← Chapters

အခန်း (၈၆၉-၈၇၀)

Vol. 87 Ch. 869-870

အခန်း (၈၆၉-၈၇၀)

Vol. 87 Ch. 869-870

​အခန်း (၈၆၉) ဓားဦးဆောင်သူ၏ တာဝန်ကို ထမ်းဆောင်ခြင်း

​ပိုင်လီဟန်ကန်းဟာ သေခြင်းအငွေ့အသက်တွေ တဟုန်းဟုန်းတက်လာပြီး သူ့ရဲ့ ဒေါသပင်လယ်ဓားဆန္ဒကိုတောင် ဆွေးမြည့်ပျက်စီးစေတော့မယ့်အခြေအနေကို မြင်တဲ့အခါမှာတော့ ဆက်ပြီးတော့ အထင်မသေးရဲတော့ပါဘူး။

သူဟာ နောက်ဆုံးလက်ကျန် အထင်သေးစိတ်ကလေးကိုပါ ဘေးဖယ်ထားလိုက်ပြီး ကောင်းကင်ပြိုကျမတတ် ပြင်းထန်တဲ့ အရှိန်အဝါနဲ့ တစ်ဖက်လူကို တစ်ချက်တည်း နှိမ်နင်းဖို့ ကြိုးစားလိုက်ပါတယ်။

​မိုးမြေကျွန်းအနီးက ပင်လယ်ပြင်ဟာ ဒေါသပင်လယ်ဓားဆန္ဒရဲ့ လှုံ့ဆော်မှုကြောင့် လှိုင်းတံပိုးတွေ အလွန်ထန်လာပြီး သာမန်လူတွေရဲ့ တာအိုစိတ်ဓာတ်ကို အလွယ်တကူ ချေမှုန်းနိုင်တဲ့ ဒေါသပင်လယ်ကြီးက ဝါးမျိုဖို့ ဦးတည်လာပါတယ်။

​ဒီလိုလှိုင်းတံပိုးကြီးတွေရှေ့မှာတော့ ချင်ဟော့ချန်ဟာ ပင်လယ်ကို ငြိမ်သက်စေတဲ့ နတ်တိုင်ကြီး လိုပဲ ဘာလှုပ်ရှားမှုမှမရှိဘဲ တည်ငြိမ်နေပါတယ်။

သူက ဓားတစ်ချက်ပဲ ထုတ်လိုက်ပါတယ်။

​ဒေါသပင်လယ်ရဲ့ ထင်ယောင်ထင်မှား အာရုံတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတယ်။

ပိုင်လီဟန်ကန်းဟာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး ရင်ဘတ်ကို ဖိကာ အသက်ရှူနှုန်းကို ခဏလောက် ထိန်းလိုက်ရပါတယ်။

သူဟာ လည်ချောင်းထဲက ငန်ကျိကျိနဲ့ ခါးသက်သက်နိုင်လှတဲ့ သွေးတွေကို ဖြည်းဖြည်းချင်း မျိုချလိုက်ပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ချင်ဟော့ချန်ကို ကြည့်ကာ လက်အုပ်ချီ ဂါရဝပြုလိုက်တယ်

​"ချင်မိတ်ဆွေ... ငါ ရှုံးပါပြီ"

​မိုးမြေဓားဂိုဏ်းက ဓားကျင့်ကြံသူတွေရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

သေခြင်းတရားဓားဆန္ဒ ကို ရှုံးနိမ့်သွားတာဟာ အရှက်ရစရာတော့ မဟုတ်ပါဘူး။

​ချင်ဟော့ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သွေးတွေကို အရှိန်နဲ့ အန်ထုတ်လိုက်ရပါတယ်။

သူ့ကိုယ်ပေါ်က သေခြင်းအငွေ့အသက်တွေဟာလည်း ပျောက်ကွယ်သွားခြင်းမရှိဘဲ သူ့တစ်ကိုယ်လုံးကို အမြဲတမ်း ရစ်ပတ်နေပါတော့တယ်။

​ပွဲကြည့်နေတဲ့သူတွေက ဒါကိုမြင်တဲ့အခါ မချိတင်ကဲနဲ့ ခေါင်းခါလိုက်ကြပါတယ်။

​ချင်ဟော့ချန်ဟာ ဒီပွဲမှာ အနိုင်ရခဲ့ပေမဲ့ သူ့ရဲ့ဒဏ်ရာက ပိုပြီး ပြင်းထန်သွားခဲ့ပါပြီ။

ဒါဟာ သေခြင်းတရားဓားဆန္ဒနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။

​ခုနက သူထုတ်လိုက်တဲ့ ဓားချက်ဟာ ပိုင်လီဟန်ကန်းကို အပြတ်အသတ် နှိမ်နင်းလိုက်တာမျိုး မဟုတ်ဘဲ၊ ကိုယ့်အသက်ဘေးကို လုံးဝဂရုမစိုက်ဘဲ အကာအကွယ်မရှိ တိုက်ခိုက်ခဲ့တာ ဖြစ်လို့ ဒေါသပင်လယ်ဓားဆန္ဒရဲ့ ထိခိုက်မှုကိုလည်း သူကိုယ်တိုင် အပြည့်အဝ ခံလိုက်ရတာ ဖြစ်ပါတယ်။

​"အားလုံးပဲ... ဒီနေရာမှာ ဓားစိန်ခေါ်တဲ့လမ်းစဉ်ကတော့ ပြီးဆုံးသွားပါပြီ ကျွန်တော်တို့ အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ် နောက်တစ်မှတ်တိုင်ကတော့ တိထျန်း နယ်မြေပါပဲ"

​ဝမ်ကျိလုံက ပြုံးလျက် သူ့ဘေးက မသေမျိုး ဓားကျင့်ကြံသူတွေကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​မိုးမြေဓားဂိုဏ်းက မသေမျိုးဓားကျင့်ကြံသူက ခဏစဉ်းစားပြီး ခေါင်းခါလိုက်တယ်

"ဒီတိုက်ပွဲက မပြီးသေးဘူး"

​အားလုံး အံ့ဩသွားကြပါတယ်။

​မိုးမြေဓားဂိုဏ်းမှာ ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်ရှိတဲ့ ဓားကျင့်ကြံသူတွေ ရှိနေသေးတာ အမှန်ပါပဲ၊ ဒါပေမဲ့... ပိုင်လီဟန်ကန်းဟာ အဲဒီထဲမှာ ထိပ်သီးပါ။

​သူ ရှုံးသွားပြီဆိုကတည်းက ဓားစိန်ခေါ်တာဟာ ဒီမှာတင် ရပ်တန့်ရမှာပါ။

တကယ်လို့ တခြားသူတွေကို ထပ်ပြီး ထွက်ခိုင်းမယ်ဆိုရင် ဓားစိန်ခေါ်ခြင်းရဲ့ အနှစ်သာရ ပျောက်ဆုံးသွားပါလိမ့်မယ်။

​မုတ်ဆိတ်ရှည်နဲ့ ဓားကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလင်တို့နဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။

အားလုံးရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေကို မြင်နေရပါတယ်။

​ဝမ်ကျိလုံက မျက်လုံးကို ကျဉ်းလိုက်ပြီး

"အော် ချန်ဖူ မိတ်ဆွေ... ဒီစကားက ဘာသဘောလဲ မင်းတို့ဂိုဏ်းက ပိုင်လီဟန်ကန်းက မိုးမြေဓားဂိုဏ်းရဲ့ ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်တွေထဲမှာ ထိပ်သီးမဟုတ်ဘူးလို့ ပြောချင်တာလား"

​"ထိပ်သီးလည်း ဟုတ်တယ်၊ မဟုတ်ဘူးလည်း ပြောလို့ရတာပေါ့"

​မိုးမြေဓားဂိုဏ်းက မသေမျိုးက အေးအေးဆေးဆေး ပြောလိုက်တယ်

"ပိုင်လီဟန်ကန်းက ပညာရှင်တစ်ယောက် ဖြစ်တာ မှန်ပေမဲ့ ငါတို့ဂိုဏ်းက တခြား ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်တွေကလည်း သာမန်တွေ မဟုတ်ကြဘူး သူတို့မှာလည်း မင်းတို့ရဲ့ ဓားကို လက်ခံဖို့ အရည်အချင်း ရှိကြပါတယ်"

​"ဒါကတော့ ဓားစိန်ခေါ်ခြင်းရဲ့ အနှစ်သာရ ပျောက်ဆုံးသွားပြီ"

ဝမ်ကျိလုံက တည်ငြိမ်စွာ ပြောပါတယ်။

​"ဓားစိန်ခေါ်တဲ့ စည်းကမ်းထဲမှာ ဒါကို မတားမြစ်ထားဘူးလေ၊ အနှစ်သာရ ပျောက်သွားတယ်လို့ ပြောလို့မရဘူး"

​အရပ်မျက်နှာအသီးသီးက ဓားကျင့်ကြံသူတွေဟာ တိုးတိုးတိုးတိုး ပြောဆိုနေကြပြီး မျက်နှာထားတွေကတော့ ထူးဆန်းနေပါတယ်။

ဒါပေမဲ့ ဘယ်သူမှတော့ ဝင်မတားကြပါဘူး။

​တကယ် သေချာစဉ်းစားကြည့်ရင် ဒါဟာ စည်းကမ်းဖောက်ဖျက်တာတော့ မဟုတ်ပါဘူး။

အရင်တုန်းကတော့ ဒါဟာ လူတိုင်း လက်ခံထားတဲ့ အစဉ်အလာမို့လို့ ဘယ်သူမှ ဒီလိုမလုပ်ခဲ့ကြတာပါ။

ဒီလိုလုပ်တာက ကိုယ့်အတွက်လည်း ဘာမှ အကျိုးမရှိလို့ပါပဲ။

​ဒါပေမဲ့... အခုတော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားနတ်ဘုရားအဘိုးအိုက ကွယ်လွန်သွားပြီ၊ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာ ဝမ်ကျိလုံ ဆိုတဲ့ မသေမျိုး တစ်ယောက်တည်းပဲ အလံကို ထမ်းထားရတာပါ။

မိုးမြေဓားဂိုဏ်းက ဒီလိုလုပ်နေတာကို ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းဘက်က ဘာမှ တုံ့ပြန်နိုင်စွမ်း မရှိပါဘူး။

​ဝမ်ကျိလုံရဲ့ မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

သူက ဆက်ပြီး ဟန်မဆောင်တော့ဘဲ တည့်တည့်ပဲ အော်ပြောလိုက်တယ်

​"မင်းတို့ ဒီနေ့ ငါတို့ကို မိုးမြေကျွန်းမှာတင် ပိတ်ထားချင်တာလား ဘာလို့ ဒီလို လုပ်နေရတာလဲ ငါတို့ တိထျန်း ကို သွားရင် တစ်ခုခုဖြစ်သွားမှာ ကြောက်နေလို့လား "

​သူက ခွန်လွန်ဓားဂိုဏ်းက လွှတ်လိုက်တဲ့ မသေမျိုးဓားကျင့်ကြံသူကို ကြည့်လိုက်ပါတယ်။

ဒီလူကသာ နောက်ကွယ်ကနေ ညွှန်ကြားမထားရင် မိုးမြေဓားဂိုဏ်းဟာ သူတို့ကို ဒီလောက်အထိ အတင်းအကျပ် တားဆီးရဲမှာ မဟုတ်ပါဘူး။

​ဘာပဲဖြစ်ဖြစ် မျက်နှာပျက်သွားပြီဆိုရင်တော့ ဒါဟာ ရိုးရိုးတန်းတန်း ဓားစိန်ခေါ်တာမျိုး မဟုတ်တော့ဘဲ အသက်တွေနဲ့ ရင်းရတော့မှာလေ

​"ဝမ်မိတ်ဆွေ အများကြီး မတွေးပါနဲ့ မင်းတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ အစွမ်းနဲ့ဆိုရင် တိထျန်း ကို ရောက်သွားရင်တောင်... ဓားစိန်ခေါ်တဲ့လမ်းစဉ်ကို ဆုံးအောင် လျှောက်နိုင်မှာ မဟုတ်ပါဘူး ဒါတွေက ငါတို့ ခွန်လွန်ဓားဂိုဏ်းနဲ့ ဘာမှ မပတ်သက်ပါဘူး"

ခွန်လွန်ဓားဂိုဏ်းက မသေမျိုးက ပြုံးပြီး ပြောလိုက်ပါတယ်။

​"မင်းမျိုးရိုးက ဝူ မဟုတ်လား အရင်တုန်းက ယုံအန်းမြို့မှာ ဖန့်ချန်လက်ထဲ သေသွားတဲ့ ဝူချန်စန်း က မင်းရဲ့ တိုက်ရိုက်ဆွေမျိုး မဟုတ်လား အခုတော့ စကားတွေ အများကြီး ပြောနေပြီးတော့ တကယ်တမ်းကျတော့ ငါ့ကို လာပြီး အော့နှလုံးနာအောင် လက်စားချေနေတာပဲ"

​ဝမ်ကျိလုံက ဒေါသတကြီး ရယ်မောလိုက်တယ်

"ငါ့ကို တကယ်ပဲ ရွှံ့ရုပ်လို့ ထင်နေတာလား မင်းကို ငါ လက်မတုံ့ပြန်ရဲဘူးလို့ မှတ်နေလား"

​ခွန်လွန်ဓားဂိုဏ်းက မသေမျိုးရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီး

"ဘာလဲ မင်းက ကိုယ်တိုင် ဆင်းတိုက်မလို့လား ငါလည်း မကြောက်ပါဘူး၊ တိုက်ချင်ရင် တိုက်လိုက်လေ စည်းကမ်းဖောက်ဖျက်လိုက်တာနဲ့ မင်းတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းဟာ တစ်ညတည်းနဲ့ အမြစ်ပြတ်သွားလိမ့်မယ်"

"မင်းတို့ ကျုံးကျိုးက ဂိုဏ်းချုပ် တွေတောင် မင်းတို့ကို လာကူမှာ မဟုတ်ဘူး သူတို့လည်း ငါတို့ ဘိုးဘေးရဲ့ လက်ထဲက ဓားကို ကြောက်ကြတာပဲ"

​ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက လူအားလုံးရဲ့ မျက်နှာတွေဟာ အရမ်းကို အခြေအနေဆိုးသွားပါတယ်။

သူတို့ရဲ့ ဂိုဏ်းဟာ ဘယ်တုန်းက ဒီလောက်အထိ အခြိမ်းခြောက်ခံရတဲ့ အဆင့်ကို ရောက်သွားရတာလဲ

​"ဝမ် တပည့် ဆက်တိုက်နိုင်ပါသေးတယ်"

ချင်ဟော့ချန်က လက်အုပ်ချီ ပြောလိုက်ပါတယ်။

​ဝမ်ကျိလုံက မျက်လုံးပြူးကြည့်လိုက်တယ်

"မင်းက ဘာဆက်တိုက်နိုင်ဦးမှာလဲ ငါ့တပည့်ကို တကယ့်ပါရမီရှင်တွေရဲ့ လက်ထဲမှာပဲ သေစေချင်တယ် ဒီလို လူယုတ်မာတွေရဲ့ လူအင်အားနဲ့ ဖိတိုက်တာကို ခံပြီး မသေစေချင်ဘူး"

"သူတို့က ပိုင်လီဟန်ကန်းကို ထွက်ခိုင်းပြီးပြီနောက်ဆုံးမှာလည်း ရှုံးသွားပြီဆိုတော့ နောက်ထပ်လူတွေ ထပ်လွှတ်ပြီး မင်းနဲ့ တိုက်ခိုင်းဖို့ မသင့်တော့ဘူး သူတို့ကတော့ အရှက်မရှိ လုပ်ရဲပေမဲ့ ငါကတော့ အဲဒီအရှက်ကို မခံနိုင်ဘူး ပါးစပ်ပိတ်ထားစမ်း"

​"ဝမ်အစ်ကို ဒီလိုပြောတာကတော့ နည်းနည်း ဘက်လိုက်ရ ရောက်နေပြီ"

​"ဓားစိန်ခေါ်တဲ့လမ်းစဉ်ကို ဆက်လျှောက်ဦးမှာလား၊ မလျှောက်တော့ဘူးလား"

​"နှုတ်တိုက်ငြင်းနေတာ အဓိပ္ပာယ်မရှိဘူး ဝမ်အစ်ကို့ရဲ့ တပည့်နှစ်ယောက်လုံးလည်း ဒီလမ်းပေါ်မှာပဲ သေသွားခဲ့တာပဲ ခဏတဖြုတ် ရှောင်လို့ရပေမဲ့ တစ်သက်လုံး ရှောင်လို့မရဘူးဆိုတာ သိသင့်တာပေါ့ သူ သေခြင်းတရားဓားဆန္ဒ ကို နားလည်သွားပြီဆိုမှတော့ သူ့ကို ဆက်တိုက်ခိုင်းလိုက်ပေါ့ အံ့ဖွယ်တွေ ဖြစ်လာနိုင်တာပဲ"

​ဓားဂိုဏ်းအသီးသီးက ဓားကျင့်ကြံသူတွေက တစ်ယောက်တစ်ပေါက် ဝင်ပြောလာကြပါတယ်။

​ကျုံးကျိုး၊ တိထျန်း၊ ပေတု က ကျင့်ကြံသူ အများအပြားဟာ ကောင်းကင်လျှိုဝှက်မှန် ကတစ်ဆင့် ဒီမြင်ကွင်းကို ကြည့်နေကြပြီး၊ သူတပါး ဒုက္ခရောက်တာကို ဝမ်းသာအားရ ကြည့်နေတဲ့သူက ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

အဓိကကတော့ ဓားကျင့်ကြံသူတွေဟာ အရမ်းကို ကြမ်းတမ်းပြီး ရန်သူတွေ အများကြီး ရှိခဲ့လို့ပါပဲ။

ဒီနေ့ ဒီလို အကျပ်ရိုက်နေတာက မိုးမြေဓားဂိုဏ်း ဖြစ်နေရင်တောင် အခုလိုပဲ ဝမ်းသာမယ့်သူတွေ အများကြီး ရှိမှာပါ။

​မုတ်ဆိတ်ရှည်နဲ့ ဓားကျင့်ကြံသူတို့ အုပ်စုကတော့ အခြေအနေ မကောင်းတာကို သိလိုက်ပါပြီ။

ဝမ်ကျိလုံရဲ့ ရှေ့မှာ သူ့ရဲ့ သေဆုံးသွားတဲ့ တပည့်နှစ်ယောက်အကြောင်းကို မပြောမိတာ အကောင်းဆုံးပါပဲ။

တကယ်လို့ ပြောမိရင် ဝမ်ကျိလုံရဲ့ ဒေါသကို မီးရှို့လိုက်သလို ဖြစ်သွားမှာပါ။

​အခုထိ အောင့်အည်းသည်းခံနေတဲ့ ဝမ်ကျိလုံဟာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဓားကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တယ်

​"ငါ မင်းကို မှတ်ထားတယ် မိုးမြေကျွန်းကနေ ထွက်သွားတာနဲ့ မင်း သေရမယ့်နေ့ပဲ "

​"စကားတွေ အများကြီး မပြောနဲ့တော့ ဝမ်ကျိလုံ မင်းတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဒီဓားစိန်ခေါ်တဲ့လမ်းစဉ်ကို ဆက်လျှောက်ဦးမှာလား မလျှောက်ဘူးဆိုရင်လည်း ဒီမှာတင် အရှုံးပေးလိုက် ဒါဆိုရင် မင်းတို့ရဲ့ ဒီပါရမီရှင်တပည့်ကို အသက်ချမ်းသာပေးနိုင်မယ် မဟုတ်ရင်တော့ သူ ဒီနေ့ သေရမှာပဲ"

​ခွန်လွန်ဓားဂိုဏ်းက မသေမျိုးက အေးအေးဆေးဆေး ပြောလိုက်တယ်

"တကယ်လို့ မင်းက ဆက်ပြီး ရန်လုပ်နေဦးမယ်ဆိုရင် ဒီနေ့ ငါတို့ မသေမျိုးတွေ အများကြီး ရောက်နေတာ အားလုံး ဝိုင်းနှိမ်နင်းလိုက်လို့ မရဘူးလို့ ထင်နေလား"

​ဝမ်ကျိလုံက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်နှာကတော့ အလွန်ပျက်နေပါတယ်။

မုတ်ဆိတ်ရှည်နဲ့ ဓားကျင့်ကြံသူတို့က ဒီလူအိုကြီး ဒီလောက်အထိ ဒေါသထွက်နေတာကို မြင်တော့ အားလုံးက လက်သီးကို တင်းတင်းဆုပ်ထားကြပါတယ်။

​"သွားတော့လေ"

​ဟင်းလင်ပြင်ထဲမှာတော့ ရွှင်အဘိုး က ဖန့်ချန်ရဲ့ ပုခုံးကို အသာအယာ ပုတ်လိုက်ပါတယ်။

​ဖန့်ချန်က သူ့ကို လက်အုပ်ချီ ဂါရဝပြုလိုက်ပြီး အောက်ဘက်ကို လျှောက်ဆင်းသွားပါတော့တယ်။

​"ဒီအချိန်မှာ ဘယ်က အဆင့်နိမ့်ကောင်က ငါတို့ခေါင်းပေါ်မှာ လျှောက်သွားနေရတာလဲ "

​တစ်ယောက်ယောက်က ဖန့်ချန်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်ပါတယ်။

​အားလုံးက ခေါင်းမော့ကြည့်လိုက်ကြပါတယ်။

​ဒါပေမဲ့ ရုတ်တရက် အံ့ဩတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပါတယ်။

ကျန်းလင်ရဲ့ ဘေးမှာရပ်နေတဲ့ လန်ယာဝင်ချိုး က အံ့ဩလွန်းလို့ အသံထွက်သွားတာပါ

​"ဒါ... ဖန့်စီနီယာ မဟုတ်လား"

​တခြားတောင်ထိပ်က တပည့်တွေအားလုံးရဲ့ ကိုယ်တွေဟာ တုန်ခါသွားပြီး မော့ကြည့်လိုက်တဲ့အခါမှာတော့ တကယ်ပဲ ရင်းနှီးနေသလို ရှိပေမဲ့ အနည်းငယ် စိမ်းသက်နေတဲ့ ထိုပုံရိပ်ကို မြင်လိုက်ရပါတော့တယ်။

​ဝမ်ကျိလုံရဲ့ မျက်နှာဟာ အသာအယာ လှုပ်ရှားသွားပြီး ဖန့်ချန်ကို ငြိမ်သက်စွာ စိုက်ကြည့်နေပါတယ်။

​ဖန့်ချန်ဟာ ရှေ့ကို ရောက်လာပြီး လက်အုပ်ချီ ပြောလိုက်တယ်

"ဆရာ... တပည့် ဝိညာဉ်သန္ဓေသားအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ ဓားဦးဆောင်သူရဲ့ တာဝန်ကို ထမ်းဆောင်နိုင်ပါပြီ"

​ဝိညာဉ်သန္ဓေသားအဆင့်ကို အောင်မြင်သွားပြီလားလန်ယာဝင်ချိုးတို့အားလုံးရဲ့ မျက်နှာမှာ ဝမ်းသာအားရဖြစ်မှုတွေ ပေါ်လာသလို ချင်ဟော့ချန်တောင်မှ အံ့ဩသွားပြီးနောက် ဖြည်းဖြည်းချင်း ပြုံးလိုက်ပါတော့တယ်။

​

​အခန်း (၈၇၀) ဓားလမ်းစဉ်ကို ဖြတ်တောက်ခြင်း

​လူအများဟာ ထူးဆန်းတဲ့ မျက်နှာပေးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး စုံစမ်းမေးမြန်းနေကြပြီးမှ ရှေ့ကလူဟာ ဘယ်သူလဲဆိုတာကို သိသွားကြပြီး စိတ်ထဲမှာ အံ့ဩသွားကြပါတယ်။

​တကယ်တော့ ဒီလူကမှ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက တရားဝင် တင်မြှောက်ထားတဲ့ ဓားဦးဆောင်သူ အစစ်အမှန် ဖြစ်နေတာကိုး။

​ဖန့်ချန်ရဲ့ ပုံရိပ်ဟာ ကောင်းကင်လျှိုဝှက်မှန် အချပ်တိုင်းမှာ ပေါ်လာပါတယ်။

တိထျန်း နဲ့ ပေတု ဘက်ကလူတွေကတော့ ပွဲကြည့်ပရိသတ်အဖြစ်နဲ့ပဲ ဒီလူရဲ့ နောက်ကြောင်းကို ဝိုင်းဝန်းဆွေးနွေးနေကြပါတယ်။

​ကျုံးကျိုးမှာတော့ လူအတော်များများဟာ မှန်ရှေ့မှာ အံ့ဩတုန်လှုပ်သွားကြပြီး တချို့ဆိုရင် သူတို့မျက်လုံးကိုတောင် ပြန်ပွတ်ပြီး ကြည့်နေကြပါတယ်။

​တာအိုသုံးထောင်ဂိုဏ်း မှာတော့ လီတောက်ယဲ့ဟာ လူအုပ်စုကို ခေါ်ပြီး ဂိုဏ်းချုပ်နန်းဆောင်ရှေ့မှာ ရပ်နေပါတယ်။

မှန်ထဲက မြင်ကွင်းကို ကြည့်ရင်း သူတို့ရဲ့ မျက်နှာတွေမှာ စိတ်လှုပ်ရှားမှုရော ဝမ်းသာမှုပါ အပြည့်ဖြစ်နေပါတယ်။

​"ဒါ... ဖန့်ဘိုးဘေး ပဲဟေ့ "

​"တကယ်ပဲ အစ်ကိုကြီးပဲ... အစ်ကိုကြီးက ဘာလို့ အခုထိ ငယ်နေသေးတာလဲ အရင်ကထက်တောင် ပိုပြီး နုပျိုသွားသလိုပဲ..."

​ဖန့်ကျစ်ရွှယ် ကတော့ ထူးဆန်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေပါတယ်။

​သူမဟာ လီတောက်ယဲ့ရဲ့ ပါးစပ်ကနေ ဖန့်ချန် ကျုံးကျိုးမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း အများကြီး ကြားထားပြီးသားပါ။

ဒါကြောင့်လည်း သူမဟာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဒီတစ်ခေါက် ဓားစိန်ခေါ်တဲ့ခရီးစဉ်ကို အရမ်း စိတ်ဝင်တစား ရှိနေခဲ့တာဖြစ်ပြီး၊ အခုလို မှန်ထဲမှာ ဖန့်ချန်ရဲ့ ပုံရိပ်ကို မြင်လိုက်ရမယ်လို့ မထင်ထားခဲ့ပါဘူး။

​"အေးဆေးပဲ အားလုံးပဲ... ဒီတစ်ခေါက် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်ပွဲကတော့ အေးဆေးဖြစ်သွားပြီ ငါက ဖန့်... ဦးလေးဘိုးဘေး အကြောင်း အသိဆုံးပဲ သူက အပိုင်မရရင် ဘယ်တော့မှ မတိုက်ဘူး"

လီတောက်ယဲ့က ဖြဲရယ်ပြီး ပြောလိုက်ပါတယ်။

​ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာတော့ တောင်ထိပ်အသီးသီးက လူတွေဟာ မှန်အောက်မှာ စုရုံးနေကြပါတယ်။

ခုနတင်က မိုးမြေဓားဂိုဏ်းရဲ့ အရှက်မရှိတဲ့ လုပ်ရပ်ကြောင့် ဒေါသတကြီးနဲ့ သွားကြိတ်နေကြတဲ့ သူတို့တွေဟာ အခုတော့ တစ်ယောက်ကိုတစ်ယောက် အံ့ဩတကြီး ကြည့်နေကြပါတယ်။

​တစ်ယောက်က အံ့ဩတကြီးနဲ့ မေးလိုက်တယ်

"ဒါ ဖန့်ချန် မဟုတ်လား ငါ မမှားဘူးမလား ငါတို့ရဲ့ ဒီဓားဦးဆောင်သူက ဝိညာဉ်သန္ဓေသား ကို စုစည်းနိုင်သွားပြီလား"

​"မမှားဘူး၊ သူပဲ ဝိညာဉ်သန္ဓေသားကို စုစည်းနိုင်သွားပြီဆိုရင် သူလည်း ဓားစိန်ခေါ်တဲ့လမ်းစဉ်ကို လျှောက်လို့ရပြီပေါ့ ချင်ဟော့ချန်လည်း ခဏလောက် နားလို့ရသွားပြီ"

​"ဒါဆိုရင်... ဒီတစ်ခေါက် ငါတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းအတွက် အခြေအနေ ကောင်းသွားပြီပေါ့"

​"အခြေအနေ ကောင်းသွားတာထက်ကို ပိုတာပေါ့"

​ဩဇာညောင်းတဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။

​အားလုံးက လှည့်ကြည့်လိုက်တဲ့အခါ လူတစ်ယောက်က သူတို့ကို ကျောခိုင်းပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ခေါင်းကို ၄၅ ဒီဂရီလောက် မော့ပြီး မှန်ထဲက မြင်ကွင်းကို ကြည့်နေတာကို မြင်လိုက်ရပါတယ်

​"ဖန့်ဓားဦးဆောင်သူရဲ့ ဓားက... အဆင့်တူတွေထဲမှာဆိုရင် ခွန်လွန်ဓားဂိုဏ်းထဲမှာတောင် ပြိုင်ဘက်ရှာတွေ့ဖို့ ခက်လိမ့်မယ် ဒီတစ်ခါတော့ တစ်လောကလုံးက ဓားဂိုဏ်းတွေ စကားပြောနိုင်တော့မှာ မဟုတ်ဘူး ငါတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက... အာဃာတရှိရင် လက်စားချေမယ်၊ မကျေနပ်ချက်ရှိရင် ပြန်ရှင်းမယ် "

​အာဃာတရှိရင် လက်စားချေမယ်၊ မကျေနပ်ချက်ရှိရင် ပြန်ရှင်းမယ်

​အားလုံးရဲ့ စိတ်ဓာတ်တွေက ပိုပြီး တက်ကြွလာကြပါတယ်။

​နတ်ဘုရားနန်းတော် နဲ့ နတ်ဘုရားအိမ်တော်အသီးသီးကလည်း ဒီတိုက်ပွဲကို စောင့်ကြည့်နေကြပါတယ်။

အဲဒီထဲမှာ ဖန့်ချန်နဲ့ ပတ်သက်ဖူးတဲ့သူတွေလည်း မနည်းပါဘူး။

ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းဖို့ ရှုံးနိမ့်ခဲ့ဖူးတဲ့ ပါရမီရှင်တစ်ယောက်က ရုတ်တရက် ပြန်ပေါ်လာပြီး အောင်အောင်မြင်မြင်နဲ့ ဝိညာဉ်သန္ဓေသားကို စုစည်းနိုင်သွားတာကတော့ အားလုံးအတွက် အံ့ဩစရာပါပဲ။

​မိုးမြေကျွန်းမှာတော့ လော့ကျင်းဘုရင်မဟာ ဖန့်ချန်ကို စမြင်မြင်ချင်းမှာတင် ရင်းနှီးနေသလို ခံစားလိုက်ရပါတယ်။

သူမ သေသေချာချာ ထပ်ကြည့်လိုက်တဲ့အခါမှာတော့ မျက်နှာပေးက တဖြည်းဖြည်း မကောင်းတော့ပါဘူး။

​လိပ်ခေါင်းစိမ်းကလည်း လည်ပင်းကို အစွမ်းကုန်ဆန့်ပြီး ခဏလောက် စိုက်ကြည့်နေပြီးမှ ရုတ်တရက် အသက်ပြင်းပြင်းရှူပြီး အသံထွက်သွားတယ်

​"ဘုရင်မကြီး... ဟိုကောင်ပဲ..."

​ကျော့ရွှီကတော့ တိုးတိုးလေး ရေရွတ်လိုက်တယ်

"ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဖဲချပ်တစ်ချပ် ချန်ထားသေးတာပဲ ကြည့်ရတာ သူတို့က ချင်ဟော့ချန်ကို လေ့ကျင့်ပေးချင်လို့ ဒါကို အသုံးချပြီး သေခြင်းတရားဓားဆန္ဒ ကို နားလည်အောင် တမင်လုပ်ခဲ့တာ ထင်တယ်"

​စကားဆုံးတော့ သူက လော့ကျင်းဘုရင်မကို ကြည့်လိုက်ပါတယ်။

သူမရဲ့ မျက်နှာက ဖြူဖျော့နေတာကို မြင်တော့ သူက ပြုံးပြီး မေးလိုက်တယ်

​"ဘာဖြစ်လို့လဲ"

​လော့ကျင်းဘုရင်မရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပါတယ်။

သူမ ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ပြောပြတာ ပိုကောင်းမယ်လို့ ထင်တာကြောင့် ဖြစ်ခဲ့သမျှကို အသံလှိုင်းနဲ့ တိုးတိုးလေး ပြောပြလိုက်ပါတယ်။

​"ကိစ္စအသေးအဖွဲပါပဲ၊ အထင်လွဲတာပဲလေ သူလည်း အခု ဘာမှမဖြစ်ဘူးဆိုတော့ မင်းကို ဒုက္ခလာပေးမှာ မဟုတ်ပါဘူး တကယ်လို့ လိုအပ်ရင် ငါကိုယ်တိုင် ဝင်ပြောပေးမယ်၊ မကြောက်ပါနဲ့"

ကျော့ရွှီက ပြုံးပြီး ပြောပါတယ်။

​လော့ကျင်းဘုရင်မ စိတ်သက်သာရာ ရသွားပါတယ်။

သူမဟာ ဒီသခင်လေး ကျော့ရွှီရဲ့ နောက်ခံနဲ့ အရင်းအမြစ်ကို ကောင်းကောင်းသိထားတာမို့လို့၊ သူက ဘာမှမဖြစ်ဘူးလို့ ပြောပြီဆိုရင်တော့ ဟိုလူက နောက်မှ သူမကို ပြန်ပြီး ဒုက္ခပေးမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

​"ဒီကောင်လေးက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖြစ်နေမယ်လို့ တကယ် မထင်ထားမိဘူး..."

သူမ စိတ်ထဲကနေ တိတ်တိတ်လေး ရေရွတ်လိုက်ပါတယ်။

​ဝမ်ကျိလုံက ဖန့်ချန်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်ပြလိုက်တယ်

"ပြန်လာပြီလား ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းတာ အဆင်ပြေရဲ့လား "

​"မမျှော်လင့်ထားတဲ့ အဖြစ်အပျက်လေးတွေ ရှိခဲ့ပေမဲ့ တပည့်အတွက်တော့ ကံကောင်းခြင်း ဖြစ်သွားပါတယ် အခုတော့ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့် ကို ရောက်နေပါပြီ"

ဖန့်ချန်က ပြောလိုက်ပါတယ်။

​ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းတာ မကြာသေးဘူး၊ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့်ကို ရောက်နေပြီလား

​ဒီတစ်ခါတော့ နတ်ဘုရားအိမ်တော်တွေက လာတဲ့ ကျင့်ကြံသူတွေတောင် အံ့ဩတကြီး ဖြစ်သွားကြပါတယ်။

ဘယ်လောက်တောင် ကြီးမားတဲ့ ကံကောင်းမှုမျိုးနဲ့ ကြုံခဲ့လို့ ဒီလောက်အထိ ထူးခြားဆန်းပြားတဲ့ ကိစ္စမျိုး ဖြစ်နိုင်ရတာလဲ

​"ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့်..."

​ကျင်ယွဲ့ဟန်ရဲ့ မျက်နှာကတော့ ရှုပ်ထွေးနေပါတယ်။

သူမကတော့ အခုထိ ရွှေအမြုတေအဆင့် မှာပဲ ရှိပါသေးတယ်။

ဒါက မဟာချန်း ကိစ္စကနေ အခုထိဆိုရင် နှစ်ပေါင်း ၅၀ ကျော်ပဲ ရှိပါသေးတယ်။

​အဲဒီတုန်းက မဟာရှ မှာ ဝိညာဉ်ခြင်ဆီ ထွက်ပေါ်လာတာကို သူမ မြင်ခဲ့ရပြီး၊ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းအတွက် ယွီနတ်မိမယ် ကို တပည့်အဖြစ် လက်ခံခဲ့တာပါ။

အဲဒီအချိန်တုန်းက ဖန့်ချန်ဟာ... သာမန် ချီသန့်စင်ခြင်းကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်ပါသေးတယ်။

​အခုတော့ နှစ်တစ်ရာတောင် မပြည့်သေးဘူး၊ အဲဒီတုန်းက သာမန်ကျင့်ကြံသူလေးဟာ အခုတော့ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့် ဖြစ်နေပါပြီ။

​အောက်လေးဘုံရဲ့ ထိပ်ဆုံးကို ရောက်နေပြီဖြစ်လို့ နောက်ထပ် ခြေတစ်လှမ်းပဲ လိုတော့တယ်၊ အလယ်သုံးဘုံ ထဲကို ဝင်ရောက်နိုင်တော့မှာပါ။

​"ကောင်းတယ်"

​ဝမ်ကျိလုံရဲ့ မျက်နှာမှာ နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာပါတယ်။

သူက ဖန့်ချန်ရဲ့ ပုခုံးကို အားရပါးရ ပုတ်လိုက်ပြီး၊ မိုးမြေဓားဂိုဏ်းက မသေမျိုး ချန်ဖူ ကို ကြည့်လိုက်တယ်

​"ချန်ဖူ... ငါတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ အစစ်အမှန် ပြန်လာပြီ ဒီဓားစိန်ခေါ်တဲ့လမ်းစဉ်ကိုတော့ သူကပဲ ဆက်လျှောက်လိမ့်မယ် မင်းတို့ဂိုဏ်းက ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့် ရှိတဲ့သူတွေ အကုန်လုံးကို ထွက်ခိုင်းလိုက်တော့"

​မိုးမြေဓားဂိုဏ်းက မသေမျိုးက မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းညိတ်ပြကာ၊ သူ့တပည့်တွေကို ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့် ရှိတဲ့သူတွေအားလုံးကို ခေါ်ထုတ်ခိုင်းလိုက်ပါတယ်။

​ခွန်လွန်ဓားဂိုဏ်းက လူကတော့ ဖန့်ချန်ကို အကြိမ်ကြိမ် အကဲခတ်နေပြီး မျက်နှာမှာ မသိမသာ ပြုံးယောင်သန်းနေပါတယ်။

သူက အေးအေးဆေးဆေး ပြောလိုက်တယ်

​"မင်းရဲ့ဓားက သာမန်လူတွေ ကြည့်လို့တောင် မရဘူး၊ ကြည့်မိရင် သက်တမ်း ကုန်ခမ်းသွားလိမ့်မယ်ဆိုတဲ့ ကောလာဟလက တကယ်ပဲလား"

​"စီနီယာ... ဒါက ကောလာဟလပဲလေ၊ အစစ်လား အတုလားဆိုတာက စိတ်ထဲမှာပဲ ရှိပါတယ် ကျွန်တော် ပြောတာကတော့ အတည်ယူလို့ မရပါဘူး"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​"ဒါဆိုလည်း နေပါဦးလေ၊ ခဏနေရင်တော့ ငါကိုယ်တိုင် ကြည့်ရတော့မှာပဲ"

တစ်ဖက်လူက ရယ်ပြီးတော့ ဘာမှ ဆက်မပြောတော့ပါဘူး။

​ချင်ဟော့ချန်က ဖန့်ချန်ရဲ့ ဘေးကို လျှောက်လာပြီး

"ဖန့်ညီလေး နောက်ပိုင်းကိုတော့ ညီလေးကိုပဲ အားကိုးရတော့မယ်"

​"စီနီယာ စိတ်ချပါ"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပါတယ်။

​ချင်ဟော့ချန်ဟာ လူအုပ်ထဲကို ပြန်သွားပြီး ကြမ်းပြင်ပေါ်မှာ တရားထိုင်ကာ ဒဏ်ရာတွေကို ငြိမ်သက်စွာ ကုသနေပါတော့တယ်။

​ဆယ်စက္ကန့်လောက် ကြာတဲ့အခါမှာတော့ ဓားကျင့်ကြံသူ တစ်ရာကျော်ဟာ ဓားအလင်းတန်းတွေအဖြစ် ရောက်လာကြပါတယ်။

သူတို့အားလုံးဟာ မိုးမြေဓားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့်တွေပါပဲ။

​လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာတော့ ခန့်မှန်းမိနေကြပါတယ်။

ဒီဓားဦးဆောင်သူ ဖန့်ချန်ဟာလည်း ချင်ဟော့ချန်လိုပဲ လူအင်အားနဲ့ ဝိုင်းတိုက်တာကို ခံရတော့မှာပဲလို့ပေါ့။

​သူ... ဒီနေ့ မိုးမြေကျွန်းကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ပါဘူး။

​ဘယ်လောက်ပဲ တော်တဲ့ ဓားကျင့်ကြံသူ ဖြစ်ပါစေ၊ တကယ်ပဲ အဆင့်တူ ပါရမီရှင် တစ်ရာကျော်ကို ဆက်တိုက် အနိုင်ယူနိုင်ပါ့မလား

​လူအများအမြင်မှာတော့ ဒါဟာ မဖြစ်နိုင်သလောက်ပါပဲ။

​မိုးမြေဓားဂိုဏ်းက ဝိညာဉ်သန္ဓေသား အထွတ်အထိပ် တစ်ယောက် ရှေ့ကို ထွက်လာတဲ့အခါမှာတော့ အားလုံးရဲ့ အာရုံဟာ သူတို့နှစ်ယောက်ဆီကို ရောက်သွားပါတယ်။

​"မိုးမြေဓားဂိုဏ်းက..."

​"မင်းရဲ့ နာမည်ကို သိစရာ မလိုဘူး ဒီနေ့ ငါလျှောက်နေတာက ဓားစိန်ခေါ်တဲ့လမ်းစဉ် ဖြစ်သလို၊ ဓားလမ်းစဉ်ကို ဖြတ်တောက်တဲ့ခရီး လည်း ဖြစ်တယ်"

​ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး တစ်ဖက်လူရဲ့ မိတ်ဆက်စကားကို ဖြတ်ပြောလိုက်ပါတယ်။

​တစ်ဖက်လူရဲ့ မျက်နှာ ပျက်သွားပြီး မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

​အရပ်မျက်နှာအသီးသီးက ဓားကျင့်ကြံသူတွေဟာ ဖန့်ချန်ကို မျက်မှောင်ကြုတ်ပြီး အကဲခတ်နေကြသလို၊ သူပြောလိုက်တဲ့ ဓားလမ်းစဉ်ကို ဖြတ်တောက်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း စဉ်းစားနေကြပါတယ်။

​"ဒါဆိုရင်လည်း တိုက်လိုက်လေ"

မိုးမြေဓားဂိုဏ်းက ကျင့်ကြံသူက အေးစက်စက် ပြောလိုက်ပါတယ်။

​စကားလည်း ဆုံးရော...

​ဓားအလင်းတစ်ချက် ဝင်းခနဲ ဖြစ်သွားပါတယ်။

​သူ့ရဲ့ ခေါင်းဟာ ကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းချင်း လွင့်ကျသွားပါတော့တယ်။

ဝိညာဉ်သန္ဓေသားတောင်မှ အပိုင်းပိုင်းပြတ်သွားခဲ့ပြီး ကိုယ်ထဲကနေ ထွက်ပြေးဖို့တောင် အချိန်မရလိုက်ပါဘူး။

​"ဒီနေ့ မိုးမြေဓားဂိုဏ်းရဲ့ ပထမဆုံးဓားကို ဖြတ်တောက်လိုက်ပြီ နောက်တစ်ယောက်"

​ဖန့်ချန်ရဲ့ အေးစက်လှတဲ့ အသံဟာ အားလုံးရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပြီး၊ မှင်သက်နေတဲ့ သူတွေကို သတိပြန်ဝင်လာစေပါတယ်။

​ခုနက ဓားချက်က... သူတို့ ဘယ်လိုမှတောင် မမြင်လိုက်ရပါဘူး။

အဆင့်တူ ဝိညာဉ်သန္ဓေသား အထွတ်အထိပ် ဓားကျင့်ကြံသူတစ်ယောက်ဟာ ဒီလိုပဲ အသတ်ခံလိုက်ရတာလား

​မိုးမြေဓားဂိုဏ်းက ဓားကျင့်ကြံသူတွေဟာ ဖန့်ချန်ကို လူသတ်လိုတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ကြပါတယ်။

​မသေမျိုး ချန်ဖူ ရဲ့ မျက်နှာက အပြုံးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စွာ ပြောလိုက်တယ်

​"မင်းက တကယ်ပဲ အသေသတ်ဖို့ ဆုံးဖြတ်ထားတာလား"

All Chapters