← Chapters

အခန်း (၈၆၅-၈၆၆)

Vol. 87 Ch. 865-866

အခန်း (၈၆၅-၈၆၆)

Vol. 87 Ch. 865-866

​အခန်း (၈၆၅) ကျောင်းတော်ပျက်သို့ ပြန်လည်ရောက်ရှိခြင်း

​"မင်းပြန်သွားချင်တဲ့ လူ့လောကက ကိုးနယ်မြေထဲက ဘယ်နယ်မြေလဲ"

​ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

"ယင်လောကအသေးရဲ့ မရဏလမ်းက အချို့နေရာတွေမှာ ပျက်စီးနေတယ် အချို့မြို့တွေကလည်း အချိန်ကာလကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားပြီး ရှာမတွေ့တော့ဘူး"

"တကယ်လို့ မင်းသွားချင်တဲ့နေရာက မရဏလမ်းနဲ့ တိုက်ရိုက်မချိတ်ဆက်ထားဘူးဆိုရင် တခြားလမ်းကနေ ပတ်သွားရလိမ့်မယ် အဲဒါဆိုရင် အချိန်တော်တော်ပေးရနိုင်တယ်"

​မယ်တော်စီသည် သူမ လူ့လောကသို့ ပြန်နိုင်တော့မည်ကို သိလိုက်ရသဖြင့် ဝမ်းသာအားရဖြင့် အလျင်အမြန် လျှောက်တင်လိုက်သည်

​"ငရဲမင်း... ကျွန်မမျိုးမဟာ လူ့ဘဝတုန်းက ရှေးဟောင်းနယ်မြေ ရဲ့ ရှောက်ဟွားဂြိုဟ် က လူပါ ယင်လောကကို စရောက်တုန်းက မင်ကျင့်မြို့ ကနေ ဝင်ခဲ့တာပါ"

​"မင်ကျင့်မြို့..."

​ဖန့်ချန်က သူ၏မှတ်ဉာဏ်ထဲတွင် ပြန်လည်စဉ်းစားကြည့်ပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်

​"ဒီမြို့ကတော့ ရှိသေးတယ် ငါ့မှာ အကြံတစ်ခုရှိတယ် မင်းလက်စားချေမယ့်ကိစ္စကို ခေတ္တခဏ စောင့်ဆိုင်းပါဦး ငါ့လက်ထဲက အလုပ်တွေ အားလပ်သွားတဲ့အခါ မင်းနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးမယ်"

​မယ်တော်စီသည်လည်း ရှေးဟောင်းနယ်မြေ က ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခင်ကပင် သူသည် ရှေးဟောင်းနယ်မြေ၏ အခြားနေရာများသို့ သွားရောက်ရန် အစီအစဉ် ရှိခဲ့ဖူးသည်။

​"ငရဲမင်းက ကျွန်မနဲ့အတူ လိုက်ခဲ့ပေးမလို့လား"

​မယ်တော်စီ အနည်းငယ် ကြောင်သွားပြီးနောက် မျက်နှာတွင် အားတင်းထားရသော အပြုံးတစ်ခုဖြင့်

"ရပါတယ်... ဒါပေမဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာ..."

​"သိပ်မကြာပါဘူး"

​ဖန့်ချန်က ပြုံး၍ ပြောလိုက်ပြီး ပီထု၏ သဲလွန်စကို ရှာဖွေရန် ၎င်းတို့နှစ်ဦးကို ထပ်မံမှာကြားလိုက်သည်။

ထို့နောက်မှ ရှင်းရှန်းနှင့် ကျီးလျန်တို့ကို ခေါ်ဆောင်ကာ အကြီးစားယင်လောကမှ ထွက်ခွာလာခဲ့သည်။

​"မိန်းကလေး... ငရဲမင်းက လူသားတစ်ယောက် ငါတို့ကတော့ ယင်ဝိညာဉ်တွေပဲ ဒီအချက်ကို မင်းသတိရရမယ် တကယ်လို့ လူ့လောကကို ရောက်သွားခဲ့ရင် တစ်ခုခုလုပ်တော့မယ်ဆိုရင် ဆင်ခြင်တုံတရား ရှိရမယ်"

​ရှီလုံက မယ်တော်စီကို စိုက်ကြည့်ကာ အသာအယာ သတိပေးလိုက်သည်။

​မယ်တော်စီက သဘောပေါက်သွားပြီး အလျင်အမြန် ဂါရဝပြုလိုက်သည်

"ရှီအရာရှိရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်ကျွန်မမျိုးမ မှတ်ထားပါ့မယ်"

​...

​...

​ကြယ်စင်တာအိုဂိုဏ်း

​အိုရန်ရွှမ်ကျိ၊ ကုရှီးမသေမျိုးဘုရင်၊ နဂါးအရှင် ဟူသော တာအိုဂိုဏ်း၏ တည်ထောင်သူ သုံးဦးနှင့် မသေမျိုးဘုရင်အဆင့် ပညာရှင်များသည် ယခုအခါ မသေမျိုး အုပ်စုကို ခေါ်ဆောင်၍ ကျောက်ဖျာထက်ရှိ ရုပ်အလောင်း ၁၀ ခုကျော်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

​ထိုရုပ်အလောင်းများမှာ ယခုတစ်ခေါက် ယင်လောကသို့ သွားကြသည့် ကျီးလျန်နှင့် အခြားသူများ ဖြစ်ကြသည်။

ယခုအခါ ကျီးလျန်မှလွဲ၍ ကျန်ရှိသူများ၏ သွေးသားများမှာ ဆွေးမြည့်ပျက်စီးနေပြီး သွေးလေခန်းခြောက်ကာ အရိုးစုပေါ်တွင် အရေခွံပါးပါးလေး ကပ်နေသကဲ့သို့သာ မြင်တွေ့ရတော့သည်။

​"မိတ်ဆွေတို့... ယင်လောကကို သွားတယ်ဆိုတဲ့ စကားက တကယ်လား အတုလား သူတို့ရဲ့ ဝိညာဉ်တွေက အခု တကယ်ပဲ ယင်လောကကို ရောက်နေတာလား ဘာဖြစ်လို့ တာအိုသားတော် (ကျီးလျန်) က ဘာမှမဖြစ်ဘဲ ကျန်တဲ့သူတွေက ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ "

​အိုရန်ရွှမ်ကျိက အတော်ကြာ တိတ်ဆိတ်နေပြီးမှ ကျန်ရှိသော မသေမျိုးဘုရင် နှစ်ဦးကို လှမ်းမေးလိုက်သည်။

​သူသည် မသေမျိုးဘုရင်အဆင့်သို့ ရောက်ရှိသည်မှာ နောက်ကျသဖြင့် ကဏ္ဍအသီးသီးရှိ အတွေ့အကြုံမှာ ထိုနှစ်ဦးကို မမီပေ။

ယင်လောကသို့ သွားသည့် ပညာရပ်နှင့် ပတ်သက်၍ အိုရန်ရွှမ်ကျိ၏ ရင်ထဲတွင် သံသယများ ရှိနေသည်။

​ထိုပညာရပ်နှင့် ပတ်သက်သော ကောလာဟလများစွာ ရှိသော်လည်း ကျုံးကျိုးမြေပြင်ကြီးပေါ်တွင် သူသည် မသေမျိုးဘုရင် တစ်ဦးဖြစ်လျက်နှင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ ယင်လောကသို့ အမှန်တကယ် သွားသည်ကို မမြင်ဖူးသလို၊ ယင်လောကဆိုသည်ကိုလည်း မတွေ့ဖူးပေ။

​ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြင့် သေသွားလျှင်တောင် ယင်လောကက ထိန်းချုပ်နိုင်ပါ့မလား

​မိမိတို့၏ မသေမျိုးဘုရင်က မေးမြန်းသည်ကို မြင်သောအခါ မဟာချဲ့ထွင်းဂိုဏ်းမှ ကျင့်ကြံသူများစွာသည်လည်း မသေမျိုးဘုရင် နှစ်ဦးကို စူးစိုက်ကြည့်လိုက်ကြသည်။

​ရွှီချင်းဆုန်းသည်လည်း ထိုလူအုပ်ထဲတွင် ရှိနေပြီး သူ၏ဘေးတွင် သူနှင့် ၃-၅ ပုံခန့် ဆင်တူသော အိုမင်းနေသည့် အဘိုးအိုတစ်ဦး ရပ်နေသည်။

​"မိတ်ဆွေ ရွှမ်ကျိ..."

​ကုရှီးမသေမျိုးဘုရင်က အသာအယာ ပြောလိုက်သည်

"ရှေးပဝေသဏီကတည်းက တာအိုကျင့်ကြံသူတွေဟာ ယင်လောကကို သွားတဲ့ပညာကို တတ်ကျွမ်းခဲ့ကြတယ် ဒါပေမဲ့ အမွေအနှစ်တွေ ပြတ်တောက်သွားခဲ့လို့ ငါတို့မျိုးဆက်တွေမှာ အဲဒီစွမ်းအားတွေ ပျောက်ကွယ်ကုန်တာ"

"ယင်လောကကို သွားတယ်ဆိုတာ အမှန်တရားပဲ လောကီကုသိုလ် (ကံ) ကို ရဖို့ ခက်ခဲပေမဲ့ ယင်လောကရဲ့ ယင်သက်တမ်းကိုတော့ ရဖို့လွယ်တယ် ဒီအရာက ငါတို့ကျင့်ကြံသူတွေအတွက် ကျင့်ကြံမှုအဆင့် မြှင့်တင်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းပဲ ကုသိုလ်ထက် မနိမ့်ကျဘူး"

"အခုလောလောဆယ် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရအောင် တာအိုသားတော် လူ့လောကကို ပြန်ရောက်လာရင် ငါတို့ ဒီပညာရပ်အပေါ် ဘယ်လောက်အထိ ယုံကြည်ရမလဲဆိုတာ သိရလိမ့်မယ်တကယ်လို့ ဒီနည်းလမ်းကိုသာ တတ်မြောက်သွားရင် ငါတို့ တာအိုဂိုဏ်းထဲကနေ ဂိုဏ်းချုပ်ကြီး အဆင့် တစ်ပါး ပေါ်ထွက်လာဖို့ မဝေးတော့ဘူး"

​အားလုံး၏ စိတ်နှလုံးများ တုန်လှုပ်သွားကြပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။

​တကယ်လို့ တာအိုဂိုဏ်းမှာ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်သာ ရှိခဲ့ရင် ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုတော့ဘူး။

ကျန်းကျိုးနိုင်ငံတော်ရဲ့ တော်ဝင်မိသားစုတောင် သူတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရလိမ့်မည်

​"စိတ်ရှည်ဖို့တော့ လိုတယ်"

​နဂါးအရှင်က ပြုံးလျက်

"ဒီကိစ္စ မအောင်မြင်ရင်တောင် ငါတို့အတွက် ဆုံးရှုံးမှု သိပ်မကြီးပါဘူး အဆင့်မြင့် ကျောက်စိမ်းပြား တစ်ခုလောက်ပဲ ကုန်တာပါ အနည်းအကျဉ်း မဆုံးရှုံးရင် ကြီးမားတဲ့ အကျိုးအမြတ် ဘယ်ရနိုင်ပါ့မလဲ"

​အိုရန်ရွှမ်ကျိ က ခေါင်းညိတ်ပြပြီး စကားဆက်မပြောတော့ဘဲ ကျီးလျန်တို့၏ အခြေအနေကိုသာ စိုက်ကြည့်နေလိုက်သည်။

​"အဖေ... တကယ်လို့ ယင်လောကကို သွားတဲ့ပညာက အောင်မြင်ခဲ့ရင် ကျွန်တော်လည်း ယင်လောကကို တစ်ခေါက်လောက် သွားကြည့်ချင်တယ်"

​ရွှီချင်းဆုန်းက သူ၏ဘေးရှိ ရွှီစစ်ကျို ကို ကြည့်ကာ အသံလွှင့် လိုက်သည်။

​ရွှီစစ်ကျိုက ခဏမျှ တိတ်ဆိတ်နေပြီးမှ

"မင်းရဲ့ ပါရမီနဲ့ဆိုရင် ဒီလောက်ကြီးမားတဲ့ အန္တရာယ်ကို ဘာလို့ ရင်ဆိုင်ချင်ရတာလဲ"

​"ကျွန်တော့်ပါရမီက မြင့်တယ်ဆိုပေမဲ့ တချို့လူတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ် နိမ့်ကျနေပါသေးတယ် ယင်လောကကို သွားရင် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ရှာတွေ့နိုင်ပြီး တာအိုနဲ့ မြန်မြန် ပေါင်းစည်းနိုင်လိမ့်မယ်လို့ ထင်တယ်"

​ရွှီချင်းဆုန်း၏ မျက်လုံးများက ခိုင်မာပြတ်သားနေသည်။

​တိုးတက်ဖို့ မျှော်လင့်ချက်သာ ရှိမည်ဆိုလျှင် သူသည် မည်သည့် အန္တရာယ်ကိုမဆို မကြောက်ပေ။

​"ပြီးရောလေ"

​ရွှီစစ်ကျိုက အသာအယာ ခေါင်းညိတ်ပြပြီး ဆက်မတားတော့ပေ။

​သွားချင်လည်း သွားပေါ့၊ သေသွားရင် အကောင်းဆုံးပဲ

​မုန့်ထျန်းရှု က ရင်ထဲတွင် တိတ်တိတ်လေး တွေးနေသည်။

ယခုတစ်ခေါက် ရွှီစစ်ကျို၏ ကိုယ်ခန္ဓာကို အသုံးချပြီး မဟာချဲ့ထွင်းဂိုဏ်းသို့ ပြန်လာရာတွင် သူသည် အချိန်အတော်ပေး၍ ဤဇာတ်ရုပ်ထဲ စီးဝင်အောင် ကြိုးစားခဲ့ရသည်။

အကြိမ်ပေါင်းများစွာလည်း လူမိလုနီးပါး ဖြစ်ခဲ့ရသည်။

​ကံကောင်းသည်မှာ ပေါင်းစပ်ခြင်းအဆင့် ရှိသော ရွှီစစ်ကျိုကို ဝိညာဉ်သန္ဓေသားအဆင့် ရှိသူတစ်ဦးက ဝိညာဉ်သိမ်းပိုက် လိမ့်မည်ဟု မည်သူမျှ ထင်မထားကြခြင်း ဖြစ်သည်။

​ထို့ကြောင့်ပင် အခုဆိုရင် သူသည် ထိုဇာတ်ရုပ်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်နေပြီဖြစ်ပြီး အိုရန်ရွှမ်ကျိ တို့ကဲ့သို့သော ပုဂ္ဂိုလ်များရှေ့တွင်ပင် အေးအေးဆေးဆေး နေနိုင်နေပြီဖြစ်သည်။

​ရုတ်တရက် မသေမျိုးဘုရင် သုံးဦးစလုံး တစ်ခုခုကို သတိပြုမိသွားကြပြီး ကျီးလျန်ကို လှမ်းကြည့်လိုက်ကြသည်။

ကျီးလျန်၏ မျက်ခွံများ တုန်ခါလာပြီး ခဏအကြာတွင် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ အကြည့်များက ဝေဝါးနေသည်။

​"ငါ... ဘယ်ရောက်နေတာလဲ"

​ကျီးလျန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

​"တာအိုသားတော် နိုးလာပြီ"

​အားလုံး စိတ်လှုပ်ရှားသွားကြသည်။

​မသေမျိုးဘုရင် သုံးဦးစလုံး ကျီးလျန်အနားသို့ ခပ်သွက်သွက် လျှောက်သွားကြသည်။

​"တာအိုသားတော် မင်း အခု ဘယ်လိုခံစားရလဲ ယင်လောကကို တကယ်ပဲ ရောက်ခဲ့တာလား"

​အိုရန်ရွှမ်ကျန်းက လေးနက်သော အသံဖြင့် မေးလိုက်သည်။

​"ယင်လောက... ဟုတ်သားပဲ၊ ငါ ယင်လောကကို သွားခဲ့တယ်..."

​ကျီးလျန်၏ မှတ်ဉာဏ်များ ပြန်ဝင်လာသည်။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သွေးစက္ကူရုပ် ကို မတွေ့သဖြင့် မျက်နှာမှာ အလွန်တရာ ပျက်ယွင်းသွားတော့သည်။

​ကုရှီးမသေမျိုးဘုရင်နှင့် နဂါးအရှင်တို့က ယခုတစ်ခေါက် ယင်လောကခရီးစဉ်သည် အဆင်မပြေခဲ့မှန်း ရိပ်မိလိုက်ကြသည်။

ကျီးလျန်၏ ဘေးရှိ ယင်စစ်သည်ပင် ပါမလာခဲ့ပေ။

​ပုံမှန်ဆိုလျှင် သူ လူ့လောကကို ပြန်ရောက်လာသည့်အခါ ထိုယင်စစ်သည်သည်လည်း သူနှင့်အတူ ကိုယ်ထင်ပြရမည် ဖြစ်သည်။

​ထိုယင်စစ်သည်၏ ကျင့်ကြံမှုမှာ မနိမ့်ကျပေ။

တကယ်လို့ ထိုယင်စစ်သည်တောင် ယင်လောကမှာ ပြဿနာတက်ခဲ့သည်ဆိုလျှင် ယင်လောကသည် သူတို့ထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေသည်မှာ သေချာသည်။

​"ကိစ္စတွေက နည်းနည်း ရှုပ်ထွေးသွားတယ် ဒီတစ်ခေါက် ယင်လောကမှာ အရမ်းကြောက်စရာကောင်းတဲ့ ရန်သူနဲ့ တွေ့ခဲ့ရတယ် တစ်ဖက်လူရဲ့ အစွမ်းက... ဂိုဏ်းချုပ်ကြီးအဆင့်ထက် မနိမ့်ဘူး"

​ကျီးလျန်က လေးနက်သော အမူအရာဖြင့်

"ငါ လူ့လောကကို ဘယ်လိုပြန်ရောက်လာလဲဆိုတာတောင် သေသေချာချာ မမှတ်မိတော့ဘူး ငါ့ရဲ့ ယင်စစ်သည်က ငါ့ကို ပြန်ပို့ပေးခဲ့တာ ဖြစ်ရမယ် သူကတော့... ယင်လောကမှာပဲ သေသွားခဲ့ပြီ ထင်တယ်"

​သူ၏ မှတ်ဉာဏ်မှာ ထိုကျောင်းတော်ပျက်တွင်သာ ရပ်တန့်နေသည်။

​အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ သူ လုံးဝမသိတော့ပေ။

​အခု အခြေအနေကို ကြည့်ရတာ သူ အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စနဲ့ တွေ့ခဲ့ရတာ ဖြစ်ပြီး၊ ပြန်ရောက်လာနိုင်တာဟာ သွေးစက္ကူရုပ်ရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ရမည်။

​"ဒီနေ့ အားလုံးလည်း ရှိနေကြတာပဲ၊ တာအိုသားတော် မင်းမြင်ခဲ့ရတဲ့ ယင်လောကအကြောင်းကို ပြောပြပါဦး"

အိုရန်ရွှမ်ကျန်းက ပြောလိုက်သည်။

​ကျီးလျန်က ခေါင်းညိတ်ပြပြီး သူ၏ မှတ်ဉာဏ်ထဲရှိ ယင်လောက မြင်ကွင်းများကို တစ်ခုချင်း ပြောပြလိုက်သည်။

ယင်လောကတွင် စနစ်တကျ အုပ်ချုပ်မှုရှိကြောင်း ဝမ်ချွမ်းမြစ် ရှိကြောင်း၊ မြို့ကြီးများ ရှိကြောင်းနှင့် ငရဲမင်း တစ်ပါးက ယင်လောက တစ်ခုလုံးကို အုပ်ချုပ်နေကြောင်း အားလုံး သိလိုက်ရသည့်အခါ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

​ဒီယင်လောကဟာ လူ့လောကမှာရှိတဲ့ ဘယ်အင်အားစုထက်မဆို ပိုပြီး ကြောက်စရာကောင်းနေမှာ အသေအချာပင်...

​"နှမြောစရာပဲ ယင်လောကကို သွားဖို့ ကုန်ကျစရိတ်က သိပ်ကြီးမားသလို အန္တရာယ်လည်း သိပ်များတယ် လုံလောက်တဲ့ အကျိုးအမြတ် မရှိရင်တော့ ယင်လောကကို သွားတာက သိပ်ပြီး မတွက်ချေမကိုက်ဘူး"

အိုရန်ရွှမ်ကျိက သက်ပြင်းအသာချလိုက်သည်။

​အားလုံး စိတ်ပျက်သွားကြသည်။

အခုတစ်ခေါက် ကျီးလျန်တို့ သွားခဲ့ရာတွင် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးတစ်ခု ကုန်ကျခဲ့သည့်အပြင်၊ အတူသွားခဲ့ကြသည့် ကျင့်ကြံသူများထဲမှ ကျီးလျန် တစ်ဦးတည်းသာ အသက်ရှင် ပြန်လာနိုင်ခဲ့သည်။

​ကျန်တဲ့သူတွေကတော့ ယင်လောကမှာပဲ ထာဝရ ကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။

​"စီနီယာ သုံးဦးစလုံး ယင်လောကသွားဖို့ ကုန်ကျစရိတ်ကို စိုးရိမ်မနေပါနဲ့ ဒီတစ်ခေါက်မှာ ကျင့်ကြံသူတွေ ယင်လောကထဲကို ဝင်နိုင်မယ့် ဝိညာဉ်ခေါ်မီးအိမ် တစ်မျိုးအကြောင်း ကျွန်တော် သိခဲ့ရတယ် ကုန်ကျစရိတ်လည်း သိပ်မများဘူး ကျွန်တော် နောက်ထပ် အကြိမ်အနည်းငယ်လောက် သွားပြီး ယင်လောကက အဲဒီလူတွေနဲ့ သဘောတူညီချက် တစ်ခု လုပ်လိုက်ရင် ရပါပြီ"

​ကျီးလျန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

​မသေမျိုးဘုရင် သုံးဦးစလုံး မျက်လုံးများ အရောင်တောက်သွားကြသည်။

​"တာအိုသားတော် နောက်တစ်ခေါက် သွားရင် ကျွန်တော်လည်း လိုက်လို့ရမလား"

ရွှီချင်းဆုန်းက ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။

​ကျီးလျန်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်

"ရတာပေါ့၊ မင်းတင်မကဘူး၊ ဒီတစ်ခေါက်မှာ လက်ရွေးစင် ပညာရှင်တွေ အများကြီး လိုအပ်တယ် မဟုတ်ရင် အဆက်အသွယ်တွေ လုပ်ဖို့ လုံလောက်တဲ့ ယင်သက်တမ်းဒင်္ဂါးတွေကို ရမှာမဟုတ်ဘူး"

​တစ်ချိန်တည်းမှာပင်။

​ကျောင်းတော်ပျက်

​ဖန့်ချန်သည် ကျောင်းတော်ပျက်သို့ ပြန်ရောက်လာသည်နှင့် မြင်ကွင်းမှာ ချက်ချင်း ပြောင်းလဲသွားပြီး ခဏအတွင်းမှာပင် ခြံဝင်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။

​ရွှင်အဘိုး နှင့် ကျိဆရာ တို့က သူ့ကို စိုက်ကြည့်နေကြသည်။

​အခန်း (၈၆၆) ပညာရပ်လက်ဆင့်ကမ်းခြင်းနှင့် ယင်လောကခရီးစဉ်

​"ဖန့်ချန်... ရွှင်အဘိုးနဲ့ ကျိဆရာကို ဂါရဝပြုပါတယ်"

​ဖန့်ချန်က လက်အုပ်ချီ၍ အရိုအသေပေးလိုက်သည်။

​ကျိဆရာက အတန်ကြာအောင် အကဲခတ်ကြည့်ပြီးနောက် ရွှင်အဘိုးကို လှမ်းပြောလိုက်သည်

"ကျောင်းအုပ်ကြီး သူ ဝိညာဉ်သန္ဓေသားအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ထင်တယ်"

​"ငါက မျက်စိကန်းနေတာမှ မဟုတ်တာ"

​ရွှင်အဘိုးက နှာခေါင်းတစ်ချက်ရှုံ့ကာ ဖန့်ချန်ကို အေးစက်စက်ကြည့်ပြီး မေးလိုက်သည်

"ဒီအတောအတွင်း မင်းဘယ်တွေ လျှောက်သွားနေတာလဲ"

​"နေရာတစ်ခုမှာ ပိတ်မိနေလို့ပါ အခုမှပဲ လွတ်မြောက်လာတာ"

ဖန့်ချန်က ဖြေလိုက်သည်။

​"အသက်ရှင်နေရင် ပြီးတာပဲ မင်းသာ သေသွားရင် မင်းကြွေးတင်နေတဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ကျိဆရာက ဘယ်သူ့ဆီမှာ သွားတောင်းရတော့မလဲ"

ရွှင်အဘိုးက ခေါင်းညိတ်ရင်း ပြောသည်။

​ကျိဆရာက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ထိုဝိညာဉ်ကျောက်တုံးတွေက အဘိုးကြီးကိုယ်တိုင် ချေးပေးထားခဲ့တာဖြစ်ပြီး အခုတော့ သူ့အပေါ် ပုံချနေလေပြီ။

​"မင်းကို အသိပေးစရာတစ်ခုရှိတယ် မင်းမရှိတဲ့အချိန်မှာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း က ဓားမသေမျိုးအဘိုးအိုကြီး ကွယ်လွန်သွားပြီ"

​ရွှင်အဘိုးက အေးအေးဆေးဆေးပင် ဆက်ပြောသည်

"အခု ဓားဂိုဏ်းမှာ တစ်ဦးတည်းသော မသေမျိုးဘုရင် ဆုံးရှုံးသွားပြီဆိုတော့ ဝမ်ကျိလုံ တစ်ယောက်တည်းနဲ့ ကြာကြာတောင့်ခံနိုင်ဖို့ မလွယ်ဘူး"

" မင်းမရှိတဲ့အချိန်မှာ ဂိုဏ်းရဲ့ ဓားဦးဆောင်သူ ရာထူးက ချင်ဟော့ချန်ဆီ ရောက်သွားခဲ့တယ် ဒါပေမဲ့ သူကတော့... အခု တိုက်ပွဲသိပ်များများ မတိုက်နိုင်တော့ဘူး သူသာ ရှုံးနိမ့်သွားတဲ့နေ့ကျရင် မင်းတို့ ဓားဂိုဏ်း ပိုင်ဆိုင်တဲ့ မသေမျိုးအမွေအနှစ်တွေကို တိထျန်း နဲ့ ပေတု တို့က သိမ်းပိုက်သွားကြလိမ့်မယ်"

​ဖန့်ချန် အံ့အားသင့်သွားသည်။

ခဏလေးအတွင်းမှာပဲ ဓားဂိုဏ်းရဲ့ ဓားမသေမျိုးအဘိုးအိုကြီး ကွယ်လွန်သွားခဲ့ပြီလား

​"ကံကောင်းတာက ချင်ဟော့ချန်က ဓားဦးဆောင်သူကိုယ်စားလှယ် အမည်နဲ့ပဲ တာဝန်ယူထားတာ မင်းပြန်ရောက်လာပြီဆိုတော့ နောက်ထပ်လာမယ့် ဓားစိန်ခေါ်တဲ့လမ်းစဉ် ကို မင်းကိုယ်တိုင် လျှောက်လှမ်းရမယ်"

"တကယ်လို့ မင်းအဆုံးထိ လျှောက်နိုင်ရင် ငါလည်း မင်းတို့ဂိုဏ်းဘက်ကနေ ရပ်တည်ပေးဖို့ အကြောင်းပြချက်ရှိသွားမယ် ဒါမှ တိထျန်းနဲ့ ပေတုတို့က မင်းတို့ကို အနိုင်ကျင့်လွန်းတာမျိုး မဖြစ်မှာ"

ရွှင်အဘိုးက ပြောသည်။

​ကျိဆရာကလည်း ဖြည့်စွက်ပြောကြားသည်

"တကယ်လို့ မင်းလည်း အဆုံးထိ မလျှောက်နိုင်ဘူးဆိုရင်တော့ ဓားဂိုဏ်း ဆုတ်ယုတ်သွားတာဟာ အမှန်တရား ဖြစ်သွားလိမ့်မယ် အဲဒီကျရင် ငါတို့ ကျောင်းတော်ကလည်း ဝင်ပါဖို့ ခက်ခဲလိမ့်မယ် ခွန်လွန် က လီချန်စန်း ရဲ့ ဓားချက်ကို ကျောင်းအုပ်ကြီးတောင် ရှောင်နိုင်ပါ့မလား မသေချာဘူး"

​ရွှင်အဘိုးက သူ့ကို စိုက်ကြည့်လိုက်ကာ

"ငါနဲ့ လီချန်စန်း လက်ရည်မစမ်းရသေးဘူး ငါမရှောင်နိုင်ဘူးလို့ မင်းက ဘယ်လိုလုပ် အပိုင်ပြောနိုင်ရတာလဲ"

​ကျိဆရာက ရယ်ကျဲကျဲဖြင့် ဆက်မပြောတော့ပေ။

​ရွှင်အဘိုးက နှာခေါင်းရှုံ့ကာ ဖန့်ချန်ကို ကြည့်လိုက်သည်

"မင်း အခုချက်ချင်း သွားချင်တယ်ဆိုရင် ငါ မင်းကို လမ်းကြုံ ပို့ပေးနိုင်တယ်"

​"ရွှင်အဘိုး... အရင်ဆုံး တပည့်တွေကို သင်ခန်းစာတစ်ခုလောက် အရင်ပေးပါရစေဦး"

​ဖန့်ချန်က ခဏစဉ်းစားပြီးမှ

"ဒီတစ်ခေါက် နတ်မိစ္ဆာပင်လယ်မှာ ကျွန်တော့်မှာ ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ် ဝိညာဥ်လောကကို သွားတဲ့ပညာ ကို တတ်မြောက်ခဲ့ပါတယ်"

​"ဝိညာဥ်လောကသွားတဲ့ပညာ ဟုတ်လား"

​အေးဆေးတည်ငြိမ်နေသော ရွှင်အဘိုးနှင့် ကျိဆရာတို့မှာ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားပြီး မတ်တတ်ရပ်လျက် ဖန့်ချန်ကို စိုက်ကြည့်လိုက်ကြသည်။

​"ငါ ခုနက ကြားတာ မှားသလား မင်းပြောတာ ယင်လောကကို သွားတဲ့ပညာလား"

ရွှင်အဘိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

​ကျိဆရာကလည်း လေးနက်သောအသံဖြင့်

"ဖန့်လေး... စကားကို ရမ်းမပြောနဲ့နော် ငါတို့လူတွေ အထက်ဘုံလောကကို သွားလို့မရတော့ကတည်းက ဒီဝိညာဥ်လောကသွားတဲ့ပညာဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တာ မင်း ဒါကို ဘယ်ကနေ ရခဲ့တာလဲ"

​ဖန့်ချန်က ပြုံးလျက်

"ယင်လောကကို သွားဖို့က တကယ်တော့ မခက်ခဲပါဘူး ခက်တာက အဲဒီကိုသွားဖို့ အထောက်အကူပြုပစ္စည်း ပါပဲ ဝိညာဉ်ခေါ်မီးအိမ် ဆိုတာ ရှိတယ် အဲဒါကို သုံးရင် ကျင့်ကြံသူတွေက ယင်လောကထဲကို အလွယ်တကူ ဝင်နိုင်ပါတယ် ဒီတစ်ခေါက် ကျွန်တော် ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်တာကလည်း ဒီပညာရပ်နဲ့ မကင်းပါဘူး"

​"ယင်သက်တမ်းဆိုတာ ကုသိုလ် (ကံ) လိုပဲ ငါတို့ကျင့်ကြံသူတွေအတွက် အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ကောလာဟလတွေ ရှိတယ် တကယ်လို့ ယင်လောကကို တကယ်သွားလို့ရမယ်ဆိုရင်တော့..."

ကျိဆရာ၏ အမူအရာမှာ စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်မတတ် ဖြစ်လာသည်။

​ကျုံးကျိုး ဖြစ်စေ၊ တိထျန်း ဖြစ်စေ၊ ပေတု ဖြစ်စေ... အထက်ဘုံလောကတံခါး ပိတ်သွားတာ ကြာပြီဖြစ်လို့ အားလုံးဟာ အခက်အခဲတစ်ခုကို အတူတူ ရင်ဆိုင်နေရတာ ဖြစ်သည်။

​အဲဒါကတော့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးဖက်ဝင်အပင်တွေ ရှားပါးလာခြင်းပင်။

​ဒါကြောင့် အလွန်အစွမ်းထက်တဲ့ ကျင့်စဉ်တော်တော်များများဟာ မူလစွမ်းဆောင်ရည်တွေကို ဆုံးရှုံးကုန်ပြီး တဖြည်းဖြည်း ပျောက်ကွယ်ကုန်ကြသည်။

​ဒီလိုသာ ဆက်သွားနေရင် နောက်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ လောကကြီးမှာ ဂိုဏ်းချုပ်ကြီးတွေ၊ မသေမျိုးဘုရင်တွေ ရှိလာတော့မှာ မဟုတ်ဘဲ ကျင့်ကြံခြင်းလောကဟာ တဖြည်းဖြည်း ဆုတ်ယုတ်ပျက်စီးသွားပေတော့မည်။

​"မင်းပြောတဲ့ အထောက်အကူပြုပစ္စည်းရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ တကယ်လို့ အရမ်းဈေးကြီးရင် ငါတို့ ကျောင်းတော်ကလည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး ပြီးတော့ ဟို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃ တုံးနဲ့လည်း မရသေးဘူးနော်"

ရွှင်အဘိုးက သံသယဖြင့် မေးလိုက်သည်။

​ဖန့်ချန်က ရယ်လျက်

"ဈေးက မကြီးပါဘူး သာမန်ကျင့်ကြံသူတွေတောင် တောင့်ခံနိုင်ပါတယ် ကျောင်းတော်က တပည့်တွေဆိုတာ တစ်နယ်တစ်ကျေးက ပါရမီရှင်တွေပဲဟာ သူတို့အတွက် ဘာခက်ခဲမှာလဲ"

​"ဒါဆိုရင်တော့ ကောင်းတာပေါ့ ကဲ... ငါဆုံးဖြတ်လိုက်မယ် တကယ်လို့ မင်း သူတို့ကို ဒီယင်လောကသွားတဲ့ပညာကို ဘာမှမချန်ဘဲ သင်ပေးမယ်ဆိုရင် ဟို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၃ တုံးထဲက ၂ တုံးပဲ ဆပ်တော့ ကျန်တဲ့ ၁ တုံးကိုတော့ ဒီပညာရပ်နဲ့ ခုပေးလိုက်မယ်"

​ရွှင်အဘိုးက လက်ဝှေ့ယမ်းကာ ဖန့်ချန်၏ ကြွေးမြီထဲမှ ဝိညာဉ်ကျောက်တုံး တစ်တုံးကို လျှော့ပေးလိုက်သည်။

​ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလိုက်သော ဝမ်းမြောက်စရာသတင်းဖြစ်သဖြင့် ဖန့်ချန်ကလည်း ဝမ်းသာအားရ လက်ခံလိုက်သည်။

​...

​"ဖန့်လေးက ရှေးဟောင်းတာအိုပညာကို ထပ်သင်ပေးဦးမှာလား "

​မကြာမီမှာပင် စင်မြင့် အောက်တွင် ကျောင်းတော်၏ ဌာန ၆ ခုမှ တပည့်များစွာ စုရုံးရောက်ရှိလာကြသည်။

ထိုအထဲတွင် ယွီချင်းကျိ ၊ ဟွာမြောင်ချင်၊ နင်ထျဲနယူး ၊ ပဉ္စမမင်းသမီးနှင့် ဟန်ရှုရှန်း တို့လည်း ပါဝင်ကြသည်။

​ပြီးခဲ့သည့်တစ်ခေါက် ပညာသင်ပေးပြီးကတည်းက ယွီချင်းကျိတို့အဖွဲ့သည် ခေါင်းသုံးလုံး လက်ခြောက်ဖက် ပညာရပ်ကို ကျွမ်းကျင်စွာ အသုံးချနိုင်လာပြီး ထိုပညာ၏ ထူးကဲသော အစွမ်းကို ကောင်းကောင်းသိရှိသွားကြသဖြင့် နောက်ထပ် သင်ကြားမည့် ပညာရပ်ကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

​အားလုံးက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြစဉ် မကြာမီမှာပင် စင်မြင့်ထက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း အရိုအသေပေးလိုက်ကြသည်။

​"ကျွန်တော်မျိုးတို့ ဆရာဖန့်ကို ဂါရဝပြုပါတယ်"

​ဖန့်ချန်သည် ယွီချင်းကျိကို မြင်သောအခါ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်

"အားနာမနေကြပါနဲ့တော့ ဒီနေ့ မင်းတို့ကို တာအိုပညာရပ်တစ်ခု သင်ပေးမယ် အဲဒါကတော့ ယင်လောကသွားတဲ့ပညာ ပဲ"

​"ယင်လောကသွားတဲ့ပညာ"

​လူအများအပြား၏ မျက်နှာတွင် ဝေခွဲမရသော အမူအရာများ ပေါ်လာသည်။

​သို့သော် ယွီချင်းကျိတို့အဖွဲ့မှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

​သူတို့သည် နောက်ခံအသီးသီးမှ လာကြသူများဖြစ်ပြီး အိမ်ရှိ ရှေးဟောင်းကျမ်းစာများကိုလည်း ဖတ်ဖူးကြသဖြင့် ရှေးဟောင်း ယင်လောကသွားတဲ့ပညာအကြောင်းကို ကြားဖူးနားဝ ရှိကြသည်။

​သို့သော် နှစ်ပေါင်းများစွာအတွင်း ထိုပညာကို အမှန်တကယ် မြင်ဖူးသူမရှိဘဲ ဒဏ္ဍာရီအဖြစ်သာ တည်ရှိကာ အမွေအနှစ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

​ဒီနေ့မှာတော့ ဒီဆရာဖန့်က သူတို့ကို ဒီလောက်အံ့ဩဖို့ကောင်းတဲ့ ပညာရပ်ကို သင်ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

​ယွီချင်းကျိကဲ့သို့ တည်ငြိမ်လှသောသူပင် မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာတော့သည်။

​စိတ်လှုပ်ရှားတာ... စိတ်လှုပ်ရှားတာပဲ မှန်တယ်

​ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ဝင်းခနဲ ဖြစ်သွားသည်။

​ယင်လောကက ပြန်လာကတည်းက သူ့မှာ ကြီးမားတဲ့ အစီအစဉ်တစ်ခု ရှိခဲ့သည်။

အဲဒါကတော့ ဒီယင်လောကသွားတဲ့ပညာကို ကျုံးကျိုး၊ တိထျန်းနဲ့ ပေတု နယ်မြေတွေမှာ ခေတ်စားလာအောင် လုပ်ဖို့ပါပဲ။

​လူ့လောကမှာ ရင်မဆိုင်နိုင်တဲ့ ပညာရှင်တွေကို ယင်လောကကို ရောက်လာအောင် လုပ်လိုက်ရင်တော့ သူတို့ကိစ္စကို စီရင်ဖို့ မခက်တော့ပေ။

​ယင်လောကသွားတဲ့ပညာဟာ တကယ်တော့ ရိုးရှင်းပါတယ်၊ ဂါထာစကားလုံး အနည်းငယ်ပါပဲ။

ပြီးတော့ ဒီဂါထာတွေကလည်း တစ်မျိုးတည်း မဟုတ်ဘဲ နေရာဒေသအလိုက် ကွဲပြားမှု ရှိပါတယ်။

​အဓိက အရေးအကြီးဆုံးကတော့ ယင်လောကကိုသွားဖို့ သုံးမယ့် အထောက်အကူပြုပစ္စည်း ပါပဲ။

​"ဆရာဖန့်... ဆရာပြောတဲ့ အထောက်အကူပြုပစ္စည်းအကြောင်း ကျွန်တော် တစ်ခါမှ မကြားဖူးဘူးတကယ်လို့ ဒီ ဝိညာဉ်ခေါ်မီးအိမ် လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ မရှိရင် ယင်လောကကို သွားလို့မရဘူး မဟုတ်လား"

ယွီချင်းကျီက ရိုသေစွာ မေးလိုက်သည်။

​"အထောက်အကူပြုပစ္စည်းကိစ္စကိုတော့ မင်းတို့ စိုးရိမ်စရာမလိုပါဘူး မင်းတို့ အဆင်သင့်ဖြစ်တဲ့အခါ ဝိညာဉ်ခေါ်မီးအိမ် လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ငါ ပေးပို့ပေးပါ့မယ်"

" ဒါပေမဲ့ ဒီပစ္စည်းတွေက သိပ်ပြီး ထူးထူးခြားခြား ရှားပါးနေတာမျိုး မဟုတ်ပေမဲ့ မင်းတို့ကိုတော့ အလကား မပေးနိုင်ဘူး ဝိညာဉ်ခေါ်မီးအိမ် တစ်လုံးစာ ပစ္စည်းအတွက် ငါ မင်းတို့ဆီက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးစီ ယူမယ်"

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။

​အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး

​ရွှေအမြုတေအဆင့် ရှိတဲ့ တပည့်တော်တော်များများက နှမြောသလို ဖြစ်သွားကြပေမဲ့ ယင်လောကကို သွားနိုင်မယ့် အခွင့်အရေးနဲ့ ယှဉ်လိုက်ရင်တော့ ၁၀ တုံးဆိုတာ မများဘူးလို့ တွေးမိကြပြန်သည်။

​ခုနကတင် ဆရာဖန့်က ပြောခဲ့တယ် မဟုတ်လား ယင်လောကရဲ့ ယင်သက်တမ်းဟာ သူတို့အတွက် အဆင့်တက်ဖို့ အထောက်အကူဖြစ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ တန်ဖိုးတူတယ်လို့။

​အဆင့်မြင့် ကျင့်ကြံသူတွေအတွက်တောင် ဒီယင်သက်တမ်းဟာ အဆင့်တက်ဖို့ အနည်းနဲ့အများ အထောက်အကူ ဖြစ်စေနိုင်တာမို့၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရှားပါးနေတဲ့ ကျုံးကျိုးနယ်မြေမှာတော့ ဒါဟာ ကြီးမားလှတဲ့ အခွင့်အလမ်းကြီးပါပဲ!

​"ဆရာဖန့်... ဒီယင်လောကက အန္တရာယ်တွေနဲ့ ပြည့်နေတာလား တကယ်လို့ ဝိညာဉ်က ပြန်မလာနိုင်ရင် ကိုယ်ခန္ဓာက..."

ဟွာမြောင်ချင်က စိုးရိမ်တကြီး မေးလိုက်သည်။

​"ကိုယ်ခန္ဓာကတော့ သွေးလေခန်းခြောက်ပြီး သေဆုံးသွားမှာပေါ့"

​ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြကာ

"ယင်လောကကို သွားတာဟာ ကလေးကစားစရာ မဟုတ်ဘူး သွားမသွားဆိုတာကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ ဒီနေ့ သင်ကြားမှုကတော့ ဒီလောက်ပါပဲ"

​ဖန့်ချန်သည် လှည့်ထွက်သွားပြီး စင်မြင့်ထက်မှ ပျောက်ကွယ်သွားရာ၊ ကျန်ရစ်ခဲ့သော တပည့်များမှာ တိတ်ဆိတ်စွာဖြင့် အတွေးကိုယ်စီ နစ်ဝင်နေကြတော့သည်။

All Chapters