အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း (၁၆၇) - နတ်ဆရာကြီးလေးပါး အနက် အကြီးအကဲ
အရပ်သားများကြားတွင် သူတို့ကို သတ္တမမြောက်အဘိုး၊ အဋ္ဌမမြောက်အဘိုး ဟုလည်း ခေါ်ကြသည်။
ပိုင်ဝူချန်း ရဲ့အမည်မှာ ရှဲ့ပိအန်း ဖြစ်ပြီး၊ ဟေးဝူချန်း ရဲ့အမည်မှာ ဖန့်ဝူကျိ ဖြစ်သည်။
၎င်းတို့မှာ လူသိများထင်ရှားလှသော ဒဏ္ဍာရီလာ ပုံရိပ်များပင်။
ထိုအချက်တွင် ချန်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင်များနှင့် အရပ်သားစကားပြောများသည် လီယန်ချူသိထားသည်နှင့် အတော်ပင် ဆင်တူလှသည်။
သို့သော် မျက်စိရှေ့ရှိ ထိုဟေးဝူချန်းမှာ ငရဲပြည်မှ ဝိညာဉ်နှုတ်တမန်တော် ဖန့်ဝူကျိ အစစ်အမှန် မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ခန္ဓာ ပင် ဖြစ်သည်။
ဤအရာသည် ထူးခြားသော ဝိညာဉ်ခန္ဓာကျင့်စဉ်တစ်မျိုးနှင့် သက်ဆိုင်နေသည်။
အာရုံပြုကျင့်စဉ်
ဒုတိယအဆင့်သို့ ရောက်ရှိပါက အာရုံပြုခြင်းကို စတင်ကြိုးစားနိုင်သည်။
ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် ဂိုဏ်းအသီးသီး၏ အာရုံပြုကျင့်စဉ်များမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။
အချို့က ကောင်းကင်ဘုံမှ နတ်ဒေဝါများကို အာရုံပြုကြသည်၊ အချို့က ရဟန္တာများ၊ ဗုဒ္ဓ များ သို့မဟုတ် ဒဏ္ဍာရီလာ ထူးဆန်းသော သတ္တဝါများကို အာရုံပြုကြသည်။
အမျိုးမျိုး ကွဲပြားကြ၏။
အချို့ဆိုလျှင် အသုံးအဆောင်ပစ္စည်းများကိုပင် အာရုံပြုကြသေးသည်။
"နည်းလမ်းပေါင်းသောင်းခြောက်ထောင်သည် အခြေခံတစ်ခုတည်းသို့သာ ပြန်သွားသည်"
ဟူသော စကားအတိုင်း၊ အာရုံပြုကျင့်စဉ်တွင် အကန့်အသတ်ဟူ၍ အတိအကျမရှိပေ။
ထို့ပြင် အာရုံပြုသည့်ပုံရိပ်မှာ ပို၍အဆင့်မြင့်လေလေ စွမ်းအားပိုကြီးလေလေဟု မဆိုလိုနိုင်ဘဲကာယကံရှင်၏ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံမှုအဆင့်အပေါ်တွင်သာ မူတည်သည်။
၎င်းမှာ ဝိညာဉ်ချင်း တိုက်ခိုက်သည့်အခါ အသုံးပြုသော အတတ်ပညာတစ်မျိုး ဖြစ်သည်။
သာမန် ဂိုဏ်းငယ်လေးများတွင် ထိုကဲ့သို့သော အာရုံပြုကျင့်စဉ် အမွေအနှစ်များ မရှိကြပေ။
ထို့ကြောင့် ဝိညာဉ်ခန္ဓာချင်း တိုက်ခိုက်ရသည့်အခါ ရှုံးနိမ့်တတ်ကြပြီး
၎င်းမှာ သူတို့၏ အားနည်းချက် ဖြစ်လာတတ်သည်။
အာရုံပြုကျင့်စဉ်ကို အောင်မြင်သွားပါက၊ ဝိညာဉ်ခန္ဓာချင်း တိုက်ခိုက်သည့်အခါ မိမိအာရုံပြုထားသည့် ပုံရိပ်အသွင်ဖြင့် ပေါ်ထွက်လာပြီး စွမ်းအား အလွန်ကြီးမားလှသည်။
ခန္ဓာကိုယ်ချင်း တိုက်ခိုက်သည့် စွမ်းအားထက်ပင် များစွာ သာလွန်တတ်သည်။
ဝိညာဉ်ခန္ဓာ ကိုယ်ပွားထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကြောင့် ပိတ်ပင်ထားသော အမြင်အာရုံများကို ရှင်းလင်းစွာ မြင်နိုင်သလို၊ တစ်ရက်တည်းဖြင့် ခရီးမိုင်ပေါင်း ထောင်ချီ၊ သောင်းချီ သွားလာနိုင်သည်။
သို့သော် ဝိညာဉ်မှာ အလွန်ပင် ထိခိုက်လွယ်လှပြီး၊ လောက၏ သဘာဝဘေးအန္တရာယ်များ၏ တိုက်စားမှုကို ခံရလွယ်သည်။
ထိုဝိညာဉ်အာရုံပြုကျင့်စဉ်က ထိုအားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။
လီယန်ချူသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း၊ မကြာမီပင် ဤလူနှစ်ဦး၏ အငွေ့အသက်ကို ခွဲခြားသိမြင်လိုက်သည်။
၎င်းတို့မှာ သေချာပေါက် ကိုယ်ပွားထွက်လာသော ဝိညာဉ်ခန္ဓာများပင် ဒါဆိုရင်တော့ တိုက်လို့ရသေးတယ် အကယ်၍ ငရဲပြည်မှ နာမည်ကျော် ဟေးဝူချန်း အစစ်အမှန် သို့မဟုတ် စန်းဟိုင်ကျမ်းထဲတွင် မှတ်တမ်းတင်ထားသော ရှေးဦးထူးဆန်းသတ္တဝါ ပိဖန့် အစစ်အမှန်နှင့်သာ တွေ့ရမည်ဆိုပါက။
လီယန်ချူအနေဖြင့် ချက်ချင်းပင် အိမ်ပြန်လှည့်ရပေလိမ့်မည်။
သူ မည်မျှပင် သန်မာပါစေ၊ ယခုအခါတွင် သွေးသားခန္ဓာကိုယ်ရှိသည့် လူသားမျှသာ ရှိသေးပြီး နတ်ဘုရားအဆင့်သို့ မရောက်သေးပေ။
ကျင့်ကြံသူတစ်ဦးသာ ရှိသေးသည်။
ဤကဲ့သို့သော ကျော်ကြားလှသည့် ဝိညာဉ်နတ်ဘုရားများကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
သို့သော်လည်း။
ဝိညာဉ်အာရုံပြုကျင့်စဉ်ကို ထိုအဆင့်ထိ ကျင့်ကြံနိုင်သည်ဆိုလျှင်၊ထို အံ့သြဖွယ် ကောင်းလှသော ဟေးဝူချန်းကြီး၏ ကျင့်ကြံမှုမှာ မည်မျှနက်ရှိုင်းကြောင်း ခန့်မှန်းနိုင်သည်။
ပတ်ဝန်းကျင်ကို ဝန်းရံထားသော အမည်းရောင်မြူခိုးများထဲတွင် နာကျင်နေသော ဝိညာဉ်များ၏ ဟိန်းဟောက်သံများမှာ ရှုပ်ထွေးနေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော ထိတ်လန့်မှုထဲသို့ ကျရောက်သွားစေပြီး ဝမ်ချွမ်းမြစ် ရှိရာ ငရဲဘုံသို့ ရောက်နေသကဲ့သို့ပင်။
ပတ်ဝန်းကျင်တွင် အေးစက်လှသော ယင်လေများ တိုက်ခိုက်နေပြီး၊ မငြိမ်မသက် လှိုင်းထန်နေသော ဝမ်ချွမ်းမြစ်ရေများ ရှိနေသည်။
ထိုဟေးဝူချန်း ပုံရိပ်ယောင်ကြီးမှာ မောက်မာစွာ ပြုံးလိုက်ပြီး
"ငါ လာတဲ့အချိန်က တကယ့်ကို ကွက်တိပဲ၊ ရတနာနယ်မြေက ပါးရှကျောက်ရုပ်ကြီး အသက်ဝင်လာပြီး ဒီတောင်ကြီးထဲကို ရောက်လာတာဆိုတော့၊ သေချာပေါက် ကံထူးမှုကြီးတစ်ခုက စောင့်ကြိုနေတာပဲ"
"မိတ်ဆွေတို့၊ ငါတို့တွေ ခဏလောက် လက်တွဲပြီး ဒီပါးရှကျောက်ရုပ်ကို အရင်ဆုံး ဖမ်းယူကြရင် ဘယ်လိုလဲ "
သူ၏ အသံမှာ မာကျောပြီး ကြမ်းတမ်းလှသည်။
မည်သည့်အရာကိုမျှ ဂရုမစိုက်သည့် ရန်လိုမှုများ ပြည့်နှက်နေသည်။
လီယန်ချူသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ သူ့ကို စိုက်ကြည့်နေသည်။
ဝိညာဉ်အာရုံပြုကျင့်စဉ်သည် တစ်ဖက်လူ၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးတတ်သည်၊ နေ့ညမပြတ် အာရုံပြုနေရသဖြင့် အပြောင်းအလဲ ရှိမည်မှာ သေချာသည်။
သို့သော် လူတစ်ဦးချင်းစီအပေါ်တွင်လည်း မူတည်ပေသည်။
ပို၍ အရေးကြီးသည်မှာ၊ ၎င်းသည် မိမိ၏ မူလစရိုက်ကို ဖော်ပြခြင်းလည်း ဖြစ်သည်။
ဟေးဝူချန်း ပုံရိပ်ယောင်မှ ထွက်ပေါ်နေသော ထင်ရှားလှသော ရန်လိုမှုနှင့် မောက်မာမှုမှာ လီယန်ချူအတွက် အလွန်မှတ်မိလွယ်စေသည်။
ရုတ်တရက်။
ဟေးဝူချန်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင် ပေါ်လာသည်။
အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
"လုံဟူရှန်းက နတ်ဆရာကြီး တစ်ပါးတောင် ဒီမှာ ရှိနေတာကိုး၊ ဒါကြောင့်လည်း ဒီလောက်ကြာအောင် မတိုက်ကြသေးတာပဲ"
ယခုအခါ ပါးရှကျောက်ရုပ်ကို ဝိုင်းထားကြသူများထဲတွင် ညပိုင်းထွက်လာသော ကျင့်ကြံသူ ဝိညာဉ်ခန္ဓာအချို့ ရှိနေကြသည်။
လုံဟူရှန်းမှ အဘိုးကြီး တာအိုဆရာနှင့် လီယန်ချူသာလျှင် သွေးသားခန္ဓာကိုယ်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
တာအိုဆရာမှာ ရင်ဘတ်တွင် ဝါးထီးတစ်လက်ကို ညှပ်ထားပြီး၊ ပင်ပန်းနွမ်းနယ်နေသော မျက်နှာ ရှိသည်။
လီယန်ချူအနေဖြင့် သူ၏ ရုပ်ရည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အလွန်ပင် သာမန်ကာလျှံကာ ရှိလှသော မျက်နှာတစ်ခုပင်။
အရောင်အဆင်း လုံးဝ မရှိပေ။
မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ နက်ရှိုင်းလှရာ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူမှာ လုံဟူရှန်းမှ နတ်ဆရာကြီး တစ်ပါးဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။
လှည့်လည်သွားလာနေသော တာအိုဆရာတစ်ဦးနှင့် ပိုတူသည်။
ထို့ပြင် အဆင်မပြေလှသော တာအိုဆရာမျိုးနှင့် ပိုတူနေသေးသည်။
ဟေးဝူချန်း ဝိညာဉ်ခန္ဓာ၏ လှောင်ပြောင်မှုကို ကြားရသောအခါ။
အဘိုးကြီး တာအိုဆရာက နှာခေါင်းရှုံ့လိုက်ပြီး
"တခြားဟာကို အာရုံမပြုဘဲ ဝိညာဉ်နှုတ်တမန်တော်ကိုမှ အာရုံပြုရတယ်လို့၊ ငါ့အမြင်တော့ မင်း ဒီည သေဖို့ပဲ ရှိတယ်"
တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်နေကြသည်။
မည်သည့် ပညာရှင် အရှိန်အဝါမျှ မရှိပေ။
ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်ခြင်း ဖြစ်သည်။
ဟေးဝူချန်းမှာ ချက်ချင်းပင် စကားဆွံ့သွားသည်။
သူ၏ အသံမှာ ပို၍ မှောင်မိုက်သွား၏။
"မင်းကိုယ်မင်း လုံဟူရှန်းရဲ့ နတ်ဆရာကြီးလေးပါးတွေထဲက အကြီးအကဲ လို့ ထင်နေတုန်းလား၊ အခု မင်းက တာအိုစိတ် ပျက်စီးနေတဲ့ အဘိုးကြီး တစ်ယောက် သာသာ ပဲ"
ဟေးဝူချန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။
လုံဟူရှန်း နတ်ဆရာကြီးလေးပါးတွေ ထဲကအကြီးအကဲ
လီယန်ချူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဒီအဘိုးကြီးက ဒီလောက်တောင် အရှိန်အဝါ ကြီးတာလား
တာအိုစိတ် ပျက်စီးသွားတယ်ဆိုတာကကော ဘာကို ဆိုလိုတာလဲ
အဘိုးကြီး တာအိုဆရာက ဟားဟားရယ်လိုက်ပြီး
"မင်းလို သောက်ကောင်မျိုး ၁၀ ယောက်၊ ၈ ယောက်လောက်ကို တိုက်ဖို့ကတော့ ပြဿနာမရှိပါဘူး"
ဝန်ခံရလျှင်။
လီယန်ချူ သိကျွမ်းခဲ့သော ပညာရှင်များထဲတွင် ဤအဘိုးကြီးမှာ အဆင့်အတန်း အနိမ့်ဆုံးဟု ထင်ရသည်။
သို့သော် လောကီအလယ်မှ ကြမ်းတမ်းလှသော အငွေ့အသက်မျိုးတော့ ရှိနေသည်။
ရတနာနယ်မြေ တစ်ကြိမ် ပွင့်လာခြင်းက။
ဤမျှ များပြားလှသော ဒုတိယအဆင့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့ပြင် ယခင်က လုံဟူရှန်း၏ နတ်ဆရာကြီး လေးပါးအကြီးအကဲဟောင်း တစ်ဦးပင် ပါဝင်နေသေးသည်။
လီယန်ချူ၏ မျက်လုံးများ တောက်ပလာပြီး၊ ထိုကိစ္စမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားရသည်။
ယနေ့ည မတ်စောက်လှသော တောင်နက်ကြီးထဲသို့ ပါးရှကျောက်ရုပ် ရောက်ရှိလာခြင်းမှာ အမှန်တကယ်တွင် အဘယ်ကြောင့်နည်းဆိုသည်ကို သူ သိလိုလှသည်။
ယခုအခါ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းနေပြီး၊ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်သွားနိုင်သည်။
ထူးဆန်းသောသတ္တဝါ ပိဖန့်ကို အာရုံပြုထားသော ကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် မီးတောက်များ ပြည့်နေသည်။
၎င်းမှာ သာမန်မီးတောက် မဟုတ်ပေ။
ရက်စက်မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသော ယင်မီး ပင် ဖြစ်သည်။
သိသာလှသည်မှာ သူသည် လူအမြောက်အမြားကို သတ်ဖြတ်ထားသော မိစ္ဆာလမ်းစဉ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး အပြစ်ဒဏ် များ အလွန်ပင် ကြီးလေးလှသည်။
မီးတောက်များအတွင်း ဝန်းရံထားသော အခြားတစ်ဦးလည်း ရှိသေးသည်။
၎င်းမှာ ဗုဒ္ဓဘာသာ၏ စောင့်ရှောက်ရေး စစ်နတ်ဘုရား ပင် ဖြစ်သည်။
မျက်လုံးများ ပြူးကျယ်နေပြီး ခန့်ညားထည်ဝါလှသည်။
သူ၏ကိုယ်ပေါ်မှ မီးတောက်မှာ ဗုဒ္ဓမီး ဖြစ်ပြီး၊ နတ်ဆိုးမိစ္ဆာများကို လောင်ကျွမ်းစေနိုင်သော တန်ခိုးစွမ်းအား ရှိသည်။
ထို့ပြင် အရောင်အသွေး စုံလင်လှသော ဧရာမ ပင့်ကူကြီး တစ်ကောင်လည်း ရှိနေပြီး အလွန်ပင် ရက်စက်ပုံရသည်။
အရွယ်အစားမှာ အလွန်ပင် ကြီးမားလှ၏။
ဟေးဝူချန်းထက်ပင် ပို၍ ကြီးမားလှပြီး အပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆိုးလှသည့် လူမျက်နှာတစ်ခု ပါရှိသည်။
မျက်လုံးများကို မှိတ်ထားသည်။
၎င်းမှာ အာရုံပြုကျင့်စဉ်ဖြင့် ဖန်တီးထားသော ဝိညာဉ်ခန္ဓာ မဟုတ်ပေ။
စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။
ပင့်ကူမိစ္ဆာ
သွေးညှီနံ့များ ကောင်းကင်ထိ လွှမ်းနေသော်လည်း ထူးဆန်းသည်မှာ တစ်ကိုယ်လုံးမှ မွှေးရနံ့များ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ပို၍ ထူးဆန်းသည်မှာ ကုလားထိုင် တစ်လုံးပင်
တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး ပုံစံမှာ ထူးခြားလှသည်၊ အပေါ်၌ ရှေးဟောင်းဆန်သော နတ်ရုပ်များကို ထွင်းထုထားသည်။
မည်သည့်နတ်ဘုရား ဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲလှသည်။
အတိုချုပ်ဆိုရလျှင် ရိုးရာဒဏ္ဍာရီထဲက နတ်ဘုရား မဟုတ်ဘဲ၊ လူနည်းစု တိုင်းရင်းသားများ ကိုးကွယ်သည့် တိုတမ် နတ်ဘုရားနှင့် ပိုတူသည်။
ထိုကုလားထိုင်မှာ ဖျက်ဆီးလိုသော အငွေ့အသက်များကို ပေးစွမ်းနေပြီး၊ ငရဲနက်ကြီးထဲမှ လာသည်ဟု ထင်ရသည်။
"ကုလားထိုင် တစ်လုံးကိုတောင် အာရုံပြုရတယ်လို့၊ ဒီလူကတော့ တကယ့် ပါရမီရှင်ပဲ"
လီယန်ချူ စိတ်ထဲမှ မနေနိုင်ဘဲ လှောင်လိုက်မိသည်။
နတ်ဘုရားရတနာနယ်မြေ ထွက်ပေါ်လာခြင်းမှာ မထူးဆန်းပေ။
ထိုကဲ့သို့သော လျှို့ဝှက်ကျင့်ကြံသူများ သတင်းကြားပြီး ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကောင်းသောလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်များ ရောနှောနေသည်။
ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လျိုကျားနတ်မင်း တစ်ပါးမှာ အပေါ်စီးမှနေ၍ အားလုံးကို အေးစက်စွာ ကြည့်နေသည်။
၎င်းမှာ တာအိုတပည့်များ၏ အာရုံပြုကျင့်စဉ် ဖြစ်သည်။
တာအိုတပည့်များ အများဆုံး အာရုံပြုလေ့ရှိသော ပုံရိပ်လည်း ဖြစ်သည်။
ကောင်းကင်ဘုံ နတ်ဒေဝါ
လျိုတင်းလျိုကျား တို့မှာ စောင့်ရှောက်ရေးနတ်ဘုရားများ ဖြစ်ကြပြီး အတွေ့ရများသော တာအိုနတ်ဘုရားများ ဖြစ်ကြသည်။
သို့သော် ထိုအမည်မသိ တာအိုကျွမ်းကျင်သူမှာမူ ယခုအချိန်တွင် သဘောထား တိကျလှသည်။
ဘယ်ဘက်၊ ညာဘက် မည်သူ့ကိုမျှ မကူညီပေ။
ဟေးဝူချန်းက ရက်စက်စွာ ပြုံးကာ
"ဒီအဘိုးကြီး တာအိုဆရာ ဒီမှာ ရှိနေတာက ပြဿနာတက်နိုင်တယ်၊ နောက်ဆံ အေးရအောင် သူ့ကို အရင်ဆုံး ရှင်းပစ်ကြရင် ဘယ်လိုလဲ "
ထိုလူသည် ပေါ်လာကတည်းက ပြဿနာရှာနေခြင်း ဖြစ်သည်။
သို့သော် သူ၏ စကားမှာ ထိုမိစ္ဆာများနှင့် အမှောင်လမ်းစဉ်မှ လူများ၏ ကောင်းသောလမ်းစဉ်အပေါ် ရန်လိုမှုကို အမှန်တကယ်ပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
အထူးသဖြင့် လုံဟူရှန်း
၎င်းမှာ နတ်ဆိုးမိစ္ဆာ အမြောက်အမြားကို နှိမ်နင်းကာ တည်ဆောက်ခဲ့သော နာမည်ကျော် ဂိုဏ်းကြီး မဟုတ်ပါလား။
ယနေ့တွင် သူတို့အားလုံးမှာ လုံဟူရှန်းမှ နတ်ဆရာကြီး တစ်ပါးကို သတ်ချင်နေကြပြီ ဖြစ်သည်။
အခန်း (၁၆၈) - ရှေးဟောင်းတံဆိပ်တုံး
ဟေးဝူချန်း၏ ရန်စမှုကို ရင်ဆိုင်ရသော်လည်း လုံဟူရှန်းမှ တာအိုဆရာအဘိုကြီး မှာ အနည်းငယ်မျှ စိတ်မဆိုးပေ။
နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်၏။
"မင်း သေချင်တယ်ဆိုရင်တော့ စမ်းကြည့်လို့ရပါတယ်၊ မင်းကို တိုက်ဖို့ဆိုရင် ဒီအဘိုးကြီး တစ်ဖက်တည်းနဲ့တင် လုံလောက်တယ်"
အဘိုးကြီး၏ လှောင်ပြောင်မှုစွမ်းရည်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
သူ့ကို ဝိုင်းထားသည့် မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူအချို့ကို အရေးပင်မလုပ်ပေ။
ထိုကဲ့သို့ အေးဆေးတည်ငြိမ်နေသည့် ပုံစံမှာ တစ်ဖက်လူကို အနိမ့်အမြင့် ခန့်မှန်းရခက်စေသည်။
အတော်ပင် ကြောက်စရာကောင်းလှ၏။
လီယန်ချူသည် ဘေးမှကြည့်နေရင်း မည်သည့်အချိန်တွင်မဆို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
အဘိုးကြီး၏ ထိုပုံစံကို မြင်သောအခါ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်သွားမိသည်။
ထိုစီနီယာကြီးမှာ တကယ့်ကို ပေါ့ပါးသွက်လက်လွန်းလှသည်။
သို့သော်လည်း။
လီယန်ချူ၏ ရပ်တည်ချက်မှာ အလွန်တိကျသည်။
သူသည် တစ်ဖက်လူထံမှ စိတ်ကြည်လင်ကျောက်စိမ်းပြားကို လက်ခံထားပြီးသား ဖြစ်သလို၊ တာအိုဂိုဏ်းချင်းလည်း တူညီနေသည်။
ဒီအဘိုးကြီး ဒီနေ့ ဘယ်သူ့ကိုပဲ တိုက်ချင်တိုက်ချင်။
သူ လီယန်ချူကတော့ သေချာပေါက် ဝိုင်းကူပေးရပေမည်။
မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူအချို့မှာ လုံဟူရှန်းနတ်ဆရာကြီးထံသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။
ဟေးဝူချန်းက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။
ရှဲရှဲရှဲ
လက်ထဲရှိ အမည်းရောင်သံခြေကျင်းမှာ နဂါးတစ်ကောင်ကဲ့သို့ အဘိုးကြီးထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ဟေးဝူချန်း ဝိညာဉ်ခန္ဓာ စတင်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက်၊ တစ်ကိုယ်လုံးတွင် ရက်စက်သော အပြစ်ဒဏ်ငွေ့များ ဝန်းရံနေသည့် စန်းဟိုင်ကျမ်းလာ သားရဲဆိုး ပိဖန့်ကလည်း ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။
တောက်ပသော မီးတောက်တစ်ခုမှာ ပိဖန့်၏ ခံတွင်းမှ ပန်းထွက်လာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက ကောင်းကင်ယံကို နီရဲသွားစေသည်။
နက်နဲခက်ခဲလှသော ကုလားထိုင်ကလည်း ဝိညာဉ်တန်ခိုးတော်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
ဖျက်ဆီးလိုသော အငွေ့အသက်များပါသည့် အလင်းတန်းတစ်ခုမှာ အဘိုးကြီးထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်၏။
အရောင်အသွေးစုံလင်လှသော လူမျက်နှာပါ ပင့်ကူမှာ ကောင်းကင်တွင် ဝဲပျံနေပြီး၊ လှုပ်ရှားမှုမရှိဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သင်းပျံ့သော ရနံ့တစ်ခုမှာ ၎င်း၏ကိုယ်တွင်းမှ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးကြီးကို ဝန်းရံပိတ်ဆို့လိုက်၏။
ဤအရာအားလုံးမှာ ဝိညာဉ်တန်ခိုးတော်များသာ ဖြစ်ပြီး စစ်မှန်သော ဝိညာဉ်နတ်ဘုရား သို့မဟုတ် သားရဲဆိုးများ မဟုတ်ကြသော်လည်း၊ ၎င်းတို့၏ အရှိန်အဝါမှာ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုမျှများပြားလှသော ကျွမ်းကျင်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း အဘိုးကြီးမှာ အေးဆေးတည်ငြိမ်နေပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။
သူသည် ရင်ဘတ်တွင် ညှပ်ထားသော ဝါးထီးကို ထုတ်ယူကာ အသာလေး ဖြန့်လိုက်သည်။
ထိုပုံစံမှာ ကျွမ်းကျင်သူလေးဦး၏ ဝိုင်းတိုက်မှုကို ခံနေရသူနှင့် မတူဘဲ၊ မိုးရွာတော့မည်ဖြစ်သဖြင့် မိုးခိုရန် ထီးဆောင်းလိုက်သည့် ပုံစံနှင့်သာ တူနေသည်။
ဝါးထီးကို ဖြန့်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အလင်းကာတစ်ခု ဖြစ်ပေါ်လာသည်။
ဟေးဝူချန်း၏ သံခြေကျင်းဖြစ်စေ၊ ပိဖန့်၏ မီးတောက်ဖြစ်စေ။
ကြီးမားသော စွမ်းအားများပါသည့် ဤဝိညာဉ်တန်ခိုးတော်အားလုံးမှာ ဝါးထီး၏ အပြင်ဘက်တွင်သာ တားဆီးခြင်း ခံလိုက်ရသည်။
အမှန်ပင် နတ်ဆရာကြီးလေးပါးထဲမှ အကြီးအကဲဟောင်းပီသပေသည်။
ယခုအခါ တာအိုစိတ် ပျက်စီးနေသော်လည်း။
သာမန်ကျင့်ကြံသူများ စိတ်ကူးပင် မယဉ်နိုင်သော တန်ခိုးစွမ်းအားများ ရှိနေဆဲပင်။
အဘိုးကြီးမှာ အေးဆေးတည်ငြိမ်နေသည့် ပုံစံအတိုင်းပင် ရှိနေသေးသည်။
"ဒီလောက် သေးသိမ်တဲ့ အတတ်ပညာလေးတွေနဲ့များ၊ မင်းတို့က ရတနာကို လုဖို့ ထွက်လာကြတာလား "
အဘိုးကြီးကို ဝိုင်းထားသည့် လူများထံမှ သတ်ဖြတ်လိုစိတ်များ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
လီယန်ချူကတော့ အံ့သြမနေပေ။
လုံဟူရှန်းသည် ချန်နိုင်ငံ တာအိုလောကတွင် ဦးဆောင်သူနေရာ၌ ရှိနေသည့် မြင့်မြတ်သောနယ်မြေ ဖြစ်သဖြင့်၊ လုံဟူရှန်းနတ်ဆရာကြီးတစ်ဦး၏ အရှိန်အဝါ မည်မျှကြီးမားမည်ကို ခန့်မှန်းနိုင်သည်။
အထူးသဖြင့် ယခင်က နတ်ဆရာကြီးများ၏ အကြီးအကဲ ဖြစ်ခဲ့သူမှာ။
သေချာပေါက် အစွမ်းထက်သော နည်းလမ်းများ ရှိနေမည်သာ။
သို့သော် လီယန်ချူသည် ထိုအဘိုးကြီး ဝိုင်းတိုက်ခံရသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ပေ၊ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
ခန္ဓာကိုယ်အတွင်းမှ ထူထဲလှသော သွေးသားစွမ်းအားများ ဆူပွက်လာသည်။
သူသည် ထိုတာအိုစီနီယာကြီးအတွက် ထိုမိစ္ဆာရန်သူများကို ရှင်းလင်းပေးရန် ဆုံးဖြတ်လိုက်သည်။
ရုတ်တရက်။
သူ၏ အာရုံခံစားမှု လှုပ်ရှားသွားပြီး ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။
ဝုန်း
ကောင်းကင်တွင် ရုတ်တရက် မိုးကြိုးသံကြီး တစ်ချက် မြည်ဟည်းသွားသည်။
ကောင်းကင်အနားမှ နီရဲသော အလင်းတန်းတစ်ခု ပျံသန်းလာသည်၊ ၎င်းသည်လည်း ဝိညာဉ်ကိုယ်ပွား ထွက်လာသည့် ကျင့်ကြံသူ ကျွမ်းကျင်သူတစ်ဦးပင်အရှိန်အဝါမှာ ရှေးဦးမိစ္ဆာနတ်ဘုရားကဲ့သို့ပင် ကြီးမားလှသည်။
၎င်းမှာ လက်ခြောက်ဖက်ပါသော မိစ္ဆာဘုရင်ကြီး တစ်ပါး ဖြစ်သည်။
ခြေဗလာ၊ မျက်နှာပြာ၊ ဆံပင်နှင့် မုတ်ဆိတ်များမှာ ထောင်ထနေပြီး လက်ဖဝါးထဲတွင် ပိတ်လိုက်ဖွင့်လိုက် လုပ်နေသော မျက်လုံးကြီး တစ်လုံး ပါရှိသည်။
သူ၏ ကိုယ်ထည်မှာ ပေ ၅၀ ခန့် မြင့်မားပြီး ကြမ်းတမ်းလှသော အမူအရာ ရှိသည်။
အရှိန်အဝါမှာ ကောင်းကင်တိုးမတတ် ကြီးမားလှပြီး အလွန်ပင် မောက်မာလှ၏။
သူ ပျံလာသည့် ဦးတည်ရာတွင် ထိုအရောင်အသွေးစုံသော လူမျက်နှာပါ ပင့်ကူကြီးက ပိတ်နေသည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးထဲတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး၊ ရှောင်တိမ်းခြင်းမပြုဘဲ။
တိုက်ရိုက်ပင် ဝင်တိုက်လိုက်တော့သည်။
ဝိညာဉ်ခန္ဓာမှာ မိစ္ဆာမီးတောက်များအတွင်း ဝန်းရံနေပြီး၊ ရှေးဦးဒဏ္ဍာရီထဲမှ မိစ္ဆာနတ်ဘုရား ပြန်လည်နိုးထလာသည့်အလား အမှန်ပင် တူညီလှသည်။
ဘုန်း
လူမျက်နှာပါ ပင့်ကူမိစ္ဆာကြီးမှာ ပြင်းထန်စွာ အတိုက်ခံရပြီး လွင့်ထွက်သွားကာ၊ ကိုယ်ထည် ထက်ဝက်နီးပါးမှာ ကြေမွပျက်စီးသွားပြီး သွေးသားများ ကောင်းကင်အနှံ့ လွင့်စင်သွားတော့သည်။
ပင့်ကူမိစ္ဆာမှာ စူးရှစွာ အော်ဟစ်လိုက်၏။
ထိုရုပ်ဆိုးလှသော လူမျက်နှာမှာ ချက်ချင်းပင် မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။
၎င်းမှာ ဖြူဖွေးနေသော မျက်လုံးများပင်။
ရှူး
ဖြူဖွေးသော ပင့်ကူမျှင်များစွာမှာ လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးထံသို့ ပန်းထုတ်လိုက်သည်။
ဤပင့်ကူမျှင်များမှာ အလွန်ခိုင်ခံ့ပြီး၊ ပြင်းထန်သော အဆိပ်နှင့် တိုက်စားနိုင်စွမ်း ရှိရာ ကျင့်ကြံသူများအတွက် သဘာဝရန်သူပင် ဖြစ်သည်။
တစ်ခါ အပတ်ခံရလျှင် ရုန်းထွက်ရန် အလွန်ခက်ခဲလှသည်။
သို့သော် လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ဂရုပင်မစိုက်ဘဲ၊ သူ၏ လက်ဖဝါးရှိ မျက်လုံးနှစ်လုံးမှ တောက်ပသော တန်ခိုးအလင်းများကို ထုတ်လွှတ်လိုက်သည်။
ပင့်ကူမျှင်များကို တိုက်ရိုက် လောင်ကျွမ်းပြာကျစေလိုက်၏။
ထိုမိစ္ဆာငွေ့များ ထွက်ပေါ်နေသော ပင့်ကူမိစ္ဆာမှာ ထိတ်လန့်သွားသော်လည်း၊ သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးက သူ့ကို လှမ်းဖမ်းလိုက်ပြီး၊ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပစ်လိုက်သည်။
သူ၏ ဝိညာဉ်ခန္ဓာကို ဝါးမြိုပစ်လိုက်ခြင်းပင်
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ကိုယ်ပေါ်မှ ရှေးဦးအငွေ့အသက်မှာ သိသိသာသာ မြင့်တက်လာသည်။
သူ၏ ကြမ်းတမ်းမောက်မာမှုမှာ ထိုနေရာရှိ ကျွမ်းကျင်သူအားလုံး၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်ကျောက်တင်သွားတော့သည်။
ထိုရက်စက်မှုမှာ အမှန်ပင် အံ့မခန်းလှ၏။
"ဒီ တာအိုဆရာအဘိုးကြီး က ငါ့အပိုင်ပဲ "
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ မောက်မာစွာဖြင့် လုံဟူရှန်းအဘိုးကြီးထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
သတ်ဖြတ်လိုစိတ်မှာ အလွန်ပင် ပြင်းထန်လှ၏ ဤသူမှာ အဘိုးကြီး၏ အကူအညီဟု ထင်ထားခဲ့သော လီယန်ချူမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မောက်မာလှသော ဝိညာဉ်တန်ခိုးတော်များ ပန်းထွက်လာသည်။
ဝုန်း ဝုန်း
မြေကမ္ဘာတုန်ဟီးမတတ် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
တစ်ဦးမှာ အမည်မသိ လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးဖြစ်ပြီး၊ နောက်တစ်ဦးမှာ လုံဟူရှန်းနတ်ဆရာကြီး ဖြစ်သည်။
ကျွမ်းကျင်သူကြီး နှစ်ဦး တိုက်ခိုက်သည့် ကြီးမားသောအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကိုယ်ပွား ထွက်နေကြသော ကျွမ်းကျင်သူများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။
ဝိညာဉ်အလင်းတန်း အချို့မှာလည်း ထိုနေရာသို့ ပျံသန်းလာကြသည်။
ခုနက ဗုဒ္ဓဘာသာ စောင့်ရှောက်ရေး စစ်နတ်ဘုရားနှင့် တာအိုဘာသာ လျိုကျားနတ်မင်းကို အာရုံပြုထားသည့် ကျင့်ကြံသူနှစ်ဦးမှာမူ၊ မူလနေရာမှာပင် ငြိမ်သက်စွာ ရပ်နေကြသည်။
ဝင်ရောက်တိုက်ခိုက်လိုသည့် အရိပ်အယောင် လုံးဝမရှိပေ။
ထိုလက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ အာရုံပြုကျင့်စဉ်မှာမူ၊ ဟေးဝူချန်း သို့မဟုတ် စောင့်ရှောက်ရေး စစ်နတ်ဘုရားတို့ထက် သိသိသာသာ တစ်ဆင့် ပိုမြင့်မားနေသည်။
စတင်တိုက်ခိုက်ရုံဖြင့် ပင့်ကူမိစ္ဆာကို အသာလေး သတ်ဖြတ်နိုင်ခဲ့သည်။
နတ်ဘုရားအရှိန်အဝါမှာ အံ့မခန်းပင်
ဟေးဝူချန်းတို့ အုပ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ဤလက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ခွန်အားနှင့် ကြမ်းတမ်းသော ပုံစံကြောင့် အတော်ပင် ရှိန်နေကြသည်။
လက်တွဲတိုက်ခိုက်ရန် ဇွတ်မတိုးရဲကြပေ။
တစ်ဖက်လူက မိမိတို့ကို ပြန်လှည့်တိုက်မည်ကို စိုးရိမ်နေကြသည်။
တစ်ဦးမှာ ငရဲပြည်မှ ဝိညာဉ်နှုတ်တမန်တော်ကို အာရုံပြုထားသည့် ဟေးဝူချန်း တစ်ဦးမှာ စန်းဟိုင်ကျမ်းလာ သားရဲဆိုးကို အာရုံပြုထားသည့် ပိဖန့်ထို့ပြင် မိစ္ဆာနတ်ရုပ်များ ထွင်းထားသည့် ကုလားထိုင်ကို အာရုံပြုထားသူ အားလုံးမှာ ဒုတိယအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ယခုအခါ ထိုသုံးဦးမှာ လုံဟူရှန်းနတ်ဆရာကြီးကို တိုက်ခိုက်ခြင်းအား စွန့်လွှတ်လိုက်ပြီး၊ မြေပြင်ပေါ်ရှိ ပါးရှကျောက်ရုပ်ကြီးကို လက်တွဲတိုက်ခိုက်ကြတော့သည်။
ပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်ကြီး ရှိနေသည်။
ယနေ့ည သူ တောင်ထဲဝင်လာခြင်းမှာ အလွန်စွမ်းအားကြီးသော ရတနာတစ်ခုကို လာယူခြင်း ဖြစ်သည်။
နီးကပ်သွားသောအခါ ဝိညာဉ်ကိုယ်ပွား ထွက်နိုင်သည့် ကျွမ်းကျင်သူများမှာ ယင်း၏ ထူးခြားမှုကို သတိထားမိလိုက်ကြသည်။
ရှေးဟောင်းသမိုင်းကြောင်းများ ပြည့်နှက်နေသည့် ပါးရှကျောက်ရုပ်ကြီးမှာ၊ ပါးစပ်တွင် တံဆိပ်တုံးငယ် တစ်ခုကို ခဲထားသည်။
ပါးရှကျောက်ရုပ်၏ ဧရာမကိုယ်ထည်နှင့် နှိုင်းယှဉ်လျှင် ဤတံဆိပ်တုံးငယ်မှာ အလွန်ပင် သေးငယ်လှသည်ဟု ဆိုရပေမည်။
သေချာမကြည့်လျှင် သတိပင် ထားမိမည်မဟုတ်ပေ။
သို့သော် ထိုတံဆိပ်တုံးငယ်မှ လူကို တုန်လှုပ်ခြောက်ခြားစေသော ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။
ရှေးကျပြီး ခန့်ညားလှ၏။
သေချာပေါက် သာမန်လက်နက် မဟုတ်ပေ
အမှန်တကယ် မြင့်မြတ်လှသော ရတနာတစ်ပါးပင် ဖြစ်သည်။
ဤနတ်ဘုရားရတနာနယ်မြေမှ ဆင်းသက်လာသော ပါးရှကျောက်ရုပ်မှာ ထိုရှေးဟောင်းတံဆိပ်တုံးအတွက် လာခြင်းလား သို့မဟုတ် ထိုတောင်နက်ထဲတွင် အခြားလျှို့ဝှက်ချက် ရှိနေသေးသလား။
သူ့ကို အရင်ဖမ်းလိုက်ဖို့က ယခုအချိန်မှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
အချိန်ဆွဲနေလျှင် အပြောင်းအလဲ ရှိနိုင်သည် ယနေ့ည ရောက်လာသည့် ကျင့်ကြံသူများမှာ အလွန်ပင် များပြားလှ၏ ပါးရှကျောက်ရုပ်မှာ ထွက်မသွားဘဲ၊ မူလနေရာမှာပင် ရပ်နေပြီး တစ်စုံတစ်ခုကို စောင့်ရှောက်နေသည့်အလား ရှိသည်။
သို့မဟုတ် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
ထူးဆန်းလှသော ဧရာမပုံရိပ်ကြီးတစ်ခုမှာ ပါးရှကျောက်ရုပ်၏ ရှေ့တွင် ပေါ်လာသည်။
၎င်းမှာ ယင်ငွေ့ မိစ္ဆာငွေ့များ ပြည့်နေသည့် ဟေးဝူချန်းပင်
ရှဲရှဲရှဲ
ဟေးဝူချန်းသည် လက်ထဲရှိ သံခြေကျင်းကို ပါးရှကျောက်ရုပ်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်သည်။
အမည်းရောင် သံခြေကျင်းမှာ ဝိညာဉ်တန်ခိုးတော်၏ ပုံဖော်မှု ဖြစ်သည်။
ဝိညာဉ်နှင့် ဝိညာဉ်ခန္ဓာများအပေါ်တွင် အလွန်ကြီးမားသော ဖိနှိပ်မှု ရှိသည်။
ဝေါင်းး
ပါးရှကျောက်ရုပ်က ကောင်းကင်တုန်ဟည်းအောင် ဟိန်းဟောက်လိုက်ပြီး၊ ကိုယ်ကို အနောက်သို့ ပြင်းထန်စွာ ရုန်းလိုက်သည်။
လျှို့ဝှက်ဆန်းပြားသော ကုလားထိုင်မှာ ပါးရှကျောက်ရုပ်၏ အပေါ်တွင် ပေါ်လာသည်။
ကုလားထိုင်ပေါ်တွင် ဖြူဖွေးသော အရိုးများဖြင့် ပြုလုပ်ထားသည့် လက်ပေါင်းများစွာ ပေါ်ထွက်လာပြီး၊ ငရဲနက်ကြီးထဲမှ နတ်ဆိုးများကဲ့သို့ပင်။
ပါးရှကျောက်ရုပ်ကို တိုက်ရိုက် လှမ်းဖမ်းလိုက်ကြသည်။
ပါးရှကျောက်ရုပ်မှာ ယခုအခါ အမှန်တကယ်ပင် အသက်ဝင်လာပြီ ဖြစ်သည်။
စစ်မှန်သော ပါးရှ (နဂါးသားတော်) ဆင်းသက်လာသည့်အလား။
ခွန်အားမှာ အတိုင်းအဆမရှိ ကြီးမားလှ၏
လျှို့ဝှက်သော ကုလားထိုင်နှင့် ဟေးဝူချန်းတို့ လက်တွဲတိုက်ခိုက်သော်လည်း၊ ပါးရှကျောက်ရုပ်၏ ရုန်းကန်မှုကြောင့် မတည်မငြိမ် ဖြစ်နေကြရသည်။
အပြစ်ဒဏ်များ ဝန်းရံနေသည့် သားရဲဆိုး ပိဖန့်မှာလည်း ပြင်းထန်စွာ ထိုးဆင်းလာသည်။
ထက်မြက်မာကျောလှသော ခြေသည်းများဖြင့် ပါးရှကျောက်ရုပ်၏ ခံတွင်းကို တိုက်ရိုက် လှမ်းနှိုက်လိုက်၏။
ဝုန်း
ပါးရှကျောက်ရုပ်က မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်သည်။
ချက်ချင်းပင် တောင်တန်းကြီး တုန်ခါသွားတော့သည်။
မျက်စိဖြင့် မြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုမှာ အပြင်ဘက်သို့ ပြန့်ကားသွား၏။
ဘုန်း
ဘုန်း
ဘုန်း
ဟေးဝူချန်း၏ သံခြေကျင်းဖြစ်စေ၊ လျှို့ဝှက်ကုလားထိုင်၏ အရိုးလက်များဖြစ်စေ အစအနမကျန် ပြတ်တောက်သွားတော့သည်။
သူ၏ မျက်လုံးနှစ်လုံးမှ တန်ခိုးအလင်းတစ်ခု ထွက်ပေါ်လာပြီး။
ကြမ်းတမ်းလှသော ပိဖန့်ကို တိုက်ရိုက် ဆုတ်ခွာသွားစေသည်။
ထိုအချိန်မှာပင် ထိုပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာသည်၊ ဝန်ပိနေသည့်အလား ရှိသည်။
ပါးရှကျောက်ရုပ်အတွင်းမှ စွမ်းအားများပင် တဖြည်းဖြည်း အားနည်းလာ၏။
သူရဲကောင်းတစ်ဦး၏ လမ်းဆုံးသို့ ရောက်နေသကဲ့သို့ အထီးကျန်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
သူ ရရှိထားသော ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။
တစ်ကိုယ်လုံးတွင် ဓားခုတ်ရာ၊ မီးလောင်ရာများ ပြည့်နှက်နေပြီး၊ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းလာခဲ့ရသည့်အလားပင်။
မှတ်ထားရမည်မှာ ခုနက လျှို့ဝှက်ကုလားထိုင်ပေါ်ရှိ အရိုးလက်များမှာ ရွှေနှင့်ကျောက်တုံးကိုပင် ကြေမွစေနိုင်သော်လည်း၊ ပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုမျှ မကျန်ရစ်စေခဲ့ပေ။
ထိုအက်ကွဲကြောင်းများမှာ ကျောက်ရုပ်အတွင်းရှိ လုံ့လစွမ်းအား လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းဖြင့်။
ထိုစဉ်က ထိုပါးရှကျောက်ရုပ်မှာ မည်မျှအံ့မခန်းသော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရကြောင်း သိနိုင်သည်။
သူ ရင်ဆိုင်ခဲ့ရသော ရန်သူမှာလည်း မည်မျှ ကြောက်စရာကောင်းမည်နည်း။
ဝုန်း ဝုန်း
ယခုအခါ ပါးရှကျောက်ရုပ်မှာ လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။
ဒုတိယအဆင့် ကျွမ်းကျင်သူ သုံးဦး၏ ဝိညာဉ်အာရုံပြုပုံရိပ်များက ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအတတ်များကို အသုံးပြုနေကြသည်။
ပါးရှကျောက်ရုပ်မှာ ခက်ခက်ခဲခဲသာ တောင့်ခံထားနိုင်သည်။
ကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများမှာ ပို၍ များပြားလာသည်။
ဗုဒ္ဓမီးများ ဝန်းရံနေသော စောင့်ရှောက်ရေး စစ်နတ်ဘုရားမှာ ရုတ်တရက် ပေါ်လာသည်။
ဘုန်း
လက်သီးတစ်ချက်ဖြင့် ပါးရှကျောက်ရုပ်၏ ဦးခေါင်းကို လှမ်းထိုးလိုက်၏ သူသည် ကူညီရန် လာခြင်းမဟုတ်ပေ။
အခွင့်အရေးကို စောင့်ပြီး ရတနာလုရန် လာခြင်းဖြစ်သည်။
ဤလက်သီးမှာ မြန်ဆန်ပြီး လေးလံလှသည်
ထို့ပြင် ကြီးကျယ်ခမ်းနားသော ဗုဒ္ဓစွမ်းအားများ ပါဝင်နေသည်။
ပါးရှကျောက်ရုပ်၏ ခံတွင်းတွင် ခဲထားသော ရှေးဟောင်းတံဆိပ်တုံးငယ်မှာ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။
ထိုဗုဒ္ဓဘာသာ စောင့်ရှောက်ရေး စစ်နတ်ဘုရားက လှမ်းဖမ်းရန် လက်ဆန့်လိုက်၏။
ဟေးဝူချန်းတို့ သုံးဦးမှာလည်း အရှုံးမပေးလိုပေ။
ဝိညာဉ်တန်ခိုးတော်များကို အပြိုင်အဆိုင် အသုံးပြုကြတော့သည်။
သို့သော် ၎င်းတို့ကို လျိုကျားနတ်မင်း တစ်ပါးက လှမ်းတားလိုက်သည်
ထိုနှစ်ဦးမှာ သေချာပေါက် သိကျွမ်းသူများ ဖြစ်ကြသည်။
တစ်ဦးကိုတစ်ဦး ကူညီနေခြင်းပင်
"သောက်ကျိုးနည်း၊ မင်းတို့က အသာလေး လာနှိုက်ချင်တာလား၊ အဲဒီလောက် မလွယ်ဘူး "
ဟေးဝူချန်းက အော်ဟစ် ပြောလိုက်သည်။
သူသည် ချက်ချင်းပင် လက်ချောင်းများကို ကျစ်လိုက်ပြီး မန္တန်ရွတ်ကာ၊ လက်ထဲရှိ သံခြေကျင်းကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။
သံခြေကျင်းမှာ စောင့်ရှောက်ရေး စစ်နတ်ဘုရားကို ဝိုင်းပတ်ပိတ်ဆို့လိုက်တော့သည်။
စောင့်ရှောက်ရေး စစ်နတ်ဘုရား၏ ကိုယ်ပေါ်တွင် ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး ဟေးဝူချန်း၏ သံခြေကျင်းကို ပြန်လည်ခုခံနေသည်။
လူတိုင်းမှာ ရောထွေးပြီး တိုက်ခိုက်နေကြတော့သည်။
စောင့်ရှောက်ရေး စစ်နတ်ဘုရားမှာ လူတိုင်း၏ ပစ်မှတ် ဖြစ်သွား၏။
ဘေးတွင် ပုန်းကွယ်နေသော ဝိညာဉ်ပုံရိပ် အချို့ပင် ဝင်ရောက်တိုက်ခိုက်ရန် မအောင့်နိုင်တော့ပေကောင်းကင်တွင် အဘိုးကြီးနှင့် တိုက်နေသော လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ စိတ်ပူလာသည်။
ထိုအဘိုးကြီးမှာ အမှန်ပင် နတ်ဆရာကြီးများ၏ အကြီးအကဲဟောင်း ပီသပေသည်။
ယခုအခါ ကျင့်ကြံဆင့် ကျဆင်းနေသော်လည်း ကိုင်တွယ်ရ အလွန်ခက်ခဲနေဆဲပင်
ပါးရှကျောက်ရုပ်၏ ခံတွင်းမှ ထွက်လာသည့် ထိုတံဆိပ်တုံးငယ်ကို၊ သူ၏အမြင်တွင် အဆင့်မရှိသော ဤနတ်ရုပ်တုများ လက်ထဲသို့ မကျရောက်စေချင်ပေ။
"အဘိုးကြီး၊ မင်းနဲ့ငါက အနိုင်အရှုံး ခွဲဖို့ ခက်တယ်၊ အဲဒီအစား ငါတို့ လက်တွဲပြီး ဒီအဆင့်မရှိတဲ့ကောင်တွေကို နှင်ထုတ်ရအောင်၊ ပြီးရင် ဒီပါးရှရဲ့ ရတနာကို အညီအမျှ ခွဲကြမယ် "
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးက အေးစက်စွာ ပြောလိုက်သည်။
ယခုအချိန်တွင်။
ထိုသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်။
လက်တွဲပြီး ဤလူများကို သတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရမည်။
မဟုတ်လျှင် ရတနာကို အမှန်ပင် ဆုံးရှုံးရပေလိမ့်မည်။
သို့သော်လည်း။
အဘိုးကြီး၏ တုံ့ပြန်မှုမှာ မိစ္ဆာဘုရင်ကြီး၏ ထင်မှတ်ချက်ထက် ကျော်လွန်နေသည်။
"အဓိပ္ပာယ်မရှိတာ မင်း တိုက်ချင်ရင် တိုက်တယ်၊ လက်တွဲချင်ရင် လက်တွဲတယ် ဒီနေရာက မင်းအိမ်များ မှတ်နေလား ခွေးသားရဲ့... "
အဘိုးကြီးက မညှာမတာ ဆဲဆိုလိုက်သည်
မိစ္ဆာဘုရင်ကြီးကို အနည်းငယ်မျှပင် မျက်နှာမပေးပေ။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ခဏမျှ ကြောင်သွားပြီးနောက်၊ ဒေါသအလွန်အမင်း ထွက်သွားတော့သည်။
"မကောင်းတာကိုမှ ရွေးချယ်တာပဲ ဒါဆိုရင်တော့ မင်း သေဖို့သာ ပြင်ပေတော့ "
သူ၏ ကိုယ်ထည်မှာ သိသိသာသာ ပို၍ ကြီးမားလာပြီး၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များမှာ အစစ်အမှန်ကဲ့သို့ ထူထဲလာသည်။
သူသည် တောင့်တင်းလှသော ကြွက်သားများပါသည့် လက်တစ်ဖက်ကို အထက်သို့ မြှောက်လိုက်၏။
လက်ဖဝါးအလယ်ရှိ မျက်လုံးကြီးမှာ အလွန်ပင် နက်ရှိုင်းလာသည်။
လက်မောင်းပေါ်တွင် လျှို့ဝှက်ဆန်းပြားသော မန္တန်သင်္ကေတများ ပေါ်လာပြီး၊ လက်ဖဝါးရှိ မျက်လုံးထံသို့ စီးဝင်သွားကြသည်။
မိစ္ဆာမျက်လုံး
မိစ္ဆာမျက်လုံး ကြည့်လိုက်သည့်နေရာတိုင်းမှာ အဝီစိငရဲသို့ ကျရောက်ကာ ထာဝရ နစ်မြုပ်သွားစေလိမ့်မည်။
၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်း ဖြစ်သည်။
အဘိုးကြီး၏ မျက်လုံးထဲတွင်လည်း ရှားရှားပါးပါး လေးနက်သော အရိပ်အယောင် ပေါ်လာသည်။
ယခင်ကဆိုလျှင်။
သူ သေချာပေါက် အသာလေး ကိုင်တွယ်နိုင်မည် ဖြစ်သည်။
သို့သော် ယခုအခါ တာအိုစိတ်တွင် ဟာကွက် ရှိနေသည်။
ထိုကဲ့သို့သော မိစ္ဆာမျက်လုံး အစွမ်းမှာ သူ့အတွက် အားနည်းချက်ပင် ဖြစ်သည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ အသက်နှင့်လဲပြီး တိုက်ရန် ပြင်လိုက်ပြီမှာ သေချာသည်။
လက်ဖဝါးရှိ မိစ္ဆာမျက်လုံး မှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ နောက်တစ်စက္ကန့်တွင် ပစ်လွှတ်တော့မည် ဖြစ်သည်။
ရှူး
တောက်ပလှသော ဓားဝိညာဉ်အလင်း တစ်ခု ပေါ်ထွက်လာသည်။
အတားအဆီးအားလုံးကို ဖြတ်ကျော်နိုင်မည့် မောက်မာလှသော အရှိန်အဝါ ပါဝင်နေသည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ညာဘက်ခြမ်းတွင် တိုက်ရိုက် ပေါ်လာသည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ပင့်ကူမိစ္ဆာကို အသာလေး သတ်နိုင်သည့် ကျွမ်းကျင်သူပီပီ၊ ယခုအချိန်တွင် ခုခံနိုင်စွမ်း ရှိနေသေးပြီး ဤဓားအလင်းကို တားဆီးရန် လက်မောင်းကို ဆန့်ထုတ်လိုက်သည်။
ဖွတ်
သူ၏ ဘယ်ဘက်ခြမ်းတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သွေးချီစွမ်းအားများမှာ သက်တံ့ကဲ့သို့ပင်။
တောက်လောင်နေသော ဧရာမ မီးဖိုကြီး တစ်ခုကဲ့သို့ပင် ဓားတစ်ချက်တည်းဖြင့် သူ အထက်သို့ မြှောက်ထားသော မိစ္ဆာမျက်လုံးပါသည့် လက်မောင်းကို ခုတ်ချပစ်လိုက်သည်။
ဝိညာဉ်ခန္ဓာ ထိခိုက်သွားပြီ ဖြစ်သည်!း
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ မိမိ၏ ပြတ်တောက်သွားသော လက်မောင်းနေရာကို မယုံကြည်နိုင်စွာ ကြည့်နေပြီး ထို့နောက်တွင် စူးရှစွာ အော်ဟစ်လိုက်တော့သည်။
ဝိညာဉ်ခန္ဓာ ထိခိုက်ဒဏ်ရာရခြင်းမှာ သွေးသားခန္ဓာကိုယ် ဒဏ်ရာရခြင်းထက် အဆပေါင်း ထောင်ချီ၍ ပိုမို နာကျင်လှသည်။
ထိုဓားချက်ကို လီယန်ချူမှလွဲ၍ မည်သူမျှ ဤမျှ သေသပ်ပြတ်သားစွာ ခုတ်နိုင်မည်မဟုတ်ပေ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှသော လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးပင် လုံဟူရှန်းနတ်ဆရာကြီးကိုပင် ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုမျိုး။
လီယန်ချူ၏ ခုတ်ချက်ကြောင့် လက်မောင်းတစ်ဖက် ပြတ်တောက်သွားရသည်။
အဘိုးကြီး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ပါးရှကျောက်ရုပ်၏ ကြီးမားသော ရတနာအခွင့်အရေးကို စွန့်လွှတ်ပြီး၊ မိမိကို အရင်လာကူညီခြင်း ဖြစ်သည်။
"ရွှမ်ချိန် ရေ၊ မင်းမှာ တပည့်ကောင်း တစ်ယောက် ရထားတာပဲ"
သူ လီယန်ချူကို တစ်ချက်ကြည့်လိုက်ရာ ချီးကျူးဂုဏ်ပြုသည့် အရိပ်အယောင်များ ပြည့်နေသည်။
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ အေးစက်လှသည်။
"အတင့်ရဲလှချည်လား "
ထို့နောက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးထဲတွင် နာကျည်းမှုများ ပေါ်လာသည်။
"မင်းကို အရေခွံခွာ၊ အကြောဆွဲပြီး အရိုးတွေကို ပြာဖြစ်အောင် လုပ်ပစ်မယ်၊ အဲဒီအခါကျမှ မင်း ဒီလောက် သတ္တိကောင်းနေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ "
လီယန်ချူက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ဒါဆိုရင်လည်း သောက်လုံးပြူးပြီး သေချာကြည့်ထားလိုက်လေ "
သူသည် ခန္ဓာကိုယ်အတွင်းမှ ပူပြင်းထက်မြက်လှသော ယန်စွမ်းအား များကို ကျန်ကျောင်းဓား အတွင်းသို့ ထည့်သွင်းလိုက်သည်။
ကျန်ကျောင်းဓားမှာ ချက်ချင်းပင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ဤဓားမှာ သုံးကြိမ်တိုင်တိုင် အဆင့်မြင့်တင် ခံထားရသဖြင့်၊ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသကဲ့သို့ ထူးခြားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။
လီယန်ချူ၏ လက်ထဲတွင် တုန်ခါသံများ ထွက်ပေါ်နေပြီး၊ ထူးဆန်းသော စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်နေသည်။
အလွန်ပင် မောက်မာလှ၏
ကျန်ကျောင်း ဓားမှာ လက်ထဲမှ လွတ်ထွက်ကာ ရန်သူကို သတ်ဖြတ်ချင်နေသည့်အလား။
ရန်သူကို သတ်မည်
လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ လက်ထဲတွင် အမည်းရောင် မီးတောက်တစ်ခု ပေါ်လာသည်။
ချက်ချင်းပင် ၁၀ ဆမက ကြီးမားလာ၏ အမည်းရောင် နေမင်းကြီး တစ်စင်းကဲ့သို့ပင်အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့် မောက်မာလှသော အငွေ့အသက်များ ထွက်ပေါ်နေတော့သည်။