← Chapters

အခန်း (၈၆၁-၈၆၂)

Vol. 87 Ch. 861-862

အခန်း (၈၆၁-၈၆၂)

Vol. 87 Ch. 861-862

​အခန်း (၈၆၁) ရဲဘော်ရဲဘက်များ... နောက်ထပ်တစ်ဘဝလောက် ထပ်ပြီး တိုက်ပွဲဝင်ကြမလား

​"သခင်လေး... ဘယ်လိုစီရင်ရမလဲ"

​ရှင်းရှန်းက ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။

​ဖန့်ချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပုဒုမသေမျိုးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်

"ဘယ်လိုပဲဖြစ်ဖြစ် လူဟောင်းတွေပဲလေ နှစ်ပေါင်းများစွာကြာမှ ပြန်ဆုံတာကို လက်နက်တွေနဲ့ နှုတ်ဆက်ကြတာ မကောင်းပါဘူး သူ့ကို လွှတ်ပေးလိုက်ပါ ငါမေးစရာလေးတွေ ရှိသေးတယ်"

​ရှင်းရှန်းက အသာအယာ ခေါင်းညိတ်ပြီး ဝတ်ရုံစကို ပြန်ရုပ်သိမ်းလိုက်ရာ ပုဒုမသေမျိုးမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး အသက်ကို လုရှူနေရတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအင်များ ပြန်လည်လည်ပတ်လာမှသာ အသက်ရှင်ရာ ရောက်တော့သည်။

​ခုနကတင် သူ တကယ်သေတော့မည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းရာချီ ကျင့်ကြံလာခဲ့ရာတွင် ပထမဆုံးအကြိမ် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး သူ၏ ဦးနှောက်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အကြောင်းအရာများပင် ပြန်လည်မြင်ယောင်လာခဲ့သည်။

​သတိပြန်ဝင်လာပြီးနောက် ပုဒုမသေမျိုးသည် ဖန့်ချန်နှင့် ရှင်းရှန်းကို ကြောက်လန့်တကြား ကြည့်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်

​"ပုဒုက လူနုံလူအမို့ သခင်လေးကို ပြစ်မှားမိပါတယ် သခင်လေး ခွင့်လွှတ်ပေးပါ သခင်လေးက ဂုဏ်သရေရှိ မိသားစုက ဆင်းသက်လာမှန်း ပုဒု တကယ်မသိခဲ့လို့ပါ သိခဲ့ရင် သခင်လေးရဲ့ မျက်စိရှေ့ကိုတောင် လာမှာမဟုတ်ပါဘူး၊ အဝေးကြီးကို ရှောင်နေမှာပါ"

​"ဘာလို့ ဒူးထောက်ပြီး စကားပြောနေတာလဲ တကယ်ကို အားနာစရာကြီး"

​ဖန့်ချန်က အသာအယာ ခေါင်းယမ်းလိုက်သည်။

​ဒူးထောက်ရမယ်

​ပုဒုမသေမျိုး ကြောင်သွားပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်ကာ ဖန့်ချန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်

​"သခင်လေး ခွင့်လွှတ်ပေးပါ"

​"ငါ မင်းကို မေးမယ်... အရင်တုန်းက မင်း ဘယ်လိုနည်းနဲ့ ဓားဂိုဏ်းထဲကနေ အဲဒီ ဓားသန္ဓေသားကို ခိုးထုတ်လာခဲ့တာလဲ"

​ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်ရင်း လက်ထဲတွင် ဓားငယ်လေးကို ထုတ်၍ ကစားနေသည်။

​ဓားငယ်လေးက ပုဒုမသေမျိုးကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ

"ဪ... ဒီကောင်ကပဲ ငါ့ကို ဖန့်ချန်လက်ထဲ ရောက်အောင် ပို့ပေးခဲ့တာကိုး"

​ပုဒုမသေမျိုးက ရိုသေစွာ ဖြေကြားသည်

"ဒီကိစ္စက တိုက်ဆိုင်မှုလို့ပဲ ပြောရမှာပါ ကျွန်တော် အလယ်ပိုင်းဒေသမှာ လှည့်လည်သွားလာနေတုန်း စီနီယာတစ်ယောက်နဲ့ ဆုံခဲ့ပါတယ် သူက ဓားဂိုဏ်းထဲမှာ နတ်ဓားအဖြစ် မွေးဖွားပေးနိုင်တဲ့ ဓားသန္ဓေသားတစ်စုံ ရှိတယ်လို့ ပြောခဲ့တာပါ"

"ကျွန်တော်ကတော့ ဒါကို စိတ်မဝင်စားပါဘူး ဘာလို့လဲဆိုတော့ ဓားဂိုဏ်းက အလယ်ပိုင်းဒေသမှာ အင်အားကြီး အဖွဲ့အစည်းဖြစ်သလို ကျွန်တော့်အစွမ်းနဲ့ဆိုရင် တောင်ပတ်လမ်းကိုတောင် ဝင်လို့ရမှာ မဟုတ်ပါဘူး ဓားသန္ဓေသားကို ခိုးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပါဘူး"

​သူက ခဏရပ်ပြီး

"ဒါပေမဲ့ အဲဒီစီနီယာက ကျွန်တော့်ပုခုံးကို အသာအယာ ပုတ်လိုက်ပြီးတော့ အခုဆိုရင် ဘယ်သူမှ ကျွန်တော့်ကို မြင်မှာမဟုတ်တော့ဘူး ပေါ်ပေါ်ထင်ထင် သွားခိုးလို့ရပြီလို့ ပြောခဲ့ပါတယ်..."

​"ဒီလိုစကားမျိုးကို မင်းက ယုံတာလား"

​ဖန့်ချန်၏ မျက်နှာမှာ ထူးဆန်းသွားသည်။

သူ့ကိုသာ လာပြောလျှင် သူ လုံးဝယုံမည် မဟုတ်ပေ။

​"ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးလို့ တွေးမိတာပါ ကျွန်တော် တောင်နားကို ချဉ်းကပ်ရုံနဲ့တော့ ဓားဂိုဏ်းက ဓားကျင့်ကြံသူတွေက ကျွန်တော့်ကို သတ်မှာမဟုတ်ဘူးမလား "

​ပုဒုမသေမျိုးက ဆက်ပြောသည်

"နောက်ပိုင်း ကျွန်တော် ဓားဂိုဏ်းကို ရောက်သွားတဲ့အခါ သူတို့ တကယ်ပဲ ကျွန်တော့်ကို မမြင်ကြပါဘူး နာရီဝက်လောက်အတွင်းမှာပဲ ကျွန်တော် အဲဒီဓားသန္ဓေသားကို ခိုးယူနိုင်ခဲ့ပါတယ်"

​"ကျန်တဲ့ ဓားသန္ဓေသားတွေကိုကော ဘာလို့ မယူခဲ့တာလဲ"

ဖန့်ချန်က မေးသည်။

​"အဲဒီစီနီယာက မှာထားခဲ့တာပါ အဲဒီဓားသန္ဓေသား တစ်ခုတည်းကိုပဲ ယူရမယ် တခြားဟာတွေကိုသာ ထိမိရင် ဓားဂိုဏ်းက ဓားမသေမျိုးကြီးတွေ သိသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်"

ပုဒုမသေမျိုးက ဖြေသည်။

​ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် ရွှီဂီကို စက္ကူနှင့် မှင် ယူခိုင်းလိုက်ပြီး ပုံတူတစ်ပုံကို ဆွဲကာ ပုဒုမသေမျိုးကို ပြလိုက်သည်။

​"ကြည့်စမ်း... ဒါ မင်းတွေ့ခဲ့တဲ့ စီနီယာလား"

​ပုဒုမသေမျိုး ချက်ချင်း ကြည့်လိုက်ရာ မှင်သက်သွားပြီး

"ဟုတ်... ဟုတ်ပါတယ် အဲဒီလူပဲ ဒါကို သခင်လေးက ဘယ်လိုသိတာလဲ..."

​"ဟူး..."

​ဖန့်ချန် သက်ပြင်းချလိုက်သည်။

အတော်ကြာမှ သိလိုက်ရသည်မှာ ပုဒုမသေမျိုးသည် ကိရိယာတစ်ခု သက်သက်သာ ဖြစ်နေခြင်းပင်။

​သူက ပုံတူကို ပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာ

"ဒါက ငါ့အဘိုးလေ"

​ပုဒုမသေမျိုးမှာ စဉ်းစားစရာတွေ များသွားပြီး မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်

"ဒါဆိုရင်... ကျွန်တော်က သခင်လေးဆီကို ဓားသန္ဓေသား လာပို့ပေးတဲ့ အခိုင်းအစေ တစ်ယောက်ပဲပေါ့..."

​ဟွမ်စီဟိုင်တို့မှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။

ထိုအဘိုးကြီးကို သူတို့လည်း မြင်ဖူးသည်၊ အဘိုးကြီးက ပုဒုမသေမျိုးလို ပုဂ္ဂိုလ်မျိုးကိုတောင် မသိမသာ ခိုင်းစေနိုင်လောက်အောင် ဘယ်တုန်းက ဒီလောက်အစွမ်းထက်သွားတာလဲ။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပုဒုမသေမျိုးက စိတ်ကို ပြန်ပြင်ကာ သတိထားပြီး မေးလိုက်သည်

​"သခင်လေး... ကျွန်တော်တို့ကြားက အထင်မှားမှုတွေ ပြေလည်သွားပြီဆိုတော့ ကျွန်တော် အရင်နှုတ်ဆက်ခွင့် ပြုပါဦး"

​ဖန့်ချန်က ရှင်းရှန်းကို တစ်ချက် ကြည့်လိုက်သည်။

​ရှင်းရှန်းက သဘောပေါက်သွားပြီး ရှေ့သို့တိုးကာ ပုဒုမသေမျိုးကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်သည်။

​ပုဒုမသေမျိုးမှာ နောက်ဆုံးစကားပင် ပြောခွင့်မရဘဲ ချက်ချင်း အသက်ပျောက်သွားရသည်။

သူ၏ ဝိညာဉ်သန္ဓေသားပင် ရိုက်ခွဲခံလိုက်ရပြီးနောက် ကြောင်အမ်းအမ်း ဖြစ်နေသော လေလွင့်ဝိညာဉ်တစ်ခုသာ ကျန်ရစ်တော့သည်။

​"ငါက သူ့ကို အပြင်ထုတ်ခိုင်းရုံပဲ ရှိသေးတာပါ"

ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။

​ရှင်းရှန်းက အနည်းငယ် တုန်လှုပ်သွားပြီး ခေါင်းညိတ်ကာ

"သခင်လေး... နောက်တစ်ခါကျရင် ကျွန်တော် သေသေချာချာ မေးပါ့မယ်"

​"ဖန့်ချန် မင်းလို ကောင်စုတ် ငါ့ကို သတ်ချင်ရင် သတ်လိုက်ပေါ့ သတ်ပြီးမှ ဘာလို့ ဟန်ဆောင်နေရတာလဲ မင်းသိထားလိုက်... ငါကတော့ သရဲဖြစ်ရင်တောင် မင်းကို လွှတ်မှာမဟုတ်ဘူး အားးးး"

​ပုဒုမသေမျိုးက ဖန့်ချန်ကို ကြည့်ကာ ဟိန်းဟောက် အော်ဟစ်နေတော့သည်။

​ဟွမ်ဖူကျဲက သက်ပြင်းချကာ သတိပေးလိုက်သည်

"မိတ်ဆွေ... သူက မင်းပြောတာကို ကြားရတယ်နော် မအော်ပါနဲ့တော့ မဟုတ်ရင် သရဲတောင် အဖြစ်ခံရမှာ မဟုတ်ဘူး"

​ပုဒုမသေမျိုးက ဟွမ်ဖူကျဲ လင်မယားကို ကြည့်ကာ ကြောင်သွားသည်။

ဒီမှာလည်း လေလွင့်ဝိညာဉ် နှစ်ခု ရှိနေတာလား

​သူက ကြားရတယ် ဘာကို ဆိုလိုတာလဲ

​သူက ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ဖန့်ချန်က သူ့ကို ပြုံးလျက် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။

​"မသွားသေးဘူးလား တကယ်ပဲ သရဲတောင် အဖြစ်မခံချင်တော့ဘူးလား"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​ပုဒုမသေမျိုးမှာ အသက်ရှူမှားသွားကာ

"မင်းက ငါ့ကို တကယ် မြင်နေရတာလား မင်းက တကယ်တော့ ဘယ်သူလဲ"

​သူ ကျင့်ကြံလာတဲ့ နှစ်တွေမှာ လူအချို့က မွေးရာပါ ယင်ယန်မျက်စိ ပါလာလို့ ဝိညာဉ်တွေကို မြင်ရတယ်ဆိုတာ ကြားဖူးပေမဲ့၊ သူသိတဲ့ ကျင့်ကြံသူတွေထဲမှာတော့ ဒီလိုအစွမ်းရှိတဲ့သူ တစ်ယောက်မှ မရှိခဲ့ပေ။

​"သခင်လေး... သူ့ကို ဝမ်ချွမ်းမြစ် ထဲကိုပဲ ပစ်ထည့်လိုက်တာ ပိုကောင်းမယ် ထင်တယ်"

ရှင်းရှန်းက တိုးတိုးလေး အကြံပြုသည်။

​"ဒါလည်း ကောင်းတာပဲ"

​ဖန့်ချန်က ခေါင်းညိတ်ပြသည်

"သူက ယင်လောက ရောက်သွားရင် လျှောက်ပြောနေမှာ စိုးလို့"

​"ဝမ်ချွမ်းမြစ်"

​ပုဒုမသေမျိုးသည် ဝမ်ချွမ်းမြစ်အကြောင်း ကောလာဟလအချို့ကို ကြားဖူးသဖြင့် အလွန်တရာ ထိတ်လန့်သွားသည်။

ဒီလောကမှာ တကယ်ပဲ ငရဲလောက ရှိတာလား

​နေဦး

​သူသည် သွေးရောင်စက္ကူရုပ်ကို လှမ်းကြည့်လိုက်ရာ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပိုမိုကြီးထွားလာသည်။

​ဒီလူက... ယင်လောကက နတ်ဘုရားတစ်ပါး မဟုတ်ပါလား

​ဖန့်ချန်သည် ဟွမ်စီဟိုင်တို့ သုံးဦးကို နှုတ်ဆက်ပြီးနောက် ဟွမ်ဖူကျဲ လင်မယားနှင့် ပုဒုမသေမျိုးကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်၍ ထွက်ခွာသွားတော့သည်။

​"မင်းတို့ ပြောကြည့်စမ်း... အဲဒီ ယင်လောက ဆိုတာ ဘယ်လိုပုံစံ ဖြစ်မလဲ"

ဟွမ်စီဟိုင်က ကောင်းကင်ကို ကြည့်ကာ မျှော်လင့်တကြီး မေးလိုက်သည်။

​"မသိဘူး ဒါပေမဲ့ ငါသိတာကတော့ သခင်လေးမှာ အခု လူအင်အား လိုနေပြီဆိုတာပဲ"

​ထျဲမက တည်ငြိမ်စွာ ပြောလိုက်ပြီး ရွှီဂီကို ကြည့်သည်

"သခင်လေး မရှိတဲ့အချိန်မှာ မဟာရှရဲ့ လျှို့ဝှက်အစောင့်အရှောက် တွေကို မင်းပဲ ထိန်းချုပ်ထားတာလေ သူတို့ကို စုစည်းရမယ့်အချိန် ရောက်ပြီ"

​ရွှီဂီက ခဏစဉ်းစားပြီး

"အရင်ခေတ်က လူဟောင်းတွေကိုပဲ ခေါ်လိုက်ပါမယ် လူငယ်တွေကိုတော့ လူ့လောကမှာပဲ ခဏ ထားလိုက်ပါဦး"

​ဟွမ်စီဟိုင်နှင့် ထျဲမတို့ကလည်း ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။

​မဟာရှ၊ မြို့တော်၊ ထာဝရသင်္ချိုင်း ။

​ဖန့်ချန်နှင့် သွေးရောင်စက္ကူရုပ်တို့ သင်္ချိုင်းထဲသို့ ဝင်လာသောအခါ အဘိုးအိုများနှင့် လူငယ်အချို့မှာ သူတို့၏ အလုပ်များကို ရပ်တန့်ကာ လှမ်းကြည့်လိုက်ကြသည်။

​"ဖန့်စစ်နတ်ဘုရား လာနေပြီ"

​"သူ ဒီကို မလာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီနော်၊ ဘာတွေ အလုပ်ရှုပ်နေတာလဲ မသိဘူး"

​"ကျွန်တော်မျိုး ဖန့်စစ်နတ်ဘုရားကို ဂါရဝပြုပါတယ်"

​သင်္ချိုင်းရှိ လေလွင့်ဝိညာဉ်များမှာ စစ်သည်တော်များ ဖြစ်ကြသည်။

အဘိုးအိုများ ပါသလို လူငယ်များလည်း ပါဝင်သည်။

အချို့က အဝေးမှနေ၍ ဖန့်ချန်ကို လွမ်းဆွတ်စွာ ကြည့်နေကြပြီး၊ အချို့ကမူ အနားသို့ လာ၍ ဂါရဝပြုကြသည်။

​ဖန့်ချန်က သူတို့ကို မမြင်နိုင်မှန်း အားလုံးက သိထားကြသော်လည်း ဂါရဝပြုနေကြဆဲပင်။

​"အားလုံးပဲ... မတွေ့တာ ကြာပြီနော်၊ အဆင်ပြေကြရဲ့လား"

​ဖန့်ချန်က နှုတ်ဆက်လိုက်သည်။

​"..."

​သင်္ချိုင်းတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ဝိညာဉ်များ၏ အော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။

စစ်သည်တော် ဝိညာဉ်များမှာ အပြေးအလွှား ရောက်လာကြပြီး ဖန့်ချန်ကို မယုံနိုင်စွာ ကြည့်နေကြသည်

​"စစ်သူကြီး... ကျွန်တော်တို့ကို မြင်ရတာလား"

​"ကျွန်တော်တို့ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"

​မသိမသာပင် ပတ်ဝန်းကျင်၌ စစ်သည်တော် ဝိညာဉ်ပေါင်း သောင်းနှင့်ချီ၍ စုရုံးရောက်ရှိလာခဲ့သည်။

​ဖန့်ချန်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်

"ရဲဘော်ရဲဘက်များ... နောက်ထပ်တစ်ဘဝလောက် ထပ်ပြီး တိုက်ပွဲဝင်ကြမလား"

​​အခန်း (၈၆၂) အဆက်မပြတ် မြည်ဟည်းနေသော စစ်ဗုံသံများ

​ထိုနေ့တွင် မဟာရှမြို့တော်၌ ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေသကဲ့သို့ ရှိနေပြီး လမ်းသွားလမ်းလာများမှာ လွင့်စင်လာသော ဖုန်မှုန့်များကြောင့် မျက်စိကျိန်းစပ်ကာ အမြင်အာရုံများ ဝေဝါးနေကြသည်။

ဝေဝါးနေသော အမြင်အာရုံထဲတွင် ဟောင်းနွမ်းနေသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် စစ်သည်တော် အမြောက်အမြား ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသလိုပင်။

​သူတို့ မျက်လုံးကို ပွတ်သပ်၍ သေသေချာချာ ပြန်ကြည့်လိုက်သောအခါတွင်မူ ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

နေ့ခင်းကြောင်တောင် သရဲခြောက်ခံရသလိုပင် ခံစားလိုက်ရတော့သည်။

​"အမေ... ခုနက လေတိုက်တာ အရမ်းထူးဆန်းတယ်နော် တစ်ယောက်ယောက်က သမီးကို လာဖက်လိုက်သလိုပဲ"

​"လျှောက်မပြောနဲ့"

​မဟာရှ၏ ကောင်းကင်ယံထက်တွင် ဖန့်ချန်သည် စည်ကားလှသော မြို့တော်ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

သူ၏နောက်တွင်မူ သောင်းနှင့်ချီသော စစ်သည်တော်ဝိညာဉ်များ ရပ်နေကြသည်။

သူတို့သည် စကားတစ်ခွန်းမှ မဆိုကြဘဲ ကျောပြင်ကို မတ်မတ်ထားကာ တည်ကြည်လေးနက်စွာ ရှိနေကြသည်။

​"လေလွင့်ဝိညာဉ်တွေက လေပြင်းအဖြစ် ပြောင်းလဲနိုင်တာပဲ"

​"တကယ်တော့ ကိုယ့်ကိုယ်ပေါ်ကို တိုက်ခတ်လာတဲ့ လေပြင်းတိုင်းဟာ ကွယ်လွန်သွားတဲ့ ဆွေမျိုးသားချင်းတွေရဲ့ ပွေ့ဖက်မှု ဖြစ်နေနိုင်တာပဲ"

​ဖန့်ချန်သည် ခုနတင်က စစ်သည်တော်ဝိညာဉ် အများအပြား သူတို့၏ သွေးသားရင်းချာများကို နှုတ်ဆက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။

သူတို့တွင် ရုပ်အဆင်း သဏ္ဌာန်မရှိသော်လည်း ပြင်းပြသော စိတ်ဆန္ဒကြောင့် လေပြင်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြခြင်း ဖြစ်သည်။

​"သခင်လေး... သွားရမယ့်အချိန် ရောက်ပါပြီ"

ရှင်းရှန်းက တိုးတိုးလေး ပြောလိုက်သည်။

​"မလောပါနဲ့ဦး ရောက်မလာသေးတဲ့လူအချို့ ရှိသေးတယ်"

ဖန့်ချန်က ပြုံးလိုက်သည်။

​"နောက်ထပ်လူတွေ ရှိသေးတာလား"

ရှင်းရှန်း အနည်းငယ် အံ့ဩသွားသည်။

​မကြာမီမှာပင် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် ကောင်းကင်ပေါ်သို့ လှမ်းတက်လာသည်။

သူသည် ဖန့်ချန်နှင့် နောက်ကွယ်ရှိ သိန်းနှင့်ချီသော စစ်သည်တော်ဝိညာဉ်များကို ကြည့်ကာ အတော်ကြာ တိတ်ဆိတ်နေပြီးမှ လက်အုပ်ချီ ဂါရဝပြုလိုက်သည်

​"ကျန်းယွီရှု... ဖန့်စစ်သူကြီးကို ဂါရဝပြုပါတယ်"

​"ဒါ ပြစ်မှုဆိုင်ရာဌာနက ဝန်ကြီးချုပ် ကျန်း ပဲ"

​"ကြားဖူးတာတော့ သူက အသက် ၁၃၀ တိတိ နေခဲ့ရတာတဲ့ သိုင်းပညာရှင်အချို့ထက်တောင် အသက်ပိုရှည်သေးတယ်"

​ကျန်းယွီရှု ရောက်လာသည်ကို မြင်သောအခါ စစ်သည်တော်ဝိညာဉ်အချို့က တိုးတိုးတိတ်တိတ် ပြောဆိုလာကြသည်။

​"ဖန့်စစ်သူကြီး... ဘာဖြစ်လို့... ခင်ဗျားလည်း သေသွားရတာလဲ "

​ကျန်းယွီရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"ခင်ဗျားက ကျင့်ကြံသူတစ်ယောက်ပဲ သက်တမ်းက ဒီလောက်မတိုသင့်ဘူးလေ"

​"ဝန်ကြီးချုပ်ကျန်း... ကျုပ်ပုံစံက လေလွင့်ဝိညာဉ်နဲ့ တူလို့လား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​ကျန်းယွီရှု ကြောင်သွားပြီးနောက် ရှေ့သို့တိုးကာ သေသေချာချာ အကဲခတ်ကြည့်သည်။

သူ၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားကာ

"ဖန့်စစ်သူကြီးက သွေးသားအပြည့်နဲ့ လူကောင်းတစ်ယောက်ပဲ ဒါပေမဲ့ ဘာလို့ ကျွန်တော်မျိုးကို မြင်နေရတာလဲ ဒီသစ္စာရှိဝိညာဉ်တွေကိုကော ဘာလို့ မြင်နေရတာလဲ "

​"ဝန်ကြီးချုပ်ကျန်း... ဖန့်စစ်သူကြီးက ယင်လောကမှာ အရာရှိဖြစ်နေပြီဗျ အခု ကျွန်တော်တို့ကို ယင်လောကကို ခေါ်သွားပြီး တစ်လောကလုံးကို သိမ်းပိုက်တော့မှာ "

​"ခင်ဗျားကြီးလည်း နောက်ဆိုရင် အလုပ်များတော့မယ် ယင်လောကမှာလည်း ပြစ်မှုဆိုင်ရာဌာန ဝန်ကြီးချုပ် ဆက်လုပ်ရဦးမှာပဲ"

​ထိုစစ်သည်တော်ဝိညာဉ်များ၏ စနောက်သံများကို ကြားရသောအခါ ကျန်းယွီရှုမှာ အချိန်အတော်ကြာ ကြောင်အမ်းနေပြီးမှ သတိပြန်ဝင်လာတော့သည်။

​"ဝန်ကြီးချုပ်ကျန်း... တခြား ဝန်ကြီးဟောင်းတွေကော ရှိသေးလား"

ဖန့်ချန်က မေးသည်။

​"တချို့လည်း ရှိတယ်၊ တချို့လည်း မရှိတော့ဘူး ဘယ်နေရာမှာ လေလွင့်ဝိညာဉ် သွားဖြစ်နေလဲ မသိဘူး လမ်းမှားသွားတာလည်း ဖြစ်နိုင်တယ်"

​"ယင်လောကကို ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ"

ဖန့်ချန်က ပြုံးလျက်

"ကျန်တဲ့လူတွေကိုလည်း ခေါ်လိုက်ပါဦး"

​"ဖန့်စစ်သူကြီး ခဏစောင့်ပါ"

ကျန်းယွီရှုက လက်အုပ်ချီနှုတ်ဆက်ကာ လှည့်ထွက်သွားသည်။

​ခဏအကြာတွင် လူရိပ်ပေါင်း ဆယ်ဂဏန်းခန့် ရောက်လာကြရာ ဖန့်ချန်သည် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။

​ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ထောင်မင်ရှန့် နှင့် စစ်ဘက်ဆိုင်ရာဝန်ကြီး ရဲတုံးမင် တို့လည်း ပါဝင်သည်။

​သူတို့သည် ဖန့်ချန်ကို မြင်သောအခါ ထိတ်လန့်သွားကြသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းကာ ဦးညွှတ်ဂါရဝပြုကြသည်

​"ကျွန်တော်မျိုးတို့... ဖန့်စစ်သူကြီး ဖန့်နယ်စားကြီးကို ဂါရဝပြုပါတယ် "

​"အားလုံးပဲ... သုံးလောကတောင်ကို တစ်ခေါက်လောက် သွားချင်ကြလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​"ကျွန်တော်မျိုးတို့ လိုက်ပါရစေ"

အားလုံးက တညီတညွတ်တည်း ပြန်ထူးကြသည်။

​ဘာတွေဖြစ်နေမှန်း သူတို့ သေသေချာချာ မသိသော်လည်း၊ သိန်းနှင့်ချီသော စစ်သည်တော်ဝိညာဉ်များ ထာဝရသင်္ချိုင်းမှ ထွက်ခွာ၍ ဖန့်ချန်နောက်သို့ လိုက်ပါနေသည်ကို မြင်ရသောအခါ ဤဝန်ကြီးဟောင်းများမှာ မြေခွေးအိုကြီးများပီပီ တစ်ခုခု ထူးခြားနေပြီမှန်း ရိပ်မိကြသည်။

သေသွားသော်လည်း သူတို့၏ ဉာဏ်နီဉာဏ်နက်များက လျော့မသွားဘဲ ပို၍ပင် နက်ရှိုင်းလာသေးသည်။

ထိုခရီးစဉ်တွင် အကျိုးကျေးဇူး ရှိလိမ့်မည်မှာ အသေအချာပင်။

​နောက်ရက်အနည်းငယ်တွင် ဖန့်ချန်သည် လေလွင့်ဝိညာဉ်များကို ခေါ်ဆောင်ကာ မဟာရှတစ်ခွင် လှည့်လည်ခဲ့သည်။

စစ်သည်တော်ဝိညာဉ် အုပ်စုလိုက်ကို ခေါ်ယူခဲ့သလို၊ အရင်က တိုက်ပွဲဝင်ခဲ့ဖူးသော အရပ်ဒေသများသို့လည်း သွားရောက်ခဲ့သည်။

​ဂူဟယ်၊ လုံတု...

​ထိုနေရာများတွင်လည်း မဟာရှ စစ်သည်တော်ဝိညာဉ် အမြောက်အမြား ရှိနေကြဆဲပင်။

သွားရမည့်နေရာအားလုံး စုံလင်သွားသောအခါမှ ဖန့်ချန်သည် သုံးလောကတောင်သို့ ရောက်ရှိလာခဲ့သည်။

​ဒုံး... ဒုံး... ဒုံး...

​စစ်ဗုံသံများမှာ အဆက်မပြတ် မြည်ဟည်းနေသကဲ့သို့ ရှိပြီး၊ စစ်သည်တော်ဝိညာဉ်များမှာ ကျိုးပဲ့နေသော ဓားများ၊ လှံများကို ကိုင်ဆောင်ကာ တစ်ဦးနှင့်တစ်ဦး ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေကြသည်။

​လူတိုင်းမြင်လိုက်ရသည်မှာ စစ်တလင်းကြီးတစ်ခုပင်။

​မဟာရှ စစ်သည်တော်များနှင့် ချင်းစုန်းဝံပုလွေစစ်တပ်တို့မှာ အသည်းအသန် တိုက်ခိုက်နေကြသည်။

မင်းရဲ့ဓားက ငါ့ရင်ဘတ်ကို ထိုးဖောက်တယ်၊ ငါ့ရဲ့လှံက မင်းရဲ့ခေါင်းကို ရိုက်ခွဲတယ်။

​သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်စလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။

ခုနက သွေးချောင်းစီးနေသော မြင်ကွင်းမှာ အတုအယောင်ဖြစ်သွားသလိုပင်။

မြေပြင်ပေါ်မှ ပြန်ထကာ ဆက်လက်တိုက်ခိုက်နေကြသည်မှာ ဘယ်တော့မှ မောပန်းနွမ်းနယ်ခြင်း မရှိသကဲ့သို့ပင်။

​ဖန့်ချန်နောက်မှ သိန်းနှင့်ချီသော စစ်သည်တော်ဝိညာဉ်များမှာ အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများ နီမြန်းလာကာ စစ်တလင်းထဲသို့ ပြေးဝင်ချင်နေကြသည်။

​ကျန်းယွီရှု အပါအဝင် ဝန်ကြီးဟောင်းများမှာ လူ့ဘဝတုန်းက ထိုကဲ့သို့ သွေးချောင်းစီးသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

သေပြီးမှသာ စစ်တပ်များ တိုက်ခိုက်ခြင်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

​ရှေ့မှ စစ်တလင်းမှာ သံမဏိရေစီးကြောင်းကြီးသဖွယ် ဖြစ်နေပြီး၊ ဘာပဲရှိနေရှိနေ နောက်ဆုံးတွင် အမှုန့်ဖြစ်သွားရမည်မှာ အမှန်ပင်။

​"စစ်သည်တော်များ အမိန့်ကို နာခံကြ"

​ဖန့်ချန်က အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

​ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ သုံးလောကတောင် ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားသည်။

​တိုက်ခိုက်နေကြသော စစ်သည်တော်များအားလုံး ရပ်တန့်သွားကြပြီး ကောင်းကင်သို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြသည်။

​ဖန့်ချန်၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ မဟာရှ စစ်သည်တော်များမှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြပြီး၊ ချင်းစုန်းဝံပုလွေစစ်တပ်မှာမူ ထိတ်လန့်သွားကြတော့သည်။

​"ဖန့်စစ်သူကြီး လာပြီ သူက ငါတို့ကို ဦးဆောင်ပြီး ဒီခွေးသားတွေကို သတ်တော့မှာ ဟားဟားဟား"

​"ဒီတိုက်ပွဲမှာ ငါတို့မဟာရှက သေချာပေါက် နိုင်မှာပဲ သေချာပေါက် နိုင်မှာ"

​"ချင်းစုန်းက မဟာရှထဲကို ပေါင်းစည်းသွားတာ ကြာလှပြီ၊ ဒီတိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ"

ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။

​"ပြီးဆုံးသွားပြီ"

​နှစ်ဖက်စစ်သည်များမှာ ကြောင်အမ်းသွားကြသည်။

ချင်းစုန်းစစ်တပ်ကမူ လုံးဝမယုံဘဲ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

​"မင်းတို့ သုံးယောက်... အရင်တစ်ခေါက်တုန်းက ဘာလို့ ငါနဲ့အတူ မြို့တော်ကို ပြန်မလိုက်ခဲ့တာလဲ"

​ဖန့်ချန်သည် စစ်တလင်းထဲမှ စစ်ဗိုလ်ချုပ် သုံးဦးကို လှမ်းကြည့်လိုက်သည်။

​သူ့တွင် နဂါးစစ်ဗိုလ်ချုပ် လေးဦးရှိခဲ့သည်။

ဟွမ်စီဟိုင်က တစ်ဦးဖြစ်ပြီး သူက ကံကောင်းလို့ သုံးလောကတောင် တိုက်ပွဲမှာ မသေခဲ့ခြင်းဖြစ်သည်။

​ကျန်တဲ့ သုံးဦးကတော့ ထိုတိုက်ပွဲမှာပဲ ကျဆုံးခဲ့ရသည်။

​"သခင်လေး... ကျွန်တော်တို့က သေသွားရင်တောင် ဒီချင်းစုန်းဝံပုလွေစစ်တပ်ရဲ့ ဝိညာဉ်တွေကိုပါ တစ်ပါတည်း ခေါ်သွားချင်ခဲ့တာပါ ဒါပေမဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပေမဲ့ ကျွန်တော်တို့လည်း သူတို့ကို သတ်လို့မရဘူး သူတို့လည်း ကျွန်တော်တို့ကို သတ်လို့မရဘူး ဆိုတာ သိလိုက်ရတယ်"

​စစ်ဗိုလ်ချုပ် တစ်ဦးက ရိုသေစွာ လျှောက်တင်သည်။

​"လေလွင့်ဝိညာဉ်တွေမှာ ယင်သက်တမ်း ရှိတယ်ယင်သက်တမ်း မကုန်သေးရင် သေမှာမဟုတ်ဘူး ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ယင်သက်တမ်းကုန်သွားတဲ့ ရဲဘော်တွေလည်း ရှိမှာပဲ မဟုတ်လား မြေကမြေဆီ၊ ဖုန်ကဖုန်ဆီ ပြန်သွားကြတာပေါ့"

​ဖန့်ချန်က သက်ပြင်းအသာချလိုက်သည်။

​အားလုံးက ထိုအခါမှ သဘောပေါက်သွားကြသည်။

မအံ့ဩပါနှင့်၊ အချို့သော ရဲဘော်များ ဘာကြောင့် အလိုအလျောက် ပျောက်ကွယ်သွားရသလဲဆိုသည်မှာ ယင်သက်တမ်း ကုန်သွားသောကြောင့် ဖြစ်ပေသည်။

​ဖန့်ချန်၏ စိတ်အာရုံကြောင့် မီးခိုးရောင် သန်းနေသော မရဏလမ်း တစ်ခုသည် စစ်သည်တော်ဝိညာဉ်များ၏ ရှေ့တွင် ပေါ်လာခဲ့သည်

​"ဒီလမ်းက ယင်လောကက ပိုင်ယွဲ့မြို့ ကို သွားတဲ့လမ်းပဲ၊ သွားကြစို့"

​ယင်လောကက ပိုင်ယွဲ့မြို့

​သူတို့သည် ဖန့်ချန်၏ အမိန့်ကို လုံးဝမဖီဆန်ဘဲ စနစ်တကျ တန်းစီ၍ မရဏလမ်းထဲသို့ ဝင်သွားကြသည်။

​ချင်းစုန်းဝံပုလွေစစ်တပ်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းနေကြသည်။

​နောက်ဆုံးအထိ သူတို့ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြသည်။

​"ဖန့်... ဖန့်စစ်သူကြီး ခဏလောက်ပါ"

​နောက်ဆုံးတွင် ချင်းစုန်းစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦးက သတ္တိမွေးကာ ရှေ့သို့တိုး၍ ဂါရဝပြုလိုက်သည်။

​ဖန့်ချန်က သူ့ကို ကြည့်ကာ

"ဘာမေးချင်လို့လဲ"

​တစ်ဖက်လူက သတိထားပြီး မေးလိုက်သည်

"ဖန့်စစ်သူကြီးကို မေးပါရစေ... ချင်းစုန်းက... တကယ်ပဲ မဟာရှထဲကို ပေါင်းစည်းသွားတာလား"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

​ထိုစစ်ဗိုလ်ချုပ်နှင့် စစ်သည်တော်များမှာ ရင်ထဲတွင် ဟာခနဲ ဖြစ်သွားကြသည်။

မယုံချင်သော်လည်း၊ သူတို့ရှေ့မှ လူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို လိမ်ညာပြောဆိုမည့်သူ မဟုတ်မှန်း ကောင်းကောင်းသိကြသည်။

​"မေ့တော့မလို့ပဲ... မင်းတို့ရဲ့ ချင်းစုန်းက အခု မဟာရှရဲ့ ခရိုင်တစ်ခု ဖြစ်နေပြီ မင်းတို့လည်း မဟာရှစစ်သည်တွေလို့ ပြောလို့ရတာပဲ ဒီမရဏလမ်းကို လိုက်မှာလား မလိုက်ဘူးလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​"လိုက်ပါမယ်"

​ချင်းစုန်းစစ်တပ်မှာ ဘာမှစဉ်းစားမနေတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်သည်။

မဟာရှစစ်သည်တွေတောင် သွားရဲရင် သူတို့လည်း မကြောက်ပေ

​ပိုင်ယွဲ့မြို့ တွင် နေ့ဘက်ကင်းလှည့်အရာရှိ ဖြစ်နေသော ရှောင်းစစ်သူကြီး သည် ယနေ့တွင် ထူးခြားသော စိတ်ခံစားမှုတစ်ခု ရလိုက်သဖြင့် ချက်ချင်းပင် အိမ်တော်မှ ထွက်လာခဲ့သည်။

သူသည် ဝမ်ချွမ်းမြစ် ကမ်းစပ်သို့ ရောက်လာသောအခါ ခြေလှမ်းများ တန့်သွားခဲ့သည်။

​သိန်းနှင့်ချီသော လေလွင့်ဝိညာဉ်များမှာ ဝမ်ချွမ်းမြစ်ကမ်းစပ်သို့ ရောက်ရှိနေကြပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေကြသည်။

ထိုအထဲတွင်... သူသည် ရင်းနှီးသော မျက်နှာပေါင်းများစွာကို အုပ်စုလိုက်၊ အုပ်စုလိုက် မြင်တွေ့လိုက်ရတော့သည်။

All Chapters