← Chapters

အခန်း (၈၇၇-၈၇၈)

Vol. 88 Ch. 877-878

အခန်း (၈၇၇-၈၇၈)

Vol. 88 Ch. 877-878

​အခန်း (၈၇၇) နတ်ဘုရားအမွှေးတိုင်ပညာရပ် ပါဝင်လာခြင်

​ကျန်းလင်တို့အုပ်စုရဲ့ မျက်လုံးတွေ လှုပ်ရှားသွားကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က သူတို့ရဲ့ ဝမ်အကြီးအကဲဟာ အခုရှေ့ကလူနဲ့ လက်ရည်စမ်းခဲ့ဖူးတာလား

​သူ့စကားအရဆိုရင် အဲဒီတိုက်ပွဲမှာ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရခဲ့ကြပြီး၊ အဲဒါကြောင့်ပဲ အခုထိ ဘေးဒုက္ခ မရင်ဆိုင်နိုင်ကြသေးတာ ဖြစ်ပုံရပါတယ်။

​"ရုဖျင်... နှစ်ပေါင်းတစ်ရာက ကိစ္စတွေကို ပြောနေလို့ ဘာထူးမှာလဲ အဲဒီတုန်းက တိုက်ပွဲမှာ မင်းရတဲ့ဒဏ်ရာက ငါ့ထက်တောင် ပိုပြင်းသေးတယ် ဒီဘဝမှာတော့... မင်း ဘေးဒုက္ခရင်ဆိုင်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား"

​ဝမ်ကျိလုံက ရယ်မောရင်း ပြောလိုက်တယ်

"ဒီနေ့က မျိုးဆက်သစ်တွေ ဓားစိန်ခေါ်တဲ့ပွဲပဲ ကျုပ်တို့လို အဘိုးကြီးတွေ ဝင်မရှုပ်ကြစို့ မင်းတို့ဘက်က တိုက်မယ့်သူကို ထွက်ခိုင်းလိုက်ပါ ငါ့တပည့်နဲ့ အေးအေးဆေးဆေး လက်ရည်စမ်းခိုင်းလိုက်မယ်"

​ရုဖျင်ရဲ့ မျက်နှာထားက မပြောင်းလဲသွားပေမဲ့ မျက်လုံးတွေကတော့ ပိုပြီး မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားပါတယ်။

သူက အေးအေးဆေးဆေးပဲ

"ဒီနေ့ မင်းတို့ရဲ့ ဓားစိန်ခေါ်တဲ့ လမ်းစဉ်ကို ဖြတ်တောက်ပြီးသွားလို့ ငါစိတ်ချမ်းသာသွားရင် အဲဒီအခါကျမှ ကောင်းကင်ဘေးဒုက္ခကို သွားပြီး ရင်ဆိုင်လိုက်ဦးမယ်"

​"မင်းတို့ လင်ခုန်းဓားဂိုဏ်းက ဓားဦးဆောင်သူ တောင် မခန့်အပ်ရဲဘဲနဲ့ ကျုပ်တို့ရဲ့ ဓားစိန်ခေါ်ပွဲကို ဖြတ်တောက်မယ်လို့ ပြောရဲသေးတယ်ပေါ့ ပြီးတော့ မင်းရဲ့ ဒီအရိုးအိုကြီးနဲ့ တကယ်သာ ဘေးဒုက္ခသွားရင်ဆိုင်ရင် အရိုးတွေ ပြာဖြစ်သွားမှာ မကြောက်ဘူးလား၊ ရယ်စရာပဲ"

​ဝမ်ကျိလုံက အေးစက်စွာ လှောင်ပြောင်လိုက်ပါတယ်။

​နှစ်ဖက်စလုံးက တပည့်တွေနဲ့ အနီးနားက ကျင့်ကြံသူတွေဟာ ဒီလူကြီးနှစ်ယောက် ငယ်ငယ်တုန်းက အတော်လေး နက်နက်ရှိုင်းရှိုင်း ရန်ငြိုးရှိခဲ့ကြတယ်ဆိုတာကို နားလည်သွားကြပါပြီ။

​"လား လား၊ မြင်းလားဆိုတာကတော့... ထွက်လာမှပဲ သိရမှာပေါ့"

​ရုဖျင်က တည်ငြိမ်စွာနဲ့ လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာပါတယ်။

​"ကျုပ်တို့ လင်ခုန်းဓားဂိုဏ်းက သူ့တစ်ယောက်တည်းကိုပဲ ထွက်တိုက်ခိုင်းမယ်တကယ်လို့ မင်းတို့ နိုင်သွားရင် ဒီဓားစိန်ခေါ်ပွဲကို ဆက်သွားနိုင်တယ်၊ တကယ်လို့ ရှုံးရင်တော့ ကျုံးကျိုး ကိုပဲ လိမ္မာပါးနပ်စွာနဲ့ ပြန်လှည့်သွားကြတော့ မှတ်ထားပါ... တိထျန်းကို နောက်တစ်ခါ ထပ်ခြေမချနဲ့ဦး၊ မဟုတ်ရင် နောက်တစ်ခါကျရင် လာလမ်းပဲရှိပြီး ပြန်လမ်း ရှိမှာမဟုတ်တော့ဘူး"

​ရုဖျင်က မဲ့ပြုံးပြုံးရင်း ပြောလိုက်ပါတယ်။

​အားလုံးက အဲဒီ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူကို ကြည့်လိုက်ကြတဲ့အခါ ထူးဆန်းတဲ့ မျက်နှာထားတွေ ဖြစ်သွားကြပါတယ်။

ဒီလူက ကြည့်ရတာ ဘာမှ ထူးခြားမှု မရှိသလို၊ လင်ခုန်းဓားဂိုဏ်းရဲ့ အတော်ဆုံး ဝိညာဉ်သန္ဓေသားလည်း မဟုတ်ပုံရပါဘူး။

လင်ခုန်းဓားဂိုဏ်းက ဘာလို့ သူ့ကို ထွက်တိုက်ခိုင်းတာလဲ

​"လင်ခုန်းဓားဂိုဏ်းက ဟော်ကျူယန် ပါ"

​ဟော်ကျူယန်ရဲ့ အကြည့်ဟာ ဖန့်ချန်ဆီကို ချက်ချင်း ရောက်သွားပါတယ်။

အပြင်ပန်းမှာ တည်ငြိမ်နေပုံရပေမဲ့ စိတ်ထဲမှာတော့ အတော်လေး ထိတ်လန့်နေမိပါတယ်။

​သူက အဲဒီဆေးလုံးကို သောက်လိုက်ပြီ ဖြစ်ပေမဲ့ အစကနေ အဆုံးအထိ ဘာထူးခြားမှုမှ မရှိသေးတဲ့အတွက် အဲဒီကျော့ရွှီသခင်လေးက သူ့ကို နောက်နေတာလားလို့ သံသယဝင်နေမိပါတယ်။

​ဒါပေမဲ့ အခုအခြေအနေအရ ဘာပဲဖြစ်ဖြစ် သူဆုတ်လို့ မရတော့ပါဘူး၊ ဇွတ်တိုးရုံပဲ ရှိပါတော့တယ်။

​ဖြစ်နိုင်ရင် သူလည်း ချင်ဟော့ချန် သွားခဲ့တဲ့ လမ်းစဉ်အတိုင်း သေခြင်းတရားကို ရင်ဆိုင်ရင်း ရှင်သန်ခြင်းကို ရှာဖွေတဲ့ သေခြင်းတရားဓားဆန္ဒ ကို နားလည်သွားရင်တော့ အောင်နိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိနိုင်ပါလိမ့်မယ်

​ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြပြီး လူအုပ်ထဲက ထွက်လာပါတယ်။

နောက်တစ်ခဏမှာပဲ သူက တစ်ခုခုကို ရိပ်မိသွားပြီး ရှေးဦးနတ်ဘုရားမျက်လုံး ကို ချက်ချင်း ဖွင့်လိုက်တဲ့အခါ ဟင်းလင်ပြင်ထဲကနေ မကုန်ခမ်းနိုင်တဲ့ နတ်ဘုရားအမွှေးတိုင်စွမ်းအား တွေဟာ ဟော်ကျူယန်ရဲ့ ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း စီးဝင်နေတာကို မြင်လိုက်ရပါတယ်။

​နတ်ဘုရားအမွှေးတိုင်စွမ်းအား

​တစ်ဖက်လူရဲ့ နောက်ကွယ်မှာ နတ်ဘုရားအမွှေးတိုင်ပညာရပ် အဆင့်မြင့်ပညာရှင် ကူညီနေတာလား ဒါက မသမာတဲ့နည်းနဲ့ ယှဉ်ပြိုင်တာ နဲ့ ဘာကွာမှာလဲ။

​ဖန့်ချန် မျက်မှောင်ကြုတ်သွားပါတယ်။

​ဟော်ကျူယန်ကိုယ်တိုင်လည်း သူ့ခန္ဓာကိုယ်ရဲ့ ထူးခြားမှုကို သတိထားမိသွားပုံ ရပါတယ်။

သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေဟာ အဆက်မပြတ် မြင့်တက်လာနေပြီး အဆင့်တက်သွားသလိုမျိုးကို ခံစားနေရတာပါ။

​သူ့မျက်လုံးထဲမှာ ဝမ်းသာရိပ်တွေ ဖြတ်ပြေးသွားပြီး ဓားကို မြှောက်ကာ ဖန့်ချန်ကို ချိန်လိုက်တယ်

"ဖန့်ဓားဦးဆောင်သူ... လမ်းညွှန်မှုကို တောင်းခံပါတယ်"

​စွမ်းအားတွေက ပိုပိုပြီး အစွမ်းထက်လာပါတယ်။

ဟော်ကျူယန် စိတ်ထဲမှာ ပိုပြီး စိတ်လှုပ်ရှားလာပါတယ်။

ခဏလေးအတွင်းမှာတင် သူ့ရဲ့ ခွန်အားဟာ ဆယ်ဆမက မြင့်တက်လာတယ်လို့ ခံစားနေရတာပါ။

​သူ့ခန္ဓာကိုယ်ဟာ သူ့ကိုယ်ပိုင်မဟုတ်တော့သလိုမျိုးတောင် ခံစားနေရပါတယ်။

​ဂိုဏ်းချုပ်အဆင့်ရဲ့ သားဆိုတာ တကယ်ကို မထင်မှတ်ထားစရာပါပဲ၊ စိတ်ကြိုက်ထုတ်ပေးလိုက်တဲ့ ဆေးလုံးလေးကတောင် ဒီလောက်အထိ ထူးဆန်းအံ့ဖွယ် ကောင်းနေတာလား။

သူဟာ ဖန့်ချန်ကို အနိုင်ယူပြီး ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်ပွဲကို ဖြတ်တောက်လိုက်နိုင်မယ့် ပုံရိပ်ကိုတောင် မြင်ယောင်နေမိပါပြီ။

​ဒီနေ့တိုက်ပွဲဟာ သမိုင်းဝင် တိုက်ပွဲတစ်ခု ဖြစ်လာမှာဖြစ်သလို၊ လင်ခုန်းဓားဂိုဏ်းကိုလည်း တိထျန်း၊ ပေတု နဲ့ ကျုံးကျိုး နယ်မြေတွေမှာ နာမည်ကြီးသွားစေမှာပါ။

​"ဟင်... သူ့ရဲ့ အရှိန်အဝါက... ဘာလို့ ပိုပိုပြီး အစွမ်းထက်လာတာလဲ..."

​"လင်ခုန်းဓားဂိုဏ်းက တကယ်ပဲ ပြင်ဆင်ထားတာပဲ နာမည်မရှိတဲ့သူကို ထွက်မတိုက်ခိုင်းဘူး ဒီလူက ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတွေထဲမှာ ထိပ်တန်းအဆင့် ဖြစ်နေမှာ သေချာတယ်"

​ဟော်ကျူယန်ရဲ့ အပြောင်းအလဲကို သူကိုယ်တိုင် သိရုံတင်မကဘဲ အနီးနားက ကျင့်ကြံသူတွေလည်း သတိထားမိသွားကြပြီး မျက်လုံးတွေထဲမှာ အရောင်တွေ တောက်ပလာပါတယ်။

​အမျိုးသမီး ဓားကျင့်ကြံသူရဲ့ မျက်နှာထား လှုပ်ရှားသွားပါတယ်။

ဟော်ကျူယန်ရဲ့ အရှိန်အဝါဟာ မျက်စိရှေ့တင် မြင့်တက်လာနေတာကို မြင်တော့မှ သူမလည်း စိတ်သက်သာရာ ရသွားပါတယ်။

​အဲဒီ ကျော့ရွှီသခင်လေးက တကယ်ပဲ နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ၊ လင်ခုန်းဓားဂိုဏ်းဟာ ဒီနေ့မှာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်ပွဲကို ဖြတ်တောက်နိုင်ဖို့ အခွင့်အရေး ရှိသွားပြီလို့ သူမ ယုံကြည်သွားပါပြီ။

​သူမရဲ့ ဘေးမှာရှိတဲ့ တခြား ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတွေကတော့ စိတ်ထဲမှာ နောင်တရနေကြပါတယ်။

ဒီလိုမှန်းသိရင် သူတို့ပဲ ဒီပွဲကို ထွက်တိုက်ဖို့ လုခဲ့ကြမှာပါ။

​လင်ခုန်းဓားဂိုဏ်းရဲ့ အကြီးအကဲတွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေဟာ ပျောက်ကွယ်သွားကာ အပြုံးတွေ ပေါ်လာပါတယ်။

​ရုဖျင်က ပြုံးလျက် ပြောလိုက်တယ်

"ကျုပ်ရဲ့ ဒီမျိုးဆက်သစ်ရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ သူက ဝိညာဉ်သန္ဓေသားအဆင့် ဆိုပေမဲ့ ဝိညာဉ်သန္ဓေသားတွေထဲမှာ သူ့ကို ယှဉ်နိုင်သူကတော့ အတော်လေး ရှားလိမ့်မယ်"

​ဝမ်ကျိလုံက မျက်လုံးကို အသာအယာ မှေးလိုက်ပြီး ဘာမှ မပြောပါဘူး။

ဖန့်ချန်ကိုပဲ အေးအေးဆေးဆေး သတိပေးလိုက်တယ်

​"သတိထားပါ"

​ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူတွေထဲမှာ ဖန့်ချန်ကလွဲရင် ဝမ်ကျိလုံတောင်မှ အဲဒီ နတ်ဘုရားအမွှေးတိုင်စွမ်းအားကို မမြင်နိုင်ပါဘူး။

​ဟော်ကျူယန်ရဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို သူ အတိအကျ မသိနိုင်တဲ့အတွက် သတိပေးစကားပဲ ပြောနိုင်တာပါ။

​"ဓားကို ထုတ်လိုက်"

​ဟော်ကျူယန်က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ရယ်မောလိုက်ပါတယ်။

သူ့ရဲ့ အသံဟာ အရင်နဲ့မတူဘဲ ပြောင်းလဲသွားပါတယ်။

​ဖန့်ချန် ဓားထုတ်လိုက်ပါပြီ။

ဒီတစ်ချက်က ရှစ်ရပ်ရှစ်ခွင်အရပ် ဓားကျမ်းရဲ့ စတုတ္ထမြောက်ဓားချက် ကို တိုက်ရိုက် ထုတ်သုံးလိုက်တာပါ။

​အရင်တုန်းကဆိုရင် သူဟာ ဒုတိယမြောက်ဓားချက်ကိုတောင် သုံးဖို့ မလိုအပ်ခဲ့ပါဘူး။

​ဓားကျမ်းရဲ့ ဓားချက်တွေဟာ နောက်ပိုင်းကို ရောက်လေလေ ပိုပြီး သာမန်ကာလျှံကာ ဖြစ်လာလေလေပါပဲ။

ဒါဟာ ဖန့်ချန် နားလည်ထားတဲ့ နတ်အသိ နဲ့ လူသားလောက နဲ့ ထူးဆန်းတဲ့ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်စေပါတယ်။

​ဒါကြောင့်မို့လို့ ဒီဓားချက် ထွက်လာတဲ့အခါမှာ လူတိုင်းဟာ ဝေဝေဝါးဝါး ခံစားလိုက်ရပါတယ်။

သာမန်လူတစ်ယောက်က မသေမျိုးကို သတ်ဖို့ ဓားကို ဝှေ့ယမ်းလိုက်သလိုမျိုးပါပဲ။

​"ဒါလေးပဲလား"

​ဟော်ကျူယန်က အော်ဟစ်ရယ်မောရင်း ဓားကို ပြန်ပြီး ခုတ်ချလိုက်ပါတယ်။

​သူ့ရဲ့ ဒီဓားချက်က ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအရှိန်အဝါ တွေကို ချက်ချင်း စုစည်းစေပါတယ်။

ဓားဆန္ဒ မပါဝင်ပေမဲ့လည်း၊ ကောင်းကင်ကနေ ဘေးဒုက္ခတွေ ကျရောက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မလိုမျိုး ခံစားချက်ကို ပေးစွမ်းပါတယ်။

​သူ့ရှေ့က ဖန့်ချန်ဟာ ပိုပြီးတော့ သေးငယ်သွားသလို ထင်ရပါတယ်။

​ဗြန်း

​သွေးအလင်းတန်းတစ်ခု မြေပြင်ပေါ်မှာ ပြန့်ကျဲသွားပါတယ်။

​ဖန့်ချန်ကတော့ ဓားကို ကိုင်ပြီး မလှုပ်မယှက် ရပ်နေဆဲပါ။

​အော်ဟစ်ရယ်မောနေတဲ့ ဟော်ကျူယန်ကတော့ နောက်ကို တဖြည်းဖြည်း ဆုတ်သွားပြီး သူ့ရဲ့ ရင်ဘတ်ကို ခက်ခက်ခဲခဲ ငုံ့ကြည့်လိုက်ပါတယ်။

​သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ဓားဒဏ်ရာတစ်ခု ပေါ်လာပါပြီ။

​"ဒါလေး... ပဲလား"

​ဖန့်ချန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။

​အားလုံး ကြောင်သွားကြပါတယ်။

ရုဖျင်နဲ့ ဝမ်ကျိလုံတောင်မှ မျက်မှောင်ကြုတ်သွားကြပါတယ်။

​ဒီလောက် သာမန်ဆန်တဲ့ ဓားချက်တစ်ချက်က ဘယ်လိုလုပ်ပြီး ဟော်ကျူယန် စုစည်းထားတဲ့ ဓားအရှိန်အဝါတွေကို မျက်စိတစ်မှိတ်အတွင်းမှာ ဖျက်ဆီးပစ်နိုင်ရုံတင်မကဘဲ၊ သူ့ခန္ဓာကိုယ်ပေါ်မှာပါ ဓားဒဏ်ရာ ပေးနိုင်ခဲ့တာလဲ

​ဒီတိုက်ပွဲဟာ အတော်လေး ကြည့်ကောင်းလိမ့်မယ်လို့ ထင်ထားကြတဲ့ လူတွေအားလုံးရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

​"ဒီကောင်က တကယ်ပဲ အနိုင်မရှိ ဖြစ်နေတာလား"

​"ဝိညာဉ်သန္ဓေသားချင်း အတူတူပဲကို၊ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက... ဘာလို့ ကျုပ်တို့ထက် ဒီလောက်အထိ အများကြီး သာနေရတာလဲ "

​ပတ်ဝန်းကျင်ကနေ တိုးတိုးတိုးတိုး ပြောသံတွေ ထွက်ပေါ်လာပါတယ်။

​ကောင်းကင်လျှိုဝှက်မှန်ကနေ ကြည့်နေကြတဲ့ ကျင့်ကြံသူတွေလည်း အကုန်လုံး ဆွံ့အကုန်ကြပါပြီ။

​အဝေးမှာတော့ ကျော့ရွှီဟာ လက်ကို နောက်ပစ်ပြီး ရပ်နေပါတယ်။

သူက ဒီမြင်ကွင်းကို မြင်ပေမဲ့လည်း အံ့ဩသွားပုံ မရဘဲ သူ့ရဲ့ အပြုံးက ပိုပြီးတော့တောင် ကျယ်ပြန့်လာပါသေးတယ်။

​"ဒါလေး... ပဲလား"

​ဟော်ကျူယန်က ရုတ်တရက် ရယ်မောလိုက်ပါတယ်။

ငုံ့ထားတဲ့ ခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီး ဖန့်ချန်ကို ကြည့်လိုက်တဲ့အခါ၊ သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းတန်းတွေ လှုပ်ရှားနေပါတယ်။

​သူ့ရဲ့ အသံဟာ ပြောင်းလဲသွားပါတယ်။

အသံက ပိုပြီး လေးနက်လာသလို ဆွဲဆောင်မှုရှိတဲ့ အသံမျိုး ဖြစ်သွားတာပါ။

​ဒါဟာ ထင်ယောင်ထင်မှား ဖြစ်တာလား မသိပေမဲ့၊ လူတိုင်းက ဟော်ကျူယန်ကို အခုအချိန်မှာ ခန့်ညားထည်ဝါလှတဲ့ ခြင်္သေ့မင်း တစ်ကောင်လိုမျိုး မြင်လိုက်ရပါတယ်။

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာတော့... ခြင်္သေ့ဦးခေါင်းနဲ့ လူခန္ဓာကိုယ် ရှိတဲ့ နတ်ဘုရားပုံရိပ်တစ်ခု ကောင်းကင်ကနေ ဆင်းသက်လာပြီး ဟော်ကျူယန်နဲ့ တစ်သားတည်း ပေါင်းစပ်သွားတာကို မြင်လိုက်ရပါတယ်။

​ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ ဒီပုံရိပ်ဟာ အဲဒီ နတ်ဘုရားအမွှေးတိုင်ပညာရှင် ပါပဲ။

​"တစ်ခုခုတော့ မှားနေပြီ"

​အားလုံးရဲ့ စိတ်တွေ ပြန်ပြီး နိုးကြားလာကြပါတယ်။

​အခန်း (၈၇၈) မင်း မေ့သွားပြီလား မင်း သေသွားပြီလေ

​လူအပေါင်းက ဟော်ကျူယန် ရှုံးနိမ့်တော့မယ်လို့ ထင်မှတ်ခဲ့ကြသလို၊ ကျန်းလင်တို့အုပ်စုကလည်း အဲဒီလိုပဲ ထင်ခဲ့ကြပါတယ်။

ဒါပေမဲ့ မထင်မှတ်ထားဘဲ အခုအချိန်မှာ ဟော်ကျူယန်ရဲ့ အရှိန်အဝါဟာ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲလာပြီး၊ မျက်လုံးနှစ်လုံးက တောက်ပတဲ့ နတ်ဘုရားအလင်းတန်းတွေ ထွက်ပေါ်လာကာ လူတွေ စိုက်မကြည့်ရဲလောက်အောင် ထက်ရှတဲ့ အရှိန်အဝါမျိုးကို ပေးစွမ်းနေပါတယ်။

​ဝမ်ကျိလုံ မျက်မှောင်ကြုတ်သွားပါတယ်။

ဒီလူ့ခန္ဓာကိုယ်မှာ ထူးဆန်းတာတစ်ခုခု ရှိနေမှန်း သူသိပေမဲ့ ဘာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။

​နောက်တစ်ခဏမှာပဲ ဟော်ကျူယန်ရဲ့ ထူးဆန်းတဲ့ ရယ်မောသံနဲ့အတူ၊ အရင်ကထက် အဆပေါင်းရာချီ ပိုမိုပြင်းထန်တဲ့ ဓားအရှိန်အဝါဟာ သက်တံတစ်ခုအလား ဖန့်ချန်ဆီကို တိုက်ရိုက် ပြေးဝင်သွားပါတယ်။

​လူအများရဲ့ မျက်စိထဲမှာတော့ ဟော်ကျူယန်ဟာ အရင်က ဟော်ကျူယန်ပါပဲ၊ အရှိန်အဝါကသာ အရင်ကထက် အများကြီး ပိုအားကောင်းလာတာပါ။

​ဒါပေမဲ့ ဖန့်ချန်ရဲ့ မျက်လုံးထဲမှာတော့... ခြင်္သေ့ဦးခေါင်းနဲ့ လူခန္ဓာကိုယ်ရှိတဲ့ ကျင့်ကြံသူတစ်ဦးက ဓားနဲ့ ခုတ်ပိုင်းလာတာ ဖြစ်ပါတယ်။

​"ဒီဓားချက်က... စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်ကို ထားလိုက်ဦး၊ ငါကိုယ်တိုင် ဝိညာဥ်ခွဲဖြာခြင်းအဆင့် ဖြစ်နေတာတောင် ကြက်သီးထမိတယ်"

​"လင်ခုန်းဓားဂိုဏ်းမှာ ဒီလိုမျိုး ပါရမီရှင် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး အရင်က ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

​လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။

​ဝမ်ကျိလုံရဲ့ မျက်နှာထား တင်းမာသွားပြီး မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

ဒီတိုက်ပွဲကို ကြားဝင်နှောင့်ယှက်ချင်တဲ့ စိတ်ဆန္ဒကို သူ အတင်းထိန်းချုပ်ထားရပါတယ်။

​တကယ်လို့ သူသာ ကြားဝင်ဖို့ ရွေးချယ်လိုက်ရင် ဓားစိန်ခေါ်တဲ့ လမ်းစဉ်ဟာ ဒီမှာတင် ပြတ်တောက်သွားမှာဖြစ်ပြီး ရှေ့က ကြိုးစားခဲ့သမျှတွေ အကုန်လုံး အလကား ဖြစ်သွားမှာပါ။

​ရှေ့က ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူမှာ တစ်ခုခု ထူးဆန်းနေတယ်ဆိုတာ သူ အသေအချာ သိပါတယ်။

ဝိညာဉ်သန္ဓေသားအဆင့် သက်သက်နဲ့ ဒီလောက်အထိ ကြီးမားတဲ့ အရှိန်အဝါမျိုး မထုတ်နိုင်ပါဘူး။

​ဒါ့အပြင် ဟော်ကျူယန်ရဲ့ အရေပြားပေါ်ကနေ သွေးတွေ စိမ့်ထွက်နေတာကိုလည်း သူ မြင်လိုက်ရပါတယ်။

ဒါဟာ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့တဲ့အထိ ပြင်းထန်တဲ့ စွမ်းအားတွေ စီးဝင်နေတယ်ဆိုတာကို ပြနေတာပါ။

​"နိုင်ပြီ"

​လင်ခုန်းဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေ မျက်လုံးတွေ အရောင်တောက်သွားပါတယ်။

​တစ်ဖက်လူက ဒီလောက်ပြင်းထန်တဲ့ ဓားချက်မျိုးကိုတောင် ခုခံနိုင်လိမ့်မယ်လို့ သူတို့ မယုံကြည်ပါဘူး

​ဒီအချိန်မှာတော့ ဖန့်ချန် ရင်ဆိုင်နေရတာဟာ ဟော်ကျူယန် မဟုတ်ဘဲ အနည်းဆုံး အထက်သုံးဆင့် အဆင့်ရှိတဲ့ နတ်ဘုရားအမွှေးတိုင် အဆင့်မြင့်ပညာရှင် တစ်ယောက်ဆိုတာကို လူအနည်းငယ်သာ သိကြပါတယ်။

​အဝေးက ဟင်းလင်ပြင်ထဲမှာတော့ ပုံရိပ်နှစ်ခု ရပ်နေပါတယ်။

​တစ်ယောက်က ကျော့ရွှီဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ခြင်္သေ့ဦးခေါင်းနဲ့ လူခန္ဓာကိုယ်ရှိတဲ့ ကျင့်ကြံသူပါ။

​နောက်တစ်ယောက်က လက်ကို နောက်ပစ်ပြီး ရပ်ကာ အသာအယာ ရယ်မောလိုက်တယ်

"ငါ့ရဲ့ ဝိညာဉ်အပိုင်းအစ တစ်ခုတည်းနဲ့တင် သူ့ကို နေရာမှာတင် သတ်ပစ်ဖို့ လုံလောက်ပါတယ် ဒါပေမဲ့... ကျော့ရွှီသခင်လေး တကယ်လို့ သူ သေသွားရင်တော့ ကျောင်းတော်က ပုဂ္ဂိုလ်က ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

" ပြီးတော့ တာအိုသုံးထောင်ဂိုဏ်း က အဲဒီ ထူးခြားဆန်းပြားသူ ကလည်း တစ်ခုခု တုံ့ပြန်လာလိမ့်မယ်ဒါကို လုပ်ဖို့ မင်း သေချာရဲ့လား "

​"ကျောင်းတော်ကလူကို ဂရုစိုက်နေစရာ လိုလို့လား တာအိုသုံးထောင်ဂိုဏ်းက ထူးခြားဆန်းပြားသူ ဆိုတာကလည်း... ဟဲဟဲ... ဒီလောကမှာ ထူးခြားတဲ့ သူက သူတစ်ယောက်တည်းမှ မဟုတ်တာ သာမန်လူတွေရဲ့ မျက်စိထဲမှာတော့ နတ်ဘုရားလို အစွမ်းထက်နေနိုင်ပေမဲ့ ကျုပ် တို့ သန့်စင်နတ်မင်းမြို့တော် ရဲ့ မျက်စိထဲမှာတော့ သာမန်ကာလျှံကာပါပဲ"

​ကျော့ရွှီက မဲ့ပြုံးပြုံးရင်း ပြောလိုက်တယ်

"ဒီနေ့အတွက် ရွှေခြင်္သေ့နတ်မင်း ကို အရင် ကျေးဇူးတင်ပါတယ် အဲဒီကိစ္စအတွက် ကျုပ် အဖေ့ရှေ့မှာ စကားကောင်း ပြောပေးပါ့မယ် အဆင်ပြေသွားရင်တော့ ခင်ဗျားရဲ့အကျိုးမြတ် တွေက အဆပေါင်းရာချီ ရလိမ့်မယ် လွတ်လပ်သောမသေမျိုး ဖြစ်လာမယ့်နေ့က သိပ်မဝေးတော့ပါဘူး"

​"ဒါဆိုရင်တော့ ကျော့ရွှီသခင်လေးကို အထူးကျေးဇူးတင်ပါတယ်"

​ရွှေခြင်္သေ့နတ်မင်းက ပြုံးလိုက်ပါတယ်။

​ရုတ်တရက်...

​သူ့ရဲ့ မျက်မှောင်က အလိုအလျောက် တွန့်သွားပါတယ်။

သူ့ရဲ့ မျက်လုံးထဲမှာတော့၊ ဖန့်ချန်ဟာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအရှိန်အဝါတွေကို ရင်ဆိုင်နေရတာတောင် ဘာတုံ့ပြန်မှုမှ မရှိဘဲ၊ သူ့ရဲ့ အရှိန်အဝါတွေက တဖြည်းဖြည်းနဲ့ သာမန်လူသားတစ်ယောက်လို ပြောင်းလဲသွားတာကို မြင်လိုက်ရပါတယ်။

​သူတင် သတိထားမိတာ မဟုတ်ဘဲ ဖန့်ချန်ကို အမြဲစောင့်ကြည့်နေတဲ့ ကျော့ရွှီလည်း သတိထားမိသွားပါတယ်။

​"ဒါက..."

​ကျော့ရွှီ မျက်မှောင်ကြုတ်လိုက်တယ်

"တစ်ခုခု ထူးခြားတဲ့ ပညာရပ်လား"

​"သူ့ရဲ့ စောစောက ဓားချက်ကလည်း ဒီလိုပါပဲ မူလသဘာဝကို ပြန်ရောက်သွားတဲ့ အနှစ်သာရမျိုး ရှိနေတယ် ဒါပေမဲ့..."

​ရွှေခြင်္သေ့နတ်မင်းက မျက်မှောင်ပြန်ဖြေလိုက်ပြီး အေးအေးဆေးဆေး ရယ်မောလိုက်တယ်

"ဘယ်လောက်ပဲ မူလသဘာဝကို ပြန်ရောက်နေပါစေ အကြွင်းမဲ့ စွမ်းအား ရဲ့ ရှေ့မှာတော့ ဘယ်လိုမှ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိပါဘူး"

​ဖန့်ချန်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားအရှိန်အဝါတွေအောက်မှာ နစ်မြုပ်တော့မလို ဖြစ်နေပေမဲ့၊ အဲဒီ ဓားအရှိန်အဝါတွေက ဖန့်ချန်ရဲ့ သုံးပေအကွာကို ရောက်တဲ့အခါမှာတော့ မြင်မရတဲ့ တံတိုင်းတစ်ခုကို တိုက်မိသွားသလိုမျိုး တစ်ဖက်နဲ့တစ်ဖက် တိုက်စားပြီး ပျောက်ကွယ်သွားပါတယ်။

​"ဟင်"

​ရွှေခြင်္သေ့နတ်မင်းဆီကနေ အံ့ဩသံတစ်ခု ထွက်ပေါ်လာပါတယ်။

​အနီးနားက ကျင့်ကြံသူတွေလည်း အကုန်လုံး မှင်သက်သွားကြပါတယ်။

​မြင်မရတဲ့ တံတိုင်းက အဆက်မပြတ် ကျယ်ပြန့်လာနေပြီး၊ ဖန့်ချန်က ဟော်ကျူယန်ဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပါတယ်။

သူ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ဟော်ကျူယန်ရဲ့ ဓားအရှိန်အဝါတွေက တစ်ပေပြီးတစ်ပေ ဆုတ်ယုတ်သွားပါတယ်။

​မသိလိုက်မသိဘာသာမှာပဲ၊ စောစောက မောက်မာလှတဲ့ ဟော်ကျူယန်ဟာလည်း ဖန့်ချန်လိုပဲ ဖြစ်သွားပါပြီ။

သူ့ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအား တစ်စက်မှ မရှိတော့ဘဲ သာမန်လူသားတစ်ယောက်လို ဖြစ်သွားတာပါ။

​လူသားလောကရဲ့ နတ်အသိ တွေက ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေပြီး ဒီအချိန်မှာ ဟော်ကျူယန်ဟာ ဖန့်ချန်လိုပဲ လူသား ဖြစ်သွားပါတယ်။

​ဟော်ကျူယန်ရဲ့ မျက်နှာထားက တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး မျက်လုံးထဲမှာ အံ့ဩတုန်လှုပ်မှုတွေ ပေါ်လာတယ်

​"ငါ... ငါက..."

​သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ အပိုင်းအစတစ်ခု ပျောက်ဆုံးနေပါတယ်။

ဖန့်ချန်ရဲ့ ဓားချက်ကြောင့် သူ့ရင်ဘတ်မှာ ဒဏ်ရာရသွားတာကိုပဲ သူ မှတ်မိနေတာပါ။

​"ဟော်မိတ်ဆွေ ခဏလောက် ခေါင်းငုံ့ကြည့်လိုက်ပါဦး"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ဟော်ကျူယန် ငုံ့ကြည့်လိုက်တဲ့အခါ၊ ရင်ဘတ်မှာ ဓားဒဏ်ရာတစ်ခုကို တွေ့လိုက်ရပြီး ပိုလို့တောင် တွေဝေသွားပါတယ်။

​"ဒီဒဏ်ရာက..."

​"ဒါက ဓားဒဏ်ရာလေ၊ မင်း မေ့သွားပြီလား မင်း သေသွားပြီလေ"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​"ငါ... သေသွားပြီ ဟုတ်လား"

​ဟော်ကျူယန်က မယုံနိုင်ဘဲ တိုးတိုးလေး ရေရွတ်နေမိပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မျက်နှာပေါ်မှာတော့ သေခြင်းတရားရဲ့ အရှိန်အဝါ တွေက မျက်စိရှေ့တင် စုစည်းလာပါတယ်။

​ခဏလေးအတွင်းမှာတင် သူဟာ အစက အံ့ဩရာကနေ၊ တွေဝေသွားပြီး၊ နောက်ဆုံးမှာတော့ အရာအားလုံးကို နားလည်သွားတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်။

​"တကယ်တော့..."

​သူက ဖန့်ချန်ကို ကြည့်ပြီး စကားလုံး နှစ်လုံးပဲ ပြောရသေးတယ်၊ တစ်ကိုယ်လုံး မြေပြင်ပေါ်ကို ဘုန်းဘုန်းလဲကျသွားပြီး အသက်မရှိတော့ပါဘူး။

​ဟော်ကျူယန်ဟာ ဒီလိုမျိုး ထူးထူးဆန်းဆန်း သေဆုံးသွားတာကို မြင်တော့ ပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်လိုမှ စဉ်းစားလို့ မရနိုင်ကြပါဘူး။

​စောစောကမှ အရှိန်အဝါတွေ ကောင်းကင်အထိ တက်နေတဲ့ ဟော်ကျူယန်၊ သူ့ရဲ့ ဓားချက်က စိတ်ဝိညာဥ်ခွဲဖြာခြင်းအဆင့်ကိုတောင် တုန်လှုပ်စေခဲ့တာပါ။

ဘာလို့ မျက်စိတစ်မှိတ်အတွင်းမှာ ဒီလို ထူးထူးဆန်းဆန်း သေသွားရတာလဲ

​တချို့လူတွေရဲ့ အကြည့်က ဟော်ကျူယန်ရဲ့ ရင်ဘတ်က ဒဏ်ရာဆီ ရောက်သွားပါတယ်။

တကယ်ပဲ ဒီဒဏ်ရာလေး တစ်ခုတည်းကြောင့် သေသွားတာလား

​လင်ခုန်းဓားဂိုဏ်းဘက်မှာတော့ အလွန်တိတ်ဆိတ်နေပါတယ်။

ရုဖျင်ကတော့ မျက်နှာသေနဲ့ ဘာတွေ စဉ်းစားနေမှန်း မသိပါဘူး။

​ဝမ်ကျိလုံလည်း အခုအချိန်မှာ အလွန်တိတ်ဆိတ်နေပြီး ဟော်ကျူယန်ရဲ့ အလောင်းကို ဘာမှမပြောဘဲ စိုက်ကြည့်နေပါတယ်။

​အမျိုးသမီး ဓားကျင့်ကြံသူရဲ့ မျက်နှာကတော့ ပြာနှမ်းနေပါပြီ။

ကျော့ရွှီပေးလိုက်တဲ့ ဆေးလုံး ရှိနေတာတောင် ရှုံးသွားခဲ့တာပါ။

​ရှင်းရှင်းလင်းလင်း ရှုံးတာဆိုရင်တောင် တော်သေးတယ်၊ အခုတော့ ဟော်ကျူယန်က ဘယ်လိုသေသွားမှန်းတောင် မသိရပါဘူး။

​ပထမ ဓားဒဏ်ရာက သူ့ရဲ့ အသက်ကို အန္တရာယ်ဖြစ်စေလောက်တဲ့အထိ မပြင်းထန်တာ သေချာပါတယ်။ ဘာလို့ သေသွားရတာလဲ

​ဖန့်ချန် ပြောလိုက်တဲ့ "မင်း သေသွားပြီ" ဆိုတဲ့ စကားတစ်ခွန်းတည်းကြောင့်လား

​အဝေးက ဟင်းလင်ပြင်ထဲမှာတော့ ရွှေခြင်္သေ့နတ်မင်းရဲ့ မျက်နှာက လေးနက်နေတယ်

"ထူးခြားတဲ့ စွမ်းအားတစ်ခုက ငါ့ရဲ့ ဝိညာဉ်အပိုင်းအစကို ဖိနှိပ်လိုက်တယ်"

​"နောက်ကွယ်မှာ ဂိုဏ်းချုပ်အဆင့် တစ်ယောက်ယောက်က တိတ်တဆိတ် ဝင်ပါလိုက်တာလား"

​ကျော့ရွှီက လေးနက်စွာ မေးလိုက်ပါတယ်။

​ရွှေခြင်္သေ့နတ်မင်းက ခဏလောက် တိတ်ဆိတ်သွားပြီး ခေါင်းခါယမ်းလိုက်တယ်

"ငါ မသိဘူး၊ တကယ်လို့ ဂိုဏ်းချုပ်အဆင့်သာ ရှိနေမယ်ဆိုရင် သူ ဘယ်မှာရှိလဲ ဘယ်လိုနည်းနဲ့ ကြားဝင်ခဲ့လဲဆိုတာ ငါ သိမှာ မဟုတ်ဘူး"

​ခဏနားပြီးနောက် ရွှေခြင်္သေ့နတ်မင်းက ဆက်ပြောတယ်

"ကျော့ရွှီသခင်လေးကို ငါ ကတိပေးထားတဲ့အတိုင်း နောက်ထပ် အခွင့်အရေးတစ်ခု ရှာပြီး ငါ လက်ရည်စမ်းပါ့မယ် သူ နောက်ထပ် သွားရမယ့် နေရာတွေ အများကြီး ရှိသေးတာပဲ နောက်တစ်ခါမှာ ငါ့ရဲ့ စစ်မှန်သောဝိညာဉ် ကို သူ တားနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"

​ကျော့ရွှီက ခေါင်းညိတ်လိုက်ပါတယ်။

စိတ်ဆိုးတဲ့ ပုံစံမျိုးလည်း မပြပါဘူး။

​ဒီတစ်ခေါက် ရွှေခြင်္သေ့နတ်မင်း သုံးခဲ့တာက ဝိညာဉ်အပိုင်းအစ တစ်ခုပဲ ရှိပါသေးတယ်။

နောက်တစ်ကြိမ်မှာ စစ်မှန်သောဝိညာဉ်သာ ထွက်လာမယ်ဆိုရင် ဖန့်ချန်အတွက်တော့ ရှောင်လွှဲလို့မရတဲ့ အသေခံတွင်း ဖြစ်သွားမှာပါ။

​သူတို့နှစ်ယောက် မမြင်နိုင်တဲ့ ဟင်းလင်ပြင်ထဲမှာတော့ ဖန့်ချန်က သူတို့နားအထိ ကပ်ပြီး ကြည့်နေပါတယ်။

​ကြည့်ရတာ နတ်ဘုရားအမွှေးတိုင်က မသေမျိုးဘုရင် ကိုယ်တိုင် ဝင်ပါတာ ဖြစ်နေတာပဲ။

သူ့နဲ့ ရေစက်ရှိဖူးတဲ့ ရွှေခြင်္သေ့နတ်မင်းတောင် ဖြစ်နေသေးတယ်။

​တုန်းက ပီထု အကြွင်းအကျန် နယ်မြေကနေ ထွက်လာတုန်းက သူဟာ ရွှေခြင်္သေ့နတ်မင်းရဲ့ တပည့် တစ်ယောက်ကို သတ်ခဲ့ဖူးပါတယ်။

အခုတော့ ဒီနတ်ဘုရားအမွှေးတိုင် မသေမျိုးဘုရင်ရဲ့ ကိုယ်ပွားကို ကိုယ်တိုင် မြင်လိုက်ရပြီပေါ့။

​ဖန့်ချန် ခဏစဉ်းစားပြီးနောက် သူ့ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းလိုက်တယ်၊ ပြီးတော့ မြေပြင်ကို ခြေတစ်ချက် ဆောင့်လိုက်ပါတယ်

​"နေ့လှည့်ကင်းတပ်သား ... ရှီလုံ "

​ဖန့်ချန် ဘာလုပ်နေလဲဆိုတာ လူတိုင်း မသိကြပါဘူး။

လင်ခုန်းဓားဂိုဏ်းကို နည်းလမ်းတစ်ခုခုနဲ့ လှောင်ပြောင်နေတာလို့ပဲ ထင်နေကြပါတယ်။

​ဒါပေမဲ့ လူအုပ်ထဲမှာ အဘိုးအို တစ်ယောက် ရုတ်တရက် ပေါ်လာတာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။

သူက လွမ်းဆွတ်တမ်းတနေတဲ့ မျက်လုံးတွေနဲ့ ဒီလောကကြီးကို ကြည့်နေပါတယ်။

​"လူသားလောက... မလာဖြစ်တာ ကြာပြီပဲ"

​ရှီလုံ က တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

All Chapters