အခန်း (၂၃)
Vol. 3 Ch. 23
အဝတ်လျှော်ပြီး လှန်းပြီးသောအခါ ကျိုးချင်းရှန် အိမ်ပြန်ရောက်လာခဲ့သည်။ မိခင်ဖြစ်သူမှာ မီးဖိုချောင်ထဲတွင် ရှိနေပြီး စိတ်နှင့်ကိုယ် မကပ်သလိုဖြစ်ကာ တရုတ်နံနံရွက်များကို ဇလုံထဲတွင်ချန်ထားပြီး အရိုးများကို အမှိုက်ပုံးထဲသို့ ပစ်ထည့်နေသည်။
ဒါကို သတိထားမိသဖြင့် လော့လန်သည် ယောက္ခမဖြစ်သူ၏ လက်ထဲမှ တရုတ်နံနံပင်များကို ယူလိုက်သည်။
"အမေ သွားနားလိုက်ပါ။ ညစာကို သမီး စီစဉ်လိုက်မယ်"
အမျိုးသမီးကြီး၏ ဗလာဖြစ်နေသော မျက်နှာထားမှာ တဖြည်းဖြည်း အာရုံပြန်ရလာပြီး သူမ ဘာလုပ်လိုက်မိသလဲဆိုတာကို သတိပြုမိသွားသည်။
"အို... ငါ ဟင်းသီးဟင်းရွက်တွေ အကုန် လွှင့်ပစ်လိုက်မိပြီပဲ"
"သမီး ကြည့်လုပ်လိုက်ပါ့မယ်။ သွားပြီး အနားယူလိုက်ပါ"
လော့လန်က ယောက္ခမဖြစ်သူကို တွဲကူထွက်လာစဉ် ရုတ်တရက် ကျိုးချင်းရှန်ကို မြင်လိုက်ရသည်။ သူမ၏ ယခင်က ဗလာဖြစ်နေသော မျက်နှာထားမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး သူ့ထံသို့ အပြေးသွားလေသည်။
"အမေ တစ်ခုခု မှားလုပ်မိလို့လား။ ချင်းရှန် ပြောပါဦး၊ အမေ အမှားလုပ်မိလို့လား"
သူမ၏ စိတ်ဒုက္ခရောက်နေသော အခြေအနေကို မြင်လိုက်ရသဖြင့် ကျိုးချင်းရှန်က သူမကို တွဲကူပေးရန် လက်လှမ်းလိုက်သည်။
"မဟုတ်ပါဘူး အမေရယ်၊ အမေ့အမှား မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး အဲဒီလို မတွေးပါနဲ့။ အမေ့အမှား မဟုတ်ပါဘူး"
ဆူညံသံများကြောင့် ထွက်လာသော ကျိုးကျွင်းဟွေ့မှာ ခေတ္တမျှ ကြောင်အသွားသည်။ ထို့နောက် သူမ၏ မိခင်ထံသို့ အပြေးသွားပြီး ဖက်ထားလိုက်သည်။ "အမေ... အဲဒီလို မပြောပါနဲ့။ အားလုံး သမီးအမှားပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ သမီးကြောင့် ဖြစ်ရတာပါ"
စကားပြောရင်း သူမ၏ ပါးကို အလျင်အမြန်ပင် အားဖြင့် ရိုက်လိုက်သည်။ "သမီးအမှားပါ။ အမေ စိတ်ဆိုးရင် သမီးကို ရိုက်လိုက်ပါ။ ဟုတ်ပြီလား"
အမျိုးသမီးကြီးက သမီးဖြစ်သူ၏ လက်မောင်းကို တွယ်ဖက်ထားပြီး သူမကိုယ်သူမ ထပ်နာကျင်အောင်လုပ်ခြင်းမှ တားဆီးရန် ကြိုးစားလိုက်သည်။ “ ကျွင်းဟွေ့... အဲဒီလို မလုပ်ပါနဲ့။ အမေ့အမှားပါ။ အမေက အသုံးမကျလို့ပါ၊ အမေ့အမှားပါ..."
မြင်ကွင်းမှာ ရှုပ်ထွေးနေသည်။ မိသားစုမှာ ကမောက်ကမ ဖြစ်နေသဖြင့် လော့လန်မှာ လူစုံရှိနေသည်ကို မြင်လိုက်ရ၍ စိတ်သက်သာရာရသွားပြီး အမျိုးသမီးကြီး ရည်ရွယ်ချက်မဲ့ လျှောက်သွားနေခြင်းမှ ကာကွယ်ရန် ကြားဝင်လိုက်သည်။
မိခင်နှင့် သမီးတို့ အပြန်အလှန် အပြစ်တင်နေကြသည်ကို မြင်လိုက်ရသဖြင့် လော့လန်က ခင်ပွန်းဖြစ်သူကို တင်းမာစွာ ကြည့်လိုက်သည်။ "ဘာ ကြည့်နေတာလဲ။ ဆေး မြန်မြန်သွားယူလေ"
"အင်း" ကျိုးချင်းရှန် ဆေးသွားယူလိုက်ပြီး လော့လန်က ရေတစ်ခွက် ပြင်ဆင်လိုက်သည်။ သူတို့ ဝိုင်းဝန်းပြီး ယောက္ခမဖြစ်သူကို ဆေးတိုက်လိုက်ကြသည်။
"အမေ... ဆေးမြန်မြန်သောက်လိုက်ပါ"
လော့လန် ရေကမ်းပေးလိုက်ပြီး ခင်ပွန်းဖြစ်သူက မိခင်၏ ပါးစပ်နားသို့ ဆေးပို့ပေးလိုက်သည်။ သူမ၏ မျက်နှာတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေဆဲဖြစ်ပြီး သတိလွတ်လုနီးပါးဖြစ်နေကာ ဆေးကို ငြိမ်သက်စွာ သောက်လိုက်ပြီးနောက် သူမကို အခန်းထဲသို့ ပြန်ပို့ပေးလိုက်ကြသည်။
"အမေက အရမ်း အားနည်းလွန်းတယ်။ အမေက မင်းရှန် ကို ဖျက်ဆီးမိတဲ့သူပါ..."
"အမေ" ကျိုးချင်းရှန်က သူမ၏ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှုများကို ဖြတ်ပြောလိုက်သည်။ သူမ၏ အာရုံ သူ့ထံသို့ ရောက်လာချိန်တွင် နူးညံ့စွာ ပြောလိုက်သည်။ "အမေ့အမှား မဟုတ်ပါဘူး။ အမေ့အမှား မဟုတ်ပါဘူး"
"အမေ... အားလုံး သမီးအမှားပါ။ ရိုက်ချင်ရင် သမီးကို ရိုက်ပါ၊ ဆူပါ"
"ကျွင်းဟွေ့"
လော့လန်က ယောက်မဖြစ်သူ ထပ်၍ ပြဿနာရှာခြင်းမှ တားဆီးရန် ဝင်ပြောလိုက်သည်။ "အမေ စိတ်ငြိမ်ပြီး အနားယူပါစေဦး။ သူ့ကို ထပ်ပြီး စိတ်ဆွမနေနဲ့"
ပုံမှန်အားဖြင့် စိတ်ဓာတ်ခိုင်မာသော ကျိုးကျွင်းဟွေ့မှာ မိခင်ဖြစ်သူ၏ အခြေအနေကို မြင်လိုက်ရသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူမ ခေါင်းညိတ်လိုက်ပြီး စကားထပ်မပြောတော့ဘဲ အစ်ကိုဖြစ်သူကိုသာ မိခင်အား နှစ်သိမ့်ခွင့် ပေးလိုက်သည်။
လော့လန်သည် ကျိုးကျွင်းဟွေ့ကို အပြင်သို့ ခေါ်ထုတ်လာပြီး အရေးပေါ် အခြေအနေအတွက် အိပ်ခန်းတံခါးကို အနည်းငယ် ဟထားလိုက်သည်။ ယောက္ခမဖြစ်သူ၏ တိုးညှင်းသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သံများကို နားထောင်ရင်း ကျိုးချင်းရှန်က ညင်သာစွာ နှစ်သိမ့်ပေးနေသည်။ နောက်ဆုံးတွင် ဆေးအရှိန်နှင့် သားဖြစ်သူ၏ အားပေးစကားများအောက်တွင် အမျိုးသမီးကြီးမှာ တိတ်ဆိတ်သွားပြီး အိပ်ပျော်သွားတော့သည်။
ကျိုးချင်းရှန် အခန်းထဲမှ ထွက်လာပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ခေါင်းငုံ့၍ တောင်းပန်နေသော ညီမဖြစ်သူ ကျိုးကျွင်းဟွေ့ကို ရင်ဆိုင်ရင်း ကျိုးချင်းရှန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဘာမှထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။
လော့လန်သည် တိတ်ဆိတ်စွာပင် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားစဉ် စိတ်မရှည်နိုင်တော့သော စနစ်မှာ ဂနာမငြိမ် ဖြစ်လာခဲ့သည်။
"ပိုင်ရှင် နင် မသိချင်ဘူးလား။ သွားမေးကြည့်လိုက်လေ။ ငါ နင့်ကို အမှတ် အဆငါးဆယ် ပေးမယ်"
"ဒီည နင့်ကို ဖရဲသီးစားခွင့်ပေးမယ်၊ အမှတ် အဆ ငါးဆယ် ဆိုတဲ့ ကတိကို ပြန်ဖျက်လို့မရဘူးနော်"
"သဘောတူတယ်" ထိုသို့ပြောပြီးနောက် စနစ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ညစာ ကျက်လုနီးပါးဖြစ်နေချိန်တွင် စနစ်က ရုတ်တရက် ထပ်ပြောခဲ့သည်။ 'ငါ့ဘက်က နစ်နာသွားသလို ခံစားနေရပါလား'
'သဘောထား သေးသိမ်လိုက်တာ'
'ဘယ်သူ့ကို သဘောထားသေးသိမ်တယ်လို့ ပြောတာလဲ။ နင့်ကို ပြောပြရဦးမယ်၊ ဒီစနစ်က ကြယ်တာရာ...'
'ဘာလို့ ရပ်သွားတာလဲ။ ကြယ်တာရာ ဘာဖြစ်လဲ'
'မေးခွန်းတွေ များလိုက်တာ။ သွားပြီး သတင်းစုံစမ်းချေ၊ အမှတ်တွေရဖို့ နှောင့်နှေးမနေနဲ့။ အဆငါးဆယ်ဆိုတာ အိမ်တစ်လုံး ဝယ်လို့ရတယ်'
စပ်စုရန် ဝန်လေးနေသော လော့လန်သည် ဆက်မမေးတော့ဘဲ ရှောင်ဖယ်လိုက်သည်။ လူတို့သည် ပိုသိချင်လေလေ ပို၍ ရှောင်ဖယ်လေလေ ဖြစ်တတ်သည်။ စနစ်သည်လည်း ထိုသဘောတရားအတိုင်း လုပ်ဆောင်ပုံရပြီး သတင်းအချက်အလက် ပေးရန် ပိုသင့်လျော်သော အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။
ညစာစားချိန်တွင် ကျိုးချင်းရှန် သိပ်မစားပေ။ သူတို့နှစ်ဦးတည်း ရှိနေသောအခါ သူ စ၍ရှင်းပြခဲ့သည်။
"အမေ ဘယ်လိုဖြစ်နေလဲဆိုတာ မင်း မြင်တယ်မလား။ မင်း ကြိုတင်ပြင်ဆင်ထားလို့ရအောင် ကိုယ် ရှင်းရှင်းလင်းလင်း ပြောပြစရာတချို့ ရှိတယ်"
လော့လန် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်နေသော်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အမှတ် အဆငါးဆယ်ဆိုသည်မှာ ပမာဏ အဆငါးဆယ်နှင့် ညီမျှသော အရာများကို လဲလှယ်နိုင်ပြီဟု ဆိုလိုသည်။ သူမ များများ စုဆောင်းမိလေလေ၊ ပိုလုံခြုံမှုရှိလေလေဟု ခံစားရသည်။
“ကိုယ့်မိဘတွေ လက်ထပ်ပြီးတော့ ကလေးလေးယောက် ရခဲ့တယ်။ ကိုယ့်ညီလေး ကျိုးမင်းရှန်နဲ့ ကျွင်းဖန်က တစ်နှစ်ပဲကွာတာ။ ကိုယ် စစ်ထဲဝင်တော့ သူက ရှစ်နှစ်ပဲ ရှိသေးတာ.. မူလတန်း စတက်ကာစပေါ့။ ကိုယ် သူနဲ့ သိပ်စကားမပြောဖြစ်ခဲ့ဘူး။ လေးနှစ်ကြာလို့ ကိုယ် အိမ်ပြန်ရောက်တော့ သူက ရွယ်တူတွေထက် အရပ်ပုနေသေးတယ်၊ ပြီးတော့ အရမ်း အနေအေးတယ်”
ဒါက အစပဲရှိသေးတယ်၊ နောက်ဆက်တွဲက ဘာလဲ။ လော့လန်က သူစကားပြော ရပ်သွားသည်ကို မြင်လိုက်ပြီး မသိစိတ်ဖြင့် မေးလိုက်မိသည်။ "အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ"
"အထက်တန်းတက်တုန်းက သူ ရန်ပွဲတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်..." ကျိုးချင်းရှန်က ထိုအကြောင်းအရာသည် မိသားစုအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လေးလံလွန်းလှသကဲ့သို့ တဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
"ပါးပေါ်မှာ ဓားရှရာနဲ့ အိမ်ပြန်ရောက်လာတော့ အမေက သူ့ကို အရင်ဆုံး တွေ့သွားတယ်။ မေးကြည့်တော့ အတန်းဖော်နဲ့ ပြဿနာတက်တာလို့ ပြောတယ်။ အမေက ဒေါသထွက်ပြီး အတန်းဖော်ရဲ့ မိဘတွေနဲ့ သွားတွေ့ပြီး ရှင်းမလို့ လုပ်သေးတယ်။ ဒါပေမဲ့ အမေက သူတို့ကို အဲ့လို ပြဿနာကောင်တွေနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်လို့ ယုံကြည်ခဲ့တယ်။ လူကြီးတွေ ဝင်ပါတာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အထူးသဖြင့် ကလေးတွေက ဆိုးသွမ်းပြီး ပိုဆိုးဆိုးရွားရွား တုံ့ပြန်လာနိုင်တယ်လေ"
"အဲ့ဒီအချိန်တုန်းက အဖေက မတော်တဆမှု ဖြစ်ပြီးသွားပြီလား" ထိုကဲ့သို့ အရေးကြီးသော အရွယ်တွင် ဖခင်ဖြစ်သူ ပါဝင်ပတ်သက်မှုရှိပါက ပို၍ အထောက်အကူ ဖြစ်စေနိုင်ခဲ့မည် ဖြစ်သည်။
"အဲ့ဒီတုန်းက အဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ။ အတန်းဖော်တွေထဲက တစ်ယောက်ရဲ့ မိဘကို အမေက သိတယ်၊ ပြီးတော့ သူတို့က အရမ်းကာကွယ်တတ်မှန်း သိထားတော့ အဲ့ဒီကနေ ဘာရလဒ်မှ မထွက်ခဲ့ဘူး။ အမေက မင်းရှန်ရဲ့ ဒဏ်ရာတွေကို ပိုးသတ်ဆေးထည့်ပေးပြီး စာကြိုးစားတာကသာ တစ်ခုတည်းသော ထွက်ပေါက်ပဲလို့ ထပ်ခါတလဲလဲ ပြောခဲ့တယ်။ ရန်ဖြစ်တာက ခဏတာ ကျေနပ်မှုနဲ့ ခန္ဓာကိုယ် နာကျင်မှုကိုပဲ ပေးတာ၊ ဘာအကျိုးကျေးဇူးမှ မရှိဘူးလို့ပေါ့"
"အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ"
"နောက်ပိုင်းကျတော့ မင်းရှန်ဆီမှာ ဒဏ်ရာတွေ မတွေ့ရတာ တော်တော်ကြာသွားတော့ အမေလည်း နည်းနည်း စိတ်အေးသွားတယ်။ ဒါပေမဲ့ တစ်လလောက်အကြာမှာ ကျောင်းမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ အမေ ရောက်သွားတဲ့အချိန်မှာ သူက အသက်မရှိတော့ဘူး။ အတန်းဖော်တချို့နဲ့ ရန်ဖြစ်ခဲ့တယ်လို့ သတင်းရတယ်"
"ဘယ်လိုလုပ် အဲ့လိုဖြစ်ရတာလဲ။ လူသေတဲ့အထိ ဖြစ်ရအောင် ရန်ပွဲက ဘယ်လောက်တောင် ပြင်းထန်ခဲ့လို့လဲ"
"ကျောင်းအိမ်သာနားမှာ ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ ရန်ဖြစ်နေတုန်း မတော်တဆ ချော်လဲပြီး ကျောက်တုံးနဲ့ ခေါင်းဆောင်မိသွားတာတဲ့။ အဲ့ဒီဒဏ်ကြောင့်ပဲ ဆုံးသွားတာ"
"ရှင် စစ်တပ်ကနေ ပြန်လာတာ ဒီကိစ္စကြောင့်မလား"
"ဟုတ်တယ်။ မင်းရှန်က အမေ့အတွက် အရမ်းဝမ်းနည်းစရာ ဖြစ်ခဲ့ရပြီး အပြစ်ရှိစိတ်တွေ၊ နောင်တရစိတ်တွေက အမေ့ကို လွှမ်းမိုးသွားခဲ့တယ်။ အဆိုးရွားဆုံး အချိန်တွေတုန်းကဆို အမေက ကိုယ့်ကိုယ်ကိုယ်တောင် အနာတရဖြစ်အောင် လုပ်ပြီး သွေးထွက်လွန်ပြီး သေလုနီးပါး ဖြစ်ခဲ့သေးတယ်။ လှေမှောက်တဲ့ မတော်တဆမှုကြောင့် အဖေကလည်း ပျောက်နေတော့ တစ်ယောက်ယောက်က မိသားစုကို ထောက်ပံ့ဖို့ လိုလာတာပေါ့"
"အခု အခြေအနေအရဆိုရင် အမေ စိတ်သက်သာရာရအောင် ကျွန်မတို့ ကြိုးစားကူညီပေးသင့်တယ်။ အပြစ်ရှိစိတ်နဲ့ နောင်တတွေက ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ရန်ပွဲကနေ ဒီလောက် ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ အမေလည်း ဘယ်ထင်ပါ့မလဲ"
"အဲ့ဒါကတော့ ကိုယ်တို့ ပြောသင့်တဲ့ စကားပေါ့..." ကျိုးချင်းရှန် တိတ်ဆိတ်သွားပြီး သူ၏ ချောမောသော မျက်နှာတွင် အမှောင်ရိပ်များ ဖုံးလွှမ်းသွားသည်။ သူ၏ တိုးညှင်းသော အသံနှင့် တင်းတင်းဆုပ်ထားသော လက်များက သူ၏ ဖိနှိပ်ထားရမှု အတိမ်အနက်ကို ပြသနေသည်။
“ကျိုးချင်းရှန်” ဇာတ်လမ်းနောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနိုင်သေးကြောင်း အာရုံခံမိသဖြင့် လော့လန်က ခေါ်လိုက်သည်။ “မင်းရှန် သေဆုံးရတာက ရန်ဖြစ်တုန်း ချော်လဲတာ တစ်ခုတည်းကြောင့်ဆိုတာ ရှင် သေချာလား"
"ကျောင်းကတော့ အဲ့လိုပဲ ကောက်ချက်ချတာပဲ"
"အကယ်၍ ရန်ဖြစ်ရာကနေ ဖြစ်သွားတဲ့ မတော်တဆမှု သက်သက်ပဲ ဆိုရင်တော့ အမေ့ကို စိတ်လျှော့လိုက်ဖို့ပဲ ကျွန်မတို့ အကြံပေးနိုင်တော့မယ်။ ရန်ဖြစ်တာကနေ ဒီလောက် ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ယောကျ်ားလေးတွေ ရန်ဖြစ်တာက ပုံမှန်ပါပဲ၊ ပြီးတော့ အရာအားလုံးကို လူကြီးတွေက တားဆီးပေးလို့ ရတာမှ မဟုတ်တာ။ ဒါပေမဲ့ ဒီကိစ္စမှာ နောက်ကွယ်က တခြားအကြောင်းအရင်းတွေ ရှိနေမယ်ဆိုရင်တော့..."
ကျိုးချင်းရှန်သည် နှုတ်ဆိတ်နေပြီး သက်ပြင်းအကြီးကြီး အကြိမ်ကြိမ် ချနေသည်။ လော့လန်သည် သူ့ ညီဖြစ်သူ၏ အခြေအနေတွင် ပိုရှုပ်ထွေးမှုများ ရှိနိုင်ကြောင်း အာရုံခံမိသဖြင့် ထပ်မမေးတော့ပေ။ သူမသည် စောင်တစ်ထည်ကို သယ်လျက် မတ်တပ်ရပ်လိုက်ပြီး ဧည့်ခန်းသို့ သွားရန် ပြင်လိုက်သည်။
"အမေ့ကို စောင့်ကြည့်ဖို့ ကိုယ် ဧည့်ခန်းမှာပဲ အိပ်လိုက်မယ်။ မင်း စောစော သွားအိပ်တော့လေ"
"ရှင်က ဆိုဖာပေါ်မှာ အိပ်မလို့လား"
"အင်း"
အိပ်ခန်းတံခါးနှင့် ဆိုဖာသည် မလှမ်းမကမ်းတွင်သာ ရှိသဖြင့် လော့လန် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ယနေ့ည ယောက္ခမဖြစ်သူနှင့်အတူ တစ်ယောက်ယောက်က အိပ်မပျော်ဘဲ စောင့်နေရန် လိုအပ်ကြောင်း သူမ သိသည်။
ကျိုးချင်းရှန် ဧည့်ခန်းသို့ ထွက်သွားသောအခါ လော့လန်သည် ရေနွေးတည်ရန် မီးဖိုချောင်ဘက်သို့ ဦးတည်သွားလိုက်သည်။ ညဘက် လိုအပ်လာပါက အသုံးပြုနိုင်ရန် ရေနွေးဓာတ်ဘူးထဲသို့ ရေနွေးဖြည့်ထားရန် လိုအပ်သည်။
လေဝင်ပေါက် ဖွင့်ထားသဖြင့် ကျောက်မီးသွေးခဲသည် လျင်မြန်စွာ မီးတောက်လာသည်။ ရေနွေးဆူပြီးနောက် ဓာတ်ဘူးဖြည့်ရန် ဧည့်ခန်းသို့ သူမ သယ်သွားလိုက်သည်။ တံခါးဝအရောက်တွင် တိုးတိုးပြောနေသော စကားသံများကို ကြားလိုက်ရပြီး ကျိုးကျွင်းဟွေ့နှင့် ကျိုးချင်းရှန်တို့ ငြင်းခုန်နေသည်ကို တွေ့လိုက်ရသည်။
"ညီမလေး ဒီမှာနေပြီး အမေ့ကို စောင့်ကြည့်လိုက်မယ်။ ဒါ ညီမအပြစ်ပါ။ ညီမကပဲ အမေ့ကို ပြုစုစောင့်ရှောက်သင့်တာ"
"တော်ပါတော့။ နင့်အမှားနင် သိရင် ငြင်းမနေနဲ့တော့။ အခန်းပြန်ပြီး သွားအိပ်တော့။ ငါ စောင့်ကြည့်လိုက်မယ်"
“အစ်ကို” ကျိုးကျွင်းဟွေ့သည် စောင်ကို ကိုင်လျက် ထိုနေရာတွင် ရပ်နေပြီး နောင်တရကာ ဝမ်းနည်းနေပုံရသည်။ “ တကယ်တော့ တစ်ဖက်မိဘတွေ၊ ဆရာတွေကို သွားတွေ့ရုံနဲ့ ဒီလိုကိစ္စတွေကို လုံးဝ ရှောင်လွှဲလို့မရဘူးဆိုတာ ညီမလေး နားလည်ပါတယ်။ ညီမလေ... ညီမ ရင်တွေ အရမ်းကွဲမတတ် ခံစားရလို့ပါ"
"အမေက ပိုလို့တောင် ရင်ကွဲရသေးတယ်"
"ညီမလေး သိပါတယ်"
ထိုဖြစ်ရပ်ပြီးနောက် အခြားနည်းလမ်းတစ်ခုခု သုံးခဲ့လျှင် ရလဒ် ပြောင်းလဲသွားနိုင်မလားဟု လူတိုင်း တွေးတောမိကြသည်။ သို့သော် ဤကမ္ဘာတွင် 'အကယ်၍သာဆိုလျှင်' ဆိုသည်မျိုး မရှိကြောင်း မေ့လျော့နေတတ်ကြသည်။ ညည်းတွားနေခြင်းသည် ပို၍ နာကျင်စေရုံသာ ဖြစ်ပြီး ဘာအကျိုးမှ မရှိပေ။
လော့လန် ဝင်မပြောခဲ့ပေ။ သူမသည် ဓာတ်ဘူးထဲ ရေဖြည့်ပြီး ထွက်လာခဲ့သည်။ မိသားစု၏ အခြေအနေကြောင့် စိတ်မသက်မသာ ဖြစ်နေသဖြင့် အိပ်မပျော်နိုင်ဘဲ ညဘက်တွင် တစ်ယောက်တည်း ခြံဝန်းထဲမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ မတ်ဖြစ်သူ တက်ရောက်ခဲ့သော အလယ်တန်းကျောင်းသည် သိပ်မဝေးလှပေ။ သူ့အတန်းဖော် ကျောင်းသားများသည် ယခုဆိုလျှင် အထက်တန်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သင့်သည်။
သူမသည် ကျောင်းသားများ ညနေခင်း အတန်းပြီး၍ ထွက်လာခါစ ကျောင်းဂိတ်ပေါက်သို့ ရောက်ရှိသွားသည်။ တချို့က စာအုပ်များကို ဂျိုင်းကြားညှပ်လျက်၊ တချို့က ကျောပိုးအိတ်များ လွယ်လျက်၊ အုပ်စုလိုက် စုရုံးကာ ထွက်ခွာလာကြသည်။
ဂိတ်ပေါက်တွင် ဝါးတောင်းဖြင့် မုန့်ရောင်းနေသော ဈေးသည်တစ်ဦး ရှိသည်။ လော့လန် လမ်းဘေးတွင် ရပ်နေစဉ် မိန်းကလေးတစ်ဦး သူမထံ တိတ်တဆိတ် လျှောက်လာသည်။
"အစ်မ... စာရေးကိရိယာတွေ ရောင်းတာလားဟင်"
သူမ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းညိတ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ ဘာလိုချင်လို့လဲ"
"မျက်နှာဖုံးလှလှလေးတွေနဲ့ ဗလာစာအုပ်တွေ ရှိလားဟင်"
လော့လန် - 'စနစ်၊ နင့်ဆီမှာ မျက်နှာဖုံးလှလှလေးတွေနဲ့ ဗလာစာအုပ်တွေ ရှိလား'
စနစ် - ' အင်း။ (အသံက အခုမှ အိပ်ရာနိုးကာစလို ဂရုမစိုက်တဲ့ပုံစံဖြင့်)'
"ရှိတယ်။ ဘယ်နှအုပ် လိုချင်တာလဲ"
"မျက်နှာဖုံးတွေက တကယ်လှမယ်ဆိုရင်တော့ တော်တော်များများ လိုချင်တယ်။ သမီးနဲ့ သူငယ်ချင်းတွေ ပိုက်ဆံစုထားတာ ကြာပြီ"
"ဒါဆို ဘယ်နှအုပ်လိုလဲ တွက်ထားလိုက်၊ ပြီးရင် ချိန်းထားတဲ့အချိန်ကျမှ ပြန်တွေ့ကြမယ်လေ"
"စနေနေ့ ညနေ ၄ နာရီကျရင် ဟိုဘက်က ကြိုကြားလမ်းကြားထဲမှာ တွေ့ကြမယ်"
"ညနေဘက်ဆိုရင်တော့ အစ်မအတွက် ပိုအဆင်ပြေတယ်။ နေ့လယ်ပိုင်းကျရင် မအားဘူး"
"ဟုတ်ကဲ့။ ဪ... တစ်အုပ်လောက် အရင်ကြည့်လို့ရမလား"
တစ်ပါးသူ၏ စကားကိုချည်း ယုံကြည်နေ၍ မရပေ၊ မြင်ရမှ ယုံကြည်ရမည်။ အကယ်၍ စာအုပ်သည် ပြောထားသကဲ့သို့ မလှပပါက လာရကျိုးနပ်မည် မဟုတ်ပေ။
"ခဏလေး စောင့်နော်"
လော့လန် - 'စနစ်၊ သူ့ကိုပြဖို့ စာအုပ်တစ်အုပ်လောက် ငှားပေးပါဦး၊ နင့်ဆီမှာရှိတဲ့ အလှဆုံးတစ်အုပ်ကိုလေ။ မိန်းကလေးတွေ ကြိုက်မယ့်ပုံစံမျိုး'
စနစ် - ' ရပါတယ်။ အာ ငါက တကယ့်ကို အလွယ်ကူဆုံး စနစ် ပါပဲလား။ ငါ့ကို အမှတ်ပေးရမယ်ဆိုရင် အမှတ်ပြည့် မပေးသင့်ဘူးလား'
လော့လန် - 'အင်းပါ၊ အင်းပါ။'
စနစ် - ' ရိုးသားမှု မရှိလိုက်တာ။'
စနစ်၏ လေသံက စိတ်မရှည်သော်လည်း သူမအား စာအုပ်တစ်အုပ် ပေးလာခဲ့သည်။ လော့လန်သည် ကိုယ်တိုင်ပင် မကြည့်တော့ဘဲ မိန်းကလေးထံသို့ တန်းပေးလိုက်သည်။
ဓာတ်မီးကို ကိုင်ထားသော မိန်းကလေးသည် စာအုပ်ကို အံ့သြစွာ ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ မျက်နှာဖုံးသည် သားရေကဲ့သို့ ချောမွတ်နေပြီး သူမ၏ မိန်းကလေးဆန်သော အကြိုက်နှင့် ကိုက်ညီသည့် ပန်းရောင် အောက်ခံဖြစ်သည်။ ဒီဇိုင်းမှာ ဆန်းပြားပြီး စေ့စပ်သေချာကာ ပုံကြီးချဲ့ထားသော်လည်း လှပသော ပုံစံပါရှိသည်။
"စာအုပ်တိုင်းက ဒီလိုမျိုးပဲလားဟင်"
"ဟုတ်တယ်"
"ဒီတစ်အုပ်ကို အရင်ဝယ်လို့ရမလား။ ပိုက်ဆံရှင်းပေးပါ့မယ်"
ဈေးဆစ်ပြီး အရောင်းအဝယ် လုပ်ပြီးနောက် လော့လန်သည် စာအုပ်ကို တစ်ယွမ်ကျော်ကျော်ဖြင့် ရောင်းလိုက်ပြီး အထည်ဝယ်ခွင့် လက်မှတ် သုံးကိုက်စာ ရရှိလိုက်သည်။ ဤခေတ်ကာလတွင် လက်မှတ် အမျိုးမျိုးသည် တန်ဖိုးရှိသည်။ သူမတွင် စနစ် ရှိသော်လည်း ပွင့်ပွင့်လင်းလင်း သုံးစွဲ၍ရသော ငွေနှင့် လက်မှတ်များ ရှိနေခြင်းက အလွန် အသုံးဝင်သေးသည်။