← Chapters

အခန်း (၈၉၃-၈၉၄)

Vol. 90 Ch. 893-894

အခန်း (၈၉၃-၈၉၄)

Vol. 90 Ch. 893-894

​​အခန်း (၈၉၃) သမက်

​ဝမ်ကျိလုံဟာ လူအုပ်ကိုဦးဆောင်ပြီး အပြန်လမ်းကို စတင်နေပါပြီ။

ခွန်လွန်ဓားဂိုဏ်းကနေ ထွက်ခွာလာတာ တစ်လကျော်ကြာတဲ့အထိ သူ စကားတစ်ခွန်းမှမပြောဘဲ တစ်ခုခုကို အစဉ်တစိုက် စဉ်းစားနေခဲ့ပါတယ်။

​ကျန်းလင်တို့အဖွဲ့လည်း မမေးရဲကြပါဘူး။

ဖန့်ချန်ဆီကနေ သတင်းအစအနလေးများ ရမလားလို့ စုံစမ်းကြည့်ချင်ပေမဲ့ ဖန့်ချန်ကိုယ်တိုင်လည်း အတွေးနက်နေတာကို မြင်တော့ အဲဒီစိတ်ကူးကို လက်လျှော့လိုက်ကြပါတယ်။

​"ဓားသင်္ချိုင်းလှေကား... လောင်းကြေး..."

​ဖန့်ချန်ရဲ့ စိတ်အစဉ်ကတော့ လေးလံနေပါတယ်။

​ဒီတစ်ခေါက်မှာ လီချန်စန်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းဆီကနေ လူသုံးယောက် တောင်းဆိုခဲ့ပါတယ်။

သူရယ်၊ ပိုင်ချန်းမင်ရယ်၊ ချင်ဟော့ချန်းရယ်ပါ။

​လောင်းကြေးပွဲက နောက်ထပ် သုံးနှစ်အကြာမှာ စတင်မှာဖြစ်လို့ အဲဒီအချိန်ကျရင် သူတို့သုံးယောက်လုံး ခွန်လွန်ဓားဂိုဏ်းကို သွားရမှာဖြစ်ပြီး လီချန်စန်းက သူတို့ကို ချင်းဖုန်းနယ်မြေဆီ ခေါ်ဆောင်သွားပြီး လောင်းကြေးပွဲကို ရင်ဆိုင်ရမှာပါ။

​လီချန်စန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖန့်ချန်ကို ဒီသုံးနှစ်အတွင်း ခွန်လွန်ဓားဂိုဏ်းမှာပဲ အခြေချပြီး ကျင့်ကြံစေချင်တာပါ။

ဒါပေမဲ့ ဝမ်ကျိလုံကတော့ သူ့ကို အတင်းအကျပ် ပြန်ခေါ်လာခဲ့ပါတယ်။

​"ကောင်လေး... မင်း တကယ်လို့ အဲဒီလောင်းကြေးပွဲကို မသွားချင်ဘူးဆိုရင် ငါ မင်းကို ဖုံးကွယ်ထားပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးလို့ရတယ်"

​တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ဝမ်ကျိလုံက ရုတ်တရက် အသံလှိုင်းနဲ့ သတင်းပေးပို့လိုက်ပြီး ဖန့်ချန်ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

​ဖန့်ချန် အံ့သြသွားရပါတယ်။

ဒီတစ်လကျော်လုံး ဝမ်ကျိလုံ စဉ်းစားနေခဲ့တာက ဒီကိစ္စပါလား

​"ဆရာ... တကယ်လို့ အဲဒီ လီဂိုဏ်းချုပ် ပြောတာသာ အမှန်ဆိုရင် ဒီလောင်းကြေးက ပတ်သက်မှု အလွန်ကြီးပါတယ်၊ ကျုံးကျိုး၊ တိထျန်း၊ ပေတု နယ်မြေသုံးခုလုံးကို တိုက်ရိုက် သက်ရောက်မှု ရှိမှာပါ"

​"ငါ မသိဘဲ နေမလား လီချန်စန်းက ဝူမျိုးရိုး တပည့်ကိုးယောက်ရဲ့ အသက်ကို အသုံးချပြီး ငါ့ရဲ့ အာဃာတကို ဖြေဖျောက်ပေးခဲ့တာဟာ ငါ့ကို ဒီကိစ္စမှာ အစွမ်းကုန် ပါဝင်လာအောင် လုပ်တာပဲ မဟုတ်လား"

"ပြီးတော့ ခွန်လွန်ဓားဂိုဏ်းက တကယ် ပါရမီပါတဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူတွေကိုလည်း ဓားချိုးရမယ့် ဘေးကနေ ကင်းဝေးအောင် လုပ်လိုက်တာ၊ တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"

"ဒါပေမဲ့... ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး၊ မင်းက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ပဲ ရှိသေးတာ၊ လူသားတွေထဲမှာဆို စကားစသင်နေတဲ့ ကလေးအရွယ်ပဲ ရှိသေးတယ်၊ ဒီကိစ္စထဲ ပါဝင်ဖို့ မလိုဘူး မင်းသာ မသွားချင်ဘူးဆိုရင် လီချန်စန်း မင်းကို ရှာမတွေ့အောင် ငါ နည်းမျိုးစုံ သုံးပြီး လုပ်ပေးမယ်"

​"ဒါဆို စီနီယာအစ်ကို ပိုင်ချန်းမင်နဲ့ ချင်ဟော့ချန်းတို့ကကော..."

​"သူတို့ကတော့ သွားရမှာပဲ လီချန်စန်းရဲ့ မျက်နှာကိုလည်း လုံးဝ ပစ်ပယ်လို့ မရဘူး၊ နောက်ပြီး ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကလည်း တာဝန် အနည်းငယ်တော့ ယူရမှာပဲလေ"

​"ဒါဆို ကျွန်တော်လည်း အတူတူ သွားပါ့မယ်၊ လောကအမြင် ကျယ်အောင်လို့ပေါ့"

​"မင်း သေချာ စဉ်းစားဦး လီချန်စန်းတောင် သူ့ကိုယ်သူ အခစားဝင် တိုက်ခိုက်ရေးသမားလို့ လှောင်ပြောခဲ့တာ မင်း အဲဒီကို ရောက်သွားရင် အဲဒီက ကျင့်ကြံသူတွေက မင်းရဲ့ အဆင့်အတန်းကို တန်ဖိုးထားမှာ မဟုတ်ဘူး၊ ဖြစ်နိုင်တာကတော့... အရင်က ဓားမသေမျိုးအိုကြီး ဂိုဏ်းချုပ်အဆင့်ကို မတက်နိုင်ခဲ့တာဟာ သူ ချင်းဖုန်းနယ်မြေကို သွားခဲ့ဖူးတာနဲ့လည်း ပတ်သက်နေနိုင်တယ်"

​ဖန့်ချန် သဘောပေါက်သွားပါတယ်။

ဝမ်ကျိလုံ စိုးရိမ်နေတာက ဒါကိုး။

​တစ်ဖက်လူက သူ နှစ်ပေါင်းများစွာ မွေးမြူလာခဲ့တဲ့ စိတ်နေစိတ်ထားဟာ ချင်းဖုန်းနယ်မြေက ကျင့်ကြံသူတွေရဲ့ အနှိမ်ခံရမှုကြောင့် ယိုင်နဲ့သွားမှာကို ကြောက်နေတာပါ။

​ဒါကိုတော့ ဝမ်ကျိလုံ အလွန်အကျွံ စိုးရိမ်သွားတာပါ။

​သူဟာ ကိုးဆင့်ဝိညာဉ်ဦးကင်း ကို ပေါင်းစပ်ဖွဲ့စည်းလိုက်ကတည်းက စစ်မှန်တဲ့ ဓားကျင့်ကြံသူ သက်သက် မဟုတ်တော့ပါဘူး။

အခု သူ ဓားကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းနေပေမဲ့ ဒီလို ကိစ္စသေးသေးလေးတွေကြောင့် သူ့စိတ်ဓာတ် ယိုင်နဲ့သွားမှာ မဟုတ်ပါဘူး။

​ခြောက်လအကြာမှာတော့ အားလုံး ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ပြန်ရောက်လာကြပါတယ်။

ဂိုဏ်းအတွင်းက တပည့်တွေအားလုံး ထွက်ကြိုကြသလို ဖန့်ချန် တစ်ခါမှ မမြင်ဖူးတဲ့ မသေမျိုး ဘိုးဘေးနှစ်ယောက်လည်း ထွက်လာပါတယ်။

​တောင်ကုန်းအသီးသီးက ပညာပေးဆရာကြီး တွေအားလုံး ဒီဘိုးဘေးနှစ်ယောက်ရဲ့ နောက်ကွယ်မှာ ရပ်နေကြပြီး ဖန့်ချန်ကို အသိအမှတ်ပြုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။

အရင်က ကျိကျန့်တောင်ကုန်းက ပညာပေးဆရာကြီးလည်း ပါဝင်ပါတယ်။

​ဖန့်ချန်ဟာ ဂိုဏ်းထဲမှာ ရက်အနည်းငယ်နေပြီးနောက် ကျောင်းတော် ကို ပြန်ခဲ့ပါတယ်။

​"အဘိုးရွှင် အဲဒီ လီဂိုဏ်းချုပ်က ချင်းဖုန်းနယ်မြေက ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ လက်အောက်ခံလား"

​ဖန့်ချန်က ခပ်တိုးတိုး မေးလိုက်ပါတယ်။

​ရွှင်အိုက ကုလားထိုင်ပေါ်မှာ လဲလျောင်းနေရာကနေ သူ့ကို တစ်ချက်ကြည့်ပြီး ခပ်အေးအေး ပြောလိုက်တယ်

"မင်း ချင်းဖုန်းနယ်မြေအကြောင်းကို သိနေပြီလား"

​"ဒီတစ်ခေါက် ဓားစိန်ခေါ်ပွဲ လမ်းစဉ်က အဲဒီ လီဂိုဏ်းချုပ် တမင်တကာ လုပ်ခဲ့တာ ဖြစ်ရမယ်"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။

​ရွှင်အိုက ခဏလောက် စဉ်းစားပြီးနောက် ရယ်မောလိုက်တယ်

"ငါလည်း ခန့်မှန်းမိပါတယ် ဒါပေမဲ့ လောင်းကြေးတစ်ခုအတွက် ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားဘူး၊ ကြည့်ရတာ သူက မင်းကို ဓားသင်္ချိုင်းလှေကားမှာ ထူးချွန်တဲ့ ရလဒ်တွေ ရနိုင်မယ်လို့ ထင်နေပုံပဲ"

​သူက ခဏရပ်ပြီးမှ

"မင်း ခုနက လီချန်စန်းက ချင်းဖုန်းနယ်မြေက ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ လက်အောက်ခံလားလို့ မေးတယ်နော် တကယ်တော့ မဟုတ်ပါဘူး၊ သူက သမက် တစ်ယောက်ပါပဲ"

​သမက်

​ဖန့်ချန် မှင်တက်သွားပြီး အဘိုးရွှင်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်မိတယ်

"ဒီက ပေတုစာရင်း နံပါတ်တစ် လီချန်စန်း လီဂိုဏ်းချုပ်က ချင်းဖုန်းရဲ့ သမက်လား "

​ဓားကျင့်ကြံသူတွေ နေနေသာသာ သာမန်လူသားတွေထဲက ယောက်ျားတွေတောင် သမက်အဖြစ် ဝင်ဖို့ကို ခဲခဲယဉ်ယဉ်ပဲ ရွေးချယ်ကြတာပါ။

ပိုလို့တောင် မဖြစ်နိုင်တာက ကျင့်ကြံသူတွေထဲက ဓားကျင့်ကြံသူ၊ အဲဒီထဲမှာမှ အခု ပေတုစာရင်းရဲ့ နံပါတ်တစ် ဂိုဏ်းချုပ်ကြီးက...

​"မင်းက လီချန်စန်းရဲ့ သမက်ဆိုတဲ့ အဆင့်အတန်းကို အထင်မသေးနဲ့ဦး သူ့ရဲ့ ယောက္ခမက ချင်းဖုန်းနယ်မြေမှာ နာမည်ကျော်ကြားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးပဲ လက်တစ်ချောင်းနဲ့ တောက်လိုက်ရုံနဲ့တင် ပေတုစာရင်းပေါ်က ဂိုဏ်းချုပ်တွေ အားလုံးကို သတ်ပစ်နိုင်တယ်"

"ဒီကိစ္စက ပြောရရင် တိုက်ဆိုင်မှုတွေကြောင့် ဖြစ်လာတာ၊ တကယ်တော့ ဒီသမက်နေရာက မင်းတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ လီကျင်းနျန် ရသင့်တာ၊ ဒါပေမဲ့ သူက မာန်မာနကြီးပြီး နှိမ့်ချတဲ့ သမက်အဆင့်အတန်းကို မယူချင်လို့ လီချန်စန်းက အခွင့်ကောင်း ရသွားတာ"

​အဘိုးရွှင်က ဒီကိစ္စကို ကိုယ်တိုင်မြင်ခဲ့ရသလိုမျိုး ခပ်အေးအေး ပြောပြပါတယ်။

​"လက်တစ်ချောင်းနဲ့ တောက်ရုံနဲ့ ပေတုစာရင်းက ဂိုဏ်းချုပ်အားလုံးကို သတ်နိုင်တယ်..."

​ဖန့်ချန်ရဲ့ အမူအရာက ပိုပြီး လေးနက်လာပါတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးက အဆင့်-၂ လွတ်လပ်သောမသေမျိုးလား ဒါမှမဟုတ် အဆင့်-၃ လား

​ပိုပြီး အံ့သြဖို့ကောင်းတာက ဓားမသေမျိုးအိုကြီးနဲ့ လီချန်စန်းကြားမှာ ဒီလို ဇာတ်လမ်းတွေ ရှိခဲ့တာပါပဲ...

​"နှမြောစရာပဲ၊ တကယ်လို့ လီကျင်းနျန်သာ ခေါင်းမမာခဲ့ရင် အခုဆို သူက ဒီနယ်မြေရဲ့ နံပါတ်တစ် ဓားသမား ဖြစ်နေမှာ"

"သူ့ရဲ့ ပါရမီအရဆိုရင် သူ့ရဲ့ အစွမ်းက လီချန်စန်းထက် အများကြီး သာမှာ သေချာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဆင့်တူတုန်းက လီချန်စန်းက လီကျင်းနျန်ကို ဘယ်လိုမှ မမီခဲ့ဘူး ဒီမာန်မာနလေး တစ်ခုတည်းအတွက်နဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို စွန့်လွှတ်လိုက်တာ၊ ဟင်း..."

​အဘိုးရွှင်က အေးစက်စွာ ရယ်မောလိုက်ပါတယ်။

​" ဓားနတ်ဘုရားအိုကြီးမှာ သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ရှိမှာပါ သူ့မျက်လုံးထဲမှာတော့ မျက်နှာချိုသွေးပြီး ရလာတဲ့ ဂိုဏ်းချုပ်ရာထူးက တန်ဖိုးမရှိဘူးလို့ ထင်ကောင်းထင်မှာပေါ့ "

ဖန့်ချန်က ပြောပါတယ်။

​"မင်း သူ့ရဲ့ အဲဒီအချက်ကိုတော့ အတုမယူနဲ့"

​ရွှင်အိုက ချက်ချင်း ထရပ်ပြီး ဖန့်ချန်ကို ညွှန်ပြလိုက်တယ်

"မင်း မှတ်ထားရမှာက ဒီလောကမှာ လက်သီးထက် အရေးကြီးတာ ဘာမှမရှိဘူး လုပ်ငန်းစဉ်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ရလဒ်ကိုပဲ ကြည့်ရမယ် တကယ်လို့ မင်းက လီကျင်းနျန်လိုမျိုး ရှေးရိုးစွဲနေရင် တစ်နေ့ကျရင် ကိုယ့်လက်ထဲမှာကိုယ် သေဆုံးသွားရလိမ့်မယ် လမ်းဘေးတွေလည်း အများကြီး ရောက်လိမ့်မယ်"

​"တပည့် သင်ခန်းစာ ယူပါ့မယ်"

​ဖန့်ချန်က စဉ်းစားဟန်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။

သူက အဘိုးရွှင်ရဲ့ အမြင်ကို မပယ်သလို၊ လီကျင်းနျန်ရဲ့ အတွေးနဲ့ လီချန်စန်းရဲ့ လုပ်ရပ်ကိုလည်း နားလည်ပေးနိုင်ပါတယ်။

​လူမှာ အမျိုးမျိုး ရှိသလို လမ်းမှာလည်း အသွယ်သွယ် ရှိတာပဲ၊ ဘယ်လို လျှောက်မလဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

​"ဟမ်..."

​အဘိုးရွှင်က အနည်းငယ် အံ့သြသွားတယ်

"မင်း တကယ်ပဲ နားထဲ ဝင်သွားတာလား"

​ဖန့်ချန်က ရိုးရိုးသားသားပဲ ခေါင်းညိတ်ပြတယ်

"နားထဲ ဝင်သွားပါပြီ"

​"မင်းက တကယ်ကို မျိုးစေ့ကောင်းပဲ"

​အဘိုးရွှင်ရဲ့ မျက်လုံးထဲမှာ နှမြောတသဖြစ်မှုတွေ ဖြတ်ပြေးသွားပါတယ်၊ ရှေ့က မျိုးစေ့ကောင်းလေးရဲ့ ဆရာ မဖြစ်နိုင်တာကို ဝမ်းနည်းနေသလိုပါပဲ။

​"နားထဲ ဝင်သွားရင် ပြီးတာပဲ မင်း ဒီတစ်ခေါက် ချင်းဖုန်းနယ်မြေကို သွားတာ ဘေးအန္တရာယ် ရှိနိုင်ပေမဲ့ အခွင့်အရေး မရှိဘူးလို့ မပြောနိုင်ဘူး သေချာ ဆုပ်ကိုင်ထားပေါ့"

" ဒီလောင်းကြေးကိစ္စကိုလည်း မင်း နည်းနည်း စိတ်ထဲ ထားရမယ်၊ လီချန်စန်းက ဒီမှာ ပေတုစာရင်း နံပါတ်တစ် ဖြစ်ပေမဲ့ လောင်းကြေးသာ တကယ် ရှုံးသွားရင် နယ်မြေသုံးခု ရင်ဆိုင်ရမယ့် အခြေအနေတွေမှာ လီချန်စန်း စကားပြောနိုင်မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် လောကကြီး ဗရမ်းဗတာ ဖြစ်ကုန်တော့မှာ"

​အဘိုးရွှင်က ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး သူ့ရဲ့ မျက်လုံးထဲမှာ အားကိုးရာမဲ့တဲ့ အရိပ်အယောင်လေး ပေါ်လာတယ်

​"ငါက အိုပါပြီ၊ ကိစ္စအတော်များများကို လုပ်ချင်ပေမဲ့ အင်အား မရှိတော့ဘူး၊ နောက်ပိုင်းကျရင် မင်းတို့လို မျိုးဆက်သစ်တွေကိုပဲ အားကိုးရတော့မယ်၊ သွားတော့... ငါ အိပ်ချင်ပြီ"

​"ဒါဆို တပည့် ကန်တော့ပြီး ပြန်ပါရစေဦး"

​ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။

​သူ ဟာ ကျောင်းထဲကနေ ထွက်မသွားဘဲ ဆရာကျိကို သွားရှာပြီး သူ့ကတစ်ဆင့် ကျန်တဲ့ ဆရာ ၅ ယောက်ကိုပါ ခေါ်ခိုင်းလိုက်ပါတော့တယ်။

​အခန်း (၈၉၄) ဒီဈေးနှုန်းက အလွန်တရားမျှတတယ်

​မကြာခင်မှာပဲ ဆေးဝါးဌာနက ဆရာကျိ၊ အဆောင်ဌာနက ဆရာကျောက်၊ ပညာဌာနက ဆရာဟန်၊ လက်နက်ဌာနက ဆရာကျင်၊ တိုက်ခိုက်ရေးဌာနက ဆရာလူ နဲ့ ကျင့်စဉ်ဌာနက ဆရာဝမ် တို့ ရောက်ရှိလာကြပါတယ်။

​ကျောင်းတော်ရဲ့ ဆရာ ၆ ယောက်စလုံး စုံစုံလင်လင် ရောက်ရှိလာပြီး ဖန့်ချန်ကို ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်နေကြပါတယ်။

​"ဆရာဖန့်... ငါတို့ကို ဘာကိစ္စရှိလို့ ခေါ်လိုက်တာလဲ"

​ပညာဌာနက ဆရာဟန်က ပြုံးပြီး မေးလိုက်ပါတယ်။

​"ပြောစရာရှိတာ မြန်မြန်ပြော၊ ငါတို့အားလုံး အလုပ်ရှုပ်နေကြတယ်၊ အချိန်အများကြီး မပေးနိုင်ဘူး"

​ဆရာဝမ်က ခပ်အေးအေး ပြောလိုက်ပါတယ်။

သူ ဖန့်ချန်ကို ပထမဆုံး စတွေ့ကတည်းက အမြင်မကြည်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ထူးမခြားနားပါပဲ။

​"ဆရာတို့ ၆ ယောက်စလုံး ဝိညာဉ်လောကသွားခြင်း အတတ်ပညာကို သိကြမှာပေါ့ "

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​သူတို့ ၆ ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

သူတို့ သိတာပေါ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီဆရာဖန့်က ယွီချင်းကျိ တို့အဖွဲ့ကို ဒီအတတ်ပညာ သင်ပေးခဲ့တာကိုလည်း သူတို့ သိထားပါတယ်။

​"ဆရာဖန့်... မင်း ဒါကို ပြောတာ ဘာသဘောလဲ"

​ဆရာလွီက လေးနက်တဲ့ အသံနဲ့ မေးပါတယ်။

​"ယင်လောက မှာ ယင်သက်တမ်း ဆိုတာ ရှိတယ် အဲဒါက ကျင့်ကြံသူတွေအတွက် အဆင့်တက်ဖို့ သုံးတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ အတူတူပဲ၊ ဒါပေမဲ့ သူ့ရဲ့ အကျိုးကျေးဇူးက အဲဒီထက် အများကြီး ပိုပါတယ်"

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေက အလယ်သုံးဆင့် ကျင့်ကြံသူတွေအတွက်ပဲ သိသာတဲ့ အကျိုးသက်ရောက်မှု ရှိတာပါ"

​"ဒါပေမဲ့ ယင်သက်တမ်းကတော့ အထက်သုံးဆင့် ကျင့်ကြံသူတွေအတွက်တောင် သိသာတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ် အခုလို ဝိညာဉ်ကျောက်တုံးတွေ ရှားပါးနေတဲ့ အချိန်မှာ တကယ်လို့ ယင်လောကကို ကူးပြောင်းနိုင်ရင် ကျင့်ကြံသူတွေရဲ့ အရင်းအမြစ် ရှာဖွေရတဲ့ ဖိအားကို လျှော့ချပေးနိုင်လိမ့်မယ်"

​ဖန့်ချန်က ပြောပါတယ်။

​ဆရာ ၆ ယောက်စလုံးရဲ့ အမူအရာက လေးနက်သွားပါတယ်။

ဒီနေ့ ဖန့်ချန်က အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို ကြေညာတော့မယ်လို့ သူတို့ ခံစားမိနေကြပါပြီ။

​"ဆရာဖန့်... မင်းက ဝိညာဉ်လာကသွားခြင်း အတတ်ပညာကို သင်ပေးချင်တာလား ဒါပေမဲ့ စည်းကမ်းအရဆိုရင် ဒီပညာကို သင်ယူတဲ့သူက မင်းရဲ့ တာအိုသုံးထောင်ဂိုဏ်း ထဲကို ဝင်ရမယ် မဟုတ်လား၊ မင်းရဲ့ တွက်ကိန်းကတော့ တကယ် မဆိုးဘူးပဲ"

​ဆရာဝမ်က ခပ်နောက်နောက် ပြောလိုက်ပါတယ်။

​"စည်းကမ်းအရဆိုရင်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ကျုပ် သေချာစဉ်းစားကြည့်တဲ့အခါမှာ အခြေအနေအရ ပြောင်းလဲသင့်တယ်လို့ မြင်တယ် ဝိညာဉ်လောကသွားခြင်း အတတ်ပညာလောက်ကိုတော့ ကိုယ့်အတွက်ပဲ သိမ်းထားဖို့ မလိုပါဘူး"

​ဖန့်ချန်က ဆိုပါတယ်။

​လူတိုင်းရဲ့ စိတ်ဝင်စားမှုက မြင့်တက်သွားပါတယ်။

ဆရာကျိ က ထူးဆန်းတဲ့ အမူအရာနဲ့

"ဆရာဖန့်... မင်းရဲ့ ဆိုလိုရင်းက ဒီအတတ်ပညာကို ငါတို့နဲ့ ကျောင်းတော်က တပည့်တွေအားလုံးကို သင်ပေးမယ်လို့ ဆိုလိုတာလား"

​"ဟုတ်ပါတယ်"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။

​ဆရာဝမ်ရဲ့ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားတယ်

"တကယ်လို့ အဲဒီအတိုင်းသာဆိုရင်တော့ ငါ ဆရာဖန့်ကို ကြိုတင် ကျေးဇူးတင်ထားပါရစေ"

​ဖန့်ချန်က စကားအများကြီး မပြောတော့ဘဲ ဝိညာဉ်လောကသွားခြင်းရဲ့ နည်းစနစ်တွေကို သူတို့ကို ချက်ချင်း သင်ပေးလိုက်ပါတယ်။

​ဆရာ ၆ ယောက်စလုံးဟာ မသေမျိုးဘုရင် အဆင့်တွေ ဖြစ်ကြတာကြောင့် ဒီလို နည်းစနစ်မျိုးကို နားထောင်လိုက်တာနဲ့ ချက်ချင်း နားလည်သွားကြပါတယ်။

​"ဒါပေမဲ့ ဒီထဲမှာ တစ်ခုခု လိုနေသလိုပဲ"

​ဆရာလူက မျက်မှောင်ကြုတ်လိုက်တယ်၊ သူ ခုနကပဲ ဒီနည်းစနစ်ကို စမ်းသုံးကြည့်ပေမဲ့ ယင်လောကသွားတာ မအောင်မြင်ခဲ့ပါဘူး။

တစ်ခုခု လိုနေသလို ခံစားနေရပါတယ်။

​"ယင်လောကသွားဖို့အတွက် ကြားခံပစ္စည်း လိုအပ်ပါတယ်၊ ဒါက ဝိညာဉ်မီးအိမ် နဲ့ တခြား ဆေးဖက်ဝင်ပစ္စည်းတွေကို ကျိုချက်ထားတဲ့ ဆီမီးဆီ ပါ ဒီဆီ ၁ ကျပ်သား ရှိရင် ယင်လောကကို အကြိမ် ဆယ်ဂဏန်းလောက် သွားလို့ရပါတယ်"

​ဖန့်ချန်က ဆီမီးဆီအချို့ကို ထုတ်ပြပြီး ရှင်းပြတယ်

"ဒီဆီမီးဆီရဲ့ အကူအညီ မပါရင် ဝိညာဉ်ကူးပြောင်းဖို့ မအောင်မြင်နိုင်ပါဘူး"

​"ဝိညာဉ်မီးအိမ် ဒီလို ပစ္စည်းမျိုး တစ်ခါမှ မကြားဖူးဘူး"

​ဆရာ ၆ ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

မသေမျိုးဘုရင်တွေ အနေနဲ့ သူတို့က ဗဟုသုတ ကြွယ်ဝသူတွေ ဖြစ်ပေမဲ့ ဝိညာဉ်မီးအိမ် ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးသလို မမြင်ဖူးကြပါဘူး။

​"ဆရာဖန့်... ဒီဆီမီးဆီရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ"

​ဆရာကျိက စိတ်ဝင်တစား မေးလိုက်ပါတယ်။

​"မကြီးပါဘူး၊ ၁ ကျပ်သားကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ပေးပါ"

​ဖန့်ချန်က ပြုံးပြုံးလေး ပြောလိုက်ပါတယ်။

​ဒီဆီမီးဆီက ဝိညာဥ်သိုင်းနယ်မြေမှာဆိုရင် ၁ ကျပ်သားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ပဲ တန်တာပါ။

ဒါပေမဲ့ ရှားပါးတာက ပိုတန်ဖိုးရှိတာမို့ ကျုံးကျိုးက ကျင့်ကြံသူတွေအတွက် ယင်လောသွားဖို့ အခွင့်အရေးဟာ ရှားပါးလွန်းလှပါတယ်။

ဒါကြောင့် ၁ ကျပ်သားကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုတာက မများလွန်းဘူးလို့ သူ ယူဆထားပါတယ်။

​"ဝိညာဉ် ၁၀ ကြိမ်ကျော် ကူးပြောင်းနိုင်တယ်ဆိုတော့ တစ်ကြိမ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မကျသင့်ဘူးပေါ့... တကယ်ကို မကြီးပါဘူး"

​ဆရာ ၆ ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဒီဆီမီးဆီရဲ့ တန်ဖိုးကို တွက်ချက်လိုက်ကြပါတယ်။

သူတို့ရဲ့ မျက်နှာတွေဟာ ပိုပြီးတော့တောင် ကြည်လင်လာပါတယ်။

​တစ်ဖက်လူက ဈေးနှုန်းကို အဆမတန် တောင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး၊ ဒီဈေးနှုန်းက အလွန်တရားမျှတပါတယ်၊ ပြီးတော့ ဒါဟာ ကျောင်းတော်က တပည့်တွေကို လမ်းစသစ် တစ်ခု ရှာပေးချင်တဲ့ သူ့ရဲ့ စစ်မှန်တဲ့ စေတနာကိုလည်း မြင်နိုင်ပါတယ်။

​ပြောရမယ်ဆိုရင် ဒီကူညီပံ့ပိုးမှု တစ်ခုတည်းနဲ့တင် သူတို့ ကျောင်းတော်မှာ နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ အကျိုးပြုမှုတွေထက် မနိမ့်ကျသလို၊ အချို့သူတွေထက်တောင် သာလွန်နေပါသေးတယ်

​"ဆရာဖန့်... မင်းလက်ထဲမှာ ဆီမီးဆီက နည်းနည်းလေးပဲ ရှိတာဆိုတော့ ခွဲဝေဖို့ မလုံလောက်မှာ စိုးရတယ်"

​ဆရာကျိက ပြောပါတယ်။

​"ဟုတ်တယ်၊ အဲဒီအစား ဝိညာဉ်ကြာပန်းကို ဘယ်မှာ ရနိုင်မလဲဆိုတာ ပြောပြပါ ငါတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အများကြီး သွားယူနိုင်မှာပါ"

​ဆရာဝမ်က ဝင်ပြောလိုက်ပါတယ်။

​ဒီစကား ထွက်လာတာနဲ့ ဆရာကျိ၊ ဆရာကျောက်၊ ဆရာဟန်၊ ဆရာလွီ တို့ဟာ သူ့ကို ပြိုင်တူ ကြည့်လိုက်ကြပါတယ်။

​"ဒါက မကောင်းဘူး ထင်တယ်၊ ဒီဆီမီးဆီတွေက ဆရာဖန့်ရဲ့ တာအိုသုံးထောင်ဂိုဏ်း နည်းစနစ်နဲ့ ဖော်စပ်ထားတာပဲ ဖြစ်ရမယ်၊ မင်း အဲဒါကို မေးတာက နယ်ကျော်သွားသလို ဖြစ်နေပြီ"

​ဆရာကျိက ခပ်အေးအေး ပြောလိုက်ပါတယ်။

​"တကယ်ပါပဲ၊ ငါ သေချာ မစဉ်းစားမိလို့ပါ၊ ဆရာဖန့် စိတ်မရှိပါနဲ့ဦး"

​ဆရာဝမ်က သဘောပေါက်သွားပြီး တောင်းပန်တဲ့ ပုံစံနဲ့ ပြုံးပြပါတယ်။

​ဖန့်ချန်က ရယ်မောလိုက်တယ်

"ကိစ္စမရှိပါဘူး၊ ကျုပ်လက်ထဲမှာ ပြင်ဆင်ထားတဲ့ ဆီမီးဆီက သိပ်မများဘူး ဆိုပေမဲ့ မနည်းပါဘူး ကျောင်းတော်က တပည့်အားလုံး အနည်းဆုံး တစ်ကြိမ်တော့ ဝိညာဉ်ကူးပြောင်းနိုင်အောင် လုပ်ပေးနိုင်ပါတယ်"

​"ဒါဆိုရင် ငါ အရင်ဆုံး ၁ ပိဿာ ... မဟုတ်ဘူး၊ ၅ ပိဿာ အရင်ဝယ်မယ်"

​ဆရာကျိက ပြောပြောဆိုဆိုနဲ့ ဖန့်ချန်ဆီမှာ ပစ္စည်းအလုံအလောက် ရှိ၊ မရှိတောင် မစစ်တော့ဘဲ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ချက်ချင်း ထုတ်ပေးလိုက်ပါတယ်။

​"ဆရာကျိ... ခင်ဗျား ဒါမျိုးလုပ်တာတော့ မကောင်းဘူးလေ၊ တကယ်လို့ ဆရာဖန့်ဆီမှာ စုစုပေါင်း အဲဒီလောက်ပဲ ရှိရင် ခင်ဗျားတစ်ယောက်တည်း အကုန်ယူသွားသလို ဖြစ်နေမှာပေါ့"

​ဆရာကျောက်က သူ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

​"တစ်ယောက်ကို ၅ ပိဿာစီပဲ ဝယ်မယ်ဆိုရင်တော့ ပစ္စည်းက အလုံအလောက် ရှိပါတယ်"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ဆရာ ၆ ယောက်ဟာ ထပ်မတွန့်ဆုတ်တော့ဘဲ ငွေထုတ်ပြီး ချက်ချင်း ဝယ်ယူလိုက်ကြပါတယ်။

​ဆီမီးဆီ ပိဿာ ၃၀ ရောင်းထွက်သွားပြီးတဲ့နောက်မှာတော့ အိတ်ထဲမှာ ငွေပြတ်နေတဲ့ ဖန့်ချန်ဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ပြန်လည် ပိုင်ဆိုင်လာပါတော့တယ်။

​ဒီအရောင်းအဝယ် ပြီးသွားတဲ့အခါ ဖန့်ချန်ဟာ ဆရာ ၆ ယောက်ကို နှုတ်ဆက်ပြီး ကျမ်းစာဆောင်ကို သွားခဲ့ပါတယ်။

​သတင်း ကြိုရထားတဲ့ ယွီချင်းကျိ တို့အဖွဲ့လည်း မနှောင့်နှေးဘဲ ရောက်လာကြပါတယ်။

​အရင်ကတည်းက ဝိညာဉ်ကူးပြောင်းဖို့ ကြားခံပစ္စည်း လိုတယ်ဆိုတာ သိထားကြတာမို့ အခုလာတဲ့အခါ သူတို့နဲ့အတူ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ယူလာခဲ့ကြပါတယ်။

အချို့က သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ စုထားတာဖြစ်ပြီး အချို့ကတော့ မိသားစုဆီကနေ တောင်းလာတာပါ။

​"ဆရာဖန့်"

​စင်မြင့်ပေါ်က လူရိပ်ကို မြင်တာနဲ့ လူတိုင်းက လက်အုပ်ချီ နှုတ်ဆက်ကြပါတယ်။

​"အင်း... ငါ့လက်ထဲမှာ ယင်လောကသွားဖို့ လိုအပ်တဲ့ ဝိညာဉ်ခေါ်မီးအိမ် ရဲ့ ဆီမီးဆီ ရှိတယ်၊ မင်းတို့ ဝိညာဉ်ကျောက်တုံးတွေ ပြင်ထားကြရဲ့လားအလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို ဆီ ၁ ကျပ်သား ရမယ်၊ အဲဒါက ဝိညာဉ်လောကကို ၁၀ ကြိမ်ကျော် သွားလို့ရတယ်"

​လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။

တကယ်ပဲ ဒီကိစ္စပါလား၊ သူတို့ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ တကယ်ကို မစောင့်နိုင်တော့တာပါ။

ယင်လောက က ဘယ်လိုရှိမလဲဆိုတာ သွားကြည့်ချင်နေကြတာပါ။

ဒီနေ့ ပြီးသွားရင်တော့ သူတို့ တကယ်ပဲ ဝိညာဉ်ကူးပြောင်းတဲ့ အရသာကို စမ်းကြည့်နိုင်တော့မှာပါ

​ယွီချင်းကျိကတော့ အပြည့်အစုံ ပြင်ဆင်လာခဲ့တာဖြစ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ တိတိ ယူလာခဲ့ပါတယ်။

သူက ယွီမိသားစုဝင်တွေကို ဝိညာဉ်ကူးပြောင်းခြင်း အတတ်ပညာကို လျှို့ဝှက် မသင်ပေးဘူးဆိုတာကို ဖန့်ချန် လုံးဝ မယုံပါဘူး။

​ဒါပေမဲ့ ဒါဟာ သူမြင်ချင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ယွီမိသားစုဝင်တွေ ယင်လောကထဲ ပိုဝင်လေလေ ပိုကောင်းလေပါပဲ၊ အဲဒီအခါမှာ အားနည်းချက်တွေ ပိုထွက်လာမှာပါ။

​တစ်နေ့ကျရင် ကျုံးကျိုး၊ တိထျန်း၊ ပေတု နယ်မြေသုံးခုက ကျင့်ကြံသူတွေ ယင်လောကထဲကို ပိုပြီး အလုံးအရင်းနဲ့ ဝင်လာကြတဲ့အခါမှာတော့ သူ လုပ်နိုင်တဲ့ ကိစ္စတွေက ပိုများလာမှာ ဖြစ်ပါတယ်။

​နောက်ဆုံးမှာတော့ ဖန့်ချန်ဟာ နောက်ထပ် ဆီ ၁၀ ပိဿာ လောက် ထပ်ရောင်းလိုက်ရပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထပ်ရခဲ့ပါတယ်။

အဲဒီထဲမှာ ယွီချင်းကျိက အများဆုံး ဝယ်ယူသူဖြစ်ပြီး တစ်ယောက်တည်းနဲ့ ကျောက်တုံး ၅၀၀ ဖိုး ဝယ်ခဲ့တာပါ။

​ဖန့်ချန် ထွက်သွားပြီးတဲ့နောက်မှာတော့ လူတိုင်းက မစောင့်နိုင်တော့ဘဲ ကျောင်းတော်ကနေ ထွက်ခွာပြီး ကိုယ့်နယ်မြေကိုကိုယ် ပြန်ကာ ဝိညာဉ်ကူးပြောင်းတဲ့ အရသာကို စမ်းဖို့ ပြင်ဆင်ကြပါတော့တယ်။

​လီရှောင်နိုင်ငံ မှာတော့ ယွီချင်းကျိဟာ ကျောင်းတော်ကနေတစ်ဆင့် ပြန်ရောက်လာပြီး ချက်ချင်းဆိုသလို အဘိုးအိုတစ်ယောက်ကို သွားတွေ့ပါတယ်။

​ဒီအဘိုးအိုက ကြည့်ရတာ တစ်ဖက်က သင်္ချိုင်းထဲ ရောက်နေပြီဖြစ်ပြီး သက်တမ်းလည်း သိပ်မကျန်တော့ပုံ ရပါတယ်။

ယွီချင်းကျိ ရောက်လာတာကို မြင်တော့ ခပ်အေးအေးပဲ မေးလိုက်တယ်

​"ချင်းကျိ... ကျောင်းတော်မှာ မနေဘဲ ဘာလို့ ပြန်လာတာလဲ"

​"အဘိုး... ကျွန်တော် ဝိညာဉ်ကူးပြောင်းဖို့ ကြားခံပစ္စည်း ရခဲ့ပါပြီ၊ ဝိညာဉ်လောကသွားခြင်းအတတ်ပညာကို စတင် အသုံးပြုလို့ ရပါပြီ"

​ယွီချင်းကျိက ရိုရိုသေသေ ပြောလိုက်ပါတယ်။

​အဘိုးအိုရဲ့ မျက်လုံးထဲမှာ ဝင်းလက်တဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားတယ်

"ဟုတ်လား၊ အဲဒီ ဆရာဖန့်ဆီက ဝယ်လာတာလား"

​"ဟုတ်ပါတယ်၊ ကျွန်တော် အရင်ဆုံး စမ်းကြည့်ပါ့မယ်၊ တကယ်လို့ အဆင်ပြေတယ်ဆိုရင် အဘိုးလည်း ဒီအတတ်ပညာကို သုံးနိုင်မှာပါ ဒါဆိုရင် ဝိညာဉ်ကူးပြောင်းခြင်း နည်းလမ်းကနေတစ်ဆင့် လက်ရှိ အတားအဆီးကို ကျော်ဖြတ်ပြီး သက်တမ်း နောက်ထပ် ၆၀၀ တိုးနိုင်မှာပါ"

​ယွီချင်းကျိက ရိုသေစွာ လျှောက်တင်လိုက်ပါတယ်။

All Chapters