလွေများသာမက အဆိပ်ငွေ့ နှင့် အဆိပ်ရှိသော ပိုးမွှားများလည်း ရှိသည်။

​တောထဲဝင်သူများအတွက် ကြောက်မက်ဖွယ် သားရဲများမှာ ရှောင်တိမ်းရန် လွယ်ကူနိုင်ပေလိမ့်မည်။

အတွေ့အကြုံရှိသူများသည် အမှတ်အသားများကို ကြည့်ကာ သားရဲရှိမရှိ ခန့်မှန်းနိုင်သည်။

သို့သော် အဆိပ်ငွေ့နှင့် အဆိပ်ပိုးမွှားများမှာမူ ရှောင်ရန် အလွန်ခက်ခဲသည်။

​တောထဲတွင် ဤအရာနှစ်ခုကြောင့် သေဆုံးမှုနှုန်းမှာ ပို၍ မြင့်မားသည်။

ကိုယ်ခံပညာ မြင့်မားသော သိုင်းပညာရှင်များ သို့မဟုတ် ကျင့်ကြံမှုနက်ရှိုင်းသော ပညာရှင်များပင် တစ်ခါတလေတွင် ထိုကဲ့သို့ မထင်မှတ်သော နေရာမျိုး၌ ဒုက္ခရောက်တတ်ကြသည်။

​သို့သော်လည်း။

​လီယန်ချူအတွက်မူ ဤလူသူမနီးသော သေမင်းတမန်နေရာများမှာ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သော နေရာများသာ ဖြစ်သည်။

သူ၏ ပုံရိပ်မှာ တောင်တန်းများကြားတွင် အလွန်မြန်ဆန်စွာ ပျံဝဲနေသဖြင့် ခြေရာပင် မမြင်ရပေ။

​သူ့ကိုယ်ပေါ်ရှိ ကပ်ကျော်အဆောင် မှာ အဆိပ်ပိုးမွှားနှင့် အဆိပ်ငွေ့များ၏ ခါးသီးသော ရန်သူဖြစ်ရာ၊ သူ့အနားသို့ အဆိပ်ငွေ့တစ်စပင် မကပ်နိုင်ပေ။

​လုံဟူရှန်း တာအိုဆရာကြီး၏ အငွေ့အသက်မှာ မြောက်ဘက်သို့ ဦးတည်နေသည်။

ဤတောင်တန်းကြီးများမှာ တရစပ် ရှိနေပြီး လီယန်ချူသည် ထိုကြားထဲတွင် ပြေးလွှားပျံဝဲနေရင်းမြင်ကွင်းထဲတွင် မြင့်မားလှသော တောင်တန်းများကို မြင်ရရာ မိမိကိုယ်ကိုယ် အလွန်သေးငယ်သည်ဟု ခံစားရစေသည်။

​ခြေရာခံအတတ် မှာ ဟွမ်ထင်တာအိုကျမ်းတွင် ပါဝင်သော ကျင့်စဥ်ဖြစ်ပြီး အလွန်ထူးခြားလှသည်။

စိတ်ကြည်လင် ကျောက်စိမ်းပြားပေါ်ရှိ တာအိုဆရာကြီး၏ အငွေ့အသက်ကို အမှီပြုကာ လီယန်ချူသည် နောက်ဆုံးတွင် တောင်ကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

​ထိုနေရာအတွင်း၌ နတ်ဆရာကြီး ရှိနေကြောင်း သူ ခံစားလိုက်ရသည်။

သူ အတွင်းသို့ မဝင်ရသေးမီမှာပင်။

​ဝုန်း

​တောင်ကြားအတွင်းမှ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကောင်းကင်ယံ တစ်ဝက်နီးပါးမှာ နီရဲသွား၏။

​နက်ရှိုင်းသော တောအုပ်ထဲမှ ငှက်များမှာ လန့်ဖျန့်ကာ ကောင်းကင်သို့ အုပ်စုလိုက် ပျံတက်သွားကြသည် တောရိုင်းတိရစ္ဆာန်များလည်း ထွက်ပြေးကုန်ကြသည်။

​လီယန်ချူ လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားသည်။

​ဧရာမ ကိုယ်ထည်ကြီးတစ်ခုကို မြင်လိုက်ရ၏

သူ ယခင်က မြင်ဖူးသမျှထဲမှာ အရပ်အမောင်း အမြင့်မားဆုံးသူမှာ မိစ္ဆာနှိမ်နင်းသူ ယန်ချီရှောင် ဖြစ်ပြီး သံမဏိမျှော်စင်ကြီးကဲ့သို့ လူသန်ကြီးတစ်ဦး ဖြစ်သည်။

​သို့သော် ယခု မြင်တွေ့ရသော ပုံရိပ်မှာမူ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသည့် ပုံရိပ်ကြီးဖြစ်သည်။

အရပ်မှာ ၃၀ ပေခန့် မြင့်မားလှသည်။

တစ်ကိုယ်လုံးကို အမည်းရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားသဖြင့် ရုပ်ရည်ကို သေချာမမြင်ရပေ။

​လီယန်ချူသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို လည်ပတ်စေကာ မျက်လုံးကို ကြည်လင်စေပြီး

ဤထူးဆန်းသော ဘီလူးကြီးကို သေချာ မြင်လိုက်ရသည်။

​ခေါင်းပေါ်တွင် မြင့်မားသော ဦးထုပ်တစ်လုံး ဆောင်းထားပြီး၊ လက်ထဲတွင် သံခြေကျင်း လက်ထိပ်များနှင့် ဝိညာဉ်ခေါ်တုတ် တစ်ချောင်း ကိုင်ထားသည်။

​မြင့်မားသော ဦးထုပ်ပေါ်တွင် စာလုံးကြီး ၄ လုံး ရေးထားသည်။

​"လောကငြိမ်းချမ်း "

​လီယန်ချူ၏ အကြည့်မှာ တည်ငြိမ်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

"ဟေးဝူချန်း "

​ဤပုံစံမှာ ဒဏ္ဍာရီလာ ဝိညာဉ်နှုတ်တမန်တော် ဟေးဝူချန်း ၏ ပုံစံ မဟုတ်ပါလား။

​ထိုဘီလူးကြီး၏ တစ်ဖက်တွင်မူ အပြာရောင် ဟင်္သာငှက်ကြီး တစ်ကောင် ရှိနေသည်၊ ကိုယ်ပေါ်တွင် အနီရောင် မီးလျှံအမှတ်အသားများ ရှိပြီး ဖြူဖွေးသော နှုတ်သီးရှည် ရှိကာ ခြေထောက်တစ်ဖက်သာ ပါရှိသည်။

မီးတောက်များအတွင်း ဝန်းရံထားသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

​ခုနက မြေဟိန်းစေသော ပေါက်ကွဲသံကြီးမှာ ဤအပြာရောင် မီးငှက်နှင့် ဟေးဝူချန်းတို့ ထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

​ယခုအခါ လူနှင့် ငှက်မှာ တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေကြပြီး အခြေအနေမှာ အလွန်ပင် တင်းမာနေကာ မည်သည့်အချိန်မဆို ပြန်လည် ပေါက်ကွဲနိုင်စွမ်း ရှိသည်။

​လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။

ရုတ်တရက် စန်းဟိုင်ကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော ထူးဆန်းသည့် သတ္တဝါတစ်မျိုးကို သတိရလိုက်သည်။

ပိဖန့်

​ဤအပြာရောင် မီးငှက်၏ ပုံစံမှာ ပိဖန့်နှင့် တစ်ထေရာတည်း တူညီလှသည်။

တောင်ထဲဝင်ဝင်ချင်းမှာပဲ ဒဏ္ဍာရီလာ ဝိညာဉ်နှုတ်တမန်တော် ဟေးဝူချန်းနဲ့ တွေ့ရသလို စန်းဟိုင်ကျမ်းထဲက အထူးသတ္တဝါ ပိဖန့်ကိုလည်း တွေ့ရသည်။

​လီယန်ချူ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။

သူသည် လူလုံးမပြသေးဘဲ အမှောင်ဖုံးအတတ်နှင့် ကျင့်ကြံသူ၏ အသက်ရှူနှုန်းဖုံးကွယ်အတတ် ကို သုံးထားသဖြင့်၊ ထိုစစ်တလင်းတွင် သူ ရှိနေမှန်း မည်သူမျှ မသိနိုင်ပေ။

​ဝုန်း ဝုန်း

ဝုန်း ဝုန်း

​အဝေးမှ ကောင်းကင်ပြိုမတတ် ကြီးမားသော ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဟေးဝူချန်းနှင့် ပိဖန့်တို့သည် အဝေးသို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြသည်။

တစ်ဦးကိုတစ်ဦး ရန်လိုစွာ စိုက်ကြည့်ပြီးနောက်၊ ထိုပေါက်ကွဲသံထွက်ပေါ်ရာဆီသို့ အပြိုင်အဆိုင် ပြေးသွားကြတော့သည်။

​လီယန်ချူလည်း နောက်က တိတ်တဆိတ် လိုက်သွားသည်။

သူ ရောက်သွားသောအခါ မြေပြင်ပေါ်တွင် ကြီးမားသော ကျင်းကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

​ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကျောက်တုံးများမှာ တစ်လွှာချင်း အခွံခွာခံထားရသကဲ့သို့ ရှိနေပြီး သူသည် ခန့်ညားပြီး အထီးကျန်ဆန်လှသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

၎င်းမှာ ယခင်က မြစ်ကမ်းနားတွင် ရှိခဲ့သော ပါးရှကျောက်ရုပ်ကြီး ပင် ဖြစ်သည်။

ထိုနတ်ဘုရားနယ်မြေမှ ဆင်းသက်လာသော ကျောက်ရုပ်ကြီးမှာ ယခုအခါ အသက်ဝင်လာရုံသာမက အပြာရောင် မြွေကြီးတစ်ကောင်ကိုလည်း အသေနင်းသတ်ထားသည်။

​ထိုမြွေပြာကြီး၏ ကိုယ်ထည်မှာ ၁၂ လံ၊ ၁၃ လံခန့် ရှည်လျားပြီး မိစ္ဆာငွေ့များ ကောင်းကင်ထိ ထိုးတက်နေကာ သေချာပေါက် အဆင့်မြင့် မိစ္ဆာကြီး တစ်ကောင် ဖြစ်သည်။

ယခုမူ အသက်မဲ့သွားကာ ပါးရှကျောက်ရုပ်ကြီး၏ ခြေဖဝါးအောက်တွင် ရောက်နေပြီ ဖြစ်သည်။

​ပတ်ဝန်းကျင်တွင် အလင်းတန်းများ ဝန်းရံနေသော ပုံရိပ်အချို့ ရှိနေပြီး ထိုပါးရှကျောက်ရုပ်ကြီးကို ဝိုင်းထားကြသည် အရှိန်အဝါမှာ အလွန်ပင် ဖိအားပေးလှသည်။

​လီယန်ချူသည် တစ်ချက်ကြည့်ရုံဖြင့် လုံဟူရှန်းမှ ထိုတာအိုဆရာကြီးကို တွေ့လိုက်ရသည်။

ထို့ပြင် ခုနကတွေ့ခဲ့သော ဝိညာဉ်နှုတ်တမန်တော် ဟေးဝူချန်းနှင့် ထူးဆန်းသောသတ္တဝါ ပိဖန့်တို့ကိုလည်း မြင်တွေ့ရသည်။

​ဟေးဝူချန်းနှင့် ပိုင်ဝူချန်း တို့မှာ ငရဲပြည် ၏ ဝိညာဉ်ထိန်းသိမ်းရေး အရာရှိများ ဖြစ်ကြပြီး အဆင့်အတန်း အလွန်မြင့်မားကြသည်။

​ပိုင်ဝူချန်း၏ ဦးထုပ်ပေါ်တွင် "တစ်ချက်မြင်ရုံဖြင့် ချမ်းသာစေ " ဟု ရေးထားပြီး ဟေးဝူချန်း၏ ဦးထုပ်ပေါ်တွင်မူ "လောကငြိမ်းချမ်း " ဟု ရေးထားခြင်း ဖြစ်သည်။

All Chapters