← Chapters

အခန်း (၈၆၃-၈၆၄)

Vol. 87 Ch. 863-864

အခန်း (၈၆၃-၈၆၄)

Vol. 87 Ch. 863-864

​​အခန်း (၈၆၃) ဝိညာဉ်သန်းချီ ယင်လောကသို့ ဝင်ရောက်ခြင်း

​ယင်စစ်သည်ဌာနမှ ဌာနမှူး နှင့် ညဘက်ကင်းလှည့်အရာရှိတို့သည် တံတားဦးတွင် ရပ်နေကြပြီး သူတို့၏အကြည့်များမှာ ဝေးကွာလှသော ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ကာ ကမ်းစပ်ရှိ မြင်ကွင်းကို လှမ်းကြည့်နေကြသည်။

​"ဒီလူကြီးက တကယ်တော့ ဘယ်လိုနောက်ခံမျိုးရှိတာလဲ... အရင်တစ်ခေါက်တုန်းက ဝမ်ချွမ်းမြစ်ထဲကနေ ဝိညာဉ် တစ်သိန်းကျော် ဆယ်ထုတ်သွားတယ် အခုတော့... ဝိညာဉ်တစ်သန်းကျော်ကို တိုက်ရိုက်ကြီး ခေါ်လာတာပဲ..."

​ပိုင်ယွဲ့မြို့ ဌာနမှူးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

​ညဘက်ကင်းလှည့်အရာရှိက ခဏစဉ်းစားပြီး

"မြို့တော်ဝန်အသစ် ရောက်လာမှပဲ သူ့ဆီကနေ အခြေအနေကို စုံစမ်းကြည့်ရမယ် ဒါပေမဲ့... ဝိညာဉ်သန်းချီ မြို့ထဲဝင်လာရင်တော့ အနည်းနဲ့အများ ရုန်းရင်းဆန်းခတ် ဖြစ်နိုင်တယ် ငါတို့ ယင်စစ်သည်ဌာနက စနစ်တကျ ထိန်းသိမ်းဖို့ ပြင်ဆင်ထားရမယ်"

​"ရှောင်းစစ်သူကြီးကိုပဲ လုပ်ခိုင်းလိုက်ပါ အခု ယင်စစ်သည်ဌာနမှာ သူက အာဏာအရှိဆုံး မဟုတ်လား"

ပိုင်ယွဲ့မြို့ ဌာနမှူးက ပြောလိုက်သည်။

​ညဘက်ကင်းလှည့်အရာရှိက သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

​...

​ပုဒုမသေမျိုးသည် ရှေ့မှမြင်ကွင်းကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။

​ဒီနေရာက... ယင်လောကလား

​ရှေ့က မြစ်ကြီးက ဝမ်ချွမ်းမြစ်လား

​သူ သေသေချာချာ မစဉ်းစားရသေးခင်မှာပင် စစ်သည်တော်ဝိညာဉ်အချို့က ရုတ်တရက် အော်ဟစ်လိုက်ကြသည်။

​"ဒါ စစ်သူကြီးချုပ် ပဲ"

​"တကယ်ကြီး စစ်သူကြီးချုပ်ပဲ"

​ပုဒုမသေမျိုး လှမ်းကြည့်လိုက်ရာ ဝမ်ချွမ်းမြစ်ထဲတွင် ကျောပြင်မတ်မတ်ဖြင့် ရပ်နေသော ပုံရိပ်တစ်ခုက သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

​သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မျက်လုံးထဲတွင် လေးနက်မှုများ ပေါ်လာသည်။

ကြည့်ရတာ ရှေ့ကလူဟာ ယင်လောကရဲ့ အာဏာပိုင် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ရမည်

​"တကယ်ပဲ ရှောင်းစစ်သူကြီးပဲ"

​ဖန့်ချန်နောက်မှ စစ်သည်တော်ဝိညာဉ်များမှာ မျက်လုံးများကို မှေးကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်များ ရံဖန်ရံခါ ဖြတ်ပြေးသွားသည်။

​ဖန့်ချန်က သူတို့ကို သေသေချာချာ ရှင်းပြထားခြင်း မရှိဘဲ၊ အခုဆိုရင် ချင်းစုန်းက မဟာရှထဲ ပေါင်းစည်းသွားပြီဟုသာ ပြောထားသဖြင့် သူတို့ လူသတ်လိုစိတ် ပေါ်လာခြင်းမှာ ထူးဆန်းသည်တော့မဟုတ်။

​မဟုတ်လျှင်တော့ သူတို့ ရေကူးပြီးသွား၍ပင် ထိုရှောင်းစစ်သူကြီးကို ဝမ်ချွမ်းမြစ်ထဲသို့ ဆွဲချပစ်ကြလိမ့်မည်

​ရှောင်းစစ်သူကြီးသည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ခြေလှမ်းကို အရှိန်မြှင့်ကာ ကမ်းစပ်သို့ ရောက်လာခဲ့သည်။

သူ စကားမပြောရသေးခင်မှာပင် လူရိပ်တစ်ခုက သူ့ဆီသို့ ပြေးဝင်လာသည်

​"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုးက လူ့လောကက ပုဒုမသေမျိုးပါ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူပါ ကျွန်တော့်မှာ လူ့လောကမှာ ဝှက်ထားတဲ့ ရတနာတွေ အများကြီးရှိပါတယ် အကုန်လုံးကို အရှင်မင်းကြီးကို ပေးပါ့မယ် ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးဖို့ပဲ တောင်းဆိုပါတယ်"

​ပုဒုမသေမျိုးက တရစပ် ဂါရဝပြုနေတော့သည်။

​ရှောင်းစစ်သူကြီး ကြောင်သွားပြီး ဖန့်ချန်ကို လှမ်းကြည့်ကာ

"အရှင်... ဒီလူက ဘယ်သူလဲ"

​အရှင်

​ပုဒုမသေမျိုးတင် ကြောင်သွားသည်မဟုတ်၊ ချင်းစုန်းဝံပုလွေစစ်တပ်လည်း ကြောင်သွားကြသည်။

ဖန့်ချန်နောက်က စစ်သည်တော်ဝိညာဉ်များကမူ ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။

​ကြည့်ရတာ... ချင်းစုန်းက မဟာရှထဲ ပေါင်းစည်းသွားရုံတင်မကဘဲ၊ ဒီရှောင်းစစ်သူကြီးက ယင်လောကမှာလည်း ငါတို့ ဖန့်စစ်သူကြီးရဲ့ လက်အောက်ငယ်သား ဖြစ်နေပြီပဲ...

​"သူ့ကို ဂရုစိုက်မနေနဲ့၊ ဝမ်ချွမ်းမြစ်ထဲပဲ ပစ်ထည့်လိုက်"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​ရှောင်းစစ်သူကြီးက ခေါင်းညိတ်ပြပြီး လက်စပြုမည်အလုပ်တွင်၊ ပုဒုမသေမျိုးက အစွမ်းကုန် ရုန်းကန်သည့်အနေဖြင့် သူ၏ကိုယ်ပေါ်မှ ယင်ချီများကို လှုံ့ဆော်ကာ ရှောင်းစစ်သူကြီးကို ကျော်ဖြတ်၍ ဝမ်ချွမ်းမြစ်ထဲသို့ ခုန်ဆင်းသွားတော့သည်။

​သူသည် ဝမ်ချွမ်းမြစ်ကို ဖြတ်ကူးပြီး ထိုနေရာမှ ထွက်ပြေးချင်နေခြင်းဖြစ်သည်။

​သူသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့သဖြင့်၊ အခု ဝိညာဉ်သန္ဓေသား မရှိတော့သော်လည်း သူ၏ဝိညာဉ်မှာ သာမန်ဝိညာဉ်များထက် များစွာ အစွမ်းထက်နေဆဲပင်။

​ရှောင်းစစ်သူကြီး၏ ကျင့်ကြံမှုအဆင့်ဖြင့် သူ့ကို မတားဆီးနိုင်ဘဲ ပုဒုမသေမျိုး ဝမ်ချွမ်းမြစ်ထဲသို့ ခုန်ဆင်းသွားသည်ကိုသာ ငေးကြည့်နေလိုက်ရသည်။

​ဝမ်ချွမ်းမြစ်ရေများ ဆူပွက်လာပြီး မြွေ၊ ပိုးမွှား၊ ကြွက်၊ ပုရွက်ဆိတ် အမြောက်အမြား ရေမျက်နှာပြင်ပေါ် တက်လာကြသည်။

လက်ချောင်းများစွာ ထွက်ပေါ်လာပြီး ပုဒုမသေမျိုး၏ ခြေထောက်၊ လက်၊ လည်ပင်းနှင့် ခေါင်းတို့ကို တင်းကျပ်စွာ ဆွဲကိုင်ကာ ဝမ်ချွမ်းမြစ်ထဲသို့ ဆွဲချသွားတော့သည်။

​"ဘယ်လိုဖြစ်လို့လဲ"

​ပုဒုမသေမျိုး ထိတ်လန့်သွားသော်လည်း သူ၏ယင်ချီများကို မည်မျှပင် လှုံ့ဆော်ပါစေ ထိုလက်များကို မရုန်းထွက်နိုင်ခဲ့ပေ။

ထိုမြွေနှင့် ပိုးမွှားများကလည်း သူ့ကိုယ်ပေါ်မှာ ရူးသွပ်စွာ ကိုက်ခဲနေကြသည်။

​ကျန်းယွီရှုတို့မှာ ထိုမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် မျက်လုံးထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

​"မိန်းမ... သခင်လေးသာ လမ်းပြမပေးရင် ငါတို့ ဒီကို ရောက်လာတာဟာ..."

​ဟွမ်ဖူကျဲက ကြောက်ကြောက်လန့်လန့် ပြောလိုက်သည်။

​"ဖန့်သခင်လေး... ကယ်ပါဦး ကျွန်တော် မှားမှန်းသိပါပြီ"

​ပုဒုမသေမျိုးက ကြောက်လန့်တကြား အော်ဟစ်နေသည်။

​"စိတ်အေးအေးထားပါ၊ ဝမ်ချွမ်းမြစ်ထဲမှာ မင်း သေမှာမဟုတ်ပါဘူး"

ဖန့်ချန်က နှစ်သိမ့်လိုက်သည်။

​"ငါ မင်းရဲ့... ဗလူးဗလူး..."

​ပုဒုမသေမျိုးမှာ ဝမ်ချွမ်းမြစ်ထဲသို့ လုံးဝ နစ်မြုပ်သွားတော့သည်။

ရေမျက်နှာပြင်ပေါ်တွင် ပူဖောင်းအချို့သာ ကျန်ရစ်ပြီး ခုနကမြင်ကွင်းမှာ ထင်ယောင်ထင်မှား ဖြစ်သွားသလိုပင်။

​ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လှေငယ်လေး အမြောက်အမြားသည် ဝမ်ချွမ်းမြစ်ပေါ်တွင် ပြည့်နှက်နေသည်။

​ဝိညာဉ်သန်းချီမှာ စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြစဉ် စစ်သည်တော်ဝိညာဉ်တစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်

​"အဖေ... အမေ"

​နောက်ထပ် စစ်သည်တော်ဝိညာဉ်တစ်ဦးကလည်း အံ့ဩတုန်လှုပ်စွာ

"မိန်းမ"

​"အစ်ကိုကြီး တကယ်ကြီး အစ်ကိုကြီးလား"

​"ဒါ ညီမလေး မဟုတ်လား နင် ဘာလို့ ဒီမှာ ရှိနေတာလဲ..."

​ဟွမ်ဖူကျဲက စပ်စုချင်စိတ်ဖြင့်

"သခင်လေး... ဒါက ဘာလဲ"

​"ယင်လောကမှာ မြို့ထဲဝင်ချင်ရင် ဝမ်ချွမ်းမြစ်ကို ဖြတ်ရတယ် ဝမ်ချွမ်းမြစ်ကို ဖြတ်ဖို့ဆိုရင် မင်းကို သတိရနေတဲ့သူက သူတို့ရဲ့ ယင်သက်တမ်းကို အသုံးချပြီး လှေငယ်အဖြစ် ပြောင်းလဲပေးရတာ"

​ဖန့်ချန်က ပြုံးလျက်

"ဒါတွေက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ညီအစ်ကိုတွေ သူငယ်ချင်းတွေ သူတို့ကို လာကြိုကြတာလေ"

​"ဒီလိုမျိုးလည်း ရှိတာပဲလား..."

​ဟွမ်ဖူကျဲ စိတ်လှုပ်ရှားသွားပြီးနောက် လှေငယ်တစ်စင်းကို လှမ်းကြည့်ကာ အော်လိုက်သည်

"အဖေ"

​ကျန်းယွီရှုတို့မှာ လူ့ဘဝတုန်းက စာပေသမားများဖြစ်ကြသဖြင့် နတ်ဘုရားနှင့် သရဲအကြောင်းများကို မယုံကြည်ခဲ့ကြပေ။

အခု သူတို့ကိုယ်တိုင် လေလွင့်ဝိညာဉ် ဖြစ်လာမှသာ ယုံကြတော့သည်။

​အခု ယင်လောကရဲ့ မြင်ကွင်းတွေနဲ့ အဆုံးမရှိတဲ့ ဝမ်ချွမ်းမြစ်ကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ ရင်ထဲမှာ အလွန်တရာ တုန်လှုပ်သွားရသည်။

​"ကိုယ့်ကို သတိရနေတဲ့သူ..."

​ကျန်းယွီရှုက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူက ဂရုမစိုက်သလို ဟန်ဆောင်နေသော်လည်း ဝမ်ချွမ်းမြစ်ပေါ်မှာ လိုက်ရှာနေမိသည်။

မကြာမီမှာပင် သူသည် လှေငယ်တစ်စင်းကို မြင်လိုက်ရပြီး ထိုပေါ်တွင် လူရိပ်အချို့ ရပ်နေကြသည်။

​ကျန်းယွီရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

​"လာကြိုတဲ့သူ ရှိတဲ့သူတွေ အရင်ကူးသွားကြ ပိုင်ယွဲ့မြို့တံခါးဝမှာ ပြန်ဆုံမယ်"

ဖန့်ချန်က ပြောလိုက်သည်။

​"ဟုတ်ကဲ့ပါ"

​နာရီအနည်းငယ်ကြာပြီးနောက် ဝိညာဉ်သန်းချီထဲမှ နှစ်သိန်းကျော်သာ ကျန်တော့ပြီး ကျန်တဲ့သူတွေအားလုံး လှေငယ်တွေနဲ့ ထွက်ခွာသွားကြပြီဖြစ်သည်။

​ကျန်ရစ်ခဲ့သော ဝိညာဉ်များမှာ မျက်လုံးများ ဝေဝါးနေပြီး မျက်နှာတွင် ဝမ်းနည်းရိပ်များ ပေါ်နေကြသည်။

အချို့က ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောကြပေ။

​ဖန့်ချန်က ထိုအခြေအနေကို မြင်သောအခါ ပြုံးလျက် ပြောလိုက်သည်

"မင်းတို့ကို လာကြိုမယ့်သူ မရှိတာဟာ မင်းတို့ကို သတိရတဲ့သူ မရှိလို့ မဟုတ်ပါဘူး သူတို့တွေ မရဏလမ်းကို မရောက်သေးတာ ဒါမှမဟုတ် ပိုင်ယွဲ့မြို့ထဲ မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ် နောက်ဆိုရင် မင်းတို့ ကျင့်ကြံမှု အောင်မြင်တဲ့အခါ သူတို့ကို လိုက်ရှာပြီး ပြန်ခေါ်လာလို့ ရပါတယ်"

​ထိုစကားကြောင့် အားပျက်နေသော စစ်သည်တော်ဝိညာဉ် အများအပြား ချက်ချင်း စိတ်ဓာတ် တက်ကြွသွားကြသည်။

​အချို့ကလည်း ရယ်ရယ်မောမောဖြင့်

"ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက မိဘမဲ့ပါ သူတို့ ဒီယင်လောကမှာ ရှိနေရင်တောင် ကျွန်တော့်ကို သိမှာမဟုတ်ပါဘူး ဒါကြောင့် လာကြိုမယ့်သူ မရှိတာပါ သခင်လေး... ကျွန်တော်တို့လို လူတွေက ဝမ်ချွမ်းမြစ်ကို ဘယ်လိုဖြတ်ရမလဲ "

​"ငါ လာကြိုပေးရင် မရဘူးလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​ထိုစစ်သည်တော်ဝိညာဉ်မှာ ကြောင်သွားပြီးနောက် ပို၍ပင် ဝမ်းသာအားရ ပြုံးလိုက်သည်

"ရတာပေါ့၊ သခင်လေး လာကြိုပေးတာက အကောင်းဆုံးပဲ "

​"သွားကြစို့ အားလုံးပဲ"

​ဖန့်ချန်က အော်ဟစ်လိုက်ပြီး ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ ဝမ်ချွမ်းမြစ်ပေါ်တွင် ကြီးမားလှသော သင်္ဘောကြီးတစ်စင်း ပေါ်လာခဲ့သည်။

အမြင့်ပေ ရာဂဏန်းရှိသော ထိုသင်္ဘောကြီးမှာ လူနှစ်သိန်းမက၊ နောက်ထပ် သုံးသိန်းပေါင်းထည့်ရင်တောင် အေးဆေးပင်။

​သူ့ရဲ့ နေ့ဘက်ကင်းလှည့်အရာရှိ အဆင့်အတန်းနဲ့ဆိုရင် ဒီသင်္ဘောကြီးကို ဖန်တီးဖို့ သူ့ရဲ့ ယင်သက်တမ်းကို တစ်စက်ကလေးမှ အသုံးချစရာ မလိုပေ။

​"သွားပြီဟေ့"

​စစ်သည်တော်ဝိညာဉ်များက စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း သင်္ဘောပေါ် တက်ကြတော့သည်။

​သင်္ဘောကြီး တံတားဦးသို့ ဆိုက်ကပ်လိုက်သည်။

​ဘေးပတ်ဝန်းကျင်မှ လေလွင့်ဝိညာဉ် အမြောက်အမြားမှာ ထိုအဆုံးမရှိသော စစ်တပ်ကြီးကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

​"ဟေး... သူတို့ဝတ်ထားတာ ငါတို့ မဟာရှစစ်တပ်က ဝတ်စုံတွေနဲ့ တူတယ်နော် ဒီကလေးတွေက ငါတို့ မဟာရှစစ်တပ်ကလား"

​"ဒီနှစ်ပိုင်းတွေမှာ စစ်ပွဲကြီးကြီးမားမား မရှိပါဘဲနဲ့ ဘာလို့ စစ်သည်တော်ဝိညာဉ်တွေ ဒီလောက်တောင် များနေရတာလဲ..."

​အနားရှိ လေလွင့်ဝိညာဉ်အချို့မှာ မဟာရှ၊ လုံတု၊ ကုဟယ် စသည့်နိုင်ငံများမှ ဖြစ်ကြပြီး ဤစစ်တပ်ကြီးကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

​စစ်သည်တော်ဝိညာဉ်တစ်ဦးက လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်

"ကျွန်တော်က ကလေးမဟုတ်ဘူးဗျ သေတာတောင် ၄၀-၅၀ ရှိပြီ၊ မသေခင်တုန်းကလည်း အသက် ၄၀ ကျော်ပြီ"

​"၄၀-၅၀ ဆိုတော့... ဒါဆိုရင်..."

​လေလွင့်ဝိညာဉ်များမှာ ကြောက်လန့်သွားကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀-၅၀ ခန့်က သုံးလောကတောင် တိုက်ပွဲတစ်ခုတည်းမှာသာ စစ်သည်တွေ အများဆုံး သေဆုံးခဲ့တာ ဖြစ်သည်။

ဒါဆိုရင် ဒီစစ်သည်တွေက သုံးလောကတောင်ကလား

​ရှောင်းစစ်သူကြီးသည် ဖန့်ချန်၏ ဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး ခဏမျှ တွေဝေနေပြီးမှ တိုးတိုးလေး မေးလိုက်သည်

​"ဖန့်အရှင်... သူတို့ကို ဘယ်လိုမျိုး အခြေချပေးဖို့ စဉ်းစားထားလဲ"

​အခန်း (၈၆၄) ညဘက်ကင်းလှည့်အရာရှိ

​ရှောင်းစစ်သူကြီး၏ မေးခွန်းကို ဖန့်ချန်က ပြန်မဖြေခဲ့ပေ။

သို့သော် ရက်အနည်းငယ်အကြာတွင် စစ်သည်တော်ဝိညာဉ်များကို အုပ်စုလိုက်၊ အုပ်စုလိုက် လာရောက်ခေါ်ဆောင်သွားကြသည်ကို ရှောင်းစစ်သူကြီး ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

​"အရှင်... ဒီဝိညာဉ်တွေက ကျင့်ကြံမှုအဆင့် သာမန်ပဲရှိသေးတော့ တိုက်ပွဲဝင်နိုင်တဲ့ အစွမ်းရှိလာဖို့ဆိုရင် နှစ်ပေါင်းများစွာ လေ့ကျင့်ယူရပါလိမ့်မယ်"

​တုယွန်းရွှီက ရိုသေစွာ လျှောက်တင်လိုက်သည်။

​ကျန်းယွီရှုတို့အဖွဲ့မှာ တုယွန်းရွှီသည် ယင်လောကတွင် မည်သည့်ရာထူးအဆင့်အတန်း ရှိသည်ကို မသိကြသော်လည်း၊ သူဝတ်ဆင်ထားသည့် နေ့ဘက်ကင်းလှည့်နတ်ဘုရား ချပ်ဝတ်တန်ဆာကို မြင်ရရုံနှင့်ပင် ရင်ထဲတွင် လေးလံသော ဖိအားကို ခံစားလိုက်ရသဖြင့် သူသည် သာမန်လူမဟုတ်မှန်း သိလိုက်ကြသည်။

​"သူတို့ အခုရောက်နေတဲ့ နေရာက ယင်သက်တမ်းရဖို့ မခက်ခဲဘူး ယင်သက်တမ်းရဲ့ အထောက်အပံ့ရှိရင် ကျင့်ကြံမှုကလည်း တစ်နေ့တခြား တိုးတက်လာမှာပဲ"

​ဖန့်ချန်က အသာအယာ ခေါင်းညိတ်သည်။

​မဟာရှ စစ်သည်တော်ဝိညာဉ်များသည် ယခုအချိန်တွင် ဓားတစ်လက်ကို သွေးနေသည့်အဆင့်သာ ရှိသေးသည်။

ဓားသွေးပြီးသွားပါက သူတို့သည် ဖန့်ချန်အတွက် ယင်လောကရှိ အဓိက အမာခံအင်အားစုများ ဖြစ်လာပေတော့မည်။

​ထို့နောက် ဖန့်ချန်သည် တုယွန်းရွှီကို ကျန်းယွီရှုတို့နှင့် မိတ်ဆက်ပေးလိုက်ပြီး၊ သူတို့ကို ရှန့်ကျင်း မြို့သို့ ခေါ်သွားကာ ယင်စစ်သည်ဌာနတွင် တာဝန်ပေးရန်နှင့် ဧည့်သည်တော်အရာရှိ အဆင့်အတန်းဖြင့် နေ့ဘက်ကင်းလှည့်အဖွဲ့၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန် ညွှန်ကြားလိုက်သည်။

​"သခင်လေး... ကျွန်တော်မျိုးတို့က ယင်လောကကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ ဒီလောက် အရေးကြီးတဲ့ အလုပ်တွေကို တာဝန်ယူဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်"

​ကျန်းယွီရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

​ထောင်မင်ရှန့်တို့လည်း ထိုသို့ပင် တွေးမိကြသည်။

လူတိုင်း အာဏာကို မက်မောကြသော်လည်း အခုမှ ရောက်ခူးကာစဖြစ်၍ ရာထူးကြီးကြီးကို ချက်ချင်းယူလိုက်ပါက မလိုအပ်သော ပြဿနာများ တက်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

​"ခင်ဗျားတို့က အပေါ်ယံကနေ ကြည့်ပေးရုံပါပဲ လုပ်ငန်းကိစ္စ အဝဝကို တုယွန်းရွှီက ကူညီစီစဉ်ပေးလိမ့်မယ်၊ ခင်ဗျားတို့ကတော့ သင့်တော်တဲ့အချိန်မှာ ကိုယ့်အကြံဉာဏ်ကိုယ် ပေးရုံပဲ ဒီယင်လောကမှာလည်း ဂိုဏ်းဂဏတွေ အများကြီး ရှိတယ်လေ... ခင်ဗျားတို့ကလည်း အုပ်စုဖွဲ့ တိုက်ခိုက်တဲ့နေရာမှာ ဆရာကြီးတွေ မဟုတ်လား"

​ဖန့်ချန်က ပြုံးစစဖြင့် ပြောလိုက်သည်။

​အားလုံးက ထိုအခါမှ သဘောပေါက်သွားပြီး ချက်ချင်း လက်ခံလိုက်ကြသည်။

​ယင်လောကကို အုပ်ချုပ်ခိုင်းလျှင် သူတို့ တွေဝေနေဦးမည် ဖြစ်သော်လည်း၊ ဖန့်ချန်အတွက် ယင်လောကရှိ အုပ်စုချင်း တိုက်ပွဲများတွင် ကူညီပေးရန်ဆိုသည်မှာ သူတို့အတွက် အပန်းမကြီးပေ။

​သရဲတွေ ဘယ်လောက်ပဲ ပါးပါး၊ လူကနေ ဖြစ်လာတာ မဟုတ်လား

​ပိုပြီးတော့တောင် ဟုတ်သေးတယ်၊ အခု သူတို့ကိုယ်တိုင်လည်း သရဲတွေ ဖြစ်နေပြီပဲ။

​ဖန့်ချန်က နောက်ထပ် အနည်းငယ် မှာကြားလိုက်ရာ ကျန်းယွီရှုတို့ သဘောပေါက်သွားကြသည်။

သူတို့ နောက်ထပ် လုပ်ဆောင်ရမည့်အလုပ်မှာ ယင်လောကရှိ မြို့အသီးသီးနှင့် ဌာနအသီးသီးတွင် မိမိတို့လူများကို အဆက်မပြတ် ထည့်သွင်းရန်ပင် ဖြစ်သည်။

​"သခင်လေး... ကျွန်တော့်မှာ မေးချင်တဲ့ စကားတစ်ခွန်း ရှိတယ်"

​ထောင်မင်ရှန့်က ရုတ်တရက် စကားစလိုက်သည်။

​ရဲတုန်းမင်ကလည်း ထိုနည်းတူပင် ဖန့်ချန်ကို လှမ်းကြည့်ကာ

"ကျွန်တော်မျိုးလည်း မေးချင်ပါတယ်"

​"ထောင်ယွီ နဲ့ ရဲချင်းဟဲ တို့ ဘယ်မှာလဲဆိုတာ သိချင်ကြတာလား "

​ဖန့်ချန်က ပြုံးလျက်

"ဒီနှစ်တွေအတွင်း ထောင်ယွီကိုတော့ မတွေ့မိဘူး သူ ဘယ်နေရာမှာမဆို တံခါးပိတ်ကျင့်ကြံနေတာ ဒါမှမဟုတ် သေဆုံးသွားတာလည်း ဖြစ်နိုင်တယ် ဘယ်လိုပဲဖြစ်ဖြစ် သိပ်ပြီးတော့ အနှောင့်အယှက် မရှိပါဘူး"

"ရဲချင်းဟယ်ကတော့ သူ့မှာ သူ့ကံကြမ္မာနဲ့သူ ရှိပါတယ် ကျင့်ကြံမှု အောင်မြင်လာတဲ့အခါ သူတစ်ခေါက် ပြန်လာလိမ့်မယ် အဲဒီကျရင် ခင်ဗျားတို့ တွေ့ရမှာပါ"

​ရဲတုန်းမင်သည် မိမိသား၏ သတင်းကို ကြားရသဖြင့် အလွန်ဝမ်းသာသွားသည်။

ထောင်မင်ရှန့်ကမူ သက်ပြင်းသာ အသာချလိုက်မိသော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် သူ့သားသေသွားလျှင်တောင် ဘာဖြစ်သလဲ အခု သူ့အဖေက ယင်လောကမှာ အရာရှိကြီး ဖြစ်နေပြီပဲ

​"သခင်လေး... ဒါဆိုရင် ကျွန်တော်မျိုးတို့ အရင်သွားနှင့်ပါ့မယ်"

​ကျန်းယွီရှုက လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

​ဖန့်ချန်က ခေါင်းညိတ်ပြပြီး တုယွင်ရွှိနှင့်အတူ ထွက်ခွာသွားကြသည်ကို လိုက်လံကြည့်ရှုနေလိုက်သည်။

​အားလုံးကို နေရာချထားပေးပြီးသွားသောအခါ ဖန့်ချန်သည် ရှင်းရှန်း၏ မျက်နှာတွင် တွေဝေနေဟန်ကို မြင်လိုက်ရသဖြင့် ပြုံးကာ မေးလိုက်သည်

​"ဘာပြောချင်လို့လဲ၊ ဘာလို့ မဝံ့မရဲ ဖြစ်နေရတာလဲ"

​ရှင်းရှန်းက ဖန့်ချန်ကို သတိထားကြည့်ကာ

"သခင်လေး... ခုနက ပုံတူကားချပ်ထဲက လူဟာကျွန်တော် ဟိုးအရင်က ရှေးဟောင်းမြေရိုင်းလွင်ပြင် မှာ တွေ့ခဲ့ဖူးတဲ့ စီနီယာနဲ့ အတော်လေး ဆင်တူနေသလိုပဲ..."

​ပုံတူကားချပ်ကို သူတစ်ချက် လှမ်းကြည့်လိုက်ရုံနှင့်ပင် ရင်ထဲတွင် တုန်လှုပ်သွားခဲ့သဖြင့် အခုမှ မနေနိုင်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။

​"အမှန်အတိုင်း ပြောရရင် ငါလည်း သေသေချာချာ မသိဘူး အဘိုးက အခုထိ လူလုံးမပြသေးတော့ ငါလည်း မေးစရာနေရာ မရှိဘူး"

​ဖန့်ချန်က ပြောလိုက်သည်။

​ရှင်းရှန်းက သက်ပြင်းချကာ

"သခင်လေးက အဲဒီစီနီယာရဲ့ သွေးသားရင်းချာ ဖြစ်နေမှာ အသေအချာပါပဲ ဒါဆိုရင်တော့ ကိစ္စတော်တော်များများဟာ ကျိုးကြောင်းဆီလျော်သွားပါပြီ"

​တာအိုသုံးထောင်ဂိုဏ်းက ယွင်ဟယ်ဧကရာဇ် ။

​ပြီးတော့ ဖန့် မျိုးရိုးနဲ့ ထူးခြားဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီး။

ဒီနှစ်ယောက်ရဲ့ တည်ရှိမှုဟာ သူတင်မကဘူး၊ အရင် ယင်လောကကြီး (အကြီးစားယင်လောက) က အထက်လူကြီးတွေတောင် သူတို့ရဲ့ နောက်ခံအကြောင်းရင်းကို သိနိုင်မှာ မဟုတ်ဘူး။

​အဲဒီလို စဉ်းစားကြည့်ရင် ဒီဖန့်သခင်လေးရဲ့ နောက်ခံဟာ ကျီးလျန်တို့ထက် အဆပေါင်းများစွာ သာလွန်နေတာ အသေအချာပင်။

​အပြင်လူတွေကတော့ သူတို့ကို မသေမျိုးဘုရင်ရဲ့ သားမြေးတွေလို့ ထင်ကြပေမဲ့၊ တကယ်တော့ မသေမျိုးဘုရင် ဆိုတာ ဒီထူးခြားဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီး နှစ်ယောက်နဲ့ ယှဉ်ရင် ဘယ်လောက်တောင် ကွာခြားလိုက်သလဲ

​"ကျီးလျန် က အခုထိ ယင်လောကအကြီးထဲမှာပဲ ရှိနေတုန်းလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​ရှင်းရှန်းက ခေါင်းညိတ်ပြကာ

"လူ့လောကကို ပြန်ပို့ဖို့ အခွင့်အရေး မရသေးပါဘူး"

​"ဒါဆိုရင် ကောင်းတာပေါ့ ငါ မင်းနဲ့အတူ ယင်လောကအကြီးဆီ လိုက်ခဲ့မယ် သူ့ကို လမ်းကြုံ နှုတ်ဆက်ပေးရအောင်"

​ရှင်းရှန်း၏ ရင်ထဲတွင် ဝမ်းသာသွားသည်။

ကျီးလျန်ကို လူ့လောက ပြန်ပို့နိုင်လိုက်လျှင် သူ၏ နောက်ဆုံးသော စိုးရိမ်ပူပန်မှုမှာ လုံးဝ ပျောက်ကွယ်သွားပေတော့မည်။

ငရဲမင်းအမိန့်ပြား ကို ကိုင်ဆောင်ထားသဖြင့် ဖန့်ချန်သည် ထို ဖူထူတံတား ကို အချိန်မရွေး၊ နေရာမရွေး ဖွင့်နိုင်သည်။

​သူတို့နှစ်ဦး ယင်လောကအကြီး (အကြီးစားယင်လောက) သို့ ရောက်ပြီး မကြာမီမှာပင် မင်္ဂလာဆောင်အဖွဲ့တစ်ခု ဗုံတီးခေါက်ပြီး ရောက်လာသည်ကို တွေ့လိုက်ရသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဖွဲ့သည် ဖန့်ချန်တို့ရှေ့တွင် ရပ်တန့်သွားသည်။

အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် မယ်တော်စီ သည် လိုက်ကာကို လှန်ကာ၊ အသက်မဲ့နေသော ရုပ်သေးရုပ်ကဲ့သို့ ဖြစ်နေသည့် ကျီးလျန် ကို ခေါ်ဆောင်၍ ဖန့်ချန်ရှေ့သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။

​တစ်ချိန်တည်းမှာပင် ရှီလုံ သည်လည်း ဘယ်ကရောက်လာမှန်းမသိဘဲ ဖန့်ချန်၏နောက်တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

​"ငရဲမင်း "

​မယ်တော်စီသည် ယခင်ကကဲ့သို့ နောက်ပြောင်ကျီစယ်ခြင်း မပြုရဲတော့ဘဲ ဖန့်ချန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။

​"မယ်တော်စီ... ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဒုက္ခရောက်ခဲ့တယ်လို့ ကြားတယ်"

​ဖန့်ချန်က နှုတ်ဆက်ကာ ပြုံး၍ ပြောလိုက်သည်။

​မယ်တော်စီ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင်

"ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တာပါ ငရဲမင်းရဲ့ အရေးကိစ္စတွေ အောင်မြင်ဖို့အတွက်ဆိုရင် ဒီလောက် အရှက်ကွဲရတာ ဘာမှမဟုတ်ပါဘူး"

​ထိုသို့ပြောရင်း သူမ၏ မျက်လုံးထဲတွင် လောလောလတ်လတ် ဆန္ဒအချို့ ပေါ်လာကာ သတိထားပြီး မေးလိုက်သည်

​"မသိလို့ မေးပါရစေ... ကျွန်မကို ငရဲမင်းက ရာထူးတရားဝင် ခန့်အပ် ပေးနိုင်မလား"

​"မယ်တော်စီ...ငရဲမင်းက ရာထူးခန့်အပ်မလား မခန့်အပ်ဘူးလား ဆိုတာ ငရဲမင်းရဲ့ ဆုံးဖြတ်ချက်ပဲ အောက်ကလူတွေက ကိုယ့်ဘာသာ တောင်းဆိုနေရင်တော့ ဒါက စည်းကမ်းပျက်ရာ ရောက်လိမ့်မယ်"

ရှီလုံက အသာအယာ သတိပေးလိုက်သည်။

​မယ်တော်စီက ချက်ချင်း ခေါင်းညိတ်ကာ

"ကျွန်မ စကားမှားသွားပါတယ်"

​"အခု ရှီ အရာရှိက နေ့ဘက်ကင်းလှည့်အရာရှိ ဖြစ်နေပြီဆိုတော့ မယ်တော်စီက ညဘက်ကင်းလှည့်အရာရှိ အဖြစ် တာဝန်ယူရင် ဘယ်လိုလဲ"

​ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

​နေ့ဘက်နှင့် ညဘက် ကင်းလှည့်ခြင်းတွင် ကန့်သတ်ချက်များ ရှိသည်။

ဖန့်ချန်ကိုယ်တိုင် ခေါ်ယူခြင်း မဟုတ်ပါက နေ့ဘက်ကင်းလှည့်အရာရှိသည် လူ့လောကရှိ နေ့ဘက်တွင်သာ ကိုယ်ထင်ပြနိုင်ပြီး၊ ညဘက်ကင်းလှည့်အရာရှိမှာမူ ညဘက်တွင်သာ ကိုယ်ထင်ပြနိုင်သည်။

ဤသည်မှာ စည်းကမ်းမဟုတ်ဘဲ ကန့်သတ်ချက်တစ်ခုပင် ဖြစ်သည်။

​"ညဘက်ကင်းလှည့်အရာရှိလား ကျွန်မ... ငရဲမင်းကို ကျေးဇူးအများကြီး တင်ပါတယ်"

မယ်တော်စီ ဝမ်းသာအားရ ဖြစ်သွားသည်။

​သူမသည် ယင်စစ်သည်အဖွဲ့ထဲ ဝင်ရမည်ဟု ထင်ထားသော်လည်း ညဘက်ကင်းလှည့်အဖွဲ့ ဖြစ်နေသဖြင့် သူမ မျှော်လင့်ထားသည်ထက် ပိုကောင်းနေပေသည်။

​ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြီး ဟာလာဟင်းလင်း ပြင်တွင် ရာထူးခန့်အပ်လွှာတစ်ခုကို ရေးလိုက်သည်။

ထိုခန့်အပ်လွှာ မယ်တော်စီ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ သူမ၏ ကိုယ်ပေါ်မှ ယင်ချီများမှာ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

​ထိုပြောင်းလဲမှုကြောင့်ပင် သူမသည် လူ့လောကရှိ ညဘက်တွင် သူမ၏ မူလစွမ်းအားများကို အပြည့်အဝ အသုံးချနိုင်တော့မည် ဖြစ်သည်။

လေလွင့်ဝိညာဉ်များကဲ့သို့ လေအဖြစ်သာ ပြောင်းလဲနိုင်ခြင်းမျိုး မဟုတ်တော့ပေ။

​ငရဲမင်းအမိန့်ပြားထဲမှ ယင်သက်တမ်း နှစ် ၄၀၀၀ လျော့နည်းသွားသည်။

ရှီလုံကို ခန့်အပ်စဉ်ကထက် နှစ် ၁၀၀၀ ပိုနည်းသွားခြင်းဖြစ်ပြီး၊ ထိုသည်မှာ သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကို ဖော်ပြနေခြင်း ဖြစ်သည်။

​ယခုအခါ ငရဲမင်းအမိန့်ပြားထဲရှိ ယင်သက်တမ်းသည် မယ်တော်စီကဲ့သို့သော အဆင့်မြင့် ယင်မိစ္ဆာ နှစ်ဦးကို ခန့်အပ်ရန် လုံလောက်သေးသည်။

​သူမ၏ ကျင့်ကြံမှုအဆင့်မှာ ပထမအဆင့် လွတ်လပ်သောမသေမျိုး နှင့် ညီမျှသည်။

ရှီလုံ သို့မဟုတ် ထိုက်ယင်နဂါးမင်းကြီး တို့လောက် မစွမ်းသော်လည်း အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် အဆင့်ရှိသော တကယ့် ပညာရှင်ကြီးပင် ဖြစ်သည်။

​သို့သော် ယခုအချိန်တွင် ဖန့်ချန်၌ ယင်သက်တမ်းများ ပိုလျှံနေသော်လည်း သင့်တော်သည့် ရာထူးခန့်အပ်မည့်သူ မရှိသေးပေ။

​"ကျွန်မ ညဘက်ကင်းလှည့်အရာရှိ ဖြစ်သွားပြီ... လူ့လောကကို ပြန်လို့ရပြီ..."

​မယ်တော်စီသည် သူမ၏ ကိုယ်တွင်း အသက်ရှူသံများကို ခံစားရင်း တိုးတိုးလေး ရေရွတ်နေသည်။

သူမ၏ အသံထဲတွင် ငိုသံတစ်စပင် ပါဝင်နေသလိုပင်။

​"ခင်ဗျားတို့နှစ်ယောက် ယင်လောကကြီးထဲမှာ ရှိနေတုန်း ကျုပ်အတွက် နတ်ဘုရားဝိညာဉ် တစ်ခုကို ရှာပေးထားပါဦး သူ့နာမည်က ပီထု တဲ့"

​ဖန့်ချန်က ပြောလိုက်သည်။

ရှီလုံနှင့် မယ်တော်စီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကြသည်။

​"ငရဲမင်း... အခု ယင်လောကအသေး ကို ပြန်တဲ့အခါ ကျွန်မကို တစ်ပါတည်း ခေါ်သွားပေးလို့ ရမလား ကျွန်မရဲ့ နေရာဟောင်းကို တစ်ခေါက်လောက် ပြန်ချင်လို့ပါ"

​မယ်တော်စီက ရိုသေစွာ လျှောက်တင်သည်။

​လူ့လောကသို့ သွားရာ မရဏလမ်း အားလုံးသည် ယင်လောကအသေး ထဲတွင် ရှိနေသဖြင့်၊ သူမကဲ့သို့သော အဆင့်မြင့် ယင်မိစ္ဆာဖြစ်ကာ ညဘက်ကင်းလှည့်အရာရှိ ဖြစ်နေသော်လည်း အလွယ်တကူ သွား၍မရပေ။

​"အဲဒီကိုသွားတာ...လက်စားချေဖို့လား"

ဖန့်ချန်က မေးသည်။

​မယ်တော်စီက ခေါင်းညိတ်ပြကာ

"အစွဲအလမ်းတစ်ခုကို အဆုံးသတ်ဖို့ပါ"

​"မယ်တော်စီ... သတ်ဖြတ်ခြင်းက ငါတို့ရဲ့ ယင်သက်တမ်းကို လျော့နည်းစေတယ်နော်"

ရှီလုံက အသာအယာ သတိပေးလိုက်သည်။

​"ကျွန်မ... အဓိက တရားခံကိုပဲ သတ်မှာပါ"

​မယ်တော်စီက သွားကို တင်းတင်းကြိတ်ကာ ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်လိုက်တော့သည်။

All Chapters