အခန်း (၈၆၇-၈၆၈)
Vol. 87 Ch. 867-868
အခန်း (၈၆၇) ငါ့လက်ထဲက ဓား၊ သေသည့်တိုင် မနားစတမ်
နတ်မိစ္ဆာပင်လယ်၊ မိုးမြေဓားဂိုဏ်း
မိုးမြေဓားဂိုဏ်းဟာ အရပ်ရှစ်မျက်နှာရဲ့ ပူဇော်ပသမှုကို ခံယူထားရတဲ့ ဂိုဏ်းဖြစ်ပါတယ်။
ဒီဂိုဏ်းကနေ ထွက်လာတဲ့ ဓားကျင့်ကြံသူတွေဟာ နတ်မိစ္ဆာပင်လယ်ရဲ့ ဘယ်နေရာကိုပဲသွားသွား မျက်နှာပန်း အလွန်လှကြပါတယ်။
လူသားကျင့်ကြံသူဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူ ဖြစ်စေ ဘယ်သူမှ မိုးမြေဓားဂိုဏ်းက ဓားကျင့်ကြံသူတွေကို မပြစ်မှားရဲကြပါဘူး။
သူတို့ကို ပြစ်မှားမိတာဟာ နတ်မိစ္ဆာပင်လယ်ထဲမှာ ဆက်နေထိုင်ခွင့် မရှိတော့တာနဲ့ အတူတူပါပဲ။
ဒီအတောအတွင်းမှာတော့ မိုးမြေဓားဂိုဏ်း တည်ရှိရာ မိုးမြေကျွန်း ဟာ အလွန်စည်ကားနေပါတယ်။
နတ်မိစ္ဆာပင်လယ်ရဲ့ နယ်ပယ်အသီးသီးက အရှင်သခင်တွေဟာ ဓားစိန်ခေါ်တဲ့လမ်းစဉ် ကို ကြည့်ရှုဖို့အတွက် အကုန်ရောက်ရှိနေကြလို့ပါပဲ။
နယ်မြေတစ်ခုကို တစ်ဦးတည်းစိုးမိုးထားတဲ့ မိစ္ဆာမသေမျိုးဘုရင်တွေရှိသလို ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို စောင့်ကြပ်နေတဲ့ မျိုးနွယ်စုကြီးတွေရဲ့ ဘိုးဘေးတွေလည်း ပါဝင်ပါတယ်။
အထက်ဘုံတက်လှမ်းခါနီး မသေမျိုးဘုရင်အဆင့်ကနေ အောက်ခြေ အဆင့်နိမ့်ကျင့်ကြံသူတွေအထိ နှစ်တစ်ရာမှာ တစ်ခါသာ မြင်တွေ့ရခဲတဲ့ ဒီမြင်ကွင်းကို လက်လွတ်မခံချင်ကြပါဘူး။
နောက်ဆုံးမှာတော့ တိထျန်းနဲ့ ပေတု နယ်မြေတွေက ဓားဂိုဏ်းတွေတောင် လူလွှတ်ပြီး လာရောက်ကြည့်ရှုနေကြပါတယ်။
ဒီတစ်ခေါက် ဓားစိန်ခေါ်တဲ့လမ်းစဉ်ဟာ ဓားကျင့်ကြံသူအချင်းချင်းကြားက ကိစ္စဖြစ်ပေမဲ့ ပြင်ပလောကအတွက်လည်း ရိုက်ခတ်မှုတွေ အများကြီး ရှိနေပါတယ်။
တကယ်လို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းသာ ရှုံးနိမ့်သွားခဲ့ရင် သူတို့ပိုင်ဆိုင်တဲ့ မသေမျိုးအမွေအနှစ်တွေဟာ တိထျန်းနဲ့ ပေတုတို့ရဲ့ လက်ထဲကို ရောက်သွားမှာဖြစ်လို့ပါပဲ။
ဒီလို အရေးကြီးတဲ့ကိစ္စရဲ့ နောက်ကွယ်မှာ အင်အားစုအသီးသီးရဲ့ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေပါတယ်။
လှိုင်းတံပိုးထန်နေတဲ့ ပင်လယ်ပြင်ထက်မှာတော့ ကြီးမားတဲ့ မြို့တော်ကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာပါတယ်။
လိပ်ခေါင်းစိမ်း က လော့ကျင်းဘုရင်မ ကို ဖားယားပြီး ပြောလိုက်တယ်
"ဘုရင်မကြီး... ကျွန်တော့်ကျောပေါ်ကို ကြွပါကျွန်တော် မိုးမြေကျွန်းကို လိုက်ပို့ပေးပါ့မယ်"
ဝေလငါးဘုရင်မက အသာအယာ ခေါင်းညိတ်ပြပြီး သူမရဲ့ လူယုံတော်တစ်စုကို ခေါ်ဆောင်ကာ လိပ်ခေါင်းစိမ်းရဲ့ ကျောပေါ်မှာ ရပ်လျက် အဝေးက မိုးမြေကျွန်းဆီကို ဦးတည်သွားပါတယ်။
ကျွန်းပေါ်ကို မရောက်ခင်မှာပဲ ကျင့်ကြံသူတွေဟာ ကောင်းကင်ကနေ ပျံသန်းလာကြတာ၊ ဒါမှမဟုတ် မသေမျိုးသင်္ဘောကြီးတွေက မိုးမြေကျွန်းအပြင်ဘက်မှာ ဆိုက်ကပ်ပြီး ကျွန်းပေါ်ကို အလင်းတန်းတွေအဖြစ် ပျံတက်သွားကြတာကို ခဏခဏ မြင်တွေ့နေရပါတယ်။
"ဘုရင်မကြီး... ကြားရသလောက်တော့ ဒီတစ်ခေါက် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူက ၃ ပွဲဆက်တိုက် တိုက်ခိုက်ပြီး ၃ ပွဲစလုံး နိုင်ထားတယ်တဲ့"
"မထင်ထားမိဘူးဗျာ... နတ်မိစ္ဆာပင်လယ်မှာ ပြိုင်ဘက်ကင်းတဲ့ မိုးမြေဓားဂိုဏ်းတောင် ဒီလို အရှုံးနဲ့ ရင်ဆိုင်ရတဲ့နေ့ ရှိသေးတာပဲ"
"မင်း သိတာက အပေါ်ယံပဲရှိသေးတာ"
လော့ကျင်းဘုရင်မက အေးအေးဆေးဆေး ပြောလိုက်တယ်
"အဲဒီ ၃ ပွဲစလုံး နိုင်ထားတယ်ဆိုပေမဲ့ မိုးမြေဓားဂိုဏ်းရဲ့ ပေါင်းစပ်ခြင်းအဆင့် ဓားကျင့်ကြံသူတွေ အများကြီး မထွက်လာသေးဘူး"
"သူတို့သာ ထွက်လာရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ချင်ဟော့ချန်လည်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး သူတို့တွေ တိထျန်းနဲ့ ပေတု နယ်မြေတွေအထိတောင် မရောက်နိုင်ဘဲ နတ်မိစ္ဆာပင်လယ်မှာတင် ရှုံးနိမ့်သွားကြလိမ့်မယ် "
"လော့ကျင်းဘုရင်မက အမြင်စူးရှတာပဲ"
ရယ်မောသံနဲ့အတူ စကားပြောသံတစ်ခု အဝေးကနေ ထွက်ပေါ်လာပါတယ်။
အားလုံး အံ့ဩသွားကြပြီး လှည့်ကြည့်လိုက်ကြတယ်၊ လော့ကျင်းဘုရင်မ စကားပြောနေတုန်းမှာ ဘယ်သူက ကြားဖြတ်ပြောရဲတာလဲ
ပေတစ်ရာလောက်အကွာမှာတော့ လူတစ်စုဟာ လှိုင်းလုံးတွေကို နင်းပြီး ရပ်နေကြတာကို တွေ့ရပါတယ်။
ခေါင်းဆောင်ဖြစ်တဲ့ လူငယ်လေးက ဝေလငါးဘုရင်မကို ပြုံးစစနဲ့ ကြည့်နေပါတယ်။
"သခင်လေး ကျော့ရွှီ လား"
လော့ကျင်းဘုရင်မ အံ့အားသင့်သွားပြီး သူမရဲ့ အဝတ်အစားတွေကို အမှတ်တမဲ့ ပြုပြင်လိုက်ကာမှ ထိုလူငယ်ကို ဂါရဝပြုလိုက်တယ်
"ကျွန်မမျိုးမ လော့ကျင်း... သခင်လေး ကျော့ရွှီ ကို ဂါရဝပြုပါတယ်"
သူမရဲ့ လက်အောက်ငယ်သားတွေဟာ ထိတ်လန့်သွားကြပါတယ်။
အမြဲတမ်း ဗိုလ်ကျတတ်တဲ့ လော့ကျင်းဘုရင်မကိုတောင် ကိုယ်တိုင်ဦးညွှတ် ဂါရဝပြုခိုင်းနိုင်တယ်ဆိုရင် တစ်ဖက်လူရဲ့ နောက်ခံဟာ အတော်လေး ကြီးမားရပါမယ်
ဒါပေမဲ့ သူတို့တွေ နတ်မိစ္ဆာပင်လယ်ထဲမှာ ကျော့ရွှီ ဆိုတဲ့ နာမည်ကြီး ပုဂ္ဂိုလ်မျိုး တစ်ခါမှ မကြားဖူးပါဘူး။
"လော့ကျင်းဘုရင်မ... ဒီလောက် အားနာမနေပါနဲ့အဲဒီနှစ်က မင်း တိထျန်းကနေ ထွက်မလာခင် ငါပြောခဲ့တဲ့စကားကို မင်းဘယ်လိုစဉ်းစားထားလဲ "
ကျော့ရွှီက ပြုံးပြီး မေးလိုက်ပါတယ်။
လော့ကျင်းဘုရင်မရဲ့ မျက်နှာလေး နီမြန်းသွားပြီး တိုးတိုးလေး ပြောလိုက်တယ်
"သခင်လေး ကျော့ရွှီ... ကျွန်မမျိုးမက မိစ္ဆာကျင့်ကြံသူတစ်ယောက်ပါ တကယ်လို့ သခင်လေးရဲ့ အနားမှာ လိုက်ပါနေရင် သူတပါးရဲ့ လှောင်ပြောင်မှုကို ခံရမှာပေါ့"
"ငါတောင်မကြောက်တာ မင်းက ဘာကြောက်တာလဲ"
ကျော့ရွှီက ပြုံးလျက်
"ဒါ့အပြင်... ဒီလောကမှာ ဘယ်သူက ငါ့ကို လှောင်ပြောင်ရဲမှာလဲ သူတို့ ခေါင်းပြတ်မှာ မကြောက်ကြဘူးလား"
လိပ်ခေါင်းစိမ်းနဲ့ တခြားမိစ္ဆာတွေဟာ ပိုပြီးတော့ ထိတ်လန့်သွားကြပါတယ်။
ရှေ့က သခင်လေး ကျော့ရွှီ ဟာ သူတို့ရဲ့ ဘုရင်မကြီးနဲ့ တခြားသော ပတ်သက်မှုတစ်ခု ရှိနေပုံရပါတယ်...
"ကျွန်မမျိုးမကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး"
ဝေလငါးဘုရင်မက စဉ်းစားပြီးမှ တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်။
ကျော့ရွှီက ခေါင်းညိတ်ပြတယ်
"ရပါတယ် မင်းကို စဉ်းစားဖို့ အချိန်အလုံအလောက် ပေးပါ့မယ် ဒီနေ့ ဆုံကြတာနဲ့ အတူတူ သွားကြစို့"
လော့ကျင်းဘုရင်မကလည်း တစ်ဖက်လူရဲ့ ဖိတ်ခေါ်မှုကို မငြင်းဆန်ခဲ့ပါဘူး။
သူတို့တစ်စု မိုးမြေကျွန်းကို ရောက်တဲ့အခါမှာတော့ မိုးမြေဓားဂိုဏ်းဆီကို တိုက်ရိုက် ဦးတည်သွားကြပါတယ်။
မိုးမြေဓားဂိုဏ်းရဲ့ တောင်ဝင်ပေါက်ရှေ့မှာတော့ ရေတွက်လို့မရနိုင်တဲ့ ကျင့်ကြံသူတွေဟာ ဝိုင်းအုံကြည့်နေကြပါတယ်။
အနည်းဆုံး ရှစ်ထောင်၊ တစ်သောင်းလောက် ရှိပါလိမ့်မယ်။
ဒီကျင့်ကြံသူတွေရဲ့ အကြည့်တွေက လူတစ်ယောက်တည်းဆီမှာပဲ ရှိနေပါတယ်။
အဲဒါကတော့ မိုးမြေဓားဂိုဏ်းရဲ့ တောင်ဝင်ပေါက်ရှေ့မှာ ထိုင်ပြီး အမောဖြေနေတဲ့ ချင်ဟော့ချန် ပါပဲ။
"ကြားရသလောက်တော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာ တကယ့်ဓားဦးဆောင်သူ တစ်ယောက် ရှိခဲ့ဖူးသတဲ့ နှမြောစရာကောင်းတာက သူ ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းတာ ရှုံးနိမ့်သွားလို့သာ ဒီ ချင်ဟော့ချန်က ဓားဦးဆောင်သူကိုယ်စားလှယ် ဖြစ်လာရတာ"
ကျော့ရွှီက ချင်ဟော့ချန်ကို ကြည့်ပြီး မျက်လုံးထဲမှာ အပြုံးတစ်ခု ဝင်းခနဲ ဖြစ်သွားတယ်
"နှမြောစရာပဲ... ဒီ ချင်ဟော့ချန်ရဲ့ အစွမ်းက အဆင့်တူတွေထဲမှာ တကယ့်အထွတ်အထိပ် မဟုတ်သေးဘူး မိုးမြေဓားဂိုဏ်းရဲ့ ပေါင်းစပ်ခြင်းအဆင့် (၃) ယောက်ကို ဆက်တိုက်နိုင်ခဲ့တယ်ဆိုပေမဲ့ အခုတော့ သူလည်း အားကုန်နေပြီ၊ ရှုံးဖို့ပဲ ရှိတော့တယ်"
"အရင်က ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းတာတောင် ရှုံးနိမ့်ခဲ့တဲ့လူက ဘာလို့ ဓားဦးဆောင်သူ ဖြစ်နေရတာလဲ"
လော့ကျင်းဘုရင်မက အံ့ဩတကြီး မေးလိုက်ပါတယ်။
ကျော့ရွှီက ပြုံးလျက်
"ငါလည်း အဲဒီလူကို မတွေ့ဖူးပါဘူး ဒါပေမဲ့ ကြားရသလောက်တော့ သူဟာ အဆင့်တူတွေထဲမှာ ပြိုင်ဘက် တစ်ခါမှ မရှိခဲ့ဖူးဘူး ကျုံးကျိုးနယ်မြေရဲ့ ယုံအန်းမြို့မှာတောင် တစ်ချက်တည်းနဲ့ ခွန်လွန်ဓားဂိုဏ်းက ဝူချန်စန်း ကို သတ်ပစ်ခဲ့ဖူးသတဲ့"
"တကယ်လို့ သူသာ ရှိနေသေးရင် သူကိုယ်တိုင် ဒီလမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ အခြေအနေက ဒီလောက်အထိ အကျပ်ရိုက်မှာ မဟုတ်ဘူး"
"ခွန်လွန်ဓားဂိုဏ်းက ဝူချန်စန်း လား အဲဒီလူကလည်း တကယ့်ပညာရှင်ကြီး ဖြစ်မှာပေါ့ "
လော့ကျင်းဘုရင်မ လန့်သွားပါတယ်။
ခွန်လွန်ဓားဂိုဏ်းက ဓားကျင့်ကြံသူကို သတ်နိုင်တယ်ဆိုတာ သူ့ရဲ့အစွမ်းက မသေးဘူးဆိုတာ သက်သေပါပဲ။
"တကယ့်ပညာရှင်ကြီးတော့ မဟုတ်ပါဘူး သူလည်း ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်ပါပဲ"
ကျော့ရွှီက ပြောပါတယ်။
"..."
လော့ကျင်းဘုရင်မရဲ့ မျက်နှာလေး ထူးဆန်းသွားတယ်
"ဒါဆိုရင် ဘာလို့ သခင်လေးက သူ့ကို ဒီလောက်အထိ အမွှမ်းတင်နေရတာလဲ "
"ဘာလို့လဲဆိုတော့ အဲဒီကောင်လေး ဝူချန်စန်း ကို သတ်တုန်းက သူဟာ ရွှေအမြုတေအဆင့်ပဲ ရှိသေးလို့လေ ရွှေအမြုတေအဆင့်နဲ့ ခွန်လွန်ဓားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့်ကို သတ်နိုင်ခဲ့တယ်ဆိုတော့... လောကမှာ ဘယ်သူက သူ့ကို အထင်မကြီးဘဲ နေနိုင်မှာလဲ"
ကျော့ရွှီက ပြုံးလျက် ဆက်ပြောတယ်
"ဒါပေမဲ့ နှမြောစရာပဲ... ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းတာ ရှုံးနိမ့်သွားတယ် အသက်ရှင်လား သေလားတောင် မသိရတော့ဘူး ဒါကြောင့် ပါရမီနဲ့ ဉာဏ်ရည် ဘယ်လောက်ပဲ မြင့်နေပါစေဦး နောက်ဆုံးအထိ အသက်မရှင်နိုင်ရင်တော့ ပင်လယ်ထဲက သဲပွင့်လေးတစ်ပွင့် ဖြစ်နေမှာပဲ"
လော့ကျင်းဘုရင်မတို့ အုပ်စုဟာ အကြီးအကျယ် တုန်လှုပ်သွားကြပါတယ်။
ရွှေအမြုတေအဆင့်နဲ့ ခွန်လွန်ဓားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဓားကျင့်ကြံသူကို သတ်ခဲ့တာလား
ဒီလိုအစွမ်းမျိုးက... အရမ်းကြောက်စရာ မကောင်းလွန်းဘူးလား လောကမှာ တကယ်ပဲ ဒီလိုရွှေအမြုတေအဆင့် ရှိလို့လား
"ဟိုမှာရှိနေတာက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ အကြီးအကဲ ဝမ်ကျိလုံ ဖြစ်ရမယ် ဓားနတ်ဘုရားအဘိုးအို ကွယ်လွန်သွားပြီဆိုတော့ အခု ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းမှာ မသေမျိုးဘုရင် တစ်ယောက်မှ မရှိတော့ဘူး"
"ဒီလောက်အရေးကြီးတဲ့ ဓားစိန်ခေါ်တဲ့လမ်းစဉ်ကိုတောင် မသေမျိုး တစ်ယောက်ကပဲ ဦးဆောင်နေရတယ်"
"မိုးမြေဓားဂိုဏ်းဘက်ကလည်း မသေမျိုးဘုရင်က ထွက်ပြီး မကြိုဆိုတာကို ကြည့်ရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းဟာ သူတို့မျက်လုံးထဲမှာ ထည့်တွက်စရာ မလိုတော့ဘူးဆိုတာ သိသာနေတယ်"
ကျော့ရွှီက အခြားတစ်နေရာကို ကြည့်ပြီး လော့ကျင်းဘုရင်မကို တိုးတိုးလေး ပြောပြလိုက်ပါတယ်။
အဲဒီနေရာမှာတော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတစ်စု ရပ်နေကြပါတယ်။
ဝမ်ကျိလုံက ခေါင်းဆောင်ပြီး မုတ်ဆိတ်ရှည်နဲ့ ဓားကျင့်ကြံသူ၊ ကျိဓားတောင်ထိပ်က တောင်ထိပ်သခင် စတဲ့သူတွေ အကုန်ရှိနေကြပါတယ်။
သူတို့ရဲ့ ဘေးမှာတော့ မိုးမြေဓားဂိုဏ်းက ဓားကျင့်ကြံသူတစ်စု ရှိနေပြီး ခေါင်းဆောင်ဖြစ်သူရဲ့ ကျင့်ကြံမှုဟာ ဝမ်ကျိလုံထက် အနည်းငယ် နိမ့်ပါးပုံရပါတယ်။
မိုးမြေဓားဂိုဏ်းက ဧည့်ဝတ်ကျေပွန်သယောင် ရှိပေမဲ့ တကယ့်တကယ်တော့ အဆင့်အတန်းအရ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို အလွန်အမင်း အထင်သေးစော်ကားနေတာ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက နာမည်ကြီး ဓားဂိုဏ်းတွေဖြစ်တာကြောင့် ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲက ကိုယ်တိုင်ရောက်လာတာကို နောက်ဂိုဏ်းတစ်ခုက သာမန်အကြီးအကဲ တစ်ယောက်ကိုပဲ လွှတ်ပြီး ကြိုဆိုခိုင်းတာဟာ ယုတ္တိမရှိပါဘူး။
"ဝမ်ကျိလုံ... မင်းတို့ရဲ့ ဒီတပည့်က... ဒဏ်ရာအတော်လေး ပြင်းထန်နေပုံရတယ် ဆက်တိုက်နိုင်မှာ မဟုတ်တော့ဘူး တကယ်ပဲ ဆက်လျှောက်ဦးမှာလား"
မိုးမြေဓားဂိုဏ်းက မသေမျိုးအဆင့် ဓားကျင့်ကြံသူက ချင်ဟော့ချန်ကို ကြည့်ပြီး အေးအေးဆေးဆေး ပြုံးကာ မေးလိုက်ပါတယ်။
ဝမ်ကျိလုံက သူ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်
"ဒါက ဓားစိန်ခေါ်တဲ့လမ်းစဉ်ပဲ လမ်းတစ်ဝက်မှာတင် လက်လျှော့လိုက်တယ်ဆိုတဲ့ စကားမျိုး ငါတို့ဆီမှာ မရှိဘူး"
ခဏရပ်ပြီး သူက ချင်ဟော့ချန်ကို လှမ်းကြည့်လိုက်တယ်
"ဟော့ချန်... ဆက်တိုက်နိုင်သေးရဲ့လား"
ချင်ဟော့ချန်က မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။
သူ မတ်တတ်ရပ်လိုက်ပြီး မိုးမြေဓားဂိုဏ်း ရှိရာဘက်ကို ကြည့်ကာ ခေါင်းကို မော့လျက် ကြွေးကြော်လိုက်တယ်
"ငါ့လက်ထဲက ဓား... သေသည့်တိုင် မနားစတမ်း"
အခန်း (၈၆၈) သေခြင်းတရားမှ ရှင်သန်ခြင်းသို့
ချင်ဟော့ချန်ရဲ့ အသံဟာ သိပ်မကျယ်ပေမဲ့ အဲဒီထဲမှာ ကိန်းအောင်းနေတဲ့ သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ အဓိပ္ပာယ်ကတော့ ပတ်ဝန်းကျင်က ကျင့်ကြံသူအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ခံစားမိစေပါတယ်။
ဒါဟာ အိမ်ထဲကနေ ထွက်လာတဲ့ ရတနာဓားတစ်လက်လိုပါပဲ သွေးမစွန်းသရွေ့ ဓားအိမ်ထဲကို ပြန်မဝင်တော့မယ့် အလားပါပဲ။
လူအများအပြားရဲ့ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာပြီး နောင်တစ်ချိန်မှာ ဓားကျင့်ကြံသူတွေနဲ့ မပတ်သက်မိဖို့ စိတ်ထဲကနေ တိတ်တိတ်လေး သတိပေးနေကြပါတယ်။
ဓားကျင့်ကြံသူတွေဟာ သူတို့အချင်းချင်းကြားမှာတောင် ဘယ်တော့မှ အလျှော့ပေးလေ့မရှိတာကြောင့် သူတို့လို သာမန်ကျင့်ကြံသူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
"ကောင်းလိုက်တဲ့ သေသည့်တိုင် မနားစတမ်း ပဲ"
မိုးမြေဓားဂိုဏ်းက မသေမျိုး ဓားကျင့်ကြံသူက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
အနီးအနားမှာရှိတဲ့ တိထျန်းနဲ့ ပေတု နယ်မြေတွေက ဓားဂိုဏ်း အကြီးအကဲတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။
သူတို့တွေဟာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းနဲ့ ဆက်ဆံရေး မကောင်းကြသလို၊ အခု ဓားစိန်ခေါ်တဲ့လမ်းစဉ်မှာလည်း ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ရှုံးနိမ့်တော့မယ့် အခြေအနေကို ရောက်နေပေမဲ့... ဓားကျင့်ကြံသူတစ်ယောက်ရဲ့ မိုးထက်မြင့်တဲ့ ရဲစွမ်းသတ္တိကိုတော့ ဒီ (၁၀) ပွဲကျော် တိုက်ပွဲတွေတစ်လျှောက် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက အစွမ်းကုန် ပြသသွားခဲ့ပါပြီ။
"ဒါဆိုရင်လည်း သူ ဆက်တိုက်ပါစေဦး"
ခွန်လွန်ဓားဂိုဏ်းက မသေမျိုးဓားကျင့်ကြံသူက အေးဆေးစွာ ပြောလိုက်ပါတယ်။
မိုးမြေဓားဂိုဏ်းက အကြီးအကဲကလည်း ခေါင်းညိတ်ပြလိုက်ရာ ချက်ချင်းဆိုသလိုပဲ မိုးမြေဓားဂိုဏ်းရဲ့ တောင်ဝင်ပေါက်ထဲကနေ လူငယ်တစ်ယောက်ဟာ ဓားအလင်းတန်းအဖြစ် ပျံထွက်လာပြီး ချင်ဟော့ချန်နဲ့ ပေတစ်ရာအကွာမှာ ရင်ဆိုင်ရပ်လိုက်ပါတယ်။
"မိုးမြေဓားဂိုဏ်းက ပိုင်လီဟန်ကန်း ချင်မိတ်ဆွေ ကို ဂါရဝပြုပါတယ်"
"ပိုင်လီဟန်ကန်းလား သူပါလား... သူ့ရဲ့ကျင့်ကြံမှုက ချင်ဟော့ချန်နဲ့ မတိမ်းမယိမ်းပဲ နှစ်ယောက်စလုံး ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်အဆင့်တွေပဲ ဒါပေမဲ့... ကြားရသလောက်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တတိယမြောက် ဘေးဒုက္ခ ကို ကြိုတင်ပြီး ကျော်ဖြတ်ထားနိုင်ခဲ့တယ်တဲ့"
"ဘေးဒုက္ခကို ကျော်ဖြတ်ထားတဲ့ ကျင့်ကြံသူတွေဟာ ကျင့်ကြံမှုက ပြည့်စုံခြင်းဆီကို ဦးတည်နေပြီး နောင်တစ်ချိန်မှာလည်း ချောချောမွေ့မွေ့ တိုးတက်နိုင်ကြတယ် တိုက်ခိုက်တဲ့နေရာမှာလည်း ပိုပြီး လက်ရည်သာသလို ကြောက်ရွံ့တုံ့ဆိုင်းနေစရာ မလိုတော့ဘူး"
"လွန်ခဲ့တဲ့ ၆ နှစ်က နတ်မိစ္ဆာပင်လယ်မှာ ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ်ရှိတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက် ပိုင်လီဟန်ကန်းကို သွားပြစ်မှားမိတာပိုင်လီဟန်ကန်းက မိုင်ပေါင်း ၉ သောင်း ၈ ထောင်အထိ လိုက်သတ်ပြီး နောက်ဆုံးမှာ ခေါင်းဖြတ်ပစ်ခဲ့တာလေ အဲဒီမိစ္ဆာကျင့်ကြံသူကလည်း တတိယမြောက် ဘေးဒုက္ခကို ကျော်ဖြတ်ပြီးသား မကြာခင် အဆင့်တက်တော့မယ့်သူ"
"သူ့ရဲ့ဓားကတော့ မိုးမြေဓားဂိုဏ်းထဲမှာ သာမန်ပေါင်းစပ်ခြင်းအဆင့် နောက်ဆုံးအဆင့်တွေနဲ့ အထွတ်အထိပ်အဆင့်တွေတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဒါတင်မကသေးဘူး၊ ပိုင်လီဟန်ကန်းရဲ့ ဒေါသထွက်နေတဲ့ ပင်လယ်ဓားဆန္ဒ ကိုလည်း အထင်သေးလို့ မရဘူး..."
"ချင်မိတ်ဆွေ မင်းက ပွဲတွေ ဆက်တိုက်တိုက်ထားတာဆိုတော့ ငါ့ရဲ့ ဒေါသပင်လယ်ဓားဆန္ဒကို တားဆီးနိုင်မှာ မဟုတ်ဘူး ဒီတစ်ပွဲကိုသာ မင်းလက်လျှော့လိုက်ရင် နောင်တစ်ချိန်မှာ အထက်သုံးဘုံ ထဲကို ဝင်နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်"
ပိုင်လီဟန်ကန်းက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းဘက်မှာတော့ ဝမ်ကျိလုံဟာ တောင်ထိပ်သခင်အချို့ကိုတင်မကဘဲ အောက်ခြေတပည့်တွေကိုလည်း ခေါ်လာခဲ့ပါတယ်။
ကျိဓားတောင်ထိပ်က တပည့်တွေနဲ့ ပင်မတောင်ထိပ်က တပည့်တွေလည်း ပါဝင်ပါတယ်။
အောက်ခြေတပည့်တွေက ချင်ဟော့ချန်ရဲ့ လက်ရှိအခြေအနေကို မသိနိုင်ပေမဲ့၊ ချင်ဟော့ချန်လိုပဲ ပေါင်းစပ်ခြင်းအဆင့်မှာရှိကြတဲ့ တောင်ထိပ်သခင်တွေရဲ့ မျက်နှာကတော့ တဖြည်းဖြည်း လေးနက်လာပါတယ်။
ချင်ဟော့ချန်ဟာ တကယ်ပဲ အားကုန်နေပါပြီ။
အခုလည်း မိုးမြေဓားဂိုဏ်းရဲ့ ပိုင်လီဟန်ကန်းနဲ့ တွေ့နေရပြန်ပြီ၊ တစ်ဖက်လူဟာ ပေါင်းစပ်ခြင်းအဆင့် အလယ်အလတ်မှာဆိုရင် လောကမှာ ပြိုင်ဘက်ရှာရခက်တဲ့သူပါ။
တကယ်လို့သာ ရင်ဆိုင်လိုက်ရင် ချင်ဟော့ချန်အတွက် ဒီပွဲဟာ သေကံမကောက်ရုံတမယ် ဖြစ်သွားနိုင်သလို၊ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်တဲ့လမ်းစဉ်ဟာလည်း မိုးမြေကျွန်းမှာတင် ရပ်တန့်သွားပါတော့မယ်။
"ချင်စီနီယာရဲ့ အတွင်းဒဏ်ရာက တကယ်ပဲ ပြင်းထန်နေတာလား..."
"ဒဏ်ရာမပြင်းရင်တောင် ပညာရှင်အချင်းချင်း တိုက်ပွဲမှာ အနည်းငယ်လေး လွဲချော်တာနဲ့ အသက်ဆုံးရှုံးနိုင်တယ် ဒီပွဲက ချင်စီနီယာအတွက် သေဘေးဖြစ်သွားနိုင်တယ်"
"ဒါကတော့..."
ချင်ဟော့ချန်ဟာ သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေက သူ့အတွက် စိုးရိမ်နေတာကို ခံစားမိပုံရတာကြောင့် သူတို့ကို ပြုံးပြလိုက်ပါတယ်။
အဲဒီနောက် ပိုင်လီဟန်ကန်းကို ကြည့်ပြီး ပြုံးလျက်
"ခုနက ပြောခဲ့တဲ့အတိုင်းပဲ ငါ့ရဲ့ဓားက သေသည့်တိုင် မနားစတမ်းပဲ ပိုင်လီမိတ်ဆွေ အနေနဲ့ ငါ့အတွက် စိုးရိမ်မနေပါနဲ့တော့"
"ဒါဆိုလည်း ပြီးတာပဲ"
စကားဆုံးတာနဲ့ နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်ကနေ ကြောက်စရာကောင်းပြီး ပြင်းထန်လှတဲ့ ဓားစွမ်းအား တွေ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပါတယ်။
ချင်ဟော့ချန်ရဲ့ ဓားစွမ်းအားနဲ့မတူတာကတော့ ပိုင်လီဟန်ကန်းရဲ့ ဓားစွမ်းအားဟာ အရာအားလုံးကို ဝါးမျိုပစ်တော့မယ့် ကောင်းကင်ယံအထိ မြင့်တက်နေတဲ့ လှိုင်းလုံးကြီးတွေအလားပါပဲ
"ဒေါသပင်လယ်ဓားဆန္ဒ"
ပွဲကြည့်နေတဲ့ ကျင့်ကြံသူတွေဟာ ကိုယ်တိုင်ရောက်နေသလို ခံစားလိုက်ရပြီး သာမန်လူတစ်ယောက်က အရာအားလုံးကို ဝါးမျိုမယ့် လှိုင်းလုံးကြီးကို ရင်ဆိုင်နေရသလိုမျိုး စိတ်ထဲမှာ အားကိုးရာမဲ့တဲ့ ခံစားချက်ကြီး ပေါ်လာပါတယ်။
ပေါင်းစပ်ခြင်းအဆင့် နောက်ဆုံးအဆင့်နဲ့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူအချို့တောင် ဒီလိုမျိုး ခံစားလိုက်ရပါတယ်။
"ကြောက်စရာကောင်းလိုက်တဲ့ ဓားဆန္ဒပဲ"
လော့ကျင်းဘုရင်မရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ဝင်းခနဲ ဖြစ်သွားပါတယ်။
ဒါဟာ ဓားကျင့်ကြံသူတွေသာ ရရှိနိုင်တဲ့ ဓားဆန္ဒ လား
ဓားကျင့်ကြံသူတွေရဲ့ အကြောက်စရာဆုံးအချက်ကတော့ အတုမရှိတဲ့ တိုက်ခိုက်နိုင်စွမ်း ရှိရုံတင်မကဘဲ သူတပါးရဲ့ တာအိုစိတ်ဓာတ် ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ ဒီလိုဓားဆန္ဒမျိုး ပိုင်ဆိုင်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။
"ဒေါသပင်လယ်ဓားဆန္ဒ... တကယ်မဆိုးဘူးပဲ ဒီလူကတော့ နောင်တစ်ချိန်မှာ မသေမျိုး ဖြစ်လာမှာ သေချာတယ်"
သခင်လေး ကျော့ရွှီက ပြုံးပြီး ချီးကျူးလိုက်ပါတယ်။
သူ ချီးကျူးနေပေမဲ့ သူ့မျက်လုံးထဲမှာတော့ အားကျရိပ် တစ်စက်မှ မရှိပါဘူး။
"သခင်လေး ကျော့ရွှီ... ဒီလိုဓားကျင့်ကြံသူမျိုးတောင် သခင်လေးရဲ့ မျက်လုံးထဲမှာတော့... သာမန်ပဲ ဖြစ်မှာပေါ့နော် "
လော့ကျင်းဘုရင်မက တိုးတိုးလေး ရယ်ပြီး မေးလိုက်ပါတယ်။
လိပ်ခေါင်းစိမ်းနဲ့ တခြားမိစ္ဆာတွေဟာ ဒါကိုကြားတော့ ထပ်ပြီး အံ့ဩသွားကြပြန်ပါတယ်။
ဒီလူက ဘယ်လိုနောက်ခံရှိလို့ သူတို့ဘုရင်မကြီးက ဒီလောက်အထိ အထင်ကြီးနေရတာလဲ
"ဒါတော့ မဟုတ်ပါဘူး ဓားကျင့်ကြံသူတွေဟာ ဘယ်နေရာမှာပဲရှိရှိ သူတပါးရဲ့ အလေးထားမှုကို ခံရထိုက်တဲ့သူတွေပါ"
ကျော့ရွှီက ပြုံးပြီး ပြောပါတယ်။
အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က အော်ဟစ်လိုက်သံ ထွက်လာပါတယ်။
ကျော့ရွှီနဲ့ လော့ကျင်းဘုရင်မတို့ရဲ့ အာရုံဟာ ဓားကျင့်ကြံသူ နှစ်ယောက်ဆီကနေ မခွာခဲ့ပါဘူး။
ဒေါသပင်လယ်ဓားဆန္ဒ ရှေ့မှာ အားကိုးရာမဲ့နေတဲ့ ချင်ဟော့ချန်ရဲ့ ကိုယ်ပေါ်ကနေ ထူးခြားတဲ့ အငွေ့အသက်တစ်ခု ထွက်ပေါ်လာတာကို သူတို့ သတိထားမိလိုက်ပါတယ်။
ချင်ဟော့ချန်ဟာ လက်နှစ်ဖက်ကို ပေါင်ဘေးမှာချပြီး ရှေ့က လှိုင်းတံပိုးထန်နေတဲ့ ဒေါသပင်လယ်ကြီးကို တည်ငြိမ်စွာ စိုက်ကြည့်နေပါတယ်။
သေခြင်းတရားရဲ့ အငွေ့အသက် တွေဟာ သူ့မျက်လုံးထဲကနေ စီးထွက်လာပြီး၊ အဲဒီနောက် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်။
သူ့ခြေဖဝါးအောက်က ကျောက်ပြားကြမ်းပြင်တွေဟာ ရုတ်တရက် ဆွေးမြည့်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ အပြင်ဘက်ကို ပျံ့သွားပါတယ်။
ကျောက်ပြားကြားမှာ ပေါက်နေတဲ့ မြက်ပင်လေးတွေတောင် ဒီသေခြင်းအငွေ့အသက်ကြောင့် ညှိုးနွမ်းသွားပြီး ပြာအဖြစ် ပြောင်းလဲသွားပါတယ်။
ပွဲကြည့်နေတဲ့ မသေမျိုး ဓားကျင့်ကြံသူအားလုံးရဲ့ မျက်နှာတွေ ပြောင်းလဲသွားပါတယ်။
ကျိဓားတောင်ထိပ်က တောင်ထိပ်သခင် ကျန်းလင် ရဲ့ ကိုယ်လေး တုန်ခါသွားပြီး စိတ်လှုပ်ရှားမှုကို အသာအယာ ထိန်းချုပ်ရင်း တိုးတိုးလေး ပြောလိုက်တယ်
"ဒါက... သေခြင်းတရားဓားဆန္ဒ လား "
ဝမ်ကျိလုံရဲ့ အကြည့်တွေက လေးနက်နေပါတယ်
"သေခြင်းတရားထဲကနေ ရှင်သန်ခြင်းကို ရှာဖွေတာပဲ သူက ဒီဓားချက်ကို တကယ်ပဲ သေသည့်တိုင် မနားစတမ်း တိုက်မယ့် ဓားချက်အဖြစ် သတ်မှတ်လိုက်တာကြောင့် တိုက်ပွဲအတွင်းမှာပဲ သေခြင်းတရားဓားဆန္ဒကို နားလည်သဘောပေါက်သွားတာ"
မိုးမြေဓားဂိုဏ်းက မသေမျိုးဓားကျင့်ကြံသူက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပါတယ်။
သေခြင်းတရားဓားဆန္ဒဆိုတာ ဓားကျင့်ကြံသူတွေကြားမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
ရှေးယခင်ကတည်းက ဒီဓားဆန္ဒကို နားလည်ပြီး တိုက်ခိုက်နိုင်စွမ်းကို ကြောက်စရာကောင်းလောက်အောင် မြှင့်တင်နိုင်ခဲ့တဲ့ ဓားကျင့်ကြံသူတွေ အများကြီး ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့... သေခြင်းတရားဓားဆန္ဒရဲ့ ကြောက်စရာကောင်းတဲ့အချက်က သူတပါးကို ထိခိုက်စေရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေတာပါပဲ။
ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းဟာ မူလကတည်းက သိပ်မရှည်ကြပါဘူး။
သေခြင်းတရားဓားဆန္ဒကို နားလည်ထားတဲ့ ကျင့်ကြံသူတွေဟာ အသက်နဲ့လဲပြီး တိုက်ခိုက်တတ်ကြတာကြောင့် အန္တရာယ်တွေနဲ့ ခဏခဏ တွေ့ရတတ်ပြီး လမ်းတစ်ဝက်မှာတင် အသက်ဆုံးရှုံးသွားတတ်ကြပါတယ်။
ကောင်းကင်လျှိုဝှက်မှန် ကို ကိုင်ထားတဲ့ ကျင့်ကြံသူ အများအပြားဟာ စိတ်လှုပ်ရှားလွန်းလို့ လက်တွေ တုန်နေကြပါတယ်။
သူတို့တွေ ထိတ်လန့်မှုကို အသာအယာ ထိန်းချုပ်ရင်း ချင်ဟော့ချန်ကိုပဲ စိုက်ကြည့်နေကြပါတယ်။
အဲဒီအချိန်မှာ ကျုံးကျိုး၊ တိထျန်း၊ ပေတု စတဲ့ နေရာအသီးသီးက လမ်းဝေးလွန်းလို့ မလာနိုင်တဲ့ ကျင့်ကြံသူတွေအားလုံးဟာလည်း မှန်ရှေ့မှာ ဒီမြင်ကွင်းကို ကြည့်နေကြပါတယ်။
"ချင်ဟော့ချန် ရူးသွားပြီလား တစ်သက်လုံး ဓားဆန္ဒကို နားမလည်ရင်တောင် သေခြင်းတရားဓားဆန္ဒကိုတော့ သွားပြီး နားမလည်သင့်ဘူးလေ..."
ကိုင်ဟုန် နဲ့ ကျုံးကျိုးက တခြားပါရမီရှင်တွေဟာ မသေမျိုးသင်္ဘောဦးမှာ ထိုင်ရင်း၊ ကောင်းကင်က ကြီးမားလှတဲ့ မှန်ထဲက မြင်ကွင်းကို ကြည့်ပြီး အော်ဟစ်လိုက်ကြပါတယ်။
ကျုံးကျိုးအင်ပါယာရဲ့ နာမည်ကြီး မြို့ကြီးတွေ၊ နယ်မြေတွေကနေအစ အဆင့်နိမ့် အင်ပါယာတွေအထိ လူပေါင်းများစွာဟာ မှန်ထဲမှာ ချင်ဟော့ချန် သေခြင်းတရားဓားဆန္ဒ ကို နားလည်သွားတဲ့ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပါတယ်။
ဟင်းလင်ပြင်မှာတော့ ဖန့်ချန်နဲ့ ရွှင်အဘိုးတို့ အတူရပ်နေကြပါတယ်။
ချင်ဟော့ချန်ရဲ့ ကိုယ်ပေါ်ကနေ ထွက်ပေါ်နေတဲ့ ပြင်းထန်လှတဲ့ သေခြင်းအငွေ့အသက်တွေကို ငုံ့ကြည့်ရင်း ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။
တစ်ဖက်လူဟာ သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့၊ အခုတော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းအတွက် အသက်နဲ့လဲပြီး တိုက်ခိုက်နေလေပြီ။
သူ... တကယ်ပဲ ဘာတွေကို တွေးနေတာလဲ