← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 89 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 89 Ch. 889-890

​အခန်း (၈၈၉) ပဉ္စမအဆင့် ဓားကိုယ်ထည်၊ ဓားမွေးမြူခြင်းလမ်းစဉ်

​ဖန့်ချန်ရဲ့ ဝိညာဉ်သန္ဓေသားဟာ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီးနောက်၊ နောက်ကပ်လျက်မှာပဲ ဓားငယ်လေးဟာလည်း တာအိုနန်းတော်ထဲကို ချက်ချင်းပျံဝင်လာပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်ပါတယ်။

​ခဏချင်းမှာပဲ ဖန့်ချန်ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အသားတွေ စုတ်ပြဲသွားသလိုမျိုး နာကျင်မှုကို ခံစားလိုက်ရပါတယ်။

​အရိုးတိုင်း၊ အသားစတိုင်းဟာ အဆက်မပြတ် ဆွဲဖြဲခံရလိုက်၊ ပြန်လည်ကျန်းမာလာလိုက်၊ ပြန်စုတ်ပြဲလိုက်၊ ပြန်ကျန်းမာလာလိုက်နဲ့ အဖန်ဖန်အထပ်ထပ် ဖြစ်နေသလိုပါပဲ။

​ဒီလိုနာကျင်မှုကြောင့် ဖန့်ချန်ရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ တဖြည်းဖြည်း ထွက်လာပါတယ်။

ကံကောင်းတာက သူဟာ သွားကိုကြိတ်ပြီး အောင့်ခံထားနိုင်လို့ပါ။

​"ဓားကျင့်ကြံသူ ဆိုတာ... ခန္ဓာကိုယ်နဲ့ လမ်းစဉ်ကို ရှာဖွေတဲ့ လမ်းကို လျှောက်ကြတာ အဆင့်တစ်ခုကို ရောက်တဲ့အခါ... ဝိညာဉ်ဦးကင်း ဟာ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားပြီး အဲဒီနောက်မှာတော့ လောကသုံးပါးပြင်ပကို ခုန်ထွက်နိုင်ပြီး ဓာတ်ကြီးငါးပါး နယ်ပယ်ထဲမှာ မရှိတော့ဘူး"

​"တာအိုတံခါး ကတော့ ဝိညာဉ်ဦးကင်းနဲ့ လမ်းစဉ်ကို ရှာဖွေတဲ့ လမ်းကို လျှောက်တာ... အဆင့်တစ်ခုကို ရောက်တဲ့အခါ ခန္ဓာကိုယ်ကို စွန့်ခွာပြီး သန့်စင်သော နယ်ပယ်သုံးခု အဖြစ် ပြောင်းလဲသွားမယ်..."

​မှန်လေး က တိုးတိုးလေး ရေရွတ်နေပါတယ်

"ဒီလမ်းစဉ်နှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတာ တကယ်လို့ လမ်းစဉ်နှစ်ခုလုံးကို အပြည့်အဝ လျှောက်လှမ်းခဲ့ရင် နောက်ဆုံးမှာ ဘယ်သူက ဘယ်သူ့ကို စွန့်ပယ်ရမှာလဲ"

​"မှန်လေး... မင်း ခုနက ပြောတာ အမှန်ပဲလား"

​ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။

မှမ်လေးရဲ့ စကားတွေက သူ့ရဲ့ အာရုံကို ဆွဲဆောင်သွားတာကြောင့် နာကျင်မှုတွေတောင် အနည်းငယ် လျော့ပါးသွားသလို ခံစားရပါတယ်။

​"ဗျာ ကျွန်တော် ခုနက စကားပြောလို့လား ကျွန်တော် ဘာမှ မပြောပါဘူး၊ အစ်ကို နားကြားမှားတာ ဖြစ်မှာပါ"

​မှန်လေးက အံ့အားသင့်ဟန်နဲ့ ငြင်းလိုက်ပါတယ်။

​ဖန့်ချန်ရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။

ဒီသောက်မှန်က သေချာပေါက် စကားပြောခဲ့တာပါ။

သူ့ရဲ့ အာရုံချောက်ခြားမှု မဖြစ်နိုင်ပါဘူး။

တစ်ဖက်လူက အခုအချိန်မှာ ဝန်မခံချင်တာက... ဒီစကားတွေကို ပြောဖို့အတွက် အရမ်းကြီးမားတဲ့ ပေးဆပ်မှုတွေ လိုအပ်လို့လား

​ဒါဟာ မှန်လေးက သူ့ကို လှည့်ပတ်ပြီး သတိပေးနေတာလား

​"ခန္ဓာကိုယ်နဲ့ လမ်းစဉ်ရှာခြင်း ဝိညာဉ်ဦးကင်းနဲ့ လမ်းစဉ်ရှာခြင်း... ဓားကျင့်ကြံသူတွေရဲ့ သက်တမ်းက သာမန်ကျင့်ကြံသူတွေထက် ဘာလို့ အများကြီး နည်းနေရလဲဆိုတာ နားလည်သွားပြီ ဒါက လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ လမ်းစဉ်နှစ်ခုကိုး"

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိပါတယ်။

မှန်လေးက ဒါကို ထုတ်ပြောလာတယ်ဆိုကတည်းက သူ့စိတ်ထဲမှာ စိုးရိမ်မှု ရှိနေလို့ပါပဲ။

ဖန့်ချန်ရဲ့ အခုအခြေအနေက သာမန်ကျင့်ကြံသူတွေနဲ့ အများကြီး ကွဲပြားနေပြီဖြစ်လို့ တစ်ချိန်မှာ အန္တရာယ်တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို ပြနေတာပါ။

​"မကောင်းတော့ဘူး အဲဒီ အောက်တန်းစားကောင်"

​မှန်လေးက ရုတ်တရက် ဒေါသနဲ့ ထိတ်လန့်မှု ရောပြွမ်းနေတဲ့ အော်ဟစ်သံကြီး ထွက်ပေါ်လာပါတယ်။

ဖန့်ချန်က နာကျင်မှုကို အောင့်ခံပြီး မှန်လေးကို ထုတ်ကြည့်လိုက်တဲ့အခါ၊ ၎င်းရဲ့ စာအုပ်မျက်နှာဖုံးဟာ မျက်မြင်ကိုယ်တွေ့ပဲ ကျောက်သားအဖြစ် ပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။

စွမ်းအားတစ်ခုခုက သူ့ကို အဆက်မပြတ် ဝါးမျိုနေသလိုပါပဲ။

​"အစ်ကို... ကျွန်တော် အချိန်အတော်ကြာ အိပ်ပျော်သွားတော့မယ်၊ ကျွန်တော့်ကို ပစ်မထားပါနဲ့ဦး"

​မှန်လေးက အဲဒီစွမ်းအားကို အစွမ်းကုန် တောင့်ခံနေပုံရပေမဲ့ တဖြည်းဖြည်းနဲ့ မယှဉ်နိုင်တော့ဘဲ ဖန့်ချန်ကို နောက်ဆုံးမှာ မှာကြားပြီး လက်လျှော့လိုက်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။

​"ဘာ အိပ်မှာလဲ"

​ဖန့်ချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ ကျန်နေတဲ့ အဆင့်လတ်ဝိညာဉ်ကျောက်တုံးတွေကို အကုန်ထုတ်ပြီး မှန်လေးဆီ ပစ်ပေးလိုက်ပါတယ်

​"စားလိုက်စမ်း"

​အဆင့်လတ်ဝိညာဉ်ကျောက်တုံး ၈,၀၀၀ နီးပါးဟာ မှန်လေးပေါ် ကျသွားတာနဲ့ ရွှံ့နွံထဲ နစ်သွားသလိုမျိုး ချက်ချင်း ပျောက်ကွယ်သွားပါတယ်။

ရေလှိုင်းလေးတောင် မထလာပါဘူး။

​ဒါပေမဲ့ မှန်လေးရဲ့ ကျောက်သားဖြစ်သွားတဲ့ အရှိန်ကတော့ အနည်းငယ် နှေးကွေးသွားပါတယ်။

​"အစ်ကို... မထူးပါဘူး၊ ကျွန်တော် ခုနက မပြောသင့်တာကို အမှတ်မထင် ပြောမိသွားတယ်၊ ဒါက ကောင်းကင်လျှို့ဝှက်ချက် ကို ပေါက်ကြားစေတာနဲ့ အတူတူပဲ၊ ဒီဝိညာဉ်ကျောက်တုံးလေးတွေက... ကျွန်တော့်ကို နှစ်အနည်းငယ်လောက်ပဲ လျှော့အိပ်စေနိုင်မှာပါ"

​ကျိုးထျန်းကျီကျန့်က ခါးသီးစွာ ပြုံးပါတယ်။

​သူ အရမ်းနောင်တရနေတာပါ။

ဒီလိုဖြစ်မယ်မှန်း သိရင် စည်းကို ကျော်ပြီး မပြောခဲ့ပါဘူး။

​"အဆင့်လတ်ဝိညာဉ်ကျောက်တုံးက မရရင်၊ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးကော"

​ဖန့်ချန်က သုံးလို့မကုန်သေးတဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးကို ကျိုးထျန်းကျီကျန့်ဆီ ပစ်ပေးလိုက်ပါတယ်။

​"ဒါက..."

​မှန်လေး ခဏလောက် ကြောင်သွားပါတယ်။

သူ မယုံနိုင်သလို ဖြစ်နေပါတယ်။

​အဆင့်မြင့်ဝိညာဉ်ကျောက်တုံးက ဖန့်ချန်အတွက် အခုချိန်မှာ အလွန်အရေးကြီးတာပါ။

သူ့ထက်တောင် ပိုပြီး အရေးကြီးနိုင်ပါတယ်။

​မကြာခင်မှာပဲ ကြီးမားတဲ့ ဝိညာဉ်စွမ်းအားတွေရှိတဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးကိုလည်း မှန်လေးက ဝါးမျိုလိုက်ပါတယ်။

ကျောက်သားဖြစ်သွားတဲ့ အရှိန်က ခေတ္တရပ်သွားသလို ရှိပေမဲ့၊ ဖြည်းဖြည်းချင်း ပြန်ပြီး ပျံ့နှံ့လာပါတယ်။

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပြီး အဘိုးရွှင် ကို ပြန်ပေးဖို့ ရည်ရွယ်ထားတဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃ တုံးလုံးကို မှန်လေးပေါ်ကို တိုက်ရိုက် ပစ်ပေးလိုက်ပါတယ်။

​ဖန့်ချန်က မျက်တောင်တစ်ချက်မခတ်ဘဲ သူ့ကို ကယ်တင်နေတာကို မြင်တော့ မှန်လေးက ဝမ်းနည်းလွန်းလို့ ငိုတောင်ငိုချင်သွားပါတယ်

​"အဲဒီစကားတွေကိုသာ မပြောခဲ့ရင်၊ ဒီဝိညာဉ်ကျောက်တုံးတွေကို စားရတာ ဘယ်လောက် ကောင်းလိုက်မလဲ..."

​ပြန်တွက်ကြည့်ရင် သူ အခုထိ ရှုံးနေတုန်းပါပဲ။

​တကယ်တော့လည်း အဆင့်လတ်ဝိညာဉ်ကျောက်တုံး ၈,၀၀၀ ကျော်နဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၄ တုံး... အကုန်လုံးကို ပုံအောပေးခဲ့တာတောင် ကျိုးထျန်းကျီကျန့် ကျောက်သားဖြစ်သွားမယ့် အဆုံးသတ်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

​"အစ်ကို... ကျွန်တော် ၃ နှစ် ၅ နှစ်လောက်ဆိုရင် နိုးလာမှာပါ၊ အစ်ကိုက တကယ့်ကို သစ္စာရှိတဲ့သူပဲ၊ နောင်ကျရင် ကျွန်တော် အစ်ကို့ကို မလိမ်တော့ပါဘူး"

​ဒီစကားကို ချန်ထားပြီး ကျိုးထျန်းကျီကျန့်ဟာ လုံးဝ ကျောက်သားဖြစ်သွားပါတော့တယ်။

ကြည့်ရတာ အုတ်ခဲတစ်ခဲလိုပါပဲ။

​ဖန့်ချန် စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

​ဆုံးရှုံးမှုက ကြီးမားတယ်ဆိုပေမဲ့ ၃ နှစ် ၅ နှစ်လောက်ဆိုတာကတော့ လက်ခံနိုင်တဲ့ အတိုင်းအတာပါ။

​ကျိုးထျန်းကျီကျန့် ခုနက ပြောသွားတဲ့ စကားတွေက အသေးစိတ် မပါပေမဲ့၊ အဲဒီထဲက အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း စဉ်းစားရင် ဖန့်ချန်ရဲ့ စိတ်ထဲမှာ သတိပေးခေါင်းလောင်း ထိုးလိုက်သလိုပါပဲ။

​ဒီလိုကျင့်ကြံတဲ့ နည်းလမ်းက... မှားယွင်းနေတာပါ၊ အနည်းဆုံးတော့ မှန်လေးရဲ့ မျက်လုံးထဲမှာ မမှန်ပါဘူး။

​ဒါပေမဲ့ ဒီမှားယွင်းတဲ့ နည်းလမ်းကနေ ရရှိလာတာကတော့ အစွမ်းထက်တဲ့ ဝိညာဉ်ဦးကင်းနဲ့ အစွမ်းထက်တဲ့ ခန္ဓာကိုယ်ပါ။

လက်ရှိ အခြေအနေအရတော့ တူညီတဲ့အဆင့်က ကျင့်ကြံသူတွေထက် အများကြီး ပိုပြီး အစွမ်းထက်နေပါတယ်။

​"ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စကို နောင်ကျရင် အနည်းငယ် သတိထားရမယ်၊ တကယ်လို့ ပြဿနာရှိရင်လည်း ကြိုတင်သိရတော့ ဖြေရှင်းဖို့ အခွင့်အရေး ရှိတာပေါ့"

​ဖန့်ချန် စိတ်ထဲမှာ တွေးနေပါတယ်။

​သူက ဓားကျင့်ကြံသူလမ်းစဉ်ကို စွန့်လွှတ်ပြီး တာအိုတံခါးကို ရွေးချယ်ခဲ့ပြီးသားမို့၊ အရင်လမ်းစဉ်ကတော့ အဆုံးထိ သွားလို့မရဘူးဆိုတာ သေချာသလောက်ပါပဲ။

​ဒါပေမဲ့ သူဟာ ဓားကိုယ်ထည် အဆင့်တက်တာကိုလည်း မစွန့်လွှတ်နိုင်ပါဘူး။

ဒါဟာ လက်ရှိမှာတော့ သူ့အတွက် အကျိုးကျေးဇူး အများကြီး ရှိနေတာကိုး

​ဒီတစ်ခေါက် ဓားငယ်လေး အဆင့်တက်တာက တစ်လလုံးလုံး ကြာခဲ့ပါတယ်။

နာကျင်မှုတွေက နောက်ပိုင်းမှာ တဖြည်းဖြည်း လျော့နည်းလာပြီး၊ ဖန့်ချန်ဟာ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက အဆပေါင်းများစွာ တိုးတက်လာတာကို သိသိသာသာ ခံစားရပါတယ်။

လက်ကို လှုပ်ရှားလိုက်ရုံနဲ့တင် ပေပေါင်းသောင်းချီ မြင့်တဲ့ နှင်းတောင်ကြီးကို ထမ်းထားနိုင်သလိုမျိုးပါ။

​ဒါဟာ ပဉ္စမအဆင့် ဓားကိုယ်ထည် ရဲ့ အစွမ်းပါပဲ

​ဖန့်ချန်က ပဉ္စမအဆင့် ဓားကိုယ်ထည်နဲ့ ရှစ်မျက်နှာအရပ် ဓားကျမ်းရဲ့ အစွမ်းကို စမ်းသပ်ကြည့်ဖို့ ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ၊ ထူးဆန်းတဲ့ မှတ်ဉာဏ်တစ်ခုက သူ့ဦးနှောက်ထဲ စီးဝင်လာပါတယ်။

​【ဓားဦးတည်ရာသည် ငါသွားရာဖြစ်၏၊ ဓား၏အလိုသည် ငါ၏အတွေးဖြစ်၏၊ ကြယ်စင်တန်း၏ တောက်ပမှုကို ကြည့်ကာ အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်၏၊ နတ်တံခါး၏ မြင့်မားမှုကို ကြည့်ကာ အတွေးတစ်ချက်ဖြင့် ဓားဖြင့် နတ်တံခါးကို ဖွင့်၏...】

​ဒီဓားကျမ်းက စာလုံးရေ ၅၀၀၊ ၆၀၀ လောက် ရှိပါတယ်။

ဖန့်ချန်က စိတ်ထဲကနေ တိုးတိုးလေး ရွတ်ဖတ်လိုက်ရုံနဲ့တင်၊ မပြတ်သားတဲ့ ဓားအာရုံ တွေက ခန္ဓာကိုယ်ထဲ စီးဝင်လာပြီး ဓားငယ်လေးနဲ့ ပေါင်းစပ်သွားတာကို ခံစားရပါတယ်။

​"အိုးမိုင်ဂါ့....အရမ်း... နေလို့ကောင်းတာပဲ..."

​ဓားငယ်လေးက မနေနိုင်ဘဲ ပြောရှာပါတယ်။

​ဖန့်ချန်ရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။

ဒါဟာ ဓားမွေးမြူခြင်းလမ်းစဉ် ဖြစ်ရမယ်၊ ဓားငယ်လေးအတွက် ကျင့်ကြံနိုင်တဲ့ နည်းလမ်းနဲ့ အတူတူပါပဲ။

​"ဓားငယ်လေး ငါတစ်ကြောင်းပြောမယ်၊ မင်းငါ့နောက်က လိုက်ရွတ်"

​ဖန့်ချန်က ပြောပါတယ်။

​အဲဒီနောက် သူက ဓားမွေးမြူနည်းကို တစ်ခေါက် ရွတ်ပြပြီး ဓားငယ်လေးကို လိုက်ရွတ်ခိုင်းပါတယ်။

​ရွတ်ပြီးတဲ့နောက် သူက မေးတယ်

"ဘယ်လို ခံစားရလဲ"

​"ဘာမှ မခံစားရဘူး"

​ဓားငယ်လေးက ကြောင်တောင်တောင် ဖြစ်နေပါတယ်။

​"မခံစားရဘူး ဟုတ်လား"

​ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပါတယ်။

​အဲဒီနောက် သူက စိတ်ထဲကနေ ရွတ်လိုက်တဲ့အခါ၊ ဓားငယ်လေးက ဝမ်းသာအားရ ပြောလာတယ်

"ဒီခံစားချက်မျိုးပဲ"

​"ကြည့်ရတာ ဒီဓားမွေးမြူနည်းက ငါရွတ်မှပဲ အလုပ်ဖြစ်မှာပဲ"

​ဖန့်ချန်က စဉ်းစားမိပါတယ်။

​ဓားငယ်လေးရဲ့ ကိုယ်ထဲမှာ ဓားအာရုံတွေ တိုးလာတာကိုလည်း သူ သတိထားမိပါတယ်။

ဒီဓားမွေးမြူနည်းက ဓားငယ်လေးကို တိုက်ရိုက် အဆင့်တက်စေတာ မဟုတ်ဘဲ၊ ဓားငယ်လေး အဆင့်တက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဝိညာဉ်ပစ္စည်းတွေနဲ့ ရတနာတွေကို ဝါးမျိုဖို့ပါပဲ။

​ဒါပေမဲ့ ဓားအာရုံကို အဆင့်တစ်ခုအထိ ကြီးထွားအောင် လုပ်နိုင်ရင်လည်း အလွန်ကြောက်စရာ ကောင်းလာမှာပါ။

​နောက်ပိုင်း အချိန်တွေမှာတော့ ဖန့်ချန်ဟာ ဝိညာဉ်သန္ဓေသားရဲ့ စွမ်းအားတွေကို အသုံးပြုပြီး ဒီဓားမွေးမြူနည်းကိုပဲ အဆက်မပြတ် ရွတ်ဖတ်နေခဲ့ပါတယ်။

​ဓားငယ်လေးက ဘေးနားမှာ လွင့်မျောပြီး နားထောင်နေရင်း၊ ရက်တွေ လတွေ ကုန်လွန်လာတာနဲ့အမျှ ၎င်းရဲ့ကိုယ်ထဲက ဓားအာရုံတွေက ပိုပြီးတော့ ပြင်းထန်လာပါတယ်။

​ကျန်ရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေကနေ ထွက်ခွာခဲ့ပါတယ်။

​သူဟာ ဓားအဖြစ် ပြောင်းလဲပြီး ခရီးနှင်တဲ့အခါမှာတော့ အရင်ကထက် အဆပေါင်းများစွာ သာလွန်တဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်အဟုန်ကို ထုတ်ဖော်နိုင်ခဲ့ပါတော့တယ်။

​အခန်း (၈၉၀) အသနားခံခြင်း

​"ဝမ်အကြီးအကဲ... ကျွန်မတို့ ဒီနေရာမှာ စောင့်နေတာ ရက်အတော်ကြာနေပြီ ဖန့်ဓားဦးဆောင်သူ က အခုထိ ပေါ်မလာသေးဘူး၊ သူများ အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတာလား..."

​အရက်ဆိုင်ထဲမှာ လူအားလုံးဟာ ဝမ်ကျိလုံ တစ်ခွက်ပြီးတစ်ခွက် မသေမျိုးအရက်တွေကို သောက်နေပြီး သာယာကြည်နူးနေတဲ့ အပြုံးကို ကြည့်နေကြပါတယ်။

ကျန်းလင် ကတော့ မနေနိုင်တော့ဘဲ တိုးတိုးလေး မေးလိုက်တာပါ။

​သူမနဲ့ တခြားလူတွေအားလုံးဟာ ဖန့်ချန်က ဘာလို့ ရုတ်တရက် အဖွဲ့ထဲက ထွက်သွားရတာလဲဆိုတာ နားမလည်ကြသလို၊ တကယ်လို့ လမ်းမှာ ပြဿနာတစ်ခုခုဖြစ်ရင် ဒီ ဓားစိန်ခေါ်ပွဲ လမ်းစဉ်ကို ဆက်လျှောက်ဦးမှာလားဆိုတာကိုလည်း စိုးရိမ်နေကြပါတယ်။

​"ဘာစိုးရိမ်စရာ ရှိလို့လဲ"

​ဝမ်ကျန့်လုံက ကျန်းလင်ကို တစ်ချက်ကြည့်ပြီး ခပ်အေးအေး ပြုံးလိုက်တယ်

"အရင်တုန်းက ဖန့်ချန်ကို မိုးမြေကျွန်း ဆီ ဘယ်သူပို့ပေးခဲ့တာလဲဆိုတာ မေ့သွားပြီလား "

​"အကြီးအကဲ ဆိုလိုတာက..."

​"ဖန့်ချန်က အခု ဓားဂိုဏ်း ရဲ့ တပည့်တစ်ယောက်တင် မဟုတ်ဘူး၊ သူက တောရိုင်းကျောင်းတော်ရဲ့ တပည့်လည်း ဖြစ်နေပြီ စီနီယာရွှင် ရဲ့ မျက်စိကျခြင်းကို ခံထားရတာ ဒီလိုပုဂ္ဂိုလ်ရှိနေတော့ တစ်ဖက်က လူကြီးတွေက ကလေးကို နှိပ်စက်တဲ့အလုပ်မျိုးကို အလွယ်တကူ လုပ်ရဲမှာ မဟုတ်ဘူးတကယ်လို့ သူတို့က စီနီယာရွှင် တံခါးဝအထိ လာတိုက်မှာကို မကြောက်ဘူးဆိုရင်တော့ တစ်မျိုးပေါ့"

​ဝမ်ကျိလုံက အသာပြုံးပြီး

"ဒါကြောင့် စိုးရိမ်စရာမလိုဘူး ဒီတစ်ခေါက် ဓားစိန်ခေါ်ပွဲ ပြီးသွားရင် သူတို့မှာ အကြောင်းပြချက် မရှိတော့ဘူး ပြီးတော့ ကျောင်းတော်နဲ့ ပတ်သက်မှုလည်း ရှိနေတော့ ငါတို့ ဓားဂိုဏ်းဟာ နှစ်တစ်ရာအတွင်းမှာ ဘေးကင်းမှာ အမှန်ပဲ"

​"စားပွဲထိုး... ငါ့ကို အရက်တစ်အိုး ပေးစမ်း"

​သက်လတ်ပိုင်းအရွယ် ဓားသမားတစ်ယောက် အရက်ဆိုင်ထဲ ဝင်လာပြီး ခပ်ပေါ့ပေါ့ပဲ အော်လိုက်ပါတယ်၊ အဲဒီနောက် ရင်းနှီးကျွမ်းဝင်တဲ့ ပုံစံမျိုးနဲ့ ဝမ်ကျိလုံရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။

​ကျန်းလင်နဲ့ တခြားလူတွေဟာ ချက်ချင်း ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အဲဒီလူကို ကြည့်လိုက်ကြပေမဲ့ ဝမ်ကျိလုံကတော့ လက်ကာပြလိုက်ပါတယ်

​"အားလုံး ထိုင်ကြပါ၊ ဒါက သူငယ်ချင်းဟောင်းပါ"

​"ဝမ်အစ်ကို... အဲဒီနှစ်က ခွဲခွာခဲ့ပြီးကတည်းက မတွေ့ရတာ နှစ်ပေါင်း ရာချီနေပြီနော်"

ဓားသမားက သက်ပြင်းချရင်း ပြောပါတယ်။

​"လွီအစ်ကို... မင်း ဘာကိစ္စနဲ့ လာလဲဆိုတာကို တိုက်ရိုက်ပဲ ပြောပါ၊ ငါက ကွေ့ဝိုက်ပြောတာကို မကြိုက်ဘူး"

​ဝမ်ကျန့်လုံက ခပ်အေးအေး ပြောလိုက်ပါတယ်။

​လွီချွန်းယွီ က သက်ပြင်းအသာချလိုက်တယ်

"ငါ ဘာလို့လာလဲဆိုတာ မင်း မမြင်ဘူးလား ငါ့မျက်နှာကို ထောက်ပြီးတော့ နောက်ထပ် လျှောက်မယ့် ဓားစိန်ခေါ်ပွဲမှာ အေးအေးဆေးဆေးပဲ သွားပါတော့၊ ငါတို့ တိထျန်းဓားဂိုဏ်း ရဲ့ ဓားတွေကို ဆက်ပြီး မချိုးပါနဲ့တော့"

" အဲဒီ မျိုးဆက်သစ်လေးတွေက ဒီအဆင့်အထိ ကျင့်ကြံလာဖို့ မလွယ်ကူဘူး အခုလို စိတ်ဓာတ်တွေ အချိုးခံလိုက်ရရင် တကယ်ကို နှမြောဖို့ ကောင်းလွန်းလို့ပါ"

​လူတိုင်းရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။

ဒီသက်လတ်ပိုင်းအရွယ် ဓားသမားက အသနားခံဖို့ လာတဲ့သူ ဖြစ်နေတာကိုး။

​"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ"

​ဝမ်ကျိလုံက ရယ်မောပြီး

"သူတို့ ဘာလို့ ငါ့ဆီ ကိုယ်တိုင်လာမရှာကြတာလဲ၊ ငါက စိတ်ထားကောင်းတဲ့သူပါ ကောင်းကောင်းပြောရင် ငါ နားထောင်မှာပါ"

​"သူတို့လည်း ကိုယ်တိုင်ထွက်လာဖို့ မျက်နှာမသာဘူးလေ၊ သတင်းသာ ပျံ့သွားရင် မျက်နှာပျက်စရာကြီး မဟုတ်လား"

​လွီချွန်းယွီက စားပွဲထိုးလေး ပေးလာတဲ့ အရက်အိုးကို ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်ပါတယ်။

အဲဒီနောက် လေချဉ်တစ်ချက်တက်လိုက်ပြီး ဆက်ပြောပါတယ်

​"ဒါကြောင့် ငါကပဲ ကြားဝင်စေ့စပ်ပေးရတာပေါ့ ဘယ်လိုလဲ... ငါ့မျက်နှာကို ထောက်ပါဦး၊ ဓားချိုးတဲ့ လမ်းစဉ်ကို ဆက်မသွားပါနဲ့တော့ နောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရဦးမှာ တကယ်လို့ မင်းတို့ရဲ့ ဖန့်ဓားဦးဆောင်သူကသာ ဒီအတိုင်း ဆက်သွားနေရင် လောကက ဓားကျင့်ကြံသူတွေ အားလုံးကို ရန်သူဖြစ်အောင် လုပ်သလို ဖြစ်နေမှာပေါ့ သူ နောင်ကျရင် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ဆက်ခံတဲ့အခါမှာ ခရီးလမ်းက ခက်ခဲလိမ့်မယ်"

​ဝမ်ကျိလုံရဲ့ မျက်လုံးထဲမှာ စဉ်းစားဟန်တစ်ခု ဖြတ်ပြေးသွားပြီး ခပ်အေးအေးပဲ ပြောလိုက်တယ်

​"ဒါက မင်းတို့ ကိုယ်တိုင် တွန်းအားပေးခဲ့တာ မဟုတ်လား ငါတို့ ဓားဂိုဏ်းဆီကနေ မသေမျိုး အမွေအနှစ်တွေကို သိမ်းယူဖို့ ကြိုးစားခဲ့ကြတယ် ဒီလို စိတ်ကူးမျိုး ရှိခဲ့ကြပြီးမှ ဘာပေးဆပ်မှုမှ မရှိရင် အပြင်လူတွေက ငါတို့ကို ဘယ်လို မြင်မလဲ"

​"ဝမ်အစ်ကို... မင်း အရင်က တိထျန်းမှာ လှည့်လည်သွားလာရင်း အန္တရာယ်တွေ့ပြီး သေလုနီးပါး ဖြစ်တုန်းက ငါပဲ ကယ်ခဲ့တာနော်၊ ဒီကျေးဇူးကြွေးကိုတော့ မင်း မေ့လို့ မရဘူး မဟုတ်လား"

​လွီချွန်းယွီက မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။

​"ဒီကျေးဇူးကြွေးကို မေ့မထားလို့သာ မင်း အခု ဒီမှာ ထိုင်နေနိုင်တာပေါ့"

​ဝမ်ကျိလုံက အေးစက်စွာ ရယ်မောလိုက်တယ်

"တခြား ဓားဂိုဏ်းတွေကိုတော့ မင်းမျက်နှာထောက်ပြီး ငါ လွှတ်ပေးနိုင်တယ်၊ ဒါပေမဲ့ ခွန်လွန်ဓားဂိုဏ်း ကိုတော့ ငါ မပေးနိုင်ဘူး ငါ့ရဲ့ တပည့်နှစ်ယောက်လုံး သူတို့လက်ထဲမှာ သေခဲ့ရတာ အဲဒီတုန်းက သူတို့ကော ညှာတာခဲ့လို့လား ဒီတစ်ခေါက်တော့ သူတို့ ဂိုဏ်းတံခါးကို ဆယ်နှစ် ပိတ်ထားမလား ဒါမှမဟုတ် သူတို့ရဲ့ ဓားတွေကို အချိုးခံမလား၊ တစ်ခုခုတော့ ရွေးရလိမ့်မယ်"

​"မင်း... လီအဘိုးအို က ခိုးကြောင်ခိုးဝှက်နဲ့ မင်းရဲ့ တပည့်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မှာကို မကြောက်ဘူးလား "

​လွီချွန်းယွီရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။

​ဒီဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဓားသမားတွေဟာ တကယ်ကို ခေါင်းမာလွန်းပါတယ်။

ခွန်လွန်ဓားဂိုဏ်းက အခုဆိုရင် ဘယ်လို အဆင့်အတန်းမျိုးလဲ အောက်ခြေမှာတော့ ဒါဟာ ကျုံးကျိုး ၊ တိထျန်း၊ ပေတုံ နယ်မြေသုံးခုလုံးမှာ နံပါတ်တစ် ဂိုဏ်းကြီးလို့ သတင်းထွက်နေတာ၊ အဲဒီ နယ်မြေသုံးခုက အင်အားကြီး ဂိုဏ်းကြီးတွေတောင်မှ အလွယ်တကူ မစော်ကားရဲဘူး။

​"စီနီယာ... ကြီးမြတ်လှတဲ့ ဂိုဏ်းအကြီးအကဲ တစ်ယောက်က ဒီလောက် စိတ်သဘောထား သေးသိမ်နေရင်တော့ လွတ်လပ်သောမသေမျိုး အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်တော့ပါဘူး"

​ဖန့်ချန်က အရက်ဆိုင်ထဲ ဝင်လာပြီး လွီချွန်းယွီရဲ့ စကားကို ကြားလိုက်တာနဲ့ ပြုံးပြီး ပြောလိုက်ပါတယ်။

​လူတိုင်းဟာ ဖန့်ချန် ပေါ်လာတာကို မြင်တော့မှ စိတ်အေးသွားကြပါတယ်။

​လွီချွန်းယွီက ဖန့်ချန်ကို အထက်အောက် အကဲခတ်ကြည့်ပြီး ပြုံးလိုက်တယ်

"တကယ်ကို လူထဲက လူသားပါပဲ၊ မင်းက ငယ်ငယ်ကတည်းက တခြားနေရာမှာ ကျင့်ကြံခဲ့ပြီး ဓားဂိုဏ်းထဲ ရောက်တာ မကြာသေးဘူးလို့ ကြားတယ်"

​"ကျွန်တော် ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ ငယ်စဉ်ကတည်းက မကျင့်ခဲ့ရပေမဲ့ ကျွန်တော် ဒီလမ်းစဉ်ပေါ် ရောက်လာတာဟာ ဓားဂိုဏ်းနဲ့ မကင်းနိုင်ပါဘူး"

​"အင်း"

​လွီချွန်းယွီက ခေါင်းညိတ်လိုက်ပြီး ဝမ်ကျိလုံကို ကြည့်လိုက်တယ်

"ခုနက မင်းပြောတာနော်၊ ခွန်လွန်ဓားဂိုဏ်းကလွဲလို့ ကျန်တာတွေကို အခွင့်အရေး ပေးမယ်ဆိုတာ၊ အရင်က ကျေးဇူးကြွေးကို မင်း ဆပ်လိုက်ပြီလို့ပဲ သတ်မှတ်လိုက်မယ်"

​"မြန်မြန် သွားတော့၊ ငါ မအောင့်နိုင်ဘဲ မင်းကို ခုတ်မိမှာ ကြောက်လို့"

​ဝမ်ကျိလုံက ရယ်မောပြီး ပြောပါတယ်။

​လွီချွန်းယွီက ပြုံးပြီး ထွက်သွားပါတော့တယ်။

​သူ ထွက်သွားပြီးနောက် ဝမ်ကျိလုံက ဖန့်ချန်ကို ကြည့်ပြီး ခပ်အေးအေး ပြောလိုက်တယ်

​"ခုနက စကားတွေကို မင်းလည်း ကြားမှာပါ ဆရာက ဒီကိစ္စနဲ့ ကျေးဇူးကြွေးကို ဆပ်လိုက်မယ်၊ မင်း ဘယ်လို မြင်လဲ"

​"ဆရာ ဖြစ်စေချင်သလိုသာ လုပ်ပါ တပည့်မှာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"

​ဖန့်ချန်က ပြောပါတယ်။

​ဝမ်ကျိလုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပေမဲ့ ရုတ်တရက် တစ်ခုခု မူမမှန်တာကို သတိထားမိပြီး ဖန့်ချန်ကို သေချာ ကြည့်လိုက်တယ်

"မင်းရဲ့ ကျင့်ကြံမှုက မမှန်ဘူး... စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကို ရောက်သွားတာလား"

​"စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်"

​ကျန်းလင်နဲ့ တခြားလူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကမှ ဒီလူက ရွှေအမြုတေအထွတ်အထိပ် အဆင့်ပဲ ရှိသေးတာ၊ ပေါ်လာတော့ ဝိညာဉ်သန္ဓေသားအထွတ်အထိပ် ဖြစ်နေတာနဲ့တင် သူတို့ အံ့သြနေရပြီ၊ အခု ရက်အနည်းငယ် ပျောက်သွားပြီးနောက် စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဖြစ်သွားပြန်ပြီလား

​"ဖန့်စီနီယာ... အစ်ကို တကယ်ပဲ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ကို ရောက်သွားတာလား"

​လန်ယန်ဝမ်ချိုးနဲ့ တခြားလူတွေရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပေါ်လာပါတယ်။

​ကျင်ရွှီ မောင်နှမနှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုကို မြင်နေရပါတယ်။

​"ဓားဂိုဏ်းရဲ့ ဖန့်ဓားဦးဆောင်သူက... ခိုးကြောင်ခိုးဝှက်နဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ကို တက်သွားပြီပဲ၊ အခုရက်ပိုင်း သူ မရှိနေတာက တံခါးပိတ်ပြီး အဆင့်တက်ဖို့ ကြိုးစားနေတာကိုး..."

​အနီးနားက စားသောက်နေတဲ့ လူအတော်များများဟာလည်း စိတ်ထဲမှာ ထိတ်လန့်သွားကြပြီး ဒီသတင်းကို တိတ်တဆိတ် ပြန်ပို့နေကြပါတယ်။

​"ဆရာ... လွန်ခဲ့တဲ့ ရက်ပိုင်းက တပည့် စိတ်ထဲမှာ အာရုံတစ်ခု ရခဲ့တာနဲ့ နေရာတစ်ခုမှာ ရက်အနည်းငယ် ငြိမ်သက်စွာ ထိုင်နေလိုက်တာ၊ ဝိညာဉ်သန္ဓေသားက သဘာဝအတိုင်းပဲ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ကို ရောက်သွားခဲ့ပါတယ်"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။

​"ကောင်းကင်က ငါတို့ ဓားဂိုဏ်းကို စောင်မတာပဲ"

​ဝမ်ကျန့်လုံက မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်တယ်

"အရက်လာစမ်း... ဒီနေ့ ဒီဆိုင်က အရက်ဖိုးအားလုံးကို ငါ အကုန်ရှင်းမယ်၊ လူတိုင်း ကြိုက်သလောက် သောက်ကြ"

​စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဆိုတာက အောက်ပိုင်းအဆင့် ၄ ဆင့် ကနေ လွတ်မြောက်သွားပြီလို့ ဆိုလိုတာပါ။

ကမ္ဘာပေါ်မှာ ကျင့်ကြံမှု အဆင့်တွေကို အောက်ပိုင်း ၄ ဆင့်၊ အလယ်ပိုင်း ၃ ဆင့်၊ အထက်ပိုင်း ၃ ဆင့် ဆိုပြီး ခွဲခြားထားတာဟာ အဆင့်တစ်ခုချင်းစီကြားက အတားအဆီးဟာ နတ်တံခါးတစ်ခုလိုပဲ ကျော်လွှားဖို့ အလွန်ခက်ခဲလို့ပါပဲ။

​အခု ဖန့်ချန်က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ကို ချောချောမောမော တက်နိုင်ခဲ့ပြီဆိုရင်၊ နောက်ပိုင်းက ဝိညာဉ်ခွဲဖြာခြင်း၊ ပေါင်းစပ်ခြင်း အဆင့်တွေကလည်း အလိုအလျောက် ဖြစ်လာမှာပါ

​ကျန်းလင်နဲ့ တခြားလူတွေလည်း အပြုံးကိုယ်စီနဲ့ ဝမ်းသာနေကြပါတယ်။

​ဖန့်ချန် ပိုအစွမ်းထက်လေ၊ ဓားဂိုဏ်းရဲ့ အဆင့်အတန်းက ပိုပြီး ခိုင်မာလေပါပဲ။

အခုချိန်မှာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်က ဓားဂိုဏ်းအတွက် သိပ်မပြောပလောက်ဘူး ထင်ရပေမဲ့၊ အချို့သော ကိစ္စကြီးတွေမှာ ဝင်ပါဖို့ အရည်အချင်း မရှိသေးဘူး ဆိုပေမဲ့...

​ကျင့်ကြံသူတွေရဲ့ သက်တမ်းက ရှည်လျားတာကြောင့် လက်ရှိကို မကြည့်ဘဲ အနာဂတ်ကိုပဲ ကြည့်ကြတာပါ

​ဝမ်ကျိလုံဟာ ပျော်လွန်းလို့ တစ်ရက်နဲ့ တစ်ည အဝသောက်လိုက်ပြီးမှ အားလုံးကို ခေါ်ပြီး ဓားစိန်ခေါ်ပွဲကို ပြန်စလိုက်ပါတယ်။

​နောက်ပိုင်းက ဓားစိန်ခေါ်ပွဲတွေမှာတော့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ အများကြီး လျော့နည်းသွားပါတယ်။

ဖန့်ချန်က အနိုင်အရှုံးပေါ်ရုံပဲ တိုက်ခိုက်ခဲ့ပြီး ခရီးလမ်းကလည်း ပိုပြီး ချောမွေ့လာပါတယ်။

တစ်နှစ်မပြည့်ခင်မှာပဲ ခွန်လွန်ဓားဂိုဏ်းကလွဲလို့ ကျန်တဲ့ဂိုဏ်းအားလုံးဟာ ရှုံးနိမ့်သွားခဲ့ပါပြီ။

​ခွန်လွန်နတ်တောင်မှာတော့... လွီချွန်းယွီဟာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အရိုအသေပေးကာ ရပ်နေပြီး သူ့ရဲ့ မျက်နှာမှာတော့ ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံရှိပါတယ်။

​"မင်းစိတ်ထဲမှာ သံသယရှိနေရင် ဘာလို့ မမေးတာလဲ"

သက်လတ်ပိုင်းအရွယ်လူက ဟင်းလင်းပြင်ကြီးကို လှမ်းကြည့်ရင်း အေးဆေးစွာ ပြောလိုက်ပါတယ်။

​"လီအဘိုးအို...ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက အဲဒီ ဓားမသေမျိုးအိုကြီး မသေသေးခင်တုန်းကအရှင်က ကျွန်တော့်ဆီ လာပြီးတော့ တစ်နေ့ကျရင် တိထျန်းဓားဂိုဏ်းအတွက် အသနားခံပေးဖို့ ပြောခဲ့တယ်..."

​လွီချွန်းယွီက ထူးဆန်းတဲ့ အမူအရာနဲ့

"အရှင်က ဒါတွေဖြစ်လာမယ်ဆိုတာ ကြိုမြင်နေရင်... ဘာလို့ ကြိုပြီး မတားဆီးခဲ့တာလဲ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက အဲဒီကလေးရဲ့ ကျင့်ကြံမှုက မမြင့်သေးဘူး အရှင်ကိုယ်တိုင်သာ လက်ဖျစ်တစ်ချက်တီးလိုက်ရင် သူ ဘယ်လိုသေသွားလဲဆိုတာတောင် ဘယ်သူမှ သိမှာမဟုတ်ဘူး"

All Chapters