← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 89 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 89 Ch. 883-884

​အခန်း (၈၈၃) သိန်းချီသော နတ်ဘုရားဝိညာဉ်များ

​ကျယ်ပြောလှတဲ့ မြူဖြူတွေထဲကနေ အရိပ်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပါတယ်။

သူတို့အားလုံးဟာ ကံကောင်းလို့ သေပြီးနောက် ဝမ်ချွမ်းမြစ်လမ်းကို ရှာတွေ့ခဲ့ကြတဲ့ လေလွင့်ဝိညာဉ်တွေပါ။

​သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ဝေခွဲမရဖြစ်ခြင်း၊ မကျေနပ်ခြင်းတွေ ပြည့်နှက်နေပြီး အနည်းငယ်သော သူတွေကသာ စပ်စုချင်စဖွယ် ဘေးဘီကို ဝေ့ဝဲကြည့်ရှုနေကြပါတယ်။

​မြူဖြူတွေထဲကနေ ဖန့်ချန်ရဲ့ အရိပ် ထွက်ပေါ်လာပြီးနောက်မှာတော့ ရှီလုံနဲ့ ရှင်းရှန်း တို့ ပါလာပါတယ်။

​ဒီနေရာက အငွေ့အသက်တွေက အတော်လေး သက်သောင့်သက်သာရှိတာကို သိသွားပုံရတဲ့ ရွှမ်ဖျင့် ဟာ ဖန့်ချန်ရဲ့ ပခုံးပေါ်ကနေ ဖြည်းဖြည်းချင်း တိုးထွက်လာပါတယ်။

အမှန်တကယ်ကို ရေကူးသလို တိုးထွက်လာတာပါ။

လူသားလောကမှာတုန်းကတော့ သူဟာ ဖန့်ချန်ရဲ့ လက်မောင်းထဲမှာပဲ အိပ်နေလေ့ရှိပြီး ပြင်ပလောကကို စိတ်မဝင်စားခဲ့ပါဘူး။

ဒါပေမဲ့ ယင်လောကကို ရောက်လာတဲ့အခါမှာတော့ စိတ်ဓာတ်တွေ တက်ကြွလာပုံရပါတယ်။

​ရှင်းရှန်းနဲ့ ရှီလုံတို့ဟာ ဖန့်ချန်က ဘာကြောင့် ရုတ်တရက် ခန္ဓာကိုယ်နဲ့တကွ ယင်လောကကို ဆင်းလာရသလဲဆိုတာကို နားမလည်ကြဘဲ သူတို့မျက်လုံးထဲမှာ စိုးရိမ်ရိပ်အချို့ ရှိနေပါတယ်။

​ဖန့်ချန်ရဲ့ အခုရှိနေတဲ့ အစွမ်းနဲ့ဆိုရင် ယင်လောကကို ခန္ဓာကိုယ်နဲ့ မလာတာ အကောင်းဆုံးပါပဲ၊ တစ်စုံတစ်ယောက်ရဲ့ စောင့်ကြည့်တာကို ခံရမှာ စိုးလို့ပါ။

​"သခင်လေး... ဒီယင်လောကရဲ့ ကျယ်ပြောမှုက စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး ဒီယင်လောကငယ်လေး ထဲမှာတောင် ကျုပ်တောင် မယှဉ်နိုင်တဲ့ တည်ရှိမှုတွေ ရှိနေနိုင်ပါတယ် မလိုအပ်ဘဲ ယင်လောကကို မလာတာ အကောင်းဆုံးပါပဲ ဘာကိစ္စပဲရှိရှိ ကျုပ်ကို ခိုင်းလို့ရပါတယ်"

​ရှီလုံက တိုးတိုးလေး ပြောပါတယ်။

​"ဒီတစ်ခေါက် ကိစ္စကတော့ မင်းတို့ လုပ်ပေးလို့မရလို့ ကိုယ်တိုင်လာခဲ့ရတာပါ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ကာ ဖီဖူသဲပွင့်နဲ့ ဓားငယ်လေးကို ထုတ်လိုက်ပါတယ်။

​ရှီလုံ အံ့အားသင့်သွားပြီး

"သခင်လေးက ဝမ်ချွမ်းရေကို ခပ်ယူမလို့လား"

​"မင်းပဲ ပြောခဲ့တယ်လေ... ဝမ်ချွမ်းရေက လူသားလောကကို ရောက်ရင် ပုံရိပ်ပျောက်ကွယ်သွားမှာပဲဥစ္စာ ခပ်ယူလို့ ဘာထူးမှာလဲ"

​ဖန့်ချန်က ခပ်ပြုံးပြုံးပဲ

"ကျုပ်က ဒီ ဖီဖူသဲပွင့်ကို ကျုပ်ရဲ့ ဒီနတ်ဘုရားဓားလေးကို ကျွေးမလို့ပါ"

​ဓားငယ်လေး

"သားရီး... ငါ မင်းကို အချစ်ဆုံးပဲ"

​နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ အဆင့် ၅ ကို တက်လှမ်းဖို့ အခွင့်အရေး ရခဲ့ပါပြီ။ ဒီနှစ်တွေထဲမှာ အလကား စောင့်ခဲ့ရတာ မဟုတ်ဘူးပဲ

မှန်လေး ကတော့ မနာလိုဖြစ်သွားပုံရတယ်

"အစ်ကို ငါ ဝိညာဉ်ကျောက်တုံးတွေ မစားရတာ ကြာပြီ အခုတလော ငါ့စာမျက်နှာပေါ်က မှင်သားတွေတောင် ဖျော့တော့လာသလို ခံစားနေရတယ်"

​"ဒီဓားက..."

​ရှီလုံက ဓားငယ်လေးကို အကဲခတ်ကြည့်လိုက်ပါတယ်။

ဒီဓားက တစ်ခုခု ထူးခြားနေတယ်လို့ ခံစားရပေမဲ့ ဘာထူးခြားလဲဆိုတာကိုတော့ သူ မသိပါဘူး။

​"ဓားငယ်လေး... အဆင့် ၅ ကို မတက်ခင်မှာ မင်းအပေါ်က မိစ္ဆာဝိညာဥ် တွေကို အရင် ရှင်းထုတ်ရမယ်"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ဓားငယ်လေးက သိချင်စိတ်နဲ့

"ဘယ်လိုရှင်းမှာလဲ ငါ့မှာ သူတို့ကို ပိတ်လှောင်ထားနိုင်စွမ်းပဲ ရှိတာ ရှင်းပစ်နိုင်စွမ်း မရှိဘူး..."

​"အရင်တုန်းကတော့ သူတို့က ဘာတွေလဲဆိုတာ ငါ အသေအချာ မပြောနိုင်ခဲ့ဘူး ဒါပေမဲ့ အခုတော့... သူတို့က ပြည့်စုံတဲ့ နတ်ဘုရားဝိညာဉ် တောင် မဟုတ်ကြတော့ပါဘူး"

​ဖန့်ချန်က ခပ်အေးအေးပဲ ပြုံးလိုက်ကာ ဓားကို ကိုင်ပြီး ဝမ်ချွမ်းမြစ်ကို ဖြတ်ကျော်ကာ လူတိုင်းကို ဖူထူဘုံ ဆီကို ခေါ်ဆောင်လာခဲ့ပါတယ်။

​"နတ်ဘုရားဝိညာဉ် ဟုတ်လား"

​ရှီလုံ မျက်လုံးတစ်ချက် လှုပ်သွားပြီး ဓားငယ်လေးပေါ်က သွေးကွက်တွေကို ကြည့်ကာ မျက်လုံးထဲမှာ အပြုံးရိပ်တွေ ယှက်သန်းလာပါတယ်

​"သခင်လေး... ဒီ နတ်ဘုရားဝိညာဉ် ဆိုတာတွေက ယင်လောကကြီး မှာဆိုရင် အတော်လေး တန်ဖိုးရှိတဲ့ အရာတွေပဲ ကျုပ်ကိုပဲ ဝါးမြိုခွင့်ပေးပါလား ကျုပ်ရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာနိုင်တယ်"

​ရှင်းရှန်းကတော့ တံတွေးတစ်ချက် မျိုချလိုက်မိပါတယ်။

ဒါပေမဲ့ ဒီလို ပစ္စည်းကောင်းက သူနဲ့ မထိုက်တန်သေးဘူးဆိုတာ သူ သိပါတယ်။

ဖန့်ချန် ပေးမယ်ဆိုရင်တောင် ရှီလုံကို အရင်ပေးမှာပါ၊ သူ့လို ယင်စစ်သည် တစ်ယောက်ကို ဘယ်ပေးပါ့မလဲ။

​"ငါ့ကို ဝါးမြိုရဲတယ် ဟုတ်လား မင်း သေချင်နေတာပဲ ငါသာ အသက်ရှင်နေသေးရင် မင်းလို ယင်မိစ္ဆာ မျိုးကို လက်တစ်ချက်နဲ့တင် သတ်ပစ်တယ် "

​ဓားငယ်လေးထဲကနေ ဝိညာဉ်ရိပ်တစ်ခု ထွက်ပေါ်လာပြီး ရှီလုံကို ဒေါသတကြီး ကြည့်ပါတယ်။

​ဒီဝိညာဉ်ရိပ် ထွက်လာတာနဲ့အမျှ ဓားငယ်လေးပေါ်က သွေးကွက်တွေက အနည်းငယ် ဖျော့သွားပြီး လျော့နည်းသွားသလိုပါပဲ။

​ဖန့်ချန်က အဲဒီ ဝိညာဉ်ရိပ်ကို ကြည့်လိုက်ပါတယ်။

တစ်ဖက်လူက အသက် ၂၀ ကျော်လောက်ပဲ ရှိပုံရပြီး ကိုယ်လုံးက ပိန်ပိန်ပါးပါး၊ မျက်နှာက ခက်ထန်ကာ မျက်လုံးထဲမှာ အငြိုးအတေးတွေ အမြဲရှိနေပါတယ်။

​အရင်တုန်းက နတ်ဘုရားမင်းဆက် မှာတုန်းက ဒီလူကပဲ သူ့ကိုယ်ထဲကို အဝင်ဆုံးဖြစ်ပြီး လူတွေကို ပါးရိုက်ခဲ့တာလည်း ဒီလူရဲ့ လက်ချက်ပါပဲ။

​"ကျန်တဲ့သူတွေကော မထွက်လာကြဘူးလား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​"သူတို့ မထွက်ရဲကြဘူး ထွက်လာရင် ဒီလူ့လက်ထဲမှာ ဝါးမြိုခံရမှာ ဒါမှမဟုတ် ယင်မိစ္ဆာအဖြစ် အသွင်ပြောင်းခံရမှာ၊ ဒါမှမဟုတ်လည်း မင်းရဲ့ ဝိညာဉ်ပူးကပ်ခြင်းပညာ နဲ့ အစုပ်ယူ ခံရမှာကို ကြောက်နေကြတာ"

"ဟင်း... ဘာတဲ့ နဂါးဧကရာဇ် ၊ မြူမှောင်နတ်သမီး ၊ မိုးကြိုးအသံဘုရင် တဲ့... ရယ်စရာပဲ ကြွက်လောက်တောင် သတ္တိမရှိဘဲ ငါနဲ့ တစ်နေရာတည်းမှာ နေဖို့ ထိုက်တန်ကြလို့လား "

​အဲဒီ ဝိညာဉ်ရိပ်က ယုတ်မာတဲ့ အပြုံးနဲ့ ဓားပေါ်က သွေးကွက်တွေကို ကြည့်ပြီး ဆဲဆိုနေပါတယ်။

​"ပေလင်းမိစ္ဆာမင်း မင်းကို ငါ တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား"

​ဓားငယ်လေးထဲကနေ နောက်ထပ် ဝိညာဉ်ရိပ်တစ်ခု ထွက်လာပါတယ်။

ဒါပေမဲ့ ဒီဝိညာဉ်ရိပ်က ထွက်လာတာနဲ့ ပေတစ်ရာလောက် ရှည်လျားတဲ့ ဧရာမနဂါးကြီးအဖြစ် ပြောင်းလဲသွားပါတယ်။

ကြောက်စရာကောင်းတဲ့ နဂါးကိုယ်ထည်ပေါ်မှာ အေးစက်စက် နဂါးအကြေးခွံတွေ ဖုံးလွှမ်းနေပြီး အရှိန်အဝါကြီးမားတဲ့ နဂါးခေါင်းက ပထမဆုံး ဝိညာဉ်ရိပ်ကို စိုက်ကြည့်နေပါတယ်။

​အဲဒီနောက်မှာတော့ ပါးလွှာတဲ့ အဝတ်အစားလေးပဲ ဝတ်ထားပြီး ခြေဗလာနဲ့ အမျိုးသမီးတစ်ယောက် ဖြည်းဖြည်းချင်း ထွက်လာပါတယ်။

သူမက ပေလင်းမိစ္ဆာမင်း နဲ့ ရန်မဖြစ်ဘဲ ဖန့်ချန်ကို ဦးညွှတ်ဂါရဝပြုလိုက်တယ်

​"မြူမှောင်နတ်ဘုရားတောင်ကြား က လီယိလျန် ပါ၊ သခင်လေးကို ဂါရဝပြုပါတယ်"

​ဆက်တိုက်ဆိုသလိုပဲ အရှိန်အဝါကြီးမားလှတဲ့ လူဖြူဝတ်ရုံဝတ် ဘုန်းတော်ကြီးတစ်ပါး ထွက်လာပါတယ်။

လမ်းလျှောက်လိုက်တိုင်း မိုးကြိုးသံတွေ ထွက်ပေါ်နေပြီး သူ့ရဲ့ မျက်နှာကလည်း တစ်ခါတစ်ရံ ယောက်ျား၊ တစ်ခါတစ်ရံ မိန်းမအသွင် ပြောင်းလဲနေတာက ကျောင်းတော် ထဲက အဆောင်ဌာန တာဝန်ခံ ကျောက်ဆရာ နဲ့ ဆင်တူနေပါတယ်။

​"အယ်... အယ်... မိတ်ဆွေကြီးရေ... ကျုပ်လည်း တာအိုဂိုဏ်းဝင်ပါဗျ အရင်တုန်းက လူသားလောကက ဓာတ်ငါးပါးနယ်မြေ မှာ သန့်စင်ခြင်းသုံးပါးဂိုဏ်းချုပ် က စီနီယာတစ်ယောက် တရားဟောတာကို နာကြားခဲ့ဖူးပါတယ်"

"လောကမှာ တာအိုဂိုဏ်းဆိုတာ တစ်မိသားစုတည်းပါပဲဗျာ ကျုပ်တို့က ညီအစ်ကိုတွေပါ မိတ်ဆွေကြီးရဲ့ ဒီက ယင်မိစ္ဆာကြီး ကျုပ်ဝိညာဉ်ကို ဝါးမြိုတာမျိုး မဖြစ်ပါစေနဲ့ဦး"

​ပေတေတေနဲ့ တာအိုဆရာတစ်ယောက် ထွက်လာပြီး ထွက်လာတာနဲ့ ဖန့်ချန်ကို တာအိုဂိုဏ်းရဲ့ ထုံးစံအတိုင်း လက်အုပ်ချီ ဂါရဝပြုကာ ဖားနေပါတော့တယ်။

စကားလုံးတိုင်းက အောက်ကျနောက်ကျနဲ့ ဆက်ဆံရေးဆွဲနေတာပါ။

​သန့်စင်ခြင်းသုံးပါးဂိုဏ်းချုပ် ဟုတ်သားပဲ။

ကြည့်ရတာ ရှောင်းယောင်နတ်မင်းတို့က... တာအိုသုံးထောင်ဂိုဏ်း ဆိုတာက သန့်စင်သုံးပါးဂိုဏ်းချုပ် ဖြစ်မှန်း မသိကြဘူး ထင်တယ်။

အဲဒါကြောင့်လည်း ကျုံးကျိုး၊ တိထျန်း၊ ပေတု တို့ကို တောရိုင်းမြေလို့ ခေါ်ရဲကြတာပေါ့

​ဖန့်ချန် စိတ်ထဲမှာ တွေးလိုက်မိပါတယ်။

​တကယ်လို့ အရင်က မယ်တော်စီ ပြောခဲ့တာသာ မဟုတ်ရင် သူလည်း တာအိုသုံးထောင်ဂိုဏ်းမှာ တခြား အမည်နာမတစ်ခု ရှိမှန်း သိမှာ မဟုတ်ပါဘူး။

​ဒီ ဝိညာဉ်ရိပ် ၅ ခု ထွက်လာရင် သွေးကွက်တွေ ပျောက်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ဓားပေါ်က သွေးကွက်တွေက ရှိနေဆဲပါပဲ၊ အနည်းငယ် ဖျော့သွားတာပဲ ရှိပါတယ်။

​နောက်တစ်ခဏမှာတော့ ဝိညာဉ်ရိပ်တွေ တစ်ခုပြီးတစ်ခု တရစပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းမှာ ပြည့်နှက်သွားပါတော့တယ်။

​ပေလင်းမိစ္ဆာမင်းတို့နဲ့ မတူတာကတော့ ဒီ နတ်ဘုရားအကြွင်းအကျန် ဝိညာဉ် တွေဟာ မျက်လုံးတွေ ဝေခွဲမရဖြစ်နေကြပြီး ဘာတွေဖြစ်နေလဲဆိုတာကို လုံးဝ မသိကြတဲ့ပုံပါပဲ။

​စောစောကမှ မျက်နှာထား လေးနက်နေတဲ့ ရှီလုံနဲ့ ပြစ်ဒဏ်ခတ်နတ်မင်းတို့ဟာ ဒါကို မြင်လိုက်ရတဲ့အခါမှာတော့ လေးနက်ရုံတင်မကဘဲ ရှီလုံရဲ့ မျက်နှာမှာတောင် ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာပါတယ်။

​သူတို့ရှေ့မှာ အနည်းဆုံး သိန်းချီတဲ့ နတ်ဘုရားအကြွင်းအကျန် ဝိညာဉ်တွေ ရှိနေတာပါ။

သူတို့ရဲ့ အစွမ်းက အစောဆုံး ထွက်လာတဲ့ ၅ ယောက်လောက် မရှိပေမဲ့ နတ်ဘုရားဆိုတာ နတ်ဘုရားပါပဲ။

အနိမ့်ဆုံးအဆင့် နတ်ဘုရားဆိုရင်တောင် တစ်ကြိမ်ပြောင်းလဲခြင်း လွတ်လပ်သောမသေမျိုး ဒါမှမဟုတ် တစ်ကြိမ်ပြောင်းလဲခြင်း ယင်မိစ္ဆာ ထက် ပိုပြီး အစွမ်းထက်ပါတယ်။

သူတို့အားလုံးက စစ်မှန်သောနတ်ဘုရား တွေပဲ မဟုတ်လား

​အခုတော့... တစ်စုံတစ်ယောက်က နတ်ဘုရား သိန်းချီကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ဒီလို ရိုးရိုးရှင်းရှင်း ဓားလေးထဲမှာ ပိတ်လှောင်ထားခဲ့တယ် ဟုတ်လား

​"မကောင်းတော့ဘူး... ဒီလောက်များပြားတဲ့ နတ်ဘုရားဝိညာဉ်တွေ ယင်လောကကြီးမှာ ပေါ်လာရင် သူတို့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူး"

​ရှီလုံ မျက်နှာထား ပြောင်းလဲသွားပြီး ဖန့်ချန်ရဲ့ လက်ကို ဆွဲကာ အော်လိုက်တယ်

"ယင်လောကကြီးကနေ အမြန်ဆုံး ထွက်ခွာကြစို့"

​ပြောပြောဆိုဆိုနဲ့ သူက လက်တစ်ချက် ယမ်းလိုက်တဲ့အခါ ပတ်ဝန်းကျင်က ယင်စွမ်းအား တွေ လှုပ်ရှားလာပြီး နတ်ဘုရားဝိညာဉ်တွေရဲ့ အငွေ့အသက်ကို ဖုံးအုပ်လိုက်ပါတယ်။

ဒါပေမဲ့ အငွေ့အသက်က ပြင်းထန်လွန်းတာကြောင့် ရှီလုံရဲ့ ကျင့်ကြံမှုနဲ့တောင် ကြာကြာ ဖုံးထားနိုင်မှာ မဟုတ်ပါဘူး။

​ရှင်းရှန်းကတော့ ကြောင်အသွားပြီး ဖန့်ချန်ကို သတိပေးဖို့တောင် သတိမရတော့ပါဘူး။

ဒီဓားရဲ့ အရင်ပိုင်ရှင်က ဘယ်သူလဲ ဘာလို့ ဝိညာဉ်ပေါင်း ၁ သိန်းကျော်ကို ထည့်ထားရတာလဲ ဒါက ယင်မိစ္ဆာကြီး တစ်ကောင်ကောင်အတွက် လက်ဆောင်အဖြစ် ပြင်ထားတာများလား

​"ကျုပ်တို့... ဘယ်ကို ရောက်နေတာလဲ "

​နတ်ဘုရားဝိညာဉ် တစ်ယောက်က ဝေဝေဝါးဝါး မေးလိုက်ပါတယ်။

​ပေတေတေ တာအိုဆရာက ဒါကို မြင်တော့ ချက်ချင်း ပြုံးပြီး ပြောလိုက်တယ်

"ဒီနေရာက ယင်လောကလေ ကျုပ်တို့အားလုံး သေကုန်ကြပြီ မင်းတို့ အမြန်လာပြီး ဒီသခင်လေးကို ဖားကြစမ်း အသက်ရှင်မလား ဝိညာဉ်ချုပ်ငြိမ်းမလားဆိုတာ ဒီသခင်လေးရဲ့ စိတ်ကြိုက်ပဲ "

​ရန်ဖြစ်နေကြတဲ့ နဂါးဧကရာဇ်နဲ့ ပေလင်းမိစ္ဆာမင်းတို့ဟာ ရုတ်တရက် စကားစ ပြတ်သွားပြီး ဖန့်ချန်ကို ခံစားချက်ပေါင်းစုံနဲ့ လှမ်းကြည့်နေကြပါတော့တယ်။

​အခန်း (၈၈၄) ယင်မိစ္ဆာအဖြစ် ပြောင်းလဲခြင်း

​ယင်လောကဟာ နတ်ဘုရားဝိညာဉ်တွေအတွက်တော့ လူသားလောကထက် အဆပေါင်းသောင်းချီ ပိုပြီးအန္တရာယ်များတဲ့ နေရာတစ်ခုပါ။

​ဒီနေရာမှာ သူတို့ဟာ လေလွင့်ဝိညာဉ်တွေထက်တောင် နိမ့်ကျနေပြီး ယင်မိစ္ဆာတိုင်းက သူတို့ကို ဝါးမြိုချင်နေကြသလို လေလွင့်ဝိညာဉ်တွေတောင်မှ သူတို့ကို တွေးကြည့်ရုံနဲ့ သွားရည်ကျနေကြတာပါ။

​သူတို့ကိုယ်တိုင်ကသာ အောက်ကျနောက်ကျခံပြီး ယင်မိစ္ဆာအဖြစ် ပြောင်းလဲကာ ဝိညာဉ်နတ်ဘုရားလမ်းစဉ် ကို မလျှောက်လှမ်းဘူးဆိုရင် ဒီနေရာမှာ သူတို့ရဲ့ အစွမ်းကို ဘယ်လိုမှ ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။

​ဒါကို လူသားလောကမှာဆိုရင်တော့ သူတို့အတွက် ခန္ဓာကိုယ်တစ်ခုသာ ရှိမယ်ဆိုရင် အရင်က နတ်ဘုရားပညာရပ်တွေကို သုံးပြီး လောကကို ကိုင်လှုပ်နိုင်ဦးမှာဖြစ်လို့ အခုလို အသတ်ခံရမယ့် ဆိတ်ကလေးတွေလိုမျိုး ဖြစ်နေမှာ မဟုတ်ပါဘူး။

​ရှီလုံနဲ့ ရှင်းရှန်းတို့ ပျာယာခတ်နေကြတဲ့အချိန်မှာ ဖန့်ချန်ကတော့ အတော်လေး အေးအေးလူလူ ရှိနေပါတယ်။

​သူက ကွင်းပြင်မှာရှိတဲ့ နတ်ဘုရားအကြွင်းအကျန် ဝိညာဉ်တွေကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ်

​"ခင်ဗျားတို့အားလုံး အရင်က စစ်မှန်သောနတ်ဘုရား တွေပဲ အခု ယင်လောကရဲ့ အခြေအနေကိုရော သိကြရဲ့လား ခင်ဗျားတို့ သံသရာလည်ပြီး လူပြန်ဝင်စားဖို့ဆိုတာ အတော်လေး ခက်ခဲလိမ့်မယ်အခု ခင်ဗျားတို့ရှေ့မှာ လမ်းတစ်ကြောင်းပဲ ရှိတယ်လျှောက်မလား မလျှောက်ဘူးလား "

​သိန်းချီတဲ့ နတ်ဘုရားဝိညာဉ်တွေဟာ ဖန့်ချန်ကို အမျိုးမျိုးသော အကြည့်တွေနဲ့ လှမ်းကြည့်ကြပေမဲ့ နောက်ဆုံးမှာတော့ သူတို့အားလုံး နဂါးဧကရာဇ် တို့ အုပ်စုဘက်ကိုပဲ ကြည့်လိုက်ကြပါတယ်။

​သိသာတာကတော့ အစောဆုံး ထွက်လာတဲ့ ဒီငါးယောက်ဟာ နတ်ဘုရားလောကမှာလည်း အမည်မသိ လူတန်းစားတွေ မဟုတ်ကြပါဘူး။

​ရှီလုံနဲ့ ရှင်းရှန်းတို့လည်း ဖန့်ချန်ရဲ့ အကြံအစည်ကို တဖြည်းဖြည်း သဘောပေါက်လာပြီး စိတ်ထဲက စိုးရိမ်မှုတွေလည်း လျော့ပါးသွားပါတယ်။

​"သခင်လေးရဲ့ အဓိပ္ပာယ်က... ကျုပ်တို့ကို ယင်မိစ္ဆာအဖြစ် ပြောင်းမလား၊ မပြောင်းဘူးလား ဆိုတာကို ရွေးချယ်ခိုင်းတာလား"

​မြူမှောင်နတ်သမီး လီယိလျန် က စဉ်းစားဟန်နဲ့ မေးလိုက်ပါတယ်။

​သူမရဲ့ ဒီစကားဟာ ကောက်ရိုးပုံကို မီးရှို့လိုက်သလိုပါပဲ၊ ခဏချင်းမှာပဲ သိန်းချီတဲ့ နတ်ဘုရားဝိညာဉ်တွေဟာ အုန်းအုန်းကျွက်ကျွက်နဲ့ ဒေါသထွက်လာကြပါတယ်။

​"ကျုပ်တို့က စစ်မှန်သောနတ်ဘုရား ခန္ဓာကိုယ်ပိုင်ရှင်တွေပဲ သေသွားရင်တောင် နတ်ဘုရားလောကကိုပဲ သံသရာလည်ပြီး ပြန်သွားရမယ် ကျုပ်တို့ကို ယင်မိစ္ဆာအဖြစ် ပြောင်းခိုင်းပြီး ဒီလို အမှောင်ထုထဲမှာ တစ်သက်လုံး နေခိုင်းမယ်ဆိုရင်တော့ ဝိညာဉ်ချုပ်ငြိမ်းသွားတာကမှ တော်ဦးမယ်"

​"ယင်မိစ္ဆာဆိုတာ နိမ့်ကျတဲ့အဆင့်ပဲ၊ စစ်မှန်သောနတ်ဘုရားနဲ့ ဘယ်လိုယှဉ်လို့ ရမှာလဲ မင်းမှာ ဘယ်လို သောက်ကျင့်တွေ ရှိနေတာလဲ"

​"ရယ်စရာပဲ၊ ငါ ရာထူးပြုတ်သွားရင်တောင် မင်း ငါ့ကို အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့!"

​ပေလင်းမိစ္ဆာမင်းကတော့ မျက်လုံးကို အသာမှေးလိုက်ပြီး ဖန့်ချန်ကို အကဲခတ်ကာ ရုတ်တရက် ရယ်လိုက်တယ်

​"ကျုပ်တို့ကို ယင်မိစ္ဆာအဖြစ် ပြောင်းခိုင်းတယ်ဆိုတော့ ဘယ်လို လမ်းညွှန်ချက်မျိုး ပေးမှာလဲတကယ်လို့ မင်း ပြောတာ သေချာတယ်ဆိုရင်တော့ ငါလည်း တစ်ချက်လောက် စဉ်းစားပေးလို့ ရပါတယ်"

​"ပေလင်းမိစ္ဆာမင်း... မင်းကတော့ ကိုယ့်ကိုယ်ကိုယ် အောက်ကျနောက်ကျခံပြီး နတ်ဘုရားလောကရဲ့ မျက်နှာကို ဖျက်ဦးမလို့လား မင်းက နတ်ဘုရားလောကမှာ နာမည်ကောင်း မရှိပေမဲ့ တကယ့် စစ်မှန်သောနတ်ဘုရား တစ်ပါးပဲလေ"

​တစ်ယောက်က ပေလင်းမိစ္ဆာမင်းကို ချက်ချင်း ပြန်အော်ပါတယ်။

ဒါပေမဲ့ ပေလင်းမိစ္ဆာမင်းက တစ်ချက် လှည့်ကြည့်လိုက်တာနဲ့ သူဟာ ကြောက်လန့်တကြား ပါးစပ်ပိတ်သွားရပါတယ်။

​သိသာတာကတော့ နတ်ဘုရားလောကမှာ ပေလင်းမိစ္ဆာမင်းရဲ့ ရက်စက်တဲ့ နာမည်က ဒီသာမန် နတ်ဘုရားတွေကို အတော်လေး ကြောက်လန့်စေတာပါ။

​နဂါးဧကရာဇ်ကတော့ ရှီလုံနဲ့ ရှင်းရှန်းကို စဉ်းစားဟန်နဲ့ ကြည့်နေပါတယ်။

သူတို့နှစ်ယောက်ဆီကနေ ထူးခြားတဲ့ အငွေ့အသက်ကို ခံစားမိတာကြောင့် စိတ်ထဲမှာ တစ်ခုခုကို ခန့်မှန်းမိသွားပုံရပါတယ်။

​ဒါပေမဲ့ သူ ဘာမှမပြောဘဲ ဖန့်ချန်က ပေလင်းမိစ္ဆာမင်းကို ဘယ်လိုပြန်ဖြေမလဲဆိုတာကိုပဲ စောင့်ကြည့်နေပါတယ်။

​"ခင်ဗျားတို့သာ ယင်မိစ္ဆာအဖြစ် ပြောင်းလဲမယ်ဆိုရင် ခင်ဗျားတို့ လျှောက်ရမယ့် တစ်ခုတည်းသောလမ်းက ဝိညာဉ်နတ်ဘုရားလမ်းစဉ် ပဲ"

​ဖန့်ချန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ်။

​"ဝိညာဉ်နတ်ဘုရားလမ်းစဉ်"

​ပေလင်းမိစ္ဆာမင်းက

"မင်းက ဒီနေရာက ငရဲမင်း နဲ့ သိကျွမ်းနေလို့ ကျုပ်တို့အတွက် ရာထူးတောင်းပေးနိုင်မယ်လို့ ဆိုလိုတာလား တကယ်လို့ ဝိညာဉ်နတ်ဘုရားလမ်းစဉ်သာ ဆိုရင်တော့ ငါ့ရဲ့ အခုအခြေအနေအရ လေလွင့်ဝိညာဉ် ဖြစ်နေတာထက်စာရင် အဲဒီလမ်းကို လျှောက်ကြည့်တာလည်း မဆိုးပါဘူး"

​"အာမိတာဘုရား... မိုးကြိုးအသံကျောင်းတော်က စီကျားဝူယဲ့ ပါ၊ ငရဲမင်းကြီးကို ဂါရဝပြုပါတယ်"

​မိုးကြိုးအသံဘုရင်က ရုတ်တရက် လက်အုပ်ချီကာ ဘုရားစာရွတ်ပြီး ဖန့်ချန်ကို ဦးညွှတ်လိုက်ပါတယ်။

​"ငရဲမင်း မင်းက ငရဲမင်းလား"

​ပေလင်းမိစ္ဆာမင်း မျက်နှာပျက်သွားပြီး သူ့ရဲ့ မောက်မာတဲ့ အမူအရာတွေလည်း လျော့ပါးသွားကာ မျက်လုံးထဲမှာ ကြောက်ရွံ့ရိပ်တွေ ပေါ်လာပါတယ်။

​နဂါးဧကရာဇ်ကတော့ သူ့ရဲ့ ခန့်မှန်းချက် မှန်သွားပြီဆိုတာ သိလိုက်တာကြောင့် လူသားအသွင်ပြောင်းပြီး ဂါရဝပြုလိုက်တယ်

​"လုံရှန်း ပါ၊ ငရဲမင်းမင်းကြီးကို ဂါရဝပြုပါတယ်"

​မြူမှောင်နတ်သမီး

"လီယိလျန် ပါ၊ ငရဲမင်းမင်းကြီးကို ဂါရဝပြုပါတယ်"

​ပေတေတေ တာအိုဆရာကတော့ ခဏလောက် ကြောင်သွားပြီးမှ ကပျာကယာ ထပ်ပြီး ဂါရဝပြုပြန်တယ်

​"ဖူယိုနတ်ဘုရားဂိုဏ်း က နီကုလ ပါ ငရဲမင်းမင်းကြီးကို ဂါရဝပြုပါတယ် ကြည့်စမ်း... ရေတံခွန်ကြီးက နဂါးမင်းကျောင်းတော်ကို တိုက်မိတာပဲ (ကိုယ့်လူအချင်းချင်း ဖြစ်နေတာပဲ) ယင်လောက ငရဲမင်းဆိုတာ တာအိုဂိုဏ်းတွေနဲ့ အမြဲ ဆက်ဆံရေးကောင်းတာပဲဥစ္စာ ကျုပ်တို့အားလုံးက ကိုယ့်လူတွေပါ ကိုယ့်လူတွေ... ဟဲဟဲ..."

​"အရှင်ဘုရားက ကျုပ်ရဲ့ အဆင့်အတန်းကို ဘယ်လိုသိတာလဲ"

​ဖန့်ချန်က စီကျားဝူယဲ့ ကို မေးလိုက်ပါတယ်။

​စီကျားဝူယဲ့က အသာပြုံးပြီး

"မင်းကြီးရဲ့ အဆင့်အတန်းကို မြင်တာထက် မင်းကြီးဘေးက ဒီလက်အောက်ငယ်သား နှစ်ယောက်ဆီမှာ ဝိညာဉ်နတ်ဘုရား ရဲ့ အငွေ့အသက်တွေ ရှိနေလို့ပါ ယင်မိစ္ဆာနဲ့ ဝိညာဉ်နတ်ဘုရားက မတူပါဘူး"

"ဝိညာဉ်နတ်ဘုရားက ရာထူးခန့်အပ်ခြင်း ခံရပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့သူတွေပါ သူတို့က လူသားလောက ဒါမှမဟုတ် နတ်ဘုရားလောကကို ပုံမှန်အတိုင်း သွားလာနိုင်ပြီး ယင်လောကထဲမှာပဲ ပိတ်မိနေမှာ မဟုတ်ဘူး"

​ရှင်းရှန်းရဲ့ မျက်လုံးထဲမှာ ဂုဏ်ယူရိပ်တွေ ပေါ်လာပါတယ်။

သူက သူ့ရဲ့ ယင်စစ်သည် အဆင့်အတန်းကို အတော်လေး တန်ဖိုးထားတာကြောင့်ပါ။

​သူ့စိတ်ထဲမှာတော့ ယင်လောကက ဝိညာဉ်နတ်ဘုရားဆိုတာ နတ်ဘုရားလောကက စစ်မှန်သောနတ်ဘုရားနဲ့ ယှဉ်ရင် မနိမ့်ကျပါဘူး၊ ကျင့်ကြံတဲ့ လမ်းစဉ်ချင်းပဲ ကွဲတာပါ။

​"တကယ်လို့ မင်းက တကယ့် ငရဲမင်းဆိုရင်တော့ ငါ ယင်မိစ္ဆာအဖြစ် ပြောင်းဖို့ သဘောတူတယ် ဒါပေမဲ့ ငါတို့ကို ရာထူးခန့်အပ်ပေးမယ်ဆိုတာ မင်း သေချာလား ကျုပ်တို့က အခု အကြွင်းအကျန် ဝိညာဉ်တွေပဲလေ"

"လူသားလောကမှာဆိုရင်တော့ အသုံးဝင်ဦးမယ်ဒါပေမဲ့ ယင်မိစ္ဆာအဖြစ် ပြောင်းလိုက်ရင် အရင်က အစွမ်းရဲ့ ၂ ပုံ ၃ ပုံလောက် ပြန်ရဖို့တောင် နှစ်ပေါင်းများစွာ ကျင့်ကြံရဦးမှာ"

​ပေလင်းမိစ္ဆာမင်းက သံသယနဲ့ မေးပါတယ်။

​"မိစ္ဆာမင်းကတော့ မိစ္ဆာမင်းပါပဲ၊ သူတော်ကောင်းကို လူယုတ်မာစိတ်နဲ့ တိုင်းထွာနေတုန်းပဲ သခင်လေးက ယင်လောကရဲ့ ငရဲမင်းပဲ အခု ကျင့်ကြံမှု မမြင့်သေးတာက ခဏတဖြုတ်ပဲ ရှိဦးမှာပါ နောင်တစ်ချိန်မှာ တစ်လောကလုံးကို အုပ်စိုးမယ့်သူက ကတိမတည်ဘဲ နေပါ့မလား"

​မြူမှောင်နတ်သမီးက ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။

​ပေလင်းမိစ္ဆာမင်းလည်း စိတ်မဆိုးပါဘူး၊ သူက တမင်တကာ ပြောကြည့်တာပဲလေ၊ ဘာပဲဖြစ်ဖြစ် သူ ရှုံးစရာမှ မရှိတာ။

​"ကျုပ် ဒီနေ့တော့ ခင်ဗျားတို့ ငါးယောက်ကိုပဲ ရာထူးခန့်အပ်ပေးနိုင်မယ် ကျန်တဲ့သူတွေကတော့ ယင်မိစ္ဆာအဖြစ် ပြောင်းချင်ရင် နောက်ထပ် အချိန်အနည်းငယ် ထပ်စောင့်ရဦးမယ်"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​နတ်ဘုရားဝိညာဉ် အတော်များများက ဒီနေ့ပဲ ဝိညာဉ်နတ်ဘုရား ဖြစ်တော့မယ်လို့ ထင်ခဲ့တာ၊ အခုတော့ နဂါးဧကရာဇ်တို့ ငါးယောက်ကိုပဲ ခန့်မယ်ဆိုတော့ သူတို့ကော ဘာဖြစ်မလဲ

​"ဒီလိုဆိုရင်တော့ ကျုပ်တို့လည်း ယင်မိစ္ဆာအဖြစ် မပြောင်းတော့ဘူး"

​နတ်ဘုရားဝိညာဉ် တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောပါတယ်။

​နောက်တစ်ယောက်ကလည်း

"ငရဲမင်းမင်းကြီး... ကျုပ်တို့ ယင်မိစ္ဆာအဖြစ် ပြောင်းလိုက်ပြီး ရာထူးမရသေးဘူးဆိုရင် ယင်လောကထဲမှာ သွားလာရတာ အတော်ခက်ခဲမှာ မဟုတ်လား တကယ်လို့ ကျုပ်တို့ ယင်မိစ္ဆာအဖြစ် မပြောင်းဘူးဆိုရင် မင်းကြီးက ကျုပ်တို့ကို ဘယ်လို ကိုင်တွယ်မှာလဲ"

​"ခင်ဗျားတို့ ဒီနေ့ ယင်မိစ္ဆာ ပြောင်းသည်ဖြစ်စေ မပြောင်းသည်ဖြစ်စေ... အခု ခဏထွက်လာတာက လေကောင်းလေသန့် ထုတ်ပေးတာပဲ ခဏနေရင်တော့ ဓားထဲကို ပြန်ဝင်ကြရမှာပဲ"

​ဖန့်ချန်က ရယ်ပြီး ပြောလိုက်ပါတယ်။

​နတ်ဘုရားဝိညာဉ်တွေအားလုံး ကြောင်သွားပါတယ်။

သူတို့က ရွေးချယ်ခွင့် ရှိတယ်လို့ ထင်ခဲ့တာ၊ အခုတော့ တစ်ဖက်လူက သူတို့ကို စီစဉ်ပြီးသားဖြစ်နေပြီး ရွေးချယ်ခွင့် လုံးဝ မပေးထားတာကိုး။

​"မိတ်ဆွေတို့ ငါးယောက်... ကျုပ်တို့မှာ အချိန်အများကြီး မရှိဘူး ငရဲမင်းက ခင်ဗျားတို့ကို အရေးတယူ လုပ်ပြီး ဝိညာဉ်နတ်ဘုရားလမ်းစဉ်ကို လျှောက်ခိုင်းနေတာပဲ အချိန်မဆွဲဘဲ ချက်ချင်း ယင်မိစ္ဆာအဖြစ် ပြောင်းလိုက်ကြပါ"

​ရှီလုံက အေးဆေးစွာ ပြောလိုက်ပါတယ်။

​ငါးယောက်စလုံး စဉ်းစားခန်းဝင်သွားပြီး သူတို့စိတ်ထဲမှာ အကျိုးအမြတ်ကို တွက်ချက်ပြီးတဲ့နောက် ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။

​ပေလင်းမိစ္ဆာမင်းက တစ်ချက် ရယ်လိုက်ပြီး သူ့ကိုယ်ပေါ်က အငွေ့အသက်တွေ စတင် ပြောင်းလဲလာပါတယ်။

ယင်စွမ်းအားတွေ ပိုပြင်းထန်လာပြီး နတ်ဘုရားဝိညာဉ်ရဲ့ သန့်စင်တဲ့ အငွေ့အသက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

​သူဟာ နတ်ဘုရားအဖြစ်ကို စွန့်လွှတ်ပြီး ယင်မိစ္ဆာအဖြစ် ပြောင်းလဲဖို့ ရွေးချယ်လိုက်ပါပြီ။

​အဲဒီနောက်မှာတော့ နဂါးဧကရာဇ်၊ မြူမှောင်နတ်သမီး၊ စီကျားဝူယဲ့နဲ့ နီကုလ တို့လည်း လိုက်ပြီး ပြောင်းလဲကြပါတယ်။

​သိန်းချီတဲ့ နတ်ဘုရားဝိညာဉ်တွေဟာ ဒီငါးယောက် ယင်မိစ္ဆာအဖြစ် ပြောင်းနေတာကို ကြည့်ပြီး ငြင်းဆန်ခဲ့တဲ့ သူတွေလည်း နောင်တရကုန်ကြပါတယ်။

ဒါပေမဲ့ အခုတော့ နောင်တရလည်း မထူးတော့ပါဘူး၊ ဒီငရဲမင်းက သူတို့ကို ဒီနေ့ ရာထူးခန့်ဖို့ အစီအစဉ် မရှိသလို ယင်မိစ္ဆာအဖြစ် ပြောင်းလဲပေးဖို့လည်း မစဉ်းစားထားပါဘူး။

​ခဏအကြာမှာတော့ ဖန့်ချန်ရဲ့ရှေ့မှာ နတ်ဘုရားဝိညာဉ် ၅ ယောက် ပျောက်သွားပြီး ယင်မိစ္ဆာ ၅ ယောက် ပေါ်လာပါတယ်။

​သူတို့ ယင်မိစ္ဆာအဖြစ် ပြောင်းလိုက်တာနဲ့ သူတို့ကိုယ်ပေါ်မှာ ထူးခြားတဲ့ ယင်စွမ်းအားတွေ စုစည်းလာပြီး အစွမ်းက အနည်းဆုံးတော့ ရှင်းရှန်း နဲ့ အဆင့်တူ နေ့ကင်းလှည့်နတ်ဘုရား အဆင့်လောက် ရှိနေပါတယ်။

​ရှီလုံရဲ့ မျက်လုံးထဲမှာတော့ မသိမသာ လေးနက်မှုတွေ ဖြတ်ပြေးသွားပါတယ်။

​ရှင်းရှန်းကတော့ အတော်လေး အံ့သြနေပါတယ်။

​ဒီငါးယောက်ကတော့ ဘာမှ ထူးထူးခြားခြား မခံစားရဘဲ စိတ်ထဲမှာ တစ်ခုခု ဟာတာတာ ဖြစ်သွားသလိုပါပဲ။

ဒီနေ့ကစပြီး သူတို့ဟာ အရင်က အတိတ်ကို အပြီးအပိုင် ဖြတ်တောက်ပြီး နောက်ထပ် လမ်းသစ်တစ်ခုပေါ်ကို တက်လှမ်းလိုက်ကြပါပြီ။

All Chapters