ငယ်ရွယ်သော မုဆိုးမလေး၏ ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် သူမသည် ကလေးမမွေးနိုင်ဘူးဟူသော အကြောင်းပြချက်ဖြင့် အိမ်ပေါ်ကနှင်ချခံလိုက်ရသည်။ သူမ ဘဝ၏ အနိမ့်ကျဆုံး နေရာကိုရောက်နေချိန်၌ ဖရဲသီးစားခြင်း စနစ်ကို ရလိုက်၏။ ဖရဲသီး စားရင်း၊ ဇာတ်လမ်း ကြည့်ရင်းဖြင့် ရွှေဒင်္ဂါးများကို ဖြည်းဖြည်းချင်း ရရှိနိုင်လိမ့်မည်။ ယောက္ခမဟောင်းက ချွေးမကို နှိပ်စက်လွန်းလို့ မြစ်ထဲကို ခုန်ချတဲ့ထိဖြစ်သွားရသည်။ သူမ - ဘာလို့ မြစ်ထဲခုန်ချမှာလဲ?? အသက်ရှင်နေမှတော့ ကောင်းကောင်း အသက်ရှင်နေရမှာပေါ့ ယခုတော့ ခင်ပွန်းဟောင်း မိသားစု၏ ဖရဲသီးများက တစ်လုံးပြီးတစ်လုံး စားလို့ပြီးသွားကာ သူမကလည်း အမှတ်တွေ ဆက်တိုက်ရနေခဲ့သည်။ သူမသည် ဖရဲသီးစားခြင်း စနစ်ကို အားကိုးပြီး နေ့စဥ်နေ့တိုင်း ဖရဲသီးစားခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ရှု့မိသားစု၏ အကြီးဆုံးသမီး လက်တွဲဖော် တွေ့ဆုံဖို့ သွားမည်ကို ကြားလိုက်ရသည်နှင့် သူမ ဖိနပ်ကို ဆွဲကာ အမြန်ထွက်လာခဲ့၏။ အဓိကခန်းမထဲတွင် ကျုံးရှန်းဝတ်စုံနှင့် ထိုင်နေသော အမျိုးသားတစ်ယောက်သာရှိသည်။ သူမ ဝင်လာတော့ ရှု့မိသားစု၏ အကြီးဆုံးသမီးကို မတွေ့ခဲ့ရပေ။ အမျိုးသားက မော့ကြည့်လာပြီး သူမနှင့် မျက်လုံးချင်းဆုံသွားခဲ့၏။ ထို့နောက် မတ်တပ်ထရပ်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျွန်တော့် နာမည်က ကျိုးချင်းရှန်၊ အသက်က ၂၉ နှစ်ပါ၊ စစ်တပ်ထဲကနေ ပြောင်းလာပြီးတော့ သတ္တုစက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်၊ ကျွန်တော့်အိမ်မှာ အမေအိုတစ်ယောက်နဲ့ ညီမလေးတွေ ရှိတယ်၊ တာဝန်ထမ်းဆောင်ရင်း ကျွန်တော်က ဒဏ်ရာရဖူးပါတယ် ဒါပေမယ့် အိမ်ထောင်ကျပြီးရင်တော့ အလုပ်တစ်ခုရဖို့ ကူညီ စီစဥ်ပေးနိုင်ပါတယ်။” ပြီးနောက် အမျိုးသားက ကြင်ဖက်ရှာသူကို ပြောလိုက်သည်။ “ရှု့မိသားစုရဲ့ သမီးက သိပ်မကျေနပ်တာနဲ့ ကွက်တိပဲ ဖြစ်သွားတယ်။ ကျွန်တော်ကတော့ အဲ့နေ့က အမျိုးသမီးရဲဘော်က ကောင်းတယ်လို့ ထင်တယ်” “သူမက မုဆိုးမ” “အရေးမကြီးပါဘူး။ ကျွန်တော်လည်း ငယ်တော့တာမှ မဟုတ်တာ ပြီးတော့ ကျွန်တော့် အိမ်မှာလည်း ညီမလေး နှစ်ယောက်တောင်ရှိသေးတယ်။” သူမသည် ဖရဲသီးစားရင်းဖြင့် အိမ်ထောင်ပါကျသွားခဲ့ရသည်။ ထို့နောက် သူမခင်ပွန်း မိသားစုက သူမကို အလုပ်တစ်ခု စီစဥ်ပေးခဲ့ကာ သူမသည် အမှန်စင်စစ် ဝန်ထမ်းတစ်ယောက်ဖြစ်လာခဲ့သည်။ သူမသည် တစ်နေ့ပြီး တစ်နေ့ ဖရဲသီးစားခြင်း၏ ရှေ့တန်းတွင် ပင်ပန်းရုန်းကန်နေရသေးသည်။ စနစ် - ဝိုး ! မင်းက တကယ်ကြီး သနားစရာ ဇာတ်လိုက်မရဲ့ ယောက်မ ဖြစ်သွားတာပဲ။ မင်းရဲ့ ဖျော်ဖြေမှုကို ကြည့်ဖို့ မျှော်နေမိပြီ!

