← Chapters

အခန်း (၈၇၉-၈၈၀)

Vol. 88 Ch. 879-880

အခန်း (၈၇၉-၈၈၀)

Vol. 88 Ch. 879-880

​​အခန်း (၈၇၉) ကြိုက်တာယူ

​ဒါဟာ ဖန့်ချန်အနေနဲ့ လူသားလောကမှာ မဟာယင်မိစ္ဆာ အဆင့်ရှိတဲ့ တစ္ဆေနတ်ဘုရားကို ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ကျင့်ကြံမှုဟာ လူသားလောကရဲ့ ဂိုဏ်းချုပ်အဆင့်၊ ဒါမှမဟုတ် ပထမအဆင့် လွတ်လပ်သောမသေမျိုး နဲ့ ညီမျှပါတယ်။

​ငရဲမင်းအမိန့်တော်ပြား ထဲက နှစ်ပေါင်း တစ်သောင်းနှစ်ထောင်ရှိတဲ့ ယင်သက်တမ်း ထဲကနေ အခုအချိန်မှာ နှစ်ပေါင်း နှစ်ထောင်တိတိ ကုန်ဆုံးသွားခဲ့ပါပြီ။

​ဒီယင်သက်တမ်း ပမာဏဟာ ယင်လောက မှာဆိုရင် သာမန်လေလွင့်တစ္ဆေတစ်ကောင်ကို နေ့စဉ် ယင်သက်တမ်းအတွက် ပူပန်နေစရာမလိုဘဲ စည်းစိမ်ယစ်မူးပြီး အပျော်ကြီးပျော်စေနိုင်လောက်တဲ့ ပမာဏမျိုးပါ။

​ရှီလုံကို ဆင့်ခေါ်တဲ့အချိန်မှာ ဖန့်ချန်ရဲ့ စိတ်ထဲမှာ ထူးဆန်းတဲ့ နားလည်မှုတစ်ခု ရရှိခဲ့ပါတယ်။

တကယ်လို့ သူ့ရဲ့ ကျင့်ကြံမှုသာ ပိုမြင့်မားမယ်ဆိုရင် ငရဲမင်းအမိန့်တော်ပြားရဲ့ ယင်သက်တမ်း ကုန်ဆုံးမှုက ဒီထက်ပိုပြီး နည်းပါးသွားလိမ့်မယ်လို့ ခံစားလိုက်ရတာပါ။

​အခုကတော့ သူ့ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းနေသေးတဲ့အတွက် ဆင့်ခေါ်မှုအတွက် လိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုး အများစုကို မထမ်းဆောင်နိုင်ဘဲ၊ အဲဒါကြောင့်ပဲ ငရဲမင်းအမိန့်တော်ပြားထဲက ယင်သက်တမ်း နှစ်ထောင်တိတိ ကုန်ဆုံးသွားရခြင်း ဖြစ်ပါတယ်။

​ယင်သက်တမ်း ငါးထောင်ဆိုရင် ပထမအဆင့် လွတ်လပ်သောမသေမျိုးနဲ့ ညီမျှတဲ့ မဟာယင်မိစ္ဆာ တစ်ကောင်ကို ဘွဲ့အပ်နှင်း ဖို့ လုံလောက်တာမို့၊ ဒီလို ဆင့်ခေါ်မှုမျိုးရဲ့ ကုန်ကျစရိတ်ဟာ ဖန့်ချန်အတွက်တောင်မှ ရေရှည်မှာ ထမ်းဆောင်ဖို့ ခက်ခဲတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ဆိုရမှာပါ။

​ဝမ်ကျိလုံက ရုဖျင်ကို မဲ့ပြုံးပြုံးပြီး ကြည့်လိုက်ကာ အခုရှိနေတဲ့ တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွဲလိုက်ပါတယ်

​"ရုမိတ်ဆွေ နောက်ထပ် မင်းတို့ လင်ခုန်းဓားဂိုဏ်းက ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတွေ ထွက်တိုက်ဦးမှာလား"

​ရုဖျင်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက်ဝတ်ရုံလက်ကို ခါယမ်းကာ ဝမ်ကျိလုံကို

​"လင်ခုန်းဓားဂိုဏ်းက အစွမ်းမသာခဲ့ပါဘူး ဒီနေ့ကစပြီး ဆယ်နှစ်တိတိ တောင်ပိတ် ထားပါ့မယ်"

​ပြောပြီးတာနဲ့ သူက တပည့်တွေကို ခေါ်ပြီး တောင်ဝင်ပေါက်ထဲကို လှည့်ဝင်သွားပါတယ်။

ပြင်းထန်တဲ့ မြည်ဟည်းသံကြီးနဲ့အတူ တောင်ဝင်ပေါက်က ဖြည်းဖြည်းချင်း ပိတ်သွားပါတော့တယ်။

​"သွားကြစို့"

​ဝမ်ကျိလုံက အောင်နိုင်သူအပြုံးနဲ့ လူအုပ်ကို ခေါ်ပြီး လှည့်ထွက်လာခဲ့ပါတယ်။

​အနီးနားက တိထျန်းကျင့်ကြံသူတွေကတော့ ဒေါသထွက်နေကြပေမဲ့ ဘာမှ မပြောရဲကြပါဘူး။

သူတို့ ထွက်သွားတာကိုပဲ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရပါတော့တယ်။

​လင်ခုန်းမြို့တော်ကနေ ထွက်လာပြီးနောက်၊ ဖန့်ချန်က ဝမ်ကျိလုံဆီမှာ ခွင့်တောင်းကာ အုပ်စုကြီးကနေ ခွဲထွက်သွားပြီး လူအများရဲ့ မျက်စိရှေ့ကနေ မကြာခင်မှာပဲ ပျောက်ကွယ်သွားပါတယ်။

​ကျန်းလင်တို့အုပ်စုကတော့ တွေဝေသွားကြပြီး ဝမ်ကျိလုံကို လှမ်းကြည့်လိုက်ကြတယ်

​"ဝမ်အကြီးအကဲ... ဖန့်ချန်က ဒီလိုမျိုး တစ်ယောက်တည်း ထွက်သွားတာ၊ တကယ်လို့ တိထျန်းကျင့်ကြံသူတွေက သူ့ကို ပစ်မှတ်ထားရင် အန္တရာယ်ရှိနိုင်တယ်နော်"

​ကျန်းလင်က လေးနက်စွာ ပြောလိုက်ပါတယ်။

​ဝမ်ကျိလုံက ပြုံးလိုက်တယ်

"ဒီကောင်လေးက တော်တော်လေး ပါးနပ်ပါတယ် ဒီနှစ်တွေအတွင်းမှာ သူ လျှောက်လှမ်းလာတာ ဘယ်တုန်းက အရှုံးခံခဲ့ဖူးလို့လဲ ဘာပဲဖြစ်ဖြစ် သူက ငါတို့ကို အရင်သွားနှင့်ခိုင်းထားတာပဲ၊ လမ်းခုလတ်ကျမှ ပြန်ဆုံကြမယ်တဲ့၊ မင်းတို့လည်း သိပ်ပြီး စိုးရိမ်မနေကြပါနဲ့"

​လူတိုင်းက အပြင်ပန်းမှာ စိတ်သက်သာရာ ရသွားပုံပြပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်နေကြတုန်းပါပဲ။

ဒါပေမဲ့ ဝမ်ကျိလုံက ဒီလိုပြောနေမှတော့ သူတို့လည်း ဘာမှ ထပ်မပြောနိုင်တော့ပါဘူး။

​ကောင်းတဲ့ဘက်ကပဲ တွေးရမယ်ဆိုရင်၊ ကျောင်းတော် ရဲ့ ကျောင်းအုပ်ကြီးကိုယ်တိုင်က ဖန့်ချန်ကို ဒီလောက် အလေးထားနေမှတော့ တခြားအဖွဲ့အစည်းတွေကလည်း စည်းမျဉ်းကို ဖောက်ဖျက်ပြီး လက်လွတ်စပယ် လုပ်ရဲကြမှာ မဟုတ်ပါဘူး။

​အဲဒီအချိန်မှာတော့... ကျော့ရွှီနဲ့ ရွှေခြင်္သေ့နတ်မင်းတို့ဟာ သူတို့ရှေ့မှာ ရပ်နေတဲ့ သာမန်ကာလျှံကာ အဘိုးအိုတစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပါတယ်။

​အဘိုးအိုက သူတို့ကို ကျောခိုင်းထားပြီး တစ်ချက်တောင် လှည့်မကြည့်ပေမဲ့၊ သူတို့နှစ်ယောက်စလုံးကတော့ အသက်ရှူရတာ ခက်ခဲစေတဲ့ ဖိအားတစ်ခုကို တပြိုင်နက်တည်း ခံစားနေရတာပါ။

​"စီနီယာက... ဘယ်သူပါလဲ..."

​ရွှေခြင်္သေ့နတ်မင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ကို လှမ်းလာကာ ကျော့ရွှီကို သူ့နောက်မှာ ကွယ်ထားပေးလိုက်ပါတယ်။

​" တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မျိုးဆက်သစ်တစ်ယောက်ကို အနိုင်ကျင့်ဖို့ ဘယ်လိုများ စိတ်ကူးရတာလဲ"

​အဘိုးအိုက ရယ်မောလိုက်တယ်

"ဒါသာ အပြင်ကို ပျံ့သွားရင် လူတကာရဲ့ လှောင်စရာ ဖြစ်နေဦးမယ်"

​"..."

​ရွှေခြင်္သေ့နတ်မင်းနဲ့ ကျော့ရွှီတို့ဟာ စောစောက ဝိညာဉ်အပိုင်းအစကို ဖိနှိပ်လိုက်တဲ့ ထူးခြားတဲ့ စွမ်းအားဟာ ဒီအဘိုးအိုရဲ့ လက်ချက်ဖြစ်မယ်ဆိုတာ အခုတော့ သေချာသွားပါပြီ။

​သူ့ရဲ့ ခွန်အားကို ကြည့်ရတာ... လက်ရှိ ဂိုဏ်းချုပ်အဆင့် တွေထဲက တစ်ယောက် ဖြစ်နေမှာပါ။

​ဒါပေမဲ့ ဒီလောကမှာ ဂိုဏ်းချုပ်အဆင့် ၂၀ ကျော် ရှိတဲ့အထဲက ဘယ်သူလဲဆိုတာကိုတော့ သူတို့ မသိကြပါဘူး။

​"စီနီယာ... ဒီကိစ္စက... အကြောင်းရင်း ရှိပါတယ်ကျုပ်တို့လည်း လက်တည့်စမ်းရုံတင်ပါ မကောင်းတဲ့ စိတ်ဆန္ဒ မရှိပါဘူး"

​ရွှေခြင်္သေ့နတ်မင်းက တည်ငြိမ်စွာ ပြောလိုက်တယ်

"အဲဒီ ဖန့်ဓားဦးဆောင်သူက စီနီယာရဲ့... မျိုးဆက်လား "

​ရှီလုံက ဘာမှ ပြန်မပြောဘဲ ဟင်းလင်ပြင်ဘက်ကို လှည့်ကြည့်ကာ လက်အုပ်ချီလိုက်တယ်

​"ရှီလုံ... သခင်လေး ကို ဂါရဝပြုပါတယ်"

​ငရဲမင်း ဆိုတဲ့ အခေါ်အဝေါ်ကတော့ အခုလောလောဆယ် လူအများသိအောင် ချပြရမယ့် အချိန် မဟုတ်သေးပါဘူး။

​ရွှေခြင်္သေ့နတ်မင်းနဲ့ ကျော့ရွှီတို့ မှင်သက်သွားကြပါတယ်။

ဖန့်ချန်က ဟင်းလင်ပြင်ထဲကနေ ထွက်လာတာကို သူတို့ မြင်လိုက်ရပေမဲ့... သူတို့နားကို ဘယ်အချိန်က ရောက်လာလဲဆိုတာကိုတောင် သူတို့ သတိမထားမိလိုက်ပါဘူး။

​မှင်သက်သွားပြီးနောက် နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ကြက်သီးထစရာ ခံစားချက်ကြီး ဖြစ်ပေါ်လာပါတယ်။

​ဒီအဘိုးအိုရဲ့ ခွန်အားက တက်လှမ်းခြင်းအဆင့်ကို ကျော်လွန်နေတာ သေချာတယ်၊ ဂိုဏ်းချုပ်အဆင့် ခိုင်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။

ဒါပေမဲ့ ဖန့်ချန်ကို ခေါ်လိုက်တဲ့ အခေါ်အဝေါ်က သခင်လေး တဲ့လား၊ ဒီလောက်တောင် ရိုသေတာလား

​သူတို့ကြားမှာ ဘာပတ်သက်မှုတွေ ရှိနေတာလဲ

​"ကျော့ရွှီသခင်လေး... ကျုပ်တို့ ပြန်ဆုံကြပြန်ပြီနော်"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ကျော့ရွှီက သူ့စိတ်ထဲက တုန်လှုပ်မှုကို အတင်းဖိနှိပ်ထားပြီး မျက်နှာမှာ အတင်းအပြုံးလုပ်ကာ

"ဟုတ်ကဲ့ပါ..."

​အရင်က ဖန့်ချန်ကို ကြည့်တဲ့ သူ့ရဲ့ အကြည့်ထဲမှာ အထင်သေးတဲ့ အကြည့်တစ်စွန်းတစ်စ အမြဲပါဝင်ခဲ့ပါတယ်။

အဲဒါက သူဟာ ဂိုဏ်းချုပ်အဆင့်ရဲ့ သားဖြစ်ပြီး မွန်မြတ်တဲ့ မျိုးရိုးက လာတာကြောင့်ပါ။

ဒါပေမဲ့ အခုတော့ သူ့ရင်ထဲမှာ တောင်ကြီးတစ်လုံးနဲ့ ဖိထားသလိုမျိုး ဖိအားကို ခံစားနေရပါတယ်။

​တစ်ဖက်လူရဲ့ အဆင့်အတန်းက ပဟေဠိတစ်ခုပါပဲ။

လူအများရှေ့မှာ ပြသခဲ့သမျှတွေက အယောင်ပြတွေပဲ ဖြစ်နိုင်ပြီး၊ သူ့ရဲ့ စစ်မှန်တဲ့ အဆင့်အတန်းကတော့...

​ကျော့ရွှီ ဆက်ပြီး မတွေးရဲတော့ပါဘူး။

​"ရွှေခြင်္သေ့နတ်မင်းက ပေတု မှာ မနေဘဲ ဝေးလံလှတဲ့ တိထျန်းကို လာရတာက ကျော့ရွှီသခင်လေးရဲ့ ဖိတ်ကြားချက်ကြောင့်လား "

​ဖန့်ချန်က ရွှေခြင်္သေ့နတ်မင်းကို ကြည့်လိုက်ပါတယ်။

​ရွှေခြင်္သေ့နတ်မင်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့ရဲ့ လေသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းလိုက်တယ်

​"ဖန့်ဓားဦးဆောင်သူ... ခုနက ကျုပ်တို့ကြားမှာ အထင်လွဲမှုလေး နည်းနည်း ရှိသွားတယ်..."

​"အထင်လွဲမှုဆိုရင်တော့... ဘယ်လို ဖြေရှင်းမှာလဲ"

​ဖန့်ချန်က ပြုံးပြီး ပြန်မေးလိုက်ပါတယ်။

​ရွှေခြင်္သေ့နတ်မင်း ခဏလောက် ကြောင်သွားပြီးနောက် စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

တစ်ဖက်လူက ဒီကိစ္စကို အစဖော်ပြီး အပြစ်ရှာချင်ပုံမရတဲ့အတွက် သူက အဖိုးအခ နည်းနည်းလောက် ပေးလိုက်ရင် ဒီကိစ္စကို ပြေလည်သွားစေနိုင်မှာပါ။

​ဒီလိုတွေးပြီးနောက် ရွှေခြင်္သေ့နတ်မင်းက သဘောထားကြီးစွာနဲ့

"ကျုပ်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ပေးလျော်ပါ့မယ် စောစောက နှောင့်ယှက်မိတာကို တောင်းပန်တဲ့အနေနဲ့ပါ"

​"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်... နည်းနည်းတော့ နည်းမနေဘူးလား"

​ဖန့်ချန်က သက်ပြင်းချလိုက်ပါတယ်။

​ရွှေခြင်္သေ့နတ်မင်းရဲ့ မျက်နှာထား ပြောင်းလဲသွားပါတယ်။ ဝိညာဉ်ကျောက်တုံး နှစ်ထောင်တောင် နည်းသေးတာလား

​အခုခေတ်မှာ ဝိညာဉ်ကျောက်တုံးတွေက ရှားပါးနေတာပါ။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကလွဲရင် အထက်ဘုံလောက ကနေ လာတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေက သုံးလေလေ ကုန်လေလေပါပဲ။

​ဒါကြောင့်မို့လို့လည်း နောက်ပိုင်းနှစ်တွေမှာ မသေမျိုးဘုရင် တွေက ပိုပိုပြီး ရှားပါးလာတာဖြစ်သလို၊ မသေမျိုး တွေတောင် အရင်ကထက် အများကြီး နည်းသွားတာပါ။

ဒါတွေက ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှားပါးလာတဲ့ ဘေးဒုက္ခကြောင့်ဖြစ်ပြီး၊ ကျင့်ကြံသူတွေ အားလုံးက ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှာနေကြတာ ဖြစ်ပါတယ်။

​"ဒါဆိုရင်..."

​ရွှေခြင်္သေ့နတ်မင်းက လျော်ကြေးကို နည်းနည်း ထပ်တိုးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ၊ ရှီလုံက ရှေ့ကို လှမ်းလာပြီး သူ့လက်ထဲက သိုလှောင်လက်စွပ် ကို ဆွဲယူလိုက်ပါတယ်။

​သူ ပြန်ပြီး တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ၊ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ဆူပွက်လာပြီး ပါးစပ်ထောင့်ကနေ သွေးတစ်စိမ့်စိမ့် ထွက်လာပါတယ်...

​သိုလှောင်လက်စွပ်ပေါ်က တားမြစ်ချက် တွေကို ချက်ချင်း ဖျက်ဆီးခံလိုက်ရတာပါ။

​"သခင်လေး... ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ ကြိုက်တာယူပါ ဒီလူလည်း စိတ်ဆိုးမှာ မဟုတ်ပါဘူး"

​ရှီလုံက သိုလှောင်လက်စွပ်ကို ဖန့်ချန်ဆီ ကမ်းပေးလိုက်ပါတယ်။

​ဖန့်ချန်အနေနဲ့ မသေမျိုးဘုရင် အဆင့်မြင့်ပညာရှင်တစ်ယောက်ရဲ့ သိုလှောင်လက်စွပ်ကို ကိုင်ကြည့်ရတာ ဒါ ပထမဆုံးအကြိမ်ပါ။

ဝိညာဉ်စွမ်းအားကို သွင်းကြည့်လိုက်တဲ့အခါ၊ အတွင်းထဲက ဟင်းလင်ပြင်ဟာ တောင်ကုန်းအသေးလေးတစ်လုံးကို ထည့်ထားလို့ ရလောက်အောင် ကျယ်ဝန်းပြီး သူ အရင်က မြင်ဖူးသမျှ လက်စွပ်တွေထက် အများကြီး ပိုကြီးပါတယ်။

​သိုလှောင်လက်စွပ်တွေမှာ အဆင့်အတန်း သီးသန့်မရှိဘဲ အတွင်းထဲက ပမာဏ ဘယ်လောက်ဆံ့လဲဆိုတာကိုပဲ ကြည့်ရတာပါ၊ ဒီလက်စွပ်ကတော့ လူသားလောကမှာဆိုရင် ထိပ်တန်းအဆင့်ဝင်ပါပဲ။

​လက်စွပ်ထဲမှာတော့ တော်တော်လေး သန့်ရှင်းနေပါတယ်။

ပြန့်ကျဲနေတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးအချို့ကလွဲရင် ကျောက်စာချပ် အချို့ပဲ ရှိပြီး၊ နတ်ဘုရားအမွှေးတိုင်ပညာရပ်ရဲ့ ကျင့်စဉ်တွေ ဖြစ်နိုင်ပါတယ်။

​ဖန့်ချန် ရေတွက်ကြည့်လိုက်တဲ့အခါ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးထောင်ဝန်းကျင်လောက် ရှိပါတယ်။

​မသေမျိုးဘုရင်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုက ဒီလောက်အထိ ဆင်းရဲမှာ မဟုတ်ပါဘူး။

ရွှေခြင်္သေ့နတ်မင်းဟာ အဖိုးတန်ပစ္စည်းတွေကို နေရာအနှံ့မှာ ခွဲပြီး သိမ်းထားတတ်မယ်ဆိုတာ သူ သေချာပေါက် သိပါတယ်။

ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလမ်းစဉ်မှာ အန္တရာယ်တွေ ရှိနိုင်တာကြောင့် ဘယ်သူမှ အကုန်လုံးကို တစ်ကိုယ်တည်း ဆောင်မထားကြပါဘူး။

​ဖန့်ချန် ခဏစဉ်းစားပြီးနောက် သိုလှောင်လက်စွပ်ကို ချက်ချင်း လက်ခံ လိုက်ပါတယ်။

​"ဒါက..."

​ရွှေခြင်္သေ့နတ်မင်း စကားပြောဖို့ ပြင်လိုက်ပေမဲ့...

​ရှီလုံက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ၊ ရွှေခြင်္သေ့နတ်မင်းဟာ နောက်ဆုံးမှာတော့ ပါးစပ်ပိတ်သွားပြီး သူ့ရဲ့ သိုလှောင်လက်စွပ်ကို ဖန့်ချန် လက်ခံယူလိုက်တာကိုပဲ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရပါတော့တယ်။

​"အဲဒီထဲမှာ နတ်ဘုရားအမွှေးတိုင်ပညာရပ် ကျင့်စဉ်အချို့ ပါတယ် မင်း ယူထားလည်း ဘာမှ အသုံးမဝင်ပါဘူး အဲဒါထက်..."

​"ဘယ်လိုလုပ် အသုံးမဝင်မှာလဲ ကျုပ်လည်း ဂိုဏ်းပေါင်းစုံရဲ့ ပညာရပ်တွေကို လေ့လာပြီး ဗဟုသုတ တိုးချင်သေးတာပဲလေ"

​ဖန့်ချန်က လက်စွပ်ကို လက်ခံရင်း ပြောလိုက်ပါတယ်။

​ကျော့ရွှီကတော့ တည်ငြိမ်နေပုံရပေမဲ့ သူ့ရဲ့ နောက်ကျောက လက်ဝါးကို တိတ်တဆိတ် ဖြန့်လိုက်တဲ့အခါ သဲပွင့်လေးတစ်ပွင့် ဖြည်းဖြည်းချင်း လွင့်ကျသွားပါတယ်။

​ဖန့်ချန်က မျက်စိလျင်သူမို့

"တစ်ခုခု ကျသွားပြီ"

​ရှီလုံက ဒါကို မြင်တာနဲ့ လက်ကို လှမ်းဖမ်းလိုက်ပြီး သဲပွင့်ကို လက်ထဲမှာ ဆုပ်ကိုင်လိုက်ပါတယ်။

ကျော့ရွှီကတော့ ခွေးချေးကို ဝါးမိလိုက်သလိုမျိုး မျက်နှာက အတော်လေးကို ကြည့်ရဆိုးသွားပါတော့တယ်။

​အခန်း (၈၈၀) ဖီဖူသဲပွင့်

​"ဒါက ဖီဖူသဲပွင့် ပဲ၊ ဒီလောကက ပစ္စည်းမဟုတ်ဘူး"

​ရှီလုံက သဲပွင့်လေးကို တစ်ချက်ကြည့်ပြီး ကျော့ရွှီဘက်လှည့်ကာ အသာအယာ ရယ်မောလိုက်တယ်

​"မင်း ဒီပစ္စည်းကို ဘယ်ကရတာလဲ သေးသေးလေးလို့ မထင်နဲ့ သူ့အထဲမှာ ဟင်းလင်ပြင် ကျယ်ကျယ်ဝန်းဝန်း ရှိတယ် သာမန် သိုလှောင်လက်စွပ်တွေထဲ ထည့်လို့မရတဲ့ ပစ္စည်းအချို့ကိုတောင် သူက ဆံ့တယ်ဟေ့ လောကမှာရှိတဲ့ လွတ်လပ်သောမသေမျိုးတွေကတော့ ဒါကို သိုလှောင်လက်စွပ်အဖြစ် သုံးရတာ သိပ်ကြိုက်ကြတာပဲ"

​ကျော့ရွှီက အတင်းပြုံးကာ

"ဒီ ဖီဖူသဲပွင့်က ကျုပ်အဖေ ပေးထားတာပါ စီနီယာပြောသလို ဘယ်ကလာမှန်းတော့ ကျုပ်လည်း မသိပါဘူး ခုနက လက်ချော်ပြီး မတော်တဆ ကျသွားတာပါ တော်သေးတာပေါ့ စီနီယာ ကောက်ပေးလို့ မဟုတ်ရင်တော့ ရှာတွေ့ဖို့ ခက်သွားလိမ့်မယ်"

​ဖန့်ချန်က ဖီဖူသဲပွင့်ကို ကြည့်လိုက်ပါတယ်။

သူ့ရဲ့ အရှိန်အဝါက သာမန်သဲပွင့်နဲ့ မခြားဘဲ အလွန်ရိုးရှင်းပါတယ်၊ တကယ်လို့သာ မြေပြင်ပေါ် ကျသွားရင်တော့ ရှာဖို့ တကယ်ခက်ပါလိမ့်မယ်။

​ကျော့ရွှီက ခေတ္တရပ်ပြီး ရိုသေစွာ ပြောလိုက်တယ်

"စီနီယာ... ဒီ ဖီဖူသဲပွင့်ကို ကျုပ်ကို ပြန်ပေးလို့ ရမလားခင်ဗျာ၊ ကျေးဇူးအထူးတင်မိမှာပါ"

​ရှီလုံက သူ့ကို တစ်ချက်ကြည့်ပြီး ဖီဖူသဲပွင့်ကို ဖန့်ချန်ဆီ ကမ်းပေးလိုက်တယ်

"သခင်လေး... ဒီထဲမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တော်တော်များများနဲ့ ဆေးဖော်စပ်ရာမှာ သုံးတဲ့ ဝိညာဉ်ပစ္စည်းအချို့ ရှိနေတယ်"

​"အော်... အဲလိုလား..."

​ဖန့်ချန်က ခေါင်းညိတ်ပြီး ဖီဖူသဲပွင့်ကို သိမ်းလိုက်တယ်၊ ပြီးနောက် ကျော့ရွှီကို ပြုံးကြည့်ကာ

​"ကျော့ရွှီသခင်လေး... ဒီ ဖီဖူသဲပွင့်ကိုတော့ ကျုပ်ကပဲ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါပြီနော်"

​ကျော့ရွှီ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အတင်းပြုံးကာ

"ဖန့်ဓားဦးဆောင်သူ... အဲဒီထဲမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင်ပဲ ရှိတာပါ အဲဒါကိုတော့ ကျုပ်က လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

"ဒါပေမဲ့ ဒီ ဖီဖူသဲပွင့်က ကျုပ်ရဲ့ လူလားမြောက်တဲ့နေ့မှာ အဖေပေးထားတဲ့ ပစ္စည်းမို့ ကျုပ်အတွက် အမှတ်တရ တန်ဖိုးရှိပါတယ် ဖန့်ဓားဦးဆောင်သူ အနေနဲ့ သဘောထားကြီးကြီးထားပြီး ကျုပ်ကို ပြန်ပေးစေချင်ပါတယ်"

​"ကျော့ရွှီသခင်လေး... အထဲမှာ ဝိညာဉ်ကျောက်တုံး ငါးထောင်ကျော်ပဲ ရှိတာလား "

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်တယ်

"ဒါက ကျုပ်ရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ မလုံလောက်သေးဘူးပဲ ကြည့်ရတာ သန့်စင်နတ်မင်းမြို့တော် ကို တစ်ခေါက်သွားပြီး ရှောင်းယောင်မသေမျိုး နဲ့ တွေ့ရဦးမယ် ထင်တယ်"

​မင်းမှာ ဘာတွေ ဆုံးရှုံးသွားလို့လဲဟ

​ကျော့ရွှီ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပါတယ်။

ပြီးတော့ တစ်ဖက်လူက သန့်စင်နတ်မင်းမြို့တော်ကို တကယ်သွားဖို့ ပြင်နေတာ မြင်တော့ သူ့မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ ဖြတ်ပြေးသွားပါတယ်။

​တကယ်လို့ တစ်ဖက်လူက သူ့အဖေဆီ တကယ်ရောက်သွားရင်တော့၊ သူ့အဖေရဲ့ စရိုက်အရ သူ့ကို လုံးဝ ပစ်ပယ်ထားတော့မှာ သူသိနေတာကြောင့်ပါ။

​မကြာခင်မှာပဲ ရွှေခြင်္သေ့နတ်မင်းရဲ့ သိုလှောင်လက်စွပ်ကို ဖန့်ချန် လက်ခံယူ လို့ ပြီးသွားပါတယ်။

တော်သေးတာက ရှီလုံက လက်စွပ်ပေါ်က အမှတ်အသား တွေကို ဖယ်ရှားပေးခဲ့လို့ပါ။

မဟုတ်ရင်တော့ ဖန့်ချန်ရဲ့ ကျင့်ကြံမှုနဲ့ မသေမျိုးဘုရင် သုံးတဲ့ လက်စွပ်ကို လက်ခံဖို့ဆိုရင် နှစ်ပေါင်း ရာချီ ကြာကောင်း ကြာနိုင်ပါတယ်။

​"ကဲ... နှစ်ယောက်လုံး၊ သွားကြစို့"

​ဖန့်ချန်က သိုလှောင်လက်စွပ်ကို ဝတ်ဆင်ပြီး သူတို့နှစ်ယောက်ကို ပြုံးပြလိုက်ပါတယ်။

​နှစ်ယောက်လုံး မျက်နှာပျက်သွားကြတယ် ဒါက သန့်စင်နတ်မင်းမြို့တော်ကို တကယ်ကြီး သွားတော့မှာလား

​ကျော့ရွှီက ချက်ချင်းပြောတယ်

"ဖန့်ဓားဦးဆောင်သူ... ဖီဖူသဲပွင့်ကိုလည်း ခင်ဗျား ယူသွားပြီပဲ အထဲက ဝိညာဉ်ကျောက်တုံးတွေလည်း ခင်ဗျားပိုင်တာပဲ ဒါကို သန့်စင်နတ်မင်းမြို့တော်အထိ သွားနေဖို့ မလိုတော့ပါဘူး မဟုတ်လား"

​"ဒီနေရာကနေ သန့်စင်နတ်မင်းမြို့တော်ကို အတော်ဝေးပါတယ် သွားနေရင် ဖန့်ဓားဦးဆောင်သူရဲ့ ဓားစိန်ခေါ်ပွဲ ခရီးစဉ်ကို နှောင့်နှေးသွားစေနိုင်ပါတယ်"

လို့ ရွှေခြင်္သေ့နတ်မင်းကလည်း ဝင်ပြောပါတယ်။

​"လမ်းပြပါ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ဖန့်ချန်က သန့်စင်နတ်မင်းမြို့တော်ကို သွားဖို့ ဇွတ်အတင်း လုပ်နေတာကြောင့် ကျော့ရွှီကတော့ စိတ်ထဲမှာ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေပါပြီ။

​ဒီလူနှစ်ယောက် မသိတာကတော့... ဖန့်ချန်ဟာ ရှီလုံကို လူသားလောကကို ဆင့်ခေါ်ဖို့အတွက် ယင်သက်တမ်း နှစ်ထောင်တိတိ ပေးဆပ်ခဲ့ရတာပါ။

ဒီလောက် ဝိညာဉ်ကျောက်တုံးလေးတွေနဲ့တော့ အဲဒီကုန်ကျစရိတ်ကို ကာမိဖို့ မဖြစ်နိုင်ပါဘူး။

​သန့်စင်နတ်မင်းမြို့တော်ကို သွားတဲ့လမ်းမှာ ဖန့်ချန်က ဖီဖူသဲပွင့်ကို ထုတ်ကြည့်လိုက်ပါတယ်။

သိုလှောင်လက်စွပ်လိုမျိုးပဲ၊ အတွင်းထဲက ပမာဏဟာ ရွှေခြင်္သေ့နတ်မင်းရဲ့ လက်စွပ်ထက်တောင် အဆပေါင်းများစွာ ပိုကြီးပါတယ်။

​"ဖန့်ချန်... ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ် ဒါကို စားလိုက်ရင် ငါ အဆင့် ၅ ကို တက်လှမ်းနိုင်လိမ့်မယ်"

လို့ ဓားငယ်လေးရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာပါတယ်။

​ဒီ ဖီဖူသဲပွင့်ကလည်း ဝိညာဉ်ပစ္စည်း တစ်မျိုးပဲလား

​ဖန့်ချန် စိတ်လှုပ်ရှားသွားပြီး ရှီလုံကို လှမ်းမေးလိုက်တယ်

"ရှီလုံ ဖီဖူသဲပွင့်ကို သိုလှောင်လက်စွပ်အဖြစ် သုံးတာအပြင် တခြား ဘာအတွက် သုံးလို့ရသေးလဲ"

​"အသုံးဝင်ပုံတွေက အများကြီးပါပဲ ကြားဖူးတာကတော့ အထက်ဘုံလောကက စစ်မှန်သောမသေမျိုး တွေဟာ မသေမျိုးလက်နက် တွေ သွန်းလုပ်တဲ့အခါ ဒီ ဖီဖူသဲပွင့်ကို ထည့်သုံးရတယ်တဲ့"

"မဟုတ်ရင်တော့ မသေမျိုးလက်နက်ရဲ့ စွမ်းအားကို သာမန် ဝိညာဉ်ပစ္စည်းတွေက မထမ်းဆောင်နိုင်လို့ပါ ဒါ့အပြင် ကျုပ် စောစောက ပြောသလိုပဲ သာမန် သိုလှောင်လက်စွပ်တွေ မဆံ့တဲ့ ပစ္စည်းတွေကို သူက ဆံ့တယ်"

"ရိုးရိုးရှင်းရှင်း ဥပမာပေးရရင်... မင်း ဒါနဲ့ ဝမ်ချွမ်းရေ ကို ခပ်ယူလို့ ရတယ် သာမန် သိုလှောင်လက်စွပ်နဲ့ဆိုရင်တော့ လုံးဝ ထည့်လို့မရဘူး ဒါပေမဲ့... ဖီဖူသဲပွင့်မှာလည်း သူ့အတိုင်းအတာ ရှိတယ် မင်းလက်ထဲက တစ်ပွင့်ဆိုရင်တော့ ဝမ်ချွမ်းရေ တစ်ပိဿာလောက်ပဲ ဆံ့လိမ့်မယ်"

​ရှီလုံက ရယ်မောရင်း အသံလွှင့် လိုက်တယ်

"ဒီကောင်လေးမှာ ဒီပစ္စည်း ရှိနေတာက တခြား အသုံးဝင်ပုံ ရှိနေလို့ပဲ ဖြစ်ရမယ် သူနဲ့ သူ့အဖေက ဒီလောကက လူတွေ မဟုတ်လောက်ဘူးလို့ ကျုပ် သံသယရှိတယ်"

​ဖန့်ချန် စဉ်းစားခန်း ဝင်သွားပါတယ်။

ဒီ ရှောင်းယောင်မသေမျိုး ဆိုတာက ဒီဒေသခံ ကျင့်ကြံသူ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။

​"ဝမ်ချွမ်းရေက လေလွင့်တစ္ဆေတွေကို နှိမ်နင်းနိုင်တယ် တကယ်လို့ ဖီဖူသဲပွင့်နဲ့ ထည့်ပြီး လူသားလောကကို ယူလာလို့ ရရင်တော့..."

​ဖန့်ချန်က သူ့ရဲ့ စိတ်ကူးကို ရှီလုံကို ပြောပြလိုက်တဲ့အခါ ရှီလုံက မရယ်ဘဲ မနေနိုင်တော့ပါဘူး

​"ယင်လောကက အရာရာဟာ လူသားလောကမှာဆိုရင် ပုံရိပ်မထင်ဘဲ ပျောက်ကွယ်သွားမှာပါ ကျုပ်လို ငရဲမင်းရဲ့ ဘွဲ့အပ်နှင်းခြင်း ခံရရင်တော့ တစ်မျိုးပေါ့ တကယ်လို့ ငရဲမင်းက စိတ်ကူးပေါက်လို့ ဝမ်ချွမ်းမြစ်ကို ဘွဲ့အပ်နှင်း လိုက်မယ်ဆိုရင်တော့ လူသားလောကကို ယူလာနိုင်ကောင်း ယူလာနိုင်မှာပေါ့"

​"ဝမ်ချွမ်းမြစ်ကို ဘွဲ့အပ်နှင်းမယ် ဟုတ်လား"

​ဖန့်ချန်က သူ့ဘာသာ ခေါင်းခါလိုက်ပါတယ်။

ဝမ်ချွမ်းမြစ်က အဆုံးအစ မရှိပါဘူး။

ယင်လောကမှာ သူ့ရဲ့ တည်ရှိမှုက အလွန် ထူးခြားပါတယ်။

ဒီလို မြစ်တစ်မြစ်လုံးကို ဘွဲ့အပ်နှင်းဖို့ဆိုရင် လိုအပ်မယ့် ယင်သက်တမ်း ပမာဏကတော့ စိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ဂဏန်းတစ်ခု ဖြစ်နေမှာပါ။

​လူအုပ်စုဟာ ရှီလုံရဲ့ ဦးဆောင်မှုအောက်မှာ ဟင်းလင်ပြင်ကို ဖြတ်သန်းသွားလာသလိုမျိုး အလွန်လျင်မြန်တဲ့ နှုန်းနဲ့ သန့်စင်နတ်မင်းမြို့တော်ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။

​သာမန်ကျင့်ကြံသူတွေအနေနဲ့ တယ်လီပို့ နဲ့ သွားမယ်ဆိုရင်တောင် လပေါင်းများစွာ ကြာမယ့်ခရီးကို ရှီလုံက တစ်ရက်တည်းနဲ့ ရောက်အောင် ပို့ဆောင်ပေးခဲ့တာပါ။

​တစ်ရက်ကြာပြီးနောက် သူတို့ဟာ စည်ကားလှတဲ့ မြို့တော်တစ်ခုကို ရောက်ရှိလာပါတယ်။

ဒီမြို့မှာ လူသားတစ်ဝက်၊ ကျင့်ကြံသူတစ်ဝက် နေထိုင်ကြတာပါ။

​ဒီနေရာမှာ ဝိညာဉ်စွမ်းအားတွေက အလွန်ထူထပ်ပါတယ်။

ဒီမှာနေထိုင်တဲ့ သာမန်လူသားတွေတောင် ကျန်းမာရေးကောင်းမွန်ပြီး သွေးသားတက်ကြွနေကြတာပါ။

​ဒါပေမဲ့ ဒါက သန့်စင်နတ်မင်းမြို့တော် အစစ်အမှန် မဟုတ်သေးပါဘူး။

ကျော့ရွှီက အမိန့်ပေးတံဆိပ်တစ်ခု ထုတ်လိုက်တဲ့အခါ သူတို့ရှေ့မှာ တံခါးကြီးတစ်ခု ပေါ်လာပါတယ်။

အဲဒီတံခါးကို ဖြတ်ကျော်လိုက်တဲ့အခါမှာတော့ တိမ်တွေ ဝိုင်းရံနေတဲ့ တောင်တန်းတွေ၊ ထူးဆန်းတဲ့ တောင်ထိပ်တွေနဲ့ တောင်ကြားထဲမှာ တည်ရှိနေတဲ့ အဆောက်အအုံပေါင်းများစွာကို မြင်တွေ့လိုက်ရပါတယ်။

ရာနဲ့ချီတဲ့ ရေတံခွန်ကြီးတွေကလည်း အလှဆင်ထားသလိုမျိုး နေရာအနှံ့မှာ ရှိနေပါတယ်။

​"သခင်လေး ပြန်လာပြီပဲ၊ ဒီနှစ်ယောက်က ဘယ်သူတွေလဲ"

​အဘိုးအို အစေခံတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာပြီး ကျော့ရွှီကို ဦးညွှတ်ဂါရဝပြုကာ ဖန့်ချန်နဲ့ ရှီလုံကို ကြည့်လိုက်ပါတယ်။

​ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုက မနိမ့်ပါဘူး။

သူက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပါ။

အပြင်လောကမှာဆိုရင် အရှင်သခင်တစ်ပါး ဖြစ်နေမှာပေမဲ့ ဒီနေရာမှာတော့ အစေခံတစ်ယောက်လို အလုပ်လုပ်နေရတာပါ။

​"ဒါကတော့ သန့်စင်နတ်မင်းမြို့တော်ပေါ့ ရှောင်းယောင်နတ်မင်းရဲ့ ကျင့်ကြံတဲ့ ဂူဗိမာန်ပေါ့"

လို့ ဖန့်ချန် စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။

​လွတ်လပ်သောမသေမျိုး၊ ကျင့်ကြံသူတွေရဲ့ မျက်စိထဲက ဂိုဏ်းချုပ်အဆင့်တွေရဲ့ နေရာပီသပါပေတယ်။

ဂူဗိမာန်တစ်ခုတည်းတင် ကမ္ဘာသစ်တစ်ခုအလား ထူးခြားဆန်းပြားနေပြီး နတ်ဘုရားတွေ နေထိုင်တဲ့ နေရာနဲ့တောင် ဆင်တူနေပါတယ်။

​ကျော့ရွှီက ရှီလုံကို ဘယ်လို မိတ်ဆက်ရမလဲဆိုတာ မသိဘဲ ခဏလောက် တိတ်ဆိတ်သွားပါတယ်။

စကားပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဝေဟင်ကနေ လူတစ်စု ပျံသန်းလာတာနဲ့ တိုးပါတော့တယ်။

သူတို့ထဲက တစ်ယောက်က ကျော့ရွှီကို မြင်တော့ မျက်မှောင်ကြုတ်လိုက်တယ်

​"ညီလေး လေး၊ မင်း အပြင်မှာ ထပ်ပြီး လျှောက်သွားနေပြန်ပြီလား ဘာလို့ အလုပ်အကျွေး မလုပ်ဘဲနဲ့ နေ့တိုင်း ဒီလို အပိုအလုပ်တွေနဲ့ပဲ အချိန်ကုန်နေရတာလဲ"

​ကျော့ရွှီ မျက်နှာပျက်သွားပြီး မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး လက်အုပ်ချီကာ

​"အကိုကြီး... ကျုပ် ဒီနေ့ ဧည့်သည်နှစ်ယောက် ခေါ်လာတယ်၊ အဖေ့ကို သွားတွေ့မလို့ပါ အဖေက အခု ကျင့်ကြံနေတာလား ဒါမှမဟုတ် လက်ဖက်ရည်သောက်နေတာလား"

​"ဧည့်သည် ဟုတ်လား"

​တစ်ဖက်လူက ရွှေခြင်္သေ့နတ်မင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်

​"ရွှေခြင်္သေ့နတ်မင်း... ခင်ဗျားက လက်မလျှော့သေးဘူးလား ပေတုက သဒ္ဓါတရားရှိသူတွေက ခင်ဗျားအတွက် လုံလောက်နေပါပြီ နေ့တိုင်း ဒီလို စိတ်ကူးယဉ်မနေစမ်းပါနဲ့"

"ချောင်ဖုန်း မှာ အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ် ခင်ဗျားလို မသေမျိုးဘုရင် သာသာလေးက ဘယ်နှယောက်ကိုများ သဒ္ဓါတရားရှိသူအဖြစ် စည်းရုံးနိုင်မှာမို့လို့လဲ "

​ရွှေခြင်္သေ့နတ်မင်း ကြောင်သွားပြီး မျက်နှာက အတော်လေး ကြည့်ရဆိုးသွားပါတော့တယ်။

​သူက မသေမျိုးဘုရင် တစ်ပါးဖြစ်သလို တစ်ဖက်လူကလည်း ဂိုဏ်းချုပ်ရဲ့ သားပဲ ဖြစ်ပေမဲ့၊ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း အပြစ်တင်တာကတော့ တကယ်ကို လွန်လွန်းလှပါတယ်

​

​

All Chapters