အခန်း (၉၀၁-၉၀၂)
Vol. 91 Ch. 901-902
အခန်း (၉၀၁) တောင်အောက်ဆင်းတာနဲ့ သေမယ်
တောင်အောက်မှာ... လျိုမုကို ဒီလိုမျိုး အော်ဟစ်စေတာ ဘာများရှိနေလို့လဲ
လူတိုင်းဟာ လျိုမုရဲ့ အမူအရာက တော်တော်လေး ထူးဆန်းနေတာကို သတိထားမိလာကြပါတယ်။
သူ့ရဲ့ မျက်ဝန်းတွေက နီရဲနေပြီး မျက်ရည်တွေ ဝဲနေသလိုပါပဲ။
ဖုန်းဖေးယန်က လျိုမုရဲ့ စရိုက်ကို ကောင်းကောင်းသိပါတယ်။
တစ်ဖက်လူဟာ ငယ်ငယ်ကတည်းက အခက်အခဲတွေ အများကြီး ကြုံခဲ့ရတာကြောင့် စိတ်ခံစားမှု မြန်သလို တော်တော်လည်း ခေါင်းမာတဲ့သူပါ။
သူ မှတ်မိတာတစ်ခုကတော့ တစ်ခါက ကျင့်ကြံနေတုန်း လျိုမုဟာ ချောက်ထဲကို မတော်တဆ လိမ့်ကျသွားဖူးပါတယ်။
ဒဏ်ရာက ဘယ်လောက်ပြင်းသလဲဆိုရင် ကုတင်ပေါ်မှာ နားနေပြီးမှ လမ်းပြန်လျှောက်နိုင်တာပါ။
အဲဒီတုန်းကတောင် လျိုမုဟာ အသံတစ်ချက်တည်းတောင် ထွက်မအော်ခဲ့ပါဘူး။
ဖုန်းဖေးယန်က လှည့်ကြည့်လိုက်ပါတယ်။
တောင်တက်လမ်းမှာ လူရိပ်တစ်ခုက တောင်ပေါ်ကို လမ်းလျှောက်တက်လာနေပါတယ်။
အဖိုးအိုနဲ့ ဖုန်းဖေးယန် ခေါ်လာတဲ့ ကျင့်ကြံသူတွေဟာ အဲဒီလူရိပ်ကို မြင်လိုက်ရတဲ့အခါ စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်ကြပါဘူး
"တကယ့်ကို ခန့်ညားထည်ဝါလှချေလား"
ရောက်လာတဲ့သူဟာ အသားအရေက နှင်းလိုဖြူဖွေးပြီး အသက် (၁၇-၁၈) အရွယ် လူငယ်တစ်ယောက်ရဲ့ သွေးသစ်လောင်းနေတဲ့ ပုံစံမျိုးပါ။
အပြုအမူ တိုင်းက လောကပြင်ပက နတ်ဘုရားတစ်ပါးလိုပါပဲ။
သေသေချာချာ မကြည့်ရင် ပတ်ဝန်းကျင် ရှုခင်းတွေနဲ့ တစ်သားတည်း ဖြစ်နေသလို၊ သေသေချာချာ ကြည့်ပြန်ရင်လည်း သာမန်လူသားတစ်ယောက်နဲ့ မတူဘဲ ကောင်းကင်ဘုံမှာ ရှင်သန်နေထိုင်သင့်တဲ့သူလို့ ခံစားရစေပါတယ်။
"ဒါ... ဒါက ဘယ်သူလဲ..."
ဖုန်းဖေးယန်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးထဲမှာ စိုးရိမ်ရိပ်တွေ ယှက်သန်းသွားပါတယ်။
လူရိပ်က ပိုပိုပြီး နီးကပ်လာပါတယ်။
ရုတ်တရက် လူတိုင်းက ဒုန်းခနဲ အသံတစ်ခုကို ကြားလိုက်ရပါတယ်။
လှည့်ကြည့်လိုက်တော့ လျိုမုဟာ ဘယ်အချိန်ကတည်းက ဒူးထောက်လိုက်သလဲ မသိရဘဲ မြေပြင်ပေါ်မှာ ခေါင်းနဲ့ထိပြီး ငြိမ်သက်စွာ ဝပ်တွားနေတာကို တွေ့လိုက်ရပါတယ်။
"လျိုမုစီနီယာ... မင်း ဘာလို့ ဒီလို လုပ်နေတာလဲ"
ဖုန်းဖေးယန် စိတ်ထဲမှာ ပိုပြီး မသက်မသာ ဖြစ်လာပါတယ်။
လျိုမုကတော့ ဘာမှ ပြန်မပြောပါဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီလူရိပ်ဟာ လူတိုင်းရဲ့ ရှေ့ကို ရောက်လာပြီး လျိုမုရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်ပါတယ်။
"ထတော့လေ"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
အဲဒီတော့မှ လျိုမုက မတ်တပ်ရပ်ပါတယ်။
သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ရည်တွေကလည်း မရပ်မနား ကျဆင်းနေပါတယ်။
ဖန့်ချန်က သူ့ကို စိုက်ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တစ်ကိုယ်လုံး အနာဖုတွေနဲ့ ပြည့်နေတဲ့ စကားမပြောနိုင်တဲ့ ကောင်လေးကို မြင်ယောင်လာပါတယ်။
ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက်မှာတော့ တစ်ဖက်လူဟာ မနိမ့်ကျတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ချီသန့်စင်ခြင်းအဆင့် (၁၂) ဆိုတာ အရင်က မဟာရှ မှာဆိုရင် လူသားတွေ မော့ကြည့်ရမယ့် အဆင့်မျိုးပါ။
အဖိုးအိုနဲ့ ကျန်တဲ့သူတွေကတော့ အခြေအနေ မဟန်တော့တာကို ရိပ်မိသွားကြပါပြီ။
သူက ဖုန်းဖေးယန်နဲ့ တစ်ချက်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်
"မေးပါရစေ... မိတ်ဆွေက ဘယ်သူများလဲ..."
"ကျုပ်က ဖန့်ချန်ပါ၊ ချင်းကျိုး ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ဟောင်းပါ"
ဖန့်ချန်က ပြုံးပြီး ပြန်နှုတ်ဆက်ပါတယ်။
ဖုန်းဖေးယန်ဟာ ခြေထောက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဒူးထောက်ကျလုနီးပါး ဖြစ်သွားပါတယ်။
ကံကောင်းတာက သူက အခု အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်နေလို့ စိတ်ကို ထိန်းချုပ်နိုင်နေသေးတာပါ။
ဖုန်းဖေးယန်ဟာ စိတ်လှုပ်ရှားမှုကို အတင်းဖိသိပ်ပြီး ဖန့်ချန်ကို အကဲခတ်ရင်း နောက်ကို ဖြည်းဖြည်းချင်း ဆုတ်ဖို့ ကြိုးစားပါတယ်။
ဖန့်ချန်နဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ အဖိုးအိုကတော့ ဒီလို အကွက်လေးတွေ လုပ်ဖို့ အခွင့်အရေး မရရှာပါဘူး။
သူ့ရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေပြီး မျက်နှာကလည်း ထုံပေပေ ဖြစ်နေပါတယ်။
အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး ဝမ်းသာအားရဟန်နဲ့ ပြောလိုက်တယ်
"ဪ... စီနီယာက ဂိုဏ်းချုပ်ဖန့် ကိုး ဒါဆိုရင် ဒီနေ့ ကျွန်တော် လာတာ တကယ့်ကို မှန်သွားပြီ"
"ငါတို့ တွေ့ရတာ ရေစက်ပဲလေ၊ ငါနဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့ပြီး ထိုင်ကြဦးမလား"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
ပြောပြီးတာနဲ့ သူက တောင်ပေါ်ကို ဆက်ပြီး လမ်းလျှောက်သွားပါတယ်။
လျိုမုကတော့ နောက်ကနေ တစ်ဖဝါးမကွာ လိုက်ပါသွားပါတယ်။
သူက မျက်ရည်တွေကို သုတ်လိုက်ပြီး မှိုင်တွေနေတဲ့ မျက်လုံးတွေထဲမှာ ဝမ်းသာအားရ ဖြစ်နေတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
အဖိုးအိုနဲ့ ဖုန်းဖေးယန်တို့ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဝေခွဲမရ ဖြစ်နေကြပါတယ်။
အခုပဲ လှည့်ပြီး ထွက်ပြေးရမလား၊ ဒါမှမဟုတ် တောင်ပေါ်ကို လိုက်သွားရမလား
ခဏလောက် တွေဝေပြီးနောက် အဖိုးအိုက သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ တောင်ပေါ်ကို လိုက်သွားပါတော့တယ်။
ဖုန်းဖေးယန်ကတော့ စိတ်မအေးနိုင်ဘဲ ရုန်းကန်နေရပါတယ်။
သူက သူ့တပည့်တစ်ယောက်ကို ရုတ်တရက် ပြောလိုက်တယ်
"မင်းသွားပြီး မင်းသားငယ်လေးကို သတင်းပို့လိုက်"
"ဟုတ်ကဲ့..."
အဲဒီတပည့်ကလည်း အခွင့်အရေးရတုန်း ထွက်ပြေးချင်နေတာကြောင့် လှည့်ထွက်ဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့ သူ လှည့်လိုက်ရုံရှိသေးတယ်၊ ချက်ချင်းပဲ မြေပြင်ပေါ်ကို ဘုန်းခနဲ လဲကျသွားပြီး အသက်ပျောက်သွားပါတော့တယ်။
ဖုန်းဖေးယန်ရဲ့ ခန္ဓာကိုယ် တုန်သွားပါတယ်။
ဒါက ချီသန့်စင်ခြင်းအဆင့် (၉) ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ပါ။
ကျင့်ကြံခြင်းလောကမှာ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ မတွေ့သရွေ့၊ ချီသန့်စင်ခြင်းအဆင့် (၁၂) နဲ့ တွေ့ရင်တောင် တစ်ကွက်တည်းနဲ့ သေမယ့်သူ မဟုတ်ပါဘူး။
ဒါပေမဲ့ အခုတော့ ဘယ်သူက လက်ပါသွားသလဲဆိုတာတောင် သူ မမြင်လိုက်ရပါဘူး။
ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ သူ့စိတ်ထဲက သိနေပါတယ်...။
ဖုန်းဖေးယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မတွေဝေတော့ဘဲ လူတွေကို ခေါ်ပြီး တောင်ပေါ်ကို အမြန်လိုက်သွားပါတယ်။
တောင်အောက်ဆင်းတာနဲ့ သေရမှာဖြစ်ပြီး တောင်ပေါ်တက်မှသာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပါလိမ့်မယ်
ဖန့်ချန်ဟာ လမ်းလျှောက်ရင်း ပတ်ဝန်းကျင် ရှုခင်းတွေကို အကဲခတ်နေပါတယ်။
ဆယ်စုနှစ် အနည်းငယ်အတွင်းမှာတင် ချင်းကျိုး ဓားဂိုဏ်းမှာ ပျက်စီးယိုယွင်းနေတဲ့ အရိပ်အယောင်တွေကို သူ မြင်နေရပါတယ်။
ဒါဟာ ဂိုဏ်းတစ်ခု ပျက်သုဉ်းတော့မယ့် အတိတ်နိမိတ်ပါပဲ။
ကြီးမားလှတဲ့ ဂိုဏ်းဝင်းကြီးထဲမှာ ကျင့်ကြံသူတွေရဲ့ အငွေ့အသက် သိပ်မရှိတော့ပါဘူး။
အရင်က ဓားဂိုဏ်းတပည့်တွေဟာ ထွက်သွားကြပြီ၊ ဒါမှမဟုတ်လည်း အိုမင်းပြီး သေဆုံးကုန်ကြပါပြီ။
သွေးသစ်လောင်းမယ့်သူ မရှိတဲ့အခါ ဒီလို အခြေအနေမျိုး ဖြစ်လာတာပါ။
ဖန့်ချန်ကတော့ စိတ်မကောင်းရုံ အနည်းငယ်သာ ရှိပါတယ်။
ချင်းကျိုး ဓားဂိုဏ်းရဲ့ နောက်ဆုံး ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာ သိပ်ပြီး ခံစားချက် မရှိပါဘူး။
မူလကတည်းက သူနဲ့ ရေစက် သိပ်မရှိတဲ့ နေရာမို့လို့ စိတ်ထဲမှာ ထားနေစရာ မလိုပါဘူး။
ဒီနေရာမှာ ယဲ့ဝမ်ရှုနဲ့ လျိုမု နှစ်ယောက်ပဲ သူနဲ့ ပတ်သက်မှု အနည်းငယ် ရှိတာပါ။
မကြာခင်မှာပဲ လူတိုင်းဟာ ချင်းကျိုး ဓားဂိုဏ်းရဲ့ တံခါးဝကို ရောက်လာကြပါတယ်။
ဝိညာဉ်လယ်ကွင်းတစ်ခုကို ဖြတ်သွားတဲ့အခါ လယ်ထဲမှာ ခြေဗလာနဲ့ အလုပ်လုပ်နေတဲ့ လူလတ်ပိုင်းတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
သူက အသံကြားလို့ မော့ကြည့်လိုက်တဲ့အခါ လျိုမုကို တွေ့တော့ ဝမ်းသာအားရ အော်လိုက်တယ်
"လျိုမု မင်း ပြန်လာပြီလား"
ဒါပေမဲ့ နောက်ပိုင်းမှာ ဖုန်းဖေးယန်တို့ကို မြင်လိုက်ရတဲ့အခါမှာတော့ ချက်ချင်းပဲ ဒေါသတွေ ထွက်လာပါတယ်
"ဖုန်းဖေးယန် မင်း ချင်းကျိုး ဓားဂိုဏ်းကို ပြန်လာရဲသေးတယ်ပေါ့"
ဖုန်းဖေးယန်က ပုံမှန်ဆိုရင် ပြန်အော်လိုက်မှာ ဖြစ်သလို၊ ဒါမှမဟုတ်ရင်လည်း ဓားနဲ့ ခုတ်ပစ်လိုက်မှာပါ
ဒါပေမဲ့ အခုတော့ ခေါင်းငုံ့ထားပြီး ဘာမှ မပြောရဲတဲ့အပြင် မျက်လုံးချင်းတောင် မဆုံရဲပါဘူး။
လယ်ထဲကလူက လျိုမုကို သူတို့ ဖမ်းခေါ်လာတယ်လို့ ထင်သွားပြီး ချက်ချင်းပဲ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပြီး ချေဖျက်လိုက်ပါတယ်။
အဲဒီအခါမှာတော့ စိမ်းပြာရောင် အလင်းတန်းတစ်ခု ကောင်းကင်ပေါ်ကို တက်သွားပါတယ်။
မကြာခင်မှာပဲ ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပါတယ်။
အားလုံးပေါင်း (၂၀) ကျော်လောက် ရှိမှာပါ။
ကျင့်ကြံမှုတွေကတော့ ချီသန့်စင်ခြင်းအဆင့် (၃) ကနေ (၁၀) အတွင်းမှာပါ။
သူတို့အားလုံး လျိုမုကို မြင်တော့ ဝမ်းသာသွားကြပေမဲ့ ဖုန်းဖေးယန်တို့ကို မြင်တဲ့အခါမှာတော့ မျက်လုံးတွေက ထိတ်လန့်ဒေါသထွက်သွားပြီး အမူအရာတွေက တည်တင်းသွားပါတယ်။
မကြာခင်မှာပဲ အသက် (၆၀) ကျော်လောက်ရှိတဲ့ အဖိုးအိုတစ်ယောက်က လက်ကို နောက်ပစ်ပြီး ရောက်လာပါတယ်။
သူက ချီသန့်စင်ခြင်းအဆင့် (၁၂) ဖြစ်ပေမဲ့လည်း ရုပ်ပိုင်းဆိုင်ရာကတော့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေပုံရပါတယ်။
"ဂိုဏ်းချုပ်"
ချင်းကျိုး ဓားဂိုဏ်းမှာ ကျန်ရှိနေတဲ့ ကျင့်ကြံသူ အနည်းငယ်ဟာ အဖိုးအိုကို လက်အုပ်ချီ နှုတ်ဆက်ကြပါတယ်။
ယဲ့ဝမ်ရှုက ဘာမှ ပြန်မပြောဘဲ ဖုန်းဖေးယန်ကို တည်ကြည်စွာ စိုက်ကြည့်နေပါတယ်
"ဖုန်းဖေးယန်... မင်းက ချင်းကျိုး ဓားဂိုဏ်းကနေ သစ္စာဖောက်ပြီး ထွက်သွားပြီးပြီပဲ၊ ဘာလို့ မင်းရဲ့ ညီအစ်ကိုဟောင်းတွေကို ဒီလောက်အထိ ဖိနှိပ်ချင်နေရတာလဲ"
ဖုန်းဖေးယန်က ဒီတစ်ခါတော့ မနေရဲတော့ဘဲ အတင်းပြုံးပြီး ပြောလိုက်တယ်
"ယဲ့ဂိုဏ်းချုပ် အထင်လွဲနေပါပြီ၊ ကျွန်တော် ဒီနေ့ လာတာက တောင်းပန်ဖို့ပါ..."
တောင်းပန်ဖို့
ယဲ့ဝမ်ရှု မှင်တက်သွားပါတယ်။
အဲဒီနောက် လျိုမုကို ကြည့်လိုက်တော့ လျိုမုက တစ်ဖက်လူရဲ့ ဖမ်းဆီးခြင်း ခံထားရတယ်လို့ သူ ထင်သွားပါတယ်။
ဒါပေမဲ့ ရုတ်တရက် သူ့ရဲ့ အကြည့်က ဖန့်ချန်ပေါ် ရောက်သွားတဲ့အခါမှာတော့ စိတ်လှုပ်ရှားလွန်းလို့ မုတ်ဆိတ်မွေးတွေတောင် တုန်ယင်လာပါတော့တယ်။
လူတိုင်း ဝေခွဲမရ ဖြစ်နေတုန်းမှာပဲ ယဲ့ဝမ်ရှုဟာ အပြေးအလွှား ရှေ့ကို ရောက်လာပြီး ဒူးထောက်ကာ ခေါင်းနဲ့ မြေကြီးနဲ့ ထိအောင် ဦးချလိုက်ပါတယ်
"ဝမ်ရှု... ဆရာ့ကို ဂါရဝပြုပါတယ်"
ဂိုဏ်းချုပ်ရဲ့ ဆရာ
ချင်းကျိုး ဓားဂိုဏ်းက ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်လုံးတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်လာပါတယ်။
ဒါဆိုရင် ဒီလူငယ်လေးက ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဂိုဏ်းချုပ်ဖန့် ပေါ့လေ
သူတို့လည်း မဆိုင်းမတွဘဲ အကုန် ဒူးထောက် ဦးချလိုက်ကြပါတယ်။
သူတို့နဲ့အတူ ဖုန်းဖေးယန်နဲ့ သူခေါ်လာတဲ့ ကျင့်ကြံသူတွေလည်း ဒူးထောက်လိုက်ကြပါတယ်။
အဖိုးအို ချန် ကလည်း ခဏလေး တွေဝေပြီးနောက် မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ရပါတော့တယ်။
ရှေ့ကလူက အကုန်ကြားပြီးသား၊ အကုန်မြင်ပြီးသားဆိုတာ သူ ဘယ်လိုမှ ငြင်းလို့ မရတော့ပါဘူး။
"ဆရာ... ဝမ်ရှုက သစ္စာမရှိပါဘူး၊ ချင်းကျိုး ဓားဂိုဏ်းက ဝမ်ရှုရဲ့ လက်ထဲမှာ ဆုတ်ယုတ်သွားခဲ့ပါပြီ ဆရာ ချန်ထားခဲ့တဲ့ ဒီလုပ်ငန်းကြီးကို ဝမ်ရှု မကာကွယ်နိုင်ခဲ့ပါဘူး..."
ယဲ့ဝမ်ရှုက ဆက်တိုက် ဦးချနေပါတယ်။
ဖန့်ချန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်တဲ့အခါ နူးညံ့တဲ့ စွမ်းအားတစ်ခုက ယဲ့ဝမ်ရှုကို ထူမပေးလိုက်ပါတယ်။
"ချင်းကျိုး ဓားဂိုဏ်းက ငါ့ရဲ့ လုပ်ငန်း မဟုတ်ပါဘူး မင်း အခုထိ ကာကွယ်ထားနိုင်တယ်ဆိုတာ ဒီနှစ်တွေထဲမှာ မင်းရဲ့ လေ့ကျင့်မှုက လုံလောက်သွားပြီလို့ ပြောလို့ရပါတယ် ဒီနေ့ကစပြီး မင်းတို့ ကလေးတွေအတွက် သွားစရာ နေရာသစ် ရှိနေပါပြီ"
အခန်း (၉၀၂) စိတ်ဓာတ်မသန်စွမ်းသူ
ချင်းကျိုး ဓားဂိုဏ်းက ဒီပုဂ္ဂိုလ်ကြီးရဲ့ လုပ်ငန်း မဟုတ်ဘူးတဲ့လား
လူတိုင်းရဲ့ စိတ်ထဲမှာ တွေးတောစရာတွေ ဖြစ်လာပြီး ဒီလူအပေါ် ရိုသေခန့်ညားမှုတွေကလည်း ပိုပြီး တိုးလာခဲ့ပါတယ်။
ဖန့်ချန်ရဲ့ အကြည့်က လူတိုင်းဆီကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။
အခုအချိန်အထိ ချင်းကျိုး ဓားဂိုဏ်းမှာ ကျန်ရစ်နေနိုင်သေးတဲ့ ကျင့်ကြံသူတွေဟာ ပါရမီ ဘယ်လိုပဲရှိရှိ၊ အနည်းဆုံးတော့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ အသုံးချလို့ ရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ယဲ့ဝမ်ရှု မတ်တပ်ရပ်လိုက်တဲ့အခါ လျိုမုက ချက်ချင်းပဲ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ထုတ်ပြီး သူ့ကို ပေးလိုက်ပါတယ်။
"ဂျူနီယာ... ငါက မင်းထက် အသက်ကြီးတယ် ဒီဆေးလုံးကို မင်းပဲ သောက်လိုက်ပါ"
ယဲ့ဝမ်ရှုက ခေါင်းခါပြီး ဆေးလုံးကို ပြန်ပေးဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ လျိုမုကတော့ ဖန့်ချန်ရဲ့ နောက်ကို ချက်ချင်း ရှောင်ထွက်သွားပြီး ပြတ်သားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။
"သူ မင်းအတွက် ရှာပေးလာတဲ့ ဆေးလုံးပဲ မင်း ငြင်းမနေပါနဲ့တော့"
ဖန့်ချန်က ခပ်အေးအေး ပြုံးရင်း ပြောလိုက်တယ်
"နောင်ကျရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမရမယ်ဆိုတာကိုပဲ မှတ်ထားပါ၊ အဲဒါမှ အတူတူ နေထိုင်ရတဲ့ နည်းလမ်းပဲ"
ယဲ့ဝမ်ရှုဟာ လက်ထဲက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ကြည့်လိုက်၊ လျိုမုရဲ့ ကိုယ်ပေါ်မှာ ကျန်နေသေးတဲ့ ဒဏ်ရာအမှတ်အသားတွေကို ကြည့်လိုက်နဲ့ လျိုမု ဒီဆေးလုံးကို ရဖို့အတွက် မလွယ်ကူခဲ့ဘူးဆိုတာကို သူ သိလိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာပါတယ်။
ကံကောင်းတာက အခုတော့ သူတို့နှစ်ယောက်လုံး ဒုက္ခက လွတ်မြောက်ခဲ့ပါပြီ။
ဒီဆေးလုံး မရှိရင်တောင်မှ အခု ဆရာ ပြန်ရောက်လာပြီဆိုတော့ ပြဿနာအားလုံးက ဖြေရှင်းပြီးသားပါပဲ
"ဒါနဲ့... မင်း ဒီနေ့ လာရတဲ့ အကြောင်းရင်းကို ပြန်ပြောပါဦး၊ စောစောက ကျုပ် သိပ်မကြားလိုက်လို့"
ဖန့်ချန်က အဖိုးအိုကို ကြည့်ပြီး ပြုံးပြလိုက်ပါတယ်။
အဖိုးအိုက မြေပြင်ပေါ်မှာ ထပ်ပြီး ဝပ်တွားလိုက်ပြီး တိုးတိုးလေး ပြောတယ်
"ဂိုဏ်းချုပ်ဖန့် သိမြင်ပေးတော်မူပါ ကျွန်တော်က မင်းသားငယ်လေးရဲ့ အမိန့်ကို နာခံပြီး အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို လာတောင်းတာပါကျွန်တော့်ရဲ့ မူလဆန္ဒ မဟုတ်ပါဘူး..."
"မင်းသားငယ် သူက ငါတို့ ချင်းကျိုး ဓားဂိုဏ်းကို လွှတ်မပေးချင်သေးတာလား ဒီနှစ်တွေမှာ ငါတို့ကို ဒုက္ခပေးဖို့ သူ အကွက်တွေ ဘယ်လောက်တောင် အများကြီး လုပ်ခဲ့သလဲ!"
ယဲ့ဝမ်ရှုရဲ့ မျက်လုံးထဲမှာ ဒေါသတွေ ယှက်သန်းသွားပြီး သူ့ရှေ့က အဖိုးအိုကို စိုက်ကြည့်လိုက်ပါတယ်။
သူက ဒီလူ ဘယ်သူလဲဆိုတာကို မှတ်မိသွားပါပြီ။
ဒါက အဲဒီ မင်းသားငယ်လေးရဲ့ ဘေးနားက ကျင့်ကြံသူ တွေထဲက တစ်ယောက်ပဲ
"အင်း"
ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်
"မင်း လာရတဲ့ အကြောင်းရင်းကို ငါ သိပြီ"
ခဏနားပြီးနောက် သူက ဖုန်းဖေးယန်ကို လှည့်ကြည့်လိုက်တယ်
"မင်းကော"
"စီ... စီနီယာ... ကျွန်တော်က အရင်က ချင်းကျိုး ဓားဂိုဏ်းရဲ့ တပည့်ပါ စီနီယာရဲ့ မျိုးဆက်ပါပဲ လမ်းမှား ရောက်သွားလို့ပါ စောစောက ကျွန်တော် ပြောလိုက်တဲ့ စကားတွေက ရင်နာစရာ ကောင်းပေမဲ့ အဲဒါက ကျွန်တော့်ရဲ့ စေတနာအမှန် မဟုတ်ပါဘူး"
ဖုန်းဖေးယန်က စကားတွေ ထစ်ငေါ့နေပါတယ်။
တကယ်လို့ ဒီလူကြီးက အပြင်မှာ သေမနေဘူးဆိုတာ သူ သိခဲ့ရင် သူ ဘယ်တော့မှ ချင်းကျိုး ဓားဂိုဏ်းကနေ ထွက်သွားမှာ မဟုတ်ပါဘူး။
အခုတော့ နောင်တရဖို့ အချိန်နှောင်းသွားပါပြီ။
သူက အသက်ရှင်ဖို့ပဲ မျှော်လင့်ပါတယ်။
သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာ မကြာသေးတော့ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။
ဒီမှာ သေသွားရင်တော့ အရာအားလုံးက သုည ဖြစ်သွားမှာပါ။
ဖုန်းဖေးယန် စကားပြောနေတုန်း လျိုမုကလည်း ယဲ့ဝမ်ရှုကို လက်ဟန်ခြေဟန်နဲ့ တစ်ခုခု ပြောပြနေပါတယ်။
ယဲ့ဝမ်ရှုရဲ့ မျက်နှာက ပိုပြီး ဒေါသထွက်လာပြီး ဖုန်းဖေးယန်ကို အော်ပြောလိုက်ပါတယ်
"ဖုန်းဖေးယန် မင်း ဒီနေ့ လာတာက ငါတို့ ချင်းကျိုး ဓားဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့လား မင်းနဲ့ အတူတူ စား အတူတူ နေခဲ့တဲ့ ညီအစ်ကိုတွေကို သတ်ဖို့လား"
"မင်း မေ့သွားပြီလား မင်း ငယ်ငယ်က တောရွာမှာ နေတုန်းက သာမန်လူတစ်ယောက်အနေနဲ့ပဲ ဘဝကို ကုန်ဆုံးရမှာလေ ငါနဲ့ လျိုမု က မင်းတို့ရွာကို ဖြတ်သွားရင်း မင်းကို တခြားကလေးတွေ အနိုင်ကျင့်နေတာ တွေ့လို့ ကယ်ခဲ့ပြီး တောင်ပေါ်ကို ခေါ်လာခဲ့တာ"
"မင်း ကျင့်ကြံတုန်းက ဝိညာဉ်ကျောက်တုံးတွေကို အများဆုံး သုံးခဲ့ရပြီး အကောင်းဆုံး ဆေးလုံးတွေကို စားခဲ့ရတာ"
"မင်း ကျေးဇူးမသိရင်တောင်မှ တစ်ခါက တောင်ပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်တုန်းက လျိုမု က မင်းကို ကယ်ခဲ့လို့ သူ ကုတင်ပေါ်မှာ ရက်သတ္တပတ် နှစ်ပတ်တိတိ လဲနေခဲ့ရတာကို မင်း ဘယ်လိုများ မေ့ရက်တာလဲ"
ဖုန်းဖေးယန်ရဲ့ မျက်နှာက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ရုတ်တရက် ခါးသီးစွာ ရယ်မောလိုက်တယ်
"ဒီနေ့ ငါ ဘာပြောပြော သေရမှာပဲ မဟုတ်လား"
ယဲ့ဝမ်ရှု စကား ဆွံ့အသွားပါတယ်။
လျိုမုတို့ကလည်း သူ့ကို ဘာစကားမှ မပြောဘဲ အေးစက်စွာ စိုက်ကြည့်နေကြပါတယ်။
"ထားလိုက်ပါတော့"
ဖုန်းဖေးယန်က ပြုံးလိုက်ပြီး ယဲ့ဝမ်ရှုကို ကြည့်တယ်
"ယဲ့အစ်ကို မင်းတို့ ငါ့အပေါ် ဘယ်လောက် ကောင်းခဲ့သလဲလို့ ပြောနေတယ် ဒါပေမဲ့ မင်းတို့ကော ငါ့ကို တကယ်ပဲ ညီအစ်ကိုလို သဘောထားရဲ့လား"
"မရှိပါဘူး မင်းရဲ့ စိတ်ထဲမှာ လူအလျိုပဲ မင်းရဲ့ ညီအစ်ကို မဟုတ်လား ငါတို့က မင်းရဲ့ မျက်စိထဲမှာ ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့လောက် နေရာမရခဲ့ဘူး"
"မင်းတို့က ဘယ်တူပါ့မလဲ"
ယဲ့ဝမ်ရှုက အေးစက်စွာ ပြောလိုက်ပါတယ်။
"ဟုတ်တာပေါ့ ငါတို့က ဘာလို့ မတူရမှာလဲ အဲဒါက မင်းရဲ့ စိတ်ထဲမှာ ဘက်လိုက်နေလို့လေ ငါ မင်းကို မေးမယ် တကယ်လို့ ငါနဲ့ မင်းက ချီသန့်စင်ခြင်းအဆင့် (၁၂) အတူတူ ဖြစ်နေရင် လျိုမု ရှာလာတဲ့ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို သူ ဘယ်သူ့ကို ပေးမလဲ"
"မင်းကို ပေးမှာပေါ့ သူ ငါ့ကို လုံးဝ ပေးမှာ မဟုတ်ဘူး ငါ့ရဲ့ ပါရမီက မင်းထက် ကောင်းနေရင်တောင်မှ သူ ငါ့ကို ပေးမှာ မဟုတ်ဘူး ဒါကို ညီအစ်ကိုလို့ ခေါ်သလား"
ဖုန်းဖေးယန်က အကျယ်ကြီး ရယ်မောလိုက်တယ်
"ငါက ဒါကို စောစောစီးစီး သိခဲ့လို့ ချင်းကျိုး ဓားဂိုဏ်းကနေ ထွက်သွားခဲ့တာပဲ မင်းတို့က ငါ့ကို ညီအစ်ကိုလို တကယ် သဘောမထားခဲ့ရင် ဘာလို့ ငါ့ကို တောင်ပေါ် ခေါ်လာခဲ့သလဲ ဘာလို့လဲ"
မသိလိုက်ခင်မှာပဲ ဖုန်းဖေးယန်ရဲ့ မျက်နှာမှာ မျက်ရည်တွေ စိုရွှဲနေပါပြီ၊ ဒါပေမဲ့ သူကတော့ ရယ်နေတုန်းပါပဲ။
"ဖုန်းဖေးယန်... မင်းရဲ့ စိတ်ထဲမှာ ရောဂါရှိနေရင် စောစောကတည်းက ကုသင့်တယ် ချင်းကျိုး ဓားဂိုဏ်းက မင်း တစ်ယောက်တည်းကိုပဲ ဗဟိုပြုပြီး လည်ပတ်နေမှ မင်းကို ညီအစ်ကိုလို့ သဘောထားတာလား"
"အဲဒီတုန်းက ဂိုဏ်းချုပ်နဲ့ လျိုမု တို့ မင်းကို ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာ ငါတို့ တပည့်တွေအားလုံး အသိပဲ သူတို့ မင်းအပေါ် မကောင်းခဲ့လို့လား မင်းကတော့ အားမရနိုင်သေးဘူး မင်းက ဝံပုလွေလို စိတ်နှလုံး ရှိတာပဲ"
"ဘယ်အရာကမှ မင်းရဲ့ လောဘကို မဖြည့်ဆည်းနိုင်ဘူး တခြား စီနီယာတွေနဲ့ အကြီးအကဲတွေက ဖိအားတွေကြောင့် ထွက်သွားကြပေမဲ့ ငါတို့က သူတို့ကို ရန်သူလို သဘောမထားခဲ့ဘူး"
"ဒါပေမဲ့ မင်းကတော့ ချင်းကျိုး ဓားဂိုဏ်းကနေ အများဆုံး ရခဲ့တဲ့သူ ဖြစ်ပြီးတော့ ထွက်သွားတဲ့အခါမှာလည်း ဂိုဏ်းအပေါ်မှာ အယုတ်မာဆုံး လူပဲ မင်းက ခွေးမသားပဲ "
လယ်ထဲက ထွက်လာတဲ့ တပည့်က ဖုန်းဖေးယန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ဆဲဆိုလိုက်ပါတယ်။
"လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ် တခါတလေကျတော့လည်း ဒီလိုပဲပေါ့ အဲဒါကြောင့်မို့လို့ ကျင့်ကြံခြင်း မလုပ်ခင်မှာ စိတ်ကို အရင်ဆုံး ပြင်ဆင် ရတာပေါ့"
ဖန့်ချန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လျိုမုနဲ့ ယဲ့ဝမ်ရှုကို ကြည့်လိုက်ပါတယ်
"မင်းတို့ထဲက တစ်ယောက်ယောက် လက်စသတ်လိုက်ကြ"
"ဂိုဏ်းချုပ်ဖန့်... ဘာလို့ ကျွန်တော့်ကို သတ်ချင်ရတာလဲ ကျွန်တော့်မှာ အသက်ရှင်ပိုင်ခွင့် မရှိတော့ဘူးလား "
ဖုန်းဖေးယန်က ဖြည်းဖြည်းချင်း နောက်ဆုတ်ရင်း ဖန့်ချန်ကို စိုက်ကြည့်လိုက်တယ်
"ကျွန်တော့်ရဲ့ ပါရမီက ယဲ့ဝမ်ရှုထက် သာတယ် ဒီလူအ လျိုမုထက်လည်း သာတယ် ဘာလို့ စီနီယာက သူတို့ကိုပဲ အရေးပေးပြီး ကျွန်တော့်ကို အရေးမပေးရတာလဲ "
"လူအ"
ဖန့်ချန်က မျက်လုံးကို ဖွင့်လိုက်ပါတယ်။
မီးခိုးရောင် သမ်းနေတဲ့ မျက်ဝန်းအိမ်ထဲမှာ အသက်ဓာတ် ကင်းမဲ့နေပြီး သေခြင်းတရားလို ငြိမ်သက်နေပါတယ်။
ဖုန်းဖေးယန်ဟာ နေရာမှာတင် မှင်တက်သွားပါတယ်။
တစ်ဖက်လူက စောစောကတည်းက မျက်လုံးမှိတ်ထားတာက တစ်စုံတစ်ရာသော အတတ်ပညာကို ကျင့်ကြံနေတာလို့ သူ ထင်ခဲ့တာပါ။
အခုမှပဲ တစ်ဖက်လူက မျက်စိမမြင်တဲ့ မျက်မမြင်တစ်ယောက် ဖြစ်နေတာကို သူ သိလိုက်ရပါတယ်။
"ငါလည်း လူအလိုပဲ မသန်စွမ်းသူ တစ်ယောက်ပါပဲ"
ဖန့်ချန်က ပြုံးလိုက်တယ်
"ခန္ဓာကိုယ် မသန်စွမ်းတာက ကိစ္စမရှိပါဘူးတကယ်လို့ စိတ်ဓာတ်ကသာ မသန်စွမ်း နေမယ်ဆိုရင်တော့ ဘယ်ဆေးနဲ့မှ ကုလို့ရမှာ မဟုတ်ဘူး"
စကားအဆုံးမှာတော့ ဓားအလင်းတန်းတစ်ခုက ပျံသန်းသွားပါတယ်။
ဖုန်းဖေးယန်က လျိုမုကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်လိုက်တယ်
"မင်းက ချီသန့်စင်ခြင်း အဆင့်လေးနဲ့ ငါ့ကို သတ်နိုင်မလား"
အဲဒီနောက်မှာတော့ သူ့ရဲ့ လည်ပင်းက ဓားအလင်းတန်း ဖြတ်သန်းသွားပြီး သွေးကြောကြောင်းလေး တစ်ကြောင်း ပေါ်လာပါတယ်။
ဖုန်းဖေးယန်ဟာ မယုံနိုင်စရာ ဖြစ်နေပါတယ်။
ခုနက သူ တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို သုံးလို့မရတော့သလို ခြေလှမ်းတောင် လှမ်းလို့မရတော့တာကို သူ သတိထားမိလိုက်ပါတယ်။
"ဖုန်းဖေးယန်... ကောင်းကောင်းသွားတော့"
ယဲ့ဝမ်ရှုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလိုက်ပါတယ်။
ဂွပ် ခနဲ အသံနဲ့အတူ လူခေါင်းက မြေပြင်ပေါ် ပြုတ်ကျပြီး ပေအတော်ကြာ လိမ့်သွားကာ အဲဒီအဖိုးအိုရဲ့ ခြေရင်းမှာ ရပ်သွားပါတယ်။
အဖိုးအိုဟာ ကြောက်လွန်းလို့ တစ်ကိုယ်လုံး တောင့်တင်းနေပြီး အသက်တောင် ပြင်းပြင်းမရှူရဲပါဘူး။
"စောစောက မင်းပြောတာ... မီးတောက်အင်ပါယာရဲ့ တော်ဝင်မိသားစုက မထွက်ခွာခင်မှာ မီးတောက်အင်ပါယာက ဂိုဏ်းတွေကို လုယက်ဖို့ ကြံစည်နေတယ် ဆိုတာ ဟုတ်သလား "
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
အဖိုးအိုက အသည်းအသန် ခေါင်းညိတ်ပြတယ်
"တကယ်ပါ စီနီယာ ဒီဂိုဏ်းတွေအားလုံးက သူတို့ကြောင့် အခုလို ကြီးပွားလာတာမို့လို့ အခု ပြန်ပေးဆပ်ရမယ်လို့ သူတို့က ပြောပါတယ် "
"သီလရှင်ကျောင်း ကိုကော လူလွှတ်ထားသလား"
ဖန့်ချန်က မေးပါတယ်။
"ထင်ရတာကတော့... ဟုတ်ကဲ့ လွှတ်ထားပါတယ်"